Go Back   မြန်မာမိသားစုဖိုရမ် » ..:: ကြေညာချက်များ ::.. » အသိပေးချက်များ
မြန်မာလက်ကွက်

အသိပေးချက်များ ဖိုရမ်အုပ်ချုပ်သူများမှ အသင်းဝင်များသို့ ရှင်းလင်းပြောကြားချက်များ ၊ ဆွေးနွေးချက်များ ၊ မေတ္တာရပ်ခံချက်များ ၊ အသိပေးချက်များ ကို ဤနေရာတွင်ဖတ်ရှုပေးရန်လိုအပ်သည်။

Reply
 
Bookmark and Share တန်ဆာပလာများ ဖော်ပြမှုပုံစံ
Old 25-11-2009, 07:20 PM
  post #1
Ye Naung
အုပ်ချုပ်ရေးမှူး
 
Ye Naung's Avatar
 
အသင်းဝင်နေ့စွဲ: Mar 2007
တည်နေရာ: မင်္ဂလာဒုံ
ရေးသားချက်များ: 698
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 549
ပို့စ် 397 ခုအတွက် 5,027 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
ပုံများ: 128
Ye Naung is on a distinguished road
မြန်မာမိသားစုမှအလှူများနှင့်ပတ်သက်၍

မြန်မာမိသားစုဝင် ညီအကို မောင်နှမများ ခင်ဗျာ။ ကျွန်တော် မြန်မာမိသားစုကို တည်ထောင်ခဲ့တာ လေးနှစ်ကျော် ငါးနှစ်ထဲ ရောက်ခဲ့ပါပြီ။ နှစ်စဉ် နှစ်ပတ်လည်နေ့တွေမှာ ပျော်ပွဲရွှင်ပွဲ စားပွဲသောက်ပွဲတွေ မလုပ်ခဲ့ဘဲ အဲဒီ့အတွက် သုံးမယ့်ငွေကြေးကို အမှန်တကယ် လိုအပ်နေတဲ့ ၊ မပြည့်စုံတဲ့ ပရဟိတ ကျောင်းများသို့ လှူဒါန်းခဲ့ပါတယ်။ ဒါကြောင့်လည်း အနယ်နယ် အရပ်ရပ်က အလှူရှင်များက လှူသမျှကို တပြားမကျန် လှူခဲ့တာချည့်ပါပဲ။ ခု ဒီနှစ်မှာ ကျွန်တော်က အုပ်ချုပ်ရေးအဖွဲ့က လူတွေစုစည်းပြီး ကထိန်လှူရအောင်လို့ တိုင်ပင်ပါတယ်။ အသင်းဝင်တွေကို အလှူငွေ မကောက်ခံချင်လို့ပါ။ ဒီအခါမှာ အုပ်ချုပ်ရေးအဖွဲ့ဝင်တွေက အသင်းဝင်တွေထဲမှာလည်း တို့နဲ့စုပေါင်းလှူချင်တဲ့သူတွေ ရှိတယ်။ ကြေညာလိုက်ပါ။ အလှူဆိုတာ ငါချည့်ပဲလှူမယ်လို့ မကောင်းဘူး ဆိုတာနဲ့ တရားဝင် ကြေညာပြီး အလှူမှာ ပါဝင်ကြဖို့ မေးလ်တွေ ပို့ပါတယ်။ သွားလှူတဲ့အခါ မိမိတို့ချည်းသက်သက် ကထိန်မခင်းနိုင်တဲ့အတွက် ဘုံကထိန်မှာပါဝင်တာပါ။ အချိုးကျ အလှူငွေ ပါဝင်ရတာဖြစ်လို့ ပိုလျှံတဲ့ငွေကို နှစ်ပတ်လည်အလှူမှာ ထည့်သွင်းလှူဒါန်းဖို့ ဆုံးဖြတ်ခဲ့တာပါ။ ခု အပြင်မှာ အသံတွေ ကြားရပါပြီ။ မြန်မာမိသားစုက အလှူတော့ လုပ်တယ် ၊ ငွေစာရင်း မရှင်းဘူးတဲ့။ မဟုတ်ပါဘူး။ အလှူပြီးတဲ့ ညနေမှာပဲ မမီးက စာရင်းတင်ပေးပြီး ရှင်းတမ်းလေးကို အလှူအတွက် ရေးကြသားကြတဲ့ တော့ပစ်အောက်မှာ ဆက်တင်သွားတာပါ။ ကျွန်တော်တို့ သံသရာကို ယုံကြည်ပါတယ်။ သံသရာပါမယ့် မကောင်းတဲ့အလုပ်ကို နည်းနည်းလေးတောင်မလုပ်ပါဘူး။ ကိုယ်တိုင် သဒ္ဓါစိတ် ထက်သန်လို့ ပျော်ပါးမယ့် ငွေကို ချို့တဲ့သူတွေကို အလှူလုပ်တာပါ။ ကျွန်တော့်လိုပဲ အလှူငွေ ထည့်ဝင်ကြသူတွေလည်း ကျွန်တော်တို့ အလှူဖြစ်မြောက်ရေးအဖွဲ့ရဲ့ ကိုယ်ကျင့်တရားကို ယုံကြည်လို့ များပြားတဲ့ ပမာဏတွေ ထည့်ဝင်ကြတာလို့ ခံယူတဲ့အတွက် အလေးအနက်ထား ဖြေရှင်းပါတယ်။ မြန်မာမိသားစု အလှူတိုင်းဟာ အင်မတန်ဖြူစင်ပါတယ်။ အမှန်တကယ် စေတနာသုံးတန် ပြဌာန်းပြီး လှူခဲ့တာချည့်ပါပဲ။ ရှင်းတန်းတွေလဲ အလှူရှင်တွေ စိတ်ရှင်းရအောင် အမြဲရေးပေးခဲ့ပါတယ်။ ချက်ချင်းဆိုသလိုပါပဲ။ ဒီတော့ကာ အလှူနဲ့ပတ်သက်ပြီး သိချင်တာတွေ ရှိရင် အလှူနဲ့ပတ်သက်ပြီး ပြောကြ ရေးကြတဲ့ တော့ပစ်လေးကိုတော့ ဂရုတစိုက် ဖတ်စေချင်ပါတယ်။ ကိုယ်တိုင်လည်း အားစိုက်ပြီး မဖတ်ဘူး ၊ မလေ့လာဘူး။ ပြီးတော့ အင်တာနက်ပေါ်မှာ မြန်မာမိသားစု သိက္ခာကျအောင် အလှူတော့လုပ်တယ် ရှင်းတမ်းတော့မထုတ်ဘူး ပြောတာဟာ အင်မတန်ဝမ်းနည်းဖို့ ကောင်းပါတယ်။ မြန်မာတွေဟာ အချင်းချင်းပဲ တိုက်ခိုက်နှိပ်ကွပ် အတင်းပြောကြတာ စိတ်ပျက်ဖို့လည်း ကောင်းပါတယ်။ ကိုယ့်မှာ လိုအပ်နေတာတော့ မမြင်ကြပါဘူး။ ဒီလို တိတိကျကျ မသိပဲ လိုက်ပြောတာ ကြားသိခဲ့ရင် ၊ ကြုံတွေ့ခဲ့ရင် ပြန်ရှင်းပြပေးလိုက်ကြပါ။ မြန်မာမိသားစုဟာ ဘယ်လိုဘယ်ပုံ အလှူတွေမှာ ဆောင်ရွက်ခဲ့တယ် ၊ ဘယ်လိုရှင်းပြခဲ့တယ် ဆိုတာလေးတွေကို အထင်လွဲနေသူတွေ သိအောင် ရှင်းပြပေးလိုက်ပါ။ လက်ခံတာ မခံတာ သူတို့နဲ့ပဲ သက်ဆိုင်ပါတယ်။ နောင်ကို မြန်မာမိသားစုက ဘယ်လို အလှူမျိုးကိုမဆို တရားဝင်ဖြစ်တဲ့ ဟောဒီ့ ဖိုရမ် စာမျက်နှာတွေမှာပဲ ရေးသားကြေညာတာပဲ လုပ်တော့မှာ ဖြစ်ပါတယ်။ အီးမေးလ်များသို့ စာပို့ခြင်း စနစ်ကို အခြားကိစ္စရပ်တွေ အတွက်ပဲ အသုံးပြုတော့မှာ ဖြစ်ပါတယ်။ တနည်းအားဖြင့် မြန်မာမိသားစုကို ပုံမှန် သံယောဇဉ် ရှိရှိဖြင့် ၀င်ရောက် ဖတ်ရှုနေကြသော ညီအကိုမောင်နှမများကိုသာ ဆက်သွယ်တော့မှာ ဖြစ်ပါတယ်။ ခုလို အပြောခံရတဲ့အတွက် ကျွန်တော်အမှန်ပဲ စိတ်မချမ်းမြေ့ ဖြစ်ရပါတယ်။ ဒါပေမယ့် ကျွန်တော်အပါအ၀င် အလှူဖြစ်မြောက်ရေး အဖွဲ့ဝင်တွေဟာ စိတ်ထားအလွန်ဖြူစင်စွာ အများလှူနိုင်အောင် ငါတို့ပင်ပန်းခံပေးတာ ကုသိုလ်ရတယ်ဆိုတဲ့ စိတ်နဲ့ လုပ်ကိုင်ပေးခဲ့ ၊ လှူပေးခဲ့တာမို့ ဒေါသလည်း မဖြစ်ပါဘူး။ နာစရာလည်း မရှိပါဘူး။ စိတ်မချမ်းမြေ့တာတော့ အမှန်ပါပဲ။ စေတနာစော်ကားခံရတယ်ဆိုရင် ဘယ်သူမဆို ဒီလိုဖြစ်ကြမှာပါပဲ။ ဒါကြောင့် အသင်းဝင်များကို အခြားသူများကဖြစ်စေ ၊ ဖိုရမ်ကို အလာနည်းတဲ့ အသင်းဝင်များက ဖြစ်စေ ပြောကြားလာခဲ့ရင် ကျွန်တော်တို့ကို ကူညီတဲ့အနေနဲ့ အမှန်တရားကို ရှင်းပြပြီး သူတို့စိတ်မှာ အကုသိုလ်မဖြစ်အောင် ဆောင်ရွက်ပေးကြဖို့ တိုက်တွန်းပါရစေ။

Knowledge is power.

Last edited by KznT; 15-02-2011 at 01:25 PM..
Ye Naung is offline   Reply With Quote
အောက်ပါအသင်းဝင် 65 ဦးတို့မှ Ye Naung အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
ကိုကိုပိုင်, ကိုဂျိန်း, ကိုပိုင်, ကိုဦး, ကိုဖြိုးငြိမ်း, ချစ်သူမောင်, ချယ်ရီမင်း, စမောလေး, စွမ်းကမ္ဘာ, တီး, ဒဿဂီရိ, ပျားဖယောင်း, ယွန်းယွန်း, လုလု, လူမုန်းနဒီ, ဝင်းကျော်ဦး, သူရကျော်ထားဝယ်, ဟိန်းဟိန်းမြတ်, ဦးဟန်ညွန့်, ကျော်ထက်ချိန်, ငွေလ, ဇော်ရဲပိုင်, နေမျိုးဝင်း, မောင်ပေါ်ဦး, မောင်အောင်ဟိန်းအေး, ငြိမ်းချမ်း, ၀တ်မှုံ, ကြယ်စင်စိုး, ဖြိုးယံလေး, နုမောင်, amaung344, Aung Aung, Aung Kyaw Thet, bonge, centurymg, chitnyimalay, crush, g00gle, hellboy, Hla Myo Thein, htun30, kaung kin lu, ko lin, KznT, lawliet, maJunior, MilkyWay, minthike, Moe Lay, moe san dar, mr.vampire, Myo Min Zaw, novembergirl, pannuko, phyothuhein, PyaitSone, unlimited, wadi, waterpeople, yakhailay, Ye Aung, ye', zin min aung, zo, zthet
Reply

တန်ဆာပလာများ
ဖော်ပြမှုပုံစံ

Posting Rules
You may not post new threads
You may not post replies
You may not post attachments
You may not edit your posts

BB code is On
Smilies are On
[IMG] code is On
HTML code is Off

ဖိုရမ်တွေ ကျော်ရောက်ချင်ရင် !


ဖိုရမ်၏ ပင်မအချိန်သည် ဂရင်းနစ်စံတော်ချိန် +6.5 ဖြစ်သည်။ဒေသစံတော်ချိန် 03:06 AM
Inactive Reminders By Icora Web Design