Go Back   မြန်မာမိသားစုဖိုရမ် » ..:: ကြေညာချက်များ ::.. » မသိမဖြစ်
မြန်မာလက်ကွက်

မသိမဖြစ် ဖိုရမ်က အသင်းသားတွေ ဖိုရမ်မှာ လည်ပတ်ရတာ ၊ ဖတ်ရှုရတာ ၊ ဒေါင်းလုဒ် လုပ်ရတာ စသဖြင့်ပေါ့ အားလုံးအဆင်ပြေအောင် မသိမဖြစ် လိုအပ်တာလေးတွေကို ဒီမှာ ထည့်ပေးထားပါတယ်။

Reply
 
Bookmark and Share တန်ဆာပလာများ ဖော်ပြမှုပုံစံ
Old 03-08-2010, 04:55 PM
  post #1
KznT
ကြီးကြပ်ရေးမှူး
 
KznT's Avatar
 
အသင်းဝင်နေ့စွဲ: Dec 2009
တည်နေရာ: http://www.techsectors.blogspot.com
ရေးသားချက်များ: 1,338
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 5,983
ပို့စ် 1,332 ခုအတွက် 20,391 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
KznT has a spectacular aura aboutKznT has a spectacular aura about
ကျေးဇူးတင်စကားပြောကြရာဝယ်



ကျေးဇူးတင်ပါတယ်ဗျာ
ကျေးဇူးပါ
ကျေးဇူး
ကျေးဇူးပဲနော်

ဒီစကားတွေ အားလုံးဟာ လူတစ်ယောက်ရဲ့ မေတ္တာထား ကူညီမှုကို အပြန်အလှန် မေတ္တာတုံ့ပြန်မှု အနေနဲ့ အသိအမှတ်ပြု ပြောကြားကြတဲ့ စကားတွေ ဖြစ်ပါတယ်။ ကျေးဇူးတင်စကား ဆိုတာနဲ့ ပတ်သတ်ပြီး အုပ်ချုပ်သူ ကိုဂျစ်တူးကနေ ဒီနေရာမှာ နားလည်လွယ်အောင် ရှင်းလင်းပေးခဲ့ဖူး ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ မြန်မာတွေ ကျေးဇူးတင်စကားနဲ့ ပတ်သတ်ပြီး ခံယူချက် လွဲနေတာလေးတွေ တွေ့နေရပါတယ်။ အဲ့ဒါကြောင့် ဒီ အကြောင်းအရာကို ထပ်ပြီး ရေးဖြစ်လိုက်တာပါ။

ကျေးဇူးတင်စကား ဆိုတာဘာလဲ ??
ကျေးဇူးတင်စကားဆိုတာ လူ့ပတ်ဝန်းကျင် နယ်ပယ်မှာ မိမိရဲ့ လိုအပ်ချက် တစ်ခုအတွက် တစ်စုံတစ်ယောက်က မေတ္တာရှေ့ထား ကူညီပေးတဲ့ အခါမှာ သူ့ ကူညီမှုက မိမိအတွက် အမှန်တကယ် တိုက်ရိုက် အကျိုးပြုသည် ဖြစ်စေ - အနည်းအကျဉ်း အကျိုးပြု ခဲ့သည် ဖြစ်စေ - တိုက်ရိုက် အကျိုးမပြုပဲ သွယ်ဝိုက်ပြီး တွန်းအားပေးခဲ့သည် ဖြစ်စေ - အဲ့ဒီ့သူရဲ့ ကူညီမှုကို မေတ္တာချင်း ရောင်ပြန်ထပ်ပြီး မဖြစ်မနေ ပြောကြားသင့်တဲ့ စကားကို ဆိုလိုပါတယ်။

Forum - ဖိုရမ် တစ်ခုရဲ့ သဘောသဘာဝဟာ တစ်ဦးတစ်ယောက်ကောင်းနဲ့ ရပ်တည်နေတာ မဟုတ်ပဲ လူအများရဲ့ ဝိုင်းဝန်းကူညီ ပံ့ပိုးမှုနဲ့ ရပ်တည်လည်ပတ်နေတယ် ဆိုတဲ့ အကြောင်းကို ကျွန်တော် ဒီနေရာမှာ ဖော်ပြခဲ့ပြီးပါပြီ။ ဒါ့ကြောင့် ဖိုရမ်မှာ လည်မယ် ပတ်မယ် လေ့လာစရာရှိတာတွေ လေ့လာမယ် - ကိုယ်တတ်နိုင်တဲ့ အတိုင်းအတာတွေကိုလည်း ဝင်ရောက်ကူညီမယ် - ဒီလိုဆိုမှ ဖိုရမ်တစ်ခုရဲ့ အနှစ်သာရက ပိုပိုပြီး ပြည့်ဝလာမှာပါ - အဲလိုမျိုး ဖိုရမ်မှာ လည်ပတ် လှုပ်ရှားတဲ့ အချိန်မှာ မလွဲမသွေသိထားရမယ့် ကျေးဇူးတင် စကား ပြောကြားတာနဲ့ ပတ်သတ်ပြီး ခံယူချက်တွေ မလွဲမှားစေဖို့ ဒီနေရာကနေ ရှင်းလင်း ဖော်ပြပေးလိုပါတယ်။

ဘာအတွက် ကျေးဇူးတင်စကား ပြောသင့်သလဲ ??
ဖိုရမ်ထဲမှာ လည်ပတ် ဖတ်ရှုတဲ့ အခါမှာ ကျေးဇူးတင်စကား ပြောခဲ့ကြဖို့ တိုက်တွန်းထားတာ အသင်းဝင်တိုင်း သိကြပေမယ့် ဘာအတွက် ကျေးဇူးတင်စကား ပြောသင့်သလဲ ဆိုတာကိုတော့ အသင်းဝင်တိုင်း ကောင်းကောင်း နားမလည်နိုင်ကြသေးပါဘူး - တစ်စုံတစ်ယောက်ကို ကျေးဇူးတင်စကား ပြောကြားတဲ့ အခါမှာ အခြေအနေ ( ၃ ) ရပ်ပေါ် မူတည်ပြီး ကျေးဇူးတင်စကား ပြောကြား သင့်ပါတယ်။

( ၁ ) တစ်စုံတစ်ယောက်ရဲ့ မျှဝေမှုကနေတစ်ဆင့် ကိုယ့်အတွက် အသိပညာ တစ်ခုမဟုတ် တစ်ခု ရရှိလိုက်တာ သေချာ ရင် အဲ့ဒီသူကို ကျေးဇူးတင်စကား ပြောကြားသင့်ပါတယ်။
( ၂ ) တစ်စုံတစ်ယောက်ရဲ့ မျှဝေမှုဟာ ကိုယ့်အတွက် အကြောင်းအရာ အသစ်တစ်ရပ် မဟုတ်ပေမယ့် ( ကိုယ်သိထား ပြီးသား အကြောင်းအရာဟောင်းတစ်ခု ဖြစ်နေပေမယ့် ) သူ့ရဲ့ မျှဝေမှုဟာ တစ်ခြားသူ တစ်ယောက်အတွက် အကျိုးဖြစ်စေတာ - အကျိုးပြုနေတာ မြင်တွေ့ရရင် ကျေးဇူးတင်စကား ပြောကြားသင့်ပါတယ်။
( ၃ ) တစ်စုံတစ်ယောက်ရဲ့ မျှဝေမှုဟာ ကိုယ့်အတွက် တိုက်ရိုက် အကျိုးပြုနေတာမျိုး မရှိသလို တစ်ခြားသူ တစ်ယောက် အတွက်လည်း လတ်တလော အခြေအနေမှာ အကျိုး ဖြစ်ထွန်းစေတာ မတွေ့ရဘူး - ဒါပေမယ့် သူ့ရဲ့ လုပ်ဆောင်ချက် ဟာ နောင်တစ်ချိန်မှာ တစ်စုံတစ်ယောက်အတွက် အကျိုးဖြစ်ထွန်းလာနိုင်စေမယ် - အကျိုးရှိလာစေနိုင်မယ် ဆိုတာ သေချာရင်လည်း သူ့ရဲ့ အားထုတ်မှုအတွက် အသိအမှတ်ပြု ကျေးဇူးတင်စကား ပြောကြားသင့်ပါတယ်။


ကျွန်တော်ဟာ ဖိုရမ်ကို ၂၀၀၉ ခုနှစ် ဒီဇင်ဘာလက ရောက်ရှိခဲ့ပါတယ်။ ကျွန်တော် တတ်စွမ်းသလောက် - ကျွန်တော် လေ့လာမိ သလောက် တစ်စုံတစ်ယောက်အတွက် မျှဝေနိုင်အောင် ကြိုးစားခဲ့သလို - ကျွန်တော့် အတွက် လိုအပ်နေသေးတဲ့ အသိပညာတွေ ကိုလည်း ဖိုရမ်ကနေ ရှာမှီးခဲ့ပါတယ်။ အထက်က အခြေအနေ လေးရပ်နဲ့ ကိုက်ညီတယ်လို့ ယူဆတဲ့ ကျွန်တော် ဖတ်မှတ်မိသမျှ ဝေမျှချက်တိုင်းကိုလည်း ကျွန်တော် ကျေးဇူးတင်စကား ပြောကြားခဲ့ပါတယ်။ ဖိုရမ်မှာ ကဏ္ဍခွဲတွေ အကြောင်းအရာခွဲတွေ အရမ်းများလို့ ကျွန်တော် ကျေးဇူးတင်စကား မပြောဖြစ်တဲ့ ဝေမျှချက်ကောင်းတွေ လည်း ရှိကောင်း ရှိနေဦးမှာပါ။ နောင်တစ်ချိန် ကျွန်တော် ဖတ်မှတ် လေ့လာမိချိန်မှာ မပြတ်မကွက် ကျေးဇူးတင်စကား ပြောကြားသွားပါ့မယ်လို့ ကတိပေးလိုပါတယ်။

ကျေးဇူးတင်စကား ဆိုတာ ဝေမျှသူတစ်ယောက် အတွက်တော့ တန်ဖိုးမဖျက်နိုင်တဲ့ ပီတိပါပဲ !!


အဲဒါကြောင့် မိသားစုဝင်များ ကျေးဇူးပြုပြီး ပို့စ်တစ်ခုဟာ အထက်မှာ ဖော်ပြခဲ့တဲ့ အခြေအနေ သုံးရပ်နဲ့ ကိုက်ညီခဲ့မယ် ဆိုရင် ပို့စ်တစ်ခုရဲ့ ညာဘက်အောက်ထောင့်နားက "ကျေးဇူးတင်စကား" ဆိုတဲ့ နေရာလေးကို မပျက်မကွက် နှိပ်ပေးကြရင်း Contributors များကို ပံ့ပိုးပေးကြဖို့ မေတ္တာရပ်ခံပါရစေ -

ပိုက်ဆံ မပေးရပါဘူး - ၁ မိနစ်မကြာပါဘူး - ကိုယ့်အကျိုးစီးပွား မထိခိုက်ပါဘူး - ဒါပေမယ့် Contributors များကို အတိုင်းအဆ မရှိပံ့ပိုးရာ ရောက်ပါတယ်။



KznT.

က,ကြီး ရေးဖို့ကျောက်သင်ပုန်းရှာနေသူ

Life is what you make of it. Go out and make your dreams come true.

Last edited by KznT; 19-03-2011 at 05:19 AM..
KznT is offline   Reply With Quote
အောက်ပါအသင်းဝင် 63 ဦးတို့မှ KznT အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
ကိုဂျိန်း, ကိုရင်သာဂိ, ကိုဦး, ကိုမြင့်, ခင်မေခ, ချစ်သမီး, ဆန်းမောင်, ဆွိ, တာတာ, ဒဿဂီရိ, ပလူးစ်, မျိုးဟန်ထက်, ယွန်းယွန်း, ယွမ်ယွမ်, ဝင်းကျော်ဦး, ဝင်းအောင်, သန့်ဇင်ဌေး, ဟန်မိုးလွင်, ဟိန်းသူအောင်, ဟိန်းဟိန်းမြတ်,ု့min khant thu, ကောင်းကင်ယံ2020, ခေါက်ရောင်းသား, ဂေါ်ဖီထုတ်လေး, ဇော်ရဲပိုင်, မေဦးမွန်, မောင်ပေါ်ဦး, မောင်အောင်ဟိန်းအေး, အောင်လံလေး, ငြိမ်းချမ်း, ကြယ်စင်စိုး, ဖြိုးယံလေး, နိုးတူး, alwslov, arkaraung, athaylay1, AZM, bagothar85, blackNwhite, bonge, Empathlover, g00gle, hellboy, htun30, johnmoeeain, kaung kin lu, ko myo, kwarsi, kyaukphyu, Kyaw Soe Thu, kyawminkhoung, Lwin Thu, MilkyWay, minthumon, moe san dar, pannuko, phoetharlay, PyaitSone, smlat88, thureinsoe, tu tu, yawnathan, zo
Old 19-03-2011, 05:17 AM
  post #2
သန့်ဇင်ဌေး
အထူးအသင်းဝင်
 
သန့်ဇင်ဌေး's Avatar
 
အသင်းဝင်နေ့စွဲ: Oct 2009
တည်နေရာ: ချစ်သူရင်ခွင်
ရေးသားချက်များ: 538
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 3,650
ပို့စ် 479 ခုအတွက် 4,822 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
ပုံများ: 4
သန့်ဇင်ဌေး will become famous soon enough
ပြန်စာ - ကျေးဇူးတင်စကားပြောကြရာဝယ်

ပိုစ်တခုကို ရေးသားပီ စာမေးသူရဲ့ အမေးကို ကျွန်တော်တို့ ဖြေချင်တဲ့ စိတ်တခုကနေ စပီး ပြောချင်ပါတယ်။ တကယ်တော့ ကျွန်တော်တို့လည်း အရမ်းကြီးတော်လို့ တက်လို့ မဟုတ်ပါဘူး Professional မဟုတ်ပါဘူး ဒါပေ့မယ် သိစေချင် အဆင်ပြေစေချင်တဲ့ စေတနာ တခုတည်းနဲ့ ရေးသားခြင်းပါ။ဘာကိုမှ လည်း မမျှော်လင့်ပါဘူး..

မိမိသိသလောက်လေးကို မျှဝေပေးပါ။
ကျွန်တော်တို့ ပိုစ့်တခု စတင်ရေးသားတော့မယ် ဆိုရင် အစပိုင်းမှာ အရမ်းကို လေရှည်တယ် အစချီတယ်ပေါ့နော်
ကျွန်တော် တို့ အစ ချီတာလေးတွေ မှာ စာတွေ မှာတာ စကားတွေ လေကြောရှည်သွားတာလေးတွေ ရှိပါတယ် ဘာလို့ အဲလို ရှည်လည်းဆိုတာကို အကို အစ်မများ စာဖတ်အား ကောင်း လာနိင်အောင် လူံဆော်ချင်တဲ့ ဆန္ဒ တခုတည်းကြောင့်ပါ ။ ကျွန်တော် တို့ ရေးတဲ့ နည်းက မှ ကောင်းတယ် ဆိုပီးတော့လည်း တသတ်မှတ်တည်း မမှတ်ထားပါနဲ့ ကိုယ်ကိုတိုင်ရေးသား မှတ်သား မျှဝေ ကြည့်ပါ။မိမိသိသလောက်တခြားသူ သိသွားတယ်။ တခြားသူတွက် အကျိုး ရှိသွားတယ် ဆိုရင် ပီတီတခု ကို ရပါတယ်။ ရရှိလာတဲ့ ပီတိက ဘာနဲ့မှ လဲလို့ မရဘူးဆိုတာကို အကိုအစ်မတို့ သိလာ ပါလိမ့်မယ်။ နောက်ပိုင်း စာရေးချင်စိတ် များလာတာ နဲ့ အမျှ ကျွန်တော်တို့ စာရေး ချင်တဲ့ တွက် စာဖတ် အားကောင်းလာတယ် .. စာဖတ်အား ကောင်းလာ တာနဲ့ အမျှနေစဉ် အသိညဏ်ပညာ အတက်ပညာ အစစ အရာရာ တိုးတက်လာတာကို သတိထားမိလာလိမ့်မယ် ဆိုတာကို ယုံကြည်ပေးပါ

ဒါကြောင့် မိမိ သိသမျှ တက်သမျှကို မျှဝေပေးဖို့ ဖိတ်ခေါ်ပါတယ်။ စာရေး ခြင်းက အရမ်းကို ကောင်းမွန်ပါတယ် . နောင်လာ နောင်သားတွေ တွက်လည်း ဗဟုသုတ နည်းပညာ အစစ အရာရာပေါ့ ကျွန်တော်တို့ က တစ ပေးရင် နောက်ထပ်လေ့လာတာနဲ့ ပေါင်းလိုက်တော့ နောင် လူငယ်တွေက အချိန်အတိုင်းအတာတိုတိုလေး တွင်းမှာ အမြင့်ကို မှန်းတက်ဖို့ မြန်လာကြမှာပါ. တယောက်အား နှစ်ယောက်အားနဲ့ မပြည့်စုံတဲ့ နည်းပညာလောကကြီးမှာ အများ ရဲ့ ၀ိုင်းဝန်းပံပိုးမူ အကုန်လုံး ရဲ့ မိမိ သိတဲ့အရာ တက်တဲ့ ပညာကို မျှပေးခြင်း က ပြီးပြည့်စုံဖို့ စွမ်းရည် တခု ဖြစ်လာမှာပါ။ အဲ့တော့ သိတာလေးတွေကို မျှဝေပေးပါ . ။


မျှဝေသူကို အားပေးပါ

တချို့တွေက စာရေးတာ ဆိုတာ အားပေးသည် ဖြစ်စေ မအားပေးသည်ဖြစ်စေ ဖတ်သည်ဖြစ်စေ မဖတ်သည် ဖြစ်စေ ရေးသားချင်တဲ့စိတ်မျှဝေချင်တဲ့ စိတ်တခုတည်းနဲ့ ရေးနေကြတဲ့ သူတွေ အများကြီးရှိပါတယ် သူတို့ကိုလည်း တက်နိင်သလောက် မိမိ ဖတ်မိသလောက် မိမိ မသိတာကို မျှဝေပေးသူ တယောက်. မိမိသိတာကို ရေးသားသူ ဆိုရင်တောင် ပြန်နွေးပေးသူ တယောက်လို့ သဘောထားပီးတော့ စိတ်ဓါက်ရေးရာလေးတွေ ကို မြှင့်တင်ပေးကြပါခင်ဗျာ.အားပေးပေးကြပါ .. အဲ့တာဆိုရင် အကို အစ်မများ မသိတာတွေ သိတာတွေရော.. အကုန်လုံးကို တဖြည်းဖြည်း နဲ့ ပိုစ်ကောင်းတွေလည်း တက်လာမယ် ဆိုတာကို ယုံကြည်နေမိတယ် ။ စာရေးသူ တယောက်က မိမိ စာကို ဖတ်စေချင် လို့ မိမိ သိသလို သိစေချင် တက်စေချင်လို့ မျှဝေ ရေးသားကြတာ ဖြစ်ပါတယ်. ရေးသားချက်တွေ ကောင်းမှ ကျေးဇူးတင်ပေးမယ် . မကောင်းရင် မဖတ်ဘူး ကျေးဇူးမတင်ဘူး ဆိုတာလေးကို ကျွန်တော်တို့ ကောင်းတဲ့စိတ်လေးတွေနဲ့ ကြည့်ပီး ပြင်ပေးကြည့်ပါ နောက်ဆုံးပြောချင်တာကတော့ ကျွန်တော်တို့ ရေးသားချက် ကောင်း သည်ဖြစ်စေ မကောင်းသည်ဖြစ်စေ မျှဝေသူရဲ့ ရေးသားချက်တခုဟာ စာ တလုံးလေး ဖြစ်ခဲ့တယ် ဆိုရင်တောင် အဲ့စာ တလုံး ရေးဖို့ ဖြစ်တည် ခြင်းမှ ဖြစ်ပေါ်လာတဲ့ မျှဝေ မူ စေတနာကို အသိမှတ်ပြုတဲ့အနေနဲ့ ကျေးဇူးတင်တဲ့ ခလုပ်လေးကို နိပ်ပေး ဖို့ မမေ့ပါနဲ့ လို့ပြောပါရစေ ခင်ဗျာ

ကျေးဇူးတင်ခလုပ်လေးက
နိပ်သူတွက်တော့ အချိန်မပေးရသလို နွမ်းနယ်မူ ဖြစ်မသွားပါဘူး.။ ဒါပေ့မယ် မျှဝေသူရဲ့ စိတ်ကို မြှင့်တင်ရာ ရောက်သွားတယ်. စာရေးခြင်းကို အားပေးမူ ဖြစ်စေတယ် ဆိုတာကို အကိုအစ်မတို့ သိစေချင်ပါတယ်။ ဘယ်ပညာ ရပ်မဆို ဆည်းပူး သင်ယူရတာ မလွယ်ပါဘူး အမှန်ပြောရမယ်ဆိုရင် မျှဝေရေးသားသူတိုင်းမှာ .. ကိုယ်ထက်နိမ့်ကျပါစေ ဆိုတဲ့ စိတ် မည့်သူမှာမှ မရှိပါဘူး .. အဲ့တာတော့ အသေချာပါပဲ့ ကိုယ်လို့ပဲ့တက်စေချင်တော်စေချင်လို့ ပြန်လည် ရေးသာပြောပြပေးကြတာပါ။ မိမိသိတာလေးကို ရေးပေးတာကလည်း တခြားသူ တဦးတယောက်တွက် အကျိုး ရှိသွားတယ် ဆိုရင် အရမ်းကို ပျော်ရွှင်မိပါတယ်။ အဲ့ ပျော်ရွှင်ရတဲ့ စိတ်လေး ပီတိလေးကို အကိုအစ်မတို့ မှာလည်း ရှိစေချင်တယ်။ ဖြစ်ပေါ်စေချင်တယ် ဒါကြောင့် မိမိ သိသလောက် တက်သလောက် မျှဝေပေးရင်း မိမိ ဖတ်မိ မှတ်မိတဲ့ပိုစ်တိုင်းကို အတက်ပညာ အသိပညာ အဖြစ် သေချာ မှတ်သား သင်ယူကြည့်ပါ။


နိဂုဏ်း အနေနဲ့ကတော့ အကို အစ်မများ ရဲ့ သိတဲ့ အတက်ပညာ အသိပညာ လေ့လာဘူးတဲ့ အရာ လေးတွေကို နောင်လာ နောင်သား လူငယ်တွေ အတွက် အသိ ပညာ တခု အတက်ပညာ တခု အဖြစ် ရရှိသွားအောင် မျှဝေပေးဖို့ ပြောချင်ပါတယ် ။ နောက်တခုက စာရေးသား မျှဝေသူတိုင်း ရဲ့ စိတ် ရင်းက အနည်းဆုံး မိမိ သိသလောက် ထက် ပို သိသွားစေချင်တဲ့ စိတ်တခုတည်းကြောင့် မျှဝေပေးတာ ဖြစ်တဲ့တွက် .. အကိုအစ်မ များအနေနဲ့ နောက်ထပ် ရေးသား ချင်စိတ် တဖွားဖွား ပေါ်လာအောင် အားပေးစကား. ကျေးဇူးတင်မူခလုပ်လေးတွေကို နိပ်ပေးခြင်းဖြင့် စာရေးသား မူ ကို မြှင့်တင်ပေးပါခင်ဗျာ။

ပရဟိတ စိတ် အပြည့်နဲ့ လူအများ အကူညီလိုအပ်မူတွေကို ကူညီကြပါစို့လား။

စိမ်းလန်းမြေ ပရဟိတ ဖိုရမ်

Thant Zin Htay
သန့်ဇင်ဌေး is offline   Reply With Quote
အောက်ပါအသင်းဝင် 40 ဦးတို့မှ သန့်ဇင်ဌေး အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 29-09-2011, 04:54 PM
  post #3
သန့်ဇင်ဌေး
အထူးအသင်းဝင်
 
သန့်ဇင်ဌေး's Avatar
 
အသင်းဝင်နေ့စွဲ: Oct 2009
တည်နေရာ: ချစ်သူရင်ခွင်
ရေးသားချက်များ: 538
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 3,650
ပို့စ် 479 ခုအတွက် 4,822 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
ပုံများ: 4
သန့်ဇင်ဌေး will become famous soon enough
ပြန်စာ - ကျေးဇူးတင်စကားပြောကြရာဝယ်

ကျွန်တော်လည်း ပိုစ်အသစ် မတက်တာ ကြာပါပြီ။ တကယ်တော့ ဒီနေ့ ဒီပို့စ်ေ ရးဖို့ အစီစဉ်မရှိပါဘူး ကိုဇိုးနဲ့ ကို ဂူတို့ ရေးထားတာလေးတွေကို တွေ့တော့ စိတ်ထဲ့ လာတိုက်ဆိုင်နေတာနဲ့ ရေးဖြစ်သွားတာပါ ။ ဒီကိံစ္စနဲ့ ပတ်သတ်ပြီး အရင်က ကိုကျော်ဇင်သန့် မပြန်ခင်က ရေးသွားတာ ရှိတယ် ဒါပေ့မယ် ရေးတုန်း ခဏပဲ့ . နောက်ပိုင်း ဒီတိုင်းပဲ့ ပြန်ဖြစ်သွားသလို နောက် Members အသစ်တွေလည်း မသိကြတော့ဘူး။ ဒီနေရာမှာ ပြောချင်တာက ကျေးဇူးတင်စကားဆိုတာကိုပါ။ ဒီစကားက မြန်မာတွေ ရဲ့ ရှေးရိုးအစဉ်လာနဲ့လည်း ညီတယ်။ ပြီးတော့ တဖတ်သူကို အားပေးမူ ဖြစ်သလို ကြိုးစားချင်စိတ်ကို တိုးစေတာတော့ အမှန်ပဲ့။


အခု ကျွန်တော်တို့တွေ ဖိုရမ်မှာ ဘယ်လိုပုံ ဖြစ်နေကြလည်း တချက်ကြည့်ကြရအောင်.....

တကယ်တော့ ဒီကိစ္စကို ကျွန်တော် မပြောချင်ပါဘူး။ ဘာရယ် မဟုတ်ဘူး လုပ်လိုက်တဲ့ ကိစ္စက လူတွေကို ထိခိုက်စေတက်တယ် ပိုစ့်တပိုစ့်ရေးဖို့ ဆိုတာတော်တော်လေး စာဖတ်ရပါတယ်။ စာမဖတ်ပဲ့နဲ့ စာရေးဖို့ ဆိုတာ မလွယ်ပါဘူး။စာရေးနေသူများသိပါလိမ့်မယ်။ တကယ်လို့ ရေးခဲ့တဲ့ ပိုစ့်က လိုအပ်နေသေးတယ်ဆိုတဲ့ ပိုစ့်မျိုး ဖြစ်ရင်တောင် ကြိုးစားရဦးမယ်ဆိုတဲ့ အသိလေးတွေတော့ ပြန်ဖတ်ပြီး တွေးမိဦးမှာပါပဲ့။ ဘယ်လိုပဲ့ ဖြစ်ဖြစ် ရေးပြီဆိုကတည်းက ကြိုးစားအားထုတ်မူ တခုတော့ ရေးတဲ့ သူမှာ အနည်းနဲ့ အများရှိတာပါပဲ့။ ပြီးတော့ နောက်လူတွေ သိအောင် မျှဝေတဲ့ ဆိုကတည်းက ဒီစာရေးသူရဲ့ စိတ်ကို လေးစားသင့်ပါတယ်။ လေးစားသင့်သလို ကြိုးစားအားထုတ်မူကို အားပေးတဲ့ အနေနဲ့ Thank ခလုပ်လေး နိုပ်ပေးရတာ ကျွန်တော်တို့ စာဖတ်သူတို့ ဖိုရမ် အသင်းဝင် မိသားစုတို့တွက် မပင်ပန်းဘူးထင်ပါတယ်။ ပိုက်ဆံလည်း မပေးရပါဘူး သူများလည်း ပျော်ရွှင် အားတက်စေတယ်ဆိုတာကို အရင်ဆုံး စကား ဦးသန်းချင်ပါတယ်။
ကိုယ်တိုင်ရေးတဲ့ ပိုစ့်ကို ဘယ်သူတွေ ဖတ်ကြလည်းဆိုတာကို စာရေးသူတော်တော်များများ ကိုယ်ပိုစ့်ကို ပြန်ကြည့် ဖြစ်ကြတယ်။ ကြည့်ရုံပဲ့တော့ မဟုတ်ပါဘူး ဘယ်သူတွေ ကျေးဇူးတင်စကားပြောသွားလည်းဆိုတာကိုပါ ကြည့်မိကြတယ်။ ငါ့ပိုစ့်ကို ဘယ်သူတွေဖတ်ပြီး ဘယ်သူတွေ ကျေးဇူးတင်စကားပြောသွားလည်းပေါ့။ ဘယ်နှစ်ယောက်များဖတ်ကြလဲ့? ကြည့်မိကြတာတော့ စာရေးသူတိုင်းဖြစ်မယ်လို့ ထင်ပါတယ်။



ဒါပြီးရင်တော့ ကျေးဇူးတင်စကားဘယ်သူများ ပြောလည်း ကိုယ်ရေးတဲ့ ပိုစ့်ရဲ့ အောက်ဆုံးလေးကို ကြည့်မိကြတာလည်း အမောပဲ့။ ဒါလည်း စာရေးသူတိုင်းရဲ့ ပီတိဖြစ်စေတဲ့ အားဆေးဆိုရင် မမှားလောက်ပါဘူး။



ဒီလို ပြောလို့ ဖိုရမ် members ၀င်ပြီး စာမရေးဖြစ်ကြသူတွေက ကိုယ်မရေးတာ သူတို့ ရေးချင်လို့ ရေးတာ Thank ပေးချင်မှ ပေးမှာပေါ့ ဆိုတာလေးတွေကို ဖယ်ထားပေးကြပါ။ နောက်တခုက ကိုယ်နဲ့ ရင်းနှီးတဲ့ သူကိုပဲ့ Thank ပေးကြပါတယ်။ အမှန်နဲ့ တည့်တည့်ပြောရရင် တယူသန် . အစွဲတွေ လည်း မဖြစ်သင့်ပါဘူး။ ကိုယ်နဲ့ မရင်းနှီးတဲ့သူဆိုရင် ကိုယ့် အတွက် ပိုစ်က ဘယ်လောက်အကျိုးရှိရှိ Thank ပေးချင်မှ ပေးတာတွေလေးတွေကို ရှောင်ကျဉ်ပေးကြပါ။ ကျွန်တော်တို့ ဗုဒ္ဓဘာသာလူမျိုးတွေပီပီ တရားဟောတွေထဲ့မှာလည်း ပါပါတယ်။ သင်ဆရာ မြင်ဆရာ ကြားဆရာ ဆိုတဲ့ သဘောကို နားလည်ကြမယ်ထင်ပါတယ်။ လူတိုင်းသိစေချင်နဲ့ စိတ်နဲ့ ရေးနေတဲ့ သူတွေက ပညာဒါန အလှူကို ပေးနေကြတာပါ။ သူတို့ သိတာက ကိုယ်မသိတာကို ပြောပြပေးတာ ဖြစ်ခဲ့ရင် ဒါက ကိုယ်ရဲ့ သင်ဆရာပဲ့ ။ တကယ်လို့ သိတာ ဖြစ်နေခဲ့ရင်လည်း ပြန်နွှေးပေးတာ ဖြစ်တဲအတွက် သူလည်း ကျွန်တော်တို့ အပြင်စကားနဲ့ ပြောရရင် Guide ဆရာလိုပဲ့ ဖြစ်နေတာပဲ့ မဟုတ်လား ။ စာကူကျက်ပေးတဲ့ သူငယ်ချင်း ဒါမှမဟုတ် အစ်မ အစ်ကို တစ်ယောက်နဲ့ တူမနေဘူးလား။
ဒါပေ့မယ် ဒီရေးသားသူတွေကတော့ ဘာမျှော်လင့်ချက်နဲ့မှ လူတိုင်းသိအောင် မျှဝေနေတာ မဟုတ်ပါဘူး။ အပြင်မှာလို ပိုက်ဆံပေးပြီး ကူညီနေတာ မဟုတ်ပါဘူး။ တစ်ယောက် အဆင်ပြေအောင် တစ်ယောက်က သိတာလေးတွေကို ချပေးတဲ့ သဘောပါ။ အပြင်မှာ လူချင်းတွေမယ်ဆိုရင်လည်း ကျေးဇူးပါ.. ဆိုတဲ့ စကားကိုလည်း သုံးမိကြမှာပဲ့ မဟုတ်လား။အပြင်မှာဆိုရင်တောင်မှပဲ့ ကျွန်တော်တို့ ပါးစပ်က ပြောရမှာ ရွံသလို ရှက်သလို ဖြစ်နေသလို ဖြစ်နေဦးမယ်။ ပြီးတော့ ရင်းနှီးရင် ပြောလိုက်ရင် အားနာစရာလို ဖြစ်သွားဦးမယ် ။ လေကုန်နေဦးမယ်။ ဒီမှာတော့ လေမကုန်ပါဘူး။ ရွံ့စရာမလိုပါဘူး။ ပိုက်ဆံမပေးရပါဘူး။ Click လေး တချက်နိုပ်ပေးယုံပါပဲ့။


ဒီနေရာမှာ မိသားစု အသင်းဝင် အသစ်တွေက Thank ခလုပ်နိုပ်ပေးတဲ့ သဘောတရားလေးတွေကို သိချင်မှသိတယ် နိုပ်ရမယ်မှန်းလည်း သိချင်မှ သိလိမ့်မယ်။ ဒီတော့ ကျွန်တော်တို့ နီးစပ်ရာလေးတွေကနေ ဒီပိုစ်တွေကို ညွှန်းပေးပါ။ အသင်းဝင်သစ်တွေကသိလာရင် ဒီ စိတ်ခံစားမူ . ပီတိ လေးတွေ ဖြစ်နေမူတွေကလည်း ပိုတိုးလာမယ် ထင်ပါတယ်။ နောက်တခုက ကျွန်တော်တို့ အသင်းဝင်ဟောင်း တော်တော်များများက ဒီကိစ္စကို သိပါတယ်။ တချိုက အစွဲနဲ့ ပဲ့ Thank ပေးပါတယ်။ အစွဲဆိုတာ ကိုယ်နဲ့ ရင်းနှီးတဲ့သူ ကူညီဖြေရှင်းပေးဘူးသူကိုပဲ့ Thank ပေးတာပါ။ ဒါလည်း အမှန်ပြောရမယ်ဆိုရင် ကိုယ်ကိုတိုင်တွေးကြည့်ရင် ဘယ်လို သဘောရောက်နေလည်းဆိုတာကို သိပါလိမ့်မယ်။ ဒါလေးတွေကိုလည်း ပြင်ပေးကြဖို့ ကျွန်တော် အကြံပြုတိုက်တွန်းလိုပါတယ်။

ဒီကိစ္စနဲ့ ပတ်သတ်ပြီး ကျွန်တော် ကြုံဘူးတာလေးကို ပြောပြချင်ပါသေးတယ်။ အရင်ဆုံး သိချင်တဲ့ အရာတခုကို အသင်းဝင်တစ်ယောက်က ၀င်မေးသွားတယ်။ ဒါကို အောက်မှာ အဖြေပြန်ဖြေပေးတဲ့လူရှိတယ်။ ပြီးတော့ စာမေးသူကပဲ့ အောက်မှာ ပိုစ့်တပိုစ်နဲ့ ကျေးဇူးတင်ကြောင်းထပ်ပြောသွားတယ်။ ဒီတော့ ဒီနေရာမှာ ပိုစ် ၃ ပိုစ့် ဖြစ်နေတာကို သဘောပေါက်မယ်ထင်ပါတယ်။

အရင်ဆုံးပိုစ်... မူလ မေးသူ
ဒုတိယပိုစ့် ဖြေသူ.
တတိယပိုစ့် မူလမေးသူမှ ကျေးဇူးတင်ကြောင်း.. ပြော

ဒီနေရာမှာ ဖြစ်သွားတာလေးက အရင်ဆုံးပိုစ့်နဲ့ နောက်ဆုံး မေးတဲ့သူက ကျေးဇူးတင်ကြောင်းပြောတဲ့ ပိုစ့်တွေမှာပဲ့ ကျေးဇူးတင်စကားပြောပြီး ဖြေပေးတဲ့သူပိုစ့်မှာ ကျေးဇူးတင်စကားမပြောတော့ စာရေးသူ တစ်ယောက်အနေနဲ့ ကိုယ်ရေးတဲ့ ပိုစ့်ကပဲ့ မပြည့်စုံလို့လား ဒါမှမဟုတ် အကျိုးမရှိတဲ့ပိုစ်များဖြစ်သွားလို့လားဆိုပြီး စဉ်းစားခန်းရောက်သွားတာတော့ အသေချာပဲ့။ ပြုသူကတော့ မသိပေ့မယ် ခံရသူကတော့ စိတ်ထဲ့ မကောင်းသလို ဇနိုးဇနောင့် ဖြစ်သွားတာအပြင် စာရေးချင်စိတ်ပါ ပျက်မိတာ အမှန်ပဲ့။ ဒီလို မဖြစ်အောင်လည်း သတိပြုပေးကြပါလို့ အကြံပြုတိုက်တွန်းလိုပါတယ်။

နောက်ဆုံးတခုကတော့ ကျွန်တော်တို့ ဖိုရမ် မိသားစုဝင်တွေထဲ့မှာ အရောင်ဂှိတာ မရှိတာတွေက အဓိကမကျပါဘူး။ ကိုယ်ပိုင်အရည်အချင်း ကိုယ်ရည်ကိုယ်သွေးတက်ဖို့က အဓိက ကျပါတယ်။ ဒါကို အယူမလွဲကြပါနဲ့။ တချို့က ပြောတယ် အရောင်ဖြစ်လာချင်ရင် လွယ်လွယ်လေး သူများမတင်ဘူးတာ တင်လို့ ပြောတဲ့ ညီအကိုမောင်နှမတွေလည်း စိတ်ရင်း တွေ မမှားကြပါနဲ့လို့ ပြောချင်ပါသေးတယ်။

အားလုံးကို အနှစ်ပြန်ချုပ်ရရင် ကျေးဇူးတင်စကားပြောဖို့ Thank ခလုပ်နိုပ်တာ မပင်ပန်းပါဘူး. ဒါအပြင်စာရေးသူကိုပါ အားဆေး ဖြစ်စေပါတယ်။ ဒီတော့ ကျေးဇူးတင် ခလုပ်ကလေးကို နိုပ်ပေးကြပါလို့ ပြောရင်း မိသားစုအားလုံးပျော်ရွှင် ကြပါစေ...

သန့်ဇင်ဌေး

ပရဟိတ စိတ် အပြည့်နဲ့ လူအများ အကူညီလိုအပ်မူတွေကို ကူညီကြပါစို့လား။

စိမ်းလန်းမြေ ပရဟိတ ဖိုရမ်

Thant Zin Htay
သန့်ဇင်ဌေး is offline   Reply With Quote
အောက်ပါအသင်းဝင် 34 ဦးတို့မှ သန့်ဇင်ဌေး အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Reply

Tags
mf guide

တန်ဆာပလာများ
ဖော်ပြမှုပုံစံ

Posting Rules
You may not post new threads
You may not post replies
You may not post attachments
You may not edit your posts

BB code is On
Smilies are On
[IMG] code is On
HTML code is Off

ဖိုရမ်တွေ ကျော်ရောက်ချင်ရင် !


ဖိုရမ်၏ ပင်မအချိန်သည် ဂရင်းနစ်စံတော်ချိန် +6.5 ဖြစ်သည်။ဒေသစံတော်ချိန် 10:34 PM
Inactive Reminders By Icora Web Design