Go Back   မြန်မာမိသားစုဖိုရမ် » ..:: ကြေညာချက်များ ::.. » မသိမဖြစ်
မြန်မာလက်ကွက်

မသိမဖြစ် ဖိုရမ်က အသင်းသားတွေ ဖိုရမ်မှာ လည်ပတ်ရတာ ၊ ဖတ်ရှုရတာ ၊ ဒေါင်းလုဒ် လုပ်ရတာ စသဖြင့်ပေါ့ အားလုံးအဆင်ပြေအောင် မသိမဖြစ် လိုအပ်တာလေးတွေကို ဒီမှာ ထည့်ပေးထားပါတယ်။

Reply
 
Bookmark and Share တန်ဆာပလာများ ဖော်ပြမှုပုံစံ
Old 22-05-2008, 08:16 PM
  post #1
ဂျစ်တူး
အုပ်ချုပ်သူ
 
ဂျစ်တူး's Avatar
 
အသင်းဝင်နေ့စွဲ: Mar 2007
တည်နေရာ: ရန်ကုန်(လန်ဒန်)
ရေးသားချက်များ: 2,594
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 57
ပို့စ် 438 ခုအတွက် 1,221 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
ပုံများ: 24
ဂျစ်တူး is on a distinguished road
Icon17 မန်ဘာညီအကိုမောင်နှမအချင်းချင်း....

ကျနော်တို့ မြန်မာမိသားစုကြီးက အခုဆို မန်ဘာ၃၀၀၀ကို ကျော်လွန်လာပြီး တစ်နေ့တစ်ခြား ညီအကိုမောင်နှမတွေ တိုးပွားလာပါတယ်။ ကျနော်လည်း အဲ့ဒါတွေကို ကြည့်ရင်းနဲ့ အရမ်းကို ပီတိဝမ်းသာဖြစ်မိပါတယ်။ ဒါပေမယ့် ကျနော်တို့တွေ ညီအကိုမောင်နှမတွေ များလာနဲ့သမျှ စကားတွေလည်း ပြောဖြစ်တာ စုံလာကြပါတယ်။ တစ်ယောက်နဲ့ တစ်ယောက်ဟာလည်း စကားပြောပုံချင်း မတူသောကြောင့် လူတွေများလာတာနဲ့အမျှ စကားပြောပုံခြင်းလည်း စုံလာပါမယ်။ ဒါပေမယ့် အဲ့တင်ထားတဲ့ စကားပြောပုံလေးတွေကို ဖတ်တဲ့ညီအကိုမောင်နှမတွေက အစုံပါပဲ။ တစ်ခါတစ်လေကျရင် ပြောတဲ့လူက နောက်သလိုပြောင်သလို ပြောတာဖြစ်ပေမယ့် ဖတ်မိတဲ့လူက စော်ကားသည်ဟုထင်ရင်ထင်မယ် ဒါမှမဟုတ် ဒီလူက ဘယ်လိုလူလဲဟု ထင်ရင်ထင်မယ် ပြီးတော့အဲ့ကနေ ခင်မင်မှုတွေ ပျက်လာမယ်။ ဖိုရမ်မှာ တစ်ဦးနဲ့ တစ်ဦးအမြင် မကြည်ကြတော့ဘူး စကားမပြောကြတော့ဘူး။ ကျနော်တို့ဖိုရမ်က ကျနော်အမြဲပြောနေသလို မြန်မာမိသားစုဆိုတဲ့ နာမည်နဲ့ လိုက်အောင် အားလုံးစည်းစည်းလုံးလုံး ညီညွတ်နေတာကိုပဲ အမြဲရည်ညွန်းနေပါတယ်။ ကျနော်တို့ အခုလက်ရှိညီအကို မောင်နှမတွေ မညီညွတ်ရင် တစ်ယောက်တစ်ယောက်က မြန်မာမိသားစုကို ဖျက်ချင်စိတ်ရှိရင် အလွယ်လေးဖြစ်သွားမှာပါ။ ကျနော်တို့ အားလုံးစည်းလုံးညီညွတ်ချင်းဟာ ဖိုရမ်လေးအတွက် အရမ်းကို အရေးကြီးပါတယ်။ မြန်မာမိသားစုမှာ ငါဟာငါပဲ ဆိုတာတစ်ယောက်မှ မရှိဘူးလို့ ကျနော်ယုံကြည်ပါတယ်။ အားလုံးနားလည်မှုတွေနဲ့ ညီအကိုမောင်နှမအရင်းသဖွယ် နေထိုင်သွားနေကြတယ်ဆိုတာလည်း ကျနော်ယုံကြည်ပါတယ်။
အခုကျနော်တို့က အွန်လိုင်းမှာပါ တစ်ယောက်နဲ့ တစ်ယောက်မမြင်ဘူးကြပါဘူး တစ်ချို့လည်း မြင်ဖူးကောင်း မြင်ဖူးပါမယ်။ အဲ့တော့ တစ်ယောက်နဲ့ တစ်ယောက်ရန်ဖြစ်နေမယ့်အစား အားလုံးစည်းစည်းလုံးလုံးနဲ့ ပျော်ရွှင်စွာနေထိုင်သွားရင် ပျော်စရာတွေပဲမဟုတ်လား။

ကျနော်တို့မှာ အင်တာနက်ဆိုတာ ကျနော်တို့ အမိမြေနဲ့ ဝေးနေကြတဲ့လူတွေအတွက် ပိုလို့တောင် ခင်တွယ်ရပါတယ်။ ကျနော်တို့မှာ ဒါပဲလုပ်စရာရှိတာပါ အားတဲ့အချိန်လေးတွေ။ အမိမြေမှာ ရှိတဲ့ညီအကိုမောင်နှမတွေလဲ ဖိုရမ်လေးမှာ အားရင်အားသလို လာရောက် အချိန်ပေးနေတာကိုလည်း အများကြီးတွေ့မြင်ရပါတယ်။ ဒါကြောင့် တစ်ယောက်နဲ့ တစ်ယောက်ရန်စောင်နေမယ့် အစားညီအကိုမောင်နှမအရင်းလို ခင်တွယ်သွားကြရင် တစ်ချိန်ကျရင် ကျနော်တို့ ဘ၀မှာ ကောင်းကျိုးတစ်ခုတော့ ရရှိလာမှာအမှန်ပါ။ ဥပမာ ကျနော်တို့ အခုတစ်ယောက်နဲ့ တစ်ယောက်မမြင်ဘူးကြပေမယ့် တစ်ချိန်ချိန်မှာ တွေ့မြင်ခဲကြလို့ရှိရင် စီးပွားရေးတွေ အတူတူလုပ်ဖြစ်ကြမယ် လူမှုရေးတွေ အတူတူလုပ်ဖြစ်ကြမယ် ဒါတွေဟာ ဖြစ်နိုင်တာ ဖြစ်တက်တာလေးတွေပါ အဲ့ကနေ အောင်မြင်မှုတွေ ရတက်ကြပါတယ်။ အခုကတည်းက ရန်စောင်နေမယ်ဆိုရင် ဒီအကျိုးကျေးဇူးလေးတွေ ပျောက်သွားမှာပေါ့။ အကယ်လို့ မန်ဘာတစ်ယောက်နဲ့ တစ်ယောက် အမြင်မကြည်ကြဘူးဆိုရင် တစ်ယောက်နဲ့ တစ်ယောက်ပွင့်ပွင့်လင်းလင်း ပြောပြီးဖြေရှင်းလိုက်တာ အကောင်းဆုံးဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ အမြင်မကြည်တာတွေ များလာရင် တစ်ချက်ပေါက်ကွဲသွားရင် အဆုံးလွန်ထိ ဖြစ်သွားပြီ ထိန်းရအရမ်းခက်သွားမှာပါ။ ဒါကြောင့်တစ်ယောက်နဲ့ တစ်ယောက်အမြင်မကြည်ဘူးဆိုရင် အမြန်ဆုံး ဖြေရှင်းစေလိုပါတယ်။ ဒါပေမယ့် ကျနော်တို့ဖိုရမ်မှာ ကိုယ့်ရဲ့ကိုယ်တာနဲ့ ဆိုင်တဲ့ကိစ္စတွေကိုတော့ ဒီကိုမယူဆောင်လာဖို့ အထူးမေတ္တာရပ်ခံပါတယ်။ ဒီဖိုရမ်လေးဟာ တစ်ဦးတစ်ယောက်အတွက်မဟုတ်ပဲ မြန်မာနိုင်ငံသားနိုင်ငံသူတွေအတွက် ရည်ရွယ်ပြီး ဖွင့်ထားလို့ဖြစ်ပါတယ်။
အခုလောလောဆယ် ဖိုရမ်မှာ ကျနော်တွေ့မြင်နေရတဲ့အတွက် ကျနော်ဒီပိုစ့်လေးကို အားလုံးသိရှိနားလည်အောင် ရေးပေးလိုက်ရခြင်းဖြစ်ပါတယ်။ ကျနော်ဒီပိုစ့်လေးကို မြန်မာမိသားစုအတွက် မြန်မာမိသားစုရှေ့ရေး မြန်မာမိသားစုအနာဂတ်အတွက် ကျနော်ရေးသားလိုက်ရခြင်းဖြစ်ပါတယ်။


ကျနော်အဓိက ပြောချင်တာကတော့ မန်ဘာအချင်းချင်း ညီအကိုမောင်နှမလို နေပေးကြပါ စကားပြောတာလေးတွေကို တစ်ဘက်သားကို ထိခိုက်စေလိုမယ့် စကားတွေကို ရှောင်ရှားပေးကြပါ ကိုယ့်ကဘာမှမဟုတ်သလို ပြောလိုက်ပေမယ့် တစ်ဘက်သား ခံစားသွားနိုင်တဲ့ အနေထားကို စဉ်းစားပေးပါခင်ဗျာ အကယ်လို့ နောက်ချင်တယ်ပြောင်ချင်တယ်ဆိုရင်ပါ။ စကားပုံလေးလဲ ရှိပါတယ် ကျီစားသံများက ရန်များ၏ဆိုတာလေးပါ။ ညီအကိုမောင်နှမအရင်းလို့ ခင်မင်လို့ နောက်တာက အားလုံးလက်ခံနိုင်ပါတယ် ဒါပေမယ့် အားလုံးမှာ သည်းခံနိုင်တဲ့ အတိုင်းတာဆိုတာရှိပါတယ် ဒါကြောင့်ဒါလေးကို တစ်ချက်လောက် စဉ်းစားပေးပါ။
မြန်မာမိသားစုဖိုရမ်ကြီးမှာ အားလုံးကို အခင်မင်မပျက်စေချင်ပါဘူး ကျနော်တို့အားလုံးဟာ စရိုက်လက္ခာဏာတွေ တစ်ယောက်နဲ့ တစ်ယောက်မတူညီကြတော့ကြောင့် အခင်အမင်ပျက်စေနိုင်မယ့် စကားမျိုးကို အတက်နိုင်ဆုံး ရှောင်ရှားပေးကြပါလို့ မြန်မာမိသားစုကြီးမှ အထူးပင် မေတ္တာရပ်ခံပါတယ်။ ကျနော်တစ်ဦးတစ်ယောက်အတွက်မဟုတ်ပါဘူး မြန်မာမိသားစုကြီးအတွက်ပါ။ ကျနော်တောင်းဆိုတာပါ အမိန့်ပေးတာမဟုတ်ပါဘူး ဒီဟာလေးက မြန်မာမိသားစုဝင်အားလုံးအတွက်ပါ။ တစ်ချိန်မှာ ဖြစ်နိုင်တာလေးတွေကို ကြိုတွေးပြီး အားလုံးကိုတောင်းဆို မေတ္တာရပ်ခံထားတာပါ။ အားလုံးကူညီဖြည့်ဆည်းပေးမယ်လို့ ကျနော်ယုံကြည်ပါတယ်ခင်ဗျာ။ အားလုံးကို ကျေးဇူးတင်ပါတယ်။


ကျနော်ကိုယ်ရေးကိုယ်တာ ကိစ္စလေးတွေကြောင့် ဒီပိုစ့်တင်တာ နှောင့်နှေးသလို ဖြစ်သွားပါတယ်။ ကျနော်အတက်နိုင်ဆုံး မြန်မာမိသားစုကြီးကို ကျနော်၇ှိနေသရွေ့ ပေးဆပ်သွားမှာပါ။ ဒီဖိုရမ်ကြီးဟာ ကျနော့်ကို ပညာတွေအများကြီးပေးခဲ့ပြီး အခုလည်း ဆက်လက်ပေးနေတုန်းပါပဲ။

အားလုံးကိုလေးစားကျေးဇူးတင်လျှက်
မြန်မာမိသားစုဖိုရမ်

မြန်မာမိသားစုဖိုရမ်လေးမှ အားလုံးကို လှိုက်လှဲစွာ ကြိုဆိုပါသည်။ တစ်ခုခုဖိုရမ်မှာ အခက်အခဲရှိရင် ဆက်သွယ်လိုက်ပါ myanmarfamilyhelpbyjit@googlemail.com

Last edited by ဂျစ်တူး; 22-05-2008 at 10:25 PM..
ဂျစ်တူး is offline   Reply With Quote
အောက်ပါအသင်းဝင် 49 ဦးတို့မှ ဂျစ်တူး အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
ကိုဂျိန်း, ကိုမြင့်, ချယ်ရီမင်း, စိုးမင်းသူမောင်, စွမ်းကမ္ဘာ, စနိုးလေး, ဆန်းမောင်, ဆရာဖြိုး, ဇီဇ၀ါ, တက်တူး, ဖယောင်း, မိုးသစ်လင်း, မျက်ဝန်း, မမြကလေး, ယွန်းယွန်း, သီဟန်စိုး, ဦးဟန်ညွန့်, ဧရာဝတီ, နေမျိုးဝင်း, မောင်သံသရာ, မောင်အောင်ဟိန်းအေး, အောင်ဘုန်းစံ, ၀တုတ်ပေါ, ၀တ်မှုံ, ကြယ်စင်စိုး, akm, Aung Kyaw Thet, AZM, goldstar, htun30, juejuemaung, kaung kin lu, khaing king, layatecho, Ma Ei, Mg Kyaw Zin Hein, moe san dar, moemama2008, myatko296@gmail.com, nainglynn, new-comer^girl, phoetharlay, phyozawnyein, pyaephyolin615, saiyemon, waterpeople, winkyawlutt, zinkomin, zo
Old 22-05-2008, 10:42 PM
  post #2
လူမုန်းလေး
ဆယ်ကျော်သက်
 
အသင်းဝင်နေ့စွဲ: Dec 2007
ရေးသားချက်များ: 63
ကျေးဇူးတင်စကား: 0
ပို့စ် 6 ခုအတွက် 15 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
လူမုန်းလေး is on a distinguished road
ပြန်စာ - မန်ဘာညီအကိုမောင်နှမအချင်းချင်&#

နယ်သားရေ... မ၀င်ဖြစ်တာကြာလို့ မတွေ့ရတာတောင် ကြာပေါ့ ကိုဂျစ်ရေ...။ နေကောင်းတယ်နော...။ မြန်မာမိသားစု ဖိုရမ်ကြီးအတွက် စိတ်မပူပါနဲ့ဗျာ... ကိုဂျစ်ကြီးရှိနေတဲ့ အချိန်တိုင်း ဖိုရမ်ကြီးကလည်း စည်ကားနေမယ်ဆိုတာ ညီလေးသိပါ့ဗျာ...။

လေးစားလျက် လူမုန်းလေး

အားလုံး ပျော်ရွှင်ကျန်းမာနိုင်ကြပါစေဗျာ။ :1: :11: :1:
[email]homesicker99@gmail.com[/email]
လူမုန်းလေး is offline   Reply With Quote
အောက်ပါအသင်းဝင် 3 ဦးတို့မှ လူမုန်းလေး အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 22-05-2008, 11:34 PM
  post #3
ဂျစ်တူး
အုပ်ချုပ်သူ
 
ဂျစ်တူး's Avatar
 
အသင်းဝင်နေ့စွဲ: Mar 2007
တည်နေရာ: ရန်ကုန်(လန်ဒန်)
ရေးသားချက်များ: 2,594
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 57
ပို့စ် 438 ခုအတွက် 1,221 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
ပုံများ: 24
ဂျစ်တူး is on a distinguished road
ပြန်စာ - မန်ဘာညီအကိုမောင်နှမအချင်းချင်&#

ကျနော်တို့အားလုံး ညီအကိုမောင်နှသဖွယ် စည်းလုံးနေရင် ဖိုရမ်ကြီးက အမြဲစည်ကားတိုးတက်ပြီး အစဉ်မြဲတည်မြဲနေမှာပါ။ ကျနော်တို့တွေ ဆက်လက်ကြိုးစားကြတာပေါ့။

မြန်မာမိသားစုဖိုရမ်လေးမှ အားလုံးကို လှိုက်လှဲစွာ ကြိုဆိုပါသည်။ တစ်ခုခုဖိုရမ်မှာ အခက်အခဲရှိရင် ဆက်သွယ်လိုက်ပါ myanmarfamilyhelpbyjit@googlemail.com
ဂျစ်တူး is offline   Reply With Quote
အောက်ပါအသင်းဝင် 11 ဦးတို့မှ ဂျစ်တူး အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 23-05-2008, 10:25 PM
  post #4
Ye Aung
အုပ်ချုပ်သူ
 
Ye Aung's Avatar
 
အသင်းဝင်နေ့စွဲ: Jan 2008
တည်နေရာ: ချင်းတွင်းမြစ်
ရေးသားချက်များ: 1,401
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 2,268
ပို့စ် 1,014 ခုအတွက် 11,318 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
ပုံများ: 86
Ye Aung is on a distinguished road
ပြန်စာ - မန်ဘာညီအကိုမောင်နှမအချင်းချင်&a

မင်ဘာအချင်းချင်း စည်းစည်းလုံးလုံး နေကြပါ။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့က လူတွေလေ လူဆိုတာက ကိုယ်နဲ့စိတ်အခန့်မသင့်ရင် ဒီလိုဘဲ ဖြစ်တတ်ကြတယ်။ ဘာဘဲပြောပြော ကျွန်တော်တို့က ဒီဖိုရမ်ကြီးကမိသားစုဝင်တွေဘဲမို့လား။ အားလုံးကမောင်နှမတွေပါ။ မင်ဘာအချင်းချင်း တစ်ယောက်ကိုတစ်ယောက် လေးစားပါ။ တစ်ယောက်ပြောတဲ့စကားကို တစ်ယောက်က နားထောင်ပါ။ အပေါ်မှာတော့ ကိုဂျစ်တူးပြောပြီးပြီ။ ကျွန်တော်တို့ ဒီဖိုရမ်သည် နည်းပညာ ဖွံဖြိုးတိုးတက်ဘို့အတွက် ကိုသာရည်ရွယ်တယ်။ တကယ်တော့ သုတရတနာသိုက် ဆိုတဲ့စကားလုံးကိုပိုမှန်ပါမယ်။ မိသားစုဝင်အချင်းချင်းမှာ တစ်ယောက်က အခက်အခဲရှိရင် တစ်ယောက်ကကူညီရမယ်။ ဒါတို့ ချစ်စရာ မြန်မာ့ဓလေ့ပါဒါလေးကို အဝေးရောက်နေတဲ့ မြန်မာနိုင်ငံသားတွေ ဒီဖိုရမ်လေးကိုလာရောက်လည်ပတ်ရင်း ဒီအရသာလေးကိုခံစားသွားကြစေချင်တယ်။ ကျွန်တော်တို့ကွန်ပျူတာစသုံးခါစက ဘာဘဲလိုလိုလိုက်ရှာရတာ တကယ်ကိုမလွယ်ပါဘူး အခု ဒီလိုဖိုရမ်တွေပေါ်လာတော့ ဘာကောင်းသလဲမမေးနဲ့ ဘာဘဲလိုလို ရှာလို့ရတယ်မေးလို့ရတယ်။ အရင်ကလိုမပင်ပန်းတော့ဘူးပေါ့။ ရှေ့လူတွေက ကောင်းအောင်လုပ်သွားတာကို ကျွန်တော်တို့နောက်လူတွေက ဒီထက်ကောင်းအောင်လုပ်ကြရမယ်။ ဒါမှ လူပီသတော့မှာပေါ့ဗျာ။ မြန်မာမိသားစုဝင်အားလုံးကိုလေးစားပါတယ်။ အားလုံးချစ်ခင်စွာနဲ့ မိမိသိတာ ကိုပေးဝေ မသိတာတွေကိုလဲစူးစမ်းရင်းနဲ့ တွေ့ကြုံနေရတဲ့အခက်အခဲတွေကို ဖြေရှင်းနိုင်ပါစေ။ မြန်မာမိသားစု ဟာ အစဉ်ထာဝရနွေးထွေးစွာ ရှိနေပါတယ်။ ကျွန်တော်တို့လဲဒီထက်ကောင်းအောင်ကြိုးစားနေပါတယ်။ မိသားစုဝင်များသည်လည်း ချစ်ခင်စည်းလုံးစွာနေထိုင်ခြင်းပြုမူပြောဆိုခြင်းဖြင့်ကူညီဆောင်ရွက်ပါ။ ဒီလိုဆိုရင်တော့ မြန်မာမိသားစု ဟာ အဓွန့်ရှည့်မယ်။ အားလုံးရဲ့အမောကိုပြေစေနိုင်မဲ့ နေရာလေးတစ်ခုဖြစ်လာမယ်။ ဒါကိုအားလုံးအသိစိတ်ဓာတ်ကလေးနဲ့ဝိုင်းဝန်းလုပ်ကြပါလို့ပြောချင်တယ်ဗျာ။

အားလုံးကိုလေးစားလျက်
ရဲအောင်

Kaspersky KIS & KAV Latest keys တွေလိုချင်ရင် ဒီကို နှိပ်
Ye Aung is offline   Reply With Quote
Old 24-11-2008, 08:32 PM
  post #5
Akari
မွေးကင်းစကလေး
 
အသင်းဝင်နေ့စွဲ: Nov 2008
ရေးသားချက်များ: 2
ကျေးဇူးတင်စကား: 0
ပို့စ် 1 ခုအတွက် 5 ဦးမှကျေးဇူးတင်ကြောင်းပြောပါသည်။
Akari is on a distinguished road
ပြန်စာ - မန်ဘာညီအကိုမောင်နှမအချင်းချင်&#

အခုလိုသိမှတ်စရာတွေအများကြီးနဲ့နွေးထွေးတဲ့မြန်မာမိသားစုကိုကျေးဇူးတင်ပါတယ်
Akari is offline   Reply With Quote
အောက်ပါအသင်းဝင် 5 ဦးတို့မှ Akari အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 25-11-2008, 12:40 AM
  post #6
ကိုဦး
MF Contributor
 
ကိုဦး's Avatar
 
အသင်းဝင်နေ့စွဲ: Dec 2007
တည်နေရာ: လူပြည်
ရေးသားချက်များ: 633
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 1,734
ပို့စ် 400 ခုအတွက် 1,631 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
ကိုဦး is on a distinguished road
ပြန်စာ - မန်ဘာညီအကိုမောင်နှမအချင်းချင်&#

ကျွန်တော်ကတော့ ဖိုရမ်အတွင်းကို ၀င်ဖြစ်တဲ့ အခါရှိသလို
တစ်ခါတစ်ရံပျောက်ပျောက်သွားတက်တဲ့ .. ဒါပင်မဲ့ ကျွန်တော်ဝင်တဲ့ အချိန်တိုင်း ..
မိသားစုသဖွယ် နွေးထွေးဆိုနဲ့  ဒီဖိုရမ်ကြီးကအမြဲကြိုဆိုနေတက်တယ် .....
အဲဒီအတွက်လည်း အရမ်းကိုကျေးဇူးတင်မိတယ်....
ဘာမှမသိ ဘာမှမတက်ပင် မဲ့ ...
သိတဲ့ တက်တဲ့  အစွန်အဖျားတစ်ထောင့်တစ်နေရာကပဲ ဖြစ်ဖြစ် ကျွန်တော် ကူညီနေမှာပါ ....
လိုအပ်တဲ့ အချိန်မှ လာပြီ ပြန်ပြန်သွားတက်တဲ့ သူတစ်ယောက်လို့ တော့မသတ်မှတ်လိုက်ပါနဲ ဗျာ....
ဗဟုသုတများစွာပေးတဲ့  ဒီဖိုရမ်ကြီးမှာ အသင်းဝင်တစ်ယောက် ဖြစ်ခွင့်ရတဲ့ အတွက် ကျွန်တော် အမြဲလေးစား
ဂုဏ်ယူနေမှာပါ ...
မသိနားမလည်းတဲ့အပြုအမူတွေ ရှိခဲ့ ရင် မိသားစုသဖွယ် ဆုံးမပေးကြပါ ...
မြန်မာမိသားစုဖိုရမ် အဓွန့် ရှည်တည်တန့် နိုင်ပါစေ .....

Happy to help
ကိုဦး is offline   Reply With Quote
အောက်ပါအသင်းဝင် 14 ဦးတို့မှ ကိုဦး အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 21-06-2009, 12:41 PM
  post #7
khinemyintmyatnwetun
ကလေးပေါက်စ
 
အသင်းဝင်နေ့စွဲ: May 2009
တည်နေရာ: မကွေး
ရေးသားချက်များ: 24
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 5
ပို့စ် 18 ခုအတွက် 49 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
ပုံများ: 4
khinemyintmyatnwetun is on a distinguished road
ပြန်စာ - မန်ဘာညီအကိုမောင်နှမအချင်းချင်&#

ကိုဂျစ်ပြောတာနည်းလမ်းကျပါတယ်။ညီမလေးတို့လိုက်နာမှာပါ။ညီမလေးကအသင်းဝင်ထားတာကြာပြီဆိုပေမယ့်သိပ်မသိဘူး။အမြဲမ၀င်
တော့။အခက်အခဲရှိရင်အကူအညီတောင်းမယ်နော်။ကျေးဇူးတင်ပါတယ်။သတိပေးတဲ့အတွက်။
khinemyintmyatnwetun is offline   Reply With Quote
အောက်ပါအသင်းဝင် 7 ဦးတို့မှ khinemyintmyatnwetun အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 24-05-2010, 05:22 PM
  post #8
ရှင်းလေး
ကလေးပေါက်စ
 
ရှင်းလေး's Avatar
 
အသင်းဝင်နေ့စွဲ: Jan 2010
ရေးသားချက်များ: 32
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 113
ပို့စ် 15 ခုအတွက် 44 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
ရှင်းလေး is on a distinguished road
ပြန်စာ - မန်ဘာညီအကိုမောင်နှမအချင်းချင်&#

တော်ကြပါတယ် သူများအကျိုးအတွက် ကိုယ်ရဲ့ အချိန်တွေ ပညာတွေကို မျှဝေပေနေတဲ့ မြန်မာ မိသားစုက သူတွေအကုန်လုံးကို လေးစားပါတယ် ကျွန်တော်ကို နည်းပညာတွေအမြဲပေးနေတဲ့ မြန်မာ မိသားစုအတွက် တစ်ထောင့် တစ်နေရာကနေ ပါဝင်ချင်ပါတယ် ခက်တာက ကျွန်တော်က ကျွမ်းကျင်သူမဟုတ်ဘူး.ဗျာ ..

သတ္တ၀ါမှန်သ၍ တရားတွေ့ ချမ်းမြေ့သာယာ ရှိပါစေ.....(ချမ်းမြေ့ဆရာတော်)
ရှင်းလေး is offline   Reply With Quote
အောက်ပါအသင်းဝင် 7 ဦးတို့မှ ရှင်းလေး အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 22-06-2011, 01:09 PM
  post #9
အောင်သုခ
ဆယ်ကျော်သက်
 
အသင်းဝင်နေ့စွဲ: Jun 2011
ရေးသားချက်များ: 66
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 17
ပို့စ် 41 ခုအတွက် 73 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
အောင်သုခ is on a distinguished road
ပြန်စာ - မန်ဘာညီအကိုမောင်နှမအချင်းချင်&#

အခုလိုအသင်းဝင်ခွင့်ရှိတယ်ဆိုတာတောင် ကျွန်တော်ကသိပ်သိတာမဟုတ်ဘူးဗျ ကျွန်တော်က နယ်မြို့ဆိုတော့ အင်တာနက်ဆိုတာ သိပ်သိကြတာမဟုတ်ဘူး စာစီစာရိုက်ဆိုင်လေးဖွင့်ပြီး အလုပ်လုပ်နေရတာ အခုတော့အင်တာနက်ဆိုတာကြီး ဖွင့်လိုက်ကြတော့ တော်တော်အဆင် ပြေတယ်ဗျာ မေးမြန်းကြည့်တော့ မြန်မာမိသားစုဖိုရမ် ဟာ အရေးကြီးမှန်းသိလာလို့ အသင်းဝင်ထားလိုက်တယ် အခုလိုဆောင်ရွက်ထားတဲ့လူတွေကို အရမ်းကျေးဇူးတင်ပါတယ် ဟိုတစ်နေ့က မြန်မာမိသားစု ဖိုရမ်ကို မေးလ် ပို့တာ အဆင်မပြေဘူးဗျာ ကျွန်တော်ပေးထားတဲ့အကောင့်က lock ဖြစ်သွားတယ် အဲ့ဒါ ဘယ်နည်းနဲ့များအဆင်ပြေအောင်ဆောင်ရွက်ရမလဲ ကူညီပေးစေချင်ပါတယ် ကျွန်တော်က အင်တာနက်အကြောင်းလည်း သိပ်သိသေးတာမဟုတ်ပါဘူး ကျေးဇူးတင်လျက် မြန်မာမိသားစုဖိုရမ် မိသားစုဝင်အားလုံး ကျန်းမာချမ်းသာကြပါစေ
အောင်သုခ is offline   Reply With Quote
အောက်ပါအသင်းဝင်မှ အောင်သုခ အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Reply

တန်ဆာပလာများ
ဖော်ပြမှုပုံစံ

Posting Rules
You may not post new threads
You may not post replies
You may not post attachments
You may not edit your posts

BB code is On
Smilies are On
[IMG] code is On
HTML code is Off

ဖိုရမ်တွေ ကျော်ရောက်ချင်ရင် !


ဖိုရမ်၏ ပင်မအချိန်သည် ဂရင်းနစ်စံတော်ချိန် +6.5 ဖြစ်သည်။ဒေသစံတော်ချိန် 02:57 PM
Inactive Reminders By Icora Web Design