Go Back   မြန်မာမိသားစုဖိုရမ် » ..:: ကွန်ပျူတာနယ်ပယ် ::.. » Hardware များဆိုင်ရာ
မြန်မာလက်ကွက်

Hardware များဆိုင်ရာ Hardware များအကြောင်း နှင့်အသုံးဝင်ပုံ၊အသုံးချပုံများ ဆွေးနွေးထားတဲ့နေရာဖြစ်သလို ရင်ဆိုင်ရသည့်အခက်အခဲများကို ၀ိုင်းဝန်းဖြေရှင်းဆွေးနွေးထားသည့်နေရာဖြစ်ပါသည်..

Reply
 
Bookmark and Share တန်ဆာပလာများ ဖော်ပြမှုပုံစံ
Old 01-06-2011, 06:27 PM
  post #1
ကိုစံငြိမ်း
အထူးအသင်းဝင်
 
အသင်းဝင်နေ့စွဲ: Sep 2010
ရေးသားချက်များ: 121
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 569
ပို့စ် 120 ခုအတွက် 2,066 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
ကိုစံငြိမ်း is on a distinguished road
Computer Hardware Advanced

Computer Hardware Advanced လို့ ခေါင်းစဉ်တပ်လိုက်ပေမဲ့  Advanced level တန်းကို ရေးသားဖို့ ဆိုတာ အများကြီးအတွေ့ အကြုံရော Theory ရော background knowledge နဲ့  trouble shooting , maintainance and security တွေပါ ပါဝင်ပါတယ်..ကျွန်တော့်အနေဖြင့် အဲလောက်ထိ အရာအားလုံး perfect မဖြစ်နိုင်ပါဘူး.. ဒါကြောင့်မိမိသိရှိထားတဲ့ နားလည်ထားတဲ့အတိုင်း ရေးသားဆွေးနွေးသွားမှာဖြစ်ပါတယ် နောက်တစ်ချက်က ကျွန်တော် Topic အသစ်တစ်ခုဖွင့်တိုင်း Thread အသစ်သစ်တွေဆိုရင် web စာမျက်နှာ ဖောင်းပွသွားမှာ စိုးတဲ့အတွက် ဖြစ်ပါတယ်... Computer Hardware Fundamental ထက်ပိုပြီးသိသင့်သိထိုက်တဲ့အပိုင်းကို ဒီ Computer Hardware Advanced အောက်မှာပဲ တစ်စုတစ်ဝေးတည်း ဆွေးနွေးရင် ပိုသင့်တော်မယ်ဆိုပြီး ချန်ထားခဲ့တဲ့အပိုင်းကို ဒီခေါင်းစဉ်အောက်မှာ ဆက်လက်ပြီး ဆွေးနွေးပေးချင်တာဖြစ်ပါတယ်.. ဒါမှလည်း Hardware ရဲ့ အနှစ်သာရပိုပြီးပြည့်စုံမှာပါ.. ဆွေးနွေးပေးမည့်ခေါင်းစဉ်များမှာ အောက်ပါအတိုင်းဖြစ်ပါတယ်…
အခန်း(၁)ATA,IDE နဲ့  EIDE အကြောင်း
အခန်း(၂)SATA အကြောင်း
အခန်း(၃)USB-Universal Serial Bus အကြောင်း
အခန်း(၄)ကွန်ပျူတာ Bus အကြောင်း
အခန်း(၅)Computer connectors
အခန်း(၆)Core i3,Core i5,Core i7 ကွာခြားချက်များ
အခန်း(၇)Basic Disk and Dynamic Disk

ကိုစံငြိမ်း
1.6.2011

Last edited by ကိုစံငြိမ်း; 30-06-2011 at 02:15 PM..
ကိုစံငြိမ်း is offline   Reply With Quote
အောက်ပါအသင်းဝင် 23 ဦးတို့မှ ကိုစံငြိမ်း အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 02-06-2011, 01:29 AM
  post #2
ကိုစံငြိမ်း
အထူးအသင်းဝင်
 
အသင်းဝင်နေ့စွဲ: Sep 2010
ရေးသားချက်များ: 121
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 569
ပို့စ် 120 ခုအတွက် 2,066 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
ကိုစံငြိမ်း is on a distinguished road
ပြန်စာ - Computer Hardware Advanced

အခန်း(၁)ATA,IDE နဲ့  EIDE အကြောင်း
ATA ဆိုတာ Advanced Technology Attachment ရဲ့ အတိုကောက်ဖြစ်ပါတယ်..သူက နည်းပညာ ရဲ့  standard တစ်ခု ဖြစ်ပါတယ် ဘယ်လိုမျိုး standard လဲဆိုတော့ hard disk နဲ့  motherboard အကြား Data တွေကို သယ်ဆောင်ပေးဖို့ အတွက်ပြုလုပ် ထားတဲ့ ribbon cable ရဲ့  standard ပေါ့..၂၀ ရာစု မှာပေါ်ခဲ့ကြတဲ့ hard disk တွေဟာ motherboard နဲ့ ဆက်သွယ်ဖို့  အတွက် data bus လမ်းကြောင်းကို IDE cable ကိုအသုံးပြုခဲ့ကြပါတယ်.. စစချင်း ထုတ်တုန်းကတော့ hard disk နဲ့ ချိတ်ဆက်ဖို့ အတွက်ရည်ရွယ်ခဲ့ပြီး နောက်ပိုင်းမှာ CDROM,DVD ROM , SCSI device တွေကိုပါ တွဲသုံးဖို့ ဖြစ်လာပါတယ်..ATA packet interface အဖြစ်အသုံးပြုသောကြာင့် ATAPI လို့ လည်းခေါ်ပါတယ်..

IDE - Integrated Drive Electronics(ATA-1)
IDE ဆိုတာ Integrated Drive Electronic ရဲ့ အတိုကောက်ဖြစ်ပါတယ်..1994 ခုနှစ်က ထုတ်လုပ်ပါတယ် ATA ထဲမှာတော့အစောဆုံး နည်းပညာဖြစ်ပါတယ်..ATA-1 လို့  လည်း ခေါ်ပါတယ်..ATA-1 မှာအသုံးပြုတဲ့ transfer modeက PIO mode ဖြစ်ပြီး mode 0 နဲ့  mode 1 ကို support လုပ်ပါတယ်.. တစ်စက္ကန့်  မှာသယ်ဆောင် နိုင်တဲ့ transfer rate က 8Mbps(million bit per second) ဖြစ်ပါတယ်..
EIDE - Enhanced IDE(ATA-2)
1996 ခုနှစ်ကျတော့ Enhanced IDE ဆိုပြီးပေါ်လာပါတယ် EIDE Enhanced IDE ကို ATA-2 လို့ ခေါ်သလို fast ATA လို့ လည်းခေါ်ပါသေးတယ်..16Mbps ထိ transfer rate လုပ်နိုင် ပါတယ်..IDE မှာတုန်းက PIO mode နဲ့ run နေတာ mode 0 mode 1 သာ support လုပ်ပြီး EIDE မှာတော့ PIO mode 3 mode 4 ကို support လုပ်ပါတယ် PIO mode (Programable Input Output)က data တွေကို သယ်ဆောင်တဲ့ အခါ transfer rate လုပ်တဲ့ နည်းပညာ ဖြစ်ပါ တယ်..
ATA-3
1997 မှာ ATA-3 ကိုထုတ်ပါတယ် သူ့ မှာ ဘာပြောင်းလဲလာသလဲဆိုတော့ Improved Reliability , SMART နဲ့  security feature တွေပါဝင်လာပါတယ်…
ATA-4
1988 မှာ ATA-4 ကို ထုတ်လုပ်ပါတယ်…PIO mode အစား Ultra ATA/33 ကိုသုံးစွဲလာပါတယ်… Ultra DMA လို့ လည်းခေါ်ပါတယ်..33Mbps ထိ transfer လုပ်နိုင်ပါတယ်..နောက်သူ့ ကို ATAPI 4 လို့ လည်းခေါ်ပါတယ်..
ATA-5
ATA-5 ကို 2000 ခုနှစ်မှာ ထုတ်လိုက်ပြီး၎င်းကို Ultra ATA/66 လို့ လဲခေါ်တယ် 66Mbps အထိ transfer လုပ်နိုင်ပါတယ်..ယခင်က ribbon cable ကြိုးကို 40wire သုံးစွဲရာကနေ 80 wire သုံးစွဲလာပါတယ် ဒီလို 80 wire သုံးစွဲခြင်းအားဖြင့် crosstalk ဖြစ်ခြင်းမှ ကာကွယ်ပေးပါတယ်..
ATA-6
2001 ခုနှစ်မှာ Ultra ATA-100 ထုတ်လုပ်ပြီး transfer speeds ကတော့ 100Mbps ထိုရလာပါတယ်..
ATA-7
2002 မှာ ATA-7 ကိုထုတ်ပါတယ် သူ့ ကို Ultra ATA-133 လို့ ခေါ်ပါတယ် data transfer speed က 133Mbps ထိရပါတယ်...ATA-7 ဟာ ATA-6 ကို backward compatable ဖြစ်ပါတယ်.. မကြာမှီမှာပဲ SATA ကို 2002 ခုနှစ်ကုန်ပိုင်းမှာထုတ်လာတဲ့အတွက် ရှေ့ ကထုတ်ခဲ့တဲ့ Ultra ATA-100 တို့  Ultra ATA-133 တို့ ကို PATA လို့ ခေါ်ခဲ့ကြပါတယ်…ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ EIDE drive ကို IDE drive လို့ အလွယ် ခေါ်ကြသလို PATA Drive လို့ လည်းခေါ်ကြပါတယ်..
ဆွေးနွေးချက်အား pdf ဖိုင်ဖြင့်ယူလိုပါက ဒီနေရာတွင် ဒေါင်းနိုင်ပါတယ်
ကိုစံငြိမ်း

Last edited by ကိုစံငြိမ်း; 01-07-2011 at 06:00 AM..
ကိုစံငြိမ်း is offline   Reply With Quote
အောက်ပါအသင်းဝင် 11 ဦးတို့မှ ကိုစံငြိမ်း အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 02-06-2011, 01:56 AM
  post #3
ကိုစံငြိမ်း
အထူးအသင်းဝင်
 
အသင်းဝင်နေ့စွဲ: Sep 2010
ရေးသားချက်များ: 121
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 569
ပို့စ် 120 ခုအတွက် 2,066 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
ကိုစံငြိမ်း is on a distinguished road
ပြန်စာ - Computer Hardware Advanced

အခန်း(၂)SATA အကြောင်း
SATA ဆိုတာဘာလဲ
Serial Advanced Technology Attachment ဖြစ်ပါတယ်..နောက်ဆုံးပေါ် လက်ရှိအသုံးပြုနေကြတဲ့ နည်းပညာဖြစ်ပါတယ် သူကလည်း ATA အုပ်စုဝင်တွေ ဖြစ်ပါတယ်..transfer rate မြန်ဆန်ခြင်း..wire ကို 7 Pin သာသုံးထားခြင်းကြောင့် air flow ကောင်းမွန်ခြင်း system unit အတွင်း ရှုပ်ထွေးမှုကို ကင်းဝေးစေခြင်းတို့ အားသာပါတယ်…hard disk တစ်လုံးပဲချိတ်ဆက်လို့ ရတဲ့အတွက် point to point system ဖြစ်ပါတယ်…2002 နှစ်ကုန်ပိုင်းမှာ စပြီးအသုံးပြုခဲ့ကြပါတယ်..စက်ကို shut down လုပ်စရာမလိုပဲ ဖြုတ်တပ်လုပ်နိုင်ပါတယ်..hot swap ရတယ်ပေါ့ ဗျာ..SATA ကြိုးကို လေ့လာကြည့်မယ်ဆိုရင် connector ခေါင်း က L shape ပုံသဏ္ဍန် ရှိပါတယ်..SATA port ကို မှားထိုးစရာအကြောင်းမရှိပါဘူး..SATA ရဲ့ စနစ်မှာ jumper မလိုပါဘူး..SATA data transfer rate က သုံးမျိုးရှိပါတယ် …
SATA 1.5 Gbps
SATA ll 3 Gbps
SATA lll 6 Gbps တို့ဖြစ်ပါတယ် ။
မိမိစက်က Hard disk က SATA လား..SATA I လား SATA II လား SATA III လားဆိုတာ speccy software နဲ့ ကြည့်နိုင်ပါတယ်…
SATA နဲ့ PATA ဘာကွာလဲ
SATA
1.Point to point system ဖြစ်ပါတယ်..(ဒါကြောင့် Hard disk or CD ROM တစ်လုံးပဲတပ်လို့ ရပါတယ်)
2.Hot swap ရပါတယ်..ကွန်ပျူတာကို shut down လုပ်စရာမလိုဘူး..
3.Pin က 7 wire ပဲသုံးထားတယ်..
4.Air flow ကောင်းမွန်ပါတယ်..
5. Transfer rate သုံးမျိုး ရှိပါတယ်..(အထက်တွင်ဖော်ပြပြီး)
6.System unit အတွင်းကြိုးတွေရှုပ်ထွေးမှုမရှိပဲရှင်းရှင်းလင်းလင်း ဖြစ်စေတယ်..
7.jumper ချိုးစရာမလိုခြင်း..
PATA(EIDE Drive)
1.EIDE connector မှာ connector သုံးခုပါရှိတယ်..motherboard ကို connector တစ်ခုသွားပြီး ကျန်နဲ့  master နဲ့  slave မှာ drive နှစ်လုံးတပ်ဆင်နိုင်တယ်..
2.Hot swap မရဘူး..ကွန်ပျူတာကို စက်ပိတ်ပြီးမှ လုပ်ဆောင်နိုင်တယ်..
3.Pin က 40pin 80 wire သုံးထားတယ်…
4.40 pin 80 wire သုံးထားတဲ့အတွက်ကြောင့် Airflow အားနည်းပါတယ်..
5.Transfer rate က အမြင့်ဆုံး 133Mbps ရှိပါတယ်
6.IDE cable ကြိုးပြားကြီးပါတယ်..
7.Master /slave ခွဲပေးရပါတယ်..

ဆွေးနွေးချက်အား pdf ဖိုင်ဖြင့်ယူလိုပါက ဒီနေရာတွင် ဒေါင်းနိုင်ပါတယ်
ကိုစံငြိမ်း(1.6.2011)

Last edited by ကိုစံငြိမ်း; 01-07-2011 at 06:02 AM..
ကိုစံငြိမ်း is offline   Reply With Quote
အောက်ပါအသင်းဝင် 17 ဦးတို့မှ ကိုစံငြိမ်း အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 02-06-2011, 12:55 PM
  post #4
အေးဝတ်မှုန်
မွေးကင်းစကလေး
 
အေးဝတ်မှုန်'s Avatar
 
အသင်းဝင်နေ့စွဲ: May 2010
ရေးသားချက်များ: 3
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 42
ပို့စ် 2 ခုအတွက် 2 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
အေးဝတ်မှုန် is on a distinguished road
Icon10 ပြန်စာ - Computer Hardware Advanced


I am expecting your next posts.
Please discuss next classes quickly..
အေးဝတ်မှုန် is offline   Reply With Quote
အောက်ပါအသင်းဝင်မှ အေးဝတ်မှုန် အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 02-06-2011, 07:14 PM
  post #5
ကိုစံငြိမ်း
အထူးအသင်းဝင်
 
အသင်းဝင်နေ့စွဲ: Sep 2010
ရေးသားချက်များ: 121
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 569
ပို့စ် 120 ခုအတွက် 2,066 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
ကိုစံငြိမ်း is on a distinguished road
ပြန်စာ - Computer Hardware Advanced

အခန်း(၃)USB-Universal Serial Bus အကြောင်း
USB ဆိုတာ ပစ္စည်းတစ်ခုနဲ့ တစ်ခု ချိတ်ဆက်တဲ့အခါ မြန်နှုန်းမြင့် ဒေတာသယ်ဆောင်မှုကို ဆက်သွယ်ပေးတဲ့ နည်းပညာဖြစ်ပါတယ်..usb ကိုအသုံးပြုတာ ဆယ်နှစ်ကျော်ခဲ့ပြီဖြစ်ပါတယ်..printer ,scanner ,Camera , keyboard , mouse,usb hubs စတဲ့ device တွေအားလုံးကို ချိတ်ဆက်နိုင်တဲ့အတွက် universal serial bus လို့ ခေါ်ပါတယ်.. usb device တွေဟာ host တစ်ခုမှာ အရေအတွက် 127 ခုထိ ချိတ်ဆက်လို့ ရပါတယ်.. .USB connector မှာ အသုံးပြုထားတဲ့ ခေါင်းက flat connector ဖြစ်ပြီး wire အားဖြင့် 4 wire ပါရှိပါတယ်..အဲထဲကမှ နှစ်ပင်ကတော့ +5 v နဲ့  ground ဖြစ်ပြီးတော့ ကျန်တဲ့ နှစ်ပင်ကတော့ data ကို transfer လုပ်ပါတယ်..ကနဦးပေါ် ထွက်လာကတည်းက ခုလက်ရှိအချိန်ထိ USB version လေး မျိုးရှိပါတယ်.
အဲဒါကတော့ USB 1.0,USB 1.1,USB 2.0,USB3.0 ဖြစ်ပါတယ်..
USB 1.0
USB 1.0 တွေဟာ ပထမဆုံး ထုတ်လုပ်မှုဖြစ်ပြီး အမြင့်ဆုံး transfer rate က 1.5Mbps ပဲရှိပါတယ်....အဲဒီတုန်းက keyboard,mouse ,joystick လောက်ပဲ အသုံးပြုခဲ့ကြပါတယ်..
USB 1.1
နောက်ထပ် USB 1.1 ပေါ်လာပါတယ်..transfer rate 12Mbps ရှိပြီး USB 1.0 ထက် ၈ဆ လောက်ပိုမြန်ပါ တယ်..ဒါအပြင် USB hubs အားလုံးမှာ support လုပ်ပါတယ်.. သူ့ ခေတ်သူ့  အခါနဲ့ တော့ အမြင့်ဆုံးလို့ တောင်ပြောလို့ ရပါတယ်
USB 2.0
2001 ခုနှစ်မှာ USB 2.0 ပေါ်လာပါတယ်..USB 2.0 ကတော့လက်ရှိတော်တော်များများ အသုံးပြုနေကြတဲ့ memory stick အပါအ၀င် cable standard တွေရော ဟာ USB 2.0 တွေဖြစ်ပါတယ်..အမြင့်ဆုံး transfer rate က 480Mbps ရှိပါတယ်..
USB 3.0
2008 ခု August လမှာ USB 3.0 ကို စတင်ပြီး Release လုပ်နိုင်ခဲ့ပါတယ် အခုဈေးကွက် အတွင်းကို USB 3.0 ရောက်ရှိနေပါပြီ.. သုံးလဲသုံးနေကြပါပြီ..transfer rate ကတော့ 4.8Gbps ရှိပါတယ်..အောက်က ဇယားမှာ USB 1.0, USB 2.0 ,USB 3.0 တို့ ကို ဖိုင် transfer လုပ်ရာမှာ အချိန်ကွာခြားပုံကိုဖော်ပြထားပါတယ်..
USB connector တွေဟာ မတူညီပဲကွဲပြားမှုတွေရှိပါသေးတယ်..ဒါတွေကလည်း မတူညီတဲ့ device တွေကြောင့် မတူညီတဲ့ connector ခေါင်းတွေ ပြုလုပ်ကြရတာဖြစ်ပါတယ်..
Connector အမျိုးအစား
Type A
Type A connector ဟာ common connector ဖြစ်ပြီး computer တွေမှာပါတဲ့ USB port ဟာ Type A connector တွေဖြစ်ပါတယ်..
Type B
Type B connector ကိုအများအားဖြင့် printer မှာသုံးလေ့ရှိပါတယ်..
Mini USB
Mini USB ကို တော်တော်များများတွေ့ ဖူးမှာပါ သူက digital camera နဲ့  mobile device တွေမှာ အသုံးပြု တယ်လေ..
Micro USB
Mini USB နဲ့ တူတူပါပဲ ဒါပေမဲ့ micro USB ကခေါင်းပိုသေးသွားတယ် compact ဖြစ်တဲ့ camera နဲ့  compact ဖြစ်တဲ့ mobile device တွေမှာအသုံးပြုပါတယ်..

ဆွေးနွေးချက်အား pdf ဖိုင်ဖြင့် ရယူလိုပါက ဒီနေရာတွင် ဒေါင်းနိုင်ပါတယ်
ကိုစံငြိမ်း(2.6.2011)

Last edited by ကိုစံငြိမ်း; 01-07-2011 at 05:55 AM..
ကိုစံငြိမ်း is offline   Reply With Quote
အောက်ပါအသင်းဝင် 14 ဦးတို့မှ ကိုစံငြိမ်း အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 03-06-2011, 08:12 PM
  post #6
ကိုစံငြိမ်း
အထူးအသင်းဝင်
 
အသင်းဝင်နေ့စွဲ: Sep 2010
ရေးသားချက်များ: 121
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 569
ပို့စ် 120 ခုအတွက် 2,066 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
ကိုစံငြိမ်း is on a distinguished road
ပြန်စာ - Computer Hardware Advanced

အခန်း(၄)ကွန်ပျူတာ Bus အကြောင်း
Bus ဆိုတာ computing device တွေမှာ ဆယ်သွယ်ပေးတဲ့ လမ်းကြောင်း (connection ပေါ့)သူ့ ကို electronic partway လို လည်းခေါ်ကြသလို group of wire လို့ လည်းခေါ်ပါတယ်..အဲဒီ wire တွေက ဘာကိုသယ်ဆောင်မှာလဲ data တွေကို သယ်ဆောင်မယ်..တကယ်လို့ ကျွန်တော် တို့ ဟာ hardware device နှစ်ခုကို လမ်းကြောင်းတစ်ခုတည်းမှာဆက်သွယ်မယ်ဆိုရင် communication port တွေရှိရပါတယ် အဲဒါ hardware port တွေဖြစ်ပါတယ်..hardware port မှာ serial port ဒါမှမဟုတ် parallel port ရှိမယ်…
သယ်ဆောင်နိုင်တဲ့ ပမာဏ
Bus တွေဟာ တစ်ကြိမ်မှာ ဘယ်လောက်သယ်နိုင်သလဲဆိုတာ လမ်းအကျယ်ပေါ်မှာ မူတည်တယ် ..အဲဒီအကျယ်ကို width လို့ ခေါ်ပါတယ်..bus width ပေါ့ bus width ဟာ 16 wire ရှိရင် တစ်ကြိမ်မှာ16bit သယ်နိုင်မယ် 32 wire ရှိရင် 32bit သယ်နိုင်မယ်..
Frequency(MHz)
Frequency ကို Hz နဲ့ တိုင်းတာပါတယ်..တစ်စက္ကန့် တိုင်းမှာ frequency ခုန်နှုန်းဟာ မြောက်များစွာဖြစ်နိုင်တယ်..ကွန်ပျူတာ မှာတော့ frequency မြန်နှုန်းကို MHz သို့ GHz နဲ့  တိုင်းတာလေ့ရှိပါတယ်..
Transfer speed
Computer တစ်လုံးမှာ Transfer speed ကအရေးပါပါတယ် တစ်စက္ကန့် မှာ ဘယ်လောက် မြန်နှုန်းနဲ့ ဒေတာ တွေကို သယ်ဆောင်နေသလဲဆိုတာ တွက်ထုတ်ရပါတယ် တစ်က္ကန့် မှာ frequency အရေအတွက် 133MHz ရှိမယ်ပေါ့ဗျာ..တစ်စက္ကန့် မှာ သယ်ဆောင်နိုင်တဲ့ data bit က16bit ဆိုပါတော့ …ဒီတော့ 133MHz နဲ့ 16 ကိုမြောက်လိုက်ရင် 2128 *10^6 bit/s ရမယ်..kilobyte,megabyte အောက်ပါအတိုင်းဖွဲ့ လိုက်မယ်…(1byte =8bit)
16 * 133.106 = 2128*106 bit/s,
or 2128*106/8 = 266*106 bytes/s
or 266*106 /1000 = 266*103 KB/s
or 259.7*103 /1000 = 266 MB/s
megabyte ဖွဲ့ လိုက်တဲ့အခါ 266MB/s ရပါတယ်..
Primary bus
ယေဘုယျအားဖြင့် computer မှာ internal bus ရှိမယ် expansion bus ရှိမယ်..internal bus ကို front side bus လို့ ခေါ်ပြီး FSB bus လို့ လည်းခေါ်ပါတယ်..processor နဲ့ memory ကြားမှာ လုပ်ဆောင်ပါတယ်..expansion bus ကိုကျတော့ input/output bus (I/O bus)လို့  လည်းခေါ်ပါတယ်..motherboard ပေါ်က component တွေ ဖြစ်ကြတဲ့ usb,serial port , parallel port,PCI connector,hard drives, CD-ROM,CD-RW Drives တွေပါဝင်ပါတယ်..
North Bridge and South Bridge bus
North Bridge ကို memory controller လို့ ခေါ်ပြီး processor နဲ့ memory ကြားမှာ အလုပ်လုပ်ပါတယ်..ဒီလို processor ,north bridge,RAM ကြားမှာ ဆက်သွယ်ထားတဲ့ bus ကိုတော့ FSB bus လို့ ခေါ်ပါတယ်..ပြီးတော့ north bridge ရဲ့  bus က south bridge bus နဲ့  ဆက်သွယ်ထားပါတယ်..south bridge ကတော့ input/output controller ဒါမှမဟုတ် expansion controller လို့ လည်းခေါ်ပါတယ်..south bridge ကတော့ bus ကနေ ISA ,USB,IDE,SATA တို့ ကိုထိန်းချူပ်ပါတယ်..
The PCI Express Bus
PCI ဆိုတာ Peripheral Component Interconnect Express ဖြစ်ပါတယ်..PCI-E လို့ လည်း အတိုကောက်ရေးကြပါတယ်..တစ်ခါတရံ 3GIO(3rd generation input/output) လို့ လည်းရေးပါတယ်.. သူက ကွန်ပျူတာမှာ expansion board အနေနဲ့ လာစိုက်တဲ့ Card တွေအတွက် ပေါင်းကူးပေးမဲ့  တံတားဖြစ်ပါတယ်..မိမိကွန်ပျူတာမှာ graphic card စိုက်ချင်တယ် Lan card စိုက်ချင်တယ်ဆိုရင် ဒီ device တွေနဲ့  controller chip တွေအကြားမှာ PCI-E bus ကဆောင်ရွက်ပေးပါတယ်..PCI Express ဟာ 2002 July မှာ စပြီး အသုံးပြုပါတယ်..
Characteristics of the PCI Express Bus
PCI Express bus ဟာ version အမျိုးမျိုးနဲ့ လာပါတယ်.. 1X, 2X, 4X, 8X, 12X, 16X and 32X ဆိုပြီးတော့ရှိပါတယ်..အဲဒီထဲကမှ AGP အသုံးပြုတဲ့ Version ကတော့ 8X ဖြစ်ပါတယ်..
PCI Express 1X connector ကတော့ 36 pins ရှိပြီး I/O(input/output)high-bandwidth အတွက် အသုံးပြုပါတယ်..

PCI Express 4x connector ကတော့ 64 pins ရှိပြီး Server board တွေအတွက် ဖြစ်ပါတယ်..

PCI Express 8x connector ကတော့ 98 pins ရှိပြီး Server board တွေအတွက် ဖြစ်ပါတယ်..

PCI Express 16x connector ကတော့ 164 pins ရှိပြီး graphic card စိုက်ဖို့ အတွက်ဖြစ်ပါတယ်..

PCI-X
PCI-X ဆိုတာ PCI extended ဖြစ်ပါတယ် ကွန်ပျူတာ bus (သို့ ) expansion card ဖြစ်ပါတယ်..extended ဆိုတဲ့အတိုင်း PCI ကို ထပ်ပြီးတော့ high bandwidth နဲ့ လုပ်ဆောင်စေဖို့ ပြုလုပ်ထားတာဖြစ်ပါတယ်..PCI မှာတုန်းက Bandwidth က 133MHz နဲ့  ပဲအလုပ်လုပ်ပါတယ်.. PCI-x မှာကျတော့ 266MHz ,533MHz တွေနဲ့ အလုပ်လုပ်ပါတယ်..PCI-x မှာလဲပဲ version PCI-x 1.0, PCI-x 2.0 ရှိပါတယ်..PCI-X 1.0 တွေဆိုရင်အများဆုံး 133MHz ဖြစ်ပြီး 32bit နဲ့  အလုပ် လုပ်ပါတယ်.. PCI-x 2.0 မှာဆိုရင် 266 MHz 64bit နဲ့ 533MHz 64 bit ဆိုပြီးရှိပါတယ်..
ဆွေးနွေးချက်အား pdf ဖိုင်ဖြင့်ယူလိုပါက ဒီနေရာတွင် ဒေါင်းနိုင်ပါတယ်
ကိုစံငြိမ်း(6.3.2011)

Last edited by ကိုစံငြိမ်း; 01-07-2011 at 06:04 AM..
ကိုစံငြိမ်း is offline   Reply With Quote
အောက်ပါအသင်းဝင် 19 ဦးတို့မှ ကိုစံငြိမ်း အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 04-06-2011, 12:14 AM
  post #7
foesoe
လမ်းလျှောက်တတ်စ
 
အသင်းဝင်နေ့စွဲ: May 2010
ရေးသားချက်များ: 12
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 3
ပို့စ် 8 ခုအတွက် 19 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
foesoe is on a distinguished road
ပြန်စာ - Computer Hardware Advanced

ကိုစံငြိမ်းခင်ဗျာ အ၇မ်းကြိုက်ပါတယ်။။အကိုနောက်ပို့စ်စောင့်မျှော်လျက်..အကိုရဲ့ အီးမေးကို ၇ှဲဦးလိုက်မယ် ကျေးဇူးတင်ပါတယ်..
foesoe is offline   Reply With Quote
Old 05-06-2011, 09:40 PM
  post #8
ကိုစံငြိမ်း
အထူးအသင်းဝင်
 
အသင်းဝင်နေ့စွဲ: Sep 2010
ရေးသားချက်များ: 121
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 569
ပို့စ် 120 ခုအတွက် 2,066 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
ကိုစံငြိမ်း is on a distinguished road
ပြန်စာ - Computer Hardware Advanced

အခန်း(၅)Computer connector


အထက်ကပုံမှာဆိုရင် သာမှန်အားဖြင့် Desktop computer တစ်လုံးရဲ့  Case နောက်ဖက်မှာမြင်တွေ့  ရမည့် connector များဖြစ်ပါတယ်…ဒီ connector တွေဟာ built in connector တွေဖြစ်ပြီး သူတို့ မှာ standard color နဲ့  standard size လေးတွေရှိပါတယ်..ဥပမာအားဖြင့် ps/2 keyboard connector သည် အပြာရောင် သတ်မှတ်ထားပြီး pin အားဖြင့် 6pin mini din connector ဖြစ်ပါတယ်..ဒါက desktop ကွန်ပျူတာရဲ့ ဘယ် motherboard မဆို ဒီအတိုင်းသတ်မှတ်ထားတာဖြစ်ပါတယ်..ဒါမှလည်း ကီးဘုတ်ထုတ်တဲ့ company တွေ mouse ထုတ်တဲ့ company တွေအလုပ်ဖြစ်မှာပေါ့..နို့ မိုဆို သူတို့ ထုတ်ချင်တဲ့ design ကိုသာထုတ်မယ်ဆိုရင် motherboard တွေက အမျိုးမျိုးရှိတဲ့အတွက် အရွယ်အစား ကိုက်ညီမှာမဟုတ်ဘူးလေ..ဒါကြောင့် company တွေက သတ်မှတ်ထားတဲ့ standard color နဲ့  size ကိုလိုက်နာပြီး ဒီဇိုင်းထုတ်ကြရပါတယ်..user အနေတွေ ဖက်ကအနေနဲ့ ကြည့်မယ်ဆိုရင်လည်း ဒီလို color လေးတွေကို မှတ်သားခြင်းအားဖြင့် ဘယ် motherboard အမျိုးအစားမဆို color ကိုကြည့်လိုက်တာနဲ့  ဘယ် connector ကတော့ ဘယ် color ဆိုပြီး အလွယ်တကူ တပ်ဆင်နိုင်ပါတယ်..
PS/2 port(keyboard)
အပြာရောင်နဲ့ pin ၆ pin ပါတဲ့ connector ဟာ PS/2 keyboard connector ဖြစ်ပါတယ်..mini din keyboard connector လို့ လည်းခေါ်ပါတယ်..
PS/2 port(mouse)
အစိမ်းရောင်နဲ့ pin ၆ pin ပါတဲ့ connector ဟာ PS/2 mouse connector ဖြစ်ပါတယ်..mini din mouse connector လို့ လည်းခေါ်ပါတယ်..
USB port
USB port တွေဟာ 4 pin flat connector (ခေါင်းအပြား)ဖြစ်ပြီး အနည်းဆုံး နှစ်ခုပါလေ့ရှိပါတယ်..USB connector သုံးထားတဲ့ device မှန်သမျှ computer နဲ့ ချိတ်ဆက်ဖို့ ဒီ USB connector ကို လာတပ် ရပါတယ်..
Ethernet port(network)
Ethernet port ကို RJ-45 port လို့ လည်းခေါ်ပါတယ်..Desktop မှာ ရော laptop မှာပါ ဒီ RJ-45 port ကိုအသုံးပြုပါတယ်..မိမိကွန်ပျူတာကို network/internet ချိတ်ဆက်သည့်အခါ ဒီ port မှာလာတပ်ရပါတယ်..
Serial port(dial-up modem)
Phone line နဲ့ internet ချိတ်ဆက်သည့်အခါ အသုံးပြုတဲ့ modem port ဖြစ်ပါတယ် serial port connector တွေဟာ male connector ဖြစ်ပါတယ်..pin အရေတွက်အားဖြင့် 9 pin ပါရှိပါတယ်..
LPT1 printer port(printer)
Printer နဲ့ ကွန်ပျူတာ ချိတ်ဆက်ဖို့ ဒီ connector မှာ လာတပ်ပေးရပါတယ်..DB 25 connector လို့  လည်းခေါ်ပါတယ်..printer တွေကို USB port နဲ့  အသုံးပြုတာများပါတယ်..USB connector က printer မှာမပါဘူးဆိုရင်တော့ DB 25 printer port ကိုအသုံးပြုရမှာဖြစ်ပါတယ်…..
VGA port(monitor)
VGA DB connector ဟာ 3 row15 pin အပြာရောင် ဖြစ်ပါတယ်..motherboard တွေမှာ built in ပါလေ့ရှိပါတယ် တစ်ချို့ ဘုတ်တွေ မှာတော့ မပါဘူး အဲဒီလိုမပါခဲ့ရင် VGA card ကို ၀ယ်စိုက်ရပါတယ်..
Speakers port
သီးချင်းနားထောင်ဖို့  speaker သုံးပြီးဖွင့်မယ်ဆိုရင် jack plug ကို ဒီ အစိမ်းနုရောင် connector မှာ လာတပ်ရပါတယ်
Line in
Line in ဆိုတာ အပြင်က tape ,recorder တွေကို ကွန်ပျူတာထဲကို သွင်းချင်တယ်ဆိုရင် ဒီ အပြာနုရောင် line in connector မှာလာတပ်ပြီးတော့သွင်းလို့ ရပါတယ်..
Microphone
Microphone ကတော့ စကားပြောဖို့ အတွက် အသံသွင်းဖို့ အတွက် jack plug ကို ဒီ ပန်းနုရောင် connector မှာ လာတပ်ရပါတယ်..ဒီ connector တွေရဲ့ ဘေးနားလေးတွေမှာ microphone ဆိုလည်း microphone ပုံစံ speaker ဆိုလည်း speaker ပုံလေးတွေ case cover(I/O frame cover ) မှာပြထားပေးတတ်ကြပါတယ်..
Game port(joystick)
Joystick 2 row 15 pin connector ကို game ဆော့တဲ့အခါ အသုံးပြုတဲ့ connector ဖြစ်ပါတယ်..ခုနောက်ပိုင်းတော့ joystick ကို USB connector ကို အသုံးပြုတာများပါတယ်..ဒါပေမဲ့ backward compatible ဖြစ်အောင်ထည့်ပေးထားပါတယ်..တစ်ချို့ motherboard တွေမှာတော့ မပါပါဘူး..
Motherboard ပေါ်ရှိ Switch panel


Motherboard ပေါ်မှာ ရှိတဲ့  switch panel တွေဖြစ်ပါတယ်..သူကဘာလုပ်ပေးလဲဆိုတော့ စက်ကို power on ဖို့ Hard disk မီးလုံးလေးတွေလင်းစေဖို့  Restart ခလုပ်တွေ လာရောက်ချိတ်ဆက်ဖို့ အတွက် panel လေးတွေ ပါပါတယ်…ဒါအပြင် system beep အသံထုတ်ပေးဖို့ အတွက် speaker အသေးလေးပါရှိပါတယ်(ဒီ speaker က သီချင်းနားထောင်တဲ့ speaker မဟုတ်ပါ)ပုံမှာဆိုရင် switch panel ရဲ့  connector ငုတ်လေးတွေ တွေ့ ရမှာဖြစ်ပါတယ်..Hard disk LED ကိုတော့ ဘယ်ငုတ်မှာ တပ်ရမယ် power LED ကိုတော့ ဘယ်ငုတ်မှာ တပ်ရမယ်ဆိုတာ အဲဒီ panel ရဲ့ ဘေးနားမှာ ငုတ် အနေအထားရဲ့ ပုံစံအတိုင်း စာလေးနဲ့ ရေးပြထား ပါတယ်.. အဲဒီအတိုင်း တပ်ဆင်နိုင်တယ်..တကယ်လို့ မှ ဘယ် connector ကဘယ်ငုတ်မှာတပ်ရမှန်း မသေချာဘူးဆိုရင် motherboard မှာ manual book ကနေ ကြည့်ပြီးတပ်ဆင်နိုင်တယ်(manual စာအုပ်ပျောက်နေရင် motherboard model နဲ့ manual book ကို အင်တာနက်မှာ ရှာနိုင်တယ်)


RESET SW - ဆိုတာ restart ခလုတ်ပါပဲ ကျွန်တော်တို့ ကွန်ပျူတာကို restart ချချင်တယ်ဆိုရင် case က restart ခလုတ်ကို နိုပ်ရတယ်မလား..SW ဆိုတာ switch ကိုအတိုကောက်ရေးထားတာဖြစ်ပါတယ်..
H.D.D LED(IDE LED) - ဆိုတာ ကျွန်တော်တို့ hard disk ပုံမှန်အလုပ်လုပ်တဲ့အနေထားကို LED ကနေ ကြည့်ရင်သိနိုင်တယ် တစ်ခါတရံ စက်ကလေးလံနေပြီး ဘာမှလုပ်လို့ မရတော့တဲ့အခြေအနေမှာ Hard disk lED ကိုကြည့်လိုက်ပါ အနီရောင်ဖြစ်နေပြီး အကြာကြီးလင်းနေတတ်ပါတယ်..တစ်ခါတစ်ရံ HDD LED လို့ ရေးတတ်သလို IDE LED လို့ လည်းရေးတတ်ကြပါတယ်..motherboard company တစ်ခုနဲ့တစ်ခု မတူပါ..
POWER SW(PWR)- ဆိုတာ ကျွန်တော်တို့ စက်ကို စတင်ပြီး ခလုတ်ဖွင့်ဖို့ အတွက် ချိတ်ထားတဲ့ connector ပဲဖြစ်ပါတယ်…သူက motherboard မှတစ်ဆင့် power supply အလုပ်လုပ်စေဖို့ အတွက် စတင်စက်နိုးပေးတဲ့သူဖြစ်ပါတယ်..
POWER LED - ဆိုတာ power ပုံမှန်အလုပ်လုပ်မှု အနေထားတိုင်းရှိမရှိ LED ကနေသတိထား ကြည့်ရှု့  နိုင်ပါတယ်..power LED ကိုတပ်မထားလည်း ကိတ်စတော့မရှိပါ..သို့ သော် power ပိုင်းနဲ့  ပတ်သက်လာလျင်ခန့် မှန်းရလွယ်ကူအောင်တပ်ဆင်ပေးသင့်ပါတယ်..
Speaker - ဆိုတာ computer စက်စတက်တက်ချင်း တီ ဆိုတဲ့  post သံတွေ Error beep သံတွေ ပေးဖို့  အတွက် panel မှာ speaker ဆိုတဲ့နေရာမှာ တပ်ဆင်ပေးရပါတယ်….ဒီ RESET SW တို့  H.D.D LED connector တို့ ကို motherboard ပေါ်မှာ ရှိတဲ့ switch panel မှာ လာတပ်ပေးရပါတယ်..အခု switch panel တွေရဲ့ ငုတ်အနေအထားဟာ motherboard ထုတ်တဲ့ ကုမ္ပဏီတွေ တစ်ခုနဲ့ တစ်ခု မတူညီနိုင်ပါဘူး..ဒါကြောင့် manual ကြည့်တတ်ရမယ် motherboard ပေါ်မှာရှိတဲ့ panel ရဲ့ ဘေးမှာ ရေးထားတဲ့ စလုံးအတိုကောက်တွေ panel ရဲ့ အနေအထားပုံစံတွေကို သိဖို့ လိုပါတယ်..power LED တို့ Hard disk LED တို့ ဆိုတာ ဒီ connector တွေက case(computer casing) တိုင်းမှာ ပါရှိတဲ့ connector တွေဖြစ်ပါတယ်..
ဆွေးနွေးချက်အား pdf ဖိုင်ဖြင့်ယူလိုပါက ဒီနေရာတွင် ဒေါင်းနိုင်ပါတယ်
ကိုစံငြိမ်း
5.6.2011

Last edited by ကိုစံငြိမ်း; 01-07-2011 at 05:53 AM..
ကိုစံငြိမ်း is offline   Reply With Quote
အောက်ပါအသင်းဝင် 16 ဦးတို့မှ ကိုစံငြိမ်း အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 11-06-2011, 04:53 AM
  post #9
ကိုစံငြိမ်း
အထူးအသင်းဝင်
 
အသင်းဝင်နေ့စွဲ: Sep 2010
ရေးသားချက်များ: 121
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 569
ပို့စ် 120 ခုအတွက် 2,066 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
ကိုစံငြိမ်း is on a distinguished road
ပြန်စာ - Computer Hardware Advanced

အခန်း(၆)Core i3,Core i5,Core i7 ကွာခြားချက်များ
Core i3 , core i5 , core i7 အကြောင်းမပြောခင် core i series ထဲမှာ ပါဝင်တဲ့ သုံးထားတဲ့ နည်းပညာ အသုံး အနှုန်းနဲ့  Architecture , code name တွေ အရင်ပြောပြပါ့မယ် ဘာကြောင့်လဲဆိုတော့ အဲဒါကို သိထားပါမှ ကွဲပြားမှုလေးတွေ ပိုမိုပေါ်လွင်မှာဖြစ်ပါတယ်….
Core i series Architecture
Core i series မှာ Nehalem Architecture နဲ့  Sandy bridge Architecture ဆိုပြီးရှိပါတယ်.. ပထမဆုံး စထုတ်တာ Nehalem Architecture ကို base လုပ်ပြီး ထုတ်လုပ်ပါတယ်…Sandy bridge Architecture ကိုတော့ 2011 အစောပိုင်းကာလမှာ စပြီးထုတ်ခဲ့ပါတယ်..
Core i series code name
Core i series code name များမှာ
1.Gulftown,
2.Bloomfield,
3.Lynnfield,
4.Clarkfield,
5.Clarkdale,
6.Arrandale,
7.Sandy bridge(Desktop),
8.Sandy bridge(moblile)
တို့ဖြစ်ကြပါတယ်။
Core i series code name အုပ်စုမှာ Nehalem Architecture ကိုအခြေခံတည်ဆောက်ထားတဲ့ code name တွေကတော့ Gulftown,Bloomfield, Lynnfield, Clarkfield,Clarkdale နဲ့ Arrandale တို့ဖြစ်ကြပါတယ်။ Sandy bridge Architecture ကိုအခြေခံတည်ဆောက်ထားတဲ့ code name တွေကတော့ sandy bridge(Desktop) နဲ့ sandy bridge(mobile) တွေဖြစ်ပါတယ်..
Core i series processor မှာ ဘာတွေထူးခြားပြီး ကွာသွားမှာလဲ
Core i series မှာ အောက်ပါအချက်များကွာခြားသွားပါတယ်
1.core အရေ အတွက်ပါဝင်မှု
2.Thread အရေအတွက်
3.Cache ပါဝင်မှု ပမာဏ
4. Turbo Boost Technology
5. Smart Cache
6. QPI
7.Hyper-threading technology
1.Core အရေအတွက်
Core ဆိုတာ တွက်ချက်မှူ real processing unit တစ်ခုဖြစ်ပြီး chip တစ်ခုပေါ်မှာ တည်ဆောက်ထားပါတယ် အဲဒီ core က နှစ်လုံး လေးလုံး စသဖြင့်ပါဝင်ပါတယ်..
2.Thread အရေအတွက်
Thread ဆိုတာ processor ကို instruction ပေးပို့ ရာမှာ လမ်းကြောင်း 1ခု 2ခု 4ခု 8ခု စသဖြင့်ရှိပါတယ် 2ခုနဲ့ 2ခုအထက်ကို multi-thread လို့ ခေါ်ပါတယ်..
3.Cache ပါဝင်မှု ပမာဏ
Cache ပါဝင်မှုပမာဏ အနည်းများပေါ်မူတည်ပြီး ပိုပြီးမြန်သလို cache ပမာဏများတဲ့ processor ကပိုပြီးတော့ဈေးကြီးပါတယ်..(2MB,4MB,6MB,8MB..စသဖြင့်)
4. Turbo Boost Technology
Turbo Boost ဆိုတာ လိုအပ်တဲ့ အချိန်မှာ core တစ်လုံး နဲ့ တစ်လုံး ပေါင်းစည်းလုပ်ဆောင်ပေးပါတယ်.. process တစ်ခုကို core တစ်လုံးတည်းနဲ့ လုပ်ဆောင်နိုင်ပါက core တစ်လုံးတည်းနဲ့ သာ လုပ်ဆောင်ပြီး core တစ်လုံးတည်းနဲ့ လုပ်ဆောင်ရန်မလုံလောက်တဲ့အခါ core တွေ အချင်းချင်းချိတ်ဆက်လုပ်ဆောင်တဲ့ နည်းပညာဖြစ်ပါတယ်..


5. Smart Cache
Smart cache ဆိုတာ core ထဲမှာ ပါတဲ့ cache တွေဟာ လိုအပ်တဲ့အခါမှာ အချင်းချင်း ပေါင်းစည်း လုပ်ဆောင်တဲ့ နည်းပညာဖြစ်ပါတယ်..
6. QPI (Quick Parth Interconnect)
QPI ဆိုတာ processor နဲ့ north bridge ကြားမှာ high speed transfer လုပ်ဆောင်ပါတယ်.. north bridge ကို အရင်ကလို motherboard ပေါ်မှာ chip တစ်ခုအနေနဲ့  သီးသန့် ထုတ်မ ထား တော့ပဲ CPU ထဲကို ဆွဲသွင်း လိုက်ပါတယ်..ဒါကြောင့် point to point ချိတ်ဆက်ပြီး လုပ်ဆောင် နိုင်တယ်..ယခင် FSB နေရာမှာ အစားထိုး ၀င်ရောက်လာပြီး QPI ဖြစ်သွားပါတယ်..cpu အတွင်းမှာ north bridge နဲ့  cpu တို့ ချိတ်ဆက်တဲ့ လမ်းကြောင်း ကို Common Serial Interconnect(CSI) bus လို့ ခေါ်ပါတယ်..


7.Hyper-threading technology
Hyper-threading ဆိုတာ processor တစ်လုံးထဲကမှ အချိန်တစ်ခုထဲမှာပင်လျင် thread နစ်ခုကို တစ်ပြိုင်နက်ထဲ တာဝန်ထမ်းဆောင်နိုင်ပါတယ် ဒီနေရာမှာ Thread ဆိုတာ processor ဟာProgram တစ်ခုမှ လာတဲ့ instruction တစ်ခုလုပ် ဆောင်မှုကို thread တစ်ခုလို့ သတ်မှတ်ပါတယ်…Thread ဟာ 2ခု 4ခု 8ခု စသဖြင့်ဖြစ်နိုင်ပါတယ်..HT ပါတဲ့  processor ဟာ architecture state ကို copyer လုပ်ပြီး logically အရ Processor နှစ်လုံးဖြစ်အောင် ဖန်တီးထားခြင်းပါ..နဂို physical မှာရှိနေတဲ့  cache , execution unit, control unit ,buses စတဲ့  resourses တွေကိုမျှဝေသုံးစွဲခြင်းပါပဲ…သာမန် processor တစ်လုံးနဲ့ စာရင် HT processor အလုပ်လုပ်တာ 30%လောက်ပိုပြီးတော့မြန်ပါတယ်...


Nehalem microarchitecture based
Core i3
ပထမဆုံး Nehalem ကထုတ်တဲ့ core i3 ကို 2010 ခုနှစ် ဇန်န၀ါရီလ မှာ စတင် သုံးစွဲခဲ့ကြပါတယ်..Desktop processor မှာ ရော laptop mobile processor အတွက်ပါ ထုတ်လုပ်ခဲ့ပါတယ်..


Core i5
Nehalem ကိုပဲ base လုပ်ထားတဲ့ core i5 ကို စက်တင်ဘာလ ၈ ရက် ၂၀၀၉ ခုနှစ်မှာ စတင်သုံးစွဲခဲ့ကြပါတယ်..


Core i 7
Nehalem ကိုပဲ base လုပ်ထားတဲ့ core i7 ကို ၂၀၀၈ ခုနှစ်ကုန်ပိုင်းလောက်မှာ စတင်သုံးစွဲခဲ့ကြပါတယ်..အဲတုန်းက စစချင်းထုတ်တုန်းက Bloomfield ကိုစထုတ်ခဲ့ပါတယ်..2009 ခုနှစ်မှာ Lynnfield,clarkfield,Arrandale တို့ ကိုထုတ်ပါတယ် 2010 ခုနှစ်မှာတော့ Gulftown ကိုထုတ်လုပ်ပါတယ်..ဒါတွေက Nehalem architecture ကိုအခြေခံထား တဲ့ မျိုးကွဲ code name နဲ့ ထုတ်လုပ်ထားတဲ့ processor series တွေဖြစ်ပါတယ်..


Sandy Bridge microarchitecture based
Core i3
Sandy bridge microarchitecture မှာဆိုရင် code name တွေက sandy bridge(Desktop) နဲ့  sandy bridge(Mobile) ဆိုပြီးလာပါတယ်..sandy bridge ကိုအခြေခံထားတဲ့ core i3 ကို ၂၀၁၁ ဇန်န၀ါရီလ ၂၀ ရက်နေ့ မှာ စတင်သုံးစွဲနိုင်ခဲ့ပါတယ်..


Core i5
ယခုလက်ရှိထုတ်နေဆဲကာလမှာတော့ အောက်ပါ အတိုင်း sandy bridge core i5 series တွေကို တွေ့ ရ မှာဖြစ်ပါတယ်..


Core i7
ယခုလက်ရှိထုတ်နေဆဲကာလမှာတော့ အောက်ပါ အတိုင်း sandy bridge core i7 series တွေကို တွေ့  ရမှာဖြစ်ပါတယ်..


အခု ဖော်ပြခဲ့တဲ့အထဲမှာ တစ်ခြားမျိုးကွဲတွေလည်း ရှိကောင်းရှိပါလိမ့်မယ်..core i series processor တစ်လုံးနဲ့ တစ်လုံး ဘာကွာလဲလို့ မေးလာရင် တစ်ခုတည်းဖြေလို့ မရတော့ပါဘူး ဒါကြောင့်သူ့ မှာပါတဲ့အမျိုးအစား..အထဲမှာလုပ်ဆောင်နိုင်တဲ့စွမ်းရည် ပါဝင်မှုတွေကို အထက်တွင်ဖော်ပြ ဆွေးနွေးခဲ့ပြီးဖြစ်ပါတယ်ခင်ဗျာ..Architecture တစ်ခုတည်းအောက်မှာ ပင်လျင် code name တွေခွဲပြီးတော့ထုတ်ထားတာကို တွေ့ မြင်ခဲ့ရပြီးဖြစ်ပါလိမ့်မယ်..ညီအစ်ကို မောင်နှများအားလုံး knowledge ရကြပါစေခင်ဗျာ..
ဆွေးနွေးချက်အား pdf ဖိုင်ဖြင့်ယူလိုပါက ဒီနေရာတွင် ဒေါင်းနိုင်ပါတယ်
ကိုစံငြိမ်း(11.6.2011)

Last edited by ကိုစံငြိမ်း; 01-07-2011 at 05:59 AM..
ကိုစံငြိမ်း is offline   Reply With Quote
အောက်ပါအသင်းဝင် 17 ဦးတို့မှ ကိုစံငြိမ်း အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 17-06-2011, 11:47 AM
oasislove
ကိုယ်ပိုင်အစွမ်းရှိပြီးသူ
 
အသင်းဝင်နေ့စွဲ: May 2008
တည်နေရာ: pyin oo lwin
ရေးသားချက်များ: 339
ကျေးဇူးတင်စကား: 135
ပို့စ် 110 ခုအတွက် 411 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
oasislove is on a distinguished road
ပြန်စာ - Computer Hardware Advanced

အကို ရေ pDF ဖိုင်အနေနဲ့ ရနိုင်မလား .... ရနိုင်မယ်ဆို တင်ပေးပါဦးနော်...

[SIGPIC][/SIGPIC]
[COLOR="Blue"][SIZE="5"]ဘ၀ဟူသည်အချို့ လူများအတွက်ရယ်မောဖွယ်မျှသာဖြစ်သော်လည်းအချို့ လူများအတွက် ကြေကွဲဝမ်းနည်းဖွယ်ရာ တရပ်အဖြစ်ခံစားကြရသည်[/SIZE][/COLOR]
[COLOR="Red"][/COLOR]
oasislove is offline   Reply With Quote
အောက်ပါအသင်းဝင် 2 ဦးတို့မှ oasislove အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 17-06-2011, 11:27 PM
ကိုစံငြိမ်း
အထူးအသင်းဝင်
 
အသင်းဝင်နေ့စွဲ: Sep 2010
ရေးသားချက်များ: 121
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 569
ပို့စ် 120 ခုအတွက် 2,066 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
ကိုစံငြိမ်း is on a distinguished road
ပြန်စာ - Computer Hardware Advanced

အခန်းတွေ အားလုံးပြီးရင် pdf file လုပ်ပေးဖို့ ကျွန်တော်စီစဉ်ထားပါတယ်ခင်ဗျာ..
ကိုစံငြိမ်း is offline   Reply With Quote
အောက်ပါအသင်းဝင် 10 ဦးတို့မှ ကိုစံငြိမ်း အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 18-06-2011, 12:54 AM
ကိုစံငြိမ်း
အထူးအသင်းဝင်
 
အသင်းဝင်နေ့စွဲ: Sep 2010
ရေးသားချက်များ: 121
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 569
ပို့စ် 120 ခုအတွက် 2,066 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
ကိုစံငြိမ်း is on a distinguished road
ပြန်စာ - Computer Hardware Advanced

အခန်း(၇)Basic Disk and Dynamic Disk
Basic disk and Dynamic
Windows 2000 မပေါ်ခင်အချိန်ထိ ကွန်ပျူတာမှာရှိတဲ့ hard disk ကို basic disk လို့ အခေါ်မရှိသေးပဲ ..windows 2000 ပေါ်ထွက်လာတဲ့အချိန်မှာ volume အားလုံးကို manage လုပ်ဖို့  hidden LDM database နည်းပညာကို သုံးလာပါတယ်…LDM ဆိုတာ logical Disk Management ကိုပြောတာဖြစ်ပါတယ်..hard disk ကို span volume နဲ့  database စနစ်ကို တည်ဆောက်တဲ့နည်းပညာပေါ်လာတဲ့အတွက် ၄င်းကို dynamic disk လို့ ခေါ်တွင်လိုက်ကြပါတယ် အဲတော့ သာမှန်သုံးနေတဲ့  hard disk တွေကို basic disk ရယ်လို့ ခေါ်တွင်ခဲ့ကြပါတယ်.. Hard disk ကို ကွန်ပျူတာ windows မှာ Basic disk နဲ့ Dynamic disk ဆိုပြီး အသုံးပြုကြပါတယ်..များသောအားဖြင့် ကျွန်တော်တို့ personal computer တွေမှာ အသုံးပြုကြတာတွေက Basic disk တွေဖြစ်ကြပါတယ်..Basic disk ကတော့အရိုးရှင်းဆုံးနဲ့  manage လုပ်ရလွယ်ကူပါတယ်..Advanced user နဲ့ IT professional သမားတွေကတော့ dynamic disk ကိုအသုံးပြုကြပါတယ်…ဘယ်လိုနေရာမှာသုံးလဲဆိုတော့ hard disk လေးငါးလုံးလောက်ကို RAID လုပ်ပြီးသုံးတဲ့ အခါမှာ dynamic disk ကိုအသုံးပြုလေ့ရှိကြပါတယ်..

Basic disk
Basic Disk ဆိုတာ ရိုးရိုးသာမှန် hard disk တစ်လုံးပဲဖြစ်ပါတယ်..ဒီသာမှန် Basic disk ပေါ်မှာပဲ primary partitions,extended partitions နဲ့  logical drives တွေဖန်တီး အသုံးပြုပါတယ်..Basic disk မှာ primary partition ကိုလေးပိုင်းအထိခွဲနိုင်ပါတယ်..ဒါမှမဟုတ် primary partition ကိုသုံးပိုင်းထားပြီး extended တစ်ပိုင်းခွဲနိုင်ပါတယ်…extended partition မှာမှ logical drive ကို ၂၄ ခုထပ်ခွဲနိုင်ပါသေးတယ်..(၂၄ ခုထဲမှာ drive letter A,B မပါဝင်ပေ-၄င်းသည် floppy drive letter အတွက် assigned လုပ်ထားခြင်းဖြစ်)

Dynamic disk
Windows 2000 လောက်ကစပြီး dynamic disk ကို အသုံးပြုခဲ့ကြပါတယ်..dynamic disk ဆိုတာ primary partition ,logical drive တွေမသုံးပါဘူး..Dynamic disk မှာ span volume တွေကိုဖန်တီးနိုင်တယ်..fault tolerant volume တွေကိုဖန်တီးနိုင်တယ်..ဒါတွေကို software RAID တွေနဲ့ လုပ်လို့ ရပါတယ်..RAID technology ကို ဒီနေရာလေးမှာ ဆွေးနွေးထားတာရှိပါတယ်..dynamic volume တွေကို server နဲ့  workstation တွေလိုနေရာမျိုးတွေမှာသုံးကြတာများပါတယ်..ဘာလို့ လဲဆိုတော့ hard disk အများကြီး ကို dynamic disk လုပ်ပြီးတော့သုံးခြင်းအားဖြင့် fail ဖြစ်သွားတဲ့ hard disk တွေအစား data တွေကို rebuilt ပြန်လုပ်နိုင်တယ်…Data တွေကို stipping သော်လည်းကောင်း mirroring ဖြင့်သော်လည်းကောင်း ,RAID 5 သော်လည်းကောင်း ပြုလုပ်နိုင်ပါတယ်

Basick to dynamic disk convert
လက်ရှိအသုံးပြုနေတဲ့ Basick disk ကနေ dynamic disk ကိုပြောင်းချင်ရင် disk management ကနေလုပ်ဆောင်နိုင်သလို third pary software တွေနဲ့ လည်းလုပ်ဆောင်လို့ ရပါတယ်..basic disk ကနေ dynamic disk ကို disk management ကနေပြောင်းမယ်ဆိုရင် start>Run>diskmgmt.msc ဟုရိုက်ထည့်လိုက်ပါ..disk management ကျလာတဲ့အခါ Disc 0 Basic ဒါမှမဟုတ် Disk 1 Basic စသဖြင့်တွေ့ ပါလိမ့်မယ် right click ထောက်ပြီး convert to dynamic disk ပေးလိုက်ပါ..basic disk မှ dynamic disk ကိုပြောင်းမှာ သေချာလားမေးပါလိမ့်မည်..yes ပေးလိုက်ပါ..ပြီးတာနဲ့  dynamic disk ပြောင်းသွားပါလိမ့်မယ်…

Dynamic disk to Basic disk convert
Windows ထဲကနေ dynamic disk ကနေ basic disk ကိုပြောင်းမယ်ဆိုရင် volume အားလုံးကို ဖျက်မှာဖြစ်တဲ့ အတွက် data တွေ loss ဖြစ်မှာပါ ဒါကြောင့် basic disk ကိုမပြောင်းခင်မှာ data တွေကို backup လုပ်ထားဖို့လိုပါတယ်..(အဲဒါ very important ပါ) third pary software နဲ့ သုံးပြီးပြောင်းမယ်ဆိုရင်တော့ data မဆုံးရှုံးပဲ ပြောင်းနိုင်ပါတယ်.
.
Basic disk နဲ့ Dynamic Disk တို့ ကွဲပြားသည့်အချက်များ

Essential difference
Basic Disks က partition အားလုံးကို manage လုပ်ဖို့ partition table ကိုသုံးတယ်..
Dynamic Disks က volume အားလုံးကို manage လုပ်ဖို့  hidden LDM database ကို သုံးတယ်…
Support for each Windows
Basic Disk က operating system အားလုံးကို support လုပ်တယ်.. MSDOS, Win95/98/Me/NT/2000/XP/2003/ 2008/Vista/Windows 7.
Dynamic Disk က Win2000/XP/2003/2008/Vista and Windows 7, ကို support လုပ်ပါတယ် ဒါပေမဲ့ MSDOS, Win95/98/Me/NT and Windows XP Home Edition တွေမှာ support မလုပ်ပါဘူး..
Change capacity for partitions
Basic Disk တစ်ကြိမ် Partition ခွဲပြီးတိုင်းမှာ partition size ကိုထပ်ချဲ့ လို့ မရဘူး(Third party software ကိုမသုံးပဲနဲ့ ပေါ့လေ)
Dynamic Disk က ကွန်ပျူတာကို restart ချစရာမလိုပဲ volume ရဲ့  size ကို ချဲ့ လို့ ရပါတယ်
Disk space limited
Basic disks မှာ အမြင့်ဆုံး Partition ခွဲနိုင်တဲ့ capacity ကို limited လုပ်ထားပါတယ်..2TB အထိပဲ create လုပ်နိုင်ပါတယ်..
Dynamic Disk မှာ 2TB နဲ့ အထက်ကြီးတဲ့ capacity တွေကို ကောင်းကောင်း handle လုပ်နိုင်ပါတယ်..
The number of partitions
Basic Disk တွင် primary partition ကိုအများဆုံး ၄ ခုထိ ပိုင်းနိုင်ပါတယ် primary partition ကို သုံးပိုင်းထားပြီး extended partition ကို ထားရှိနိုင်တယ်..extended partition မှ logical drive တွေကို ဖန်တီးနိုင်တယ်..
Dynamic Disk မှာ partition တွေကို unlimited ဖန်တီးနိုင်တယ်..
Volumes type
Basic Disk တွင် primary,extended ,logical တွေကို ဖန်တီးနိုင်ပါတယ်..
Dynamic Disk တွင် simple volume, spanned volume, striped volume, mirrored volume နဲ့  RAID-5 volume များဖန်တီးနိုင်ပါတယ်…
Mutual convertibility
Basic Disk တွေက အလွယ်တကူပဲ basic disk ကနေ dynamic ကို data တွေပျောက်ဆုံးမှုမရှိပဲ convert လုပ်လို့ ရပါတယ်..conversion လုပ်နေတုန်းမှာ Restart ချစရာမလိုအပ်ပေ..
Dynamic Disk တွေက dynamic disk ကနေ basic disk ကိုပြောင်းလဲတဲ့အခါမှာ အထဲမှာ ရှိတဲ့ volume တွေအားလုံးကို ဖျက်ရပါတယ် ဒါကြောင့် data တွေ lost ဖြစ်မှာပါ..(Third party software သုံးပြီးပြောင်းရင်တော့ data တွေ lost မဖြစ်စေပဲ ပြောင်းလို့ ရပါတယ်)
Installation operating system
Basic Disk တွေက ဘယ် operating system မှာမဆို အလုပ်လုပ်ပါတယ်..
Dynamic Disk တွေက operating system အားလုံးမှာအလုပ်မလုပ်ပါဘူး..
Basic Disk မှာရော Dynamic Disk မှာ တူညီသည့်အချက်များ
Supported file systems
Basic Disk ရော Dynamic Disk မှာ FAT,FAT32 နဲ့  NTFS file system တွေကို support လုပ်ပါတယ်..
Have a partition table
Dynamic Disk မှာ partition table ကိုမသုံးဘူးလို့ ဆိုထားပေမဲ့ basic disk ရော dynamic ရောမှာ partition table တွေပါပါတယ် ဒါပေမဲ့ dynamic disk partition table က basic disk လို လိုမဟုတ်ဘူး..dynamic disk ရဲ့  အဓိက main function က windows ထဲမှာ ရှိတဲ့  Partition ဒါမှမဟုတ် တစ်ခြား partition တွေကို logically အရပေါင်းစပ် လုပ်ဆောင်တာဖြစ်ပါတယ်..
Label and Drive Letter
Basic disk မှာရော Dynamic disk မှာပါ volume တွေ partitions တွေရဲ့ drive letter ကို မိမိ ကြိုက်သလိုသတ်မှတ်ထားနိုင်တယ်…
Convert file system from FAT to NTFS
Basic disk မှာပဲဖြစ်ဖြစ် dynamic disk မှာပဲဖြစ်ဖြစ် မိမိရဲ့  Partition ဒါမှမဟုတ် volume က FAT/FAT32 ဖြစ်နေပါက command line ဖြင့် NTFS ပြောင်းလဲနိုင်သည်..အကယ်၍ C: partition သည် FAT32 ဖြစ်နေပါက NTFS သို့ ပြောင်းတဲ့ အခါ command line မှာ "convert C: /FS:NTFS" ဖြစ်ပါတယ်..
ဆွေးနွေးချက်အား pdf ဖိုင်ဖြင့်ယူလိုပါက ဒီနေရာတွင် ဒေါင်းနိုင်ပါတယ်
ကိုစံငြိမ်း(17.6.2011)

Last edited by ကိုစံငြိမ်း; 01-07-2011 at 05:41 AM..
ကိုစံငြိမ်း is offline   Reply With Quote
အောက်ပါအသင်းဝင် 16 ဦးတို့မှ ကိုစံငြိမ်း အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 01-07-2011, 06:10 AM
ကိုစံငြိမ်း
အထူးအသင်းဝင်
 
အသင်းဝင်နေ့စွဲ: Sep 2010
ရေးသားချက်များ: 121
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 569
ပို့စ် 120 ခုအတွက် 2,066 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
ကိုစံငြိမ်း is on a distinguished road
ပြန်စာ - Computer Hardware Advanced

Quote:
အကို ရေ pDF ဖိုင်အနေနဲ့ ရနိုင်မလား .... ရနိုင်မယ်ဆို တင်ပေးပါဦးနော်...
oasislove ရေ..ဒီနေ့ ပဲ အခန်းတစ်ခုချင်းစီရဲ့ အောက်မှာ pdf ဖိုင်လေးတွေ ဒေါင်းလို့ ရအောင် လုပ်ပေးလိုက်ပါပြီ...အဆင်ပြေပါစေ..
ကိုစံငြိမ်း is offline   Reply With Quote
အောက်ပါအသင်းဝင် 6 ဦးတို့မှ ကိုစံငြိမ်း အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 04-07-2011, 12:12 PM
oasislove
ကိုယ်ပိုင်အစွမ်းရှိပြီးသူ
 
အသင်းဝင်နေ့စွဲ: May 2008
တည်နေရာ: pyin oo lwin
ရေးသားချက်များ: 339
ကျေးဇူးတင်စကား: 135
ပို့စ် 110 ခုအတွက် 411 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
oasislove is on a distinguished road
ပြန်စာ - Computer Hardware Advanced

ကိုစံငြိမ်းရေ..
လင့်လေးပြန်စစ်ပေးပါဦး... ဘယ်နားကနေဒေါင်းရမှာလဲ..... ရှာမတွေ့ဘူးဖြစ်နေတယ်....

[SIGPIC][/SIGPIC]
[COLOR="Blue"][SIZE="5"]ဘ၀ဟူသည်အချို့ လူများအတွက်ရယ်မောဖွယ်မျှသာဖြစ်သော်လည်းအချို့ လူများအတွက် ကြေကွဲဝမ်းနည်းဖွယ်ရာ တရပ်အဖြစ်ခံစားကြရသည်[/SIZE][/COLOR]
[COLOR="Red"][/COLOR]
oasislove is offline   Reply With Quote
Old 04-07-2011, 12:27 PM
bagothar85
အထူးအသင်းဝင်
 
bagothar85's Avatar
 
အသင်းဝင်နေ့စွဲ: Dec 2010
ရေးသားချက်များ: 1,297
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 7,571
ပို့စ် 1,345 ခုအတွက် 8,093 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
bagothar85 will become famous soon enough
ပြန်စာ - Computer Hardware Advanced

Quote:
Originally Posted by oasislove View Post
ကိုစံငြိမ်းရေ..
လင့်လေးပြန်စစ်ပေးပါဦး... ဘယ်နားကနေဒေါင်းရမှာလဲ..... ရှာမတွေ့ဘူးဖြစ်နေတယ်....
ဆွေးနွေးချက်အား pdf ဖိုင်ဖြင့်ယူလိုပါက ဒီနေရာတွင် ဒေါင်းနိုင်ပါတယ်

ကို oasislove ခင်ဗျာ.. အဲဒီမှာ ဒီနေရာတွင် ဆိုတာကို နှိပ်ပြီး ဒေါင်းရမှာလေ အစ်ကို.. ပိုစ့်တွေရဲ့ အောက်ဆုံးမှာ အစ်ကိုစံငြိမ်း ပန်းရောင်လေးနဲ့ ရေးထားတဲ့ထဲမှာလေ .. အဆင်ပြေပါစေခင်ဗျာ..
bagothar85 is offline   Reply With Quote
အောက်ပါအသင်းဝင် 3 ဦးတို့မှ bagothar85 အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 04-07-2011, 12:43 PM
g00gle
အထူးအသင်းဝင်
 
အသင်းဝင်နေ့စွဲ: Nov 2010
ရေးသားချက်များ: 751
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 12,278
ပို့စ် 754 ခုအတွက် 6,476 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
g00gle will become famous soon enough
ပြန်စာ - Computer Hardware Advanced

ကျွန်တော်.ဆီမှာ ၀င်ကြည်.တာ up4vn မှာ တင်ထားတဲ. ဟာတွေ တခုမှ မရဘူး။

Unfortunately, the download link you have clicked is not available!! ပဲ တွေ.ရတယ်။

If something doesn't work, break it and create a BETTER one.
g00gle is offline   Reply With Quote
အောက်ပါအသင်းဝင် 3 ဦးတို့မှ g00gle အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 04-07-2011, 01:26 PM
oasislove
ကိုယ်ပိုင်အစွမ်းရှိပြီးသူ
 
အသင်းဝင်နေ့စွဲ: May 2008
တည်နေရာ: pyin oo lwin
ရေးသားချက်များ: 339
ကျေးဇူးတင်စကား: 135
ပို့စ် 110 ခုအတွက် 411 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
oasislove is on a distinguished road
ပြန်စာ - Computer Hardware Advanced

ဟုတ်တယ်... ကိုဂူဂဲပြောသလိုဖြစ်တာ... ဘာမှ မတွေ့ရဘူး....
...................................................

[SIGPIC][/SIGPIC]
[COLOR="Blue"][SIZE="5"]ဘ၀ဟူသည်အချို့ လူများအတွက်ရယ်မောဖွယ်မျှသာဖြစ်သော်လည်းအချို့ လူများအတွက် ကြေကွဲဝမ်းနည်းဖွယ်ရာ တရပ်အဖြစ်ခံစားကြရသည်[/SIZE][/COLOR]
[COLOR="Red"][/COLOR]
oasislove is offline   Reply With Quote
အောက်ပါအသင်းဝင် 3 ဦးတို့မှ oasislove အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 04-07-2011, 04:36 PM
ကိုစံငြိမ်း
အထူးအသင်းဝင်
 
အသင်းဝင်နေ့စွဲ: Sep 2010
ရေးသားချက်များ: 121
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 569
ပို့စ် 120 ခုအတွက် 2,066 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
ကိုစံငြိမ်း is on a distinguished road
ပြန်စာ - Computer Hardware Advanced

up4vn ကနေအဆင်မပြေသူအတွက် multiupload ကနေပြန်တင်ပေးလိုက်ပါပြီ..ဆွေးနွေးခဲ့သော အခန်းများအောက်တွင်ဒေါင်းရန်
Computer Hardware Advanced
အခန်း(၁)ATA,IDE နဲ့  EIDE အကြောင်း(pdf file)
အခန်း(၂)SATA အကြောင်း(pdf file)
အခန်း(၃)USB-Universal Serial Bus အကြောင်း(pdf file)
အခန်း(၄)ကွန်ပျူတာ Bus အကြောင်း(pdf file)
အခန်း(၅)Computer connectors(pdf file)
အခန်း(၆)Core i3,Core i5,Core i7 ကွာခြားချက်များ(pdf file)
အခန်း(၇)Basic Disk and Dynamic Disk(pdf file)


(OR)



Last edited by bonge; 03-08-2011 at 08:18 PM.. Reason: လင့်ဖြည့်
ကိုစံငြိမ်း is offline   Reply With Quote
အောက်ပါအသင်းဝင် 11 ဦးတို့မှ ကိုစံငြိမ်း အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 03-08-2011, 02:43 PM
ညိုမင်းလူ
ဆယ်ကျော်သက်
 
အသင်းဝင်နေ့စွဲ: Aug 2008
တည်နေရာ: ရန်ကုန်မြို့တွ&#
ရေးသားချက်များ: 69
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 48
ပို့စ် 45 ခုအတွက် 124 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
ညိုမင်းလူ is on a distinguished road
ပြန်စာ - Computer Hardware Advanced

Quote:
Originally Posted by ကိုစံငြိမ်း View Post
up4vn ကနေအဆင်မပြေသူအတွက် multiupload ကနေပြန်တင်ပေးလိုက်ပါပြီ..ဆွေးနွေးခဲ့သော အခန်းများအောက်တွင်ဒေါင်းရန်
Computer Hardware Advanced
အခန်း(၁)ATA,IDE နဲ့  EIDE အကြောင်း(pdf file)
အခန်း(၂)SATA အကြောင်း(pdf file)
အခန်း(၃)USB-Universal Serial Bus အကြောင်း(pdf file)
အခန်း(၄)ကွန်ပျူတာ Bus အကြောင်း(pdf file)
အခန်း(၅)Computer connectors(pdf file)
အခန်း(၆)Core i3,Core i5,Core i7 ကွာခြားချက်များ(pdf file)
အခန်း(၇)Basic Disk and Dynamic Disk(pdf file)
အဆင်မပြေဘူးဗျာ တခြားနေရာကနေ တင်ပေးပါလား ifile တို့ Megashare တို့လိုမျိုး
ညိုမင်းလူ is offline   Reply With Quote
Old 03-08-2011, 05:31 PM
bagothar85
အထူးအသင်းဝင်
 
bagothar85's Avatar
 
အသင်းဝင်နေ့စွဲ: Dec 2010
ရေးသားချက်များ: 1,297
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 7,571
ပို့စ် 1,345 ခုအတွက် 8,093 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
bagothar85 will become famous soon enough
ပြန်စာ - Computer Hardware Advanced

Quote:
Originally Posted by ညိုမင်းလူ View Post
အဆင်မပြေဘူးဗျာ တခြားနေရာကနေ တင်ပေးပါလား ifile တို့ megashare တို့လိုမျိုး
အစ်ကို ကိုစံငြိမ်းကိုယ်စား ကျွန်တော် ပြန်တင်ပေးလိုက်ပါတယ်.. အဆင်ပြေပါစေခင်ဗျာ..

bagothar85 is offline   Reply With Quote
အောက်ပါအသင်းဝင် 3 ဦးတို့မှ bagothar85 အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Reply

တန်ဆာပလာများ
ဖော်ပြမှုပုံစံ

Posting Rules
You may not post new threads
You may not post replies
You may not post attachments
You may not edit your posts

BB code is On
Smilies are On
[IMG] code is On
HTML code is Off

ဖိုရမ်တွေ ကျော်ရောက်ချင်ရင် !

အခြားဆင်တူဆွေးနွေးချက်များ
ဆွေးနွေးချက် စတင်ရေးသားသူ ကွပ်ပျစ်ဝိုင်း ပြန်စာများ နောက်ဆုံးပို့စ်
( MM versions ) Computer ebooks collection KznT Applications 25 10-08-2011 10:53 AM
Computer Hardware Fundamental (မာတိကာ) ကိုစံငြိမ်း Hardware များဆိုင်ရာ 30 13-06-2011 11:05 PM
How to speed up your Windows XP in natural ways ကိုပိုင် Windows နှင့်သက်ဆိုင်သော 28 10-09-2010 05:01 AM
computer virus အစ koko01 အထွေထွေဗဟုသုတ 2 03-07-2009 10:02 PM
Ware နဲ့ဆုံးသော စကားလုံးများအကြောင်း (Hardware, Software, Spyware and etc…) poekaunglay87 အထွေထွေဗဟုသုတ 3 11-06-2009 05:30 AM


ဖိုရမ်၏ ပင်မအချိန်သည် ဂရင်းနစ်စံတော်ချိန် +6.5 ဖြစ်သည်။ဒေသစံတော်ချိန် 02:47 AM
Inactive Reminders By Icora Web Design