Go Back   မြန်မာမိသားစုဖိုရမ် » ..:: ကြေညာချက်များ ::.. » မသိမဖြစ်
မြန်မာလက်ကွက်

မသိမဖြစ် ဖိုရမ်က အသင်းသားတွေ ဖိုရမ်မှာ လည်ပတ်ရတာ ၊ ဖတ်ရှုရတာ ၊ ဒေါင်းလုဒ် လုပ်ရတာ စသဖြင့်ပေါ့ အားလုံးအဆင်ပြေအောင် မသိမဖြစ် လိုအပ်တာလေးတွေကို ဒီမှာ ထည့်ပေးထားပါတယ်။

Reply
 
Bookmark and Share တန်ဆာပလာများ ဖော်ပြမှုပုံစံ
Old 14-02-2011, 04:23 PM
  post #1
KznT
ကြီးကြပ်ရေးမှူး
 
KznT's Avatar
 
အသင်းဝင်နေ့စွဲ: Dec 2009
တည်နေရာ: http://www.techsectors.blogspot.com
ရေးသားချက်များ: 1,338
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 5,983
ပို့စ် 1,332 ခုအတွက် 20,384 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
KznT has a spectacular aura aboutKznT has a spectacular aura about
မြန်မာမိသားစုဖိုရမ် အသုံးပြုနည်း

မြန်မာမိသားစု ဖိုရမ် အသုံးပြုနည်းနဲ့ ပတ်သတ်ပြီး အကြောင်းအရာတော်တော်များများကို ရေးထားပေးပြီးသား ရှိပါတယ် - ဒါပေမယ့် နေရာတစ်ခုစီမှာ တစ်ပိုင်းတစ်စစီ ပြန့်ကျဲနေသလို ဖြစ်နေလို့ ဖိုရမ်အုပ်ချုပ်သူများရဲ့ အကြံပြုချက်အရ အားလုံးကို တစ်နေရာတည်းမှာ စုစုစည်းစည်း ဖြစ်သွားအောင် ဒီ Thread ကို စရေးဖြစ်ပါတယ် - ဒါ့ကြောင့် ဒီနေရာမှာ မြန်မာမိသားစုဖိုရမ် အသုံးပြုနည်း လမ်းညွှန်ဆိုတဲ့ ခေါင်းစဉ်နဲ့ ကိုက်ညီအောင် ဖိုရမ်ကို စတင်ဝင်ရောက် အသုံးပြုစဉ်မှာ တွေ့ကြုံရမယ့် အခက်အခဲ - ရင်ဆိုင်ရမယ့် မေးခွန်းများအတွက် နေရာတစ်ခုတည်းကနေ ပေါင်းစုလေ့လာနိုင်အောင် အရင်ရှင်းလင်း ရေးသားပြီးသား အကြောင်းအရာတွေအတွက် Link ချိတ်ပေးပြီး - မရေးသားရသေးတဲ့ အကြောင်းအရာ သစ်တွေကို ဖြေးဖြေးချင်း ဖြည့်သွင်းရေးသားပေး သွားပါ့မယ် ( Links ချိတ်ပြီးသားရှိနေရင် ရေးသားထားပြီးလို့ ဖြစ်ပြီး - မရှိသေးရင် မရေးသားရသေး / ရေးသားထားပြီးသား ရှာမတွေ့သေး / အကြောင်းအရာဟောင်းအား ပြင်ဆင်ရေးသားနေသေးလို့ ဖြစ်ပါတယ် ) မြန်မာမိသားစုဝင်များအနေနဲ့ ဒီအထဲမှာ မပါဝင်သေးပဲ တစ်ခြားမိမိသိနားလည်ချင်တဲ့ အကြောင်းအရာတိုင်းကို မေးခွန်းလုပ်ပြီး ဖိုရမ်မှအခက်အခဲများကဏ္ဍ အောက်မှာ သွားရောက် မေးမြန်းနိုင်ပါတယ် - အဲ့မှာ မေးမြန်းထားတဲ့ အကြောင်းအရာကို ထပ်မံဖြည့်စွက် ရေးသားပေးပြီးလို့ ပြည့်စုံတဲ့ အခြေအနေတစ်ခုရောက်ရင် ဒီ မြန်မာမိသားစုဖိုရမ် အသုံးပြုနည်း လမ်းညွှန် အောက်မှာ ပြန်လည်ဖြည့်သွင်း ချိတ်ဆက်ပေးသွားပါမယ် - Help Center ဖြစ်တဲ့ အတွက်ကြောင့် မေးလာနိုင်သမျှ မေးခွန်းအားလုံးကို အသေးစိတ်ရေးမှ ရမှာပါ - ဒီလိုဆို ပြည့်စုံတဲ့ Help Center ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်မိပါတယ် -

စည်းမျဉ်းစည်းကမ်းများ

အသိပေးချက်များ

စတင်ခြင်း

မျှဝေခြင်း

ကိုယ်ရေးကိုယ်တာ

FAQs


KznT.

က,ကြီး ရေးဖို့ကျောက်သင်ပုန်းရှာနေသူ

Life is what you make of it. Go out and make your dreams come true.

Last edited by KznT; 01-07-2011 at 04:48 PM..
KznT is offline   Reply With Quote
အောက်ပါအသင်းဝင် 171 ဦးတို့မှ KznT အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
$ညိုမင်းလွင်$, ကိကိ, ကိုခိုင်ကြီး, ကိုစံငြိမ်း, ကိုပျင်း, ကိုသီလ, ကိုဦး, ကိုသဝေထိုး, ကိုဦး2012, ချင်းလေး, ချစ်သမီး, ချမ်းမြေ့ ကျော်, ခွန်ညီး, စစ်တွေသားချေ, စိုင်းသန့်ဇင်အောင်, စိုးထက်လွင်, စမောလေး, စွမ်းကမ္ဘာ, စွမ်းထက်မောင်, ဆန်းမောင်, ဆီကျော်, ဆွိ, ဇာနည်စိုး, တစ်ကိုယ်တော်, တာတာ, တီဘွား, ဒဿဂီရိ, နန်းရှင်, နီထွန်းဦး, ပင်လယ်သား, ပုထုဇဉ်, ဘိုဘိုကျော်, ဘုန်မောင်, မင်းအာကာကျော်, မင်းမြတ်007, မီးအိမ်ငယ်, မိုးတိန်, မိုးလွင်, ယွန်းယွန်း, ယွမ်ယွမ်, ရဲရဲလေး, ရဲဝင့်အောင်, ရှင်းသန့်, လမင်းမျက်နှာ, လမ်းမတော်ဖိုးတေ, လမ်းပြကြယ်, လူမုန်းနဒီ, ဝင်းအောင်, သန့်ဇင်ဌေး, သရက်သီး, သားညို, သူရိန်ခ, သူသူလေး, ဟန်ဇော်ထက်, ဟိန်းသက်အောင်, ဟိန်းဟိန်းမြတ်, အဖွားအို, အသဲကွဲသမားလေးရင်ခွင်သစ်, ဥိးသူရ, ဦးသာကြီး, ကျေးကျွန်, ခေါက်ရောင်းသား, ဂေါ်ဖီထုတ်လေး, စောငယ်, ဇော်ဘုန်းလှိုင်, ဇော်ရဲပိုင်, ဇေကြီး, တောဂေါ်လီ, နေမင်းမောင်, နေလင်း09, မေထူးမောင်, မေလင်းခင်, မေဦးမွန်, မောင်စိန်ရွှေ, မောင်မဲညို, မောင်သံသရာ, မောင်ပေါ်ဦး, မောင်အောင်ဟိန်းအေး, မွေဖု, မှော်ပင်လယ်, ရွှေကျင်သူ, ရွှေလိုဝင်း, သော်ဇင်နိုင်, အောင်ထွန်းလင်3း, အောင်ဗလ, အောင်ဘုန်းစံ, အောင်မင်းကို, အောင်ကျော်လင်း, အေးမင်းမောင်, ငြိမ်းချမ်း, မြင့်မိုရ်, ကြယ်စင်စိုး, ဖြိုးကောင်းကင်, မြန်အောင်သား, နှင်း, affectionlady75, alicia5556, amaung344, apple3, apri, arkaraung, athaylay1, Aung Aung, aung zaw htike, aungkohtat, AZM, azp09, baby1841, bagothar85, blackNwhite, bonge, fairywin, foothet, g00gle, goldstar, hellboy, Htet Arcar, Htin Lin Kyaw, htoo war, htun30, kaung kin lu, khant naing, ko lin, ko myo, kyaukphyu, kyawminkhoung, kyawsoemoe, kyawswarl, kyawzawe, KZaw, lu soe, Lwin Thu, ma mee, megaton, mgwinhlaing, minnthu, minthike, minthumon, mjkomg012@gmail.com, moe san dar, moemama2008, nanaungoo, naysinthar, nayzawaung, Nyein Chan Thu 123, pannuko, phoetharlay, phyulayswe07, PyaitSone, sawjonnie, sinpauk, SITHUYEHTUN, smlat88, smooth gut, soehtetpaing, soekoko85, Thein Thein Khine, theinzaw5949, thetzin, thura.it, thureinsoe, tu tu, tunlay86, wanted, yawnathan, Ye Aung, yelinoo, yemyatlin, zawaung51192, zawwinoo, zo
Old 14-02-2011, 08:19 PM
  post #2
KznT
ကြီးကြပ်ရေးမှူး
 
KznT's Avatar
 
အသင်းဝင်နေ့စွဲ: Dec 2009
တည်နေရာ: http://www.techsectors.blogspot.com
ရေးသားချက်များ: 1,338
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 5,983
ပို့စ် 1,332 ခုအတွက် 20,384 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
KznT has a spectacular aura aboutKznT has a spectacular aura about
မည်သည့်နေရာမှ စတင်လေ့လာရမည်နည်း။

မြန်မာမိသားစုဖိုရမ်ကို ရောက်ရှိလာတဲ့ မိသားစုဝင်များအဖို့ ဘယ်နေရာကနေ စတင်လေ့လာရမလဲ ဆိုတာကို မလေ့လာခင်မှာ မြန်မာမိသားစုဖိုရမ်ကို ဘယ်ကဏ္ဍတွေနဲ့ ဖွဲ့စည်းတည်ထောင်ထားသလဲ ဆိုတာ အဦးဆုံး သိရှိထားဖို့ လိုအပ်ပါတယ်။

မြန်မာမိသားစုဖိုရမ်ကို ကဏ္ဍကြီးပေါင်း ( ၁၄ ) ခုနဲ့ ဖွဲ့စည်းတည်ဆောက်ထားပြီး ၎င်းတို့ရဲ့ အောက်မှာ သက်ဆိုင်ရာကဏ္ဍတိုင်းအတွက် ဖိုရမ်ခွဲများ သီးသန့် ဖွဲ့စည်းထားရှိပါတယ်။ မြန်မာမိသားစုဖိုရမ်မှာ တွေ့ရှိရမယ့် ကဏ္ဍကြီး ( ၁၄ ) ခုကတော့ အောက်ဖော်ပြပါအတိုင်းပါ -
  • ကြေညာချက်များကဏ္ဍ ( ဒီကဏ္ဍဟာ မိသားစုဝင် အသစ်များအတွက် သိရှိထားရမယ့် စည်းကမ်းချက်၊ အသိပေးချက်များ၊ မသိမဖြစ်သိထားရမယ့် အချက်များကို ရေးသားဖော်ပြထားမယ့် နေရာဖြစ်ပါတယ်။ )
  • မိသားစုဝင်တို့အတွက်ကဏ္ဍ ( ဒီကဏ္ဍဟာ ဖိုရမ်ရဲ့ မိသားစုဝင်အသစ်နဲ့ မိသားစုဝင် အဟောင်းများကို ခဏတာအတွင်း ရင်းနှီးကျွမ်းဝင်မှု ရှိသွားနိုင်အောင် မိမိကိုယ်ကိုယ် မိက်ဆက်စကား ပြောကြားပေးဖို့နဲ့ ဖိုရမ်က မိမိရဲ့ ခင်မင်ရင်းနှီးသူများ အချင်းချင်း မွေးနေ့မင်္ဂလာ တောင်းဆုပြုပေးနိုင်မယ့် နေရာဖြစ်ပါတယ်။ )
  • ကွန်ပျူတာနယ်ပယ်ကဏ္ဍ ( ဒီကဏ္ဍကတော့ ကွန်ပြူတာနဲ့ ပတ်သတ်တဲ့ Applications တွေ၊ E-Books နဲ့ Tutorials တွေ၊ အသုံးပြုလို့ သင့်တော်မယ့် Operating Systems တွေ၊ Linux နဲ့ သက်ဆိုင်တဲ့ အကြောင်းအရာတွေ၊ Hardware တွေအကြောင်း၊ Software တွေအကြောင်း၊ Network တွေအကြောင်း၊ Windows နှင့်သက်ဆိုင်တဲ့ ဆွေးနွေးချက်များနဲ့၊ ကွန်ပျူတာဆိုင်ရာ ဗဟုသုတ ဖြစ်ဖွယ်များ၊ Web Development နဲ့ Programming Languages ဆိုင်ရာများကို လေ့လာရေးသား နိုင်မယ့် နေရာဖြစ်ပါတယ်။ )
  • ဆေးပညာနှင့်အင်ဂျင်နီယာကဏ္ဍ ( ဒီကဏ္ဍမှာတော့ ကျန်းမာရေးကဏ္ဍ၊ အင်ဂျင်နီယာနည်းပညာနဲ့ သက်ဆိုင်တဲ့ ဆွေးနွေးချက်များ၊ လေ့လာစရာများ၊ စာအုပ်စာတမ်းများကို ရယူဝေမျှနိုင်မယ့် နေရာဖြစ်ပါတယ်။ )
  • Mobile Fields ကဏ္ဍ ( ဒီကဏ္ဍကတော့ ကိုယ်လိုချင်တဲ့ Mobiles Theme တွေ၊ Mobile Softwares တွေ၊ Mobile Games တွေ၊ Ringtones and Wallpapers တွေနဲ့ တစ်ခြား Mobile Phone များနဲ့ ပတ်သက်တဲ့ စာအုပ်စာတမ်း ဆွေးနွေးချက်များကို ဖတ်ရှုလေ့လာ မျှဝေနိုင်မယ့် နေရာဖြစ်ပါတယ်။ )
  • လူငယ်သဘာဝဂိမ်းလောကကဏ္ဍ ( ဒီနေရာကတော့ Games ဝါသနာပါသူ Gamers များအတွက် လိုချင်တဲ့ ကွန်ပျူတာဂိမ်းတွေ ရယူနိုင်ဖို့နဲ့ မိမိတို့ ဝါသနာပါရာ ကွန်ပျူတာဂိမ်းတွေအကြောင်း ဆွေးနွေးနိုင်ကြဖို့ ဖြစ်ပါတယ်။ )
  • မြန်မာမိသားစုစာအုပ်စင် ( ဒီကဏ္ဍမှာတော့ မြန်မာမိသားစု အသင်းဝင်များကိုယ်တိုင် အပင်ပန်းခံ ရိုက်တင်မျှဝေပေးနေတဲ့ သုတရသ စာအုပ်ကောင်းတွေ၊ ဝတ္ထုတိုနဲ့ ဆောင်းပါး၊ ဝတ္ထုရှည်များ၊ ကာတွန်းနဲ့ ဟာသ၊ ကဗျာနဲ့ ဂျာနယ်မဂ္ဂဇင်းများကို ရယူမျှဝေနိုင်မယ့် နေရာဖြစ်ပါတယ်။ )
  • ရုပ်ရှင်နှင့်ဂီတကဏ္ဍ ( ဒီကဏ္ဍမှာတော့ အင်တာနက်ကနေ တိုက်ရိုက်ကြည့်ရှုလို့ ရမယ့် ရုပ်ရှင်တွေ၊ နောက်ဆုံးထွက် မြန်မာရုပ်ရှင် ၊ နိုင်ငံခြားရုပ်ရှင်၊ မြန်မာသီချင်း ၊ နိုင်ငံခြားသီချင်းများကို ဒေါင်းလုပ် ရယူနိုင်ဖို့နဲ့ ရုပ်ရှင် - ဂီတ လောကနဲ့ ပတ်သတ်တာတွေကို ဆွေးနွေးပြောကြားနိုင်မယ့် နေရာဖြစ်ပါတယ်။ )
  • ဆွေးနွေးကြမယ်ကဏ္ဍ ( ဒီကဏ္ဍမှာတော့ နိုင်ငံခြားရောက် မြန်မာလူငယ်များ အမိမြန်မာနိုင်ငံကို လွမ်းဆွတ်ချိန်မှာ ခံစားချက်လေးတွေ ရေးသားနိုင်ဖို့၊ ဘာသာ ၊ သာသနာနဲ့ ပတ်သတ်တာတွေ မျှဝေနိုင်ဖို့၊ မိမိတို့ရင်ဆိုင်ဖြတ်သန်းခဲ့ရသော ဘ၀အတွေ့အကြုံ လေးတွေ ဖလှယ်နိုင်ဖို့၊ ဘ၀မှာတွေ့ကြုံရတဲ့ အခက်အခဲတွေ ၊ စိတ်ပင်ပန်းဖိစီးမှုတွေ ပြောပြရင်ဖွင့်နိုင်ဖို့၊ တစ်ခြားသူတွေကလည်း စိတ်ညစ်နေသူကို အားပေးကူညီနိုင်ဖို့ ၊ အတိအကျ ခေါင်းစဉ်တပ်မရတဲ့ ဆွေးနွေးချက်တွေ ရေးသားနိုင်ဖို့ ကဏ္ဍဖြစ်ပါတယ်။ )
  • သုတပဒေသာကဏ္ဍ ( ဒီကဏ္ဍမှာတော့ အသင်းဝင်တွေရဲ့ ကိုယ်ပိုင်ခံစားချက် ကဗျာ ၊ ဆောင်းပါး ၊ ၀တ္ထု ဘာသာပြန် တွေ ဝင်ရောက်ရေးသားနိုင်သလို၊ အခြား သိမှတ်ဖွယ်ရာတွေ၊ ဂီတအခြေခံနှင့် အင်္ဂလိပ်စာနဲ့ ပတ်သတ်တဲ့ ဆောင်းပါးတွေ ၊ မြန်မာမိသားစုဂျာနယ် ထုတ်ဝေရေးကိစ္စနဲ့ ပတ်သတ်တဲ့ အကြောင်းအရာများကို ရေးသား မျှဝေနိုင်မယ့် နေရာဖြစ်ပါတယ်။ )
  • ဖက်ရှင်ကျကျ အလှအပကဏ္ဍ ( ဒီကဏ္ဍမှာတော့ မြန်မာယောကျာင်္းလေး လူငယ်များ မြန်မာမှာသာမက ကမ္ဘာ့အလည်မှာပါ ပွဲလယ်တင့်လာစေဖို့ ဝတ်စားဆင်ယင်သင့်တဲ့ ပုံစံ၊ မြန်မာမိန်းကလေးများ ခေတ်နဲ့ အညီ ယဉ်ကျေးလှပတဲ့ မိန်းမပျိုလေးများ အဖြစ် စတိုင်လ်ကျကျ ဝတ်စားဆင်ယင် ရမယ့် ပုံစံများ လေ့လာနိုင်မယ့် နေရာဖြစ်သလို - မိမိသိနားလည်ထားတဲ့ ဝတ်စားဆင်ယင်ထုံးဖွဲ့မှု ပုံစံများကိုလည်း ဝင်ရောက် ဆွေးနွေးနိုင်မယ့် နေရာဖြစ်ပါတယ်။ )
  • အားကစားနှင့်သတင်းပဒေသာကဏ္ဍ ( ဒီကဏ္ဍမှာတော့ အားကစားနည်းတွေအကြောင်း ၊ ကမ္ဘာ့သတင်း၊ မြန်မာ့သတင်း၊ လူမှုရေးသတင်း စတဲ့ သတင်းကဏ္ဍခွဲ အစုံနဲ့ လုပ်ငန်းလမ်းညွှန် တွေကို လေ့လာရေးသားနိုင်ပါတယ်။ )
  • တောင်းဆိုရန်ကဏ္ဍ ( ဒီကဏ္ဍမှာတော့ ဖိုရမ်နဲ့ လည်ပတ်သွားလာနေတဲ့ ကာလတစ်လျှောက် Applications တွေလိုရင်၊ ဂိမ်းတွေရှာမရဖြစ်နေရင်၊ Crack နဲ့ Serial တွေလိုနေရင်၊ ကိုယ်ကြည့်ချင်တဲ့ ရုပ်ရှင်ကားလေးတွေ မရှာတတ်ရင်၊ ရှာရခက်နေတဲ့ နိုင်ငံခြား သီချင်း - မြန်မာသီချင်းတွေ တောင်းဆိုချင်ရင်၊ E-Books နဲ့ Tutorials တွေလိုအပ်လာရင်နဲ့ ဒါတင်မက ခေါင်းစဉ်ရှာမရတဲ့ တောင်းဆိုချင်တာမျိုး ရှိနေခဲ့ရင် ဖော်ပြတောင်းဆိုခဲ့နိုင်မယ့် နေရာဖြစ်ပါတယ်။ )
  • အကူအညီယူရင်းအကြံပြုကြမယ် ( ဒီကဏ္ဍမှာတော့ ဖိုရမ်မှ download လုပ်ရာမှာဖြစ်စေ ၊ ဖတ်ရှုရာမှာဖြစ်စေ ၊ ဖိုရမ်က ပေးတဲ့ applications တွေနဲ့ ပတ်သက်လို့ဖြစ်စေ အခက်အခဲတစ်ခုခု ဖြစ်ရင် ပြောကြားနိုင်သလို၊ ကိုယ် ကြုံတွေ့နေရတဲ့ ကွန်ပျူတာ ပညာရပ်ဆိုင်ရာ အခက်အခဲ အသီးသီး ကိုလည်း မေးမြန်းနိုင်ပါတယ်။ ဒါတင်မက မိမိသိနားလည်ထားတာ ရှိရင်လည်း တစ်ခြား အခက်အခဲရှိနေတဲ့ မိသားစုဝင်များကို ကူညီပေးနိုင်မယ့် နေရာဖြစ်ပါတယ်။

ဖော်ပြပါ ကဏ္ဍကြီး ( ၁၄ ) ခုရဲ့ ဖော်ပြချက်ခေါင်းစဉ်များတွေနဲ့ သက်ဆိုင်ရာ ရှင်းလင်းချက်တွေကို ဖတ်ရှုပြီးရင် ဘယ်နေရာကနေ စတင်လေ့လာရမလဲ ဆိုတာ မိသားစုဝင်များ နားလည်နိုင်ကြလိမ့်မယ် ထင်ပါတယ်။

မြန်မာမိသားစု။


က,ကြီး ရေးဖို့ကျောက်သင်ပုန်းရှာနေသူ

Life is what you make of it. Go out and make your dreams come true.

Last edited by KznT; 28-03-2011 at 05:04 AM..
KznT is offline   Reply With Quote
အောက်ပါအသင်းဝင် 102 ဦးတို့မှ KznT အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
$ညိုမင်းလွင်$, ကိကိ, ကိုစံငြိမ်း, ကိုပျင်း, ကိုသဝေထိုး, ခင်မျိုးစစ်, ချင်းလေး, ချစ်သမီး, ချမ်းမင်း၈၁, ချမ်းမြေ့ ကျော်, ချယ်ရီမင်း, စစ်တွေသားချေ, စိုင်းသန့်ဇင်အောင်, စွမ်းကမ္ဘာ, စွမ်းထက်မောင်, ဆန်းမောင်, ဆွိ, ဒဿဂီရိ, နတ်နေမင်း, နီထွန်းဦး, ပုထုဇဉ်, ဘိုဘိုကျော်, ဘုန်မောင်, မီးအိမ်ငယ်, မိုးတိန်, ယွန်းယွန်း, လွမ်းဟေမာန်, ဝင်းအောင်, သင်းအိဖြူ, သန့်ဇင်ဌေး, သာခေါင်, သူရကျော်ထားဝယ်, သူသူလေး, ဟန်မိုးလွင်, ဟိန်းဟိန်းမြတ်, အသဲကွဲသမားလေးရင်ခွင်သစ်, အရောင်, ဥိးသူရ, ခေါက်ရောင်းသား, ဂေါ်ဖီထုတ်လေး, စောငယ်, ဇော်ရဲပိုင်, ဇော်ဇော်87, ဒေါက်တာညီညီဝေယံဇော်, နေမင်းမောင်, မေထူးမောင်, မောင်သံသရာ, မောင်ပေါ်ဦး, မောင်အောင်ဟိန်းအေး, မွေဖု, အောင်လွင်ဦး, ငြိမ်းချမ်း, မြင့်မိုရ်, ဖြိုးကောင်းကင်, amaung344, apple3, apri, arkaraung, AZM, babykyawmoe, bagothar85, bonge, chittharlay, fairywin, g00gle, goldstar, Htet Arcar, htun30, kaung kin lu, ko lin, ko myo, kyaukphyu, kyawminkhoung, kyawswarl, KZaw, lu soe, mgwinhlaing, minthike, minthumon, moe san dar, Mr Zayar, nightman1190, pannuko, phoetharlay, PyaitSone, sawjonnie, sinpauk, soekoko85, Swann Linn Htet, thetzin, Thi Han oo, thura.it, tu tu, wanted, warior, yawnathan, Ye Aung, yelinoo, yemyatlin, yethway, zawwinoo, zo
Old 14-02-2011, 08:35 PM
  post #3
KznT
ကြီးကြပ်ရေးမှူး
 
KznT's Avatar
 
အသင်းဝင်နေ့စွဲ: Dec 2009
တည်နေရာ: http://www.techsectors.blogspot.com
ရေးသားချက်များ: 1,338
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 5,983
ပို့စ် 1,332 ခုအတွက် 20,384 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
KznT has a spectacular aura aboutKznT has a spectacular aura about
Downloading Sites များ မည်သို့ အသုံးပြုရမည်နည်း။

ဒီအကြောင်းအရာက ဖိုရမ်မှာ တော်တော်များများရေးထားပြီးသား ဖြစ်ပါတယ်။ ဒါပေမယ့် အားလုံးက တစ်ကွဲတစ်ပြားစီ ဖြစ်နေတဲ့ အတွက်ကြောင့် ပို့စ်အသစ် သီးသန့်ပြန်ထုတ်ပြီး နေရာတွေအားလုံးကို တစ်နေရာတည်းကနေ ပြန်ညွှန်းလိုက်ပါတယ်။

မြန်မာမိသားစု။

က,ကြီး ရေးဖို့ကျောက်သင်ပုန်းရှာနေသူ

Life is what you make of it. Go out and make your dreams come true.

Last edited by KznT; 16-02-2011 at 01:30 PM..
KznT is offline   Reply With Quote
အောက်ပါအသင်းဝင် 82 ဦးတို့မှ KznT အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
$ညိုမင်းလွင်$, ကိုပျင်း, ကိုဦး, ချင်းလေး, ချစ်သမီး, ချမ်းမြေ့ ကျော်, ချယ်ရီမင်း, စစ်တွေသားချေ, စိုင်းသန့်ဇင်အောင်, စွမ်းထက်မောင်, ဆန်းမောင်, တင်​​မောင်​​ဆွေ, တီဘွား, ဒီဝန်းအိမ်, ဒဿဂီရိ, နီထွန်းဦး, မီးအိမ်ငယ်, မိုးတိန်, ယွန်းယွန်း, ရဲရဲလေး, ဝင်းအောင်, သင်းသင်းဟန်, သန့်ဇင်ဌေး, သရက်သီး, ဟိန်းဟိန်းမြတ်, ဂေါ်ဖီထုတ်လေး, စောငယ်, ဇော်ရဲပိုင်, နေမင်းမောင်, မေထူးမောင်, မောင်ရှိန်း, မောင်သံသရာ, မောင်ပေါ်ဦး, မောင်အောင်ဟိန်းအေး, အောင်ထွန်းလင်3း, အောင်ဗလ, ငြိမ်းချမ်း, ဖြိုးဇေ, မြင့်မိုရ်, မြငြိမ်း, amaung344, aozora, apri, arkaraung, Aye Chan Thu, AZM, bonge, chittharlay, foothet, g00gle, goldstar, Htet Arcar, htun30, jaguar, kaung kin lu, khant naing, ko lin, ko myo, kyaukphyu, kyawminkhoung, lu soe, mgwinhlaing, minthike, minthumon, moe san dar, naysinthar, pannuko, phoetharlay, PyaitSone, sawjonnie, smooth gut, soekoko85, Swann Linn Htet, thetzin, thura.it, tu tu, yawnathan, Ye Aung, yelinoo, yethway, zin min aung, zo
Old 15-02-2011, 01:47 AM
  post #4
KznT
ကြီးကြပ်ရေးမှူး
 
KznT's Avatar
 
အသင်းဝင်နေ့စွဲ: Dec 2009
တည်နေရာ: http://www.techsectors.blogspot.com
ရေးသားချက်များ: 1,338
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 5,983
ပို့စ် 1,332 ခုအတွက် 20,384 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
KznT has a spectacular aura aboutKznT has a spectacular aura about
Password မေ့လျှင် မည်သို့ လုပ်ဆောင်ရမည်နည်း။

မင်္ဂလာပါ ခင်ဗျာ -
ကျွန်တော်တို့ မြန်မာမိသားစု ဖိုရမ်ကို အရင်တစ်ချိန်က အကြောင်းအမျိုးမျိုးနဲ့ ရောက်ရှိလာခဲ့ကြပြီး အကြောင်းအမျိုးမျိုးနဲ့ ထပ်မံ ရောက်ရှိလာနိုင်ဖို့ ခက်ခဲနေကြသူများ အတွက် အကြောင်းခြင်းရာ တစ်စုံတစ်ရာ ထူးခြားမှုကြောင့် ကျွန်တော်တို့ဖိုရမ်ကနေပြီး အသိပေးစာ ပို့လွှတ် ဖိတ်ကြားခဲ့ရာမှာ မိသားစုဝင်ဟောင်းများ အနေနဲ့ မြန်မာမိသားစုဖိုရမ်မှာ တစ်ချိန်က မိမိ ပြုလုပ်ခဲ့ပြီးတဲ့ Username နဲ့ Password ကို မှတ်မိ မသိရှိနိုင်ကြပဲ - အခက်အခဲ တစ်ချို့ ရင်ဆိုင်ကြရတယ်လို့ ကျွန်တော်တို့ သိရှိရပါတယ်။

အဲ့လို အခက်အခဲမျိုး ကြုံတွေ့နေရသူ မိသားစုဝင်ဟောင်းများအတွက် Account အသစ်တစ်ခု ထပ်မံ လုပ်ဆောင်စရာ မလိုပဲ အရင်တစ်ချိန်က မိမိတို့ ပိုင်ဆိုင်ခဲ့တဲ့ Account ကိုပဲ ပြန်လည် ရယူသုံးစွဲနိုင်အောင် လုပ်ဆောင်ပုံ အဆင့်ဆင့်ကို ကျွန်တော်တို့ မြန်မာမိသားစု ဖိုရမ်ကနေ ပူးတွဲ ဖော်ပြပေးလိုက်ပါတယ်။

ဆိုကြပါစို့ ကျွန်တော်တို့တွေ ကိုယ့် Username နဲ့ Password ကို တစ်ခု မှတ်မိပြီး တစ်ခု မမှတ်မိသည် ဖြစ်စေ - နှစ်ခုစလုံးပဲ မမှတ်မိသည် ဖြစ်စေ - အောက်မှာ ဖော်ပြထားတဲ့ အတိုင်း - ပက်စ်ဝဒ်မေ့နေရင် ဆိုတဲ့ နေရာကို Click ပေးလိုက်ပါ။




နာက်တစ်ဆင့် အနေနဲ့ ရောက်ရှိလာတဲ့ အောက်ဖော်ပြပါနေရာမှာ ကိုယ် တစ်ချိန် မြန်မာမိသားစု ဖိုရမ်မှာ Account ဖန်တီးခဲ့စဉ်က Activate လုပ်ဖို့ သုံးခဲ့တဲ့ Email ကိုပြန်လည်ဖော်ပြထည့်သွင်းပေးပြီး အသင်းဝင်အမည် / စကားဝှက်အား ပြန်လိုချင်သည်ဆိုတာကို Click ပေးပေးပါ။




အထက်ဖော်ပြပါအတိုင်း လုပ်ဆောင်လိုက်မယ် ဆိုရင် အောက်ဖော်ပြပါအတိုင်း ကျွန်တော်တို့ Account ဖန်တီးခဲ့စဉ်က Activate လုပ်ဖို့ သုံးခဲ့တဲ့ Email ရှိရာဆီ Login details Email တစ်စောင် ပြန်လည် ဝင်ရောက်လာပါလိမ့်မယ်။



နောက်တစ်ဆင့် အနေနဲ့ ကျွန်တော်တို့ Mail ကို အောက်ဖော်ပြပါအတိုင်း ဝင်ကြည့်လိုက်ပါမယ်။ ပထမဆုံးအကြိမ် ဝင်လာတဲ့ Mail မှာ ဖော်ပြပါအတိုင်း Username ကို စတင်သိရပါလိမ့်မယ်။ ဒီနေရာမှာ ကျွန်တော်တို့ မေ့လျော့သူ အမျိုးအစား နှစ်မျိုး အတွက် ပြင်ဆင်ပေးထားပါတယ်။ လူတစ်ချို့က ကိုယ့် Username ကို သိတာနဲ့ Password ကို ပြန်မှတ်မိတတ်ပါတယ်။ အဲလို Username ကို သိတာနဲ့ Password ပြန်မှတ်မိသူ အတွက်တော့ ဒီနေရာမှာပဲ ကိစ္စပြီးပါပြီ။ အခု ပြန်ရတဲ့ Username ကို သုံးပြီး ကိုယ် မှတ်မိတဲ့ Password နဲ့ ဖိုရမ်ထဲကို ဝင်ရောက်ယုံပါပဲ။ ဒါပေမယ့် တစ်ချို့ Username ရော Password ပါ နှစ်ခုလုံး မမှတ်မိသူများ အတွက် လတ်တလော အခြေအနေမှာ အောက်ဖော်ပြပါအတိုင်း မိမိ Username ကို သိပေမယ့် Password မသိသေးတဲ့ အတွက်ကြောင့် အရင်က ကိုယ် ဖန်တီးထားခဲ့တဲ့ Password ကို Reset ပြန်ချဖို့ လိုပါသေးတယ်။ အဲ့အတွက် Password ကိုပါ မမှတ်မိသူများ အောက်ဖော်ပြပါအတိုင်း Password - Reset ချရမယ့် Link ကို ဆက်ပြီး Click ပေးပေးပါ။



အဲလို လုပ်ဆောင်လိုက်တဲ့ နောက်မှာ အောက်ဖော်ပြပါအတိုင်း ကိုယ်မမှတ်မိတဲ့ Password ကို ဦးနှောက်အခြောက်ခံ စဉ်းစားဖို့ မလိုပဲ - Auto Generate လုပ်ထားတဲ့ Password အသစ်တစ်ခု ကျွန်တော်တို့ဆီ နောက်ထပ် Mail တစ်စောင်အနေနဲ့ ထပ်မံပို့လွှတ်ပေးလိုက်ပြီ ဆိုတဲ့အကြောင်း တွေ့ရပါလိမ့်မယ်။




အောက်ဖော်ပြပါအတိုင်း Inbox ကို နောက်တစ်ကြိမ် စစ်ဆေးကြည့်လိုက်ပါ။ နောက်ထပ် Mail တစ်စောင် ရောက်နေတာ တွေ့ရပါလိမ့်မယ်။



ဖော်ပြပါ Mail ကို ဖွင့်လိုက်တဲ့ အချိန်မှာ အောက်ဖော်ပြပါအတိုင်း ကိုယ့်ရဲ့ Username နဲ့ တွဲလျှက် Password အသစ်တစ်ခုကို ပါ ပူးတွဲတွေ့ရှိရပါလိမ့်မယ်။ Auto Generate လုပ်ထားတဲ့ Password အသစ်ဟာ ကျွန်တော်တို့ စိတ်တိုင်းကျ မဖြစ်တာ - မှတ်မိလွယ်ဖို့ ခက်ခဲတာမျိုး ရှိကောင်း ရှိနိုင်ပါလိမ့်မယ်။ ဒါကြောင့် ပူးတွဲဖော်ပြပါဝင်လာတဲ့ Password အသစ်ကို မိမိစိတ်ကြိုက် မှတ်မိသိရှိလွယ်တဲ့ Password တစ်ခု အဖြစ် ပြင်ဆင်နိုင်ဖို့ အောက်ဖော်ပြပါ Username နဲ့ Password ကို မှတ်သားပြီး ဆက်စပ်ဖော်ပြပါ Link ကို သွားလိုက်ပါ။



အောက်ဖော်ပြပါ နေရာကို တွေ့ခဲ့ရင် ကိုယ့် Mail ထဲက Username နဲ့ Password ကို Copy / Paste လုပ်ပြီး ဝင်လိုက်ပါ။




ဒီလိုဆို အောက်ဖော်ပြပါ စာမျက်နှာကိုတွေ့ရှိပါလိမ့်မယ်။ ဖော်ပြပါ ထိပ်ဆုံးကွက်လပ် နေရာမှာ Mail ထဲကို ရောက်လာတဲ့ Password ကို ဖြည့်သွင်းပေးပြီး နောက်ကွက်လပ်များမှာ ဖိုရမ်ကို မိမိ ဝင်ရောက်ခဲ့ရင် မှတ်မိလွယ်တဲ့ Password မျိုး ဖြစ်စေမယ့် မိမိစိတ်တိုင်းကျ စကားဝှက် အသစ်တစ်ခုကို နှစ်ကြိမ် ဖြည့်သွင်းပေးလိုက်ပါ။ အားလုံး ပြင်ဆင် ပြီးသွားခဲ့ရင် ပြင်တာတွေ သိမ်းမယ်ကို Click ပေးပါ။




ဒီလိုဆိုရင် ကျွန်တော်တို့ မြန်မာမိသားစုဖိုရမ်မှာ တစ်ချိန်က မိမိ ပြုလုပ်ခဲ့ပြီး - ယခုအချိန်မှာ Username နဲ့ Password ကို မှတ်မိ မသိရှိနိုင်ကြပဲ - အခက်အခဲ တစ်ချို့ ရင်ဆိုင်နေကြရသူ မိသားစုဝင်များ အတွက် အထက်ဖော်ပြပါ လုပ်ဆောင်နည်း အဆင့်ဆင့်ကနေ ပြေလည်အောင် ဖြေရှင်းပေးနိုင်လိမ့်မယ်လို့ ယုံကြည်မိပါတယ်။


မြန်မာမိသားစု။


က,ကြီး ရေးဖို့ကျောက်သင်ပုန်းရှာနေသူ

Life is what you make of it. Go out and make your dreams come true.

Last edited by tu tu; 30-08-2012 at 06:32 PM..
KznT is offline   Reply With Quote
အောက်ပါအသင်းဝင် 82 ဦးတို့မှ KznT အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
$ညိုမင်းလွင်$, ကိုဂျိန်း, ကိုပျင်း, ကိုဦး, ချင်းလေး, ချစ်သမီး, ချမ်းမင်း၈၁, ချမ်းမြေ့ ကျော်, ချယ်ရီမင်း, ငါပီ၇ည်, စစ်တွေသားချေ, စွမ်းကမ္ဘာ, ဆန်းမောင်, ဆိုင်နင်ဂျူး, တီဘွား, ဒီဝန်းအိမ်, ဒဿဂီရိ, ဖိုးတာတေ, မီးအိမ်ငယ်, မိုးတိန်, ယုယု, ယွန်းယွန်း, ရဲရဲလေး, ဝင်းအောင်, သင်းသင်းဟန်, သန့်ဇင်ဌေး, အသဲကွဲသမားလေးရင်ခွင်သစ်, ခေါက်ရောင်းသား, ဂေါ်ဖီထုတ်လေး, စောငယ်, ဇော်ရဲပိုင်, ဌေးဝင်း, နေမင်းမောင်, မေထူးမောင်, မောင်ရှိန်း, မောင်သံသရာ, မောင်ပေါ်ဦး, မောင်အောင်ဟိန်းအေး, ရွှေနေလ, အောင်ထွန်းလင်3း, ငြိမ်းချမ်း, မြင့်မိုရ်, ကြယ်စင်စိုး, amaung344, apri, arkaraung, aungphyo, Aye Chan Thu, AZM, bonge, chittharlay, g00gle, goldstar, htoo war, htun30, kaung kin lu, ko myo, kyaukphyu, kyawminkhoung, kyawswarl, laylwintthu2599, lu soe, mgwinhlaing, minthike, minthumon, moe san dar, nweni1972, Nyein Chan Thu 123, pannuko, phoetharlay, PyaitSone, sAnDViper, sawjonnie, sweetylemon7, thetzin, thura.it, tu tu, yawnathan, Ye Aung, yelinoo, zin min aung, zo
Old 01-09-2011, 11:02 AM
  post #5
kyawmyowin
မွေးကင်းစကလေး
 
kyawmyowin's Avatar
 
အသင်းဝင်နေ့စွဲ: Aug 2011
တည်နေရာ: no.21 လေးလွှာ အာဇာနည်&#
ရေးသားချက်များ: 2
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 64
ပို့စ် 3 ခုအတွက် 13 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
kyawmyowin is on a distinguished road
ပြန်စာ - မြန်မာမိသားစုဖိုရမ် အသုံးပြုနည&

အခုလိုမြန်မာဖိုရမ်ပေါ်ပေါက်လာတဲ့အတွက်ကြောင့် ကျွန်တော်တို့တတွေအသိပညာလည်းရ၊ဗဟုသုတလည်းရအဆင်ပြေပြေလည်းသုံးနိုင်လာ မှာဖြစ်တဲ့အတွက်အခုတော့အခက်အခဲလေးနည်းနည်းရှိတာပေါ့ ကျေးဇူးတင်ပါတယ်ခင်ဗျာ
kyawmyowin is offline   Reply With Quote
အောက်ပါအသင်းဝင် 7 ဦးတို့မှ kyawmyowin အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 28-10-2011, 02:01 PM
  post #6
စန်းလွင်ဦး
မွေးကင်းစကလေး
 
အသင်းဝင်နေ့စွဲ: Oct 2011
ရေးသားချက်များ: 1
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 0
ပို့စ် 1 ခုအတွက် 4 ဦးမှကျေးဇူးတင်ကြောင်းပြောပါသည်။
စန်းလွင်ဦး is on a distinguished road
ပြန်စာ - မြန်မာမိသားစုဖိုရမ် အသုံးပြုနည&

အားလုံးကို....ကျေးဇူးတင်လျှက်ပါ...ကျွန်တော် သိချင်တာလေးတွေရှိရင်လည်း မေးလို့ရတော့ အဆင့်ပြေတာပေါ့။ အခုလိုမြန်မာဖိုရမ်ပေါ်ပေါက်လာတဲ့အတွက်ကြောင့် ကျွန်တော်တို့တတွေ အသိပညာလည်းရ၊ဗဟုသုတလည်းရ ပါတယ်....
စန်းလွင်ဦး is offline   Reply With Quote
အောက်ပါအသင်းဝင် 4 ဦးတို့မှ စန်းလွင်ဦး အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 24-04-2012, 09:50 PM
  post #7
Touttalwae42@gmail.com
လမ်းလျှောက်တတ်စ
 
အသင်းဝင်နေ့စွဲ: Feb 2012
တည်နေရာ:ွှတောင်ကြီးမြို&#
ရေးသားချက်များ: 8
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 4
ပို့စ် 7 ခုအတွက် 13 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
Touttalwae42@gmail.com is on a distinguished road
ပြန်စာ - မြန်မာမိသားစုဖိုရမ် အသုံးပြုနည&

Technical နည်းပညာပိုင်းဆိုင်ရာပို့စ်တွေတင်ချင်ရင်ဘယ်နားကဘယ်နေရာကနေပို့ရလဲဗျ။
အမျှဝေချင်လို့ပါ...အဲလေမျှဝေချင်လို့ပါ။
Touttalwae42@gmail.com is offline   Reply With Quote
အောက်ပါအသင်းဝင် 4 ဦးတို့မှ Touttalwae42@gmail.com အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 30-04-2012, 07:58 PM
  post #8
မိုးတိန်
ကြီးကောင်ဝင်စ
 
အသင်းဝင်နေ့စွဲ: Oct 2011
ရေးသားချက်များ: 125
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 1,185
ပို့စ် 107 ခုအတွက် 398 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
ပုံများ: 1
မိုးတိန် is on a distinguished road
ပြန်စာ - မြန်မာမိသားစုဖိုရမ် အသုံးပြုနည&

Technical e book တွေတင်ချင်းရင်တော့ ဒီနေရာမှာ Technical ဒီနေရာလေမှာ ဖိုရမ်မှာလည်ပတ်ရင်ပျော်ရွှင်နိုင်ပါစေဗျာ..
မိုးတိန် is offline   Reply With Quote
အောက်ပါအသင်းဝင် 8 ဦးတို့မှ မိုးတိန် အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Reply

Tags
mf guide

တန်ဆာပလာများ
ဖော်ပြမှုပုံစံ

Posting Rules
You may not post new threads
You may not post replies
You may not post attachments
You may not edit your posts

BB code is On
Smilies are On
[IMG] code is On
HTML code is Off

ဖိုရမ်တွေ ကျော်ရောက်ချင်ရင် !

အခြားဆင်တူဆွေးနွေးချက်များ
ဆွေးနွေးချက် စတင်ရေးသားသူ ကွပ်ပျစ်ဝိုင်း ပြန်စာများ နောက်ဆုံးပို့စ်
Virus (Adware, spyware တွေအတွက်အန္တရာယ်ကာကွယ်ရေး လမ်းညွှန်ချက် (၂၃) ချက်) poekaunglay87 Virus & Anti-virus ပိုင်းဆိုင်ရာ 14 08-09-2013 10:32 AM
Ubuntu တင်ပြီး ဘာတွေ ပြင်ဆင်ဖို့ လိုသေးလဲ KznT Linux များ (သို့) Linux နှင့်ဆိုင်ရာများ 36 30-06-2011 08:15 PM
Gmail အတွက် အစွမ်းထက်နည်းလမ်း (၈၀) မောင်အောင်ဟိန်းအေး Chat software များဆိုင်ရာ 0 12-01-2011 10:57 AM


ဖိုရမ်၏ ပင်မအချိန်သည် ဂရင်းနစ်စံတော်ချိန် +6.5 ဖြစ်သည်။ဒေသစံတော်ချိန် 10:56 AM
Inactive Reminders By Icora Web Design