Go Back   မြန်မာမိသားစုဖိုရမ် » ..:: ကွန်ပျူတာနယ်ပယ် ::.. » Windows နှင့်သက်ဆိုင်သော
မြန်မာလက်ကွက်

Windows နှင့်သက်ဆိုင်သော Windows OS အကြောင်း ဆွေးနွေးထားသော ဆွေးနွေးချက်များ ကိုလေ့လာဖတ်ရှုနိုင်သလို ကိုယ်တိုင်လည်း ၀င်ရောက်ဆွေးနွေးနိုင်ပါသည်...

Reply
 
Bookmark and Share တန်ဆာပလာများ ဖော်ပြမှုပုံစံ
Old 11-09-2008, 08:12 PM
  post #1
poekaunglay87
အထူးအသင်းဝင်
 
poekaunglay87's Avatar
 
အသင်းဝင်နေ့စွဲ: Sep 2007
ရေးသားချက်များ: 518
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 0
ပို့စ် 490 ခုအတွက် 5,499 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
poekaunglay87 is on a distinguished road
Windows Vista PC တွေကို သောကကင်းကင်းနဲ့ ပိုမိုမြန်ဆန

အခုဖော်ပြမယ့် နည်းလမ်း (၉)ခုဟာ Windows စနစ်ရဲ့ လုပ်ငန်းဆောင်တာတွေကို လျော့ချခြင်း၊ လုံခြုံရေးစနစ်တွေကို ဖယ်ထုတ်ခြင်းကနေပြီး PC တစ်လုံးရဲ့စွမ်းဆောင်ရည်ကို ပိုမိုမြန်ဆန်စေမှာဖြစ်ပါတယ်။ Vista ရဲ့ နှစ်လိုဖွယ်အဆင်းနဲ့နည်းပညာတွေကို ခံစားလိုသူအနေနဲ့ သော်လည်းကောင်း၊ PC တစ်လုံးရဲ့လုံခြုံမှုကို ဦးစားပေးတတ်သူအနေနဲ့သော်လည်းကောင်း ဖြစ်နေမယ်ဆိုရင် ဤနည်းလမ်း(၉)ခုထဲမှ အဆင်ပြေမယ့် နည်းလမ်းအချို့ကိုသာရွေးချယ် သင့်ပါတယ်။ နည်းလမ်းအားလုံးကို သင်အဆင်ပြေမယ့် အချိန်တွေမှာ ပြုလုပ်နိုင်ပါတယ်။ တစ်ခု ဂရုထားရမှာက Administrator user အဖြစ် log in တော့လုပ်ထားရမှာဖြစ်ပါတယ်။

နည်းလမ်း(၁)
Usr Account Control

User Account Control လို့ခေါ်တဲ့ UAC ဟာ Windows Vista ရဲ့ အဓိကလက္ခဏာ တစ်ရပ်ပဲ ဖြစ်ပါတယ်။ UAC ရဲ့ အလုပ်ကတော့ System software နဲ့ program တွေရဲ့ လုပ်ငန်းဆောင်တာတွေကို လုပ်ကိုင်ခွင့် ထိန်းချုပ်ခြင်းပဲဖြစ်ပါတယ်။ Windows စနစ်ရဲ့ လုံခြုံရေးအတွက် ပိုမိုကောင်းမွန်အောင် ဖန်တီးထားတာ ဖြစ်ပေမဲ့ သိပ်အဆင်မပြေတာက software or program တစ်ခုခု စတင်ပြီဆိုတာနဲ့ ခွင့်ပြုမိန့်ကို ထပ်ပြီးတောင်းနေတော့တာပါပဲ။ နောင်တစ်ချိန်မှာ သင့်ပီစီရဲ့ User Account Control နဲ့ပတ်သက်ပြီး သိပ်မစဉ်းစားချင် မသိချင်ရင်တော့ UAC ကို Disable လုပ်ပစ်လိုက်ပါ။

1. Start > Control Panel ကိုသွားပါ။
2. System and Maintenance ကိုရွေးပါ။
3. Administrative Tools ကိုရွေးပါ။
4. ညာဘက်ခြမ်းမှာရှိတဲ့ System Configuration ကို click နှိပ်ပါ။
5. အကယ်၍ UAC message box ပေါ်လာလျှင် Continue လုပ်ပါ။
6. System Configuration panel မှ Tool ဆိုတဲ့ Tab ကိုရွေးပါ။
7. Disable UAC ဆိုတာကို ရှာပြီးရွေးပါ။
8. Click OK ကိုနှိပ်ခြင်းဖြင့် System Configuration Panel ကိုပိတ်ပါ။
ဒီ Setting ကိုရရှိဖို့ရာ သင့်ကွန်ပြူတာကို Reboot လုပ်ရပါလိမ့်မယ်။

နည်းလမ်း (၂)
System Restore and Indexing

Windows စနစ်ရဲ့ System Restore and Indexing ဆိုတဲ့ လက္ခဏာ (၂)ရပ်ရဲ့ လုပ်ဆောင်ချက် တွေဟာ အကြောင်းမဲ့ CPU ရဲ့ အသုံးပြုမှု မြင့်မားခြင်းကြောင့် နှေးကွေးမှုတွေကို ဖြစ်စေသလိုမျိုး သုံးစွဲသူတွေကို ခံစားရစေပါတယ်။ ဒါအပြင် အချိန်ကာလ ကြာလာတာနဲ့အမျှ Disk space တွေကို အတော်များများ ယူပစ်လေ့ရှိတတ်ပါတယ်။
System Restore ဟာ စနစ်တစ်ခုရဲ့ ကောင်းမွန်တဲ့လျှပ်တပြက် အခြေအနေ ဒါမှမဟုတ် restore point တွေကို နောင်တစ်ချိန်မှာ ပြန်လည်ရယူနိုင်အောင် မှတ်တမ်းတင်ပေးလေ့ရှိပါတယ်။ ဒီလုပ်ဆောင်ချက်ဟာ program တစ်ခု ဒါမှမဟုတ် driver software အသစ် ထည့်သွင်းတိုင်း အချိန်ဇယား သတ်မှတ်ထားပြီး restore point ကိုဖန်တီးလေ့ရှိပါတယ်။ ဒါမှသာ နောင်တစ်ချိန်မှာ သင့်စနစ်အတွင်းတစ်စုံတစ်ရာ ပြဿနာရှိလာမယ်ဆိုရင် အရင်ကောင်းမွန်နေခဲ့သော နောက်ဆုံး အခြေအနေတစ်ခုကို ပြန်လည်ရယူနိုင်မှာဖြစ်ပါတယ်။ တကယ်လို့ သင်ဟာ System Restore ရဲ့လုပ်ဆောင်ချက်တွေကို နှစ်သက်မယ်ဆိုရင်တော့ ကောင်းမွန်တဲ့ အလားလာကောင်းကို ရရှိနိုင်မှာ ဖြစ်ပါတယ်။
တကယ်လို့သင့်ဟာ System Restore ကို သုံးဖို့ဆန္ဒလုံးဝမရှိဘူးဆိုရင်တော့ သင့်ရဲ့အရေးကြီးတဲ့ Data တွေကို တစ်နည်းနည်းဖြင့် back up လုပ်ထားဖို့ အကြုံပြုချင်ပါတယ်။ ဒီ System Restore ကို ပိတ်ထားပါက သင့်ရဲ့ အရင်ရှိပြီးသား restore point တွေကို ဖျက်ပြီးဖြစ်သလို သင့် Hard disk အတွင်းမှာ ဘာမှန်းမသိဘဲ disk space ပျောက်ဆုံးတတ်တဲ့ ကိစ္စတွေကို ဖြေရှင်းပြီးသား ဖြစ်ပါလိမ့်မယ်။
Indexing Service ဟာ သမားရိုးကျအားဖြင့် Start menu, user account နဲ့ directory အတွင်းမှ အချက်အလက်တွေ ဖိုင်စနစ်တွေကို လျင်လျင်မြန်မြန် ရှာဖွေနိုင်ဖို့ရာ အထောက်အပံ့ ပေးပါတယ်။ ဖိုင်စနစ်တွေကို အသုံးပြုသူက ဆောင်ရွက်ခြင်းမရှိဘဲဖြင့် အလိုအလျောက် အညွှန်းတွေ့ ပြုလုပ်ပါတယ်။ တကယ်တမ်းအားဖြင့် အသုံးပြုသူတွေဟာ အမြဲတမ်း ရှာဖွေရေး လုပ်ငန်းစဉ်တွေကို လုပ်နေတာ မဟုတ်တဲ့အတွက် Indexing စနစ်ကို ပိတ်ထားလို့ရပါတယ်။
System Restore and Indexing ကိုပိတ်ပစ်ဖို့ရာအောက်ပါအတိုင်း ဆောင်ရွက်နိုင်ပါတယ်။

System Restore ကိုပိတ်နည်း။
1. Start > Control Panel ကိုသွားပါ။
2. System and Maintenance ကိုရွေးပါ။
3. Backup and Restore Center ကိုရွေးပါ။
4. ဘယ်ဘက်ခြမ်းမှ Create a restore point or change setting ကိုရွေးပါ။
5. အကယ်၍ UAC message box ပေါ်လာခဲ့မယ်ဆိုရင် Continue လုပ်ပါ။
6. “System Properties” Panel တက်လာလျှင် System Protection ဆိုတဲ့ Tab ကိုရွေးပါ။
7. စာသားအောက်မှ သင့် Hard Drive တွေရဲ့ စာရင်းကို Uncheck လုပ်ပါ။
8. ပြီးနောက် message box တစ်ခုတက်လာတဲ့အခါ Turn System Restore off ခလုတ်ကို ရွေးပေးပါ။
9. Click OK ကိုရွေးပေးခြင်းအားဖြင့် ပြင်ဆင်မှုကို သတ်မှတ်ပါ။

Indexing Feature ကိုပြုလုပ်နည်း
1. Start > Control Panel ကိုသွားပါ။
2. System and Maintenance ကိုရွေးပါ။
3. Indexing Options ကိုရွေးပါ။
4. Modify ခလုတ်ကို ရွေးပါ။
5. UAC message box ပေါ်လာမယ်ဆိုရင် continue လုပ်ပါ။
6. Indexed location စားသားအောက်ခြေရှိ Show all location ခလုတ်ကို နှိပ်ပါ။
7. UAC message box ပေါ်လာမယ်ဆိုရင် continue လုပ်ပါ။
8. Summary of selected location မှ Users ကို Double click နှိပ်ပါ။
9. User directory ကို Uncheck လုပ်ပါ။
10. Summary of selected location မှ Start Menu ကို Double click နှိပ်ပါ။
11. Start Menu directory ကို Uncheck လုပ်ပါ။
12. Panel ကို ပိတ်ဖို့ရာ OK ခလုတ်ကို နှိပ်ပါ။

နည်းလမ်း (၃)
Windows Sidebar

Windows sidebar ဟာ Vista ရဲ့ အသွင်အပြင်တစ်ခုဖြစ်ပါတယ်။ အသုံးပြုမယ့်သူတွေ အတွက်တော့ လှပတဲ့ အဆင်တန်ဆာ တစ်ခုဖြစ်သလို အသုံးမပြုသူတွေအတွက်တော့ Windows Vista Sidebar ဟာ Gadgests (၃)ခုကို အလုပ်လုပ်ဖို့ရာ 12MB နဲ့ 20MB အကြား ပမဏရှိတဲ့ Memory ကိုသုံးစွဲလေ့ရှိပါတယ်။ အဲဒီ sidebar ကို အသုံးမပြုဘဲ ပိတ်ထားလိုက်မယ်ဆိုရင် သင့်အတွက် 20MB ၀န်းကျင်ရှိတဲ့ memory သုံးစွဲမှုပမဏကို လျော့ချရာ ရောက်ပါလိမ့်မယ်။ Windows Sidebar ကိုပိတ်တဲ့နည်းများစွာရှိပါတယ်။ အဲဒီထဲက တစ်ခုကတော့ -
၁။ Windows Sidebar ရဲ့ အသုံးမပြုတဲ့နေရာ (Gadgets တစ်ခုနှင့်တစ်ခုအကြား) ကို Right Click နှိပ်ပါ။
၂။ Context menu ပေါ်လာတဲ့အခါ Properties ကိုရွေးပါ။
၃။ Start Sidebar When Windows Starts ကို Uncheck လုပ်ပါ။
၎။ Click OK ကို နှိပ်ပြီး Setting ကိုသတ်မှတ်ပါ။
သင့် desktop ပေါ်မှ Sidebar ကတော့ ကွန်ပြူတာကို restart မလုပ်မချင်း ရှိမြဲရှိနေဦးမှာပါပဲ။

တကယ်လို့ချက်ချင်းပိတ်ပစ်ချင်တယ်ဆိုရင်တော့ -
၁။ System Tray (Windows ရဲ့ ညာအခြေရှိ clock display အနီးမှ Windows Sidebar ကို Right Click နှိပ်ပါ။)
၂။ Context menu ထွက်လာတဲ့အခါ Exit ကိုနှိပ်ပါ။
(သို့မဟုတ်)
၁။ Windows Sidebar ရဲ့အသုံးမပြုတဲ့နေရာ (Gadgets တစ်ခုနှင့်တစ်ခုကြား) ကို Right click နှိပ်ပါ။
၂။ Context menu ပေါ်လာတဲ့အခါ Exit ကိုနှိပ်ပါ။

နောက်တနေ့မှပဲ ကျန်ရှိနေတဲ့ အချက်များကို ဆက်လက်ဖော်ပြသွားပါမယ်။

may big GOD bless for all!!!

^_^!!!
poekaunglay87 is offline   Reply With Quote
Old 12-09-2008, 06:29 PM
  post #2
poekaunglay87
အထူးအသင်းဝင်
 
poekaunglay87's Avatar
 
အသင်းဝင်နေ့စွဲ: Sep 2007
ရေးသားချက်များ: 518
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 0
ပို့စ် 490 ခုအတွက် 5,499 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
poekaunglay87 is on a distinguished road
Windows Vista PC တွေကို သောကကင်းကင်းနဲ့ ပိုမိုမြန်ဆန

နည်းလမ်း (၄)
Remote Assistance and Remote Desktop

သင့်အတွက် မလိုအပ်တဲ့ Remote Assistance and Remote Desktop ဆိုတာကို ဖယ်ရှားတားဆီးပါ။ Remote Desktop ဆိုတာကိုတော့ Vista Home နဲ့ Vista Home Premium မှာ မပါရှိပါဘူး။ ဒါကြောင့် အဲဒီ Windows စနစ်တွေမှာ ပြင်ဆင်စရာ မလိုပါဘူး။

Remote Assistance နဲ့ Remote Desktop ဆိုတာကို မသုံးဘူးဆိုရင်တော့
1. Start > Control Panel ကိုရွေးပါ။
2. System and Maintenance ကိုရွေးပါ။
3. System ကိုရွေးပါ။
4. ဘယ်ဘက်ခြမ်းရှိ Remote Setting ကိုရွေးပါ။
5. UAC message box ပေါ်လာလျှင် Continue လုပ်ပါ။
6. Allow Remote Assistance connections to this computer ကို Uncheck လုပ်ပေးပါ။
7. Click OK ကိုနှိပ်၍ Setting ကိုသတ်မှတ်ပါ။

နည်းလမ်း (၅)
Vista Aero (Themes)

Windows Vista ရဲ့ Themes အသစ်ကို မသုံးခြင်းဖြင့် စွမ်းရည်ကိုမြှင့်တင်ပါ။ အမှန်တကယ်တော့ Aero လို့ ခေါ်တဲ့ Windows Vista ရဲ့ Themes ဟာ Vista အဖြစ် လူသိများစေတဲ့ အချက်တစ်ချက်ဖြစ်ပါတယ်။ သုံးစွဲသူတွေအနေနဲ့လည်း အလွန်တရာကို သဘောကျ နှစ်ခြိုက်ဖွယ်ကောင်းလှပါတယ်။
Vista ရဲ့ Aero Glass Engine ကိုလည်ပတ်နိုင်ဖို့ရာ လိုအပ်တဲ့ စနစ်တောင်းဆိုမှုအဆင့်ကို အပြည့်မရှိနိုင်ဘူးဆိုရင် Themes တွေကို ပိတ်ပစ်လိုက်ပြီး သုံးစွဲနိုင်ပါတယ်။ Windows 2000, Windows XP Classic Themes ကဲ့သို့ပင်ဖြစ်ပြီး memory သုံးစွဲမှုကိုလည်း ချွေတာရာရောက်ပါတယ်။
Vista ရဲ့ Aero ကိုပိတ်ပစ်မယ်ဆိုရင်တော့
1. Start > Control Panel ကိုသွားပါ။
2. Appearance and Personalization ကိုရွေးပါ။
3. ထိပ်ဆုံးမှ Personalization ကိုရွေးပါ။
4. Theme ကို ရွေးပါ။
5. Theme ရဲ့ Drop down box အတွင်းမှ “Windows Classic” ကိုရွေးပါ။
6. Click OK.
ဆက်လက်ပြီးတော့ အမြင်ပိုင်းစွမ်းဆောင်ရည်တွေနဲ့ ပတ်သက်ပြီးတော့ ချိန်ညှိစရာလေးကို ပြုလုပ်နည်း။
1. Start > Control Panel ကိုသွားပါ။
2. System and Maintenance ကိုသွားပါ။
3. Performance information and Tools ဆိုတာကိုရွေးပါ။
4. ဘယ်ဘက်ခြမ်းရှိ Adjust Visual Effect ကိုရွေးပါ။
5. UAC message box ပေါ်လာလျှင် continue ခလုတ်ကိုနှိပ်ပါ။
6. Adjust for Best Performance ကိုရွေးပါ။
7. Click OK.

နည်းလမ်း (၆)
Updated Drivers

Hardware ထုတ်လုပ်သူများထံမှ ရရှိသော Windows Vista အတွက် နောက်ဆုံးပေါ် Driver တွေကို install လုပ်ပါ။ ဘယ် Driver တွေကို install လုပ်ရမလဲဆိုတာကို ပြောဖို့ရာ အဆင်ပြေမှာ မဟုတ်တဲ့အတွက် Vista Ready, Vista Update Drivers တွေကို သုံးပြီး သင့် Hardware တွေကို အသုံးချပါ။ Windows စနစ်တွေလို Operating System ထဲမှာ ပါလာတဲ့ ပင်မ driver တွေကို သုံးခြင်းထက် Hardware တစ်ခုစီရဲ့ ကိုယ်ပိုင်သီးသန့် Driver တွေ၊ Update တွေကိုပဲ သုံးစွဲခြင်းဟာ သင့်စက်ရဲ့ စွမ်းဆောင်ရည်နဲ့ သက်တမ်းရှည်နိုင်မှုကို သိသာစေပါတယ်။

may big GOD bless for all!!!

^_^!!!
poekaunglay87 is offline   Reply With Quote
Old 13-09-2008, 06:01 PM
  post #3
poekaunglay87
အထူးအသင်းဝင်
 
poekaunglay87's Avatar
 
အသင်းဝင်နေ့စွဲ: Sep 2007
ရေးသားချက်များ: 518
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 0
ပို့စ် 490 ခုအတွက် 5,499 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
poekaunglay87 is on a distinguished road
ပြန်စာ - Windows Vista PC တွေကို သောကကင်းကင်းနဲ့ ပိုမု)

နည်းလမ်း (၇)
Lighten System Tray

System Tray မှာမလိုအပ်တာတွေရှင်းပါ။ Driver တွေအားလုံးကို အဆင့်မြှင့်ပြီးတဲ့အခါမှာသော လည်းကောင်း Software အသစ်ကို ထည့်သွင်းပြီးတဲ့အခါမှာသော်လည်းကောင်း System Tray လိုနေရာမျိုးမှာ icons တွေပေါ်လာတတ်ပါတယ်။ ဥပမာ - nVIDIA ရဲ့ driver belper လိုဟာမျိုး၊ အခြား software တွေရဲ့ quick access icons တွေဟာ boot time ကို ကြာရှည်စေပြီး Windows စနစ် စတင်မှုကိုလည်း နှောင့်နှေးစေပါတယ်။ ဒါကြောင့် Driver တွေနဲ့ Software တွေကို ထည့်သွင်းအသုံးပြုတဲ့အခါမှာ အဲဒီကိစ္စတွေ မဖြစ်အောင် ဂရုစိုက် ရှောင်ကြဉ်ပါ။

နည်းလမ်း (၈)
Add/Remove Programs

အသုံးမပြုတဲ့ Windows Vista ရဲ့ အခြားကြန်အင်တွေနဲ့ သင့်ရဲ့ application software တွေကို ဖြုတ်ထုတ်ပစ်ပါ။ ဒါဟာ Windows စနစ် လုပ်ငန်းလည်ပတ်မှုကို ၀န်လေးစေခြင်းမှာ ကာကွယ်နိုင်ပါတယ်။
1. Start > Control Panel ကိုသွားပါ။
2. Programs ကိုရွေးပါ။
3. Programs and Features ကိုရွေးပါ။
4. ဘယ်ဘက်ခြမ်းရှိ Turn Windows Features On or Off ကိုရွေးပါ။
5. UAC message box ပေါ်လာလျှင် continue လုပ်ပါ။
6. ထို့နောက် သင့်အတွက် မလိုအပ်တဲ့ Windows features တွေကို uncheck လုပ်ပြီး လိုအပ်တာတွေကို check လုပ်ပါ။
7. Click OK.
အထက်ပါ လုပ်ဆောင်ချက်များအပြင် သင့်အတွက် မလိုအပ်တဲ့ Program အချို့ကိုလည်း စိတ်ရှည်ရှည်ဖြင့် Uninstall လုပ်ပစ်လိုက်ပါဦး။

နည်းလမ်း (၉)
Services

သင့်အတွက် မလိုအပ်ဘူးဆိုတဲ့ Windows Vista ရဲ့ အခြားဖြည့်စွက် services တွေကို ပိတ်ပစ်၊ ရပ်ဆိုင်းပစ်ပါ။ အဲဒီလို Vista ရဲ့မလိုအပ်တဲ့ အခြားဖြည့်စွက် Sevices တွေကို ရပ်ဆိုင်းပစ်ခြင်းဖြင့် သင့်ရဲ့ပီစီကို အစွမ်းကုန်မြန်ဆန်သွက်လာစေပါမယ်။ Windows Vista Home Basic မှာ service စုစုပေါင်း ၁၂၀ထည့်သွင်းပေးထားပြီး သူတို့ရဲ့ memory သုံးစွဲတဲ့ ပမဏဟာ 200MB နှင့်အထက်ရှိပါတယ်။ Home Premium နှင့် Business အမျိုးအစားမှာလည်း service စုစုပေါင်း ၁၂၄ အတွက် 200MB နှင့်အထက် အသီးသီးနေရာယူ သုံးစွဲမှာဖြစ်ပြီး Ultimate အမျိုးအစားမှာတော့ service စုစုပေါင်း ၁၂၉ ကို 250MB နှင့်အထက် ပမဏရှိတဲ့ memory ကိုအစွမ်းကုန်သုံးစွဲမှာ ဖြစ်ပါတယ်။ အဲဒီထဲမှာ ကိုယ့်အတွက် မလိုအပ်တဲ့ service အမျိုးအစား တွေကို ရပ်တံ့စေခြင်းဖြင့် memory သုံးစွဲမှုကို 5MB မှ 100MB အထိ ချွေတာနိုင်မှာ ဖြစ်ပါတယ်။
1. Start > Control Panel ကိုသွားပါ။
2. System and Maintenance ကိုသွားပါ။
3. Administrative Tools ကိုရွေးပါ။
4. ညာဘက်ခြမ်းရှိ Service ကိုရွေးပါ။
5. မလိုအပ်တဲ့ service တွေကို လေ့လာပါ။ ညှိနှိုင်းပြင်ဆင်ရန်အတွက် Double click နှိပ်ပါ။
6. General ဆိုတဲ့ tab မှ Start up type အပိုင်းတွင် Automatic လား၊ Manual လား၊ Disabled လားဆိုတာ ကြိုက်ရာရွေးချယ်နိုင်ပါတယ်။
7. Start လုပ်မလား၊ Stop လုပ်မလားဆိုတာ သတ်မှတ်ပါ။ မလိုအပ်တဲ့ Service ဖြစ်တဲ့အတွက် Stop ကိုနှိပ်ပါ။
အားလုံးကို လိုသလို ပြုပြင်ပြီးသည့်နောက်မှာ သင့်ရဲ့ ကွန်ပြူတာကို reboot လုပ်ပေးပါ။ အရင်နဲ့မတူ တမူထူးခြားလို့ ပေါ့ပါးသွက်လက်နေပါလိမ့်မယ်။

may big GOD bless for all!!!

^_^!!!
poekaunglay87 is offline   Reply With Quote
Old 07-10-2008, 02:31 AM
  post #4
ရဲရင့်သွေး
မွေးကင်းစကလေး
 
အသင်းဝင်နေ့စွဲ: Aug 2008
ရေးသားချက်များ: 1
ကျေးဇူးတင်စကား: 0
ပို့စ် 1 ခုအတွက် 1 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
ရဲရင့်သွေး is on a distinguished road
ပြန်စာ - Windows Vista PC တွေကို သောကကင်းကင်းနဲ့ ပိုမု)

သူငယ်ချင်း
မင်း ရေးထားတာ အရမ်းကောင်းတယ်ကွာ ---နောက်နောင် လည်း
ကွန်ပျူတာ ဆိုင်ရာ အသိပညာ လေးတွေ အဆင်ပြေရင် တင်ပေးပါအုံး
လေးစားစွာဖြင့် ရဲရင့်သွေး--
ရဲရင့်သွေး is offline   Reply With Quote
အောက်ပါအသင်းဝင်မှ ရဲရင့်သွေး အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 27-10-2008, 06:23 PM
  post #5
အောင်လွင်ဦး
ကိုယ်ပိုင်အစွမ်းရှိပြီးသူ
 
အသင်းဝင်နေ့စွဲ: Aug 2008
တည်နေရာ: မူဆယ်
ရေးသားချက်များ: 304
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 545
ပို့စ် 200 ခုအတွက် 805 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
အောင်လွင်ဦး is on a distinguished road
ပြန်စာ - Windows Vista PC တွေကို သောကကင်းကင်းနဲ့ ပိုမု)

ညီအကိုရေးချက်ကတော့ လုံးဝ Professional ပါပဲ။
အရမ်းကိုထိမိပါတယ်။
ကိုယ်ကတော့ CPU AMD Phenom(tm)9550 Quad-Core Processpr 2.2 GHz နဲ့
Memory DDR II 800, 2G သုံးတဲ့အတွက် Vista ကအပိုသုံးတဲ့ စွမ်းအင်အတွက်သိပ်ပြဿနာမရှိပါဘူး။
Visata သုံးတဲ့ သူငယ်ချင်းများ သတိပြုသင့်တဲ့အဖိုးတန်ရေးသားချက်တွေအတွက် ကျေးဇူးပါ။
အောင်လွင်ဦး is offline   Reply With Quote
Old 31-08-2009, 02:24 PM
  post #6
kyaw2008
ကလေးပေါက်စ
 
အသင်းဝင်နေ့စွဲ: Dec 2008
တည်နေရာ: နေပြည်တော်၊ပညာ&#
ရေးသားချက်များ: 20
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 4
ပို့စ် 10 ခုအတွက် 13 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
kyaw2008 is on a distinguished road
ပြန်စာ - Windows Vista PC တွေကို သောကကင်းကင်းနဲ့ ပိုမု)

လေးစားပါတယ်
နည်းပညာတွေ ပေါ်ထွက်လေလေ သူ့ရဲ့ ဆိုးကျိုး၊ ကောင်းကျိုးလေးတွေကို သိရင်ပိုပြီးကောင်းတာပေါ့
အခုတင်ထားတာလည်းတော်တော်ကိုကောင်းပါတယ် ဆက်လက်ဖော်ပြပါဦး
kyaw2008 is offline   Reply With Quote
Old 08-09-2009, 02:14 PM
  post #7
စစ်တွေသားချေ
ပညာရှိကြီး
 
အသင်းဝင်နေ့စွဲ: Oct 2008
တည်နေရာ: မိသားစုထဲမှာ။
ရေးသားချက်များ: 477
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 1,957
ပို့စ် 291 ခုအတွက် 1,204 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
စစ်တွေသားချေ is on a distinguished road
ပြန်စာ - Windows Vista PC တွေကို သောကကင်းကင်းနဲ့ ပိုမု)

ကိုပိုးကောင်လေးရယ် တကယ့်ကိုကောင်းပြီး အသုံးဝင်တဲ့
ပို့စ်လေးပါပဲဗျာ ဆမိုင်းလေးတို့လို ကွန်ပျူတာကိုခုမှစသုံးတဲ့ သူတွေအနေနဲ့ကတော့
တကယ့်အသုံးဝင်တဲ့ Guide တစ်ခုလိုပါပဲဗျာ နောက်များလည်းသိခွင့်
လေ့လာခွင့်ရမယ်ဆိုရင် မျှော်လင့်နေပါ့မယ်ဗျာ...
စစ်တွေသားချေ is offline   Reply With Quote
Old 08-09-2009, 03:49 PM
  post #8
မောင်မျိုးသာ
ကြီးကောင်ဝင်စ
 
အသင်းဝင်နေ့စွဲ: May 2009
ရေးသားချက်များ: 99
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 246
ပို့စ် 66 ခုအတွက် 276 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
မောင်မျိုးသာ is on a distinguished road
ပြန်စာ - Windows Vista PC တွေကို သောကကင်းကင်းနဲ့ ပိုမု)

အရမ်းကောင်းပြီး တကယ့်ကို အကျိုးရှိပါတယ်ဗျာ။ အတွေ့ အကြုံရှီသူရော၊ မရှိသူတွေအတွက် ကောင်းပါတယ်။ ဒါနဲ့ မဆီမဆိုင် တစ်ခုစိတ်ထဲဝင်လာလို့ ပါ၊ ဆက်ရေးလိုက်တော့မယ်နော်။ တိုးတက်နေတဲ့ဒီခောတ်ကြီးမှာ တိုးတက်နေတဲ့ တို့ မြန်မာတွေအများကြီးနဲ့ တိုးတက်နေတဲ့ တို့ နိုင်ငံကြီးကို တွေ့ ချင်လိုက်တာ။ မဆိုင်ဘူးလို့ ထင်ရင်ခွင့်လွှတ်ကြပါဗျာ။
မောင်မျိုးသာ is offline   Reply With Quote
Old 12-02-2010, 02:05 PM
  post #9
koarkarhtut
ဆယ်ကျော်သက်
 
အသင်းဝင်နေ့စွဲ: Oct 2008
တည်နေရာ: singapore
ရေးသားချက်များ: 57
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 0
ပို့စ် 41 ခုအတွက် 169 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
koarkarhtut is on a distinguished road
Icon19 ပြန်စာ - Windows Vista PC တွေကို သောကကင်းကင်းနဲ့ ပိုမု)

User Account Control ကို ပိတ်လိုက်တဲ့အတွက် security ပိုင်းမှာ အားနည်းသွားနိုင်လား
koarkarhtut is offline   Reply With Quote
Reply

Tags
windows guide, windows howto, windows knowledge, windows vista

တန်ဆာပလာများ
ဖော်ပြမှုပုံစံ

Posting Rules
You may not post new threads
You may not post replies
You may not post attachments
You may not edit your posts

BB code is On
Smilies are On
[IMG] code is On
HTML code is Off

ဖိုရမ်တွေ ကျော်ရောက်ချင်ရင် !

အခြားဆင်တူဆွေးနွေးချက်များ
ဆွေးနွေးချက် စတင်ရေးသားသူ ကွပ်ပျစ်ဝိုင်း ပြန်စာများ နောက်ဆုံးပို့စ်
Windows Vista ebooks Zeiya E-Books & Tutorials 18 03-01-2010 08:10 PM
DLL (Dynamic Link Libraries) တွေကို Register ပြန်လုပ်ခြင်းဖြင့် Windows ပြဿနာတွေကို ဖြေရှင်းရအောင်။ poekaunglay87 Windows နှင့်သက်ဆိုင်သော 0 06-09-2008 06:26 PM
Windows Vista ရဲ့ Hibernate Feature ကို Disable လုပ်နည်း poekaunglay87 Windows နှင့်သက်ဆိုင်သော 3 05-09-2008 06:03 PM
Vista Manager 1.5.5 myatthu Applications 0 23-08-2008 03:38 AM


ဖိုရမ်၏ ပင်မအချိန်သည် ဂရင်းနစ်စံတော်ချိန် +6.5 ဖြစ်သည်။ဒေသစံတော်ချိန် 01:06 AM
Inactive Reminders By Icora Web Design