![]() |
![]() |
![]() |
|
![]() |
![]() |
အသိပေးချက်များ ဖိုရမ်အုပ်ချုပ်သူများမှ အသင်းဝင်များသို့ ရှင်းလင်းပြောကြားချက်များ ၊ ဆွေးနွေးချက်များ ၊ မေတ္တာရပ်ခံချက်များ ၊ အသိပေးချက်များ ကို ဤနေရာတွင်ဖတ်ရှုပေးရန်လိုအပ်သည်။ |
![]() |
|
![]() | တန်ဆာပလာများ | ဖော်ပြမှုပုံစံ |
![]() |
![]() |
အုပ်ချုပ်ရေးမှူး
![]() အသင်းဝင်နေ့စွဲ: Mar 2007
တည်နေရာ: မင်္ဂလာဒုံ
ရေးသားချက်များ: 698
နိုင်ငံအလံ: ![]() ကျေးဇူးတင်စကား: 549
ပို့စ် 397 ခုအတွက် 5,032 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
ပုံများ: 128
![]() |
တွေ့ဆုံပွဲများနှင့် ပတ်သက်၍
မြန်မာမိသားစု ဖိုရမ်မှ အသင်းဝင်များ ခင်ဗျား။ မြန်မာမိသားစု အနေဖြင့် နှစ်ပတ်လည်တွင် အလှူပြုလုပ်ချိန်မှ လွဲ၍ တွေ့ဆုံပွဲ လုပ်လေ့မရှိပါ။ ယခုအခါ အသင်းဝင်အချို့သည် ဦးဆောင်ချိန်းဆိုသူ တစ်ဦး၏ ဖိတ်ကြားချက်အရ မြန်မာမိသားစုတွေ့ဆုံပွဲဟု အမည်တပ်၍ အုပ်ချုပ်သူများ မသိရှိစေဘဲ အသင်းဝင်များထံသို့ ချိန်းဆိုကာ တွေ့ဆုံခဲ့ကြကြောင်း သိရှိရပါသည်။ ၄င်း ဦးဆောင်ချိန်းဆိုသည်သည် အုပ်ချုပ်ရေးအဖွဲ့မှ စည်းကမ်းမလိုက်နာမှုကြောင့် ဖိုရမ်မှ ရာသက်ပန်ထုတ်ပယ်ထားခြင်းခံရသူ တစ်ဦးဖြစ်ပြီး ယခုအခါ အုပ်ချုပ်ရေးအဖွဲ့မှ တရားဝင် ကြေညာထားသည်ကို ချိုးဖောက်၍ မြန်မာမိသားစု အမည်ကို အလွဲသုံးစားလုပ်ခါ အုပ်ချုပ်သူများကို လုံးဝ အသိမပေးဘဲ တွေ့ဆုံပွဲလုပ်ခဲ့ပါသည်။ အသင်းဝင်များအနေဖြင့် ဖိုရမ်မှတဆင့် ရင်းနှီးမှုကြောင့် မိမိတို့သဘောဖြင့် အလွတ်သဘော တွေ့ဆုံသည်ကို ကျွန်တော်တို့ အနေဖြင့် မည်သို့မျှ စွက်ဖက်ရန် အကြောင်းမရှိပါ။ သို့သော် မြန်မာမိသားစု ဟူသော အမည်ကို သုံးစွဲ၍ ချိန်းဆိုတွေ့ဆုံခြင်းအားဖြင့် အုပ်ထိန်းသူ မိဘဆွေမျိုးများမှ မြန်မာမိသားစုဖိုရမ်သည် အပျော်အပါးကိုသာ ဦးစားပေးနေသော ဖိုရမ်အဖြစ် အထင်အမြင်လွဲမည်မှာ ကျိန်းသေမုချ ဖြစ်ပါသည်။ ၄င်းဦးဆောင် ချိန်းဆိုသူသည် အုပ်ချုပ်ရေးအဖွဲ့ဝင်များ ရန်ကုန်မြို့တွင် ရှိနေသည်ကို သိရှိသော်လည်း တမင်ပင် အသိမပေးဘဲ အသင်းဝင်များကိုသာ သီးသန့်ဖိတ်ခေါ်ပြီး တွေ့ဆုံခဲ့ခြင်းဖြစ်ပါသည်။ သို့ဖြစ်ပါ၍ မြန်မာမိသားစု အမည်ကို ရယူသုံးစွဲ၍ ယုတ်မာကောက်ကျစ်သော အကြံဥာဏ်ဖြင့် ထပ်မံတွေ့ဆုံမှုများ ဖိတ်ခေါ်ခြင်းခံရပါက သွားရောက်ခြင်း မပြုကြရန် အသိပေးအပ်ပါသည်။ မိမိတို့ ဘာသာ အလွတ်သဘော တွေ့ဆုံကြပြီး မြန်မာမိသားစု အမည်ကိုသုံးစွဲခြင်းမပြုပါက လွတ်လပ်စွာ တွေ့ဆုံနိုင်ကြပါသည်။ မြန်မာမိသားစုဖိုရမ် အနေဖြင့် နှစ်ပတ်လည် အလှူတော်မှလွဲ၍ ကျန်အချိန်များတွင် တွေ့ဆုံပွဲ ပြုလုပ်ခြင်း မရှိပါကြောင်းနှင့် အုပ်ချုပ်ရေးအဖွဲ့၏ တရားဝင်ကြေညာဖိတ်ခေါ်သော တွေ့ဆုံပွဲမှ လွဲ၍ မည်သည့်တွေ့ဆုံပွဲကိုမျှ အစစ်အမှန်အဖြစ် ယူဆကာသွားရောက်ခြင်း မပြုကြပါရန် အသိပေးအပ်ပါသည်။
|
![]() |
![]() |
အောက်ပါအသင်းဝင် 70 ဦးတို့မှ Ye Naung အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။ | ကိုဂျိန်း, ကိုစံငြိမ်း, ကိုပိုင်, ကိုဦး, ကိုဖြိုးငြိမ်း, ကျန်စစ်, ကွက်တိ, ဂျစ်တူး, စနိုးလေး, တီဘွား, ဒဿဂီရိ, ဖယောင်း, ယွန်းယွန်း, ရန်ရန်လင်း, ရှင်းသန့်, လူမုန်းနဒီ, ဝင်းကျော်ဦး, ဝင်းအောင်, ဟိန်းဟိန်းမြတ်, ဦးဟန်ညွန့်, ဇော်ရဲပိုင်, နေရည်, မေဦးမွန်, မောင်ပေါ်ဦး, ငြိမ်းချမ်း, ၀တ်မှုံ, ကြက်ဥခေါက်မုန့်, ကြယ်စင်စိုး, ကြည်သာ, 56st, Aung Aung, aung myint, azp09, bluesky.bluesky3, bonge, chitnyimalay, driftboy, ko myo, kyaukphyu, KznT, LaMike, layatecho, maJunior, Mandalarthar, MilkyWay, minnthu, minthike, moe san dar, mohmoh, mr.vampire, myatwon, nay nyo yi, new-comer^girl, pannuko, peacelover, PyaitSone, sakuranbo, sawjonnie, thura.it, thurein, thureinsoe, tu tu, unique, wahgyi, waterpeople, Ya Min Thu, yakhailay, Ye Aung, zinnaing, zo |
![]() |
တန်ဆာပလာများ | |
ဖော်ပြမှုပုံစံ | |
|
|
![]() |
![]() |
![]() |
ဆွေးနွေးချက် | စတင်ရေးသားသူ | ကွပ်ပျစ်ဝိုင်း | ပြန်စာများ | နောက်ဆုံးပို့စ် |
အလှူတော်များနှင့် ပတ်သက်၍ | Ye Naung | အသိပေးချက်များ | 0 | 23-09-2008 11:17 AM |
V.I.P Member ရွေးချယ်ခြင်းနှင့် ပတ်သက်၍ | Ye Naung | အသိပေးချက်များ | 0 | 03-01-2008 06:11 PM |