Go Back   မြန်မာမိသားစုဖိုရမ် » ..:: ကွန်ပျူတာနယ်ပယ် ::.. » Hardware များဆိုင်ရာ
မြန်မာလက်ကွက်

Hardware များဆိုင်ရာ Hardware များအကြောင်း နှင့်အသုံးဝင်ပုံ၊အသုံးချပုံများ ဆွေးနွေးထားတဲ့နေရာဖြစ်သလို ရင်ဆိုင်ရသည့်အခက်အခဲများကို ၀ိုင်းဝန်းဖြေရှင်းဆွေးနွေးထားသည့်နေရာဖြစ်ပါသည်..

Reply
 
Bookmark and Share တန်ဆာပလာများ ဖော်ပြမှုပုံစံ
Old 04-09-2009, 10:55 AM
  post #1
ဒေါက်တာဂေါက်
လမ်းလျှောက်တတ်စ
 
အသင်းဝင်နေ့စွဲ: Jul 2009
ရေးသားချက်များ: 9
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 0
ပို့စ် 7 ခုအတွက် 37 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
ဒေါက်တာဂေါက် is on a distinguished road
Notebook , Laptop , Netbook and Desktop ရဲ့ ကွာခြားချက်များ။

Lap top Vs Notebook
Laptop နဲ့ Notebook ဘာ တွေ ကွာ တယ် ဆို တာ ရှင်း ပြ ပေး ကြ ပါ အုန်း

Last edited by ဒေါက်တာဂေါက်; 04-09-2009 at 10:56 AM..
ဒေါက်တာဂေါက် is offline   Reply With Quote
အောက်ပါအသင်းဝင် 2 ဦးတို့မှ ဒေါက်တာဂေါက် အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 04-09-2009, 11:59 AM
  post #2
ကိုဖြိုးငြိမ်း
ကြီးကြပ်သူ
 
ကိုဖြိုးငြိမ်း's Avatar
 
အသင်းဝင်နေ့စွဲ: Jul 2008
တည်နေရာ: မကွေး
ရေးသားချက်များ: 1,023
ကျေးဇူးတင်စကား: 2,171
ပို့စ် 503 ခုအတွက် 2,848 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
ပုံများ: 2
ကိုဖြိုးငြိမ်း is on a distinguished road
ပြန်စာ - Laptop နဲ့ Notebook ဘာ တွေ ကွာ တယ် ဆို တာ ရှင်း ပြ

Notebook နှင့် Laptop အတူတူပဲလား လို့မေးလာရင် မတူဘူးလို့ ဖြေရပါလိမ့်မယ် ဘာလို့လဲဆိုတော့ သူတို့ နှစ်ခု ကြားမှာ ကွဲပြားခြားနားချက် များစွာ ရှိလို့ပါ အကြမ်းဖျင်းအားဖြင့် Laptop ဆိုတာ Desktop ( စက်ကြီး) ကဲ့သို့ အလုပ် လုပ်နိုင်ပြီး Notebook ကတော့ အပေါ့စားကျောင်း လေ့ကျင့်ခန်းပြုလုပ် စာကြည့်ဖို့ပဲ သင့်တော် ပါတယ် laptop ရဲ့ Processor, HD အစရှိတဲ့ component များရဲ့လုပ်ဆောင်နိုင်မှု့စွမ်းရည်များဟာ Notebook ထက် သာလွန် ကောင်းမွန် ပါတယ် တကယ်တမ်း အခြေခံ ကျကျ Notebook နှင့် Laptop အကြား ကွဲပြားခြား နားချက် များကတော့ အောက်ပါအတိုင်းဖြစ်ပါတယ် ...........

The Laptop Computer

The standard laptop computer would have some ,if not all, of the following features:

1. 14" - 17" (widescreen) TFT screen.
2. Nvidia GeForce or ATI Radeon graphics subsystem.
3. Internal DVD-ROM or DVD-RW drive
4. Large full featured keyboard.
5. 3 hour+ battery life.
6. Upgradeable.
7. Integrated modem, network, Bluetooth and Wi-Fi capabilities.
8. High quality integrate audio and speaker system.
9. Low power consumption, high performance Intel Centrino style processor.


The Notebook Computer

A standard notebook has the following features:

1. Ultralight. Less weight is better.
2. 4 - 5 hour battery life.
3. No internal floppy drive.
4. Minimal graphics subsystem.
5. No internal DVD or CD system.
6. 12" - 14" TFT screen.
7. Low profile (thin).
8. Integrated modem and network connection.
9. Smallest possible keyboard that retains functionality.
10. Low power consumption Celeron/Centrino or Sempron style processor

"Don't cry because it's over, smile because it happened."
ကိုဖြိုးငြိမ်း is offline   Reply With Quote
အောက်ပါအသင်းဝင် 47 ဦးတို့မှ ကိုဖြိုးငြိမ်း အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
ကိုရင်ပြည့်စုံ, ဆန်းမောင်, ပုဂံသူ, ပွင့်ဖူးမွန်, ဖိုးရှမ်း, ဖယောင်း, မင်းညိုစော, မင်းသီဟထွန်း, မုန်းလေး, မျိုးမင်းငယ်အောင်, ရှိုင်းသော်တာမင်း, သက်နိုင်, သံပုရာချို1987, ကောင်ပေါက်စ, ကျော်ထက်ချိန်, ကျော်ဝင်း, နေလင်း09, မောင်ရိုး, အောင်စည်သူ, အေးမင်းမောင်, ကြက်ရိုး, ဖြိုးယံလေး, နိုင်သူရ, alicia5556, arkaraung, aungzawlin, azp09, blackNwhite, bonge, Cheebomb, chitnyimalay, green leaf, hazyworld, kozaw.dagon, kyawthu165, LaMike, maJunior, mdythulay, naychiyoon, phyomyintthein, PyaitSone, smlat88, thamadi, thurein, waterpeople, whiteman, zo
Old 18-10-2009, 09:03 AM
  post #3
ကြက်ရိုး
လမ်းလျှောက်တတ်စ
 
အသင်းဝင်နေ့စွဲ: Oct 2009
ရေးသားချက်များ: 13
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 117
ပို့စ် 5 ခုအတွက် 6 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
ကြက်ရိုး is on a distinguished road
ပြန်စာ - Laptop နဲ့ Notebook ဘာ တွေ ကွာ တယ် ဆို တာ ရှင်း ပြ

ကိုဖြိုးငြိမ်းပြောမှပဲ Laptop နဲ့ Notebook ဘယ်လိုကွာလဲဆိုတာသိတော့တယ်။
ဂျာနယ်တွေမှာပါကတည်းကသိချင်နေတာ
ဘယ်သူကိုမေးရမယ်မှန်းလည်းသိဖူးဗျ။
ခုမှပဲရှင်းရှင်းလင်းလင်းသိသွားတော့တယ်ဗျား။
ကြက်ရိုး is offline   Reply With Quote
အောက်ပါအသင်းဝင် 2 ဦးတို့မှ ကြက်ရိုး အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 13-01-2010, 09:57 PM
  post #4
rayon
ကလေးပေါက်စ
 
အသင်းဝင်နေ့စွဲ: Nov 2009
ရေးသားချက်များ: 31
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 5
ပို့စ် 12 ခုအတွက် 15 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
rayon is on a distinguished road
ပြန်စာ - Laptop နဲ့ Notebook ဘာ တွေ ကွာ တယ် ဆို တာ ရှင်း ပြ

Laptop နဲ့ Notebook ဘယ်လိုကွာခြားလဲဆိုတာကိုတော့သိပါပီ
ဒါပေမယ့် Netbook အကြောင်းတော့မသိသေးပါဘူးရှင်းပြပေးပါဦး
rayon is offline   Reply With Quote
အောက်ပါအသင်းဝင်မှ rayon အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 14-01-2010, 04:22 AM
  post #5
မင်းသီဟထွန်း
ကြီးကောင်ဝင်စ
 
အသင်းဝင်နေ့စွဲ: Nov 2008
ရေးသားချက်များ: 137
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 92
ပို့စ် 113 ခုအတွက် 853 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
မင်းသီဟထွန်း is on a distinguished road
ပြန်စာ - Laptop နဲ့ Notebook ဘာ တွေ ကွာ တယ် ဆို တာ ရှင်း ပြ

Quote:
Originally Posted by rayon View Post
Laptop နဲ့ Notebook ဘယ်လိုကွာခြားလဲဆိုတာကိုတော့သိပါပီ
ဒါပေမယ့် Netbook အကြောင်းတော့မသိသေးပါဘူးရှင်းပြပေးပါဦး

Netbook အကြောင်းကို ဒီလို အကြမ်းဖျဉ်း မှတ်သားလို့ရပါတယ်....
Netbook ကို တခါတရံ mini notebooks သို့မဟုတ် ultraportables လို့ ခေါ်ကြပြီးတော့ CNET Networks, Inc က ၂၀၀၉ ခုနှစ် သြဂုတ်လမှာ Netbook လို့ စတင် အမည်ပေး ခဲ့ပါတယ်..... အင်တာနက် အသုံးပြုရုံ နဲ့ စာစီစာရိုက် ကဲ့သို့သော ရုံးသုံးလုပ်ငန်း အတွက်သာ ဒီဇိုင်း ပြုလုပ်ထားပါတယ်... အလေးချိန် 2-3 pounds (0.9 1.4 kilograms) အတွင်းရှိကြပါတယ်... Screen အရွယ်အစားက 6-10 inches (15-25 cm) အတွင်းရှိပါတယ်... Notebook လိုပဲ CD-DVD Drive မပါပါဘူး... ဈေးနှုန်း အနေနဲ့ သက်သာအောင် ပြုလုပ်ထားတာ ဖြစ်ပါတယ်.... Notebook ထက် အရွယ်အစား နဲ့ ဈေးနှုန်း ပိုပြီး သက်သာ တာက လွဲရင် ကျန်တာ မပိုပါဘူး....

ခင်မင်လေးစားလျှက်....

[URL="http://goldenmyanmar.org"][SIZE="4"]www.goldenmyanmar.org[/SIZE][/URL]မှ ကြိုဆိုပါ၏...:1::1::1:
မင်းသီဟထွန်း is offline   Reply With Quote
အောက်ပါအသင်းဝင် 13 ဦးတို့မှ မင်းသီဟထွန်း အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 07-09-2010, 10:51 AM
  post #6
NaNge
ဆယ်ကျော်သက်
 
အသင်းဝင်နေ့စွဲ: Mar 2009
ရေးသားချက်များ: 58
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 101
ပို့စ် 14 ခုအတွက် 19 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
NaNge is on a distinguished road
Note book , Net book and laptop ဘယ်လိုခွဲခြား?

Note book , Net book နဲ့ laptop တွေကို အတွင်းပိုင်းက ဘယ်အရာကို ကြည့်ပြီး အစိကခွဲခြားပါသလဲခင်ဗျာ
ကျေးဇူးပြု၍ ဖြေကြားပေးပါ
NaNge is offline   Reply With Quote
အောက်ပါအသင်းဝင်မှ NaNge အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 07-09-2010, 12:32 PM
  post #7
blackNwhite
အထူးအသင်းဝင်
 
blackNwhite's Avatar
 
အသင်းဝင်နေ့စွဲ: Nov 2008
တည်နေရာ: ?????????
ရေးသားချက်များ: 379
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 3,415
ပို့စ် 330 ခုအတွက် 2,018 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
blackNwhite is on a distinguished road
ပြန်စာ - Note book , Net book and laptop ဘယ်လိုခွဲခြား?

ဒီလင့်တွေမှာ သွားဖတ်ကြည့်လိုက်ပါခင်ဗျာ။ Note book , Net book and laptop တွေ တစ်ခုနဲ့တစ်ခု ကွဲပြားချက်တွေကိုပြောပြပေးထားပါတယ်။ အဆင်ပြေပါစေခင်ဗျာ။
http://answers.yahoo.com/question/in...2182919AA7zeAl
http://answers.yahoo.com/question/in...8011408AAsqXFt
http://www.differencebetween.net/tec...book-computer/
http://www.wisegeek.com/what-is-the-...d-notebook.htm

Last edited by blackNwhite; 07-09-2010 at 12:43 PM.. Reason: လင့်ဖြည့်
blackNwhite is offline   Reply With Quote
အောက်ပါအသင်းဝင် 5 ဦးတို့မှ blackNwhite အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 07-09-2010, 07:10 PM
  post #8
kyaukphyu
အထူးအသင်းဝင်
 
kyaukphyu's Avatar
 
အသင်းဝင်နေ့စွဲ: Nov 2008
ရေးသားချက်များ: 472
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 1,327
ပို့စ် 451 ခုအတွက် 3,289 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
kyaukphyu is on a distinguished road
ပြန်စာ - Note book , Net book and laptop ဘယ်လိုခွဲခြား?

ကျနော်တို့ဖိုရမ်မှာ Laptop နဲ့ Notebook ဘာ တွေ ကွာ တယ် ဆို တာ ရှင်း ပြ ပေး ကြ ပါ၊၊ ဆိုတဲ့ နေရာလေးမှာ ကိုဖြိုးငြိမ်း ရှင်းပြထားဒါတော့ ရှိပါတယ်.. ယခု မေးခွန်းက Note book , Net book and laptop ဆိုတဲ့ အမျိုးအ စား (သုံး) မျိုးဖြစ်လာရယ်လို့ ကျနော်တို့ သုံးမျိုးစလုံးကိုယ် အသေးစိတ်မဟုတ်ရင်တောင် အနည်းအကျဉ်း သိဖိုး လိုလာပါပြီ..

Laptop, Notebook, Netbook ဘာတွေလဲ၊ ဘယ်လို ခွဲခြားပြီးတော့ ခေါ်တာလဲ

* Laptop:

လက်ပတော့ ဆိုတာက Notebook နဲ့ တူတယ်လို့ ပြောကြပေမယ့် အမှန်ကတော့ တော်တော်ကြီးကို ကွဲပြားပါတယ်။ ထုထည်အရွယ်အစားက အစပေါ့ဗျာ။Portable Computer လို့ ကျနော်တို့ ပြောကြတဲ့ (Laptop, Notebook, Netbook, Tablet PC) အစရှိသည်တို့မှာ... Laptop က ထုထည်ကြီးမားမှု ရှိပြီး .. Performace အရည်အသွေးအားဖြင့် အမြင့်ဆုံးလို့ ဆိုရမယ် ဖြစ်ပါတယ်။ ဒီခေတ်ထဲမှာတော့ (Laptop နဲ့ Notebook) ကွန်ပျူတာတွေကို အတူတူနီးပါးလောက် ခေါ်ဆို သမုတ်လာခဲ့ကြပါတယ်။ Laptop ထက် Notebook တွေ ပိုမိုခေတ်စားလာတယ် လို့လဲ ပြောလို့ရပါတယ်။ Laptop တွေ တဖြေးဖြေး တိန်ကောလာခဲ့တာတော့ အမှန်ပါပဲ .......

လက်ပတော့ရဲ့ အရည်အချင်းအချို့ကို ဖော်ပြရလိုလျှင်--

* (၁) ထုထည်ကြီးမားခြင်း (လေးလံခြင်း)
* (၂) Performance ပိုမိုကောင်းမွန်ခြင်း
* (၃) Upgrade လုပ်နိုင်ခြင်း (လုပ်ရန် နေရာရှိခြင်း) Upgradeable Space.
* (၄) Performance ကောင်းတဲ့အတွက် (ဘက်ထရီ ပိုစားခြင်း)
* (၅) External Device အသုံးပြုစရာ မလိုလောက်အောင် ပြည့်စုံခြင်း
* (၆) ဈေးနှုန်း မြင့်မားခြင်း .. အစရှိသည်တို့ ဖြစ်ပါတယ်။
* (ဥပမာ- PS2 Ports, Serial Ports, VGA Ports .. အပေါက်အစုံပါရှိခြင်း)

Notebook

အခုခေတ် ကျနော်တို့သုံးနေတာတွေက (Notebook)များပဲ ဖြစ်ပါတယ်။ Laptop လို Device တွေပြည့်ပြည့်စုံစုံ မပါရှိပေမယ့် .. လိုအပ်လျှင် .. External Devices များကို အားကိုးရပါတယ်။ ဥပမာဆိုရလိုလျှင်တော့ .. (Docking Station) လို့ခေါ်တဲ့ ကျနော်တို့ လိုအပ်တဲ့အခါမှာ USB, Serial, VGA, PS2 Ports အစရှိတဲ့ အပေါက်တွေ လိုအပ်လာခဲ့လျှင်.. ၀ယ်ယူသုံးရပါတယ်။ Performace အနေနဲ့ Laptop လောက် Heavy မဖြစ်ပေမယ့် ... Personal သုံးအနေနဲ့က အဆင်ပြေမှုရှိပါတယ်။ (CD/DVD) Drive တွေ ပါဝင်ပါတယ်... ။ Floppy Drive ကတော့ ပါမှာမဟုတ်တော့ပါဘူး .. လိုလည်း မလိုတော့ပါဘူး။ Laptop ကို ၀ိတ်လျော့ခြင်းဖြင့် .. Notebook ဘ၀သို့ေ၇ာက်ရှိခြင်း ဖြစ်ပါတယ်။ Notebook ဆိုတဲ့အတိုင်း ပေါ့ပေါ့ပါးပါး .. လိုရာ သယ်ယူသွားနိုင်ရင် .. (မှတ်စုစာအုပ်)လို့ တင်စားထားကြတာပါပဲ။

အရည်အချင်း အချို့ကို အကျဉ်းပြန်ချုပ်ရလိုလျှင် -

* (၁) Laptop ထက် ပေါ့ပါးမှု ရှိခြင်း (Portable)
* (၂) ဒီခေတ်ကြီးထဲမှာ .. ပိုမိုခေတ်စားလာခြင်း။
* (၃) Battery အား ရည်ရှည်ခံနိုင်မှု ရှိခြင်း (ဥပမာ- ၄ နာရီ)
* (၄) Ports များ အစုံမပါရှိပေမယ့် .လိုအပ်လျှင် (Docking Station) များ ၀ယ်ယူ သုံးစွဲနိုင်ခြင်း
* (၅) ဈေးနှုန်းသက်သာလာခြင်း .. အစရှိသည်တို့ပဲ ဖြစ်ပါတယ်။ ... ဒီ့ထက် ပိုမိုကျယ်ပြန့်နိုင်ပါတယ်။

Netbook

--> 1st Generation (Laptop) ---> 2nd Generation (Notebook) ----> 3rd Generation (Netbook) လို့ ပြောလို့ရပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ .. လူတွေရဲ့ လိုအပ်ချက်အရ ... Portable ကွန်ပျူတာ.. သယ်ရပြုရလွယ်သော ကွန်ပျူတာ ဆိုတဲ့အတွက်.. .. လူတွေဟာ တီထွင်ကြံဆလာခဲ့ကြတယ်.. ။ ကွန်ပျူတာတွေကို ပိုမိုပြီး သေးသည်ထက် သေးအောင်ပေါ့ ..။ အခုနောက်ဆုံး .. Netbook အထိေ၇ာက်လာခဲ့တာပဲ ရှုမြင်နိုင်ပါတယ်။ Netbook လို့ တင်စားလိုက်ရတဲ့ အကြောင်းအရင်းက.. (ကွန်ရက်)လို့ ကျနော်တို့ခေါ်တဲ့ .. (Internet) ကို အမှီပြုပြီးတော့ .. ခေါ်ဆိုလာခဲ့ကြပါတယ်။ အဓိက .. (အင်တာနက်) နဲ့ Office Application လောက်လေး ကောင်းကောင်းသုံးနိုင်ပြီး.. လိုရာသို့ လွယ်ကူပေါ့ပါးစွာ သယ်ယူနိုင်ပါတယ်.. ။ Netbook မှာ.. (CD/DVD) Drive ပါဝင်မှုမရှိပါဘူး.. သေးငယ်တယ်... ပေါ့ပါးတယ်.. ဆိုတဲ့အတွက်.. Function အစုံရချင်မှ ရမှာဖြစ်သလို..... Performance အရည်အချင်းအရ .. အခြားသော Laptop, Notebook တွေလောက် ကောင်းမှာ မဟုတ်ပါဘူး။။။ အင်တာနက်တော့ ကောင်းကောင်း သုံးနိုင်ပါတယ် .. Wireless Device တွေအဆင်သင့် ပါရှိပါတယ်။ နီးရာ Hotspot Zone, Wireless Zone တွေမှာ အလွယ်တကူ .. အင်တာနက် .. Surf လုပ်နိုင်ပါတယ်။

အရည်အချင်း အကျဉ်းချုပ် ... ---

* (၁) ပေါ့ပါး သေးငယ်ခြင်း
* (၂) Performance အားဖြင့်. ... (laptop, notebook) တို့လောက်မကောင်းခြင်း
* (၃) Function အစုံမပါရှိသည့်အတွက် Battery သက်တမ်း ကြာရှည်ခြင်း .. (eg: 4 to 5 hours)
* (4) Internet, Office Application လောက်သာ အသုံးပြုနိုင်ခြင်း
* (၅) ဈေးနှုန်းအားဖြင့် .. (Portable Notebok) လောကမှာ အပေါဆုံး ...... အစရှိသည်ဖြင့်

Tablet PC

Tablet PC ဆိုတဲ့အတိုင်း .. စားပွဲတင်ခုံ တစ်ကိုယ်ရေသုံး ကွန်ပျူတာလို့ အမည်ပေးထားပါတယ်။ သူ့ရဲ့ အဓိက အားသာချက်ကတော့ .. (Monitor) Screen ကို ခေါက်ပြီးတော့ .. စာအုပ်တစ်အုပ်အသွင် .. မှတ်စုများကို (Monitor Screen) ပေါ်တွင် .. Electronic Pen ဖြင့်ေ၇းသားနိုင်ပါတယ်။ ဆိုလိုတာက .. Screen တစ်ခုလုံးကို.. တစ်ပတ်လှည်နိုင်လောက်တဲ့ အထိ လှည့်နိုင်ပြီး .. ခေါက်ချလိုက်နိုင်ပါတယ်။ ကျန်တဲ့အပိုင်းကတော့ (notebook တို့ .. Laptop) တို့နဲ့ Functions တွေ နီးပါးလောက် တူညီမှု ရှိပါတယ်။ ဈေးနှုန်းအရကတော့ .. အပေါ်မှာ ပြောထားတဲ့ Notebook ထက် ဈေးပိုမိုကြီးမားပါတယ်။

အဲဒီလောက်ပါပဲ .. ။ ဒါပေမယ့်.. Portable Computer လို့ ပြောတော့မယ်ဆိုရင် (Pocket PC) လို့ ခေါ်ကြတဲ့ PDA တွေ၊ OS ပါရှိတဲ့ .. Mobile phone တွေက အစ ပါရှိလာပါတယ်။ ဒီခေတ်ထဲမှာတော့ .. နည်းပညာတွေ တစ်ဖြေးဖြေးနဲ့ .. သေးသည်ထက် သေးအောင် ဖန်တီးလာကြပါတယ်။


ဒီ ကွာခြားချက်နိုင်းယှဉ်ချက်များကိုယ် မူရင်းရေးသားသူမှာ ကို khunlazer ဖြစ်ပြီး ကူးယူဖော်ပြသည့် လင့်ခ်မှာ အောက်ပါလင့်ခ်ဖြစ်ပါသည်၊၊

မိသားစုဝင်များ သေးသေးကွဲကွဲသိသွားဖိုးနှင့် အားလုံးဗဟုသုတ တိုးပွားဖိုးရာ ကူးယူဖော်ပြလိုက်ခြင်း ဖြစ်ပါသည် ၊၊(မိသားစုဝင်များ အားလုံးဘဲနားလည်ပေးကြပါ).. မူရင်းလင့်ခ်မှာလည်း သွားရောက် ဖတ်ရူလို့ရနိုင်ပါတယ်.. အစ်ကို khunlazer ကိုယ်လည်း ဒီနေရာကဘဲ ကျေးဇူးတင်ကြောင်းပြောပရစေဗျာ..

အားလုံးဘဲ နားလည် အဆင်ပြေပါစေ..
kyaukphyu is offline   Reply With Quote
Old 22-06-2011, 05:54 AM
  post #9
သန့်ဇင်ဌေး
အထူးအသင်းဝင်
 
သန့်ဇင်ဌေး's Avatar
 
အသင်းဝင်နေ့စွဲ: Oct 2009
တည်နေရာ: ချစ်သူရင်ခွင်
ရေးသားချက်များ: 538
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 3,650
ပို့စ် 479 ခုအတွက် 4,822 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
ပုံများ: 4
သန့်ဇင်ဌေး will become famous soon enough
Notebook , Laptop , Netbook and Desktop ရဲ့ ကွာခြားချက်များ။

အပိုင်း (၂) Notebook , Laptop , Netbook and Desktop ရဲ့ ကွာခြားချက်များ။

ကျွန်တော်လည်း စာမရေးဖြစ်တာ ကြာသွားတယ်။အပိုင်း ၁ ကို ကျွန်တော် ဒီနေရာမှာ ရေးခဲ့ပီးပါပီ။ အပိုင်း ၂ ရေးဖို့ကို ကျွန်တော် အလုပ်ရူပ်နေတာလည်း နည်းနည်းပါလို့ပါ။ကျွန်တော် ဒီခေါင်းစဉ်ကို ဆက်ရေးဖြစ်ဖို့ အရှိန်တော်တော် ပြန်ယူနေရတယ်။ စာရေးတာ ပျက်နေပီဆိုရင် စာပြန်ရေးဖို့ အရှိန်ယူရတာ သိပ်တော့မကောင်းဘူး။ .. ဒီနေ့ ကျွန်တော် Notebook နဲ့ Netbook ရဲ့ ကွာခြားချက်လေးတွေကို ပြောပြပါမယ်။ သူ့မှာ ကွာခြားချက် ကြီးကြီးမားမားတွေ ရှိတယ်လို ဆိုလို့ ရသလို နောက်ထပ် သိသင့်သိထိုက်တာလေးတွေကို ကျွန်တော် ပြောပြသွားပါမယ်။ အရင်ဆုံး ကျွန်တော်တို့ စဉ်းစားရမှာက Laptop ကိုပဲ့ ဖြစ်ဖြစ် Netbook ကိုပဲ့ ဖြစ်ဖြစ် ၀ယ်ယူတော့မယ်ဆိုရင် ဘာကြောင့် ၀ယ်ယူမှာ ဘယ်နေရာမှာ သုံးဆွဲမှာလည်းဆိုတာကို အရင်ဆုံးစဉ်းစားရပါလိမ့်မယ်။ ဒီလိုဝယ်တော့မယ်ဆိုရင် ကျွန်တော်တို့ Netbook နဲ့ Laptop ရဲ့ ကွာခြားချက်ကို သိထားမှ ဘယ် အမျိုးအစားကို ၀ယ်ယူရမယ်ဆိုတာကို သိပါလိမ့်မယ်။ ကဲ့ ဒီတော့ Netbook နဲ့ Laptop ရဲ့ ကွာခြားချက်လေးတွေကို စကြည့်ကြရအောင်။


Screen size နှင့် အလေးချိန်..
Screen size က Laptop screen size ထက်ပိုပီး သေးငယ်ပါတယ်။ သူ့ကို ဈေးကွက်မှာ 9 လက်မ ကနေပီးတော့ 14 လက်မ ထိ တွေ့နိင်ပါတယ်။ Laptop Screen size ကိုတော့ ကျွန်တော်တို့ 14 လက်မ ကနေ 17 လက်မ ထိ တွေ့နိင်ပါတယ်။.Screen အရွယ်အစား ငယ်တာ ကြီးတာ အပြင်.နောက်ထပ် ကွာခြားသွားတာကတော့ ခရီးတခုကို သွားတော့မယ်ဆိုရင် အလေးချိန်က Netbook က 0.9 kg ကနေပီးတော့ 1.4 kg ထိပဲ့ရှိပါတယ်။Laptop မှာတော့ 1.4 kg ကနေပီးတော့ 5.4 kg ထိ ရှိပါတယ်။ဒါကတော့ အလေးချိန်နဲ့ Screen size အရွယ်အစားကို နှစ်ခု ယှဉ်ပြောပြတာပါ။


Processor နှင့် ဈေးနုန်း

Netbook မှာ အသုံးပြုတဲ့ Processor တွေကို low-end processor တွေကိုပဲ အသုံးပြုထားပီးတော့ Laptop မှာတော့ Higher-level- processor တွေထိ တွေ့နိင်ပါတယ်။ low-end processor ဆိုတာ အရင်က ထုတ်လုပ်ပီး ခုချိန် ခေတ်နောက်ကျနေပီဆိုတဲ့ Processor မျိုးကို ဆိုလိုတာပါ။ နားလည်လွယ်အောင်ရေးလိုက်တာပါ။ low-end processor ဆိုတာ ဥပမာ ဒီလို Processor မျိုးတွေပါ။
Intel Atom
AMD Athlon
Intel core 2 solo
ဒီလို ပုံစံမျိုးတွေနဲ့ လာပါတယ်။
Netbook မှာ ဒီလို low-end processor တွေကို အသုံးပြုထားတာကြောင့် ဂိမ်းဆော့ဖို့ နဲ့ Entertainment တွေ အတွက်ကတော့ Laptop ကို မမှီနိင်စေတဲ့ အချက်တခု ဖြစ်စေပါတယ်။ Processor နိမ့်တာ နဲ့ အတူ ဈေးနုန်းကလည်း ကွာခြားသွားပါတယ်။ Netbook ကို ၀ယ်မယ်ဆိုရင်တော့ ကျွန်တော်တို့ ဒေါ်လာ 150 ကနေ 400 ၀န်ကျင်လောက် အထိ တွေ့နိင်ပီးတော့ Laptop မှာတော့ ဒေါ်လာ 2000 ကျော်ထိ တွေ့နိင်ပါတယ်။ ဈေးနုန်က Laptop တွေက ပိုမြင့်သလို Netbook မှာ မလုပ်ဆောင်နိင်တဲ့ ဂိမ်းဆော့မလား Movies ကြည့်မလား Netbook ထက် သာတဲ့ စွမ်းဆောင်ရည်တွေကို Laptop မှာ ရရှိနိင်မှာဖြစ်ပါတယ်။


Hardisk နှင့် Performance

HDD ကိုပြောရမှာတော့ ခုနောက်ပိုင်း မှန်းဆထားတဲ့ခေတ်တွေနဲ့ဆိုရင်တော့ Storage များတာ နည်းတာက အဓိကမကျသလို ဖြစ်အောင် Cloud Storage တွေ ပေါ်လာတာကိုတော့ သတိထားမိကြမယ်ထင်တယ်။ နောက်ပိုင်း Cloud storage တွေ ခေတ်တခေတ်ပေါ်လာရင်တော့ ဒီ Storage ရဲ့ ကွာခြားချက်တွေကို သိပ်သတိထားမိကြတော့မယ် မထင်ဘူး။ ခုတော့ သတိထားမိအောင် ပြောကြည့်ကြရအောင်။ Laptop မှာ HDD ကို RPM 5400 HDD တွေနဲ့ အတူတွေ့နိင်ပါတယ်။5400 RPM နဲ့ တည်ဆောက်ထားတဲ့ Laptop တွေက ဘာကို အားနည်းသွားသလဲ့ဆိုတော့ ကျွန်တော်တို့ program တခုခုကို ဖွင့်တာပဲ့ ဖြစ်ဖြစ် အခြား Drive တခုခုကို Access လုပ်တာပဲ့ ဖြစ်ဖြစ် နဲနဲ နှေးမှာ ဖြစ်ပါတယ်။ သိပ်တော့ မသိသာပါဘူး။ ပီးတော့ Laptop မှာ HDD ကို Storage 160 Gb ကနေ 600 Gb ထိ ရှိပါတယ်။ Netbook မှာတော့ အဲ့လို မဟုတ်တော့ဘူး Netbook မှာ SSD (Solid state drive) တွေနဲ့ တွေနိင်တာကိုတော့ တချက် သတိထားကြည့်လို့ ရပါလိမ့်မယ်။ SSD က HDD ထက်ပိုပီး Performance ပိုကောင်းပါတယ်။ ဘယ်လို ကောင်းလည်းဆိုတာကို ဒီအောက်က Video ဖိုင်လေးမှာ တချက်သတိထားကြည့်ပေးပါ။ဒါပေ့မယ် Netbook ရဲ့ Storage Drive ရဲ့ ၀င်ဆန့်မူကတော့ 8 Gb ကနေပီးတော့ 160 Gb ထိပဲ ရှိပါတယ်။ နောက်ထပ်တော့ Upgradation လုပ်လို့တော့ ရပါတယ်။



Operating System နှင့် RAM

OS ကိုတော့ ဒီနေရာမှာ ကွာသွားတာလေး တချက်ရှိတယ်။ ဒါကတော့ Laptop တွေမှာ စပီး ၀ယ်ယူကတည်းက ခုနောက်ပိုင်းမှာ အနည်းဆုံး Window 7 home Premium နဲ့ လာပါတယ်။ ပြောပြချင်တာကတော့ 7 ကို ကောင်းကောင်းသုံးလို့ ရတယ်ပေါ့။ အဲ့ Netbook မှာတော့ XP နဲ့ Linux ကိုပဲ့ ကောင်းကောင်း အသုံးပြုလို့ ရမှာ ဖြစ်ပါတယ်။ ခုနောက်ပိုင်း Netbook တွေမှာတော့ Vista ကိုပါ အသုံးပြုလို့ တော့ ရလာပါတယ်။ ဒီလို Operating system မြင့်သုံးလို့ရတာနဲ့ မရတာကဘာကြောင့် Laptop and Netbook မှာလာပီး ကွာခြားသွားတာလည်းဆိုရင် RAM ကြောင့် လည်းပါတယ်လို့ ဆိုလို့ရပါတယ်။ ဘာလို့လည်းဆိုရင် Netbook တွေက RAM တွေကို 1 Gb တွေပဲ့ ပါဝင်တာများပီး Laptop ကတော့ RAM ကို 2 Gb ကနေ စပါတယ်။ ဒါကြောင့်လည်း OS ပါကွားခြားသွားနိင်တာလို့ ဆိုလို့ရပါတယ်။


Multimedia Display and Disc Drive

Laptop့ကတော့ အပေါ်မှာပြောခဲ့တဲ့ အတိုင်းပဲ့ Video ကြည့်မယ် ဂိမ်းဆော့တာ တွေနဲ့ လူတယောက်တွက် Entertainment တွေကို စိတ်ကြိုက်လုပ်ဆောင်နိင်သလို Editing ပိုင်းတွေကိုပါလုပ်ဆောင်နိင်ပါတယ်။ ဘာလို့လည်းဆိုတော့ Graphics ကို အနည်းဆုံး 256 Mb ကနေ စပီးပါဝင်လာလို့ပါပဲ။ Netbook မှာတော့ Only basic Graphics capabilities ပဲပါဝင်မှာပါ။ နောက်တခုကတော့ Netbook မှာ CD/DVD Drive မပါပါဘူး။


Battery နှင့် ခရီးသွား..

Battery က ကျွန်တော်တို့ နိင်ငံတွက်တော့ ပိုပီးအရေးပါတယ်လို့ ဆိုရပါလိမ့်မယ်။ ဒီနေရာမှာတော့ Netbook battery တွေက ပိုပီး သုံးဆောင်လို့ ရနိင်မယ့် ကြာချိန်ပိုများပါတယ်။ Netbook battery တွေက ၈ နာရီနှင့် အထက်ထိတွေ့နိင်ပီး Laptop တွေမှာတော့ ၃ နာရီကနေ ၆ နာရီကျော်ထိပဲ့တွေနိင်ပါတယ်။ ခရီးသွားရင်း သုံးဆောင်မယ် ဆိုရင် Netbook က Laptop ထက်ပေါ့ပါးပီးအချိန်ကြာရှည်ပိုပီး အသုံးပြုလို့ရမှာဖြစ်ပါတယ်။ Laptop နဲ့ Netbook ရဲ့ ကွာခြားချက်လေးတခုရှိပါသေးတယ် ။ ဒါကတော့ Netbook က Network ကို အသားပေးပီး ထုတ်လုပ်ထားတာပါပဲ့။ ကျွန်တော် Netbook နဲ့ Laptop ရဲ့ ကွာခြားချက်တွေကို အတော်အသင့်ပြောပီးပါပီ.။ကျွန်တော် နောက်ရက်မှာ Desktop နဲ့ Laptop ရဲ့ ကွာခြားချက် အနည်းငယ်ကို ဆက်ပီး တင်ပေးသွားပါမယ်။ မိသားစုအားလုံးပျော်ရွှင်ချမ်းမြေ့ပါစေ...

ကျွန်တော် thread ကို သက်သက် ခွဲလိုက်တာက ကွာခြားချက်တွေကို ရေးထားတာ ဖြစ်တဲ့ အတွက်မို့ ကျွန်တော် နောက်တခု ထပ်ဖွင့်လိုက်တာပါ။ တကယ်လို့ ကြီးကြပ်သူ အကိုအစ်မတို့ အနေနဲ့ ပေါင်းလိုက်လို့ ပိုအဆင်ပြေမယ်ဆိုရင် ပေါင်းပေးပါ။ တကယ်လို့ ဒီတိုင်းထားလို့ ရတယ်ဆိုရင်တော့ ထားစေချင်ပါတယ် ကွာခြားချက်တွေချည်းပဲ့ သတ်သတ်ရေးပေးတာမို့ပါ။ အားလုံးကို ကျေးဇူးတင်ပါတယ်။.....

ပရဟိတ စိတ် အပြည့်နဲ့ လူအများ အကူညီလိုအပ်မူတွေကို ကူညီကြပါစို့လား။

စိမ်းလန်းမြေ ပရဟိတ ဖိုရမ်

Thant Zin Htay

Last edited by သန့်ဇင်ဌေး; 22-06-2011 at 05:56 AM..
သန့်ဇင်ဌေး is offline   Reply With Quote
အောက်ပါအသင်းဝင် 17 ဦးတို့မှ သန့်ဇင်ဌေး အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 22-06-2011, 07:39 AM
minthike
အထူးအသင်းဝင်
 
minthike's Avatar
 
အသင်းဝင်နေ့စွဲ: Nov 2007
တည်နေရာ: singapore
ရေးသားချက်များ: 1,937
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 14,779
ပို့စ် 1,805 ခုအတွက် 9,625 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
ပုံများ: 19
minthike is on a distinguished road
ပြန်စာ - Notebook , Laptop , Netbook and Desktop ရဲ့ ကွာခြားချက်များ။

နောက်ပိုင်း laptop နဲ့ notebook ရဲ့ကွာခြားချက်တွေက ကျဉ်းမြောင်းသွားပြီလို့ ထင်တယ် ကိုသန့်ဇင်ဌေး ရ..
Screen size နှင့် အလေးချိန်..ဥပမာ mac air ဒါမှမဟုတ် samsung 9 series laptop တွေဆို screen size နှင့် အလေးချိန် တွေက netbook range ထဲရောက်နေပြီလေ..

SSD drive အသုံးပြုတဲ့ laptop တွေလဲရှိလာပြီဖြစ်ပြီး SSD drive တွေကတော့ သာမာန် အသုံးပြုသူများအတွက် ဈေးနှုန်းကြီးနေပါသေးတယ်
ပီးတော့ Laptop မှာ HDD Storage ပမာဏကလဲ 600GB ထက်ကျော်တဲ့ laptop တွေလဲရှိနေပါပြီ
http://www.tomsguide.com/us/asus-m70-1tb,news-1040.html

နောက်ပြီး Netbook အများစုမှာ CD/DVD Drive မပါပါဘူး။ ဖြစ်မယ်ထင်တယ် ..

ref; http://www.computerhope.com/issues/ch001159.htm
http://www.intel.com/consumer/products/netbook.htm

Josh Groban - To Where You Are
mt.myanmarfamily@gmail.com

minthike is offline   Reply With Quote
အောက်ပါအသင်းဝင် 14 ဦးတို့မှ minthike အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 22-06-2011, 12:52 PM
သန့်ဇင်ဌေး
အထူးအသင်းဝင်
 
သန့်ဇင်ဌေး's Avatar
 
အသင်းဝင်နေ့စွဲ: Oct 2009
တည်နေရာ: ချစ်သူရင်ခွင်
ရေးသားချက်များ: 538
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 3,650
ပို့စ် 479 ခုအတွက် 4,822 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
ပုံများ: 4
သန့်ဇင်ဌေး will become famous soon enough
ပြန်စာ - Notebook , Laptop , Netbook and Desktop ရဲ့ ကွာခြားချက်များ။

ကိုမင်းထိုက်ပြောပြတဲ့ အတွက်ကျေးဇူးတင်ပါတယ်။ ညီလေး အနေနဲ့က Rule အရ အများစုကို ချုံပြောပြသွားတာပါ။ ပီးတော့ HDD နဲ့ SSD ကို ခုနောက်ပိုင်း Laptop တွေမှာ သုံးလာတာကို သတိထားမိပါတယ်။ HDD ရဲ့ နှစ်ဆ SSD တန်ဖိုးမြင့်ပါတယ်။ ဒီနေရာမှာက Netbook နဲ့ Laptop အရင်က ကွာခြားချက်တွေ အပြင်နောက်ထပ် ဖြည့်ပြောသွားမယ့်  အစီစဉ်လေးကိုပါ ညီ တွေးထားတာမို့ အရင် Rule အတိုင်းပြောပြလိုက်တာပါ။ နောက်တခုက Netbook အများစုမှာ CD/ DVD မပါဘူးဆိုတာဟုတ်ပါတယ်။ ကျွန်တော် တွေ့ဘူး ဖတ်ဖူးတဲ့ အထဲ့မှာတော့ သူက CD /DVD မပါဝင်တာ ကိုပဲ့ တွေ့သလို ကိုယ်တိုင်တွေံဘူး ကြုံဘူးတဲ့ အထဲ့မှာလည်း မပါဝင်တာကြောင့် ကျွန်တော် ထည့်ရေးလိုက်တာပါ။ ဒီ စာတွေကို မရေးခင်က ကျွန်တော် ဒီဖိုရမ် နဲ့ ဒီဖိုရမ်မှာ ကိုယ်တိုင်သွားပီး စာတွေလက်တွေ့ လေ့လာခဲ့တာပါ။ အဲ့တာပီးမှ ကျွန်တော် ဒီပို့စ်ကို စရေးခဲ့တာပါ။ ကျွန်တော်ရေးတဲ့ အထဲ့မှာ လိုအပ်ချက်တွေ များသွားတဲ့ အတွက် မိသားစုအားလုံးကို တောင်းပန်ပါတယ်။ ခုနောက်ပိုင်း Laptop တွေမှာ 1 TB ထိ ပါလာတာကိုလည်း ညီ သတိထားမိပါတယ်။ အနည်းစု အရမ်းကို % နည်းလို မလို့ ညီ ဖြည့်မပြောခဲ့တာပါ။ဒါကိုတော့ ညီ Desktop နဲ့ Laptop ကွာခြားချက်များအကြောင်းနဲ့ ဖြည့်စွက်ချက်တွေကို ရေးကာကျရင် တခါတည်းထည့်ပြောပေးသွားပါ့မယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။

ပရဟိတ စိတ် အပြည့်နဲ့ လူအများ အကူညီလိုအပ်မူတွေကို ကူညီကြပါစို့လား။

စိမ်းလန်းမြေ ပရဟိတ ဖိုရမ်

Thant Zin Htay
သန့်ဇင်ဌေး is offline   Reply With Quote
အောက်ပါအသင်းဝင် 10 ဦးတို့မှ သန့်ဇင်ဌေး အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 31-10-2011, 11:13 AM
သန့်ဇင်ဌေး
အထူးအသင်းဝင်
 
သန့်ဇင်ဌေး's Avatar
 
အသင်းဝင်နေ့စွဲ: Oct 2009
တည်နေရာ: ချစ်သူရင်ခွင်
ရေးသားချက်များ: 538
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 3,650
ပို့စ် 479 ခုအတွက် 4,822 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
ပုံများ: 4
သန့်ဇင်ဌေး will become famous soon enough
Notebook နှင့် Laptop ရဲ့ ကွားခြားချက်..

ကျွန်တော့ကို ဟိုတနေ့က ညီငယ်တစ်ယောက်က စာလာမေးသွားတယ်။ ဘာရယ်မဟုတ်ဘူး အဲ့နေ့က မဖြေဖြစ်လိုက်ဘူး။ ကဲ့ ဒီနေ့တော့ ကျွန်တော် ညီငယ်လေးကို ပြန်ဖြေပေးလိုက်ပါတယ်။ သူသိချင်တဲ့ အကြောင်းအရာလေးကတော့...

Notebook နှင့် Laptop ရဲ့ ကွားခြားချက်.. ကို သိချင်ပါတယ်တဲ့


အမှန်တကယ်ပြောရရင်တော့ ဒီနှစ်ခုကို လူတိုင်းက တူတူပါပဲ့လို ထင်နေကြတယ်။ ကျွန်တော်လည်း အရင်က ဒီတိုင်းပါပဲ့ နောက်ပိုင်း စာလိုက်ဖတ်ဖြစ်တော့မှပဲ့ ကွာခြားချက်တွေကို သိလာခဲ့တာပါ။ဘာတွေ ကွာခြားနေလို့လည်းဆိုတာကို ကျွန်တော်တို့ ကြည့်ကြရအောင်...

Notebooks

ကျွန်တော် Notebook နဲ့ စပြောပါ့မယ်။ Notebook က သွားလာလူပ်ရှားရတဲ့ လုပ်ငန်းတွေနဲ့ ဖျော်ဖြေမူတွေတွက် ထုတ်ကုန်တခုအဖြစ် ဈေးကွက်တွေမှာ ရပ်တည်ပါတယ်။ နောက်တခုကတော့ Notebook မှာ chip မပါဝင်တဲ့ အပြင် ဈေးအရမ်းကြီးပါတယ်။ ဈေးကြီးတဲ့ အမျိုးအနွယ်ဝင်လို့ သမုတ်ခံရတဲ့ အမျိုးအစားတမျိုးပေါ့။ သူရဲ့ လွယ်ကူစွာသယ်ဆောင်သွားနိုင်အောင် ဖန်တီးထားတဲ့ weight နဲ့ ဘယ်နေရာကို သယ်သွားသွား ဘယ်နေရာရောက်ရောက် ဘထရီအားသာ အပြည့်ရှိမယ်ဆိုရင် သူ့မှာ အနည်းဆုံး ၄ နာရီကနေ အထက် အသုံးပြုလို့ရတဲ့ ဘထရီ ပါရှိပါတယ်။ သူဟာ ultra light အမျိုးအစားပါ။ နောက်ထပ် တခုကတော့ notebook မှာ ကျွန်တော်တို့ ရှေ့ကတည်းက သုံးလာခဲ့တဲ့ Floopy drive ကို External drive အနေနဲ့ သုံးခွင့်မရှိပေ့မယ့် စွမ်းရည်ပြည့် CD ဒါမှမဟုတ် DVD ပါရှိမှာ ဖြစ်ပါတယ်။ နောက်ဆုံး အဓိကကွာခြားချက်ကတော့.. Graphic နဲ့ Screen ပါ။ Graphic ကို Laptop လောက် စွမ်းရည်ပြည့်ပါရှိမှာ မဟုတ်လို Minimum ပဲ့ ပါရှိပါမှာ ဖြစ်သလို Screeen ကလည်း 12 လက်မကနေ 14 လက်မထိပဲ့ ရှိပါတယ်။ ကဲ့ နောက်ထပ် Laptop ကို သွားကြပါဦးစို့....


Laptop

အခုတော့ ထွက်ရှိလာသမျှ Portable computer အမျိုးအစားတော်တော်များများကို များသောအားဖြင့်ပေါ့ လူတွေက Laptop လို့ပဲ့ ခေါ်ဆိုနေကြသလို Laptop နဲ့ notebook နဲ့ တူညီတာကတော့ Potable ဖြစ်တာခြင်းပါပဲ့။ ဒါဆို ကွာခြားချက်ကို ဆက်ကြည့်ရအောင်..သူတို့ နှစ်ခုလုံးမှာ မတူညီတဲ့ Feature တွေ ရှိတယ်လို့ Wiki က ဒီလို ဆိုပါတယ်။ Quite large and has lots of power with several features. ပိုပြီး ကွဲပြားသွားအောင် Laptop ရဲ့ Feature တွေ ကိုပြောပါဦးမယ်။ Laptop ဟာ Notebook ထက် အနည်းငယ် ပိုကြီးပြီး အလေးချိန်ကလည်း notebook ထက် ပိုပါတယ်။ နောက်ထပ် အဓိက ကွာခြားချက်ကတော့ Graphic ပိုင်းပေါ့။ သူ့မှာ Nvidia GeForce ဒါမှမဟုတ် ATI Radeon graphics ပါဝင်ပြီးတော့ Internal DVD RW ပါရှိပါတယ်။ Sound နဲ့ ပတ်သတ်ပြီးတော့လည်း Speaker ကို integrated high quality system ကို သုံးထားပါတယ်။ notebook မှာတော့ ကျွန်တော် အနီနဲရေးထားတဲ့ Function တွေကို နိမ့်နေတာတို့ မပါဝင်တာတို့ ဖြစ်နေပါလိမ့်မယ်။ နောက်ဆုံးတခုကတော့ Laptop ရဲ့ Screen ပေါ့။ သူက 14 လက်မကနေ 17 လက်မထိ ပါရှိနေတာပါပဲ့။ဒါပေ့မယ် ဒီ Screen ကြောင့်လားတော့မသိဘူးဗျ Battery ရဲ့ စွမ်းဆောင်နိုင်စွမ်းကတော့ notebook လို ၄ နာရီကျော် ၈ နာရီကျော်ထိ ခံမှာ မဟုတ်ပဲ့ ၂ နာရီကနေ ၄ နာရီဝန်းကျင်ထိသာ ခံပါတယ်။


အရမ်းကြီးကွာခြားတာ မဟုတ်ပေ့မယ် သိချင်တယ်ဆိုလို့ မေးလာသူ ညီလေးတွက်တော့ ပြီးပြည့်စုံတဲ့ အဖြေမျိုးဖြစ်ချင်မှဖြစ်ပါလိမ့်မယ်။ ဒါပေ့မယ် အတက်နိုင်ဆုံး ကွာခြားချက်တွေကို ရေးပေးနိုင်အောင် ကြိုးစားထားပါတယ်။ ဒီထက် ပိုသိချင်တယ်ဆိုရင် အကြံပြုလိုတာကတော့ Computer ရောင်းဝယ်တဲ့ ဆိုဒ်တွေမှာ ကွာခြားချက်တွေကို အကြမ်းဖျင်းသွားကြည့်နိုင်သလို Wiki မှာလည်း တခုချင်းဆီရဲ့ အပြည့်အစုံကို အသေးစိတ်ဖတ်ရူနိုင်ပါတယ်။ ဒီစာလေးရေးဖြစ်တော့ မိသားစုကိုလည်း သတိရတာနဲ့ လာတင်ဖြစ်တာပါ။နောက်ထပ်လည်း Laptop တလုံးဘယ်လို ၀ယ်ယူရမလဲ ဆိုတာရယ် ကင်မရာ အကြောင်း ကို ကျွန်တော် ရေးလက်စတွေ ရှိပါတယ်။ ရေးပြီးပြီဆိုရင်တော့ ပြန်လည် မျှဝေပေးဖို့ ကျွန်တော် ပြင်ဆင်ပါဦးမယ်။ကျွန်တော် အရင် ရေးလက်စနေရာမှာ မတင်ပဲ့ သက်သက် ခွဲတင်လိုက်ပါတယ်။ အရင်က ဒီနေရာမှာ netbook နဲ့ Laptop ရဲ့ ကွာခြားချက်ကို ရေးထားတာ ရှိပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။


ပျော်ရွှင်ချမ်းမြေ့ကြပါစေ..
သန့်ဇင်ဌေး

ပရဟိတ စိတ် အပြည့်နဲ့ လူအများ အကူညီလိုအပ်မူတွေကို ကူညီကြပါစို့လား။

စိမ်းလန်းမြေ ပရဟိတ ဖိုရမ်

Thant Zin Htay

Last edited by သန့်ဇင်ဌေး; 31-10-2011 at 11:14 AM..
သန့်ဇင်ဌေး is offline   Reply With Quote
အောက်ပါအသင်းဝင် 14 ဦးတို့မှ သန့်ဇင်ဌေး အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Reply

Tags
အကြိုက်ဆုံး, netbook, notebook

တန်ဆာပလာများ
ဖော်ပြမှုပုံစံ

Posting Rules
You may not post new threads
You may not post replies
You may not post attachments
You may not edit your posts

BB code is On
Smilies are On
[IMG] code is On
HTML code is Off

ဖိုရမ်တွေ ကျော်ရောက်ချင်ရင် !

အခြားဆင်တူဆွေးနွေးချက်များ
ဆွေးနွေးချက် စတင်ရေးသားသူ ကွပ်ပျစ်ဝိုင်း ပြန်စာများ နောက်ဆုံးပို့စ်
Laptop အကြောင်း သိကောင်းစရာ သန့်ဇင်ဌေး Hardware များဆိုင်ရာ 1 06-06-2011 01:50 PM


ဖိုရမ်၏ ပင်မအချိန်သည် ဂရင်းနစ်စံတော်ချိန် +6.5 ဖြစ်သည်။ဒေသစံတော်ချိန် 03:53 PM
Inactive Reminders By Icora Web Design