Old 04-11-2009, 07:34 AM
  post #1
အာဝူး
လမ်းလျှောက်တတ်စ
 
အသင်းဝင်နေ့စွဲ: Jan 2008
ရေးသားချက်များ: 14
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 14
ပို့စ် 7 ခုအတွက် 38 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
အာဝူး is on a distinguished road
C# Simple program

C# အကြောင်းတွေကို ဆွေးနွေးဖို့ ညီအစ်ကိုများကို ဖိတ်ခေါ်ပါရစေ။ ပထမဆုံး စီရှပ်နဲ့ နောက်ပြောင်တဲ့ ပရိုဂရမ် တစ်ပုဒ် ဘယ်လိုရေးရမလဲဆိုတာ အလွယ်ဆုံးနည်းနဲ့ လေ့လာကြရအောင်ပါ...။ အားလုံးလည်း မြင်ဖူးကြမယ် ထင်တယ် ကျနော် အောက်ကလင့်မှာ တင်ထားတာက Do you love me လို့ ရေးထားပြီး yes နဲ့ no ခလုတ်နှစ်ခု ပေးထားတယ် yes ကိုနှိပ်မှ ရမယ်... no ကိုနှိပ်ရင် ခလုတ်က ပတ်ပြေးနေတဲ့ ပရိုဂရမ် အသေးလေးပါ ဒီမှာ ဒေါင်းလုပ်ချပြီး ဖွင့်ကြည့်လိုက်ပါ...။ အောက်မှာက ကုဒ်တွေပြထားပေးပါတယ် ရိုးရိုးရှင်းရှင်းလေးပါ စီရှပ်ကို နည်းနည်းပါးပါး နားလည်တဲ့သူတွေဆို ကြည့်တာနဲ့ သိနိုင်ပါတယ်...။

using System;
using System.Collections.Generic;
using System.ComponentModel;
using System.Data;
using System.Drawing;
using System.Text;
using System.Windows.Forms;

namespace love
{
public partial class chit : Form
{
public chit()
{
InitializeComponent();
Size = new Size(580, 200);
MinimizeBox = false;
MaximizeBox = false;
ControlBox = false;
FormBorderStyle = FormBorderStyle.FixedDialog;
no.Text = "No";
yes.Text = "Yes";

}


private void Love_Load(object sender, EventArgs e)
{
label1.Text = "I Love You So Much. Do You Love Me?";

}

private void no_MouseMove(object sender, MouseEventArgs e)
{
Random rand = new Random();
no.Location = new Point(rand.Next(530),rand.Next(140));
}

private void yes_Click(object sender, EventArgs e)
{
MessageBox.Show("Thanks you!");
this.Close();
}

private void chit_MouseLeave(object sender, EventArgs e)
{
no.Location = new Point(327, 103);
}
}
}

လက်ရှိပရိုဂရမ်မှာ ဘာသုံးထားသလဲဆိုရင်တော့ button နှစ်ခု နဲ့ စာရေးဖို့ label တစ်ခု သုံးထားတာပါ...။ button နဲ့ label တွေဆိုတာကတော့ Controls တွေလို့ ခေါ်ပါတယ်...။ Controls တိုင်းမှာ Events တွေရှိကြတယ်...။ ဥပမာ No button ကို မောက်စ်တင်လိုက်ရင် ပတ်ပြေးနေရအောင် Mousemove ဆိုတဲ့ Event ကိုသုံးရပါတယ်...။ အဲဒီ Event အောက်မှာ x နဲ့ y တွေကို Random နဲ့ ပြောင်းထားလိုက်တာပါ...။ ပြီးတော့ မောက်စ်က အပြင်ကိုရောက်သွားရင် ခလုတ်က သူ့နေရာကို ပြန်နေစေဖို့အတွက် Mouseleave ဆိုတဲ့ Event ကိုသုံးရတာပါ...။ အပေါ်က ကုဒ်လေးတွေကို ကြည့်ရင် သဘောပေါက်သွားပါလိမ့်မယ်...။ နောက်ထပ် ပရိုဂရမ်တွေကိုလည်း အချိန်အားရင် အားသလို တင်ပေးသွားပါဦးမယ်...။ C# က Graphic User Interface ပါတဲ့အတွက် အရမ်းကို သုံးရတာ လွယ်ကူတယ်...။C++ နဲ့စာရင် သူက စိတ်ဝင်စားစရာလည်း ကောင်းပါတယ်။ သူက class တွေနဲ့ အလုပ်လုပ်ပါတယ်...။ ပြီးတော့ Input data တွေအားလုံးကို string အနေနဲ့ပဲ လက်ခံတယ်...။ Integer ကိုပြောင်းချင်ရင်တော့ Convert.ToInt16() ဆိုတဲ့ method နဲ့သုံးရပါတယ်...။ ဂျားဗားနဲ့လည်း ဆင်ပါတယ်...။ လေ့လာကြဖို့ အကြံပေးပါရစေ...။
lawimon

လောကကြီးမှာ ရှင်သန်နေထိုင်ဖို့အတွက် အရေးကြီးဆုံးကတော့ အသက်ရှူဖို့ပါပဲ....။:76:

Last edited by အာဝူး; 04-11-2009 at 10:18 AM..
အာဝူး is offline   Reply With Quote
အောက်ပါအသင်းဝင် 10 ဦးတို့မှ အာဝူး အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 04-11-2009, 10:17 PM
  post #2
အာဝူး
လမ်းလျှောက်တတ်စ
 
အသင်းဝင်နေ့စွဲ: Jan 2008
ရေးသားချက်များ: 14
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 14
ပို့စ် 7 ခုအတွက် 38 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
အာဝူး is on a distinguished road
ပြန်စာ - C# Simple program

Do you love me? ဆိုတဲ့ ပရိုဂရမ်ကို ဆက်ပြီးဆွေးနွေးပါ့မယ်...။ စီရှပ်မှာ Form တစ်ခုကို Create လုပ်လိုက်ပြီး ဆိုတာနဲ့ သူ့အတွက် ကုဒ်တွေကို Default ပေးထားပါတယ်...။ သူ့ရဲ့ မူရင်းကုဒ်တွေကို သွားမဖျက်မိဖို့ အရေးကြီးပါတယ်...။ form size ကို GUI မှာ ပြင်လို့ ရသလို ကုဒ်နဲ့ရေးပြီးပြင်လည်းရပါတယ်...။ GUI မှာ ပြင်မယ်ဆိုရင်တော့ Properties box မှာ size ဆိုတာကို ပြောင်းပေးရုံပါပဲ ဒီနည်းအတိုင်းပါပဲ တခြား Button တို့ textbox တို့လို Controls တို့ကိုလည်း Properties box မှာ သွားပြင်ရုံပါပဲ...။ ကုဒ်နဲ့ ပြင်မယ်ဆိုရင်တော့
်this.Size = new size(10,10); ဆိုတာကို ထည့်ရုံပါပဲ this ဆိုတာက Form ကိုရည်ညွှန်းတာပါ...။ Button ဆိုရင်တော့ this နေရာမှာ button name ကို ပြောင်းလိုက်ရုံပါပဲ ဥပမာ Button1.Size = new Size(10,10); တခြား controls တွေလည်း ဒီနည်းအတိုင်းပါပဲ...။ C# မှာတော့ Case sensitive ဖြစ်ပါတယ်...။ Form တစ်ခု လုပ်ပြီးတဲ့ အချိန်မှာ ကိုယ်ထည့်ချင်တဲ့ Button တွေကို Toolbox မှာ သွားပြီး Double Click လုပ်လိုက်ရုံပါပဲ...။ Toolbox ကနေ မသွားချင်ဘူးဆိုရင်တော့ ကုဒ်တွေနဲ့လည်း ရေးလို့ရပါတယ် နည်းနည်းရှုပ်ထွေးပါလိမ့်မယ်...။ Button ကို နှိပ်လိုက်ရင်တော့ သူ့အတွက် ကုဒ်ရေးရမဲ့နေရာကို Cursor ရောက်သွားပါလိမ့်မယ်...။ ဥပမာ this.Close(); လို့ရေးလိုက်မယ်ဆိုရင် runtime မှာ အဲဒီ ခလုတ်ကို နှိပ်လိုက်တာနဲ့ exit ဖြစ်သွားတဲ့ သဘောပါ...။ အဲဒီတော့ ကျနော်ရေးထားတဲ့ ကုဒ်တွေမှာ ControlBox = false ဆိုတာကတော့ Form ကို X (close) ဆိုတာကို နှိပ်ပြီး ပိတ်လို့မရအောင် ရေးထားတာပါ... တခြား minnimizebox = false တို့ကလည်း ထိုနည်းလည်းကောင်းပါပဲ...။ C++ မှာ Function လို့ခေါ်တဲ့ အရာတွေကို C# မှာက Method လို့ ခေါ်ပါတယ် Method ကတော့ ( ) နဲ့ အမြဲတမ်းဆုံးရပါတယ် ကွင်းထဲမှာ Parameters ထည့်လို့ရပါတယ်...။ ဥပမာ this.Close() ဆိုတာကတော့ Close Method လို့ခေါ်ပါတယ်...။ Method တွေက Built-in ပါသလို user ကလည်း ကိုယ်ပိုင် Method ကို ဖန်တီးလို့ရပါတယ်...။ Class ဆိုတာက ဘာလဲဆိုရင် အရှင်းဆုံးပြောရရင် Method ( function) နဲ့ variables တွေကို စုပေါင်းထားတဲ့ အစုအဝေးကို ခေါ်ပါတယ်...။ ဒီလောက်ဆိုရင်တော့ အခြေခံလေးတွေကို သဘောပေါက် ကြပြီ ထင်ပါတယ်...။ နောက်နေ့ကျရင် Screen shot နဲ့ ရှင်းပြပါ့မယ်...။ ပြီးတော့ Timer ကိုသုံးပြီးတော့ Animation လုပ်တဲ့နည်းလေးကိုလည်း ဆက်လက်ရှင်းပြပါဦးမယ်...။ ကျနော် သုံးတဲ့ ဆော့ဖ်ဝဲလ်ကတော့ Microsoft Visual Studio 2005 ပါ...။

လောကကြီးမှာ ရှင်သန်နေထိုင်ဖို့အတွက် အရေးကြီးဆုံးကတော့ အသက်ရှူဖို့ပါပဲ....။:76:

Last edited by အာဝူး; 04-11-2009 at 10:18 PM..
အာဝူး is offline   Reply With Quote
အောက်ပါအသင်းဝင် 7 ဦးတို့မှ အာဝူး အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 11-11-2009, 12:35 AM
  post #3
အာဝူး
လမ်းလျှောက်တတ်စ
 
အသင်းဝင်နေ့စွဲ: Jan 2008
ရေးသားချက်များ: 14
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 14
ပို့စ် 7 ခုအတွက် 38 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
အာဝူး is on a distinguished road
ပြန်စာ - C# Simple program

Microsoft Visual Studio 2008 ကို Screen shot နဲ့ ရှင်းပြပါ့မယ်...။ မသိသေးတဲ့သူတွေအတွက်ပါ အောက်မှာကျနော် ပုံထည့်ပေးထားပါတယ်...။
ကျနော် အနီနဲ့ ဘောင်ခတ်ထားတဲ့ ဟာတွေကို ရှင်းပြပါ့မယ်...။ ဘယ်ဘက်မှာ Toolbox ဆိုတာကတော့ Form ထဲကို ထည့်ချင်တဲ့ Control တွေကို အဲဒီကနေ ယူရတာပါ...။ အလယ်မှာက Form နဲ့ အပြာရောင် Background ကတော့ Picturebox ပါ သူလည်း Toolbox ကနေ ယူထားတာပါ...။ Form မှာက ခလုတ်နှစ်ခု ထည့်ထားပါတယ်..။ညာဖက်အောက်မှာတော့ properties box ရှိပါတယ် အနီဘောင်ခတ်ထားတဲ့ မိုးကြိုးသွားပုံနဲ့က Events လို့ခေါ်ပါတယ် သက်ဆိုင်တဲ့ Control တွေကိုနှိပ်ပြီး Events ခလုတ်ကို နှိပ်လိုက်ရင် သူမှာ ရှိတဲ့ Events list တွေ အကုန်လုံးပေါ်လာပါလိမ့်မယ်...။ Control တွေမှာ Name ဆိုတဲ့ Property က အဲဒီကွန်ထရိုးကိုကိုယ်စား ပြုပြီးတော့ Text ဆိုတာကတော့ အဲဒီ ကွန်ထရိုးပေါ်မှာ ပေါ်စေချင်တဲ့ စာသားကို ရေးရတာပါ...။ Name မှာ Space ခြားလို့မရဘူး Text မှာတော့ Space ခြားလို့ရပါတယ်...။

လောကကြီးမှာ ရှင်သန်နေထိုင်ဖို့အတွက် အရေးကြီးဆုံးကတော့ အသက်ရှူဖို့ပါပဲ....။:76:
အာဝူး is offline   Reply With Quote
အောက်ပါအသင်းဝင် 6 ဦးတို့မှ အာဝူး အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 21-11-2009, 04:46 AM
  post #4
အာဝူး
လမ်းလျှောက်တတ်စ
 
အသင်းဝင်နေ့စွဲ: Jan 2008
ရေးသားချက်များ: 14
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 14
ပို့စ် 7 ခုအတွက် 38 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
အာဝူး is on a distinguished road
ပြန်စာ - C# Simple program

ဒီတစ်ခါတော့ ကျနော်တို့ စီရှပ်မှာ Timer control ကို အသုံးပြုပြီးတော့ Animation လုပ်နည်းလေးကို လေ့လာကြည့်ရ အောင်ပါ...။ဒီမှာ ဖိုင်လေး ဒေါင်းလုပ်ချလိုက်ကြပါ...။ ကုဒ်ကတော့ အောက်မှာ ရှင်းပြ ပေးပါ့မယ်...။

using System;
using System.Collections.Generic;
using System.ComponentModel;
using System.Data;
using System.Drawing;
using System.Text;
using System.Windows.Forms;
using System.IO;

namespace animation
{
public partial class form : Form
{
private int x=200 , y=200;
public form()
{
InitializeComponent();
MaximizeBox = false;
timer1.Enabled = false;
Size = new Size(400, 500);
}

private void Form1_Paint(object sender, PaintEventArgs e)
{
Graphics g = e.Graphics;
g.DrawRectangle(Pens.Green, x,y,20,20);
g.FillRectangle(Brushes.Green, x,y,20,20);
g.DrawRectangle(Pens.Red, 50,50,20,20);
g.FillRectangle(Brushes.Red, 50,50,20,20);

}

private void timer1_Tick(object sender, EventArgs e)
{
x -= 5;
y -= 5;
Invalidate();
if (x == 50) timer1.Enabled = false;

}

private void form_MouseClick(object sender, MouseEventArgs e)
{
timer1.Enabled=true;
}
}
}

ကုဒ်လေးတွေက ရိုးရိုးလေးတွေပါပဲ...။ လုပ်နည်းအခြေခံကိုပဲ ရှင်းပြပေးထားတာပါ...။ ပထမဆုံး ပရိုဂရမ်တစ်ပုဒ် ရေးမယ်ဆိုတော့ လိုအပ်တဲ့ Name space တွေကို Using နဲ့ ကြေငြာရပါတယ်...။ ဒီပရိုဂရမ်အတွက်ကတော့ သူပေးထားတဲ့ Default namespace နဲ့တင် လုံလောက်ပါတယ် ထပ်ပြီးကြေငြာစရာမလိုပါဘူး...။ အပေါ်ကနေ ကြည့်ရအောင် Form class အောက်မှာက form အရွယ်အစားတို့ ပြီးတော့ timer ကို ပိတ်တာတို့ လုပ်ထားတယ်... ဒါကတော့ ကိုယ်စိတ်ရှိသလိုလုပ်နိုင်ပါတယ် ထွေထွေထူးထူးမဟုတ်ပါဘူး...။ ပြီးတော့ လာပြီ Form အတွက် Paint event. ဘာဖြစ်လို့ Paint event ကိုသုံးရတာလဲဆိုတော့ ကျနော်တို့က ပုံဆွဲမလို့ပါ အဲဒါကြောင့် အဲဒီ အီးဗန်း နဲ့ဆွဲမှ ရမှာမို့လို့ပါ...။ Event တိုင်းမှာ Eventhander e ဆိုတာ ရှိတယ် e ဆိုတာကတော့ အဲဒီ Event ကို ကိုယ်စားပြုတာပါ... form ကို this နဲ့ ကိုယ်စားပြုထားသလိုမျိုး...။ အဲဒီတော့ ကျနော်တို့က ပုံဆွဲဖို့အတွက် graphic variable တစ်ခု ဖန်တီးလိုက်တယ် အဲဒီ variable နဲ့ form graphic နဲ့ ညီလိုက်တော့ form မှာ ဆွဲဖို့ variable ဖြစ်သွားရော...။ အဲဒီတော့ DrawRectangle(pen,x,y,high,width) ဆိုတဲ့ Method နဲ့သုံးပြီး ဆွဲလိုက်တယ် အနီနဲ့ အစိမ်းနဲ့ နှစ်ခုပါ FillRectangle(); ဆိုတာကတော့ ဆွဲထားတဲ့ Rectangle တွေကို အရောင်ဖြည့်တာပါ...။ နောက် အောက်မှာက timer event ကို ရေးထားတာပါ...။ Timer မှာကတော့ Tick() ဆိုတဲ့ Event တစ်ခုတည်းရှိတာပါ...။ ပထဆုံး timer ကို Form မှာ စပြီး အပ်ထားကတည်းက timer အတွက် interval ဆိုတာကို သတ်မှတ်ပေးရတယ် မီလီစက္ကန့်နဲ့ 1000 လို့ပေးထားရင်တော့ တစ်စက္ကန့်မှာ တစ်ခါလုပ်တယ်...။ ဒီတော့ ရေးထားတာကတော့ x နဲ့ y ကို timer တစ်ချက် အလုပ်လုပ်တိုင်းမှာ ၅ နဲ့ နှုတ်နှုတ်သွားပါတယ်...။ ပြီးတော့ အနီကောင်နဲ့ တွေ့ရင် ရပ်လို့ပြောလိုက်တာ...။ နောက်ဆုံး Event ကတော့ ပရိုဂရမ်ကို Run လိုက်တဲ့အချိန်မှာ form ကို မောက်စ်နဲ့ တစ်ခါကလစ်ပြီးမှ တိုင်မာကို အလုပ်လုပ်ခိုင်းတာ ဘာဖြစ်လို့လဲဆိုတော့ အပေါ်မှာ ကျနော်တို့ တိုင်မာကို ပိတ်ထားလို့ပါ...။ အဲဒီ event မရေးဘူးဆိုရင်တော့ အပေါ်က တိုင်မာကို ပိတ်ထားတဲ့ နေရာက false နေရာကို true ပြောင်းရပါလိမ့်မယ်...။ ဒီလောက်ဆိုရင် လုပ်နည်း အခြေခံကို သဘောပေါက်ကြပြီထင်ပါတယ်...။ ဒီတော့ တိုင်မာနဲ့ ပတ်သတ်ပြီး ဘယ်လို ရွေ့ရသလဲဆိုတော့ သိလောက်ပြီးပေါ့...။ မေ့လို့ အရေးကြီးဆုံး
Invalidate(); ဆိုတာက အရေးကြီးတယ် Form ကို နှုတ်ပြီးသား တန်ဖိုးတွေနဲ့ repaint ပြန်လုပ်ခိုင်းတာပါ အဲဒီ ကောင် မပါရင်တော့ Rectangle က ရွှေ့မှာ မဟုတ်ဘူး...။ အခြေခံလောက်ရှင်းပြထားတာပါ...။ Linear Equation တွေနဲ့ သုံးပြီးတော့ ကိုယ်ကြိုက်သလို ရွေ့နိုင်ပါတယ်...။ အခုကတော့ x နဲ့ y ကို နှုတ်နှုတ်ပြီး animation လုပ်သွားတဲ့ ပုံစံလေးပါ...။ အဆင်ပြေကြပါစေဗျား...။

လောကကြီးမှာ ရှင်သန်နေထိုင်ဖို့အတွက် အရေးကြီးဆုံးကတော့ အသက်ရှူဖို့ပါပဲ....။:76:
အာဝူး is offline   Reply With Quote
အောက်ပါအသင်းဝင် 7 ဦးတို့မှ အာဝူး အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 02-12-2009, 01:26 PM
  post #5
ခင်မောင်ထွန်း
ကိုယ်ပိုင်အစွမ်းရှိပြီးသူ
 
အသင်းဝင်နေ့စွဲ: Jan 2009
ရေးသားချက်များ: 291
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 139
ပို့စ် 156 ခုအတွက် 389 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
ခင်မောင်ထွန်း is on a distinguished road
ပြန်စာ - C# Simple program

အစ်ကိုရေသင်ခန်းစာလေးကိုဆက်ပါဦးဗျာ.ဝေမျှပါဦး.......လေးစားလျှက်ပါ...................
ခင်မောင်ထွန်း is offline   Reply With Quote
Old 21-12-2009, 04:05 PM
  post #6
ယုဇနမောင်
ကြီးကောင်ဝင်စ
 
အသင်းဝင်နေ့စွဲ: Aug 2008
ရေးသားချက်များ: 100
ကျေးဇူးတင်စကား: 39
ပို့စ် 44 ခုအတွက် 117 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
ပုံများ: 1
ယုဇနမောင် is on a distinguished road
ပြန်စာ - C# Simple program

Quote:
Originally Posted by ခင်မောင်ထွန်း View Post
အစ်ကိုရေသင်ခန်းစာလေးကိုဆက်ပါဦးဗျာ.ဝေမျှပါဦး.......လေးစားလျှက်ပါ...................
သူများကိုချည်းပဲ မရေးခိုင်းနဲ့လေ မောင်လေးရဲ့ ကိုယ်တိုင်လဲ ရေးပြီးတင်လိုက်ပါအုံး။

[COLOR="Red"][B][U]လူ့လောကကြီးဟာ ကိုယ်တစ်ယောက်ထဲအတွက် စိတ်တိုင်းကျ ဖန်တီးထားတာမဟုတ်ဘူး။[/U][/B][/COLOR]
ယုဇနမောင် is offline   Reply With Quote
Old 21-12-2009, 04:18 PM
  post #7
ခင်မောင်ထွန်း
ကိုယ်ပိုင်အစွမ်းရှိပြီးသူ
 
အသင်းဝင်နေ့စွဲ: Jan 2009
ရေးသားချက်များ: 291
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 139
ပို့စ် 156 ခုအတွက် 389 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
ခင်မောင်ထွန်း is on a distinguished road
ပြန်စာ - C# Simple program

Quote:
Originally Posted by ယုဇနမောင် View Post
သူများကိုချည်းပဲ မရေးခိုင်းနဲ့လေ မောင်လေးရဲ့ ကိုယ်တိုင်လဲ ရေးပြီးတင်လိုက်ပါအုံး။
ရေးပေးချင်ပါတယ်ဗျာအစ်မရေ...
ရုံးမှာရေးလို့မရဘူးလေ....အစ်မလည်းသိသားနဲ့ အခုအက်ဒမင်ကနှစ်ယောက်ဖြစ်သွားပြီဗျ....
ခင်မောင်ထွန်း is offline   Reply With Quote
Old 21-12-2009, 07:38 PM
  post #8
အာဝူး
လမ်းလျှောက်တတ်စ
 
အသင်းဝင်နေ့စွဲ: Jan 2008
ရေးသားချက်များ: 14
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 14
ပို့စ် 7 ခုအတွက် 38 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
အာဝူး is on a distinguished road
ပြန်စာ - C# Simple program

ဆောရီးဗျာ... ကျနော် အလုပ်တွေ နည်းနည်းရှုပ်သွားခဲ့တယ်...။ ကျနော့် စီရှပ် သင်ခန်းစာကို စိတ်ဝင်စားကြလို့ အတိုင်းမသိ ၀မ်းသာပါတယ်...။ ဒီနေ့ text file ထဲကနေ Int တွေကို ဘယ်လို ဖတ်ရမလဲဆိုတာ ဆွေးနွေးကြ ရအောင်ပါ...။ ကျနော်တို့ C++ မှာဆိုရင် text file ဖတ်တာက fscanf(F,"%d %d",&x,&y) c++ မှာ coordinates တွေကို ဖတ်ရင် အဲဒီလို template ရှိပေမဲ့ စီရှပ်မှာက အဲဒီလို တန်းပလိတ်မျိုးမပါဘူး...။ အဲဒီအခါကျ တော့ text file ထဲမှာ Int တွေကို C# မှာ ဖတ်မယ်ဆိုရင် စီရှပ်က အဲဒီ Int တွေကို string အနေနဲ့ပဲ သိပါတယ်...။ ဆိုပါစို့ မြေပုံတစ်ခုခုကို ဆွဲဖို့အတွက် မြေပုံရဲ့ coordinates တွေကို text ဖိုင်မှာ ဖတ်ပြီး ထုတ်ချင်တယ်အခါမှာ C# က x y ကို စာကြောင်းအနေနဲ့ပဲသိတော့ အဆင်မပြေဘူး...။ ပြဿနာက C# က string အနေနဲ့ပဲသိတဲ့ x y တွေကို Int ဖြစ်အောင် ပြန်ပြောင်းမှပဲ ပုံတွေဆွဲလို့ရမယ်... ဒီနေရာမှာ ပြောချင်တာက computer မှာ coordinate တွေက တကယ့်အပြင်က ကျနော်တို့တွက်ခဲ့တဲ့ coordinate တွေနဲ့ Y က ပြောင်းပြန်ဖြစ်နေတယ်... ကွန်ပျူတာမှာက အောက်ကိုဆင်းလေ Y တန်ဖိုးက များလေ လက်တွေ့မှာကအောက်ဆင်းလေ Y တန်ဖိုးက နည်းလေ သဘောပေါက်မယ်ထင်ပါတယ်...။ အဲဒီတော့ C# က ဖတ်လိုက်တဲ့ XY တွေကို string ကနေ Int ကို ဘယ်လို ပြောင်းမလဲ ဒါက အခုရေးတဲ့ သင်ခန်းစာရဲ့ ပြဿနာပါ... သိတယ်ဆိုရင် လွယ်လွယ်လေးဆိုပေမဲ့ မသိသေးခင် အချိန်က ကျနော် တစ်လနီးပါးလောက်ကို ကြည့်ခဲ့ရတာပါ အရိုးသားဆုံးဝန်ခံတာ...။
StreamReader target = new StreamReader("Targets.txt")
ကျနော်တို့ ဖိုင်ကို ဖတ်ဖို့အတွက် ကြေငြာလိုက်ပြီ StreamReader ဆိုတဲ့ method ကို သုံးဖို့ ကျနော်တို့ Using System.IO ဆိုတဲ့ Namespace ကိုကြေငြာပေးရပါလိမ့်မယ်...။ ကျနော်တို့ ဖတ်မဲ့ဖိုင်နာမည်က Target.txt ပါ ဖိုင်ရဲ့တည်နေရာက ပရိုဂရမ်ရဲ့ Debug ဖိုဒါမှာပဲ ရှိတာမို့လို့ ဖိုင်နာမည်ကိုပဲ ရေးလိုက်တာပါ တကယ်လို့ ကျနော်တို့ ဖတ်မဲ့ဖိုင်က တခြားနေရာမှာဆိုရင်တော့ ("@C:\Target.txt") အဲဒီလိုမျိုး နေရာကို ထည့်ပြောပေးရပါတယ်... အကြံပေးချင်တာက debug ဖိုဒါအောက်မှာပဲ သွားထည့်ထားလိုက်ရင် ပိုပြီးအဆင်ပြေမှာပါ...။ ကျနော်တို့ ဖိုင်ကို ဖတ်ဖို့ ကြေငြာလိုက်ပါပြီ target ဖိုင်ထဲမှာ X Y တွေရှိတယ် ဥပမာ
120 130
45 62
27 89
အဲဒီလို မျိုးတွေ ရှိနေတာ x y ပေါ့ဗျာ...။ စပြီး ဖတ်ခိုင်းရအောင်...။
List<int> result = new List<int>();
for (int t = 0; t < 6; t++)
{
string tget;
tget = target.ReadLine();
if (!string.IsNullOrEmpty(tget))
{
string[] c = tget.Split(' ');
for (int t1 = 0; t1 < c.Length; t1++)
{
result.Add(Convert.ToInt16(c[t1]));

}
}
}
for loop တစ်ခု ပတ်လိုက်တယ် t< 6 ဆိုတာက ဖိုင်မှာ x y စာကြောင်း ၇ ကြောင်းပါလို့...။ အဲဒီတော့ tget string တစ်ခုကို ကြေငြာပြီး target က x y တွေကို ReadLine() နဲ့ဖတ်ပြီးတော့ string ထဲကို ထည့်လိုက်တယ် x y က Int ဆိုပေမဲ့ string အနေနဲ့ပဲ မြင်တယ်လေ...။ အောက်ကို ဆက်ကြည့်ရအောင်
if (!string.IsNullOrEmpty(tget)). tget ထဲမှာ ဒေတာတွေ မကုန်မချင်းလုပ်မယ်
string[] c = tget.Split(' ');
for (int t1 = 0; t1 < c.Length; t1++)
{
result.Add(Convert.ToInt16(c[t1]));

}
c ဆိုတဲ့ string တစ်ခု ထပ်ကြေငြာပါတယ် tget မှာ ရှိနေတဲ့ x y တွေကို Split(' ') ဆိုတာက space bar နဲ့ခွဲပြီး တစ်လုံးချင်းထည့်လိုက်တယ် အဲဒီတော့ စာကြောင်းကနေ စာလုံးဖြစ်သွားပြီ...။ ပြီးတော့ loop ပတ်တယ် c ရဲ့ အလျားအတိုင်းဖတ်တယ် ပြီးတော့ အဲဒီ c ထဲမှာ ရှိတဲ့ စာလုံးတစ်လုံးချင်းကို Int ပြောင်းလိုက်ရင် x နဲ့ y တွေက သီးခြားဖြစ်တဲ့ Int တွေ ရသွားပါပြီး ကုဒ်တွေကို ကြည့်ပြီး ကိုယ်တိုင်ရေးကြည့်ရင် ပိုရှင်းပါလိမ့်မယ်...။ ဒီနေရာမှာ result.Add(Convert.ToInt16(c[t1])); ဆိုတာက result ဆိုတာ ဘာလဲမေးစရာရှိပါတယ်...။ result ဆိုတာက array လိုမျိုး စီရှပ်မှာပါတဲ့ List တစ်ခုပါ...။ အပေါ်မှာ ကျနော်ကြေငြာထားပါတယ် အဲဒီ list ထဲကို ပြောင်းလို့ရတဲ့ ကိန်းတွေ အားလုံးကို ထည့်လိုက်တာပါ...။ List ကိုသုံးဖို့ Using System.Collection.Generic နဲ့ Using System.Collection ကိုကြေငြာပေးရပါတယ်...။ ဟုတ်ပြီ ကျနော်တို့
result list ထဲမှာ x y တွေ အားလုံးက Array အနေနဲ့ ရောက်သွားပြီ...။ အဲဒီ list ကို loop ပတ်ပြီး x y ရှိတဲ့ နေရာကို pixel ထည့်လိုက်ချင်းအားဖြင့် ကိုယ်လိုချင်တဲ့ပုံ ထွက်လာမှာဖြစ်ပါတယ်...။ အဆင်ပြေကြပါစေဗျား...။

လောကကြီးမှာ ရှင်သန်နေထိုင်ဖို့အတွက် အရေးကြီးဆုံးကတော့ အသက်ရှူဖို့ပါပဲ....။:76:
အာဝူး is offline   Reply With Quote
အောက်ပါအသင်းဝင် 5 ဦးတို့မှ အာဝူး အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 21-02-2010, 04:13 AM
  post #9
Tayzakoko
ကလေးပေါက်စ
 
အသင်းဝင်နေ့စွဲ: Aug 2009
ရေးသားချက်များ: 37
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 0
ပို့စ် 16 ခုအတွက် 32 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
Tayzakoko is on a distinguished road
ပြန်စာ - C# Simple program

အစ်ကိုရေ ဆက်ရေးပေးပါအုံးဗျာ
ကျနော်တို့က အားပေးနေတာဗျ
အစ်ကိုရေးတာတွေ စိတ်ဝင်စားဖို့ကောင်းပါတရ်
Tayzakoko is offline   Reply With Quote
Old 02-01-2013, 02:09 PM
sabaikyi
မွေးကင်းစကလေး
 
အသင်းဝင်နေ့စွဲ: Dec 2012
ရေးသားချက်များ: 1
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 0
ပို့စ် 0 ခုအတွက် 0 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
sabaikyi is on a distinguished road
ပြန်စာ - C# Simple program

Window Base ရှင်းပြနေတာကိုး..။ ကျွန်တော်က Web Base မှတ်လို့ new Website နဲ့စမ်းနေတာ..။
sabaikyi is offline   Reply With Quote
Old 29-01-2014, 12:04 AM
လင်းထွန်းခန့်
မွေးကင်းစကလေး
 
အသင်းဝင်နေ့စွဲ: Jan 2014
ရေးသားချက်များ: 1
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 0
ပို့စ် 1 ခုအတွက် 1 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
လင်းထွန်းခန့် is on a distinguished road
ပြန်စာ - C# Simple program

အကိုရေ ... ဖတ်ရတာသိပ်ကောင်းပါတယ်။ windows form မှာ မြန်မာဂဏာန်းတွေ ပေါင်း၊ နှုတ်၊ မြှောက်၊ စားလုပ်ချင်တာ ဘယ်လိုမျိုးရေးလို့ရနိုင်သလဲဆိုတာလည်း သိချင်ပါတယ်။ ကူညီမယ်လို့ မျှော်လင့်မိပါတယ်။
လင်းထွန်းခန့် is offline   Reply With Quote
အောက်ပါအသင်းဝင်မှ လင်းထွန်းခန့် အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 01-05-2015, 03:26 PM
bobolay
မွေးကင်းစကလေး
 
အသင်းဝင်နေ့စွဲ: Apr 2015
ရေးသားချက်များ: 1
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 2
ပို့စ် 1 ခုအတွက် 1 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
bobolay is on a distinguished road
ပြန်စာ - C# Simple program

C# အ​ကြောင်းဆို ဘာပဲ​ရေး​ရေးအကုန်​စိတ်​ဝင်​စားတယ်​ဗျာ
ရေးသားသူများကိုအထူးအထူး​ကျေးဇူးတင်​ရှိပါတယ်​::)
ထပ်​လည်း​ရေး​ပေးပါအုံး :):):)
bobolay is offline   Reply With Quote
အောက်ပါအသင်းဝင်မှ bobolay အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Reply

တန်ဆာပလာများ
ဖော်ပြမှုပုံစံ

Posting Rules
You may not post new threads
You may not post replies
You may not post attachments
You may not edit your posts

BB code is On
Smilies are On
[IMG] code is On
HTML code is Off

ဖိုရမ်တွေ ကျော်ရောက်ချင်ရင် !

အခြားဆင်တူဆွေးနွေးချက်များ
ဆွေးနွေးချက် စတင်ရေးသားသူ ကွပ်ပျစ်ဝိုင်း ပြန်စာများ နောက်ဆုံးပို့စ်
Terminology and Definition in C++ green leaf ဆွေးနွေးချက်များ 4 04-12-2011 12:38 AM
program ရဲ့ အမြန်နှုံးကိုမြင့်တင်ခြင်း shadeboy ကွန်ပျူတာဆိုင်ရာတိုလီမုစများ 6 01-06-2010 10:19 PM
မိမိတင်ထားတဲ့ Program တွေ သူများဖြုတ်လို့မရအောင် akm ကွန်ပျူတာဆိုင်ရာတိုလီမုစများ 11 18-12-2008 11:52 AM
Java how to Program 6th Edition kothu E-books များ 0 04-02-2008 06:57 PM
Perform a simple server side request and update two elements in the current HTML mmmaung E-books များ 0 28-01-2008 04:47 PM


ဖိုရမ်၏ ပင်မအချိန်သည် ဂရင်းနစ်စံတော်ချိန် +6.5 ဖြစ်သည်။ဒေသစံတော်ချိန် 06:45 AM
Inactive Reminders By Icora Web Design