Old 14-08-2008, 09:30 PM
  post #1
poekaunglay87
အထူးအသင်းဝင်
 
poekaunglay87's Avatar
 
အသင်းဝင်နေ့စွဲ: Sep 2007
ရေးသားချက်များ: 518
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 0
ပို့စ် 490 ခုအတွက် 5,498 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
poekaunglay87 is on a distinguished road
Virus (Adware, spyware တွေအတွက်အန္တရာယ်ကာကွယ်ရေး လမ်းညွှန်&

၁။ Anti-virus Software တွေဟာမလုံလောက်ပါ။ “Removal Tools” ကို install လုပ်ပါ။ (Virus ကာကွယ်ရေး Software တွေဟာ PC ကို Spyware or Adware တွေငြိကပ်ကူးစက်တဲ့အခါ မဆိုင်သလို လုပ်လေ့ရှိတတ်ပါတယ်။)

၂။ Spyware/Adware removal tools ကိုအနည်ဆုံး (၂) ခုထားပါ။ (Antivirus tools တွေကသာ အချင်းချင်းရန်စောင်ပြဿနာ တတ်ကြပေမယ့် Spyware ကာကွယ်ရေး Software တွေကတော့ အချင်းချင်း သင့်မြတ်ကြလေ့ရှိပါတယ်။

၃။ Firefox လား? IE လား? သေချာစွာစဉ်းစားပါ။ (များသောအားဖြင့် Spyware တွေဟာ အဲဒီလို browser နှစ်ခုအကြား ဗျာများနေတဲ့ အချိန်မှာ ၀င်လာတတ်ပါတယ်။ တချို့ website တွေဟာ IE နဲ့ အလွမ်းသင့်ပြီး တချို့တွေကျတော့ Firefoxနဲ့မှ အဆင်ပြေတတ်ကြတဲ့အတွက် တွေဝေမှုကိုလျော့ချပါ။)

၎။ P2P ကွန်ရက်ကိုသတိထားပါ။ (‘.torrent” တွေကနေတဆင့် adware/spyware တွေ ကူးစက်တတ်တာ ပုံပြင်သစ်တွေ ဖြစ်လာနေပါပြီ။ မလိုအပ်ရင် P2P ကိုမသုံးဘဲ ရိုးရိုးသာ Download ချပါ။)

၅။ Bazooka Scanner ကို Downloadရယူပါ။ (Spyware, Adware ရှိ၊မရှိကို အဓိကစစ်ဆေးပေးတဲ့ bazooka scanner ကိုအခမဲ့ရနိုင်ပါတယ်။)

၆။ Software Update ကို ကိုယ်ကိုယ်တိုင်လုပ်ပါ။ (တစ်ခါတစ်လေမှာ Software update လုပ်ပေးပါမယ် ဆိုတိုင်းအတင်းကာရော လက်မခံလိုက်ပါနဲ့။ အရင်ဆုံး ကိုယ့်ရဲ့ anti-spyware ဟာ update ဖြစ်၊ မဖြစ် စစ်ဆေးပါ။)

၇။ Firewall ကို ကိုယ်ကိုယ့်တိုင်တည်ဆောက်ပါ။ (ဥပမာ Zonealarm လိုမျိုး firewall ဟာ အကောင်ဆုံးဖြစ်အောင်ကိုတာဝန်ကျေပြီး၊ ကိုယ်သုံးစွဲချင်တဲ့၊ ယုံကြည်ရတဲ့ Software list တွေကိုသူ့ကို ပေးထားလိုက်ရုံနဲ့အဆင်ပြေပါတယ်။ Firewall ထားရှိတဲ့အတွက် RAM ကတော့မသိမသာလိုပါတယ်။)

၈။ EULA ကိုဖတ်ပါ။ (End User List Agreement ဆိုတာဟာ softwareတိုင်း နဲ့ website အတော်များများမှာပါဝင်တတ်ပါတယ်။ Software တစ်ခုဟာ ကိုယ်နဲ့မရင်းနှီးသေးရင် EULA ကိုအဓိကထား ပြီးဖတ်ရှုပါ။)

၉။ Back upလုပ်ပါ။ (ပညာရှင်တိုင်းလိုလိုက data တွေကို back up လုပ်ဖို့အကြံပြုခဲ့ပေမယ့် User တိုင်းလိုလိုက မေ့လျော့နေကြဆဲပါ။ အရေးကြီးတဲ့၊ တန်းဖိုးရှိတဲ့အချက်အလက်တွေ မဆုံးရှုံးစေချင် နည်းလမ်းကောင်းတွေထဲက တစ်ခုကတော့ back up လုပ်ခြင်းပဲဖြစ်ပါတယ်။)

၁၀။ Homepage ပြောင်းလဲတာမြင်တာနဲ့ Scan လုပ်ပါ။ (ကိုယ်တိုင် မသိလိုက်ပါပဲနဲ့ homepage ပြောင်းလဲသွားပြီးဆိုတာနဲ့ချက်ချင်း scan လုပ်ပါ။ အဲဒါဟာ Spyware ဖြစ်ဖို့အခွင့်အလမ်းများနေပါပြီ။)

၁၁။ Windows ကိုအဆင့်မြင့်တင်ပါ။ (အကယ်၍ XP သုံစွဲရင် Service Pack 2 ကိုပြောင်းလဲသင့်ပါပြီး XP SP2 သုံးနေရင် Vista ကိုအဆင့်မြင့်တင်သင့်ပါတယ်။ လူသိနည်းတဲ့ OS ဟာ အတိုက်အခိုက်ခံရမ နည်းပါးနေဦးမှာပါ။)

၁၂။ ကြော်ငြာတွေဟာ spyware တွေလား။ (မသေချာပါ။ ကြော်ငြာတိုင်းဟာ spyware မဟုတ်သလို spyware တိုင်းကတော့ Advertising တိုင်းဆီကနေ၀င်ရောက်လာတာပဲဖြစ်ပါတယ်။)

၁၃။ Keylogger တွေကို ကာကွယ်လို့ရပါတယ်။ (တကယ်လို့ ကိုယ်ပိုင်ဗဟုသုတ နည်းပါးနေရင် Keylogger တွေရဲ့ သွင်ပြင်လက္ခဏကို ရှာဖွေဖတ်ရှုပါ။ “Ctrl+Alt+Del” (Task Manager) သုံးစွဲပြီး system မှာ run နေတဲ့မသင်္ကာတဲ့ “exe” ဖိုင်မှန်သမျှကိုဖယ်ရှားပစ်ပါ။ အဲဒီလို ဖယ်ရှားပစ်ခြင်းအားဖြင့် system ဖိုင်အစစ်တချို့ဆိုရင် လတ်တလော အလုပ်မလုပ်တော့တာကလွဲပြီး ဘာမှမဖြစ်နိုင်ပါ။)

၁၄။ အများသုံး PCတွေဆီမှာ ကိုယ်ပိုင်အချက်အလက်တွေမသုံးစွဲပါနဲ့။ (လူအများနဲ့ စပ်တူသုံးစွဲရတဲ့ PCတွေဆီမှာ လိုအပ်ချက်ကြောင့် {e.g. cybercafé လိုမျိုးနေရာ} ကိုယ်ပိုင်အချက်အလက်တွေသုံးစွဲရမယ် ဆိုရင် သတိထားပါ။ PCကနေ ထွက်ခွာမယ်ဆိုရင် ကိုယ့် history တွေကိုရှင်းလင်းပစ်ခဲ့ပါ။

၁၅။ Upload ဖိုင်တွေကိုလဲ သတိထားပါ။ (ဓာတ်ပုံ (သို့) အခြားအချက်အလက်များမဖြစ်မနေ တင်ပို့ရပြီဆိုပါရင် secure ရှိတဲ့ web host တွေကိုသုံးပါ။)

၁၆။ anti-spyware software အခမဲ့ပေးတဲ့ website - ဥပမာအားဖြင့် AVG anti-spyware website ကနေ အခမဲ့ပေးထားလျက်နဲ့ download ချလို့မရနိုင်တာမျိုးရှိတတ်ပါတယ်။ (အဲဒါဟာ သိပ်ကောင်းတဲ့အချက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ မိမိရဲ့ ကွန်ပြူတာမှာ spyware ၀င်နေတာကို AVG ကသိနေလို့ပါ။ နောက်တစ်မျိုးကတော့ ကိုယ့်ရဲ့ spyware က anti-spyware ကိုလက်မခံနိုင်လို့ပါ။ ဒါဆိုရင်တော့ သတိကြီးကြီးနှင့်ရှင်းလင်းပစ်ရပါလိမ့်မယ်။)

၁၇။ DOS တိုက်ခိုက်မှုရှိလာနိုင်သလား။ ကွန်ပြူတာရဲ့အတွင်းပိုင်းစနစ်အထိ နက်နက်ရှိုင်းရှိုင်း ၀င်ရောက်တိုက်ခိုက်မှုဖြစ်ပါတယ်။ P2P network မှကိုယ်မသိတဲ့လူတွေဆီကို sharing မလုပ်ဖို့နဲ့ အခမဲ့ရတဲ့ software တိုင်းကို မယုံကြည်ဖို့ Zip/ Rar File တွေကို သတိထားဖို့လိုပါတယ်။

၁၈။ icon တွေကို desktop ပေါ်မှာအတင်းအကျပ် နေရာယူနေပြီဆိုရင် spyware ဖြစ်နေပါပြီ။ (Softwareတိုင်းမှာ Desktop icon shortcuts သဘောမျိုး ဖန်တီးပေးပေမယ့် သုံးစွဲသူခွင်မ့ပြုဘဲနေရာမယူ တတ်ကြပါ။)

၁၉။ အချက်ပေးပုံသဏ္ဌန်တွေမှားယွင်းနေတဲ့အခါ anti-spyware software တွေဟာပြီးပြည့်စုံမှုမရှိပါ။ သူတို့ကို ရှင်းလင်းပစ်တိုင်းမှာ uninstall ကိုအသေအချာပြုလုပ်ပါ။ သဘောတရားအရပြောရရင် anti-spyware software ကိုယ်၌က spyware တစ်ခုပါ။

၂၀။ Remote Access Trojan ဆိုတာ virusလိုမျိုး၊ program ငယ်လေးတစ်ခုကို ကွန်ပြူတာစနစ် အတွင်း ကိုယ်မသိလိုက်ရပါပဲ ၀င်ရောက်စေခဲ့ပြီး အဲဒီ Programလေးဟာ ကိုယ်လုပ်နေသမျှသတင်းအချက် တွေနဲ့ ကိုယ့်ရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စ၀ိစ္စ မှန်သမျှကို ပိုင်ရှင်ဆီကို သတင်းပြန်လည်ပေးပို့နေလေ့ ရှိပါတယ်။

၂၁။ Drive-By Download ဆိုတာ အဓိကအားဖြင့် ပုဂ္ဂလိက အချက်အလက်တွေနဲ့ လုံခြုံမှု ကိုထိပါးစော်ကားတဲ့တိုက်ခိုက်မှုတစ်မျိုးကိုခေါ်ဆိုပါတယ်။ တကယ်လို့ ကြော်ငြာ pop-up တွေကိုသတိလာထားပြီး တားဆီးမယ်ဆိုရင် တိုက်ရိုက်ထိတွေ့ခံရမှု မရှိနိုင်ပါ။ Pop-up blocker ပါဝင်တဲ့ firefox လို browser မျိုးကိုသုံးစွဲသင့်ပါတယ်။

၂၂။ Search bar တွေကိုမယုံကြည်ပါနဲ့။ Google.com and Google toolbar; Yahoo and Yahoo toolbar တို့လိုယုံကြည်စိတ်ချရတဲ့အရာတွေရှိနေပြီးတဲ့ အချိန်မှာ web တွေကိုအထူးရှာဖွေပေးမယ် ဆိုတဲ့ toolbar တွေကို ယုံကြည်ကိုးစားမနေပါနဲ့တော့။ www.google.com လို့ address bar မှာရိုက်လိုက်တာဟာ မရေရာမသေချာတဲ့ toolbar တွေကို Install လုပ်လိုက်နေတာထက်အများကြီး လုံခြုံမှုရှိပါတယ်။

၂၃။ Virus နဲ့ ပတ်သက်ပြီးအကောင်းအဆိုးတွေကို ပုံမှန်သတင်းပေးရင် ကာကွယ်ဖို့နည်းလမ်းတွေကို အခမဲ့ဖြန်ချိနေတဲ့နေရာတွေရှိသလို spyware, adware, malware စတာတွေကို ရှင်ဆိုင်ဖြေရှင်းဖို့ သတင်းတွေ၊ tools တွေ၊ update news ရနိုင်ပါတယ်။

^_^!!!
poekaunglay87 is offline   Reply With Quote
Old 15-08-2008, 03:10 AM
  post #2
phoelapyaee
အထူးအသင်းဝင်
 
phoelapyaee's Avatar
 
အသင်းဝင်နေ့စွဲ: Jan 2008
တည်နေရာ: မော်လမြိုင်
ရေးသားချက်များ: 558
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 583
ပို့စ် 331 ခုအတွက် 1,639 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
phoelapyaee is on a distinguished road
Malware များအကြောင်း

ဒီနေရာလေးမှာ ကျွန်တော့်ကို နည်းနည်းဝင်ရှုပ်ခွင့်ပြုပါခင်ဗျာ ။ ကျွန်တော်လဲ Malware အကြောင်းနဲ့ နည်းနည်းရေးချင်လို့ ပါ။

Malware ဆိုတာ ကွန်ပျူတာသုံးစွဲသူများရဲ့ ခွင့်ပြုချက်မယူပဲ computer system များကို ပျက်စီးအောင် ပြုလုပ်တတ်တဲ့ဆော့ဝဲလ်တစ်မျိုးပါပဲ။
တနည်းအားဖြင့် Virus, Trojan Horse, Worm, Spyware, Adware တို့ ဟာ Malware တွေပါပဲ။

Virus

လူမှာ ရောဂါပိုး virus ၀င်ရောက်ရင် ၀င်တဲ့သူရော ၊ အခြားသူများပါ ကူးစက်ပြန့် ပွါးသကဲ့သို့ ကွန်ပျူတာမှာလဲ virus ၀င်ရင် ၀င်ခံထိတဲ့ကွန်ပျူတာရော၊ အခြားကွန်ပျူတာတွေပါ ကူးစက်ပြန့် ပွါးဒုက္ခပေးတဲ့အတွက် virus လို့ သတ်မှတ်ကျခြင်းဖြစ်ပါတယ်။
အမှန်စင်စစ် Virus ဆိုတာ ကွန်ပျူတာ ပရိုဂရမ်တစ်ခုပါပဲ ။
Virus ဟာကွန်ပျူတာတစ်လုံးအတွင်းသို့ နည်းအမျိုးမျိုးဖြင့် ၀င်ရောက်လာနိုင်ပါတယ်။
Virus ဟာ ဖိုင်ဖျက်ခြင်း ၊ ကွန်ပျူတာမျက်နှာပြင်ပေါ်မှာ မက်ဆေ့ပေါ်စေခြင်း၊ system file ဖျက်ဆီးခြင်းတို့ ကိုပြုလုပ်နိုင်ပါတယ်။

Trojan Horse

သူသည်လဲ ကွန်ပျူတာ ပရိုဂရမ်တစ်ခုပါပဲ။
သူကျတော့ အခြား ပရိုဂရမ်တွေနဲ့ အတူပုန်းခိုပြီးပါတတ်ပါတယ်။
တကယ်လို့ Trojan ပါတဲ့ ပရိုဂရမ်တစ်ခုကို run လိုက်မိပြီးဆိုရင်တော့ ဒီကောင်က ကောင်းကောင်းဒုက္ခပေးလို့ ရပါပြီး။
ဒါကြောင့် မိမိမသိတဲ့ အီးမေလ်းတို့ ၊ ပရိုဂရမ်တို့ ကို မဖွင့်မိစေဖို့ လိုအပ်ပါတယ်။

Worm

Worm ကတော့ virus နဲ့တူပါတယ်။
ဒါပေမဲ့ ဒီကောင်ကျတော့ နက်ဝက်ကနေ အခြားကွန်ပျူတာကို ၀င်ရောက်အသုံးပြုနိုင်ဖို့ ဖြစ်ပါတယ်။
ဒီကောင်က နက်ဝပ်အတွင်းမှာ ပြန့် နှံ့ ပါတယ်။
ဒီကောင်က အကွာအကွယ်မပြုထားတဲ့ ကွန်ပျူတာတွေကို ၀င်ရောက်ဖို့ လုပ်ထားပါတယ်။

Spyware

Spyware ကတော့ ခွင့်ပြုချက်မယူပဲ အင်စတောပြီးတော့တာဖြစ်ဖြစ်၊ ခွင့်ပြုချက်ယူပြီး အင်စတောတာ ဖြစ်ဖြစ် ဒီကောင်တွေက information တွေကို စုဆောင်းပေးပါတယ်။
ပြီးရင် hacker လုပ်သူဆီကို စုဆောင်းထားတဲ့ ဒေတာတွေ ပြန်ပို့ ပေးပါတယ်။

Adware

Adware ကတော့ Spyware နဲ့ တူပါတယ်။
ဒီကောင်ကတော့ ကြော်ငြာတွေဖော်ပြဖို့ အတွက်သုံးလေ့ရှိပါတယ်။
ဘယ်မှာတွေ့ ရလေ့ရှိသလဲဆိုရင် pop-up window မှာတွေ့ ရတတ်ပါတယ်။
phoelapyaee is offline   Reply With Quote
အောက်ပါအသင်းဝင် 12 ဦးတို့မှ phoelapyaee အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 25-08-2008, 12:17 AM
  post #3
poekaunglay87
အထူးအသင်းဝင်
 
poekaunglay87's Avatar
 
အသင်းဝင်နေ့စွဲ: Sep 2007
ရေးသားချက်များ: 518
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 0
ပို့စ် 490 ခုအတွက် 5,498 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
poekaunglay87 is on a distinguished road
Malware အကြောင်းသိကောင်းစရာ

ပိုးကောင်လေးလည်း Malware အကြောင်းသိသလောက်၊ ဖတ်မိသလောက် တင်လိုက်ပါတယ်ခင်ဗျာ့။

Malware ဆိုတာဟာ အသုံးပြုသူမသိရှိဘဲ ကွန်ပျူတာစနစ်ထဲ ထိုးဖောက်ဝင်ရောက်ကာ အချက်အလက်တွေ ရယူဖို့ ဒါမှမဟုတ် ဖျက်ဆီးမှုပြုလုပ်ဖို့အတွက် ရည်ရွယ်ရေးသားထားတဲ့ Software ကို ခေါ်ဆိုခြင်းဖြစ်ပါတယ်။ Malware ဆိုတဲ့စကားလုံးဟာ Malicious နဲ့ Software တို့ ကို ပေါင်းစပ်ခေါ်ဆိုထားတာဖြစ်ပြီး ကွန်ပျူတာစနစ်ကို ဒုက္ခပေးတဲ့ ဒါမှမဟုတ် အသုံးပြုသူတွေကို စိတ်ညစ်ညူးစေတဲ့ Software နဲ့ Program Code တွေကို ယေဘုယျခေါ်ဆို သုံးနှုန်းခြင်း ဖြစ်ပါတယ်။

Software တစ်ခုဟာ Malware ဟုတ်မဟုတ် ၎င်းရဲ့လုပ်ဆောင်ချက်တွေကို ကြည့်ရှုသတ်မှတ်ရတာမဟုတ်ဘဲ Programmer ကနေ ဘယ်လိုရည်ရွယ်ချက်နဲ့ရေးသား လိုက်တယ်ဆိုတာကိုပဲအဓိက အခြေခံသတ်မှတ်တာဖြစ်ပါတယ်။ Malware လို့ဆိုရာမှာ Computer Virus တွေ၊ Worm တွေ၊ Trojan Horse တွေ၊ Rootkit တွေ၊ Spyware နဲ့ မရိုးမသားရည်ရွယ်ချက်နဲ့ ရေးသားထားတဲ့ Adware တွေအပြင် အသုံးပြုသူတွေကို စိတ်ညစ်ညူး စေတဲ့ Software တွေလည်းပါဝင်ပါတယ်။ မကြာသေးမီက ထုတ်ပြန်လိုက်တဲ့ Symantec ရဲ့ လေ့လာမှုတစ်ခုအရ ကွန်ပျူတာကိုအန္တရာယ်ပေးနိုင်တဲ့ကုတ် (malicious code) တွေနဲ့ တခြားအနှောင့်အယှက်ပေးတဲ့ Program တွေဖြန့်ချိတဲ့နှုန်းထားဟာ ရိုးရိုးSoftware application တွေ ဖြန့်ချိတဲ့နှုန်း ထက် ပိုမိုများပြားနေတဲ့အကြောင်း သိရပါတယ်။

F-Secure ကလည်း ၂၀၀၇ ခုနှစ်အတွင်း ထွက်ပေါ်ခဲ့ သမျှ Malware အရေအတွက်ဟာ လွန်ခဲ့တဲ့နှစ်ပေါင်း (၂၀) ကာလတစ်လျှောက်လုံး ထွက်ပေးခဲ့သမျှ Malware အရေအတွက် စုစုပေါင်း နဲ့ နှိုင်းယှဉ်လောက်တဲ့အကြောင်းပြောကြားထားပါတယ်။ အစောပိုင်း Virus Program အတော်များများဟာနာမည်ကြီးရုံသက်သက်နဲ့ Programစမ်းသပ်ရေး သက်သက်အတွက်သာဖြစ် ခဲ့ပြီး နောက်ပိုင်းမှာတော့ ကွန်ပျူတာအတွင်းက အချက်အလက်တွေကို ဖျက်ဆီးဖို့ ရည်ရွယ်ရေး သားလာကြတာ ဖြစ်ပါတယ်။

Broadband Internet Connection ကျယ်ကျယ်ပြန့်ပြန့်အသုံးပြု လာနိုင်ကြ ပြီးတဲ့ နောက်ပိုင်းမှာ Malware တွေကို စီးပွားရေးအကျိုးအမြတ် အတွက် အသုံးပြု လာကြတာကို တွေ့ရပါတယ်။ Malware တွေကို Virus နဲ့ Worm တို့လိုမျိုး ကွန်ပျူတာထဲ ကပ်ငြိနေပြီး ပျံ့နှံ့ကူးစက်တတ်တဲ့အမျိုးအစား၊ Trojan horse တွေနဲ့ backdoor တွေလိုမျိုး ကွန်ပျူတာ စနစ်ထဲ ပုန်းအောင်းခိုကပ်နေတတ်တဲ့ အမျိုးအစား၊ spyware, botnet, keystroke logger, dialer တို့လိုမျိုး ငွေကြေးအကျိုး အမြတ် အတွက် ရည်ရွယ်ရေးသား ထားတဲ့အမျိုးအစား စသည်ဖြင့် ခွဲခြားထားနိုင်ပါတယ်။

Virus Program တွေဟာ ကွန်ပျူတာအတွင်းရှိ “exe” ဖိုင်တွေ ထဲ ၀င်ရောက်ကပ်ငြိပြီး run လိုက်တာနဲ့တစ်ပြိုင်နက် အခြား “exe” Programတွေအထိ ပျံ့နှံ့သွားတတ်တာ ဖြစ်ပါတယ်။Virusတွေမှာကွန်ပျူတာစနစ်ကိုအန္တရာယ်ပြုနိုင်အောင် payload လို့ခေါ်တဲ့ လုပ်ဆောင်ချက်လည်း ပါရှိလာတတ်တဲ့ အကြောင်းသိရပါတယ်။ Worm ဆိုတာကတော့ အသုံးပြုသူကနေ တစ်စုံ တစ်ရာပြုလုပ်ပေးဖို့ မလိုအပ်ဘဲ သူ့အလိုအလျောက် ပျံ့နှံ့တတ်တဲ့အပြင် Virus တွေမှာလိုမျိုးပဲ payload ပါရှိတတ်တဲ့ အကြောင်း သိရပါတယ်။

အင်တာနက် ကွန်ရက်ကျယ်ကျယ်ပြန့်ပြန့် အသုံးမပြုနိုင်မီကာလတွေမှာ Virus တွေဟာ floppy disk ကနေတစ်ဆင့် ပျံ့နှံ့ခဲ့ကြတာဖြစ်ပြီး နောက်ပိုင်းမှာ IBM PC နဲ့ MSDOS Virus တွေ ပေါ်ထွက်လာ ခဲ့တာဖြစ်ပါတယ်။ ကွန်ရက်ကနေ တစ်ဆင့် ပျံ့နှံ့ခဲ့တဲ့ ပထမဆုံး worm တွေဟာ ပီစီကွန်ပျူတာတွေထဲ ကူးစက်ပျံ့နှံ့ခဲ့တာ မဟုတ်ဘဲMultitasking Unix ကွန်ပျူတာစနစ် တွေထဲ ပျံ့နှံ့ခဲ့ကြတာဖြစ်ပါတယ်။ ၁၉၈၈ ခုနှစ်မှာ ပေါ်ထွက်ခဲ့တာ Internet Worm ဟာ Program တွေရဲ့ လုံခြုံရေးအားနည်းချက်ကို အခွင့်ကောင်းယူကာ သီးခြား process တစ်ခုအဖြစ် Run နေ တာဖြစ်ပါတယ်။ ၁၉၉၀ ပြည့်လွန်နှစ်တွေမှာတော့ Microsoft Word ရဲ့ macro language ကို အခြေခံရေးသားထားတဲ့ macro Virusတွေပေါ်ထွက်ခဲ့ပါတယ်။ အခုနောက်ပိုင်း worm တွေဟာ Linux နဲ့ Unix စနစ်တွေကို အဓိက တိုက်ခိုက်တာ မဟုတ်တော့ဘဲ Windows operating system အသုံးပြုကွန်ပျူတာတွေကို ရည် ရွယ်တိုက်ခိုက်လာကြတာ ဖြစ်ပါ တယ်။

အခုနောက်ပိုင်း Malware Program တွေဟာ အသုံးပြုသူတွေကနေ ရှာဖွေဖျက်ပစ်ခြင်း မျိုးကိုမခံရနိုင်စေဖို့အတွက် ကွန်ပျူတာစနစ်ထဲ ပုံးကွယ်ခိုအောင်းနေတတ်ကြပါတယ်။ ဒီလိုမျိုး အန္တရာယ်ပေးနိုင်တဲ့ Programတွေကို ရိုးရိုး application Softwareတွေ ပုံစံမျိုးထင်မြင်ရအောင် Trojan horse တွေကနေ လုပ်ဆောင်ပေးတတ်ကြပါတယ်။ Trojan horse တွေဟာ worm တွေကို တခြားနေရာတွေဆီ ပျံ့နှံ့သွားအောင် ကူညီလုပ်ဆောင်ပေးတတ်ကြသလို မိမိခိုအောင်းကပ်ငြိနေတဲ့ ကွန်ပျူတာအတွင်း တခြား အန္တရာယ်ပေးနိုင်တဲ့ Programတွေ ကိုလည်း install ပြုလုပ်တတ်ကြတာကို တွေ့ရပါတယ်။
Rootkit တွေကတော့ ၎င်းတို့ဝင်ရောက်နေတဲ့ operating system ကို အပြောင်းအလဲ ပြုလုပ်ကာ Malware တွေကို မမြင်တွေ့နိုင်အောင် ဖုံးကွယ်ပေးထားခြင်း၊ ကွန်ပျူတာ ရဲ့ process list အတွင်းအန္တရာယ် ပေးနိုင်တဲ့ process ကို မမြင်ရအောင် ဖုံးကွယ်ပေးထားခြင်းနဲ့ ဖိုင်တွေကို ဖတ်ရှုလို့မရနိုင်အောင် ပြုလုပ်ပေးခြင်းတို့ လုပ်ဆောင်ကြပါ တယ်။ Rootkit ဆိုတဲ့စကားလုံး ကတော့ hacker တွေကနေ Unix ကွန်ပျူတာစနစ်ထဲ Administrator (root) access ကို ရယူနိုင် အောင် အသုံးပြုတဲ့ tool တွေကို ခေါ်ဆိုရာကနေ အသုံးတွင် ကျယ်လာ တာဖြစ်ပါတယ်။ Backdoor ဆိုတာကတော့ ပုံမှန်စစ်ဆေးမှု လုပ်ငန်းတွေကို ကျော်လွှားသွားနိုင်အောင် အသုံးပြုတဲ့ နည်းစနစ်ကို ခေါ်ဆိုတာဖြစ်ပါတယ်။ တိုက်ခိုက် သူတွေအနေနဲ့ ကွန်ပျူတာကို တစ်နည်းနည်းနဲ့ ထိန်းချုပ်သွားနိုင်ခဲ့ပါက နောက်ပိုင်းမှာ အလိုရှိရာကို ခိုင်းစေနိုင်တော့မှာဖြစ်ပါတယ်။

ကွန်ပျူတာထုတ်လုပ်တဲ့ ကုမ္ပဏီ ကြီးတွေကတောင် နောက်ပိုင်းမှာ အသုံးပြုသူတွေကို နည်းပညာဆိုင်ရာ အထောက်အပံ့တွေပေးနိုင်ဖို့ အတွက် backdoor Program တွေကို install ပြုလုပ်ပေးလိုက်ကြတာကို တွေ့ရပါတယ်။ အခုနောက်ပိုင်း malware Program တွေအတော်များများကတော့ ငွေကြေးအကျိုးအမြတ်အတွက် အဓိကရည်ရွယ်လာကြတာကိုတွေ့ ရပါတယ်။ Spyware Program တွေဟာ အသုံးပြုသူဆီကနေ အချက်အလက်တွေရယူခြင်း၊ pop-up ကြော်ငြာတွေဖော်ပြခြင်းနဲ့ Web browser ရဲ့ လုပ်ဆောင်ချက်ကို ပြောင်းလဲပစ်ပြီး spyware ရေးသားသူအတွက် ငွေကြေးအကျိုးအမြတ်ရရှိအောင် လုပ်ဆောင်ခြင်းတို့ပြုတတ်ပါ တယ်။

ငွေကြေးအကျိုးအမြတ်အတွက် ရည်ရွယ်ရေးဆွဲထားတဲ့ နောက်ထပ်Program တစ်မျိုးကတော့ Spammer virus တွေပဲဖြစ်ပါတယ်။ ဒီVirus တွေဟာ e-mail ကနေတစ်ဆင့် ပျံ့နှံ့ပြီး Virusကပ်ငြိဝင်ရောက်သွားတဲ့ ကွန်ပျူတာတွေထဲကနေ ဆင့်ကဲ ဆင့်ကဲ spam message တွေကို ပေးပို့သွားတာဖြစ်ပါတယ်။ ဒါ့အပြင် တိုက်ခိုက်သူတွေအနေနဲ့ မိမိတို့ရဲ့ malware ကပ်ငြိနေတဲ့ ကွန်ပျူတာတွေကို Botnet လို့ခေါ်တဲ့စနစ်အဖြစ် ဖန်တီးကာ တိုက်ခိုက်မှုတွေကိုတစ်ပြိုင်နက်လုပ်ဆောင် တတ်ကြပါသေးတယ်။ Key logger တွေကတော့ password, အကြွေးဝယ်ကတ်နံပါတ် ဒါမှမဟုတ် အခြားအချက်အလက်တွေ ရိုက်ထည့်တဲ့အခါ ကီးဘုတ်ထဲကနေ ဘယ်စာလုံးအသုံးပြုတယ်ဆိုတာကို မှတ်သားပြီး hacker တွေဆီပေးပို့ တဲ့ Program ဖြစ်ပါတယ်။

may big GOD bless for all

^_^!!!

Last edited by poekaunglay87; 25-08-2008 at 12:21 AM..
poekaunglay87 is offline   Reply With Quote
အောက်ပါအသင်းဝင် 10 ဦးတို့မှ poekaunglay87 အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 08-10-2008, 08:30 PM
  post #4
poekaunglay87
အထူးအသင်းဝင်
 
poekaunglay87's Avatar
 
အသင်းဝင်နေ့စွဲ: Sep 2007
ရေးသားချက်များ: 518
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 0
ပို့စ် 490 ခုအတွက် 5,498 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
poekaunglay87 is on a distinguished road
ပြန်စာ - Virus (Adware, spyware တွေအတွက်အန္တရာယ်ကာကွယ်ရေး လƜ

Malware တစ်ခုကြောင့် ကွန်ပြူတာကို ထိခိုက်နိုင်တဲ့ လက္ခဏာတွေက -
* လည်ပတ်မှု စတင်နှေးကွေးလာခြင်း
* မမျှော်လင့်ဘဲ ခေတ္တပိတ်သွားတတ်ခြင်း၊ Crash ဖြစ်လာတတ်ခြင်း
* memory errors တတ်လာတတ်ခြင်း
* သုံးလေ့သုံးထမရှိတဲ့ files တွေ၊ Folder တွေပေါ်လာတတ်ခြင်း
* ထူးဆန်းတဲ့ message မျိုး ဒါမှမဟုတ် ကြော်ငြာမျိုးပေါ်လာတတ်ခြင်းတို့ဖြစ်တယ်။

ပိုးကောင်လေးသိသလောက်နည်းနည်းလေးပြောပြထားပါတယ်။ အားလုံးအဆင်ပြေပါစေခင်ဗျာ။ ကောင်းသောနေ့လေးဖြစ်ပါစေခင်ဗျာ။
may big GOD bless for all!!!

^_^!!!
poekaunglay87 is offline   Reply With Quote
အောက်ပါအသင်းဝင် 8 ဦးတို့မှ poekaunglay87 အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 07-02-2011, 03:35 PM
  post #5
g00gle
အထူးအသင်းဝင်
 
အသင်းဝင်နေ့စွဲ: Nov 2010
ရေးသားချက်များ: 751
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 12,278
ပို့စ် 754 ခုအတွက် 6,476 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
g00gle will become famous soon enough
Process Explorer ဖြင်. Virus ၀င်မ၀င် စစ်ဆေးခြင်း

Virus မ၀င်အောင် တားဆီးဖို.လိုပါတယ်။ နောက်ပြီး Virus တကယ်လို. ကိုယ်.စက်ထဲကို ၀င်လာခဲ.ရင် အလျင်အမြန် သတိထားမိဖို. လိုပါတယ်။ ကျွန်တော်က Virus ၀င်မ၀င်ကို ဘာနဲ. အမြန်ကြည်.လဲဆိုတော. Anti-virus မဟုတ်ပါဘူး။ Anti-virus က Virus စစ်ရင် အချိန်အရမ်းကြာပါတယ်။ ချက်ချင်းသိချင်တော. Task Manager ကို ဖွင်.လိုက်ပါတယ်။ Windows Task Manager က တော. Ctrl + Shift + Esc နှိပ်ပြီး Processes ကို ၀င်ကြည်.လို.ရပါတယ်။ ဒါပေမဲ. ကျွန်တော်ကတော. အသေးစိတ် သိရတဲ. Process Explorer ကို ပိုကြိုက်ပါတယ်။ ဒီနေရာမှာ Download လုပ်လို.ရပါတယ်။ Process Explorer ကို ဖွင်.လိုက်ရင်တော. ဒီလိုမျိုးတွေ.ရပါမယ်။


များသောအားဖြင်. Virus တွေက explorer.exe အောက်မှာ ရှိနေတတ်ပါတယ်။

Virus လား၊ ကိုယ်စက်ထဲကို ထဲ.ထားတဲ. Programs တွေလား သိချင်ရင်တော. Virus မ၀င်ခင် အခြေအနေကို Screen Shot လုပ်ရပါမယ်။ Screen Shot လုပ်နည်းကို ဒီနေရာ မှာ ကြည်.ပါ။ နောက် စက်ကြီး အရမ်းလေးနေတယ်၊ Virus တခုခု ၀င်နေတယ်လို. ထင်ရင်တော. Process Explorer ကို ဖွင်.၊ အရင်က Screen Shot နဲ. ပြန်တိုက်ကြည်.။ ပုံမှန် မဟုတ်တာတွေ.ရင်တော. တခုခု လုပ်ဆောင်သင်.နေပြီ ဖြစ်ကြောင်း မီးနီပြနေပါပြီ။

If something doesn't work, break it and create a BETTER one.

Last edited by g00gle; 11-09-2011 at 08:56 AM..
g00gle is offline   Reply With Quote
အောက်ပါအသင်းဝင် 15 ဦးတို့မှ g00gle အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 23-12-2011, 07:39 PM
  post #6
zawwinmaung
ကလေးပေါက်စ
 
အသင်းဝင်နေ့စွဲ: Oct 2011
တည်နေရာ: နမ့်စန် ရှမ်း (တေ
ရေးသားချက်များ: 36
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 3
ပို့စ် 30 ခုအတွက် 76 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
zawwinmaung is on a distinguished road
ပြန်စာ - Virus (Adware, spyware တွေအတွက်အန္တရာယ်ကာကွယ်ရေး လƜ

ွှကျေးဇူးပါဘဲ ကို google ကျွန်တော်ကတော့ window license လဲ ဂရုမစိုက်နှိုင်တော့လို့ format ပြန်ရိုက်လိုက်ရပါပြီ။ ဘယ်တော့ မှ ယုံတော့ဘူး။စက်ကဘာမှကိုမလုပ်တော့လို့ ဘာမှကိုမတတ်နှိုင်ပါ။window တောင်မတက်နှိုင်တော့လို့ ရင်နာစွာနဲ့ဘဲ.........ကို သန့်ဇင်ဌေးပေးထားတဲ့ 2011 topten antivirus တွေကလဲ ကျနော့ connection နဲ့ အခုထိ ဘာ antivirus မှရှိသေးဘူှးဗျာ။နောက်ဆုံးတော့လဲ ကိုယ့်ကံဘဲ အားကိုးပါတယ်ဗျာ။
အခု Bazooka Scanner တောင် ၃ အခါဒေါင်းရတယ်။ARO 2011 က ၁၀၀ ဘဲပြင်ပေးတယ်ဗျ။Register လုပ်ခိုင်းနေတယ် အလကားရနှိုင်မယ့်နည်းလေးများရှိရင်တော့ပြောပြပါဦးဗျာ။ကျေးဇူးပါ ဟီးးးးးးးးးး

Last edited by zawwinmaung; 23-12-2011 at 08:45 PM..
zawwinmaung is offline   Reply With Quote
အောက်ပါအသင်းဝင် 4 ဦးတို့မှ zawwinmaung အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 30-01-2012, 01:02 PM
  post #7
ဖိုးထင်လင်း
လမ်းလျှောက်တတ်စ
 
အသင်းဝင်နေ့စွဲ: Mar 2010
ရေးသားချက်များ: 5
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 2
ပို့စ် 3 ခုအတွက် 3 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
ဖိုးထင်လင်း is on a distinguished road
ပြန်စာ - Virus (Adware, spyware တွေအတွက်အန္တရာယ်ကာကွယ်ရေး လƜ

အရမ်း ကျေးဇူးတင်တယ်ဗျားးးး ဗိုင်းရပ်နဲ. ပတ်သက်ပြီး အသိတိုးသွားလို.ပါ
အကို registy ထဲမှာ virus သတ်နည်းရှိရင်လည်း ရေးပေးပါဦးဗျာ့
ဖိုးထင်လင်း is offline   Reply With Quote
အောက်ပါအသင်းဝင်မှ ဖိုးထင်လင်း အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 11-02-2012, 05:31 PM
  post #8
မိုးမင်းဝင်း
လမ်းလျှောက်တတ်စ
 
အသင်းဝင်နေ့စွဲ: Jul 2011
ရေးသားချက်များ: 9
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 0
ပို့စ် 8 ခုအတွက် 22 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
ပုံများ: 1
မိုးမင်းဝင်း is on a distinguished road
ပြန်စာ - Virus (Adware, spyware တွေအတွက်အန္တရာယ်ကာကွယ်ရေး လƜ

အရမ်းကျေးဇူးတင်ပါတယ် ခင်ဗျာ။ ကျွန်တော်ကတော့လေ့လာသူအဆင့်မှာရှိနေတဲ့အတွက် အသိ ပညာရောဗဟုသုတရော တိုးပွားစေပါတယ်ခင်ဗျာ။ အခုလိုရေးသားချက်တွေကိုဖတ်ရှုနေတဲ့ညီအစ်ကိုတွေအားလုံးလဲကျေးဇူးတင်လေ့မယ်လို့ယုံကြည် ပါတယ်ခင်ဗျာ။
မိုးမင်းဝင်း is offline   Reply With Quote
အောက်ပါအသင်းဝင် 2 ဦးတို့မှ မိုးမင်းဝင်း အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 16-02-2012, 03:01 PM
  post #9
နီလာချစ်သူ
ကလေးပေါက်စ
 
နီလာချစ်သူ's Avatar
 
အသင်းဝင်နေ့စွဲ: May 2011
တည်နေရာ: ရန်ကုန်
ရေးသားချက်များ: 22
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 146
ပို့စ် 22 ခုအတွက် 77 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
နီလာချစ်သူ is on a distinguished road
ပြန်စာ - Virus (Adware, spyware တွေအတွက်အန္တရာယ်ကာကွယ်ရေး လƜ

မင်္ဂလာပါရှင်.....

နီလာ မေးချင်တာကတော့ ဂျီတော့မှာ စကားပြောနေရင်း ကိုယ်လည်းဘာမှမလုပ်ပဲနဲ့ လင့်တွေဝင်လာတယ်လေ.ဒါတွေက ဗိုင်းရပ်စ် တွေပဲထင်တယ် သူများတွေက နီလာပေးတယ်မှတ်ပီး မှားဖွင့်မိမယ်စိုးပါတယ် ဒါကိုဘယ်လိုဖြေရှင်းမလဲဆိုတာ သိရင်ကူညီပေးပါနော်..........
ကျေးဇူးတင်စွာဖြင့်.....
နီလာ.
နီလာချစ်သူ is offline   Reply With Quote
အောက်ပါအသင်းဝင်မှ နီလာချစ်သူ အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 16-02-2012, 03:31 PM
မောင်ပေါ်ဦး
MF Contributor
 
မောင်ပေါ်ဦး's Avatar
 
အသင်းဝင်နေ့စွဲ: Sep 2008
တည်နေရာ: Working
ရေးသားချက်များ: 2,276
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 4,939
ပို့စ် 1,900 ခုအတွက် 9,441 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
ပုံများ: 4
မောင်ပေါ်ဦး will become famous soon enough
ပြန်စာ - Virus (Adware, spyware တွေအတွက်အန္တရာယ်ကာကွယ်ရေး လƜ

အမ နီလာချစ်သူ ခင်ဗျာ ဖိုရမ် က အသင်းဝင်တွေဆွေးနွေးထားတာတာလေးတွေရှိပါတယ် အောက်ပါမှာ လေ့လာကြည့်ပါနော်.................


Gtalk:Private cam virus သတ်နည်းများ
http://www.myanmarfamily.org/forum/s...ad.php?t=10077

Gtalk Virus သတိထားရန်
http://www.myanmarfamily.org/forum/s...ht=Gtalk+virus

virus ရှိသောhttp://www.ripway.com/ကိုဖွင့်လိုက်မိလို့ကူညီကြပါ
http://www.myanmarfamily.org/forum/s...ht=Gtalk+virus

[SOLVED] Gtalk Virus
http://www.myanmarfamily.org/forum/s...ht=Gtalk+virus

တစ်မိုးအောက်-(ပူစူး) အခုလက်ရှိအကြိုက်ဆုံး
Download
koshain17@gmail.com သို့ဆက်သွယ်နိုင်ပါတယ်။
တွယ်ရာမဲ့သော ကျွန်တော် ဘဝ
ကျွန်တော်တင်ထားသောပုံများ မတွေ့ရပါက ဒီနေရာမှာ အကောင့်ဖောက်ပါ။
ကျွန်တော် facebook မသုံးပါ။ twitter တော့သုံးပါတယ်
မောင်ပေါ်ဦး is offline   Reply With Quote
အောက်ပါအသင်းဝင် 2 ဦးတို့မှ မောင်ပေါ်ဦး အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 04-03-2012, 01:57 PM
အောင်သုခ
ဆယ်ကျော်သက်
 
အသင်းဝင်နေ့စွဲ: Jun 2011
တည်နေရာ: အောင်သုခကွန်ပျ&#
ရေးသားချက်များ: 66
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 17
ပို့စ် 41 ခုအတွက် 73 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
အောင်သုခ is on a distinguished road
ပြန်စာ - Virus (Adware, spyware တွေအတွက်အန္တရာယ်ကာကွယ်ရေး လƜ

ကူညီကြပါအုံးဗျို့ ကျွတော်စက်မှာ ဗိုင်းရပ်ကအကောင်ကြီးဝင်နေပြီဗျ။ သူငယ်ချင်းတစ်ယောက်ဆီက memory stick တပ်လိုက်တာ စက်ထဲမှာ ဗိုင်းရပ်တွေပြန့်ကုန်ပြီဗျ။ ဘယ်လိုသတ်ရမှာလဲမသိတော့ဘူးဗျာ။ folder တိုင်းမှာ AUDIO နဲ့ VIDEO ဆိုပြီး ပေါ်နေတယ်။ ကျွန်တော်လုပ်ထားတဲ့ folder နာမည်နဲ့လည်း folder အတူတွေပွားကုန်ပြီ။ ဖွင့်လိုက်ရင်လဲ my document ပဲပွင့်နေတယ်ဗျ။ ပြီးတော့ Desktop ဆိုပြီး လာလာပေါ်နေတယ်။ Avira free virus update လုပ်ပြီးစစ်ကြ့ည့်တော့လဲ ဘာမှမတွေ့ဘူးလို့ပဲ ပြောနေတယ်ဗျ။ D ထဲမှာက အရေးကြီးတဲ့ ရုံးစာတွေရှိနေတယ်ဗျ။ အဲ့ဒါဘယ်လိုလုပ်သင့်သလဲ ကူညီကြပါအုံးခင်ဗျ။
အောင်သုခ is offline   Reply With Quote
Old 11-08-2013, 01:43 AM
သစ်ခွနက်
လမ်းလျှောက်တတ်စ
 
အသင်းဝင်နေ့စွဲ: Aug 2013
ရေးသားချက်များ: 11
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 3
ပို့စ် 6 ခုအတွက် 8 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
သစ်ခွနက် is on a distinguished road
ပြန်စာ - Virus (Adware, spyware တွေအတွက်အန္တရာယ်ကာကွယ်ရေး လƜ

Virus update ကိုဘယ်လိုလုပ်ရမလဲ ဆိုင်မှာပဲသွားလုပ်နေရလို့
ကိုယ်တိုင်လုပ်ကြည့်ချင်လို့ပါ
ပြောပြပေးရင် အရမ်းကျေးဇူးတင်မှာပါ
သစ်ခွနက် is offline   Reply With Quote
Old 06-09-2013, 03:36 PM
ချစ်ကြီး
မွေးကင်းစကလေး
 
ချစ်ကြီး's Avatar
 
အသင်းဝင်နေ့စွဲ: Sep 2013
ရေးသားချက်များ: 4
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 3
ပို့စ် 1 ခုအတွက် 2 ဦးမှကျေးဇူးတင်ကြောင်းပြောပါသည်။
ချစ်ကြီး is on a distinguished road
Icon12 ပြန်စာ - Virus (Adware, spyware တွေအတွက်အန္တရာယ်ကာကွယ်ရေး လƜ

virus shortcut ဆိုတဲ့ solfwareကို ဖုန်းနဲ့ဒေါင်းလော့ လုပ်ပြီး ရှင်းရင်တော့ USBနဲ့ကွန်ပျူတာ မှာရှိတာတွေ တော်တော် ရှင်းရှင်း ဖြစ်ပါတယ် သုံးကြည်ပါ။ မခက်ပါဘူး
ချစ်ကြီး is offline   Reply With Quote
Old 06-09-2013, 03:40 PM
ချစ်ကြီး
မွေးကင်းစကလေး
 
ချစ်ကြီး's Avatar
 
အသင်းဝင်နေ့စွဲ: Sep 2013
ရေးသားချက်များ: 4
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 3
ပို့စ် 1 ခုအတွက် 2 ဦးမှကျေးဇူးတင်ကြောင်းပြောပါသည်။
ချစ်ကြီး is on a distinguished road
ပြန်စာ - Virus (Adware, spyware တွေအတွက်အန္တရာယ်ကာကွယ်ရေး လƜ

ပိုးကောင်လေးရေ fix Downdup.exeဒေါင်းလော့လုပ်ချင်လို့ ဘယ်မှာရှာရမလဲ။ လမ်းညွှန်ပေးပါအုံး
ချစ်ကြီး is offline   Reply With Quote
Old 08-09-2013, 10:32 AM
PyaitSone
ကြီးကြပ်သူနှင့်ယူရိုချန်ပီယံ
 
PyaitSone's Avatar
 
အသင်းဝင်နေ့စွဲ: Jan 2008
ရေးသားချက်များ: 1,575
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 2,960
ပို့စ် 733 ခုအတွက် 3,554 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
ပုံများ: 1
PyaitSone is on a distinguished road
ပြန်စာ - Virus (Adware, spyware တွေအတွက်အန္တရာယ်ကာကွယ်ရေး လƜ

Quote:
Virus update ကိုဘယ်လိုလုပ်ရမလဲ ဆိုင်မှာပဲသွားလုပ်နေရလို့
ကိုယ်တိုင်လုပ်ကြည့်ချင်လို့ပါ
ပြောပြပေးရင် အရမ်းကျေးဇူးတင်မှာပါ
Offline Update လုပ်နည်းတွေကို သိချင်တယ်ဆိုရင် Google မှာ Antivirus နာမည်နဲ့ offline update လုပ်နည်းတွေကို ရှာကြည့်လို့ရပါတယ်။

Quote:
ပိုးကောင်လေးရေ fix Downdup.exeဒေါင်းလော့လုပ်ချင်လို့ ဘယ်မှာရှာရမလဲ။ လမ်းညွှန်ပေးပါအုံး
အောက်ကလင့်မှာ ဒေါင်းလိုက်ပါ။




mps.htay@myanmarfamily.org
သူတစ်ပါးကိုဖြစ်စေ၊ လူအများကိုဖြစ်စေ မိမိ၏ အချိန်၊ လုပ်အား၊ စိတ်ပါဝင်စားမှု၊ စိတ်အားထက်သန်မှု၊ ကြင်နာမှုတို့နဲ့ ဖြူဖြူစင်စင် ကူညီလိုက်ပါ။ ပေးဆပ်လိုက်ရပြီ၊ ကုန်ကျသွားပြီ လို့ ထင်ရတာထက် အဆပေါင်း များစွာပိုများသော တုန့်ပြန်မှု အကျိုးရလဒ်မျိုး ပြန်လည်ခံစားရပါလိမ့်မည်။
PyaitSone is offline   Reply With Quote
အောက်ပါအသင်းဝင် 2 ဦးတို့မှ PyaitSone အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Reply

တန်ဆာပလာများ
ဖော်ပြမှုပုံစံ

Posting Rules
You may not post new threads
You may not post replies
You may not post attachments
You may not edit your posts

BB code is On
Smilies are On
[IMG] code is On
HTML code is Off

ဖိုရမ်တွေ ကျော်ရောက်ချင်ရင် !

အခြားဆင်တူဆွေးနွေးချက်များ
ဆွေးနွေးချက် စတင်ရေးသားသူ ကွပ်ပျစ်ဝိုင်း ပြန်စာများ နောက်ဆုံးပို့စ်
Autorun Virus Remover_v2.3 PyaitSone Applications 10 08-08-2010 04:54 AM
computer virus အစ koko01 အထွေထွေဗဟုသုတ 2 03-07-2009 10:02 PM
Adware Away 3.0.1 PyaitSone Applications 2 26-07-2008 12:35 PM


ဖိုရမ်၏ ပင်မအချိန်သည် ဂရင်းနစ်စံတော်ချိန် +6.5 ဖြစ်သည်။ဒေသစံတော်ချိန် 05:55 PM
Inactive Reminders By Icora Web Design