Old 25-08-2008, 04:55 AM
  post #1
yeman
ပညာရှိကြီး
 
yeman's Avatar
 
အသင်းဝင်နေ့စွဲ: May 2008
တည်နေရာ: on the earth!!
ရေးသားချက်များ: 382
ကျေးဇူးတင်စကား: 158
ပို့စ် 184 ခုအတွက် 919 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
yeman is on a distinguished road
သတိထားကြပါဗျို့...

ကျွန်တော့ကို ဒီနေ့ ချက်ထဲက ညီမလေးတစ်ယောက်က Powerpoint file(.pps) လေးတစ်ခု လှမ်းရှယ်ပေးပါတယ်။ ကျွန်တော်လည်း ဘာမှန်းမသိလို့ ဒေါင်းလော့ချလိုက်တယ်။ ပြီးတော့ ဖွင့်ကြည့်လိုက်တော့ ဓာတ်ပုံရိုက်ခိုင်းတဲ့ ဟာလေးပါ။ ဒါနဲ့ ကျွန်တော်လည်း ကြည့်ပြီး Desktop ပေါ်မှာပဲ အမှုမဲ့ အမှတ်မဲ့ ထားထားလိုက်တယ်။ ပြီးတော့ ထုံးစံအတိုင်း ကွန်ပျူတာကို ဟိုကလိ၊ ဒီကလိနဲ့ ကလိပြီး ခဏပိတ်လိုက်တယ်။ ညနေ ရေမိုးချိုးပြီး ပြန်ဖွင့်တော့ စက်ကအရမ်းဟမ်းနေတယ်။
ဘာဖြစ်လို့ ဖြစ်မှန်းမသိဘူး။ restart နှစ်ခါလောက်ပေးတာလည်း အဆင်မပြေဘူး။ ဒါနဲ့ Task Manager ထဲမှာ ၀င်ကြည့်တော့ NETWORK SERVICE ဆိုတဲ့ .exe ဖိုင်လေး သုံးဖိုင်ပိုနေတာ ကိုတွေ့တယ်။ M နဲ့ စတာပါ။(ပူထူနေတုံးမို့ သေချာမမှတ်ထားလိုက်မိဘူး) ကျွန်တော်လည်း ဘာမှန်းမသိတာနဲ့ End Process လုပ်လိုက်တော့ ကွန်ပျူတာကြီး ဘာမှကိုဖွင့်မရတော့ဘူး။ နောက် စိတ်ရှုပ်ရှုပ်နဲ့ အဲဒီ Power point file(.pps) ဖိုင်လေးကိုလည်း ဖျက်လိုက်ရော ချက်ချင်း စက်ကပြန်ကောင်းသွားတယ်။

Power point file(.pps)လေးရဲ နာမည်က To_take_a_photo ပါ။
ဒါကြောင့် ကျွန်တော်ပြောချင်တာက ပေးတိုင်းမယူမိဖို့ပါ။ ကျွန်တော်ကတော့ လက်တွေ့ပဲ တော်တော်မှတ်သွားပြီ။ တစ်နာရီလောက် ပွဲပျက်သွားတယ်။
နောက်ပြီး တစ်စောင်ရရင် နောက်ထပ်ငါးစောင်လောက် ပြန်ပို့ခိုင်းတဲ့ ဖိုင်တွေကိုလည်း ဘာမှန်းမသိရင် ရှောင်ကြပါ။(click on the tears) ဆိုတဲ့ Power point file(.pps)ဖိုင်လေးတွေလိုမျိုးပါ။ အရင်ကလည်း ကျွန်တော့ သူငယ်ချင်းတွေဖြစ်ဖူးပါတယ်။ ဘာမှမဖြစ်ရင်တော့ မဖြစ်ဘူးပေါ့။ ဖြစ်ရင်လည်း .........
Gtalk ကကျွန်တော့တို့ အတွက် မရှိမကောင်း ရှိမကောင်းပါ။ ဒါကြောင့် မသင်္ကာတဲ့ မေးလ်ဆိုရင် မဖွင့်ကြည့်တာ အကောင်းဆုံးပါပဲ။
စေတနာကောင်းနဲ့ ကြေငြာမောင်းခတ်လိုက်ပါတယ်။ သတိထားကြပါ။ အန္တရာယ် ကင်းဝေးနိုင်ကြပါစေ။
yeman is offline   Reply With Quote
Old 25-08-2008, 05:04 AM
  post #2
ကိုဖြိုးငြိမ်း
ကြီးကြပ်သူ
 
ကိုဖြိုးငြိမ်း's Avatar
 
အသင်းဝင်နေ့စွဲ: Jul 2008
တည်နေရာ: မကွေး
ရေးသားချက်များ: 1,023
ကျေးဇူးတင်စကား: 2,171
ပို့စ် 503 ခုအတွက် 2,849 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
ပုံများ: 2
ကိုဖြိုးငြိမ်း is on a distinguished road
ပြန်စာ - သတိထားကြပါဗျို့...

Code:
ကျွန်တော့ကို ဒီနေ့ ချက်ထဲက ညီမလေးတစ်ယောက်က Powerpoint file(.pps) လေးတစ်ခု လှမ်းရှယ်ပေးပါတယ်။
မှတ်ပလား ပေးတိုင်းယူချင်ဦးဟဲ့
နည်းတောင်နည်းသေးတယ် ..ဟီး

"Don't cry because it's over, smile because it happened."
ကိုဖြိုးငြိမ်း is offline   Reply With Quote
အောက်ပါအသင်းဝင် 2 ဦးတို့မှ ကိုဖြိုးငြိမ်း အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 02-09-2008, 01:38 PM
  post #3
Toekalay
ကိုယ်ပိုင်အစွမ်းရှိပြီးသူ
 
အသင်းဝင်နေ့စွဲ: Aug 2008
တည်နေရာ: Mandalay
ရေးသားချက်များ: 292
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 7
ပို့စ် 50 ခုအတွက် 100 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
Toekalay is on a distinguished road
ပြန်စာ - သတိထားကြပါဗျို့...

အင်းဟုတ်တယ်သတိထားစ၇ာတွေပေါ့အင်တာနက်ထဲမှာ ကိုနဲ့မသိ၇င်ဘာကိုမှဖွင့်မကြည့်တာအကောင်းဆုံးပါပဲ..
တော်ကြာဝင်းဒိုးပါပြန်တင်နေ၇င်အလုပ်ပို၇ှပ်နေလိမ့်မယ်....သတိထားပြီးဖွင့်ကြပေါ့...
Toekalay is offline   Reply With Quote
Old 03-09-2008, 03:06 PM
  post #4
yemin
ဆယ်ကျော်သက်
 
အသင်းဝင်နေ့စွဲ: Jul 2008
တည်နေရာ: russia
ရေးသားချက်များ: 65
ကျေးဇူးတင်စကား: 0
ပို့စ် 22 ခုအတွက် 27 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
yemin is on a distinguished road
ပြန်စာ - သတိထားကြပါဗျို့...

ဟုတ်တယ်ဗျို့ ပေးတိုင်း ယူရင်မကောင်းဘူးနော်။ ဟဲဟဲ သဘောပေါက်

:6::28:
yemin is offline   Reply With Quote
အောက်ပါအသင်းဝင်မှ yemin အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 15-11-2008, 09:08 PM
  post #5
ပိုင်မျိုးလေး
လမ်းလျှောက်တတ်စ
 
အသင်းဝင်နေ့စွဲ: Sep 2008
ရေးသားချက်များ: 17
ကျေးဇူးတင်စကား: 3
ပို့စ် 5 ခုအတွက် 34 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
ပိုင်မျိုးလေး is on a distinguished road
ပြန်စာ - သတိထားကြပါဗျို့...

အခုတလော online ပေါ်မှာကြုံတွေ့နေရတဲ့ပြဿနာကတော့ email အဟက်ခံရခြင်းပါပဲ
internet အသုံးပြုသူတိုင်း ကိုယ်ပိုင် email account တစ်ခုတော့ရှိကြပါတယ်...
PAC များ ,Forumများ, Blogများ ပေါများလာခြင်းနှင့်အတူ email များအဟက်ခံရတာလည်းပိုများလာပါတယ်.... (email များဟက်နည်းတွေရေးလာလို့ပါ)
ဒါကြောင့် ညီအကိုမောင်နှမများ email အဟက်ခံရခြင်းကိုဘယ်လိုထိရောက်စွာကာ
ကွယ်ကြရမလည်းဆိုတာဆွေးနွေးစေလိုပါတယ်....
ထို့အပြင် email လုံခြုံရေးနည်းပညာကို ဘယ်လိုပြန့်ပွားအောင်လုပ်ရမလည်း ဆိုတာကိုပါ ဆွေးနွေးစေလိုပါတယ်....
(အချို့ internet အသုံးပြုသူများက Forum တွေ ,Blog တွေကိုမသိကြလို့ပါ...)v
ဒီအဆိုကို ထောက်ခံပါတယ်ခင်ဗျာ။ အဲ့ဒီလိုနည်းလမ်းလေးတွေရှိရင်လည်း အမြန်ဆုံးကွာကွယ်ကြစို့ လားဗျာ။ အီးမေးလ်သုံးတဲ့သူတိုင်း ကာကွယ်နည်းလေးတွေသိအောင်လည်း ဘယ်လို ဖြန့်ဝေကြမလဲ ဆိုတာလည်း အကြံပြုကြပါဦး။
လေးစားစွာဖြင့်
တိုက်တိုက်ဆိုင်ဆိုင် ဒီနေ့ပဲ ကျနော့် လိပ်စာ ဟက်ခံလိုက်ရလို့ ကျနော့်အကောင့်ပါ ဖျက်လိုက်ရတယ်ခင်ဗျ။
သူများရဲ့ အကောင့် ဟက်တယ်(ဝါ)မသိအောင်ဝင်ကြည့်တယ် ဆိုတာ သူခိုး၊အဖျက်သမားတွေရဲ့
လုပ်ရပ်တွေဗျ။ တစ်ချို့ချာတိတ်တွေ မိန်းခလေးတွေ ရဲ့ password ကိုဟက်ပြီး ခိုးဝင်ကြည့်တာလဲ ယောက်ျားမဆန်တဲ့၊ သူခိုးစိတ်ဓါတ်ပဲ။ ဂူဂယ်အကောင့်ကို ဟက်ဖို့မေးတဲ့လူဟာလဲ ခိုးဖို့သင်ယူနေတဲ့လူနဲ့အတူတူပဲ။ (အဖြူမပါ။)
ဒီနေ့မှ ကျနော်သိလိုက်တယ် ကျနော့်အကောင့်ကို ဟက်ထားမှန်း။ ငတိသူခိုးက ကျနော့် အကောင့်ကို joint-user တောင်လုပ်ထားသေးတယ်။ ပထမတော့ သတိမထားမိဘူး။ ဘာလို့လဲဆိုတော့ ကျနော့်နာမည်နဲ့ဆင်တူနေလို့။ ငတိက ဝင်ဟက်နေတာတော်တော်ကြာပြီဗျ။ နောက်တစ်ခုဆိုးတာက ကျနော့် contact list ထဲက မိန်းခလေး မိတ်ဆွေအားလုံးကို ပတ်ပြီးရည်းစား စကားပြောသွားသေးတယ်။(ဆရာမတောင် အစစ်ပါသွားသေးသည်။) အဲဒါနဲ့သူတို့က ကျနော့်ကိုတင်းကြတာပေါ့လေ။ အဲဒီပြသနာတွေ လိုက်ရှင်းနေရင် အချိန်ကြာတယ်ဆိုပြီး အကောင့်ကို ဖျက်ပစ်လိုက်ပြီ။ နောက်ဆုံး သိရတာက ဒီကောင်နောက်ဆုံးသုံးသွားတာက ရန်ကုန်က တစ္ဆေ ဆိုတဲ့ cyber cafe မှာတဲ့။ ကျနော်လည်းမရောက်ဘူးပါဘူး အဲဒီဆိုင်ကို။ သူသုံးပြီးထသွားတော့ sign out တောင် မလုပ်သွားဘူးတဲ့။ သူ့နောက်မှ သုံးတဲ့ကောင်မလေးက အကောင့် ကိုဒီအတိုင်းတွေ့တော့ add လိုက်တယ်။ နောက်နေ့ ကျနော် ဒီကနေ အွန်လိုင်းတက်တော့ အဲဒီကောင်မလေးက ကျနော့်ကို စချက်တယ်။ သူကကျနော်မနေ့က ဒီဆိုင်ကနေသုံးပြီး sign out မလုပ်သွားတဲ့အကြောင်းပြောတယ်။ ဒါကြောင့်သူအက်လိုက်တာတဲ့။ အဲဒီမှာသိလိုက်တယ် ဟက်ခံရတယ်ဆိုတာ။
ကျနော်မလိမ်ပါ။ ကိုပီဇီကိုတောင် ပြလိုက်သေးတယ်။ သူတောင်အဲဒီသူရဲ့ ယူဇာနာမည်ကို ကျနော့် အကောင့်ကနေ ဖျက်ဖို့ကူညီသေးတယ်။ ဘယ်လိုမှလုပ်လို့မရပါ။

ဂူဂယ်က အလကားဝန်ဆောင်မှူပေးထာတာဆိုတော့ လုံခြုံမှူအားနည်းတယ်။ အခုက username သိတာနဲ့တင် ဂူဂယ် password-recovery auto reply mail server ကို passwordကိုနောက် အီးမေးတစ်ခုဆီပို့ဖို့command ပါတဲ့ အီမေးပို့ပြီးတော့ဟက်နေတယ်။ ကျနော် အင်တာနက်မှာဖတ်ရတယ်အဲဒီလို။
ဒါကြောင့် သူငယ်ချင်းတွေအချင်းချင်း forward မေးပို့ခြင်းရှောင်ပါ။ တစ်ယောက်ကနေ အများကိုပို့မယ်ဆိုရင် BCC သုံးပြီးပို့ကြပါ။ ဘာမဟုတ်တဲ့ဟာသ ဇာတ်လမ်းတွေကို Forward လုပ်တာကို ရှောင်ကြပါ။
ပြီးတော့ ဂူဂယ်မူလစာမျက်နာကနေ sign in လုပ်ပြီး account ကိုသွားပါ။ အဲဒီမှာ username အပိုရှိမရှိကြည့်ပါ။ နောက်ပြီး အသုံးမလိုတဲ့ ဂူဂယ် applications တွေကို မသုံးပါနဲ့။ ဥပမာ orkut လိုမျိုးဟာတွေ။ သူက အမေရိကန်ပြည်တွင်းကသူတွေအတွက် အဓိက လုပ်ထားတဲ့ socail siteပါ။ social site တွေမှာ မိမိ contact list import မလုပ်ပါနဲ့။ ဖိတ်ချင်တဲ့လူတွေရှိရင်၊ အဲဒီလူတွေရဲ့အီးမေးတွေကို တစ်ခုချင်းစီပဲရိုက်ထည့်ပါ။ ဂူဂယ်အပြင် တစ်ခြား web mail တွေဖြစ်တဲ့ ယာဟူးနဲ့ဟော့မေးပါsign up လုပ်ထားသင့်တယ်။ စာချည်းသီးသန့်ပို့တဲ့နေရာမှာ သုံးဖို့နဲ့ paypal ၊ rapidshare တို့လို လိုအကောင့်တွေမှာ အီးမေးအဖြစ်သုံးဖို့လေ။
နောက်နည်းလမ်းတွေရှာတွေ့ရင်လည်းအချင်းချင်း မျှပေးကြပါ။
အီးမေး(လ်) အဟက်ခံရတယ်ဆိုတာဟာ ... များသောအားဖြင့် ဟောဒီ အချက်တွေကြောင့်ပဲဖြစ်နိုင်ပါတယ်။

၁။ social engineering ဆိုတဲ့ အယုံသွင်းပြီး password ကိုယူသွားတာ
၂။ cookies အခိုးခံရတာ
၃။ key logger လိုဟာမျိုးနဲ့ ကိုရိုက်ထားသမျှတွေထဲကနေ password ကိုသိသွားတာ

ကျွန်တော် သိသလောက်ကတော့ ကျွန်တော်တို့ဆီမှာ ကြုံကြရတာဟာ အမှတ်(၁) အမျိုးအစားကများပါတယ်။
gmail team ကလိုလို၊ တစ်ခြား ယုံကြည်ရတဲ့ ဆိုက်တစ်ခုခုကလိုလိုနဲ့ စာတွေပို့ပြီးအယုံသွင်းတတ်ကြပါတယ်။
များသောအားဖြင့် အင်္ဂလိပ်စာကျွမ်းကျင်တဲ့သူတွေ ပိုပြီးခံရကြပါတယ်။
ပြီးတော့ လူ့လောဘကို အသာလေးဆွပေးလိုက်တဲ့စာမျိုးတွေလဲ လာတတ်ပါသေးတယ်။
တစ်ခြားတစ်ယေက်ယောက်ရဲ့ password ကိုသိချင်ရင် သူပို့လိုက်တဲ့ အထူးပရိုဂရမ်ကိုသုံးကြည့်ဖို့ပေါ့လေ။
လူတိုင်းဟာ သူများရဲ့ အတွင်းရေးကို သိချင်ကြသူတွေချည်းပဲမဟုတ်လား။ အဲဒီအချိန်မှာ သတိလွတ်သွားပြီး
သူတောင်းတဲ့အတိုင်း ကိုယ့် password ကို ပေးလိုက်မိပါတယ်။ ပြီးရင် တစ်ဖက်က စာပြန်လာတတ်ပါတယ်။
မင်းသိချင်တာအတွက် အလုပ်လုပ်နေဆဲမို့လို့ ခဏစောင့်ပါ ဘာ.. ညာ.. ပေါ့လေ။
အဲဒါကတော့ auto responder လုပ်ထားလို့ ပြန်ရောက်လာတဲ့စာပါပဲ။ ကိုယ့်မေး(လ်) နဲ့ password ကတော့သူ့ဆီ
ရောက်သွားပါပြီ။ ကြုံဖူးရင်ကြုံဖူးကြမှာပါ။ ဒီတော့က အဲဒီလို စာမျိုးတွေကို ဘယ်တော့မှ မယုံပါနဲ့။
ဒီလိုလုပ်လို့ သူများ password ကို ဘယ်လိုမှ မသိရနိုင်ပါဘူး။ တစ်ဖက်က mail server ထောင်ထားတဲ့သူတွေကလဲ
သူငယ်နှပ်စားလေးတွေမှ မဟုတ်တာ။ ဒီလောက် အ, ရင် ကုန်သွားတာကြာပြီပေါ့။

အမှတ်(၂) အမျိုးအစားကတော့ ခင်ဗျားတို့လောလောဆယ် အီးမေး(လ်)ကဲ့သို့သော login name နဲ့ password သုံးရတဲ့
ဆိုက်မျိုးတစ်ခုခုကို ၀င်နေချိန်မှာ အဲဒီ အချက်အလက်တွေကို ခင်ဗျားတို့ရဲ့ browser က ယာယီဖိုင်ကလေးတွေဖြစ်တဲ့ cookies လေးတွေအဖြစ်
စက်ထဲမှာ သိမ်းထားပါတယ်။ အဲဒါမျိုးကို တစ်ဖက်ဆာဗာကနေ java code, php code လို script လေးသုံးပြီး ယူလိုက်လို့ရပါတယ်။
ပြီးရင် သူ့ဆာဗာတစ်နေရာမှာ သိမ်းထားလိုက်မှာပေါ့လေ။ နောက်တော့မှ အဲဒီ cookies တွေကို သူ့ browser ထဲကို import လုပ်လိုက်ရင်
ခုနက ခင်ဗျား login ၀ငါထားတဲ့ အနေအထားမျိုးပြန်ဖြစ်သွားပြီး ခင်ဗျားရဲ့ မေး(လ်)ထဲကိုရောက်သွားပါလိမ့်မယ်။
အသေးစိပ်ရှင်းရင်တော့ အရှည်ကြီးပေါ့လေ။ အများနားလည်အောင် ရိုးရိုးလေးပဲရှင်းပြတာပါ။
အဲဒီလို cookies ခိုးတာဟာ server side script ရော client side script ရော နှစ်မျိုးစလုံးနဲ့ လုပ်လို့ရပါတယ်။
်firefox plugin တွေဖြစ်တဲ့ grease monkey တို့ chicken foot တို့လိုဟာမျိုးတင်ထားပြီး၊ java script ထည့်ထားရင် အဲဒီ ပရိုဂရမ်ဟာ
background process အဖြစ်နဲ့ ခင်ဗျားရဲ့ cookie တွေကို အချိန်တိုင်း သူ့ဆာဗာဆီကို လှမ်းပို့နေပါလိမ့်မယ်။
အဲဒါမျိုးကို antivirus တွေမသိနိုင်ပါဘူး။
ဒီတော့ကာ ဆိုင်မှာသုံးတဲ့အခါ ကိုယ်သုံးမဲ့ firefox က addons နေရာမှာ ဘာတွေရှိနေသလဲဆိုတာအရင်ကြည့်ကြည့်ပါ။
grease monkey တို့ chicken foot တို့တွေ့ရင် uninstall လုပ်လိုက်ပါ။
ပြီးတော့က WOT Web of Trust ဆိုတဲ့ firefox plugin တစ်ခုကိုတင်ထားစေချင်ပါတယ်။ သူက စိတ်ချရတဲ့ဆိုက်အဆင့်အတန်းကို
ဝါ စိမ်း နီ အရောင်နဲ့ပြပါတယ်။ အနှရောင်ဆိုရင် ၀င်မကြည့်သင့်ပါဘူး။ များသောအားဖြင့် crack.ms တို့လို password တွေ
serial တွေပေးတဲ့ ဆိုကတွေ နဲ့ porn ဆိုကတွေဟာ စိတ်မချရပါဘူး။
နောက်ပြီးတော့ BeEF ဆိုတဲ့ browser exploitation framework တစ်ခုရှိပါသေးတယ်။
ဟောဒီ link ကနေ သွားကြည့်ကြပါ။ http://www.bindshell.net/tools/beef
အဲဒီဟာကတော့ server side application တစ်ခုဖြစ်ပြီး ကိုယ်ဆာဗာပေါ်မှာ အဲဒါကိုတင်ထားပြီး သူလုပ်ခိုင်းတဲ့အတိုင်း
configuration လုပ်ထားရင်၊ admin panel ကနေ ကိုယ့်ဆီလာကြည့်သမျှစက်တွေထဲကို လုပ်ချင်တာလုပ်လို့ရနေတဲ့သဘော
ရှိပါတယ်။ XSS proxy ပုံစံမျိုးပါပဲ။ XSS နားလည်တဲ့သူတွေကတော့ သဘောပေါက်ကောင်းပေါက်နိုင်ပါတယ်။
ဒေါင်းပြီး ကိုယ့်စက်ထဲမှာ စမ်းကြည့်လို့လဲရပါတယ်။ တစ်ကယ်ဖြစ်ပါတယ်။ ကျွန်တော်စမ်းပြီးသားပါ။
အဲဒီလိုဟာမျိုးတွေကိုလဲ ကြောက်ရပါတယ်။

အမှတ်(၃) အမျိုးအစားဖြစ်တဲ့ key logger ဆိုတာကတော့ ကီးဘုတ်က ရိုက်သမျှတွေအကုန်လုံးကို စက်ထဲမှာ
ဖိုင်လေးတွေဖွင့်ပြီး သိမ်းထားတဲ့ဟာမျိုးပါပဲ။ ဒီတော့က ခင်ဗျားရိုက်သမျှကိုသိရပြီပေါ့ဗျာ။
ဒါကတော့ task manager ကနေကြည့်ရင် ဘာ run နေလဲဆိုတာသိနိုင်ပါတယ်။
စိတ်မချရတဲ့ဆိုင်ဆိုရင် မသွားနဲ့ပေါ့။ ပြီးတော့ user name တို့ password တွေရိုက်တဲ့အခါမှာ အမှားတွေရောပြီးရိုက်လိုက်
back space နဲ့ ပြန်ဖျက်လိုက်၊ ထပ်ရိုက်လိုက် ... အဲဒါမျိုးရိုက်ထည့်ပါ။ အဲဒါဆိုရင် key logger က log file ကို
ကြည့်တဲ့အခါ တော်တော် ခေါင်းစားပြီး password အမှန်ကို သိအောင် အတော်ကြိုးစားရပါလိမ့်မယ်။
များသောအားဖြင့်ကတော့ key logger တွေကို antivirus တွေက လက်မခံပါဘူး။

ဒီတော့ကာ အခုပြောခဲ့သမျှတွေကို သေချာနားလည်အောင်ဖတ်ပြီး ကာကွယ်ကြပါတော့။
အကောင်းဆုံးကတော့ password ကို မကြာမကြာပြောင်းပေးဖို့ပါပဲ။ တစ်ချို့ကလဲ
password မှန်သမျှကို တစ်မျိုးထဲ ထားတတ်ကြပါတယ်။ ဒါလဲ မလုပ်သင့်ပါဘူး။
ပြီးတော့ security question တွေကို လေးလေးနက်နက်သဘောထားပြီး ခန့်မှန်းလို့ခက်မဲ့အဖြေမျိုးတွေကိုပဲ
ဖြေကြစေချင်ပါတယ်။ ပြီးတော့ကာ secondary mail ကိုသူများမေး(လ်) မထားကြပါနဲ့။
သူများကိုလဲ မေး(လ်)မလုပ်ခိုင်းပါနဲ့။ ခုခေတ်မှာ ရည်းစားနဲ့ မေး(လ်)ချင်း ဖလှယ်တာတွေကို အမြဲတွေ့နေရပါတယ်။
တစ်ကယ်တမ်းကတော့ အပြန်အလှန် လျှို့ဝှက်ချက်မရှိကြောင်း သက်သေထူချင်တာပါပဲ။ ချစ်ဆိပ်တက်နေတုန်းမှာ ဘာမှ မဖြစ်ပေမယ့်၊
ရန်ဖြစ်ကြပြီဆိုရင် တစ်ဖက်လူက ကိုယ့်မေး(လ်)က ဟာတွေ အကုန်ရသွားပါလိမ့်မယ်။ ဒါမျိုးနဲ့ အရှက်တကွဲအကျိုးနည်းရတာတွေကြားဖူးပါတယ်။
အပျော်သုံးဖို့နဲ့ အလုပ်လုပ်ဖို့ မေး(လ်)တွေ ခွဲထားပါ။

ကဲ ... စာလဲအတော်ရှည်သွားပြီ ...။ ခေါင်းထဲ လောလောဆယ်တွေးမိသမျှတော့ ရေးချလိုက်တာပဲ။
လိုတာတွေလဲ ရှိချင်ရှိဦးမှာပါ။ သိချင်သေးတာရှိရင် ထပ်မေးနိုင်ပါတယ်။
ကျွန်တော် ကြုံဖူးသမျှအတွေ့ အကြုံလေးတွေနဲ့၊ သိသမျှလေးတွေကို မှဝေလိုက်တာပါ။ အမှားပါသွားခဲ့ရင် ပြင်ပေးနိုင် ထောက်ပြနိုင်ပါတယ်။အဲဒါ မဟုတ်ပါဘူး။ လုပ်လို့လဲ မရပါဘူး။ ခုနကကျွန်တော်ပြောတဲ့ အယုံသွင်းပြီး password ယူနေတာပါ။ password-recovery auto reply mail server ဆိုတာ Google မှာ လုံးဝမရှိပါဘူး။
မြန်မာပြည်မှာ password အခိုးခံရတာဆိုတာတော့ အများအားဖြင့် သုံးစွဲသူတွေရဲ့ security အသိပိုင်းဆိုင်ရာ အားနည်းချက်ကြောင့် များပါတယ်.. g-mail ကို server ထိ လိုက် hack ဖို့ဆိုတာ လွယ်တဲ့ ကိစ္စမဟုတ်ပါ။ free service ဆိုပေမဲ့လည်း ကျွန်တော်တော့ ယုံကြည်ပါတယ်။ စီးပွားရေးဆိုင်ရာတွေ ထည့်လာတာမျိုး လောက်ထိတော့ ဟုတ်ဘူးပေါ့။

1) g-talk, gmail သေခြာ signout လုပ်ပါ။ login ၀င်လျှင် remember password ကို check မပေးပါနဲ့။ never for this site သာ ချပါ။histry, cookeies clear လုပ်ခဲ့ပါ။
2) g-lite တွေကို ဖြစ်နိုင်ရင် မ၀င်ပါနဲ့ ။ php နည်းနည်းလေးသိတာ လောက်နဲ့တင် အလွယ်တကူ ခိုးယူလို့ရပါတယ်။
3) g-mail, yahoo, hotmail အစရှိသော password တောင်းရာ site တွေကို လုံးဝ password မပေးပါနဲ့။ ဥပမာ (friendster, multiply, zorpia etc.,) ကိုယ့်သူငယ်ချင်းတွေဆီ spam မေးတွေရောက်သလို။ ကိုယ့် အကောင့်နဲ့ သူချယ်လှယ်ချင်တာ ချယ်လှယ်တာ ခံရပါလိမ့်မယ်။
4) ကိုယ့်သုံးတဲ့ စက်မှာ golden eye, keylogger အစရှိသော user အား trace လိုက်ရာ program များ run ခြင်းရှိမရှိ စစ်ကြည့်ပါ။ မသကာၤပါက end process သာ ကစ္ပစ္ပါ။ restart မှတပါး ဘာမှ ပြသနာ မရှိနိုင် မဖြစ်နိုင်ပါ။


ဖိုရမ်မှညီကိုမောင်နှမသူငယ်ချင်းများအားလုံးကိုသိစေချင်တဲ့ ဆန္ဒနဲ့ တင်ပေးလိုက်ပါတယ်၊သူငယ်ချင်းတစ်ယောက်ထံမှရတာပါ၊

အရင်တင်ပြီးသားရှိနေရင်တောင်းပန်ပါတယ်။

Last edited by ပိုင်မျိုးလေး; 15-11-2008 at 09:15 PM..
ပိုင်မျိုးလေး is offline   Reply With Quote
Old 16-11-2008, 09:55 PM
  post #6
ပိုင်မျိုးလေး
လမ်းလျှောက်တတ်စ
 
အသင်းဝင်နေ့စွဲ: Sep 2008
ရေးသားချက်များ: 17
ကျေးဇူးတင်စကား: 3
ပို့စ် 5 ခုအတွက် 34 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
ပိုင်မျိုးလေး is on a distinguished road
ပြန်စာ - သတိထားကြပါဗျို့...


[freeburma] Big Virus Coming Soon!

Big Virus Coming Soon!

PLEASE FORWARD THIS WARNING AMONG FRIENDS, FAMILY AND CONTACTS!

You should be alert during the next few days. Do not open any message
with an attachment entitled 'POSTCARD FROM BEJING', regardless of who
sent it to you.
It is a virus which opens A POSTCARD IMAGE, which 'burns' the whole
hard disc C of your computer.
This virus will be received from someone who has your e-mail address
in his/her contact list.
This is the reason why you need to send this e-mail to all your
contacts It is better to receive this message 25 times than to receive
the virus and open it.
If you receive a mail called' POSTCARD FROM BEJING,' even though sent
to you by a friend, do not open it! Shut down your computer
immediately.
This is the worst virus announced by CNN. It has been classified by
Microsoft as the most destructive virus ever.
This virus was discovered by McAfee yesterday, and there is no repair
yet for this kind of virus.
This virus simply destroys the Zero Sector of the Hard Disc, where the
vital information is kept.

[size="4"][color="DarkRed"]


ဖိုရမ်မှညီကိုမောင်နှမသူငယ်ချင်းများအားလုံးသိစေချင်တဲ့ဆန္ဒနဲ့တင်ပေးလိုက်ပါတယ်။သူငယ်ချင်းတစ်ယောက်ထံမှရတာပါ။

Last edited by ပိုင်မျိုးလေး; 16-11-2008 at 10:08 PM..
ပိုင်မျိုးလေး is offline   Reply With Quote
အောက်ပါအသင်းဝင် 3 ဦးတို့မှ ပိုင်မျိုးလေး အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 16-11-2008, 10:16 PM
  post #7
februarygirl
လမ်းလျှောက်တတ်စ
 
februarygirl's Avatar
 
အသင်းဝင်နေ့စွဲ: Nov 2008
တည်နေရာ: Somewhere
ရေးသားချက်များ: 10
ကျေးဇူးတင်စကား: 1
ပို့စ် 2 ခုအတွက် 2 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
februarygirl is on a distinguished road
ပြန်စာ - သတိထားကြပါဗျို့...

[quote=ပိုင်မျိုးလေး;109717][color="Blue"][size="2"]အခုတလော online ပေါ်မှာကြုံတွေ့နေရတဲ့ပြဿနာကတော့ email အဟက်ခံရခြင်းပါပဲ
internet အသုံးပြုသူတိုင်း ကိုယ်ပိုင် email account တစ်ခုတော့ရှိကြပါတယ်...
PAC များ ,Forumများ, Blogများ ပေါများလာခြင်းနှင့်အတူ email များအဟက်ခံရတာလည်းပိုများလာပါတယ်.... (email များဟက်နည်းတွေရေးလာလို့ပါ)

Thanks for sharing this information!

It's really useful for everybody using gmail and also remind me.
hope to share your knowledge more;

with thanks,
februarygirl!
februarygirl is offline   Reply With Quote
အောက်ပါအသင်းဝင်မှ februarygirl အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 27-12-2008, 11:37 AM
  post #8
komyo2010
အရွယ်ရောက်သူ
 
komyo2010's Avatar
 
အသင်းဝင်နေ့စွဲ: Mar 2008
တည်နေရာ: ချောင်းဦး
ရေးသားချက်များ: 179
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 62
ပို့စ် 147 ခုအတွက် 1,078 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
komyo2010 is on a distinguished road
ပြန်စာ - သတိထားကြပါဗျို့...

အင်တာနက်အသုံးပြုသော သူများအနေဖြင့် ပြည်တွင်းဝက်ဘ်ဆိုက်များနှင့် နိုင်ငံတကာဝက်ဘ်ဆိုက်များတွင် မှတ်ပုံတင် (Register) ပြုလုပ်သောအခါများတွင်မိမိ အသုံးပြုသောအီးမေးလ်နှင့် Password့ အားအသုံးပြုခိုင်းပါက ၎င်းဝက်ဘ်ဆိုက်သို့ဝင်ရောက်အသုံးမ ပြု သင့်ပါ။
ဝက်ဘ်ဆိုက်တချို့ကိုဝင်ရောက် လည်ပတ်တဲ့သူတွေအနေနဲ့ အ ချက်အလက်အချို့ကို သတိထားဖို့ လိုပါတယ်။ ၀က်ဘ်ဆိုက်ကိုဝင် ရောက်တဲ့သူတွေမှာ ဦးတည်ချက်တွေ အမျိုးမျိုး ရှိကြတယ်။ တချို့ကလည်း Download ဆွဲချ တာတို့ upload လုပ်ချင်တာတို့စသည်ဖြင့်ရှိတယ်။ အကြောင်း အမျိုးမျိုးကြောင့်ဝက်ဘ်ဆိုက်ကိုဝင်ရောက်တဲ့အခါမှာ တချို့ဝက်ဘ်ဆိုက်တွေက ၀က်ဘ်ဆိုက်မှာ Register လုပ်ခိုင်းတာ တွေရှိသလို၊ တချို့ဟာတွေ မလုပ်ခိုင်းပါဘူး။ ၀က်ဘ်ဆိုက်မှာ Registerလုပ်ခိုင်းခိုင်း၊ မလုပ်ခိုင်းခိုင်းအဓိကက၀င်ရောက်အသုံး ပြုတဲ့ user တွေပေါ်မှာဘဲမူတည် တယ်။ ကိုယ်က၀က်ဘ်ဆိုက်မှာ Register လုပ်တော့မယ်ဆို ရင် email address ဘဲတောင်းရင်ပြဿနာမရှိ ပါဘူး။ email မှာသုံးတဲ့ password ပါ တောင်းလာပြီဆိုရင်တော့ ဖြစ်နိုင် ရင်အဲဒီဆိုက်ကိုမ၀င်တာ အကောင်း ဆုံးပါဘဲ။ ၀က်ဘ်ဆိုက်တော်တော်များ များမှာကတော့သူ့ဝက်ဘ်ဆိုက်မှာRegister လုပ်ထားတာကို Activation လုပ်ဖို့အတွက်အီးမေးလ် address တောင်းတာမျိုးလောက်ဘဲ ရှိပါတယ်။ ဒီလိုမှမဟုတ်လို့ဝက်ဘ် ဆိုက်တွေက e-mail address နဲ့ password တောင်းလာရင်တော့ အကောင်းဆုံးနည်းလမ်းပြောရရင်မ၀င်တာအကောင်းဆုံးပါဘဲ။ တချို့ သော hack လုပ်တတ်တဲ့ဝက်ဘ်ဆိုက်တွေကကိုယ့်ရဲ့ Mail address နဲ့လိပ်စာကိုရသွားတဲ့အခါ မျိုးမှာကိုယ့် e-mail ရဲ့ Password ပြောင်းလိုက်တာမျိုးတွေလုပ်တတ် ပါတယ်။နောက်ထပ် ကိုယ့် အီးမေလ်း လိပ်စာကို အသုံးပြုပြီး လုပ်စားသွားတာမျိုးတွေ ရှိတတ်ပါတယ်။ ဒါကြောင့် ထိုသို့ မဖြစ်ရလေ အောင်ကြိုတင်သိတိပေးလိုက်ပါ တယ်ခင်မျာ................. အားလုံးကိုခင်တတ်သူ တောသားလေး..............


သင်ရှင်သန်ရာ ပတ်ဝန်းကျင်တွင် မျက်စိဖွင့် နားစွင့်ထားပါ
komyo2010 is offline   Reply With Quote
အောက်ပါအသင်းဝင် 10 ဦးတို့မှ komyo2010 အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 11-01-2009, 04:43 PM
  post #9
ရန်ရန်လင်း
အထူးအသင်းဝင်
 
ရန်ရန်လင်း's Avatar
 
အသင်းဝင်နေ့စွဲ: Dec 2008
တည်နေရာ: ဟေ၀န်နန်း
ရေးသားချက်များ: 217
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 368
ပို့စ် 202 ခုအတွက် 1,322 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
ရန်ရန်လင်း is on a distinguished road
Icon9 ပြန်စာ - သတိထားကြပါဗျို့...

ပေါ်က ဘော်ဒါတို့ပြောသွားတာတွေက တကယ့်ကို အနှစ်တွေပါ ..အခုခေတ်မှာ လူတော်တော်များများက သူများမေးကို ဟတ်တာတို့ မကောင်းတဲ့ ဗိုင်းရပ်စ်ကို တမင်တကာ ပေးတာတို့ အစရှိတဲ့မကောင်းမှုတွေကို လုပ်ကြည့်ချင်တဲ့သူ တော်တော်များနေပါတယ်..သူများကိုမကောင်းကြံ တယ်ဆိုတာကလည်း ကိုယ်တက်ထားတဲ့ ပညာလေးတွေကို လက်တည့်စမ်းချင်ကြတဲ့သူတွေပါ ..တကယ်စမ်းချင်ရင် ကိုယ့်ဘာသာမေးနောက်တစ်ခု ဖွင့် ပြီးစမ်းသင့်ပါတယ် သူများမေးကို စမ်းတာတို့ Sing up လုပ်ခိုင်းပြီး Gmail password တောင်းတာတို့ကိုမလုပ်သင့်ပါဘူး ကျွန်တော့ gmail account တစ်ခု ပါသွားပုံက တော့ ရိုးရှင်းပါတယ် အဲဒီ့တုန်းက ဘာမှမသိသေးလို့ခံလိုက်ရတာ(အခုလည်းမသိပါဘူး) အဲဒီ့ဆိုဒ်နာမည်ကိုတော့မေ့နေပြီ Gmail ထဲကို ၀င်လာတာ အဲဒီ့ဆိုဒ်မှာ sing up လုပ်ပြီးရင် သီချင်းတွေရုပ်ရှင်တွေ ကို ဒေါင်းလို့ရမယ်ဆိုလို့ လုပ်လိုက်တာ ... သူက Gmail password တောင်းတယ် ( Gmail နဲ့ပဲဝင်ရတာလေ username သပ်သပ်ရိုက်စရာမလိုဘူး) အဲဒါကြောင့်ပေးလိုက်တယ် ... ပြီးလည်းပြီးရော မေးထဲကို Activation လင့် လေးရောက်လာတယ် ..အဲဒါနဲ့ ကျွန်တော်လည်း activate လုပ်လိုက်တယ်ဆိုပါတော့ လုပ်ပြီးတော့ သူပြောတဲံ့သီချင်းနည်းနည်းပါးပါးတော့ ဒေါင်းလိုက်သေး ..နောက်နေ့လည်းရောက်ရော ကျွန်တော့မေးက ဖွင့်လို့မရတော့ဘူးဗျ ....secondery email တွေနဲ့ရော စီကျူရတီ မေးခွန်းတွေနဲ့ပါပြန်ယူတာ မရတော့ဘူးဗျ ...သူကကြိုတင်တောင် ချိန်းထားလိုက်သေး ...ဘာတဲ့ (what is my first love) ဆိုပဲ.... ကဲ ဘယ်လောက်မိုက်ရိုင်းလိုက်သလဲ ...
ရန်ရန်လင်း is offline   Reply With Quote
အောက်ပါအသင်းဝင် 6 ဦးတို့မှ ရန်ရန်လင်း အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 21-01-2009, 02:17 PM
နိုဝင်ဘာ
ထိပ်တန်းပညာရှင်
 
အသင်းဝင်နေ့စွဲ: Jul 2008
တည်နေရာ: ရန်ကုန်
ရေးသားချက်များ: 1,069
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 589
ပို့စ် 487 ခုအတွက် 1,162 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
ပုံများ: 3
နိုဝင်ဘာ is on a distinguished road
ပြန်စာ - သတိထားကြပါဗျို့...

နိုဝင်ဘာလည်း ပေးတိုင်းယူလိုက်မိတာ တစ်ခါ ခံလိုက်ရတယ်
မလွယ်ဘူး အဲ့ဒီတစ်ခါတည်းက သတိထားပြီး ပေးတာကို ယူရတယ်

[COLOR="Silver"][email]novemberborn91@gmail.com[/email][/COLOR]

[Marquee][CENTER][COLOR="Magenta"]
[SIZE="3"]လူချင်းအနေဝေးပေမယ့် နှလုံးသားချင်း အမြဲ နီးစပ်နေပါတယ် [/SIZE][/COLOR][/CENTER][/Marquee]
နိုဝင်ဘာ is offline   Reply With Quote
အောက်ပါအသင်းဝင်မှ နိုဝင်ဘာ အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 17-02-2009, 11:57 AM
သောကမဲ့မိုးတိမ်
ကိုယ်ပိုင်အစွမ်းရှိပြီးသူ
 
အသင်းဝင်နေ့စွဲ: Dec 2008
တည်နေရာ: Nazi germany
ရေးသားချက်များ: 281
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 517
ပို့စ် 204 ခုအတွက် 951 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
သောကမဲ့မိုးတိမ် is on a distinguished road
opera.tun

အကယ်၍ လူတစ်ယောက် "opera.tun" နာမည်ဖြင့် invite လုပ်လာလျှင် လုံးဝ(လုံးဝ) Accpet မလုပ်ပါနဲ့.. ဗိုင်းရပ်(စ်)ဖြစ်ပါတယ်. .... အလွန်လွန်ဆိုးတဲ့ ဗိုင်းရပ်(စ်)ပါ... ကွန်ပြူတာ Hard Disk ကို ကိုက်တဲ့ဗိုင်းရပ်(စ်)နော်.... Accept လုပ်ရင်တော့ ကိုက်ပြီသာမှတ်ပေတော.တဲ.

ဂျီတော.ကခုလေးတွင်ရတဲ့မက်ဆေ.ကလေးကိုရှယ်ပေးတာပါခင်ဗျာ
အဲ ဗိုင်းရပ်(စ်)ဆိုမှတော.ကွန်ပြူတာ Hard Disk ကိုပဲကိုက်မှာပဲဗျ။ဟုတ်လားမဟုတ်လားတော့သေသေ
ချာချာမသိပါ။

[COLOR="Red"]သင်နှင့်သင့် ပတ်ဝင်းကျင် ကမ္ဘာမြေကြီးအား ထိမ်းသိမ်းစောင့်ရှောက်ရန် သင်ကိုယ်
တိုင် ပလပ်စတစ်အိတ်များ သုံးစွဲခြင်းမှ ရှောင်ကြည်ပေးခြင်းဖြင့် သဘာဝ ပတ်ဝင်း
ကျင် သန်.ရှင်းစေရေး ပါဝင်ကူညီပေးကြပါစေလိုကြောင်း[/COLOR]......။

[COLOR="Red"]Please don't use plastic bag[/COLOR].:6:
[COLOR="Red"]Recycle to use Plastic bag[/COLOR].:6:
[SIGPIC][/SIGPIC]
အထက်ပါပုံမှာ မြန်မာနိုင်ငံတွင် DvD တချပ်ကို Download လုပ်သော Speed
ဖြစ်သည်။:18:

Last edited by သောကမဲ့မိုးတိမ&#; 17-02-2009 at 11:59 AM..
သောကမဲ့မိုးတိမ် is offline   Reply With Quote
အောက်ပါအသင်းဝင် 7 ဦးတို့မှ သောကမဲ့မိုးတိမ် အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 17-02-2009, 12:43 PM
YKNKTO
ကလေးပေါက်စ
 
အသင်းဝင်နေ့စွဲ: Sep 2008
ရေးသားချက်များ: 40
ကျေးဇူးတင်စကား: 85
ပို့စ် 20 ခုအတွက် 77 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
YKNKTO is on a distinguished road
ပြန်စာ - သတိထားကြပါဗျို့...

ကျေးဇူး အကိုရေ
ဒါပေမယ့် မရှင်းလို့မေးပါရစေ . . .
အဲဒီ နာမည် invite လုပ်တာကို accept လုပ်ရုံနဲ့ ကိုက်သွားမှာလား
ဒါမှ မဟုတ်သူ့ကို invite လုပ်ပြီးမှ သူ့ ဆီမှ ဖိုင်တခုခုကို နှိပ်မိမှ ကိုက်မှာလား
ဒါမှမဟုတ် အဲဒီနာမည်နဲ့ မေးလ် ၀င်လာရင် ဖတ်မိမှ ကိုက်မှာလား
ကျွန်တော်သိပ်နားမလည်လို့ပါ ရှင်းပြပေးပါဦး
YKNKTO is offline   Reply With Quote
Old 17-02-2009, 01:43 PM
သောကမဲ့မိုးတိမ်
ကိုယ်ပိုင်အစွမ်းရှိပြီးသူ
 
အသင်းဝင်နေ့စွဲ: Dec 2008
တည်နေရာ: Nazi germany
ရေးသားချက်များ: 281
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 517
ပို့စ် 204 ခုအတွက် 951 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
သောကမဲ့မိုးတိမ် is on a distinguished road
ပြန်စာ - သတိထားကြပါဗျို့...

ကျွန်တော်ကတော.သေသေချာချာမသိပါဘူး။
ထင်တာကတော.အင်ဗိုက်လုပ်တာနဲ.ကိုက်တယ်လို.တော.ထင်ပါတယ်ဗျာ။

[COLOR="Red"]သင်နှင့်သင့် ပတ်ဝင်းကျင် ကမ္ဘာမြေကြီးအား ထိမ်းသိမ်းစောင့်ရှောက်ရန် သင်ကိုယ်
တိုင် ပလပ်စတစ်အိတ်များ သုံးစွဲခြင်းမှ ရှောင်ကြည်ပေးခြင်းဖြင့် သဘာဝ ပတ်ဝင်း
ကျင် သန်.ရှင်းစေရေး ပါဝင်ကူညီပေးကြပါစေလိုကြောင်း[/COLOR]......။

[COLOR="Red"]Please don't use plastic bag[/COLOR].:6:
[COLOR="Red"]Recycle to use Plastic bag[/COLOR].:6:
[SIGPIC][/SIGPIC]
အထက်ပါပုံမှာ မြန်မာနိုင်ငံတွင် DvD တချပ်ကို Download လုပ်သော Speed
ဖြစ်သည်။:18:
သောကမဲ့မိုးတိမ် is offline   Reply With Quote
Old 18-02-2009, 04:06 AM
ဒဿဂီရိ
အထူးအသင်းဝင်
 
ဒဿဂီရိ's Avatar
 
အသင်းဝင်နေ့စွဲ: Feb 2008
တည်နေရာ: ယု ရင်ခွင်
ရေးသားချက်များ: 998
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 3,236
ပို့စ် 747 ခုအတွက် 3,229 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
ပုံများ: 1
ဒဿဂီရိ is on a distinguished road
ပြန်စာ - အားလုံး လုံးဝလုံးဝ မဖွင့်ပါနှင်

အကယ်၍ လူတစ်ယောက် "opera.tun" နာမည်ဖြင့် invite လုပ်လာလျှင် လုံးဝ(လုံးဝ) Accpet မလုပ်ပါနဲ့.. ဗိုင်းရပ်(စ်)ဖြစ်ပါတယ်. .... အလွန်လွန်ဆိုးတဲ့ ဗိုင်းရပ်(စ်)ပါ... ကွန်ပြူတာ Hard Disk ကို ကိုက်တဲ့ဗိုင်းရပ်(စ်)နော်.... Accept လုပ်ရင်တော့ ကိုယ့်ထိုက်နဲ့ကိုယ့်ကံပေါ့ ......... ကိုယ်တိုင်တော့ မမိသေးဘူးနော် သူငယ်ချင်းတွေက သတိပေးလာလို့ အားလုံးလဲ သိရအောင် ပို့စ်အနေနဲ့ တင်လိုက်တာပါ အားလုံးပဲ သတိတော့ ထားကြပါ မသွားပြီဆိုရင်လဲ ပြောပြကြပေါ့ဗျာ သတ်တဲ့နည်းလေး ဘာလေး ရှာလို့ရတာပေါ့ ဖိုရမ်က အစ်ကိုကြီးတွေက ကျွမ်းပါတယ်

တစ်တောင်ပေါ် တစ်တောင်ဆင့်
တောင်အမြင့် ပတ်ခြံရံ
တစ်တောင်ဆုံးပြန်တော့
တစ်လုံးကျန်ပြန်ပေသမို့
ဖန်ဖန်လေ အားအင်နှိုးလို့ရယ်
ကြိုးလျှောက်ရပြန်။

ဒဿဂီရိ is offline   Reply With Quote
အောက်ပါအသင်းဝင် 2 ဦးတို့မှ ဒဿဂီရိ အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 28-02-2009, 04:27 PM
မျှားနတ်မောင်လေး
ကလေးပေါက်စ
 
အသင်းဝင်နေ့စွဲ: Nov 2008
တည်နေရာ: တာသတိံသာ
ရေးသားချက်များ: 48
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 29
ပို့စ် 20 ခုအတွက် 44 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
မျှားနတ်မောင်လေး is on a distinguished road
Gmail - သတိထားကြပါဗျို့...

အကယ်၍ လူတစ်ယောက် "opera.tun" နာမည်ဖြင့် invite လုပ်လာလျှင် လုံးဝ(လုံးဝ) Accpet မလုပ်ပါနဲ့.. ဗိုင်းရပ်(စ်)ဖြစ်ပါတယ်. လက်ဆင့်ကမ်းပေးကြပါ.... အလွန်လွန်ဆိုးတဲ့ ဗိုင်းရပ်(စ်)ပါ... ကွန်ပြူတာ Hard Disk ကို ကိုက်တဲ့ဗိုင်းရပ်(စ်)နော်.
If someone by the name "opera.tun" wants to add you to their list dont accept it . Its a virus . Tell everyone on your list because if somebody on your list adds them you will get it too. It is a hard drive killer and a very horrible virus. Please pass this on to everyone on your list

Last edited by မျှားနတ်မောင်ေ&#; 28-02-2009 at 04:28 PM..
မျှားနတ်မောင်လေး is offline   Reply With Quote
အောက်ပါအသင်းဝင်မှ မျှားနတ်မောင်လေး အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 28-04-2009, 12:13 PM
ဇော်ရဲပိုင်
အထူးအသင်းဝင်
 
ဇော်ရဲပိုင်'s Avatar
 
အသင်းဝင်နေ့စွဲ: Mar 2008
တည်နေရာ: မြန်မာ
ရေးသားချက်များ: 1,427
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 5,926
ပို့စ် 1,304 ခုအတွက် 6,794 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
ဇော်ရဲပိုင် is on a distinguished road
ပြန်စာ - သတိထားကြပါဗျို့...

အခု CNNက NCC education ရဲ့ director ကကြေညာထားပါတယ်။ ဒီရက်ပိုင်း
(အခုလောက်ဆိုလာလောက်ရောပေါ့)။ Postcard from Beijing ဆိုပြီး attachment
file နဲ့ mail လာပါလိမ့်မယ်။ မေးက
ပုံကအရမ်းလှတယ်တဲ့။အဲ့တာကိုဖွင့်လိုက်ရင် Hard disk Drive sector ကိုburn
တဲ့ virus ၀င်လာပြီးသင့် Hard disk တစ်ခုလုံးကို ပညာပြပါလိမ့်မယ်။
ဝင်လာလို့ကတော့ပြင်လို့မရဘူးနော်။ ရေစက်ချအမျှသာဝေလိုက်တော့။ ဒီvirus
ကသက်တမ်းတစ်လျှောက်မှာအဆိုးဆုံးတဲ့ ။ ဒီ virus လာမှာကိုစသိတာက mckafee
company ကပါ။ တကယ်လို့ဒီvirus ၀င်လာလို့ရှိရင်ချက်ချင်းsing out
လုပ်ပြီးrestart ချပါ။ ပြီးသွားရင် မေးကိုပြန်ခေါ်ပြီးဖျက်ပြစ်ပါ။
အဲ့တာဆို OK သွားပါလိမ့်မယ်။ ဒီmail ကိုကိုယ့်သူငယ်ချင်းတွေဆီforward
လုပ်ပေးပါ ။

ကျွန်တော်လည်း သူငယ်ချင်းတစ်ယောက်ပို့ထားလို့ ပြန်လည်ဝေမျှလိုက်ပါတယ်.....အားလုံးပဲ သတိထား ပြီး အဲ့ဒီ ဗိုင်းရပ်မှ ကင်း
ဝေးကြပါစေ.....ခင်မင်လျှက်........

တကယ်စစ်မှန်တဲ့ မေတ္တာဟာ တစ်ဖက်သားအတွက် အကောင်းဆုံးဆိုတာကို လိုလားတယ်

ဓမ္မစကားနေ့တိုင်းကြားလိုပါက.........

Facebook တွင် ဖတ်ရှု့လိုပါက......
ဇော်ရဲပိုင် is offline   Reply With Quote
အောက်ပါအသင်းဝင် 6 ဦးတို့မှ ဇော်ရဲပိုင် အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 29-04-2009, 07:56 PM
konaung
ပညာရှိကြီး
 
အသင်းဝင်နေ့စွဲ: Jan 2008
ရေးသားချက်များ: 357
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 485
ပို့စ် 322 ခုအတွက် 1,353 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
konaung is on a distinguished road
ပြန်စာ - သတိထားကြပါဗျို့...


>>
ထုံးစံအတိုင်းပါဘဲ .. ကျနော်တို့ရဲ့  အီးမေးလ်တွေဆီ .. မြောက်မြားလှစွာသော message တွေ ဝင်ဝင်လာနေပါတယ်။
ခုတော့ မြန်မာဗားရှင်း နဲ့ပေါ့။
ဒီ မြန်မာဗားရှင်း ရဲ့  မူရင်း English စာသားနဲ့ .. ဗိုင်းရပ် warning message က ၁၇ ရက်နေ့မတိုင်ခင်ထဲက ပျံ့ နှံ့  ခဲ့ပါတယ်။
...
...
မနေ့မနက်က ဒီမြန်မာဗားရှင်း ဖော်ဝဒ် အီးမေးလ် စရောက်လာတော့ ..ဖတ်ကြည့်ရင်းကနေ ..ဖတ်ဖူးသလိုပဲပေါ့ .. ဟိုး သင်္ကြန်ရက်တွေ မတိုင်ခင်တုံးက .. အင်္ဂလိပ်ဗားရှင်း အီးမေးလ် စာသားတွေနဲ့ တူနေသလိုပဲပေါ့ ..
သိတဲ့အတိုင်းပါဘဲ..
ပို့စ်ကဒ် ဗိုင်းရပ် ဆိုတော့လဲ .. နဂိုထဲက ပို့စ်ကဒ်လင့်ခ်တွေ ..ပို့စ်ကဒ်လိုမျိုးတွေဆိုရင် ..ရှောင်ရှောင်ဝေးပြီးသားပဲ ..
ပြီးတော့ ဂျီမေးလ် ရဲ့  Service ကိုလည်း ယုံကြည်ပြီးသား။
ဂျီမေးလ် ဆိုတာက .. သေးသေးနုပ်နုပ် Service မှမဟုတ်တာ။
ပို့စ်ကဒ်ထဲ တိုက်ရိုက် ဗိုင်းရပ်ပါတယ်ဆိုရင် .. ဂျီမေးလ်က ဒီအတိုင်း ကြည့်နေမှာတဲ့လား။
ထားပါတော့ ..နောက်ဆုံး ဂျီမေးလ်ကပါ လက်လွတ်လိုက်လို့ .. ပါလာပြီဆိုတော့ကော..ဘာဖြစ်လဲ။
Inbox ထဲက မေးလ်ကိုဖွင့်တာနဲ့ .. ဒန်တန့်တန် ဆိုပြီး ..ကွန်ပြူတာကြီးတခုလုံး ပြိုးပြိုးပျက်ပျက် အလင်းအမှောင်တွေ ရှုပ်ကုန်ပြီး .. ပျက်ကျ ပြုတ်ကျသွားတာမျိုးလား။
နောက်ဆုံးဗျာ .. စဉ်းစားကြည့်ရင် .. တကမ္ဘာလုံး ကွန်ပြူတာလောကမှာ ..နေ့စဉ်နေ့တိုင်း ..ဗိုင်းရပ်စ်ပေါင်း သန်းနဲ့ ချီ ပြည့်ကျပ်နေတာ ..အသိသာကြီး။
...
...
ဗိုင်းရပ်စ် သတိပေးစာဆိုလို့ ..
မြန်မာလိုဗားရှင်းကို ဖတ်ပါတယ်။
(တကယ်တော့ 17 ရက်နေ့ မတိုင်ခင် ရခဲ့တဲ့ English ဗားရှင်း Email ထဲက စာသားကို စေတနာအပြည့်နဲ့ ဘာသာပြန်ပေးထားတဲ့ မြန်မာဗားရှင်းပါဘဲ)
....
သူပြောတဲ့အတိုင်း ..
CNN ရဲ့  NCC Education Director .. ထောက်ခံပြောဆို ကြေညာချက်ဆိုတာကို .. မနေ့က တနေကုန်လုံး.. အင်တာနက်ပေါ် မွှေနှောက်ရှာဖွေပါတယ်။
NCC Education ဝက်ဆိုဒ်ကိုလည်း မွှေပါတယ်။
Director ဆိုသူရဲ့  ပြောဆိုချက်ကိုလည်း ဘယ်နားမှာတွေ့မလဲ ဆိုပြီး ရှာပါတယ်။
(တွေ့ရင် ပြောပေးပါ ..ခုထိ ရှာနေတုန်းပါဘဲ)

ဒီ virus လာမှာကိုစသိတာက mckafee company ကပါ ..ဆိုလို့ ..မြန်မာဗားရှင်းထဲကအတိုင်း .. mckafee company ကို ထုံးစံအတိုင်း Google ပါသေးတယ်။
နောက်တော့ မဟုတ်သေးပါဘူးဆိုပြီး မူရင်း အင်္ဂလိပ်ဗားရှင်းကို ပြန်ဖတ်ရပြန်တယ်.. McAfee ကိုပြောတာဖြစ်မှာပါ .. မှားရေးမိသွားတာဖြစ်မယ်။

ပို့စ်ကဒ်တွေနဲ့ပတ်သက်ပြီး ..ပို့စ်ကဒ်ဗိုင်းရပ်တွေဆိုတာ အမှန်တကယ် ရှိနေခဲ့ ရှိနေဆဲ ဖြစ်သော်လည်း ..ဒီ Message ပါ အီးမေးလ်ကတော့ .. Hoax တစ်မျိုးသက်သက်သာ ဖြစ်တယ်လို့ WikiAnswers မှာ ဖြေပေးထားတာတွေ့ရပါတယ်။

၂၀၀၁ လောက်ထဲက .. အင်တာနက်ပေါ် .. ဒီလို Hoax Email ( Rumor Message ) တွေနဲ့ .. စတင်ခဲ့တယ်လို့ ဆိုပါတယ်။
...............
ခုလို ဖော်ဝဒ် အသီးသီးလုပ်ပေးနေကြတဲ့ မြန်မာဗားရှင်း ဗိုင်းရပ်စ် warning အီးမေးလ် ရဲ့  မူရင်း အင်္ဂလိပ်ဗားရှင်း အီးမေလ်း message ကို ဖတ်ကြည့်ချင်မယ်ဆိုရင် ဖတ်ကြည့်ပါအုံး ..။

အင်္ဂလိပ်ဗားရှင်း အီးမေးလ်မှာလည်း .. စထဲက .. ဟေ့ ..ဖော်ဝဒ်လုပ်ပါ တဲ့ .. မလုပ်ရင် ဘာများ ဖြစ်မလဲ မသိ.. (ဟို ရွှေပေလွှာ ဘာပေလွှာတွေလို .. အစောင် ၂၀ ဖော်ဝဒ်လုပ်ပါ ..မလုပ်ရင် ဘာဖြစ် ညာဖြစ်လို့ မပါရုံ တမယ်ပါဘဲ)
တကယ်တော့ .. ဒီလို အင်္ဂလိပ်အီးမေးလ်တွေက .. ရဖူးသူတိုင်း .. ရိုး .. ဟိုး နေပြီလို့ ပြောလို့တောင် ရပါမယ်။

------------
PLEASE FORWARD THIS WARNING AMONG FRIENDS, FAMILY AND CONTACTS!


You should be alert during the next few days. Do not open any message
with an attachment entitled 'POSTCARD FROM BEJING', regardless of who sent
it to you. It is a virus which opens A POSTCARD IMAGE, which 'burns' the
whole hard disc C of your computer.

This virus will be received from someone who has your e-mail address in his/her contact list.

This is the reason why you need to send this e-mail to all your contacts It is better to receive
this message 25 times than to receive the virus and open it.

If you receive a mail called' POSTCARD FROM BEJING,' even though sent to you by a
friend, do not open it! Shut down your computer immediately.

This is the worst virus announced by CNN. It has been classified by
Microsoft as the most destructive virus ever.

This virus was discovered by McAfee yesterday, and there is no repair yet for this kind of virus.

This virus simply destroys the Zero Sector of the Hard Disc, where the vital information is kept.

COPY THIS E-MAIL, AND SEND IT TO YOUR FRIENDS. REMEMBER: IF YOU SEND IT
TO THEM, YOU WILL BENEFIT ALL OF US.

------
အမှန်အတိုင်းပြောရရင် .. Delete လုပ်ပြီး ဒီအီးမေးလ်ကို မဖျက်သေးပေမဲ့ .. ဘယ်သူ့ဆီကိုမှ Forward မလုပ်ဖြစ်ပါဘူး ..
ဒီလို အီးမေးလ်တွေ ဗိုင်းရပ်စ်Warning အီးမေးလ်တွေ .. တပုံတခေါင်းကြီး .. ပုံစံအမျိုးမျိုး နာမည်အမျိုးမျိုး နဲ့ အမြဲလိုလို .. ရနေတဲ့ သူတွေကတော့ .. ဘယ်သူ့ဆီကိုမှ အထူးတလည် .. ဖော်ဝဒ်မလုပ်ဖြစ်ကြတော့ပါဘူး။

Last edited by konaung; 29-04-2009 at 08:23 PM..
konaung is offline   Reply With Quote
အောက်ပါအသင်းဝင် 4 ဦးတို့မှ konaung အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 29-04-2009, 08:30 PM
konaung
ပညာရှိကြီး
 
အသင်းဝင်နေ့စွဲ: Jan 2008
ရေးသားချက်များ: 357
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 485
ပို့စ် 322 ခုအတွက် 1,353 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
konaung is on a distinguished road
ပြန်စာ - သတိထားကြပါဗျို့...

ခု လတ်တလော Hit ဖြစ်သွားတဲ့ ဘေဂျင်းက ပို့စ်စ်ကဒ် ဗိုင်းရပ်ဆိုတာနဲ့ ..
စာသားတူတူ Message အတူတူ ..
အောက်က Hoax Email များ ...ရဲ့  အရေးအသားတူညီမှု စာသားတူညီမှုများကို နှိုင်းယှဉ်ကြည့်နိုင်ပါတယ်။


--------------
All Below Email Messages are Hoax only.

As the following example shows, this hoax email is just an altered version of the Olympic Torch Invitation Virus Hoax that began circulating in 2006:

You should be alert during the next days: Do not open any message with an attached filed called "Invitation" regardless of who sent it. It is a virus that opens an Olympic Torch which "burns" the whole hard disc C of your computer. This virus will be received from someone who has your e-mail address in his/her contact list, that is why you should send this e-mail to all your contacts. It is better to receive this message 25 times than to receive the virus and open it.

If you receive a mail called "invitation", though sent by a friend, do not open it and shut down your computer immediately.

This is the worst virus announced by CNN, it has been classified by Microsoft as the most destructive virus ever. This virus was discovered by McAfee yesterday, and there is no repair yet for this kind of virus. This virus simply destroys the Zero Sector of the Hard Disc, where the vital information is kept. SEND THIS E-MAIL TO EVERYONE YOU KNOW, COPY THIS E-MAIL AND SEND IT TO YOUR FRIENDS AND REMEMBER: IF YOU SEND IT TO THEM, YOU WILL BENEFIT ALL OF US

-------------------

And the Invitation virus hoax is in turn just a variant of the even older Virtual Card For You Virus Hoax that has been circulating continually since 2001:

A new virus has just been discovered that has been classified by Microsoft as the most destructive ever. This virus was discovered yesterday afternoon by McAfee . This virus simply destroys Sector Zero from the hard disk, where vital information for its functioning are stored.

This virus acts in the following manner:
It sends itself automatically to all contacts on your list with the title: "A Card for You".

As soon as the supposed virtual card is opened the computer freezes so that the user has to reboot. When the ctrl+alt+ del keys or the reset button are pressed, the virus destroys Sector Zero, thus permanently destroying the hard disk. Yesterday in just a few hours this virus caused panic in New York , according to news broadcast by CNN.

This alert was received by an employee of Microsoft itself.
So don't open any mails with subject: "A Virtual Card for You. " As soon as you get the mail, delete it !! Please pass this mail to all of your friends.

Forward this to everyone in your address book. I'm sure most people, like myself, would rather receive this notice 25 times than not at All.
-------------
Thus, in spite of what may appear at first glance to be connections to a real malware threat, the information in this hoax email has no basis in fact. Forwarding it is entirely counterproductive because it serves only to spread misinformation and create confusion about the threat posed by the genuine malware emails.

If you receive this hoax email please do not forward it to others. And please take a moment to inform the sender that the warning is untrue.

---------------

ဟိုးလွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက Email Hoax ကြီးများနဲ့ ဘာတွေ သွားတူနေလဲ .. ဖတ်ကြည့်တာနဲ့တင် .. ပုံစံတွေက တစ်ပုံစံထဲ တွေချည်း နီးပါးဖြစ်နေတာ တွေ့ရမှာဖြစ်ပြီး .. ဗိုင်းရပ်စ် နာမည်များသာ ကွဲသွားတဲ့ Email များအဖြစ် တွေ့နိုင်ပါမယ် ခင်ဗျာ ။
konaung is offline   Reply With Quote
အောက်ပါအသင်းဝင် 2 ဦးတို့မှ konaung အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 29-04-2009, 08:38 PM
mmmaung
အရွယ်ရောက်သူ
 
အသင်းဝင်နေ့စွဲ: Nov 2007
တည်နေရာ: korea
ရေးသားချက်များ: 168
ကျေးဇူးတင်စကား: 0
ပို့စ် 28 ခုအတွက် 73 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
mmmaung is on a distinguished road
ပြန်စာ - သတိထားကြပါဗျို့...

Quote:
Originally Posted by သောကမဲ့မိုးတိမ် View Post
ကျွန်တော်ကတော.သေသေချာချာမသိပါဘူး။
ထင်တာကတော.အင်ဗိုက်လုပ်တာနဲ.ကိုက်တယ်လို.တော.ထင်ပါတယ်ဗျာ။
အဲဒီလောက်လွယ်လို့လား .. ဘယ်လိုကိုက်မှာလဲ .. accept လုပ်တာနဲ့ကိုက်တယ်ဆိုတော့ တော်တော်စွမ်းနေပြီ :P
ခုခောတ်ကြီးမှာ သူများပြောတိုင်းယုံမယ်ဆိုရင် လူပ်လို့တောင်ရမှာမဟုတ်တော့ဘူး။ အများကိုချပြတယ်ဆိုတာလည်း ဖြစ်နိုင်တယ် မဖြစ်နိုင်တယ် အရင်စူးစမ်းပြီးမှချပြသင့်တယ်။ ဗိုင်းရပ်ကိုဒီလိုထည့်လို့ရရင် တကမ္ဘာလုံးကကွန်ပျုတာတွေအကုန်လုံး ဗိုင်းရပ် ဘယ်လိုလွတ်တော့မှာလ။ဲ

ဘ၀ကို ပေါ့ပေါ့လေး နဲ့ ပါးပါးလေး ဖြတ်ချင်တယ်:23::23::11:

Last edited by mmmaung; 29-04-2009 at 08:39 PM..
mmmaung is offline   Reply With Quote
အောက်ပါအသင်းဝင်မှ mmmaung အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 30-04-2009, 03:27 PM
ခင်မောင်ထွန်း
ကိုယ်ပိုင်အစွမ်းရှိပြီးသူ
 
ခင်မောင်ထွန်း's Avatar
 
အသင်းဝင်နေ့စွဲ: Jan 2009
ရေးသားချက်များ: 291
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 139
ပို့စ် 156 ခုအတွက် 390 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
ခင်မောင်ထွန်း is on a distinguished road
ပြန်စာ - သတိထားကြပါဗျို့...

[quote=ဇော်ရဲပိုင်;137940]အခု CNNက NCC education ရဲ့ director ကကြေညာထားပါတယ်။ ဒီရက်ပိုင်း
( Hard disk Drive sector ကိုburn
တဲ့ virus ၀င်လာပြီးသင့် Hard disk တစ်ခုလုံးကို ပညာပြပါလိမ့်မယ်။
ဝင်လာလို့ကတော့ပြင်လို့မရဘူးနော်။ ရေစက်ချအမျှသာဝေလိုက်တော့။ ဒီvirus
ကသက်တမ်းတစ်လျှောက်မှာအဆိုးဆုံးတဲ့ ။ ဒီ virus လာမှာကိုစသိတာက mckafee
company ကပါ။ တကယ်လို့ဒီvirus ၀င်လာလို့ရှိရင်ချက်ချင်းsing out
လုပ်ပြီးrestart ချပါ။ ပြီးသွားရင် မေးကိုပြန်ခေါ်ပြီးဖျက်ပြစ်ပါ။

အစ်ကိုရေ restart ပြန်လုပ်ပြီး ရင် ဒီအတိုင်းဝင်မယ့်အစား safe mode ကနေ၀င်သတ်တာပိုကောင်းတယ်လို့ကျွန် တော်ဆရာတစ်ယောက်ကပြောဖူးတယ်ဗျာ။ .......အဲဒါပိုကောင်းမယ်ထင်တယ်။
ခင်မောင်ထွန်း is offline   Reply With Quote
Old 04-05-2009, 12:44 PM
ရန်ရန်လင်း
အထူးအသင်းဝင်
 
ရန်ရန်လင်း's Avatar
 
အသင်းဝင်နေ့စွဲ: Dec 2008
တည်နေရာ: ဟေ၀န်နန်း
ရေးသားချက်များ: 217
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 368
ပို့စ် 202 ခုအတွက် 1,322 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
ရန်ရန်လင်း is on a distinguished road
Icon16 ပြန်စာ - Noevsf တဲ့သတိထားကြပါဗျို့...

Noevsf လို့အမည်ရှိတဲ့ ဗိုင်းရပ်စ်တစ်ခုဟာ Hi5, friendster,facebook, လိုမျိုးဆိုဒ်တွေကနေမှတဆင့် အီမေးများသို့ Attached File ဖြင့်တွဲပြီးရောက်လာတက်ပါတယ်.. နာမည်က တော့ No evsf ဆိုတဲ့နာမည်နဲ့ ၀င်လာမှာဖြစ်ပါတယ်.. ၀င်ပြီးသားရှိတဲ့သူကော.. မ၀င်သေးတဲသူတွေကောသတိထားကြပါ.. သူ့မှာ ပါလာတဲ့ Attached file ကို သွားမဖွင့်မိစေပါနဲ့ .. ဖွင့်မိလျှင်မိမိကွန်ပျူတာ No evsf ဗိုင်းရပ်စ် ၀င်သွားလိမ့်ပါမယ်.. Noevsf ကိုက်ပြီဆိုလျှင် Windows/System 32 ထဲက Window တက်ရန် အထောက်အကူပေးနေတဲ့ File တွေကို နှောက်ယှက် ဖျက်စီးနိုင်ပါတယ်.. ၄င်းဗိုင်းရပ်စ်ရဲ့ Extention မှာ .vbs ဖြစ်ပြီး Filename အပြည့်အစုံမှာ No evsf.vbs ဖြစ်ပါတယ်.. ၄င်းဗိုင်းရပ်စ်ကိစ္စနှင့်ပါတ်သတ်ပြီး Avira antivirus company က သတိထားရန် အရေးပေါ်ကြေငြာချက် တစ်ခုကို ထုတ်ပြန်ထားခဲ့သေးပါတယ်.. ဒါကြောင့် မိမိအီးမေး စစ်လျှင် No evsf ပါတဲ့နာမည်ဆိုလျှင် လုံးဝဖွင့်မကြည့်တာ အကောင်းဆုံးပါပဲ.. အမြန်ဆုံးသာဖျက်ပြစ်လိုက်ပါ...

yanyanlin@myanmarfamily.org

Never too late to learn.
Never too old to learn.

Last edited by ရန်ရန်လင်း; 04-05-2009 at 11:12 PM..
ရန်ရန်လင်း is offline   Reply With Quote
အောက်ပါအသင်းဝင် 6 ဦးတို့မှ ရန်ရန်လင်း အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 04-05-2009, 06:01 PM
konaung
ပညာရှိကြီး
 
အသင်းဝင်နေ့စွဲ: Jan 2008
ရေးသားချက်များ: 357
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 485
ပို့စ် 322 ခုအတွက် 1,353 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
konaung is on a distinguished road
ပြန်စာ - သတိထားကြပါဗျို့...

Quote:
Originally Posted by ရန်ရန်လင်း View Post
-----
၎င်းဗိုင်းရပ်စ်ကိစ္စနှင့်ပါတ်သတ်ပြီး Avris antivirus company က သတိထားရန် အရေးပေါ်ကြေငြာချက် တစ်ခုကို ထုတ်ပြန်ထားခဲ့သေးပါတယ်.. ---

ဗျို့  ကိုရန်ကြီး ..


Avris antivirus company ဆိုတာ ..ဘယ်ဟာတုန်းဗျ ..
Avris လား .. Avast လားဗျ ..
Avris ကိုတော့ ရှာလို မွှေလို့ မတွေ့ဘူးဗျ ...
Avast များလား ..
သေချာပြန်ကြည့်ပေးအုံး ..

Extension name ဖြစ်တဲ့ .. (.vbs) ဆိုတာကတော့ Visual Basic Script ကိုခေါ်တာဖြစ်ပြီး .. ဟိုးလွန်ခဲ့တဲ့ ၂၀၀၀ ခုနှစ် မေလ ၄ ရက်နေ့မှာ.. အီးမေးလ် အတက်ခ်ျတွေနဲ့ ကမ္ဘာတဝန်း စတင်ပျံ့ နှံ့  သွားခဲ့ဖူးတဲ့ ..
ILOVEYOU vbs (trojan/virus) လိုမျိုး လားမသိ။

ခုပြောနေတဲ့ Noevsf.vbs ဗိုင်းရပ်စ်အကြောင်းလည်း ... ညွှန်းကြတဲ့ အသံတွေ ...ကမ္ဘာတဝန်း သိပ်မတွေ့မိသေး။
သူ့အကြောင်း ပြောကြသံတွေ .. အဲဒီဗိုင်းရပ်စ်အကြောင်း ညွှန်းဆိုတာတွေကို..မတွေ့မိသေးတာလည်း ဖြစ်မယ် ..ထပ်ရှာလိုက်အုံးမယ် .. စိတ်ဝင်စားသား။

Avris antivirus company က သတိထားရန် အရေးပေါ် ကြေညာချက်ကိုလည်း သိချင်လို့ ... အွန်လိုင်းပေါ် ..အဲဒီ အန်တီဗိုင်းရပ်စ် ကုမ္ပဏီလင့်ခ် ကို ... ရှာလို့မရသေးဘူး။
Avast ကိုများ ပြောသလား။

ဒီဗိုင်းရပ်စ်အကြောင်း ပြောတဲ့ မူရင်းလင့်ခ်လေး ..ကိုရန်ကြီး သိရင်.. ညွှန်းပါအုံး ။ အပြည့်အစုံလေး သွားဖတ်ချင်လို့ ။
စိတ်ဝင်စားသဗျို့  ..။

ကိုရန်ကြီး information တွေအတွက် ကျေးဇူး။

konaung is offline   Reply With Quote
အောက်ပါအသင်းဝင်မှ konaung အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 04-05-2009, 11:10 PM
ရန်ရန်လင်း
အထူးအသင်းဝင်
 
ရန်ရန်လင်း's Avatar
 
အသင်းဝင်နေ့စွဲ: Dec 2008
တည်နေရာ: ဟေ၀န်နန်း
ရေးသားချက်များ: 217
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 368
ပို့စ် 202 ခုအတွက် 1,322 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
ရန်ရန်လင်း is on a distinguished road
Icon16 ပြန်စာ - သတိထားကြပါဗျို့...

ကိုနောင်ရေ .. ကိုနောင်ပြောမှပဲ ကိုယ်ရေးထားတဲ့အထဲက စာလုံးပေါင်းအမှားတွေ့တော့တယ်.. အချိန်မရလို့ အမြန်ရေးပြီး တင်ရတာဆိုတော့ စာလုံးပေါင်းမှာသွားတာပါ Avris နဲ့ Avira မှားသွားတာပါ..
Noevsf.vbs ဆိုတဲ့ ဗိုင်းရပ်စ်အကြောင်း ကြေငြာချက်ကို တော့ လေးလပိုင်းရဲ့နောက်ဆုံးအပတ်မှာ ကြေငြာသွားတာလို့ သိရပါတယ်.. အဲဒါကို ပြောတာကတော့ ထိုင်းနိုင်ငံမှာရှိတဲ့ ကျွန်တော့သူငယ်ချင်း တစ်ယောက်က ပြောပြလို့သိရတာပါ.. အဲဒါကြောင့် လင့်အတိအကျဖော်ပြမထားတာပါ.. ကျွန်တော်လည်းကျွန်တော့သူငယ်ချင်းပြောတုန်းက မယုံလို့ .. သူက သူ့ဆီကိုရောက်လာတဲ့ No evsf အမည်နဲ့  ဗိုင်းရပ်စ်မေးကို ကျွန်တော့ဆီ Forward လှမ်းပို့လိုက်တယ်.. အဲဒါနဲ့ ကျွန်တော်လည်း စမ်းသပ်ချင်တာနဲ့.. ကျွန်တော့်စက် တစ်ခုမှာ Network ဖြုတ်ပြီး သူပေးတဲ့ download ကို ဒေါင်းကြည့်တယ်.. သူပြောသလို တကယ်ဖြစ်လာတယ်ဗျ.. အဲဒါနဲ့ ကျွန်တော်လည်း ဒီနေ့ အဲဒီ့ပို့စ်လေးတင်လိုက်တာ.. ကိုနောင်လိုချင်ရင် အဲဒိ့ Forward မေးလေးကို သူ့ဆီကနေပြန်တောင်းပြီးပို့လိုက်ပါ့မယ်..ကျွန်တော်ကတော့ အဲဒီ့မေးကိုဖျက်ပြစ်လိုက်လို့ (ကိုနောင်လုပ်တာနဲ့ ဗိုင်းရပ်စ်ပါတဲ့ မေးကိုတောင် သက်သေအနေနဲ့ လိုက်ဖြန့်ရ မလိုဖြစ်နေပြီ ) ကျွန်တော့်မေးက yanyanlin@myanmarfamily.org အဲဒီ့မေးကို အက်ထားလိုက်....

yanyanlin@myanmarfamily.org

Never too late to learn.
Never too old to learn.

Last edited by tu tu; 05-05-2009 at 05:40 AM.. Reason: remove quote
ရန်ရန်လင်း is offline   Reply With Quote
အောက်ပါအသင်းဝင် 3 ဦးတို့မှ ရန်ရန်လင်း အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 05-05-2009, 11:53 AM
konaung
ပညာရှိကြီး
 
အသင်းဝင်နေ့စွဲ: Jan 2008
ရေးသားချက်များ: 357
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 485
ပို့စ် 322 ခုအတွက် 1,353 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
konaung is on a distinguished road
ပြန်စာ - သတိထားကြပါဗျို့...



ရပါပြီ ရပါပြီ .. ကိုရန်ကြီးရယ် ..
ပို့နဲ့ ပို့နဲ့ ရတယ် ... ပို့နဲ့တော့ ..
Avira စာလုံးလေး ကွဲလွဲနေလို့ မေးကြည့်တာ ..

အင်ဖော်မေးရှင်း သိရရင်ကို ကျေးဇူးတင် ..ကျေနပ်ပါပီ .. ကိုရန်ကြီး ရယ် ..

konaung is offline   Reply With Quote
Old 07-05-2009, 10:37 PM
တေဇသိန္မက
ကြီးကောင်ဝင်စ
 
တေဇသိန္မက's Avatar
 
အသင်းဝင်နေ့စွဲ: Apr 2009
ရေးသားချက်များ: 108
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 32
ပို့စ် 56 ခုအတွက် 148 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
တေဇသိန္မက is on a distinguished road
virus အသစ်

ကြောက်မက်ဖွယ်ကောင်းသော Virus အသစ်.

အခု CNNက NCC education ရဲ့ director ကကြေညာထားပါတယ်။ ဒီရက်ပိုင်း (အခုလောက်ဆိုလာလောက်ရောပေါ့)။ Postcard from Beijing ဆိုပြီး attachment file နဲ့ mail လာပါလိမ့်မယ်။ မေးက ပုံကအရမ်းလှတယ်တဲ့။အဲ့တာကိုဖွင့်လိုက်ရင် Hard disk Drive sector ကိုburn တဲ့ virus ၀င်လာပြီးသင့် Hard disk တစ်ခုလုံးကို ပညာပြပါလိမ့်မယ်။ ၀င်လာလို့ကတော့ပြင်လို့မရဘူးနော်။ ရေစက်ချအမျှသာဝေလိုက်တော့။ ဒီvirus ကသက်တမ်းတစ်လျှောက်မှာအဆိုးဆုံးတဲ့ ။ ဒီ virus လာမှာကိုစသိတာကMcAfee company ကပါ။ တကယ်လို့ဒီvirus ၀င်လာလို့ရှိရင်ချက်ချင်းsing out လုပ်ပြီးrestart ချပါ။ ပြီးသွားရင် မေးကိုပြန်ခေါ်ပြီးဖျက်ပြစ်ပါ။ အဲ့တာဆို OK သွားပါလိမ့်မယ်။ ဒီပို့စ်လေးကိုကိုယ့်သူငယ်ချင်းတွေဆီforward လုပ်ပေးပါ ။
ကျွန်တော်လည်းတစ်ခါမှတော့မကြုံဘူးသေးပါ.ကြုံဘူးသောသူငယ်ချင်းမှား၏
ပြောပြချက်ကြောင့်သိရတာပါ..မိတ်ဆွေတို့လည်းကိုယ်တိုင်းကြုံဖူးရင်သိကြမှာပါ..
သူငယ်ချင်းများအားလုံးဗိုင်းရပ်စ်ရန်မှကင်းဝေးကြပါစေ..

တကယ်တော့ဖူးစာဖက်ဆိုတာသူ့ဘာသာသူပါလာပြီးသားပါကျနေ
ာ်တို့မှာလည်းကျနော်တို့ရဲ့ဖူးစာဖက်ရှိပါတယ်ခုထိတော့မကြုံသေးဘူးဗျာ
[email]tayza171184@gmail.com[/email]
တေဇသိန္မက is offline   Reply With Quote
Old 07-07-2009, 08:30 PM
chitnyimalay
ကြီးကြပ်သူ
 
chitnyimalay's Avatar
 
အသင်းဝင်နေ့စွဲ: Mar 2007
တည်နေရာ: Insein, Yangon
ရေးသားချက်များ: 1,193
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 2,052
ပို့စ် 822 ခုအတွက် 3,470 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
chitnyimalay is on a distinguished road
ပြန်စာ - သတိထားကြပါဗျို့...

မိုက်ကယ်ဂျက်ဆင်သေဆုံးမှုကို အခွင့်ကောင်းယူကာ ဗိုင်းရပ်စ်များ ပျံ့နှံလျက်ရှိ

ပေါ့ပ်ဂီတာလောကရဲ့ ဘုရင်ဖြစ်တဲ့ မိုက်ကယ်ဂျက်ဆင် သေဆုံးပြီး ၂၄နာရီအကြာမှာ ဆိုက်ဘာဒုစရိုက်သမားများဟာ လူထုရဲ့ စိတ်ဝင်စားမှုအပေါ် အခွင့်ကောင်းယူကာ Spam နဲ့ Malware များကို ပျံ့နှံ့အောင် ကြိုးပမ်းလုပ်ဆောင်နေကြတယ်လို့ သိရပါတယ်။ လုံခြုံရေးသုတေသီများကလည်း ထိုအချက်ကို သတိပြုမိပြီး ရာနဲ့ချီတဲ့ Malicious Message များဟာ မိုက်ကယ်ဂျက်ဆင် သေဆုံးမှုနဲ့ ပါတ်သတ်တဲ့ အချက်အလက်များ အသွင်ဟန်ဆောင်ကာ ၀င်ရောက်လာကြပြီး အချို့ Message များကတော့ မိနစ်လိုက်ဝင်ရောက်လာ ကြကြောင်းသုတေသီများက ပြောကြားချက်အရ သိရပါတယ်။

ဆိုက်ဘာဒုစရိုက်သမားများဟာ မိုက်ကယ်ဂျက်ဆင် သေဆုံးမှုနဲ့ အဓိကအကြောင်းရင်းကို သိရှိလိုသူများအတွက် အီးမေးလ်လိပ်စာများကို အလွယ်တကူစုဆောင်းကာ Spam Message များဖြင့် အကြောင်းပြန်ကြားမှုကို ပြုလုပ်မှာ ဖြစ်ကြောင်း လုံခြုံရေးသုတေသီအဖွဲ့တစ်ခုဖြစ်တဲ့ Sophos မှသုတေသီများက ရှင်းပြပြောကြားခဲ့ပါတယ်။ ဒါ့အပြင် Websense Security Labs မှ သုတေသီများကလည်း YouTube ဗီဒီယိုလင့်ခ်ပါဝင်တဲ့ Message ဖြင့်ပေးပို့ တိုက်ခိုက်မှုများ ရှိနေပြီး ၎င်းလင့်ခ်ဒါမှမဟုတ် ဗွီဒီယိုကိုဖွင့်လိုက်တဲ့အခါ ကွန်ပျူတာအတွင်းသို့ Malware များဝင်ရောက်လာမှာ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

ဒီလိုတိုက်ခိုက်မှုများကို ကာကွယ်ဖို့အတွက် အခက်ခဲပဲ Web လုံခြုံရေးလုပ်ထုံးနည်းများအတိုင်း ပြုလုပ်ကာကွယ် နိုင်တယ်လို့ ဆိုပါတယ်။ ဒီလုပ်ထုံးနည်းတွေကတော့ မိမိနဲ့မရင်းနီးတဲ့သူထံမှ ပေးပို့လာတဲ့ Email တွေ ဒါမှမဟုတ် Message တွေကိုဖျက်ပစ်ခြင်း၊ Message မှာပါဝင်တဲ့ Web Link တွေရဲ့ ဦးတည်ရာကို သေချာမသိဘဲ ကလစ်နှိပ်ခြင်းမှ ရှောင်ကြင်ခြင်းများပြုလုပ် ကာကွယ်နိုင်ကြောင်းသိရပါတယ်။ အကယ်၍ Firefox Browser ကိုအသုံးပြုနေပါက Noscript လို့ခေါ်တဲ့ Plugin ကို Install လုပ်ထားသင့်တယ်လို့ ဆိုပါတယ်။ Noscript ဟာအတည်မပြုနိုင်တဲ့ Website များမှ Javascript နဲ့ Java Code များကို Block လုပ်ပေးနိုင်တယ်လို့ သိရပါတယ်။

-----------------------------
Source : Internet Journal

Life is short!
Break the rules!
Forgive quickly!
Kiss slowly!
Love truly, Laugh uncontrollably!
And never regret anything that made you smile.

chitnyimalay is offline   Reply With Quote
အောက်ပါအသင်းဝင် 2 ဦးတို့မှ chitnyimalay အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 08-01-2012, 06:19 PM
Thura Htet
ကလေးပေါက်စ
 
Thura Htet's Avatar
 
အသင်းဝင်နေ့စွဲ: Dec 2011
ရေးသားချက်များ: 48
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 8
ပို့စ် 23 ခုအတွက် 44 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
Thura Htet is on a distinguished road
ပြန်စာ - သတိထားကြပါဗျို့...

ကျွန်တော့်စက်လဲ virus ၀င်နေတာဗျာ လုပ်ပါအုန်း
စက်ကလဲလေးနေပြီ kaspersky နဲ့ သတ်လဲမရဘူး
လုပ်ကြပါအုန်းဗျာ
Thura Htet is offline   Reply With Quote
Reply

တန်ဆာပလာများ
ဖော်ပြမှုပုံစံ

Posting Rules
You may not post new threads
You may not post replies
You may not post attachments
You may not edit your posts

BB code is On
Smilies are On
[IMG] code is On
HTML code is Off

ဖိုရမ်တွေ ကျော်ရောက်ချင်ရင် !


ဖိုရမ်၏ ပင်မအချိန်သည် ဂရင်းနစ်စံတော်ချိန် +6.5 ဖြစ်သည်။ဒေသစံတော်ချိန် 07:24 PM
Inactive Reminders By Icora Web Design