အသင်းဝင်တွေထဲမှာ zshare.net ကနေ ဒေါင်းလုဒ်မချတတ်လို့ ရှင်းပြပါဆိုလို့ အခြားသူတွေ အတွက်လည်း အထောက်အကူဖြစ်အောင် ရှင်းပြလိုက်ပါတယ်။
၁။ ရှေးဦးစွာ ဒေါင်းလုဒ် လင့်ကို နှိပ်လိုက်ပါ။ zshare.net ၀က်ဆိုက်ကို ရောက်သွားပါမယ်။ အဲဒီ့အခါ zshare.net ဟာ ကြော်ငြာများ ထည့်သွင်းလေ့ ရှိတာမို့ ခုလိုမြင်ရတတ်ပါတယ်။
၂။ အပေါ်က ပုံမှာ ပြထားတဲ့ အတိုင်း " SKIP THIS AD " ဆိုတာကို နှိပ်လိုက်ပါ။ ကြော်ငြာတွေကို ကျော်လိုက်မယ်ပေါ့။ ပြီးတာနဲ့ နောက်ကပေါ်လာတဲ့ စာမျက်နှာကို အောက်ကို ဆွဲချလိုက်ပါ။ အောက်ပါပုံအတိုင်း မြင်ရပါလိမ့်မယ်။
၃။ " Download Now " ဆိုတာကို နှိပ်လိုက်ရုံပါပဲ။ အဲဒီ့အခါမှာ နောက်စာမျက်နှာမှာ ခုလို မြင်ရပါမယ်။
၎။ ပုံမှာ ပြထားသလို timer လေးက သူ့ဘာသာ ရေတွက်နေပါလိမ့်မယ်။ စောင့်နေလိုက်ပါ။ ပြီးသွားတာနဲ့ အောက်ပါပုံအတိုင်း မြင်ရပါလိမ့်မယ်။
၅။ Timer ပြီးသွားလို့ ဒေါင်းလုဒ်ချနေပါတယ် ပြောပြီး ကြာနေတတ်ပါတယ်။ ဒီအခါမှာ မစောင့်ချင်သူများက ပုံမှာ ပြထားတဲ့ အတိုင်း Internet Download Manager သုံးစွဲသူများက " Click Here " ဆိုတဲ့ စာသားပေါ်ကို Right Click ထောက်ပြီး " Download with IDM " ဆိုတာကို ရွေးလိုက်ရုံပါပဲ။ အလိုလို ဒေါင်းလုဒ်ချပါလိမ့်မယ်။
၆။ တကယ်လို့ IDM တင်မထားတဲ့သူတွေကတော့ " Click Here " ဆိုတဲ့ စာသားပေါ်မှာ Right Click လုပ်ပြီး ပုံမှာ ပြထားသလို " Save Target As " ကို ရွေးလိုက်ပါ။
၇။ အဲဒီ့အခါ အောက်က ပုံမှာပြထားသလို ဖိုင်သိမ်းမယ့်နေရာကို မိမိနှစ်သက်ရာ ရွေးချယ်ပါ။ File Name ပေးပါ။ ပြီးရင် Save လုပ်လိုက်ရုံပါပဲ။
၈။ ဒီအခါမှာ အောက်ပါပုံ အတိုင်း ဒေါင်းလုဒ်ချနေတာကို တွေ့ရပါလိမ့်မယ်။ အဆင်ပြေချောမွေ့ကြပါစေ။