Go Back   မြန်မာမိသားစုဖိုရမ် » ..:: ကွန်ပျူတာနယ်ပယ် ::.. » Hardware များဆိုင်ရာ
မြန်မာလက်ကွက်

Hardware များဆိုင်ရာ Hardware များအကြောင်း နှင့်အသုံးဝင်ပုံ၊အသုံးချပုံများ ဆွေးနွေးထားတဲ့နေရာဖြစ်သလို ရင်ဆိုင်ရသည့်အခက်အခဲများကို ၀ိုင်းဝန်းဖြေရှင်းဆွေးနွေးထားသည့်နေရာဖြစ်ပါသည်..

Reply
 
Bookmark and Share တန်ဆာပလာများ ဖော်ပြမှုပုံစံ
Old 24-10-2010, 09:10 PM
  post #1
KznT
ကြီးကြပ်ရေးမှူး
 
KznT's Avatar
 
အသင်းဝင်နေ့စွဲ: Dec 2009
တည်နေရာ: http://www.techsectors.blogspot.com
ရေးသားချက်များ: 1,338
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 5,983
ပို့စ် 1,332 ခုအတွက် 20,391 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
KznT has a spectacular aura aboutKznT has a spectacular aura about
Ddr 2 - ddr 3 နှင့် ram များအကြောင်း

ဒီအကြောင်းအရာက Profile မှာရော စာချွန်လွှာနဲ့ပါ ကိုချစ်သားငယ်လေး မေးထားလို့ တစ်ခြား မိသားစုက လေ့လာလိုသူတွေလည်း သိနိုင်အောင် ဒီနေရာမှာ ဖော်ပြပေးလိုက်ပါတယ်။

ကျွန်တော်တို့ အတိုကောက် ခေါ်ကြတဲ့ RAM ဆိုတာ Random Access Memory ဆိုတာတော့ ကွန်ပြူတာနဲ့ ရင်းနှီးထိစပ်နေသူ တော်တော်များများ သိကြပါတယ်။ အတိုကောက် ပြောကြရင်တော့ Memory ပေါ့ - သူက ကွန်ပြူတာတစ်လုံးကို ဘယ်လို ကူညီသလဲ ?? နားလည်လွယ်အောင် ပြောရရင် တကယ်လို့ RAM ဆိုတာ ကျွန်တော်တို့ ခေါင်းထဲက မှတ်ဥာဏ်လိုမျိုးပဲ ကျွန်တော်တို့ စာမေးပွဲတွေ ဖြေကြတယ် - ဘာသာရပ်နဲ့ ဆိုင်တာတွေကို သေသေချာချာ ကျက်မှတ်ထားခဲ့ရင် စာမေးပွဲ ဖြေတဲ့ အခါ ကိုယ်ကျက်မှတ်ထားတွေကို စာအုပ် ပြန်ကြည့်စရာ မလိုပဲ လက်တန်း မှန်မှန် ဖြေဆိုနိုင်တယ် - မကျက်ထားတဲ့သူက မဖြေနိုင်ဘူး - စာကျက်တယ်ဆိုတာ တကယ်တော့ Memory ဆိုတဲ့ ခေါင်းထဲကို Hard Disk ဆိုတဲ့ စာအုပ်ထဲက စာတွေ လိုအပ်တဲ့ အချိန်မှာ အသုံးချနိုင်အောင် Data တွေ ခဏ သိမ်းထားလိုက်တာပါပဲ - အဲလို သိမ်းထားလိုက်တော့ စာမေးပွဲ ဖြေတဲ့ အချိန်မှာ Hard Disk ဆိုတဲ့ စာအုပ်ကို Access လုပ်စရာ မလိုပဲ ခေါင်းထဲမှာ အလွယ်တကူ ရှိနေတဲ့ Memory ထဲက စာတွေ အလွယ်တကူ ထုတ်ရေးချလို့ ရသွားတယ် - အဲ့မှာ နောက်တစ်မျိုး အနေနဲ့ စာမကျက်ထားတဲ့ ကျောင်းသား တစ်ယောက် စာမေးပွဲ ဖြေမယ် - သူက ခုနက ပြောခဲ့သလို စာမကျက်ထားတော့ Hard Disk ဆိုတဲ့ စာအုပ်ထဲက စာတွေက Memory ဆိုတဲ့ သူ့ခေါင်းထဲကို ရောက်မလာဘူး - ပြောရရင် လူမို့လို့ ခေါင်းရှိပေမယ့် သူ့ ခေါင်းက Memory မတပ်ထားတဲ့/Memory မရှိတဲ့ ခေါင်းနဲ့ တူသွားတယ် - အဲတော့ စာမေးပွဲ ခန်းထဲ ရောက်ရင် မေးလာတဲ့ စာတွေကို သူ့ Memory ကနေ ပြန်ခေါ်လို့ မရတော့ဘူး - အဲတော့ ဒီစာမေးပွဲ အောင်ဖို့ဆို Hard Disk ဆိုတဲ့ စာအုပ်ထဲက စာတွေကို Access ပြန်လုပ်နိုင်မှ ရတော့မယ် - ဒါကို ကျွန်တော်တို့က စာခိုးချတယ် လို့ ခေါ်ပါတယ် -

ကျွန်တော်တို့ RAM ဆိုပြီး ပြောကြတဲ့ Random Access Memory တွေရဲ့ သဘောတရားကလည်း ဒီလိုပါပဲ - တကယ်လို့ ကျွန်တော်တို့ ကွန်ပြူတာက information တွေ လိုလာတဲ့ အခါ သူက အရင်ဆုံး ကိုယ့်ကိုယ်ကိုယ် စာကျက်ထားသူ တစ်ယောက်ဟုတ်မဟုတ် ပြန်စစ်တယ် - ဆိုလိုတာ Memory ရှိမရှိပေါ့ - တကယ်လို့ သူက Memory ကို ရှာမတွေ့ဘူး ဆိုရင် Data တွေကို Access လုပ်နိုင်ဖို့ Hard Drive ရှိရာဆီကို သွားရတယ်။ အဲတော့ ကွန်ပြူတာ တစ်လုံးမှာ RAM မရှိတာဟာ စာမေးပွဲ ခန်းထဲမှာ စာခိုးချဖို့ ကြိုးစားနေတဲ့ ကျောင်းသား တစ်ယောက်နဲ့ တူပါတယ်။ လိုချင်တာတွေ ရှိပေမယ့် လိုအပ်တာတွေကို အလွယ်တကူ Access မလုပ်နိုင်ဘူး - လိုချင်တာရဖို့ သူများတကာက Memory ထဲကဟာလေး နဲ့ ချရေးပြီး လေး ငါး ပုဒ် ပြီးနေချိန်မှာ ကိုယ်က Hard Drive ဆိုတဲ့ စာအုပ်တွေဆီကနေ Access လုပ်နိုင်ဖို့ ဟိုလူ့ကြည့်ရ ဒီလူ့ရှောင်ရ ကွေ့ပတ်သွားနေရတယ်။ ဒါ့ကြောင့် ကွန်ပြူတာ တစ်လုံးဟာ RAM မရှိရင် ဖြစ်ဖြစ် OS ရဲ့ လိုအပ်ချက်နဲ့ ပြည့်မှီအောင် RAM မထည့်သွင်းထားနိုင်ရင် ဖြစ်ဖြစ် စက်က အရမ်းနှေးကွေး လေးလံပြီး လိုလားချက်ပြည့်စုံနိုင်ဖို့ အချိန်အရမ်းပေးရတတ်ပါတယ်။

ဒီလို အဖြစ်အပျက်တွေက အရင်တုန်းက ကွန်ပြူတာ အဟောင်းတွေမှာ တော်တော်များများ တွေ့ရတတ်ပြီး အဲလို ဖြစ်လာရင် သင့်တော်တဲ့ Speed ရအောင် RAM ထပ်တိုးရတာတွေ တစ်ခြား Upgrade လုပ်ဆောင်ရတာမျိုးတွေ လုပ်ပေးရတတ်ပါတယ်။ ဒါပေမယ့်လည်း RAM ထပ်တိုးတယ် ဘာညာ ဆိုတာ တကယ်တော့ ရိုးရိုး ပမာဏ သတ်မှတ်ချက် တစ်ခုပါ - သူ့နောက်မှာ ကျွန်တော်တို့ သိထားသင့်တာတွေ အများကြီး ကျန်ပါသေးတယ်။ RAM မှာမှ Versions တွေ အမျိုးမျိုး ရှိသလို - Speeds တွေလည်း အမျိုးမျိုးရှိပြီး ကွာခြားချက်တွေလည်း အမျိုးမျိုး ရှိပါသေးတယ်။ ဥပမာ အနေနဲ့ ပြောရရင် DDR2 800 RAM နဲ့ 2GB stick တစ်ခုဟာ DDR3 1333 RAM နဲ့ 2GB stick ကို ယှဉ်လိုက်ရင် 2GB ချင်း ပမာဏ တူပေမယ့် စွမ်းဆောင်ရည်ချင်း မတူပါဘူး RAM အမျိုးအစား မတူတာနဲ့ ဘာတွေများ ကွဲသွားသေးတာလဲ - ဒါတွေက ကွန်ပြူတာ သမားပဲ ဖြစ်စေ - ရိုးရိုး ကွန်ပြူတာ သုံးသူ တစ်ယောက် ဖြစ်စေ နားလည်ထားဖို့ သင့်ပါတယ်။

အဲတော့ DDR2 နဲ့ DDR3 ဘာကွာ သလဲ - ဈေးကွက်ထဲမှာ ရှိနေတဲ့ DDR memory အမျိုးအစားတွေကို ကြည့်ပြီး တစ်ခုနဲ့ တစ်ခု ကွာခြားချက်လေးတွေ သုံးသပ်ကြည့်ကြရအောင်။

DDR2 နှင့် DDR3 ၏ အကြီးမားဆုံး ကွာခြားချက်များ

၂၀၀၈ ခုနှစ်နောက်ပိုင်းမှာ Intel ကနေ ပထမဆုံး Core i7 processors ကိုထုတ်ခဲ့ပါတယ်။ အရင်တုန်းကလည်း ဒီလိုပဲ processors တွေ ထုတ်ခဲ့တာပဲ - ဒါပေမယ့် ဒီတစ်ခါ ပြောင်းလဲ သွားတာက အဲ့ဒီ processors တွေ နဲ့ အတူ X58 လို့ခေါ်တဲ့ Motherboard chipset အသစ် ကိုပါ တွဲပြီး ပွဲထုတ်လိုက်တာပါ။ အဲ့ဒီ chipset က တစ်စပ်တစ်ဆက်တည်း DDR3 ဆိုတဲ့ နောက်ထပ် Memory မင်းသားတစ်လက်ကို ပါ စင်တင်ပါတယ်။ ပြောရရင် သုံးမျိုးတွဲပြီး အချိန်းအပြောင်း လုပ်ပစ်လိုက်တာ ပေါ့ -


အဲလိုပြောင်းပြီး သိပ်မကြာဘူး နောက် ၂ နှစ်လောက်လည်း နေရော Industry တစ်ခုလုံးကိုပါ DDR3 နဲ့ပဲ တွဲသုံးလို့ ရမယ့် ပုံစံမျိုးဖြစ်အောင် Intel က ပြောင်းပစ်လိုက်တယ်။ ခုဆိုရင် Intel ရဲ့ နောက်ပိုင်းထုတ် processors အသစ်တွေ အားလုံးက DDR3 ကို လက်ခံနိုင်တဲ့ Motherboard ကိုပဲ သုံးလို့ ရတော့တယ်။ အခု AMD motherboards တွေကလည်း DDR3 ကို ချိန်းနေပါပြီ - DDR ဆိုတာ Double Data Rate RAM ကို ဆိုလိုတာပါ။ ဒီ စာလုံးက ကျွန်တော်တို့သာ အထူးအဆန်း ဖြစ်နေတာ တကယ်တမ်း DDR ဆိုပြီး စမိတ်ဆက်တဲ့ အချိန်ကနေ တွက်လိုက်ရင် တော်တော်တောင် ကြာလှပါပြီ - Double Data Rate RAM ဆိုတဲ့ သဘောက အရင် SDRAM တွေ Clock cycle တစ်ပတ်မှာ Data Transfer တစ်ကြိမ်ပဲ ပြုလုပ်နိုင်ချိန်မှာ DDR တွေက Clock cycle တစ်ပတ်မှာ Data Transfer နှစ်ကြိမ် ပြုလုပ်နိုင်တယ် ဆိုတဲ့ သဘောဖြစ်ပါတယ်။ ဒါက ကျွန်တော် theoretically ပြောတာပါ။ နောက်ပိုင်း ကွာခြားချက်လေးတွေ လာပါဦးမယ်။


အဲလိုနဲ့ SDRAM နောက် DDR SDRAM သူ့နောက်မှာ DDR2 SDRAM ခု DDR3 SDRAM နောက်ဆုံး DDR4 SDRAM ဆိုပြီး ၂၀၁၂ မှာ ထွက်နိုင်ဖို့ ယာထား ပြီးပါပြီ။ ဒါတွေ အားလုံးက အရင် SDRAM လို့ခေါ်တဲ့ Synchronous dynamic random access memory ကနေ တဖြည်းဖြည်းချင်း ဆင့်ပွားတိုးတက်လာတာ တွေပါ။ ဘယ်လို ဆင့်ပွား တိုးတက်လာတာလဲ ဆိုရင် Clock cycle တစ်ပတ်မှာ Data Transfer ဘယ်လောက်လုပ်နိုင်သလဲ ဆိုတာပေါ် မူတည်ပြီး သတ်မှတ်လာတာမျိုးပါ။ ဥပမာ အနေနဲ့ ပြောရရင် DDR2 RAM က Cycle တစ်ပတ်မှာ 4 data transfers လုပ်နိုင်တယ် ဆိုရင် - DDR3 က 8 data transfers လုပ်နိုင်တယ်။ ဒီ့ထက်ရှင်းအောင် ပြောရရင် Clock speed ကို Base အနေနဲ့ 100Mhz ထားပြီးကြည့်ရင် DDR RAM က Bandwidth 1600 MB/s ရှိတဲ့ အချိန်မှာ - DDR2 က 3200 MB/s ရမယ် နောက် DDR3 က 6400 MB/s ရမယ် - ဆိုလိုတာ improvement တွေ ပိုမြင့်လာလေ စွမ်းဆောင်ရည်လည်း ပိုကောင်းလာလေ ဆိုတာမျိုးပေါ့ - ကျွန်တော်တို့ အလွယ်ပြောနေကျ အတိုင်း အများဆုံးက အကောင်းဆုံး ဆိုပြီး အလွယ်ပြောရင်တော့ ခုနောက်ဆုံး DDR3 က အကောင်းဆုံးလို့ ကျွန်တော်တို့ ပြောရမှာပေါ့ -

စွမ်းဆောင်ရည် နှင့် ကန့်သတ်ချက်များ

ဆိုခဲ့သလို DDR3 က အကောင်းဆုံးလို့ ပြောခဲ့တော့ တကယ်ပဲ ထူးထူးခြားခြားကြီး ကြီးကြီးကျယ်ကျယ် ပြောင်းလဲ သွားတာမျိုး ရှိလို့လား ? ဒါက တွေးစရာ ရှိလာပါတယ်။ တကယ်တော့ အဲလောက်ကြီးလည်း မဟုတ်ပါဘူး - ဖော်ပြခဲ့တဲ့ အတိုင်း memory bandwidth တွေ မြင့်လာတာ ကောင်းတာ မှန်ပေမယ်လို့ ကျွန်တော်တို့ ကွန်ပြူတာတွေမှာ သုံးနေတဲ့ Programs တော်တော်များများ ( ၉၉ % ) လောက်က memory bandwidth ကျော်လောက်အောင်ထိ overload ဖြစ်တယ် ဆိုတာမျိုး မရှိပါဘူး - အဲတာကြောင့် memory bandwidth မြင့်တယ် မမြင့်ဘူးဆိုတာ Sever တို့ Workstation products တွေအတွက်ပဲ ပိုပြီး သက်ဆိုင်ပါတယ်။


ဒါ့အပြင် နောက်တစ်ခု သိထားရမှာက ဘယ်လိုပဲ ကွာတယ် မကွာဘူး ဆိုဆို လူ့ သဘောသဘဝ အရ DDR2 နဲ့ DDR3 ယှဉ်လိုက်ရင် ပိုက်ဆံတတ်နိုင်တယ်ဆို အားလုံးက DDR3 RAM ပဲ ဝယ်ချင်ကြမှာပါပဲ - ဒါပေမယ့် DDR2 နဲ့ DDR3 ဝယ်မယ်ဆိုရင် ကိုယ့် အကြိုက်ကို လိုက်ပြီး ဝယ်ချင်သလိုဝယ်လို့ မရပါဘူး - ဘာလို့လည်း ဆိုတော့ DDR2 နဲ့ DDR3 က Compatible မဖြစ်လို့ပါ - ဆိုလိုတာ ကျွန်တော်တို့ စက်မှာ သုံးနေတဲ့ Motherboard က DDR2 သုံးနေတဲ့ Motherboard ဆိုရင် ကိုယ့် Motherboard ကို Upgrade မလုပ်ပဲ DDR3 ကို ပြောင်းသုံးလို့ မရပါဘူး - အဲတော့ ဘယ်လို အဓိပ္ပါယ် ထွက်သွားလဲ ဆိုရင် ကိုယ့်မှာ လတ်တလော သုံးနေတဲ့ DDR2 RAM နဲ့ ကွန်ပြူတာ တစ်လုံးရှိနေတယ် - ဒါပေမယ့် ကိုယ်က ကိုယ့်စက်ကို DDR3 ပြောင်းသုံးချင်တယ် - ဒီလိုဆိုရင် လတ်တလော ကိုယ့်စက်က အကောင်းကြီး အလတ်ကြီး ရှိနေသေးတဲ့ Processor ရော Motherboard ရောကို ချောင်ထိုးပြီး DDR3 နဲ့ Compatible ဖြစ်မယ့် Processor နဲ့ Motherboard တစ်ခု ထပ်ပြောင်း သုံးရပါလိမ့်မယ်။

ဒီလို ဆိုလိုက်ပေမယ့် တစ်ချို့ Motherboard တွေက ချွင်းချက်အနေနဲ့ ဒီကန့်သတ်ချက်ကနေ ကွဲထွက်သွားတာ ရှိပါတယ်။ အဲတာက ဘာကြောင့်လဲဆို သူတို့တွေရဲ့ Motherboard ပေါ်မှာ DDR2 ရော DDR3 RAM slots နှစ်ခုလုံး ပါဝင်နေလို့ပါ။ နောက်ပြီး ဒီချွင်းချက်ဆိုတာကလည်း Chipsets အဟောင်းတွေမှာပဲ ရှိပါတယ်။ ဟုတ်ပါတယ် - ဒီကိစ္စက တော်တော်တော့ ကသိကအောက် နိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့လည်း ဘာမှ မတတ်နိုင်ပါဘူး - ကိုယ်တွေက ထုတ်လုပ်သူ မဟုတ်ဘူးလေ - သူတို့ လုပ်တာပဲ ခံရမှာပဲ - ခု ဆို Intel ရော AMD ရောက နောက် Products တွေကို DDR3 RAM နဲ့ ဆက်သွားနေကြပါပြီ - အဲတာကြောင့် ကျွန်တော်တို့လည်း နောက်ဆို DDR3 တပ်ဖို့ ပုံး အသစ် ထပ်ဆင်ချင်ဆင် မဆင်ချင်လို့ ချစ်တီးကျမယ် ဆိုရင်တော့ အဟောင်းကြီး သုံး ဒီ Options ၂ မျိုးပဲ ရွေးဖို့ ရှိပါတယ်။

Clock Speed အကြောင်း တစ်စေ့တစ်စောင်း

အပေါ်မှာ Clock cycle - Clock cycle ဆိုပြီး ပြောခဲ့တော့ Clock cycle ဆိုတာ ဘာမှန်း သိလိုစိတ် ဖြစ်ကြပါလိမ့်မယ်။ Clock cycle ဆိုတာ ခု ခေါင်းစဉ်တပ်ထားတဲ့ Clock speed နဲ့ ဆက်စပ်မှု ရှိပါတယ်။ Clock ဆိုတာ ဘာလဲ သူတို့ ဘယ်လို အလုပ်လုပ်လဲ ဆိုတာကို ကျွန်တော် ဒီနေရာမှာ မဖော်ပြတော့ပါဘူး - အသေးစိတ် သိချင်သူများ ဆရာဇော်လင်း ( Youth ) ရေးတဲ့ A+ Computer Hardware Maintenance and System Administration စာအုပ် အခန်း အမှတ် ( ၃ ) စာမျက်နှာ ( ၄၄ ) မှာ ဖတ်ရှုနိုင်ပါတယ်။ Clock နဲ့ Clock cycle အကြောင်း မပြောတော့ပေမယ့် RAM နဲ့ ပတ်သတ်ပြီး ဆက်စပ်နေတာ ပြောရရင် RAM တစ်ခုကို ကြည့်တဲ့ အခါ Clock speed ရဲ့ specification ကို ထည့်သွင်းစဉ်းစားရပါတယ်။ ဘာကြောင့်လည်းဆို Clock speed ဆိုတာက Processor တစ်ခု ဘယ်လောက်ထိ အမြင့်ဆုံး စွမ်းဆောင်နိုင်မယ် ဆိုတာ ဖော်ပြသလို RAM ကိုလည်း ဘယ်လောက်ထိ အမြင့်ဆုံး စွမ်းဆောင်နိုင်မယ် ဆိုတာ ဖော်ပြပါတယ်။ အလွယ်ပြောရင်တော့ Clock speed မြင့်ရင် ပိုကောင်းတယ်ပေါ့ - ဒါပေမယ့် ဟိုးအပေါ်မှာ ရှင်းခဲ့ပြီးသလို ဒီ Clock speed မြင့်တယ် မမြင့်ဘူး ဆိုတဲ့ ကွာခြားချက်တွေက သာမန် ကွန်ပြူတာ တစ်လုံးကို နေ့စဉ်သုံးနေကျ သူတစ်ယောက် အတွက်တော့ ထူးပြီး မသိသာလှပါဘူး - ဒါတင်မက Memory ကို Clock speed ကန့်သတ်ချက်နဲ့ ပဲ တွဲ သုံးလို့ ရတဲ့ Motherboards ဆိုတာမျိုးတွေလည်း ရှိပါသေးတယ် - အဲတာကတော့ Motherboard manufacturer ရဲ့ website မှာ ကိုယ်သုံးမယ့် RAM နဲ့ ကိုက်မကိုက် ကြည့်ရမှာပါ။ Motherboards တော်တော်များများကတော့ သိပ်ကန့်သတ်ချက်ရယ် မရှိပါဘူး - ဒါပေမယ့်လည်း ဖြစ်နိုင်ရင်တော့ စိတ်ထင်သလို တွဲသုံးတာမျိုးထက် သေသေချာချာ လေ့လာပြီးမှ ဆင်တာမျိုးက ပို ဖြစ်သင့်ပါတယ်။

နိဂုံး

အနှစ်ချုပ် အနေနဲ့ကတော့ အခု ပြောခဲ့တာတွေဟာ အပေါ်ယံတွေလောက်ပါပဲ - အသေးစိတ် လေ့လာချင်သူတွေ တိတိကျကျ Details သိချင်သူတွေကတော့ ဒီ့ထက်ပိုပြီး လေ့လာသင့်ပါသေးတယ်။ လက်လှမ်းမှီရာ စာအုပ်ကို ဖတ်ပါ။ အင်တာနက်မှာ လေ့လာပါ - ကျွမ်းကျင်သူများကို မေးမြန်းပါ - ကိုယ်တိုင်လည်း စေ့စပ်ပါ - သင်တန်းတွေကိုလည်း အားကိုးပါ။ ဒါဆို ဒီ့ထက် တိကျတဲ့ အချက်အလက်တွေ သိရှိနိုင်ပါလိမ့်မယ်။


KznT.

က,ကြီး ရေးဖို့ကျောက်သင်ပုန်းရှာနေသူ

Life is what you make of it. Go out and make your dreams come true.

Last edited by KznT; 27-03-2011 at 08:36 PM..
KznT is offline   Reply With Quote
အောက်ပါအသင်းဝင် 51 ဦးတို့မှ KznT အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
ကိုစံငြိမ်း, ချစ်သားငယ်လေး, ဆန်းမောင်, ရဲထက်သာ, လမင်းမျက်နှာ, လမ်းပြကြယ်, ဝင်းကျော်ဦး, သက်နိုင်, သန့်ဇင်ဌေး, သံပုရာချို1987, အနိုင်းမဲ့, ဇော်ရဲပိုင်, နေမင်းမောင်, မောင်စိန်ရွှေ, မောင်ပေါ်ဦး, အောင်မိုးထွန်း, ငြိမ်းချမ်း, ပြည့်ဖြိုးကိုကို, ကြည်နိုင်, amaung344, asulike88, aungkyawsan, AZM, bagothar85, bonge, hellboy, jacklonelone, kingofvirus, ko lin, ko myo, kyaukphyu, kyawthu165, MegaWooer, minthike, minthumon, moh, nyowin, openeyes, phoetharlay, PyaitSone, saiwaihin, sawlinux, smooth gut, Soe Yu Maw, thihathu86, thureinsoe, tu tu, udku, wunna313, yawnathan, zin min aung
Old 24-10-2010, 10:06 PM
  post #2
အောင်လွင်ဦး
ကိုယ်ပိုင်အစွမ်းရှိပြီးသူ
 
အသင်းဝင်နေ့စွဲ: Aug 2008
တည်နေရာ: မူဆယ်
ရေးသားချက်များ: 304
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 545
ပို့စ် 200 ခုအတွက် 805 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
အောင်လွင်ဦး is on a distinguished road
ပြန်စာ - Ddr 2 - ddr 3 နှင့် ram များအကြောင်း

မှန်ပါတယ်။ ကျွန်တော် DDR3 ပေါ်ပြီဆိုတာနဲ့ သုံးချင်တာ လက်ကိုယားနေခဲ့တာပါ။ ချက်ခြင်း ဝယ်သုံးချင်ပေမယ့် ဈေးကွက်ထဲမှာ အတော်ရှာရခက်တာကြောင့် ၂၀၀၉ခုနှစ်ဦးပိုင်းမှာမှ ဝယ်သုံးဖြစ်ပါတယ်။ motherboard ရော DDR3 ပါ ဈေးကြီးပေးခဲ့ရပေမယ့် Kzn T. ပြောသလိုပါပဲ။ ပြောပလောက်အောင်၊ ပိုပေးရတဲ့ အဖိုးအခနဲ့ ထိုက်အောင် အကောင်းကြီးမဟုတ်ပါ။ DDR 4 လာရင်တော့ အသာလေး ရှောင်နေလိုက်တော့မယ်။
အောင်လွင်ဦး is offline   Reply With Quote
အောက်ပါအသင်းဝင် 10 ဦးတို့မှ အောင်လွင်ဦး အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 24-10-2010, 11:26 PM
  post #3
ပွင့်ဖူးမွန်
MF Contributor
 
ပွင့်ဖူးမွန်'s Avatar
 
အသင်းဝင်နေ့စွဲ: Jul 2009
တည်နေရာ: ရန်ကုန်
ရေးသားချက်များ: 152
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 309
ပို့စ် 132 ခုအတွက် 840 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
ပွင့်ဖူးမွန် is on a distinguished road
ပြန်စာ - Ddr 2 - ddr 3 နှင့် ram များအကြောင်း

အခုဈေးကွက်မှာဘာကြောင့်လဲတော့မသိဘူး
ီDDR2 RAMတွေကDDR3ထက်ဈေးပိုကြီးနေတယ်
mother boardဆိုရင်လည်းDDR2ရော3ရောပါတဲ့ boardတွေအရမ်းရောင်းရတယ်
ASUSက CMLXဆိုပစ္စည်းတောင်ပြတ်တယ်
ဒါပေမယ့်နားလည်သူတွေကတော့အဲဒီcombo boardတွေကသိပ်မကောင်းဘူးလို.ပြောတယ်

ပွင့်ဖူးမွန် is offline   Reply With Quote
အောက်ပါအသင်းဝင် 7 ဦးတို့မှ ပွင့်ဖူးမွန် အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 25-10-2010, 12:38 AM
  post #4
သန့်ဇင်ဌေး
အထူးအသင်းဝင်
 
သန့်ဇင်ဌေး's Avatar
 
အသင်းဝင်နေ့စွဲ: Oct 2009
တည်နေရာ: ချစ်သူရင်ခွင်
ရေးသားချက်များ: 538
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 3,650
ပို့စ် 479 ခုအတွက် 4,822 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
ပုံများ: 4
သန့်ဇင်ဌေး will become famous soon enough
ပြန်စာ - Ddr 2 - ddr 3 နှင့် ram များအကြောင်း

ကျေးဇူးတင်ပါတယ် ကိုကျော်ဇင်သန့်ရေ
ကျတော်တို့လို့ လူငယ်တွေ တွက်တော့ အကိုရေးသမျှက ပညာလေးတွေ လို ဖြစ်နေတာပါ
နောက်ထပ်လည်း မျှဝေပေးပါဦင်္း အကိုရေ.......

ပရဟိတ စိတ် အပြည့်နဲ့ လူအများ အကူညီလိုအပ်မူတွေကို ကူညီကြပါစို့လား။

စိမ်းလန်းမြေ ပရဟိတ ဖိုရမ်

Thant Zin Htay
သန့်ဇင်ဌေး is offline   Reply With Quote
အောက်ပါအသင်းဝင် 6 ဦးတို့မှ သန့်ဇင်ဌေး အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 28-01-2011, 06:25 PM
  post #5
သက်နိုင်
ပညာရှိကြီး
 
အသင်းဝင်နေ့စွဲ: Jan 2009
တည်နေရာ: မန္တလေး
ရေးသားချက်များ: 352
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 1,755
ပို့စ် 214 ခုအတွက် 840 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
သက်နိုင် is on a distinguished road
ပြန်စာ - Ddr 2 - ddr 3 နှင့် ram များအကြောင်း

ကျွန်တော် ကိုယ့်စက်နဲ့ compatible ဖြစ်တဲ့ memory တွေကို အလွယ်တကူရှာနိုင်တဲ့ ဝက်ဆိုဒ်လေး တစ်ခု ပေးချင်လို့ပါ။
Select Your Computer မှာ ကိုယ့်ကွန်ပျူတာကိုယ် ရွေးပီး Scan My System Identify My Memory ဆိုတဲ့ ခလုတ်အစိမ်းလေး ကို နှိပ်လိုက်ရင် .exe file တစ်ခုဒေါင်းလုပ်လုပ်ခိုင်းပါမယ်။ အဲဒါကို အင်စတောလုပ်လိုက်တာနဲ့ ကိုယ့်စက်ကို ဝက်ဆိုဒ်က စကမ် ဖတ်ပီး လိုအပ်တဲ့ compatible ဖြစ်တဲ့ memory ကို automatic ရှာပေးပါလိမ့်မယ်။ ကိုယ့်ဘာ Manual ရှာချင်ရင်လဲ အိုကေပါတယ်။ အသုံးဝင်မယ်ထင်ပါတယ်။
ဒီပုံလေးက ကျွန်တော် scan ဖတ်ထားတဲ့ ပုံပါ

ကျွန်တော့် memory နဲ့ match ဖြစ်တာ မတွေ့ဘူးတဲ့။

[COLOR="Red"][marquee]Genius is 1 percent inspiration and 99 percent perspiration.[/marquee][/COLOR]
သက်နိုင် is offline   Reply With Quote
အောက်ပါအသင်းဝင် 12 ဦးတို့မှ သက်နိုင် အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 05-02-2011, 10:26 AM
  post #6
ညိုမင်းလူ
ဆယ်ကျော်သက်
 
အသင်းဝင်နေ့စွဲ: Aug 2008
တည်နေရာ: ရန်ကုန်မြို့တွ&#
ရေးသားချက်များ: 69
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 48
ပို့စ် 45 ခုအတွက် 124 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
ညိုမင်းလူ is on a distinguished road
ပြန်စာ - Ddr 2 - ddr 3 နှင့် ram များအကြောင်း

DDR III ၊ Core i3 ၊ ASUS (အဲဒီနှစ်ခုစလုံးကို support လုပ်တယ်လို့ရေးထားတဲ့ P7P55 LX ) နဲ့ စက်တစ်လုံးဆင်မိလိုက်ပါတယ်.. အမှန်အတိုင်းပြောရရင်တော့ Core i3 နဲ့ DDR III ကို အဲဒီဘုတ်နဲ့တစ်ခါမှ မဆင်ဖူးပါဘူး ...ကျနော့အတွေ့အကြုံအရ DDR II , III 4 GB ၊ Core 2 Quad (2.5....) ASUS (P5QPRO, P5QLPRO, P5P41TLE အားလုံးကတော့ Separate ဘုတ်တွေပါ) နဲ့ကတော့ စက်ဆင်ပြီးလဲ ဒေါက်ဝှီးပေါ့... သုံးတဲ့အချိန်မှာလဲ ဘာ Complaint မှ ပြန်မလာဘူးဗျ..Match ဖြစ်တယ်ပေါ့ဗျာ... အထက်က ကျနော်တင်ပြခဲ့တဲ့ DDR III ၊ Core i3 ၊ ASUS P7P55 LX ကတော့ ပေါ်ပေါ်ချင်းမို့လားမသိဘူး ကဂျိုးကဂျောင်နဲ့ ပေါက်ကရလေးဆယ် error တွေပေါ်တယ်ဗျ... ဒါနဲ့ပဲ DDR III 2GB 2ချောင်းကို ၂ ခေါက် ပြန်လဲလိုက်ရတယ်.. ဒါပေမယ့်လည်း ၁ ပတ်တစ်ခါလောက်တော့ တာဝန်ကျေ Hang တတ်သေးတယ်.. ဒါပေမယ့် ယူစာက "၁ပတ်မှ ၁ခါ ဟန်းတာ ရပါတယ်တဲ့".. အဲဒီ အတွေ့အကြုံအရ DDR III ၀ယ်တော့မယ်ဆို သေချာပြန်စစ်ဖို့လိုပြီဆိုတာ သိလိုက်ရပါတယ်... Kingston ဆိုတိုင်း အိုကေပြီလို့မထင်လိုက်ပါနဲ့ .... အပြားကြီး၊အပြားသေးနဲ့လည်း ဆိုင်သေးတယ် .. အပြားသေးက ပိုကောင်းတယ်လို့ ထင်ပါတယ်..အသစ်ပေမယ့် ဂိုးဖိးလ် (မန်မိုရီရဲ့ ခြေထောက်တွေ)ကို သေချာစစ်ပါ.. တစ်ချို့ ဂိုးဖီးလ်တွေ နဲနဲလေး ကွက်နေရင် မယူပါနဲ့ ... ၀ယ်တဲ့အချိန်မှာ သေချာစစ်ပါ .. ဆိုင်ကို နောက်တစ်ခေါက် ပြန်လဲတဲ့အခါ မြန်မာတို့ရဲ့ ထုံစံအတိုင်း အသစ်ပြန်မပေးချင်တဲ့အတွက် အရစ်ခံရတတ်ပါတယ်...(တော်တော်များသွားပြီထင်တယ်..)

Last edited by ညိုမင်းလူ; 05-02-2011 at 10:29 AM..
ညိုမင်းလူ is offline   Reply With Quote
အောက်ပါအသင်းဝင် 13 ဦးတို့မှ ညိုမင်းလူ အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 05-02-2011, 08:45 PM
  post #7
ပွင့်ဖူးမွန်
MF Contributor
 
ပွင့်ဖူးမွန်'s Avatar
 
အသင်းဝင်နေ့စွဲ: Jul 2009
တည်နေရာ: ရန်ကုန်
ရေးသားချက်များ: 152
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 309
ပို့စ် 132 ခုအတွက် 840 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
ပွင့်ဖူးမွန် is on a distinguished road
ပြန်စာ - Ddr 2 - ddr 3 နှင့် ram များအကြောင်း

ASUS ရဲ့ P7P55LX ကတော့ Corei7 အထိsupportလုပ်တဲ့ဈေးလည်းသင့်တဲ့Separate Boardပါပဲ
တစ်ခါတစ်လေပေါက့်ကရErrorတွေက boardကြောင့်လည်းဖြစ်တတ်သေးတယ်။
RAM Slot ၁ခုဆီမှာ ၁ချောင်းစီစိုက်ကြည့်တော့ကောင်းနေပြီး ၂ချောင်းလုံးပြိုင်တူစိုက်တော့မရတာမျိုး
တွေ.ဖူးတယ်။RAM 4 GB လိုချင်တယ်ဆိုရင်2GB ၂ချောင်းထက်4GB ၁ချေင်းထဲစိုက်တာပိုအဆင်ပြေမယ်ထင်တယ်
ဒါပေမယ့်အဲလိုစိုက်တဲ့သူကနည်းနေသေးတော့ သေချာတော့ပြောလို.မရဘူးပေါ့လေ
အခုထိတော့အဆင်ပြေနေသေးတယ် RAM တွေမှာ DDR2 ပဲဖြစ်ဖြစ် DDR3ပဲဖြစ်ဖြစ် Chip တုံးလေးတွေ
သေးတာကပိုကောင်းပါတယ်နောက်ပြီး Kingston ဆိုတိုင်းယုံလို.မရဘူး
ဘာလို.လဲဆိုတော့ဈေးကွက်အခေါ်အောက်လမ်းပစ္စည်းတွေရှိလို.လေ
ဘယ်လောက်တောင်များလဲဆို Kingstonတံဆိပ်ကပ်ရမယ့်နေရာမှာအတုကပ်တာတောင်တွေ.ဖူးတယ်
သူကရေးထားတာ 800 2GBတဲ့ငါဝယ်တာ 1GBပါဘယ်လိုဖြစ်ပါလိမ့်ဆိုပြီးစက်ထဲပြန်စစ်တော့1GBပဲပြတယ်
ဒါနဲ့သေချာကြည့်လိုက်တော့မှSticker အတုကြီးကပ်ထားတာကိုး
ပွင့်ဖူးမွန် is offline   Reply With Quote
အောက်ပါအသင်းဝင် 10 ဦးတို့မှ ပွင့်ဖူးမွန် အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 27-03-2011, 06:49 PM
  post #8
thureinsoe
MF Contributor
 
thureinsoe's Avatar
 
အသင်းဝင်နေ့စွဲ: Mar 2010
တည်နေရာ: ရန်ကုန်
ရေးသားချက်များ: 580
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 2,093
ပို့စ် 525 ခုအတွက် 3,955 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
thureinsoe will become famous soon enough
ပြန်စာ - Ddr 2 - ddr 3 နှင့် ram များအကြောင်း

အစ်ကိုကြီးကျော်ဇင်သန့်  Ddr 2 - ddr 3 နှင့် ram များအကြောင်း
ကိုရေးထားတာကြားပြီးဆိုပေမဲ့ အခုမှာကျွန်တော်ဖတ်လိုက်ရတာပါ

ကိုသန့်ဇင်ဌေး ပြောသလိုမျိုး ကျတော်တို့လို့ လူငယ်တွေ တွက်တော့ အကိုရေးသမျှက ပညာလေးတွေ လို ဖြစ်နေတာပါ
အစ်ကိုကြောင့်ကျွန်တော်တို့တတွေ အိုင်တီ ဗဟုသုတ နှင့် လင်းနစ် အကြောင်းကိုသိခွင့်ရကြားတာပါ
အခုဆိုရင် ဖိုရမ်မှာ ပြည့်စုံသလောက်ဖြစ်နေပါပြီး

သူတည်းတစ်ယောက်ကောင်းဖို့ရောက်မူ သူတစ်ယောက်မှာပျက်လင့်ကာသာဓမ္မတာတည်း
နန္ဒသူရိယအမတ်ကြီး


phpcrazy.mm@gmail.com
thureinsoe is offline   Reply With Quote
အောက်ပါအသင်းဝင် 4 ဦးတို့မှ thureinsoe အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 28-03-2011, 05:34 AM
  post #9
minthumon
အရွယ်ရောက်သူ
 
အသင်းဝင်နေ့စွဲ: Nov 2010
တည်နေရာ: အင်္ဂပူမြို့
ရေးသားချက်များ: 140
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 3,884
ပို့စ် 117 ခုအတွက် 711 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
minthumon is on a distinguished road
ပြန်စာ - Ddr 2 - ddr 3 နှင့် ram များအကြောင်း

DDR2 နဲ့ DDR3 က key line က တစ်နေရာတည်းလား. . . pin နံပါတ်ရော အတူတူပဲလား. . . အဲဒါတွေတူနေရင် မှားနိုင်တာပေါ့. . .အလွယ်တကူဘယ်လိုခွဲခြားလို့ရမလဲ. . .

:15:ချစ်ရင်ထူး:15:
minthumon is offline   Reply With Quote
Old 28-03-2011, 10:14 AM
thureinsoe
MF Contributor
 
thureinsoe's Avatar
 
အသင်းဝင်နေ့စွဲ: Mar 2010
တည်နေရာ: ရန်ကုန်
ရေးသားချက်များ: 580
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 2,093
ပို့စ် 525 ခုအတွက် 3,955 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
thureinsoe will become famous soon enough
Icon12 ပြန်စာ - Ddr 2 - ddr 3 နှင့် ram များအကြောင်း

ကို minthumon DDR2 နဲ့ DDR3 pin နံပါတ် တွေခြားနာချက်ကို
ဒီမှာလေ့လာနိုင်ပါတယ်

အပေါ်မှာလဲအစ်ကိုကြီး ကျော်ဇင်သန့် ဒီလငိ့လေးကိုပေးထားပါတယ်

အဆင်ပြေပါစေ.......

သူတည်းတစ်ယောက်ကောင်းဖို့ရောက်မူ သူတစ်ယောက်မှာပျက်လင့်ကာသာဓမ္မတာတည်း
နန္ဒသူရိယအမတ်ကြီး


phpcrazy.mm@gmail.com

Last edited by thureinsoe; 28-03-2011 at 10:15 AM..
thureinsoe is offline   Reply With Quote
အောက်ပါအသင်းဝင် 7 ဦးတို့မှ thureinsoe အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 15-05-2013, 10:26 PM
aungthuzaw
မွေးကင်းစကလေး
 
အသင်းဝင်နေ့စွဲ: Dec 2011
တည်နေရာ: kawthaung
ရေးသားချက်များ: 1
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 1
ပို့စ် 0 ခုအတွက် 0 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
aungthuzaw is on a distinguished road
ပြန်စာ - Ddr 2 - ddr 3 နှင့် ram များအကြောင်း

မိမိသိသော ပညာအားမျှဝေပေးသော အကိုအား ကျေးဇူးအရမ်းတင်ပါတယ်
aungthuzaw is offline   Reply With Quote
Old 20-05-2013, 03:35 PM
ကိုစံငြိမ်း
အထူးအသင်းဝင်
 
အသင်းဝင်နေ့စွဲ: Sep 2010
ရေးသားချက်များ: 121
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 569
ပို့စ် 120 ခုအတွက် 2,066 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
ကိုစံငြိမ်း is on a distinguished road
ပြန်စာ - Ddr 2 - ddr 3 နှင့် ram များအကြောင်း

ိDDR2 နှင့် DDR3 ကိုအလွယ်ခွဲခြားချင်ရင် volt ကိုကြည့်ပြီးခွဲလို့ရပါတယ်..DDR2 RAM က 1.8v သုံးပြီး DDR3 က 1.5v ကိုသုံးပါတယ်..RAM တွေရဲ. chip မျက်နှာပြင်မှာ စက္ကူအဖြုရောင်လေးပေါ်မှာ ကြည့်လိုက်ပါ။မေးတဲ့သူကတော့ မေးထားတာကြာပြီဆိုပေမဲ့ နောက်လူတွေဖတ်တဲ့အခါ လိုအပ်နေမှာစိုးလို့ ဖြည့်ပေးလိုက်ပါတယ်..
ကိုစံငြိမ်း is offline   Reply With Quote
အောက်ပါအသင်းဝင် 5 ဦးတို့မှ ကိုစံငြိမ်း အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 10-06-2014, 02:30 PM
စောလွင်
ကလေးပေါက်စ
 
အသင်းဝင်နေ့စွဲ: Aug 2012
ရေးသားချက်များ: 31
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 62
ပို့စ် 13 ခုအတွက် 24 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
စောလွင် is on a distinguished road
ပြန်စာ - Ddr 2 - ddr 3 နှင့် ram များအကြောင်း

မလာဖြစ်တာကြာသွားပြီ တစ်ခုလောက်ကူညီပါလားခင်ဗျာ Laptop မှာ usb နဲ့ ram တိုးသုံးတာ တစ်နေရာမှာဖတ်လိုက်ရပါတယ်။ ဒီနည်းလမ်းလေးသိရင် ပြန်လည်မျှဝေကြပါအုန်းနော်။ ဖတ်ရတဲ့အချိန်က window 7 မှ ရတယ်ဆိုတာမှတ်မိပါတယ်။ ကျနော့် Laptop ram memory တိုးချင်တာ ရှာမရလို့ပါ။ ကျေးဇူးတင်ပါတယ်။
စောလွင် is offline   Reply With Quote
Old 20-06-2014, 11:26 AM
ကိုစံငြိမ်း
အထူးအသင်းဝင်
 
အသင်းဝင်နေ့စွဲ: Sep 2010
ရေးသားချက်များ: 121
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 569
ပို့စ် 120 ခုအတွက် 2,066 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
ကိုစံငြိမ်း is on a distinguished road
ပြန်စာ - Ddr 2 - ddr 3 နှင့် ram များအကြောင်း

ဒါကိုပြောတာထင်တယ်ဗျ အဲဒီဆိုက်ကိုသွားကြည့်ပြီး လုပ်ကြည့်လိုက်ရင်အဆင်ပြေနိုင်ပါတယ်။အောက်ကလင့်ကို သွားလိုက်ပါ။ http://www.wikihow.com/Use-Pen-Drive-As-RAM
ကိုစံငြိမ်း is offline   Reply With Quote
အောက်ပါအသင်းဝင် 2 ဦးတို့မှ ကိုစံငြိမ်း အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Reply

Tags
hardware, how to

တန်ဆာပလာများ
ဖော်ပြမှုပုံစံ

Posting Rules
You may not post new threads
You may not post replies
You may not post attachments
You may not edit your posts

BB code is On
Smilies are On
[IMG] code is On
HTML code is Off

ဖိုရမ်တွေ ကျော်ရောက်ချင်ရင် !

အခြားဆင်တူဆွေးနွေးချက်များ
ဆွေးနွေးချက် စတင်ရေးသားသူ ကွပ်ပျစ်ဝိုင်း ပြန်စာများ နောက်ဆုံးပို့စ်
Virus နှင့် User များ gnyi Virus & Anti-virus ပိုင်းဆိုင်ရာ 1 13-10-2010 06:30 PM


ဖိုရမ်၏ ပင်မအချိန်သည် ဂရင်းနစ်စံတော်ချိန် +6.5 ဖြစ်သည်။ဒေသစံတော်ချိန် 08:00 AM
Inactive Reminders By Icora Web Design