Go Back   မြန်မာမိသားစုဖိုရမ် » ..:: ကြေညာချက်များ ::.. » အသိပေးချက်များ
မြန်မာလက်ကွက်

အသိပေးချက်များ ဖိုရမ်အုပ်ချုပ်သူများမှ အသင်းဝင်များသို့ ရှင်းလင်းပြောကြားချက်များ ၊ ဆွေးနွေးချက်များ ၊ မေတ္တာရပ်ခံချက်များ ၊ အသိပေးချက်များ ကို ဤနေရာတွင်ဖတ်ရှုပေးရန်လိုအပ်သည်။

Reply
 
Bookmark and Share တန်ဆာပလာများ ဖော်ပြမှုပုံစံ
Old 07-12-2007, 08:30 AM
  post #1
Ye Naung
အုပ်ချုပ်ရေးမှူး
 
Ye Naung's Avatar
 
အသင်းဝင်နေ့စွဲ: Mar 2007
တည်နေရာ: မင်္ဂလာဒုံ
ရေးသားချက်များ: 698
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 549
ပို့စ် 397 ခုအတွက် 5,027 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
ပုံများ: 128
Ye Naung is on a distinguished road
မြန်မာမိသားစု၏ အလှူရှင်များ

ကျွန်တော် ဒီအကြောင်းလေးကို မအားတာနဲ့ မပြောဖြစ်တာပါ။ မြန်မာမိသားစုဟာ လာမယ့် ဒီဇင်ဘာလ ( ၃၁ ) ရက်နေ့မှာ ၅ နှစ်သား ပြည့်တော့မှာပါ။ အခက်အခဲတွေ အမျိုးမျိုးကြားက ဒီနေ့မှာတော့ မြန်မာမိသားစုလေးဟာ မောင်ရင်းနှမသဖွယ် ချစ်ခင်မှုတွေနဲ့ ပျော်ရွှင်စရာဖြစ်ခဲ့ပါပြီ။ ဒီလိုဖြစ်လာအောင် နည်းပညာနဲ့ အကူညီပေးခဲ့ကြသူတွေ ၊ ငွေကြေးအင်အားနဲ့ ကူညီပေးခဲ့ကြသူတွေ ရှိခဲ့ပါတယ်။ သူတို့ကို အမှတ်တရလည်း ဖြစ်အောင် ၊ ဂုဏ်ပြုရာလည်းရောက်အောင် ဒီမှတ်တမ်းလေးကို ကျွန်တော်ရေးသားရခြင်း ဖြစ်ပါတယ်။

၁။ ပထမဦးဆုံး မြန်မာမိသားစု ( www.myanmarfamily.net ) ရယ်လို့ စ တည်ထောင်ဖို့ လုပ်တော့ ကျွန်တော့မှာ အွန်လိုင်းကနေ ဆိုက်ဝယ်ဖို့ ကဒ်မရှိပါဘူး။ နည်းပညာလေးပဲရှိတာ။ အဲဒါကို ကျွန်တော့် ညီလေး သတိုးနောင် ( အုပ်ချူပ်သူ ) က သူ့မုန့်ဖိုးထဲက စိုက်ဝယ်ပေးခဲ့တယ်။ သူ့မှာက ကတ်ရှိတာကိုး။ အဲဒီ့ ဆာဗာလေးက အမေရိကန်ဒေါ်လာ ၃၆ ဒေါ်လာပေးရပါတယ်။ ညီအကို နှစ်ယောက် အခြားအပိုဘာမှ မ၀ယ်နိုင်ခဲ့ပါဘူး။ ရှိတာလေးနဲ့ ဖိုရမ်လေးကို စည်ကားလာအောင်လုပ်နိုင်ခဲ့ပါတယ်။ မှတ်မှတ်ရရ နှစ်သစ်ကူးပွဲတော်ည ၂၀၀၆ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့ညမှာ ကျွန်တော်တို့ ၀ယ်ပါတယ်။ ပြီးတော့ ဖိုရမ်ကို ညတွင်းချင်းအပြီး ဆောက်ပါတယ်။ ခုတော့ ကျွန်တော့ညီလေး ရန်ကုန်မှာပါ။ ဒီမှတ်တမ်းလေးနဲ့ မြန်မာမိသားစုရဲ့ ပထမဦးဆုံး အလှူရှင်လည်းဖြစ် ကျွန်တော့်ညီလေးသဖွယ်လည်း ချစ်ခဲ့ရတဲ့ သတိုးနောင်ကို ဂုဏ်ပြုပါတယ်။


၂။ အင်တာနက်ပေါ်မှာ ကျွန်တော်ဖိုရမ်တော်တော်များများ ၀င်ဖြစ်ခဲ့ပါတယ်။ အဲဒီ့ကနေ သိကျွမ်းရင်းနှီးပြီး ညီအကိုရင်းတွေသဖွယ် ခင်မင်ခဲ့ကြသူ နှစ်ဦးက မြန်မာမိသားစုကို ထပ်မံပံ့ပိုးပေးခဲ့ပါတယ်။ ၂၀၀၇ ခုနှစ် ဇူလိုင်လဆန်း ၈ ရက်နေ့မှာ ကိုမီးနဂါး ( firedragon ) က မြန်မာမိသားစုအတွက် လိုအပ်နေတဲ့ ဆာဗာ အကြီးတစ်လုံးကို အမေရိကန်ဒေါ်လာ ( ၈၄ ) ဒေါ်လာနဲ့ တစ်နှစ်စာ
ဝယ်ပေးခဲ့ပါတယ်။ www.myanmarfamily.org ( လက်ရှိအမည် ) အမည်နဲပါ။ ဖိုရမ်က မိသားစုဝင် အားလုံးပျော်ရွှင်နေကြတာ။ ဒါပေမယ့် အင်တာနက်ပေါ်မှာတောင် ငွေညှစ်ချင်တဲ့ မရိုးသားတဲ့ Hosting ကြောင့် ကျွန်တော်တို့ ဒီဆာဗာ အသစ်ကြီးကို ဆုံးရှုံးခဲ့ရပါတယ်။ ဖိုရမ်လည်း ပျက်လုမတတ်ဖြစ်သွားခဲ့ရပါတယ်။ အသင်းဝင် ၁၀၀ ကျော် ၊ ရေးသားချက်ပေါင်း ၂၀၀၀ နီးပါး ပျက်စီးခဲ့ရပါတယ်။ ကိုမီးနဂါးလည်း သူ့အလှူပျက်စီးသွားတည်းက စိတ်မကောင်းဖြစ်ပြီး ဖိုရမ်ကိုတောင် မလာတော့ပါဘူး။ ဒါပေမယ့် ဒီနေ့ www.myanmarfamily.org ဆိုက်သစ်ကြီးကို စတင်မွေးဖွားပေးခဲ့တဲ့ အလှူရှင်ပါ။ အကို့ကို ညီလေးက ဒီမှတ်တမ်းလေးနဲ့ ဂုဏ်ပြုပါတယ်။


၃။ ကိုမီးနဂါးနဲ့အတူ တချိန်တည်းမှာပဲ မြန်မာမိသားစုရဲ့ မြန်မာတွေကောင်းကျိုးအတွက် လုပ်နေတာကို အားရကျေနပ်လို့ဆိုပြီး နောက်ဆုံးထွက်ဆော့ဝဲ ၊ ရုပ်ရှင် ၊ စာအုပ်တွေကို ဒေါင်းလုဒ်ချဖို့ လိုအပ်နေတဲ့ rapidshare.com premium account ကို တစ်နှစ်စာ လှူဒါန်းခဲ့သူကတော့ ကျွန်တော့အကိုတစ်ဦးဖြစ်တဲ့ ကိုနဂါးဘော ( Dragon Ball ) ပဲဖြစ်ပါတယ်။ ၂၀၀၇ ခုနှစ် ဇူလိုင်လဆန်း ၂ ရက်နေ့မှာ ၀ယ်ပေးခဲ့ပါတယ်။ ကျသင့်ငွေကတော့ အမေရိကန်ဒေါ်လာ ( ၈၇ ) ဒေါ်လာဖြစ်ပါတယ်။ သူ့ရဲ့ လှူဒါန်းမှုနဲ့ ယနေ့ ညီအကို မောင်နှမများ လိုအပ်နေတဲ့ အသုံးဝင် နောက်ဆုံးထွက် ဆော့ဝဲ ၊ စာအုပ် ၊ ရုပ်ရှင်များကို မြန်မာနိုင်ငံမှပါ ဒေါင်းလုဒ်ချနိုင်သော လင့်များဖြင့် ပြန်တင်ပေးနေနိုင်တာ ဖြစ်ပါတယ်။ အကိုကြီးကို ဒီမှတ်တမ်းလေးနဲ့ ညီလေးက ဂုဏ်ပြုပါတယ်အကို။


၎။ www.myanmarfamily.org ဆာဗာ ပျက်စီးသွားတော့ အုပ်ချူပ်သူတွေ အပါအ၀င် အားလုံး စိတ်ဓာတ်ကျဆင်း သွားကြတယ်။ ဒါပေမယ့် အပျက်စီးမခံနိုင်ပါဘူး။ ဖြူစင်သန့်ရှင်းတဲ့ စိတ်ဓာတ်တွေနဲ့ ကျွန်တော်တို့ အောင်မြင်ခဲ့တာ။ ပြန်တည်ဆောက်ပါတယ်။ ၅ လ အကြာမှာတော့ ကျွန်တော်တို့ ဆာဗာအသစ်တစ်ခု မဖြစ်မနေ၀ယ်မှ ရတော့မယ့် အခြေအနေကို ရောက်လာပါတယ်။ ဒီလိုအခြေအနေမှာ လိုအပ်နေတဲ့ ဆာဗာကို ကျနော့်ညီလေး မောင်ဂျစ်တူး ( ကြီးကြပ်ရေးမှူး ) ကပဲ ၀င်ဖြေရှင်းပေးပါတယ်။ လက်ရှိဆာဗာ အသစ်ဟာ အမေရိကန်ဒေါ်လာ ( ၉၃ ) ဒေါ်လာတန်ပါတယ်။ အွန်လိုင်း ပိုက်ဆံချေမယ့် ကဒ်ကလည်း သူ့မိတ်ဆွေကတဆင့် အကူညီတောင်းပြီး
ဝယ်ပေးခဲ့လို့ ယနေ့မှာ www.myanmarfamily.org ကို ပြန်လည် အသက်သွင်းနိုင်ခဲ့ပါပြီ။ ညီလေး ဂျစ်တူးရဲ့ မြန်မာမိသားစုအပေါ် ကူညီမှုကို အကိုက ဒီမှာ မှတ်တမ်းတင်ပါတယ်။


၅။ မှတ်မှတ်ရရ မြန်မာမိသားစု အသင်းဝင် ၁၀၀၀ ပြည့်တဲ့နေ့ ( ၁၈-၁၁-၂၀၀၇ )ကပဲ မိသားစုဝင် ဖြစ်လာခဲ့တဲ့ ကိုwainchang က ရောက်တဲ့နေ့မှာပဲ ဖိုရမ်လေးမှာ လည်ပတ်ရင်း သူကူညီချင်စိတ် ပေါ်လာပြီး ကျွန်တော့်ကို ဆက်သွယ်ပါတယ်။ အမေရိကန်ဒေါ်လာ ( ၁၀၀ ) တိတိကို ကူညီ လှူဒါန်းသွားပါတယ်။ အကို့ရဲ့ မြန်မာမိသားစုအပေါ် ကူညီခဲ့တဲ့ စေတနာကို ညီက ဒီမှတ်တမ်းလေးနဲ့ ဂုဏ်ပြုပါတယ်။


၆။ ဒီလိုဆိုက်သစ်ကြီးမှာ ရုပ်ရှင်ပြဖို့ စီစဉ်တဲ့အခါ အရည်အသွေးကောင်း ဆာဗာတော့ လိုလာပါပြီ။ ဒီအတွက် ငွေတွေကို စုစည်းရပါတယ်။ ညီလေး မျိုးမင်းမောင် ( mmmaung ) ကလည်း ၁၈-၁၁-၂၀၀၇ ရက်နေ့မှာ အမေရိကန်ဒေါ်လာ ( ၅၀ - ၁၀၀ ) အတွင်းကို ပါဝင်ကူညီချင်ပါတယ်လို့ ဆက်သွယ်ခဲ့ပါတယ်။ ညီလေးရဲ့ စေတနာကို အကိုက ဒီမှတ်တမ်းလေးမှာ ဂုဏ်ပြုပါတယ်။


၇။ အများက သိကျွမ်းကြတဲ့ ကျွန်တော်တို့ရဲ့ အကိုကြီး ကိုထွဋ်ကလည်း ကူညီဖို့ ဆက်သွယ်ထားပါတယ်။ သူကလည်း ပါဝင်ကူညီဖို့ ဆက်သွယ်ထားပါတယ်။ အကို့ရဲ့ ကူညီမှုကို မြန်မာမိသားစုက ဒီနေရာလေးမှာ မှတ်တမ်းတင်ပါတယ်။


အထက်က ညီအကိုများကတော့ မြန်မာမိသားစုဖိုရမ်ကို နည်းပညာအားဖြင့် မကူညီနိုင်စေကာမူ ရေရှည် တည်တံ့ ခိုင်မြဲရေးအတွက် မိမိတို့ တတ်နိုင်သလောက် ပါဝင်ကူညီခဲ့ကြတဲ့ အလှူရှင်များ ဖြစ်ပါတယ်။ ကျွန်တော်တို့ ဗုဒ္ဓဘာသာမှာ ငွေကြေးလှူမှ အလှူရှင်မဟုတ်ပါဘူး။ ဘယ်အရာကို လှူလှူ အလှူမည်ပါတယ်။ ဒီအတွက် မြန်မာမိသားစုအပေါ် နည်းပညာနဲ့ ကူညီလှူဒါန်း ပံ့ပိုးပေးကြတဲ့ နည်းပညာအလှူရှင်တွေကိုလည်း ဂုဏ်ပြုပါရစေ။ ဖိုရမ်ကောင်း တစ်ခုဖြစ်ဖို့ အုပ်ချုပ်သူ တစ်ဦးတည်းနဲ့ ဘယ်လိုမှ မကောင်းနိုင်ပါဘူး။ စိတ်တူကိုယ်တူ ညီအကိုရင်းသဖွယ် ဆောင်ရွက်နိုင်ပြီး ကွန်ပျူတာပညာမှာ အဆင့်မြင့်မြင့် တတ်ကျွမ်းထားတဲ့သူတွေ များလေ ပိုတိုးတက် အောင်မြင်လေပါပဲ။


၁။ မြန်မာမိသားစုဖိုရမ်မှာ ပလန်းနက်မြန်မာ ဖိုရမ်လို မြန်မာယူနီကုတ် တင်မထားတဲ့ စက်တွေကနေ မြန်မာလို ဖိုရမ်မှာ ရေးနိုင်ဖို့ လုပ်ပေးချင်လာပါတယ်။ ဒီအတွက် ကျွန်တော်က ပညာတတ်ကျွမ်းခြင်း မရှိပါဘူး။ ဒီတော့ ကူညီမယ့်သူကို လိုက်ရှာပါတယ်။ အစ်မရဲ့ မိတ်ဆွေ ပဒုံမာဖိုရမ်မှ ကိုမွန်းစတား ကတဆင့် အများသိကြတဲ့ မောင်စေတန်လေးနဲ့ ဆက်သွယ်မိပါတယ်။ သူကပဲ မြန်မာမိသားစုအတွက် လိုအပ်နေတဲ့ မြန်မာစာရိုက်စနစ်ကို ပလန်းနက်မြန်မာဖိုရမ်မှ ကိုးကားပြီး တည်ဆောက်ပေးခဲ့ပါတယ်။ ဒီအတွက် ညီလေးစေတန်ဂေါ့ကို အကိုက ဒီမှတ်တမ်းလေးမှာ မြန်မာမိသားစုက ညီအကို မောင်နှမများနဲ့ ထပ်တူ ဂုဏ်ပြုမှတ်တမ်းတင်ပါတယ်။


၂။ ကျွန်တော်က ၀က်ဆိုက်ပိုင်းကိုပဲ မနားမနေ တိုးတက်အောင် ကြိုးပမ်းရတဲ့ အခါ ဖိုရမ်ပိုင်းမှာ တာဝန်တွေ လစ်ဟင်းလာတော့တာပါပဲ။ ပြန်ရှင်းမပြနိုင် ၊ မကူညီနိုင် ဖြစ်လာပါတယ်။ ဒီအချိန်တွေမှာ ကျွန်တော့ကိုယ်စား လာမေးသမျှ မေးခွန်းတွေကို မညည်းမငြူ စေ့စပ်ကျနစွာ ပုံလေးတွေနဲ့ပါ နားလည်ရှင်းလင်းသွားအောင် အချိန်ကုန်ခံ ကူညီပေးတဲ့ အားလုံးသိကြတဲ့ ကျွန်တော်တို့ အုပ်ချုပ်သူ ကိုပိုင် က ၀င်ကူညီပေးခဲ့ပါတယ်။ လာမေးတဲ့သူတွေ အနေနဲ့ကတော့ မေးလိုက်ရုံပါပဲ။ အဲ...မေးတဲ့သူ နားလည်သဘောပေါက်အောင် ပြန်ပြီး ပြင်ရဆင်ရ ၊ သရုပ်ပြပုံတွေ စီစဉ်ရတဲ့ ဒုက္ခက မေးခွန်းတစ်ခုအတွက်နဲ့တင် မိုးလင်းခဲ့ရတာ တကယ်လုပ်ဖူးသူတွေ သိပါတယ်။ ဒါကို ကျွန်တော်က ဆိုက်ကို ပြင်ဆင်မွမ်းမံနေတဲ့ ညဘက်အချိန်တိုင်း မအိပ်ပဲ စီစဉ်ဖြေကြားပေးခဲ့သူပါ။ စိတ်တူကိုယ်တူ ညီအကိုသဖွယ်လည်း ပြောကြနေကြပါတယ်။ မြန်မာမိသားစုရဲ့ နည်းပညာအလှူရှင် ကိုပိုင်ကို ညီက ဒီနေရာကပဲ ဂုဏ်ပြုမှတ်တမ်းတင်ပါတယ်။


၃။ နောက်တစ်ဦးကတော့ အင်တာနက်မှာ သာမန်အနေနဲ့ ရှာဖွေဖတ်ရှုဖို့ မလွယ်တဲ့ ၊ ဖတ်ပြန်ရင်လည်း နားလည်ဖို့ကြာမြင့်တဲ့ အထွေထွေ ဗဟုသုတတွေကို မြန်မာမိသားစုက ညီအကိုမောင်နှမတွေပါ ပြန်လည်သိရှိ ဗဟုသုတ တိုးပွားစေဖို့ အင်္ဂလိပ်စာအုပ် အထူကြီးတွေကို ညလုံးပေါက်ဖတ် ၊ မြန်မာဘာသာကိုပြန် ၊ အထောက်အထား အကိုးအကားများနဲ့ ဖတ်ရတဲ့သူ ရှင်းလင်း နားလည်အောင် အပင်ပန်းခံစီစဉ်ပြီး ရှင်းပြပေးခဲ့တဲ့ ကိုအဲဗား ( everlearner ) ပါပဲ။ သူရှင်းပြတာ ဘယ်လောက်ကောင်းတယ် ၊ ဘယ်လောက် စေတနာပါပါနဲ့ အပင်ပန်းခံထားတယ်ဆိုတာ ဖတ်ဖူးသူတိုင်း သိကြပါတယ်။ ဒီအတွက် မြန်မာမိသားစုက ညီအကို မောင်နှမများနဲ့အတူ ကိုအဲဗားကို ညီက ဒီမှတ်တမ်းလေးမှာ ဂုဏ်ပြုပါတယ်။


၎။ မြန်မာမိသားစုဖိုရမ်ရဲ့ forum frame ကြီးကို နောက်ဆုံးထွက် အဖြစ် တိုးမြှင့်လိုက်တဲ့အခါ ပလန်းနက်ဖိုရမ်က မြန်မာစာရိုက်စနစ်ကို သုံးစွဲလို့မရတော့ပါဘူး။ ဒီအခါမှာ ကျွန်တော်တို့ဖိုရမ်လေးကို အခါအားလျော်စွာ လာရောက်လည်ပတ်နေတဲ့ ၀ိုင်အေအမ်စီဖိုရမ်မှ မော်ဒရေတာ မောင်ဝေဟင် လေးကတဆင့် အက်ဒမင် မောင်မိုက် ( mike16os ) က သူတို့ဖိုရမ်မှာ အသုံးပြုနေတဲ့ မြန်မာစာရိုက်စနစ်ကို မြန်မာမိသားစုဖိုရမ်မှာပါ သုံးစွဲလို့ရနိုင်အောင် ကိုယ်တိုင်ကိုယ်ကျ လာရောက်ပြင်ဆင်ပေးပြီး တည်ဆောက်ပေးခဲ့ပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ ကျွန်တော်တို့ ဆာဗာကဒီစနစ်ပြုလုပ်တာကို ခွင့်မပြုလို့ ပြန်လည် ဖျက်သိမ်းပေးခဲ့ရပါတယ်။ ညီလေး mike16os ရဲ့ မြန်မာမိသားစု အပေါ် ကူညီမှုကို အကိုက ဒီနေရာလေးမှာ မှတ်တမ်းတင် ဂုဏ်ပြုပါတယ်။


၅။ နောက်တစ်ယောက်ကတော့ ကျွန်တော့်ညီလေး ဇော်သက် ( zthet ) ပါ။ သူကတော့ အလုပ်များလွန်းတော့ ဖိုရမ်မှာ အနည်းငယ်ပဲ ကူညီနိုင်ပါတယ်။ မောင်မိုက်ရဲ့ မြန်မာစာရိုက်စနစ်ကို သုံးမရတော့လို့ အခက်အခဲဖြစ်နေတဲ့ အချိန် ၊ မောင်စေတန်လေးကလည်း စာမေးပွဲဖြေနေလို့ အကူညီတောင်းဖို့ ခက်နေတဲ့ အချိန်မှာ ကျွန်တော့်ညီလေး ဇော်သက်က မောင်စေတန်တို့ ၊ ကိုမင်းကျော်တို့ ပြုပြင်ထားတဲ့ web text editor ကိုသုံးပြီး မြန်မာစာပြန်ရိုက်လို့ရအောင် ကူညီခဲ့ပါတယ်။ အခု ညီအကိုများ သုံးစွဲနေကြတဲ့ မြန်မာစာရိုက်စနစ်ကို လုပ်ဆောင်ပေးခဲ့သူပါ။ ညီလေးဇော်သက်ကို အခြားသော ညီအကို မောင်နှများနဲ့အတူ အကိုက ဒီမှတ်တမ်းလေးနဲ့ ဂုဏ်ပြုပါတယ်။


၆။ မြန်မာဖိုရမ်ကောင်း တစ်ခုကို ကျွန်တော့်ပင်ကိုယ် အစွမ်းအစနဲ့ ဘယ်လိုမှ မတည်ဆောက်နိုင်ပါဘူး။ ဒီနေ့ ဒီလိုအောင်မြင်လာအောင် အခြားသော ပညာရှင် ညီအကိုများရဲ့ အကူအညီများကို ရယူခဲ့ပါတယ်။ သူတို့ဖန်တီးထားတဲ့ မြန်မာစာရိုက်စနစ်တွေကို အသုံးပြုခဲ့ရပါတယ်။ ဒီအတွက် မိမိနည်းပညာကို အများအကျိုးအတွက် အသုံးပြုနိုင်စေရန် Open Source ( အခမဲ့သုံးစွဲခွင့်ပြုခြင်း ) ကို ပေးခဲ့တဲ့ အင်တာနက်ပေါ်မှ မြန်မာ ညီအကို ပညာရှင်များ အားလုံးကိုလည်း ကျေးဇူးအထူးတင်ရှိပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။



၇။ ယခုအခါ ဆိုဒ်သစ်ကြီးတွင် အချိန်မရွေး download manager များဖြင့် မပြီးမချင်း ဒေါင်းလုဒ်ချနိုင်သော စနစ်ကို မြန်မာနိုင်ငံမှ မိသားစုဝင်များအတွက် အထူးမျှော်မှန်းပြီး ဖွင့်လှစ်ပေးမည့် Download Center, စာအုပ်စာပေကောင်းများကို အချိန်အပိုင်းအခြားအရ အင်တာနက်ပေါ်တွင် တင်ထားပါက ပျက်စီးသွားနိုင်သောကြောင့် မိမိတို့ဆာဗာပေါ်တွင် သိမ်းဆည်းထားပြီး မည်သည့်အခါမျှ မပျက်စီးနိုင်သော မြန်မာစာအုပ်စင် ၊ နောက်ဆုံးထွက် နိုင်ငံခြား ဇာတ်ကားများ ၊ မြန်မာဇာတ်ကားများကို ကောင်းမွန်ပြတ်သားသော ရုပ်အရည်အသွေးများဖြင့် ပြသနိုင်ရန် စီစဉ်နေသည့် Movie Center ၊ အစရှိသည်များကို ဆောင်ရွက်ရာတွင် ကူညီရန် ဆက်သွယ်ထားသူများ အားလုံးကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါကြောင်းနှင့် ဖြစ်မြောက်အောင်မြင် ပြီးစီးပါက မှတ်တမ်းရေးထိုး ဂုဏ်ပြုထားခြင်းကို ခွင့်ပြုကြပါရန် ပန်ကြားအပ်ပါသည်။ အသင်းဝင်များအတွင်းမှ ကွန်ပျူတာပညာရပ်ကို အတော်အသင့် တတ်ကျွမ်းပြီး အင်တာနက် မြန်နှုန်းကောင်းမွန်သော ပြည်ပနိုင်ငံများမှ ညီအကိုများအနေဖြင့်လည်း မြန်မာတို့အတွက် ကြံစည်လုပ်ဆောင်နေသော အစီအစဉ်များတွင် နည်းပညာ အကူအညီပေးကြပါရန် ပန်ကြားအပ်ပါသည်။ ကူညီလိုသူများ ကျွန်တော့်ထံသို့ ဆက်သွယ်ပေးကြပါ။ အခြားသော ဖြူစင်သည့် စေတနာရှင် တို့ကိုလည်း မြန်မာမိသားစုမှ ညီအကိုမောင်နှမများနှင့်အတူ ၀မ်းမြောက်ဝမ်းသာ ကြိုဆိုပါသည်။ မကြာမီအချိန်အတွင်း မြန်မာမိသားစုမှ အကောင်းဆုံးသော အစီအစဉ်များဖြင့် တင်ဆက်သွားနိုင်တော့မည်ဖြစ်ကြောင်း အသိပေးအပ်ပါသည်။ အားလုံးပင် ကျန်းမာပျော်ရွှင်နိုင်ကြပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါသည်။

Knowledge is power.

Last edited by KznT; 15-02-2011 at 01:28 PM..
Ye Naung is offline   Reply With Quote
အောက်ပါအသင်းဝင် 73 ဦးတို့မှ Ye Naung အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
$ညိုမင်းလွင်$, ကိုချာ, ကိုဂျိန်း, ကိုသီလ, ခိုင်လင်း, ချယ်ရီမင်း, စနိုးလေး, ဆွိ, ဇာနည်စိုး, တာတာ, တီဘွား, နဒီလေပြေ, ပစ်တိုင်းထောင်, ပလူးစ်, ပျားဖယောင်း, ဖယောင်း, မျိုးမင်းငယ်အောင်, ယမင်းသူဇာ, ရှင်းသန့်, လူမုန်းနဒီ, လွမ်းဧကရီ, သူရကျော်ထားဝယ်, အိုင်တီကောင်လေး, အမောင်, ဦးဟန်ညွန့်, ကောင်လေးဆိုးပေ, နေမင်းမောင်, မောင်ကီး, မောင်သံသရာ, မောင်ပေါ်ဦး, မောင်အောင်ဟိန်းအေး, ငြိမ်းချမ်း, ပြာနေသောကောင်ကင်, ၀တ်မှုံ, ဖြိုးယံလေး, မြန်အောင်သား, ကြည်သာ, နှင်း, နှင်းဆီနီ, akm, arkaraung, aungkohtat, driftboy, fuzzy, g00gle, htun30, kaung kin lu, ko myo, kyaukphyu, kyawminkhoung, KznT, mercury, mg aung kyaw, microsoft, minthike, moe san dar, moekyal, moemoehtike, myatwon, ninimar, nyeinnyein, sawehlor, sihazaw, sithu{satan king}, soehtetpaing, thetnaingsoe, thureinsoe, tu tu, yakhailay, yelinoo, zin min aung, zinkomin, zo
Old 07-12-2007, 08:32 AM
  post #2
Ye Naung
အုပ်ချုပ်ရေးမှူး
 
Ye Naung's Avatar
 
အသင်းဝင်နေ့စွဲ: Mar 2007
တည်နေရာ: မင်္ဂလာဒုံ
ရေးသားချက်များ: 698
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 549
ပို့စ် 397 ခုအတွက် 5,027 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
ပုံများ: 128
Ye Naung is on a distinguished road
အလှူငွေများ လက်ခံရရှိပါကြောင်း

မြန်မာမိသားစုရဲ့ အလှူရှင်တစ်ဦးဖြစ်တဲ့ ညီလေး အောင်အောင် " Aung Aung " ဆီကနေ အလှူငွေ အမေရိကန်ဒေါ်လာ ၆၀ တိတိကို 27-11-2007 မှာ လက်ခံရရှိပါတယ်။ ဒီအတွက် မြန်မာမိသားစုဝင်များ အားလုံးကိုယ်စား အထူးပင်ကျေးဇူးတင်ရှိပါကြောင်းနဲ့ ညီလေးဘ၀မှာ တိုးတက် အောင်မြင်ခြင်းတွေကိုသာ ပိုင်ဆိုင်ပြီး ကျန်းမာပျော်ရွှင်နိုင်ပါစေလို့ ဆုတောင်းရင်း အစ်ကိုက ဒီနေရာလေးမှာ မှတ်တမ်းတင်ပါတယ်။


နောက်ထပ် အလှူရှင်တစ်ဦးဖြစ်တဲ့ ကိုအောင်မြင့် " aung myint " ထံမှ 1-12-2007 ရက်နေ့မှာ အမေရိကန်ဒေါ်လာ ၁၀၀ တိတိကို လက်ခံရရှိပါတယ်။ မြန်မာမိသားစုကို ခုလိုကူညီတာ အထူးဝမ်းသာပီတိဖြစ်မိပါတယ်။ အကို ဆတက်တံပိုး တိုးလို့ ပြည့်စုံပါစေ။ ပျော်ရွှင်ကျန်းမာတဲ့ ဘ၀လေးကို ပိုင်ဆိုင်နိုင်ပါစေ လို့ ဆုမွန်ကောင်း တောင်းရင်း အကို့ရဲ့ ကူညီမှုကို မှတ်တမ်းပြုပါတယ်။

Knowledge is power.
Ye Naung is offline   Reply With Quote
အောက်ပါအသင်းဝင် 35 ဦးတို့မှ Ye Naung အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 07-12-2007, 09:49 AM
  post #3
နယ်သူ
ထိပ်တန်းပညာရှင်
 
အသင်းဝင်နေ့စွဲ: May 2007
ရေးသားချက်များ: 1,267
ကျေးဇူးတင်စကား: 454
ပို့စ် 448 ခုအတွက် 1,310 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
နယ်သူ is on a distinguished road
အားကျလိုက်တာ...
သာဓု..သာဓု..သာဓု ပါနော်....
ဆထက်တပိုးလှူနိုင်ကြပါစေ...လို့....

ကိုယ်တိုင်ကမတော်ပေမဲ့...တော်တဲ့သူများကိုတော့...လေးစားဂုဏ်ယူပါတယ်...

Last edited by နယ်သူ; 07-12-2007 at 02:15 PM..
နယ်သူ is offline   Reply With Quote
အောက်ပါအသင်းဝင် 15 ဦးတို့မှ နယ်သူ အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 07-12-2007, 10:11 AM
  post #4
ညီထွဋ်
အထူးအသင်းဝင်
 
ညီထွဋ်'s Avatar
 
အသင်းဝင်နေ့စွဲ: Jul 2007
တည်နေရာ: ခေတ္တ ထိုင်း
ရေးသားချက်များ: 5,087
ကျေးဇူးတင်စကား: 0
ပို့စ် 500 ခုအတွက် 836 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
ညီထွဋ် is on a distinguished road
အလှူရှင် ကိုအောင်မြင့်နဲ့ညီလေး အောင်အောင်တို့ ကျမ်းမာချမ်းသာကြပါစေ
မြန်မာမိသားမှာလဲ ထာဝရတည်မြဲပါစေလို့ ကျွန်တော်ဆုတောင်းပေးပါတယ် ။


http://thuyatinhtut.blogspot.com/
www.photobucket.com
gf52744@gmail.com

မမေ့နိုင်သောအရာအားလုံးသည် ရင်မှာထာဝရသစ်လွင်လျှက်ရှိ၏
nyihtut@hotmail.com
ညီထွဋ် is offline   Reply With Quote
အောက်ပါအသင်းဝင် 13 ဦးတို့မှ ညီထွဋ် အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 07-12-2007, 12:31 PM
  post #5
ခိုင်လင်း
ကြီးကြပ်သူ
 
ခိုင်လင်း's Avatar
 
အသင်းဝင်နေ့စွဲ: Nov 2007
တည်နေရာ: ဗိုလ်တထောင်
ရေးသားချက်များ: 3,778
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 588
ပို့စ် 447 ခုအတွက် 1,292 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
ပုံများ: 116
ခိုင်လင်း is on a distinguished road
အလှူရှင် ကိုအောင်အောင်နှင့် ကိုအောင်မြင့် ....အကိုတို့ အလှူအတွက် ၀မ်းလည်းသာပါတယ်။ဂုဏ်လည်းယူပါတယ်။


kolinn84@gmail.com
ကံကြမ္မာကို ကိုယ်တိုင်ပဲ ရေးမယ်။
ခိုင်လင်း is offline   Reply With Quote
အောက်ပါအသင်းဝင် 11 ဦးတို့မှ ခိုင်လင်း အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 07-12-2007, 02:24 PM
  post #6
tu tu
ကြီးကြပ်ရေးမှူး
 
tu tu's Avatar
 
အသင်းဝင်နေ့စွဲ: Oct 2007
ရေးသားချက်များ: 4,384
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 15,529
ပို့စ် 3,056 ခုအတွက် 13,948 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
ပုံများ: 171
tu tu is on a distinguished road
အလှူရှင် ကိုအောင်မြင့် နှင့် ကိုအောင်အောင်
အထူးပဲကျေးဇူးတင် ဂုဏ်ပြုပါတယ်။
ဤသို့လှူဒါန်းခြင်း၏ အကျိုးကြောင့် အသိပညာများအစဉ်တိုးပွား၍ အောင်မြင်၊ပျော်ရွှင်သောဘ၀များ ရရှိပိုင်ဆိုင်နိုင်ပါစေ...။

ဝ,လုံး ရေးဖို့ကျောက်တံသွေးနေသူ
tutu@myanmarfamily.org
tu tu is offline   Reply With Quote
အောက်ပါအသင်းဝင် 12 ဦးတို့မှ tu tu အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 07-12-2007, 08:50 PM
  post #7
may_snow
အထူးအသင်းဝင်
 
may_snow's Avatar
 
အသင်းဝင်နေ့စွဲ: Mar 2007
တည်နေရာ: ရန်ကုန်
ရေးသားချက်များ: 569
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 28
ပို့စ် 110 ခုအတွက် 200 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
ပုံများ: 4
may_snow is on a distinguished road
သာဓု.......သာဓု.........သာဓု....
ဒီထက်မကလှူဒါန်းနိုင်ကြပါစေ။
may_snow is offline   Reply With Quote
အောက်ပါအသင်းဝင် 11 ဦးတို့မှ may_snow အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 07-12-2007, 09:16 PM
  post #8
Aung Aung
ဖိုရမ်လှည့်ကင်း
 
Aung Aung's Avatar
 
အသင်းဝင်နေ့စွဲ: Mar 2007
ရေးသားချက်များ: 2,154
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 3,914
ပို့စ် 1,015 ခုအတွက် 4,378 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
ပုံများ: 235
Aung Aung is on a distinguished road
ဒီဖိုရမ်မရောက်ခင်က ကျွန်တော်ကွန်ပျူတာ အကြောင်းဘာမှမသိပါဘူး။ မြန်မာလိုတောင် ကောင်းကောင်းမရိုက်တတ်ပါဘူး။ အစပိုင်းကတော့ စာဖတ်ဝါသနာပါလို့ ဖိုရမ်မှာရှိတဲ့စာအုပ်တွေ ဖတ်ရင်းနဲ့လာလည်ဖြစ်တာပါ။ နောက်မှ ပို့စ်တစ်ခုကို အင်္ဂလိပ်လို အရှည်ကြီးတင်တော့ ကိုရဲနောင်က မြန်မာလိုရိုက်ပါပြောတာနဲ့ မြန်မာလိုစရိုက်ဖြစ်တာပါ။ (အဲဒီပို့စ်ကတော့ ဖိုရမ်ဒေါင်းတဲ့အထဲ ပါသွားလို့မရှိတော့ဘူး။)
ဒီဖိုရမ်လာရင်းနဲ့မှ မသိတာတွေ မေးရင်းလိုက်ဖတ်ရင်းနဲ့ဘဲ ကွန်ပျူတာအကြောင်းနည်းနည်းတော့သိလာပါပြီ။
လေ့လာစရာတွေတော့ အများကြီးကျန်ပါသေးတယ်။
ကျွန်တော့်ကို ဒီဖိုရမ်လာဖြစ်အောင်ခေါ်ခဲ့တဲ့ ကိုသတိုးနောင်၊ အစစအရာရာ ကူညီတဲ့ ကိုရဲနောင်၊ ကိုငြိမ်းချမ်း၊ ကိုကေဇော်၊ ကိုပိုင်နဲ့ တခြားမမ်ဘာတွေအားလုံးကို အများကြီးကျေးဇူးတင်ပါတယ်။
ဖိုရမ်ကြီး အဓွန့်ရှည်တည်တံ့ပါစေလို့ ဆုတောင်းလိုက်ပါတယ်။

မကောင်းမှုရှောင်၊ ကောင်းမှုဆောင်၊ ဖြူအောင်စိတ်ကိုထား။

aungaung@myanmarfamily.org
Aung Aung is offline   Reply With Quote
အောက်ပါအသင်းဝင် 19 ဦးတို့မှ Aung Aung အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 07-12-2007, 09:33 PM
  post #9
မောင်ကဗျာ
ကြီးကောင်ဝင်စ
 
အသင်းဝင်နေ့စွဲ: Dec 2007
တည်နေရာ: ရန်ကုန်
ရေးသားချက်များ: 112
ကျေးဇူးတင်စကား: 4
ပို့စ် 14 ခုအတွက် 41 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
မောင်ကဗျာ is on a distinguished road
နှစ်ပတ်လည်ဆုတောင်း...ကဗျာ

ကျွန်တော်ဘ၀မွေးကင်းစမှ
နှစ်ပတ်လည်တိုင်းကြုံပါစေ.......
ဖိုရမ်ထူထောင်အတိုနောင်များ
လိုရာဆုများပြည့်ပါစေ...........
ပို့စ်သစ်ရေးသားအတိုများ
မမချောချောရပါစေ................
ပို့စ်သစ်ရေးသားအမများ
ဘဲဘဲချောချောရပါစေ.............
ဒါနအလှူပါဝင်သူများ
ဘေးရန်ကင်းရှင်းကြပါစေ.......
ဒီမိသားစုဖိုရမ်စု
စိန်၊ရွှေရတုတိုင်ပါစေ.............
ဤသိုဆုတောင်း မောင်ကဗျာကောင်း
ချစ်ခင်သူများပေါပါစေ...............

မောင်ကဗျာ(ရင်တွင်းညှစ်ထားသည်)
ရယ်စရာဖြစ်နေရင်ခွင့်လွတ်ကြပါ...

Last edited by ကိုပိုင်; 08-12-2007 at 12:23 AM..
မောင်ကဗျာ is offline   Reply With Quote
Old 08-12-2007, 12:36 AM
ကိုပိုင်
အုပ်ချုပ်သူ
 
ကိုပိုင်'s Avatar
 
အသင်းဝင်နေ့စွဲ: Mar 2007
တည်နေရာ: စလုံး.. လယ်လုံး..ေ
ရေးသားချက်များ: 380
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 92
ပို့စ် 213 ခုအတွက် 1,334 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
ကိုပိုင် is on a distinguished road
ရယ်စရာမဖြစ်ပါဘူးဗျာ...။ ချစ်စရာသာကောင်းတာပါ...(ပေးတဲ့ဆုနဲ့ပြည့်ပါစေ )။ ခုလိုကဗျာလေးနဲ့ မော်ကွန်းထိုးပေးတဲ့ မောင်ကဗျာလေးလည်း... တောင်းတဲ့ဆုနဲ့ပြည့်ပါစေဗျာ။

ကျေးဇူးအများကြီးတင်ပါတယ် မောင်ကဗျာ....။

ကိုပိုင်

Happy Moments @ myanmarfamily.org



ကိုပိုင် is offline   Reply With Quote
အောက်ပါအသင်းဝင် 13 ဦးတို့မှ ကိုပိုင် အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 09-12-2007, 01:10 AM
everlearner
ကိုယ်ပိုင်အစွမ်းရှိပြီးသူ
 
everlearner's Avatar
 
အသင်းဝင်နေ့စွဲ: May 2007
ရေးသားချက်များ: 336
ကျေးဇူးတင်စကား: 0
ပို့စ် 164 ခုအတွက် 722 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
everlearner is on a distinguished road
အောင်မြင်ကြပါစေ...

မြန်မာမိသားစု ဖွံ့ဖြိုးတိုးတက်အောင်
တစ်ဖက်တစ်လမ်းကနေ ၀ိုင်းဝန်းစောင့်ရှောက် ကူညီပေးကြတဲ့ အကိုကြီး ကိုအောင်မြင့်နဲ့ ညီလေး အောင်အောင် တို့ကို အထူးကျေးဇူးတင် ဂုဏ်ပြုပါတယ် ခင်ဗျာ...
အခုလို ကူညီစောင့်ရှောက်ရတဲ့ အကျိုးကြောင့် ရောက်ရာနေရာတိုင်းမှာ ကူညီစောင့်ရှောက်သူများနဲ့ ဆုံတွေ့ကြရပြီး ဘာသာ၊ သာသနာ အကျိုးများကို ဆထက်တံပိုး ထမ်းဆောင် အောင်မြင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ် ခင်ဗျာ....

[URL="http://www.sharingtofrds.blogspot.com"]B peaceful & happy all the moments.[/URL]
မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ ပျော်ရွှင်ကြပါစေခင်ဗျာ . .
everlearner is offline   Reply With Quote
အောက်ပါအသင်းဝင် 13 ဦးတို့မှ everlearner အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 09-12-2007, 03:58 AM
Ye Naung
အုပ်ချုပ်ရေးမှူး
 
Ye Naung's Avatar
 
အသင်းဝင်နေ့စွဲ: Mar 2007
တည်နေရာ: မင်္ဂလာဒုံ
ရေးသားချက်များ: 698
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 549
ပို့စ် 397 ခုအတွက် 5,027 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
ပုံများ: 128
Ye Naung is on a distinguished road
အလှူငွေ လက်ခံရရှိပါကြောင်း

ကျွန်တော်တို့ ဒီနေ့ ( 9-12-2007 )မှာပဲ မြန်မာမိသားစုဖိုရမ်လေးကို သဘောကျလို့ တတ်နိုင်သလောက် ကူညီထောက်ပံ့မယ် ဆိုပြီး ကိုအောင်မြင့်ကတဆင့် ဆက်သွယ် လှူဒါန်းလာခဲ့တဲ့ ကိုမျိုးညွန့် ( myo nyunt ) ထံမှ အလှူငွေ အမေရိကန်ဒေါ်လာ ၁၀၀ တိတိကို လက်ခံရရှိပါကြောင်းနှင့် ယခုလို အများအကျိုးဆောင်ရတဲ့ အတွက် အလှူရှင် ကိုမျိုးညွှန့်ဘ၀မှာ အမြဲတမ်း ကူညီမယ့်သူ ၊ ချစ်ခင်သူ ပေါများပါစေ။ ကျန်းကျန်းမာမာ ချမ်းချမ်းသာသာနဲ့ အေးချမ်းပျော်ရွှင်တဲ့ ဘ၀လေးကို အမြဲရပြီး ချစ်သူခင်သူတို့နဲ့ မကွဲမကွာ နေနိုင်ပါစေ လို့ မြန်မာမိသားစုဝင်များနဲ့ ထပ်တူ ညီလေးက ဒီနေရာလေးကနေ ဆုမွန်ကောင်းများ တောင်းပေးရင်း အကို့ရဲ့ မြန်မာမိသားစုအပေါ် ကူညီမှုကို မှတ်တမ်းတင်ပါတယ်။ ကျွန်တော်တို့ ငွေလက်ခံသူများ ကျောင်းစာများနှင့် မအားလပ်ပါသဖြင့် အလှူငွေ လက်ခံရရှိမှု နှောင့်နှေးခြင်းကို သည်းခံခွင့်လွှတ်ပေးပါရန်နှင့် မရောက်မှာစိုး၍ တဖွဖွ မေးမြန်းနေခဲ့ရမှုမှာလည်း ကျွန်တော်တို့ လိုအပ်ချက်ဖြစ်ပါသည်။ အကို ကိုမျိုးညွှန့် ကျန်းမာပျော်ရွှင်ပါစေ။

Knowledge is power.
Ye Naung is offline   Reply With Quote
Old 09-12-2007, 04:19 AM
everlearner
ကိုယ်ပိုင်အစွမ်းရှိပြီးသူ
 
everlearner's Avatar
 
အသင်းဝင်နေ့စွဲ: May 2007
ရေးသားချက်များ: 336
ကျေးဇူးတင်စကား: 0
ပို့စ် 164 ခုအတွက် 722 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
everlearner is on a distinguished road
ပို၍ပို၍...

အကို မျိုးညွှန့် အခုထက်ပိုပြီး အများအကျိုး ဘာသာ သာသနာ အကျိုးများ သယ်ပိုးဆောင်ရွက်နိုင်ပါစေကြောင်း ဆုတောင်း ဂုဏ်ပြုပါတယ် ခင်ဗျာ...

[URL="http://www.sharingtofrds.blogspot.com"]B peaceful & happy all the moments.[/URL]
မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ ပျော်ရွှင်ကြပါစေခင်ဗျာ . .

Last edited by everlearner; 09-12-2007 at 04:21 AM..
everlearner is offline   Reply With Quote
အောက်ပါအသင်းဝင် 11 ဦးတို့မှ everlearner အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 09-12-2007, 09:20 AM
ဂျစ်တူး
အုပ်ချုပ်သူ
 
ဂျစ်တူး's Avatar
 
အသင်းဝင်နေ့စွဲ: Mar 2007
တည်နေရာ: ရန်ကုန်(လန်ဒန်)
ရေးသားချက်များ: 2,594
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 57
ပို့စ် 438 ခုအတွက် 1,222 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
ပုံများ: 24
ဂျစ်တူး is on a distinguished road
မြန်မာမိသားစုကို အခုလို ကူညီထောက်ပံ့တဲ့အတွက် ကိုမျိုးညွှန့်ကို လွန်စွာဂုဏ်ယူကျေးဇူးတင်ပါတယ်ခင်ဗျာ......ပျှော်ရွှင်မှုတွေနဲ့ ပြည့်နှက်နေပါစေခင်ဗျာ......

မြန်မာမိသားစုဖိုရမ်လေးမှ အားလုံးကို လှိုက်လှဲစွာ ကြိုဆိုပါသည်။ တစ်ခုခုဖိုရမ်မှာ အခက်အခဲရှိရင် ဆက်သွယ်လိုက်ပါ myanmarfamilyhelpbyjit@googlemail.com
ဂျစ်တူး is offline   Reply With Quote
အောက်ပါအသင်းဝင် 10 ဦးတို့မှ ဂျစ်တူး အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 09-12-2007, 09:38 AM
နယ်သူ
ထိပ်တန်းပညာရှင်
 
အသင်းဝင်နေ့စွဲ: May 2007
ရေးသားချက်များ: 1,267
ကျေးဇူးတင်စကား: 454
ပို့စ် 448 ခုအတွက် 1,310 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
နယ်သူ is on a distinguished road
အခုလိုဖိုရမ်ကြီးအတွက်....အလှူငွေတွေထဲ့ဝင်လှူဒါန်းတာကိုဝမ်းသာစွာနဲ့...
သာဓုခေါ်ပါတယ်ကိုမျိုးညွန့်ရေ...
ကောင်းသောလိုအင်ဆန္ဒတွေ..တလုံးတ၀ကြီးပြည့်စုံပါစေ..လို့..ဆုတောင်းပေးပါတယ်နော်....

ကိုယ်တိုင်ကမတော်ပေမဲ့...တော်တဲ့သူများကိုတော့...လေးစားဂုဏ်ယူပါတယ်...
နယ်သူ is offline   Reply With Quote
အောက်ပါအသင်းဝင် 11 ဦးတို့မှ နယ်သူ အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 09-12-2007, 11:57 AM
ညီထွဋ်
အထူးအသင်းဝင်
 
ညီထွဋ်'s Avatar
 
အသင်းဝင်နေ့စွဲ: Jul 2007
တည်နေရာ: ခေတ္တ ထိုင်း
ရေးသားချက်များ: 5,087
ကျေးဇူးတင်စကား: 0
ပို့စ် 500 ခုအတွက် 836 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
ညီထွဋ် is on a distinguished road
ကျမ်းမာချမ်သားပါစေဗျာ

အခုလိုဖိုရမ်ကြီးအတွက် အလှူငွေတွေ ထဲ့ဝင်လှူဒါန်းတာကို ၀မ်းသာစွာနဲ့ သာဓုခေါ်ပါတယ်
ကိုမျိုးညွန့်ရေ ကျမ်းမာ ချမ်သားပါစေဗျာ လိုနင်ဆန္ဒတွေလဲ ပြည့်ဝပါစေ


http://thuyatinhtut.blogspot.com/
www.photobucket.com
gf52744@gmail.com

မမေ့နိုင်သောအရာအားလုံးသည် ရင်မှာထာဝရသစ်လွင်လျှက်ရှိ၏
nyihtut@hotmail.com

Last edited by ညီထွဋ်; 09-12-2007 at 11:58 AM..
ညီထွဋ် is offline   Reply With Quote
အောက်ပါအသင်းဝင် 9 ဦးတို့မှ ညီထွဋ် အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 09-12-2007, 04:31 PM
ခိုင်လင်း
ကြီးကြပ်သူ
 
ခိုင်လင်း's Avatar
 
အသင်းဝင်နေ့စွဲ: Nov 2007
တည်နေရာ: ဗိုလ်တထောင်
ရေးသားချက်များ: 3,778
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 588
ပို့စ် 447 ခုအတွက် 1,292 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
ပုံများ: 116
ခိုင်လင်း is on a distinguished road
မြန်မာမိသားစုအတွက် အခုလို ကူညီပေးတဲ့ ကိုမျိုးညွန့် လိုအင်ဆန္ဒများ ပြည့်ဝပါစေ။ကျန်းမာ ချမ်းသာပါစေ အကို။


kolinn84@gmail.com
ကံကြမ္မာကို ကိုယ်တိုင်ပဲ ရေးမယ်။
ခိုင်လင်း is offline   Reply With Quote
အောက်ပါအသင်းဝင် 10 ဦးတို့မှ ခိုင်လင်း အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 09-12-2007, 04:39 PM
ပါပါး
ထိပ်တန်းပညာရှင်
 
အသင်းဝင်နေ့စွဲ: Dec 2007
ရေးသားချက်များ: 989
ကျေးဇူးတင်စကား: 0
ပို့စ် 103 ခုအတွက် 166 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
ပါပါး is on a distinguished road
မြန်မာမိသားစုလေး ကို ကူညီထောက်ပံ ပေးတဲ့  ကိုကြီး မျိုးညွန့် ကို ကျေးဇူး အရမ်း ကိုတင်ပါတယ်...
ဂုဏ်လည်း ဂုဏ်ယူလေးစားမိပါတယ်......

ပျော်ရွင်ချမ်းမြေ့ ပါစေ :4::4::4:
ပါပါး is offline   Reply With Quote
အောက်ပါအသင်းဝင် 10 ဦးတို့မှ ပါပါး အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 22-11-2008, 08:03 AM
Ye Naung
အုပ်ချုပ်ရေးမှူး
 
Ye Naung's Avatar
 
အသင်းဝင်နေ့စွဲ: Mar 2007
တည်နေရာ: မင်္ဂလာဒုံ
ရေးသားချက်များ: 698
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 549
ပို့စ် 397 ခုအတွက် 5,027 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
ပုံများ: 128
Ye Naung is on a distinguished road
ပြန်စာ - မြန်မာမိသားစု၏ အလှူရှင်များ

ကျွန်တော်တို့ မြန်မာမိသားစုဖိုရမ်မှာ ခုဆိုရင် ဆာဗာ အသစ်ကြီးကို Dedicated IP လို့ ခေါ်တဲ့ ဆိုက်လည်ပတ်မှု ပိုမိုမြန်ဆန်စေတဲ့ IP ကိုပါ ၀ယ်ယူပြီး နောက်ဆုံးထွက် Forum Board Version ကိုပါ မြှင့်တင်နိုင်လိုက်ပါပြီ။ နှစ်ပတ်လည် မတိုင်မှီ အစီအစဉ်သစ်များကို တင်ဆက်ပေးပါတော့မယ်။ မြန်မာမိသားစုရဲ့ နှစ်စဉ် ဆာဗာဝယ်ယူစရိတ်ကို ရာသက်ပန် အလှူရှင်အဖြစ် လှူဒါန်းခဲ့တဲ့ ကိုမီးနဂါး ( firedragon ) နဲ့ ဆိုက်ပိုမို မြန်ဆန်စေရန် Dedicated IP ၀ယ်ယူပေးခဲ့တဲ့ ညီမလေး မိုးကြယ် ( moekyal ) တို့ကို မြန်မာမိသားစုဝင်များနဲ့အတူ ကျွန်တော်တို့ အုပ်ချုပ်ရေးအဖွဲ့မှလည်း အထူးကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင်အပ်ပါတယ်။ ကျွန်တော်တို့အနေနဲ့လည်း နည်းပညာသာရှိပြီး နှစ်စဉ်ကုန်ကျစရိတ်နဲ့ ပတ်သက်လို့ အခက်အခဲရှိတာကို ၀ိုင်းဝန်းကူညီကြတဲ့ မြန်မာမိသားစုဝင် ညီအကို မောင်နှမများရဲ့ စေတနာကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရှိပါတယ်။ အကို မီးနဂါးနဲ့ ညီမလေး မိုးကြယ် တို့ ဘ၀တစ်လျှောက်မှာ အခက်အခဲမရှိ ၊ ကူညီမယ့်သူပေါ၍ အောင်မြင်ကြီးပွားနိုင်ကြပါစေလို့ ဆုတောင်းပေးပါတယ်။

Knowledge is power.
Ye Naung is offline   Reply With Quote
အောက်ပါအသင်းဝင် 44 ဦးတို့မှ Ye Naung အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
$ညိုမင်းလွင်$, ကိုရဲလင်းထွန်း, ကိုသီလ, ခိုင်လင်း, ငါးကြော်, ညီနေမင်း, နဒီလေပြေ, ပျားဖယောင်း, ဖယောင်း, ယွန်းယွန်း, ရှင်းသန့်, ဝင်းကျော်ဦး, သန့်ဇင်ဌေး, အမောင်, နေမင်းမောင်, ငြိမ်းချမ်း, ဖြိုးယံလေး, နှင်း, academy, arkaraung, chitnyimalay, firedragon, fuzzy, hellboy, kaung kin lu, kyawminkhoung, KznT, mg aung kyaw, minthike, moe san dar, moekyal, moemama2008, moemoehtike, new-comer^girl, nyilinnge, phoelapyaee, PyaitSone, thureinsoe, tu tu, winmyint, yakhailay, yelinoo, zin min aung, zo
Old 22-11-2008, 12:28 PM
tu tu
ကြီးကြပ်ရေးမှူး
 
tu tu's Avatar
 
အသင်းဝင်နေ့စွဲ: Oct 2007
ရေးသားချက်များ: 4,384
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 15,529
ပို့စ် 3,056 ခုအတွက် 13,948 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
ပုံများ: 171
tu tu is on a distinguished road
Icon10 ပြန်စာ - မြန်မာမိသားစု၏ အလှူရှင်များ

အလှူရှင် ကိုမီးနဂါး နှင့် ညီမလေး မိုးကြယ် တို့အား အထူးကျေးဇူးတင်စွာဖြင့် ဂုဏ်ပြုပါတယ်။
ဤသို့လှူဒါန်းခြင်း၏ အကျိုးကြောင့် အသိဥာဏ်ပညာများ ထူးချွန်ထက်မြတ်ပြီး အောင်မြင်မှုများစွာ ရရှိပိုင်ဆိုင်နိုင်ပါစေ...။

ဝ,လုံး ရေးဖို့ကျောက်တံသွေးနေသူ
tutu@myanmarfamily.org
tu tu is offline   Reply With Quote
Old 16-08-2009, 02:44 PM
Ye Naung
အုပ်ချုပ်ရေးမှူး
 
Ye Naung's Avatar
 
အသင်းဝင်နေ့စွဲ: Mar 2007
တည်နေရာ: မင်္ဂလာဒုံ
ရေးသားချက်များ: 698
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 549
ပို့စ် 397 ခုအတွက် 5,027 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
ပုံများ: 128
Ye Naung is on a distinguished road
ပြန်စာ - မြန်မာမိသားစု၏ အလှူရှင်များ

ဒီနေ့မှာပဲ မမီးက သူ့ဆီကို မြန်မာမိသားစု သတင်းထောက်ကြီး ဒဿဂီရိ က သူ့မွေးနေ့ အထိမ်းအမှတ်အဖြစ် အလှူငွေ အမေရိကန် ဒေါ်လာ ၅၀ တိတိကို ဖိုရမ်ရန်ပုံငွေအဖြစ် လှူဒါန်းသွားပါတယ်။ များပြားလှတဲ့ ကုန်ကျစရိတ်တွေထဲကို သူတတ်အားသဖြင့်ပါဝင်ကူညီတာဖြစ်တဲ့အတွက် မြန်မာမိသားစု အုပ်ချုပ်ရေးအဖွဲ့ကိုယ်စား ကျွန်တော်ကပဲ ကျေးဇူးတင်စကား ပြောကြားပါရစေ။ ကို ဒဿဂီရိ တစ်ယောက် ဘ၀တစ်လျှောက်လုံး အများအကျိုးဆောင်ရင်း ကိုယ့်အကျိုးလည်း မတောင့်တပဲ အောင်မြင်ပါစေဗျာ။

Knowledge is power.
Ye Naung is offline   Reply With Quote
အောက်ပါအသင်းဝင် 68 ဦးတို့မှ Ye Naung အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
$ညိုမင်းလွင်$, ကိုပျင်း, ကိုရဲလင်းထွန်း, ကိုဖြိုးငြိမ်း, ခိုင်လင်း, ချယ်ရီမင်း, ငါးကြော်, စမောလေး, ဆန်းမောင်, ညီနေမင်း, တာတာ, တီး, ဒဿဂီရိ, နဒီလေပြေ, ပျားဖယောင်း, ဖယောင်း, ဘိုးတော်, မိုင်ဆန်း, မိုးလွင်, ယမင်းသူဇာ, ယွန်းယွန်း, ရှင်းသန့်, လုလု, ဝင်းကျော်ဦး, သန့်ဇင်ဌေး, ဇော်ရဲပိုင်, တောဂေါ်လီ, နေမင်းမောင်, မောင်ရိုး, အောင်ကိုသန့်, ငြိမ်းချမ်း, မြင့်မိုရ်, ကြယ်စင်စိုး, ဖြိုးယံလေး, နှင်း, academy, arkaraung, Aung Aung, aung myint, bonge, chitnyimalay, hellboy, kaung kin lu, kyawminkhoung, KZaw, KznT, layatecho, lehonchan, minthike, Moe Lay, moe san dar, myatwon, Nalthar, nay nyo yi, new-comer^girl, ninimar, nyilinnge, pannuko, phyothuhein, PyaitSone, Starfire, thureinsoe, tu tu, wahgyi, yakhailay, Ye Aung, yelinoo, zo
Old 03-06-2010, 05:48 PM
Ye Aung
အုပ်ချုပ်သူ
 
Ye Aung's Avatar
 
အသင်းဝင်နေ့စွဲ: Jan 2008
တည်နေရာ: ချင်းတွင်းမြစ်
ရေးသားချက်များ: 1,402
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 2,271
ပို့စ် 1,015 ခုအတွက် 11,322 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
ပုံများ: 86
Ye Aung is on a distinguished road
ပြန်စာ - မြန်မာမိသားစု၏ အလှူရှင်များ

မြန်မာမိသားစုဖိုရမ်ရဲ့ အလှူရှင်တစ်ဦးဖြစ်တဲ့..........ကို peacelover မြန်မာလိုဆို ငြိမ်းချမ်းရေးချစ်သူပါ..။ သူကနေပြီး နှစ်စဉ်ကျရောက်တဲ့ သူ့ရဲ့မွေးနေ့ အထိမ်းအမှတ်ဖြစ်တဲ့.အနေနဲ့ မြန်မာမိသားစုကို လိုအပ်တဲ့နေရာမှာအသုံးပြု ဘို့အတွက် အလှူငွေ ထည့်ဝင်နေကျပါ...။

အခု မမီး ဆီကို အလှူငွေ ၅၀၀၀၀ (ငါးသောင်း)ထည့်ဝင်သွားပါတယ်...။ အဲ့ဒီအတွက် ကိုpeacelover ကိုလည်း အထူးကျေးဇူးတင်ရှိပါတယ်။ ဒီအလှူငွေကိုကျွန်တော်တို့.... ရဲ့ မပြီးပြတ်သေးတဲ့ ရေအလှူမှာ အသုံးပြုသွားမှာဖြစ်ပါတယ်...။



ကို peacelover တစ်ယောက် ပျော်ရွှင်ချမ်းမြေ့စွာဖြင့် ဘ၀ခရီးကိုလျှောက်လှမ်းနိုင်ပါစေ.......။

ရဲအောင်
မြန်မာမိသားစု

Kaspersky KIS & KAV Latest keys တွေလိုချင်ရင် ဒီကို နှိပ်
Ye Aung is offline   Reply With Quote
အောက်ပါအသင်းဝင် 42 ဦးတို့မှ Ye Aung အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
$ညိုမင်းလွင်$, ကိုသီလ, ကိုဦး, ကိုဖြိုးငြိမ်း, ချယ်ရီမင်း, ငါးကြော်, ဆန်းမောင်, ဒဿဂီရိ, ရှင်းသန့်, ဝင်းကျော်ဦး, ဝင်းအောင်, သန့်ဇင်ဌေး, ဇော်ရဲပိုင်, တောဂေါ်လီ, နေမင်းမောင်, မေဦးမွန်, မောင်ပေါ်ဦး, အောင်ကိုသန့်, ငြိမ်းချမ်း, မြင့်မိုရ်, ဖြိုးယံလေး, နှင်း, arkaraung, bonge, chitnyimalay, hellboy, kaung kin lu, kyawminkhoung, KznT, ma mee, moe san dar, moemama2008, Nalthar, ninimar, pannuko, phyomyintthein, PyaitSone, sawjonnie, thureinsoe, tu tu, yelinoo, zo
Old 01-10-2010, 02:22 PM
ma mee
ဘဏ္ဍာရေးမှူး
 
ma mee's Avatar
 
အသင်းဝင်နေ့စွဲ: Nov 2007
ရေးသားချက်များ: 574
ကျေးဇူးတင်စကား: 521
ပို့စ် 270 ခုအတွက် 2,728 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
ma mee is on a distinguished road
Icon10 ပြန်စာ - မြန်မာမိသားစု၏ အလှူရှင်များ

မမီး ဆီကို hellboy မှ (စောရီး နာမယ်မှားသွားလို့ hello ဖြစ်နေတာ ပီအမ်ပြန်ကြည့်ရတယ် မင်းမင်းရေ)
ဖိုရမ်အတွက် 50000 ကျပ် ( ငါးသောင်းကျပ်တိတိ)ကမ္ဘော ဇဘဏ် ရွှေဂုံတိုင်မှ
လွှဲပေးသွားပါတယ်။မမီးထုတ်ယူပြီး ဖြစ်ကြောင်းနဲ့
ဖိုရမ်မိသားစုကိုယ်စား ကျေးဇူးတင်ကြောင်း ပြောပါရစေ။
နောင်လည်းဒီထက်လှူနိုင်ပြီး ဘ၀ မှာပျော်ရွှင်ပါစေ လိုရာပြည့်စုံပါစေလို့
ဆုတောင်းပေးလိုက်ပါတယ်။
မမီး

Last edited by ma mee; 01-10-2010 at 02:27 PM..
ma mee is offline   Reply With Quote
အောက်ပါအသင်းဝင် 49 ဦးတို့မှ ma mee အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
$ညိုမင်းလွင်$, ကိုသီလ, ချယ်ရီမင်း, ငါးကြော်, ဆန်းမောင်, ဒဿဂီရိ, ဖယောင်း, မှတ်ပုံတင်ရန်, ယွန်းယွန်း, ရှင်းသန့်, ဝင်းကျော်ဦး, ဝင်းအောင်, သန့်ဇင်ဌေး, ဟိန်းဟိန်းမြတ်, ဇော်ရဲပိုင်, နေမင်းမောင်, မေဦးမွန်, မောင်ပေါ်ဦး, အောင်ကိုသန့်, ငြိမ်းချမ်း, မြင့်မိုရ်, ကြယ်စင်စိုး, ဖြိုးယံလေး, နှင်း, amaung344, arkaraung, Aung Aung, bonge, Emc Arkar, g00gle, hellboy, kaung kin lu, ko myo, kyaukphyu, kyawminkhoung, KznT, minthike, moe san dar, moemama2008, Nalthar, ninimar, pannuko, phoetharlay, sawjonnie, tu tu, yawnathan, Ye Naung, yelinoo, zo
Old 26-06-2011, 10:29 PM
tu tu
ကြီးကြပ်ရေးမှူး
 
tu tu's Avatar
 
အသင်းဝင်နေ့စွဲ: Oct 2007
ရေးသားချက်များ: 4,384
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 15,529
ပို့စ် 3,056 ခုအတွက် 13,948 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
ပုံများ: 171
tu tu is on a distinguished road
Icon10 ပြန်စာ - မြန်မာမိသားစု၏ အလှူရှင်များ

ယနေ့ (၂၆-၀၆-၂၀၁၁) မှာ အလှူရှင် minthike မှ ဖိုရမ်ရံပုံငွေအဖြစ် လှူဒါန်းသော အလှူငွေ စင်ကာင်္ပူဒေါ်လာ (၁၀၀) အား လက်ခံရရှိပါတယ်။

ဤသို့လှူဒါန်းခြင်း၏ အကျိုးအားကြောင့် ကျန်းမာ၊ ပျော်ရွှင်၊ အောင်မြင်ပြီး လောကီ လောကုတ္တရာ နှစ်ဖြာသောအကျိုးများ ရရှိပါစေကြောင်း မြန်မာမိသားစုကိုယ်စား ဆုမွန်ကောင်း တောင်းပေးရင်း ကျေးဇူးတင် ၀မ်းမြောက်စွာဖြင့် မှတ်တမ်းတင်ပါတယ်။

ဝ,လုံး ရေးဖို့ကျောက်တံသွေးနေသူ
tutu@myanmarfamily.org
tu tu is offline   Reply With Quote
Old 19-11-2011, 08:45 AM
tu tu
ကြီးကြပ်ရေးမှူး
 
tu tu's Avatar
 
အသင်းဝင်နေ့စွဲ: Oct 2007
ရေးသားချက်များ: 4,384
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 15,529
ပို့စ် 3,056 ခုအတွက် 13,948 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
ပုံများ: 171
tu tu is on a distinguished road
Icon12 ပြန်စာ - မြန်မာမိသားစု၏ အလှူရှင်များ

ယနေ့ (၁၉-၁၁-၂၀၁၁) မှာ အမည်မဖော်လိုတဲ့ မိသားစုဝင်တစ်ဦး မှ ဖိုရမ်ရံပုံငွေအဖြစ် လှူဒါန်းသော အလှူငွေ အမေရိကန်ဒေါ်လာ (၇၅) အား လက်ခံရရှိပါတယ်။

ဤသို့လှူဒါန်းခြင်း၏ အကျိုးအားကြောင့် အသိဥာဏ်ပညာ ထူးချွန်ထက်မြက်ပြီး အောင်မြင် ပျော်ရွှင်သောဘ၀ကို ရရှိပါစေကြောင်း မြန်မာမိသားစုကိုယ်စား ဆုမွန်ကောင်း တောင်းပေးရင်း ကျေးဇူးတင် ၀မ်းမြောက်စွာဖြင့် မှတ်တမ်းတင်ပါတယ်။

ဝ,လုံး ရေးဖို့ကျောက်တံသွေးနေသူ
tutu@myanmarfamily.org
tu tu is offline   Reply With Quote
အောက်ပါအသင်းဝင် 17 ဦးတို့မှ tu tu အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 25-12-2012, 07:10 PM
tu tu
ကြီးကြပ်ရေးမှူး
 
tu tu's Avatar
 
အသင်းဝင်နေ့စွဲ: Oct 2007
ရေးသားချက်များ: 4,384
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 15,529
ပို့စ် 3,056 ခုအတွက် 13,948 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
ပုံများ: 171
tu tu is on a distinguished road
Icon12 ပြန်စာ - မြန်မာမိသားစု၏ အလှူရှင်များ

ယနေ့ (၂၅-၁၂-၂၀၁၂) မှာ အလှူရှင် "minthike + ချယ်ရီမင်း" တို့မှ ဖိုရမ်ရံပုံငွေအဖြစ် လှူဒါန်းသော အလှူငွေ စင်ကာင်္ပူဒေါ်လာ (၁၀၀) အား လက်ခံရရှိပါတယ်။

ဤသို့လှူဒါန်းခြင်း၏ အကျိုးအားကြောင့် လိုအင်ဆန္ဒများ ပြည့်စုံပြီး အေးချမ်း၊ ပျော်ရွှင်ကြပါစေ..လို့ မြန်မာမိသားစုကိုယ်စား ဆုမွန်ကောင်း တောင်းပေးရင်း ကျေးဇူးတင် ၀မ်းမြောက်စွာဖြင့် မှတ်တမ်းတင်ပါတယ်။

ဝ,လုံး ရေးဖို့ကျောက်တံသွေးနေသူ
tutu@myanmarfamily.org
tu tu is offline   Reply With Quote
အောက်ပါအသင်းဝင် 11 ဦးတို့မှ tu tu အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Reply

တန်ဆာပလာများ
ဖော်ပြမှုပုံစံ

Posting Rules
You may not post new threads
You may not post replies
You may not post attachments
You may not edit your posts

BB code is On
Smilies are On
[IMG] code is On
HTML code is Off

ဖိုရမ်တွေ ကျော်ရောက်ချင်ရင် !


ဖိုရမ်၏ ပင်မအချိန်သည် ဂရင်းနစ်စံတော်ချိန် +6.5 ဖြစ်သည်။ဒေသစံတော်ချိန် 02:43 AM
Inactive Reminders By Icora Web Design