Go Back   မြန်မာမိသားစုဖိုရမ် » ..:: ကွန်ပျူတာနယ်ပယ် ::.. » Linux များ (သို့) Linux နှင့်ဆိုင်ရာများ
မြန်မာလက်ကွက်

Linux များ (သို့) Linux နှင့်ဆိုင်ရာများ Linux OS များအကြောင်း ဆွေးနွေးရန်နေရာပါ.. Linux OS အသုံးပြုပုံများ.. တွေ့ကြုံရသည့်အခက်အခဲများကို ဆွေးနွေးဝေမျှထားသည့်နေရာဖြစ်သလို သင်ကိုယ်တိုင်လည်းဝင်ရောက်ဆွေးနွေးနိုင်ပါသည်.

Reply
 
Bookmark and Share တန်ဆာပလာများ ဖော်ပြမှုပုံစံ
Old 09-04-2010, 11:01 PM
  post #1
KznT
ကြီးကြပ်ရေးမှူး
 
KznT's Avatar
 
အသင်းဝင်နေ့စွဲ: Dec 2009
တည်နေရာ: http://www.techsectors.blogspot.com
ရေးသားချက်များ: 1,338
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 5,983
ပို့စ် 1,332 ခုအတွက် 20,384 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
KznT has a spectacular aura aboutKznT has a spectacular aura about
Ubuntu တင်ပြီး ဘာတွေ ပြင်ဆင်ဖို့ လိုသေးလဲ

Ubuntu အကြောင်းကိုတော့ ကျွန်တော်ထူးပြီး မိတ်ဆက်ပေးစရာ မလိုပဲ အတော်များများ သိခဲ့ပြီးလောက်ပြီလို့ ယူဆမိပါတယ်။ ဒါကြောင့် Ubuntu အသုံးပြုချင်သူ ၊ အသုံးပြုနေသူ ၊ အသုံးပြုမယ့်သူ အားလုံးအတွက် Ubuntu 9.10 အသုံးပြုနည်း လမ်းညွှန် အကြောင်း ကို စတင်မိတ်ဆက်လိုက်ပါတယ်။

ဒီလမ်းညွှန် အတွင်းမှာ Ubuntu 9.10 "Karmic Koala" installation ကို လုပ်ဆောင်ပြီးတဲ့ အချိန် ပြုပြင်ပြောင်းလဲ နိုင်မယ့် အကြောင်းအရာတွေ ဖြည့်သွင်းအားဖြည့်နိုင်မယ့် ဖန်တီးမှုတွေကို ဦးစားပေး ဖော်ပြသွားမှာပါ။ ဒီလမ်းညွှန်က Ubuntu ကို အသုံးပြုနေသူများအတွက် တစ်ဖက်တစ်လှမ်းကနေ အတိုင်းအတာ တစ်ခုထိ အထောက်အကူ ပြုနိုင်လိမ့်မယ်လို့ ယူဆမိပါတယ်။

ဖော်ပြချင်တဲ့ အကြောင်းအရာက များပြားနေတဲ့ အတွက်ကြောင့်မို့ တစ်နေ့တည်းနဲ့ အပြီးရေးသား ဖော်ပြသွားနိုင်မှာ မဟုတ်ပဲ ကျွန်တော့်ရဲ့ အားလပ်ချိန်ထဲကနေ နိုင်သလောက် ဒီခေါင်းစဉ်အောက်မှာ နေ့စဉ် အကြောင်းအရာ တစ်ခုစီ ဖော်ပြသွားနိုင်အောင် ကြိုးစားသွားပါ့မယ်။ ဖော်ပြထားပြီးသား အကြောင်းအရာတွေကို အကြောင်းအရာတစ်ခု ရေးသားပြီးသွားတိုင်း ဒီအောက်မှာ ဖော်ပြထားတဲ့ အနှစ်ချုပ်ဆိုတာရဲ့ အောက်မှာ ဖတ်ရှု့ရလွယ်ကူအောင် ခေါင်းစဉ်လိုက် links များပြုလုပ်ချိတ်ဆက်ပေးသွားပါမယ်။

အနှစ်ချုပ်

( ၁ ) Media codecs & DVD များအား Support လုပ်နိုင်စေရန် ဖန်တီးခြင်း။
( ၂ ) Gnome Control Center အား အသုံးပြုခြင်း။
( ၃ ) Firefox နှင့် Thunderbird အား Setup ပြုလုပ်ခြင်း။
( ၄ ) အသုံးတည့်မည့် software များအား install လုပ်ဆောင်ခြင်း။
( ၅ ) System & administration software များအား Setup ပြုလုပ်ခြင်း။
( ၆ ) အသုံးမလိုသော software များအား Uninstall နှင့် cleanup လုပ်ဆောင်ခြင်း။
( ၇ ) Ubuntu တွင် Fonts များ Install လုပ်ဆောင်ခြင်း။
( ၈ ) အခြားသော Languages များအား ရယူအသုံးပြုခြင်း။
( ၉ ) Package architecture များအား Force ပေး၍ Install လုပ်ဆောင်စေခြင်း။
( ၁၀ ) အနှစ်ချုပ်။

အောက်မှာ ဖော်ပြသွားမယ့် ခေါင်းစဉ်တွေအောက်မှာ ပါရှိလာမယ့် အပြာရောင်နဲ့ ဖော်ပြထားတဲ့ commands တွေအားလုံးဟာ Applications > Accessories > Terminal ထဲမှာ Run ရမယ့် စာသားတွေ ဖြစ်တယ် ဆိုတာ ကြိုပြီး အသိပေးပြောကြားချင်ပါတယ်။

Commands တွေကို တစ်ကြောင်းချင်းစီ လိုက်ရိုက်နေဖို့ မလိုပါဘူး။ အသုံးပြုနေကျ မဟုတ်တဲ့ အသစ်တစ်ယောက် ဖြစ်မယ် ဆိုရင် Terminal ထဲမှာ Commands ရိုက်ရတာနဲ့တင် Linux သုံးချင်စိတ် ကုန်သွားပါလိမ့်မယ်။ အောက်မှာ Terminal ထဲမှာ ရိုက်ဖို့ဆိုပြီး ဖော်ပြထားတဲ့ Commands တွေကို Terminal ထဲသွားပြီး Copy / Paste လုပ်ယုံပါပဲ။

( ၁ ) Media codecs & DVD များအား Support လုပ်နိုင်စေရန် ဖန်တီးခြင်း။


* ( ၁.၁ ) Medibuntu Repository အား Enable ပေးခြင်း


(movies, audio, DVD, ...) စတဲ့ media ဖိုင်တွေကို ဖတ်နိုင်ဖို့နဲ့ Skype or Google Earth တို့လို software တွေကို install လုပ်ဆောင်နိုင်ဖို့အတွက် ကျွန်တော်တို့တွေဟာ medibuntu repositories ကို Enable လုပ်ဆောင်ထားရ ပါလိမ့်မယ်။

Medibuntu Repository နဲ့ medibuntu keyring ကို Enable လုပ်ဖို့ကတော့ အောက်မှာဖော်ပြထားတဲ့ ရှည်လျားလှတဲ့ command ကို Terminal ထဲမှာ Run ပေးဖို့လိုပါတယ် -

sudo wget http://www.medibuntu.org/sources.list.d/`lsb_release -cs`.list --output-document=/etc/apt/sources.list.d/medibuntu.list; sudo apt-get -q update; sudo apt-get --yes -q --allow-unauthenticated install medibuntu-keyring; sudo apt-get -q update

( ဒီအထက်မှာ ဖော်ပြထားတဲ့ စာသားက Ubuntu က ထုတ်လိုက်တဲ့ Release တိုင်းနဲ့ အလုပ်လုပ်ပါတယ်။ )

* ( ၁.၂ ) Non-free-codes များအား install ပြုလုပ်ခြင်း

non-free-codecs meta-package တွေဟာ အရမ်းအသုံးဝင်တဲ့ packages တွေဖြစ်ပြီး ubuntu-restricted-extras packages တွေလည်း အများအပြားပါဝင်ပါတယ်။ ဒီ packages တွေက ဘာတွေကို support လုပ်သလဲ ဆိုတာ ဥပမာပြောရရင် MP3 တွေနဲ့ အခြားအခြားသော ဖွင့်မရ ပြုမရဖြစ်နေတဲ့ audio formats တွေ ၊ နောက်ပြီး Microsoft fonts, Java runtime environment, Flash plugin စတာတွေ အပြင် ကိုယ့်စက်ရဲ့ architecture အလိုက် w64codecs သွင်းရမလား w32codecs သွင်းရမလား ဆိုတာကိုပါ support ပေးပါတယ်။ နောက်ထပ်လည်း များစွာ ကျန်ပါသေးတယ်။ non-free-codes ကို Terminal မှာ ခုလို စာကြောင်းတစ်ခုရိုက်ပြီး install လုပ်ဆောင်လို့ ရပါတယ်။

sudo apt-get install non-free-codecs

တကယ်လို့ ဘာတွေ install လုပ်ဆောင်သွားမှာလဲ ဆိုတာ အတိအကျ သိချင်ခဲ့မယ် ဆိုရင် ဒီအောက်မှာ list ပါ။

cabextract freepats gsfonts-x11 gstreamer0.10-ffmpeg gstreamer0.10-plugins-bad gstreamer0.10-plugins-bad-multiverse gstreamer0.10-plugins-ugly gstreamer0.10-plugins-ugly-multiverse java-common liba52-0.7.4 libamrnb3 libamrwb3 libass3 libavcodec52 libavformat52 libavutil49 libcdaudio1 libcelt0 libdc1394-22 libdca0 libdirac0c2a libdvdnav4 libdvdread4 libenca0 libfaac0 libfaad0 libffado1 libfftw3-3 libfreebob0 libgsm1 libid3tag0 libiptcdata0 libjack0 libkate1 libmad0 libmimic0 libmjpegtools-1.9 libmms0 libmodplug0c2 libmp3lame0 libmp4v2-0 libmpcdec3 libmpeg2-4 libofa0 libpostproc51 libquicktime1 libschroedinger-1.0-0 libsidplay1 libsoundtouch1c2 libswscale0 libtwolame0 libwildmidi0 libx264-67 libxml++2.6-2 libxvidcore4 non-free-codecs odbcinst1debian1 sun-java6-bin sun-java6-jre sun-java6-plugin ttf-liberation ttf-mscorefonts-installer ubuntu-restricted-extras unixodbc unrar w64codecs ( စုစုပေါင်း 170 MB ခန့် )

* ( ၁.၃ ) အခြား codes များ၊ DVD support, VLC နှင့် mplayer ထည့်သွင်းခြင်း

libdvdcss2 package ဟာ DVDs play ဖို့အတွက် သင့်တော်တဲ့ package တစ်ခုပါ။ ဒါ့အပြင် VLC ဟာလည်း media layer ထဲမှာ အကောင်းဆုံးလို့ သုံးသပ်မိပါတယ်။ သူ့ကို install လုပ်ဆောင်နိုင်ဖို့ကတော့ -

sudo apt-get install libdvdcss2 gxine libxine1-ffmpeg vlc mplayer mencoder

တကယ်လို့ ဘာတွေ install လုပ်ဆောင်သွားမှာလဲ ဆိုတာ အတိအကျ သိချင်ခဲ့မယ် ဆိုရင် ဒီအောက်မှာ list ပါ။

gxine libaudio2 libdvbpsi5 libdvdcss2 libebml0 libiso9660-5 liblua5.1-0 liblzo2-2 libmatroska0 libmozjs0d libopenal1 libqtcore4 libqtgui4 libsdl-image1.2 libsvga1 libtar libvcdinfo0 libvlc2 libvlccore2 libxcb-shape0 libxcb-shm0 libxcb-xv0 libxine1 libxine1-bin libxine1-console libxine1-ffmpeg libxine1-misc-plugins libxine1-x mencoder mplayer mplayer-nogui mplayer-skins vlc vlc-data vlc-nox vlc-plugin-pulse ( စုစုပေါင်း 80 MB ခန့်)

ဆက်ရန် ...

က,ကြီး ရေးဖို့ကျောက်သင်ပုန်းရှာနေသူ

Life is what you make of it. Go out and make your dreams come true.

Last edited by KznT; 29-04-2010 at 02:17 AM..
KznT is offline   Reply With Quote
Old 09-04-2010, 11:36 PM
  post #2
KznT
ကြီးကြပ်ရေးမှူး
 
KznT's Avatar
 
အသင်းဝင်နေ့စွဲ: Dec 2009
တည်နေရာ: http://www.techsectors.blogspot.com
ရေးသားချက်များ: 1,338
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 5,983
ပို့စ် 1,332 ခုအတွက် 20,384 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
KznT has a spectacular aura aboutKznT has a spectacular aura about
ပြန်စာ - Ubuntu 9.10 အသုံးပြုနည်း လမ်းညွှန်

( ၂ ) Gnome Control Center အား အသုံးပြုခြင်း

ကျွန်တော့် အမြင်ကတော့ Gnome ထဲမှာထည့်ထားတဲ့ system settings menu က တော်တော်လေး ရှုပ်ရှက်ခတ်နေတယ် ထင်ပါတယ်။ တကယ်လို့ ကိုယ်တွေက Linux ကို အခုမှ စသုံးတဲ့သူ မဟုတ်ဘူး ဆိုရင်တော့ ဘယ် settings တွေကတော့ "Preferences" အောက်မှာ ရှိတယ်၊ ဘယ်ကောင်တွေကတော့ "Administration" အောက်မှာဆိုပြီး အလွယ်တကူ နားလည် ပြင်ဆင်မှု ပြုလုပ်နိုင်ကောင်း နိုင်ပါလိမ့်မယ်။ အဲ့ထဲမှာ Lists တွေကို alphabetically စီစဉ်ထားပြီး - တကယ်လို့သာ ကိုယ်တွေက Ubuntu ကို တစ်ခြား Languages တစ်ခုခုနဲ့သာ ပြောင်းသုံးမယ် ဆိုလို့ကတော့ လိုချင်တာကို ရှာတွေဖို့ တော်တော်ကြီးကို အချိန်ပေးရပါလိမ့်မယ်။ အဲတာက ကျွန်တော့် အတွက်တော့ တကယ့်ကို ပြဿနာပါပဲ။ ဒါတင်မကသေးပါဘူး တကယ်လို့ အသစ်တစ်ယောက်သာ Ubuntu ကို စသုံးမယ် ဆိုလို့ကတော့ ဒီပြဿနာကို တော်တော်ကို စိတ်ရှုပ်စရာ ကောင်းသွားမှာ သေချာပါတယ်။ ဒီအောက်မှာ ဖော်ပြထားတာကတော့ Gnome Control Center ဆိုတဲ့ ဒီပြဿနာ အတွက် အဖြေပါ။



* ( ၂.၁ ) Control Center အား Enable ပေးခြင်း

control center ဟာ default အနေနဲ့ install လုပ်ဆောင်ပေးပြီးသားပါ။ ကျွန်တော်တို့ လုပ်ဆောင်ရမှာ shortcut ကို Menu မှာ ပေါ်လာအောင် လုပ်ဆောင်ဖို့ပဲ လိုပါတယ်။ လုပ်ဆောင်နည်းကတော့ -

System > Preferences > Main Menu
အဲ့နောက် System > Control Center မှာ Check လုပ်ပါ။
ဒီနေရာမှာ "Preferences" နဲ့ "Administration" ကိုလည်း uncheck လုပ်သွားလို့ရပါတယ်။ ဘာကြောင့်လည်း ဆိုရင် နောက်ဆို Control Center ထဲမှာ "Preferences" နဲ့ "Administration" က ပါဝင်နေမှာ မို့လို့ ဖြစ်ပါတယ်။ ဒါဟာ ဘာနဲ့ သဘောတရားဆိုလည်း ဆိုရင် windows မှာ Control Panel တစ်ခုတည်းကို Start Menu မှာ ဖော်ထားလိုက်တာနဲ့ တစ်ခြား Control Panel မှာ ပါဝင်နေတဲ့ အရာတွေကို access လုပ်ဖို့ အသင့်ဖြစ်နေတာနဲ့ ဆင်တူပါတယ်။


အခုဆိုလို့ရှိရင် ကျွန်တော်တို့တွေ Control Center ကို Main Menu ကနေ အလွယ်တကူ အသုံးချလို့ ရပါပြီ။ Control Center access လုပ်ဖို့က ဒီတစ်နည်းတည်း မဟုတ်ပါဘူး။ နောက်တစ်နည်း ကျန်ပါသေးတယ်။ အဲ့နည်းကတော့ Terminal ထဲသွားပြီး command line ကနေ ခုလိုခေါ်ယူနိုင်ပါတယ်။

gnome-control-center

* ( ၂.၂ ) Control Center အား စတင်အသုံးပြုခြင်း

Control Center ကို ဖွင့်ပြီးတဲ့ အချိန်မှာ ကိုယ်သိချင်တဲ့ ပြောင်းလဲ ပြင်ဆင်မှု ပြုလုပ်ချင်တဲ့ အကြောင်းအရာရဲ့ အစစာလုံးကို ရိုက်လိုက်တာနဲ့ ကိုယ်လိုချင်တာကို ခုအောက်မှာ ဖော်ပြထားသလို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ဆိုကြပါစို့ ကျွန်တော်တို့က power management settings ကို ပြုပြင်ပြောင်းလဲမှု ပြုလုပ်ချင်တာ ဆိုရင် "pow" ဆိုပြီး ရိုက်လိုက်တာနဲ့ အမှန်ကန်ဆုံး ဖြစ်နိုင်ချေ ရှိတာကို ခုလို ဖော်ပြလာမှာ ဖြစ်ပါတယ်။


* ( ၂.၃ ) Control Center အား အသုံးပြု၍ လုပ်ဆောင်နိုင်သော အခြားအကြောင်းအရာများ

* ( ၂.၃.၁ ) မိမိ အသုံးပြုသလောက်သာ Power ကို ချိန်ညှိပါ။

"Power Management" ကို Control Center မှာ တွေ့ရှိနိုင်ဖို့အတွက် အောက်ဖော်ပြပါ အတိုင်း သွားရောက်ပါ။
System > Preferences > Power Managment

* ( ၂.၃.၂ ) Screensaver အား ပြင်ဆင်ပါ။

"Screensaver" ကို Control Center မှာ တွေ့ရှိနိုင်ဖို့အတွက် အောက်ဖော်ပြပါ အတိုင်း သွားရောက်ပါ။
System > Preferences > Screensaver

* ( ၂.၃.၃ ) စိတ်ရှုပ်စရာကောင်းသည်ဟု ယူဆသော အသံများအား ဖြုတ်ပစ်ပါ။

"Sound" ကို Control Center မှာ တွေ့ရှိနိုင်ဖို့အတွက် အောက်ဖော်ပြပါ အတိုင်း သွားရောက်ပါ။
System > Preferences > Sound
အဲကနေမှ တဆင့် sound theme မှာ "No sounds" ကို ရွေးပေးပြီး alert sound ကို mute လုပ်ခဲ့ပါ။


* ( ၂.၃.၄ ) Automatic Update အား setup ပြုလုပ်ပါ။

"Update Manager" ကို Control Center မှာ တွေ့ရှိနိုင်ဖို့အတွက် အောက်ဖော်ပြပါ အတိုင်း သွားရောက်ပါ။
System > Administration > Update Manager

ဘယ်ဘက် အောက်ထောင့်နားမှာ ရှိနေတဲ့ "Settings..." ကို Click ပေးပြီး အဲ့ဒီကနေမှ Security level ကို လိုသလောက် မြှင့်လို့ရပါတယ်။ ဆိုလိုတာ ဒီစက်ကို သုံးမယ့် သူတွေ အပေါ်မူတည်ပြီး Setting မှာ လိုအပ်သလို Security level ကို မြှင့်ထားဖို့ပါ။ မကြာခဏ တက်တက်လာတတ်တဲ့ Updates သတိပေးချက်တွေကို Minimize လုပ်ထားနိုင်ဖို့ ဆိုင်းငံ့ထားနိုင်ဖို့ အတွက်ကတော့ အောက်ဖော်ပြအတိုင်း လုပ်ဆောင်ကြည့်ပါ။


ကွန်ပြူတာကို ကိုယ်သုံးနေတဲ့ အချိန်မှာ မလိုအပ်တဲ့ Upgrade တွေကို တားဆီးထားနိုင်ဖို့အတွက် မပျက်မကွက်လုပ်ဆောင်ထားရမှာ တစ်ခုက "Show new distribution releases" နေရာမှာ "Never" အဖြစ်ပြင်ဆင်ထားရှိနိုင်ပါတယ်။

ဆက်ရန် ....

က,ကြီး ရေးဖို့ကျောက်သင်ပုန်းရှာနေသူ

Life is what you make of it. Go out and make your dreams come true.

Last edited by KznT; 10-04-2010 at 12:22 PM..
KznT is offline   Reply With Quote
အောက်ပါအသင်းဝင် 19 ဦးတို့မှ KznT အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 21-04-2010, 07:00 PM
  post #3
KznT
ကြီးကြပ်ရေးမှူး
 
KznT's Avatar
 
အသင်းဝင်နေ့စွဲ: Dec 2009
တည်နေရာ: http://www.techsectors.blogspot.com
ရေးသားချက်များ: 1,338
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 5,983
ပို့စ် 1,332 ခုအတွက် 20,384 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
KznT has a spectacular aura aboutKznT has a spectacular aura about
ပြန်စာ - Ubuntu 9.10 အသုံးပြုနည်း လမ်းညွှန်

( ၃ ) Firefox နှင့် Thunderbird အား Setup ပြုလုပ်ခြင်း

Firefox နဲ့ Thunderbird မှာသဘောကျစရာကောင်းတဲ့ စွမ်းဆောင်ရည် တစ်ခုက Windows ကနေ ပဲ ဖြစ်ဖြစ် Linux ကနေပဲ ဖြစ်ဖြစ် ဘယ်ကနေ boot တက်တက် “profile folder” ကို Share လုပ်နိုင်တာပါ။ အဲတာကြောင့်မို့လို့ Linux ကိုပဲ ဖြစ်ဖြစ်၊ Windows ကိုပဲ ဖြစ်ဖြစ် Reinstall လုပ်ပြီးတဲ့ အချိန်မှာ ကိုယ့်ရဲ့ “profile folder” ဘယ်နားမှာ ရှိတယ်ဆိုတာ ညွှန်ကြားလိုက်ယုံနဲ့ သီးသန့် ပြန်လည် ပြင်ဆင်နေစရာ မလိုပဲ ကိုယ်အသုံးပြုနေကျ ပုံစံအတိုင်း ပြန်လည် ရရှိနိုင်မှာဖြစ်ပါတယ်။
firefox -P
thunderbird -P


အခုဆိုရင် ကျွန်တော်တို့ရဲ့ bookmarks, contacts တွေနဲ့ emails တွေ အားလုံးကို ပြန်လည်ရရှိပါပြီ။



* ( ၃.၁ ) အသုံးဝင်သော Firefox extensions များ



DownThemAll: download managers တွေထဲမှာမှ အကောင်းဆုံးတစ်ခု ဖြစ်ပါတယ်။

Flashblock: လေးလံမယ့် animations တွေနဲ့ ads တွေကို block ပေးပြီး browsing speed ကို ကွန်ပြူတာ အဟောင်းတွေမှာဆိုရင်တောင် ပိုမြန်လာအောင် စွမ်းဆောင်ပေးနိုင် ပါလိမ့်မယ်။

User Agent Switcher: များပြားလွန်းတဲ့ compatibility problems တွေကို ဖြေရှင်းပေးနိုင်ပါတယ်။ တကယ်လို့ Firefox မှာ website တစ်ခုဟာ ပုံမှန်အတိုင်း အဆင်ပြေပြေ မတွေ့မြင်ရဘူးဆိုရင် ( ဥပမာအားဖြင့် hotmail ) သူ့ကို IE သို့မဟုတ် Opera ... စသဖြင့် တစ်ခြား ကိုယ်နှစ်သက်ရာ Browser တစ်ခုမှာ သုံးနေသလိုမျိုး ဖန်တီးကြည့်ရှု့နိုင်ပါတယ်။

Screengrab: web page တွေကို ( အစိတ်အပိုင်း တစ်ခု ဒါမှမဟုတ် အားလုံးအပြည့်အစုံ ) image အဖြစ်လည်းကောင်း ၊ clipboard ဆီကိုလည်းကောင်း ရွှေ့ပြောင်းမှတ်သား နိုင်ပါတယ်။

Session Manager: လတ်တလော Windows မှာရှိနေတဲ့ အခြေအနေတွေ အားလုံးကို saves ပေးထားပြီး restores ပြန်လုပ်ပေးနိုင်ပါတယ်။ session manager တွေထဲမှာတော့ အကောင်းဆုံးလို့ ပြောလို့ရပါတယ်။

* ( ၃.၂ ) အသုံးဝင် Thunderbird extensions ( add-ons ) များ


Mozilla Lightning: Thunderbird အတွက်ထုတ်ထားတဲ့ calendar extension ပါ။
(Project homepage)

Zindus: Google and Zimbra ကို Thunderbird မှာ ပေါင်းစည်းနိုင်ဖို့ ဖြစ်ပါတယ်။
(Project Homepage)

Provider for Google Calendar: Sunbird သို့မဟုတ် Lightning ကိုသုံးပြီး Google Calendar က events တွေကို ဖြည့်တာ ဖတ်တာ လုပ်ဆောင်လို့ ရပါမယ်။

Image Zoom: Images တွေကို zoom in, zoom out, လုပ်တာ screen နဲ့ fit image လုပ်တာမျိုးတွေ လုပ်ဆောင်လို့ရပါမယ်။
(Project homepage)

ဆက်ရန် ...

က,ကြီး ရေးဖို့ကျောက်သင်ပုန်းရှာနေသူ

Life is what you make of it. Go out and make your dreams come true.
KznT is offline   Reply With Quote
အောက်ပါအသင်းဝင် 14 ဦးတို့မှ KznT အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 21-04-2010, 07:19 PM
  post #4
KznT
ကြီးကြပ်ရေးမှူး
 
KznT's Avatar
 
အသင်းဝင်နေ့စွဲ: Dec 2009
တည်နေရာ: http://www.techsectors.blogspot.com
ရေးသားချက်များ: 1,338
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 5,983
ပို့စ် 1,332 ခုအတွက် 20,384 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
KznT has a spectacular aura aboutKznT has a spectacular aura about
ပြန်စာ - Ubuntu 9.10 အသုံးပြုနည်း လမ်းညွှန်

( ၄ ) အသုံးတည့်မည့် software များအား install လုပ်ဆောင်ခြင်း

* ( ၁ ) Google Earth

အပေါ်မှာ ပြောထားခဲ့ပြီးတဲ့ medibuntu repositories ကို တစ်ကြိမ် installed လုပ်ဆောင်ပြီးထားတာနဲ့ Google Earth 5 ကို Synaptic Package Manager ကနေ အလွယ်တကူ install လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ တကယ်လို့ software center မှာ မပေါ်ဘူး ဆိုရင်လည်း အောက်ဖော်ပြပါ command line ကို Terminal မှာ သုံးကြည့်ပါ။

sudo apt-get install googleearth

အသေးစိတ် အနေနဲ့ နောက်တစ်ခု ပြောစရာရှိတာက Google Earth ကို desktop theme အဖြစ်လည်း အသုံးပြုနိုင်ပါတယ်။ အဲတာကို လုပ်ဆောင်နိုင်ဖို့အတွက် main menu ကနေ %f command ကို -style GTK+ %f ဆိုပြီး အစားထိုးလိုက်ပါ။


တကယ်လို့ Google Earth နောက်ထပ် versions တွေ ထွက်ရှိလာခဲ့မယ် ဆိုရင် ဒီနေရာကနေ .bin installer အဖြစ် download ချနိုင်ပါတယ်။ GoogleEarthLinux.bin package ကို Download ချပြီး save ပြီးသွားပြီ ဆိုရင် သူ့ကို command line ကနေ install လုပ်ဆောင်နိုင်ဖို့အတွက် ဒေါင်းလုပ်ချထားတဲ့ ဖိုင်ကို executable အဖြစ် ပြောင်းလဲပေးဖို့လိုပါတယ်။

Download လုပ်ထားတဲ့ folder ကိုဖွင့်ပြီး file ပေါ်မှာ အောက်ဖော်ပြပါပုံလို right-click ထောက်ပြီး "Properties" ကိုသွားပါ။


Properties windows ပေါ်လာပြီဆိုရင် "Permissions" tab ကိုသွားပြီး "Allow executing file as program" ဆိုတဲ့ checkbox မှာ check လုပ်ပါ။


ပြီးသွားရင် Terminal ကိုဖွင့်ပြီး အောက်ဖော်ပြပါ command တစ်ခုချင်းစီကို အသုံးပြုပါ။


cd Downloads
sudo ./GoogleEarthLinux.bin


* ( ၂ ) Adobe Acrobat Reader


Default Ubuntu မှာ ပါလာပြီးသား pdf reader ဖြစ်တဲ့ Evince ကလည်း အားလုံးအတွက်သုံးဖို့ အဆင်ပြေပါတယ်။ ဒါပေမယ့် တစ်ချို့ Adobe Reader နဲ့မှ စိတ်တိုင်းကျမယ့် သူတွေ အတွက် ဒီနေရာမှာ ဒေါင်းလုပ်ချလို့ ရပါတယ်။ ဒေါင်းလုပ်ချပြီးသွားရင် လုပ်ဆောင်ရမယ့် လုပ်ဆောင်နည်းကတော့ Google Earth မှာ .bin ကို executable ဖြစ်အောင် လုပ်ခဲ့တဲ့ လုပ်ဆောင်နည်း အတိုင်းပါပဲ။

Terminal ကိုဖွင့်ပြီး အောက်ဖော်ပြပါ တစ်ခုချင်းစီ paste လုပ်ပါ။


cd Downloads
sudo ./AdbeRdr9.2-1_i486linux_enu.bin
( AdbeRdr9.2-1_i486linux_enu.bin ဆိုတာ ဥပမာပေးထားတာပါ အဲ့ဒီ့ နာမည်နေရာမှာ ကိုယ်ဒေါင်းလုပ်ချလိုက်တဲ့ ဖိုင်မှာပါလာတဲ့ နာမည်အတိုင်း ဖြစ်နေဖို့ လိုပါတယ်။ )

တစ်ခုမှတ်ထားရသင့်တာက ဒီဖော်ပြထားတဲ့ file name တစ်ခုလုံးကို အပြည့်အစုံရိုက်ထည့်ပေးနေစရာ မလိုပါဘူး။ file name ရဲ့ ပထမဆုံး ၂ လုံး ၃ လုံးလောက်ကို စရိုက်လိုက်ပြီး Tab ↹ key ကို နှိပ်လိုက်တာနဲ့ file name က auto complete ဖြစ်သွားမှာ ဖြစ်ပါတယ်။

"Enter installation directory for Adobe Reader 9.2 [/opt] " ဆိုပြီး မေးလာရင်တော့ Enter ကိုသာ နှိပ်လိုက်ပါ။

* ( ၃ ) အခြားသော open source software များ။


Mozilla Thunderbird 2.0: Outlook လိုမျိုးပဲ အစားထိုး အသုံးပြုနိုင်တဲ့ software တစ်ခုပါ။ သုံးရလွယ်လို့ ကျွန်တော်ကတော့ Thunderbird ကို ခုနောက်ပိုင်း ပိုသဘောကျလာပါတယ်။

sudo apt-get install thunderbird thunderbird-gnome-support


Thunderbird Terminal ကနေ မဟုတ်ပဲ Software Center ကနေလည်း install လုပ်လို့ ရပါသေးတယ်။ ဒါပေမယ့်လည်း သူက thunderbird-gnome-support package ကိုတော့ default အနေနဲ့ install လုပ်ဆောင်ပေးမှာ မဟုတ်ပါဘူး။

Filezilla: FTP utility အတွက်တော့ windows မှာပဲ ဖြစ်ဖြစ် Linux မှာပဲ ဖြစ်ဖြစ် ကျွန်တော် Filezilla ကို သဘောကျပါတယ်။
Software Center ကနေ Install လုပ်ဆောင်ဖို့ အတွက်ကတော့ "filezilla" ဆိုတာကို ရှာပြီး install လုပ်ချင်လုပ် ဒီလိုမှ မဟုတ်ရင်လည်း ဒီနေရာကနေ install လုပ်လို့လည်း ရပါတယ်။


Audacity: Samplitude တို့ Cubase တို့လိုမျိုးပဲ သူလည်း Audio editor တစ်ခုပါ။
Software Center ကနေ "audacity" ကိုရှာပြီး Install လုပ်ဆောင်လို့ ရသလို လတ်တလော ဒီနေရာကနေ install လုပ်လို့လည်း ရပါတယ်။


Sound Converter
: audio file formats တွေကို တစ်ခုကနေ တစ်ခုပြောင်းတဲ့ လုပ်ငန်းစဉ်တွေ ဖြစ်တဲ့ WAV to MP3 or OGG, FLAC to MP3 စတာမျိုးတွေ လုပ်ဆောင်နိုင်ပါတယ်။
Software Center ကနေ "sound converter" ကိုရှာပြီး Install လုပ်ဆောင်လို့ ရသလို လတ်တလော ဒီနေရာကနေ install လုပ်လို့လည်း ရပါတယ်။

Shutter: Screenshots လုပ်ဖို့ သုံးလို့ကောင်းတဲ့ program တစ်ခုပါ။
Software Center ကနေ "shutter" ကိုရှာပြီး Install လုပ်ဆောင်လို့ ရသလို လတ်တလော ဒီနေရာကနေ install လုပ်လို့လည်း ရပါတယ်။


DVDs တွေ Copy ကူးဖို့ ဆိုရင်တော့ သုံးရ အဆင်ပြေတဲ့ Handbrake ဆိုတာရှိပါတယ်။ ( .deb installer ကိုတော့ ဒီနေရာကနေ ရယူပါ။ ) သူ့ကိုသဘောမကျရင်တော့ နောက်ထပ်သုံးရလွယ်ကူတဲ့ Thoggen ( သူ့ကို Software Center ကနေလည်း install လုပ်လို့ ရသလို ဒီနေရာကနေ install လုပ်လို့ ရပါတယ်။ )

Skype 2.1: အခု Skype အသစ် 2.1 beta version မှာ PulseAudio ကို Support လုပ်ပါပြီ။

sudo apt-get install skype

ဆက်ရန် ...

က,ကြီး ရေးဖို့ကျောက်သင်ပုန်းရှာနေသူ

Life is what you make of it. Go out and make your dreams come true.
KznT is offline   Reply With Quote
အောက်ပါအသင်းဝင် 16 ဦးတို့မှ KznT အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 24-04-2010, 02:59 PM
  post #5
KznT
ကြီးကြပ်ရေးမှူး
 
KznT's Avatar
 
အသင်းဝင်နေ့စွဲ: Dec 2009
တည်နေရာ: http://www.techsectors.blogspot.com
ရေးသားချက်များ: 1,338
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 5,983
ပို့စ် 1,332 ခုအတွက် 20,384 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
KznT has a spectacular aura aboutKznT has a spectacular aura about
ပြန်စာ - Ubuntu 9.10 အသုံးပြုနည်း လမ်းညွှန်

နောက် ( ၅ ) ရက်နေရင် Ubuntu 10.04 LST( Lucid Lynx ) ကလည်း ထွက်တော့ မှာ ဆိုတော့ Ubuntu 9.10 အတွက်ဆိုပြီး ရေးနေရတာ ကိုယ့်ကိုယ်ကိုယ် ဒိတ်အောက်နေသလို ခံစားလာရပါတယ်။ လူကလည်း Ubuntu 10.04 LST( Lucid Lynx ) နဲ့ ပတ်သတ်တာကိုပဲ ပြောင်းရေးချင်လာတယ်။ ဒါပေမယ့် လောလောဆယ်တော့ စိတ်လျော့ထားပါတယ်။ လတ်တလော ရေးနေတာလေး ပြီးအောင်ပဲ ရေးတော့မယ် ဆိုပြီး ကျန်တာလေးတွေကိုပဲ အားတင်းပြီး ဆက်ဖြစ်လိုက်တာပါ။ Ubuntu 9.10 အတွက်ဆိုပြီး ရေးနေပေမယ့် ဒီဖော်ပြထားတဲ့ အကြောင်းအရာတွေက Ubuntu 10.04 LST( Lucid Lynx ) မှာလည်း အတိုင်းအတာ တစ်ခုထိတော့ အထောက်အကူ ပြုနိုင်လိမ့်မယ်လို့တော့ မျှော်လင့်မိပါတယ်။ Windows ပဲ ဖြစ်ဖြစ် - Linux ပဲ ဖြစ်ဖြစ် - တစ်ခြား ဘယ် OS ပဲ ဖြစ်ဖြစ် install လုပ်ပြီးတာနဲ့ တန်းသုံးလို့ ကောင်းတာမျိုးမှ မဟုတ်တာ။ လိုအပ်တဲ့ Software တွေ ၊ Package တွေ ဘာညာစသဖြင့် အရံသင့် install ထပ်လုပ်ပေးလိုက်တော့မှာ OS တစ်ခုဆိုတာ အရသာရှိရှိ သုံးလို့ ကောင်းသွားတာမျိုး မလား။ လောလောဆယ်မှာ Windows ကို users တွေ လက်မလွှတ်ချင်ဘူး ဆိုတာကလည်း သူ့မှာ အရံသင့်သုံးနိုင်အောင် အားဖြည့်ပေးမယ့် software တွေဆိုတာက ဒုနဲ့ဒေးလေ။ အဲတာကြောင့် Linux ကို မသုံးဖူးသူတွေ စမ်းသုံးကြည့်ချင်လာအောင် - သုံးဖူးပြီးသား လူတွေ ဆိုရင်လည်း ပိုပြီး ကလိချင်လာအောင် လောလောဆယ်တော့ စာဖတ်နေပါတယ်။ ဒီအကြောင်းအရာ ပြီးသွားရင် Linux ကို အခြေခံကနေ စပြီး လေ့လာချင်သူတွေအတွက် အလွယ်တကူ နားလည်နိုင်အောင် အစကနေစပြီး ပြန်ရေးဦးမယ်လို့ စဉ်းစားထားလို့ပါ။ ဘာကြောင့်လည်း ဆိုရင် အခု Ubuntu 9.10 ဆိုပြီး ရေးနေပေမယ့် ဘယ်သူမှ သိပ်စိတ်ဝင်စားတာ မတွေ့ရဘူး။ တစ်ချက်က စိတ်ဝင်စားစရာ မကောင်းလို့လည်း ဖြစ်မယ် - နောက်တစ်ချက်က Linux က လူသစ်တွေနဲ့ သိပ်မရင်းနှီးသေးလို့လည်း ဖြစ်ကောင်း ဖြစ်မယ်။ အဲတာကို စိတ်ထဲမှာ ကလိကလိ ဖြစ်နေပါတယ်။ အားလုံးကို သုံးဖူးစေချင်တယ်။ အမြဲတမ်းကြီး Linux သုံးပါလို့ လက်ယက်မခေါ်ချင်ပေမယ့် Linux ဆိုတာ ဘာ ... သူက Windows နဲ့ ဘာတွေကွာတယ် ... သူ့မှာ ဘယ်လို ကောင်းကျိုးတွေပါတယ် ... ဘယ်နေရာမှာတော့ လုပ်ရကိုင်ရ လက်ပေါက်ကပ်တယ် ... သူ့ရဲ့ စွမ်းဆောင်ရည်ကတော့ ဘယ်လို ဆိုတာမျိုး မြည်းစမ်းကြစေချင်တယ် ... အဲ့အတွက်ပဲ စိတ်မဝင်စားတဲ့ ခေါင်းစဉ်တစ်ခုကို အပင်ပန်းခံပြီး အပိုင်းလိုက် ခွဲတင်ပေးနေတာပါ။ တစ်နေ့သူတို့ စိတ်ဝင်စားလာကြတဲ့ အချိန် အပိုင်း တစ်ပိုင်းလေးလောက် ဖြစ်ဖြစ် အထောက်အကူ ဖြစ်စေချင်လို့ပါပဲ။

( ၅ ) System & administration software များအား Setup ပြုလုပ်ခြင်း

* ( ၁ ) Firewall Setup ပြုလုပ်ခြင်း။


တကယ်လို့ ကျွန်တော်တို့ Ubuntu မှာ Firewall install လုပ်ဆောင်ထားချင်မယ် ဆိုရင် ufw လို့ခေါ်တဲ့ (Uncomplicated Firewall) က default အနေနဲ့ installed လုပ်ဆောင်ထားပေးပြီးသားပါ။ ဒါပေမယ့် active တော့ မဟုတ်သေးပါဘူး။ ဒါ့အပြင် Gufw ဆိုတာလည်း ufw အတွက် သင့်တော်တဲ့ GUI တစ်ခုပါပဲ။
Software Center ကနေ Install လုပ်ဆောင်ဖို့ အတွက်ကတော့ "gufw" ဆိုတာကို ရှာပြီး install လုပ်ဆောင်လို့ ရပါတယ်။ Gufw ကို အသုံးချဖို့ ခေါ်ထုတ်မယ် ဆိုရင်တော့ System > Administration > Firewall configuration ကနေ ဆွဲခေါ်လို့ ရပါတယ်။
တစ်ခုသတိထားရမှာက ဒီ Services ကို သုံးတော့မယ် ဆိုရင် ftp, pop3, smtp တွေ အတွက် ကြိုပြီး ပြင်ဆင်ထားပြီးသား ဖြစ်နေဖို့ လိုပါတယ်။


* ( ၂ ) Anti-virus installation လုပ်ဆောင်ရန် ( မလို ) ပါ။

လူအများစုက Linux ကိုရောက်လာရင် Anti-virus ကို Install လုပ်မထားပဲ နေလို့ရမှန်း သိထားကြပါတယ်။ အမှန်တကယ်လည်း firewall နဲ့ updating ကို ပုံမှန် လုပ်ဆောင်နေရင် ကျွန်တော်တို့ရဲ့ System ကလည်း တကယ်ကို လုံခြုံနေပါတယ်။ တကယ်ရော ဟုတ်ရဲ့လား ?? လူတိုင်းက ဒီမေးခွန်းကို တကယ်ပဲ မေးတတ်ကြပါတယ်။ အထက်မှာ ဖော်ပြထားတဲ့ ဖော်ပြချက်ကိုပဲ ဘယ်လောက်ပဲ ရှည်လျားထွေပြားအောင် ရှင်းပြပြ သူတို့ရဲ့ စက်ထဲမှာ Antivirus လေး တစ်ခုရှိမှ နေသာထိုင်သာ ရှိသလို ခံစားနေကြရတဲ့ လူတွေလည်း မနည်းပါဘူး။ ခုခေတ်မှာတော့ Kasperky ကစလို့ Symantec အလယ် McAffee အဆုံး computer security companies တွေက Linux system အတွက် antivirus ကို ထုတ်လုပ်လာကြပါပြီ။ ဒါကလည်း Users တွေက ကွန်ပြူတာဆို antivirus တင်ထားမှ ဆိုတဲ့ အသိကြီးအောက်မှာ အမြတ်ထုတ်လာကြတဲ့ ရလာဒ် တစ်ခုပါပဲ။ မဖြစ်မနေ ဝယ်သုံးရတော့မယ် လို့တော့ မထင်စေချင်ပါဘူး။

ClamAV ဆိုတာ free open source cross-platform anti-virus တစ်ခုဖြစ်ပြီး သူ့ရဲ့ GUI က ClamTk ဖြစ်ပါတယ်။ သူ့ကိုတော့ ပထမဆုံး ရွေးချယ်သင့်မယ်လို့ ထင်ပါတယ်။ သူ့ကို install လုပ်ဆောင်ဖို့အတွက် Software Center ကနေ "Virus Scanner" လို့ရှာပြီး install လုပ်လို့ ရပါတယ်။ သူ့ကို Access လုပ်ဖို့ ဆိုရင်လည်း Applications > System Tools > Virus Scanner ကနေ access လုပ်လို့ ရပါတယ်။


Ubuntu repositories ကနေ ပေးမထားတဲ့ ClamTk နောက်ဆုံး version ကို update ရယူချင်မယ် ဆိုရင်တော့ ဒီနေရာကနေ Download ရယူနိုင်ပါတယ်။ Update လုပ်ဆောင်ပြီး သွားမယ် ဆိုရင်တော့ ClamTk အတွက် shortcut က အောက်ဖော်ပြပါ နေရာမှာ ရှိနေပါလိမ့်မယ်။
Applications > Accessories > Virus Scanner

ClamTk ပြီးရင် ဒုတိယရွေးချယ်မှု ဖြစ်သင့်တာကတော့ Avira ဖြစ်မယ် ထင်ပါတယ်။ သူ့ရဲ့ freeware version ကို ဒီနေရာကနေ ရယူနိုင်ပါတယ်။ တတိယရွေးချယ်မှု ဖြစ်သင့်တာ ကတော့ Avast ကနေ ထုတ်ထားတဲ့ "Linux Home Edition" ဖြစ်သင့်ပါတယ်။

* ( ၃ ) Services တစ်ချို့နှင့် Startup programs တစ်ချို့အား Disable ပေးထားပါ။



( ၁ ) Boot-up Manager နှင့် Service အား ပြင်ဆင်ပါ။

ပြီးခဲ့တဲ့ Ubuntu versions မှာတုန်းက ဘယ်နေရာမှာ system services တွေကို (de)activate လုပ်နိုင်တယ်ဆိုတာ ဖော်ပြတဲ့ dialog တစ်ခုပါပါတယ်။ ဒါပေမယ့် ခုတော့ အဲ့ကောင်ကို System > Administration > Services အောက်မှာ ကျွန်တော်ရှာလို့ မတွေ့တော့ ပါဘူး။ ဖြစ်နိုင်ချေရှိတာကတော့ သူ့ကို ဖျောက်ပစ်လိုက်တယ် ထင်ပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် "Boot-Up Manager" လို့ခေါ်တဲ့ application တစ်ခု software center မှာ install လုပ်ဖို့ ရှိနေပါသေးတယ်။ သူ့ကို သုံးပြီး services တွေကို ကျွန်တော်တို့ manage လုပ်လို့ ရပါတယ်။ ဥပမာ အနေနဲ့ ဒီအောက်မှာ Bluetooth ကို deactivate လုပ်ပြထားပါတယ်။


( ၂ ) မလိုအပ်သော startup programs များအား Disable ပေးထားပါ။

တကယ်လို့များ default ပါလာတဲ့ startup programs တွေထဲက တစ်ချို့ကို မလိုအပ်ဘူးလို့ ယူဆရင် သူတို့တွေကို startup စာရင်းထဲကနေ ဖြုတ်ထားနိုင်ပါတယ်။ ဥပမာ အနေနဲ့ bluetooth manager, evolution alarm notifier, remote desktop server, visual assistance, ...စသဖြင့် ဖြစ်ပါတယ်။ ရှာဖွေရမယ့် နေရာကတော့ Control Center မှာ ရှိနေတဲ့ "Startup Applications" ပါ။
System > Administration > Startup Applications


* ( ၄ ) အခြားသော useful tools များ

( ၁ ) Gparted ခေါ် powerful partition editor

GParted ဆိုတာလည်း Partition Magic နဲ့ ဆင်တူတဲ့ partition editor တစ်ခုပါပဲ။

sudo apt-get install ntfsprogs gparted


( ၂ ) Start-Up Manager

Start-Up Manager ဆိုတာ graphical tool တစ်ခု ဖြစ်ပြီးတော့ boot loader နဲ့ splash screen Settings တွေကို ပြောင်းလဲနိုင်ပါတယ်။ Software Center မှာ "startup manager" ဆိုတာကို ရှာပြီး Install လုပ်ပါ။


Start-Up Manager ဟာ GRUB menu timeout ကို Ubuntu မှာ change ဖို့ အလွယ်ကူဆုံးလည်း ဖြစ်ပါတယ်။ ဒီနေရာမှာ မိမိစိတ်ကြိုက် bootloader menu timeout ကိုချိန်ညှိထားနိုင်ပါတယ်။ တကယ်လို့ 0 seconds မှာ ထားမယ်ဆိုရင်တော့ GRUB က "default operating system" အတိုင်းပဲ boot လုပ်သွားပါလိမ့်မယ်။

( ၃ ) Ubuntu Tweak

တစ်ခုခုဆို Tweak လုပ်ချင်တဲ့ သူမျိုးတွေအတွက်တော့ Ubuntu Tweak က မဆိုးပါဘူး။ အသုံးလည်း ဝင်ပါတယ်။ ဥပမာ အနေနဲ့ ပြောရရင် file အမျိုးအစားတွေကို manage လုပ်တဲ့ နေရာမှာ - နောက်ပြီး third party repositories တွေကို အလွယ်တကူ install လုပ်ဆောင်မယ့် နေရာမှာ စသဖြင့် အသုံးတည့်ပါတယ်။ ခုနောက်ပိုင်းမှာတော့ Ubuntu က version တစ်ခု မြင့်လာတိုင်း ကောင်းသထက်ကောင်းအောင် ကြိုးစားလာလိုက်တာ ခုဆိုရင် အရင်က ရှုပ်ရှုပ်ရှက်ရှက် လုပ်ဆောင်နေရတဲ့ လုပ်ငန်းစဉ်တွေ အားလုံးကို Windows မှာလိုပဲ Ubuntu မှာလည်း System menu အောက်မှာ အလွယ်တကူ လုပ်ဆောင်နေနိုင်ပါပြီ။ လေ့လာကြည့်ကြပါ။
Download နဲ့ Installation instructions ကတော့ ဒီနေရာမှာပါ။.

( ၄ ) Encryption

Truecrypt ဆိုတာ encryption software application တစ်ခုပဲဖြစ်ပါတယ်။ သူ့ရဲ့ GUI ကလည်း တော်တော်လေး ကောင်းပြီး Source code ကိုလည်း ရယူနိုင်ပါတယ်။
.deb အနေနဲ့ Download ရယူချင်မယ်ဆိုရင်တော့ ဒီနေရာမှာပါ။.

ဆက်ရန် ...

က,ကြီး ရေးဖို့ကျောက်သင်ပုန်းရှာနေသူ

Life is what you make of it. Go out and make your dreams come true.

Last edited by KznT; 24-04-2010 at 03:12 PM..
KznT is offline   Reply With Quote
အောက်ပါအသင်းဝင် 17 ဦးတို့မှ KznT အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 25-04-2010, 05:44 PM
  post #6
KznT
ကြီးကြပ်ရေးမှူး
 
KznT's Avatar
 
အသင်းဝင်နေ့စွဲ: Dec 2009
တည်နေရာ: http://www.techsectors.blogspot.com
ရေးသားချက်များ: 1,338
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 5,983
ပို့စ် 1,332 ခုအတွက် 20,384 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
KznT has a spectacular aura aboutKznT has a spectacular aura about
ပြန်စာ - Ubuntu 9.10 အသုံးပြုနည်း လမ်းညွှန်

* ( ၆ ) အသုံးမလိုသော software များအား Uninstall နှင့် cleanup လုပ်ဆောင်ခြင်း။

အသုံးမလိုတဲ့ packages တွေကို စက်ထဲမှာ မထားတာလည်း ကိုယ့်ရဲ့ ကွန်ပြူတာ သန့်ရှင်းရေးနဲ့ Performance ကောင်းမွန်ရေးအတွက် အခြေခံအကျဆုံး လုပ်ဆောင်သင့်တဲ့ အချက် တစ်ခုပဲ ဖြစ်ပါတယ်။ ကွန်ပြူတာနဲ့ ဆက်နွယ်နေကြတဲ့ သူတိုင်း ကိုယ့်ကွန်ပြူတာထဲမှာ install လုပ်ထားပြီး တကယ်တမ်း ဟုတ်တိပတ်တိ မသုံးဖြစ်တဲ့ packages တွေ - softwaes တွေဆိုတာ ရှိနေတတ်ကြပါတယ်။ သူတို့တွေကို ကျွန်တော်တို့ ရှင်းလင်းပစ်ခြင်း အားဖြင့် ကိုယ့်အတွက် တကယ်လိုအပ်မယ့် packages တွေကို နေရာပေးနိုင်သလို - အနည်းဆုံး အသုံးလိုတာတွေ သိမ်းဆည်းထားနိုင်ဖို့ Free space တစ်ခုတော့ ရနိုင်ပါတယ်။ ဒါတင်မက အသုံးမလိုတဲ့ သုံးလေ့မရှိတဲ့ packages တွေကို Uninstalling လုပ်ဆောင်ထားခြင်း အားဖြင့် နောက်ပိုင်းမှာ အဲ့ဒီ့ packages နဲ့ ပတ်သတ်ပြီး အမြဲပေးသွားရမယ့် updates တွေအတွက် နေရာလျော့ချပြီးသားလည်း ဖြစ်သွားပါတယ်။ Ubuntu Linux မှာ ဘာတွေက ကျွန်တော်တို့အတွက် အသုံးမလိုဘူးလဲ။ Users တစ်ယောက်နဲ့ တစ်ယောက် အသုံးချပုံခြင်း မတူညီကြလို့ ဒီလူက ဒီဟာ မသုံးဘူးဆိုပေမယ့် တစ်ခြား သူက ဒါကိုပဲ အသည်းစွဲ ဖြစ်ချင်လည်း ဖြစ်နေနိုင်ပါတယ်။ အဲတာကြောင့် လူသုံးနည်းပြီး လူကြိုက်လည်း နည်းတာတွေကို ဦးတည်ချက်ထားပြီး ဘယ်လို ရှင်းမလဲ ဆိုတာ ဆွေးနွေးသွားပါ့မယ်။

ယေဘုယျအားဖြင့် ကျွန်တော်အပါအဝင် Users အတော်များများ Evolution, F-spot, Rhythmbox, Tomboy နဲ့ gnome-games တွေကို သိပ်သုံးလေ့ မရှိကြပါဘူး။ ( သူတို့ကို ရှင်းထုတ်ပစ်ခြင်း အားဖြင့် ခန့်မှန်းခြေ 145MB လောက် disk space ပြန်လည် ရရှိလာမှာ ဖြစ်ပါတယ်။ )


sudo apt-get remove evolution evolution-common evolution-couchdb evolution-exchange evolution-indicator evolution-plugins evolution-webcal f-spot gnome-games gnome-games-common rhythmbox tomboy


တကယ်လို့ ကျွန်တော်တို့မှာ Palm smartphone ဒါမှမဟုတ် သူနဲ့ ဆက်စပ်နေတဲ့ တစ်ခြားအသုံးကိစ္စ မရှိဘူး ဆိုရင် Palm Pilot sync tools နဲ့ သူနဲ့ ဆက်နွယ်နေတာတွေကို ဖြုတ်ထားနိုင်ပါတယ်။

sudo apt-get remove gnome-pilot gnome-pilot-conduits libgnome-pilot2 libpisync1 libpisock9


Mono ကို ရှင်းမှာလား ( ဒါမှမဟုတ် မရှင်းဘူးလား)

F-spot နဲ့ Tomboy ဆိုတဲ့ mono ကိုသုံးထားတဲ့ applications နှစ်ခုဟာ karmic koala တွေမှာ default အနေနဲ့ ပါဝင်ပြီးသား applications တွေဖြစ်ပါတယ်။ တကယ်လို့ သူတို့တွေကို မသုံးချင်ဘူးဆိုရင်တော့ သူတို့ကို ရှင်းထုတ်လိုက်ခြင်း အားဖြင့် 30MB ကနေ 50MB ကြား free space ရရှိနိုင်ပါတယ်။ ဒါပေမယ့်လည်း အကျယ်နဲနဲ ထပ်ချဲ့ရရင် mono ကို remove လုပ်တယ်ဆိုတာ ideological အရ မကောင်းပါဘူး။ ဘာကြောင့်လည်းဆိုတာတော့ ပို့စ်နဲ့ သိပ်မပတ်သတ်လို့ အကျယ်မချဲ့ခဲ့တော့ပါဘူး။ ဒီနေရာကနေ သာ တစ်ချက် သွားဖတ်ကြည့်ပါ။ မကောင်းဘူးတွေ ကောင်းတယ်တွေ ဆိုတာထက် Free Software ဆိုနေမှတော့ Users တွေ ကြိုက်တာကို ရွေးချယ်ပိုင်ခွင့် ရှိတာမျိုးပဲ မလား။ အဲ့ကြောင့်မို့ Remove လုပ်ချင်သူများ ခုလိုလုပ်ပါ။

sudo apt-get purge libmono* libgdiplus cli-common

( ဘာလုပ်ရမှန်း ကိုယ့်ကိုယ်ကို သေသေချာချာ မသိသေးရင် mono ကို Remove မလုပ်ပါနဲ့။ )

မသုံးဖြစ်သော packages များအား Clean လုပ်ပါ။

ကျွန်တော်တို့ရဲ့ System ထဲမှာ ကိုယ်မသုံးဖြစ်တဲ့ libraries တွေ ( တစ်နည်းအားဖြင့် programs and commands များ ) ပြည့်နှက်နေပါတယ်။ အဲလိုမျိုး တစ်စစီ ဖြစ်နေတဲ့ libraries တွေကို ရှင်းလင်းပေးဖို့အတွက် package deborphan ဆိုတာ ရှိပါတယ်။ သူက တစ်စစီ ဖြစ်နေတဲ့ libraries တွေကို ရှာဖွေပေးပြီး ရှင်းလင်းပေးဖို့ စွမ်းဆောင်နိုင်ပါတယ်။ သူ့ကို GtkOrphan လို့လည်း ခေါ်ပါတယ်။

sudo apt-get install deborphan gtkorphan


GtkOrphan ကိုဖွင့်ဖို့အတွက် Control Center ထဲမှာ ရှိတဲ့ "Remove orphaned packages" ကို ရှာဖွေပါ။

System > Administration > Remove orphaned packages

( ဘာလုပ်ရမှန်း ကိုယ့်ကိုယ်ကိုယ် သေသေချာချာ မသိသေးရင် GtkOrphan ကို မသုံးပါနဲ့။ )

အပေါ်မှာ ဖော်ပြခဲ့တဲ့ နည်းတွေက Clean တာတော့ Clean တာပါပဲ။ ဒါပေမယ့် Clean မတတ်ရင် ရှော့ ရှိပါတယ်။ အဲတာကြောင့် ခု နောက်ဆုံး အနေနဲ့ ရှော့ မရှိတဲ့ Clean နည်းကို နောက်ဆုံး ဖော်ပြလိုက်ပါတယ်။


sudo apt-get autoremove
sudo apt-get clean


ဆက်ရန် ....

က,ကြီး ရေးဖို့ကျောက်သင်ပုန်းရှာနေသူ

Life is what you make of it. Go out and make your dreams come true.

Last edited by KznT; 26-04-2010 at 11:45 PM..
KznT is offline   Reply With Quote
အောက်ပါအသင်းဝင် 17 ဦးတို့မှ KznT အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 26-04-2010, 11:42 PM
  post #7
KznT
ကြီးကြပ်ရေးမှူး
 
KznT's Avatar
 
အသင်းဝင်နေ့စွဲ: Dec 2009
တည်နေရာ: http://www.techsectors.blogspot.com
ရေးသားချက်များ: 1,338
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 5,983
ပို့စ် 1,332 ခုအတွက် 20,384 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
KznT has a spectacular aura aboutKznT has a spectacular aura about
ပြန်စာ - Ubuntu 9.10 အသုံးပြုနည်း လမ်းညွှန်

( ၇ ) Ubuntu တွင် Fonts များ Install လုပ်ဆောင်ခြင်း။


( ၁ ) Red Hat Liberation Fonts

Liberation Fonts ဆိုတာ Microsoft systems က အများဆုံး အဓိကထား အသုံးပြုတဲ့ Times New Roman, Arial, နဲ့ Courier New ဆိုတဲ့ fonts တွေ နေရာမှာ အစားထိုးနိုင်မယ် ဆိုပြီး Red Hat ကနေ အဆိုပြုထားတဲ့ fonts တွေ ဖြစ်ပါတယ်။

sudo apt-get install ttf-liberation

( ၂ ) Microsoft Fonts

လူတစ်ယောက်နဲ့ တစ်ယောက်က အကြိုက်ချင်း မတူကြဘူး။ Liberation Fonts က Microsoft Fonts တွေ နေရာမှာ အပြည့်အဝနေရာယူနိုင်ပါတယ်လို့ ပြောထားပေမယ့်လည်း Microsoft Fonts ကိုမှ အသုံးပြုချင်သူတွေ အတွက် အောက်ဖော်ပြပါ အတိုင်း လုပ်ဆောင်ပါ။

sudo apt-get install ttf-mscorefonts-installer

ပြီးခဲ့တဲ့ Ubuntu versions တွေမှာတုန်းက ttf-mscorefonts-installer package တွေကို msttcorefonts ဆိုပြီး အမည်ပေးခဲ့ပါတယ်။ တကယ်လို့ ubuntu-restricted-extras ကိုပဲ ဖြစ်ဖြစ် non-free-codecs meta-packages ကိုပဲ ဖြစ်ဖြစ် installed လုပ်ဆောင်ခဲ့ပြီးသား ဆိုရင် ttf-mscorefonts-installer ကလည်း ကျွန်တော်တို့ရဲ့ system ထဲမှာ installed လုပ်ဆောင်ပြီးသား ဖြစ်ပါတယ်။

( ၃ ) Zawgyi-one နှင့် Ubuntu

Ubuntu မှာ မြန်မာ Fonts တွေ ပေါ်ဖို့ မြန်မာလို ရိုက်နိုင်ဖို့ ဆိုတာကတော့ အရင်က ပြဿနာရှိခဲ့ပေမယ့် ခုတော့ ပြေလည်နေပါပြီ။ ကျကျနန လမ်းညွှန်ထားတဲ့ ဆိုဒ်တွေ - စာအုပ်တွေဆိုတာလည်း မနည်းမနော ရှိနေပါပြီ။ တစ်ခုရှိတာက ခုနောက်ပိုင်း zawgyi ကို windows မှာလိုမျိုးပဲ double-click ပေးယုံနဲ့ တစ်ခါတည်း install လုပ်ပြီးသား ဖြစ်မယ် ဆိုပြီး .deb package တစ်ခုထွက်တာတွေ့တယ်။ ဒါပေမယ့် ကျွန်တော် စမ်းသုံးကြည့်တော့ သိပ်သဘောမကျဘူး။ ဘာလို့လည်း ဆိုတော့ အဲ့ဖောင့်သွင်းပြီး မြန်မာဆိုဒ်တွေကို ကြည့်တဲ့အခါ လျောလျော ရှုရှုနဲ့ fonts အားလုံး သေသေချာချာ မြင်ရပေမယ့် စာရိုက်တဲ့ အခါကျတော့ လက်ကွက်က ကျွန်တော် Windows မှာ အရင်သုံးနေကျ Zawgyi-one 2008 က လက်ကွက်တွေနဲ့ မတူတာ သွားတွေ့ရတယ်။ ကိုယ်တွေက မြန်မာဖောင့်ရိုက်လာတာ ဇော်ဂျီလက်ကွက်နဲ့ အသားကျနေပြီ ဆိုတော့ အဆင်မပြေတော့ဘူး။ Keyboard Layout မှာ သွားကြည့်တယ် ဘာတွေများ ဘယ်နေရာတွေ ပြောင်းသွားလို့လဲပေါ့။ ပြထားတာတော့ ဘာမှ ထူးထူးခြားခြား မရှိဘူး။ သူပြထားတဲ့ keyboard layout မှာတော့ 2008 လိုမျိုးပဲ ရရစ်လေး တစ်ချောင်းငင်လေးလောက် စသဖြင့် နဲနဲလေးပဲ ကွဲတာ ... ဒါပေမယ့် keyboard ကနေရိုက်လိုက်တော့ လုံးလုံးကြီးကို ကွဲနေတာ ဥပမာပြောရရင် ကကြီးကို ရိုက်မယ်ဆိုရင် u ကို ရိုက်ရမယ်။ keyboard မှာ ပြထားတာလည်း u နေရာမှာပဲ ဒါပေမယ့် တကယ်ရိုက်လိုက်တော့ကျ u နေရာမှာ ကကြီး မရှိဘူး။ တစ်ခြား စာလုံးကြီး ဖြစ်နေတယ်။ ကိုယ့်စက်က ဖြစ်တာလား။ လူတိုင်းဒီလို ဖြစ်သလား။ ကျွန်တော် တိတိကျကျ မသိဘူး။ ဒါပေမယ့် တစ်ခြား Ubuntu မှာ zawgyi လုပ်နည်းတွေ သိနေသေးတော့ အဲ့ မေးခွန်းကို လိုက်မစဉ်းစားတော့ဘူး။ အရင် ကိုယ်သုံးနေကျ Terminal ထဲကနေပဲ ဝင်ပြီး Run လိုက်တယ်။ အဲတော့မှ အဆင်ပြေသွားတယ်။ Install လုပ်နည်းအဆင့်ဆင့်နဲ့ ဘယ်လိုလုပ်ဆောင်ရတယ် ဆိုတာ ဒီနေရာမှာ မဖော်ပြတော့ပါဘူး။ ဒီအောက်က ပေးထားတဲ့ Link မှာ Zawgyi-one ကို Ubuntu မှာ ဘယ်လို install လုပ်ဆောင်တယ်ဆိုတာ တိတိကျကျ ရေးသားပေးထားတဲ့ လမ်းညွှန်ချက် စာအုပ်တွေ ကျွန်တော် စုဆောင်းပေးထားပါတယ်။ အဲ့တာကို Download ချပြီး ဖတ်ကြည့်ပါ။ ပါဝင်မယ့် PDF ( ၄ ) ခုကတော့ အောက်ဖော်ပြပါ အတိုင်း ဖြစ်ပါတယ်။


* Zawgyione 2009 on Ubuntu 9.10 Karmic
* zawgyi_keyboard_2009 Layout
* keyboard-layout-manual[11022009]
* how-to-install-myanmar-font-on-ubuntu910


Code:
Ubuntu with Zawgyi-one.rar (1.1 MB)
http://www.multiupload.com/QDPSJKRJXV
ဒါကတော့ ကျွန်တော် Zawgyi-one 2009 ကို Ubuntu 9.10 karmic မှာ တင်တုန်းက လုပ်ဆောင်ခဲ့တဲ့ လုပ်ဆောင်နည်း အသေးစိတ်ပါ။ အဲ့တုန်းက ရှေ့မှာ .deb ဆိုတဲ့ ကောင်တစ်ကောင် install လုပ်ထားပြီးသား ဖြစ်နေလို့ zawgyi-one 2009 ကို install ထပ်လုပ်တော့ အရင်ရှိပြီးသား .deb ကနေ သွင်းထားတဲ့ zawgyi ကို uninstall လုပ်တဲ့ အဆင့် တစ်ခု ပိုပါနေပါတယ်။ ကျန်တာကတော့ ပုံမှန်ပါပဲ။

Code:
kznt@Linuxlife:~$  cd ~/Desktop
kznt@Linuxlife:~/Desktop$ tar xzf burma-keyboard-tk-0.1.1.tar.gz
kznt@Linuxlife:~/Desktop$  cd burma-keyboard-tk
kznt@Linuxlife:~/Desktop/burma-keyboard-tk$ sudo python burma-keyboard-nogui.py
[sudo] password for kznt:

System platform : Linux [ OK ]
Your Linux Distro is Ubuntu 9.10 karmic.
Choose a font...
This is a list of font folder names.

['mm3', 'zawgyi2009', 'zawgyi2008']


Enter your fontfolder name: zawgyi2009
Are you going with zawgyi2009 font? Y/n y
You confirmed zawgyi2009 font to install or uninstall.
You choose zawgyi2009 font.
Font : Zawgyi-One_v4.30_November_14_20.ttf [ OK ]
Xkeyboard : zawgyi Keyboard [ OK ]


[i] install, [r] remove, [h] layout help,
[l] logs, [q] exit : i


Start Uninstallation...
Removing previous installed zawgyi font directory...
Removing previous installed zawgyi doc directory...
Restoring mm backup file...
Restoring origianl or backup mm file done.
Previous package removal done successfully!

Start Installation...
Installing directories...
Installing directories done.
Installing zawgyi font...
Installing zawgyi font done.
Backuping original mm xkb file...
Backuping original mm xkb file done.
Installing zawgyi xkeyboard...
Installing zawgyi keyboard done.
Installation is finished!

You may need to Log out or Restart your system to correct your keyboard.

[i] install, [r] remove, [h] layout help,
[l] logs, [q] exit : q

Have a nice day, Good bye!

kznt@Linuxlife:~/Desktop/burma-keyboard-tk$
( ၄ ) အခြား Fonts များအား Ubuntu တွင် install လုပ်ဆောင်ခြင်း။

- Nautilus ထဲရှိ Home folder အား ဖွင့်ပါ။

- Nautilus View menu မှ "Show Hidden Files" option အာ Enable ပေးပါ။


- ".fonts" ( dot ပါပါရမည်။ ) ဆိုတဲ့ အမည်နဲ့ folder တစ်ခု တည်ဆောက်ပါ။


- အခြားလိုအပ်သော Fonts မှန်သမျှအား အသစ်ဖန်တီးလိုက်သည့် folder တွင်းသို့ copy ကူးထည့်ပါ။
- တစ်ချို့ applications တွေအတွက် - restart ပေးဖို့ လိုပါလိမ့်မယ်။


ဆက်ရန် ...

က,ကြီး ရေးဖို့ကျောက်သင်ပုန်းရှာနေသူ

Life is what you make of it. Go out and make your dreams come true.

Last edited by KznT; 06-06-2010 at 12:11 AM..
KznT is offline   Reply With Quote
Old 29-04-2010, 02:11 AM
  post #8
KznT
ကြီးကြပ်ရေးမှူး
 
KznT's Avatar
 
အသင်းဝင်နေ့စွဲ: Dec 2009
တည်နေရာ: http://www.techsectors.blogspot.com
ရေးသားချက်များ: 1,338
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 5,983
ပို့စ် 1,332 ခုအတွက် 20,384 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
KznT has a spectacular aura aboutKznT has a spectacular aura about
ပြန်စာ - Ubuntu 9.10 အသုံးပြုနည်း လမ်းညွှန်

( ၈ ) အခြားသော Languages များအား ရယူအသုံးပြုခြင်း။

ဒီအကြောင်းအရာက အဓိကသိပ်တော့ မကျပါဘူး။ မြန်မာလူမျိုးတစ်ယောက် အနေနဲ့ အများဆုံး အသုံးပြုလှ အင်္ဂလိပ်စာ - အင်္ဂလိပ်စကားပေါ့။ ဒါကို ကျွန်တော်လည်း သိသလို လူတိုင်းလည်း သိပါတယ်။ ဒါပေမယ့် တစ်ချို့သော ဘာသာစကား ( ၂ ) မျိုး ( ၃ ) မျိုး ကျွမ်းကျင်တတ်ကျွမ်းသူ - တစ်ခြားဘာသာ စကား တစ်မျိုးမျိုးကို လေ့လာနေပြီး လက်ရှိကိုယ်သုံးနေတဲ့ ကွန်ပြူတာမှာလည်း ဘာသာစကား ကျွမ်းကျင်မှု အထောက်အကူပြု အနေနဲ့ သက်ဆိုင်ရာ ဘာသာစကားကို ထည့်သွင်းချင်သူတွေ အတွက် ရည်ရွယ် ဖော်ပြလိုက်ပါတယ်။


Linux ရဲ့ ကောင်းမွန်တဲ့ နောက်တစ်ချက်က အပေါ်မှာ ကနဦး ဖော်ပြခဲ့ပြီးသလို ကိုယ်ကြိုက်နှစ်သက်ရာ ဘာသာစကားကို desktop မှာပဲ ဖြစ်ဖြစ် applications မှာပဲ ဖြစ်ဖြစ် ရွေးချယ် အသုံးပြုနိုင်ခြင်းပါ။ ဒါတင်မက ကိုယ်ရိုက်သမျှ စာလုံးတိုင်းကို မှန်မှား စစ်ဆေးပေးမယ့် spelling correctors တွေဆိုတာလည်း အသင့်ပါဝင်ပြီးသားဖြစ်လို့ စိတ်ကြိုက်အသုံးပြုနိုင်ပါတယ်။ ဒါကို အသုံးပြုဖို့ အတွက် ဆိုရင်တော့ Control Center ထဲက Language Support ကို ရှာပါ။ ဒီလိုရှာလို့လည်း ရပါတယ်။

System > Administration > Language Support




Firefox, Openoffice.org, Thunderbird တို့လို Software တွေက ကိုယ့်စက်မှာ Language တစ်ခုခု ပြောင်းလဲလိုက်တာနဲ့ သူတို့ကလည်း Local ကို လိုက်ပြီး UI language packs တွေ အကုန်ပြောင်းလဲ ပေးသွားပါလိမ့်မယ်။

( ၉ ) Package architecture များအား Force ပေး၍ Install လုပ်ဆောင်စေခြင်း။

တကယ်လို့ ကျွန်တော်တို့ သုံးနေတာ Ubuntu 64 bit ဒါပေမယ့် ကိုယ်သုံးမယ့် ( ကိုယ် install လုပ်ဆောင်မယ့် ) software package က 32 bit ဆိုရင် ကျွန်တော်တို့ ဘယ်လို လုပ်ကြမလဲ။ အဲလိုသာ 64 bit Ubuntu မှာ 32 bit Software package ကို install လုပ်ဆောင်လို့ကတော့ Gdebi-gtk က ခုလို Error message ပြပါလိမ့်မယ်။

Error: Wrong architecture 'i386'


ဒီ ပြဿနာက များသောအားဖြင့် Skype, Eclipse, IBM Lotus Symphony လူကြိုက်များတဲ့ Game တစ်ခုဖြစ်တဲ့ World of Goo တို့မှာ များသောအားဖြင့် ဖြစ်တတ်ပါတယ်။ ဒီပြဿနာကို ဖြေရှင်းဖို့ နည်းလမ်းကတော့ အောက်ဖော်ပြပါပုံစံအတိုင်း အတိုင်း package architecture ကို command line ကနေ တွန်းအားပေးပြီး install လုပ်ဆောင်ခိုင်းရမှာ ဖြစ်ပါတယ်။

sudo dpkg -i --force-architecture NameOfPackage.deb

ဥပမာ -

sudo dpkg -i --force-architecture skype-debian_2.0.0.72-1_i386.deb

( ၁၀ ) အနှစ်ချုပ်။

ကုန်ပြီလား Ubuntu အကြောင်း ... ?? ဟုတ်ကဲ့ .. မကုန်သေးပါဘူး ... Linux နဲ့ ပတ်သတ်ပြီး လေ့လာစရာတွေ တစ်ပုံတစ်ပင် ကျန်ပါသေးတယ်။ ကျွန်တော် ရေးထားတာ မဟုတ်တဲ့ မိသားစုထဲက ညီအစ်ကို မောင်နှမတွေထဲကနေ Linux အကြောင်းကို အားတက်သရော ရေးသား ဆွေးနွေးထားကြတာတွေ ဒီအောက်မှာ စုစည်း ဖော်ပြထားပါတယ်။ အချိန်ရရင် ရသလို လေ့လာကြည့်ကြပါဦး။

Ubuntu Linux , အသင့်တော်ဆုံး Linux OS အား ရွေးချယ်ခြင်း , Linux မြန်မာဘာသာ သင်ခန်းစာများ , Linux OS အကြောင်းသိကောင်းစရာများ , Linux OS Install လုပ်ဆောင်ခြင်း , Linux keyboard shortcuts နဲ့ တစ်ခြား ကျွန်တော် သတိမထားလိုက်မိသေးတဲ့ ဖိုရမ်ရဲ့ တစ်ခြားနေရာတွေမှာလည်း နောက်ထပ် Linux နဲ့ ပတ်သတ်တဲ့ စာကောင်းတွေ များစွာ ကျန်နေပါသေးတယ်။

Ubuntu 9.10 အသုံးပြုနည်း လမ်းညွှန် အကြောင်းကို ဒီနေရာမှာ အဆုံးသတ်ရင်း နောက် တစ်ရက်အကြာမှာ ထွက်ရှိတော့မယ် Ubuntu 10.04 LTS (Lucid Lynx) ကို လက်ကမ်းကြိုဆိုကြရအောင်ပါ။

အားလုံးပဲ အဆင်ပြေကြပါစေ။

KznT.

က,ကြီး ရေးဖို့ကျောက်သင်ပုန်းရှာနေသူ

Life is what you make of it. Go out and make your dreams come true.

Last edited by KznT; 22-11-2010 at 01:08 AM..
KznT is offline   Reply With Quote
အောက်ပါအသင်းဝင် 25 ဦးတို့မှ KznT အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 29-04-2010, 02:46 PM
  post #9
sAnDViper
ကိုယ်ပိုင်အစွမ်းရှိပြီးသူ
 
sAnDViper's Avatar
 
အသင်းဝင်နေ့စွဲ: Dec 2009
တည်နေရာ: ကဗ္ဘာ့တစ်နေရာ
ရေးသားချက်များ: 203
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 1,140
ပို့စ် 141 ခုအတွက် 659 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
sAnDViper is on a distinguished road
ပြန်စာ - Ubuntu 9.10 အသုံးပြုနည်း လမ်းညွှန်

ကို Kzn T ရေ .. .. ရပ်တော့မလို့လား . ဆက်ရေပါဦး အကိုအဆင်ပြေမယ်ဆိုရင်ပေါ့ ... အကို့ရေးသားချက်နဲ့ အပြင်အဆင်က တစ်ကယ်ကိုထိရောက်ပါပေတယ် .. အားပေးလျှက် ... ဒီနေ့တော့ ဒေါင်းမယ်ဆိုပြီး 10.04 ကိုထိုင်စောင့်နေတာ . သူက ထွက်မလာသေးဘူး .. ဟိဟိ .. Available soon ဆိုပြီ မာနကြီးနေတယ်လေ ...

.. အော်လင်းနစ်လင်းနစ် ...လွယ်မယောင်နဲ့ခက် တိမ်မယောင်နဲ နက်တဲ့အထဲမှာ ဒင်းလည်းပါတယ်...
sAnDViper is offline   Reply With Quote
အောက်ပါအသင်းဝင် 7 ဦးတို့မှ sAnDViper အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 29-04-2010, 03:11 PM
KznT
ကြီးကြပ်ရေးမှူး
 
KznT's Avatar
 
အသင်းဝင်နေ့စွဲ: Dec 2009
တည်နေရာ: http://www.techsectors.blogspot.com
ရေးသားချက်များ: 1,338
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 5,983
ပို့စ် 1,332 ခုအတွက် 20,384 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
KznT has a spectacular aura aboutKznT has a spectacular aura about
ပြန်စာ - Ubuntu 9.10 အသုံးပြုနည်း လမ်းညွှန်

မဟုတ်ဘူး ကို sAnDViper ရေ ...

ရေးမယ် .. ကျွန်တော်က ခေါင်းစဉ်တပ်ထားတာ Ubuntu 9.10 အသုံးပြုနည်း လမ်းညွှန် လေ ... မနက်ဖြန်ပဲ Ubuntu 10.04 LTS (Lucid Lynx) ကထွက်တော့မယ် ... တော်ကြာ စာဖတ်သူတွေက ခုထိ Ubuntu 9.10 ကနေ မတက်နိုင်တော့ဘူးလား ဆိုပြီး ဖြစ်မယ် .. အဲလို ပြောခံရမှာလည်း ကြောက်ရဲ့ အဲကြောင့် Ubuntu 10.04 LTS (Lucid Lynx) မထွက်ခင် အမြန်လေး လက်စသတ်လိုက်ရတာပါ ... လောလောဆယ်တော့ Ubuntu 10.04 LTS (Lucid Lynx) အကြောင်း ဆက်ရေးဖို့ ကျွန်တော် စဉ်းစားထားတယ်။ ဒါပေမယ့် အဲတာရေးဖို့ထက် လောလောဆယ် Linux ကို Basic မှ တကယ့် Basic - ဖတ်တာနဲ့ နားလည်လွယ် - ရှုပ်ရှုပ်ရှက်ရှက်တွေ ရှောင် - Linux ဆို သုံးရတာ ဘာမှန်းကို မသိပါဘူးကွာ ဆိုတဲ့ အတွေးမျိုးတွေ မဝင်အောင် လုံးဝ အခြေခံကျကျ ( ၁ ) ကနေ စပြီး ပြန်ရေးဦးမယ်လို့ စိတ်ကူးထားမိတယ်။ ဒီ စိတ်ကူးနဲ့ ပတ်သတ်ပြီး ကျွန်တော့်ရှေ့မှာ သူများ ရေးထားပြီးသားတွေကိုလည်း တွေ့ဖူးပါတယ်။ သူတို့ရေးထားတာတွေလည်း ကျွန်တော်ဖတ်နေတယ်။ ခု ရေးနေတဲ့ Ubuntu 9.10 အသုံးပြုနည်း ဆိုတာမျိုးက လတ်တလော Ubuntu သုံးနေသူ - သုံးဖူးသူတွေ အတွက်သာ အသုံးဝင်တာမျိုးလေ - စသုံးမယ်လို့ စိတ်ကူးတဲ့ သူအတွက်တော့ စာဝင်ဖတ်ဖို့ နေနေသာသာ ခေါင်းစဉ်မြင်တာနဲ့ ရှောင်ကြမယ့် post မျိုး မလား - ကျွန်တော် အဲတာမျိုး မလိုချင်ဘူး - အခြေခံကိုမှ ဟိုးအောက်ဆုံးကနေ ဖြေးဖြေးချင်း ပြန်ဆွဲခေါ်မယ် - ဘယ်သူဝင်ဖတ်ဖတ် နားလည်ရမယ် - အမြဲတမ်း သုံးရမယ်လို့ မဟုတ်ပေမယ့် Open Source ဆိုတာ ဘယ်လို Linux ဆိုတာ ဘယ်လို စသဖြင့် စမ်းကြည့်ချင်စိတ် ဝင်လာရမယ် - အဲလို စိတ်မျိုး ဝင်လာမှလည်း Ubuntu 9.10 အသုံးပြုနည်း ဆိုတဲ့ စာမျိုးက ဖတ်ချင်ကြမှာ မလား - အဲကျမှလည်း ဒီလို post မျိုးက လူစီမှာလေ - တစ်ယောက်ကမေး - ကျွန်တော်နားမလည်တာ မဖြေနိုင်တာဆိုရင်လည်း သိတဲ့သူတစ်ယောက်က ဝင်ဖြေ - အဲမှာ ကျွန်တော်လည်း ပညာရ - စာဖတ်သူလည်း ဗဟုသုတရ -

လောလောဆယ်တော့ ကျွန်တော် ပြောခဲ့တာတွေကို အသေးစိတ်ရေးနိုင်ဖို့ ပြင်ဆင်နေပါတယ် - တစ်နေ့နဲနဲချင်းနဲ့တော့ ရေးသွားနိုင်မယ်လို့ မျှော်လင့်မိတယ် - ဒီ တစ်ရက် နှစ်ရက် အတွင်း အစပျိုး ဖြစ်မှာပါ။ ခုတော့ ကျွန်တော် မိသားစုအတွက် စာဖတ်နေပါတယ်။

KznT.

က,ကြီး ရေးဖို့ကျောက်သင်ပုန်းရှာနေသူ

Life is what you make of it. Go out and make your dreams come true.

Last edited by KznT; 28-11-2010 at 12:34 AM..
KznT is offline   Reply With Quote
အောက်ပါအသင်းဝင် 18 ဦးတို့မှ KznT အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 27-05-2010, 01:17 PM
ဂတုံးလေး
လမ်းလျှောက်တတ်စ
 
အသင်းဝင်နေ့စွဲ: Mar 2009
ရေးသားချက်များ: 16
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 301
ပို့စ် 7 ခုအတွက် 22 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
ဂတုံးလေး is on a distinguished road
ပြန်စာ - Ubuntu 9.10 အသုံးပြုနည်း လမ်းညွှန်

ဒာားပေးနေပါတယ် ဒာကိုဆက်ရေးပေးပါဒာုံး...ဒာကိုရေးမှ ညီလေးစသုံးမှာပါ...ဟီး...တကယ်ဒာားကိုးထားတာနော်...ဒာားတာနဲ့ ရေးပေးပါ ဒာကိုကျေးဇူးဒာထူးတင်ပါတယ်...
ဂတုံးလေး is offline   Reply With Quote
အောက်ပါအသင်းဝင် 4 ဦးတို့မှ ဂတုံးလေး အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 30-05-2010, 12:14 AM
ကိုဆက်
မွေးကင်းစကလေး
 
အသင်းဝင်နေ့စွဲ: May 2010
ရေးသားချက်များ: 1
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 0
ပို့စ် 1 ခုအတွက် 2 ဦးမှကျေးဇူးတင်ကြောင်းပြောပါသည်။
ကိုဆက် is on a distinguished road
ပြန်စာ - Ubuntu 9.10 အသုံးပြုနည်း လမ်းညွှန်

ကျေးဇူးတင်ပါတယ် ..........အကိုအကို ရေးထားတာက ကောင်းပါတယ် ဒါပင်မဲ ဘာမှ မသိသေးဘူး အကိုရာ အခုမှ စလုပ်ရမှာ ခုလို အကျယ်တ၀င့်ရှင်းပြပေးတာ ကျေးဇူးတင်ပါတယ်ဗျာ.............
ကိုဆက် is offline   Reply With Quote
အောက်ပါအသင်းဝင် 2 ဦးတို့မှ ကိုဆက် အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 21-06-2010, 07:31 AM
soehtetpaing
ကလေးပေါက်စ
 
အသင်းဝင်နေ့စွဲ: Jan 2009
တည်နေရာ: ကျုံပျော်မြို
ရေးသားချက်များ: 43
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 518
ပို့စ် 36 ခုအတွက် 183 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
soehtetpaing is on a distinguished road
ပြန်စာ - Ubuntu 9.10 အသုံးပြုနည်း လမ်းညွှန်

အစ်ကိုရေ 10.04 အကြောင်းလေး သိချင်တယ်ဗျာ အစ်ကိုအချိန်ရရင် ရေးပါဦး အားပေးနေပါတယ် အစ်ကိုရေးထားတာတွေဖတ်ပြီး စိတ်ဝင်စားလို့ စမ်းသုံးကြည့်မလို့ လင်းနစ်မှာ အပြင်အဆင်လေးတွေကတော့ တော်တော်လန်းတယ် ညီအခု 10.04 တင်ထားတာ အားလုံးပြီးကာမှ ၀င်းဒိုးက တက်မလာလို့ ဘာလုပ်ရမှန်းတောင်မသိတော့ဘူး ညီက ဟာ့ဒစ်နှစ်လုံးမှာ တစ်လုံးက ၀င်းဒိုး 7 တစ်လုံးက လင်းနစ် တင်ထားတာ လင်းနစ်အလုံးက တက်မလာလို့

ပြင်ဆင်ချက်
အစ်ကိုရေ ၀င်ဒိုးကတော့တက်သွားပြီ ညီက yota နက်သုံးတာ ဆော့ဝဲလ် run လို့မရဘူးဖြစ်နေတယ် စာဖတ်ပြီး ကလိရမှာ နက်မရတော့ သေရော ဘာလုပ်၇မှန်းတောင်မသိတော့ဘူး

Last edited by soehtetpaing; 21-06-2010 at 08:02 AM..
soehtetpaing is offline   Reply With Quote
အောက်ပါအသင်းဝင်မှ soehtetpaing အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 21-06-2010, 09:59 AM
သောကမဲ့မိုးတိမ်
ကိုယ်ပိုင်အစွမ်းရှိပြီးသူ
 
အသင်းဝင်နေ့စွဲ: Dec 2008
တည်နေရာ: Nazi germany
ရေးသားချက်များ: 281
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 517
ပို့စ် 204 ခုအတွက် 951 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
သောကမဲ့မိုးတိမ် is on a distinguished road
ပြန်စာ - Ubuntu 9.10 အသုံးပြုနည်း လမ်းညွှန်

အကိုရေ အုဘုတုကို စတစ် ၈ဂစ်မှာ အင်စတော်လုပ်ပြီး တခြားကွန်ပျူတာတွေမှာ အဲဒီစတစ်နဲ. အုဘုတု စတစ်နဲ. သုံးလို.ရလားခင်ဗျာ.
တကယ်လို.ရမယ်ဆိုရင် မင်မိုရီစတစ် ၈ဂစ်ပေၞမှာ တင်နည်းလေး ပြောပြပေးပါလားခင်ဗျာ။ အုဘုတု မဟုတ်ပဲ ၀င်ဒိုး Xpရော တင်လို.ရနိုင်မလားခင်ဗျာ..။

[COLOR="Red"]သင်နှင့်သင့် ပတ်ဝင်းကျင် ကမ္ဘာမြေကြီးအား ထိမ်းသိမ်းစောင့်ရှောက်ရန် သင်ကိုယ်
တိုင် ပလပ်စတစ်အိတ်များ သုံးစွဲခြင်းမှ ရှောင်ကြည်ပေးခြင်းဖြင့် သဘာဝ ပတ်ဝင်း
ကျင် သန်.ရှင်းစေရေး ပါဝင်ကူညီပေးကြပါစေလိုကြောင်း[/COLOR]......။

[COLOR="Red"]Please don't use plastic bag[/COLOR].:6:
[COLOR="Red"]Recycle to use Plastic bag[/COLOR].:6:
[SIGPIC][/SIGPIC]
အထက်ပါပုံမှာ မြန်မာနိုင်ငံတွင် DvD တချပ်ကို Download လုပ်သော Speed
ဖြစ်သည်။:18:
သောကမဲ့မိုးတိမ် is offline   Reply With Quote
အောက်ပါအသင်းဝင်မှ သောကမဲ့မိုးတိမ် အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 21-06-2010, 03:21 PM
KznT
ကြီးကြပ်ရေးမှူး
 
KznT's Avatar
 
အသင်းဝင်နေ့စွဲ: Dec 2009
တည်နေရာ: http://www.techsectors.blogspot.com
ရေးသားချက်များ: 1,338
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 5,983
ပို့စ် 1,332 ခုအတွက် 20,384 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
KznT has a spectacular aura aboutKznT has a spectacular aura about
ပြန်စာ - Ubuntu 9.10 အသုံးပြုနည်း လမ်းညွှန်

Quote:
Originally Posted by soehtetpaing View Post
စာဖတ်ပြီး ကလိရမှာ နက်မရတော့ သေရော ဘာလုပ်၇မှန်းတောင်မသိတော့ဘူး
Network ပိုင်း ဆိုင်ရာ ဘယ်လို ပြင်ရမယ် ဆိုတာတော့ ကျွန်တော် မြင်နေရတာ မဟုတ်တော့ ပြင်ဆင်နိုင်အောင် ပြောပြဖို့ ခက်နေပါတယ်။ ဒါပေမယ့် နက်မရလည်း အပြင်ကနေ packages တွေကို ဒေါင်းလုပ်ချပြီးမှာ install လုပ်လို့ ရပါသေးတယ်။ အဲ့အကြောင်းကို ဒီမှာရေးခဲ့တဲ့ ပို့စ်ထဲမှာ အနဲအကျဉ်း ဖော်ပြထားပြီးသားပါ။ တကယ်လို့ Ubuntu DVD ရှိတယ်ဆိုရင်လည်း packages တွေကို ဒေါင်းလုပ်ချစရာမလိုပဲ install လုပ်ဆောင်နိုင်တယ်ဆိုတာ ဒီနေရာမှာ ဖော်ပြခဲ့ဖူးတာ ရှိပါတယ်။ နောက်ထပ်နည်းတွေလည်း ရှိပါသေးတယ်။ စမ်းသပ်ကြည့်ပါဦး ကိုစိုးထက်ပိုင်ရေ -

Quote:
Originally Posted by သောကမဲ့မိုးတိမ် View Post
အကိုရေ အုဘုတုကို စတစ် ၈ဂစ်မှာ အင်စတော်လုပ်ပြီး တခြားကွန်ပျူတာတွေမှာ အဲဒီစတစ်နဲ. အုဘုတု စတစ်နဲ. သုံးလို.ရလားခင်ဗျာ.
တကယ်လို.ရမယ်ဆိုရင် မင်မိုရီစတစ် ၈ဂစ်ပေါ်မှာ တင်နည်းလေး ပြောပြပေးပါလားခင်ဗျာ။ အုဘုတု မဟုတ်ပဲ ၀င်ဒိုး Xpရော တင်လို.ရနိုင်မလားခင်ဗျာ..။
အဲတာကို အခုပဲ ကျွန်တော်ရေးပြီး တင်ပေးလိုက်ပါတယ်။ ဒီနေရာမှာ ဖတ်ကြည့်ပေးပါ။

အဆင်ပြေကြပါစေဗျာ -

KznT.

က,ကြီး ရေးဖို့ကျောက်သင်ပုန်းရှာနေသူ

Life is what you make of it. Go out and make your dreams come true.
KznT is offline   Reply With Quote
အောက်ပါအသင်းဝင် 6 ဦးတို့မှ KznT အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 28-11-2010, 12:46 AM
hanhan
လမ်းလျှောက်တတ်စ
 
အသင်းဝင်နေ့စွဲ: Nov 2010
ရေးသားချက်များ: 9
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 0
ပို့စ် 4 ခုအတွက် 28 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
hanhan is on a distinguished road
ပြန်စာ - Ubuntu တင်ပြီး ဘာတွေ ပြင်ဆင်ဖို့ လိုသေ

ကိုကြီး Kz ခင်ဗျား
Ubuntu 10.10 မှာ Zawgyi one Install လုပ်ပုံလုပ်နည်းလေး ကို အချိန်ရရင် ရှင်းပြပေးပါဦး
hanhan is offline   Reply With Quote
အောက်ပါအသင်းဝင်မှ hanhan အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 28-11-2010, 01:36 AM
KznT
ကြီးကြပ်ရေးမှူး
 
KznT's Avatar
 
အသင်းဝင်နေ့စွဲ: Dec 2009
တည်နေရာ: http://www.techsectors.blogspot.com
ရေးသားချက်များ: 1,338
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 5,983
ပို့စ် 1,332 ခုအတွက် 20,384 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
KznT has a spectacular aura aboutKznT has a spectacular aura about
ပြန်စာ - Ubuntu တင်ပြီး ဘာတွေ ပြင်ဆင်ဖို့ လိုသေ

Quote:
Originally Posted by hanhan View Post
ကိုကြီး Kz ခင်ဗျား
Ubuntu 10.10 မှာ Zawgyi one Install လုပ်ပုံလုပ်နည်းလေး ကို အချိန်ရရင် ရှင်းပြပေးပါဦး
ကိုဟန်ရေ

အဲ့အကြောင်းက ကျွန်တော် ဒီနေရာမှာ Zawgyi-one နှင့် Ubuntu ဆိုပြီး ခေါင်းစဉ်အသေးနဲ့ ဖော်ပြခဲ့ပြီးပါပြီ - လိုအပ်တာလေးတွေ ထပ်ပေါင်းပြီး အောက်မှာ နောက်တစ်ကြိမ် ဖော်ပြပေးလိုက်ပါတယ် -

Zawgyi-one နှင့် Ubuntu

Ubuntu မှာ မြန်မာ Fonts တွေ ပေါ်ဖို့ မြန်မာလို ရိုက်နိုင်ဖို့ ဆိုတာကတော့ အရင်က ပြဿနာရှိခဲ့ပေမယ့် ခုတော့ ပြေလည်နေပါပြီ။ ကျကျနန လမ်းညွှန်ထားတဲ့ ဆိုဒ်တွေ - စာအုပ်တွေဆိုတာလည်း မနည်းမနော ရှိနေပါပြီ။ တစ်ခုရှိတာက ခုနောက်ပိုင်း zawgyi ကို windows မှာလိုမျိုးပဲ double-click ပေးယုံနဲ့ တစ်ခါတည်း install လုပ်ပြီးသား ဖြစ်မယ် ဆိုပြီး .deb package တစ်ခုထွက်တာတွေ့တယ်။ ဒါပေမယ့် ကျွန်တော် စမ်းသုံးကြည့်တော့ သိပ်သဘောမကျဘူး။ ဘာလို့လည်း ဆိုတော့ အဲ့ဖောင့်သွင်းပြီး မြန်မာဆိုဒ်တွေကို ကြည့်တဲ့အခါ လျောလျော ရှုရှုနဲ့ fonts အားလုံး သေသေချာချာ မြင်ရပေမယ့် စာရိုက်တဲ့ အခါကျတော့ လက်ကွက်က ကျွန်တော် Windows မှာ အရင်သုံးနေကျ Zawgyi-one 2008 က လက်ကွက်တွေနဲ့ မတူတာ သွားတွေ့ရတယ်။ ကိုယ်တွေက မြန်မာဖောင့်ရိုက်လာတာ ဇော်ဂျီလက်ကွက်နဲ့ အသားကျနေပြီ ဆိုတော့ အဆင်မပြေတော့ဘူး။ Keyboard Layout မှာ သွားကြည့်တယ် ဘာတွေများ ဘယ်နေရာတွေ ပြောင်းသွားလို့လဲပေါ့။ ပြထားတာတော့ ဘာမှ ထူးထူးခြားခြား မရှိဘူး။ သူပြထားတဲ့ keyboard layout မှာတော့ 2008 လိုမျိုးပဲ ရရစ်လေး တစ်ချောင်းငင်လေးလောက် စသဖြင့် နဲနဲလေးပဲ ကွဲတာ ... ဒါပေမယ့် keyboard ကနေရိုက်လိုက်တော့ လုံးလုံးကြီးကို ကွဲနေတာ ဥပမာပြောရရင် ကကြီးကို ရိုက်မယ်ဆိုရင် u ကို ရိုက်ရမယ်။ keyboard မှာ ပြထားတာလည်း u နေရာမှာပဲ ဒါပေမယ့် တကယ်ရိုက်လိုက်တော့ကျ u နေရာမှာ ကကြီး မရှိဘူး။ တစ်ခြား စာလုံးကြီး ဖြစ်နေတယ်။ ကိုယ့်စက်က ဖြစ်တာလား။ လူတိုင်းဒီလို ဖြစ်သလား။ ကျွန်တော် တိတိကျကျ မသိဘူး။ ဒါပေမယ့် တစ်ခြား Ubuntu မှာ zawgyi လုပ်နည်းတွေ သိနေသေးတော့ အဲ့ မေးခွန်းကို လိုက်မစဉ်းစားတော့ဘူး။ အရင် ကိုယ်သုံးနေကျ Terminal ထဲကနေပဲ ဝင်ပြီး Run လိုက်တယ်။ အဲတော့မှ အဆင်ပြေသွားတယ်။

Zawgyi-one က Linux နဲ့ ပတ်သတ်ပြီး ထုတ်ပေးထားတဲ့ Versions တွေ တော်တော်များများ ရှိပါတယ် - Versions တိုင်းက နောက်ဆုံးထွက် linux versions တွေနဲ့ အဆင်မပြေတာမို့လို့ version အရွေးမမှားဖို့ လိုပါတယ် - ကျွန်တော် သုံးခဲ့သလောက် ခု Ubuntu 10.10 ထိ အဆင်ပြေနေတာ burma-keyboard-tk-0.1.1.tar.gz ပါ - သူ့ကို ဒီနေရာမှာ ယူနိုင်ပါတယ် -

ဒါကတော့ ကျွန်တော် Zawgyi-one 2009 ကို Ubuntu 9.10 karmic မှာ တင်တုန်းက လုပ်ဆောင်ခဲ့တဲ့ လုပ်ဆောင်နည်း အသေးစိတ်ပါ။ Ubuntu 9.10 တုန်းက ဆိုပေမယ့် Ubuntu 10.10 မှာလည်း လုပ်ဆောင်နည်းက အားလုံး တူတူပါပဲ - အဲ့တုန်းက ရှေ့မှာ Zawgyi ကို .deb နဲ့ လုပ်ထားတယ်ဆိုတဲ့ package တစ်ခု install လုပ်ထားပြီးသား ဖြစ်နေလို့ zawgyi-one 2009 ကို install ထပ်လုပ်တော့ အရင်ရှိပြီးသား .deb ကနေ သွင်းထားတဲ့ zawgyi ကို uninstall လုပ်တဲ့ အဆင့် တစ်ခု ပိုပါနေပါတယ်။ ကျန်တာကတော့ ပုံမှန်ပါပဲ။ ( အနီရောင်နဲ့ ဖော်ပြထားတဲ့ စာလုံးတွေသာ ရိုက်ဖို့လိုပါတယ် - ကျန်တာတွေက သူ့ဘာသာသူ ဆက်သွားမှာပါ - မရိုက်ချင်ရင် copy လုပ်ပြီး Terminal ထဲမှာ Paste လုပ်ပါ )

အရင်ဆုံး လုပ်ရမှာ burma-keyboard-tk-0.1.1.tar.gz ကို ဒီနေရာကနေ Download ချပြီး ကိုယ့် Ubuntu ရဲ့ Desktop ပေါ် တင်ထားလိုက်ပါ -

Code:
kznt@Linuxlife:~$  cd ~/Desktop
kznt@Linuxlife:~/Desktop$ tar xzf burma-keyboard-tk-0.1.1.tar.gz
kznt@Linuxlife:~/Desktop$  cd burma-keyboard-tk
kznt@Linuxlife:~/Desktop/burma-keyboard-tk$ sudo python burma-keyboard-nogui.py
[sudo] password for kznt: ကိုယ့် password ကိုရိုက်ပေးရပါမယ် 

System platform : Linux [ OK ]
Your Linux Distro is Ubuntu 9.10 karmic.
Choose a font...
This is a list of font folder names.

['mm3', 'zawgyi2009', 'zawgyi2008']

Enter your fontfolder name: zawgyi2009 ( ဒီနေရာမှာ 'mm3', 'zawgyi2009', 'zawgyi2008' သုံးမျိုးထဲက ကြိုက်နှစ်သက်ရာ တစ်ခုကို ရွေးလို့ ရပါတယ် - လက်ကွက် ရိုက်ရတာချင်း ယှဉ်ရင် 'zawgyi2009' က ပိုရိုက်လို့ ကောင်းပေမယ့် - အင်တာနက်ထဲမှာ အများသူငါ သုံးတာ  'zawgyi2008' မို့လို့ ကိုယ်က ဘလော့ရေးတဲ့သူ ( ဒါမှမဟုတ် ) မြန်မာလိုရိုက်ပြီး မေးလ် ပို့လေ့ ရှိသူဆိုရင် 'zawgyi2009' နဲ့ ရိုက်လိုက်တဲ့ ကိုယ့်စာလုံးတွေက 'zawgyi2008' ပဲ တင်ထားတဲ့ သူတစ်ယောက်ရဲ့ စက်ကို ရောက်သွားရင် သူ့ရဲ့ အမြင်မှာ ကိုယ့်စာလုံးတွေက ကမောက်ကမ ဖြစ်နေတတ်ပါတယ် - ဒါ့ကြောင့် အပေါ်မှာ ဖော်ပြထားတဲ့ zawgyi2009 ဆိုတဲ့ နေရာမှာ ဖြစ်နိုင်ရင် zawgyi2008 ဆိုပြီး ပဲ ရိုက်ပြီး ဆက်သွားပါ ) 
Are you going with zawgyi2009 font? Y/n y
You confirmed zawgyi2009 font to install or uninstall.
You choose zawgyi2009 font.
Font : Zawgyi-One_v4.30_November_14_20.ttf [ OK ]
Xkeyboard : zawgyi Keyboard [ OK ]

[i] install, [r] remove, [h] layout help,
[l] logs, [q] exit : i ( ဒီနေရာကို ရောက်ရင်  install လုပ်ဆောင်ဖို့ i ကို နှိပ်ပါ ) 

Start Uninstallation...
Removing previous installed zawgyi font directory...
Removing previous installed zawgyi doc directory...
Restoring mm backup file...
Restoring origianl or backup mm file done.
Previous package removal done successfully!

Start Installation...
Installing directories...
Installing directories done.
Installing zawgyi font...
Installing zawgyi font done.
Backuping original mm xkb file...
Backuping original mm xkb file done.
Installing zawgyi xkeyboard...
Installing zawgyi keyboard done.
Installation is finished!

You may need to Log out or Restart your system to correct your keyboard.

[i] install, [r] remove, [h] layout help,
[l] logs, [q] exit : q ( ဒီနေရာကို ရောက်ရင် Exit လုပ်ဖို့အတွက် q ကို နှိပ်ပါ ) 

Have a nice day, Good bye!

kznt@Linuxlife:~/Desktop/burma-keyboard-tk$

အားလုံးပြီးသွားရင် စက်ကို Restart ပေးပါ
ခုဖော်ပြထားတဲ့ ဖော်ပြချက်ကို မရှင်းသေးရင် ကိုkyaukphyu သရုပ်ဆောင်ထားတဲ့ video လေး ဒီနေရာမှာ ရှိပါတယ် - သူလည်း တစ်ဆင့်ချင်း သာယာငြိမ့်ငြောင်းတဲ့ စကားပြောလေးနဲ့ ရှင်းလင်းပေးထားပါတယ် - မြန်မာလို ဘေးကနေ ပြောပြနေတာမို့ ပိုပြီးတော့တောင် အဆင်ပြေဦးမှာပါ - လေ့လာကြည့်ပါ -

ခု ဖော်ပြခဲ့တဲ့ Terminal ထဲက အဆင့်အားလုံးဟာ zawgyi ကို Install လုပ်ဆောင်တဲ့ အဆင့်ပဲ ရှိပါသေးတယ် - zawgyi က Install လုပ်ဆောင်ပြီးရင် Keyboard ကနေ စာရိုက်လို့ ရအောင် Myanmar Keyboard ကို Assign လုပ်ရတာ ကျန်ပါသေးတယ် - အဲတာကိုတော့ ဒီအောက်မှာ ပေးထားတဲ့ Link တွေထဲမှာ ဘယ်လို Assign လုပ်ဆောင်တယ်ဆိုတာ တိတိကျကျ ရေးသားပေးထား ပါတယ် - လေ့လာရလွယ်အောင် ကျွန်တော် စုဆောင်းပေးထားပါတယ်။ Download ချပြီး ဖတ်ကြည့်ပါ။ သူ့ဖော်ပြချက်ကို ဖတ်ရှုပြီးလို့ နားမလည်နိုင်သေးရင် ထပ်ပြီး မေးမြန်းနိုင်ပါတယ် - အသေးစိတ် တစ်ဆင့်ချင်း ပြန်လည် ဖော်ပြပေးပါ့မယ် -


* Zawgyione 2009 on Ubuntu 9.10 Karmic
* zawgyi_keyboard_2009 Layout
* keyboard-layout-manual[11022009]
* how-to-install-myanmar-font-on-ubuntu910


Code:
Ubuntu with Zawgyi-one.rar (1.1 MB)
http://www.multiupload.com/QDPSJKRJXV
KznT.

က,ကြီး ရေးဖို့ကျောက်သင်ပုန်းရှာနေသူ

Life is what you make of it. Go out and make your dreams come true.

Last edited by KznT; 28-11-2010 at 01:57 AM..
KznT is offline   Reply With Quote
အောက်ပါအသင်းဝင် 17 ဦးတို့မှ KznT အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 09-12-2010, 05:35 PM
thureinsoe
MF Contributor
 
thureinsoe's Avatar
 
အသင်းဝင်နေ့စွဲ: Mar 2010
တည်နေရာ: ရန်ကုန်
ရေးသားချက်များ: 580
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 2,093
ပို့စ် 525 ခုအတွက် 3,955 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
thureinsoe will become famous soon enough
ပြန်စာ - Ubuntu တင်ပြီး ဘာတွေ ပြင်ဆင်ဖို့ လိုသေ

အစကိုကျနန်တော် Ubuntu ကို c ထည်းတင်
wubi ကိုသုံးတင်ထားတယ်ဒါပေမဲ့
boot မတတ်ဘူးအစ်ကို ခါတိုင်ဆိုဆိုတတ်တယ်
ဒီတစ်ခေါက်တင်တော့မတတ်တော့ဘးအစ်ကို
ကိုယ်ဘဲအားကိုးပြစေအစ်ကို

သူတည်းတစ်ယောက်ကောင်းဖို့ရောက်မူ သူတစ်ယောက်မှာပျက်လင့်ကာသာဓမ္မတာတည်း
နန္ဒသူရိယအမတ်ကြီး


phpcrazy.mm@gmail.com
thureinsoe is offline   Reply With Quote
အောက်ပါအသင်းဝင်မှ thureinsoe အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 16-12-2010, 05:55 PM
KznT
ကြီးကြပ်ရေးမှူး
 
KznT's Avatar
 
အသင်းဝင်နေ့စွဲ: Dec 2009
တည်နေရာ: http://www.techsectors.blogspot.com
ရေးသားချက်များ: 1,338
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 5,983
ပို့စ် 1,332 ခုအတွက် 20,384 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
KznT has a spectacular aura aboutKznT has a spectacular aura about
ပြန်စာ - Ubuntu တင်ပြီး ဘာတွေ ပြင်ဆင်ဖို့ လိုသေ

Quote:
Originally Posted by waidar View Post
အစကကျွန်တော် Ubuntu ကို c ထည်းတင်
wubi ကိုသုံးတင်ထားတယ်ဒါပေမဲ့
boot မတတ်ဘူးအစ်ကို ခါတိုင်းဆိုတတ်တယ်
ဒီတစ်ခေါက်တင်တော့မတတ်တော့ဘူးအစ်ကို
ကိုယ်ဘဲအားကိုးပြစေအစ်ကို
ကို waidar ရေ မေးထားတာတော့ တော်တော်ကြီးကို ကြာပြီ - ကျွန်တော် အရင်အပတ်တွေက အလုပ်တော်တော်ရှုပ်နေတာနဲ့ ဘာမှကို လှည့်မကြည့်နိုင်ဘူး - ခုမှ ပြန်ဖြေပေးဖြစ်တာတော့ စိတ်မရှိပါနဲ့ဗျာ - ဖြစ်တဲ့ ပြဿနာက ခုချိန်လောက်ဆို ကိုယ့်ဘာသာ လိုက်လုပ်ရင်းနဲ့ ကျွန်တော်မပြောခင်တည်းကတင် ပြေတောင် ပြေလည်နေလောက်ပါပြီ -

boot မတတ်တာက ဖြစ်နိုင်ချေတွေတော့ အများကြီး ရှိပါတယ် - Wubi သုံးပြီး တင်ပေမယ့် လုပ်ဆောင်နည်း မမှန်ရင် ခုလိုပဲ ဖြစ်တတ်ပါတယ် - ကျွန်တော်လည်း Ubuntu အကြောင်း အခြေခံတွေ စရေးတုန်းက Wubi နဲ့ ပတ်သတ်ပြီး ကျော်ခဲ့တယ် - ကျော်ခဲ့တယ်ဆိုတာကလည်း ဖိုရမ်မှာ တော်တော်များများ ဆွေးနွေးပေးထားပြီးသား တွေ့မိလို့ပါ - Wubi ကို သုံးပြီး Windows နဲ့ Ubuntu ကို ယှဉ်တင်တဲ့ အခါ ဆောင်ရရှောင်ရမယ့် အချက်တွေကို ကိုပိုးကောင်လေး ဒီနေရာမှာ ပြောပြထားတာ ရှိပါတယ် - ကိုပိုးကောင်လေး ရေးခဲ့တာ Ubuntu 8.04 Install အကြောင်းဖြစ်တဲ့ အတွက် ခုရောက်နေတဲ့ version နဲ့ ယှဉ်ရင်တော့ သိပ် update မဖြစ်ဘူးလို့ ဆိုနိုင်ပေမယ့် သဘောတရားရေးရာရော - လုပ်ဆောင်ချက် တော်တော်များများရောက အခြေခံအားဖြင့် အားလုံးတူပါတယ် - Wubi သုံးပြီး Windows နဲ့ Ubuntu ယှဉ်သုံးချင်တဲ့ သူတွေအတွက် ပေါင်းပြီး လေ့လာသင့်တဲ့ Video clip တစ်ခု ကျွန်တော် အောက်မှာ ဖော်ပြပေးထားပါတယ် -
အဆင့်လိုက်ကို ဖြေးဖြေးချင်း ကြည့်ပြီး Ubuntu ကို Wubi နဲ့ Windows မှာ ယှဉ်တင်တဲ့ အခါ သူပြသွားတဲ့ တစ်ချက်ချင်း လုပ်ဆောင်ကြည့်ပါ - ကျွန်တော့် အထင်တော့ Step မမှားရင် Error တက်ဖို့ ခဲယဉ်းပါတယ် -



Windows 7 ပေါ်မှာ Unlocatted Space ယူတာနဲ့ ပတ်သတ်ပြီး ဒီနေရာမှာ ကိုkyaukphyu ရှင်းပြထားတာလေးလည်း ရှိပါတယ် -

အဆင်ပြေပါစေ -

KznT.

က,ကြီး ရေးဖို့ကျောက်သင်ပုန်းရှာနေသူ

Life is what you make of it. Go out and make your dreams come true.
KznT is offline   Reply With Quote
အောက်ပါအသင်းဝင် 6 ဦးတို့မှ KznT အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 19-12-2010, 10:26 AM
ပိုင်စိုး2222
လမ်းလျှောက်တတ်စ
 
အသင်းဝင်နေ့စွဲ: Aug 2008
တည်နေရာ: moscow
ရေးသားချက်များ: 15
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 81
ပို့စ် 4 ခုအတွက် 12 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
ပိုင်စိုး2222 is on a distinguished road
ပြန်စာ - Ubuntu တင်ပြီး ဘာတွေ ပြင်ဆင်ဖို့ လိုသေ

ကျွန်တော်လည်း ကို ညီညီ mt လို ပဲ USB ချိတ်မရလို့ပါ ...
Yota Samsaung USB mwimax adapter ပါ ... OS က ubuntu 10.10ပါ ..
အရင်က ဟိုဘက် သရက်မှာလည်းမေးဖူးပါတယ် ..
ပြီးတော့ အဆင်ပြေရင် Yota ကို LAN နဲ့ share သုံးချင်ပါတယ် ..
ကူညီ ပေးပါဦး အကို Kznt ခင်ဗျာ....
ပိုင်စိုး2222 is offline   Reply With Quote
အောက်ပါအသင်းဝင်မှ ပိုင်စိုး2222 အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 31-12-2010, 05:37 PM
KznT
ကြီးကြပ်ရေးမှူး
 
KznT's Avatar
 
အသင်းဝင်နေ့စွဲ: Dec 2009
တည်နေရာ: http://www.techsectors.blogspot.com
ရေးသားချက်များ: 1,338
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 5,983
ပို့စ် 1,332 ခုအတွက် 20,384 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
KznT has a spectacular aura aboutKznT has a spectacular aura about
ပြန်စာ - Ubuntu တင်ပြီး ဘာတွေ ပြင်ဆင်ဖို့ လိုသေ

Quote:
Originally Posted by ပိုင်စိုး2222 View Post
ကျွန်တော်လည်း ကို ညီညီ mt လို ပဲ USB ချိတ်မရလို့ပါ ...
Yota Samsaung USB mwimax adapter ပါ ... OS က ubuntu 10.10ပါ ..
အရင်က ဟိုဘက် သရက်မှာလည်းမေးဖူးပါတယ် ..
ပြီးတော့ အဆင်ပြေရင် Yota ကို LAN နဲ့ share သုံးချင်ပါတယ် ..
ကူညီ ပေးပါဦး အကို Kznt ခင်ဗျာ....
Yota နဲ့ ပတ်သတ်ပြီး လွန်ခဲ့တဲ့ သုံးလလောက်က ကိုဟိန်းသူအောင် စာချွန်လွှာပို့ပြီး ကျွန်တော့်ကို မေးဖူးတယ် - ဒါပေမယ့် ခုထက်ထိ စာမပြန်ရသေးဘူး - ကိုဟိန်းသူအောင်က သူသုံးနေတာ Yota 4G (SWC-U200) USB wimax ပါတဲ့ - Ubuntu မှာ နက်ရအောင် ဘယ်လို လုပ်ရမလဲ ဆိုပြီး အင်တာနက်ထဲက သူရှာတွေ့ထားတဲ့ link လေးနဲ့ပါ တွဲပြီး ပို့လိုက်ပါတယ် - ကိုဟိန်းသူအောင်ပို့လိုက်တဲ့ link က Spanish နဲ့ ရေးထားတဲ့ ဟာကို ဘာသာပြန်ပြီး ကြည့်တော့ လုပ်ထုံးလုပ်နည်း အားဖြင့် ခက်တော့ မခက်ဘူး - ဒါပေမယ့် သူ့ဆိုဒ်မှာ တက်လာတဲ့ Comments တွေကို ကြည့်တော့ တစ်ယောက်မှ အဆင်ပြေတာ မတွေ့ရဘူး - ဒါက ရေးတဲ့သူ မှန်ပေမယ့် ဖတ်ပြီး လုပ်တဲ့သူ မှားတာလည်း ဖြစ်ကောင်း ဖြစ်နိုင်ပါတယ် - ဘယ်လိုပဲ ဖြစ်ဖြစ် Result က သိပ်မကောင်းတော့ ကျွန်တော်လည်း ဘာမှ ပြန်မပြောဖြစ်ပဲ နေလာရင်းနဲ့ ဒီနေ့ထိ ရောက်လာတာပါ - Network ပိုင်းဆိုင်ရာနဲ့ ပတ်သတ်ပြီး ပြင်ဖို့ ဆိုတာက ကျွန်တော်လည်း ကိုပိုင်စိုးတို့ ကိုဟိန်းသူအောင်တို့နဲ့ သုံးတဲ့ အမျိုးအစားချင်း မတူတော့ ပြောရ တော်တော်လေး ခက်ပါတယ် - နောက် Yota နဲ့ပတ်သတ်ပြီး ကျွန်တော်ကိုယ်တိုင်လည်း တစ်ခါမှ မသုံးခဲ့ဖူးဘူး - ကျွန်တော့် မေးလို့ ပြန်ဖြေရမယ် ဆိုရင်လည်း အင်တာနက်ထဲက တွေ့ဖူးကြုံဖူးတဲ့ သူတွေ ဖော်ပြထားတာကို ကိုးကားပြီးပဲ ဖြေလို့ ရမှာပါ - Yota နဲ့ပတ်သတ်ပြီး လောလောဆယ် တွေ့မိတာတော့ ဒီနေရာမှာ တစ်ခု - ဒီနေရာမှာ တစ်ခု - တွေ့မိပါတယ် - ရေးထားတာက စပိန်ဘာသာနဲ့ပါ - ဘာသာပြန်ဖို့ဆိုရင် http://translate.google.com/ ကနေ ဖြစ်ဖြစ် ကျွန်တော် ဒီနေရာမှာ ရေးထားပေးတဲ့ Google toolbar ကနေ ဖြစ်ဖြစ် အသုံးပြုနိုင်ပါတယ် - တစ်ခြားနည်းလမ်းကောင်းတွေ တွေ့ရင်လည်း ထပ်ပြီး pm ပေးပါဦးမယ် -

KznT.

က,ကြီး ရေးဖို့ကျောက်သင်ပုန်းရှာနေသူ

Life is what you make of it. Go out and make your dreams come true.
KznT is offline   Reply With Quote
အောက်ပါအသင်းဝင် 4 ဦးတို့မှ KznT အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 01-01-2011, 09:32 PM
ပိုင်စိုး2222
လမ်းလျှောက်တတ်စ
 
အသင်းဝင်နေ့စွဲ: Aug 2008
တည်နေရာ: moscow
ရေးသားချက်များ: 15
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 81
ပို့စ် 4 ခုအတွက် 12 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
ပိုင်စိုး2222 is on a distinguished road
ပြန်စာ - Ubuntu တင်ပြီး ဘာတွေ ပြင်ဆင်ဖို့ လိုသေ

ကျေးဇူးပါအကိုရေ
ကူညီပေးတဲ့ အတွက် :)
အဆင်တော့ ပြေသေးဘူး အကို ရ
နက်က သူများစက်ကပဲ ရှဲ ပြီး သုံးလိုက်တယ်
အဲဒီ နက်မရတာ တခု နဲ့တင် ubuntu ကို ပစ်ရမလို ဖြစ်နေပြီ .....
ပိုင်စိုး2222 is offline   Reply With Quote
Old 31-01-2011, 09:35 AM
g00gle
အထူးအသင်းဝင်
 
အသင်းဝင်နေ့စွဲ: Nov 2010
ရေးသားချက်များ: 751
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 12,278
ပို့စ် 754 ခုအတွက် 6,474 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
g00gle will become famous soon enough
How to install Bitdefender Antivirus on Ubuntu

Quote:
လူအများစုက Linux ကိုရောက်လာရင် Anti-virus ကို Install လုပ်မထားပဲ နေလို့ရမှန်း သိထားကြပါတယ်။ အမှန်တကယ်လည်း firewall နဲ့ updating ကို ပုံမှန် လုပ်ဆောင်နေရင် ကျွန်တော်တို့ရဲ့ System ကလည်း တကယ်ကို လုံခြုံနေပါတယ်။
Ubuntu သုံးရင် Antivirus သုံးဖို.တော. မလိုအပ်ပါဘူး။ Ubuntu ကို တိုက်ခိုက်မဲ. Virus ကလဲ နည်းပါတယ်။ ဒါပေမဲ. Ubuntu နဲ. Windows Dual-boot သုံးထားတယ်။ Windows ထဲမှာ Virus ကိုက်နေတယ်လို. သံသယ ရှိရင်တော. Ubuntu ကိုသုံးပြီး Windows တင်ထားတဲ. Drive ကို Virus စစ်ကြည်.လို.ရပါတယ်။ Linux Antivirus တွေကလဲ Windows Virus တွေကို ရှင်းလင်းဖို. တည်ဆောက်ထားပါတယ်။ Linux အတွက် နာမည်ကြီးတဲ. Antivirus တွေ ဖြစ်တဲ. Clam AV, Avast, Avira, AVG တို. အကြောင်းကို ကို KnzT က ရေးသားထားပါတယ်။ ဒါပေမဲ. Windows သုံးစွဲစဉ်က Kaspersky, Norton, Bitdefender တို.ဘဲကြားဖူးတယ်။ Avast, Avira, Clam AV, AVG တို.ကို မကြားဖူးဘူး၊ မသုံးချင်ဘူးဆိုတဲ. နာမည်ကြီးကြီးမှ ကြိုက်တဲ.သူတွေ အတွက် Bitdefender ရှိပါတယ်။

Bitdefender က Linux သမားတွေအတွက် Personal Free Edition - Bitdefender Antivirus Scanner for Unices ဆိုပြီး ထုတ်ထားပါတယ်။ ကျွန်တော် ဒီ Bitdefender ကို ဘယ်လို Ubuntu မှာ Install လုပ်မလဲ ဆိုတာကို ရေးပါမယ်။

ပထမဆုံး ဒီနေရာမှာ BitDefender-Antivirus-Scanner-7.6-4.linux-gcc4x.i586.deb.run ကို Download လုပ်ပါ။ Bitdefender အတွက် Documentation ကို ဒီနေရာမှာ Download လုပ်လို. ရပါတယ်။

နောက် Download လုပ်ထားတဲ. File ကို Desktop သို. Copy ကူးလိုက်ပါ။

Applications >> Accessories >> Terminal ကို သွားပါ။

Code:
cd ~/Desktop
လို. ရိုက်ထဲ.ပါ။

နောက်တကြောင်းမှာ

Code:
sudo sh BitDefender-Antivirus-Scanner-7.6-4.linux-gcc4x.i586.deb.run
ဆိုပြီးရိုက်ထဲ.ပေးပါ။ Enter နှိပ်ပါ။
Code:
[sudo] password for Username:
ကို တွေ.ရပါမယ်။
Password ကို ရိုက်ထဲ.ပေးပါ။ Enter နှိပ်ပါ။

Code:
Bitdefender Antivurs Scanner for unices - End User Software License Agreement
ဆိုပြီး တွေ.ရပါမယ်။ Space - 7 ခါ နှိပ်ပါ။
Code:
Please enter 'accept' if you agree to the License Agreement.
Enter anything else if you don't agree to the terms in the License Agreement.
The installation process will stop.
ဆိုပြီး တွေ.ရပါမယ်။
accept လို. ရိုက်ထဲ.ပေးလိုက်ပါ။

Code:
Do you want to install BitDefender Antivirus Scanner GUI Package ? (Y/n) 
လို. မေးလာရင် Y ကို ရိုက်ထဲ.ပေးပါ။ Install လုပ်သွားပါမယ်။ ပြီးသွားရင် exit လို. ရိုက်ထဲ.ပေးပါ။

Applications >> System Tools >>Bitdefender Scanner ကို သွားပြီး Bitdefender ကို သုံးလို.ရပါပြီ။
၁ နှစ် License ကို http://www.bitdefender.com/site/Prod...cannerLicense/ မှာ တောင်းယူနိုင်ပါတယ်။ ဒါမှမဟုတ် ဒီ Key ကို လဲ အသုံးပြုနိုင်ပါတယ်။

Code:
240922F7BF63DFED0B24

If something doesn't work, break it and create a BETTER one.

Last edited by g00gle; 31-01-2011 at 09:43 AM..
g00gle is offline   Reply With Quote
အောက်ပါအသင်းဝင် 10 ဦးတို့မှ g00gle အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 14-03-2011, 06:31 PM
victor10
ကလေးပေါက်စ
 
အသင်းဝင်နေ့စွဲ: Mar 2011
ရေးသားချက်များ: 21
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 37
ပို့စ် 12 ခုအတွက် 43 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
victor10 is on a distinguished road
ubuntu က အင်တာနက်ရှိမှ အဆင်ပြေမှာလား?

ubuntu မှာ လိုအပ်တဲ့ mp3 လိုမျိုး ဟာတွေက မရတော့ ဘယ်လိုလုပ်ရမလဲ။ အင်တာနက်ရှိမှ အဆင်ပြေမယ်ဆိုတော့ အင်တာနက်မရှိတဲ့ သူတွေကရော mp3 player တို့မရနိုင်တော့ဘူးလား။ အင်တာနက်မရှိဘဲ mp3 လို media ဖွင့်လို့မယ့် နည်းလေးရှိရင်ပြောပြပေးပါဦး
victor10 is offline   Reply With Quote
အောက်ပါအသင်းဝင်မှ victor10 အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 14-03-2011, 07:40 PM
KznT
ကြီးကြပ်ရေးမှူး
 
KznT's Avatar
 
အသင်းဝင်နေ့စွဲ: Dec 2009
တည်နေရာ: http://www.techsectors.blogspot.com
ရေးသားချက်များ: 1,338
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 5,983
ပို့စ် 1,332 ခုအတွက် 20,384 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
KznT has a spectacular aura aboutKznT has a spectacular aura about
ပြန်စာ - ubuntu က အင်တာနက်ရှိမှ အဆင်ပြေမှာလား?

Quote:
Originally Posted by victor10 View Post
ubuntu မှာ လိုအပ်တဲ့ mp3 လိုမျိုး ဟာတွေက မရတော့ ဘယ်လိုလုပ်ရမလဲ။ အင်တာနက်ရှိမှ အဆင်ပြေမယ်ဆိုတော့ အင်တာနက်မရှိတဲ့ သူတွေကရော mp3 player တို့မရနိုင်တော့ဘူးလား။ အင်တာနက်မရှိဘဲ mp3 လို media ဖွင့်လို့မယ့် နည်းလေးရှိရင်ပြောပြပေးပါဦး
ဒီအကြောင်းကို ဒီနေရာမှာတစ်ခါ ရေးပေးခဲ့ဖူးပါပြီ - ကျွန်တော်တို့ နေ့တိုင်း သုံးနေကြတဲ့ Media formats တွေဟာ free to use မဟုတ်သလို - modify လုပ်တာ - distribute လုပ်တာတွေကိုလည်း ခွင့်မပြုပါဘူး - ဒါ့ကြောင့် Open-source operating system ဖြစ်တဲ့ Ubuntu မှာ open-source မဟုတ်တဲ့ formats တွေကို default အနေနဲ့ ထည့်သွင်းမထားတာပါ - တကယ်လို့မှ ကိုယ်က ဒီ proprietary format တွေ ( mp3, avi, ... ) ကို ubuntu မှာ သုံးချင်တယ်ဆိုရင် ကိုယ့်ဘာသာ ပြင်ယူရပါတယ် - နည်းလမ်းက နှစ်ခု ရှိပါတယ် -

Terminal ထဲမှာ ဆိုရင် အောက်ဖော်ပြပါ command နဲ့ သွင်းယူပါ -

Quote:
sudo apt-get install ubuntu-restricted-extras


တကယ်လို့ Terminal ထဲကနေ မသွင်းချင်ရင် Ubuntu Software Center ကနေလည်း သွင်းလို့ ရပါတယ် - search box မှာ ubuntu-restricted-extras လို့ အစလောက်ရိုက်လိုက်ရင် အောက်ဖော်ပြပါအတိုင်း တွေ့ရပြီး install လုပ်ယုံပါပဲ - သွင်းပြီးရင် mp3 တွေနားထောင်လို့ ရပါပြီ -



တကယ်လို့ default player တွေ မသုံးချင်ရင် vlc player တို့ -

Quote:
sudo add-apt-repository ppa:ferramroberto/vlc && sudo apt-get update
sudo apt-get install vlc mozilla-plugin-vlc
SMPlayer တို့ နှစ်သက်ရာ သုံးနိုင်ပါတယ် -

Quote:
sudo add-apt-repository ppa:rvm/smplayer && sudo apt-get update
sudo apt-get install smplayer
Quote:
Ubuntu က အင်တာနက်ရှိမှ အဆင်ပြေမှာလား?
အင်တာနက်ကတော့ မရှိလို့ မရဘူးခင်ဗျ - တစ်နေရာမဟုတ် တစ်နေရာမှာ ရှိမှကို ရမယ် - ဘာကြောင့်လည်းဆိုရင် Ubuntu ရဲ့ ပင်မအသက်လို့ ပြောလို့ ရတဲ့ Ubuntu Software Center က Internet ရှိမှ Software packages တွေ Install လုပ်ဖို့ အဆင်ပြေတယ် - အဲ့တာကြောင့် Ubuntu သုံးမယ်ဆိုရင် အင်တာနက်ရှိမှ သုံးတာ အကောင်းဆုံး ( ဝါ ) အဖြစ်သင့်ဆုံး ( ဝါ ) အသင့်တော်ဆုံးပါပဲ - အိမ်က စက်မှာ အင်တာနက်မရလည်း ဆိုင်သွားသုံးပြီး တင်ပါ - ဒါမှမဟုတ်လည်း USB လေး ယူသွားပြီး Download ချ နောက် အိမ်ကစက်မှာ ပြန်တင်ပေါ့ - နောက်ပြီး Ubuntu Packages တွေကို Offline သုံးဖို. Download လုပ်လို.ရပါတယ်။ ကိုgoogle ဒီနေရာမှာ ရေးထားပေးတယ်။ နောက်ပြီး လိုတဲ့ Packages တွေကို Linux Packages Search သုံးပြီးလည်း ရှာလို့ ရတယ်။ ဒီနေရာမှာလည်း Offline သုံးဖို့ Deb package တွေ Download လုပ်လို့ ရတယ် - VLC (1.1.7-2) offline deb package ကိုတော့ ဒီနေရာမှာ ယူပါ။ Stable version လိုချင်ရင်တော့ ဒီကောင်ကို ယူပါ။

Internet မရှိပဲ သုံးလို့ ရအောင် လုပ်လို့ရတဲ့ နည်းတွေ Software packages တွေ ရယူနိုင်မယ့် နည်းလမ်းတွေတော့ နောက်ထပ်အများကြီး ရှိပါသေးတယ် - ဒါပေမယ့် အင်တာနက်ကနေ တိုက်ရိုက် Access လုပ်ပြီး Install လုပ်လို့ ရတာလောက်တော့ ဘယ်ဟာမှ မကောင်းပါဘူး - Offline ကို အဆင်ပြေပြေနဲ့ သုံးနိုင်မယ့် နည်းတော့ ကျွန်တော်လည်း လေ့လာဆဲပါ - ပြည့်ပြည့်စုံစုံ သိခဲ့ရင် ဖော်ပြပေးပါဦးမယ် - ခုတော့ ကျွန်တော် သိထားတဲ့ အသိက မပြည့်စုံသေးလို့ မွန်းမံပါရစေဦး ကိုvictor -

စကားမစပ် မေးခွန်းကို ကျေးဇူးပြုပြီး တစ်နေရာတည်းမှာ မေးပေးပါခင်ဗျ - မေးခွန်းတစ်မျိုးတည်းကို နေရာနှစ်နေရာ ကျေးဇူးပြုပြီး မမေးပါနဲ့ - အဲ့တာလေး ကျေးဇူးပြုပြီး သတိထားပေးပါ။ မေးခွန်းတစ်မျိုးတည်းကို နှစ်နေရာခွဲမေးထားတာထဲက တစ်နေရာကို ကျွန်တော် ဖျက်လိုက်ပါတယ်။


KznT.

က,ကြီး ရေးဖို့ကျောက်သင်ပုန်းရှာနေသူ

Life is what you make of it. Go out and make your dreams come true.

Last edited by KznT; 15-03-2011 at 01:54 PM..
KznT is offline   Reply With Quote
အောက်ပါအသင်းဝင် 9 ဦးတို့မှ KznT အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 14-03-2011, 09:24 PM
thetnaung87
ဆယ်ကျော်သက်
 
အသင်းဝင်နေ့စွဲ: Aug 2010
ရေးသားချက်များ: 59
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 141
ပို့စ် 54 ခုအတွက် 503 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
thetnaung87 is on a distinguished road
Linux Mint

Quote:
Originally Posted by victor10 View Post
ubuntu မှာ လိုအပ်တဲ့ mp3 လိုမျိုး ဟာတွေက မရတော့ ဘယ်လိုလုပ်ရမလဲ။ အင်တာနက်ရှိမှ အဆင်ပြေမယ်ဆိုတော့ အင်တာနက်မရှိတဲ့ သူတွေကရော mp3 player တို့မရနိုင်တော့ဘူးလား။ အင်တာနက်မရှိဘဲ mp3 လို media ဖွင့်လို့မယ့် နည်းလေးရှိရင်ပြောပြပေးပါဦး
ဟုတ်ပါတယ်။ Liunx kernal ကို အသုံးပြုပြီး တည်ဆောက်ထားတဲ့ Ubuntu ကတော့ mp3 code တွေ၊ DVD code တွေထည့်မပေးလိုက်ပါဘူး။ Copyright reason ကြောင့် ထည့်မပေးလိုက်တာ ဖြစ်ပါတယ်။ ဒါကြောင့် Ubuntu တစ်ခါ install လုပ်ပြီးတိုင်း အောက်ကဟာတွေ ထပ်ဖြည့်ရပါတယ်။

1. Mp3 နဲ့ တခြား codes တွေအတွက် ubuntu-restrict-extras packages
2. VLC player for DVD play(Install and Use the VLC Media Player on Ubuntu Linux)
3. Pidgin for gtalk
4. Themes - စိတ်တိုင်းမကျလှတဲ့ Theme တွေအတွက်

အဲဒါတွေ အားလုံးထည့်ပြီးမှ အဆင်ပြေလုနီးပါးသုံးလို့ရတဲ့ OS ကို ရနိုင်မှာ ဖြစ်ပါတယ်။

အခု အဲဒီအချက်တွေကို ဖြေရှင်းပေးထားတဲ့ Linux Mint Distro တစ်ခုကို ညွန်းပါရစေ။ သူကလည်း Ubutu မှာပါတဲ့ ကောင်းကွက်တွေပေါ်မှာပဲ အခြေခံထားတဲ့ linux OS ဖြစ်ပါတယ်။ Linux OS အသုံးပြုဖူးသူတိုင်းအတွက် အသုံးပြုရ လွယ်ကူတဲ့ OS တစ်ခုပဲ ဖြစ်ပါတယ်။ သူ့ကို install လုပ်လိုက်တာနဲ့ ပါဝင်လာမည့် feature တွေကတော့ -Media code တွေ၊ Skype application, Pidgin for gtalk(messenger),Gimp, VLC, Adobe Pdf reader..









For More Screenshots

Code:
Downlaod Linux Mint

[CODE]
[URL="http://mettarefuge.iblogger.org/"][B][I]Mettā Refuge[/I][/B][/URL]
[/CODE]

Last edited by thetnaung87; 14-03-2011 at 11:00 PM..
thetnaung87 is offline   Reply With Quote
အောက်ပါအသင်းဝင် 11 ဦးတို့မှ thetnaung87 အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 15-03-2011, 01:10 PM
victor10
ကလေးပေါက်စ
 
အသင်းဝင်နေ့စွဲ: Mar 2011
ရေးသားချက်များ: 21
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 37
ပို့စ် 12 ခုအတွက် 43 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
victor10 is on a distinguished road
ပြန်စာ - Ubuntu တင်ပြီး ဘာတွေ ပြင်ဆင်ဖို့ လိုသေ

အစ်ကို kznt ညီလေး နှစ်ခါရေးမိတဲ့အတွက် တောင်းပန်ပါတယ်။ အခုလို ဖြေကြားပေးတဲ့အတွက်ကျေးဇူးအများကြီး တင်ပါတယ်။ ညီလေး softpedia.com ကိုတွေ့တယ် အဲသည့်မှာ linux ပက်သက်တဲံ့ ဆော့ဝဲတွေ တွေ့ထားတယ်။ vlc ကို အဲမှာ ဒေါင်းလုပ် လုပ်လို့ရတာတွေ့ထားတယ်
victor10 is offline   Reply With Quote
အောက်ပါအသင်းဝင် 2 ဦးတို့မှ victor10 အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 15-03-2011, 05:58 PM
victor10
ကလေးပေါက်စ
 
အသင်းဝင်နေ့စွဲ: Mar 2011
ရေးသားချက်များ: 21
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 37
ပို့စ် 12 ခုအတွက် 43 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
victor10 is on a distinguished road
Icon4 ပြန်စာ - Ubuntu တင်ပြီး ဘာတွေ ပြင်ဆင်ဖို့ လိုသေ

အစ်ကို kznt ကျနော် ဘယ်ဟာ ကိုဒေါင်းရမှလဲ အကုန်လုံးလိုက်ဒေါင်းရမှာလား အစ်ကို
နောက်ပြီး လိုအပ်တဲ့ package တွေကို အားလုံးလိုက် ဒေါင်းရမှာလား အစ်ကို

Last edited by victor10; 15-03-2011 at 06:01 PM..
victor10 is offline   Reply With Quote
အောက်ပါအသင်းဝင်မှ victor10 အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 16-03-2011, 12:50 AM
g00gle
အထူးအသင်းဝင်
 
အသင်းဝင်နေ့စွဲ: Nov 2010
ရေးသားချက်များ: 751
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 12,278
ပို့စ် 754 ခုအတွက် 6,474 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
g00gle will become famous soon enough
ပြန်စာ - Ubuntu တင်ပြီး ဘာတွေ ပြင်ဆင်ဖို့ လိုသေ

ကျွန်တော်သိသလောက် ပြောကြည်.မယ်။ VLC package ကို Download မလုပ်ခင် VideoLan မှာ အရင်ဆုံး သွားကြည်.တယ်။ ကျွန်တော်က Ubuntu အတွက်ပဲကြည်.လိုက်တယ်။ Debian နဲ.လဲ တူမယ်လို. ယူဆပါတယ်။ ဒါဆို ဒီလိုတွေ.ရတယ်။


အဲဒါ VLC website က Download လုပ်စေချင်တဲ.ဟာ။ အောက်ဆုံးကြောင်းမှာကြည်.လိုက် - Install နောက်ကဟာတွေက ဘာတွေ Install လုပ်မှာလဲကိုပြတာ။ ဒါကြောင်. vlc, vlc-plugin-pulse & mozilla-plugin-vlc ကို ရှာပြီး Download လုပ်ကြမယ်ဗျာ။ အထက်က VLC package ကို သွားလိုက်ပြီး အောက်ဆုံးကို ကြည်.လိုက်ရင် ဒီလိုလေး တွေ.ရမယ်။


ကိုယ်. Computer ကို မူတည်ပြီး Download လုပ်ရမဲ. Packages တွေကွာသွားတယ်။ ကျွန်တော်.စိတ်ထင်တော. 32 bit အတွက်ဆို i386, 64 bit အတွက်ဆို amd64 ဖြစ်လိမ်.မယ်။ နောက် အဲဒီ Link ထဲမှာပဲ Recommend လုပ်ထားတာ၊ Suggest လုပ်ထားတာတွေကို တွေ.ရမယ်။ ခုနက vlc-plugin-pulse တို.၊ mozilla-plugin-vlc တို.၊ VLC ကို ဘယ်လိုသုံးရမလဲဆိုတဲ. Documentation တို.ကို တွေ.ရမယ်။ ပထမနည်းအတိုင်းပဲ Download လုပ်ပါ။ ကျွန်တော် စမ်းပြီးမှ ရေးချင်ပေမဲ. လောလောဆယ်ဆယ် Ubuntu မသွင်းထားတော. စမ်းလို.မရဘူး။ ဒီအတွက်တော. ခွင်.လွှတ်ပါ။


တကယ်လို. Install လုပ်ရာမှာ Dependency Error ပြခဲ.ရင်တော. အနီရောင်အ၀ိုင်း (dep) လေးတွေ Download လုပ်ဖို. လိုပါလိမ်.မယ်။

If something doesn't work, break it and create a BETTER one.

Last edited by g00gle; 11-09-2011 at 09:13 AM..
g00gle is offline   Reply With Quote
အောက်ပါအသင်းဝင် 8 ဦးတို့မှ g00gle အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 16-03-2011, 07:25 AM
KznT
ကြီးကြပ်ရေးမှူး
 
KznT's Avatar
 
အသင်းဝင်နေ့စွဲ: Dec 2009
တည်နေရာ: http://www.techsectors.blogspot.com
ရေးသားချက်များ: 1,338
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 5,983
ပို့စ် 1,332 ခုအတွက် 20,384 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
KznT has a spectacular aura aboutKznT has a spectacular aura about
Ubuntu Offline Packages များ ရှာဖွေခြင်း

အသေးစိတ်ပြောမှ အဆင်ပြေတော့မယ် ထင်တယ် အဲ့လိုပဲဗျ Linux သမားတွေ တော်တော်များများ OS ကိုသုံးရင်းနဲ့ စိတ်ကုန်သွားကြတာ - အထူးသဖြင့် ပြဿနာ တက်နေကြတဲ့ အခြေအနေ ( ၇ ) ရပ်ရှိတယ် -
  • Internet Connection ပုံမှန် လက်တစ်ကမ်းမှာမရှိပဲ Packages တွေ Install လုပ်ချင်ရင် ကိုယ်သုံးချင်တဲ့ Apps တွေရဲ့ Offline packages တွေ ဘယ်မှာ လိုက်ရှာရမလဲ ဆိုတာ ပထမဆုံးသိဖို့ လိုလာတယ်
  • Windows မှာ သုံးတဲ့ Software လိုမျိုး Linux ( Ubuntu ) မှာသုံးတဲ့ Packages ဆိုတာတွေက Open source လည်း ဖြစ်ပြန် - Free လည်းပေး - Windows လောက်လည်း လူသုံးက သိပ်မများတော့ ဆိုဒ်တိုင်းက အချိန်ကုန်ခံပြီး အထူးတလည် မတင်ကြဘူး - အဲ့တာကြောင့် နေရာမသိရင် Internet ထဲမှာ ရှာရခက်သွားတယ်
  • ရှာလို့ ရတဲ့ Packages တွေကျတော့လည်း တစ်ချို့ Packages တွေက Windows လို Double click ပေးပြီး Install လုပ်လို့ ကမရ
  • Packages တွေတင်ပေးထားတဲ့ ဆိုဒ်တွေကျပြန်တော့လည်း Download ချလို့ ရလာရင် .tar.gz, .tar.bz2, .rpm, .deb စတဲ့ File extension တွေကလည်း မျိုးစုံ - ကိုယ်က ဘယ်ဟာကို ချရမယ်မှန်းက မသိ
  • နောက်ပြီး တစ်ခုချင်းစီမှာကလည်း install လုပ်နည်းက သူ့နည်းနဲ့သူ နည်းအမျိုးမျိုး - သိတဲ့သူအတွက် အကြောင်းမဟုတ်ပေမယ့် မသိတဲ့ သူအတွက် ဘယ်ကနေ စလို့ ဘာရိုက်ရမှန်းက မသိ / ဘယ်ဟာကို Click ပေးရမှန်း နားမလည်
  • ဒီကြားထဲ Architecture ရွေးရတာက ရှိသေးတယ် - Windows မှာတုန်းက ( x86 ) 32bit - ( x64 ) 64bit လို့ပြောတယ် - Linux မှာကျတော့ amd64 တို့ i386 တို့ဆိုပြီး စသဖြင့် ပြောတယ် - အဲ့တာတွေကလည်း သိရင် အကြောင်း မဟုတ်ပေမယ့် မသိတော့ ရွာလည်တယ်။
  • အဆိုးဆုံးက GUI မဟုတ်ပဲ Terminal တို့ Command line တို့ ပါလာတော့ ပိုဆိုးသွားတယ် - တော်တော်များများက OS ဆိုရင် End User တစ်ယောက်လိုပဲ သုံးချင်တာ Command line တို့ ဘာတို့ဆိုတာ ဘယ်သူမှ တော်ယုံ မလေ့လာချင်ကြဘူး

အဲ့လို ပြဿနာမျိုးတွေက Internet Connection ရှိနေရင် Ubuntu မှာ ဘာမှ စဉ်းစားစရာ မလိုပဲ အရမ်းသုံးရလွယ်တဲ့ Ubuntu Software Center ဆိုတာ ရှိနေတော့ အဆင်ပြေတယ် - ဒါပေမယ့် Internet Connection မရှိတဲ့ စက်တစ်လုံးကို Ubuntu တင်သုံးမယ် ဆိုရင်ကျတော့ Ubuntu Software Center ဆိုတာကလည်း သုံးဖို့ အဆင်မပြေတော့ဘူး - အပေါ်မှာ ပြောထားတဲ့ ပြဿနာတွေကလည်း မဖြစ်မနေနားလည်ဖို့ လိုလာရော - ပြောရမယ့် အကြောင်းတွေက များတော့ သိတဲ့သူတွေကလည်း တော်ယုံ အချိန်ပေးပြီး ဘယ်သူမှ ရှင်းအောင် မပြောအားကြဘူး - အင်တာနက်ထဲက စာရိုက်ပြီး ရှင်းဖို့ ဆိုတာကတော့ ပိုဆိုးပေါ့ - အဲ့တာကြောင့် Ubuntu သုံးမယ်ဆိုရင် အင်တာနက်ရှိမှ သုံးတာ အကောင်းဆုံး ( ဝါ ) အဖြစ်သင့်ဆုံး ( ဝါ ) အသင့်တော်ဆုံးပါပဲလို့ ကျွန်တော် အပေါ်မှာ ပြောခဲ့တာပါ - ကျွန်တော်တစ်ယောက်တည်း ပြောတာ မဟုတ်ဘူး - လူတိုင်းလည်း ဒီလိုပဲ ပြောကြတယ်။ End User တွေအတွက် Ubuntu ( Linux ) ဆိုတာ Internet Connection လက်တစ်ကမ်း မှာ မရှိရင်တော့ လက်လွှတ်လိုက်တာ ကောင်းတယ် - ဒါကိုမှ လက်မလျှော့ပဲ ဆက်သုံးချင်မယ်ဆိုရင်တော့ အပေါ်မှာ ပြောခဲ့တဲ့ အချက်တွေ တော်တော်များများ တီးမိခေါက်မိရှိအောင် အားတဲ့အချိန်တိုင်း Ubuntu ( Linux ) နဲ့ ဆိုင်တဲ့ စာတွေ ဖတ်ဖြစ်ဖို့ ကြိုးစားရပါလိမ့်မယ် - ကျွန်တော့်အနေနဲ့တော့ အကုန်စုံအောင် ပြောမပြနိုင်သေးဘူး - သိတာတွေလည်း သိသလို မသိတာတွေလည်း အများကြီး ကျန်နေသေးတယ် - လောလောဆယ် ကျွန်တော် ဒီနေရာမှာ နားလည်လွယ်အောင် Ubuntu အတွက် သုံးချင်တဲ့ Packages တစ်ခုချင်းစီကို Offline packages တစ်ခုချင်းစီ ရယူနိုင်အောင် လုပ်ဆောင်ရမယ့် အဆင့်တစ်ချို့ နမူနာ အနေနဲ့ ပြောပြပေးပါ့မယ် - ကျန်တဲ့ အပိုင်းတွေကိုတော့ ကိုယ့်ဘာသာ စာလေးဖတ်ပြီး ပြည့်စုံအောင် ကြိုးစားကြည့်ပါ -

အခု ဥပမာ အနေနဲ့ Offline သုံးမယ့် Ubuntu အတွက် Packages တွေ ရှာချင်တယ် ဆိုပါစို့ - နေရာတွေကတော့ အများကြီး - နေရာတစ်ခုကို ဥပမာ ပြရရင် Ubuntu Packages Search ကို သွားလိုက်ပါ။ အဲ့ကို ရောက်ရင် Packages lists တွေကို တွေ့လိမ့်မယ် - ဆိုကြပါစို့ ကျွန်တော်တို့က Ubuntu maverick (10.10) တင်ထားတယ် ဆိုရင် အောက်ဖော်ပြပါအတိုင်း ဆက်ဝင် - ( တစ်ခြား Editions ဆိုရင်လည်း တစ်ခြား Editions အလျှောက် သက်ဆိုင်ရာ ခေါင်းစဉ်အောက်ကို ဆက်ဝင်ပေါ့ )


အဲ့လို့ ဆက်ဝင်လိုက်ရင် ခုလိုမျိုး List of sections in "maverick" ဆိုတာ တွေ့လိမ့်မယ် - သူ့ရဲ့ အဓိပ္ပါယ်က Ubuntu maverick (10.10) ဆိုတဲ့ Edition အတွက် ရှိသမျှ Packages တွေကို Network ဆို Network အလျှောက် - Fonts ဆို Fonts အလျှောက် - Games ဆို Games အလျှောက် - Utilities ဆို Utilities အလျှောက် Packages တွေကို ရှာရလွယ်အောင် Sections အလိုက် ဖန်တီးပေးထားတာ - မြင်သာအောင် ပြောရရင် Sections ဆိုတာ ကျွန်တော်တို့တွေ ဈေးသွားရင် ဘယ်နေရာမှာ ဘာဝယ်လို့ ရမယ်ဆိုတာ တန်းကနဲ သိအောင် အသားတန်း - ငါးတန်း - အသီးအရွက်တန်း ဆိုပြီး ခွဲထားသလိုမျိုးပေါ့ - အသားတန်း - ငါးတန်းမှာ ဆိုရင် ကြက်သား၊ ဝက်သား၊ ငါး စသဖြင့် ရမယ် - အသီးအရွက်တန်းမှာ ဆိုရင် ချဉ်ပေါင်ရွက် ကန်စွန်းရွက် ဆိုတာမျိုး ရှာလို့တွေ့မယ် - အဲ့လိုမျိုးပေါ့ - ခုလည်း ကိုvictor က VLC ဆိုတဲ့ packages လိုချင်တယ် - အဲ့တော့ တစ်ချက် ပြန်စဉ်းစားလိုက် vlc ဆိုတဲ့ packages က ဘယ် Sections ထဲမှာ ပါလောက်မလဲ - VLC ဆိုတာ အခွေကြည့် သီချင်းနားထောင်တဲ့ Packages မျိုးဆိုတော့ Videos တို့ Audios တို့ ဆိုတဲ့ Sections အောက်မှာ ရှိလောက်မယ် စသဖြင့် သက်ဆိုင်ရာ Packages အလိုက် တွေးကြည့်လို့ ရတယ် - တကယ်လို့ အဲ့လို မတွေးတတ်ဘူးဆိုရင်လည်း သူပြထားတဲ့ Sections ခေါင်းစဉ်တိုင်းရဲ့ အောက်မှာ ဘာတွေပါမယ်ဆိုတာ စာသားနဲ့ အသေးစိတ် ဖော်ပြထားတတ်ကြပါတယ် -


သက်ဆိုင်ရာ အဲ့လို Sections အောက်ကို ဆက်ဝင်ရင် ဘာ Software Packages တွေ ရှိမယ် ဆိုတဲ့ Video ရဲ့ Subsection ကို အောက်ပါအတိုင်း ထပ်တွေ့ရပါလိမ့်မယ် - အဲ့ထဲက ကျွန်တော်တို့က VLC ကို လိုချင်တာမို့လို့ အောက်ဖော်ပြပါအတိုင်း vlc ဆိုတဲ့ Package ကို ဆက်ဝင်ပါ -


ဒီနေရာမှာ တစ်ခုသိထားရမှာ vlc ဆိုတဲ့ package ဟာ vlc media player ရဲ့ မူရင်း package ပါ - သူတစ်ခုတည်းကို install လုပ်ထားလိုက်တာနဲ့ MPEG, MPEG2, MPEG4, DivX, MOV, WMV, QuickTime, mp3, Ogg/Vorbis files, DVDs, VCDs, နောက် တစ်ခြား multimedia streams တွေကို ဖွင့်လို့ ရလိမ့်မယ် - ဒါပေမယ့် သူ့မှာ နောက်ထပ် additional audio plugins တွေ ( vlc-plugin-pulse, vlc-plugin-sdl ) - video plugins တွေ ( vlc-plugin-sdl, vlc-plugin-ggi, vlc-plugin-svgalib ) - web browser plugin ( mozilla-plugin-vlc ) ဆိုတာတွေ ရှိသေးတယ် - Features အားလုံး စုံစုံစေ့စေ့ သုံးချင်ရင်တော့ အဲ့တာတွေ အားလုံး သွင်းတာ ကောင်းတယ် - တကယ်လို့ အဲ့လောက် မလိုအပ်ဘူးလို့ ကိုယ့်ကိုယ့်ကိုယ် ဆုံးဖြတ်ရင်လည်း နဲ့ ကို g00gle ပြောထားသလိုမျိုး vlc website က Recommend ပေးတဲ့ Plugins လေးတွေပဲ သုံးလည်း ရတယ် ) - ဒါပေမယ့် လေ့လာစ လူသစ်တစ်ယောက် အနေနဲ့ ဘယ် Plugins တွေက သုံးဖို့လိုတယ် - ဘယ်ဟာတွေကတော့ သုံးဖို့ ဒီလောက် မလိုဘူးဆိုတာ ချက်ချင်း မသိနိုင်ဘူး အဲ့အတွက် ဖော်ပြပါစာမျက်နှာ မှာပဲ အောက်မှာ ပြထားတဲ့အတိုင်း Other Packages Related to vlc ဆိုတဲ့ ခေါင်းစဉ်ခွဲ ထပ်ရှိတယ် -


အဲ့ခေါင်းစဉ်အောက်မှာ ဒီ Package နဲ့ အတူ တစ်ခြား ဘယ် Packages တွေကိုပါ သုံးသင့်မယ်ဆိုတာကို Ubuntu က depends / recommends / suggests ဆိုတဲ့ အမျိုးအစား သုံးမျိုးနဲ့ ပြထားတယ် - ဆိုလိုတာ တစ်ခြား Plugins တွေ မသုံးချင်ရင် / ဘာမှန်း မသိရင်တော့ recommends ဆိုပြီး အစိမ်းရောင်နဲ့ ပြထားတဲ့ Plugins တော့ သုံးလိုက်ပေါ့ - အဲ့တော့ Plugins တွေအကြောင်း ခဏမေ့ထားပြီး vlc ဆိုတဲ့ မူရင်း Package ကိုပဲ အရင်ဆုံး Download ချမယ်ဆိုရင် vlc ဆိုတဲ့ စာမျက်နှာ ရဲ့ အောက်ဆုံးမှာ အောက်ဖော်ပြပါအတိုင်း Download vlc ဆိုတာ ရှိပါတယ် - ဆိုးတာက သူ့မှာမှ ထပ်ပြီး Architecture ဆိုတာ ကွဲပါသေးတယ် - များသောအားဖြင့်တော့ လူသုံးများတာ Intel/AMD architecture "i386" ပါ - တကယ်လို့ ကိုယ့်စက်မှာ 64-bit AMD ( ဒါမှမဟုတ် ) 64-bit ဖြစ်နေမယ် ဆိုရင်တော့ "amd64" ဆိုတာကို ယူရပါမယ် ( ဒါပေမယ့် "i386" နဲ့ လည်းသုံးလို့ ရပါတယ် ) အဲ့ဒီ့ 32bit နဲ့ 64bit ပြဿနာကို သိပ်မရှင်းသေးရင် 64 bits နှင့် 32 bits OS များ၏ ကွာခြားချက်များ ဆိုပြီး ကျွန်တော်ရေးထားဖူးတာ ရှိပါတယ် - အဲ့တာကို တစ်ချက်လေ့လာကြည့်ပါ - အဲ့တော့ ကျွန်တော်တို့ စက်က 32bit OS ဆိုရင် "i386" ကို Click ထပ်ပေးပါ - ကိုg00gle လည်း ဒီကိစ္စကို အပေါ်မှာ ရှင်းထားခဲ့ပြီးပါပြီ။


အဲ့လို ကလစ်ပေးလိုက်ရင် နောက်တစ်မျက်နှာမှာ သူက ဒီဆိုဒ်ကနေ တတ်နိုင်ရင် Internet သုံးပြီး Install လုပ်ရတဲ့ Terminal-based package manager ( ဝါ ) aptitude တို့ Graphical package manager ( ဝါ ) synaptic တို့ကနေတဆင့် Packages တွေ Install လုပ်ဖို့နဲ့ ခုလိုမျိုး ကိုယ့်ဘာသာ ဒေါင်းလုပ်ချပြီး မသုံးဖို့ အကြံပေးပါလိမ့်မယ်။ ကိုယ်က Offline package လိုချင်တာမို့လို့ သူပြောတာတွေကို ဘေးချိတ်ပြီး အောက်ဖော်ပြပါနေရာကို ထပ် Click ပါ -


ဒါဆို Download ဖိုင် တန်းတက်လာပါလိမ့်မယ်။ ရလာတဲ့ ဖိုင်ကို ကိုယ် Offline သုံးချင်တဲ့ Ubuntu စက်မှာ Double click ပေးပြီး Screen instruction အတိုင်း ပြန်သွင်းယူပါ။ နောက်ပိုင်း Packages နာမည်တွေနဲ့ အသုံးပြုပုံတွေ တီးမိခေါက်မိ ရှိသွားပြီ ဆိုရင် ခုလိုမျိုး တစ်ဆင့်ချင်း ဝင်ရှာနေဖို့ မလိုတော့ဘူး - Ubuntu Packages Search ရဲ့ မျက်နှာစာမှာရှိတဲ့ Search package directories ကနေပဲ ခုလိုမျိုး တိုက်ရိုက် တန်းရှာလို့လည်း ရပါတယ်။


Packages တွေကို အဲ့လို ရှာသုံးတဲ့နေရာမှာ ဆိုးသွားတဲ့ တစ်ချက်က အပေါ်မှာ ဖော်ပြခဲ့သလိုမျိုး မူရင်း Packages ရော Pugin packages တွေကိုရော တစ်ခုချင်းစီ လိုက်စုပြီး သွင်းရတဲ့ ပြဿနာ - အဲ့တော့ မေးစရာ တစ်ခုရှိလာတယ် - Windows လိုမျိုး လိုသမျှ အားလုံးကို ( မူရင်း Packages ရော Pugin packages ရော ) ပေါင်းထားပြီးသား အသင့်သုံး Packages မျိုး မရှိဘူးလား ?? ရှိတာက ရှိပါတယ် - ဒါပေမယ့် အဲ့လိုမျိုး အားလုံး စုထားပေးပြီးသား packages တွေမှာကျပြန်တော့ Windows လိုမျိုး Double click ပေးပြီး install လုပ်လို့ မရတဲ့ ဖွဲ့စည်းပုံတွေနဲ့ လုပ်ထားကြတာ များတယ် - ပြောရရင် အဲ့တာမျိုးကို Source Package လို့ ခေါ်တာပေါ့ - အားလုံးတော့ ပါတယ် ဒါပေမယ့် ဖွဲ့စည်းပုံက [.tar.bz2] , [.tar.gz] ဆိုတာမျိုး ဖြစ်နေတော့ .deb လိုမျိုး Double click ပေးယုံနဲ့ Install လုပ်လို့ မရတော့ဘူး - vlc အတွက် အဲ့လို [.tar.bz2] , [.tar.gz] Source Package တွေကိုပဲ ဖော်ပြပါ စာမျက်နှာရဲ့ ညာဘက်ခြမ်းမှာ တွေ့ရပါလိမ့်မယ် -


အဲ့တာတွေကလည်းပြောရရင် Offline installer ပါပဲ - ဒါပေမယ့် ခက်တာက သူ့ကိုသုံးပြီး Packages ကို Install လုပ်မယ် ဆိုရင် [.tar.bz2] , [.tar.gz] ဆိုတဲ့ Source Package တွေကို Terminal ကနေ ဘယ်လို Install လုပ်ရမယ်ဆိုတဲ့ နောက်ထပ် Knowledge တစ်ခု ထပ်သိဖို့ လိုလာပြန်ပါလေရော - အဲ့အတွက်က အချိန်ပေးနိုင်မယ် ဆိုရင် ဒီနေရာ နဲ့ ဒီနေရာမှာ ဖတ်လို့ ရပါတယ်။

ကဲ ကျွန်တော့်ပြန်စာလည်း တော်တော်ရှည်နေပြီ - တစ်ခြားနည်းလမ်းတွေ - သုံးရလွယ်တဲ့ .deb packages ယူနိုင်မယ့် နည်းလမ်းတွေ နောက်ထပ် ကျွန်တော် သိထားတာ ရှိသေးတယ်ဗျ - နောက်ပိုင်းတော့ ကျွန်တော်လည်း သိထားတာလေးတွေ ပေါင်းပေါင်းပြီး အလျဉ်းသင့်ရင် သင့်သလို ထည့်ပြီး ဆွေးနွေးပေးပါဦးမယ် - မိသားစုဝင်တွေလည်း ကိုယ်သိထားတာလေးတွေ ရှိရင် ပြောပြကြပါဦး - ဒီလိုနဲ့ ကျွန်တော်တို့ ရှေ့ဆက်ကြတာပေါ့


KznT.

က,ကြီး ရေးဖို့ကျောက်သင်ပုန်းရှာနေသူ

Life is what you make of it. Go out and make your dreams come true.

Last edited by KznT; 16-03-2011 at 01:33 PM..
KznT is offline   Reply With Quote
အောက်ပါအသင်းဝင် 12 ဦးတို့မှ KznT အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Reply

Tags
how to, linux, ubuntu, user guide

တန်ဆာပလာများ
ဖော်ပြမှုပုံစံ

Posting Rules
You may not post new threads
You may not post replies
You may not post attachments
You may not edit your posts

BB code is On
Smilies are On
[IMG] code is On
HTML code is Off

ဖိုရမ်တွေ ကျော်ရောက်ချင်ရင် !

အခြားဆင်တူဆွေးနွေးချက်များ
ဆွေးနွေးချက် စတင်ရေးသားသူ ကွပ်ပျစ်ဝိုင်း ပြန်စာများ နောက်ဆုံးပို့စ်
Ubuntu ( Linux ) FAQs ( Self-Study ) KznT Linux များ (သို့) Linux နှင့်ဆိုင်ရာများ 29 22-02-2013 12:27 PM
Ubuntu တင်ပြီး ဘာဆက်လုပ်မလဲ ?? KznT Linux များ (သို့) Linux နှင့်ဆိုင်ရာများ 14 29-12-2011 12:05 PM
Windows ပေါ်မှာ Ubuntulinux ကို ဘယ်လို Install လုပ်ပြီး run မလဲ။ poekaunglay87 Linux များ (သို့) Linux နှင့်ဆိုင်ရာများ 22 24-06-2011 12:52 AM
ဘာလို့ Ubuntu သုံးသင့်လဲ ..?? kyaukphyu Linux များ (သို့) Linux နှင့်ဆိုင်ရာများ 0 19-08-2010 04:09 PM
Software installation in Ubuntu 10.04 LTS KznT Linux များ (သို့) Linux နှင့်ဆိုင်ရာများ 0 08-06-2010 12:14 AM


ဖိုရမ်၏ ပင်မအချိန်သည် ဂရင်းနစ်စံတော်ချိန် +6.5 ဖြစ်သည်။ဒေသစံတော်ချိန် 10:55 AM
Inactive Reminders By Icora Web Design