Go Back   မြန်မာမိသားစုဖိုရမ် » ..:: ကြေညာချက်များ ::.. » အသိပေးချက်များ
မြန်မာလက်ကွက်

အသိပေးချက်များ ဖိုရမ်အုပ်ချုပ်သူများမှ အသင်းဝင်များသို့ ရှင်းလင်းပြောကြားချက်များ ၊ ဆွေးနွေးချက်များ ၊ မေတ္တာရပ်ခံချက်များ ၊ အသိပေးချက်များ ကို ဤနေရာတွင်ဖတ်ရှုပေးရန်လိုအပ်သည်။

Reply
 
Bookmark and Share တန်ဆာပလာများ ဖော်ပြမှုပုံစံ
Old 16-05-2009, 01:45 AM
  post #1
Ye Naung
အုပ်ချုပ်ရေးမှူး
 
Ye Naung's Avatar
 
အသင်းဝင်နေ့စွဲ: Mar 2007
တည်နေရာ: မင်္ဂလာဒုံ
ရေးသားချက်များ: 698
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 549
ပို့စ် 396 ခုအတွက် 5,023 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
ပုံများ: 128
Ye Naung is on a distinguished road
လမ်းညွှန်ပေးခြင်းဖြင့်...

မြန်မာမိသားစုဝင်များခင်ဗျား။ အသင်းဝင်များ အနေနဲ့ အထူးအသင်းဝင် အဖြစ် လွယ်ကူစွာ ရောက်ရှိနိုင်တဲ့ အခွင့်အလမ်း တစ်ရပ်ကို ကျွန်တော်တို့ အစပျိုးလိုက်ပါပြီ။ အဲဒါကတော့ မြန်မာမိသားစုဝင် အဖြစ် မိမိရဲ့ သူငယ်ချင်း ၊ အပေါင်းအသင်းတွေကို ၁၅၀ ဦး တိတိ မှတ်ပုံတင်ပြီးအသင်းဝင်များအဖြစ် ဖိတ်ခေါ်လမ်းညွှန်ပေးနိုင်သူကို မြန်မာမိသားစုရဲ့ အထူးအသင်းဝင်အဖြစ် ဂုဏ်ပြု ချီးမြှင့်မှာ ဖြစ်ပါတယ်။ ဖိတ်ခေါ်ရာမှာ မိမိအစီအစဉ်ဖြင့် အီးမေးလ် ပို့နိုင်သကဲ့သို့ ဖိုရမ်က ဖိတ်ကြားလွှာပို့ရန် ဆိုတဲ့စနစ်လေးကိုလည်း အသုံးပြုပြီး ဖိတ်ခေါ်နိုင်ကြပါတယ်။ မိမိဖိတ်ခေါ်လိုက်တဲ့လူကို မိမိဖိုရမ်က အသင်းဝင်အမှတ်အား မှတ်ပုံတင်သည့်အခါ လမ်းညွှန်သူကွက်လပ်၌ ဖြည့်စွက်ပေးရန် သေသေချာချာရှင်းပြ မှာကြားဖို့တော့ လိုပါတယ်။ မိမိအသင်းဝင် အမှတ်ကို မသိရှိသူများ မည်ကဲ့သို့ ရှာဖွေရမည်ကို ပုံများဖြင့် ရှင်းလင်းပြပေးထားပါတယ်။ လမ်းညွှန်သူများ လိုက်နာရမယ့် အချက်တွေကတော့ -

၁။ မိမိလမ်းညွှန်လိုက်သူ အရေအတွက် ၁၅၀ ပြည့်ရမည်။
၂။ မိမိလမ်းညွှန်လိုက်သူများသည် မှတ်ပုံတင်ခြင်း လုပ်ငန်းအဆင့်များကို ပြီးဆုံးသည့်တိုင်အောင် ဆောင်ရွက်ပြီးသူများကိုသာ ရေတွက်မည်ဖြစ်သည်။
၃။ မြန်မာလူမျိုးများကိုသာ ဖိတ်ခေါ်လမ်းညွှန်ကြရမည်။

ဘာကြောင့် ဒီလို စည်းကမ်းတွေ သတ်မှတ်ရသလဲဆိုတာ ပြန်ရှင်းပြချင်ပါတယ်။ နံပတ် (၁)ကတော့ ရှင်းပြဖို့ မလိုပါဘူး။ နံပတ်(၂)စည်းကမ်းက အီးမေလ်း အမှန်တကယ်မရှိဘဲနဲ့ မှတ်ပုံတင်တဲ့ လုပ်ငန်းအဆင့်တွေကို လုပ်ဆောင်သွားရင် လူတိုင်းက ခဏလေးနဲ့ ၁၅၀ ဦး ပြည့်သွားမှာ ဖြစ်ပြီး ကျွန်တော်တို့ဖိုရမ်က အခါအားလျော်စွာ ထုတ်ပြန်သတိပေးတဲ့ အီးမေးလ်တွေ ၊ ကြေညာချက်တွေကို သိရှိဖတ်ရှူနိုင်မှာ မဟုတ်လို့ပါပဲ။ ဒါကြောင့် အမှန်တကယ် အီးမေးလ်တခုခုကို အသုံးပြုနေသူများကိုသာ လမ်းညွှန်ပေးဖို့ လိုပါတယ်။ နံပတ်(၃)က ဘာကြောင့် မြန်မာလူမျိုးတွေပဲ ခေါ်ဖို့ပြောသလဲဆိုတော့ ကျွန်တော်တို့ဖိုရမ်မှာ ရှိနေတဲ့ဒေါင်းလုဒ်စင်တာကိုသာ နိုင်ငံခြားသားတွေ သိရှိသွားရင် ဆာဗာမနိုင်တော့ပါဘူး။ မိမိတို့ကွန်ပျူတာပေါ်မှာ ဖိုင်တွေကော်ပီကူးရင်တောင် စက်က လေးသွားတတ်ပါတယ်။ လူအယောက် ရာချီပြီး ဆွဲချရင် ဆာဗာဒေါင်းပြီး မြန်မာမိသားစုပျောက်သွားနိုင်ပါတယ်။ ဒါကြောင့်ကြိုတင်တားမြစ်ထားရခြင်း ဖြစ်ပါတယ်။
အသင်းဝင်အမှတ် ရှာဖွေပုံနဲ့ ဘယ်လိုလမ်းညွှန်ရမယ်ဆိုတာတွေကို အောက်က ပုံလေးတွေမှာ ရှင်းပြထားပါတယ်။ မိမိဘယ်နှစ်ယောက် လမ်းညွှန်ပြီးပြီလဲဆိုတာကို မိမိကိုယ်ရေးဖိုင်အောက်က Statistics အောက်မှာ လမ်းညွှန်ပြီးသူ ဆိုတာ ရှိပါတယ်။ အဲဒီမှာ ရှိနေတဲ့ ဂဏန်းအရေအတွက်ဟာ သင်ဖိတ်ခေါ်ပြီးတဲ့ လူဦးရေပဲ ဖြစ်ပါတယ်။ အားလုံးပဲ မြန်မာမိသားစုတိုးတက် ပြန့်ပွားအောင် ကူညီရင်း အထူးအသင်းဝင်များအဖြစ် ခံယူကြဖို့ ဖိတ်ခေါ်အပ်ပါတယ်။








Knowledge is power.
Ye Naung is offline   Reply With Quote
Reply

တန်ဆာပလာများ
ဖော်ပြမှုပုံစံ

Posting Rules
You may not post new threads
You may not post replies
You may not post attachments
You may not edit your posts

BB code is On
Smilies are On
[IMG] code is On
HTML code is Off

ဖိုရမ်တွေ ကျော်ရောက်ချင်ရင် !


ဖိုရမ်၏ ပင်မအချိန်သည် ဂရင်းနစ်စံတော်ချိန် +6.5 ဖြစ်သည်။ဒေသစံတော်ချိန် 07:29 PM
Inactive Reminders By Icora Web Design