Go Back   မြန်မာမိသားစုဖိုရမ် » ..:: ကွန်ပျူတာနယ်ပယ် ::.. » Linux များ (သို့) Linux နှင့်ဆိုင်ရာများ
မြန်မာလက်ကွက်

Linux များ (သို့) Linux နှင့်ဆိုင်ရာများ Linux OS များအကြောင်း ဆွေးနွေးရန်နေရာပါ.. Linux OS အသုံးပြုပုံများ.. တွေ့ကြုံရသည့်အခက်အခဲများကို ဆွေးနွေးဝေမျှထားသည့်နေရာဖြစ်သလို သင်ကိုယ်တိုင်လည်းဝင်ရောက်ဆွေးနွေးနိုင်ပါသည်.

Reply
 
Bookmark and Share တန်ဆာပလာများ ဖော်ပြမှုပုံစံ
Old 13-10-2008, 09:13 PM
  post #1
poekaunglay87
အထူးအသင်းဝင်
 
poekaunglay87's Avatar
 
အသင်းဝင်နေ့စွဲ: Sep 2007
ရေးသားချက်များ: 518
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 0
ပို့စ် 490 ခုအတွက် 5,498 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
poekaunglay87 is on a distinguished road
ပီစီအဟောင်းတစ်လုံးကို Linux သုံး၍အသက်ဆက်ြƙ

ပီစီအဟောင်းတစ်လုံးကို Linux သုံး၍အသက်ဆက်ခြင်း

ကိုယ့်မှာရှိတဲ့ ကွန်ပြူတာအဟောင်းတစ်လုံးနဲ့ဘာလုပ်ကြမလဲ၊ ဘာတွေလုပ်လို့ရမလဲ။ တကယ်လို့ 386 ခေတ်က Windows 98 တင်ထားတဲ့ ပီစီတစ်လုံး၊ 98 က Patch တွေလည်းထပ်မထုတ်တော့ဘူး။ ဟာ့ဒ်ဒစ်ကလည်း 20GB ပဲရှိပြီး ဗိုင်းရပ်စ်တွေ၊ spyware တွေ တခြား malicious တွေနဲ့ပြဿနာတွေဖြစ်နေတဲ့ စက်တစ်လုံးရှိတယ် ဆိုပါတော့။ ကဲ . . . . ဘာလုပ်ကြမလဲ။ ကောင်းပြီ။ လွှင့်ပစ်လိုက်မယ်၊ ဒါမှမဟုတ် ကျောင်းလေးတစ်ခုခုကို သွားလှူလိုက်မယ်။ အဖြေက ရှင်းပါတယ်။ ဒီလိုမှမဟုတ်ဘဲ ကိုယ့်အတွက် အသုံးဝင်စေဖို့ Linux-based OS တစ်ခုခုကိုထည့်ပြီး desktop၊ browser နဲ့ e-mail client အဖြစ် install လုပ်ပြီး ပြန်သုံးလို့လည်းရပါသေးတယ်။
အခုပထမဆုံး Linux ထည့်ဖို့စဉ်းစားမိပါပြီ။ ဒီလိုဆို နောက်တစ်ချက်စဉ်းစားရမှာက ဘယ် Linux ရွေးမလဲဆိုတာပါပဲ။ ဒီလိုပြဿနာတွေဖြစ်ခဲ့ရင် နာမည်ကြီး site တစ်ခုဖြစ်တဲ့ Linux Distribution Chooser က ကူညီဆုံးဖြတ်ပေးနိုင် ပါတယ်။ ဒီ site မှာတော့ ပထမဆုံးရွေးခဲ့တဲ့ Linux အမျိုးအစားကတော့ list ရဲ့ထိပ်ဆုံးမှာရှိနေတဲ့ Ubuntu ပဲဖြစ်ပါတယ်။

Ubuntu ဈေးကွက်ချဲ့ထွင်မှုဆောင်ပုဒ်က “Linux ဟာလူသားအားလုံးအတွက်” ပါတဲ့။


အခုဖော်ပြထားတဲ့အချက်အလက်တွေက Ubuntu သုံးနိုင်ဖို့ လုပ်ဆောင်ချက်တွေဖြစ်ပါတယ်။
- Ubuntu ရဲ့ image file (.iso) ကို site ကဆွဲချပြီး စီဒီမှာ burn ပါတယ်။
- ဓာတ်ပုံတွေ၊ MP3 တွေကို တခြား hard drive တစ်ခုပေါ်ရွေ့ပြီး Linus install လုပ်မယ့် hard disk ကို format လုပ်ပါတယ်။ Windows ကုန်သွားပါပြီ။ ပြန်မရတော့ပါဘူး။
- Boot menu မှာ BIOS setting ကို စီဒီက boot လုပ်အောင်ရွေးပေးပါ။
- Boot from CD
- “Install Ubuntu” ဆိုတဲ့ menu ကို ရွေးပါတယ်။
- ခဏစောင့်ပါတယ်။
- Install လုပ်နေချိန် ထပ်စောင့်ပါတယ်။
- ဆယ်မိနစ်၊ မိနစ် ၂၀ အကြာမှာ နီညိုရောင် စကရင်ပေါ်က တောက်ပနေတဲ့ cursor ကို တွေ့ရပါတယ်။
- Instruction တွေကိုဖတ်ကြည့်ပါ။ message မှာ “boot လုပ်ပြီးတဲ့အတွက် Ubuntu system ကို စီဒီက run နေတာဖြစ်ကြောင်း” ပြောပါလိမ့်မယ်။
- Boot ကို အကြိမ်ကြိမ် ပြန်လုပ်ပါတယ်။ တခြား install လုပ်တဲ့ option တွေကြိုးစားကြည့်ပါတယ်။ နောက်ခဏလောက်ထားပြီး စောင့်နေလိုက်ပါ။
- မရပါဘူး။

ပြဿနာက စကင်ရဲ့ နောက်ကွယ်မှာ ဘာတြွေုဖစ်နေလဲဆိုတာကို မမြင်ရပါဘူး။ Ubuntu ဟာ တခြား OS တွေဖြစ်တဲ့ MacOSX လိုပဲ userfiendly ဖြစ်ပေမယ့် installation process ထဲမှာ လုပ်နေတာတွေကိုတော့ GUI နောက်မှာ မမြင်ရပါဘူး။ ဒါကြောင့် ဘယ် process က ပြဿနာတက်နေလဲ ဆိုတာ ရှာလို့မရပါဘူး။ နာမည်ကြီးတဲ့ Linux Community ကို request လုပ်ပြီး အကူအညီ တောင်းကြည့်ခဲ့ပါတယ်။

တစ်နည်းအားဖြင့် Ubuntu ဟာလူသားတွေအတွက် Linux ဖြစ်ပါတယ်။ Linux ကို ကွန်ပြူတာပေါ်မှာ install လုပ်နေတာပါ။ လိုအပ်တာက အိုဟောင်းနေတဲ့ ပီစီတွေအတွက် Linux ပါ။

Ubuntu ဟာ Linux Distribution များစွာထဲက တစ်ခုဖြစ်တဲ့ Debian Linux ပေါ်မှာ မူတည်ပြီး တည်ဆောက်ထားတာ ဖြစ်ပါတယ်။ Debian install လုပ်ဖို့ကတော့ technical knowledge နည်းနည်းရှိဖို့လိုပါ လိမ့်မယ်။ ကိစ္စမရှိပါဘူး။ ကြောက်စရာလည်း မလိုပါဘူး။

ဒါနဲ့ Debian install လုပ်ဖို့ ဖော်ပြထားတဲ့အတိုင်း ဆက်လက်လုပ်ဆောင်နိုင်ပါတယ်။
- Debian installation ကို download လုပ်ပြီး စီဒီနဲ့ burn ပါ။
- ညွှန်ကြားချက်တစ်ခုစီအလိုက် ပီစီနဲ့ပတ်သက်တဲ့ data တွေ (ဥပမာ - မော်နီတာ အရွယ်အစား၊ မောက်စ်အမျိုးအစား) ကိုမှတ်ထားပါတယ်။
- ပြီးတော့ ပီစီကို Debian disk ကနေ boot လုပ်ပါတယ်။
- Installation စီဒီဟာ Local directory တွေတည်ဆောက်ပေးတာလောက်ပါပဲပါပြီး ပီစီကို အင်တာနက်နဲ့ လှမ်းချိတ်ပါတယ်။ နောက် installation process ကနေပြီး APT လို့ခေါ်တဲ့ ဆော့ဖ်ဝဲသေးသေးလေး တစ်ခုကို download ဆွဲချပါ။ အဲဒီ APT ကတစ်ဆင့် OS တစ်ခုလုံးအတွက် လိုအပ်တဲ့ application တွေကို ထပ်ပြီး download ဆွဲချပါ။ Installation လုပ်နေချိန်အတွင်းမှာ APT ကို ဆွဲနိုင်တဲ့ server တွေကို list လုပ်ပေးထားပါတယ်။ တွေ့ရာတစ်ခုကိုရွေးလိုက်ပါ။ ဒါပေမဲ့ အင်တာနက်ကို ချိတ်လို့မရပါဘူး။ Server တွေတစ်ခုပြီးတစ်ခုရွေးခဲ့ပါတယ်။ ဒါပေမဲ့ မရပါဘူး။ ဒါဟာ network connection တစ်ခုခု ပြဿနာတက် နေပြီးထင်ပြီး နာရီဝက်လောက် ကေဘယ်လ်မိုဒမ်းတွေ၊ router တွေ၊ IP setting တွေကို စစ်ဆေးနေခဲ့ ပါတယ်။ ဒါပေမဲ့ ပြဿနာမတွေ့တဲ့အတွက် APT download စကရင်တွေကို ပြန်သွားပြီး တခြား APT server တစ်ခုကို ထပ်ရွေးကြည့်လိုက်ပါတယ်။
- နည်းနည်းကြာပြီးနောက်မှာ အလုပ်လုပ်တဲ့ APT srver ကိုရွေးနိုင်ခဲ့ပါတယ်။
- နောက်တစ်နာရီကျော်ကျော်လောက်မှာတော့ APT OS အတွက် လိုအပ်တဲ့ အစိတ်အပိုင်းအားလုံး စုစည်းသွားပါပြီ။
- နောက်ထပ် setting နည်းနည်းပြင်ပြီးတဲ့ နောက်မှာ အားလုံးပြီးသွားပါပြီ။ Mozilla firefox နဲ့ website တချို့ ၀င်ကြည့်လို့ရပါပြီ။ Teric game နဲ့တခြား game တချို့ ကစားလို့ရပါပြီ။

ဒီကိစ္စဟာ လွယ်လွယ်လေးတစ်ခုလို့ မပြောနိုင်ပါဘူး။ ဒါဟာ ပထမဆုံးအကြိမ်အနေနဲ့အလုပ်ဖြစ်စေမယ့် Linux ကိုရွေးခဲ့တာပါပဲ။ Installation မှာ error တွေကြောင့်ကြာခဲ့ပေမယ့် Linux ဟာ ကောင်းကောင်းလုပ်ဆောင်နိုင် ပါတယ်။
မြှုပ်နှံထားတဲ့ Windows နဲ့တခြားလုပ်ငန်းတွေ အတွက်ဆိုရင် အဓိက ပီစီကို Linux သုံးဖို့ အသင့်ဖြစ်မှာ မဟုတ်သေးပါဘူး။ ဒါပေမဲ့ Linux သုံးဖူးသွားတဲ့အတွက် အတွေ့အကြုံတစ်ခုရလိုက်သလို ခံစားလို့ရပါလိမ့်မယ်။

ဒါကြောင့် အခြေခံလိုအပ်ချက်တွေအတွက် ပီစီ အဟောင်းတွေကို အသက်သွင်းဖို့ အခမဲ့ရနိုင်တဲ့ OS တွေရှိနေတယ်ဆိုတာ ၀မ်းသာစရာပါပဲ။

Windows based desktop application တွေမသုံးနိုင်တဲ့အခါ အင်တာနက်က Web 2.0 ဆီကို ဦးဆောင် ချီတက်နေတဲ့အတွက် နောက်ပိုင်းမှာ ပြဿနာတွေနည်းနိုင်သမျှ နည်းသွားမယ်လို့မျှော်လင့်ပါတယ်။

may big GOD bless for all!!!

^_^!!!
poekaunglay87 is offline   Reply With Quote
အောက်ပါအသင်းဝင် 9 ဦးတို့မှ poekaunglay87 အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 16-10-2008, 02:11 PM
  post #2
မောင်မျိုးမင်း-ပိုးဟပ်
လမ်းလျှောက်တတ်စ
 
မောင်မျိုးမင်း-ပိုးဟပ်'s Avatar
 
အသင်းဝင်နေ့စွဲ: Sep 2008
ရေးသားချက်များ: 6
ကျေးဇူးတင်စကား: 7
ပို့စ် 1 ခုအတွက် 1 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
မောင်မျိုးမင်း-ပိုးဟပ် is on a distinguished road
Icon9 ပြန်စာ - ပီစီအဟောင်းတစ်လုံးကို Linux သုံး၍အသ&#

Google နဲ့ Linux ပေါင်းထုတ်ထားတဲ့ GOS ကရော . . အရင်ရှိပီးသား ၀င်းဒိုးကိုဖြုတ်ပီးပြန်တင်ရင် အဆင်ပြေနိုင်မလား . . .ခင်ဗျာ . . . နားမလည်လို့ပါခင်ဗျာ။
မောင်မျိုးမင်း-ပိုးဟပ် is offline   Reply With Quote
အောက်ပါအသင်းဝင်မှ မောင်မျိုးမင်း-ပိုးဟပ် အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 16-10-2008, 04:01 PM
  post #3
yeman
ပညာရှိကြီး
 
yeman's Avatar
 
အသင်းဝင်နေ့စွဲ: May 2008
တည်နေရာ: on the earth!!
ရေးသားချက်များ: 382
ကျေးဇူးတင်စကား: 158
ပို့စ် 184 ခုအတွက် 919 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
yeman is on a distinguished road
ပြန်စာ - ပီစီအဟောင်းတစ်လုံးကို Linux သုံး၍အသ&#

ပြောသွားတာ တွေ့ကတော့ အားကျစရာ။ သားရည်ယိုစရာတွေပါ။ ခက်တာက လင်းနစ်က လူသားအားလုံး အတွက်ဆိုပေမဲ့ အဲဒီလူသားအားလုံးမှာ မြန်မာနိင်ငံက ကွပ်ပြီး ကျန်သလို ဖြစ်နေတာကိုတော့ စိတ်မကောင်းပါဘူး။ ဟုတ်ပြီ။ ကျွန်တော်တို့ လင်းနစ်သုံးမယ်ဆိုရင် အရင်ဆုံး လိုအပ်တဲ့ ဆော့ဝဲလ်တွေကို အင်တာနက်က ရယူရပါမယ်။
ဘယ်မှာလဲ ကွန်နက်ရှင်...
ဘယ်လိုမှ ကို အဆင်ပြေပြေသုံးဖို့ မလွယ်ကူတာပါ။
ပိုးကောင်လေး ဆွေးနွေးသွားတာ ကောင်းပါတယ်။ ကျွန်တော်တို့လို သာမန် ယူဆာတွေအတွက် အသုံးမ၀င်တာကတော့ မကောင်းဘူးဗျာ။
yeman is offline   Reply With Quote
အောက်ပါအသင်းဝင် 2 ဦးတို့မှ yeman အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 16-10-2008, 07:09 PM
  post #4
poekaunglay87
အထူးအသင်းဝင်
 
poekaunglay87's Avatar
 
အသင်းဝင်နေ့စွဲ: Sep 2007
ရေးသားချက်များ: 518
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 0
ပို့စ် 490 ခုအတွက် 5,498 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
poekaunglay87 is on a distinguished road
ပြန်စာ - ပီစီအဟောင်းတစ်လုံးကို Linux သုံး၍အသ&#

ကို yeman ရေ။
မြန်မာနိုင်ငံမှာ အလွယ်တကူအသုံးမပြုနိုင်ဘူးဆိုတာကတော့ ဟုတ်ပါတယ်ခင်ဗျာ။
ကွန်နက်ရှင်မကောင်းတာတွေတစ်ခါတစ်လေဆိုဖြစ်တတ်ပါတယ်ခင်ဗျာ။
ဒါပေမယ့် Linux ကိုအသုံးပြုချင်တယ်ဆိုရင်တော့ Download လုပ်ပြီးသား CD တွေကို CD ဆိုင်တချို့ (အားလုံးမှာ) ၀ယ်ယူအသုံးပြုနိုင်ပါတယ်ခင်ဗျာ။ CD တစ်ချပ်ကိုလည်း 500 ကျပ်လောက်ပေးရပါတယ်။ မြန်မာနိုင်ငံမှလူတွေ အလွယ်တကူ ၀ယ်ယူအသုံးပြုနိုင်လောက်ပါတယ်ခင်ဗျာ။
အားလုံးအဆင်ပြေနိုင်ကြလိမ့်မယ်လို့ထင်ပါတယ်ခင်ဗျာ။

may big GOD bless for all!!!

^_^!!!
poekaunglay87 is offline   Reply With Quote
အောက်ပါအသင်းဝင် 3 ဦးတို့မှ poekaunglay87 အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 16-10-2008, 08:01 PM
  post #5
yeman
ပညာရှိကြီး
 
yeman's Avatar
 
အသင်းဝင်နေ့စွဲ: May 2008
တည်နေရာ: on the earth!!
ရေးသားချက်များ: 382
ကျေးဇူးတင်စကား: 158
ပို့စ် 184 ခုအတွက် 919 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
yeman is on a distinguished road
ပြန်စာ - ပီစီအဟောင်းတစ်လုံးကို Linux သုံး၍အသ&a

Quote:
Originally Posted by poekaunglay87 View Post
ကို yeman ရေ။
မြန်မာနိုင်ငံမှာ အလွယ်တကူအသုံးမပြုနိုင်ဘူးဆိုတာကတော့ ဟုတ်ပါတယ်ခင်ဗျာ။
ကွန်နက်ရှင်မကောင်းတာတွေတစ်ခါတစ်လေဆိုဖြစ်တတ်ပါတယ်ခင်ဗျာ။
ဒါပေမယ့် Linux ကိုအသုံးပြုချင်တယ်ဆိုရင်တော့ Download လုပ်ပြီးသား CD တွေကို CD ဆိုင်တချို့ (အားလုံးမှာ) ၀ယ်ယူအသုံးပြုနိုင်ပါတယ်ခင်ဗျာ။ CD တစ်ချပ်ကိုလည်း 500 ကျပ်လောက်ပေးရပါတယ်။ မြန်မာနိုင်ငံမှလူတွေ အလွယ်တကူ ၀ယ်ယူအသုံးပြုနိုင်လောက်ပါတယ်ခင်ဗျာ။
အားလုံးအဆင်ပြေနိုင်ကြလိမ့်မယ်လို့ထင်ပါတယ်ခင်ဗျာ။

may big GOD bless for all!!!
အဲဒီလို ၀ယ်လို့ ရတာတော့ ကျွန်တော်လည်း သိတာပေါ့ မမပိုးရယ်။ ကျွန်တော်လည်း ကျန်တဲ့ application တွေကို ပြောတာပါ။ ကျန်တဲ့ ဟာတွေလိုရင် ဘယ်လို လုပ်မလဲ။
စကားမစပ် လင်းနစ်ရော သုံးဖူးလားဟင်.. :D
just kidding!!
yeman is offline   Reply With Quote
အောက်ပါအသင်းဝင်မှ yeman အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Reply

Tags
ubuntu guide, ubuntu howto, ubuntu knowledge

တန်ဆာပလာများ
ဖော်ပြမှုပုံစံ

Posting Rules
You may not post new threads
You may not post replies
You may not post attachments
You may not edit your posts

BB code is On
Smilies are On
[IMG] code is On
HTML code is Off

ဖိုရမ်တွေ ကျော်ရောက်ချင်ရင် !

အခြားဆင်တူဆွေးနွေးချက်များ
ဆွေးနွေးချက် စတင်ရေးသားသူ ကွပ်ပျစ်ဝိုင်း ပြန်စာများ နောက်ဆုံးပို့စ်
HawkPE-39 The Windows (BartPE) + Linux Live CD Packed ဘိုးတော် Linux OS 3 14-12-2011 06:39 PM
Windows App To Linux App to Windows Zeiya Windows နှင့်သက်ဆိုင်သော 1 04-02-2011 10:33 PM
Linux Transformation pack for XP zthet Linux များ (သို့) Linux နှင့်ဆိုင်ရာများ 11 07-06-2010 09:51 PM
Linux OS အကြောင်းသိကောင်းစရာများ ဟိန်း Linux များ (သို့) Linux နှင့်ဆိုင်ရာများ 51 11-01-2010 10:15 PM


ဖိုရမ်၏ ပင်မအချိန်သည် ဂရင်းနစ်စံတော်ချိန် +6.5 ဖြစ်သည်။ဒေသစံတော်ချိန် 08:56 AM
Inactive Reminders By Icora Web Design