မိသားစုသည် ပထမ။
ဒါပေမဲ့ အလုပ်က အဟန့်အတား။
များလှစွာသော ဘော့စ်များအတွက် ဒီလို ရက်တွေမှာ သူတို့မိသားစု နဲ့ ကိုယ်ပိုင်အချိန်ဖြုန်း အချိန်ပေးဖို့ အချိန် ပိုပိုနည်းလာပါတယ်။
ဒီနှစ် စီးပွားရေး ကျဆင်းမှုတွေကြောင့် သူတို့ရဲ့ စီးပွားရေး လုပ်ငန်းတွေအတွက် ပဲ့ထိန်းသဖွယ် ပိုပြီး လုံ့လအားထုတ်ကြိုးပမ်းကြရင်း ဖိစီးမှုတွေနဲ့ မိသားစုအပေါ် အချိန်ပေးနိုင်မှု နည်းပါးလာတာကို အထက်ပါပုံအရ သိသာမြင်နိုင်ပါမယ်။
စီမံခန့်ခွဲရေး အမှုဆောင် အရာရှိတွေအဖို့ သူတို့မိသားစု Life ကို ဦးစားပေးအဆင့်အဖြစ် ထားသင့်ကြောင်း သိနားလည်ပြီး ဖြစ်ကြသော်လည်း ခုလို စီးပွားရေး ကျဆင်းမှု အချိုးအကွေ့အရ ဖြစ်လာတဲ့ ဖိအားများအပေါ် ကိုင်တွယ် ထိန်းသိမ်းဖို့ ခက်ခဲနေတဲ့အချိန်မှာ ကျန်းမာရေးအခြေအနေ စတဲ့ ဟန်ချက်ညီအောင်တောင် မတည့်မတ်နိုင်တဲ့အထိ ဖြစ်နေကြရတယ်လို့ ဆန်းစစ်လေ့လာချက် အသစ်များအရ သိရပါတယ် ခင်ဗျာ။
စင်္ကာပူ National Family Council ရဲ့  ဒီနှစ် မတ်လ မှ ဇွန်လ အတွင်း ထိပ်တန်း အမှုဆောင်အရာရှိကြီး ၁၉၉ ဦး အပေါ် လေ့လာဆန်းစစ်ချက်အရ သူတို့အထဲမှ ၇၇ ရာခိုင်နှုန်းမျှသာလျှင် အလုပ် နှင့် မိသားစုဘဝ ဟန်ချက်ညီအောင် စီမံနိုင်တာ တွေ့ရကြောင်း သိရပါတယ်။
လုပ်ငန်းခွင် နှင့် မိသားစုဘဝ ဟန်ချက်ညီအောင် စီမံနိုင်တဲ့ ဒီအရေအတွက်ဟာ မနှစ်က စီးပွားရေးလုပ်ငန်းရှင် အယောက်ငါးရာအတွင်း ၈၆ ရာခိုင်နှုန်းခန့် အရေအတွက် ပမာဏထက် ကိုးရာခိုင်နှုန်း ကျဆင်းသွားခဲ့တဲ့ အခြေအနေ ဖြစ်နေတယ်လို့လည်း သိရပါသေးတယ် ခင်ဗျာ။
ထို NFC ကောင်စီ ဥက္ကဌ ဖြစ်သူ လင်းမ်ဆွမ်းဟော့ခ်က ခုလို စီးပွားရေး အခြေအနေ မတည်ငြိမ်သေးတဲ့ ကာလအတွင်း အလုပ်ကို ဖိဖိစီးစီး စီမံထိန်းသိမ်းကြရသလို မိမိတို့ရဲ့  မိသားစုဘဝအခြေအနေကိုလည်း အကောင်းအဆိုးအချိန် ဒွန်တွဲနေသဘိကဲ့သို့ ပြုစုပျိုးထောင် စောင့်ရှောက်သွားသင့်ကြောင်း ပြောပါတယ်။
(သြဂုတ်လ ၃ ရက်နေ့ထုတ် The Straits Times သတင်းမှ Business & Rest to Relax အခြေအနေ ကို မီးမောင်းထိုးပြထားသော Family First, but work gets in the way ကို ဆီလျော်အောင် ဘာသာပြန် ကောက်နှုတ် ဖော်ပြပါသည်)





