Go Back   မြန်မာမိသားစုဖိုရမ် » ..:: ကွန်ပျူတာနယ်ပယ် ::.. » Software များဆိုင်ရာ
မြန်မာလက်ကွက်

Software များဆိုင်ရာ နေ့စဉ်နဲ့အမျှ ထွက်ရှိသောနေသော Software အသစ်များအကြောင်း ၊ လက်ရှိအသုံးပြုနေသော Software များအကြောင်းနှင့် အသုံးချပုံများအကြောင်းဆွေးနွေးထားသည့်နေရာပါ..

Reply
 
Bookmark and Share တန်ဆာပလာများ ဖော်ပြမှုပုံစံ
Old 21-05-2009, 03:23 PM
  post #1
maJunior
ထိပ်တန်းပညာရှင်
 
အသင်းဝင်နေ့စွဲ: May 2007
တည်နေရာ: နေပြည်တော်
ရေးသားချက်များ: 738
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 597
ပို့စ် 367 ခုအတွက် 1,784 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
ပုံများ: 5
maJunior is on a distinguished road
Window အသစ်မှာ Application တွေကို Auto Install လုပ်သွားစေမယ်

ဂျူနီယာစိတ်ကူးယဉ်မိတာလေးတစ်ခုကိုအကောင်အထည်ဖော်နိုင်တော့မှာမို့လို့အရမ်းပျော်ရွှင်မိပါတယ်.
သူများတွေတော့..ရူးနေသလားလို့ ထင်မလားမသိဘူးနော်. ဟိဟိ..
တကယ်တော့ဂျူနီယာက ကွန်ပျူတာနည်းပညာတွေကို သိပ်နားမလည်ပါဘူး..
ဝါသနာပါတော့ ဟိုလျှောက်လုပ်ဒီလျှောက်လုပ်နဲ့..ဟိုတတ်ချင်ဒီတတ်ချင်နဲ့ပါ...(နားလည်ပေးကြပါနော်)
ဒီတစ်ခါ ဘာစိတ်ကူးယဉ်တာလဲဆိုတော့..၀င်းဒိုးတင်ပြီးတဲ့စက်အသစ်လေးမှာ ဂျူနီယာအခုတင်ပြမယ့်
package လေးတစ်ခုတည်းကိုဖြည်လိုက်တာနဲ့ အဲဒီစက်မှာ တင်ရမယ့် application တွေအားလုံးကို
သူ့အလိုလျောက် Install လုပ်ပေးသွားတာမျိုးလေးပါ...ကိုယ်က တစ်ခုခြင်း အခွေတွေရှာဖွေပြီးတင်ပေးစရာ
မလိုတော့ဘူးပေါ့...အခုပြုလုပ်ထားရမယ့် package ပြုလုပ်ရာမှာ အဆင့်အားဖြင့် (4)ဆင့်ဘဲ ပြုလုပ်ပေးရမှာပါ..
ဒါဆို လူလဲသက်သာ..စိတ်လဲအမောပြေတာပေါ့...မဟုတ်ဖူးလား.
စိတ်ဝင်စားကျပါ့မလားတောင်မသိဘူး....တစ်ခုခုမှာအကျိုးပြုတယ်ဆိုရင်ဘဲ ..၀မ်းသာလှပါပြီ.. ဆက်လက်တင်ပြပါ့မယ်..
(၁) ပထမဆုံးအနေနဲ့ Desktop ပေါ်မှာ ဖိုဒါတစ်ခုဆောက်ပြီး (ဂျူနီယာကတော့ ရှင်းအောင် Desktop မှာထားပါတယ်..
မိမိကြိုက်ရာနေရာထားပါ)
package လုပ်မယ့် ဆော့ဝဲ steup ဖိုင်တွေကို ထည့်ထားပါ..( My package လို့အမည်ပေးရအောင်ပါ)
ပထမဆုံး ခုတင်ပေးထားတဲ့ software ကို စက်မှာ အင်စတောလုပ်ရပါမယ်..သူကိုဖွင့်ပြီး New (Create new project)
ဆိုတာလေးနှိပ်ပါတယ်..(ပုံကြည့်ပါ) (ပုံတွေကို ကလစ်နှိပ်ပြီး အကြီးချဲ့ကြည့်နိုင်ပါတယ်)

ပေါ်လာတဲ့ဝင်းဒိုးမှာ..ညာဘက်အပေါ်က down arrow လေးကိုနှိပ်ပြီး ခုဏ Desktop ပေါ်က My package ကိုဖွင့်ပါ.
setup ဖိုင်တွေအားလုံးကို ညာဘက် box ထဲမှာဝင်လာပါလိမ့်မယ်.. အားလုံးကို slect လုပ်ပြီး အပေါ်က၀ိုင်းပြထားတဲ့
arrow အကြီးကိုနှိပ်ပြီး ဘယ်ဘက် box ထဲ add လိုက်ပါ.ပြီးရင် Next button လေးကိုနှိပ်ပါ.. (ပုံကိုကြည့်ပါ)


(၂) ပေါ်လာတဲ့ ၀င်းဒိုးအသစ်ရဲ့အပေါ်ဆုံးကတော့ company name ပါ..အဲဒီနေရာမှာ ရလာမယ့် package လေးကို အမည်စိတ်ကြိုက်ပေးပါမယ်..
မိမိ product name (မထည့်လဲရတယ်.) ၊ Current regstry ဆိုတာလေး Check ဖြုတ်ပေးပါ၊ Installation Directory
ဆိုတာမှာတော့ Program File အောက်ကိုဘဲ Install လုပ်ပါမယ်. Shortcut Properties ဆိုတာမှာတော့ application တွေ Install လုပ်ပြီးရင်
သူတို့ရဲ့ Shortcut တွေကို ဘယ်နေရာတွေမှာပေါ်စေချင်သလဲဆိုတာ ရွေးချယ်ပေးရမှာပါ..( ဥပမာ- Desktop ) icon ကအစ မိမိစိတ်ကြိုက်
icon ထားလို့ရပါတယ်..ပြီးရင် Next button လေးကိုနှိပ်ပါ..( ပုံကိုကြည့်ပါ)



(၃) အဆင့် 3 ကတော့ package ကို အင်စတော တဲ့အခါမှာ Install လုပ်မယ့် application တွေအားလုံးထဲက
အရေးအကြီးဆုံး 4 ခုကို Install page မှာ ရွေးချယ်မလားဖြုပ်မလားဆိုတာ ပြပေးမှာပါ.. ကျန်တဲ့ application တွေကတော့
ရွေးချယ်လို့မရနိုင်ဘဲ ..ထည့်ပေးထားတာအားလုံးတက်လာစေမှာပါ..
တက်လာတဲ့ ၀င်းဒိုးမှာ language နေရာမှာ auto Detact ကို ထားပေးပါ..
(application တွေ ရဲ့မူရင်းရှိနေတဲ့ version နဲ့ တက်ပါစေပေါ့)
ဘယ်ဘက်က အနီစက်လေးနဲ့စာအုတ်ပုံစံ icon လေးကိုနှိပ်ပါ..တက်လာတဲ့ ၀င်းဒိုးမှာ Type က Run ဖြစ်နေပါလိမ့်မယ်.
Target ပထမ၊ဒုတိယ၊တတိယ၊စတုထ စသည်ဖြင့် အရေးအကြီးဆုံး 4 ခုကို Install page မှာ Install တင်မလား၊ ဖြုပ်မလားဆိုတာ
ရွေးချယ်နိုင်ရန် တန်းစီပြီး လေးခါထည့်ပေးပါ.ကျိုးကျောင်းပြချက်တို့ Startin တို့ထည့်ပေးစရာမလိုပါဘူး..
တစ်ခုချင်းထည့်ပါပြီးရင် OK နှိပ် Next button လေးကိုနှိပ်ပါ..(ပုံကိုကြည့်ပါ)


အရေးကြီးတဲ့ application လေးခုထက်ကျော်သွားရင်တော့.. run လို့မပြတော့ပါဘူး..run always ဆိုပြီးပြနေပါလိမ့်မယ်..
ဒါမှာတော့ Install မလုပ်ချင်ဘူးဆိုပြီး Uncheck လုပ်ခွင့်မရှိတော့ပါဘူး..
အားလုံးတင်ရမှာပါ..နောက်မှသာ ကိုယ့်ဘာ ပြန်ဖြုပ်ချင်ဖြုပ်ပေါ့။။
ok လုပ် ပြီးရင် Next နှိပ်ပါ။( ပုံကြည့်ပါ)


(၄) Installation package မှာ save မယ့်နေရာကိုရွေးပေးပါ..
ပြီးရင် Create ကိုနှိပ်ပါ..မြင်ကွင်းက ဒီမှာပါ..




ဒါဆိုရင် ရလာတဲဖိုင်လေးက ( .eti )နဲ့ရလာမှာပါ..

အဲဒါလေးကိုရိုးရိုး Double Click လုပ်ပြီးအင်စတော ပေးရမှာပါ..
ဒါဆိုရင် အတွင်းထဲက application တွေ တစ်ခုချင်း setup လုပ်နေတာတွေ့ရပါလိမ့်မယ်..
သူငယ်ချင်းများလဲ စမ်းသပ်ကြည့်ပေးပါ..ပြီးတော့ ဆွေးနွေးပေးပါအုံးနော်..
အော..မေ့တော့မလို့ ဆော့ဝဲလ်က ဒီမှာ ယူပါ.. Free ware ပါ..
Code:
http://www.softpedia.com/progDownload/Excelsior-Installer-Download-66719.html

[COLOR="SeaGreen"]*♥`*..*♥*♥`*..*♥[/COLOR][COLOR="Red"] Honesty is the best policy [/COLOR][COLOR="SeaGreen"]♥`*. .*♥`**♥`*..*♥[SIGPIC][/SIGPIC][/COLOR]

Last edited by Aung Aung; 24-05-2009 at 02:40 AM.. Reason: change images to clickable thumbnail mode for faster loading
maJunior is offline   Reply With Quote
အောက်ပါအသင်းဝင် 72 ဦးတို့မှ maJunior အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
ကိုကိုသီဟ, ကိုပျင်း, ကိုဖိုးစည်, ကိုဦး, ကိုဖြိုးငြိမ်း, ချစ်သားငယ်လေး, ဆန်းမောင်, ဇာနည်စိုး, ဇာနည်မောင်, တည်ကြည်, ဖိုးတေ, ဖယောင်း, မင်းခကို, မိုးပြာပြာ, မိုးလွင်, မူယွန့်, မျိုးဟန်ထက်, ရဲရဲလေး, ရှင်နေမင်း, လူပျင်း, ဝင်းအောင်, သက်နိုင်, ကျော်စိုးဝင်း, ကျော်ထက်ချိန်, ဇော်ရဲပိုင်, တေဇာ, မောင်သံသရာ, မောင်တေဇာဝင်း, အောင်ကျော်ဆန်း, ငြိမ်းချမ်း, မြင့်မိုရ်, ဖြိုးခန့်, နိုင်သူရ, arkaraung, Aung Aung, AZM, bagewaka, blackNwhite, bonge, cherry, crush, ko myo, KyawZinThet, KznT, laecharthar, LaMike, lu soe, lusoelay987, Lwin Thu, maythumg, mgwinhlaing, minthike, minthumon, Moethe', moe_poung, mttwin, Myanmar_Lycan, myo naing, nyilinnge, phoetharlay, phyomyintthein, pph, sawlinux, sein min, smooth gut, thurein, tu tu, TunMinnOo, viva, yawnathan, Ye Aung, zaya007
Old 21-05-2009, 03:39 PM
  post #2
ဇော်ရဲပိုင်
အထူးအသင်းဝင်
 
ဇော်ရဲပိုင်'s Avatar
 
အသင်းဝင်နေ့စွဲ: Mar 2008
တည်နေရာ: မြန်မာ
ရေးသားချက်များ: 1,427
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 5,926
ပို့စ် 1,304 ခုအတွက် 6,794 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
ဇော်ရဲပိုင် is on a distinguished road
ပြန်စာ - ၀င်းဒိုးအသစ်မှာ..Application တွေကို သူ့ဘာသ&

ဟုတ်ကဲ့ မဂျုနီယာရေ....ခုလို စိတ်ရှည်လက်ရှည်နဲ့ ရှင်းပြသွားတဲ့ အတွက် ကျန်တဲ့သူတွေလည်း သုံးရတာ ပိုအဆင်ပြေသွားတာပေါ့...
ဟိုနေ့ ကတည်း က အမ စိတ်ကူးယဉ်နေတာ တွေ့တယ်........ပို့တစ်ခုမှာ ဖတ်လိုက်ရတာကို ပြောတာနော်..... ..ခုတော့
အိမ်မက်တွေ တကယ်ဖြစ်လာတာတွေ့ ရတော့ ဂုဏ်ယူပါတယ်ခင်ဗျာ...(အပြင်မှာ တွေ့ရင်တော့ မုန့်ဝယ်ကျွေးမယ်....)..ကျွန်တော်
အရင်ဆုံး စမ်းကြည့်လိုက်မယ် အမ...ကျွန်တော်လည်း ၀င်ဒိုးအသစ်တင်ရင် သုံးတာ မသုံးတာ အသာထား....ဆော့ဝဲလ်တွေ ရမ်းရတာ
အကျင့်ပါနေတာ နဲ့ အတော်ဖြစ်သွားတယ်...နောက်ဆို တော်တော် သက်သာသွားပြီဗျာ.....ကျေးဇူးအများကြီးတင်ပါတယ် အမ....ရှဲ့ ရှဲ့.ပါခင်ဗျာ.....
ဒါနဲ့ အမ ဆော့ဝဲလ် အတွက်ဒေါင်းတာက ပတ်ဝါ့ မလိုဘူး မလား....ကျွန်တော်ပဲ မှားတာလား မသိဘူး...အဲ့ဒါလေး သိချင်လို့..ခုတော့ ကျောင်းသွားရမှာ ပြေးပြီဗျာ...ညနေကျမှ ဖတ်ပြီး စမ်းတော့မယ်...

တကယ်စစ်မှန်တဲ့ မေတ္တာဟာ တစ်ဖက်သားအတွက် အကောင်းဆုံးဆိုတာကို လိုလားတယ်

ဓမ္မစကားနေ့တိုင်းကြားလိုပါက.........

Facebook တွင် ဖတ်ရှု့လိုပါက......

Last edited by ဇော်ရဲပိုင်; 21-05-2009 at 03:52 PM..
ဇော်ရဲပိုင် is offline   Reply With Quote
အောက်ပါအသင်းဝင် 9 ဦးတို့မှ ဇော်ရဲပိုင် အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 21-05-2009, 10:28 PM
  post #3
LaMike
အရွယ်ရောက်သူ
 
အသင်းဝင်နေ့စွဲ: Oct 2008
တည်နေရာ: Mandalay
ရေးသားချက်များ: 183
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 320
ပို့စ် 130 ခုအတွက် 613 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
LaMike is on a distinguished road
Icon19 ပြန်စာ - Window အသစ်မှာ Application တွေကို Auto Install လုပ်သွားစေမ

Password တော့လိုဘူး ဗျာ ...
ဒါပေမယ့် Zip Code တွေရော ဖုန်းတွေရော ဖြည့်ရတယ်ဗျာ ..
အခုလိုရှာဖွေပေးတဲ့ မမဂျူနီယာကို ကျေးဇူးနော် ...
နောက်လူတွေ ဒေါင်းရင် Zip Code တွေ ဖုန်းတွေ ဖြည့်ရမှာ ပျင်းတဲ့ .. ကျွန်တော့်လို သူငယ်ချင်းများအတွက် ...
ifile နဲ့ rapidshare မှာ ပြန်တင်ပေးလိုက်ပါတယ်..
မဂျူနီယာကို တဖက်တလမ်းက ကူညီတယ်လို့ သဘောထားပေးပါဗျာ ....
freeware မို့ password မပေးထားတော့ပါဘူး ဗျာ ...


(လင့်ခ်အမှန် ဖြည့်ပေးထားပါတယ်)

Last edited by LaMike; 24-05-2009 at 11:31 PM..
LaMike is offline   Reply With Quote
အောက်ပါအသင်းဝင် 15 ဦးတို့မှ LaMike အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 24-05-2009, 02:19 AM
  post #4
Aung Aung
ဖိုရမ်လှည့်ကင်း
 
Aung Aung's Avatar
 
အသင်းဝင်နေ့စွဲ: Mar 2007
ရေးသားချက်များ: 2,154
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 3,914
ပို့စ် 1,015 ခုအတွက် 4,380 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
ပုံများ: 235
Aung Aung is on a distinguished road
ပြန်စာ - Window အသစ်မှာ Application တွေကို Auto Install လုပ်သွားစေမ

တခုခုတော့ မှားနေပြီ။ မဂျူနီယာပေးထားတဲ့လင့်က ဒေါင်းရင် zip code , phone no. ဖြည့်စရာမလိုပါဘူး။ ကျွန်တော်ခုဘဲ စမ်းဒေါင်းကြည့်တာပါ။ ကို LaMike တယောက် ဒေါင်းလုဒ်လင့်ကို သွားရင်းနဲ့ အဲ့စာမျက်နှာမှာ ကြော်ငြာထားတဲ့ တခြားဆော့ဝဲ ဒေါင်းမိတာထင်တယ်။ အကို တင်တာကော၊ မဂျူနီယာတင်တာပါ ၂ ခုလုံးဒေါင်းကြည့်တော့ ဖိုင်နာမည်မတူဘူးခင်ဗျ ။

မဂျူနီယာတင်ပေးထားတာက ဖိုင်နာမည် eit-latest-free-en-win32 , Description က Excelsior installer 1.8 ပါ။ အကိုတင်တာက gfibackup 2009 home ဆိုတဲ့ ဖိုင်ပါခင်ဗျ။ မတူဘူးထင်တာဘဲ။ ဖိုရမ်က မန်ဘာတွေ အဆင်ပြေအောင် မျှဝေပေးတဲ့ မဂျူနီယာကော ကို လမိုက် ကိုပါ ကျေးဇူးတင်ပါတယ်ခင်ဗျ။

မကောင်းမှုရှောင်၊ ကောင်းမှုဆောင်၊ ဖြူအောင်စိတ်ကိုထား။

aungaung@myanmarfamily.org
Aung Aung is offline   Reply With Quote
အောက်ပါအသင်းဝင် 11 ဦးတို့မှ Aung Aung အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 24-05-2009, 09:32 AM
  post #5
LaMike
အရွယ်ရောက်သူ
 
အသင်းဝင်နေ့စွဲ: Oct 2008
တည်နေရာ: Mandalay
ရေးသားချက်များ: 183
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 320
ပို့စ် 130 ခုအတွက် 613 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
LaMike is on a distinguished road
Icon19 ပြန်စာ - Window အသစ်မှာ Application တွေကို Auto Install လုပ်သွားစေမ

Quote:
Originally Posted by Aung Aung View Post
တခုခုတော့ မှားနေပြီ။

နာမှားတာ နာမှားတာ
တေစမ်း တေစမ်း ...
ကိုအောင်အောင်ကျေးဇူးပါ.. အနော်က အဲဒီလို မူးကြောင်မူးကြောင်ရယ် ..

ကျွန်တောင် ဖတ်ကြည့်သေးတယ် .. သူလည်း Back Up Software ဖြစ်နေတာကိုး .. မကြည့်မိဘူး .. တင်ပေးလိုက်တယ် .. ။ နောက်တစ်ခါ ဆင်ခြင်ပါ့မယ်ဗျာ ..။ အခုလို သတိပေးတာ ကျေးဇူးပါ။ မဟုတ်ရင် အားလုံး ကျွန်တော်ပေးတာတွေ ဒေါင်းပြီး တလွဲတွေဖြစ်ကုန်တော့မှာ ..။ ကျေးဇူးပါဗျာ ..။ ဒီတစ်ခါတော့ အပြစ်ချေဖို့ တခုပြန်လုပ်ပေးမယ်နော် ..။

Rapidshare Download


LaMike is offline   Reply With Quote
အောက်ပါအသင်းဝင် 10 ဦးတို့မှ LaMike အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 24-05-2009, 02:31 PM
  post #6
ဇော်ရဲပိုင်
အထူးအသင်းဝင်
 
ဇော်ရဲပိုင်'s Avatar
 
အသင်းဝင်နေ့စွဲ: Mar 2008
တည်နေရာ: မြန်မာ
ရေးသားချက်များ: 1,427
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 5,926
ပို့စ် 1,304 ခုအတွက် 6,794 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
ဇော်ရဲပိုင် is on a distinguished road
ပြန်စာ - Window အသစ်မှာ Application တွေကို Auto Install လုပ်သွားစေမ

ညီလေး လမိုက်ရေ အကြံပေးကြည့်တာပါ...ညီလေး ဆော့ဝဲ မှားတင်ထားတာကို အနီနဲ့ ရေးထားပေမဲ့..တင်ထားတဲ့ ဟာကိုပါ .ပြန်ဖြုတ်ထားရင် ကောင်းမယ်ထင်တယ်..တော်ကြာ ကြာသွားရင် မသိတဲ့ သူက မှားပြီး သုံးလိုက်ရင် မကောင်းဘူးလေ...တမျိုးမထင်နဲ့ နော် ငါ့ညီ... အောက်က rapidshare လေးပဲ ထားလိုက်ပေါ့...
မဂျူနီယာ ပေးထားတာက နေ တိုက်ရိုက်ဒေါင်းချင်သူများအတွက် ကျွန်တော် နမူနာပြထားပါတယ်...ကျွန့်တော့်လို ဖြစ်မှာ စိုးလို့ပါ...


အိုင်ဖိုင်လင့်ပါ..ပတ်ဝါ့ မခံထားတော့ပါဘူး....
အဆင်ပြေပါစေ....

တကယ်စစ်မှန်တဲ့ မေတ္တာဟာ တစ်ဖက်သားအတွက် အကောင်းဆုံးဆိုတာကို လိုလားတယ်

ဓမ္မစကားနေ့တိုင်းကြားလိုပါက.........

Facebook တွင် ဖတ်ရှု့လိုပါက......
ဇော်ရဲပိုင် is offline   Reply With Quote
အောက်ပါအသင်းဝင် 17 ဦးတို့မှ ဇော်ရဲပိုင် အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 21-07-2009, 05:55 PM
  post #7
nay linn
မွေးကင်းစကလေး
 
အသင်းဝင်နေ့စွဲ: Jun 2008
ရေးသားချက်များ: 2
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 0
ပို့စ် 1 ခုအတွက် 1 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
nay linn is on a distinguished road
ပြန်စာ - Window အသစ်မှာ Application တွေကို Auto Install လုပ်သွားစေမ

ကျွန်တော်တခုလောက်မေးချင်လို့ဗျ တချို့ဆော့ဝဲတွေက ခရက်စ် တို့ စီရီရယ် ကီး တွေကျတော့ ကော ဘယ်လိုလုပ်ရလဲ အခုက စက်စ်တတ် ပဲထည့်ပေးရတာဆိုတော့ ကျွန်တော်နားမလည်လို့ပါ နည်းနည်းလောက်ရှင်းပြပေးပါလား
nay linn is offline   Reply With Quote
အောက်ပါအသင်းဝင်မှ nay linn အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 22-09-2009, 10:08 PM
  post #8
မွေးကင်းစကလေး
 
နေမျိုးအောင်-မြစ်ကြီးနား's Avatar
 
အသင်းဝင်နေ့စွဲ: Sep 2009
ရေးသားချက်များ: 1
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 0
ပို့စ် 0 ခုအတွက် 0 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
နေမျိုးအောင်-မြစ်ကြီးနား is on a distinguished road
ပြန်စာ - Window အသစ်မှာ Application တွေကို Auto Install လုပ်သွားစေမ

ဒီနေ့ပဲ မမ်ဘာဝင်ပြီး နောက် အများကြီးဖတ်ဖြစ်သွားတယ်။ မကြာမကြာဝင်းဒိုးတင်ဖြစ်နေတော့ ဒေါင်းထားလိုက်အုံးမယ်ဗျာ။ သုံးကြည့်ပြီးမှပဲ အဆင်ပြေတာ မပြေတာတွေ ပြောတော့မယ်နော်။
ကျေးဇူးတင်ပါတယ်။ွှွှ့
နေမျိုးအောင်-မြစ်ကြီးနား is offline   Reply With Quote
Old 23-10-2009, 01:33 PM
  post #9
jonelay2009
ဆယ်ကျော်သက်
 
အသင်းဝင်နေ့စွဲ: Oct 2009
ရေးသားချက်များ: 62
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 46
ပို့စ် 10 ခုအတွက် 18 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
jonelay2009 is on a distinguished road
ပြန်စာ - Window အသစ်မှာ Application တွေကို Auto Install လုပ်သွားစေမ

မဂျုနီယာ နဲ့ ကိုဇော်ရဲပိုင် တို့နှစ်ယောက်လုံးကို စေတနာအတွက် ကျေးဇူးပါ..နောက် software ကောင်းတာလေးတွေရှိရင်လည်း share ပါဦး...
(jonelay2009)
jonelay2009 is offline   Reply With Quote
Old 12-12-2009, 09:34 AM
lusoelay987
ကလေးပေါက်စ
 
အသင်းဝင်နေ့စွဲ: Jan 2008
ရေးသားချက်များ: 20
ကျေးဇူးတင်စကား: 75
ပို့စ် 4 ခုအတွက် 8 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
lusoelay987 is on a distinguished road
ပြန်စာ - Window အသစ်မှာ Application တွေကို Auto Install လုပ်သွားစေမ

ကျနော်ကနဲနဲပိန်းလို့ တစ်ခုလောက်ရှင်းပြကြပါဦး Setup ဖိုင်တွေကို rename ပြောင်းရမှာလား အကုန်လုံးက setup ဆိုတဲ့နာမည်တွေနဲ့ကြီးပဲဆိုတော့ ဖိုဒါထဲကိုထဲ့မရလို့ ရှင်းပြကြပါဦး
lusoelay987 is offline   Reply With Quote
Old 19-02-2010, 02:07 PM
zaya007
ဆယ်ကျော်သက်
 
အသင်းဝင်နေ့စွဲ: Aug 2008
တည်နေရာ: Yangon
ရေးသားချက်များ: 62
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 51
ပို့စ် 30 ခုအတွက် 84 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
zaya007 is on a distinguished road
ပြန်စာ - Window အသစ်မှာ Application တွေကို Auto Install လုပ်သွားစေမ

ကောင်တာတော့ ကောင်းပါတယ်။ ဒါပေမယ့် အဲဒါကို ပြန် Run တဲ့အခါမှ Setup တွေက တစ်ခုပြီးတစ်ခု တက်လာတယ်။ ကြည့်ရတာ တော်တော်လည်း မျက်စိရှုပ်တယ်။ဟိုဟာလုပ်လိုက် ဒီဟာလုပ်လိုက်နဲ့။ အလုပ်ကို တော်တော်ရှုပ်သွားတာဘဲ။ အဲဒါကလွဲရင် အားလုံးကောင်းပါတယ်။
zaya007 is offline   Reply With Quote
အောက်ပါအသင်းဝင် 2 ဦးတို့မှ zaya007 အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 13-02-2011, 07:57 PM
မောင်တေဇာဝင်း
ကိုယ်ပိုင်အစွမ်းရှိပြီးသူ
 
အသင်းဝင်နေ့စွဲ: Mar 2008
တည်နေရာ: Muse,(105)Mile
ရေးသားချက်များ: 266
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 82
ပို့စ် 115 ခုအတွက် 323 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
မောင်တေဇာဝင်း is on a distinguished road
ပြန်စာ - Window အသစ်မှာ Application တွေကို Auto Install လုပ်သွားစေမ

ကျွန်တော်တစ်ခုလောက်မေးချင်တယ် Crack , Serial key တွေကိုရော် Auto ထည့်ပေးလာ။
နောက်မှပြန်ထည့်ရတာလာ။
မောင်တေဇာဝင်း is offline   Reply With Quote
Old 15-02-2011, 08:04 AM
မင်းဆွေအိမွန်
လမ်းလျှောက်တတ်စ
 
အသင်းဝင်နေ့စွဲ: Mar 2009
ရေးသားချက်များ: 12
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 8
ပို့စ် 8 ခုအတွက် 21 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
မင်းဆွေအိမွန် is on a distinguished road
ပြန်စာ - Window အသစ်မှာ Application တွေကို Auto Install လုပ်သွားစေမ

အန်တီ ဂျူနီယာ ခင်ဗျာ......... ဟဲဟဲ ရိုသေသမှု နဲ့ခေါ်လိုက်တာနော်........

ဖြစ်နိုင်ရင် ပြန်တင်ပေးပါလား....... တစ်ခြားလင့်ခ်ကနေပေါ့.......

အန်တီ ဂျူနီယာမှမဟုတ်ပါဘူး တစ်ခြား ဦးဦး ဒေါ်ဒေါ် ဖိုးဖိုး ဖွားဖွား တွေလဲ ပြန်တင်ပေးကြပါဦးဗျာ...... ဟဲဟဲ.... :p
မင်းဆွေအိမွန် is offline   Reply With Quote
Old 15-02-2011, 12:01 PM
ဇော်ရဲပိုင်
အထူးအသင်းဝင်
 
ဇော်ရဲပိုင်'s Avatar
 
အသင်းဝင်နေ့စွဲ: Mar 2008
တည်နေရာ: မြန်မာ
ရေးသားချက်များ: 1,427
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 5,926
ပို့စ် 1,304 ခုအတွက် 6,794 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
ဇော်ရဲပိုင် is on a distinguished road
ပြန်စာ - Window အသစ်မှာ Application တွေကို Auto Install လုပ်သွားစေမ

Quote:
Originally Posted by မင်းဆွေအိမွန် View Post
အန်တီ ဂျူနီယာ ခင်ဗျာ......... ဟဲဟဲ ရိုသေသမှု နဲ့ခေါ်လိုက်တာနော်........

ဖြစ်နိုင်ရင် ပြန်တင်ပေးပါလား....... တစ်ခြားလင့်ခ်ကနေပေါ့.......

အန်တီ ဂျူနီယာမှမဟုတ်ပါဘူး တစ်ခြား ဦးဦး ဒေါ်ဒေါ် ဖိုးဖိုး ဖွားဖွား တွေလဲ ပြန်တင်ပေးကြပါဦးဗျာ...... ဟဲဟဲ.... :p
အန်တီဂျူနီယာ အစား ပြန်တင်ပေးလိုက်ပါပြီဗျာ... ကိုမင်းဆွေအိမွန် ဒေါင်း မရရင် ပြန်ပြောပါခင်ဗျာ..
ဒေါင်းလုပ်ယူရန်

တကယ်စစ်မှန်တဲ့ မေတ္တာဟာ တစ်ဖက်သားအတွက် အကောင်းဆုံးဆိုတာကို လိုလားတယ်

ဓမ္မစကားနေ့တိုင်းကြားလိုပါက.........

Facebook တွင် ဖတ်ရှု့လိုပါက......
ဇော်ရဲပိုင် is offline   Reply With Quote
အောက်ပါအသင်းဝင် 4 ဦးတို့မှ ဇော်ရဲပိုင် အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 15-02-2011, 01:10 PM
kyarminthar
ဆယ်ကျော်သက်
 
အသင်းဝင်နေ့စွဲ: Feb 2011
ရေးသားချက်များ: 51
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 14
ပို့စ် 32 ခုအတွက် 61 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
kyarminthar is on a distinguished road
ပြန်စာ - Window အသစ်မှာ Application တွေကို Auto Install လုပ်သွားစေမ

ကျွန်တော်က ခုမှ ဖတ်ကြည့်တာ ကြိုက်တယ် လုပ်ကြည့်မယ် ပြီးမှ ဝေဖန်မယ် လေကန်မယ် အပြစ်တင်မယ် ဟဲဟဲ ကျွန်တော်ကတော့ ဂျူနီယာ၊ လမိုက်နဲ့ အပေါ်က ဆရာများအားလုံးတို့ရဲ့ တပည့် ပါ
kyarminthar is offline   Reply With Quote
Old 02-07-2012, 05:27 PM
blackfire
ဆယ်ကျော်သက်
 
အသင်းဝင်နေ့စွဲ: Jul 2011
တည်နေရာ: ရန်ကုန်တိုင်းေ&#
ရေးသားချက်များ: 68
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 14
ပို့စ် 35 ခုအတွက် 57 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
ပုံများ: 7
blackfire is on a distinguished road
ပြန်စာ - Window အသစ်မှာ Application တွေကို Auto Install လုပ်သွားစေမ

mediafire မှာတင်ပေးစေလိုပါတယ်။အခုလိုပြောပြတာလည်းကျေးဇူးအများကြီးတင်ရှိပါကြောင်း..........................

[SIZE=5]ပညာကိုသေရွာယူမသွားကြေး။[/SIZE]
blackfire is offline   Reply With Quote
Old 03-07-2012, 10:11 PM
ဆိုးသွမ်း
ကလေးပေါက်စ
 
အသင်းဝင်နေ့စွဲ: May 2009
ရေးသားချက်များ: 30
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 8
ပို့စ် 21 ခုအတွက် 67 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
ဆိုးသွမ်း is on a distinguished road
ပြန်စာ - Window အသစ်မှာ Application တွေကို Auto Install လုပ်သွားစေမ

setup ဖိုင်လေးပဲပါတဲ့ ဆော့ဝဲအသေးလေးတွေမဟုတ်ပဲ photoshop တို့လို အခြား serial တို့ key တို့ထည့်ပေးရတဲ့ ဆော့ဝဲတွေကိုရော လုပ်လို့ရလားဗျ... အဲ့ဆော့ဝဲတွေကျတော့ ဘယ်လိုတစ်ခါတည်းထည့်ပေးရလဲဆိုတာလေးကို ပြန်ပြောပြပေးပါဦးနော်....
ဆိုးသွမ်း is offline   Reply With Quote
Old 15-01-2014, 09:36 AM
kyaylatt
လမ်းလျှောက်တတ်စ
 
အသင်းဝင်နေ့စွဲ: Mar 2009
ရေးသားချက်များ: 17
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 5
ပို့စ် 9 ခုအတွက် 48 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
kyaylatt is on a distinguished road
ပြန်စာ - Window အသစ်မှာ Application တွေကို Auto Install လုပ်သွားစေမ

Quote:
Originally Posted by ဆိုးသွမ်း View Post
setup ဖိုင်လေးပဲပါတဲ့ ဆော့ဝဲအသေးလေးတွေမဟုတ်ပဲ photoshop တို့လို အခြား serial တို့ key တို့ထည့်ပေးရတဲ့ ဆော့ဝဲတွေကိုရော လုပ်လို့ရလားဗျ... အဲ့ဆော့ဝဲတွေကျတော့ ဘယ်လိုတစ်ခါတည်းထည့်ပေးရလဲဆိုတာလေးကို ပြန်ပြောပြပေးပါဦးနော်....


ဒီအကြောင်းအရာလေးများ သိတဲ့ ဆရာ ၊ ဆရာမ များ တစ်စိတ်လောက် ရှင်းပြစေချင်ပါတယ် ခင်ဗျာ
ကျွန်တော်က စိတ်ဝင်စားလို့ပါ ၀င်းဒိုး ခွေနဲ့ တစ်ခါတည်းရော ဘမ်း ပြီး အော်တို့ အင်စတော လုပ်လို့ရမယ့် နည်းလမ်းဖြစ်ဖြစ် ဆော့ဝဲလ်တစ်ခု သုံးပြီး လိုချင်တဲ့ ပရိုဂရမ် တွေကို စုပြီးတစ်ခါတည်း အင်စတော့ လုပ်တဲ့
နည်းလမ်းဖြစ်ဖြစ် သိခွင့်ရမယ်ဆိုရင် သိချင်ပါတယ်ခင်ဗျာ..............
kyaylatt is offline   Reply With Quote
Reply

Tags
software guide, software howto

တန်ဆာပလာများ
ဖော်ပြမှုပုံစံ

Posting Rules
You may not post new threads
You may not post replies
You may not post attachments
You may not edit your posts

BB code is On
Smilies are On
[IMG] code is On
HTML code is Off

ဖိုရမ်တွေ ကျော်ရောက်ချင်ရင် !

အခြားဆင်တူဆွေးနွေးချက်များ
ဆွေးနွေးချက် စတင်ရေးသားသူ ကွပ်ပျစ်ဝိုင်း ပြန်စာများ နောက်ဆုံးပို့စ်
Window XP ရဲ့ လျှို့ဝှက်ချက်များ Zeiya Windows နှင့်သက်ဆိုင်သော 76 29-10-2012 07:34 PM
Windows ပေါ်မှာ Ubuntulinux ကို ဘယ်လို Install လုပ်ပြီး run မလဲ။ poekaunglay87 Linux များ (သို့) Linux နှင့်ဆိုင်ရာများ 22 24-06-2011 01:52 AM
Linux OS Install လုပ်ဆောင်ခြင်း komyo2010 Linux များ (သို့) Linux နှင့်ဆိုင်ရာများ 6 27-01-2011 07:30 PM
Vista OS Install လုပ်ခြင်း poekaunglay87 Windows နှင့်သက်ဆိုင်သော 2 15-10-2008 01:41 AM
Window XP ကိုလည်း auto backgroung change မယ်လေ နိုင်လင်းစိုး Applications 4 09-06-2008 09:33 PM


ဖိုရမ်၏ ပင်မအချိန်သည် ဂရင်းနစ်စံတော်ချိန် +6.5 ဖြစ်သည်။ဒေသစံတော်ချိန် 07:29 AM
Inactive Reminders By Icora Web Design