Go Back   မြန်မာမိသားစုဖိုရမ် » ..:: ကြေညာချက်များ ::.. » အသိပေးချက်များ
မြန်မာလက်ကွက်

အသိပေးချက်များ ဖိုရမ်အုပ်ချုပ်သူများမှ အသင်းဝင်များသို့ ရှင်းလင်းပြောကြားချက်များ ၊ ဆွေးနွေးချက်များ ၊ မေတ္တာရပ်ခံချက်များ ၊ အသိပေးချက်များ ကို ဤနေရာတွင်ဖတ်ရှုပေးရန်လိုအပ်သည်။

Closed Thread
 
Bookmark and Share တန်ဆာပလာများ ဖော်ပြမှုပုံစံ
Old 03-01-2008, 06:11 PM
  post #1
Ye Naung
အုပ်ချုပ်ရေးမှူး
 
Ye Naung's Avatar
 
အသင်းဝင်နေ့စွဲ: Mar 2007
တည်နေရာ: မင်္ဂလာဒုံ
ရေးသားချက်များ: 698
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 549
ပို့စ် 396 ခုအတွက် 5,025 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
ပုံများ: 128
Ye Naung is on a distinguished road
V.I.P Member ရွေးချယ်ခြင်းနှင့် ပတ်သက်၍

ကျွန်တော်တို့ မြန်မာမိသားစုဖိုရမ်မှာ အထူးအသင်းဝင်များကို ရွေးချယ်အပ်နှင်းခြင်းနှင့် ပတ်သက်ပြီး ရှင်းပြချင်ပါတယ်။ အထူးအသင်းဝင် ဆိုတာကတော့ သိပ်ပြီး ထူးခြားသွားမှာ မဟုတ်ပါဘူး။ မြန်မာမိသားစုဖိုရမ် အပေါ်မှာ အဲဒီ့အသင်းဝင်ဟာ ကောင်းကျိုးပြုခဲ့တယ် ၊ လူမှုဆက်ဆံရေးမှာ ကောင်းမွန်တယ် ၊ အမျိုး ဘာသာ သာသနာအတွက် သူနိုင်သလောက် ပံ့ပိုးခဲ့တယ် ဆိုတဲ့ ပြယုဂ် တစ်ခုသာ ဖြစ်ပါတယ်။ သူ့ရဲ့ စွမ်းဆောင်နိုင်မှုတွေ အတွက် မြန်မာမိသားစုဖိုရမ်က ပြန်လည် ဂုဏ်ပြုတာပဲ ဖြစ်ပါတယ်။ ဂုဏ်ယူတတ်မယ်ဆိုရင်တော့ အမှန်တကယ်ကို ပီတိဖြစ်ဖို့ ၊ ဂုဏ်ယူဖို့ကောင်းပါတယ်။ ဒါကလည်း ခံယူတဲ့သူ အပေါ်မှာပဲ မူတည်သွားမှာပါ။ ကျွန်တော်တို့ မြန်မာမိသားစု ဖိုရမ်က အထူးအသင်းဝင်များကို ဘယ်လိုရွေးချယ် အပ်နှင်းမလဲဆိုတာကို အောက်ပါအချက်များနဲ့ ကိုက်ညီစစ်ဆေးပြီး အုပ်ချုပ်ရေးအဖွဲ့မှ ၀ိုင်းဝန်းတိုင်ပင် ညှိနှိုင်းပြီး အပ်နှင်းသွားမှာ ဖြစ်ပါတယ် -

၁။ စိတ်ထားကောင်းမွန်ပြီး ကူညီတတ်သူ ၊ စာနာစိတ်ထားတတ်သူ ။
၂။ ပေါင်းသင်းဆက်ဆံရေး ကောင်းမွန်သူ။
၃။ ဖိုရမ်အကျိုးအတွက် မိမိတတ်နိုင်သည့်ဘက်မှ စွမ်းစွမ်းတမံ ကူညီဆောင်ရွက်သူ။
၎။ မိမိတို့လူမျိုး အကျိုးစီးပွားအတွက် တတ်နိုင်သည့်ဘက်မှ ကူညီပံ့ပိုးလိုစိတ်ရှိသူ။
၅။ အခြားဖိုရမ် ၊ ၀က်ဆိုက်များတွင် အဆင့်မြင့် နေရာများတွင် ပါဝင်ခြင်းမရှိသူ။


စသည့် အချက်များနှင့် ကိုက်ညီမှု ရှိ မရှိ စိစစ်ရွေးချယ်သွားမည် ဖြစ်ပါသည်။ အထက်ပါ အကြောင်းအရာများနှင့် ပတ်သက်ပြီး အနည်းငယ် ရှင်းပြလိုပါသည်။ အမှတ် ( ၁ ) တွင်ပါရှိချက်အရ မိမိတို့ မြန်မာမိသားစုသည် အခြားဖိုရမ်များနှင် မတူဘဲ မောင်ရင်းနှမသဖွယ် မိသားစု စိတ်ဓာတ်ဖြင့် တည်ဆောက်ထားသည် ဖြစ်ရာ အချင်းချင်း ကူညီလိုစိတ် ၊ တပါးသူ အခက်အခဲကို မိမိသိလျက်နှင့် အခြားသူ ကူပါလိမ့်မည် ၊ ငါမဖြေလည်း သူများဖြေမှာပါပဲ ဆိုသည့် စိတ်မျိုးဖြင့် နေသူများကို အထူးအသင်းဝင် အဖြစ်မရွေးချယ်ပါ။ အမှတ် ( ၂ ) တွင် ပါရှိသည့် ပေါင်းသင်းဆက်ဆံရေး ကောင်းမွန်သူဆိုသည်မှာ အဓိပ္ပာယ် ကျယ်ပြန့်လှပါသည်။ အကြမ်းဖျဉ်းအနေဖြင့် အသင်းဝင်များ အချင်းချင်း ယိုင်းပင်းကူညီပြီး အများက ချစ်ခင်ခံရသူ ၊ အများနှင့် ညီညွတ်သူကို ဆိုလိုပါသည်။ အမှတ် ( ၃ ) အနေဖြင့် ဖိုရမ်တိုင်းတွင် သတ်မှတ်ထားသည့်အတိုင်း မြန်မာမိသားစု ဖိုရမ်ကို ချစ်မြတ်နိုးပြီး ဖိုရမ်၏ ဦးတည်ချက်ဖြစ်သော မြန်မာလူမျိုးတို့ အကျိုးစီးပွားအတွက် ကိုယ်ကျိုးမဖက်ဘဲ မိမိတတ်နိုင်သော အခန်းကဏ္ဍမှ ပါဝင်ကူညီသူကို ဆိုလိုသည်။ ဤ အချက်နှင့်ပြည့်စုံပါက အမှတ် ( ၄ ) အချက်နှင့်လည်း အကျုံးဝင်ပြီး ဖြစ်ပါသည်။ အမှတ် ( ၅ ) သည်လည်း အရေးကြီးပါသည်။ ကျွန်တော်တို့ ဖိုရမ်သည် အခြားဖိုရမ်များနှင့် မဆက်ဆံလိုခြင်း မဟုတ်ပါ။ ကျွန်တော်တို့မှ အခြားဖိုရမ်၏ အရေးပါသော အသင်းဝင်များကို ဤဖိုရမ်၏ အရေးပါသော နေရာများတွင် အပ်နှင်းဖူးပါသည်။ ထိုအခါ မူလဖိုရမ်မှ မြန်မာမိသားစုသည် ၄င်းတို့၏ အသင်းဝင်များကို ဆွဲဆောင်သည် ဟု အမြင်ကျဉ်းမြောင်းလှစွာ တုံ့ပြန်သည်ကို ကြုံတွေ့ပြီး ဖြစ်ပါသည်။ သို့ဖြစ်ရာ မြန်မာမိသားစုသည် မာနထောင်လွှားခြင်းမျိုး မဟုတ်ဘဲ သူတပါးစိတ်ဝယ် အနှောင့်အယှက် မဖြစ်ရလေအောင် ကြိုတင်တားဆီးခြင်းသာ ဖြစ်ပါသည်။ အားလုံးပင် အထက်ပါ အချက်အလက်များကို သိရှိနားလည်ပြီး အထူးအသင်းဝင်များ ဖြစ်အောင် ကြိုးစားကြစေလိုပါကြောင်း တိုက်တွန်းအပ်ပါသည်။

Knowledge is power.

Last edited by Ye Naung; 03-01-2008 at 06:12 PM..
Ye Naung is offline  
အောက်ပါအသင်းဝင် 133 ဦးတို့မှ Ye Naung အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
ကလျာနတ်, ကိုဂျိန်း, ကိုစံငြိမ်း, ကိုရဲလင်းထွန်း, ကိုဦး, ကိုနောင်နောင်လတ်, ကိုသဝေထိုး, ခင်မျိုးစစ်, ခင်မေလေး, ခရာ, ခိုင်လင်း, စွမ်းကမ္ဘာ, စနိုးလေး, ဇာနည်စိုး, ညီညီသစ်, တာတာ, တီဘွား, ဒဿဂီရိ, ဖန်ဆင်းရှင်, ဖယောင်း, ဘဘကြီး, မင်းကိုထွေး, မိုးလွင်, မျိုးဟန်ထက်, ယုဇနမောင်, ယွန်းယွန်း, ရန်မျိုးအောင်, ရှင်နေမင်း, ရှင်းသန့်, လူမုန်းနဒီ, ဝင်းအောင်, သက်နိုင်, သန့်ဇင်ဌေး, ဟိန်းဟိန်းမြတ်, အယ်သား, အိုင်တီကောင်လေး, အိုင်ဗန်ဟိုး, အမောင်, အသေးလေး(4tL), အနိုင်းမဲ့, ဦးဟန်ညွန့်, ဦးသာကြီး, ဂေါ်ဖီထုတ်လေး, ဆေတ, နေမင်းမောင်, ဗေဒါလေး, မေဦးမွန်, မောင်မဲညို, မောင်မျိုးသာ, မောင်သံသရာ, မောင်ဇော်သူရ, မောင်ပေါ်ဦး, ရေမြင်းဖြူ, အောင်ထက်ကျော်, အောင်လံလေး, အေးမင်းမောင်, ၀င်းကျော်စိုး, ၀တ်မှုံ, ၀ါဆို, ငြိမ်းသူ, ဖြိုးယံလေး, ကြည်သာ, နိုင်သူရ, နိုးတူး, နှင်း, နှင်းဆီနီ, akm, arkaraung, ArphE, Atun, Aung Aung, azp09, bonge, cherry, chitnyimalay, donor, Dragon Ball, dusk, fuzzy, G-Dragon, g00gle, green leaf, hellboy, htikewailinn, Jauk Jack, junemoe, kaung kin lu, kaywmin, Ko Kagyi, ko myo, kokohnin84, kyaukphyu, kyawmyonaung45, kyawzawe, LaMike, layatecho, lionpep007, lwanyathu1988, maJunior, Mg kyaw problemboy, MilkyWay, minnthu, minthumon, moe san dar, moekyal, mr.vampire, new-comer^girl, ninimar, nyi nge, nyilinnge, phoetharlay, phyozawnyein, phyulayswe07, pyaephyoaung947, PyaitSone, sakuranbo, shinlay, sithu{satan king}, smlat88, Su Myat Htike, theinzaw5949, thura min, thureinsoe, Toxic, tu tu, Tun Myint, Venom, wahgyi, waterpeople, wineni, yakoud, yelinoo, zo
Closed Thread

တန်ဆာပလာများ
ဖော်ပြမှုပုံစံ

Posting Rules
You may not post new threads
You may not post replies
You may not post attachments
You may not edit your posts

BB code is On
Smilies are On
[IMG] code is On
HTML code is Off

ဖိုရမ်တွေ ကျော်ရောက်ချင်ရင် !


ဖိုရမ်၏ ပင်မအချိန်သည် ဂရင်းနစ်စံတော်ချိန် +6.5 ဖြစ်သည်။ဒေသစံတော်ချိန် 05:51 AM
Inactive Reminders By Icora Web Design