အနုပညာသမားတွေရဲ့ ရောင်စုံ စိတ်ကူးတွေထဲမှာ သူတို့ရဲ့အခြားသော
ဝါသနာ စိတ်ကူးလေးတွေ ရှိတက်ပါတယ်။ အဆိုတော် သရုပ်ဆောင် ထွန်းထွန်းရဲ့
ဝါသနာပါတဲ့ အခြားသော ရွေ
းချယ်မှုကို အခုလို ဖွင့်ဖတ် ကြည့်တဲ့အခါ...
"ဘောလုံးကန်တာ
အများအားဖြင့် စနေ၊ တနင်္ဂနွေ ညနေပိုင်း တွေမှာ ကန်ဖြစ်ပါတယ်။ အရင်တုန်း ကတော့
ရုပ်ရှင် အစည်းအရုံး ဘောလုံး အသင်းမှာ ကန်တယ် အခုတော့ ကွင်းငှားရတာ
အဆင်မပြေတော့ မကန်ဖြစ်တော့ဘူး။ ရုပ်ရှင် မင်းသား ကိုဇာနည် ဦးဆောင်ပြီး
တစ်လ ကွင်းငှားကြေးကို ကန်တဲ့သူတွေ စုပြီး စိုက်ထည့်ပြီး ငှားတာပေါ့နော်
ဝါသနာလည်း အရမ်းပါတော့ ကန်ဖြစ်တယ်။ ဘောလုံကို မှတ်မှတ်ရရ ဆိုရင်တော့ ၆နှစ် ရ
နှစ်လောက် တုန်းက အစ်ကိုတွေနဲ့ကန်ဖြစ်ကတည်းကိုက ဘောလုံးကန်ရတာကို
စိတ်ဝင်စားတာ။ ကလေး ဘ၀က တခြား ကစားနည်းတွေ ဘယ်လိုပဲ ဆော့ဆော့
ဘောလုံးကန် ရတာလောက် စိတ်ဝင်စား တယ်ကို မရှိဘူး။ ငယ်ငယ် တုန်းက
ကော်ဘောလုံး ပဲရှိတာ။ နောက်တော့မှ မှော်ဘီကထုတ်တဲ့ စတား ဘောလုံးတွေနဲ့
ဆော့တာ ကန်တာပေါ့။
ဘောလုံးကန် ဖိနပ်တွေ စုတာကတော့ ၁၉၉၈၊ ၉၉ ၀န်းကျင်တုန်းက ဦးကျော်မြင့်
၊ဦးကျော်စိန်တို့ ဘောလုံးကန် ဖိနပ်တွေပဲရှိတာ၊ ဘယ်လိုပဲ ရှာဝယ်ဝယ်
အမဲရောင် ဖိနပ်ပဲရှိတာ ၁၉၉၈ ကမ္ဘာဖလားပွဲမှာ ရော်နယ်ဒိုက ဖိနပ်အပြာစီးတယ်။
အဲဒီ့ဖိနပ်လေးကို လိုချင်တာအရမ်းပဲ။ အဲဒီ့အချိန်ကစပြီး
ဘောလုံးကန်တဲ့ဖိနပ်တွေကို စိတ်ဝင်စားတာ။
စက်ဘီး ကတော့ BMX ကိုစီးဖြစ်ပါတယ်။ ပြိုင်ဘီးကို မကြိုက်ဘူး။ အဖေကတော့
စက်ဘီး စီးတာကို ၀ါသနာပါစေချင်တယ်။ ကျွန်တော်ကတော့ စက်ဘီးကို
အပျော်လောက်ပဲစီးတယ် တစ်ကယ် ကစားမယ်ဆိုရင်တော့ ဘောလုံးပဲကန်ချင်တယ်။
ငယ်ငယ်တုန်းကတော့ နွေရာသီ ကျောင်းပိတ်ရက်ဆို စက်ဘီးစီးတယ် စွန်လွှတ်တယ်။ ဘောလုံးကန်လို့ မှတ်မှတ် ရရဆိုရင် ခဏခဏ ဒဏ်ရာရတယ် ဒူးတွေလည်း ပြဲဖူးတယ်။
ငယ်ငယ်က လူကောင် သေးတော့ ခဏခဏ အချခံရတယ်။ ၂၀၀၁/ ၂၀၀၂/ ၂၀၀၃ လောက်က
တက္ကသိုလ် သဲကွင်းမှာ တောက်လျှောက် ကန်ဖြစ်တယ်။အဲဒီ့တုန်းကအလုပ်လည်း
မလုပ်သေးဘူး လွတ်လွတ် လပ်လပ်ပဲ ဘောလုံးကန် တာကတော့ အလယ်တန်းမှာ ကန်တာများတယ်
။ တစ်ခါတစ်လေ ကြုံရာကန်တယ် ဂိုးဝင်ဖမ်းရင်လည်း ဖမ်းတယ်။
တစ်ခါတစ်လေ ဂိုးလည်းသွင်းတယ်" လို့ ပြောခဲ့တဲ့ထွန်းထွန်းရဲ့ ပြောစကားကို
သြဂုတ် ၂၈ ရက်ထုတ် 8 Days journal အတွဲ(၁) အမှတ် ၂၄ မှ သိရပါတယ်။





