Go Back   မြန်မာမိသားစုဖိုရမ် » ..:: ကွန်ပျူတာနယ်ပယ် ::.. » Linux များ (သို့) Linux နှင့်ဆိုင်ရာများ
မြန်မာလက်ကွက်

Linux များ (သို့) Linux နှင့်ဆိုင်ရာများ Linux OS များအကြောင်း ဆွေးနွေးရန်နေရာပါ.. Linux OS အသုံးပြုပုံများ.. တွေ့ကြုံရသည့်အခက်အခဲများကို ဆွေးနွေးဝေမျှထားသည့်နေရာဖြစ်သလို သင်ကိုယ်တိုင်လည်းဝင်ရောက်ဆွေးနွေးနိုင်ပါသည်.

Reply
 
Bookmark and Share တန်ဆာပလာများ ဖော်ပြမှုပုံစံ
Old 07-06-2010, 09:56 PM
  post #1
KznT
ကြီးကြပ်ရေးမှူး
 
KznT's Avatar
 
အသင်းဝင်နေ့စွဲ: Dec 2009
တည်နေရာ: http://www.techsectors.blogspot.com
ရေးသားချက်များ: 1,338
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 5,983
ပို့စ် 1,332 ခုအတွက် 20,390 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
KznT has a spectacular aura aboutKznT has a spectacular aura about
Network Configuration in Ubuntu 10.04 LTS ( Wired - LAN )

Quote:
Ubuntu 10.04 မှာအင်တာနက်ဘယ်လိုချိတ်ရလဲ
ဆိုပြီး ကို Waidar မေးထားလို့ သက်ဆိုင်ရာ ဒီနေရာမှာ ဆွေးနွေးချက် အသစ်ထုတ်ပြီး ဖော်ပြလိုက်ပါတယ်။ ဒီအကြောင်းအရာကိုပဲ Ubuntu 10.04 LTS မတိုင်ခင်တုန်းက ကိုဟိန်း ကနေပြီး ဒီနေရာမှာ Linux for Network Application ဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးထားတာ တွေ့မိပါတယ်။

ဒီအကြောင်းကို အသေးစိတ်ပြောရင် အရမ်းရှည်ပြီး လိုရင်း မရောက်မှာစိုးလို့ တတ်နိုင်သမျှ အတိုဆုံးဖြစ်အောင် ကျွန်တော် ကြိုးစားသွားပါ့မယ်။ အသေးစိတ်ပြောရင် အရမ်းရှည်လို့ ဘာကြောင့်ပြောရတာလဲ ဆိုတော့ ကျွန်တော်တို့ တစ်ယောက်နဲ့ တစ်ယောက်က အသုံးပြုကြတဲ့ Network ချင်း မတူကြလို့ပါ။

Ubuntu 10.04 မှာ Internet connection ရရှိအောင် လုပ်ဆောင်တဲ့နေရာကတော့ ပုံမှန်အားဖြင့် Panel မှာရှိနေတဲ့ System > Preferences > Network Connections ပဲ ဖြစ်ပါတယ်။


အောက်ဖော်ပြပါအတိုင်း တစ်ခြားနေရာကနေလည်း သွားလို့ ရပါသေးတယ် - ဖော်ပြပါအနီနဲ့ ဝိုင်းပြထားတဲ့ နေရာမှာ ဘာမှမပြုပြင် မပြောင်းလဲ ရသေးတဲ့ အခြေအနေဆိုရင် Wireless network ပုံစံနဲ့ ပေါ်နေတတ်ပါတယ်။ ကျွန်တော်ကတော့ Connection ချိတ်ထားပြီးသားမို့လို့ ဖော်ပြပါအတိုင်း အထက်အောက် မြှားပုံစံ ( Wired ) နဲ့ မြင်နေရတာပါ - ဘယ်လိုပဲ ဖြစ်စေ ဖော်ပြပါနေရာမှာ ပေါ်နေတဲ့ icon ကို ကလစ်ပေးလိုက်ပါ။ အဲကနေ တဆင့် VPN Connections > Configure VPN ကိုသွားပါ။


အထက်ဖော်ပြပါ နေရာတွေထဲက ဘယ်နည်းနဲ့ သွားသွား ရောက်ရှိမယ့် နေရာကတော့ အောက်ဖော်ပြပါ နေရာပဲ ဖြစ်ပါတယ်။


ဖော်ပြပါ နေရာကိုရောက်ပြီဆိုရင် မိမိ အသုံးပြုနေတဲ့ Network အမျိုးအစားအလိုက် ပြုပြင်ပြောင်းလဲ မှုတွေ လုပ်ပေးရပါ လိမ့်မယ်။ ကျွန်တော့် အနေနဲ့ လောလောဆယ်မှာ Ethernet Network သမားတွေ အတွက် ဘယ်လို Network နဲ့ချိတ်မယ်ဆိုတာ ဆက်ပြီး ဖော်ပြပေးသွားပါ့မယ်။ အပေါ်မှာတွေ့နေရတဲ့ Network Connections box က Wired tab မှာ Add ကိုနှိပ်ပါ။


ဖော်ပြပါအတိုင်း -

1. IPv4 Settings ကိုဝင်ရောက်ပြီး Method နေရာမှာ Manual ရွေးပေးပါမယ်။
2. Add ကို နှိပ်ပါမယ်။
3. Address နေရာမှာ မိမိရဲ့ Windows မှာ Network configuration လုပ်တုန်းက ဖြည့်ခဲ့ရတဲ့ IP address, Netmask နေရာမှာ Windows မှာ Network configuration လုပ်တုန်းက ဖြည့်ခဲ့ရတဲ့ Subnet mask, Gateway နေရာမှာ Windows မှာ Network configuration လုပ်တုန်းက ဖြည့်ခဲ့ရတဲ့ Default Gateway ကို ဖြည့်ပေးပါ။ Windows ရဲ့ ဘယ်နေရာမှာ ဒီဂဏန်းတွေ ဖြည့်ခဲ့မှန်း မမှတ်မိခဲ့ရင် အောက်ဖော်ပြပါပုံကို ကြည့်ကြည့်ပါ။ Windows မှာရှိတဲ့ ဖော်ပြပါနေရာတွေမှာရှိတဲ့ ဂဏန်းမျိုးတွေ ဖြစ်ပါတယ်။


4. DNS severs နေရာမှာလည်း Windows မှာ Network configuration လုပ်တုန်းက ဖြည့်ခဲ့ရတဲ့အတိုင်း ဂဏန်းတွေ ဖြည့်ပေးလိုက်ပါ။
5. ပြီးရင်တော့ Apply ပေးလိုက်ပါ။

ဒါဆိုရင် Ethernet Network သမားတွေ အတွက် Connection ရပါပြီ။ တစ်ခြား Network အမျိုးအစားကို သုံးသူတွေ အနေနဲ့လည်း Network Connections ကနေပဲ တစ်ဆင့်ပြီး တစ်ဆင့် လုပ်ဆောင်သွားနိုင်ပါတယ်။

Quote:
နောက်ထပ် Network Configuration အကြောင်းတွေကို အကျယ်ချဲ့ လေ့လာလိုသူများ အနေနဲ့ မိမိရဲ့ သက်ဆိုင်ရာအလိုက် Network Configuration တွေကို ဒီနေရာကနေ သွားရောက်လေ့လာနိုင်ပါသေးတယ်။
စာပြန်နောက်ကျမှာ စိုးတဲ့ အတွက် ဒီအကြောင်းအရာကို အရင်ဖော်ပြလိုက်တာပါ။ နောက်တစ်ပိုင်း ဖြစ်တဲ့ Ubuntu မှာ Software ဘယ်လို Run ရလည်း ဆိုတာကိုလည်း ဆက်လက် ဖော်ပြသွားပါမယ်။ ကျွန်တော် လည်း တစ်ခြား ကိစ္စလေးတွေ ရှိနေသေးတဲ့ အတွက် တဆက် တစပ်တည်း မဖော်ပြနိုင်သေးတာကို နားလည်ပေးကြဖို့ တောင်းပန်လိုပါတယ်။ အားတဲ့ အချိန်လေးမှာ ချက်ချင်းရေးပြီး တင်ပေးသွားပါ့မယ်။

ဒါကတော့ ကျွန်တော်ရေးထားတာတွေ အလွယ်တကူ ဖတ်နိုင်အောင်ပါ။

KznT.

က,ကြီး ရေးဖို့ကျောက်သင်ပုန်းရှာနေသူ

Life is what you make of it. Go out and make your dreams come true.

Last edited by KznT; 25-07-2010 at 12:42 PM..
KznT is offline   Reply With Quote
အောက်ပါအသင်းဝင် 13 ဦးတို့မှ KznT အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 11-07-2010, 08:56 AM
  post #2
ကိုဦး
MF Contributor
 
ကိုဦး's Avatar
 
အသင်းဝင်နေ့စွဲ: Dec 2007
တည်နေရာ: လူပြည်
ရေးသားချက်များ: 633
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 1,734
ပို့စ် 400 ခုအတွက် 1,631 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
ကိုဦး is on a distinguished road
ပြန်စာ - Network Configuration in Ubuntu 10.04 LTS

အကိုရေ (ကိုKznT)..
Network နဲ့ ဆိုင်လို့  ကျွန်တော် ဒီနေရာလေးမှာပဲ ပို့ စ်တင်လိုက်ပါတယ် ..
ဒီနေရာလေး မှာ ကျွန်တော်မေးထားတဲ့  မေးခွန်း တစ်ခုရှိပါတယ် ..
Quote:
Terminal ကနေ အင်စတောတာမျိုးဆိုရင် အင်တာနက်ချိတ်မရပါဘူး ဖြစ်နေတယ်။
http://www.ubuntu4mm.org မှာ ကိုရာမညဖိုးလပြည့် ရှင်းပြထားတဲ့  Ubuntu 407 Proxy Authentication Required Error ဆိုပြီး ရှိပါတယ် ...
အဲဒီအတိုင်း လုပ်ကြည့်တော့လည်း အဆင်မပြေဘူး ဖြစ်နေတယ်..
ကိုဖိုးလပြည့်ရဲ့ ပိုစ့်လေးကို ကျွန်တော် ဖြည့်စွက် ကိုးကားပြီးပြန်တင်ပေးလိုက်ပေးလိုက်ပါတယ်။
ကျွန်တော်တို့ ကျောင်းမှာ အင်တာနက်ကို Free ပေးထားပါတယ် .. အင်တာနက်အမျိုးအစားကတော့ proxy သတ်မှတ်ထားတဲ့ (ဆာဗာက squid ထိုင်ထားတာပါ) ပါ။
အင်တာနက်ကို အသုံပြုမည့်ဆိုတိုင်း proxy setting မှာ user and password သွားထည့်ပေးရပါတယ်။
ကျွန်တော် ပထမဆုံး အကြိမ် Ubuntu စအသုံးပြုတုန်းက browser တို့ ၊ Synaptic Package Manager တို့မှာ အင်တာနက်ချိတ်လို့ရပေမဲ့ ၊ Terminal ကနေ အင်စတောတာမျိုးဆိုရင် အင်တာနက်ချိတ်မရပါဘူး။ အင်တာနက် ရှိမှာ ကျန်တာတွေဆက်လုပ် နိုင်မှာမို့ လို့  မရရအောင် လိုက်ရှာဖတ်ရင် ၂ ညလောက်တော့ မိုးလင်းသွားတယ်။
ဟိုလူမေး ဒီလူမေးနဲ့  ဖိုရမတွေ လိုက်ဖတ် ဒါလည်း အဆင်မပြေဘူး။ ကျွန်တော် အင်္ဂလိပ် စာဖတ်အားနည်း တာကြောင့်လည်း ဖြစ်မှာပါ။ ကိုဖိုးလပြည့်ကို အကူညီတောင်းလည်း မရနဲ့ လူကို ခြာခြာလည်နေတော့တာပါပဲဗျာ ..အမှန်တိုင်းပြောရရင် စိတ်ပျက်ပြီး ဒီတိုင်းထားထား မိတယ်။ ဒီရက်အတွင်း အားနေတာနဲ့  ဒီလောက်ဖြစ်တဲ့  Ubuntu ဆိုပြီး uninstall ပြန်လုပ် ပြန်တင်ပြီး လုပ်တော့မှာပဲ အဆင်ပြေသွားတော့တယ်။ ကျွန်တော်လိုမျိုး အင်တာနက်သုံးစွဲ သူတွေအတွက် နောက်အခက်အခဲမဖြစ်အောင် ပိုစ့်တင်လိုက်တာပါ။လျှာရှည်နေတာနဲ့  လိုရင်းမရောက်တော့ဘူး ..
ကဲ ... စမယ် ..

System --> Preferences --> Network Proxy မှာ Manual Proxy Configuration ကိုရွေးပြီး မိမိတို့သတ်မှတ်ထားတဲ့ Host and Port ကိုထည့်ပါ။ တကယ်လို့ username and password ပါလို့ရှိရင် Detail ကနေ မိမိတို့ဆိုင်ရာ username and password ကိုထည့်ပါ။


System --> Administration --> Synaptic Package Manager
ရဲ့ Settings --> Preferences --> Network ကနေ စောစောကအတိုင်း Manual Proxy Configuration မှာ ဖြည့်ပါ။


Browser ကနေ အင်တာနက်နဲ့ Synaptic Package Manager ကနေ ဆော့ဖ်ဝဲလ်တစ်ချို့ install လို့ရပါပြီး။ Firefox အတွက် သူ့ရဲ့ Edit --> Preferences ကနေ Network မှာ ထုံးစံအတိုင်း Manual Proxy Setting မှာ မိမိတို့ proxy data ထည့်ပြီး သုံးနိုင်ပါပြီး။

Synaptic Package Manager
မှာ Reload /Make all Upgrades/ Apply လုပ်ပါ ။

Terminal ကနေ အင်တာနက်ချိတ်မချိတ်စမ်းကြည့်ပါ။

Quote:
sudo apt-get update
[color="Blue"]
407 Proxy Authentication Required Error မတက်ဘူးဆိုရင်တော့ Terminal မှာအင်တာနက် ချိတ်သွားပါပြီ ။ Error တက်နေသေးတယ် ဆိုရင်တော့

Quote:
sudo gedit /etc/apt/apt.conf
ရိုက်ပြီး apt.conf ဖိုင်ကို ဖွင့်လိုက်ပါ။ပွင့်လာပါက အဲ့ဒီဖိုင်ထဲမှာ အောက်ပါစာသားထည့်ပြီး save လိုက်ပါ။
Quote:
Acquire::http::Proxy "http://username:password@proxy:port";
Acquire::ftp::Proxy "ftp://username:password@proxy:port";
username:password နေရာမှာ ကိုယ်ရဲ့  username နဲ့  password ကိုဖြည့်ပါ။
proxy:port နေရာမှာ ကိုယ် အသုံးပြုနေတဲ့  proxy နဲ့  port ကိုဖြည့်ပါ။

ပြီးရင်း Terminal မှာအင်တာနက် ချိတ်မချိတ်ပြန်စမ်းကြည့်ပါ။
ကျွန်တော်တုန်းကတော့ ချိတ်လို့ မရသေးဘူးဗျ .. စိတ်မပူပါနဲ့  Restart ချပြီး ပြန်စမ်းပါ။
အိုခေမှာ စိုပြေပြီဗျာ ..

Happy to help
ကိုဦး is offline   Reply With Quote
အောက်ပါအသင်းဝင် 11 ဦးတို့မှ ကိုဦး အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 25-07-2010, 11:51 AM
  post #3
ဂတုံးလေး
လမ်းလျှောက်တတ်စ
 
အသင်းဝင်နေ့စွဲ: Mar 2009
ရေးသားချက်များ: 16
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 301
ပို့စ် 7 ခုအတွက် 22 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
ဂတုံးလေး is on a distinguished road
Icon19 ပြန်စာ - Network Configuration in Ubuntu 10.04 LTS

ဒာကိုရေ..ညီ ၀င်းဒိုး ၇ ထဲကနေ WUBI နဲ့ Ubuntue 10.4 ကိုတင်ထားပါတယ်...ညီ့ကွန်နက်ရှင်က vpn connection ဒာမျိုးဒာစားပါ....direct no proxy နဲ့ သုံးနေတာပါ....ခု ကွန်နက်ရှင် ဘယ်လိုမှ ချိတ်မရလို့....ဒာကိုပြောတဲ့ လင့်နေလည်း သွားကြည့်ပါတယ်...ဒာထဲမှာ ထည့်တဲ့ setting များတစ်ခုခုမှားနေလားမသိဝူး ထင်လို့... ရှင်းပြပေးပါဒာုံး ဒာကို

မနှစ်နွေရာသီတုန်းကလည်း ကလည်း ubuntue ကို wubi နဲ့ပဲ စမ်းဖူးပါသေးတယ်...ဒါပေမဲ့ ခုလို နက်ချိတ်မရတာနဲ့ပဲ လက်လျော့လိုက်ရတယ်...ခု ဒာကို Kzn T ရဲ့ လင်းနစ် ပိုစ်တွေဖတ်ပြီး ပြန်စိတ်ဝင်စားလာလို့ စမ်းကြည့်တာလည်း ဒီမှာပဲ တစ်နေပြန်ပြီ

Last edited by ဂတုံးလေး; 25-07-2010 at 11:54 AM..
ဂတုံးလေး is offline   Reply With Quote
Old 25-07-2010, 03:37 PM
  post #4
KznT
ကြီးကြပ်ရေးမှူး
 
KznT's Avatar
 
အသင်းဝင်နေ့စွဲ: Dec 2009
တည်နေရာ: http://www.techsectors.blogspot.com
ရေးသားချက်များ: 1,338
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 5,983
ပို့စ် 1,332 ခုအတွက် 20,390 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
KznT has a spectacular aura aboutKznT has a spectacular aura about
ပြန်စာ - Network Configuration in Ubuntu 10.04 LTS

Quote:
Originally Posted by ဂတုံးလေး View Post
ဒာကိုရေ..ညီ ၀င်းဒိုး ၇ ထဲကနေ WUBI နဲ့ Ubuntue 10.4 ကိုတင်ထားပါတယ်...ညီ့ကွန်နက်ရှင်က vpn connection ဒာမျိုးဒာစားပါ....direct no proxy နဲ့ သုံးနေတာပါ....ခု ကွန်နက်ရှင် ဘယ်လိုမှ ချိတ်မရလို့....ဒာကိုပြောတဲ့ လင့်နေလည်း သွားကြည့်ပါတယ်...ဒာထဲမှာ ထည့်တဲ့ setting များတစ်ခုခုမှားနေလားမသိဝူး ထင်လို့... ရှင်းပြပေးပါဒာုံး ဒာကို
ကျွန်တော် အရင်က Network Configuration in Ubuntu 10.04 LTS ဆိုပြီး ရေးခဲ့ဖူးပါတယ်။ ဒါပေမယ့် ကျွန်တော် ရေးခဲ့တဲ့ Network Configuration က အဓိက Target ထားတာ Wired ( LAN ) သမားတွေ အတွက်ပါ။ အဲတာကြောင့်မို့ vpn connection ဒာမျိုးဒာစား ကို သုံးနေတဲ့ ကို ဂတုံးက ကျွန်တော် ဖော်ပြထားတဲ့ Network Configuration နည်းနဲ့ ချိတ်လို့ မရတာ ဖြစ်နိုင်ပါတယ်။ Network အကြောင်းက ပြောရမယ်ဆို တော်တော်လေး များပါတယ်။ တစ်ယောက်နဲ့ တစ်ယောက်နဲ့ ကလည်း အသုံးပြုကြတဲ့ Network အမျိုးအစားခြင်းက မတူတော့ ဘာပဲလာလာ ဒါတစ်မျိုးတည်း လုပ်ဆိုပြီး ဥပဒေသက ထုတ်မရပါဘူး - အဲတာက လည်း တော်တော်လေး အကျပ်ရိုက်ပါတယ်။ အဲ့ထက်ဆိုးတာက Ubuntu ( Linux ) ကို ခုမှ စပြီး ထိတွေ့မယ့်သူဆို ပိုဆိုးပါတယ်။ အားလုံးက အသစ်ကြီးပဲ ဆိုတော့ ဘယ်နေရာမှာ ဘာရှိမှန်း မသိတာရော - အပြင်အဆင်ကလည်း Windows နဲ့ကွာနေတာရော - အားလုံးပေါင်းလိုက်တော့ ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိ ဖြစ်တတ်ပါတယ်။

Ubuntu က Support ပေးထားတဲ့ Network Manager အကြောင်းကို အတိုချုံးပြီး လေ့လာရင် ပုံမှန်အားဖြင့် Ubuntu မှာ Internet နဲ့ချိတ်ဆက်ဖို့ နည်းလမ်း ( ၅ ) မျိုး ရှိပါတယ်။ အဲတာတွေက

( ၁ ) Wired လို့ ခေါ်တဲ့ LAN network အမျိုးအစား
( ၂ ) Wireless network အမျိုးအစား
( ၃ ) Mobile broadband
( ၄ ) VPN
( ၅ ) DSL connections ဆိုတာတွေပါ။

Wired လို့ ခေါ်တဲ့ LAN network အမျိုးအစား အကြောင်းကိုတော့ ကို ဒီနေရာမှာ ကျွန်တော် ဖော်ပြခဲ့ပြီးပါပြီ။ မှန်ရာ ပြောရရင် Network အမျိုးအစားတွေက အတိုချုံးလိုက်ရင် ( ၅ ) မျိုးတည်း ဆိုပေမယ့် သူ့ကို ဖြန့်ထုတ်လိုက်ရင် အမျိုးအစားက တော်တော်လေး များပါတယ်။ ကျွန်တော့် အနေနဲ့လည်း network အမျိုးအစား အားလုံးစုံအောင် လိုက်သုံးနေတဲ့ သူ မဟုတ်တော့ တစ်ခု ချင်းစီရဲ့ အသေးစိတ်အကြောင်းအရာ - ဘယ်လို ချိတ်ဆက်ရမယ် - ဘယ်နေရာမှာ ဘာထည့် - ဘယ်နေရာမှာ ဘာပြင် ဆိုတာမျိုးကျတော့ တိတိကျကျ ရေးသားနိုင်လောက်အောင် မစွမ်းပါဘူး - အဲ့ကြောင့်မို့လို့ Network Configuration in Ubuntu 10.04 LTS လို့ ခေါင်းစဉ်တပ်ပြီး ရေးခဲ့ပေမယ့် သူ့အောက်မှာ အကြောင်းအရာ အားလုံးစုံအောင် မဖော်ပြနိုင်ခဲ့တာပါ။ ခုတော့ ကိုဂတုံးလေး မေးလို့ ( ၅ ) မျိုးမှာ တစ်မျိုးတည်း ဖော်ပြထားရာကနေ ( VPN ) ဆိုတဲ့ နောက်တစ်မျိုး ပါ ထပ်တိုးသွားပြီပေါ့။

VPN လို့ ခေါ်တဲ့ Virtual Private Networks အကြောင်းကို စပြောရရင် သူ့မှာ ( VPNs ) အမျိုးအစား ဘယ်နမျိုး ရှိလဲ ဆိုတာကနေ စပြောရမှာပါ။ Ubuntu မှာ Network Manager ကနေ Support ပေးထားတဲ့ Virtual Private Networks ( VPNs ) အမျိုးအစား သုံးမျိုး ရှိပါတယ်။ အဲတာတွေက -

( ၁ ) Cicso VPN
( ၂ ) PPTP VPN နဲ့
( ၃ ) OpenVPN တို့ ဖြစ်ပါတယ်။

အရင် Ubuntu 10.04 မတိုင်ခင်က Version အနိမ့်တွေမှာတော့ ဘယ် Virtual Private Networks ( VPNs ) အမျိုးအစားကိုပဲ သုံးသုံး internet နဲ့ ချိတ်ဆက်ဖို့ ဆိုရင် VPN protocol တွေ support လုပ်နိုင်ဖို့ အတွက် plug-in တွေကို install လုပ်ဆောင်ပေးရမှာတွေ ရှိပါတယ်။ ဒါပေမယ့် Ubuntu 10.04 မှာတော့ VPN ( PPTP ) ကို သုံးမယ်ဆိုရင် support လုပ်နိုင်ဖို့ အားလုံး ပြင်ဆင်ပေးထားပြီးသားပါ။

ကျွန်တော့် အနေနဲ့ ဒီနေရာမှာ အရင် versions အဟောင်းတွေ သုံးသူများ အတွက်ပါ အဆင်ပြေအောင် Virtual Private Networks ( VPNs ) အမျိုးအစားအလိုက် တတ်နိုင်သလောက် အသေးစိတ်ပြီး လုပ်ဆောင်ပုံတွေ ပြောပြပေးသွားပါ့မယ်။

( ၁ ) Cicso VPN

Quote:
Cicso VPN နဲ့ ချိတ်ဆက်နိုင်ဖို့ ဆိုရင် ဒီ plug-in တွေ installed လုပ်ဆောင်ထားပြီးသား ဖြစ်ဖို့ လိုပါတယ်။ network-manager-vpnc - network-manager-vpnc-gnome
1. System notification area ( Menu bar ) မှာ ရှိနေတဲ့ Network Manager icon ကို Right click ပေးပြီး Edit Connections ကို သွားပါ။
2. VPN tab ကို ဝင်ပါ။
3. Add ကိုနှိပ်ပါ။
4. Drop down box ကနေ Cicso Compatible VPN (vpnc) ကို ရွေးပေးပါ။
5. Create ကို နှိပ်ပါ။
6. Connection name နေရာမှာ ကိုယ့်ရဲ့ Connection name ကို သတ်မှတ်ပေးပါ။
7. ဖြည့်စွက် စရာ ရှိတာတွေကို အသေးစိတ် အဲ့နေရာမှာ ဖြည့်စွက်ပြီး Apply ပေးပါ။
8. Close ကို နှိပ်ပါ။

( ၂ ) PPTP VPN

Quote:
PPTP VPN နဲ့ ချိတ်ဆက်နိုင်ဖို့ ဆိုရင် ဒီ plug-in တွေ installed လုပ်ဆောင်ထားပြီးသား ဖြစ်ဖို့ လိုပါတယ်။ network-manager-pptp - network-manager-pptp-gnome ( Ubuntu 10.04 installed လုပ်ဆောင်ထားသူများ ဤ plug-in အား install လုပ်ဆောင်ရန် မလိုပါ။ Support ပေးထားပြီးသား ဖြစ်ပါသည်။ )



1. System notification area ( Menu bar ) မှာ ရှိနေတဲ့ Network Manager icon ကို Right click ပေးပြီး Edit Connections ကို သွားပါ။
2. VPN tab ကို ဝင်ပါ။
3. Add ကိုနှိပ်ပါ။
4. Drop down box ကနေ Point-to-Point Tunneling Protocol (PPTP) ကို ရွေးပေးပါ။
5. Create ကို နှိပ်ပါ။
6. Connection name နေရာမှာ ကိုယ့်ရဲ့ Connection name ကို သတ်မှတ်ပေးပါ။
7. ကိုယ် Connect လုပ်ချင်တဲ့ Gateway ရဲ့ VPN address ကို တိတိကျကျ သတ်မှတ်ပေးပါ။
8. ကိုယ့်ရဲ့ VPN က user name နဲ့ password လိုတယ်ဆိုရင် ထည့်ပေးပါ။
9. လိုအပ်မယ် ဆိုရင် NT Domain နေရာမှာ ကိုယ့် VPN ရဲ့ Domain ကိုထည့်ပေးပါ။
10. Apply ပေးပါ။
11. Close ကို နှိပ်ပါ။

( ၃ ) OpenVPN

Quote:
OpenVPN နဲ့ ချိတ်ဆက်နိုင်ဖို့ ဆိုရင် ဒီ plug-in တွေ installed လုပ်ဆောင်ထားပြီးသား ဖြစ်ဖို့ လိုပါတယ်။ network-manager-openvpn - network-manager-openvpn-gnome
1. System notification area ( Menu bar ) မှာ ရှိနေတဲ့ Network Manager icon ကို Right click ပေးပြီး Edit Connections ကို သွားပါ။
2. VPN tab ကို ဝင်ပါ။
3. Add ကိုနှိပ်ပါ။
4. Drop down box ကနေ OpenVPN ကို ရွေးပေးပါ။
5. Create ကို နှိပ်ပါ။
6. Connection name နေရာမှာ ကိုယ့်ရဲ့ Connection name ကို သတ်မှတ်ပေးပါ။
7. ကိုယ် Connect လုပ်ချင်တဲ့ Gateway ရဲ့ VPN address ကို တိတိကျကျ သတ်မှတ်ပေးပါ။
8. Authentication drop down box ကနေပြီး ကိုယ် အသုံးပြုချင်တဲ့ authentication ကိုရွေးချယ်ပေးပါ။
9. အသေးစိတ် ဖြည့်စွက်ပြီးရင် Apply ပေးပါ။
10.Close ကို နှိပ်ပါ။

ကျွန်တော် အခု ဖော်ပြခဲ့ သလောက်ဆိုရင် Virtual Private Networks သမားတစ်ယောက်အတွက် Network Configuration ကို ဘယ်လို လုပ်ဆောင်ရမယ် ဆိုတာ သဘောပေါက်လောက်မယ် ထင်ပါတယ်။ အသေးစိတ်ကိုတော့ ကိုယ်တိုင် ကိုယ်ကျ စက်မှာ ပြင်ဆင် ဖြည့်သွင်းကြည့်ပါ။ အဆင်ပြေပါစေ ကိုဂတုံးလေး

KznT.

က,ကြီး ရေးဖို့ကျောက်သင်ပုန်းရှာနေသူ

Life is what you make of it. Go out and make your dreams come true.

Last edited by KznT; 25-07-2010 at 04:01 PM..
KznT is offline   Reply With Quote
အောက်ပါအသင်းဝင် 9 ဦးတို့မှ KznT အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 26-07-2010, 05:43 AM
  post #5
ဂတုံးလေး
လမ်းလျှောက်တတ်စ
 
အသင်းဝင်နေ့စွဲ: Mar 2009
ရေးသားချက်များ: 16
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 301
ပို့စ် 7 ခုအတွက် 22 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
ဂတုံးလေး is on a distinguished road
ပြန်စာ - Network Configuration in Ubuntu 10.04 LTS

ဒာကိုရေ ညီက နံပါတ် ( ၃ ) ဒာမျိုးဒာစား open vpn ဖြစ်မယ်ထင်တယ်...pptp နဲ့ စမ်းတာတော့ မရ၀ူး....cisco လည်းမဖြစ်နိုင်ဝူးထင်တယ်...
Quote:
OpenVPN နဲ့ ချိတ်ဆက်နိုင်ဖို့ ဆိုရင် ဒီ plug-in တွေ installed လုပ်ဆောင်ထားပြီးသား ဖြစ်ဖို့ လိုပါတယ်။ network-manager-openvpn - network-manager-openvpn-gnome
ဒဲာဒါလေးကို ညီမသွင်းတတ်ဝူး ဒာကို ခုမှ စသုံးတာမို့လို့ပါ...additional package သွင်းတာလေးပါ ပြောပြပေးပါလား ဒာကို...
ကျေးဇူးတင်ပါတယ် ...
ဂတုံးလေး is offline   Reply With Quote
Old 27-07-2010, 01:08 PM
  post #6
KznT
ကြီးကြပ်ရေးမှူး
 
KznT's Avatar
 
အသင်းဝင်နေ့စွဲ: Dec 2009
တည်နေရာ: http://www.techsectors.blogspot.com
ရေးသားချက်များ: 1,338
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 5,983
ပို့စ် 1,332 ခုအတွက် 20,390 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
KznT has a spectacular aura aboutKznT has a spectacular aura about
ပြန်စာ - Network Configuration in Ubuntu 10.04 LTS

Plug-in တွေကို အရံသင့် install လုပ်နိုင်အောင် ကျွန်တော် တစ်ခါတည်း apt: command နဲ့တွဲထားပေးပြီးသားပါ - ကို ဂတုံးလေး လုပ်ဖို့ လိုတာက Ubuntu ထဲကို ဝင်ပြီး ကျွန်တော် ဖော်ပြထားတဲ့ apt: command ( links ) တွေကို click ပေးယုံပါပဲ။

KznT.

က,ကြီး ရေးဖို့ကျောက်သင်ပုန်းရှာနေသူ

Life is what you make of it. Go out and make your dreams come true.
KznT is offline   Reply With Quote
အောက်ပါအသင်းဝင် 3 ဦးတို့မှ KznT အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 27-10-2010, 04:25 AM
  post #7
သန့်ဇင်ဌေး
အထူးအသင်းဝင်
 
သန့်ဇင်ဌေး's Avatar
 
အသင်းဝင်နေ့စွဲ: Oct 2009
တည်နေရာ: ချစ်သူရင်ခွင်
ရေးသားချက်များ: 538
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 3,650
ပို့စ် 479 ခုအတွက် 4,822 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
ပုံများ: 4
သန့်ဇင်ဌေး will become famous soon enough
ပြန်စာ - Network Configuration in Ubuntu 10.04 LTS ( Wired - LAN )

ကျတော် Ubuntu တင်ပီးတော့ နက်ချိတ်လို့မရဘူး ဖြစ်နေလို့ဗျာ...
နဲ့နဲ့ကူညီပေးကြပါဦး





ဒီနေရာလေးမှာကျတော်တို့က Automatically သုံးတာဆိုတော့ ဘယ်လို ဖြည့်ရမလည်းမသိဘူး
ပြောပြပေးပါဦး အကိုအမတို့ရေ... တင်ထားပီးနက်မရတော့ သုံးရတာ အဆင်မပြေဘူး ဖြစ်နေလို့ပါ
စသူံးကာစမို့ ဘာမှ သိပ်မသိသေးလို့ပါ .အကိုအမတို့ ကူညီပေးပါဦး

ပရဟိတ စိတ် အပြည့်နဲ့ လူအများ အကူညီလိုအပ်မူတွေကို ကူညီကြပါစို့လား။

စိမ်းလန်းမြေ ပရဟိတ ဖိုရမ်

Thant Zin Htay
သန့်ဇင်ဌေး is offline   Reply With Quote
အောက်ပါအသင်းဝင် 2 ဦးတို့မှ သန့်ဇင်ဌေး အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 27-10-2010, 04:54 PM
  post #8
sAnDViper
ကိုယ်ပိုင်အစွမ်းရှိပြီးသူ
 
sAnDViper's Avatar
 
အသင်းဝင်နေ့စွဲ: Dec 2009
တည်နေရာ: ကဗ္ဘာ့တစ်နေရာ
ရေးသားချက်များ: 203
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 1,140
ပို့စ် 141 ခုအတွက် 659 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
sAnDViper is on a distinguished road
ပြန်စာ - Network Configuration in Ubuntu 10.04 LTS

အန် အကိုမေးထားတာ ရှင်းရှင်းလေးနဲ ရှုပ်နေတယ်ခင်ဗျ . ဟိဟိ ..အကိုက အော်တိုမက်တစ်ကယ်လီလို့ပြောထားပေမယ့် ဘာနက်ဘာကိုသုံးတယ်ဆိုတာမပြောထားတော့ ဖြေပေးမယ့်သူအတွက် နည်းနည်းစဉ်းစားစရာဖြစ်နေတယ် အကို .. ထားပါတော့ VPN ဒါမှမဟုတ် proxy အဲ့လိုမျိုးပေါ့ အကို .. ဖိုရမ်ထဲမှာ လင်းနစ်ဂုရုကြီးတွေ အများကြီးပါ အကို .. မတာ အချွှန်နဲ့ ... အကိုအဆင်ပြေသွားမှာပါ ..
sAnDViper is offline   Reply With Quote
အောက်ပါအသင်းဝင် 2 ဦးတို့မှ sAnDViper အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 28-10-2010, 02:07 PM
  post #9
သန့်ဇင်ဌေး
အထူးအသင်းဝင်
 
သန့်ဇင်ဌေး's Avatar
 
အသင်းဝင်နေ့စွဲ: Oct 2009
တည်နေရာ: ချစ်သူရင်ခွင်
ရေးသားချက်များ: 538
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 3,650
ပို့စ် 479 ခုအတွက် 4,822 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
ပုံများ: 4
သန့်ဇင်ဌေး will become famous soon enough
ပြန်စာ - Network Configuration in Ubuntu 10.04 LTS

ရသွားပီဟီးးးးးးးးးးးးး
ကျတော် ရှမ်းသွားလို့ မေးတာ မှာပါ မပါဘူး ဘူး ဖြစ်သွားတယ် ခုတော့ ရသွားပါပီဗျာ.
ွှthz ပါဗျာ.

ပရဟိတ စိတ် အပြည့်နဲ့ လူအများ အကူညီလိုအပ်မူတွေကို ကူညီကြပါစို့လား။

စိမ်းလန်းမြေ ပရဟိတ ဖိုရမ်

Thant Zin Htay
သန့်ဇင်ဌေး is offline   Reply With Quote
Old 26-10-2011, 07:48 PM
စစ်မင်းသန့်
မွေးကင်းစကလေး
 
အသင်းဝင်နေ့စွဲ: Feb 2009
ရေးသားချက်များ: 4
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 0
ပို့စ် 3 ခုအတွက် 6 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
စစ်မင်းသန့် is on a distinguished road
ပြန်စာ - Network Configuration in Ubuntu 10.04 LTS

အကို ရေ ကျွန်တော်မှာတော့ နက်က ချိတ်ထားတယ်လို့ ပြနေတယ် Conneted ပြနေပြီးတော့ နက်လုံးဝ မရဖြစ်နေပါတယ်..။ ကျွန်တော်က ခုမှ Ubuntu စသုံးတဲ့ New user မို့ ကူညီကြပါခင်ဗျာ :(
စစ်မင်းသန့် is offline   Reply With Quote
အောက်ပါအသင်းဝင်မှ စစ်မင်းသန့် အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Reply

Tags
how to, linux, ubuntu

တန်ဆာပလာများ
ဖော်ပြမှုပုံစံ

Posting Rules
You may not post new threads
You may not post replies
You may not post attachments
You may not edit your posts

BB code is On
Smilies are On
[IMG] code is On
HTML code is Off

ဖိုရမ်တွေ ကျော်ရောက်ချင်ရင် !

အခြားဆင်တူဆွေးနွေးချက်များ
ဆွေးနွေးချက် စတင်ရေးသားသူ ကွပ်ပျစ်ဝိုင်း ပြန်စာများ နောက်ဆုံးပို့စ်
ပြောင်းလဲနိုင်သော Ubuntu applications များ KznT Linux များ (သို့) Linux နှင့်ဆိုင်ရာများ 7 02-08-2011 11:14 PM
Windows ပေါ်မှာ Ubuntulinux ကို ဘယ်လို Install လုပ်ပြီး run မလဲ။ poekaunglay87 Linux များ (သို့) Linux နှင့်ဆိုင်ရာများ 22 24-06-2011 12:52 AM
အလန်းများနှင့် Ubuntu 10.04 KznT Linux များ (သို့) Linux နှင့်ဆိုင်ရာများ 9 22-07-2010 06:18 PM
Ubuntu 9.10, Karmic Koala >> Ubuntu 10.04 LTS, Lucid Lynx KznT Linux များ (သို့) Linux နှင့်ဆိုင်ရာများ 0 02-05-2010 05:03 PM


ဖိုရမ်၏ ပင်မအချိန်သည် ဂရင်းနစ်စံတော်ချိန် +6.5 ဖြစ်သည်။ဒေသစံတော်ချိန် 03:01 AM
Inactive Reminders By Icora Web Design