Go Back   မြန်မာမိသားစုဖိုရမ် » ..:: ကြေညာချက်များ ::.. » မသိမဖြစ်
မြန်မာလက်ကွက်

မသိမဖြစ် ဖိုရမ်က အသင်းသားတွေ ဖိုရမ်မှာ လည်ပတ်ရတာ ၊ ဖတ်ရှုရတာ ၊ ဒေါင်းလုဒ် လုပ်ရတာ စသဖြင့်ပေါ့ အားလုံးအဆင်ပြေအောင် မသိမဖြစ် လိုအပ်တာလေးတွေကို ဒီမှာ ထည့်ပေးထားပါတယ်။

Reply
 
Bookmark and Share တန်ဆာပလာများ ဖော်ပြမှုပုံစံ
Old 23-03-2008, 03:06 PM
  post #1
ဂျစ်တူး
အုပ်ချုပ်သူ
 
ဂျစ်တူး's Avatar
 
အသင်းဝင်နေ့စွဲ: Mar 2007
တည်နေရာ: ရန်ကုန်(လန်ဒန်)
ရေးသားချက်များ: 2,594
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 57
ပို့စ် 438 ခုအတွက် 1,222 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
ပုံများ: 24
ဂျစ်တူး is on a distinguished road
ဆွေးနွေးချက်လေးတွေကိုပြန်စာရေးသားရငƟ

အရင်တုန်းက ကျနော်တို့ တစ်ခါပြောခဲ့ဘူးပါတယ် ဖိုရမ်လေးမှာ ကျေးဇူုးတင်စကား ပြောရင်မပြောပဲ ခလုတ်လေးတွေ နှိပ်ဖို့ကျနော်သတိပေးခဲ့တာပါ။ ဒါလေးကိုလည်း ကူညီကြပါတယ် ကျနော်တွေ့ပါတယ်။ ဒါကြောင့်မန်ဘာအားလုံးကို ဒီနေရာကနေ ကျနော် ကျေးဇူးတင်စကားပြောလိုက်ပါတယ်။
နောက်ဆုံးတစ်ခုကတော့ ကိုထွဋ်ပြောတဲ့ သတ်မှတ်ချက်ပါပဲ ဖိုရမ်လေးမှာ မန်ဘာတွေက တစ်ခြားမန်ဘာတွေရဲ့ ရေးသားချက်တွေကို ကြိုက်လို့ရှိရင် ဆက်ရေးပါလို့ အားပေးကြပါတယ်။ ဒါဟာကောင်းတဲ့မူလေးပါ ဒါဟာဆက်ရေးတဲ့လူတွေအတွက် အားဆေးတစ်ခွက်ပါ။ ဒါပေမယ့်လို့ ကျနော်တို့ အက်မင်တွေ အပိုင်းကို ပြန်ကြည့်ပေးပါခင်ဗျာ။ ကျနော်တို့တွေဟာ အက်မင်တွေဆိုပေမယ့် မန်ဘာတွေကို ကိုယ့်သူငယ်ချင်းလို ညီအကိုမောင်နှမ အရင်းလို သဘောထားတာပါ။ ကျနော်တို့တွေမှာ ငါဟာအက်မင်ပဲဆိုတဲ့ မာနမျိုးမရှိပါဘူး။ တစ်ခြားဖိုရမ်လေးတွေနဲ့ ယှဉ်ကြည့်ရင် အင်မတန်သိသာပါတယ်။ ကျနော်နာမည်တော့ တပ်မပြောတော့ပါဘူး။ အက်မင်တွေရဲ့ အလုပ်ဟာ မန်ဘာတွေရဲ့ လိုအပ်ချက်၊ ဖိုရမ်လေးအမြဲလည်ပတ်ဖို့ကို အချိန်ကုန်ခံပြီး ပေးဆပ်နေပေးကြတာပါ။ အခုဖိုရမ်လေးမှာ သတ်မှတ်ချက်ကြောင့် စာမရေးရဲတဲ့ ကိစ္စကတော့ ကျနော်တို့ ကို နားမလည်နိုင်တာက တစ်ကြောင်း ကျနော်တို့ကို ကြောက်နေတာက တစ်ကြောင်းဖြစ်နိုင်ပါတယ်။ ဖိုရမ်တိုင်းမှာ စည်းကမ်းချက်လေးတွေရှိကြပါတယ် ဒါပေမယ့် အရမ်းတင်းကျပ်နေလည်း ဘယ်ကောင်းမလဲ အရမ်းလျော့ရဲနေလည်း ဘယ်ကောင်းမလဲ။ အခုကျနော် မြင်သလောက်ကတော့ ကျနော်တို့ဖိုရမ်လေးမှာ စည်းကမ်းက တင်းလဲမတင်းပါဘူး လျော့လဲမလျော့ပါဘူး။ ကျနော်တို့ အခုထပ်ထုပ်လိုက်တဲ့ စည်းကမ်းလေးတွေကလဲ မန်ဘာတွေအတွက်ပဲဆိုတာ နားလည်ပေးစေချင်ပါတယ် ဖိုရမ်လေးကောင်းဖို့ပါ။ ကျနော်တို့ အမိန့်ပေးတာ မဟုတ်ပါဘူး တောင်းဆိုတာပါ။ အခုဆွေးနွေးချက်လေးတွေ တိုတဲ့ကိစ္စမှာ မန်ဘာတွေဘက်က ကျနော်တို့ဘက်ကို တစ်ချက်လောက်ကြည့်ပြီး ခံစားပေးပါ။ ပိုစ့်လေးတွေများနေရင် Database Error ဆိုတဲ့ဟာလေးတက်လာပါတယ် ဒီဟာက ကျနော်ဆိုလိုချင်တာက ပိုစ့်တွေအများကြီးတင်ဖို့ တားမြစ်တာမဟုတ်ပါဘူး ပိုစ့်တစ်ခုကြောင့် အယ်ရာလေးတက်သွားနိုင်ပါတယ်။ ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံးပုပ်ဆိုတဲ့ စကားပုံလိုပေါ့။ ပိုစ့်လေးတွေကြောင့် အယ်ရာလေးတွေတက်ပါတယ် နေ့တိုင်း။ ဒါဟာ ကျနော်တို့တွေ နေ့တိုင်းပြင်နေရပါတယ်။ ပြင်တာက ဘာမှမဖြစ်ပါဘူး တစ်ချိန်ချိန်မှာ ဒါလေးကြောင့် ဖိုရမ်လေးကျသွားနိုင်ပါတယ် ဒေါင်းသွားနိုင်ပါတယ်။ ဒါကြောင့် ပိုစ့်လေးတွေများလာရင် ဒါဖြစ်ဖို့ အခွင့်အရေး ပိုများလာတာပေါ့ မဟုတ်ဘူးလားခင်ဗျာ။ ဒါကြောင့်ဖြစ်နိုင်ရင် မတင်လို့ဖြစ်တဲ့ အရမးတိုတဲ့ပိုစ့်လေးတွေကို မတင်ဖို့ မေတ္တာရပ်ခံအပ်ပါတယ်။ ပိုစ့်လေးတွေကို ရေးလိုက်ပါ မကြောက်ပါနဲ့ ဒါပေမယ့် ရေးခါနီးကျရင် ကျနော်ပြောတာလေးတွေကို တစ်ချက်လောက်ပြန်ဂရုစိုက်ပေးပါ။
တင်လိုက်ပါ မကြောက်ပါနဲ့ မှားသွားရင် ကျနော်တို့ မော့်ဒ်တွေနဲ့ အက်မင်တွေက ပြင်ပေးမှာပါ ကျနော်တို့ နေ့စဉ်ကြည့်ပေးနေပါတယ်။ အကယ်လို့ ကျနော်တို့ အက်မင်တွေပြင်ဆင်ချက်နှင့် ပြောဆိုမှုတွေကို မကြိုက်ရင် ပီအမ်လေးပဲပို့ပေးပါ။ ဒါဟာကျနော်တို့ ဖိုရမ်ရဲ့ စည်းလုံးမှုကို ပြသတာပဲဖြစ်ပါတယ်။ တစ်ခုခု စိတ်အလိုမကျရင် ညီအကိုမောင်နှမ အရင်းသဖွယ် လွတ်လွတ်လပ်လပ် ပီအမ်ပို့ပါ။ ဆွေးနွေးပါ။ ဒါဆိုကျနော်တို့ဘက်က အတက်နိုင်ဆုံး စိတ်ကျေနပ်စွာ ဖြေရှင်းကူညီပေးမှာ ဖြစ်ပါတယ်ခင်ဗျာ။ ဒါကြောင့်ကျနော်နောက်ဆုံးပြောချင်တာက စာတွေကို ဆက်လက်ရေးသားပါ မရေးခင် ငါရေးတဲ့ပိုစ့်လေးက ကျနော်ပြောတာလေးတွေနဲ့ ကိုက်ညီရဲ့လား စဉ်းစားပေးပါ ဖိုရမ်အတွက် စဉ်းစားပေးပါ ဒါဟာ သိပ်အပန်းကြီးတဲ့ အလုပ်မဟုတ်ဘူးလို့ ကျနော်ထင်မြင်ပါတယ်။ အားလုံးကျနော်တို့ကို နားလည်ပေးနိုင်မယ်လို့ ထင်ပါတယ်။ ကျေးဇူးတင်ပါတယ်အားလုံးကို။

မြန်မာမိသားစုဖိုရမ်လေးမှ အားလုံးကို လှိုက်လှဲစွာ ကြိုဆိုပါသည်။ တစ်ခုခုဖိုရမ်မှာ အခက်အခဲရှိရင် ဆက်သွယ်လိုက်ပါ myanmarfamilyhelpbyjit@googlemail.com

Last edited by ဂျစ်တူး; 26-05-2008 at 11:40 PM..
ဂျစ်တူး is offline   Reply With Quote
အောက်ပါအသင်းဝင် 36 ဦးတို့မှ ဂျစ်တူး အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 29-03-2008, 01:57 PM
  post #2
ကိုရင်လေး
လမ်းလျှောက်တတ်စ
 
ကိုရင်လေး's Avatar
 
အသင်းဝင်နေ့စွဲ: Mar 2008
ရေးသားချက်များ: 6
ကျေးဇူးတင်စကား: 0
ပို့စ် 2 ခုအတွက် 9 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
ကိုရင်လေး is on a distinguished road
ပြန်စာ - ဆွေးနွေးချက်လေးတွေကိုပြန်စာရေ&a

ကိုဂျစ်တူးသတိပေးတာကောင်းပါတယ်။ ဒီနေ့တောင် ကိုရင်လေးဆီကို ပြန်စာရေးတဲ့သူတွေကို ကျေးဇူးတင်တဲ့အကြောင်း ပိုစ်လေးတင်ပေးလိုက်ပါတယ်။ အဲဒီအတွက် ခင်ဗျာတို့မှာ အခက်အခဲ တွေ့သွားရင်လည်း ကိုရင်လေးရဲ့ နားမလည်မှုအတွက်ခွင့်လွတ်ပေးပါလို့.. ခင်ဗျာတို့ရဲ့ အခက်အခဲကို ကိုရင်လေး နားလည်သဘောပေါက်ပါတယ်.. ကိုရင်လေးမှာ ရေးသားချင်တာတွေလေးရှိပါတယ်.. အဲဒါ ကိုရင်လေးရဲ့ မကျွမ်းကျင်မှုကြောင့် ဖိုရမ်မှာ ပြဿနာတွေ့မှာ စိုးရိမ်ပါတယ်.. ဒါကြောင့် တစ်ချို့ရေးချင်တာလေးတွေကို မရေးဖြစ်ခဲ့ပါဘူး.. ကိုဟိန်းကိုတောင် ကိုရင်လေး အကြံပြုတောင်းဆိုပါသေးတယ်.. ကိုရင်လေးရဲ့ ဘ၀နဲ့ပတ်ဝန်းကျင်မှာ တွေ့ကြုံခဲ့ရတဲ့ တကယ့်အဖြစ်အပျက် ဟာသလေးတွေကို ဖိုရမ်မိသားစုတွေပျော်ရွှင်စေဖို့နဲ့ ဗဟုသုတရစေဖို့ ဖိုရမ်လေးမှာရေးချင်ပါတယ်လို့ ကိုဟိန်းကိုပြောတော့ သူက ကောင်းပါတယ်ကိုရင်လေးရယ်တဲ့.. သီးသန့်တော့ပစ်လေး ဖွင့်ပြီးရေးပါလို့ ပြောပါတယ်.. ကိုရင်လေးကလည်း သီးသန့်တော့ပစ်ကြီးတော့ မဖွင့်ချင်ပါဘူး.. အားတဲ့အခါလေး ၀င်ရေးချင်တာပါ.. ကိုရင်လေးမှာက အင်တာနက်သုံးရတာ မလွတ်လပ်တာလဲ ပါတယ်လေ.. သီးသန့်တော့ပစ်နဲ့ဆို အမြဲရေးနိုင်မှ ကောင်းပါတယ်..အခုဟာက အင်တာနက်သုံးတုန်းလေး ကိုရင်လေး ၀ါသနာပါလို့ ရေးချင်တာပါဗျာ.. အဲဒါအကြံလေး ဘာလေးပေးပါအုန်းဗျာ..
အားလုံးပျော်ရွင်နိုင်ပါစေ...
ကိုရင်လေး :123::123::123:

Last edited by ဂျစ်တူး; 29-03-2008 at 04:36 PM..
ကိုရင်လေး is offline   Reply With Quote
အောက်ပါအသင်းဝင် 8 ဦးတို့မှ ကိုရင်လေး အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 29-03-2008, 04:19 PM
  post #3
ညီထွဋ်
အထူးအသင်းဝင်
 
ညီထွဋ်'s Avatar
 
အသင်းဝင်နေ့စွဲ: Jul 2007
တည်နေရာ: ခေတ္တ ထိုင်း
ရေးသားချက်များ: 5,087
ကျေးဇူးတင်စကား: 0
ပို့စ် 500 ခုအတွက် 836 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
ညီထွဋ် is on a distinguished road
ပြန်စာ - ဆွေးနွေးချက်လေးတွေကိုပြန်စာရေ&#

ကိုရင်လေးရဲ့ကိုရင်လေးရဲ့ဘ၀နဲ့ပတ်ဝန်းကျင်မှာ တွေ့ကြုံခဲ့ရတဲ့ တကယ့်အဖြစ်အပျက်ဟာသလေးတွေကို ဖိုရမ်မိသားစုတွေပျော်ရွှင်
စေဖို့နဲ့ ဗဟုသုတရစေဖို့ရေးတာ အလွန်ကောင်းပါတယ် တောပစ်အသစ်လေးဖြစ်ဖြစ် ဒါမှမဟုတ်ရေးပြီးတောပစ်နဲ့ တိုက်ဆိုင်တဲ့နေရာပဲ
ဖြစ်ရေးပါလို့ ဖိတ်ခေါ်ပါတယ် အားလုံးမျှဝေခံစားလို့ ရတာပေါ့နော် ။


http://thuyatinhtut.blogspot.com/
www.photobucket.com
gf52744@gmail.com

မမေ့နိုင်သောအရာအားလုံးသည် ရင်မှာထာဝရသစ်လွင်လျှက်ရှိ၏
nyihtut@hotmail.com
ညီထွဋ် is offline   Reply With Quote
အောက်ပါအသင်းဝင် 9 ဦးတို့မှ ညီထွဋ် အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 29-03-2008, 04:33 PM
  post #4
ဂျစ်တူး
အုပ်ချုပ်သူ
 
ဂျစ်တူး's Avatar
 
အသင်းဝင်နေ့စွဲ: Mar 2007
တည်နေရာ: ရန်ကုန်(လန်ဒန်)
ရေးသားချက်များ: 2,594
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 57
ပို့စ် 438 ခုအတွက် 1,222 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
ပုံများ: 24
ဂျစ်တူး is on a distinguished road
ပြန်စာ - ဆွေးနွေးချက်လေးတွေကိုပြန်စာရေ&a

Quote:
Originally Posted by ကိုရင်လေး View Post
ကိုရင်လေးကလည်း သီးသန့်တော့ပစ်ကြီးတော့ မဖွင့်ချင်ပါဘူး.. အားတဲ့အခါလေး ၀င်ရေးချင်တာပါ.. ကိုရင်လေးမှာက အင်တာနက်သုံးရတာ မလွတ်လပ်တာလဲ ပါတယ်လေ.. သီးသန့်တော့ပစ်နဲ့ဆို အမြဲရေးနိုင်မှ ကောင်းပါတယ်..အခုဟာက အင်တာနက်သုံးတုန်းလေး ကိုရင်လေး ၀ါသနာပါလို့ ရေးချင်တာပါဗျာ.. အဲဒါအကြံလေး ဘာလေးပေးပါအုန်းဗျာ..
အားလုံးပျော်ရွင်နိုင်ပါစေ...
ကိုရင်လေး
ကျနော်နားလည်ပေးနိုင်ပါတယ် အင်တာနက်ကို အကန့်အသတ်နဲ့ သုံး၇သောကြောင့်။ ဒါပေမယ့် ဘာမှမဖြစ်ပါနဲ့ အားတာအချိန်လေးမှာပဲ အားသလို ကိုယ့်ဘ၀ရဲ့ အတွေ့အကြုံဟာသလေးတွေကို ဖို၇မ်မှ မောင်နှမတွေ အားလုံးတွေအတွက် တင်ပေးလိုက်ပါ။ ကျနော်တို့ အားလုံးစောင့်မျှော်ဖတ်ရှုနေမှာပါ။ အကယ်လို့ တော့ပစ်အသစ် မတင်ချင်ဘူးဆိုရင်တော့ သူများရေးပြီးသား တော့ပစ်တွေမှာ ကိုယ်ရေးချင်တာနဲ့ တိုင်ဆိုင်တဲ့တော့ပစ်လေးကို လိုက်ရှာဖွေလိုက်ပါ ပြီးတာနဲ့ စရေးလိုက်ပါ။ အကယ်လို့ တော့ပစ်ရှာတာမှားလို့လဲ ဘာမှမဖြစ်ပါနဲ့ ကျနော်တို့မော်ဒရေတာတွေ ပြင်ပေးမှာပါ ပြီးတော့သင့်တော်တဲ့ နေရာကို ရွှေ့ပေးမှာပါ။ ဒါကြောင့် ကိုယ်ရေးချင်တာလေးကို လွတ်လပ်စွာ ရေးပါလို့ အကြံပြုပေးပါတယ်။ ဖိုရမ်လေးမှာ ပျော်ရွှင်နိုင်ပါစေ။

မြန်မာမိသားစုဖိုရမ်လေးမှ အားလုံးကို လှိုက်လှဲစွာ ကြိုဆိုပါသည်။ တစ်ခုခုဖိုရမ်မှာ အခက်အခဲရှိရင် ဆက်သွယ်လိုက်ပါ myanmarfamilyhelpbyjit@googlemail.com
ဂျစ်တူး is offline   Reply With Quote
အောက်ပါအသင်းဝင် 15 ဦးတို့မှ ဂျစ်တူး အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 11-04-2010, 11:48 AM
  post #5
ငွေကြယ်စင်
ကလေးပေါက်စ
 
အသင်းဝင်နေ့စွဲ: Apr 2010
တည်နေရာ: မကွေးတိုင်း၊ရေ&#
ရေးသားချက်များ: 20
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 1
ပို့စ် 7 ခုအတွက် 22 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
ငွေကြယ်စင် is on a distinguished road
Icon10 ပြန်စာ - ဆွေးနွေးချက်လေးတွေကိုပြန်စာရေ&#

မြန်မာမိသားစုဝင်များအားလုံးမင်္ဂလာပါ
ဒီဖိုရမ်ထဲမှာ အဖွဲ့ဝင်ဖြစ်ခွင့်ရလို့ ၀မ်းသာဂုဏ်ယူပါတယ်။
အဖွဲ့ဝင်တစ်ယောက် ဖြစ်လာဖို့ ဆောင်ရွက်ချက်အဆင့်ဆင့်ကို
စနစ်တကျ လုပ်ဆောင်ရတဲ့အပြင်
အဖွင့်မျက်နှာစာမှာလည်းသူ့ကဏ္ဍနဲ့သူ ပိုင်းခြားပြီး
အလွယ်တကူ ၀င်ရောက်ဖတ်ရှုနိုင်အောင် စီစဉ်ထားတဲ့အတွက်လည်း
အက်ဒ်မင်အဖွဲ့ဝင်များကို ကျေးဇူးအထူးတင်ရှိပါတယ်။
အဖွဲ့တော်တော်များများမှာ မလုပ်ပေးနိုင်တဲ့ အက်ဒ်မင်ပိုင်းမှ
စဉ်ဆက်မပြတ် စောင့်ကြပ်ကြည့်ရှု အကူအညီပေးမှုများ၊ဝေဖန်အကြံပေးမှုများနဲ့
လမ်းညွှန်မှုများကိုလည်း ရေးသားတင်ပြပေးထားတဲ့အတွက်လည်း အားရကျေနပ်မိပါတယ်။
အားလုံးသော မိသားစုဝင်များ---
နှစ်ကူးမှာ ပျော်ရွှင်ကြည်နူးစေဖို့
ပိတောက်ဖူးတွေနဲ့အတူ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။
ငွေကြယ်စင် is offline   Reply With Quote
အောက်ပါအသင်းဝင် 10 ဦးတို့မှ ငွေကြယ်စင် အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 22-01-2011, 05:05 PM
  post #6
zawwinoo
မွေးကင်းစကလေး
 
အသင်းဝင်နေ့စွဲ: Jan 2011
ရေးသားချက်များ: 2
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 17
ပို့စ် 2 ခုအတွက် 8 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
zawwinoo is on a distinguished road
ပြန်စာ - ဆွေးနွေးချက်လေးတွေကိုပြန်စာရေ&#

မြန်မာမိသားစုဆိုဒ်ကျွန်တော်ကတော့တော်တော်လေးကိုသဘောကျတယ်
ဘာကြောင့်လဲဆိုရင် နည်းပညာပေါင်းစုံသိရလို့ပါပဲ
ဒီလိုဆိုဒ်တွေထောင်ပေးတဲ့သူတွေကိုကျေးဇူးအများကြီးတင်ပါတယ်ဗျား
zawwinoo is offline   Reply With Quote
အောက်ပါအသင်းဝင် 5 ဦးတို့မှ zawwinoo အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 27-02-2011, 12:03 PM
  post #7
သရက်သီး
လမ်းလျှောက်တတ်စ
 
သရက်သီး's Avatar
 
အသင်းဝင်နေ့စွဲ: Feb 2011
ရေးသားချက်များ: 11
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 68
ပို့စ် 11 ခုအတွက် 36 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
သရက်သီး is on a distinguished road
ပြန်စာ - ဆွေးနွေးချက်လေးတွေကိုပြန်စာရေ&#

ဒီဆိုဒ်လေးကိုတော်တော်ကြိုက်ပါတယ်..လေ့လာစရာတွေမကုန်နိုင်လို့ပါ..မိတ်ဆက်ပေးတဲ့ကိုတီဘွားကိုလဲဒီနေရာကနေကျေးဇူးတင်ကြောင်းပြောချင်ပါတယ်။
ကျွန်တော်ကတော့အခုမှလေ့လာဆဲ..စမ်းသပ်ဆဲပါ..နောင်အခွင့်သင့်ရင်လဲ..စာတွေဝင်ရေးချင်ပါသေးတယ်။
မိသားစုအားလုံးကျန်းမာပျော်ရွှင်ကြပါစေနော်..
သရက်သီး is offline   Reply With Quote
အောက်ပါအသင်းဝင်မှ သရက်သီး အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 08-06-2011, 06:20 PM
  post #8
whitetiger
လမ်းလျှောက်တတ်စ
 
အသင်းဝင်နေ့စွဲ: May 2011
ရေးသားချက်များ: 9
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 2
ပို့စ် 7 ခုအတွက် 13 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
whitetiger is on a distinguished road
ပြန်စာ - ဆွေးနွေးချက်လေးတွေကိုပြန်စာရေ&#

်ကျွန်တောလည်းရေးချင်ပါတယ် ဒါပေမဲ့ကွန်ကမကောင်း၊စာတွေကလည်းကျက်ရသေးဆိုတော့မရေးနိုင်သေးဘူးဗျာ
အခုလိုပြောပေးတဲ့အတွက် ကိုဂျစ်တူးကို ကျေးဇူးတင်ပါတယ်
နောက်ပြီးဒီဖိုရမ်ကို အရမ်းသဘောကျတ.ယ်
မိသားစုဝင်အချင်းချင်းဖေးမကူညီကြသလို တကယ်လို့မသင့်တော်တာတွေ့ရင် အစ်ကို၊အစ်မသဖွယ် ဆုံးမကြပါတယ်၊ ဒီဖိုရမ်လေး ပိတ်သွားမှာကိုလဲ ဘယ်သူမှ မလိုလားဘူးထင်ပါတယ်
မျှဝေသူတွေအားလုံးကိုလည်းကျေးဇူးတင်ပါတယ်


အများအကျိုးနိုင်သလောက်သယ်ပိုးနိုင်ကြပါစေ
whitetiger is offline   Reply With Quote
အောက်ပါအသင်းဝင် 2 ဦးတို့မှ whitetiger အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Reply

တန်ဆာပလာများ
ဖော်ပြမှုပုံစံ

Posting Rules
You may not post new threads
You may not post replies
You may not post attachments
You may not edit your posts

BB code is On
Smilies are On
[IMG] code is On
HTML code is Off

ဖိုရမ်တွေ ကျော်ရောက်ချင်ရင် !


ဖိုရမ်၏ ပင်မအချိန်သည် ဂရင်းနစ်စံတော်ချိန် +6.5 ဖြစ်သည်။ဒေသစံတော်ချိန် 02:43 AM
Inactive Reminders By Icora Web Design