Go Back   မြန်မာမိသားစုဖိုရမ် » ..:: ကွန်ပျူတာနယ်ပယ် ::.. » Hardware များဆိုင်ရာ
မြန်မာလက်ကွက်

Hardware များဆိုင်ရာ Hardware များအကြောင်း နှင့်အသုံးဝင်ပုံ၊အသုံးချပုံများ ဆွေးနွေးထားတဲ့နေရာဖြစ်သလို ရင်ဆိုင်ရသည့်အခက်အခဲများကို ၀ိုင်းဝန်းဖြေရှင်းဆွေးနွေးထားသည့်နေရာဖြစ်ပါသည်..

Reply
 
Bookmark and Share တန်ဆာပလာများ ဖော်ပြမှုပုံစံ
Old 10-10-2008, 10:25 PM
phyomyintthein
ကြီးကြပ်သူ
 
အသင်းဝင်နေ့စွဲ: Feb 2008
ရေးသားချက်များ: 431
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 2,352
ပို့စ် 399 ခုအတွက် 3,050 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
phyomyintthein is on a distinguished road
Processor ၊ Motherboard နဲ့ RAM ကို ကိုက်အောင် တွက်ချက် ၀ယ်ယြူ&#

Processor ၊ Motherboard နဲ့ RAM ကို ကိုက်အောင် တွက်ချက် ၀ယ်ယူခြင်း(၄)

၃။ Motherboard ပေါ်တွင် အသံအတွက် chipset သည် 6 channel (သို့) 8 channel ကို support လုပ်ရပါမယ်။ 6 channel (သို့) 8 channel speaker များတပ်ဆင်ရင် audio back panel တွင် jack 6 ပေါက် ပါရှိရမည်။

အောက်က ပုံ(၂)သည် 6 channel ကို support လုပ်သော motherboard တွင် 6 channel speaker ကို တပ်ဆင်မည် ဆိုပါက လုပ်ရမည့် Hardware Configuration ဖြစ်သည်။



ပုံ(၂) audio back panel တွင် jack 3 ပေါက်ပါသော motherboard တွင် hardware configure မည်သို့လုပ်ရမည်ကို ဖော်ပြထားပုံ။




ပုံ(၃) audio back panel တွင် jack 6 ပေါက်ပါသော motherboard ကို နောက်မှ မြင်ရပုံ။



အဆိုပါ ပုံ(၂) အရ အကယ်၍ ကျွန်တော်သာ 6 channel speaker ကို အသုံးပြုခဲ့ပါက Microphone function ကို အသုံးပြုလို့ ရတော့မည်မဟုတ်ပါ။ ဒီတော့ စကားပြောချင်တယ်(microphone ကို အသုံးပြုချင်တယ်) ဆိုရင် စောစောက တပ်ထားတဲ့ 6 channel speaker မှ jack တစ်ခုကို ဖြုတ်ပစ်ရပါလိမ့်မယ်။ ဒါဆိုရင် တော်တော် အလုပ်ရှူပ်ပါတယ်။ တစ်ချို့ကပြောတယ်။ audio front panel ကို သုံးမှပေါ့တဲ့။ ဟုတ်ကဲ့။ Casing တိုင်းမှာ audio front panel မပါပါဘူး။ ဘာဘဲဖြစ်ဖြစ် ဈေးဝယ်ရင် အဆစ်လေး တောင်းတတ်တဲ့ ကျွန်တော်ကတော့ audio back panel တွင် jack 6 ပေါက် ပါရှိတဲ့ motherboard ကိုရွေးဝယ်ပါတယ်။ စာဖတ်သူလည်း အဆစ်တောင်းတာ ၀ါသနာပါတယ်ဆိုရင် ကျွန်တော်လိုဘဲ ရွေးချယ်ဖြစ်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။

အထက်တွင် ဖော်ပြထားသော အချက် ၃ ချက်ဖြင့်ရွေးချယ်လိုက်သောအခါ အောက်တွင် ဖော်ပြထားသည့်အတိုင်း motherboard ၁၀ ခုကို ရရှိသည်။
၁။ ASUS (3) ($ 69.2, $ 115.2, $ 118.8)
၂။ Gigabyte (3) ($ 107.0, $ 110.1, $ 101.1)
၃။ EliteGroup (1) ($ 46.8)
၎။ MicroStar (3) ($ 96.7, $ 79.4, $ 40.9)

ကျွန်တော် စက်ဆင်တဲ့ အတွေ့အကြုံအရ ASUS ကို ပိုကြိုက်ပါတယ်။ ဒုတိယအနေနဲ့ Gigabyte ကို ကြိုက်ပါတယ်။ ကျန်တာတွေကို မကောင်းဘူးပြောတာ မဟုတ်ပါဘူး။ ကျွန်တော် ASUS ကို ရွေးချယ်ပါတယ်။ ASUS motherboard ၃ ခုထဲက ဈေးအနည်းဆုံး motherboard ဖြစ်တဲ့ ASUS P5B-VM ($ 69.2) ကို ရွေးချယ်ပါတယ်။ ဘာလို့ ရွေးလဲမေးရင် အဖြေက ရှင်းပါတယ်။ ဈေးနည်းလို့ပါ။ သူ့ထက်နည်းတဲ့ motherboard တွေကို ဘာလို့ မရွေးတာလဲလို့ ကျွန်တော့်ကို မေးရင် ASUS ကို ပိုကြိုက်လို့ပါလို့ လိုရာစွဲပြီး ပြန်ဖြေရမှာဘဲ။



ပုံ(၄) ASUS P5B-VM motherboard ၏ specification များပြပုံ။


၁)processor အမျိုးအစား၊ ၂)socket type၊ ၃)bus speed တို့ ကိုက်ကြောင်းကို ပုံ(၄)မှာ မျဉ်းပြာတားပြီး သက်သေ ပြထားပါတယ်။ အပေါ်က အချက် ၃ ချက် ကိုက်ပြီဆိုတော့ နံပါတ် ၄ အချက်ဖြစ်တဲ့ Code name ကိုတော့ ကြည့်စရာမလိုတော့ပါဘူး။
Motherboard ရွေးချယ်ရာမှာ လိုက်နာရမည့် ကန့်သတ်ချက်အချို့ကို လိုက်နာကြောင်းကိုလည်း မျဉ်းနီတားပြီး သက်သေ ပြထားပါတယ်။ RAM ကိုရွေးချယ်ဖို့အတွက် မှတ်သားထားရမည့် အချက်ဖြစ်သည့် DDR2 533 MHz နဲ့ non-ECC ကို သတိထားမိစေရန် မျဉ်းစိမ်းတားပြထားပါတယ်။

RAM အားရွေးချယ်ခြင်း အကြောင်း ဆက်ပါအုံးမည်။


အဆင်ပြေပြေနဲ့ စက်ဆင်နိုင်ကြပါစေ။
ဖြိုးမြင့်သိန်း
phyomyintthein is offline   Reply With Quote
အောက်ပါအသင်းဝင် 11 ဦးတို့မှ phyomyintthein အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 11-10-2008, 05:01 PM
phyomyintthein
ကြီးကြပ်သူ
 
အသင်းဝင်နေ့စွဲ: Feb 2008
ရေးသားချက်များ: 431
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 2,352
ပို့စ် 399 ခုအတွက် 3,050 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
phyomyintthein is on a distinguished road
Processor ၊ Motherboard နဲ့ RAM ကို ကိုက်အောင် တွက်ချက် ၀ယ်ယြူ&#

Processor ၊ Motherboard နဲ့ RAM ကို ကိုက်အောင် တွက်ချက် ၀ယ်ယူခြင်း(၅)

RAM အားရွေးချယ်ခြင်း

motherboard အားရွေးချယ်ခြင်းတုန်းက ကျွန်တော်ပြောခဲ့ပြီးပါပြီ။ ကျွန်တော် dual channel mode ကိုသုံးပါမယ်။ ကျွန်တော်သုံးခဲ့တဲ့ processor ၏ speed က 1066 MHz ပါ။ ဒါကြောင့် RAM ကို DDR2 PC-4200 (533MHz) ကိုသုံးပါမယ်။ ကျွန်တော် RAM ကို 1GB စိုက်မှာဖြစ်လို့ 512MB ၂ ချောင်း ၀ယ်ပါမယ်။

တကယ်လို့ ဈေးကွက်မှာ DDR2 PC-4200 (533MHz) RAM ကို ရှာမတွေ့ခဲ့ဘူးဆိုရင် DDR2 PC-5300 (667MHz) RAM ကို ရွေးချယ်အသုံးပြုပါမယ်။

memory peak bandwidth = memory speed x data bit x channel = 667 MHz x 64bit(8 byte) x 2 = 10672 MB/s

ဒါဆိုရင် memory ဘက်ကလာတဲ့ data က ပိုများနေပါလိမ့်မယ်။ ဒါပေမဲ့ processor က သူလက်ခံလုပ်ပေးနိုင်သလောက်ဘဲ လုပ်ပါလိမ့်မယ်။ ဒါကြောင့် system ရဲ့ performance ကို ကျသွားစေခြင်းမျိုး မဖြစ်ပါဘူး။ ဒါပေမဲ့ DDR2 PC-3200 (400MHz) RAM ကို ရွေးချယ်ခဲ့မယ်ဆိုရင်တော့ system ရဲ့ performance ထိခိုက်(ကျဆင်း) စေပါလိမ့်မယ်။

Data တွေ သယ်ယူပို့ဆောင်ရင်းနဲ့ ပြဿနာတွေကြောင့် data loss ဖြစ်တတ်ပါတယ်။ အဲဒီလို data loss မဖြစ်စေရန် ECC (Error Correction Code) က data သယ်ယူနေစဉ်အတွင်းမှာ ပြဿနာတွေကို ဖြေရှင်းပေးပါတယ်။ အရမ်းကို အဆင့်မြင့်တဲ့ networking server တွေနဲ့ high end computer တွေမှာ ECC ပါတဲ့ RAM တွေကို အသုံးပြုပါတယ်။ နောက်ပြီး ECC ကို သုံးချင်တိုင်း သုံးလို့ မရပါဘူး။ motherboard က support လုပ်မှ ရတာပါ။ ECC ကို သာမန် အိမ်သုံးနဲ့ ရုံးသုံး ကွန်ပြူတာတွေမှာ အသုံးပြုလေ့ မရှိပါဘူး။ ဘာလို့လဲဆိုတော့ ဈေးကြီးလို့ပါ။ ကျွန်တော် အခုရွေးထားတဲ့ motherboard က ECC ကို support မလုပ်ပါဘူး။ ဒါကြောင့် ဈေးကြီးတဲ့ ECC RAM ကို ၀ယ်တပ်ပေမဲ့ ECC ၏ performance ကို ရနိုင်မှာ မဟုတ်ပါဘူး။ ဒါဆိုရင် မြန် ကျယ် ကြီး နည်းက နေရာတကာမှာ အသုံးမ၀င်ဘူးဆိုတာ ရှင်းလောက်ရောပေါ့။

ဒီလောက်ဆိုရင် Processor ၊ Motherboard ၊ RAM တို့ကို ဘယ်လို ကိုက်အောင် ဆင်သင့်တယ်ဆိုတာ သိလောက်ပါပြီ။


အားလုံး အဆင်ပြေပြေနဲ့ လေ့လာနိုင်ကြပါစေ။
ဖြိုးမြင့်သိန်း
phyomyintthein is offline   Reply With Quote
အောက်ပါအသင်းဝင် 10 ဦးတို့မှ phyomyintthein အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 30-11-2008, 12:37 PM
phyomyintthein
ကြီးကြပ်သူ
 
အသင်းဝင်နေ့စွဲ: Feb 2008
ရေးသားချက်များ: 431
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 2,352
ပို့စ် 399 ခုအတွက် 3,050 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
phyomyintthein is on a distinguished road
ကျွန်တော်နဲ့ ကြေးဝက်အူ အလွဲ

ကျွန်တော်နဲ့ အလွဲများ

ဘဝမှာ လူတိုင်းလွဲတတ်ကြပါတယ်။ ပျော်စရာ အလွဲတွေ ရှိသလို၊ ဘယ်သူမှ မပျော်နိုင်လောက်တဲ့ အလွဲတွေလည်း ရှိပါတယ်။ ဒီဆောင်းပါးလေး မဖတ်ခင် စာဖတ်သူအားလုံးကို အထူးမေတ္တာရပ်ခံချင်တာ တစ်ခုရှိပါတယ်။ ဆောင်းပါးထဲက ဇာတ်ကောင်တွေရဲ့ အလွဲတွေကို နှိမ့်ချချင်တဲ့စိတ်၊ အပြစ်တင်လိုတဲ့ စိတ်တွေနဲ့ အထက်စီးလေသံ သုံးပြီး ရေးထားတာ မဟုတ်ပါဘူး။ ကျွန်တော်ကိုယ်တိုင်လည်း အလွဲတွေရဲ့ ဇာတ်ကောင်တစ်ယောက်ပါ။ ကျွန်တော်တို့ လွဲခဲ့တဲ့ အမှားတွေကို ညီအစ်ကိုမောင်နှမများ အနေနဲ့ သင်ခန်းစာယူပြီး ဒီပုံစံမျိုး ထပ်မဖြစ်အောင် ကမ္ဘာမကျော်သူတွေရဲ့ ကမ္ဘာမကျော်သော အလွဲများအား မှတ်တမ်းတင်ပေးလိုက်ပါတယ်။

ကျွန်တော်နဲ့ ကြေးဝက်အူ အလွဲ


computer ဆင်ဖူးသူတိုင်း ကြေးဝက်အူကို ကောင်းကောင်းသိကြပါတယ်။ ကျွန်တော်ကို စက်လေး လိုက်ကြည့်ပေးပါ။ casing နဲ့ motherboard မကိုက်လို့ ဘယ်လိုလုပ်ရမလဲတဲ့။ ကျွန်တော်က ပြန်လဲမှဘဲ ရမယ်လို့ ပြီးစလွယ် ဖြေမိပါတယ်။ နောက် သူအခန်းပြင်ရောက်မှ ဘယ်လို မကိုက်တာလဲ၊ motherboard က ကြီးနေလို့လားလို့ မေးတော့ ဟုတ်ဘူးတဲ့။ motherboard ကနိမ့်နေတာတဲ့။ ကျွန်တော် ဆက်မေးရင် ပေါက်တတ်ကရတွေ ထပ်ကြားနေအုံးမှာမှန်းသိလို့ လိုက်သွားတော့ .........

casing နဲ့ motherboard ကြားမှာ ကြေးဝက်အူ မခံဘဲ ဒီအတိုင်း တွဲထားလေရဲ့။ အဲဒါကြောင့် နောက်က rear panel input and output တွေက casing ကအပေါက်တွေနဲ့ မတည့်ဘဲ ဖြစ်နေတာပေါ့။ ဒါနဲ့ စက်ဆင်နေတဲ့ သူကို ဘာလို့ ဒီလိုဆင်ရတာလည်း မေးတော့ သူ့ motherboard မှာ ကြေးဝက်အူတပ်စရာ မလိုဘူးတဲ့။ အဲဒါကြောင့် အခုစက်ကိုလည်း ကြေးဝက်အူ မတတ်ဘဲ ဆင်တာတဲ့။ တော်သေးတာပေါ့။motherboard အောက်က pinလေးတွေ ကောက်မသွားလို့။ သူပြောတာ ဟုတ်တော့ ဟုတ်ပါတယ်။ တစ်ချို့ casing တွေမှာ ကြေးဝက်အူ တပ်စရာမလိုပါဘူး။ အဲဒီလို motherboard တွေမှာ မျက်နှာပြင် အပေါ်ကို မြင့်တတ်နေတဲ့ အပိုင်းလေးတွေ ပါပါတယ်။ ဒီလို motherboardတွေကို တွေ့ရဖို့ အလွန့်ကို နည်းပါတယ်။

နောက် ကြုံဖူးတဲ့ ကြေးဝက်အူအလွဲလေး ရှိပါသေးတယ်။ ဒီတစ်ယောက်က စက်ဆင်ပြီးမှာ motherboard က boot မတတ်တာပါ။RAM, VGA card, processor နဲ့ power supply တွေ လဲပြီး စမ်းကြည့်တော့ အဲဒီပစ္စည်းတစ်ခုချင်းစီက တစ်ခြား computerမှာ အလုပ်လုပ်ပါတယ်။ ကောင်းတယ်ပေါ့။ ဒီတော့ ပျက်စရာ motherboard ဘဲ ရှိပါတော့တယ်။ ဒါနဲ့ motherboard ကို ဖြုတ်ပြီး စစ်ကြည့်တော့ ကြေးဝက်အူကို ပိုတပ်ထားပါတယ်။

casing တွေကို motherboardအမျိုးမျိုးအတွက် design လုပ်ထားပါတယ်။ Mid tower casing ဆိုရင် ATX , Mini ATX နဲ့ Micro ATX form factor ရှိတဲ့ motherboardတွေအတွက် design လုပ်ထားပါတယ်။ အရပ်စကားနဲ့ ပြောမယ်ဆိုရင် Mid tower casing မှာ motherboard အသေးကို တပ်လို့ ရသလို အကြီးကိုလည်း တပ်လို့ရပါတယ်။ ဒါကြောင့် motherboard အသေးအတွက် တပ်ရမဲ့ မူလီပေါက် ပါသလို motherboard အကြီးအတွက် တတ်ရမဲ့ မူလီပေါက်လည်း ပါပါတယ်။ သက်ဆိုင်ရာ motherboard အတွက် သက်ဆိုင်ရာ မူလီပေါက်မှာ ကြေးဝက်အူကို တပ်ရပါတယ်။ ပိုတပ်လိုက်တဲ့ ကြေးဝက်အူဟာ motherboard အောက်မှာ conductor တစ်ခုအဖြစ် ရှိပြီး မလိုလားအပ်သော short circuit ကို ဖြစ်စေပါတယ်။ ဒါကြောင့် boot မတပ်တာမျိုး၊ အဆိုးဆုံးကတော့ motherboard ပျက်စီးတာမျိုးတို့ကို ဖြစ်စေပါလိမ့်မယ်။

ဒါကြောင့် ကျွန်တော် ပိုနေတဲ့ ကြေးဝက်အူကို ဖြုတ်ပြီး motherboard ကို ပြန်တပ်လိုက်တော့ boot တပ်သွားပါတယ်။ ဘာလို့ ကြေးဝက်အူကို ပိုတပ်ထားတာလည်းမေးတော့ တွေ့တဲ့နေရာမှာ တပ်ထားတာဘဲ။ တွေ့တဲ့ အပေါက်တိုင်းမှာ ကြေးဝက်အူ တပ်ရမယ်ထင်လို့တဲ့။

တစ်ခါတစ်လေ processor fanလဲဖို့ motherboard ကို ဖြုတ်တဲ့အခါ ခဏခဏကြုံရလေ့ရှိတဲ့ အခက်အခဲလေးပါ။ motherboard ပေါ်မှာ ကြပ်ထားတဲ့ မူလီကို ဖြုတ်ရော အောက်က ကြေးဝက်အူကပါ လိုက်လည်နေတော့ တော်တော့်ကို ခက်ခက်ခဲခဲ ဖြုတ်ရတဲ့ အကြိမ်ပေါင်းများစွာ ရှိပါတယ်။ ဘာလို့ ဒီလို ဖြစ်ရသလဲဆိုတော့ casing မှာ ကြေးဝက်အူကို တပ်ခဲ့စဉ်က သေချာစွာ မကြပ်ခဲ့လို့ပါ။


ဆက်ပါအုံးမယ်။

ညီအစ်ကိုမောင်နှမများအားလုံး အလွဲကင်းကြပါစေ။
ဖြိုးမြင့်သိန်း
phyomyintthein is offline   Reply With Quote
အောက်ပါအသင်းဝင် 22 ဦးတို့မှ phyomyintthein အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 25-12-2008, 09:38 PM
phyomyintthein
ကြီးကြပ်သူ
 
အသင်းဝင်နေ့စွဲ: Feb 2008
ရေးသားချက်များ: 431
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 2,352
ပို့စ် 399 ခုအတွက် 3,050 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
phyomyintthein is on a distinguished road
ကျွန်တော်နဲ့ processor အလွဲ (၁)

ကျွန်တော်နဲ့ processor အလွဲ (၁)


ဒီဖြစ်ရပ်လေးက မကြာသေးတဲ့ ကာလမှာ ကိုယ်တိုင်ဖြစ်ခဲ့တာလေးပါ။ မိသားစု ဂျာနယ်ကို Processor ၊ Motherboard နဲ့ RAM ကို ကိုက်အောင် တွက်ချက် ၀ယ်ယူခြင်း ဆိုတဲ့ ဆောင်းပါး ပို့ပြီးတဲ့ အချိန်ပေါ့။ အဲဒီ ဆောင်းပါးထဲမှာ processor နဲ့ motherboard ကိုက်ဖို့ အချက် ၄ ချက် လိုတယ်လို့ ရေးခဲ့ပါတယ်။
၁) processor အမျိုးအစား
၂) socket type
၃) bus speed
၎) code name (အပေါ်က ၃ ချက် ကိုက်ပြီဆိုရင်တော့ ဒီအချက်က သိပ်အရေးမကြီးပါဘူး)

ကျွန်တော် ရွေးခဲ့တဲ့ processor အမျိုးအစားက Intel Core 2 Duosocket type က 775bus speed က 1333MHzcode name က E8500motherboard က ASUS P5KPL ပါ။ ကျွန်တော် motherboard website ထဲ သွားကြည့်ပါသေးတယ်။ အကုန်လုံးကိုက်ပါတယ်။ တကယ်တမ်း စက်ဆင်ပြီး boot လုပ်တော့ စတော့တာဘဲ။ beep ပေးပါတယ်။ CPU warning temperature တဲ့။ ကျွန်တော် CMOS ထဲ ၀င်ကြည့်တော့ CPU temperature က 100˚C တဲ့။ အခုမှ စက်ဖွင့်တာ ဘာလို့ 100˚C လို့ ပြရတာလဲ။ စက်ကို ပြန်ပိတ်ပြီး processor မှာ တပ်ထားတဲ့ heat sink ကို ပြန်စစ်တော့လည်း ဘာအမှားမှ မတွေ့ဘူး။ heat sink က ပူနေတာမျိုးလည်း မရှိပါဘူး။ ဒါနဲ့ computer ကို ပြန်ဖွင့်တော့လည်း စောစောက beep ပေးနေတုန်းဘဲ။ CMOS ထဲ ၀င်ပြီး heat ကို ကြည့်တော့လည်း 100˚C တဲ့။ မသင်္ကာတာနဲ့ processor ကို ကြည့်တော့ unknown processor တဲ့။

တော်သေးတာ တစ်ခုက ကျွန်တော် စက်ကို ဆင်နေတုန်း ပိုင်ရှင်မရှိတာ တော်တော် ကောင်းသွားပါတယ်။ မဟုတ်ရင် ဘာဖြစ်လဲ စဉ်းစားဖို့ထက် သူ့ကို ဘယ်လို နှစ်သိမ့်ရမယ်ဆိုတာကို တွေးရတာ ပိုရှုပ်ပါတယ်။

နောက်စဉ်းစားရတာ တစ်ခုက စက်မကောင်းတာက ပစ္စည်းပြန်လဲလို့ ရနိုင်ပေမဲ့ မြန်မာမိသားစု ဂျာနယ်ကို ပို့ထားတဲ့ ဆောင်းပါးမှာ ပါတဲ့ အကြောင်းအရာက မှားသွားပါပြီ။ ဆောင်းပါးကို cancel လုပ်ဖို့ ကိုရဲအောင်ဆီ လှမ်းပြောရမယ်လို့တောင် တွေးမိပါသေးတယ်။

ကျွန်တော် CMOS ထဲက ထွက်ပြီး စက်ကို ပိတ်ပါတယ်။ နောက် casing က speaker ကို ဖြုတ်ပါတယ်။ နောက် သမရိုးကျ နည်းအတိုင်း window ကို ဆက်တင်ပါတယ်။ window တင်ပြီးသွားတော့ motherboard driver တွေ တင်ပါတယ်။ ပြီးတော့ BIOS ကို update လုပ်ပါတယ်။ CMOS ထဲမှာ ပြန်ကြည့်တော့ processor ကို သိသွားပါပြီ။ ဒါနဲ့ casing က speaker ကို ပြန်တပ်ပြီး စက်ကို ပြန်ဖွင့်တော့ စောစောက beep မပေးတော့ပါဘူး။ တော်သေးတာပေါ့ ပင်ပင်ပန်းပန်း ရေးထားတဲ့ ဆောင်းပါးကို cancel လုပ်ရမဲ့ ဘေးက သီသီလေး လွတ်သွားလို့။

Motherboard နဲ့ processor ကိုက်ရဲ့သားနဲ့ ဘာလို့ ဖြစ်ရတာလဲ။ ဒါက ဒီလိုရှိပါတယ်။ ဟိုလို မရှိဘူးပေါ့ ..။ motherboard ထုတ်ခဲ့စဉ်က နောက်ဆုံးထွက်တဲ့ (အခု ကျွန်တော်သုံးထားတဲ့) processor မထွက်သေးပါဘူး။ ဒါကြောင့် ဒီ processor နဲ့ ပတ်သတ်တဲ့ အချက်အလက်တွေကို BIOS က မသိပါဘူး။ ဆိုလိုတာက processor ကို voltage ဘယ်လောက်ပေးရမယ်ဆိုတာမျိုးတွေပါ။ တကယ်တော့ အဲဒီ BIOS က အခု processor ကို support လုပ်ပေမဲ့ အချက်အလက် သူ့မှာ မရှိပါဘူး။ ဒီတော့ မသိဘူးဆိုတဲ့ error မျိုး တတ်လာတာပါ။ အချက်အလက်ပေးလိုက်တော့ (update လုပ်လိုက်တော့) သိပြီး ကောင်းကောင်း အလုပ်လုပ်ပါတော့တယ်။

Processor ၊ Motherboard နဲ့ RAM ကို ကိုက်အောင် တွက်ချက် ၀ယ်ယူခြင်း
ဆိုတဲ့ ဆောင်းပါးမှာ ကျွန်တော် ရေးခဲ့ပါတယ်။ ကျွန်တော် motherboard တွေထဲမှာ ASUS ကို ပိုကြိုက်တယ်လို့ ရေးခဲ့ပါတယ်။ ASUS motherboard တွေဟာ BIOS update လုပ်တဲ့ နေရာမှာ တော်တော်လွယ်ပြီး အဆင်ပြေပါတယ်။ ဒီအချက်ဟာ ASUS motherboard ကို ကြိုက်ရတဲ့ အချက်တွေထဲက တစ်ချက်ပါ။

BIOS ကို update လုပ်ခြင်းဟာ ကောင်းမွန်တဲ့ အလုပ်တစ်ခုပါ။ ဒါပေမဲ့ လုပ်ပါလို့ မတိုက်တွန်းပါဘူး။ BIOS ကို update လုပ်ရင်း အမှား တစ်ခုခု လုပ်ခဲ့မယ်၊ မီးပျက်သွားတာမျိုး ဖြစ်ခဲ့မယ်ဆိုရင် motherboard ဟာ လုံးဝ သုံးမရအောင် ပျက်စီးတတ်ပါတယ်။ ဒါကြောင့် စမ်းကြည့်ဖို့ကိုတော့ မတိုက်တွန်းပါဘူး။ ကျွန်တော် ပြောနေကြစကားလေးပါ။ ကိုယ့်ပစ္စည်း မသမျှော လုပ်ပေါ့..

BIOS update လုပ်နည်းနဲ့ ဖြစ်ခဲ့ဖူးသော ပြဿနာများ (အလွဲများအကြောင်း) ဆက်ပါအုံးမယ်။


ညီအစ်ကိုမောင်နှမများအားလုံး အလွဲကင်းကြပါစေ။
ဖြိုးမြင့်သိန်း
phyomyintthein is offline   Reply With Quote
အောက်ပါအသင်းဝင် 15 ဦးတို့မှ phyomyintthein အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 30-12-2008, 02:15 PM
phyomyintthein
ကြီးကြပ်သူ
 
အသင်းဝင်နေ့စွဲ: Feb 2008
ရေးသားချက်များ: 431
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 2,352
ပို့စ် 399 ခုအတွက် 3,050 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
phyomyintthein is on a distinguished road
ကျွန်တော်နဲ့ processor အလွဲ (၂)

ဘယ်လို အခြေအနေမျိုးမှာ BIOS ကို update လုပ်သင့်ပါသလဲ?

ပုံမှန် အလုပ်လုပ်နေတဲ့ စက်ဆိုရင်တော့ မလုပ်ရင် ဘာမှ မဖြစ်ပါဘူး။ ဒါပေမဲ့ hardware အသစ်ထွက်လို့ အဲဒီ hardware ကို မသိဘူးဆိုရင်တော့ bios ကို update လုပ်ရပါတယ်။
စ၀ယ်ကတည်းက ပုံမှန်အလုပ်မလုပ်ဘူး။ error တစ်ခုခု ပြနေမယ်။ အထက်မှာ ပြောခဲ့တုန်းက CPU warning temperature လို့ပြပါတယ်။ နောက် ရှိပါသေးတယ်။ (အကုန်လုံး ဘယ်နှစ်မျိုးရှိလဲတော့ ကျွန်တော်လည်း မသိပါဘူး။ ကျွန်တော် ကြုံခဲ့ဖူးတာတွေပါ။ error တွေကို အတိအကျတော့ မမှတ်မိပါဘူး။ အဓိပ္ပါယ်ကတော့ ကျွန်တော်အခုပြောမဲ့ အဓိပ္ပါယ်မျိုးပါ။)
CPU warning temperature
Unknown CPU detected
CPU voltage error

အထက်မှာ ဖော်ပြခဲ့တဲ့ error မျိုး တွေ့ခဲ့မယ်ဆိုရင်တော့ bios ကို update မလုပ်လို့ မရပါဘူး။ လုပ်ရပါတော့မယ်။

BIOS ကို update မလုပ်ရင် ဘာဖြစ်တတ်ပါသလဲ?


CPU voltage error ဆိုပြီး ပြနေတဲ့ computer ကို BIOS update မလုပ်ဘဲ ဆက်သုံးပါတယ်။ စက်ကို လုံးဝ shut down လုပ်ပြီး ပြန်ဖွင့်ရင် မပွင့်တော့ပါဘူး။ CMOS battery ကို ဖြုတ်ပြီး ပြန်တတ်မှ စက်ကို ပြန်သုံးလို့ ရပါတယ်။ အဲဒီလို battery ကို ဖြုတ်ပြီး ပြန်တတ်တော့လဲ BIOS ကို reset လုပ်မလားဆိုပြီး မေးပါတယ်။ လုပ်မယ်ဆိုရင် F1 နှိပ်ပါ။ set လုပ်ချင်တယ်ဆိုရင် delete နှိပ်ပါဆိုပြီး မေးပါသေးတယ်။ အဲဒီလိုနဲ့ set ဘဲလုပ်လုပ် reset ဘဲလုပ်လုပ် အဆင်ပြေပါတယ်။ နောက်တစ်ကြိမ် shut down မပေးမချင်းပေါ့။
Unknown CPU detected နဲ့ CPU warning temperature ဆိုပြီး ပြနေတဲ့ computer တွေမှာတော့ စက်စစဖွင့်တိုင်း Unknown CPU detected ဆိုတဲ့ error ပြပြီး အဲဒီ error ကို ကျော်ပြီး ဆက်သွားချင်တယ်ဆိုရင် F1 နှိပ်ပါလို့ ပြောပါတယ်။ အဲဒီအပြင် ပြဿနာ အထွေအထူး မမြင်ဖူးပါဘူး။
ဒါပေမဲ့ BIOS ကို update လုပ်ဖို့ လိုအပ်နေတဲ့ စက်တွေမှာ update မလုပ်ဘဲ ပေကပ်သုံးနေရင်းနဲ့ မဆိုင်တဲ့ အခြား ပစ္စည်းတွေ ပျက်စီးသွားတာ မြင်ဖူးပါတယ်။ ဥပမာ hard disk လိုကောင်မျိုးပေါ့။ BIOS နဲ့ ကြောင့်လို့တော့ ကျွန်တော် သေချာပေါက်ကြီးမပြောနိုင်ပါဘူး။ တခြား အပြစ် တစ်ခုခုကြောင့်လည်း ဖြစ်နိုင်ကောင်း ဖြစ်နိုင်ပေမဲ့ အဲဒီ အပြစ်ကို ကျွန်တော် ရှာမတွေ့ပါဘူး။ စက်ပိုင်ရှင်ကတော့ သူ Video ကြည့်နေရင် ပျက်သွားတယ်လို့ဘဲ ပြောပါတယ်။ ၀ယ်ပြီး ၅ ရက်ဘဲ ရှိပါသေးတယ်တဲ့။

ဒါပေမဲ့ BIOS update ကို advanced user မဟုတ်ရင် မလုပ်ဖို့ကိုတော့ motherboard website တိုင်းမှာ သတိပေးစာ ရေးထားကြပါတယ်။ ဒါကြောင့် BIOS update လုပ်ခြင်းဟာ အန္တရာယ်ကင်းသော ကိစ္စမျိုးတော့ မဟုတ်ပါ။

BIOS update လုပ်နည်းအကြောင်း ဆက်ပါအုံးမယ်။


ညီအစ်ကိုမောင်နှမများအားလုံး အလွဲကင်းကြပါစေ။
ဖြိုးမြင့်သိန်း
phyomyintthein is offline   Reply With Quote
အောက်ပါအသင်းဝင် 15 ဦးတို့မှ phyomyintthein အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 01-01-2009, 09:59 PM
မိုးသောက်၂၀၀၉
လမ်းလျှောက်တတ်စ
 
အသင်းဝင်နေ့စွဲ: Dec 2008
ရေးသားချက်များ: 19
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 3
ပို့စ် 9 ခုအတွက် 15 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
မိုးသောက်၂၀၀၉ is on a distinguished road
ပြန်စာ - Hardware အား စတင်လေ့လာခြင်း

ကျွန်တော် က အခုမှ ကွန်ပျူတာကို စလေ့လာမှာပါ ...ကွန်ပျုတာနဲ့ ပတ်သတ်တဲ့ အခေါ်တွေ ကအစ ဘာမှ မသိပါဘူး ...ပြောရမှာ အားတော့နာပါတယ် ....ကျွန်တော့်ကို သင်ပေးမဲ့ လူတွေလည်း မရှိပါဘူး ...ကျွန်တော် က အခု ရုရှားမှာ ပါ ...အဲဒါကြောင့် လေ့လာတဲ့နေ ရာမှာတော်တော် အခက်တွေ့ နေပါတယ် ....အကိုတို့ တင် ပေးတဲ့ ဟာတွေကို ဘယ်ကနေ စလေ့လာ ၇မလဲဆိုတာကို အခုထိမသိသေးလို့ ပါ.... ဖြစ်နိုင်မယ်ဆိုရင် ကူညီကြပါအုံး ...

မိုးသောက်၂၀၀၉ is offline   Reply With Quote
အောက်ပါအသင်းဝင်မှ မိုးသောက်၂၀၀၉ အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 07-01-2009, 02:18 PM
လုလင်ငယ်
ကြီးကောင်ဝင်စ
 
လုလင်ငယ်'s Avatar
 
အသင်းဝင်နေ့စွဲ: May 2008
တည်နေရာ: sanchaung
ရေးသားချက်များ: 100
ကျေးဇူးတင်စကား: 3
ပို့စ် 16 ခုအတွက် 37 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
လုလင်ငယ် is on a distinguished road
Icon11 ပြန်စာ - Hardware အား စတင်လေ့လာခြင်း

အစ်ကိုဖြိုးမင်းသိန်းရေ..

အစ်ကိုတင်ပေးတဲ့ ဟိုးအစက အခွေနဲ့ သူ့အောက်က စာအုပ်ကို ညီဒေါင်းတာ အဆင်မပြေဘူးအစ်ကို
အစ်ကိုအလုပ်အားရင်တစ်ချက်လောက်ကူညီပေးပါဦး..
ညီအဲဒါကို စိတ်ဝင်စားလို့ပါ..လိုချင်လို့..ကူညီပါဦးဗျာ..


လုလင်ငယ်

[url=http://www.silverclix.com/?ref=kindpersonlay][img]http://www.silverclix.com/images/banner3.gif[/img][/url]
လုလင်ငယ် is offline   Reply With Quote
Old 07-01-2009, 06:07 PM
wahgyi
အရွယ်ရောက်သူ
 
အသင်းဝင်နေ့စွဲ: Mar 2008
ရေးသားချက်များ: 194
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 283
ပို့စ် 87 ခုအတွက် 409 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
wahgyi is on a distinguished road
ပြန်စာ - Hardware အား စတင်လေ့လာခြင်း

လုလင်ငယ် က တော့ လုပ်ပြီ ။
အစ်ကိုဖြိုးမင်းသိန်း မဟုတ်ပါဘူး အစ်ကို ဖြိုးမြင့်သိန်း (phyomyintthein) ပါ။

ဟိုးအစက အခွေနဲ့ သူ့အောက်က စာအုပ်ကို ဆိုတာ

Hardware and System Administration Interactive Learning CD
Youth Computer Co., Ltd.

79.41MB

http://ifile.it/54ohydc

(သို့မဟုတ်)

http://www.myanmarfamily.org/forum/d...o=file&id=1394

စကားဝှက် - WWW.Myanmarfamily.Org

(သို့မဟုတ်)

http://www.mediafire.com/?mbs43svy2zn

အဲ့ဒါကိုပြောတာလား ။ အဲ့ဒါဆိုရင်တော့ Link များကောင်းပါကြောင်း ။

နောက်တခါ လိုချင်တာလေး အဆင်မပြေတာလေး ကို နံမည်လေး (စာအုပ် ၊ CD ) ပါပြောနော် ။
ရှာပေးတာ နဲ့  လိုချင်တာ တထပ်တည်းကျအောင်ပါ။

[COLOR="Blue"][B]Understand the reality and Do The Best ![/B][/COLOR]
wahgyi is offline   Reply With Quote
အောက်ပါအသင်းဝင် 7 ဦးတို့မှ wahgyi အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 07-01-2009, 07:42 PM
phyomyintthein
ကြီးကြပ်သူ
 
အသင်းဝင်နေ့စွဲ: Feb 2008
ရေးသားချက်များ: 431
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 2,352
ပို့စ် 399 ခုအတွက် 3,050 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
phyomyintthein is on a distinguished road
ပြန်စာ - Hardware အား စတင်လေ့လာခြင်း

Quote:
Originally Posted by လုလင်ငယ် View Post
ဟိုးအစက အခွေနဲ့ သူ့အောက်က စာအုပ်ကို ညီဒေါင်းတာ အဆင်မပြေဘူးအစ်ကို
ကိုလုလင်ငယ်ကြိုးစားကြည့်ပါအုံး။ လင့်တွေ အားလုံး အလုပ်လုပ်ပါတယ်။ ထပ်ကြိုးစားလို့မှ အဆင်မပြေသေးရင် အဆင်မပြေတဲ့ စာအုပ် (သို့) CD ရယ်ကို ကျွန်တော်ဆီ စာချွန်လွှာပို့ပြီး ပြောပေးပါ။ ကျွန်တော် ကိုလုလင်ငယ် mail ထဲ ပို့ပေးပါ့မယ်။

Quote:
Originally Posted by wahgyi View Post

နောက်တခါ လိုချင်တာလေး အဆင်မပြေတာလေး ကို နံမည်လေး (စာအုပ် ၊ CD ) ပါပြောနော် ။
ရှာပေးတာ နဲ့  လိုချင်တာ တထပ်တည်းကျအောင်ပါ။
မ၀ါကြီး အခုလို ကူညီဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။


Quote:
Originally Posted by မိုးသောက်၂၀၀၉ View Post
ကျွန်တော် က အခုမှ ကွန်ပျူတာကို စလေ့လာမှာပါ ...ကွန်ပျုတာနဲ့ ပတ်သတ်တဲ့ အခေါ်တွေ ကအစ ဘာမှ မသိပါဘူး ...ပြောရမှာ အားတော့နာပါတယ် ....ကျွန်တော့်ကို သင်ပေးမဲ့ လူတွေလည်း မရှိပါဘူး ....အကိုတို့ တင် ပေးတဲ့ ဟာတွေကို ဘယ်ကနေ စလေ့လာ ၇မလဲဆိုတာကို အခုထိမသိသေးလို့ ပါ.... ဖြစ်နိုင်မယ်ဆိုရင် ကူညီကြပါအုံး ...
ကိုမိုးသောက်၂၀၀၉ က ကွန်ပြူတာနဲ့ ပတ်သတ်ပြီး အစက စသိချင်တာလား၊ ဒါမှမဟုတ် hardware ကို အစက စသိချင်တာလား။ ကွန်ပြူတာကို ခုမှ စလေ့လာမယ်ဆိုရင်တော့ hardware ကို စမလေ့လာပါနဲ့။ အရမ်းဝေးပြီး နှေးလွန်းပါလိမ့်မယ်။

hardware ကို စလေ့လာမယ်ဆိုရင်တော့

1) Youth Computer Co., Ltd. ကထုတ်တဲ့ Hardware and System Administration Interactive Learning CD ကိုအခေါက်ခေါက်ကြည့်ပါ။

2) Hyperlink Media ကထုတ်တဲ့ ကိုယ်တိုင်ကွန်ပျူတာတပ်ဆင်နည်း CD ကို 2 ခေါက်လောက်လေ့လာပါ။

3) ဆရာဦးဇော်လင်း (Youth Computer) ရေးတဲ့ ကွန်ပျူတာအကြောင်း အသေးစိတ်သိစရာ (Computer in Details) စာအုပ်နဲ့ ဦးမျိုးသူရ ရေးတဲ့ ကွန်ပျူတာ တပ်ဆင်ပြုပြင်ထိန်းသိမ်းနည်း အခြေခံသဘောတရားများ စာအုပ်ကို တွဲဖတ်ပါ။

အဲဒီ ၃ ဆင့်အောင်ပြီးရင်တော့ ကိုမိုးသောက်၂၀၀၉ hardware နဲ့ ပတ်သတ်ပြီး စာတွေ့ တော်တော်ကြီး ပြည့်စုံသွားပါပြီ။ လက်တွေ့ဘဲလိုပါတော့တယ်။ နောက်ပိုင်းထွက်တဲ့ hardware အသစ်တွေအကြောင်းနဲ့ ပြုပြင်ခြင်းအကြောင်းကို ဆက်လေ့လာသင့်ပါတယ်။

hardware အသစ်တွေအတွက် ဆရာဦးဇော်လင်း (Youth Computer Co. Ltd) ရေးတဲ့ Beyond A+ (A+ ၏နောက်ကွယ်) စာအုပ်ကို ဖတ်သင့်ပါတယ်။

ပြုပြင်ခြင်းအကြောင်းအတွက် ဦးအေးကိုကို B.E (Electronic) (FEB Computer Centre) Teach Yourself the Best Technology and Repairing PCs (လက်တွေ့ အသုံးချ အကောင်းဆုံး ကွန်ပျူတာပြုပြင်ခြင်း အခြေခံနည်းစနစ်နှင့် တကယ့်လက်တွေ့ပြုပြင်ခြင်း မှတ်တမ်းများ) စာအုပ်ကိုလေ့လာသင့်ပါတယ်။ ကျွန်တော်လည်း အားရင် အားသလို ဖြစ်တတ်တဲ့ error နဲ့ ပြုပြင်ခြင်းအကြောင်းတွေကို ဒီဖိုရမ်မှာ ရေးလေ့ရှိပါတယ်။



ညီအစ်ကိုမောင်နှမများအားလုံး အဆင်ပြေပြေနဲ့လေ့လာနိုင်ကြပါစေ။
ဖြိုးမြင့်သိန်း
phyomyintthein is offline   Reply With Quote
အောက်ပါအသင်းဝင် 17 ဦးတို့မှ phyomyintthein အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 08-01-2009, 08:10 AM
လုလင်ငယ်
ကြီးကောင်ဝင်စ
 
လုလင်ငယ်'s Avatar
 
အသင်းဝင်နေ့စွဲ: May 2008
တည်နေရာ: sanchaung
ရေးသားချက်များ: 100
ကျေးဇူးတင်စကား: 3
ပို့စ် 16 ခုအတွက် 37 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
လုလင်ငယ် is on a distinguished road
Icon11 ပြန်စာ - Hardware အား စတင်လေ့လာခြင်း

Quote:
Originally Posted by wahgyi View Post

ဟိုးအစက အခွေနဲ့ သူ့အောက်က စာအုပ်ကို ဆိုတာ

Hardware and System Administration Interactive Learning CD
Youth Computer Co., Ltd.

79.41MB

http://ifile.it/54ohydc

အဲ့ဒါကိုပြောတာလား ။ အဲ့ဒါဆိုရင်တော့ Link များကောင်းပါကြောင်း ။

နောက်တခါ လိုချင်တာလေး အဆင်မပြေတာလေး ကို နံမည်လေး (စာအုပ် ၊ CD ) ပါပြောနော် ။
ရှာပေးတာ နဲ့  လိုချင်တာ တထပ်တည်းကျအောင်ပါ။
Quote:
ကိုလုလင်ငယ်ကြိုးစားကြည့်ပါအုံး။ လင့်တွေ အားလုံး အလုပ်လုပ်ပါတယ်။ ထပ်ကြိုးစားလို့မှ အဆင်မပြေသေးရင် အဆင်မပြေတဲ့ စာအုပ် (သို့) CD ရယ်ကို ကျွန်တော်ဆီ စာချွန်လွှာပို့ပြီး ပြောပေးပါ။ ကျွန်တော် ကိုလုလင်ငယ် mail ထဲ ပို့ပေးပါ့မယ်။
အစ်ကိုရော အစ်မရောကိုကျေးဇူးပါခင်ဗျာ..
ဒေါင်းလို့ရသွားပါပြီ.. ပထမက ဒေါင်းပြီးလို့ ဖိုင်ကိုဖြီလိုက်ရင် hello.exe ပါမလာပါဘူး..
ဒီနေ့တော့ရသွားပါပြီအစ်ကို.. ခုလိုစိတ်ရှည်ရှည်နဲ့ရှင်းပြ ညွှန်ပြပေးလို့ကျေးဇူးပါ..ခင်ဗျာ..
နောက်လည်း လာလာ ဒုက္ခပေးဦးမယ်နော်....

ခင်မင်လျှက်
လုငယ်

[url=http://www.silverclix.com/?ref=kindpersonlay][img]http://www.silverclix.com/images/banner3.gif[/img][/url]

Last edited by phyomyintthein; 17-03-2009 at 01:38 PM..
လုလင်ငယ် is offline   Reply With Quote
Old 24-01-2009, 03:59 PM
phyomyintthein
ကြီးကြပ်သူ
 
အသင်းဝင်နေ့စွဲ: Feb 2008
ရေးသားချက်များ: 431
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 2,352
ပို့စ် 399 ခုအတွက် 3,050 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
phyomyintthein is on a distinguished road
ကျွန်တော်နဲ့ processor အလွဲ (3)

BIOS update လုပ်ရန် ASUS update အား install လုပ်ခြင်း


၁) Bios ကို update လုပ်ဖို့ ရှေးဦးစွာ motherboard အခွေထဲမှာ ပါတဲ့ utilities ဆိုတဲ့ tab ကို သွားပါ။ ထိုနောက် ASUS update ဆိုတာကို install လုပ်ပါတယ်။



၂) Next button ကို click လုပ်ပါ။



၃) Next button ကို click လုပ်ပါ။



၎) Finish button ကို click လုပ်ပါ။



၅) ထိုနောက် restart ချပါ။ ဘာလို့ restart မတောင်းဘဲ လုပ်ရတာလဲ မေးရင် ကျွန်တော်အဖြေက ရှင်းပါတယ်။ (ဂလို ရှိတယ်ဂျ..) ကျွန်တော် လုပ်ခဲ့သမျှ စက်တွေမှာ restart မလုပ်ဘဲ bios update ကို download ချရာတွင် နောက်လုပ်မည့် အဆင့် နံပါတ် ၄ တွင် အဆင်မပြေပါဘူး။

BIOS အား update လုပ်ခြင်း


၁) Program ကို သွင်းပြီးသွားရင် bios ကို update လုပ်ပါမယ်။ ဒါကြောင့် အဆိုပါ install လုပ်ပြီးသော ASUS update program ကို run ရန် stat menu > ASUS > ASUS update > ASUS update ကို click လုပ်ပါ။



၂) ခဏစောင့်ပါ။ Program တတ်လာဖို့ နည်းနည်းစောင့်ရပါတယ်။ program တတ်လာပါပြီ။ down arrow ကို click လုပ်ပြီး ကျလာသော menu များထဲမှ download bios from internet ကို ရွေးချယ်ပါ။ ထိုနောက် Next button ကို click လုပ်ပါ။



၃) down arrow ကို click လုပ်ပြီး ကျလာသော menu များထဲမှ ftp.asus.com.tw ကို ရွေးချယ်ပါ။ ထိုနောက် Next button ကို click လုပ်ပါ။ ကျန်သည့် website များကို အသုံးပြုလျှင်ရသော်လည်း ကျွန်တော် လုပ်ခဲ့သမျှထဲမှာတော့ အဲဒီ website က download ချတာ အဆင်ပြေပါတယ်။



၎) connection ပေါ်မူတည်ပြီး တော်တော်ကျတတ်ပါတယ်။ အဆင်ပြေရင် မိနစ်ဝက်လောက်နဲ့ update information များကို ရသော်လည်း အဆင်မပြေပါက ကြာတတ်သည်။ သို့သော် ၃ မိနစ်လောက် စောင့်လို့ အဆင်မပြေပါက back button ကို click လုပ်ပြီး နံပါတ် ၃ အဆင့်ကို ပြန်လုပ်ပါ။ နံပါတ် ၃ အဆင့်တွင် နောက် website တစ်ခုကို ပြောင်းပြီးရွေးချယ်ပါ။ ဒီလိုနဲ့ တစ်ခုမရ တစ်ခု ပြောင်းစမ်းကြည့်ပါ။

တကယ်လို့ ကျွန်တော် ဖောသမျှကို မယုံတစ်ဝက် ယုံတစ်ဝတ်နဲ့ လိုက်လုပ်မဲ့ ညီအစ်ကိုမောင်နှမတွေဟာ program သွင်းပြီးချင်းချင်း restart မလုပ်ခဲ့ဘူးဆိုရင် ဒီအဆင့်မှာ တစ်နေပါလိမ့်မယ်။ မှတ်ပလား မယုံချင်အုံး။

ကျလာသော bios update များထဲမှ update အကျဆုံးကို ရွေးပါမယ်။ ကျွန်တော်ကတော့ update အကျဆုံးကို ရွေးတယ်ဗျ။ ကြုံလို့ ပြောရအုံးမယ်။ တစ်ချို့ကတော့ အဟောင်းလေးဘဲ ကြိုက်တယ်ဆိုတဲ့ သူတွေရှိတယ်။ ဒါကတော့ မိမိ သဘောပါဘဲ။ ဒီလို လူမျိုးတွေဟာ ဂျစ်ကားအဟောင်းဝယ်စီးရတာ ကြိုက်တဲ့လူမျိုးတွေပေါ့။ ဘာလို့ ဒေါဂျစ် ၀ယ်မစီးတာလဲ မသိဘူးနော်။



၅) Next (or ) download button ကို click လုပ်ပါ။ download ချနေပါပြီ။ ပြီးသွားရင်တော့ ဘယ်မှာ သိမ်းမလဲ မေးပါလိမ့်မယ်။ မြင်သာအောင် desktop ပေါ်မှာ သိမ်းပါမယ်။ Recycle Bin မှာ မသိမ်းပြီးရော ကြိုက်တဲ့ နေရာမှာ သိမ်းပြီးရင် save button ကို နှိပ်ပါ။



၆) ပြီးသွားရင် အဆင့် (၂) တုန်းက ရွေးရသလို menu ကျလာပါလိမ့်မယ်။ ဒီတစ်ခါ update bios from file ကို ရွေးချယ်ပါ။ Next button ကို click လုပ်ပါ။



၇) စောစောက သိမ်းထားတဲ့ နေရာကို ပြန်ရှာပေးလိုက်ပါ။ ကျွန်တော်က desktop ပေါ်မှာ သိမ်းထားပါတယ်။ ရှာတွေ့ရင် click လုပ်ပြီး open button ကို click လုပ်ပါ။



၈) ခဏစောင့်ရပါလိမ့်မယ်။ တကယ်လို့ ကျွန်တော်တို့ download ချထားတဲ့ bios update version ဟာ ကျွန်တော်တို့ရဲ့ bios နဲ့ မကိုက်ရင် အနီရောင် စာသားကြီးနဲ့ မကိုက်ဘူးဆိုပြီး လာပြပါလိမ့်မယ်။ အခုတော့ ကိုက်တယ်ဆိုပြီး လာပြနေပါတယ်။ flash button ကို မနှိပ်မှီ ဖွင့်ထားသော အခြားအခြားသော program များကို ပိတ်ပါ။ အားလုံး ပြီးပြီဆိုမှာ flash button ကို Click လုပ်ပါ။ ဒီအဆင့်ဟာ အင်မတန် အရေးကြီးပါတယ်။ တကယ်လို့ bios update version ဟာ ကျွန်တော်တို့ရဲ့ bios နဲ့ မကိုက်ရင် flash button ဟာ disable ဖြစ်နေပါလိမ့်မယ်။ ဒီတော့ ဘာမျှ ဆက်လုပ်လို့ မရပါဘူး။ မှားစရာမရှိပါဘူး။ ဒါကြောင့် ကျွန်တော် ASUS motherboard တွေကို ကြိုက်တာပါ။ (ကျွန်တော်ကို ကုမ္ပဏီက ကြော်ငြာခ ပေးမထားပါဘူး။)

အခုလို flash button နှိပ်ပြီးနောက် လုပ်ငန်းစဉ် ပြီးဆုံးရန် ၁ မိနစ်ခန့်သာ ကြာပါတယ်။ ဒီကြားထဲမှာ မီးပျက်တာမျိုး၊ စက်ကို ပိတ်ပစ်တာမျိုး လုံးဝ(လုံးဝ) မလုပ်ပါနဲ့။ မီးခဏခဏ ပျက်တတ်သော နေရာ (သို့) နိုင်ငံတွင် ဒီလို အလုပ်မျိုးကို UPS မခံဘဲ လုပ်မည်ဆိုပါက မိမိ motherboard ၀ယ်ခဲ့သောဆိုင်တွင် မိမိလို motherboard မျိုး အပိုရှိသေးလားဆိုတာကို ဦးစွာ မေးထားသင့်လှပေသည်။ သို့မဟုတ် အာမခံကာလ ကျန်သေးလားဆိုတာကို သိအောင် လုပ်သင့်လှပေသည်။



၉) စက်ကို restart လုပ်ပါဟု တောင်းဆိုနေပါတယ်။ လုပ်ပေးလိုက်ပါ။

ကျွန်တော်တို့ရဲ့ လုပ်ငန်းစဉ်အားလုံး ပြီးဆုံးသွားပါပြီ။
ကျွန်တော်ရဲ့ ကျွန်တော်နဲ့ processor အလွဲလည်း ဒီမှာ အဆုံးသတ်သွားပါပြီ။

ကျွန်တော်နဲ့ အခြားသော အလွဲများကို ဆက်ပါအုံးမယ်။


ညီအစ်ကိုမောင်နှမများအားလုံး အလွဲကင်းကြပါစေ။
ဖြိုးမြင့်သိန်း
phyomyintthein is offline   Reply With Quote
Old 28-01-2009, 01:37 PM
kyaw2008
ကလေးပေါက်စ
 
အသင်းဝင်နေ့စွဲ: Dec 2008
တည်နေရာ: နေပြည်တော်၊ပညာ&#
ရေးသားချက်များ: 20
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 4
ပို့စ် 10 ခုအတွက် 13 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
kyaw2008 is on a distinguished road
ပြန်စာ - Hardware အား စတင်လေ့လာခြင်း

(၁) ကွန်ပျူတာ Motherboard မကောင်းဘူးဆိုတာကို ဘယ်လိုစစ်ဆေးနိုင်မလဲ
(၂) ကွန်ပျူတာ Hardware မကောင်းဘူးဆိုတာကို ဘယ်လိုစစ်ဆေးနိုင်မလဲ
(၃) Jumber ဘာကြောင့် ချိုးရတာလဲ(တစ်ခုနှင့်တစ်ခု ဘာကြောင့်ချိုးတာခြင်းမတူရတာလဲ ဆိုတာလေးတွေကို ရှင်းပြပေးစေချင်ပါတယ်
ယခုကျွန်တော်ကွန်ပျူတာဟာ ဘယ်လိုလုပ်လုပ်ဝင်းဒိုးမတတ်ဘူးဖြစ်နေတယ်
all the thanks
kyaw2008
kyaw2008 is offline   Reply With Quote
အောက်ပါအသင်းဝင်မှ kyaw2008 အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 28-01-2009, 03:03 PM
phyomyintthein
ကြီးကြပ်သူ
 
အသင်းဝင်နေ့စွဲ: Feb 2008
ရေးသားချက်များ: 431
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 2,352
ပို့စ် 399 ခုအတွက် 3,050 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
phyomyintthein is on a distinguished road
ပြန်စာ - Hardware အား စတင်လေ့လာခြင်း

Quote:
Originally Posted by kyaw2008 View Post
(၁) ကွန်ပျူတာ Motherboard မကောင်းဘူးဆိုတာကို ဘယ်လိုစစ်ဆေးနိုင်မလဲ
motherboard ကို စမ်းသပ်ဖို့ လိုအပ်တာကတော့ power supply ကောင်းဖို့နဲ့ motherboard ပေါ်က speaker ကောင်းဖို့ လိုအပ်ပါတယ်။ ပြီးရင် motherboard ပေါ်က RAM၊ processor၊ hard disk၊ floppy disk နဲ့ ROM ၊ နောက်ပြီး (power supply မှ motherboard ကို ပေးတဲ့ power supply မှ လွဲပြီး) connection ကြိုးများအားလုံး ၊ VGA card၊ sound card၊ network card နဲ့ အခြား ကဒ်များအားလုံးကို ဖြုတ်ပါ။

power on ဖို့ casing က power on/off button နဲ့ motherboard ကို ဆက်တဲ့ ကြိုးကို တပ်ပါ။ (တကယ်လို့ မတပ်ချင်ဘူးဆိုရင် motherboard ပေါ်က ON/OFF PIN နှစ်ခေါင်းကို screw driver နဲ့ ပူးပေးလိုက်ပါ။ ကျွမ်းကျင်သူ မဟုတ်လျှင် screw driver နဲ့ ပူးသည့် နည်းကို မသုံးပါနဲ့)

speaker မှာ beep ပေးရပါမယ်။ မပေးခဲ့ဘူးဆိုရင် motherboard ပျက်သွားပါပြီ။ အခုအခြေအနေမှာ power supply နဲ့ speaker ကောင်းရမယ်ဆိုတာ မမေ့ပါနဲ့။

အမြန်ဆုံး သိတဲ့ နည်းကတော့ motherboard ပေါ်မှာ LED လေး မလင်းရင်လည်း motherboard ပျက်သွားပါပြီ။ အခုအခြေအနေမှာ power supply ကောင်းရပါမယ်။

တကယ်လို့ LED မပါခဲ့ရင် motherboard နဲ့ casing fun (သို့) processor fun ကိုတပ်ပြီး power on ပါ။ fun မလည်ရင်လည်း motherboard ပျက်သွားပါပြီ။ အခုအခြေအနေမှာ power supply နဲ့ အသုံးပြုတဲ့ fun ကောင်းရပါမယ်။

Quote:
Originally Posted by kyaw2008 View Post
(၃) Jumber ဘာကြောင့် ချိုးရတာလဲ(တစ်ခုနှင့်တစ်ခု ဘာကြောင့်ချိုးတာခြင်းမတူရတာလဲ
အိမ် မီးခေါင်းတွေမှာ ခေါင်းပြားတွေ ရှိသလို၊ ခေါင်းလုံးတွေ ရှိပါတယ်။ 3 pins ရှိသလို 2 pins ခေါင်းတွေလည်း ရှိပါတယ်။ အဲလို ကွဲပြားတဲ့ ခေါင်းတွေကို မီးပလပ်တစ်ခုတည်းမှာဘဲ တပ်သုံးမယ်ဆိုရင် ကျွန်တော်တို့ဟာ universal adapter ကို သုံးဖို့ လိုအပ်ပါတယ်။

အခု ဖြစ်စဉ်မှာလည်း ဒီလိုပါဘဲ။ motherboard သည် universal adapter သဘောပါဘဲ။ လာတပ်မဲ့ ပစ္စည်းတွေက ကုပ္မဏီ အမျိုးမျိုး၊ model အမျိုးမျိုး ကွာကြပါတယ်။ ဒီအတွက် လိုအပ်တဲ့ setting များကို ဆောင်ရွက်နိုင်အောင် jumper များကို ထားရှိခြင်း ဖြစ်ပါတယ်။

ခေတ်နောက်ကျလွန်းသော motherboard များတွင် processor ကို voltage ပေးဖို့ jumper၊ RAM ကို voltage ပေးဖို့ jumper များ နောက် expansion card အတွက် jumperများ ပါရှိပါတယ်။ အခုနောက်ပိုင်းမှာ အဲဒီ အလုပ်တွေအားလုံးကို CMOS က လုပ်ဆောင်ပေးပါတယ်။ ပြီးတော့ manual လုပ်စရာ မလိုဘဲ auto လုပ်ဆောင်ပါတယ်။ motherboard တွေ ဟာ ခေတ်မှီလာလေ jumper များ နည်းလာလေဖြစ်ပါတယ်။

motherboard တစ်ခုဟာ RAM တစ်မျိုးတည်း၊ processor တစ်မျိုးတည်း ၊ expansion card တစ်မျိုးတည်းကိုဘဲ support လုပ်ပါက အခုလို jumper ချိုးရတဲ့ ပြဿနာ မရှိတော့ပါဘူး။

jumper ချိုးပုံချင်း မတူတာကတော့ motherboard ထုတ်တဲ့ သူတွေက သူ့အတွေးနဲ့ သူပါ။ ဒီအတွက် ဒီလို လုပ်ရမယ်ဆိုတာ မရှိပါဘူး။ hard disk တစ်မျိုးတည်း တစ်ကုပ္မဏီ တစ်ခုတည်းကတောင် jumper setting မတူပါဘူး။

Quote:
Originally Posted by kyaw2008 View Post
(၂) ကွန်ပျူတာ Hardware မကောင်းဘူးဆိုတာကို ဘယ်လိုစစ်ဆေးနိုင်မလဲ
hardware ကောင်း/မကောင်းဆိုတာ အခြေအနေနဲ့ ပစ္စည်းပေါ် မူတည်ပြီး စစ်ဆေးပါတယ်။ အဲဒီအထဲက အလွယ်ဆုံးနဲ့ အမြန်ဆုံးနည်းကတော့ အစားထိုးလဲလှယ်ကြည့်ချင်းဘဲ ဖြစ်ပါတယ်။ ဒါနည်းဟာ ပစ္စည်းတစ်မျိုးတည်း ပျက်တဲ့ အခါမျိုးမှာ အဆင်ပြေပေမဲ့ component ၂ ခု ၃ ခုလောက် တစ်ပြိုင်တည်း ပျက်တဲ့ အခါမျိုးမှာ သိပ်တော့ မထိရောက်ပါဘူး။ နောက်တစ်မျိုးက hardware နဲ့ မရင်းနှီးဘူး၊ parameter တွေကို မသိသေးတဲ့ သူဆိုရင်တော့ ဒီနည်းဟာ ပြုပြင်သူအတွက် နောက်ထပ်အပို ပျက်စီးမှုများကိုပါ ဖြစ်စေပါလိမ့်မယ်။

Quote:
Originally Posted by kyaw2008 View Post
ယခုကျွန်တော်ကွန်ပျူတာဟာ ဘယ်လိုလုပ်လုပ်ဝင်းဒိုးမတတ်ဘူးဖြစ်နေတယ်
အခုအခက်အခဲကို အခြားအခက်အခဲဆိုတဲ့ ကဏ္ဍမှာ မိမိရဲ့ အခက်အခဲအတိအကျကို ပြောပြပေးပါ။ ဒါမှာ ဖြေရှင်းရမဲ့ နည်းလမ်းကို ဖိုရမ်က ညီအစ်ကို မောင်နှမတွေ ၀ိုင်းဝန်း စဉ်းစားပေးလို့ ရမှာပါ။


2008 က ကိုကျော် 2009 မှာ အခက်အခဲ ကင်းဝေးပါစေ။
ဖြိုးမြင့်သိန်း
phyomyintthein is offline   Reply With Quote
အောက်ပါအသင်းဝင် 15 ဦးတို့မှ phyomyintthein အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 30-01-2009, 03:01 AM
phyomyintthein
ကြီးကြပ်သူ
 
အသင်းဝင်နေ့စွဲ: Feb 2008
ရေးသားချက်များ: 431
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 2,352
ပို့စ် 399 ခုအတွက် 3,050 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
phyomyintthein is on a distinguished road
ကျွန်တော်နဲ့ Hard disk အလွဲ(၁)

ကျွန်တော်နဲ့ Hard disk အလွဲ(၁)

ပထမဆုံးထွက်မဲ့ မြန်မာမိသားစု မဂ္ဂင်းဇင်းအတွက် စာမူရေးပြီးတဲ့ ကာလလေးပေါ့။ ဘာတွေ ဘယ်လို ဖြစ်တယ် မသိ။ ကျွန်တော် ရေးထားတဲ့ word ဖိုင် မရှိတော့ပါ။ ကံကောင်းချင်တော့ ကျွန်တော် ရေးပြီးပြီးချင်း print out ထုတ်ထားမိပေလို့ပေါ့။ မတတ်နိုင်ဘူးလေ ပြန်ရေးရတာပေါ့။ ထိုစာမူအား ဒုတိယ အကြိမ်မြောက် ပြန်ရေးပြီးသော ကာလလေးပေါ့။ သူငယ်ချင်းတစ်ယောက်က hard disk ပျက်သွားလို့ ပြင်လို့ ရမလားဆိုပြီး သူ့ hard disk ကို ကျွန်တော်ကို လာပေးပါတယ်။

သူ့မတိုင်ခင်ကလည်း အဲလို hard diskမျိုး ၃ လုံးလောက် ကျွန်တော် ကြုံဖူးပါတယ်။ BIOS ထဲမှာ hard ကို သိပါတယ်။ ဒါပေမဲ့ အဲဒီ hard disk တပ်လိုက်ရင် စက်က window မတတ်တော့ပါဘူး။ ကျွန်တော် ပြင်ကြည့်ပါတယ်။ မရဘူး။ ဒါနဲ့ သူက အသစ်ထပ်ဝယ်မယ်၊ လိုက်ခဲ့တဲ့။ ထမင်းကျွေးမယ်ဆိုပြီး မက်လုံးပေးတာနဲ့ ဆိုင်ကို လိုက်သွားမိပါတယ်။ ဆိုင်ရောက်တော့ hard disk ၀ယ်ချင်စိတ်ပေါ်လာတာနဲ့ ကျွန်တော်လည်း hard disk အသစ်တစ်လုံးဝယ်ပါတယ်။

သူ့ hard disk ကို partition ပိုင်းပေးပါဆိုလို့ ကျွန်တော့် computer မှာ တပ်ရော စတော့တာဘဲ။ hard disk ကို BIOS ထဲမှာ မသိပါဘူး။ သူ့ hard disk ကော ကျွန်တော့် အသစ် ၀ယ်လာတဲ့ hard disk ၂ လုံးလုံးက SATA အမျိုးအစားတွေပါ။ ဒါနဲ့ သူလည်း ပြန်ရမှာဆိုတော့ တခြား သူငယ်ချင်းစက်မှာ သွားပြီး partition ပိုင်းပေးလိုက်ပါတယ်။ ပြဿနာက ကျွန်တော့် hard disk အသစ်နဲ့ computer အဟောင်းပါ။ SATA အပေါက်ပါရဲ့သားနဲ့ SATA hard disk ကို မသိခြင်းပါ။ စိတ်ညစ်တာနဲ့ ဒီအတိုင်းထားထားတယ်။ PATA hard disk နဲ့ SATA hard disk လဲမဲ့ သူကို လိုက်ရှာရပြီ။ အသစ်ကြီးနဲ့ လဲရမှာဆိုတော့ နှမြောမိသား။

နောက်နေ့ မနက်ကျတော့ စဉ်းစားမိတာ BIOS ထဲမှာများ ပိတ်ထားလို့လားဆိုပြီး လိုက် ကလိပါလေရော။ တွေ့တယ်။ ဟုတ်ပါ့ SATA ကို disable ပေးထားတာဗျာ။ ဒါနဲ့ ၀မ်းသားအားရ enable ပေးပြီး hard disk ကို တပ်၊ partition ပိုင်းပါလေရော။ နောက် hard disk အဟောင်းထဲက အရေးကြီးတဲ့ data တွေကို အသစ်ထဲ ပြောင်းထည့်။

ကျွန်တော် partition ပိုင်းတုန်းက သုံးတဲ့ software က PowerQuest PartitionMagic 8.0 ပါ။ အဲဒီ software က window ပေါ်မှာ တင် run ရတဲ့ software ပါ။ နောက် တစ်မျိုး သုံးပါသေးတယ်။ အရင် သူငယ်ချင်းတွေက သူတို့ hard disk ပျက်တာ အဲဒီ software သုံးလို့တဲ့။ အဲလို နံမည်ကြီးတာနဲ့ ကျွန်တော် ယူပြီး စမ်းကြည့်မယ်ဆိုပြီး တင်ထားတာပါ။ အဲဒီ software ကတော့ Paragon Partition Manager 8.0 Professional ပါ။ ဒီ software ကလည်း window application ပါဘဲ။

Data တွေ ကူးပြီးတော့ အရင် hard disk အဟောင်းကို format ချပါတယ်။ format ချဖို့ Paragon Partition Manager 8.0 Professional ကို ဖွင့်ပြီး format ချပါတယ်။ ပြီးသွားပါတယ်။ restart ချပါတယ်။ window ပြန်တတ်လာတော့ PowerQuest PartitionMagic 8.0 ကို ဖွင့်ကြည့်တော့ အဲဒီ softwareူက မင်းhard disk တွေမှာ error ရှိတယ် ပြင်မလားတဲ့။ အဟ အလကား ပြင်ပေးမှာဆိုတော့ OK Button ကို mouse ကျွံလောက်အောင် ဖိပြီး အားရပါးရ click ပေးလိုက်တာပေါ့။ program ထဲရောက်တော့ ကျွန်တော် hard disk အသစ်ကို bad partition တဲ့။ Paragon Partition Manager 8.0 Professional နဲ့ ဖွင့်တော့ error ရှိတယ်ဆိုပြီး ပေးမဖွင့်တော့ပါဘူး။ အဲဒါနဲ့ computer ကို restart ပြန်ချတော့ အရင် ပျက်တဲ့ သူငယ်ချင်းတွေရဲ့ hard disk တွေလိုဘဲ BIOS ထဲမှာ သိတယ်။ အဲဒီ hard disk တပ်ထားရင် window မတပ်ဘူး။ လစ်ကော ။

စောစော အရေးကြီးတယ်ဆိုတဲ့ data တွေအားလုံး ပျောက်ကော။ ထိုအထဲတွင် ဒုတိယ အကြိမ်မြောက် ရေးထားသော ကျွန်တော်၏ စာမူလေး ပါသွားပြီ။ နောက် ဆရာမနဲ့ လုပ်ထားတဲ့ result အားလုံး၊ နောက် ကျွန်တော် စာဖတ်ပြီး ထုတ်ထားတဲ့ note တွေ၊ နောက် မြန်မာမိသားစုဖိုရမ်က ကျွန်တော် ကြိုက်တဲ့ ပိုစ့်တွေကို ကူးထားတာတွေ။ ကုန်တာဘဲ အားလုံး။

ဒီနေရာမှာ ဖြတ်ပြီး သတိပေးချင်တာက မိမိရဲ့ အရေးကြီး data အားလုံးကို backup လုပ်ထားတဲ့ အကျင့်မျိုးကို မွေးထားသင့်ပါတယ်။ အခုဘဲကြည့် ကုန်တာဘဲ။ အစကို ရှာမရဘူး။ result အားလုံးနီးပါးကို ဆရာမဆီက ပြန်ရခဲ့ပါတယ်။ backup လုပ်မထားရကောင်းလားဆိုပြီး တော်တော် အဆူခံလိုက်ရပါတယ်။ တော်သေးတာပေါ့ ဆရာမဆီမှာ ရှိသေးလို့။ ရှိများမရှိရင် မတွေးရဲစရာဘဲ။

ဒုတိယ အကြိမ်မြောက် ရေးထားသည့် စာမူကို ပြန်ရေးချင်စိတ်မရှိတော့ပါ။ အကြောင်းက win-innwa နဲ့ ရေးရလို့ပါ။ ကျွန်တော်က မြန်မာနဲ့ အင်္ဂလိပ်ရေးရေးတဲ့ နေရာမှာ win-innwa က zawgyi font လိုမျိုး အဆင်မပြေပါဘူး။ နောက် ပဆင့်တွေ ရေးတဲ့ နေရာမှာ အစဉ်လုံးဝ မပြေပါဘူး။ ဒီလိုနဲ့ အမှတ်တရ ရှိနေမည့် ပထမဆုံး မြန်မာမိသားစု မဂ္ဂဇင်းအတွက် စာမူ မပို့ဖြစ်လိုက်ပါ။

ဝယ်ပြီးနောက်နေ့ပျက်တာဆိုတော့ ဆိုင်ကို သွားပို့လိုက်တော့ အသစ်တစ်လုံးပြန်ရပါတယ်။

သို့နဲ့ ၃ ရက်လောက်ကြာသောအခါ သူငယ်ချင်းတစ်ယောက်က Partition Table Doctor ဆိုတဲ့ ISO ဖိုင်လေး လာပေးပါတယ်။ CD ရိုက်ပြီး ကျွန်တော် Hard disk လို ပျက်သော၊ အာမခံ ကာလ ကုန်ဆုံးနေသော hard disk များကို ပြုပြင်ရာတွင် အဆင်ပြေသွားပါတယ်။ data အားလုံးပါ ပြန်ရပါတယ်။ ဒီ software သာ ၃ ရက်လောက် ကျွန်တော် စောရပါက ကျွန်တော့် data အားလုံး ပြန်ရပါလိမ့်မယ်။ သို့သော် ခုတော့ ဆိုင်သွားပြီး ကျွန်တော့် hard disk အပျက်လေးပြန်ပေးပါ ပြောပြီး သွားတောင်းရမဲ့ ကိန်းဆိုက်နေပါပြီ။

နောက်ပြီး partition ပိုင်းသည့် အလုပ်ကို window ပေါ်တွင် လုပ်ခြင်းထက် bootable CD ဖြင့် (window ပေါ်မှ မဟုတ်ဘဲ) လုပ်ခြင်းက အပျက်အစီး နည်းစေပါသည်။ (ဒီနေရာမှာ ကျွန်တော် အပျက်အစီး မရှိဘူးလို့ မရေးပါဘူး။ နည်းတယ်လို့ဘဲ သုံးထားပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော် ကြုံဘူးတာလေး ရှိပါသေးတယ်။) ကျွန်တော့် သူငယ်ချင်း hard disk ကို partition ပေါင်းခိုင်းလို့ ပေါင်းပေးတုန်းက ဖြစ်ဖူးတာလေးပါ။ သီချင်းဖိုင်တွေ ရောကုန်ပါတယ်။ ဆိုလိုတာက သီချင်းတစ်ပုဒ်ထဲမှာဘဲ သီချင်း ၃ ပုဒ်လောက် စလယ်ဆုံး ၃ ပိုင်း/ ၄ ပိုင်းလောက် ရောနေပါတယ်။ ဘယ်လို ဖြစ်တယ်တော့ မသိပါ။ ဒါကြောင့်လို့ data များ ရှိနေသော hard disk ကို ပိုင်းမယ်၊ ပေါင်းမယ်၊ လှီးမယ်၊ ခုတ်မယ်ဆိုရင် data များကို ဦးစွာ တခြားတစ်နေရာတွင် ရွှေ့ထားပါ။ data တွေ များနေလို့ ရွေ့ဖို့ အခက်အခဲ ရှိနေတယ်ဆိုရင် အရေးကြီးတဲ့ data တွေကို ကူးထားပါ။

ကျွန်တော် တိုက်တွန်းချင်တာကတော့
၁) မိမိ data အားလုံးကို backup လုပ်ခြင်း၊ internet ပေါ်တွင် upload တင်ခြင်း စသည့် အကျင့်မျိုးကို မွေးထားသင့်ပါသည်။
၂) partition ပိုင်းသည့် လုပ်ငန်းစဉ်ကို window ပေါ်မှ မလုပ်ဘဲ boot CD ပေါ်မှ သာ လုပ်ဆောင်သင့်ပါသည်။
၃) data များရှိနေသော hard disk ကို partition ပိုင်းမည်ဆိုပါက data များကို တခြားနေရာတွင် ရွေ့ပြီးမှသာ partition ပိုင်းသည့် အလုပ်ကို လုပ်ဆောင်သင့်ပါသည်။


partition ပိုင်းခြင်းအကြောင်း ဆက်ပါအုံးမယ်။


ညီအစ်ကိုမောင်နှမများအားလုံး အလွဲကင်းကြပါစေ။
ဖြိုးမြင့်သိန်း
phyomyintthein is offline   Reply With Quote
အောက်ပါအသင်းဝင် 17 ဦးတို့မှ phyomyintthein အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 31-01-2009, 11:44 PM
stability09
ကိုယ်ပိုင်အစွမ်းရှိပြီးသူ
 
stability09's Avatar
 
အသင်းဝင်နေ့စွဲ: Feb 2008
တည်နေရာ: Moscow
ရေးသားချက်များ: 234
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 264
ပို့စ် 205 ခုအတွက် 715 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
stability09 is on a distinguished road
ပြန်စာ - ကျွန်တော်နဲ့ Hard disk အလွဲ(၁)

ကိုဖြိုးမြင့်သိန်းပြောသွားတဲ့..Partition Table Doctor Software ကိုဒီအောက်ကလင့်မှာယူနိုင်ပါတယ်..Boot CD ရိုက်ပြီးသုံးနိုင်ပါတယ်.. http://ifile.it/zlbprqx
stability09 is offline   Reply With Quote
အောက်ပါအသင်းဝင် 12 ဦးတို့မှ stability09 အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 18-02-2009, 09:37 AM
Thida Tun
လမ်းလျှောက်တတ်စ
 
အသင်းဝင်နေ့စွဲ: Jul 2008
ရေးသားချက်များ: 10
ကျေးဇူးတင်စကား: 1
ပို့စ် 1 ခုအတွက် 1 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
Thida Tun is on a distinguished road
ပြန်စာ - Hardware အား စတင်လေ့လာခြင်း

ကိုယ်ပိုင်သင်တန်းတစ်ခုအတွက် ကကကွန်ခေါင်းစဉ်ပါ Hardware့စာအုပ်အားအသုံးပြုလိုပါသဖြင့် ခွင့်ပြု/မပြု အကြောင်းပြန်ပေးစေလိုပါတယ်။ တစ်အုပ်လုံးမဟုတ်ဘူးနော် တစ်စိတ်တစ်ဒေသပါ။ မူရင်းပိုင်ရှင်နာမည်အား မူလအတိုင်း သုံးစွဲသွားမည်ဖြစ်ပါသည်။

အချိန်နှင့်ဒီရေသည်လူကိုမစောင့်:28:

Last edited by Thida Tun; 18-02-2009 at 09:41 AM..
Thida Tun is offline   Reply With Quote
Old 21-02-2009, 01:02 AM
ဂျာဂျာ
လမ်းလျှောက်တတ်စ
 
အသင်းဝင်နေ့စွဲ: Dec 2008
ရေးသားချက်များ: 7
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 36
ပို့စ် 4 ခုအတွက် 9 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
ဂျာဂျာ is on a distinguished road
ပြန်စာ - Hardware အား စတင်လေ့လာခြင်း

Quote:
Originally Posted by phyomyintthein View Post
ကဲ နောက်တစ်ခွေ ထပ်တင်ပေးလိုက်ပါတယ်။

ကိုယ်တိုင်ကွန်ပျူတာတပ်ဆင်နည်း
Hyperlink Media ကထုတ်တာပါ။
ကိုဖြိုးမြင့်သိန်းရေ ကျွန်တော်က Mediafire ကဒေါင်းလိုက်တာ part 1 to 4 အကုန်ရပါတယ် ..ဒါပေမယ့် ဖိုင်ကိုပြန်ဖြည် တဲ့အခါအဆင်မပြေဖြစ်နေပါတယ် အစ်ကို... Part 1 ကိုဖြည်လိုက်တာ next volum is required ဆိုပြီးပေါ်နေတယ် ..အဲဒါဘယ်လိုဆက်လုပ်ရမလည်း လို့ ပြောပြပါအုံးခင်ဗျာ...

Last edited by tu tu; 21-02-2009 at 05:08 AM.. Reason: Quote ပြင်ရန်
ဂျာဂျာ is offline   Reply With Quote
Old 21-02-2009, 07:45 AM
tu tu
ကြီးကြပ်ရေးမှူး
 
tu tu's Avatar
 
အသင်းဝင်နေ့စွဲ: Oct 2007
ရေးသားချက်များ: 4,384
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 15,529
ပို့စ် 3,056 ခုအတွက် 13,948 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
ပုံများ: 171
tu tu is on a distinguished road
Icon12 ပြန်စာ - Hardware အား စတင်လေ့လာခြင်း

Quote:
Originally Posted by ဂျာဂျာ View Post
Part 1 ကိုဖြည်လိုက်တာ next volum is required ဆိုပြီးပေါ်နေတယ်

Part 1 ကို R-click ပြီး Extract here လုပ်လိုက်ရင် သူ့ဟာသူ ဆက်သွားပါလိမ့်မယ်။

next volume တောင်းနေတယ်ဆိုရင်လည်း Browse ကနေ သူတောင်းတဲ့အပိုင်းကို ရှာပြီး ထည့်ပေးလိုက်ပါ။

ဝ,လုံး ရေးဖို့ကျောက်တံသွေးနေသူ
tutu@myanmarfamily.org
tu tu is offline   Reply With Quote
အောက်ပါအသင်းဝင် 2 ဦးတို့မှ tu tu အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 21-02-2009, 10:31 AM
phyomyintthein
ကြီးကြပ်သူ
 
အသင်းဝင်နေ့စွဲ: Feb 2008
ရေးသားချက်များ: 431
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 2,352
ပို့စ် 399 ခုအတွက် 3,050 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
phyomyintthein is on a distinguished road
ပြန်စာ - Hardware အား စတင်လေ့လာခြင်း

Quote:
Originally Posted by Thida Tun View Post
ကိုယ်ပိုင်သင်တန်းတစ်ခုအတွက် ကကကွန်ခေါင်းစဉ်ပါ Hardware့စာအုပ်အားအသုံးပြုလိုပါသဖြင့် ခွင့်ပြု/မပြု အကြောင်းပြန်ပေးစေလိုပါတယ်။ တစ်အုပ်လုံးမဟုတ်ဘူးနော် တစ်စိတ်တစ်ဒေသပါ။ မူရင်းပိုင်ရှင်နာမည်အား မူလအတိုင်း သုံးစွဲသွားမည်ဖြစ်ပါသည်။
ကကကွန်ဟာ တပ်မတော်ရဲ့ လက်ရုံးတပ်ဖွဲ့တစ်ခုပါ။ မသီတာထွန်းရဲ့ ဆန္ဒကို ခွင့်ပြု/မပြုဆိုတာ အဖွဲ့အစည်းနဲ့ ဆိုင်ပါတယ်။ ကျွန်တော်ကတော့ အဲဒီစာအုပ်ထက်စာရင် ဆရာ ဦးဇော်လင်းတို့ ဆရာ ဦးအေးကိုကိုတို့ ရေးတဲ့ စာအုပ်တွေကို ပိုကြိုက်ပါတယ်။ အရေးအသားက ပိုကောင်းပါတယ်။ အထက်က စာရေးသူတွေကို ဆက်သွယ်ပြီး ခွင့်ပြုချက်တောင်းမယ်ဆိုရင် ပိုမို လွယ်ကူပါလိမ့်မယ်။ တစ်အုပ်လုံးမဟုတ်ဘူးဘဲတစ်စိတ်တစ်ဒေသသာ ဖြစ်ရုံတင်မက မူရင်းပိုင်ရှင်နာမည်အား မူလအတိုင်း သုံးစွဲသွားမှာ ဖြစ်လို့ ကာယကံရှင်တွေကလည်း ၀မ်းမြောက်ဝမ်းသာ သဘောတူပါလိမ့်မယ်။

ဝိနည်းလွတ်တဲ့နည်းတော့ ရှိပါတယ်။ အဲဒါကတော့ မသီတာထွန်းပြောတဲ့ ကကကွန်စာအုပ်ကော၊ အထက်က ကျွန်တော်ပြောခဲ့တဲ့ စာအုပ်တွေကော ဖတ်ပြီး မိမိ နားလည်သလို ရှင်းလင်းသလို ပြန်ရေးပါ။ ဒါဆိုရင် မိမိ အာဘော်ဖြစ်သွားပါပြီ။ ဒီအတွက် ဘယ်သူကိုမှ ခွင့်တောင်းစရာမလိုပါဘူး။ ဒါပေမဲ့ မိမိစာအုပ်ရဲ့ reference မှာတော့ အဲဒီ စာအုပ်တွေကို ဖော်ပြပြီး ကျေးဇူးဆပ်သင့်ပါတယ်။

နောက်တစ်နည်း ရှိပါတယ်။ ဒါကတော့ ဘယ်သူ့ကိုမှ ခွင့်မတောင်းဘဲ ပေါ်တင် ကူးချတဲ့နည်းပါ။ ဒါကလည်း သင်တန်းက မကြီးဘူး။ တနိုင်တပိုင်လေးဘဲဆိုရင် ဘယ်သူ့နံမည်မှ မတတ်ဘဲ မိမိနံမည်နဲ့ ပေါ်တင် ယူတင်နည်းပါ။ ဒါကလည်း မြန်မာပြည်အတိုင်းအတာနဲ့ ဘယ်သူကမှ အပြစ်မဆိုပါဘူး။ ဒါပေမဲ့ မိမိ တပည့်တစ်ယောက်ယောက်ကများ သိသွားရင် ဖတ်မိသွားရင် သိက္ခာကျသလို မူရင်းစာရေးသူတွေကိုလည်း ကျေးဇူးကန်းရာရောက်ပါတယ်။

မသီတာထွန်းရဲ့ သင်တန်းအတွေ့အကြုံလေးတွေကို ဖြစ်နိုင်မယ်ဆိုရင် မိသားစုဖိုရမ်လေးမှာ မျှဝေပေးပါလို့ တောင်းဆိုပါရစေ။


မသီတာထွန်းရဲ့ သင်တန်း အောင်မြင်တိုးတတ်ပါစေ။
ဖြိုးမြင့်သိန်း
phyomyintthein is offline   Reply With Quote
အောက်ပါအသင်းဝင် 5 ဦးတို့မှ phyomyintthein အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 28-03-2009, 02:58 PM
phyomyintthein
ကြီးကြပ်သူ
 
အသင်းဝင်နေ့စွဲ: Feb 2008
ရေးသားချက်များ: 431
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 2,352
ပို့စ် 399 ခုအတွက် 3,050 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
phyomyintthein is on a distinguished road
ကျွန်တော်နဲ့ Hard disk အလွဲ(၂)

Paragon Partition Manager 8.0 boot CD အသုံးပြုနည်း

window တင်ထားသည့် hard disk ဖြစ်စေ၊ window မတင်ထားသည့် hard disk ဖြစ်စေ၊ window XP ဖြစ်စေ၊ Vista ဖြစ်စေ partition ပိုင်းဖို့၊ ခုတ်ဖို့၊ ထစ်ဖို့ အဆင်အပြေဆုံးကတော့ Paragon Partition Manager ပါဘဲ။

ကျွန်တော် အခု Paragon Partition Manager 8.0 ကို သုံးထားပါတယ်။ လက်တွေ့ လုပ်ပြဖို့ အသုံးပြုထားတဲ့ စက်၏ hard disk သည် 233GB ရှိပါတယ်။ အဆိုပါ စက်သည် laptop ဖြစ်သည့်အတွက် recovery partition တစ်ခု ပါပါတယ်။ recovery partition ကို window ပေါ်တွင် မြင်ရမည် မဟုတ်ဘဲ ထိုpartition သည် 13 GB ရှိပါတယ်။ ထိုကြောင့် С: တွင် 215 GB နဲ့ recovery partition တွင် 13 GB ရှိသည်။

အဆိုပါ hard disk တွင် C: ကို 100 GB ထားပါမယ်။ နောက်ထပ် logical partition တစ်ပိုင်း ထပ်ပိုင်းပါမယ်။ ၎င်း partition size ကို 115 GB ထားပါမယ်။ နဂို recovery partition ကို မူလအတိုင်း ထားပါမယ်။ ထိုကြောင့် မူလက partition ၂ ပိုင်းသာ ရှိသော hard disk တွင် partition ၃ ပိုင်း ရှိလာမည်။


အဆင့်(၁) <Hard disk manager ထဲသို့ ၀င်ရောက်ခြင်း>

CD-ROM ထဲကို Paragon Partition Manager 9.0 Professional ခွေကို ထည့်ပြီး အဆိုပါ CD မှ boot တတ်ပါမယ်။ ပုံ (၁) တွင် ပြထားသည့် အတိုင်း မြင်ရပါက normal mode ကို select လုပ်ပြီး enter နှိပ်ပါ။ ယခု အခြေအနေတွင် mouse ကို အသုံးပြုလို့ ရမည် မဟုတ်ပါ။


ပုံ(၁)


ပုံ(၂)

ပုံ (၂) တွင် ပြထားသည့် အဆင့်ရောက်ရင်တော့ mouse ကို အသုံးပြုလို့ ရပါပြီ။ Paragon Hard disk Manager ကို double-click လုပ်ပါ။


အဆင့်(၂) <C: အား resize လုပ်ခြင်း>

နောက်ထပ် partition ပိုင်းဖို့ ဆိုသည်မှာ ရှေးဦးစွာ အဆိုပါ partition အတွက် လိုအပ်သော နေရာကို ပေးဖို့ နေရာ အလွတ်ရှိရပါမယ်။ အခု နေရာ အလွတ်မရှိပါ။ နေရာလွတ်ရရန် C: ကို resize လုပ်ပါမယ်။


ပုံ(၃)
ပုံ(၃) တွင် ပြထာသည့်အတိုင်း C: partition ကို right-click လုပ်ပြီး Resize/Move ကို select လုပ်ပါ။


ပုံ(၄)

C:ကို 100GB ပေးပါမယ်။ ထိုကြောင့် ပုံ(၄)တွင် 2 ပြထားသော (New size ဆိုတဲ့)နေရာတွင် 100 000 ဟု ဖြည့်ပါ။ (ကျွန်တော် အခု ရိုက်ပြထားသလို 100 နဲ့ နောက်က သုညတွေကို ခွဲမရိုက်ပါနဲ့။ တဆက်တည်း ရိုက်ပါ။) အခု ကျွန်တော်တို့ ဖြည့်ခဲ့သော နေရာ၏ နောက်တွင် Mb ဟု ရိုက်ထားသည်ကို သတိပြုပါ။ ကျွန်တော်တို့ ခွဲချင်သော partition ၏ size မှာ GB ဖြစ်သည်။ ထိုကြောင့် MB နဲ့ GB ၏ ဆက်သွယ်ချက်မှာ 1 000MB = 1GB ဖြစ်သည်။ (အခု ပြောသည့် ဆက်သွယ်ချက်သည် အတိအကျ မဟုတ်ပါ။ ) နောက်က 000 သည် Megabytes ကို ကိုယ်စားပြုသည်။ ရှေ့က 100 သည် Gigabytes ကို ကိုယ်စားပြုသည်။

100000 ဟု ရိုက်ပြီးပါက keyboard မှ tab key ကို နှိုပ်ပါ။

free space before ဆိုသည့်နေရာတွင် 0 ဟု ဖြည့်ပါ။ ဘာလို့လဲဆိုတော့ ယခု အသစ်ရလာမည့် partition အပိုင်းကို C:ဆိုသည့် partition နောက်တွင် ပေါ်စေချင်သောကြောင့်ဖြစ်သည်။ တကယ်လို့ free space before အောက်က slide bar ကို အဆုံးထိ ဆွဲပေးပါက အသစ်ရလာမည့် partition အပိုင်းသည် C:ဆိုသည့် partition ရှေ့တွင် ပေါ်မယ်။ slide bar ကို အလယ်တွင် ထားပါက partition ၂ ပိုင်းပေါ်လာမည်။ C: ၏ ရှေ့တွင် ၁ ပိုင်း၊ နောက်တွင် ၁ ပိုင်းဖြစ်သည်။


ပုံ(၅)

ပုံ(၅) တွင် ပြထားသည်အတိုင်း apply button ကို click လုပ်ပါ။


ပုံ(၆)

ထိုအခါ ပုံ(၆) မှာ ပြထားသည့် applying changes ဆိုသည့် dialog box ကျလာမည်။ ထိုအခါ yes button ကို click လုပ်ပါ။

အဆိုပါ ပုံ(၆)တွင် 8 pending operations လို့ ရေးထားပါတယ်။ ကျွန်တော်တို့ C:ကို move လုပ်တဲ့ operation တစ်ခုဘဲ လုပ်ထားပါတယ်။ ဘာလို့ 8 pending operations လို့ ပေါ်နေရတာလဲ ဆိုတော့ ကျွန်တော် အခုပြထားသည့် ပုံသည် ကျွန်တော် C: ကို resize လုပ်ခြင်း၊ partition အသစ် ဖန်တီးခြင်း၊ format ချခြင်း စသည် လုပ်ငန်းစဉ်တွေ အားလုံးပြီးတော့မှ apply button ကို နှိပ်ထားသောကြောင့် ပေါ်လာသော ပုံ ဖြစ်သည်။ ထို့သို့ operation များကို စုပြုံလုပ်ခြင်းသည် data ပျက်စီးမှုနဲ့ လုပ်ငန်းအားလုံးပြီးပြည့်စုံမှု မရှိခြင်းကို ဖြစ်စေသည်။ ကျွန်တော် အခု လုပ်ပြခြင်းသည် သရုပ်ပြခြင်းသည် ဖြစ်ပါတယ်။ hard disk ကို တကယ် partition ခွဲခြင်း မဟုတ်ပါ။

ကျွန်တော်ကတော့ operation တစ်ခု (အဆင့် တစ်ခု)ပြီးတိုင်း apply button ကို နှိုပ်ဖို့ တိုက်တွန်းပါတယ်။


ပုံ(၇)

ပုံ(၇) ကိုကြည့်ပါ။ ရလာသော partition C: သည် 100 GB မဟုတ်ဘဲ 97.7 GB ဟုပြထားသည်။ အဘယ်ကြောင့်ဆိုသော် MB နဲ့ GB ၏ အတိအကျ ဆက်သွယ်ချက်မှာ 1 024 MB = 1GB ဖြစ်သည်။ ကျွန်တော်တို့သည် C: ကို 100 GB အတိအကျ ရချင်ပါက ပုံ(၄)တွင် 2 ပြထားသော (New size ဆိုတဲ့)နေရာတွင် 100 000 ဟု ရိုက်ရမည့် အစား 102 400MB ဟု ဖြည့်ရမည်။

ပုံ(၅) တွင် ပြထားသည်အတိုင်း apply button ကို click လုပ်ပါ။ ထိုအခါ ပုံ(၆) မှာ ပြထားသည့် applying changes ဆိုသည့် dialog box ကျလာမည်။ ထိုအခါ yes button ကို click လုပ်ပါ။


အဆင့်(၃) <extended partition အသစ် ဖန်တီးခြင်း>

အထက်က အဆင့်တွေမှာ ကျွန်တော် မြင်သာအောင်လို့ C:ကို resize လုပ်ပြီးသောအခါ partition အသစ်ရလာသည် ဟု ရေးထားပါတယ်။ သို့သော် C: ကို resize လုပ်ပြီးသောအခါ partition အသစ်ကြီး ချက်ချင်းရလာတာ မဟုတ်ပါဘူး။ format မချမချင်း Hard disk က အဆိုပါ partition ကို မသိပါ။ ယခု အဆင့်ကို ဆက်မလုပ်ဘဲ Hard disk manager ထဲက ထွက်ပြီး window ပေါ်မှ အဆိုပါ hard disk ကို ကြည့်ပါက 120 GB လောက် ပျောက်နေပါလိမ့်မယ်။ အကြောင်းကတော့ C: ကို resize လုပ်ပြီး ရလာသော partition ကို format မချခဲ့သောကြောင့်ဖြစ်သည်။

ကဲ ကျွန်တော်တို့ရဲ့ အဆင့် (၃)ကို ဆက်ရအောင်။ free ဟု ပြနေသော hard disk ၏ partition အပိုင်းပေါ်တွင် right click လုပ်ပြီး create ကို select လုပ်ပါ။ (ပုံ ၈ ကိုကြည့်ပါ)


ပုံ(၈)
နောက်ထပ် အသစ်တိုးသည့် partition ကို logical partition အဖြစ်ထားချင်ပါတယ်။


logical ဘာလို့ ထားချင်ပါသလဲ?

hard disk တစ်လုံးတွင် primary ၄ ခုသာ ထားလို့ ရပါတယ်။ OS ကို primary ပေါ်တွင်သာ တင်လို့ ရပါသည်။ အဆိုပါ အချက်သည် primary ၏ အားသားချက်ဖြစ်သည်။

logical partition ပေါ်တွင် OS တင်လို့ မရပါ။ သို့သော် hard disk တစ်လုံးပေါ်တွင် logical partition များကို (၄ ခုမက) C: to Z: ခွဲလို့ ရပါတယ်။ အဆိုပါ အချက်သည် logical partition ၏ အားသားချက်ဖြစ်သည်။ (C: to Z: ဟု ပြောရခြင်းမှာ A: နဲ့ B: drive letter များကို floppy drive အတွက် ပေးထားရသောကြောင့်ဖြစ်သည်)

logical partition အားလုံးကို extended partition ပေါ်တွင် ထားရပါတယ်။ အဆိုပါ extended partition သည် primary partition ထဲတွင် အကျုံးဝင်သည်။ extended partition မရှိဘဲ logical partition ကို ခွဲလို့ မရပါ။




ပုံ(၉)

logical partition ခွဲရန် ရှေးဦးစွာ extended partition ခွဲပါမယ်။ ပုံ ၉ မှာ ပြထားသလို create partition as ဆိုသည့်နေရာတွင် extended လို့ ရွေးပါ။ New size ဆိုသည့် အောက်တွင် ရှိသော slide bar ကို အဆုံးထိဆွဲပါ။ Ok button ကို နှိုပ်ပါ။

ပုံ(၅) တွင် ပြထားသည်အတိုင်း apply button ကို click လုပ်ပါ။ ထိုအခါ ပုံ(၆) မှာ ပြထားသည့် applying changes ဆိုသည့် dialog box ကျလာမည်။ ထိုအခါ yes button ကို click လုပ်ပါ။



အဆင့်(၄) <logical partition အား format ချခြင်း>



ပုံ(၁၀)

extended partition လို့ သတ်မှတ်လိုက်သောအခါ ပုံ ၁၀ မှာ ပြထားသလို logical partition တစ်ခု အလိုလို ရလာပါပြီ။ အထက်မှာ ပြောခဲ့အလို အဆိုပါ logical partition ကို format ချဖို့ လိုအပ်ပါတယ်။

ထိုမှသာ window က အဆိုပါ logical partition ကို သိမှာ ဖြစ်ပါတယ်။ logical partition အပေါ်တွင် right-click နှိပ်ပြီး format partition ကို select လုပ်ပါ။

ပုံ(၅) တွင် ပြထားသည်အတိုင်း apply button ကို click လုပ်ပါ။ ထိုအခါ ပုံ(၆) မှာ ပြထားသည့် applying changes ဆိုသည့် dialog box ကျလာမည်။ ထိုအခါ yes button ကို click လုပ်ပါ။



ပုံ(၁၁)

ပုံ(၁၁)မှာ ပြထားသလို NTFS ကို ရွေးပြီး OK button ကို click လုပ်ပါ။



အဆင့်(၅) <Hard disk manager မှ ထွက်ခွာခြင်း>


ပုံ(၁၂)

လုပ်ငန်းစဉ် အားလုံးပြီးဆုံးပါ၍ Hard disk manager မှ ထွက်ခွာရန် ပုံ(၁၂) တွင် ပြထားသည့်အတိုင်း General menu ကို click လုပ်ပြီး exit ဆိုသည့် sub-menu ကို click လုပ်ပါ။

နောက်ထပ်ကျလာသော menu တွင် shut down ကို ရွေးချယ်ပါ။

*** အဆင့်တစ်ဆင့် ပြီးဆုံးတိုင်း မိမိ လုပ်နေသော operation ပြီးဆုံးပြီ (All operations have done) ဆိုသည့် စာတမ်း မမြင်မချင်း Esc နှိပ်ခြင်း၊ enter နှိပ်ခြင်းများကို ရှောင်ကြဉ်ပါ။ တစ်ချို့ operation များသည် hard disk size နဲ့ data ရှိမှု အနည်းအများပေါ်မူတည်ပြီး အချိန်ကြာမြင့်ပါသည်။ ၁ နာရီ / ၂ နာရီ ကျော်အထိ ကြာတတ်ပါသည်။ မိမိ၏ စိတ်မရှည်မှုအတွက် မိမိ၏ data များ ပေးဆပ်တတ်ရသည်။

ကျွန်တော် ထပ်သတိပေးပါမယ်။ data များရှိနေသော hard disk ကို partition ပိုင်းမည်ဆိုပါက data များကို တခြားနေရာတွင် ရွေ့ပြီးမှသာ partition ပိုင်းသည့် အလုပ်ကို လုပ်ဆောင်သင့်ပါသည်။


partition အကြောင်းနဲ့ ပတ်သတ်ပြီး ဆက်ပါအုံးမည်။

connection အခက်အခဲကြောင့် ပုံများကို မမြင်ရသည့် သူများအတွက် အောက်တွင် PDF ကို ရယူပါ။

2.05 MB
(OR)
အပျက်အစီး ကင်းကင်းနဲ့ partition ပိုင်းနိုင်ကြပါစေ။
ဖြိုးမြင့်သိန်း

Last edited by phyomyintthein; 31-12-2009 at 02:58 PM.. Reason: link ဖြည့်ရန်
phyomyintthein is offline   Reply With Quote
အောက်ပါအသင်းဝင် 38 ဦးတို့မှ phyomyintthein အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 07-05-2009, 06:45 PM
hollandar
မွေးကင်းစကလေး
 
hollandar's Avatar
 
အသင်းဝင်နေ့စွဲ: May 2009
ရေးသားချက်များ: 3
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 8
ပို့စ် 0 ခုအတွက် 0 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
hollandar is on a distinguished road
Icon10 ပြန်စာ - Hardware အား စတင်လေ့လာခြင်း

ကျေးဇူးအရမ်းတင်ပါ တယ် ဗျာ
ကျွန်တော်တို့လို ဘာမှမသိသေးသူတွေ အတွက် သိပ်အဆင်ပြေတယ်အကိုရာ
နောက်လည်း ကောင်းတာလေးတွေ ရှိရင်ပြောပေးပါအုန်း
hollandar is offline   Reply With Quote
Old 10-05-2009, 05:10 AM
KKK
မွေးကင်းစကလေး
 
အသင်းဝင်နေ့စွဲ: Sep 2008
ရေးသားချက်များ: 2
ကျေးဇူးတင်စကား: 0
ပို့စ် 0 ခုအတွက် 0 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
KKK is on a distinguished road
ပြန်စာ - Hardware အား စတင်လေ့လာခြင်း

ကိုဖြိုးမြင့်သိန်း.. ကွန်ပြူတာကို ဘယ်လို ထိန်းသိမ်းမလဲ(၁) ဆိုတဲ့နေရာမှာ အစ်ကိုက Tuneup, registry mechanic, System Mechanic တွေနဲ့ စက်ကို စဖွင့်ဖွင့်ချင်းမှာ သန့်ရှင်းရေးလုပ်တယ်။ စက်ကို စဖွင့်တဲ့အချိန်သန့်ရှင်းရေးလုပ်တာနဲ့ စက်ကိုပိတ်ခါနီး သန့်ရှင်းရေးလုပ်ပြီးမှပိတ်တာ ဘယ်လိုကွာလဲအစ်ကို။ အတူတူပဲလား။ အချိန်ရရင်ဖြေပေးပါအုံး။
နောက်တစ်ခုက ညီ့စက်က သုံးနေရင်းနဲ့ Graphic (ရုပ်ပုံတွေ) က ဘယ်လိုဖြစ်သွားလဲမသိဘူး။ ဟိုနေရာပျောက်
ဒီနေရာပျောက် နဲ့။ ညီကတော့ အဲ့ဒါကို Task manager ထဲက explorer.exe ကို end now ပေးပြီးရှင်းလိုက်တယ်။ ပြီးတော့မှ New task(run..) နဲ့ explorer.exe ကိုပြန် run လိုက်တယ်။ လောလောဆယ်တော့အဆင်ပြေသွားတယ်။ ဒါပေမယ့် တစ်ရက်ကို ၂ ခါ ၃ ခါ လောက်ဖြစ်နေတော့ ဘာ error များလဲလို့။ ဖြေရှင်းနည်းလေး ပြောပေးပါအုံး။

Last edited by KKK; 10-05-2009 at 05:30 AM..
KKK is offline   Reply With Quote
Old 21-05-2009, 12:06 AM
Moe Nyi
ကလေးပေါက်စ
 
အသင်းဝင်နေ့စွဲ: Sep 2008
ရေးသားချက်များ: 28
ကျေးဇူးတင်စကား: 30
ပို့စ် 6 ခုအတွက် 12 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
Moe Nyi is on a distinguished road
Quote:
Originally Posted by phyomyintthein View Post
ဒီတစ်ခါ စာအုပ်ပါ။ ဒီစာအုပ်ဟာ ကျွန်တော် အကြိုက်ဆုံး စာအုပ်လည်းဖြစ်ပါတယ်။

စာရေးသူ ဆရာဦးဇော်လင်း (Youth Computer)
စာအုပ်အမည် ကွန်ပျူတာအကြောင်း အသေးစိတ်သိစရာ (Computer in Details)
အကိုရေစာအုပ်ကို download ချလိုမရဘူးဖြစ်နေတယ်။ file expired တဲ့ ။စာအုပ်လေးတွေလိုချင်လို့ပါ။ကျွန်တော်ကခုမှကွန်ပြူတာကိုစလေ့လာမလို့ပါ။ကူညီပေးပါအုံး။ အကို gtalk လိပ်စာလေးလဲသိချင်ပါတယ်ဗျာ။မရှင်းတာလေးတွေမေးချင်လို့။ကျေးဇူးတင်ပါတယ်။

Quote:
Originally Posted by phyomyintthein View Post
ကွန်ပြူတာကို ဘယ်လို ထိန်းသိမ်းမလဲ ဆိုတာ ကျွန်တော် ခဏခဏ အမေးခံရတဲ့ မေးခွန်းပါ။ ကျွန်တော်က TuneUp 2008 သုံးပါတယ်။

ဒီတစ်ခါ System Mechanic 7 ကို run ပါတယ်။

ဒီတစ်ခါပြင်ဖို့ Diskeeper 2008 ကို သုံးပြပါမယ်။ Diskeeper 2008 ပွင့်လာပြီဆိုရင် ကိုယ်လုပ်ချင်သော partition ကို select လုပ်ပြီး defragment button ကို click လုပ်ပါ။
ကိုဖြိုးမြင့်သိန်းသုံးတဲ့ system Mechanic 7 နဲ့ diskeeper 2009 ရယ် TuneUp 2008 တွေကိုဘယ်ကနေ download ချလို့ရသလဲဆိုတာသိချင်ပါတယ်ခင်ဗျာ။ကျွန်တော် computer ကတအားလေးနေလို့ပါ။အဲဒါစမ်းကြည့်ချင်လို့ပါခင်ဗျာ။ကျေးဇူးတင်ပါတယ်။

Last edited by tu tu; 21-05-2009 at 09:16 AM.. Reason: merge posts
Moe Nyi is offline   Reply With Quote
Old 21-05-2009, 01:22 AM
ဒဿဂီရိ
အထူးအသင်းဝင်
 
ဒဿဂီရိ's Avatar
 
အသင်းဝင်နေ့စွဲ: Feb 2008
တည်နေရာ: ယု ရင်ခွင်
ရေးသားချက်များ: 998
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 3,236
ပို့စ် 747 ခုအတွက် 3,228 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
ပုံများ: 1
ဒဿဂီရိ is on a distinguished road
ပြန်စာ - Hardware အား စတင်လေ့လာခြင်း

ကိုမိုးညီလိုချင်တဲ့ ဆရာ ဦးဇော်လင်းရဲ့  ကွန်ပျူတာအကြောင်း အသေးစိတ်သိစရာ စာအုပ်ကို အောက်မှာ ဒေါင်းလိုက်ပါ

ဆရာဦးဇော်လင်း (Youth Computer)
ကွန်ပျူတာအကြောင်း အသေးစိတ်သိစရာ (Computer in Details)



တစ်တောင်ပေါ် တစ်တောင်ဆင့်
တောင်အမြင့် ပတ်ခြံရံ
တစ်တောင်ဆုံးပြန်တော့
တစ်လုံးကျန်ပြန်ပေသမို့
ဖန်ဖန်လေ အားအင်နှိုးလို့ရယ်
ကြိုးလျှောက်ရပြန်။

ဒဿဂီရိ is offline   Reply With Quote
အောက်ပါအသင်းဝင် 5 ဦးတို့မှ ဒဿဂီရိ အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 21-05-2009, 06:27 AM
tu tu
ကြီးကြပ်ရေးမှူး
 
tu tu's Avatar
 
အသင်းဝင်နေ့စွဲ: Oct 2007
ရေးသားချက်များ: 4,384
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 15,529
ပို့စ် 3,056 ခုအတွက် 13,948 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
ပုံများ: 171
tu tu is on a distinguished road
Icon12 ပြန်စာ - ကွန်ပြူတာကို ဘယ်လို ထိန်းသိမ်းမ

Quote:
Originally Posted by Moe Nyi View Post
system Mechanic 7 နဲ့ diskeeper 2009 ရယ် TuneUp 2008 တွေကိုဘယ်ကနေ download ချလို့ရသလဲဆိုတာသိချင်ပါတယ်ခင်ဗျာ။

http://www.myanmarfamily.org/forum/s...25&postcount=8

http://www.myanmarfamily.org/forum/s...08&postcount=2

http://www.myanmarfamily.org/forum/s...ghlight=TuneUp


တစ်ခုခု လိုချင်ရင် အပေါ် menu bar က ရှာကြမယ် ဆိုတာလေး အရင်သုံးကြည့်ပါ။

ဝ,လုံး ရေးဖို့ကျောက်တံသွေးနေသူ
tutu@myanmarfamily.org

Last edited by tu tu; 21-05-2009 at 09:18 AM..
tu tu is offline   Reply With Quote
အောက်ပါအသင်းဝင် 7 ဦးတို့မှ tu tu အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 21-05-2009, 09:03 AM
ကိုဘွဲ
ဆယ်ကျော်သက်
 
အသင်းဝင်နေ့စွဲ: May 2009
ရေးသားချက်များ: 71
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 17
ပို့စ် 31 ခုအတွက် 128 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
ကိုဘွဲ is on a distinguished road
ပြန်စာ - Hardware အား စတင်လေ့လာခြင်း

ကျွန်တော့် ကွန်ပျူတာမှာ built in sound card ကပျက်သွားလို့sound card ၀ယ်တပ်လိုက်တယ် PCI slot မှာတပ်တယ်။
သူ့ရဲ့sound card driver ကို တင်ပြီးတော့ windows restart ချတော့ windows က အကြာကြီးနေမှ log on ထဲရောက်လာတယ်။
sound driver ကို ပြန်ဖြုတ်တော့ windows က ပုံမှန်အတိုင်းပြန်ဖြစ်သွားတယ်။
ကျေးဇူးပြု၍ ဘာကြောင့်လဲဆိုတာ ရှင်းပြပေးပါ။ သီချင်းနားထောင်လို၍ အခက်အခဲကို ဖြေရှင်းပေးပါအုံး။

ကျေးဇူး
ကိုဘွဲ is offline   Reply With Quote
Old 21-05-2009, 10:32 AM
kyawkyar
ဆယ်ကျော်သက်
 
kyawkyar's Avatar
 
အသင်းဝင်နေ့စွဲ: Aug 2008
ရေးသားချက်များ: 64
ကျေးဇူးတင်စကား: 12
ပို့စ် 28 ခုအတွက် 141 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
kyawkyar is on a distinguished road
ပြန်စာ - Hardware အား စတင်လေ့လာခြင်း

အရမ်း ကောင်းတယ်ဗျာ
နောက်လည်း တင်ပေးပါအုံး
နောက်ထပ် ဖတ်ဖို့လေ့လာဖို့ တွေအများကြီး လိုသေးတယ်ဆို တာ သိလာပြီ
အကိုတို့ တွေကျေးဇူးတွေက တော်တော်များနေပြီ
cmos ပိုင်းလေး လည်း ပိုသိချင်ပါတယ်
တချီူ့စာအုပ်တွေဖတ်တာ သိပ်နားမလည်လို့ပါ
kyawkyar is offline   Reply With Quote
Old 21-05-2009, 04:38 PM
stability09
ကိုယ်ပိုင်အစွမ်းရှိပြီးသူ
 
stability09's Avatar
 
အသင်းဝင်နေ့စွဲ: Feb 2008
တည်နေရာ: Moscow
ရေးသားချက်များ: 234
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 264
ပို့စ် 205 ခုအတွက် 715 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
stability09 is on a distinguished road
ပြန်စာ - Hardware အား စတင်လေ့လာခြင်း

ဦးဇော်လင်းရေးတဲ့စာအုပ်ပါပဲ.ကျွန်တော့်ဆီမှာလင့်လေးတွေအလုပ်လုပ်တုန်း ထပ်တင်ပေးလိုက်ပါတယ်..
A+ စာအုပ်အတွက်ဒေါင်းလုပ်လင့်

http://ifile.it/d6p5z0b

နောက် Beyond A+ စာအုပ် အတွက်ဒေါင်းလုပ်လင့်

http://ifile.it/qcfyx6i

Last edited by stability09; 15-08-2009 at 01:42 PM..
stability09 is offline   Reply With Quote
အောက်ပါအသင်းဝင် 2 ဦးတို့မှ stability09 အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 10-06-2009, 06:21 PM
Trio
လမ်းလျှောက်တတ်စ
 
အသင်းဝင်နေ့စွဲ: May 2007
ရေးသားချက်များ: 11
ကျေးဇူးတင်စကား: 6
ပို့စ် 8 ခုအတွက် 16 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
Trio is on a distinguished road
ပြန်စာ - Hardware အား စတင်လေ့လာခြင်း

Quote:
Originally Posted by stability09 View Post
ဦးဇော်လင်းရေးတဲ့စာအုပ်ပါပဲ.ကျွန်တော့်ဆီမှာလင့်လေးတွေအလုပ်လုပ်တုန်း ထပ်တင်ပေးလိုက်ပါတယ်..
A+ စာအုပ်အတွက်ဒေါင်းလုပ်လင့်

http://ifile.it/lkjr65b

နောက် beyond a+ စာအုပ် အတွက်ဒေါင်းလုပ်လင့်

http://ifile.it/jek6aqv
အဟင့်.....ဒေါင်လို့အရဘူး...
လုပ်ပါဦး ဘရာသား
ဘီလိုလုပ်ရပ.... တူညီပါဦးနော်.

Trio is offline   Reply With Quote
Old 10-06-2009, 08:44 PM
ဒဿဂီရိ
အထူးအသင်းဝင်
 
ဒဿဂီရိ's Avatar
 
အသင်းဝင်နေ့စွဲ: Feb 2008
တည်နေရာ: ယု ရင်ခွင်
ရေးသားချက်များ: 998
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 3,236
ပို့စ် 747 ခုအတွက် 3,228 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
ပုံများ: 1
ဒဿဂီရိ is on a distinguished road
ပြန်စာ - Hardware အား စတင်လေ့လာခြင်း

ပြန်စမ်းကြည့်ပါဦး ကျွန်တော် စမ်းကြည့်တာ လင့်တွေက အလုပ်လုပ်ပါသေးတယ်
ifile ကနေ မဒေါင်းတတ်ရင် အောက်က လင့်မှာ သွားဖတ်ကြည့်လိုက်ပါ

http://www.myanmarfamily.org/forum/s...ead.php?t=2220

တစ်တောင်ပေါ် တစ်တောင်ဆင့်
တောင်အမြင့် ပတ်ခြံရံ
တစ်တောင်ဆုံးပြန်တော့
တစ်လုံးကျန်ပြန်ပေသမို့
ဖန်ဖန်လေ အားအင်နှိုးလို့ရယ်
ကြိုးလျှောက်ရပြန်။


Last edited by ဒဿဂီရိ; 10-06-2009 at 08:46 PM..
ဒဿဂီရိ is offline   Reply With Quote
အောက်ပါအသင်းဝင် 2 ဦးတို့မှ ဒဿဂီရိ အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Reply

Tags
hardware ebooks, hardware guide, hardware howto, hardware knowledge, hardware learning cd

တန်ဆာပလာများ
ဖော်ပြမှုပုံစံ

Posting Rules
You may not post new threads
You may not post replies
You may not post attachments
You may not edit your posts

BB code is On
Smilies are On
[IMG] code is On
HTML code is Off

ဖိုရမ်တွေ ကျော်ရောက်ချင်ရင် !

အခြားဆင်တူဆွေးနွေးချက်များ
ဆွေးနွေးချက် စတင်ရေးသားသူ ကွပ်ပျစ်ဝိုင်း ပြန်စာများ နောက်ဆုံးပို့စ်
ကိုယ်ပိုင် website ဖန်တီးခြင်း။ intranet မှသည် internet ဆီသို့ yeakharr ဆွေးနွေးချက်များ 220 21-08-2012 12:31 AM


ဖိုရမ်၏ ပင်မအချိန်သည် ဂရင်းနစ်စံတော်ချိန် +6.5 ဖြစ်သည်။ဒေသစံတော်ချိန် 04:04 PM
Inactive Reminders By Icora Web Design