Go Back   မြန်မာမိသားစုဖိုရမ် » ..:: ကွန်ပျူတာနယ်ပယ် ::.. » Software များဆိုင်ရာ
မြန်မာလက်ကွက်

Software များဆိုင်ရာ နေ့စဉ်နဲ့အမျှ ထွက်ရှိသောနေသော Software အသစ်များအကြောင်း ၊ လက်ရှိအသုံးပြုနေသော Software များအကြောင်းနှင့် အသုံးချပုံများအကြောင်းဆွေးနွေးထားသည့်နေရာပါ..

Reply
 
Bookmark and Share တန်ဆာပလာများ ဖော်ပြမှုပုံစံ
Old 04-01-2011, 12:32 AM
  post #1
KznT
ကြီးကြပ်ရေးမှူး
 
KznT's Avatar
 
အသင်းဝင်နေ့စွဲ: Dec 2009
တည်နေရာ: http://www.techsectors.blogspot.com
ရေးသားချက်များ: 1,338
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 5,983
ပို့စ် 1,332 ခုအတွက် 20,392 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
KznT has a spectacular aura aboutKznT has a spectacular aura about
အင်တာနက်အတွင်း Software ရှာဖွေခြင်း

မိသားစုဝင်တွေတော့ မသိဘူး - ကျွန်တော် ကွန်ပြူတာ စသုံးခဲ့တဲ့ အချိန်တုန်းက အရူးအမူး သိချင်ခဲ့တာ တစ်ခု ရှိတယ် - အဲတာက ကိုယ့်အတွက် Software တစ်ခုခု အသုံးလိုလို့ အင်တာနက်ထဲ ဟိုဒီလိုက်ရှာ တဲ့အခါ မြန်မာဘလော့ - ဖိုရမ်စတာတွမှာ ကိုယ့်အတွက် အသုံးလိုနေတဲ့ software တွေကို full version တွေနဲ့ သူတို့တင်ပေးထားကြတာ တွေ့မိတယ် - သူတို့ တင်ပေးထားတာတော့ ဟုတ်တယ် - ဒါပေမယ့် ကျွန်တော် အမြဲ တွေးမိတာက သူတို့ ဒီ software တွေကို ဘယ်ကနေ ရှာလို့ ရကြသလဲ -

တကယ်တော့ ပိုက်ဆံနဲ့ ရောင်းတဲ့ Software ကို ဝယ်မသုံးပဲ Pirated software တွေကို သုံးတာဟာ ဗုဒ္ဓဘာသာရဲ့ အယူအရ "အဒိန္နာဒါနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ"- သူ့ဥစ္စာလည်း မခိုးဘဲ အမြဲရှောင်ကြဉ်မည် ဆိုတဲ့ ကံကို ချိုးဖောက်ရာရောက်သလို - Software တစ်ခု ဖြစ်မြောက် လာဖို့ အချိန်ကုန်ခံ - ငွေကုန်ခံ - လူပင်ပန်းခံပြီး ကျိုးစားခဲ့ကြတဲ့ - Developer တွေ - Programmers တွေရဲ့ အားထုတ်မှုကိုလည်း တိုက်ရိုက်စော်ကားရာ ရောက်ပါတယ် - ဒါပေမယ့် တစ်ဖက်က ကြည့်ပြန်ရင်လည်း တစ်ချို့ software တွေက လက်ငင်း ဝယ်သုံးနိုင်ဖို့လောက် ထိလည်း လူတော်တော်များများ မတတ်နိုင်ကြသေးဘူး - ဒီတော့ ကျွန်တော်တို့တွေ ငရဲကြီးခံပြီး သုံးနေကြတယ် - အဲလိုဆို ကိုယ်တိုင်လည်း သုံးတယ် - သူများသုံးနိုင်ဖို့လည်း နည်းလမ်းတွေ ပြောပြမယ် - ဒေါင်းလုပ်တောင် ချပေးပြီး ပြန်တောင်တင်ပေးလိုက် သေးတယ် ဆိုရင်ရော - ငရဲက ကြီးပြီးရင်း ကြီးရင်း နေမှာပဲ - အဲတာကြောင့် တစ်ယောက်ယောက် လာတောင်းတိုင်း ခဏခဏ ငရဲကြီး ခံပြီး တင်တင်မပေးရအောင် တစ်ခါတည်းပဲ ငရဲအကြီးခံပြီး ပြောပြ လိုက်တော့မယ်လို့ စိတ်ကူးမိတယ်



Software ဝေမျှသော မြန်မာ ဘလော့များ၏ အားသာချက်များ

အခု ပထမဆုံး အနေနဲ့ ပြောပြချင်တာ Software ဝေမျှတဲ့ မြန်မာ ဘလော့တွေရဲ့ အားသာချက်နဲ့ အားနည်းချက် တစ်ချို့ အကြောင်းပါ - ဒီလို Software ဝေမျှတဲ့ မြန်မာ ဘလော့တွေ ရှိနေတော့ ဘာပဲပြောပြော -

( ၁ ) အင်တာနက်ထဲ ကိုယ်တိုင် လိုက်ရှာရ သက်သာတာပေါ့ - အဆင်လည်းပြေတယ် -

( ၂ ) အင်တာနက်ထဲက သူတို့ ရှာလို့ တွေ့ပြီး သဘောကျတာတွေကို ကိုယ့် မြန်မာလူမျိုးချင်းချင်း အသုံးချနိုင်အောင် တတ်နိုင်သမျှ မြန်မာနိုင်ငံက လူဆိုရင်လည်း ဒေါင်းလုပ်ချ လွယ်အောင် ifile တို့ mediafire တို့မှာ တင်ပြီး ဝေမျှပေးတတ်ကြပါတယ် - ( တော်ယုံ ဘယ်နိုင်ငံခြား blog - forum မှ mediafire တို့ ifile တို့မှာတင်ပေးလေ့မရှိဘူး - ဒါကို နောက်ပိုင်း နိုင်ငံခြား ဖိုရမ်တွေ ဝင်ပါများလာရင် သတိထားမိပါလိမ့်မယ် )

( ၃ ) Software အသုံးပြုပုံတွေကို အနည်းအကျဉ်းကစလို့ - အသေးစိတ်ထိ ရှင်းပြတတ်ကြသလို - အသုံးပြုပုံကို နားမလည်ရင်လည်း ကိုယ်မြန်မာချင်းချင်း စာနဲ့ရေးပြီး မေးလို့ ရတယ် -

( ၄ ) ကိုယ် အသုံးလိုတာရှိပြီး သူ့ site မှာ ရှာလို့ မတွေ့ရင် - Request လုပ်ပြီး တောင်းထားလို့ ရတယ် - စာရေးသူတွေက သူတို့အားလပ်တဲ့ အချိန်တွေမှာ ပြန်တင်ပေးထားတတ်တယ် -

ဒါပေမယ့် ကျွန်တော်က နဲနဲကွန့်တတ်တယ်ဗျ - ငယ်ငယ်တည်းက အလှူအိမ်သွားလို့ ကိုယ့်ကို မုန့်ပေးရင်တောင် တစ်ခုတည်းပေးတာမျိုး ဘယ်တော့မှ လက်မခံဘူး - " သားကိုကြီး အတွက်ပါ တစ်ခုပေး " ဆိုပြီး နှစ်ခု ရအောင် တောင်းတာ

Software ဝေမျှသော မြန်မာ ဘလော့များ၏ အားနည်းချက်များ

ခုလည်း Software ဝေမျှတဲ့ မြန်မာ ဘလော့တွေက ကိုယ်အဆင်ပြေအောင် ဖန်တီးပေးတာတော့ ဖန်တီးပေးထားတာပဲ - ဒါပေမယ့် မြန်မာ software ဝေမျှတဲ့ blog တွေ - ဖိုရမ်တွေရဲ့ အားနည်းချက်က -

( ၁ ) Update ဖြစ်တာနည်းတယ် - ဒါကလည်း စာရေးသူတွေရဲ့ အပြစ်မဟုတ်ပါဘူး - သူတို့လည်း ဝေမျှချင်တဲ့ အခြေခံစိတ်လေးနဲ့ ဝါသနာပါလို့ တစ်နိုင်တစ်ပိုင်လေး တစ်ယောက်တည်း လုပ်တာမျိုးဆိုတော့ အချိန်တိုင်း ဘယ် software တွေ အသစ်ထွက်သလဲ - နောက်ထပ် အသစ်ထွက်တဲ့ ဘယ် software ကတော့ ဘယ်လို အားသာချက်တွေ ရှိသလဲ - ဘယ် software တွေကတော့ လူကြိုက်များ - ဘယ်ကောင်ကတော့ လူသုံးနည်းပြီး အားနည်းချက်တွေ ရှိနေသလဲ စသဖြင့် တော်ယုံ ဘယ်သူမှ အချိန်ပြည့် ကြည့်မနေနိုင်ကြဘူး -

( ၂ ) နောက်ထပ် အားနည်းချက် တစ်ခုက မြန်မာဘလော့တွေ - ဖိုရမ်တွေဆိုတာ ရှင်သန်ရင်လည်း ခဏပဲ - ဒါကလည်း အားလုံးက ဝါသနာပါလို့ နိုင်ငံခြားရောက်တုန်း အချိန်ပေး အိတ်စိုက် လုပ်ကြတယ်ဆိုပေမယ့် အချိန်တန်လို့ ကိုယ့်အိမ်ကိုယ့်ယာပြန်တော့ ကိုယ်ရေးခဲ့တဲ့ blog လေး - ကိုယ်နေခဲ့တဲ့ forum လေးက လူမသိ သူမသိနဲ့ ပျောက်ဆုံး ပျက်စီးသွားကြတာမျိုး -

( ၃ ) နောက်ထပ် အားနည်းချက် တစ်ခုက ကိုယ့်အနေနဲ့ ကွန်ပြူတာသုံးတာ နဲနဲ အကျွမ်း တဝင် ဖြစ်လာပြီ ဆိုရင် Software တွေရဲ့ အားသာချက် အားနည်းချက်လေးတွေကိုလည်း တဖြည်းဖြည်း သိလာပြီး သူ့ထက် သူ့ထက် ကောင်းတာလေးတွေကို ရွေးချယ်ချင်လာတယ် - အဲ့လို အခြေအနေမှာ ကိုယ်လိုချင်ရာကို ပြည့်ပြည့်စုံစုံ ရှာလို့ ရနိုင်တဲ့ အခြေအနေမျိုး Software ဝေမျှ တဲ့ မြန်မာ ဘလော့တွေမှာ မရှိသေးဘူး - ဒါကလည်း စာရေးသူတွေရဲ့ အပြစ်မဟုတ်ဘူး - သူတို့တွေ ဆိုတာလည်း ကိုယ့် လုပ်ငန်းကိုင်ငန်းနဲ့ အားလပ်ချိန်မှ ကိုယ့် blog ရဲ့ လိုအပ်ချက် ကို ဖြည့်နိုင်တာ မျိုးမို့လို့ အချိန်ပြည့် ကွန်ပြူတာရှေ့ထိုင်ပြီး လူတိုင်းလူတိုင်းရဲ့ လိုလားချက်ကို ဖြည့်ဆည်းပေးနိုင်ဖို့ ဆိုတာ မလွယ်ကူသေးဘူး -

( ၄ ) နောက်ဆုံး အားနည်းချက် တစ်ခုကတော့ အဝေးကြီးကို မကြည့်နဲ့ ကျွန်တော်တို့ ဖိုရမ်ကိုပဲ ကြည့် - Software တစ်ခုခု တင်ပေးလိုက်ရင် တင်ပေးတုန်း ခဏပဲ ကောင်းပြီး - နောက်ပိုင်း links တွေ သေသေသွားတဲ့ ပြဿနာ - ဒါကို ကျွန်တော်တို့လည်း မဖြစ်စေချင်သလို ဘယ် users မှလည်း မဖြစ်ချင်ကြဘူး - ဒေါင်းလုပ်ချလိုက်ရင် တန်းကနဲ save တက်လာတာမျိုးကိုပဲ လိုချင်ကြတာ - ဒါပေမယ့် အဲတာမျိုးက ပိုက်ဆံ မပေးနိုင်ပဲ မရဘူး - ဒီလို ပြဿနာမျိုးက Software ဝေမျှ တဲ့ မြန်မာ ဘလော့တွေမှာရော - ဖိုရမ်တွေ အားလုံးနီးပါးမှာရော ရင်ဆိုင်နေရတဲ့ ပြဿနာ -

ဒါပေမယ့် လူဆိုတာက သူများပြဿနာကို ကိုယ့်ပြဿနာလို ဖြည့်တွေးပေးတဲ့သူ ဆိုတာ ခုခေတ်မှာ မရှိသလောက်ကို ရှားသွားပြီ - သူ့ဘာသာသူ ဘာချည်း အခက်အခဲ ရှိရှိ - ကိုယ်လိုချင်တာ အရင်ရဖို့ အဓိက - ဒီစိတ်မျိုး ကျွန်တော့်မှာလည်း ရှိတယ် - အဲ့တော့ စာလိုက်ဖတ်ရတယ် - သိတဲ့သူတွေ မေးရတယ် - ကျွန်တော် ကွန်ပြူတာ သုံးတတ်စမှာ အသိတစ်ယောက် ကူညီလို့ full and free - Download ချလို့ ရတဲ့ Software site တစ်ခုနဲ့ စပြီး ရင်းနှီးခဲ့တယ် - အဲ့ကနေ အစပြုပြီး နောက်ပိုင်း လည်ရင်း ပတ်ရင်းနဲ့ full and free - Download ချလို့ ရတဲ့ Software site ဘယ်လောက်ထိတောင် များသလဲ ဆိုတာရယ် - အားလုံးထဲမှာမှ ဘယ် sites တွေက အားအထားရဆုံး ကိုယ့်အတွက် Quality အကောင်းဆုံး software တွေ အမြဲ ပေးသလဲ ဆိုတာ ပိုပြီး ရင်းနှီးလာခဲ့တယ် - ဒီလို သိခဲ့တဲ့ အသိတွေအားလုံးကို စုစည်းပြီး အင်တာနက်အတွင်း Software ရှာဖွေခြင်း ဆိုတဲ့ ခေါင်းစဉ်နဲ့ အပိုင်းလိုက် တစ်ဆင့်ချင်း ဆောင်ရန် ရှောင်ရန်တွေ ပါ ဖြည့်သွင်းပြီး ဆွေးနွေးပေးသွားပါ့မယ် - နားလည်ပြီးသားသူတွေ အတွက် မလိုအပ်ပေမယ့် ကျွန်တော့်လို တစ်ချိန် မသိနားမလည်တဲ့ အခြေအနေမျိုးကနေ ခုမှစတင်မယ့် လေ့လာသူတွေ အတွက် တစ်ခုခုကို ဖမ်းဆုပ်မိလိမ့်မယ်လို့ ယုံကြည်ပါတယ် - လေ့လာသူတွေအနေနဲ့လည်း ဘာမှမသိသေးဘူး ဆိုပြီး အားမငယ်ပါနဲ့ - Generation ဆိုတာ တစ်ဆင့်ပြီး တစ်ဆင့် ကျော်တက်သွားတယ် ဆိုတာပဲ ရှိတယ် - ခုမှ စပြီး လေ့လာမယ့်သူတွေဆိုတာ တစ်ချိန်မှာ ကျွန်တော်တို့ကို ကျော်တက်မယ့် သူတွေပါ - ကျော်တက်ကြပါ ကျွန်တော်တို့ကို နောက်မှာ အပြတ်အသတ် ချန်ပြီးသာ ကျော်တက်သွားကြပါ - ဒါမှ ကျွန်တော် သိသလောက်ရေးရကျိုးနပ်မှာ - ကျော်မတက်ပဲ နောက်ကနေ တရွတ်တိုက်တော့ မလိုက်ကြပါနဲ့ - ကျွန်တော့်အတွက်လည်း လေးသလို - ကိုယ်ကိုယ်တိုင် အတွက်လည်း အကျိုးမရှိပါဘူး -

ကျွန်တော် ဒီအကြောင်းကို ရေးဖို့ အချိန်ယူနေတာ ကြာပြီ - ခုမှပဲ အစပျိုးဖြစ်တယ် - ဒီအကြောင်းရေး ဖြစ်သွားတာကလည်း လတ်တလော Linux ထဲမှာ ရေးနေတဲ့ Ubuntu နှင့် Software Management ဆိုတဲ့ အကြောင်းကို Windows နဲ့ ယှဉ်ပြီး လေ့လာသူတွေအနေနဲ့ အားသာချက် အားနည်းချက်တွေကို သုံးသပ်နိုင်အောင်ပါ - အရင် အင်တာနက်အတွင်း သီချင်းရှာဖွေခြင်း ခေါင်းစဉ်တုန်း ကတော့ တော်တော် အားပေးခဲ့ကြတယ် - ခုကော ??


အားပေးကြပါ့မလား ??

ကျွန်တော်ကတော့ အားမပေးလဲ ရေးမှာပဲ ခင်ဗျ

ဆက်ရန် -

က,ကြီး ရေးဖို့ကျောက်သင်ပုန်းရှာနေသူ

Life is what you make of it. Go out and make your dreams come true.

Last edited by KznT; 04-01-2011 at 01:20 AM..
KznT is offline   Reply With Quote
အောက်ပါအသင်းဝင် 164 ဦးတို့မှ KznT အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
$ညိုမင်းလွင်$, ကိကိ, ကိုကိုသီဟ, ကိုထင်, ကိုရင်အေးကျော်, ကိုဦး, ကိုဦး2012, ချစ်သမီး, ခွန်ညီး, ဆန်းမောင်, ဇင်ယော်, ဇာနည်စိုး, ညီခဝေ, ဒဿဂီရိ, နီထွန်းဦး, နီလာချစ်သူ, ပုထုဇဉ်, ဘ၀သမား, မင်းဇာနည်, မင်းမဟူရာ, မင်းမြန်မာ, မိုးတိန်, မျိုးလေး, ယွန်းယွန်း, ရှင်းသန့်, ရှိုင်းသော်တာမင်း, လမင်းမျက်နှာ, လမ်းပြကြယ်, လူမုန်းနဒီ, ဝင်းကျော်ဦး, ဝင်းအောင်, ဝိုင်ပီဝိုင်, သက်တန့်, သက်နိုင်, သစ်ရွက်စိမ်း, သန့်ဇင်ဌေး, ဟန်မိုးလွင်, ဟိန်းသူအောင်, ဟိန်းဟိန်းမြတ်, အလတ်ကြီး, ဧရာဝတီ, ကောင်းထက်စိုး, ကျော်တိုး, ကျော်ထွန်းလင်း, ဇေယျာမင်းထက်, ဇော်ရဲပိုင်, တောဂေါ်လီ, နေမင်းဇွဲမာန်, နေမင်းမောင်, မေမင်းဆက်(ပုသိမ်မြေ), မေယမင်း, မေဦးမွန်, မောင်ထက်, မောင်သံသရာ, မောင်ပေါ်ဦး, မောင်အောင်ဟိန်းအေး, မောင်ကြက်ခေါင်း, ဟေမာန်ဆောင်း, အောင်မင်းကို, အောင်မိုးထွန်း, အောင်လံလေး, အောင်လွင်ဦး, အောင်ကျော်ဆန်း, ဝေယံ, ငြိမ်းချမ်း, မြတ်သူအောင်, ဖြိုးခန့်, နိုင်သူရ, နိုးတူး, ah nai, amaung344, arkaraung, asulike88, aung lwin, aung174, aungko2010, aungphyo, aungzawlin, aungzawoopde, ayegyi078, AZM, azp09, bonge, creative2020202020, D4t C0D!N6, decemberdec, foothet, fortune, g00gle, goldstar, hellboy, HtutKhaung, jonelay2009, juwathan, kingofvirus, ko lin, ko myo, kozaw.dagon, kozaw126, kwarsi, kyaukphyu, Kyaw Nay Soe, kyaw thaung, kyawkhinewynn, kyawkyi123, kyawminkhoung, lay pyay nyin, laylwintthu2599, linthuraaung, lu soe, Lu Zein, maJunior, mghtwe405, mgwinhlaing, minthike, minthumon, mmkyioo, Moe Tain, moethout, moe_poung, Mr.Kyaw, Musa, myat thura aung, myonwe, nawkhae, naynayz, nightman, openeyes, pannuko, pharoslite, pho the, Phoekwarlay, phoelapyae, phoetharlay, phyomyintthein, putty, PyaitSone, sailay, sakuracherry, sawlinux, smlat88, snw1975, soehtetpaing, someone22, stability09, Starfire, thetzin, thura.it, thurein, thureinsoe, thutaaungtta, tree lover, tu tu, wahgyi, whiteman, yawnathan, Ye Aung, yemyatlin, yoeyar, zan zan, zawaung51192, Zin Ko, zin min aung, zo
Old 04-01-2011, 08:06 AM
  post #2
အကစ်(စ်)
ကလေးပေါက်စ
 
အကစ်(စ်)'s Avatar
 
အသင်းဝင်နေ့စွဲ: Apr 2009
တည်နေရာ: မဲဆောက်
ရေးသားချက်များ: 21
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 5
ပို့စ် 17 ခုအတွက် 82 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
အကစ်(စ်) is on a distinguished road
ပြန်စာ - အင်တာနက်အတွင်း Software ရှာဖွေခြင်း

KznT ရေးးးးးးးးးးးးးးး

အးပေးပါတယ် ဗျို့းးးးးးးးးးးးးးးး

ဆက်ရန် ကို မျော်နေပါတယ် ခင်ဗျာ

၂၀၁၁ မှာ စိတ်သစ် လူသစ်နဲ့  (လူကြမ်း မင်းသား လူသစ် ဟုတ်ပါ)

ပျော်ရွှင်ပါစေခင်ဗျာ

Last edited by အကစ်(စ်); 04-01-2011 at 08:08 AM..
အကစ်(စ်) is offline   Reply With Quote
Old 04-01-2011, 04:15 PM
  post #3
KznT
ကြီးကြပ်ရေးမှူး
 
KznT's Avatar
 
အသင်းဝင်နေ့စွဲ: Dec 2009
တည်နေရာ: http://www.techsectors.blogspot.com
ရေးသားချက်များ: 1,338
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 5,983
ပို့စ် 1,332 ခုအတွက် 20,392 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
KznT has a spectacular aura aboutKznT has a spectacular aura about
ပြန်စာ - အင်တာနက်အတွင်း Software ရှာဖွေခြင်း

အင်တာနက်အတွင်း Software ရှာဖွေခြင်း ဆိုတဲ့ အကြောင်းက သိပ်ကြီးကျယ်တဲ့ အကြောင်းအရာ မဟုတ်ပါဘူး - သူ့မှာ သဘောတရားရေးရာတွေ - ကြီးကြီးကျယ်ကျယ် လေ့လာစရာတွေ အများကြီး သိပ်မရှိဘူး - ဒါပေမယ့် ဒီအကြောင်းက စာတွေ့နဲ့ လက်တွေ့ ဆက်စပ်နေမယ့် အကြောင်းအရာ ဖြစ်နေပါတယ် - အဲတာကြောင့် ဒီအကြောင်းကို ရေးမယ်ကြံတော့ အပိုင်းလိုက် အပိုင်းလိုက် စနစ်တကျလေးလည်း ဖြစ်သွားအောင် လေ့လာသူတွေအတွက်လည်း တစ်ခါဖတ်လိုက်တာ နဲ့ အလွယ်တကူ မှတ်မိပြီး အသုံးချနိုင်အောင် ကျွန်တော် ကဏ္ဍလိုက် အပိုင်းကြီး ( ၈ ) ပိုင်းကို အခြေခံ အကျဆုံးကနေ စပြီး ခွဲထားလိုက်ပါတယ် - အဲတာတွေက -

( ၁ ) Ware နဲ့ဆုံးသော စကားလုံးများအား လေ့လာခြင်း
( ၂ ) အင်တာနက်အတွင်း Freeware ရှာဖွေခြင်း
( ၃ ) အင်တာနက်အတွင်း Pirated Software များ ရှာဖွေခြင်း ( ၁ )
( ၄ ) အင်တာနက်အတွင်း Pirated Software များ ရှာဖွေခြင်း ( ၂ )
( ၅ ) အင်တာနက်အတွင်း Pirated Software များ ရှာဖွေခြင်း ( ၃ )
( ၆ ) အင်တာနက်အတွင်း Pirated Software များ ရှာဖွေခြင်း ( ၄ )
( ၇ ) အင်တာနက်အတွင်း Software အဟောင်းများ ရှာဖွေခြင်း
( ၈ ) နိဂုံး

ဖော်ပြထားတဲ့ အပိုင်းကြီး ( ၈ ) ပိုင်းထဲကနေ ဒီနေ့ ပထမပိုင်း စတင်လိုက်ပါတယ် -

( ၁ ) Ware နဲ့ဆုံးသော စကားလုံးများအား လေ့လာခြင်း


photo from buzzle.com

ကွန်ပြူတာမှာ ware နဲ့ဆုံးတဲ့စကားလုံးတွေ တော်တော်များများ သုံးလေ့ရှိတာ မိသားစုဝင်တွေ သတိထားမိမှာပါ - Hardware, Software, Adware, Spyware, Firmware, Shareware စသဖြင့် - အဲတာတွေ အားလုံးထဲကမှ ကျွန်တော်တို့ အခု အထူးပြုပြီး ရှာဖွေရေး လုပ်မှာ Software ဆိုတဲ့ ခေါင်းစဉ်ကြီးအောက်က ခေါင်းစဉ်ခွဲငယ်လေး နှစ်ခု ဖြစ်တဲ့ freeware နဲ့ shareware ကို full ဖြစ်အောင် လုပ်ထားပြီးသား pirated software တွေကို ရှာဖွေမှာမျိုး ဖြစ်ပါတယ် - အဲ့တော့ freeware နဲ့ shareware ဆိုတာတွေကို မရှာဖွေခင် ဒီ ware နဲ့ ဆုံးတဲ့ စကားလုံးတွေရဲ့ ရည်ရွယ်ချက်နဲ့ ဆိုလိုရင်းတွေက ဘာတွေလဲ - ဒါတွေကို သိထားဖို့ လိုလာပါတယ် - ကျွန်တော် ကံကောင်းတယ် ပြောရမယ် - စစချင်း ဒီ ware နဲ့ ဆုံးတဲ့ စကားလုံးတွေအကြောင်းကို ရေးဖို့ ရှိသေးတယ် ဆိုပြီး စာတော်တော် လိုက်ဖတ်ထားသေးတယ် - ဒါပေမယ့် ဟိုတစ်နေ့က ဖိုရမ်ထဲ ဝင်တော့ အထွေထွေဗဟုသုတ အောက်မှာ ကိုပိုးကောင်လေး ရေးထားတဲ့ Ware နဲ့ဆုံးသော စကားလုံးများအား လေ့လာခြင်း ဆိုပြီး အရံသင့် သွားတွေ့လိုက်တယ် - ပျော်လိုက်တာဗျာ - ဘာပြောကောင်းမလဲ - အသေးစိတ်လေးလည်း ရေးထားပြီးသား - ကိုယ်လိုချင်တာတွေလည်း အားလုံးပါ ဆိုတော့ ကျွန်တော် ဒီနေရာမှာ အရံသင့် ယူသုံးလိုက်တာပေါ့ - အဲ့တာကြောင့် ခု ညွှန်းချင်တာ အင်တာနက်အတွင်း Software ရှာဖွေခြင်း လုပ်ငန်းစဉ်ကို မစတင်ခင် လေ့လာသူများ ကိုပိုးကောင်လေးရေးတဲ့ Ware နဲ့ဆုံးသော စကားလုံးများအကြောင်း ကို မဖတ်မိသေးရင် ဖတ်ဖြစ်အောင် အရင် ဖတ်ကြည့်ဖို့ တိုက်တွန်းချင်ပါတယ် -

ဆက်ရန် -


က,ကြီး ရေးဖို့ကျောက်သင်ပုန်းရှာနေသူ

Life is what you make of it. Go out and make your dreams come true.

Last edited by KznT; 02-05-2011 at 02:18 AM..
KznT is offline   Reply With Quote
အောက်ပါအသင်းဝင် 81 ဦးတို့မှ KznT အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
ကိုသဝေထိုး, ချစ်သမီး, နီထွန်းဦး, ဘ၀သမား, ယွန်းယွန်း, ရှင်းလေး, ရှိုင်းသော်တာမင်း, လမင်းမျက်နှာ, လူပျင်းလေး, ဝင်းကျော်ကျော်(ကန့်ဘလူ), ဝင်းကျော်ဦး, ဝင်းအောင်, ဝိုင်ပီဝိုင်, သက်တန့်, သက်နိုင်, သန့်ဇင်ဌေး, ဟန်မိုးလွင်, ဟိန်းဟိန်းမြတ်, အလတ်ကြီး, ဇော်ရဲပိုင်, နေမင်းမောင်, မေဦးမွန်, မောင်သံသရာ, မောင်အောင်ဟိန်းအေး, မောင်ကြက်ခေါင်း, အောင်မိုးထွန်း, အောင်လံလေး, အောင်လွင်ဦး, ပြည့်ဖြိုးကိုကို, ဖြိုးခန့်, နိုးတူး, amaung344, arkaraung, asulike88, aungkohtat, aungphyo, aungzawoopde, AZM, azp09, bonge, creative2020202020, g00gle, goldstar, hellboy, htun30, HtutKhaung, juwathan, kingofvirus, ko myo, kyaukphyu, kyawkyi123, kyawminkhoung, linthuraaung, lu soe, mgwinhlaing, minthike, minthumon, mmkyioo, moe_poung, Mr.Kyaw, nainglynn, naynayz, openeyes, pannuko, pharoslite, Phoekwarlay, phoetharlay, phyomyintthein, PyaitSone, smlat88, snw1975, someone22, Starfire, thura.it, thurein, tree lover, tu tu, wahgyi, Ye Aung, zin min aung, zo
Old 05-01-2011, 06:29 AM
  post #4
KznT
ကြီးကြပ်ရေးမှူး
 
KznT's Avatar
 
အသင်းဝင်နေ့စွဲ: Dec 2009
တည်နေရာ: http://www.techsectors.blogspot.com
ရေးသားချက်များ: 1,338
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 5,983
ပို့စ် 1,332 ခုအတွက် 20,392 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
KznT has a spectacular aura aboutKznT has a spectacular aura about
ပြန်စာ - အင်တာနက်အတွင်း Software ရှာဖွေခြင်း

( ၂ ) အင်တာနက်အတွင်း Freeware ရှာဖွေခြင်း

Software တွေအကြောင်း ပြောမယ်ဆိုရင် လုံးဝချန်ထားခဲ့လို့ မရတာ Freeware တွေအကြောင်းပါ - အရင်တစ်ချိန်တုန်းက Freeware တွေရဲ့ စွမ်းဆောင်ချက်ဆိုတာ Shareware တွေနဲ့ ယှဉ်လိုက်ရင် သိသိသာသာ အရောင်မှိုန်နေခဲ့ပေမယ့် တဖြည်းဖြည်း Open source တွေ နေရာယူလာမှုနဲ့ အတူ Freeware တွေရဲ့ စွမ်းဆောင်ရည်ကလည်း သိသိသာသာကြီး တိုးတက်လာပါတယ် - Shareware တွေသုံးမယ်ဆိုရင် အင်တာနက်ထဲမှာ full version တွေရဖို့ ရှာဖွေပြီး သုံးတတ်ဖို့ လိုသလို - ကိုယ်တိုင် မရှာတတ်ဘူးဆိုရင်လည်း ဟိုလူ့အားကိုးရ ဒီ့လူ့ အားကိုးရ အားကိုးတတ်ဖို့ လိုပြန်ပါတယ် - ဒီနေရာမှာ အားသာသွားချက်က Freeware ပါ - Freeware တွေဟာ Registration လုပ်ဖို့ မလိုသလို ပိုက်ဆံနဲ့ ဝယ်သုံးဖို့လည်း မလိုပါဘူး - ဒါ့အပြင် စွမ်းဆောင်ရည်ကလည်း Shareware တွေနဲ့ နင်လားငါလား ယှဉ်နိုင်လာတာမို့လို့ ခုခေတ် အခြေအနေမှာ Apps တွေကို သေချာ စီစစ်အသုံးပြုကြည့်မယ် ဆိုရင် Window တစ်ခုလုံးနီးပါး Freeware နဲ့ လည်ပတ်လို့ ရနိုင်တဲ့ အနေအထားထိ ဖြစ်လာပါတယ် -

အင်တာနက်တွင်းမှာ Freeware နဲ့ trial software ( Shareware ) တွေကို တရားဝင် ဒေါင်းလုပ်ချခွင့် ပြုထားတဲ့ websites တော်တော်များများ ရှိပြီး အဲတာတွေ အားလုံးကို ကျွန်တော်တို့ သိထားဖို့ မလိုအပ်ပါဘူး - ဘာကြောင့်လဲဆို websites တွေ အများကြီး သိထားလည်း တကယ်တမ်း လိုအပ်တဲ့ အချိန်မှာ ကျွန်တော်တို့ ဝင်ဖြစ်တာ ကိုယ့်အတွက် ရှာဖွေရလွယ်ကူပြီး စုံစုံလင်လင်ရှိတဲ့ sites တစ်ခု နှစ်ခု လောက်ပဲ အဓိက ဝင်ဖြစ်တာပါ - ဒါ့ကြောင့် အားလုံးထဲက ကိုယ့်အတွက် အမှန်တကယ် အသုံးတည့်မယ့် Freeware တွေကို Update ဖြစ်ဖြစ်နဲ့ စုံစုံလင်လင် ဖြစ်အောင် ဖြည့်ဆည်းပေးနေတဲ့ websites ( ၈ ) ခုနဲ့ ပထမဆုံး မိတ်ဆက်ပေးချင်ပါတယ် - ဒီ ဆိုဒ်တွေမှာ Freeware လည်း ရသလို အပေါ်မှာ ဖော်ပြခဲ့ပြီးတဲ့ trial software ( Shareware ) တွေလည်း ရရှိနိုင်ပါတယ် -

လတ်တလောမှာ Websites တွေကို မဖော်ပြသေးခင် သတိပြုသင့်တဲ့ အချက်တွေ အကြောင်း ပထမဆုံး ဆွေးနွေးပေးချင်ပါတယ် -

သတိပြုရန် အချက်များ

( ၁ ) Site ၏ အပြင်အဆင်အား ဦးစွာ လေ့လာပါ

Site တစ်ခုကို ရောက်ခဲ့ပြီး ကိုယ်လိုချင်တဲ့ Software တွေ မရှာဖွေခင်မှာ လေ့လာသူ/ရှာဖွေသူ တစ်ယောက်အနေနဲ့ အဓိက ဆန်းစစ်သင့်တာ ကိုယ်ရောက်နေတဲ့ Website တစ်ခုရဲ့ အပြင်အဆင်ပါ - ဒါကို ဥပမာ ပေးဖို့အတွက် ကျွန်တော် download.cnet.com ကို ဥပမာ အဖြစ် ရွေးချယ်ထားပါတယ် - Software download ကို ဝေမျှပေးနေတဲ့ sites တွေဟာ ပုံမှန်အားဖြင့် သူ့ရဲ့ Homepage မှာ users တွေ အားလုံးအတွက် အခြေခံအားဖြင့် လိုလားချက် တူညီမယ့် အကြောင်းအရာတွေကို စုစည်း ဖော်ပြထားလေ့ ရှိပြီး -


ရှာဖွေရလွယ်ကူအောင် သူတို့ Sites တွေမှာ ရှိနေတဲ့ အကြောင်းအရာတွေ အားလုံးကို Categories အလိုက်လည်း အောက်ဖော်ပြပါအတိုင်း စုစည်းပေးထားတတ်ပါတယ် -


သာမန်ကာလျှံကာ ကြည့်ရင် အရေးမပါဘူးလို့ ထင်ရတဲ့ Websites တစ်ခုရဲ့ ဒီ အစိတ်အပိုင်းတွေဟာ Software တစ်ခုကိုကို နာမည် တိတိကျကျ မသိပဲ ရှာဖွေချင်ရင် ဖြစ်ဖြစ် - သဘောတရားတူပြီး စွမ်းဆောင်ရည်ကွဲလွဲမယ့် တစ်ခြား software အသစ်တွေကို စမ်းသပ်ချင်ရာမှာ ဖြစ်ဖြစ် အရမ်း အသုံးတည့်ပါတယ် - ဆိုကြပါစို့ - အပေါ်မှာ ဖော်ပြထားတဲ့ Categories ထဲက Browsers ဆိုတဲ့ ခေါင်းစည်းအောက်ကို ဝင်လိုက်မယ် ဆိုရင် အရင်က Firefox နဲ့ Google chrome လောက်ပဲ browser လို့ သိထားတဲ့ ကျွန်တော်တို့အတွက် နောက်ထပ် ရွေးချယ်နိုင်စရာ တစ်ခြား browser ပေါင်း ဘယ်လောက်တောင်များ ရှိနေမလဲ ဆိုတာ မြင်တွေ့နိုင်ပါတယ် - တကယ်လို့ ကိုယ်က ကွန်ပြူတာရဲ့ Security ပိုင်းဆိုင်ရာနဲ့ ပတ်သတ်နေတဲ့ Antivirus / Internet Security / Spyware Removers စတာမျိုး လိုချင်တာဆိုရင် Security software အောက်ကို ဝင်ရှာရမှာပါ -

( ၂ ) Search box အား အသုံးပြုပါ

တကယ်လို့ ကိုယ်က ကိုယ်လိုချင်တဲ့ software နာမည်ကို တိတိကျကျ သိပြီး ဘယ်နားမှာ ရှိမှန်း မသိ ဖြစ်နေရင်တော့ ဖော်ပြပါ websites တွေမှာ အသင့်ထားထားပေးတဲ့ Search box တွေကနေ အလွယ်တကူ ရှာဖွေနိုင်ပါတယ် -


( ၃ ) Download မယူခင် ဆန်းစစ်ပါ


ကိုယ်ရှာဖွေတွေ့ရှိထားတဲ့ Software ကို ဒေါင်းလုပ်မချခင် ဆန်းစစ်ဖို့ လိုသေးတဲ့ နောက်အချက်တွေ ရှိပါသေးတယ်
- အဲတာတွေက ကိုယ် download ချမယ့် software ရဲ့ အသုံးချလို့ ရမယ့် Operating system တွေက ဘာတွေလဲ : Windows XP/Vista/7
- သူက Freeware လား - Shareware လားဆိုတာ ဆုံးဖြတ်ပေးမယ့် Price: Free / Shareware
- ဘယ်နေ့က ထွက်တာလဲ / Update ကျရဲ့လား မကျဘူးလား ဆိုတာ ဆန်းစစ်ပေးမယ့် Date added: December 02, 2010
- စသဖြင့် အကြောင်းအရာတွေကို ဒေါင်းလုပ်မချခင်တည်းက ဆန်းစစ်ထားဖို့လိုပါတယ် - ဒါတွေကို Download မချခင်မှာ မဆန်းစစ်ရင် Download complete ဖြစ်ကာမှ စက်မှာ သုံးမရတာမျိုးတွေ - Update မဖြစ်ပဲ date အောက်နေတာမျိုးတွေ - Price ကိုမကြည့်ခဲ့မိလို့ Install လုပ်ပြီးကာမှ ပိုက်ဆံတောင်း ခံရတာတွေ စသဖြင့် ဖြစ်လာတတ်ပါတယ် -

ဆက်ရန် -


က,ကြီး ရေးဖို့ကျောက်သင်ပုန်းရှာနေသူ

Life is what you make of it. Go out and make your dreams come true.

Last edited by KznT; 05-01-2011 at 04:43 PM..
KznT is offline   Reply With Quote
အောက်ပါအသင်းဝင် 67 ဦးတို့မှ KznT အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
ကိုသဝေထိုး, ချစ်သမီး, ခွန်ညီး, ဆန်းမောင်, နီထွန်းဦး, ယွန်းယွန်း, လမင်းမျက်နှာ, ဝင်းကျော်ဦး, ဝင်းအောင်, သက်တန့်, သက်နိုင်, သန့်ဇင်ဌေး, ဟိန်းဟိန်းမြတ်, အလတ်ကြီး, ဇော်ရဲပိုင်, နေမင်းမောင်, မေဦးမွန်, မောင်သံသရာ, မောင်အောင်ဟိန်းအေး, မောင်ကြက်ခေါင်း, အောင်မင်းကို, အောင်မိုးထွန်း, အောင်လံလေး, အောင်လွင်ဦး, မြတ်သူအောင်, ဖြိုးခန့်, နိုးတူး, amaung344, arkaraung, athaylay1, aungkohtat, aungphyo, AZM, azp09, bonge, g00gle, goldstar, hellboy, ko myo, kyaukphyu, Kyaw Nay Soe, kyaw thaung, kyawkhinewynn, linthuraaung, mgwinhlaing, minthike, minthumon, mmkyioo, Myint MO, nainglynn, openeyes, pannuko, pharoslite, phoetharlay, phyomyintthein, saiwaihin, smlat88, someone22, thurein, tu tu, wahgyi, whiteman, wunna313, yawnathan, Zin Ko, zin min aung, zo
Old 06-01-2011, 08:11 PM
  post #5
KznT
ကြီးကြပ်ရေးမှူး
 
KznT's Avatar
 
အသင်းဝင်နေ့စွဲ: Dec 2009
တည်နေရာ: http://www.techsectors.blogspot.com
ရေးသားချက်များ: 1,338
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 5,983
ပို့စ် 1,332 ခုအတွက် 20,392 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
KznT has a spectacular aura aboutKznT has a spectacular aura about
ပြန်စာ - အင်တာနက်အတွင်း Software ရှာဖွေခြင်း

Free-To-Try Software Websites များနှင့် မိတ်ဆက်ခြင်း

အပေါ်မှာ ဖော်ပြခဲ့ပြီးတဲ့ အခြေခံတွေကို သတိထားမိပြီ ဆိုရင် ဒီနေ့ ဆက်သွားမှာ အင်တာနက်အတွင်း Freeware ရှာဖွေခြင်းရဲ့ နောက်ဆက်တွဲ Website မိတ်ဆက်ခြင်း ကဏ္ဍပါ - ဖော်ပြခဲ့ပြီးသလို Freeware နဲ့ trial software ( Shareware ) တွေကို တရားဝင် ဒေါင်းလုပ်ချခွင့် ပြုထားတဲ့ websites တွေတော်တော်များများ အင်တာနက်ထဲမှာ ရှိပေမယ့် အားလုံးထဲကမှ by heart သိထားသင့်ပြီး Updated software တိုင်းကို အမြဲတမ်း မျက်ခြေမပြတ် စောင့်ကြည့်ချင်မယ့် သူတိုင်းအတွက် အကောင်းဆုံး Download Source တွေကို မိတ်ဆက်ပေးလိုက်ပါတယ် -

( 1 ) Filehippo.com


Filehippo ရဲ့ အပြင်အဆင်က ရိုးရိုးလေးနဲ့ လိုအပ်တဲ့ Freeware မှန်သမျှကို ခေါင်းစည်းလိုက် စဉ်ပေးထားတာမို့လို့ စက်မှာ Freeware တစ်ခုခု လိုတိုင်း ကျွန်တော် အရောက်ဖြစ်ဆုံး ဆိုဒ် တစ်ခုပါပဲ - သူ့ဆီမှာ နောက်ဆုံးထွက်တဲ့ Updated Versions တွေသာ မက သက်ဆိုင်ရာ Software တိုင်းရဲ့ အရင်ထွက်ရှိခဲ့ပြီးသား versions အဟောင်းတွေကိုပါ တွဲဆက်ဖော်ပြထားလေ့ ရှိပြီး မိမိစက်နဲ့ အဆင်ပြေမယ့် versions ကို အလွယ်တကူ ရှာဖွေရယူနိုင်ပါတယ် -


Filehippo ကနေ ဒေါင်းလုပ်ချမယ် ဆိုရင် ကိုယ် ဒေါင်းလုပ်ချမယ့် Software ဟာ Freeware လား - Shareware လား - Requirements က ဘာတွေလဲ ဆိုတာ အပေါ်မှာ ဖော်ပြထားတဲ့ အတိုင်း သက်ဆိုင်ရာ Software ရဲ့ Techanical tab အောက်မှာ ကြည့်လို့ ရပါတယ် - Change log အောက်မှာတော့ Version တစ်ခုနဲ့ တစ်ခု ပြောင်းလဲသွားတိုင်းမှာ ထူးခြားသွားတဲ့ ပြင်ဆင်ချက်တွေကို လေ့လာနိုင်ပါတယ် -

( 2 ) Download.com


Download.com က ကျွန်တော် အပေါ်မှာ ဖော်ပြခဲ့ပေးပြီးတဲ့ ပို့စ်မှာလည်း အထိုက်လျောက် မိတ်ဆက်ခဲ့ပေးပြီးသားမို့ ထူးပြီး မိတ်ဆက်ပေးဖို့ လိုမယ် မထင်တော့ပါဘူး - Download.com ဟာ အင်တာနက်က largest download website လို့ ပြောရင် မှားမယ်တောင် မထင်ဘူး - ဘာလို့လည်း ဆို Google search box မှာ Download ဆိုပြီး ရိုက်လိုက်တာနဲ့ ထိပ်ဆုံးမှာ တန်းတက်လာတာ download.cnet.com ပဲ မဟုတ်ပါလား -

( 3 ) Sourceforge.net


Sourceforge က free software ဝေမျှတယ်ဆိုပေမယ့် သာမန် Windows users တွေအတွက် ဆိုတာထက် Open Source developers တွေအတွက် ပို သင့်တော်ပါတယ် - သူ့မှာ ရှိတဲ့ free software တွေထဲမှာ ကျွန်တော်တို့ သိထားပြီးသား Open Office, Firefox, Thunderbird, FileZilla, Gimp, VLC media player ဆိုတာတွေလည်း ရှိသလို ကျွန်တော်တို့ လုံးဝ မသိသေးတဲ့ တစ်ခြား Open Source Project အတွက် ရည်ရွယ်ပြီး စမ်းသပ်နေတဲ့ တစ်ခြား package တွေလည်း အများအပြား ရနိုင်ပါတယ် -

( 4 ) Freewarefiles.com


Freewarefile.com ကတော့ အပေါ်မှာ ဖော်ပြခဲ့တဲ့ Websites တွေနဲ့ တော်တော်လေးကို ခြားနားသွားပါပြီ - ဒီ website ဟာ Shareware လုံးဝ မတင်ပဲ Freeware ချည်းပဲ ၁ သောင်းခွဲ ကျော်, ကျော်ကို တစ်နေရာတည်းကနေ အလွယ်တကူ ဒေါင်းလုပ်ချပြီး Free အသုံးပြုနိုင်အောင် စုစည်းပေးထားတဲ့ နေရာပါ - ဘာတစ်ခုမှ Crack စရာ Hack စရာမလိုတဲ့ fully free software တွေကိုမှ သုံးချင်တဲ့ Free users များ လက်မလွှတ်ချင်စရာ Site ကောင်းတစ်ခုပါပဲ -

( 5 ) Freewarehome.com


Freewarehome ကလည်း freeware software တွေ Download ချလို့ ကောင်းတဲ့ နောက်ထပ် site ကောင်းတစ်ခုပါပဲ - ဒီ website ရဲ့ ထူးခြားချက်က ကိုယ်လိုချင်တဲ့ free software ကိုရှာယူဖို့ ရိုးရိုး Search box တစ်ခုတည်းတင်မက Advanced search ပါ, ပါတာမို့လို့ တစ်ခုခုအမြန် လိုချင်တဲ့ အချိန် မှာ ရှာရ ဖွေရ အချိန်ကုန် သက်သာစေပါတယ် - Categories တွေကိုလည်း ကဏ္ဍလိုက် စနစ်တကျ စုစည်းပေးထားသေးတာမို့လို့ နှစ်သက်ရှာ ကဏ္ဍ အောက်ကို ဝင်ပြီး ရှာဖွေဖို့လည်း အဆင်ပြေစေ ပါတယ် -

( 6 ) Bestfreewaredownload.com


Bestfreewaredownload ကလည်း Freeware တွေ စုထားပေးတဲ့ website တစ်ခုပါ - ကိုယ် download ချမယ့် Software ရဲ့ Details အပြည့်အစုံကို ကြည့်လို့ ရသလို - Rating တွေကိုလည်း ပူးတွဲ လေ့လာနိုင်ပါတယ် -

( 7 ) Softpedia.com


Softpedia ကိုတော့ တစ်ခြား Websites တွေနဲ့တင် အဆင်ပြေနေလို့ ကျွန်တော် သိပ်မရောက်ဖြစ်ဘူး - သူကလည်း Download.com လိုပါပဲ - သူ့မှာ ထူးခြားတာ တစ်ခုက MAC, Linux နဲ့ mobile OS တွေအတွက်ပါ Software download ပေးထားပါတယ် -

( 8 ) Snapfiles.com


Snapfile က freeware - shareware downloads နှစ်ခုလုံး ရပါတယ် - တစ်ခြား site တွေမှာ အဆင်ပြေနေတာနဲ့ ဒီကို တော်ယုံ ရောက်ဖြစ်မယ်တောင် မထင်မိပါဘူး - ဒါပေမယ့် သူလည်း resource ကောင်းတစ်ခုပါ -

ကျွန်တော် ခု ဖော်ပြခဲ့ပြီးတဲ့ Websites တွေကို လေ့လာပြီးရင် အင်တာနက်ထဲမှာ Software download ပေးတဲ့ ဆိုဒ်တွေ အတော်များများရှိပေမယ့် အားလုံးကို မသိရင်တောင် အရေးပါတဲ့ ဆိုဒ်တွေကို သိထားခြင်းအားဖြင့် ကိုယ့်အတွက်လိုအပ်မယ့် Freeware တွေ ရယူနိုင်ဖို့ လုံလောက်တယ် ဆိုတာ သိသာစေပါလိမ့်မယ် -

အင်တာနက်အတွင်း Freeware ရှာဖွေခြင်း အပိုင်း ဒီမှာပြီးလို့ နောက်ရက်တွေမှာ Shareware တွေကို Full and Free versions တွေ ရအောင် အင်တာနက်ထဲ ဘယ်လိုရှာဖွေရမယ် ဆိုတာ ဆက်ပြီး ဖော်ပြသွားနိုင်ဖို့ ကြိုးစားသွားပါ့မယ် -


ဆက်ရန် -

က,ကြီး ရေးဖို့ကျောက်သင်ပုန်းရှာနေသူ

Life is what you make of it. Go out and make your dreams come true.

Last edited by KznT; 06-01-2011 at 08:29 PM..
KznT is offline   Reply With Quote
အောက်ပါအသင်းဝင် 67 ဦးတို့မှ KznT အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
ကိုဦး, ချစ်သမီး, စမောလေး, ဆန်းမောင်, နီထွန်းဦး, ပင်းယ, ပုလဲဖြူ, ယွန်းယွန်း, လမင်းမျက်နှာ, ဝင်းကျော်ကျော်(ကန့်ဘလူ), ဝင်းအောင်, ဝိုင်ပီဝိုင်, သက်တန့်, သက်နိုင်, သန့်ဇင်ဌေး, ဟိန်းဟိန်းမြတ်, အလတ်ကြီး, ဦးတင့်လွင်(ဧကရာဇ် စတိုး), ဧရာဝတီ, ကျော်တိုး, ဇော်ရဲပိုင်, မေဦးမွန်, မောင်သံသရာ, မောင်တေဇာဝင်း, မောင်အောင်ဟိန်းအေး, အောင်လံလေး, အောင်လွင်ဦး, ဖြိုးခန့်, နိုးတူး, amaung344, Ants, aungphyo, AZM, azp09, bonge, g00gle, hellboy, khaing king, kingofvirus, ko myo, kyaukphyu, kyawkhinewynn, lamin.pzl, lay pyay nyin, mgwinhlaing, minthike, minthumon, mmkyioo, naynayz, openeyes, pannuko, pharoslite, phoetharlay, phyomyintthein, saiwaihin, smlat88, someone22, thein zaw min, thurein, tu tu, wahgyi, wunna313, yawnathan, yelinoo, Zin Ko, zin min aung, zo
Old 08-01-2011, 04:42 AM
  post #6
KznT
ကြီးကြပ်ရေးမှူး
 
KznT's Avatar
 
အသင်းဝင်နေ့စွဲ: Dec 2009
တည်နေရာ: http://www.techsectors.blogspot.com
ရေးသားချက်များ: 1,338
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 5,983
ပို့စ် 1,332 ခုအတွက် 20,392 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
KznT has a spectacular aura aboutKznT has a spectacular aura about
ပြန်စာ - အင်တာနက်အတွင်း Software ရှာဖွေခြင်း

( ၃ ) အင်တာနက်အတွင်း Pirated Software များ ရှာဖွေခြင်း ( ၁ )

အလုပ်နဲနဲ ရှုပ်နေလို့ ဒီနေ့ စာရေးနဲနဲ နောက်ကျသွားတယ် - အချိန်မနှောင်းခင် နောက်တစ်ပိုင်းလေး ဆက်ပါဦးမယ် - အင်တာနက်အတွင်း Pirated Software များ ရှာဖွေခြင်းကို အပိုင်း ( ၁ ) - ( ၂ ) - ( ၃ ) ဆိုပြီး ခွဲရေးရတဲ့ အကြောင်းက ကျွန်တော်တို့တွေ Pirated Software ရှာဖွေတာချင်း တူပေမယ့် ရှာဖွေရမယ့် နေရာချင်း မတူလို့ သုံးမျိုး ခွဲထားလိုက်တာပါ - အခု အပိုင်း ( ၁ ) မှာ ရေးမယ့် Pirated Software ရှာဖွေခြင်း အပိုင်းမှာ အမြဲတမ်း Update ဖြစ်ပြီး လူသုံးများတဲ့ နိုင်ငံခြား ဖိုရမ်တွေကို အဓိက Target ထားပြီး ကိုယ်လိုချင်တဲ့ Software တွေ ရအောင် ဘယ်လို ရှာဖွေရယူမယ် ဆိုတာ ဖော်ပြသွားပါမယ် - တစ်ချို့ကတော့ Quantity ကို သဘောကျတယ် - ကျွန်တော်ကတော့ Quality ကို တန်ဖိုးထားတယ် - ဒါ့ကြောင့် အင်တာနက်မှာ မှိုလိုပေါက်အောင် Software မျှဝေတဲ့ ဖိုရမ်တွေ အများအပြား ရှိပေမယ့် အားလုံးထဲကမှ အကောင်းဆုံး ဖိုရမ်တွေကိုပဲ ဦးစားပေး ဖော်ပြသွားပါ့မယ် - Freeware တွေ အကြောင်းရေးတုန်းကလိုပဲ ဖိုရမ် တည်ရှိရာ နေရာတွေ မဖော်ပြခင် သတိပြုရန် အချက်များကို အရင်ဆုံး ဖော်ပြပေးချင်ပါတယ် - လေ့လာသူများ အနေနဲ့ ဒီအချက်တွေကို ဦးစားပေး လေ့လာစေချင်ပါတယ် -

သတိပြုရန် အချက်များ

( ၁ ) ဖိုရမ် ၏ အပြင်အဆင်အား ဦးစွာ လေ့လာပါ

နိုင်ငံခြား ဖိုရမ်တွေဆိုတာ ကျွန်တော်တို့ မြန်မာဖိုရမ် အပြင်အဆင် တည်ဆောက်ပုံတွေနဲ့ သိပ်အများကြီး မကွာလှပါဘူး - ဒါပေမယ့် အဓိက ကွာခြားချက်တစ်ခုက နိုင်ငံခြား ဖိုရမ်တွေဟာ ကျွန်တော်တို့ မြန်မာဖိုရမ်တွေလို ကဏ္ဍခွဲတွေ သိပ်များများ စားစား မရှိဘူး - ကျွန်တော်တို့ မြန်မာဖိုရမ်တွေမှာ ဆိုရင် ကွန်ပြူတာကဏ္ဍ - အင်ဂျင်နီယာ ကဏ္ဍ - စာအုပ်စင် - ဘာသာ သာသနာ - အာလာပ သလာပ - ခံစားချက် - ဗွီဒီယို - သီချင်း စသဖြင့် ကဏ္ဍခွဲတွေ အများအပြား ဖွင့်ထားပေးပေမယ့် နိုင်ငံခြား ဖိုရမ်တွေက ကိုယ့် ဖိုရမ်နာမည်နဲ့ သက်ဆိုင်တဲ့ အကြောင်းအရာကိုပဲ ဖိုရမ်ခွဲတွေ အဖြစ် ထားကြလေ့ ရှိပါတယ် - ဆိုလိုတာ Software မျှဝေတဲ့ ဖိုရမ်ဆိုရင် Users တွေ အတွက် လိုအပ်မယ့် Applications / Games / Movies တွေအကြောင်း ဖော်ပြ / Download ချဖို့ နေရာ - လိုတာရှိရင် တောင်းဖို့နေရာ - အကူအညီ ကဏ္ဍနဲ့ စည်းမျဉ်းစည်းကမ်း ဒီလောက်ကိုပဲ အသားပေး ပြင်ဆင်ထားတတ်ပါတယ် - အပြင်အဆင်အားဖြင့် သိပ်ရှုပ်ရှုပ်ထွေးထွေး မရှိလို့ ကျွန်တော်တို့ လိုချင်တဲ့ Full and Free Software တွေ ရှာဖို့ဆိုတာလည်း သိပ် ခဲခဲယဉ်းယဉ်း မရှိလှပါဘူး -

ကျွန်တော်တို့ လိုချင်တဲ့ Full and Free Software တွေ ဟာ များသောအားဖြင့် ဖိုရမ်ကို စဝင်ဝင်ချင်း မြင်သာ သိလွယ်တဲ့ ထိပ်ပိုင်းနားက Applications / Windows / Operating System စတဲ့ ခေါင်းစဉ်မျိုးတွေ အောက်မှာ 90 % ရှိနေတတ်ပါတယ် - ဖိုရမ် တစ်ခုနဲ့ တစ်ခု ပြင်ဆင်ပုံချင်း မတူလို့ ဖိုရမ်ခွဲ ခေါင်းစဉ်နာမည် မတူတာမျိုး ရှိကောင်းရှိနိုင်ပါတယ် - ဒါပေမယ့် ရှာရခက်လောက်တဲ့ အနေအထားမျိုးထိ မဖြစ်တတ်ပါဘူး - ဖော်ပြပါစာလုံးမျိုးတွေနဲ့ တိုက်ရိုက်ဖြစ်ဖြစ် - အဓိပ္ပါယ် ခပ်ဆင်ဆင် ဖြစ်ဖြစ်တူတဲ့ ခေါင်းစည်းမျိုးနဲ့ ဖိုရမ်ခွဲကို တွေ့ရင် အဲ့ဒီ့ ခေါင်းစဉ်ကို click ပေးပြီး အထဲကို ဆက်ဝင်ရမှာပါ - အဲလိုဆို ကျွန်တော်တို့ လိုချင်တဲ့ Full and Free Software တွေ ဝေမျှရာ နေရာကို ရောက်ပါလိမ့်မယ် -


( ၂ ) Search function အား အသုံးပြုပါ

တစ်ခါတစ်လေမှာ ဖော်ပြထားချက်အတိုင်း Apps တွေ ဝေမျှတဲ့ ဖိုရမ်ခွဲထဲကို ရောက်သွားပေမယ့် ကိုယ်လိုချင်တဲ့ Software ကို ရှာလို့ မတွေ့ ဖြစ်နေတတ်ပါတယ် - ဒီအချိန်မှာ ကိုယ်လိုချင်တဲ့ Software ကို အမြန်ဆုံး တွေ့ရှိနိုင်ဖို့ Search function ကို အသုံးပြုနိုင်ပါတယ် - ဖိုရမ်တွေရဲ့ Search function ဟာ Website တွေမှာလိုမျိုး box တစ်ခု အနေနဲ့ သီးသန့် ရှိမနေတတ်ပဲ အောက်ဖော်ပြပါအတိုင်း Menu bar မှာ သီးခြား တည်ရှိနေတတ်ပါတယ် -


အဲ့ဒီ့ထဲကို ဝင်ပြီး အဓိကကျတဲ့ Search terms တွေနဲ့ ရိုက်သွင်းရှာဖွေနိုင်ပါတယ် - Search terms တွေ ထည့်သွင်းရာမှာ စာလုံးကို တတ်နိုင်သမျှ လိုရင်းတိုရှင်းဖြည့်သွင်းရှာဖွေပါ - ရှည်လမျောတွေ ရိုက်ပြီး ရှာရင် Search Result မှာ ဘာတစ်ခုမှ မတွေ့ပဲ ဖြစ်တတ်ပါတယ် - ဆိုလိုတာ ကျွန်တော်တို့က Microsoft office 2010 rtm volume x86 dvd english ဆိုပြီး သိထားတယ် ဆိုကြပါစို့ - ဒါပေမယ့် Search terms ထဲမှာ ရှာတဲ့အခါ အဲ့စာလုံး အားလုံးကို ထည့်မရှာပဲ Microsoft office 2010 ဆိုယုံလောက်ပဲ ထည့်သွင်းရှာဖွေပါ -


အဲလိုဆို အောက်ဖော်ပြပါ အတိုင်း Result အများအပြား ကျလာပါလိမ့်မယ် - အဲ့ထဲက နှစ်သက်ရာကို ခေါင်းစဉ်ကို click ပေးပြီး ဆက်သွား ယူလိုက်ယုံပါပဲ - ဖိုရမ်တော်တော်များများမှာ Advanced Search ပါ ရှိနေတတ်ပြီး Search terms ရဲ့ စာလုံး အပြောင်းအလဲကို ( + / - / ... ) Search Operators တွေ တွဲကစားခြင်းအားဖြင့်လည်း တိကျတဲ့ Result တွေရအောင် ပြောင်းယူနိုင်ပါတယ် -


( ၃ ) Download မယူခင် ဆန်းစစ်ပါ

ကိုယ်လိုချင်တဲ့ Software ခေါင်းစဉ်ရှာတွေပြီ ဆိုရင် ဒေါင်းလုပ်ချဖို့ စိတ်မလောပါနဲ့ - လူဝင်များတဲ့ နိုင်ငံခြား ဖိုရမ်တစ်ချို့ဟာ တစ်နေ့ကို Online users 5000 - 10000 ကြားမှာ ရှိတတ်ပြီး ကျွန်တော်တို့ မြန်မာဖိုရမ်တွေထက် လူဝင်လူထွက် ပိုများသလို လူမျိုးလည်းစုံပြီး စရိုက်လည်းစုံပါတယ် - ဒါ့ကြောင့် ကိုယ်လိုချင်တဲ့ Software ခေါင်းစဉ်ရှာတွေတိုင်း စိတ်ချရတယ်လို့ အာမမခံနိုင်ပါဘူး - တစ်ချို့ ခေါင်းစဉ်တွေဆိုရင် ကြီးကြီးကျယ်ကျယ် လူစိတ်ဝင်စားအောင် ရေးထားတတ်ပြီး တကယ်တမ်း ဒေါင်းလုပ်ချကြည့်လိုက်တဲ့ အခါ ဟိုးပဝေသဏီက Update မဖြစ်တဲ့ Software မျိုးတွေ ဖြစ်နေတတ်သလို - Full and Free ဆိုပြီး ဒေါင်းလုပ်ချလိုက်တော့ key မပါ / Crack မပါ / keygen မပါလာတာ မျိုးတွေ - Links ပေးထားပေမယ့် Download ချရ အင်မတန်ခက်တဲ့ Uploading sites တွေမှာ တင်ထားတာမျိုးတွေ စသဖြင့် ဖြစ်နေတတ်ပါတယ် -

ဒီလို ပြဿနာမျိုးကနေ အတတ်နိုင်ဆုံး ရှောင်နိုင်မယ့် နည်းကတော့ ကိုယ်လိုချင်တဲ့ Software ခေါင်းစဉ်နဲ့ Thread ကို တွေ့ရင် အချက်သုံးချက် ကြည့်ပြီး ဆုံးဖြတ်နိုင်ပါတယ် - အဲ့အချက်တွေက


- Author ဘယ်သူလဲ ??
- လူစိတ်ဝင်စားမှု ဘယ်လောက်ရှိသလဲ ?? နဲ့
- Replies ဘယ်လောက်များသလဲ ?? ဆိုတဲ့ အချက်တွေပါ -


ဥပမာ ပြရရင် - အောက်ဖော်ပြပါ ပုံကိုကြည့်ပါ -


အထက်ဖော်ပြပါ ပုံမှာ မြင်ရတဲ့ အတိုင်း Internet Download Manager [IDM] v6.04 Build 2 ဆိုတဲ့ ခေါင်းစဉ်ချင်းတူပေမယ့် လူစိတ်ဝင်စားမှုနဲ့ Download ချမှု အရေအတွက်က သိသိသာသာ ကွာတာ သတိထားမိပါလိမ့်မယ် - ခုလိုမျိုး ရွေးချယ်စရာ ရှိလာတဲ့ အခါ အစိမ်းနဲ့ ဝိုင်းပြထားတဲ့ လူစိတ်ဝင်စားမှုနဲ - Reply နည်းတဲ့ Thread တွေကို ရှောင်ပြီး အနီရောင်နဲ့ ဝိုင်းပြထားတဲ့ အတိုင်း လူစိတ်ဝင်စားမှုများ Reply များတဲ့ Thread မျိုးကို ရွေးသင့်ပါတယ် - ဘာကြောင့်လည်းဆို အဲလို Thread မျိုးကို ရွေးခြင်းအားဖြင့် ယေဘုယျအားဖြင့် ကိုယ်သုံးမယ့် Software တော်တော်များများဟာ Safe ဖြစ်ပြီး Error နည်းတတ်ပါတယ် - Reply များတာ နဲတာဟာ Thread ကောင်းခြင်း မကောင်းခြင်းနဲ့ သိပ်ပတ်သတ်မှုတော့ မရှိပါဘူး - တစ်ချို့ Thread တွေဟာ Quality ကောင်းပေမယ့် သူ့ဘာသာသူ စိတ်ဝင်စားမှု မခံရတာမျိုးတွေလည်း ရှိတတ်ပါတယ် - Author ဘယ်သူလဲ ?? ဆိုတာ ဆုံးဖြတ်ဖို့ကတော့ နောက်ပိုင်း Software တွေ ဒေါင်းလုပ်ချပြီး သုံးတာ များလာတဲ့ အခါ လူနာမည်တွေ့တာနဲ့ ဒီလူဆို စိတ်ချရတယ် - သူတင်တဲ့ Software တွေ Error နည်းတယ်ဆိုတာ အလိုလို တန်းသိသွားပါလိမ့်မယ် - လတ်တလောမှာတော့ စတင်လေ့လာသူ တစ်ယောက်အနေနဲ့ Author ဘယ်သူလဲ ?? ဆိုတာကြည့်ပြီး Thread ကောင်းမကောင်း ဆုံးဖြတ်ဖို့ မလွယ်နိုင်ပါဘူး -

နိုင်ငံခြား ဖိုရမ်တွေနဲ့ ပတ်သတ်ပြီး သတိပြုရမယ့် အချက်တွေကတော့ ဒီလောက်ပါပဲ - နောက်နေ့မှာ Software တွေကို Full and Free - Download ချလို့ ရမယ့် ဖိုရမ်ကောင်းတွေရဲ့ lists နဲ့ အတူ အားသာချက် အားနည်းချက်လေးတွေပါ ဖော်ပြပေးသွားပါဦးမယ် -

ဆက်ရန် -


က,ကြီး ရေးဖို့ကျောက်သင်ပုန်းရှာနေသူ

Life is what you make of it. Go out and make your dreams come true.
KznT is offline   Reply With Quote
အောက်ပါအသင်းဝင် 53 ဦးတို့မှ KznT အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
ချစ်သမီး, ဆန်းမောင်, နီထွန်းဦး, ပင်းယ, ယွန်းယွန်း, လမင်းမျက်နှာ, ဝင်းအောင်, သက်တန့်, သက်နိုင်, သန့်ဇင်ဌေး, ဟိန်းဟိန်းမြတ်, အလတ်ကြီး, ကျော်တိုး, ဇော်ရဲပိုင်, မောင်သံသရာ, မောင်အောင်ဟိန်းအေး, အောင်မိုးထွန်း, အောင်လွင်ဦး, ဖြိုးခန့်, နိုးတူး, athaylay1, aungphyo, aungzawoopde, AZM, azp09, bonge, hellboy, htun30, ko myo, kyaukphyu, kyaw thaung, kyawkhinewynn, lamin.pzl, mgwinhlaing, minthike, minthumon, mmkyioo, openeyes, phoetharlay, phyomyintthein, saiwaihin, smlat88, someone22, thein zaw min, thurein, tu tu, wahgyi, whiteman, wunna313, yawnathan, yelinoo, zin min aung, zo
Old 09-01-2011, 04:29 PM
  post #7
KznT
ကြီးကြပ်ရေးမှူး
 
KznT's Avatar
 
အသင်းဝင်နေ့စွဲ: Dec 2009
တည်နေရာ: http://www.techsectors.blogspot.com
ရေးသားချက်များ: 1,338
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 5,983
ပို့စ် 1,332 ခုအတွက် 20,392 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
KznT has a spectacular aura aboutKznT has a spectacular aura about
ပြန်စာ - အင်တာနက်အတွင်း Software ရှာဖွေခြင်း

Forums များနှင့် မိတ်ဆက်ခြင်း

Software လေး တစ်ခု သုံးနေတာ အရမ်း သဘောကျနေတယ် - ဒါပေမယ့် Trial Version ဖြစ်နေတော့ ရက်ကလည်း သိပ်မကျန်တော့ဘူး - ဖိုရမ်တွေမှာ တောင်းရင်လည်း Reply ပြန်တာ စောင့်နေရတာမျိုး သဘောမကျလို့ သိပ်အားမကိုးချင်ဘူး - စသဖြင့် ဖြစ်နေရင် မိမိကိုယ်ကို အားကိုးပြီး အောက်ဖော်ပြပါ ဖိုရမ်တွေမှာ အထက်မှာ ဖော်ပြခဲ့တဲ့ နည်းလမ်းတွေနဲ့ ကိုယ်ကိုယ်တိုင် ဝင်ရောက်ရှာဖွေကြည့်ပါ - အင်တာနက်ထဲမှာ Software အားလုံးနီးပါးကို Full-And-Free မျှဝေပေးနေတဲ့ ဖိုရမ်တော်တော်များများရှိပြီး - အရေအတွက်ထက် အရည်အသွေးကို ကျွန်တော့်အနေနဲ့ ပိုတန်ဖိုးထားတာမို့လို့ အားလုံးထဲက အသင့်တော်ဆုံး ဖိုရမ် ( ၁၁ ) ခုကို အောက်မှာ ဖော်ပြလိုက်ပါတယ် -

( မှတ်ချက် - တစ်ချို့ဖိုရမ်တွေဟာ ဖိုရမ်ထဲက Thread တွေကို ကြည့်ရှုဖို့ အတွက် Register လုပ်ထားဖို့ လိုပြီး တစ်ချို့ဖိုရမ်တွေကတော့ Register user မဟုတ်လည်း Comment ရေး - Posts တင်တာ လုပ်လို့မရတာက လွဲရင် ပုံမှန်အတိုင်း Software ဝင်ရောက် ရှာဖွေနိုင်ပါတယ် - ဒါပေမယ့် Software တစ်ခုခု အမြန်ရှာချင်လို့ Advanced search ကို သုံးချင်ပြီ ဆိုရင် Register လုပ်ထားဖို့ လိုပြန်ပါတယ် )

( 1 ) Warez-BB


Warez-BB ဟာ ကျွန်တော် အဝင်ဖြစ်ဆုံး ဖိုရမ်ပါ - Users ပေါင်း ၂ သန်းကျော်ရှိပြီး Articles ပေါင်း သန်း ၃၀ ကျော်ရှိပါတယ် - လူအရမ်း များသလို - Threads တွေလည်း အရမ်းများတာကြောင့် သူ့ဖိုရမ်မှာ ရှိနေတဲ့ တန်ဖိုးရှိတဲ့ Thread တစ်ခုရဲ့ အရည်အသွေးကို မြှင့်တင် နိုင်ဖို့ Warez-BB ဟာ Users တွေက ပေးတဲ့ Comments တွေနဲ့ လည်ပတ်ရပါတယ် - ဝေမျှသူတစ်ယောက် တင်ပေးထားတဲ့ Software တစ်ခုကို ဒေါင်းလုပ်ချပြီး သုံးကြည့်လို့ သဘောကျရင် - ကျေးဇူးတင်ပါတယ်ဆိုတာမျိုး စာပြန်ကြဖို့ စာရေးသူတွေ တိုက်တွန်းကြတာ Warez-BB မှာ သတိထားမိလာပါလိမ့်မယ် - ဒါဘာကြောင့်လဲဆို အဲလိုဖိုရမ်မျိုးမှာ Posts အသစ်က တစ်နေ့ကို ရာထောင်ချီ တက်တာမို့လို့ ကိုယ်ရေးလိုက်တဲ့ အကြောင်းအရာက တန်ဖိုးရှိတယ်ဆိုရင်တောင် အလိုလိုနောက်ရောက်ပြီး - ကိုယ့်နောက်မှ တင်တဲ့ အသုံးမတည့် / အာလာပ သလာပ ပြောတဲ့ အကြောင်းအရာက ကိုယ်တင်ထားတဲ့ စာကို ရှေ့ကနေ နေရာ ဝင်ယူသွားတတ်ပါတယ် - ဒါကို Users တွေရဲ့ Comments နဲ့ သူတို့က ပြန်အသက်ဆက်ပါတယ် - ဆိုလိုတာ Users တွေရဲ့ ကောင်းပါတယ် / ကျေးဇူးတင်ပါတယ် စသဖြင့် Comment တစ်ခု ရတိုင်း နောက်မှာရောက်နေတဲ့ Thread တစ်ခုက အလိုလို ရှေ့ကို ပြန်တက်သွားတယ် - အဲ့တော့ ကိုယ့် Thread က ရေးထားတာ ဘယ်လောက်ကြာကြာ အခြားသူတစ်ယောက်အတွက် အကျိုးရှိတာ မှန်ရင် Thread မသေတော့ဘူးပေါ့ - ဒါ့ကြောင့် Warez-BB မှာ Software ယူမယ် ဆိုရင် Download ချလို့ အသုံးပြုတိုင်း သဘောကျတဲ့ အခါမှာ Thank you. လေးလောက်တော့ ပြောကြဖို့လိုတယ်ဆိုတာ မှတ်ထားပေးပါ -

( 2 ) Katz


Thread တစ်ခုရဲ့ တန်ဖိုးကို ဆုံးဖြတ်ဖို့ အတွက် Warez-BB လိုမျိုး Views / Replies ကို ကြည့်လည်း ဒီဖိုရမ်တွေမှာ သိပ်မထူးပါဘူး - ဒါ့ကြောင့် တစ်ခုခုကို ဒေါင်းလုပ်ချမယ်စိတ်ကူးရင် ဒေါင်းလုပ်မချခင် ဆန်းစစ်ဖို့ နဲ့ ဒေါင်းလုပ်ချအပြီး ဆန်းစစ်ဖို့ နည်းလမ်းနှစ်ခု ထပ်ပိုလာပါတယ် - ဒေါင်းလုပ်မချခင် ဆန်းစစ်ဖို့လိုတယ် ဆိုတာ ကိုယ် ဒေါင်းလုပ်ချမယ့် Thread က Links ကို တစ်ခုတည်း မကတဲ့ ၁၅ ခု အခု ၂၀ စသဖြင့် Uploading sites တွေမှာ တင်ပေးထားရင် သူဖော်ပြထားတဲ့ Links တွေဟာ သူတင်ပေးထားတဲ့ Sites တွေမှာ Dead links ဖြစ်မဖြစ် စစ်ဆေးကြည့်ဖို့ပါ - အဲလို စစ်ဆေးဖို့ အတွက်ဆိုရင် ဒေါင်းလုပ်မချခင်မှာ Dead links ဖြစ်မဖြစ် စစ်ဆေးပေးတဲ့ Online services တွေရှိနေပြီး ကျွန်တော်သုံးတာတော့ wgtools.com ပါ - အသုံးပြုနည်းကတော့ ကိုယ်ဒေါင်းလုပ်ချမယ်လို့ စိတ်ကူးထားတဲ့ Thread အောက်က Links တွေကို Copy ကူးပြီး wgtools.com ကိုသွားပါ - အောက်ဖော်ပြပါ Box ထဲမှာ Links တွေကို Paste လုပ်ပါ - Check Links လုပ်ပါ -


ဒီလိုဆို ကိုယ် ဒေါင်းလုပ်ချမယ့် Links တွေက ဖော်ပြပါ Uploading site မှာ ရှိသေးတယ် မရှိတော့ဘူး ဆိုတာ Result ပြပါလိမ့်မယ် -


အားလုံး Working ဖြစ်မှ Links တွေကို Download ချပါ - မဟုတ်ရင် တစ်ဝက်လောက် ချပြီးခါမှ Links သေလို့ ဆိုတာမျိုး ဖြစ်ပြီး ပြဿနာ များပါလိမ့်မယ် - အားလုံးအဆင်ပြေလို့ ဒေါင်းလုပ်ချပြီးပြီ ဆိုရင်လည်း ချက်ချင်း တန်းပြီး စက်မှာ install မလုပ်လိုက်ပါနဲ့ဦး - ပမာဏ မများရင် Online Virus Scanner တွေ ဖြစ်တဲ့ VirusTotal - virusscan.jotti.org စတဲ့ နေရာတွေမှာ Malware အရင်စစ်ကြည့်ပြီးမှ သုံးသင့်ပါတယ် - ပမာဏများရင်တော့ Online Scanner နဲ့ မစစ်ပဲ စက်မှာတင်ထားတဲ့ Antivirus နဲ့ ပဲ စစ်နိုင်ပါတယ် - အားသာချက်ရှိတာ တစ်ခုက ဖိုရမ်တွေမှာ မျှဝေတဲ့ Pirated Software တော်တော်များများဟာ ပတ်ပတ်စက်စက် ဒုက္ခပေးတတ်တဲ့ Virus မျိုး မပါတတ်ပါဘူး

ဖိုရမ်တစ်ခုကို ရောက်ရင် လေ့လာရမယ့် အကြောင်းတွေ ဆောင်ရန် / ရှောင်ရန်တွေကို ကျွန်တော် ဖော်ပြခဲ့ပြီးဖြစ်လို့ အောက်ဖော်ပြပါ နောက်ဆက်တွဲ ဖိုရမ်တွေနဲ့ ပတ်သတ်ပြီး ကျွန်တော့်အနေနဲ့ ထွေထွေထူးထူး ဖော်ပြစရာ မရှိတော့ပါဘူး - ဒါ့ကြောင့် တစ်ပေါင်းတစ်စည်းထဲ ဆက်တိုက် ဖော်ပြလိုက်ပါတယ် - ကျွန်တော့်အနေနဲ့ အင်တာနက်အတွင်း Software ရှာဖွေခြင်းဆိုပြီး ခေါင်းစဉ်ပေးထားခဲ့တာမို့လို့ ဒီနေရာမှာ Software ရှာဖွေပုံကိုပုံပဲ အသားပေး ပြောခဲ့တာပါ - တကယ်တော့ ခု ကျွန်တော်ဖော်ပြခဲ့တဲ့ ဖိုရမ်တွေမှာ Software တွေသာ မက တစ်ခြား နိုင်ငံခြား သီချင်း - ဗွီဒီယို - စာအုပ် - စတာတွေပါ ရှာဖွေနိုင်ပြီး - လိုအပ်မယ်ဆို Register user အဖြစ်နဲ့ အကြံဥာဏ်များလည်း တောင်းခံနိုင်ပါသေးတယ် -

( 3 ) Dl4All


( 4 ) Freshwap


( 5 ) Redown


( 6 ) CyberWarez


( 7 ) TheWarezScene


( 8 ) Rapid4all


( 9 ) Onlywarez


( 10 ) Warez-4Ever


( 11 ) ForumW


ကျွန်တော့်မှာနောက်ထပ် ဒီလို ဖိုရမ်တွေ ရာနဲ့ ချီရှိပါသေးတယ် - လူတစ်ကိုယ် အကြိုက်တစ်မျိုးမို့လို့ ဒီထဲမှာ မပါတဲ့ ကိုယ့်စိတ်ကြိုက် ဖိုရမ်လေးတွေ ရှိရင်လည်း တစ်ခြားသူတွေ သိရအောင် ဝေမျှခဲ့နိုင်ပါတယ် -

လေ့လာသူ မိသားစုဝင်များ ခုက စလို့ ဖော်ပြခဲ့တဲ့ ဖိုရမ်အသီးသီးမှာ အလိုရှိရာ Software အသီးသီးကို စတင် ရှာဖွေရယူနိုင်ပါပြီ - ဖိုရမ်မှာ တစ်ခြား Software တောင်းခံသူတွေ ရှိလာရင်လည်း နိုင်သလောက် ရှာဖွေပေးပြီး ဖိုရမ်ရဲ့ Contributor တစ်ယောက်အဖြစ် ရပ်တည်ကြဖို့ မေတ္တာရပ်ခံလိုပါတယ် -

နောက်နေ့မှာ ခေါင်းစဉ်အသစ်ဖြစ်တဲ့ အင်တာနက်အတွင်း Pirated Software များ ရှာဖွေခြင်း အပိုင်း ( ၂ ) ကို ဆက်ပါဦးမယ် - နည်းလမ်းအသစ် - လေ့လာနည်းအသစ် - ရှာဖွေနည်း အသစ်တွေနဲ့ မနက်ဖြန်မှာ ကျွန်တော်တို့ ဆက်လက်ထိတွေ့ကြပါစို့ -

ဆက်ရန် -

က,ကြီး ရေးဖို့ကျောက်သင်ပုန်းရှာနေသူ

Life is what you make of it. Go out and make your dreams come true.

Last edited by KznT; 09-01-2011 at 07:10 PM..
KznT is offline   Reply With Quote
အောက်ပါအသင်းဝင် 56 ဦးတို့မှ KznT အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
နီထွန်းဦး, ယွန်းယွန်း, ရှိုင်းသော်တာမင်း, လမင်းမျက်နှာ, ဝင်းအောင်, ဝိုင်ပီဝိုင်, သက်တန့်, သက်နိုင်, သစ်ရွက်စိမ်း, သန့်ဇင်ဌေး, ဟိန်းဟိန်းမြတ်, ဦးတင့်လွင်(ဧကရာဇ် စတိုး), ကော်ဖီ, ဇော်ရဲပိုင်, မောင်သံသရာ, မောင်အောင်ဟိန်းအေး, အောင်မိုးထွန်း, အောင်လံလေး, မြတ်သူအောင်, ဖြိုးခန့်, နိုးတူး, amaung344, arkaraung, aungzawoopde, azp09, bonge, g00gle, hellboy, kingofvirus, kyaukphyu, Kyaw Nay Soe, kyaw thaung, kyawkhinewynn, kyawminkhoung, lamin.pzl, mgwinhlaing, minthike, minthumon, mmkyioo, moethout, openeyes, phoetharlay, phyomyintthein, putty, sailay, saiwaihin, sky4ster, smlat88, thein zaw min, thurein, tu tu, wahgyi, yawnathan, yelinoo, zin min aung, zo
Old 10-01-2011, 08:47 PM
  post #8
နိုးတူး
ကိုယ်ပိုင်အစွမ်းရှိပြီးသူ
 
အသင်းဝင်နေ့စွဲ: Aug 2009
ရေးသားချက်များ: 349
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 1,961
ပို့စ် 156 ခုအတွက် 393 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
နိုးတူး is on a distinguished road
ပြန်စာ - အင်တာနက်အတွင်း Software ရှာဖွေခြင်း

Quote:
Originally Posted by KznT View Post
Forums များနှင့် မိတ်ဆက်ခြင်း

( မှတ်ချက် - တစ်ချို့ဖိုရမ်တွေဟာ ဖိုရမ်ထဲက Thread တွေကို ကြည့်ရှုဖို့ အတွက် Register လုပ်ထားဖို့ လိုပြီး တစ်ချို့ဖိုရမ်တွေကတော့ Register user မဟုတ်လည်း Comment ရေး - Posts တင်တာ လုပ်လို့မရတာက လွဲရင် ပုံမှန်အတိုင်း Software ဝင်ရောက် ရှာဖွေနိုင်ပါတယ် - ဒါပေမယ့် Software တစ်ခုခု အမြန်ရှာချင်လို့ Advanced search ကို သုံးချင်ပြီ ဆိုရင် Register လုပ်ထားဖို့ လိုပြန်ပါတယ် )
ုကိုKznt, ကျေးဇူးအထူးတင်ပါတယ်.. ကျွန်တော် အကို ပြောထားတဲ့ ဖိုရမ်အားလုံးမှာ register လုပ်ထားလိုက်ပါတယ်..ကျွန်တော့်လို လူမျိုးအတွက် အဲလို ဆိုက်မျိုး အဲလို forum တွေရှိတာ ၀မ်းသာစရာပါပဲဗျာ.
အဲလို register တွေလိုက်လုပ်တာ ဘာမကောင်းတဲ့ အချက်တွေ ရှိလဲ သိချင်ပါတယ်အကို..
နောက်လည်း ဒီလို အကျိုး အများကြီး ရှိသော ပို့စ် များများ တင်ပေးနိုင်ပါစေ...
အကို အမြဲကျန်းမာချမ်းသာပြီး ပျော်ရွင်သော မိသားစု နဲ့ အတူ ဘ၀ တသက်လုံး အမြဲ နေထိုင်နိုင်ပါစေ
နိုးတူး is offline   Reply With Quote
အောက်ပါအသင်းဝင် 9 ဦးတို့မှ နိုးတူး အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 11-01-2011, 03:40 PM
  post #9
KznT
ကြီးကြပ်ရေးမှူး
 
KznT's Avatar
 
အသင်းဝင်နေ့စွဲ: Dec 2009
တည်နေရာ: http://www.techsectors.blogspot.com
ရေးသားချက်များ: 1,338
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 5,983
ပို့စ် 1,332 ခုအတွက် 20,392 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
KznT has a spectacular aura aboutKznT has a spectacular aura about
ပြန်စာ - အင်တာနက်အတွင်း Software ရှာဖွေခြင်း

Quote:
Originally Posted by နိုးတူး View Post
ကျွန်တော် အကို ပြောထားတဲ့ ဖိုရမ်အားလုံးမှာ register လုပ်ထားလိုက်ပါတယ်..ကျွန်တော့်လို လူမျိုးအတွက် အဲလို ဆိုက်မျိုး အဲလို forum တွေရှိတာ ၀မ်းသာစရာပါပဲဗျာ.
အဲလို register တွေလိုက်လုပ်တာ ဘာမကောင်းတဲ့ အချက်တွေ ရှိလဲ သိချင်ပါတယ်အကို..
နောက်လည်း ဒီလို အကျိုး အများကြီး ရှိသော ပို့စ် များများ တင်ပေးနိုင်ပါစေ...
သိတယ် - ကိုနိုးတူးက Software တွေ စမ်းတာ ဝါသနာပါတယ် - စမ်းလို့ အဆင်မပြေရင်လည်း အရမ်း မေးတတ်တယ် ဆိုတာ - အဲ့တာကြောင့် ကိုနိုးတူး အတွက်ရော တစ်ခြား မောင်နှမတွေ အတွက်ပါ အဆင်ပြေအောင် Software ရှာဖွေနည်းကို အခြေခံကနေ အမြင့်ပိုင်းထိ ဖြေးဖြေးချင်း ကျွန်တော် ရေးနေတာပါ - နောက်ထပ် နည်းလမ်းတွေ တော်တော်များများကို ကျန်နေသေးတယ် ကိုနိုးတူးရေ - စစချင်း အပိုင်းကြီး ( ၇ ) ပိုင်းဆိုပြီး လုပ်ထားတာ - အခု အပိုင်းက ( ၁၀ ) ပိုင်း ဖြစ်မလိုတောင် ဖြစ်နေပြီ - ဖြေးဖြေးချင်း ကျွန်တော် ဆက်ရေးပေးသွားပါ့မယ် - ကျွန်တော် ဖော်ပြထားတဲ့ ဖိုရမ်တွေမှာ Register လုပ်တာက သိပ်တော့ ပြဿနာ မရှိပါဘူး - အဲ့ဒီ့ ဖိုရမ်တွေ အားလုံးက အေးအေးဆေးဆေး နေတတ်ကြတဲ့ ဖိုရမ်တွေပါ - ဒါပေမယ့် တတ်နိုင်ရင်တော့ ဖိုရမ်တွေပဲ ဖြစ်ဖြစ် တစ်ခြား Sites အသစ်တွေမှာဖြစ်ဖြစ် Register လုပ်တဲ့ အခါ - အမြဲကိုယ်ဝင်ဖြစ်နေမယ့် ဆိုဒ်မျိုး ဆိုရင်တော့ ကိုယ် အမြဲ သုံးနေကျ Email ကို ပေးပြီး Register လုပ်တာ အကြောင်းမဟုတ်ပေမယ့် - တစ်ခါလောက် ဝင်ပြီး နောက်ထပ် သိပ်မဝင်ဖြစ်မယ့် ဆိုဒ်မျိုး ဆိုရင်တော့ Register လုပ်တဲ့ အခါ ကိုယ် အမြဲ သုံးလေ့ မရှိတဲ့ နောက် Email တစ်ခုကို ပေးပြီး account လုပ်တာမျိုးက ပို အဆင်ပြေပါလိမ့်မယ် - ဘာကြောင့်လဲ ဆိုတာ ချစ်သမီးသို့ ပေးစာ အမှတ် ( ၁ ) ရှင်းပြထားတာ ရှိပါတယ် - လေ့လာကြည့်နိုင်ပါတယ် ကိုနိုးတူး -

အင်တာနက်အတွင်း Software ရှာဖွေခြင်း နောက်တစ်ပိုင်းကို ဒီနေ့လောက် ရှေ့ဆက်ဖြစ်အောင် ကြိုးစားပေးပါ့မယ် -

KznT.

က,ကြီး ရေးဖို့ကျောက်သင်ပုန်းရှာနေသူ

Life is what you make of it. Go out and make your dreams come true.

Last edited by KznT; 11-01-2011 at 03:43 PM..
KznT is offline   Reply With Quote
Old 12-01-2011, 12:28 AM
နိုးတူး
ကိုယ်ပိုင်အစွမ်းရှိပြီးသူ
 
အသင်းဝင်နေ့စွဲ: Aug 2009
ရေးသားချက်များ: 349
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 1,961
ပို့စ် 156 ခုအတွက် 393 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
နိုးတူး is on a distinguished road
ပြန်စာ - အင်တာနက်အတွင်း Software ရှာဖွေခြင်း

Quote:
သိတယ် - ကိုနိုးတူးက Software တွေ စမ်းတာ ဝါသနာပါတယ် - စမ်းလို့ အဆင်မပြေရင်လည်း အရမ်း မေးတတ်တယ် ဆိုတာ -
အော်လူတွေ အကုန် သိကုန် ကြပီ ထင်တယ်..
အခုတော့ အကိုအပေါ်မှာ တင်ထားတဲ့ ဖိုရမ်အားလုံးမှာ မေးတစ်ခုထဲနဲ့ ပဲ register လုပ်ဖြစ်သွားတယ် အကိုရေးပေးထားတဲ့ ချစ်သမီးအတွက် ပေးစာ အမှတ် (၁) ကိုအခုမှဖတ်ဖြစ်တာ နောက်ကြသွားတယ်..နောက်တစ်ခါတွေလုပ်ဖြစ်ရင်တော့ မေးအသစ်နဲ့ပဲလုပ်တော့မယ်
တစ်ခုမေးချင်လို့ပါအကို..
ကျွန်တော် အဲဒီ ဖိုရမ်တွေမှာ ၀င်ထားတာအားလုံးကို passwd တစ်ခုထဲနဲ့ လုပ်ထားတယ်
အဲဒါ ကောင်းပါသလား အကို..
အားလုံးအတွက် ကျေးဇူးအထူးတင်ပါတယ်..
နိုးတူး is offline   Reply With Quote
အောက်ပါအသင်းဝင် 10 ဦးတို့မှ နိုးတူး အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 12-01-2011, 08:22 PM
KznT
ကြီးကြပ်ရေးမှူး
 
KznT's Avatar
 
အသင်းဝင်နေ့စွဲ: Dec 2009
တည်နေရာ: http://www.techsectors.blogspot.com
ရေးသားချက်များ: 1,338
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 5,983
ပို့စ် 1,332 ခုအတွက် 20,392 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
KznT has a spectacular aura aboutKznT has a spectacular aura about
ပြန်စာ - အင်တာနက်အတွင်း Software ရှာဖွေခြင်း

( ၄ ) အင်တာနက်အတွင်း Pirated Software များ ရှာဖွေခြင်း ( ၂ )

စစရေးချင်းတုန်းက အပိုင်း ( ၇ ) ပိုင်းလောက်ဆို ပြည့်စုံလောက်မယ် ထင်တာ - တကယ်တမ်း ရေးကြည့်တော့ ရေးရင်း ရေးရင်း ပြောစရာတွေ တော်တော်များတာ သတိထားမိလာတယ် - ရေးစရာ များတာ အကြောင်းမဟုတ်ပေမယ့် ဒီ့ထက် နည်းနည်းဆိုးတာ The supervillain Megamind ကားကြည့်ပြီး ပိုတွေးစရာတွေ ပေါ်လာတယ် -

ဒီနေ့ မနက် Q & A Site တစ်ခုကို ရောက်တော့ Pirated software တွေ မတောင်းဆိုဖို့ - လင့်တွေ မတင်ပေးဖို့ - မမျှဝေဖို့ သတိပေးထားတာ ကြည့်ပြီး တစ်နေ့နဲ့ တစ်နေ့ ကိုယ်လုပ်နေတဲ့ လုပ်ရပ်တွေကို Megamind နဲ့ ယှဉ်ပြီး ပြန်ချိန်ထိုးကြည့်မိတယ် - သူများတကာတွေက Copyright ဖြစ်တဲ့ Software တွေကို မသုံးကြဖို့ - လက်ဆင့်မကမ်းကြဖို့ တိုက်တွန်းနေချိန်မှာ ကိုယ်ကတော့ မျှဝေယုံတင်မက - ဘယ်မှာ ရနိုင်တယ် - ဘယ်လိုယူရမယ် - ဆောင်ရန် ရှောင်ရန်တွေက ဘယ်လို - ဘယ်ဆိုဒ်တွေ ဖိုရမ်တွေကတော့ ကောင်းတယ် - ဘယ်လိုမျိုးဆိုရင်တော့ ယုံရတယ် ဆိုပြီး ရေးနေခဲ့တာ - ပြန်တွေးကြည့်တော့ ကိုယ့်လုပ်ရပ်က ဝေမျှတယ် ဆိုတဲ့ အမည်ခံနဲ့ ဗီလိန်တစ်ယောက် ရဲ့ လုပ်ဆောင်ချက်တွေ ဖြစ်မှန်းမသိ ဖြစ်နေတယ် - အဲ့တစ်ချက်တော့ စိတ်မကောင်းဘူး - ကျွန်တော့် ရည်ရွယ်ချက်က ကိုယ့် လူမျိုး - ကိုယ့်မိသားစုတွေ တစ်ခုခု လေ့လာရာမှာ သူများ အားကိုးပြီး တန်ဖိုးရှိတဲ့ အချိန်တွေ ပုတ်မကုန်အောင် ကူညီချင်တဲ့ဆန္ဒ တစ်ခုပဲ ရှိပါတယ် -

အဲ့တော့ ဘယ်သူ ဘာပြောပြော ကျွန်တော် ဆက်ရေးလိုက်ဦးမယ် - ဖိုရမ်က ကိုရဲအောင်တို့ - ကြီးကြပ်ရေးမှူး တို့ မကန့်ကွက်ဘူး ဆိုရင်တော့ ဆက်မရေးရဲစရာ အကြောင်းမရှိပါဘူး ကျွန်တော် တို့ အရင်တစ်နေ့က ဖိုရမ်တွေကနေ Software ရှာဖွေပုံကို ဆွေးနွေးခဲ့ပါတယ် - ဒီနေ့ ဆက်သွားမှာ အင်တာနက်ထဲက Software အားလုံးနီးပါးကို Full-And-Free မျှဝေပေးနေတဲ့ Websites ကောင်းတွေ အကြောင်းပါ - အရင်လိုပဲ Websites တွေရဲ့ နေရပ်လိပ်စာကို မမိတ်ဆက်ခင် ရှောင်ရန် ရှောင်ရန်လေးတွေ ဖော်ပြချင်ပါတယ် -

သတိပြုရန် အချက်များ

( ၁ ) Websites ၏ အပြင်အဆင်အား ဦးစွာ လေ့လာပါ

Software အားလုံးနီးပါးကို Full-And-Free မျှဝေပေးနေတဲ့ Websites တွေရဲ့ အပြင်အဆင်က ဖိုရမ်တွေရဲ့ အပြင်အဆင်နဲ့ မတူသလို ဆိုဒ်တစ်ခုနဲ့ တစ်ခုကလည်း ပြင်ဆင်ပုံခြင်း မတူညီကြပါဘူး - ကျွန်တော်တို့ ဒီနေရာမှာ ဆွေးနွေးနေတဲ့ အဓိက Target က Software ရှာဖွေဖို့ ဖြစ်လို့ Websites တစ်ခုကို ရောက်တဲ့အချိန်မှာ ကိုယ်လိုချင်တဲ့ Software ကို ရှာတွေ့နိုင်အောင် အရင်ဆုံး ရှာဖွေရမှာ Software တွေ အားလုံးကို ဘယ်ခေါင်းစဉ်အောက်မှာ စထားသလဲ ဆိုတဲ့ အချက်ပါ -


ကဏ္ဍပေါင်းစုံ မျှဝေနေတဲ့ Websites တွေမှာ Software ကိုချည်း သီးသန့်ရှာဖွေချင်တယ်ဆိုရင် အထက်ဖော်ပြပါအတိုင်း Menu မှာ ရှိနေတဲ့ Applications / Software / ... စတဲ့ menu မျိုးတွေ အောက်မှာ ကိုယ်လိုချင်တဲ့ Software တွေရှာဖွေနိုင်သလို - တစ်ချို့ ဆိုဒ်တွေမှာဆိုရင် Tags / Categories ... စတဲ့ Sidebar တွေက Applications / Software / ... ဆိုတာတွေ အောက်မှာလည်း ရှိနေတတ်ပါတယ် -


( ၂ ) Search box အား အသုံးပြုပါ

တစ်ခါတစ်လေမှာ ဖော်ပြထားချက်အတိုင်း Apps တွေချည်း စုထားပြီးသား ခေါင်းစဉ်အောက်ကို ရောက်သွားပေမယ့် ကိုယ်လိုချင်တဲ့ Software ကို ရှာလို့ မတွေ့ ဖြစ်နေတတ်ပါတယ် - ဒီအချိန်မှာ ကိုယ်လိုချင်တဲ့ Software ကို အမြန်ဆုံး တွေ့ရှိနိုင်ဖို့ Search box ကို အသုံးပြုနိုင်ပါတယ် - ဒီနေရာမှာ Websites တွေရဲ့ အားနည်းချက်က ဖိုရမ်တွေလို Advanced search ရှိနေတတ်တာပါပဲ - ဒါပေမယ့် အဓိက ကျတဲ့ Search terms ကို လိုရင်းတိုရှင်းဖြည့်သွင်းရှာဖွေမယ်ဆိုရင် ကိုယ်လိုချင်တဲ့ software ကို ခဏချင်း ရှာတွေ့နိုင်ပါတယ် -


( ၃ ) ဝန်ခံမှုနှင့် အသိပေးချက်

Pirated software တွေကို full and free ပေးနေတဲ့ websites တွေကို မိတ်ဆက်ပေးတဲ့ နေရာမှာ တစ်ချို့ Websites ကောင်းတွေဟာ Adult content ( Porn ) တွေ ပါနေတာမို့လို့ ဖော်ပြချင်တာတောင် မဖော်ပြပဲ ချန်ထားခဲ့ရတာမျိုး ရှိပါတယ် - ဒါကလည်း လူငယ်တွေကို လမ်းမမှား စေချင်လို့ပါ - တော်ကြာ ကေဇက်တို့ Software ရှာခိုင်းတာ Software မရှာပဲ အဲတာချည်း ရှာနေမှ - အဲ့လို ဆိုဒ်တွေကို စစ်ထုတ်လိုက်တော့ ဆိုဒ်တော်တော်များများ စိတ်မကောင်းစရာ ကောင်းလောက်အောင် ပြုတ်ထွက်သွားပြီး ကျွန်တော့် လက်ထဲ ဖော်ပြဖို့ Websites အခု ( ၂၀ ) ပဲ ကျန်ခဲ့တော့တယ် - ဘာပဲ ပြောပြော ကျွန်တော် ဝမ်းသာပါတယ် - Pirated software တွေ ရှာနည်းရေးနေလို့ ဗီလိန် ဖြစ်မယ် ဆိုရင်တောင် ဗီလိန် အကြီးစားတော့ မဖြစ်တော့ဘူးပေါ့ဗျာ

ကျွန်တော် အောက်မှာ ဖော်ပြသွားမယ့် Websites တွေမှာ မထင်မှတ်ပဲ Adult content နဲ့ ဆက်စပ်နေမယ့် အကြောင်းအရာတွေ links တွေများ တွေ့ခဲ့ရင် မမြင်ချင်ယောင်ဆောင်ပြီး ကျော်သွားကြပါလို့ တကယ်လို့ မသင့်တော်ဘူး ထင်တဲ့ Sites တွေ့ရင်လည်း လက်တို့ကြဖို့နဲ့ ကျွန်တော့်ကို အသိပေးပေးဖို့ မေတ္တာရပ်ခံပါတယ် - ကျွန်တော် တတ်နိုင်သမျှတော့ စစ်ထုတ်ထားပါတယ် -


အဲလိုမျိုး စစ်ထုတ်လိုက်တယ်ဆိုလို့ ငါတို့တော့ ဆိုဒ်တွေ နည်းနည်းလေးပဲ သိရတော့မှာပဲ ဆိုပြီး စိတ်မညစ်သွားပါနဲ့ - ကျွန်တော်ဖော်ပြပေးမယ့် ဆိုဒ်အသီးသီးရဲ့ Side bar တွေမှာ အထက်ဖော်ပြပါ အတိုင်း ရှိနေတတ်တဲ့ သူတို့ရဲ့ Partner / Friends / ... ဆိုတဲ့ တစ်ခြား Websites links တွေကနေလိုက်ရင်း နောက်ထပ် နောက်ထပ် Unlimited Software Download Websites Links တွေ ရနိုင်ပါသေးတယ် -


နောက်တစ်နေ့မှာ ဒီ့ထက် စိတ်ဝင်စားဖို့ ကောင်းမယ့် အင်တာနက်အတွင်း Pirated Software များ ရှာဖွေခြင်း အပိုင်း ( ၃ ) ကို ဆက်ပါဦးမယ် -

PS >> ကိုနိုးတူး မေးထားတာ စာပြန်ဖို့ နောက်ကျပါဦးမယ် - လက်ညောင်းနေလို့ နားလိုက်ပါဦးမယ်


ရောက်တုန်း သီချင်းလေး နားထောင်သွားပါဦး ခင်ဗျ -


KznT.

က,ကြီး ရေးဖို့ကျောက်သင်ပုန်းရှာနေသူ

Life is what you make of it. Go out and make your dreams come true.

Last edited by KznT; 06-06-2011 at 03:54 PM..
KznT is offline   Reply With Quote
အောက်ပါအသင်းဝင် 35 ဦးတို့မှ KznT အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 17-01-2011, 08:40 PM
KznT
ကြီးကြပ်ရေးမှူး
 
KznT's Avatar
 
အသင်းဝင်နေ့စွဲ: Dec 2009
တည်နေရာ: http://www.techsectors.blogspot.com
ရေးသားချက်များ: 1,338
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 5,983
ပို့စ် 1,332 ခုအတွက် 20,392 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
KznT has a spectacular aura aboutKznT has a spectacular aura about
ပြန်စာ - အင်တာနက်အတွင်း Software ရှာဖွေခြင်း

( ၅ ) အင်တာနက်အတွင်း Pirated Software များ ရှာဖွေခြင်း ( ၃ )

ရေးချင်တာတွေများပြီး စိတ်ပဲ ရှိတယ် - လူက မလိုက်နိုင်ဘူး ဖြစ်နေတယ် - တိုးလို့တန်းလန်းတွေ များနေလို့ ဒီကဏ္ဍလေးကို မြန်မြန်ပြီးနိုင်အောင် ရှေ့ဆက်လိုက်ပါတယ် - ဒီနေ့ ဆက်သွားမယ့် အကြောင်းအရာက နည်းနည်းလေး ဆန်းတယ် - အရင်ကျွန်တော်တို့ အင်တာနက်ထဲမှာ ဆော့ဖ်ဝဲလ် ရှာတယ်ဆိုတာ အပေါ်မှာ ဖော်ပြခဲ့တဲ့နည်းတွေ ဖတ်ခဲ့ပြီးရင် ဖိုရမ်တွေ - websites တွေကို target ထားပြီး အဓိက ရှာနေတယ်ဆိုတာ သတိထားမိပါလိမ့်မယ် - အခု ဒီအဆင့်မှာ ကျွန်တော်တို့ ရှာမယ့် ပုံစံ ပြောင်းထားတယ် - ကျွန်တော်တို့ websites တွေကို အားမကိုးဘူး - ဖိုရမ်တွေပေါ် မမှီခိုဘူး - ကျွန်တော်တို့တွေ အခု ဆွေးနွေးသွားမှာ ကြားဖြတ်ရှာဖွေရေး Search Engines တွေနဲ့ ရှာဖွေမယ့်နည်းလမ်းပါ -

ဒါ့ကြောင့် ကျွန်တော်တို့ရဲ့ target ကလည်း ပြောင်းသွားတယ် - အရင် websites တွေ - ဖိုရမ်တွေမှာ ရှာခဲ့ရာကနေ အခု လူသုံးအများဆုံးနဲ့ ဖိုင်တွေ အများအပြား တစ်စုတစ်စည်းတည်းရှိရာ ကမ္ဘာအနှံ့က File hosting service တွေဆီ ဦးတည်ပါမယ် - ဘာကြောင့် သူတို့ဆီ ဦးတည်လိုက်ရတာလဲ ?? websites တွေမှာ ဖြစ်ဖြစ် - ဖိုရမ်တွေမှာ ဖြစ်ဖြစ် ကျွန်တော်တို့ ဆော့ဖ်ဝဲလ်တွေ ဝင်ရှာတဲ့ အခါ သူတို့ပေးတဲ့ download links တွေကို ကြည့်လိုက်ရင် Rapidshare, Hotfile, Megaupload, Mediafire ... စတဲ့ web hosting services တွေဆီပဲ နောက်ဆုံး ကျွန်တော်တို့ သွားကြရတာမလား - နားလည်လွယ်အောင် ဥပမာ ပေးရရင် ကျွန်တော်တို့ ခုရပ်တည်နေတဲ့ ပုံစံက အိမ်ရှင် - အိမ်ဌားနဲ့ ပွဲစား ( အကျိုးဆောင် ) သဘောနဲ့ ဆင်တယ် - ဆော့ဖ်ဝဲလ်လိုချင်တဲ့ ကျွန်တော်တို့က အိမ်ဌား - ဆော့ဖ်ဝဲလ်တွေ သိမ်းဆည်း သိုလှောင်ပေးထားတဲ့ web hosting services တွေ က အိမ်ရှင်နဲ့ - ဒီ အိမ်တွေရဲ့ ဈေးနှုန်း - အကျိုးအပြစ်နဲ့ ကောင်းကွက်ဆိုးကွက်တွေကို ထောက်ပြနိုင်တာက ပွဲစား ( အကျိုးဆောင် ) ဆိုတဲ့ ဖိုရမ်တွေ , websites တွေပေါ့ - ကျွန်တော်တို့ ခု လုပ်ဆောင်မယ့်နည်းက အကျိုးဆောင်ဆိုတဲ့ ( ပွဲစား ) ကိုကျော်ပြီး အိမ်ရှင် - အိမ်ဌား တိုက်ရိုက်တွေ့မယ့် စနစ် - ဒါကို ကျွန်တော်တို့ - How to search,find files in hosting services using search engines လို့ ခေါ်ပါတယ် -

File hosting services များ၌ Search engines များ အသုံးပြု၍ရှာဖွေခြင်း

File Hosting services တွေ ထဲမှာ Rapidshare ကတော့ အကြီးဆုံးနဲ့ လူသုံးအများဆုံး hosting service တစ်ခုပါ - Rapidshare ဟာ German company ဖြစ်ပြီး သူ့ဆီမှာ ကမ္ဘာအနှံ့က လူသန်းပေါင်းများစွာကနေ upload တင်ထားတဲ့ ဖိုင်သန်းပေါင်းများစွာ သိမ်းဆည်းထားပါတယ် - အသုံးပြုပုံကို အကြမ်းဖျဉ်း မိတ်ဆက်ရရင် ကျွန်တော်တို့ ဖိုင်တစ်ခုခုကို rapidshare မှာ upload တင်လိုက်တယ်ဆိုပါစို့ - ဒီလိုဆို download ပြန်ချနိုင်မယ့် link တစ်ခု သူက ပြန်ထုတ်ပေးပါတယ် - တကယ်လို့ ကိုယ်က ကိုယ့်ကို ပေးလိုက်တဲ့ link ကို အကြောင်းအမျိုးမျိုးကြောင့် မေ့သွားခဲ့ရင် Rapidshare search engines ကိုသုံးပြီး ပြန်ရှာတဲ့အခါ စက္ကန့်ပိုင်းအတွင်း ကိုယ့် files တွေကို ပြန်ရှာတွေ့နိုင်ပါတယ် - ဒါတင်မက သူ့ဆိုဒ်မှာ ကိုယ်တင်ထားတာ မဟုတ်တဲ့ တစ်ခြား movies, music, softwares, .. စတာတွေ အားလုံးကို လည်း ကိုယ်က links မသိပေမယ့် ဖိုင်နာမည်ကို ရိပ်ဖမ်းသံဖမ်းလောက် သိထားရင် Rapidshare search engines တွေသုံးပြီး ရှာဖွေ ရယူနိုင်ပါတယ် -

သတိပြုရန် အချက်များ

အားနည်းချက်

အကျိုးဆောင်ပွဲစားကို ကျော်ပြီး ကျွန်တော်တို့က အိမ်ရှင် – အိမ်ဌား တိုက်ရိုက် တွေ့ဆုံတဲ့ စနစ်နဲ့ ဆော့ဖ်ဝဲလ်တွေ ရှာမှာမို့လို့ Security ပိုင်းဆိုင်ရာ အားနည်းချက် ရှိတယ် ဆိုတာ သတိထားထားရပါမယ် – အိမ်တစ်လုံးကို အိမ်ရှင်တစ်ယောက်နဲ့ တိုက်ရိုက်တွေ့ပြီး ဌားမယ် – ဝယ်မယ်ဆိုရင် အိမ်တစ်လုံးရဲ့ အပြစ်အနာအဆာကို အိမ်ပိုင်ရှင်က အတိအလင်း ဖွင့်မပြော တတ်ကြသလိုမျိုး – File hosting services တွေမှာ တိုက်ရိုက် ကိုယ်လိုချင်တဲ့ ဆော့ဖ်ဝဲလ်ကို ရှာဖွေတာဟာ ကိုယ်ရှာလို့ တွေ့လာတဲ့ ဆော့ဖ်ဝဲလ်က ယုံကြည်ရသလား – virus ကင်းသလား – full ဖြစ်ရဲ့လားဆိုတာ ခန့်မှန်းနိုင်ဖို့ ခက်ပါတယ် – ဒါ့အပြင် တစ်ချို့ file တွေမှာ upload တင်သူက password ခံထားတတ်တဲ့ အတွက် ဒေါင်းလုပ်ချပြီးကာမှ password တောင်းပြီး ဖွင့်မရ သုံးမရ ဖြစ်တတ်တဲ့ အခြေအနေမျိုးတွေလည်း ရင်ဆိုင်ရတတ်ပါတယ် -

အားသာချက်

ဖိုရမ်တွေ – Websites တွေကို တစ်နေရာစီဝင်ပြီး ရှာနေရတာမျိုး မဟုတ်ပဲ hosting တွေမှာ တိုက်ရိုက် ရှာဖွေတာမျိုး မို့လို့ အချိန်ကုန်လည်း သက်သာသလို – ကိုယ်လိုချင်တဲ့ ဆော့ဖ်ဝဲလ်တစ်မျိုးတည်းကိုပဲ Hosting အသီးသီးက links အမျိုးမျိုးနဲ့ တွေ့ရှိနိုင်တာကြောင့် နှစ်သက်ရာ နေရာကနေ ရွေးချယ် download ချနိုင်ဖို့ အခွင့် အလမ်း ပိုရတတ်ပါတယ် – အကျိုးဆောင် ( ပွဲစား ) တွေ မပါတဲ့ အတွက် ဖိုရမ်တွေမှာ ပေးရတတ်တဲ့ အကျိုးဆောင်ခဆိုတဲ့ ( ပွဲစားခ ) Thank you. ဘာတွေလည်း ပေးဖို့ မလိုပါဘူး -

ခုအောက်မှာ ဖော်ပြသွားမှာကတော့ File Hosting services တွေကို Target ထားပြီး ရှာဖွေတဲ့ ရှာဖွေရေး search engines တွေထဲက အသုံးပြုဖို့ အသင့်တော်ဆုံး search engines တွေရဲ့ စာရင်း ဖြစ်ပါတယ် – ဖော်ပြရမယ့် ဆိုဒ်တွေ များလို့ ထိပ်ဆုံးတစ်ခုကိုပဲ ဥပမာအနေနဲ့ အစမ်းရှာဖွေ ဖော်ပြပေးလိုက်ပါတယ် – တတ်နိုင်သမျှ sites အားလုံးကို Adult content ကနေ ကင်းလွတ်အောင် စစ်ထုတ်ပေးထားပါတယ် - မတော်လို့ ပါသွားခဲ့ရင်လည်း pm ပို့ပြီး အသိပေးနိုင်ပါတယ် -



FilesTube – ဒီ site ကတော့ ကျွန်တော် သဘောအကျဆုံး file ရှာဖွေရေး search engine တစ်ခုပါ – ရှာရလည်း လွယ်သလို စာလုံးတစ်လုံး စရိုက်လိုက်တာနဲ့ ရှာသူများတဲ့ ဖိုင်တွေကို Auto complete suggestions နဲ့ ပြပေးတာမို့လို့ စိတ်ချမ်းသာဖို့ အင်မတန်ကောင်းပါတယ် -

အခြားသော Search Engines ကောင်းများ စာရင်း


ကော်ဖီတစ်ခွက် – ဆေးလိပ်လေး လက်ကြားညှက်ပြီး တစ်ခုချင်းစီမှာ လိုချင်တဲ့ ဖိုင်တွေရှာလို့ ရမရ စမ်းသပ်ကြည့်ကြပါဦး – ကျွန်တော် မဖော်ပြဖြစ်သေးတဲ့ တစ်ခြား Search engines တွေရှိသေးရင်လည်း တစ်ခြားသူတွေပါ သိနိုင်အောင် အကြံပြုခဲ့နိုင်ပါတယ် – အခုဖော်ပြခဲ့တဲ့ နည်းလမ်းကို ဖတ်ပြီးရင် ဖိုရမ်တွေ websites တွေ သွားစရာမလိုပဲ Full software တွေ ဘယ်လို ရှာဖွေနိုင်မယ်ဆိုတာ အတိုင်းအတာတစ်ခုထိ နားလည်နိုင်ကြလိမ့်မယ်လို့ မျှော်လင့်မိပါတယ် -

ဟုတ်ကဲ့ – တစ်ခြားနည်းတွေ ကျန်ပါသေးတယ် - နောက်နေ့ဆက်ပြီး ဖော်ပြပေးပါမယ် -


ဆက်ရန် -

က,ကြီး ရေးဖို့ကျောက်သင်ပုန်းရှာနေသူ

Life is what you make of it. Go out and make your dreams come true.

Last edited by KznT; 17-01-2011 at 09:42 PM..
KznT is offline   Reply With Quote
အောက်ပါအသင်းဝင် 37 ဦးတို့မှ KznT အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 18-01-2011, 06:06 PM
သန့်ဇင်ဌေး
အထူးအသင်းဝင်
 
သန့်ဇင်ဌေး's Avatar
 
အသင်းဝင်နေ့စွဲ: Oct 2009
တည်နေရာ: ချစ်သူရင်ခွင်
ရေးသားချက်များ: 538
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 3,650
ပို့စ် 479 ခုအတွက် 4,822 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
ပုံများ: 4
သန့်ဇင်ဌေး will become famous soon enough
ပြန်စာ - အင်တာနက်အတွင်း Software ရှာဖွေခြင်း

အကိုကျော်ဇင်သန့် အပေါ်မှာ ဆော့ဝဲ့ ရှာတာတွေ နဲ့ နည်းလမ်းလေးတွေကိုပြောထားတာ ပြီးပြည့်စုံသလောက်ဖြစ်နေပါပီ အဲ့တာဆို ကျတော်တို့ ဒေါင်းလုပ်ချဖို ဆော့ဝဲ့ ရှာတဲ့ အခါမှာကျတော့ နည်းနည်းလေး ပြသနာ တက်နေတာလေး တွေ့တယ် ဘာကို သွားတွေ့မိလည်းဆိုတော့ hotfile.com / Fileserve /Filesonic တို့ကနေ ဒေါင်းဖို့ လင့်တွေကိုသွားတွေ့မိတယ် အဲ့တော့ အကိုကျော်ဇင်သန့် ကိုလည်းအားဖြည့်တဲ့ အနေနဲ့ ကိုကြီးကျောက်ဖြု က My Premium zone ဆိုပီးတော့ Topic တခုကိုဖွင့်ပီးတော့ hotfile.com / Fileserve /Filesonic ကနေ ဒေါင်းလို့ ရအောင်လို့ နေစဉ် COOKIES တွေနဲ့ အကောင့်ကိုလည်းရရင် ရသလိုတင်ပေးနေပါတယ်။ ကျတော်ပြောချင်တာက ကိုကျော်ဇင်သန့် ပြောပြ ရှာပြထားတဲ့နေရာတွေ forum နဲ့ လင့်တွေ မှာ သွားရှာလို့ အဲ့လို hotfile.com / Fileserve /Filesonic လင့်တွေနဲ့ တွေ့လာခဲ့ပီဆိုရင် အခက်ခဲ့မရှိအောင်လို့ တင်ပေးနေတာ ဖြစ်ပါတယ် နေစဉ်တင်ပေးနေရတယ်ဆိုတာကလည်း Cookies မှာ ယာယီ Cookies နဲ့ အမြဲ့တမ်း Cookies ဆိုပီး ၂မျိုးရှိပါတယ် ။ ကျတော်တို့ တင်ပေးနေတာတွေက ယာယီ cookies တွေ ဖြစ်တဲ့တွက်နေစဉ်တင်ပေးနေရတာဖြစ်ပါတယ်။ ဒီနေရာလေးမှာပဲ့ အကိုကြီး ကျော်ဇင်သန့်ကိုတောင်းဆိုချင်တာလေး ရှိပါတယ်။ ကျတော်တို့ Cookies အကြောင်းကို နားလည်အောင် ကိုကြီးကပဲ့ ဦးဆောင်ပီးတော့ ပြောပြပေးပါဦးလို့ တောင်းဆိုချင်ပါတယ်။ အခုတော့ ကိုကျော်ဇင်သန့်ကို အားဖြည့်တဲ့ အနေနဲ့
ကိုကြီးကျော်ဇင်သန့် ပေးတဲ့ ဆိုဒ်တွေ လင့်တွေ ဖိုရမ်တွေကနေ ဆော့ဝဲ့တွေ ရှာလို့ hotfile.com / Fileserve /Filesonic တို့ကနေ လင့်တွေနဲ့ဒေါင်းရတော့မယ်ဆိုရင် အားမငယ်ပါနဲ့ ကိုကျောက်ဖြုတင်ပေးနေတဲ့ လင့်ကိုလာပီးတော့ cookies တွေကို လာယူပီး အသက်သွင်းပါ ။ အများကြီးဒေါင်းလို့ ရနိင်ပါတယ်။ ကျတော် တညတည်းနဲ့လည်း ၁၆ ဂစ်ထိ ဒေါင်းဘူးပါတယ် ။ ကိုကြီးကျောက်ဖြူလည်း ပြည်တော်ပြန်တော့မှာမလို့ ကိုကြီး ပြန်ပီးသွားတဲ့နောက်ပိုင်းမှာလည်း ကျတော် ဆက်လက်ပီးတော့ပဲ့ အမြဲ့တင်ပေးနေမှာပါ Cookies တွေကို။ ညီအကိုမောင်နှမ တွေ အကုန်လုံး ကိုကျော်ဇင်သန့်ပေးတဲ့ လင့်တွေ ဖိုရမ်တွေနဲ့ ကိုကျောက်ဖြူ ပေးတဲ့ Cookies တွေကို သုံးပီး လိုချင်တဲ့အရာတွေကို ဒေါင်းနိင်ပါစေဗျာ။
ကိုကျောက်ဖြူရဲ့ My Premium zone topics

ပရဟိတ စိတ် အပြည့်နဲ့ လူအများ အကူညီလိုအပ်မူတွေကို ကူညီကြပါစို့လား။

စိမ်းလန်းမြေ ပရဟိတ ဖိုရမ်

Thant Zin Htay

Last edited by သန့်ဇင်ဌေး; 18-01-2011 at 07:22 PM..
သန့်ဇင်ဌေး is offline   Reply With Quote
အောက်ပါအသင်းဝင် 32 ဦးတို့မှ သန့်ဇင်ဌေး အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 18-01-2011, 06:54 PM
KznT
ကြီးကြပ်ရေးမှူး
 
KznT's Avatar
 
အသင်းဝင်နေ့စွဲ: Dec 2009
တည်နေရာ: http://www.techsectors.blogspot.com
ရေးသားချက်များ: 1,338
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 5,983
ပို့စ် 1,332 ခုအတွက် 20,392 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
KznT has a spectacular aura aboutKznT has a spectacular aura about
ပြန်စာ - အင်တာနက်အတွင်း Software ရှာဖွေခြင်း

( ၆ ) အင်တာနက်အတွင်း Pirated Software များ ရှာဖွေခြင်း ( ၄ )

ဒီအကြောင်းကို ရေးချင်တာ ထိပ်ဆုံးက ထားရေးချင်တာ - ဘာလို့လည်းဆိုတော့ အင်တာနက်ထဲမှာ ပြန့်နှံ့နေသမျှ Pirated Software တွေ အားလုံးရဲ့ ရင်းမြစ်တော်တော်များများက ခု ဒီကဏ္ဍမှာ ဖော်ပြမယ့် Torrent တွေကနေ ထွက်လာတာ မို့လို့ - ဒါပေမယ့် Torrent အကြောင်းက ကျွန်တော် Torrent ဘာလဲ Torrent ဘယ်လဲ ?? ဆိုပြီး ၂၀၁၀ ( ၃ ) လပိုင်းကတည်းက ရေးထားပြီးသား ရှိနေတယ် - အားလုံးကို တတ်နိုင်သမျှ ဖတ်ခဲ့ဖူးတဲ့ စာတွေထဲကရော - ကိုယ်တိုင်ကြုံခဲ့တဲ့ အတွေ့အကြုံနဲ့ ပေါင်းပြီး ရေးထားတာမို့လို့ အချိန်ပေးပြီး ဖတ်နိုင်မယ်ဆိုရင် အဲ့ပို့စ်ကို ဆုံးအောင်ဖတ်ပြီးတဲ့ အချိန်မှာ Torrent ရဲ့ သဘောကို တော်တော် တီးမိခေါက်မိ ရှိသွားလိမ့်မယ်ဆိုတာ ကျွန်တော် အာမခံပါတယ် - Torrent ဘာလဲ Torrent ဘယ်လဲ ?? မှာ တော်တော်များများ အသေးစိတ် ရေးထားပြီးသားမို့လို့ ဒီကဏ္ဍမှာတော့ ဆောင်ရန် ရှောင်ရန် အနည်းအကျဉ်းနဲ့ Torrent sites ကောင်းတွေကိုပဲ အသားပေးဖော်ပြနိုင်ဖို့ ကြိုးစားလိုက်ပါတယ် -

သတိပြုရန် အချက်များ

( ၁ ) ယုံကြည်ရသော Torrent sites များမှ ဦးစားပေးရွေးချယ်ပါ

Torrent သုံးနေကျ လူတစ်ယောက်က Software တစ်ခုခု လိုလာရင် နောက်ပိုင်း ဖိုရမ်လည်း မသွားတော့ဘူး - ဘယ် ဆော့ဖ်ဝဲလ် ဝေမျှတဲ့ ဆိုဒ်ကိုမှလည်း မဝင်ဘူး - ဘယ် File search engines ကိုမှလည်း မသုံးတော့ဘူး - သူတို့ ဘယ်သွားရှာလဲဆို Torrent ဆိုဒ်တွေနဲ့ Torrent search engines တွေရှိရာဆီပဲ သွားရှာတော့တယ် - အဲလိုရှာတဲ့ခါမှာ သတိထားသင့်တဲ့ တစ်ချက်က Torrent sites တွေ အများကြီးထဲမှာ လူသုံးများပြီး ပြဿနာနည်းတဲ့ Torrent sites တွေ သွားဖြစ်ဖို့ လိုပါတယ် - အဲလို Torrent sites မျိုးတွေကိုသွားမှ ကိုယ်လိုချင်တဲ့ ဆော့ဖ်ဝဲလ်ကို ခဏချင်း ရှာလို့ တွေ့နိုင်သလို - တွေ့တဲ့ torrent ကလည်း seeds များတဲ့ torrent ရတတ်ပါတယ် - အဲတော့ ဘယ် Torrent sites တွေကို အကောင်းဆုံးလို့ ထင်ပါသလဲ ဆိုတဲ့ မေးခွန်းရှိလာပါတယ် - အောက်မှာ ဖော်ပြထားတဲ့ Torrent sites တွေပါ -

သိထားသင့်သော Torrent sites များ




( ၂ ) Torrent Search Engines များ အသုံးပြုပါ

တစ်ခါတစ်လေမှာ Torrent sites တွေသွားပြီး ရှာတာထက် - Torrent Search Engines သုံးပြီး ရှာလိုက်တာက ကိုယ်လိုချင်တဲ့ ဆော့ဖ်ဝဲလ်ကို ပိုပြီး မြန်မြန်ရှာတွေ့တတ်ပါတယ် - များသောအားဖြင့် Torrnet တွေမှာ စကားပြောတာ Seeds အရေအတွက် ဖြစ်တဲ့အတွက် - Torrent site တစ်ခုတည်းမှာပဲ အမြဲ ပုံမှန်ရှာနေရင် ကိုယ်လိုချင်တဲ့ ဆော့ဖ်ဝဲလ်ကို Seeds အရေအတွက် များများနဲ့ တွေ့နိုင်ဖို့ ဆိုတာ အမြဲ မသေချာတတ်ပါဘူး - ဒ့ါကြောင့် Torrent Search Engines ကို သုံးခြင်းဟာ ကိုယ်လိုချင်တဲ့ ဆော့ဖ်ဝဲလ်တစ်ခုတည်းကို Torrent Sites ပေါင်းစုံကလာတဲ့ Seeds ပမာဏ အမျိုးမျိုးနဲ့ တွေ့ရဖို့ တစ်ခုတည်းသော နည်းလမ်းဖြစ်ပါတယ် - အောက်မှာ ဖော်ပြထားတာတွေက Torrent ရှာဖွေရာမှာ အသုံးပြုသင့်တဲ့ Search Engines စာရင်း ဖြစ်ပါတယ် - တစ်ခုချင်း လေ့လာကြည့်ပါ -

( 1 ) Torrentz



( 2 ) Btjunkie


( 3 ) TorrentScan


( 4 ) Google


Google က ဘယ်က ပါလာတာလဲလို့ ထင်စရာရှိပါတယ် - Google ကိုလည်း Torrent Search Engine တစ်ခုလို အသုံးပြုနိုင်ပါတယ် - အသုံးပြုနည်းက မိမိရှာချင်တဲ့ ဆော့ဖ်ဝဲလ်ရဲ့ နာမည်နဲ့ အတူ filetype:torrent ဆိုပြီး ပူးတွဲ ရှာဖွေတဲ့နည်းပါ - အောက်မှာ ဥပမာတစ်ခု ရှာပြပေးထားပါတယ် -


( 5 ) Toorgle


( 6 ) CompleteTorrent


( 7 ) SumoTorrent


( ၃ ) Download မယူခင် လေ့လာပါ

Torrent Download ကိုသုံးမယ်ဆိုရင် တစ်ခြား ဖိုရမ်တွေ websites တွေက ပေးတဲ့ Uploading sites တွေက download links တွေထက် ပိုပြီး ဂရုစိုက်ဖို့လိုပါတယ် - ဘာကြောင့်လဲဆို Torrent sites တွေမှာ fake torrents တွေ အရမ်းများလို့ပါ - အဲ့တာကြောင့် fake torrents တွေကို အချိန်ကုန်ခံပြီး ဒေါင်းလုပ်မချမိအောင် အောက်ဖော်ပြပါ အချက်တွေကို ဒေါင်းလုပ်မချမီတည်းက ကြိုတင်လေ့လာထားသင့်ပါတယ် -

- ( ၁ ) Comments များအား အမြဲစစ်ဆေးပါ

Torrent files တစ်ခုခုကို ဒေါင်းလုပ်မချခင် အရင်ဆုံး ဖတ်သင့်တာ သူ့ Torrent files နဲ့ သက်ဆိုင်ရာ ခေါင်းစဉ်အောက်က Comments တွေပါ - Comments ဆိုတာ ကိုယ့်ထက် အရင် ဒီ Torrent files ကို ဒေါင်းလုပ်ချထားပြီးသား လူတွေရဲ့ အတွေ့အကြုံကို ခြေရာခံတာ ဖြစ်ပါတယ် - သူတို့တွေက comments မှာ အဲ့ဒီ့ torrent ပြဿနာ တစ်စုံတစ်ရာ တက်ခဲ့ဖူးသလား - ပြဿနာတက်ခဲ့ဖူးရင် ( ၁ ) ယောက်တည်း တက်တဲ့ ပြဿနာလား - ဒေါင်းလုပ်ချတဲ့ သူတိုင်း တက်တဲ့ ပြဿနာလား - ဆိုလိုတာ ( ၁ ) ယောက်တည်း တက်တဲ့ ပြဿနာဆိုရင် လူတစ်ယောက်တည်းကပဲ ဒီ torrent ကို အဆင်မပြေဘူး မကောင်းဘူး ပြောပြီး ကျန်တဲ့သူတွေက သုံးလို့ အဆင်ပြေကြောင်း ချီးမွန်းထားတဲ့ စာမျိုးတွေ့ရပါလိမ့်မယ် - တကယ်လို့ Comments မှာ ဒေါင်းလုပ်ချတဲ့ သူတိုင်းက ပြဿနာရှိသလို ရေးထားရင်တော့ ကိုယ်ဒေါင်းလုပ်ချသင့် မချသင့် ပြန်စဉ်းစားသင့်ပါပြီ - တကယ်လို့ This file is fake, do not download it. ဆိုတာမျိုး လူတော်တော်များများရေးထားလို့ကတော့ သူ့ဘာသာသူ Seeders ဘယ်လောက်များများ စောစောတည်းက ဝေးဝေးကသာရှောင်ပါ -

- ( ၂ ) Password Instructions, Special Instructions, ဆိုသည်များပါလျှင် သတိထားပါ

များသောအားဖြင့် fake torrents တွေဟာ လူစိတ်ဝင်စားမှုများတဲ့ movie/music torrent တွေမှာ ပို အဖြစ်များပါတယ် - ဒါ့ကြောင့် ကိုယ် ဒေါင်းလုပ်ချမယ့် movie/music torrent ဖိုဒါထဲမှာ ဖိုင်တွေကို rar နဲ့ ချုံ့ထားပြီး သူ့အပြင်မှာ 'password', 'special instructions', 'codec instructions', 'unrar instructions, 'important read me first', 'download instructions here', ဆိုတာမျိုး နောက်ထပ်ဖိုင်တွေ ပူးတွဲပါနေရင် အထူးသတိထားပါ - အဲလို torrent တွေက များသောအားဖြင့် fake torrents တွေ ဖြစ်နေတတ်ပါတယ် - အဲလိုဖိုင်တွေဟာ ဒေါင်းလုပ်ချမိရင် အချိန်သာကုန်ပြီး စက်ထဲ ရောက်လာချိန်မှာ ဖွင့်လို့ မရတာ - Rar password လိုချင်ရင် တစ်ခြား ဆိုဒ်တစ်ခုဆီ လိုက်ယူလှည့်ဖို့ ခေါ်တာ - လိုက်သွားရင်ကျ password လည်း မရ ဘာမှလည်း မရှိဖြစ်တာ စသဖြင့် မျိုးစုံ ခံရတတ်ပါတယ် - ကိုယ်တွေ့ပါ နောက်ပြီး movie/music torrent တွေ ဒေါင်းလုပ်မချခင် သူ့ဖိုဒါထဲမှာ exe ဆိုတဲ့ executable file များပါလာခဲ့လို့ ကတော့ ဝေးဝေးက ရှောင်ပါ - movies/music ဖိုင်ကို ဒေါင်းလုပ်ချဖို့ လုပ်နေတာ executable file တွေ ပါဖို့ လိုမှ မလိုတာ - ဒါဟာလှည့်ကွက်တစ်ခု ဖြစ်ဖို့ % ပိုများတတ်ပါတယ် -

- ( ၃ ) 'Verified' Status ကို အားကိုးပါ

'Verified' Status ဆိုတာ ကိုယ် ဒေါင်းလုပ်ချမယ့် torrent နဲ့ ပတ်သတ်ပြီး ဒေါင်းလုပ်မချခင်မှာ ဘယ်လောက်ထိ ယုံကြည်ရလဲ ဆိုတာ ဆန်းစစ်ဖို့ နည်းလမ်းပါ - 'Verified' Status က torrent sites တိုင်းမှာ မရှိဘူး - Isohunt တို့ Thepiratebay တို့မှာတော့ ရှိတယ် - ဘယ်လိုမျိုးလဲဆိုတာ ဥပမာ သိချင်ရင် အောက်ဖော်ပြပါပုံကို ကြည့်ပါ - ကျွန်တော် အနီနဲ့ ဝိုင်းပြထားတာဟာ Trusted, VIP ဆိုတဲ့ Torrents အများကြီးထဲမှာမှ စိတ်ချရတဲ့ torrent တွေ ဖြစ်ပါတယ် -


တစ်ခြား torrent sites တွေမှာလည်း ခုလိုမျိုး ပုံစံဆင်ဆင်တူတဲ့ 'Verified' Status တွေ ရှိပါတယ် - သူတို့ကိုကြည့်ပြီး အရည်အသွေးကောင်းတဲ့ torrent ကို ရွေးယူနိုင်ပါတယ်

- ( ၄ ) FakeFinder အား အသုံးပြုပါ

Fenopy ကနေပြီး fake torrents တွေရဲ့ ရန်က ရှောင်ရှားနိုင်ဖို့ FakeFinder ဆိုပြီး ထုတ်ထားတာ ရှိပါတယ် - သူ့ရဲ့ FakeFinder lists မှာ torrent လောကထဲက လူတိုင်းခံနေရတဲ့ popular fake torrents တွေကို စာရင်း ပြုစုထားပြီး နောက်ဆုံးထွက် fake trackers တွေကိုလည်း အမြဲ ခြေရာခံနေပါတယ် - သူ့ကိုသုံးပြီး keyword နဲ့ ဖြစ်စေ infohash နဲ့ ဖြစ်စေ fake torrents တွေကို ရှာဖွေနိုင်ပါတယ် -

infohash ကို ဘယ်က ရနိုင်မလဲ ဆိုရင် ကိုယ် ဒေါင်းလုပ်ချလိုက်တဲ့ torrent files ရဲ့ Details ကနေ သိနိုင်ပါတယ် -


ဖော်ပြပါအတိုင်းတွေ့ရတဲ့ hash ကို copy ကူးပြီး FakeFinder မှာသွားရှာရင် အောက်ဖော်ပြပါအတိုင်း Verified torrent ဖြစ်မဖြစ် fake torrents ဟုတ်မဟုတ် သိရပါလိမ့်မယ် -


ဒီအချက် လေးချက်လောက်ကို ဂရုစိုက်ထားရင် fake torrents တွေကို အတတ်နိုင်ဆုံး ရှောင်ရှားနိုင်ပါလိမ့်မယ် -

Torrent နဲ့ ပတ်သတ်ပြီး ကျွန်တော် အကြံပြုနိုင်သလောက်တော့ ဒါ အကုန်ပါပဲ - ဒါ့ကြောင့် torrent အသုံးပြုလိုသူများ အခုပဲ Torrent ဘာလဲ Torrent ဘယ်လဲ ?? ကို စဖတ်ကြည့်ကြဖို့ တိုက်တွန်းလိုက်ပါတယ် -

ဟုတ်ကဲ့ နောက်ထပ်နည်းတွေ ကျန်ပါသေးတယ် - နောက်နေ့ ရှေ့ဆက်ပါဦးမယ်


က,ကြီး ရေးဖို့ကျောက်သင်ပုန်းရှာနေသူ

Life is what you make of it. Go out and make your dreams come true.

Last edited by KznT; 18-01-2011 at 07:12 PM..
KznT is offline   Reply With Quote
အောက်ပါအသင်းဝင် 32 ဦးတို့မှ KznT အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 19-01-2011, 08:57 PM
KznT
ကြီးကြပ်ရေးမှူး
 
KznT's Avatar
 
အသင်းဝင်နေ့စွဲ: Dec 2009
တည်နေရာ: http://www.techsectors.blogspot.com
ရေးသားချက်များ: 1,338
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 5,983
ပို့စ် 1,332 ခုအတွက် 20,392 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
KznT has a spectacular aura aboutKznT has a spectacular aura about
ပြန်စာ - အင်တာနက်အတွင်း Software ရှာဖွေခြင်း

Quote:
Originally Posted by နိုးတူး View Post
တစ်ခုမေးချင်လို့ပါအကို..ကျွန်တော် အဲဒီ ဖိုရမ်တွေမှာ ၀င်ထားတာအားလုံးကို passwd တစ်ခုထဲနဲ့ လုပ်ထားတယ် အဲဒါ ကောင်းပါသလား အကို..
အားလုံးအတွက် ကျေးဇူးအထူးတင်ပါတယ်..
တစ်ခြားဟာ မဖြေခင် ကိုနိုးတူးမေးထားတာ အရင် ဖြေရမယ်ခင်ဗျ - သူမေးထားတာ ကြာပြီ - ကိုနိုးတူးရေ အဲ့အကြောင်းကတော့ ဖိုရမ်မှာ ရေးပေးထားကြတာ တော်တော်ကြီး ပြည့်ပြည့်စုံစုံ ရှိတယ်ခင်ဗျ - Passwords များ လုံခြုံရေး သတိပြုနိုင်ကြစေရန် ဆိုတဲ့ ခေါင်းစဉ်အောက်မှာ လေ့လာကြည့်ပေးပါ။

Quote:
Originally Posted by သန့်ဇင်ဌေး View Post
ဒီနေရာလေးမှာပဲ့ အကိုကြီး ကျော်ဇင်သန့်ကိုတောင်းဆိုချင်တာလေး ရှိပါတယ်။ ကျတော်တို့ Cookies အကြောင်းကို နားလည်အောင် ကိုကြီးကပဲ့ ဦးဆောင်ပီးတော့ ပြောပြပေးပါဦးလို့ တောင်းဆိုချင်ပါတယ်။
ဟုတ်ကဲ့ Cookies အကြောင်းပြောရင် နည်းနည်းတော့ ရှည်မယ်ခင်ဗျ - ရှည်ရှည်လျားလျား ပြောရတာ ဝါသနာကြီးလို့တော့ မဟုတ်ဘူး - ခဏခဏ ပြန်မေးပြန်ဖြေနဲ့ လိုရင်း မရောက်မှာ စိုးလို့ တစ်ခါတည်း မမေးခင်တည်းက ရှင်းရတာပါ - ဆိုကြပါစို့ ကျွန်တော်တို့တွေ RapidShare မှာဖြစ်ဖြစ် တစ်ခြား file-hosting services တွေ အားလုံးနီးပါးဟာ free users သုံးသူတွေကို ( ကျွန်တော်တို့လို လူမျိုး ) စိတ်ကသိကအောက် ဖြစ်အောင် လုပ်ထားတာတွေ ရှိပါတယ် ( ဒါကလည်း သူတို့က free service ပေးတာမှ မဟုတ်တာ အပြစ်ပြောစရာတော့ မရှိပါဘူး ) - ဥပမာ ပြောရရင် 1 MB ပဲ ချချ ဘယ်လောက်ပဲ ချချ စစချချင်း ဘယ်နမိနစ် စောင့်ပါဆိုတာကြီး တက်လာတယ် - အဲတာကို စောင့်ရတယ် - ချပြီးသွားတော့လည်း နောက်တစ်ခု ဆက်ချချင်ရင် အဲ့ထက် ပိုစောင့်ရပြန်ရော - တစ်ချို့ဆိုဒ်တွေဆို download managers တွေဘာတွေ ပေးမသုံးဘူး - အဲ့တော့ စောင့်ရတာ စိတ်မရှည်တဲ့သူတွေ - ပိုက်ဆံပေးဖို့လည်း မတတ်နိုင်တဲ့သူတွေက နောက်ပိုင်း Rapidshare auto downloader တို့ Jdownloader တို့ သုံးလာကြတယ် - တစ်ခြားဟာတွေလည်း အများကြီးပဲ - တစ်ချို့ဆိုဒ်တွေကျတော့ Rapidshare premium acc ဆိုပြီး သူ့ ဆိုဒ်ကို ဝင်တဲ့ users တွေကို မက်လုံးပေးပြီး ပေးသုံးတယ် - ပေးသုံးတယ် ဆိုတာကလည်း စိတ်အဆာပြေ ထိုးကျွေးတဲ့ သဘောလောက်ပါ - အဲ့လို ထိုးကျွေးတာ ကျွန်တော်လည်း ဝင်စားဖူးတယ် ၁၀ မိနစ်မခံဘူး ဖြုတ်ခနဲပဲ - နိုင်ငံပေါင်းစုံက လူတွေ ဒီ premium acc တစ်ခုတည်းကို ဝိုင်းဆွဲကြတော့ ကြာရှည်မခံဘူးပေါ့ - ခဏချင်းနဲ့ limit က ကုန်ကုန်သွားတယ် - နောက်ပိုင်းကျတော့ အဲလိုလုပ်တာတွေ Rapidshare က သိပြီး Premium accounts တွေကို IP နဲ့ လိုက်စစ်တယ် - ဥပမာ မြန်မာနိုင်ငံ IP နဲ့ လုပ်ထားတဲ့ Premium account တစ်ခုကို မြန်မာနိုင်ငံက မဟုတ်တဲ့ တစ်ခြား IP တွေနဲ့ သုံးနေတာ တွေ့ရင် account ကို ဘန်းတယ် - အပြီးဘန်းတာမျိုးတော့ မဟုတ်ဘူး - မူရင်း account ဖန်တီးထားသူဆီပါ mail ပို့ပြီး မင်းအကောင့်ကိုတော့ ဘယ် IP နဲ့ သူတွေ သုံးနေကြတယ် - အဲတာ ငါတို့က မင်း acc လုံခြုံရေးအတွက် ခဏ ဘန်းထားတယ် - မင်းပြန်သုံးချင်ရင် ဘာတွေ ဘာတွေ ပြန်ဖြည့်ပြီး activate ပြန်လုပ်ဆိုတာမျိုးနဲ့ ကန့်သတ်လာတယ် - နောက်တစ်ခုက Cookies - Cookies အကြောင်း မပြောခင် Cookies က ဘာလဲ ဆိုတာ အရင်ပြန်ရှင်းမှ ရမယ် -

Cookies ကို web cookie, browser cookie, HTTP cookie ဆိုပြီး မျိုးစုံ ခေါ်တာ ရှိတယ် - သူ့ရဲ့ သဘောက ကျွန်တော်တို့ Computer ရဲ့ Browser ကနေ တစ်ဆင့် Website တစ်ခုခုကို လှမ်းပြီး access လုပ်တဲ့ အချိန်မှာ Internet server ကနေ ကိုယ့်ကွန်ပြူတာထဲကို လှမ်းပို့ပေးလိုက်တဲ့ data package - အဲ့ထဲမှာ ဘာတွေ ပါမလဲ ဆိုရင် Site တစ်ခုရဲ့ အပြင်အဆင် နဲ့ တည်ဆောက်ပုံတွေ - တစ်ခြား contents တွေ မျိုးစုံပါပါ တယ် - ဒီ cookies တွေကို authentication ( အစစ်အမှန်ဖြစ်မဖြစ် သက်သေခံတဲ့နေရာ ) မှာ မှတ်သားထားဖို့ - နောက်ပြီး site တစ်ခုရဲ့ အပြင်အဆင်တွေ - ကိုယ့် ဈေးဝယ်ကတ်မှာပါတဲ့ contents တွေ စသဖြင့် Privacy နဲ့ ဆိုင်တဲ့ data တွေ သိမ်းဆည်းထားဖို့အတွက် အသုံးပြုပါတယ် - သူ့ထဲမှာ အဲလို သတင်းအချက်အလက်နဲ့ ကိုယ်ရေးကိုယ်တာ လုံခြုံရေးအချက်အလက်တွေ ပါလို့ cookies တွေကို encrypted လုပ်ပေးထားတယ် - Cookies တွေဟာ အဲလိုမျိုး ကိုယ်ဘာလုပ်တယ် ဘယ်ကိုသွားတယ် ဘာတွေသွင်းတယ်ဆိုတဲ့ ကိုယ်ရေးကိုယ်တာ သတင်းအချက်အလက်တွေကို သိမ်းတတ်တာမို့လို့ Internet service providers တွေရဲ့ ထောက်လှမ်းမှုရန် - Hacker တွေရဲ့ ရန် - Malicious software တွေရဲ့ ရန်ကနေ ရှောင်ရှားနိုင်အောင် တစ်ချို့ လူတွေက ကိုယ်ဘယ်သွားတယ် ဘာလုပ်တယ်ဆိုတာ ခြေရာခံလို့ မရအောင် Browser ရဲ့ Incognito window ဆိုတာမျိုး သုံးလာကြတယ် - Chrome သမားတွေ မြင်ဖူးမှာပါ။


အဲ့တော့ Cookies အကြောင်းကို အနည်းအကျဉ်း သိပြီဆိုရင် အခု Rapidshare တို့ ဘာတို့မှာ သုံးတဲ့ Cookies အကြောင်းလာပါပြီ - Rapidshare - Hotfile - စတဲ့ file-hosting services တွေက အပေါ်မှာ ပြောတဲ့ Cookies ရဲ့ လုပ်ဆောင်ချက်တွေထဲက cookie-based authentication ကိုသုံးပါတယ် - ဆိုလိုတာ ဒီလူဟာ ရိုးရိုး users လား - Premium users လားဆိုတာ - Cookies မှာပါတဲ့ information ကိုကြည့်ပြီး ခွဲခြားတာမျိုးပါ - အဲ့တာကြောင့် Premium users တစ်ယောက်ဟာ service ထဲကို သူ့ username - သူ့ password နဲ့ log in ဝင်လိုက်တာနဲ့ အဲ့ဒီ့ site ရဲ့ Premium users တစ်ယောက်အဖြစ် cookies က မှတ်သွားတယ် - အဲ့ဒီ့ Premium users အဖြစ်မှတ်ယူထားတဲ့ Cookies က Data တွေကို ကျွန်တော်တို့က ယူတယ် - နောက် Cookie Editor ဆိုတဲ့ Add-ons မျိုးနဲ့ ကိုယ့် Browser က သုံးတဲ့ Cookies မှာ ရိုးရိုး users ကို Premium users အဖြစ် server က အထင်မှားသွားအောင် ပြင်ယူတယ် - အဲဒီ့ ပြင်ယူထားတဲ့ Cookies နဲ့ server ကို လှမ်းပြီး access လုပ်တယ် - ဒါကို server က မသိသေးခင် အချိန်ထိတော့ ကိုယ်က Premium user အဖြစ် သုံးလို့ ရနေတာပေါ့ - သိသွားရင်တော့ သုံးလို့ မရတော့ဘူး - ဒီလောက်ပါပဲ Cookies အကြောင်းက - သူ့အကြောင်း အရှည်သိချင်သေးရင် ဒီနေရာမှာ လေ့လာနိုင်ပါသေးတယ်။


KznT.

က,ကြီး ရေးဖို့ကျောက်သင်ပုန်းရှာနေသူ

Life is what you make of it. Go out and make your dreams come true.

Last edited by KznT; 20-01-2011 at 02:13 PM..
KznT is offline   Reply With Quote
အောက်ပါအသင်းဝင် 31 ဦးတို့မှ KznT အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 25-01-2011, 01:23 AM
KznT
ကြီးကြပ်ရေးမှူး
 
KznT's Avatar
 
အသင်းဝင်နေ့စွဲ: Dec 2009
တည်နေရာ: http://www.techsectors.blogspot.com
ရေးသားချက်များ: 1,338
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 5,983
ပို့စ် 1,332 ခုအတွက် 20,392 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
KznT has a spectacular aura aboutKznT has a spectacular aura about
ပြန်စာ - အင်တာနက်အတွင်း Software ရှာဖွေခြင်း

( ၇ ) အင်တာနက်အတွင်း Software အဟောင်းများ ရှာဖွေခြင်း

တစ်ခြား ကိစ္စတွေဘက်လှည့်နေလို့ ဆက်မရေးဖြစ်ပဲ တော်တော်ကြာသွားတယ် - တစ်ခြား ပြောချင်တာလေးတွေ ရှိနေသေးလို့ ဒီနေ့ အင်တာနက်အတွင်း Software ရှာဖွေခြင်းကို အဆုံးသတ်နိုင်အောင် ကြိုးစားလိုက်ပါတယ် -

ကျွန်တော်တို့တွေ တစ်နေ့နဲ့ တစ်နေ့ ထွက်သမျှ အင်တာနက်ထဲက အသစ်အသစ်သော Software တိုင်းကို ရယူနိုင်ဖို့သာ ကြိုးစားနေကြတာ - Updated software တွေ သုံးတိုင်း ကိုယ့်စက်ရဲ့ စွမ်းဆောင်ရည်ကို အရင်ကထက် ပိုကောင်းသွားမယ် - ပြဿနာမရှိနိုင်ဘူး ဆိုတာ သေရော သေချာပါရဲ့လား - ကျွန်တော့်စက်မှာ ဖြစ်ဖူးတယ် တစ်ခါက - အဲ့တုန်းက Windows Vista ပေါ်ခါစ - Window အသစ်အဆန်းဆိုတော့ ပြောင်းသုံးကြည့်ချင်တာနဲ့ Vista ကိုပြောင်းလိုက်တယ် - မကြာပါဘူး Vista မှာ ပြဿနာ အကြီးအကျယ်တက်တော့ပါပဲ - ဟို Software တင်ရင် လက်မခံ - ဒီ Software တင်တော့ မရ - တင်လို့ ရတဲ့ဟာ ကျပြန်တော့ ဒီဘက်တစ်ခုဖွင့်လိုက်ရင် ဟိုဘက်တစ်ခုနဲ့ ညှိပြီး သုံးလို့ မရဖြစ် - နောက်ဆုံး ပြဿနာ အရင်းအမြစ်ကို လိုက်ရှာတော့ Updated software တွေ ကို လက်သင့် မခံနိုင်တာ - အဲ့တာနဲ့ သုံးနေကျ Software တွေကို ဖြုတ်ချပြီး သူတို့နဲ့ အမျိုးအစားတူပြီး Version နိမ့်တဲ့ Software တွေကို ကျွန်တော်လိုက်ရှာရတယ် - အင်တာနက်က လိုချင်တာသာ ရတာ ရတဲ့နေရာကို မသွားတတ်ရင် အလကားပဲ - နောက်ပြီး လူတိုင်း updates သုံးနေတဲ့ အချိန်မှာ ကိုယ်က Version အဟောင်းလိုက်ရှာနေတယ်ဆိုတော့ စဉ်းစားကြည့်ရင် ရီဖို့တောင် ကောင်းသေးတော့ - ဒါပေမယ့် ကိုယ့်အိုးနဲ့ ကိုယ့်ဆန် တန်ယုံပဲ ကောင်းတယ်လေ - ဒါက Vista နဲ့ ပတ်သတ်ပြီး ဖြစ်တာ - တစ်ချို့ စက်တွေမှာက Hardware requirements နဲ့ မကိုက်လို့ နောက်ဆုံးထွက် Software တွေ သုံးလို့ မရတာမျိုးလည်း အများကြီး ရှိသေးတယ် -

အဲ့တော့ ကိုယ့်အိုးနဲ့ ကိုယ့်ဆန် တန်ယုံပဲ ဖြစ်မယ့် Software အဟောင်းလေးတွေကို အသုံးလိုလာတဲ့ အချိန် ဘယ်နေတွေမှာ ရှာလို့ တွေ့နိုင်မလဲ - ဟုတ်ကဲ့ နေရာတွေ ရှိပါတယ် -

( 1 ) Versiondownload


VersionDownload ဟာ ကိုယ့် ကွန်ပြူတာနဲ့ သုံးလို့ သင့်တော်မယ့် popular ဖြစ်တဲ့ software ရော - popular မဖြစ်တဲ့ software တွေရဲ့ versions အဟောင်းတွေကိုပါ ရယူနိုင်မယ့် နေရာကောင်းတစ်ခု ဖြစ်ပါတယ် - ကိုယ်ရှာဖွေချင်တဲ့ Software ကို Search box ကနေ ဖြစ်စေ - category ကနေတစ်ဆင့် ဖြစ်စေ ဝင်ရောက်ရှာဖွေနိုင်ပါတယ် -

( 2 ) OldVersion


OldVersion.com ဆိုတာလည်း ဖော်ပြခဲ့ပြီးသလို ကိုယ့်ကွန်ပြူတာကို Upgrade လုပ်ပြီး သုံးဖို့ မဖြစ်နိုင်တဲ့ သူတွေ - Hardware requirements လိုနေလို့ နောက်ဆုံး Versions သုံးဖို့ မတတ်နိုင်တဲ့ ကွန်ပြူတာတွေ အတွက် programs အမျိုးမျိုးရဲ့ versions အဟောင်းတွေ ရှာဖွေရယူနိုင်မယ့် နေရာဖြစ်ပါတယ် -

( 3 ) OldApps


OldApps ကတော့နည်းနည်းလေး ထူးခြားပါတယ် - သူ့ဆီမှာ Windows users တွေအတွက် လူသုံးများတဲ့ programs တွေရဲ့ Versions အဟောင်းတွေ ရှိသလို တစ်ခြား OS တွေဖြစ်တဲ့ Mac users တွေအတွက်လည်း Mac software versions အဟောင်း တွေ ရှိပါတယ် -


ခုနောက်တိုး Linux users တွေ အတွက်လည်း versions အဟောင်းတွေ ဖြည့်ဆည်းပေးနေပြီး လောလောဆယ် အခြေမှာတော့ still under construction ပါ -

ခုဖော်ပြခဲ့သလောက်ဆို အင်တာနက်ထဲမှာ ကိုယ့်ကွန်ပြူတာ အတွက်လိုအပ်မယ့် software versions အဟောင်းတွေ ဘယ်နေရာမှာ ရှာဖွေနိုင်မယ်ဆိုတာ အကြမ်းဖျဉ်း သဘောပေါက်လောက်ပါလိမ့်မယ် - နောက်ဆုံးအနေနဲ့ မိသားစုဝင်များကို တစ်ခု အကြံပေးချင်တာ Software ဆိုတာ သစ်တိုင်းလည်း ကောင်းတာ မဟုတ်ပါဘူး - ကိုယ့်ကွန်ပြူတာရဲ့ အခြေခံ Hardware ပြင်ဆင်ပါဝင်မှုကိုကြည့်ပြီး ကိုယ့်အတွက် သင့်တော်မယ့် versions အဟောင်းကို အသုံးပြုကြဖို့ တိုက်တွန်းလိုပါတယ်။

( ၈ ) နိဂုံး

ကျွန်တော် အင်တာနက်အတွင်း Software ရှာဖွေခြင်းကို ဒီလဆန်းပိုင်းက စရေးခဲ့တယ် - ခု လလည်း ကုန်ခါနီးပြီ - အကြမ်းဖျဉ်းအားဖြင့် လုံလောက်နိုင်ပြီလို့ သုံးသပ်မိပါတယ် - အင်တာနက်အတွင်း Software ရှာဖွေခြင်းဆိုပြီး ခေါင်းစဉ်တပ်ထားပေမယ့် ဒီခေါင်းစဉ်အောက်မှာ တစ်ခြား မိမိအတွက် အသုံးလိုမယ့် Ebooks တွေ - သီချင်းတွေ - နိုင်ငံခြားဇာတ်ကားတွေ ကနေ စပြီး တစ်ခြား အလိုရှိရာတော်တော်များများကို သင့်တော်သလို Search terms ပြောင်းပြီး ရှာဖွေနိုင်ပါသေးတယ် ဆိုတာ အသိပေး ပြောကြားရင်း တစ်လတာကြာမြင့်ခဲ့တဲ့ ရေးသားမှုကို ဒီမှာပဲ အဆုံးသတ်လိုက်ပါတယ် -

Quote:
ရေးသားချက် အားလုံးကို ဖတ်ရှုပြီး တစ်စုံတစ်ရာ အကျိုးဖြစ်ထွန်းခဲ့မယ်ဆိုရင် အနာဂတ် မြန်မာမိသားစုဖိုရမ်မှာ တောင်းခံလာသမျှ အခြား မိသားစုဝင်များတဲ့ Software လိုအပ်ချက် မှန်သမျှကို တတ်နိုင်တဲ့ တစ်ဖက်တစ်လှမ်းက ကူညီ ဖြည့်ဆည်းပေးကြဖို့ကိုလည်း တိုက်တွန်းလိုက်ပါရစေ။
လေ့လာနိုင်သမျှ မျှဝေနိုင်ကြပါစေ။

KznT.


က,ကြီး ရေးဖို့ကျောက်သင်ပုန်းရှာနေသူ

Life is what you make of it. Go out and make your dreams come true.

Last edited by KznT; 25-01-2011 at 01:24 AM..
KznT is offline   Reply With Quote
အောက်ပါအသင်းဝင် 42 ဦးတို့မှ KznT အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
$ညိုမင်းလွင်$, ချစ်သမီး, နီထွန်းဦး, နီလာချစ်သူ, လမ်းပြကြယ်, ဝင်းကျော်ဦး, သစ်ရွက်စိမ်း, သန့်ဇင်ဌေး, ဇော်ရဲပိုင်, နေမင်းမောင်, မောင်သံသရာ, မောင်အောင်ဟိန်းအေး, အောင်မိုးထွန်း, အောင်လွင်ဦး, ငြိမ်းချမ်း, နိုးတူး, alwslov, amaung344, AZM, bagothar85, bonge, g00gle, htun30, ko myo, komyatthu, kyaukphyu, lamin.pzl, mgwinhlaing, minthike, minthumon, mmkyioo, pannuko, saiwaihin, smlat88, tharthar1312, thurein, tintkhine, tree lover, tu tu, wahgyi, yelinoo, zo
Old 26-01-2011, 01:04 AM
kyaukphyu
အထူးအသင်းဝင်
 
kyaukphyu's Avatar
 
အသင်းဝင်နေ့စွဲ: Nov 2008
ရေးသားချက်များ: 472
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 1,327
ပို့စ် 451 ခုအတွက် 3,289 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
kyaukphyu is on a distinguished road
ပြန်စာ - အင်တာနက်အတွင်း Software ရှာဖွေခြင်း

Code:
ကိုယ့်လုပ်ရပ်က ဝေမျှတယ် ဆိုတဲ့ အမည်ခံနဲ့ ဗီလိန်တစ်ယောက် ရဲ့ လုပ်ဆောင်ချက်တွေ ဖြစ်မှန်းမသိ ဖြစ်နေတယ်
ဆိုပေမဲ့ အကိုရာ ကျနော်တို့ မှာတောင် "စာလုံးမမှားသော ကျောင်းဆရာ/ မလိမ်ဖူး မညာဖူးသော မိဘ " ဆိုတဲ့ စကားစုလေးတွေတောင် ရှိနေရင် ဒီနေ့ ဒီအချိန်ခါမှာ ထိပ်သီး နေရာကြီးများမှာ တာဝန်ယူ ဆောင်ရွှက်နေတဲ့ (CEO) ဆိုတဲ့ သူတွေကော တကယ့်ကိုယ် တခါမှ (Pirate) အလုပ် ကိုယ် မလုပ်ဖူးဘူး/ မလုပ်ပါဘူးလို့ ဘယ်သူက အာမ ကိုယ် ရဲရဲကြီး ခံရဲမှာလဲဗျာ?? အဲဒါကြောင့်မို့ ကျနော်ကတော့ ဒီဝေမျှမူ ဆွေးနွေးချက်ကိုယ် ကျနော့် အနေအထား စိတ်ကူးမူလေးတွေနှင့် သင့်တော်တယ် လို့ယူဆမိပါတယ်၊၊ ဝိုင်းခုခိုင်သိန်းလဲ အော်နေဒါဘဲ (အဖြစ် မမြင်ပါဘူး) ဆိုပြီးတော့ဗျာ၊၊ ကျနော်တို့ဘက်ကနေ ကြည့်ရင်လဲ တကယ့်ကိုယ် ကောင်းတယ်ဗျာ၊၊ ဟိုဘက်က commerical တွေဘက်ကြည့်မယ်ဆိုရင်လဲ zero ဖြစ်စရာပါဘဲ၊၊ ဘာဖြစ်ဖြစ် သိပ်ကောင်းတဲ့ ဆွေးနွေးချက် ပို့စ်တခုပါဘဲ၊၊

ဒါနှင့်ဘဲ မိသားစုဝင်များခင်ဗျ

ကျနော်က နည်းနည်း မေ့တတ်တယ် အင်တာနက်ကလဲ နက်ဆိုင်မှာ ပန်ပန်ပေးပြီး သုံးရဒါဗျ၊၊ အိမ်မှာရှိတဲ့ စက်အစုတ်လေးမှာလဲ မှတ်စရာ သားစရာတွေကိုယ် ပြန်ပြီး ဖတ်မှတ်ချင်တယ်လေ၊၊ ဒီလိုမျိုး ဖတ်လို့မှတ်လို့ ကောင်းတဲ့ (အစား အသောက် )တို့မဟုတ် ဆွေးနွေးချက်တွေကိုယ် သူငယ်ချင်းတွေကိုယ်လဲ ပေးဖတ်ချင်ဒါလေ၊၊ အဲဒါနှင့် ကျနော် MS word လေးထဲကိုယ် ထည့်ပြီး သိမ်းထားလိုက်တယ်၊၊ မိသားစုဝင်များလဲ ကျနော့်လို လူတွေ ပါမယ်ဆိုရင် အောက်မှာယူထားကြပေါ့ဗျာ၊၊ အလုပ်မရှိမလုပ်ရှာ ဆိုတဲ့သူတွေကလဲ နှာခေါင်းရူံ့ သွားကြဗျ၊၊

Download

ကိုကေဇက်ရေ ကျနော့်ဘာသာ သိမ်းထားဒါမို့လို့ ဖိုပြုံးချိုတို့ တခြား ဖိုရမ်ပုံစံလေးတွေ တော့ နည်းနည်း ဖြုတ်လိုက်ပြီ အကို၊၊

အဆင်ပြေကျပါစေ
kyaukphyu
kyaukphyu is offline   Reply With Quote
အောက်ပါအသင်းဝင် 24 ဦးတို့မှ kyaukphyu အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 21-03-2011, 12:54 PM
thetzin
အရွယ်ရောက်သူ
 
အသင်းဝင်နေ့စွဲ: Jan 2010
ရေးသားချက်များ: 166
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 1,897
ပို့စ် 108 ခုအတွက် 249 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
thetzin is on a distinguished road
ပြန်စာ - အင်တာနက်အတွင်း Software ရှာဖွေခြင်း

အခုလိုစေတနာထားပြီ သေခြာရှင်းပြပြီအသိပညာတွေဝေမျှတဲ့အတွက် အတိုင်းမသိဝမ်းသာပြီ ပျော်ရွှင်မိပါတယ်။။။
မိသားစုဝင်တွေထာဝရပျော်၇ွှင်ကြပါစေ။။။။။။။။။
thetzin is offline   Reply With Quote
အောက်ပါအသင်းဝင် 5 ဦးတို့မှ thetzin အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 22-03-2011, 09:25 PM
အောင်လွင်ဦး
ကိုယ်ပိုင်အစွမ်းရှိပြီးသူ
 
အသင်းဝင်နေ့စွဲ: Aug 2008
တည်နေရာ: မူဆယ်
ရေးသားချက်များ: 304
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 545
ပို့စ် 200 ခုအတွက် 805 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
အောင်လွင်ဦး is on a distinguished road
ပြန်စာ - အင်တာနက်အတွင်း Software ရှာဖွေခြင်း

ကျွန်တော်တစ်ယောက်တည်းရဲ့ ပုဂ္ဂလိက ခံစားချက်နဲ့ ပြောရရင် katz.com ကို အကြိုက်ဆုံးပါ။ KznT ရဲ့ Post #7မှာ ညွှန်းထားပါတယ်။ အခု katz.com ကို ၀င်မရတော့ပါဘူးခင်ဗျာ။ ကျွန်တော်လိုတာတွေအားလုံး နိုက်ယူနေတဲ့ လိုတရ katz.com လေး ဘယ်ရောက်သွားလဲသိရင် ပြောပေးပါ။
အောင်လွင်ဦး is offline   Reply With Quote
အောက်ပါအသင်းဝင် 10 ဦးတို့မှ အောင်လွင်ဦး အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 22-03-2011, 09:36 PM
bagothar85
အထူးအသင်းဝင်
 
bagothar85's Avatar
 
အသင်းဝင်နေ့စွဲ: Dec 2010
ရေးသားချက်များ: 1,297
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 7,571
ပို့စ် 1,345 ခုအတွက် 8,093 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
bagothar85 will become famous soon enough
ပြန်စာ - အင်တာနက်အတွင်း Software ရှာဖွေခြင်း

Quote:
Originally Posted by အောင်လွင်ဦး View Post
ကျွန်တော်တစ်ယောက်တည်းရဲ့ ပုဂ္ဂလိက ခံစားချက်နဲ့ ပြောရရင် katz.com ကို အကြိုက်ဆုံးပါ။ KznT ရဲ့ Post #7မှာ ညွှန်းထားပါတယ်။ အခု katz.com ကို ၀င်မရတော့ပါဘူးခင်ဗျာ။ ကျွန်တော်လိုတာတွေအားလုံး နိုက်ယူနေတဲ့ လိုတရ katz.com လေး ဘယ်ရောက်သွားလဲသိရင် ပြောပေးပါ။
ဟုတ်ပါတယ် ကျွန်တော်လည်း katz.cd ကို တော်တော်သဘောကျပါတယ်။ အဲဒါဘယ်လိုဖြစ်တယ်တော့ သေချာမသိပါဘူး။ ရက်တော့အတိအကျ မမှတ်မိဘူး။ အဲဒီနေ့က ကျွန်တော်အဲဒီဆိုက်ထဲ ဝင်နေတုန်း Hacked ဆိုတဲ့ စာသားပေါ်လာပြီး နောက်သုံးလေးရက်လောက် ဝင်လို့မရတော့ဘူး။ အဲဒီနောက်ပိုင်း အဲဒီထဲဝင်ယင် ပိုက်ဆံပေးရတဲ့ ဆိုက်တွေထဲပဲ ရောက်ရောက်သွားလို့ မဝင်ဖြစ်တော့ဘူး။ ဘယ်လိုဖြစ်တယ်တော့ သေချာမသိပါခင်ဗျာ။
bagothar85 is offline   Reply With Quote
အောက်ပါအသင်းဝင် 18 ဦးတို့မှ bagothar85 အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 10-06-2011, 11:55 AM
မျိုးဟန်ထက်
အရွယ်ရောက်သူ
 
အသင်းဝင်နေ့စွဲ: Jan 2010
တည်နေရာ: အမိမြေ
ရေးသားချက်များ: 162
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 1,434
ပို့စ် 164 ခုအတွက် 1,263 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
မျိုးဟန်ထက် is on a distinguished road
ပြန်စာ - အင်တာနက်အတွင်း Software ရှာဖွေခြင်း

ကျွန်တော် ဒီနေရာလေး မှာပဲ မျှဝေ ပေးလိုတ်ပါတောမယ်။ အင်တာနက်မှာSoftware ရှာဖွေချင်းအတွတ် အကျိုးတစ်စုံတရာရမှာပါ။
software မှတင်မဟုတ်ပါဘူး ဒါလေးက သီချင်း၊ရုပ်ရှင်၊စာအုပ်တွေရှာရာမှာ ပါအသုံးဝင်မှာပါ။ Google Hack ဆိုတာလေးပါ။
အသုံးပြုရတာလဲလွယ်ကူပါတယ်။..

နောက်ဆုံးထွတ်ဗားရှင်းလေးကို ဒီမှာဒေါင်းလုဒ်သွားဆွဲလိုတ်ပါ။

Last edited by မျိုးဟန်ထက်; 10-06-2011 at 12:25 PM..
မျိုးဟန်ထက် is offline   Reply With Quote
အောက်ပါအသင်းဝင် 15 ဦးတို့မှ မျိုးဟန်ထက် အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 13-07-2011, 05:50 PM
aungzy24
ကလေးပေါက်စ
 
aungzy24's Avatar
 
အသင်းဝင်နေ့စွဲ: Jul 2008
ရေးသားချက်များ: 23
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 6
ပို့စ် 12 ခုအတွက် 45 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
aungzy24 is on a distinguished road
ပြန်စာ - အင်တာနက်အတွင်း Software ရှာဖွေခြင်း

ကောင်းတယ်ဗျာ။ သေသေချာချာတော့ မဖတ်ရသေးပါဘူး။ ဒါပေမယ့် ကိုယ်မလုပ်နိုင်တာတွေကို လုပ်နေတဲ့၊ တစ်နည်းအားဖြင့် သူများ ကောင်းရာကောင်းကျိုးအတွက် ကြိုးစားပြီး အလုပ်လုပ်တတ်တဲ့ ခင်ဗျားကို ကျေးဇူးတင်တယ်ဗျာ
aungzy24 is offline   Reply With Quote
အောက်ပါအသင်းဝင် 6 ဦးတို့မှ aungzy24 အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 22-10-2011, 07:20 PM
မွေးကင်းစကလေး
 
အသင်းဝင်နေ့စွဲ: Sep 2011
ရေးသားချက်များ: 1
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 13
ပို့စ် 1 ခုအတွက် 23 ဦးမှကျေးဇူးတင်ကြောင်းပြောပါသည်။
ဦးတင့်လွင်(ဧကရာဇ် စတိုး) is on a distinguished road
ပြန်စာ - အင်တာနက်အတွင်း Software ရှာဖွေခြင်း

အသက် ၅၀ ရှိပါပြိ။ ခုနှစ်မှကွန်ပြူတာ စ လေ့ကျင့်တာပါ။ ခုလို ပညာဒါန ပြုတဲ့သူ သူတော်ကောင်းအလုပ် ကို
ကျိုးစားလုပ်
နေတဲ့သူတွေနဲ့တွေ့ရတာဦးလေးအတွက်အထူး အထူးကံကာင်းတာပါဘဲ။
ဈေးကလည်းရောင်းရသေး နယ်မြို့ဆိုတော့သင်တန်းသားနဲတော့ သင်တန်းတွေမဖွင့်ဖြစ်
ဖွင့်တော့လည်းကိုယ်အားတာနဲ့ကျြုံမှ ၊ ဒီတော့ကျေးဇူးတင်တာကို ကျေးဇူးတင်ပါတယ်လို့ပြောရုံနဲ့
မလုံလောက်သလိုခံစားရလို့ ကျေးဇူးတင်ကြောင်း အလေးအနက်ပြန်စာရေးရပါတယ်။

ဦးတင့်လွင်(ဧကရာဇ် စတိုး)
ဘိုကလေးမြို့
ဧရာဝတီတိုင်း
ဦးတင့်လွင်(ဧကရာဇ် စတိုး) is offline   Reply With Quote
အောက်ပါအသင်းဝင် 23 ဦးတို့မှ ဦးတင့်လွင်(ဧကရာဇ် စတိုး) အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 15-12-2011, 02:02 AM
htun30
ကြီးကောင်ဝင်စ
 
အသင်းဝင်နေ့စွဲ: Mar 2011
တည်နေရာ: သန်လျင်,မြန်မာ
ရေးသားချက်များ: 117
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 1,831
ပို့စ် 109 ခုအတွက် 989 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
htun30 is on a distinguished road
Icon19 ပြန်စာ - အင်တာနက်အတွင်း Software ရှာဖွေခြင်း

ကိုကျော်ဇင်သန်.ရေ
အကျိုးရှိတဲ. ခင်ဗျား သရက်လေး
မိသားစူ့ဝင်အသစ်များသတိထားမိ.အောင်
ကော.မန်.ဆန်ဆန်ဝင်ရေးသွားတာခွင်.လွတ်ပါ
မြန်မာပြည်ပြန်ရောက်ရင်ဖိုရမ်ကိုမ၀င်ဖြစ်ဖို.၉၉%
ဆိုတာ ကော်န၇ှင်တွေစုပ်ပြတ်နေတော.မှပဲ
ဆိုလိုရင်းကိုသိတော.တယ်
ကျွန်တော်ကလဲကျောချမှဒါးမြမှန်းသိတဲ.ကောင်ကိုခင်ဗျ

ဘဝချင်း တူမှ ခံစားရတာချင်း တူနိုင်မယ်
စလုံးရေးဖီု့ ဆော့ပင် ရှာနေသူ
htun30 is offline   Reply With Quote
အောက်ပါအသင်းဝင် 9 ဦးတို့မှ htun30 အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 31-01-2012, 09:38 PM
zawlwin
မွေးကင်းစကလေး
 
အသင်းဝင်နေ့စွဲ: Jun 2011
ရေးသားချက်များ: 3
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 0
ပို့စ် 2 ခုအတွက် 5 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
zawlwin is on a distinguished road
Icon10 ပြန်စာ - အင်တာနက်အတွင်း Software ရှာဖွေခြင်း

[quote=အကစ်(စ်);195327]KznT ရေးးးးးးးးးးးးးးး

အးပေးပါတယ် ဗျို့းးးးးးးးးးးးးးးး

ဆက်ရန် ကို မျော်နေပါတယ် ခင်ဗျာ

၂၀၁၁ မှာ စိတ်သစ် လူသစ်နဲ့  (လူကြမ်း မင်းသား လူသစ် ဟုတ်ပါ)

ပျော်ရွှင်ပါစေခင်ဗျာ
စိတ်ဝင်စားတယ်အကိုရေအရမ်းသိချင်တာပဲအပြီးသတ်အောင်ရေးပေးပါနော်
zawlwin is offline   Reply With Quote
အောက်ပါအသင်းဝင် 3 ဦးတို့မှ zawlwin အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 06-02-2012, 01:45 PM
zarmany
မွေးကင်းစကလေး
 
အသင်းဝင်နေ့စွဲ: Nov 2011
ရေးသားချက်များ: 1
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 4
ပို့စ် 1 ခုအတွက် 1 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
zarmany is on a distinguished road
Icon10 ပြန်စာ - အင်တာနက်အတွင်း Software ရှာဖွေခြင်း

အခုလို စတင်လေ့လာသူတွေ အတွက်နည်းပညာမျှဝေပေးတာ ကျေးဇူးအရမ်းတင်ပါတယ်..
ဟက်ဒ်ဒစ် ကလုံးရိုက်တာနဲ့ ပတ်သက်တဲ့လုပ်နည်းလေး သိရင်လည်း အချိန်ရရင် ရေးပေးပါလို့ တောင်းဆိုပါတယ်..
zarmany is offline   Reply With Quote
အောက်ပါအသင်းဝင်မှ zarmany အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 06-02-2012, 03:16 PM
မောင်ပေါ်ဦး
MF Contributor
 
မောင်ပေါ်ဦး's Avatar
 
အသင်းဝင်နေ့စွဲ: Sep 2008
တည်နေရာ: Working
ရေးသားချက်များ: 2,276
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 4,939
ပို့စ် 1,900 ခုအတွက် 9,441 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
ပုံများ: 4
မောင်ပေါ်ဦး will become famous soon enough
ပြန်စာ - အင်တာနက်အတွင်း Software ရှာဖွေခြင်း

အကိုရေ အောုက်မှာဖိုရမ် အကိုအမတွေ ဆွေးနွေးထားတာလေးတွေရှိပါတယ် လေ့လာကြည့်ပေးပါနော် အဆင်ပြေပါစေ..................


Acronic 2009 Clone Software သုံးနည်း(ဆွိ)
http://www.myanmarfamily.org/forum/s...ad.php?t=23994

How to Clone Pc
http://www.myanmarfamily.org/forum/s...ighlight=Clone

တစ်မိုးအောက်-(ပူစူး) အခုလက်ရှိအကြိုက်ဆုံး
Download
koshain17@gmail.com သို့ဆက်သွယ်နိုင်ပါတယ်။
တွယ်ရာမဲ့သော ကျွန်တော် ဘဝ
ကျွန်တော်တင်ထားသောပုံများ မတွေ့ရပါက ဒီနေရာမှာ အကောင့်ဖောက်ပါ။
ကျွန်တော် facebook မသုံးပါ။ twitter တော့သုံးပါတယ်
မောင်ပေါ်ဦး is offline   Reply With Quote
အောက်ပါအသင်းဝင် 6 ဦးတို့မှ မောင်ပေါ်ဦး အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 08-02-2012, 06:34 PM
မျိုးကြီး
ဆယ်ကျော်သက်
 
အသင်းဝင်နေ့စွဲ: Dec 2011
ရေးသားချက်များ: 74
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 0
ပို့စ် 41 ခုအတွက် 61 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
မျိုးကြီး is on a distinguished road
ပြန်စာ - အင်တာနက်အတွင်း Software ရှာဖွေခြင်း

အကို ကျနော် စက်မှာ သီချင်း နားထေင်ဖို့ ကျနော် တင်ထားတာ winamp software တင်ထားတာ အဲ သိပ် နားထောင်လို့ အဆင်ပြေလို့ နားထောင် ရတာ ကောင်းတယ် software လေး ကို mediafire လေး နဲ့ တင်းပေးပါ နော် အကို အားကိုပါတယ် နောက်ပြီ ကျနော် စက်မှာ windown 7 တင်ထားတာ internet explorer က ဖွင့်လိုက်ရင် check online for a stopped working တတ်နေတာ နောက်ပြီ တော့ ပိတ်လို့ လည်း မရဘူး ဖြစ်နေတယ် စက်ကို restart ချလိုက်မှ ရတာ ဖွင့်လိုက်တာနဲ့ ပိတ်လို့က မရတော့ဘူးဖြစ်နေတာ အဲဒါ ဘာဖြစ်တာလည်း အကို ရှင်းပြပါဦး
မျိုးကြီး is offline   Reply With Quote
အောက်ပါအသင်းဝင် 2 ဦးတို့မှ မျိုးကြီး အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 08-02-2012, 07:32 PM
bagothar85
အထူးအသင်းဝင်
 
bagothar85's Avatar
 
အသင်းဝင်နေ့စွဲ: Dec 2010
ရေးသားချက်များ: 1,297
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 7,571
ပို့စ် 1,345 ခုအတွက် 8,093 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
bagothar85 will become famous soon enough
ပြန်စာ - အင်တာနက်အတွင်း Software ရှာဖွေခြင်း

Quote:
Originally Posted by မျိုးကြီး View Post
အကို ကျနော် စက်မှာ သီချင်း နားထေင်ဖို့ ကျနော် တင်ထားတာ winamp software တင်ထားတာ အဲ သိပ် နားထောင်လို့ အဆင်ပြေလို့ နားထောင် ရတာ ကောင်းတယ် software လေး ကို mediafire လေး နဲ့ တင်းပေးပါ နော် အကို အားကိုပါတယ် နောက်ပြီ ကျနော် စက်မှာ windown 7 တင်ထားတာ internet explorer က ဖွင့်လိုက်ရင် check online for a stopped working တတ်နေတာ နောက်ပြီ တော့ ပိတ်လို့ လည်း မရဘူး ဖြစ်နေတယ် စက်ကို restart ချလိုက်မှ ရတာ ဖွင့်လိုက်တာနဲ့ ပိတ်လို့က မရတော့ဘူးဖြစ်နေတာ အဲဒါ ဘာဖြစ်တာလည်း အကို ရှင်းပြပါဦး
Winamp ကို ကျွန်တော် ဒီနေရာမှာ တင်ပေးထားပါတယ်။ အဲဒီထဲမှာ Mediafire လင့်လည်း ပါ,ပါတယ်ခင်ဗျာ...အဲဒီမှာ သွားဒေါင်းလိုက်ပါ။ Internet Explorer Stopped Working ဖြစ်တာ Add-ons တွေကို မ Run ပဲနဲ့ ဖွင့်ယင် အဆင်ပြေမယ်လို့ ဒီနေရာမှာ ပြောထားတာ တွေ့ပါတယ်။ အဲဒီကအတိုင်းလုပ်ကြည့်လိုက်ပါ။ နောက်တခု Internet Explorer က ဗားရှင်းနိမ့်နေတယ်ဆိုယင် ဒီနေရာက Internet Explorer 9 ကို Download ပြီး သုံးကြည့်လိုက်ပါ။ ဒါမှမဟုတ် တခြား Browser တွေဖြစ်တဲ့ Google Chrome တို့ Firefox တို့ကို ပြောင်းသုံးကြည့်လိုက်ပါ။ အဆင်ပြေပါစေခင်ဗျာ..
bagothar85 is offline   Reply With Quote
အောက်ပါအသင်းဝင် 5 ဦးတို့မှ bagothar85 အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 06-07-2012, 11:42 PM
ဖိုးခွား(တောင်ပေါ်)
လမ်းလျှောက်တတ်စ
 
အသင်းဝင်နေ့စွဲ: Mar 2012
ရေးသားချက်များ: 4
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 3
ပို့စ် 3 ခုအတွက် 4 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
ဖိုးခွား(တောင်ပေါ်) is on a distinguished road
ပြန်စာ - အင်တာနက်အတွင်း Software ရှာဖွေခြင်း

လွယ်လွယ်ကူကူနဲ့ software အစုံ ဒေါင်းလို့ရမယ့် ဆိုဒ်လေးရှိရင်ပြောပြပါ.....
Fixbox နဲ့ gtalk၊ QQ software တွေလိုချင်လို့ပါ.....
မသုံးတာလည်းကြာပြီဆိုတော့ ဘယ်လိုလိုက်ပြီး လုပ်ရမလဲ မသိလို့ပါ...
ကျေးဇူးတင်ပါတယ်
ဖိုးခွား(တောင်ပေါ်) is offline   Reply With Quote
အောက်ပါအသင်းဝင်မှ ဖိုးခွား(တောင်ပေါ်) အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Reply

Tags
how to, internet, user guide

တန်ဆာပလာများ
ဖော်ပြမှုပုံစံ

Posting Rules
You may not post new threads
You may not post replies
You may not post attachments
You may not edit your posts

BB code is On
Smilies are On
[IMG] code is On
HTML code is Off

ဖိုရမ်တွေ ကျော်ရောက်ချင်ရင် !

အခြားဆင်တူဆွေးနွေးချက်များ
ဆွေးနွေးချက် စတင်ရေးသားသူ ကွပ်ပျစ်ဝိုင်း ပြန်စာများ နောက်ဆုံးပို့စ်
2010 2011 Ultimate Software Guide for Windows Users KznT Applications 119 05-02-2015 10:10 AM
Ubuntu နှင့် Software Management KznT Linux များ (သို့) Linux နှင့်ဆိုင်ရာများ 4 05-01-2011 04:39 PM
Software Engineering နည်းပညာလေးပါ thureinsoe Software များဆိုင်ရာ 0 01-01-2011 07:23 PM
Software installation in Ubuntu 10.04 LTS KznT Linux များ (သို့) Linux နှင့်ဆိုင်ရာများ 0 08-06-2010 01:14 AM
Ware နဲ့ဆုံးသော စကားလုံးများအကြောင်း (Hardware, Software, Spyware and etc…) poekaunglay87 အထွေထွေဗဟုသုတ 3 11-06-2009 06:30 AM


ဖိုရမ်၏ ပင်မအချိန်သည် ဂရင်းနစ်စံတော်ချိန် +6.5 ဖြစ်သည်။ဒေသစံတော်ချိန် 10:10 AM
Inactive Reminders By Icora Web Design