Go Back   မြန်မာမိသားစုဖိုရမ် » ..:: ကွန်ပျူတာနယ်ပယ် ::.. » Hardware များဆိုင်ရာ
မြန်မာလက်ကွက်

Hardware များဆိုင်ရာ Hardware များအကြောင်း နှင့်အသုံးဝင်ပုံ၊အသုံးချပုံများ ဆွေးနွေးထားတဲ့နေရာဖြစ်သလို ရင်ဆိုင်ရသည့်အခက်အခဲများကို ၀ိုင်းဝန်းဖြေရှင်းဆွေးနွေးထားသည့်နေရာဖြစ်ပါသည်..

Reply
 
Bookmark and Share တန်ဆာပလာများ ဖော်ပြမှုပုံစံ
Old 16-06-2010, 12:38 PM
  post #1
KznT
ကြီးကြပ်ရေးမှူး
 
KznT's Avatar
 
အသင်းဝင်နေ့စွဲ: Dec 2009
တည်နေရာ: http://www.techsectors.blogspot.com
ရေးသားချက်များ: 1,338
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 5,983
ပို့စ် 1,332 ခုအတွက် 20,392 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
KznT has a spectacular aura aboutKznT has a spectacular aura about
Windows 7 Drivers ရယူနိုင်သော နေရာများ


ကျွန်တော် ဖိုရမ်မှာ မကြာခဏ တွေ့တွေ့နေရတာ Drivers တွေနဲ့ ပတ်သတ်ပြီး မိသားစုဝင်တော်တော်များများ ပြဿနာများကြတာ ကို သတိထားမိပါတယ်။ ကိုယ့်စက်မှာ အရေးပေါ်လိုအပ်နေတဲ့ Drivers တစ်ခုခုအတွက် ဖိုရမ်ကို ရောက်လာပြီး အကူအညီတောင်းတဲ့ အခါမှာ ရံဖန်ရံခါလည်း ခဏချင်းနဲ့ ပြန်လည်ဆွေးနွေး ပေးနိုင်ကြသလို တစ်ခါတစ်လေမှာ လည်း မေးသူနဲ့ ဖြေကြားပေးသူတွေကြား လွယ်လင့်တကူ မတွေ့ရှိနိုင်ပဲ အချိန်ကြန့်ကြာတာမျိုးတွေ ရှိနေတတ်ပါတယ်။ ကွာဟချက် အနေနဲ့ မေးမြန်းသူတွေအနေနဲ့ မိမိလိုအပ်တဲ့ Drivers တွေကို ချက်ချင်း မရရှိနိုင်တဲ့ အခက်အခဲပါ။ တစ်ချို့က Internet နဲ့ အကျွမ်းတဝင်ရှိကြလို့ ဘာလိုရင် ဘယ်လိုရှာရတယ် ဆိုတာ သိပေမယ့် တစ်ချို့ မိသားစုဝင်တွေကျတော့ အရေးကြုံမှ အင်တာနက်ကို ဆိုင်ကို တကူးတကရောက်လာပြီး အသုံးပြုကြရတာ ရှိသလို - တစ်ချို့ကျတော့လည်း ကွန်ပြူတာကို ဖျော်ဖြေမှု အနေလောက်နဲ့သာ အသုံးပြုတာ မို့လို့ တကယ်တမ်း စက်အတွက် အရေးပေါ် Software တွေ Drivers တွေလိုအပ်လာပြီ ဆိုတဲ့ အခါ ဘယ်နားမှာ ဘာသွားရှာရမှန်း မသိဖြစ်တတ်ကြပါတယ်။

တကယ်တမ်း ကွန်ပြူတာ တစ်လုံးအတွက် သက်ဆိုင်ရာ Drivers ရှာဖွေရတာ ထင်သလောက်ကြီး မခက်ခဲပါဘူး - သက်ဆိုင်ရာ ကိုယ့်စက်ရဲ့ information ကို သေသေချာချာ သိခဲ့မယ်ဆိုရင် မိနစ်ပိုင်းအတွင်း အလိုရှိရာ Drivers တွေကို အလွယ်တကူ ရှာဖွေ တွေ့ရှိနိုင်ပါတယ်။ ခု ကျွန်တော် ဒီပို့စ်မှာ Windows 7 အသုံးပြုနေသူ မိသားစုဝင်များအတွက် အသုံးဝင်လောက်မယ့် ကိုယ့်ရဲ့ PC က သက်ဆိုင်ရာ Hardware Drivers တွေကို ဘယ်လို အလွယ်တကူ ရှာဖွေနိုင်မယ်ဆိုတာ Links တွေနဲ့ ဖော်ပြပေး သွားပါ့မယ်။ ဒီအကြောင်းအရာကို ဖတ်ထားပြီးပြီ ဆိုရင် နောက်သက်ဆိုင်ရာ Drivers တွေလိုအပ်တဲ့ အခါ တစ်ခြားသူတစ်ယောက်ရဲ့ အကူအညီပေးအလာကို စောင့်ဆိုင်းစရာ မလိုတော့ပဲ မြန်မြန်နဲ့မှန်မှန် ကိုယ့် Hardware Drivers တွေကို ရှာဖွေတွေ့ရှိနိုင်လိမ့်မယ်လို့ ကျွန်တော် ယုံကြည်မိပါတယ်။

ဒီအောက်မှာ ဖော်ပြထားမယ့် Links အားလုံးကတော့ Asus ကနေ စလို့ Toshiba အထိ Hardware manufacturers အမျိုး ( ၂၀ ) ရဲ့ Windows 7 driver download links စာရင်းပဲ ဖြစ်ပါတယ်။ ဒါကို သိထားမယ်ဆိုရင် ကိုယ့်စက်မှာရှိနေတဲ့ OS အဟောင်းကနေ Windows 7 ကို ကူးပြောင်းဖို့ ပြင်ဆင်တဲ့ အချိန်မှာ လိုအပ်မယ့် Hardware Drivers တွေကို ရှာဖွေဖို့ အတိုင်းအတာ တစ်ခုထိ ကူညီနိုင်လိမ့်မယ်လို့ ကျွန်တော် မျှော်လင့်မိပါတယ်။

1. ASUS Drivers (Motherboards)


ASUS ဟာဆိုရင် သူ့ရဲ့ motherboard အမျိုးအစားတွေ ဖြစ်တဲ့ AMD, Intel Socket 775 နဲ့ Intel Socket 1366 တွေ အပါအဝင် တစ်ခြား motherboard အမျိုးအစားများစွာအတွက် Windows 7 drivers တွေကို ထုတ်ပေးနေပါပြီ။ ကျွန်တော် သူ့ဆီ သွားကြည့်တော့ သူ့ motherboards တွေ အားလုံးနီးပါးအတွက် Windows 7 32-bit ရော 64-bit versions ရော အတွက်ပါ drivers တွေပေးထားတာ တွေ့ခဲ့ရပါတယ်။ ASUS ကနေပြီး servers တွေ workstations တွေ notebooks တွေနဲ့ တစ်ခြား ကွန်ပြူတာ ပစ္စည်း မျိုးစုံ ထုတ်လုပ်ပေမယ့် အားလုံးထဲမှာ လူသိများတာကတော့ motherboards တွေပဲ ဖြစ်ပါတယ်။ Motherboard မဟုတ်တဲ့ ကိုယ့်ရဲ့ တစ်ခြား ASUS Product တွေ အတွက်လည်း Windows 7 drivers တွေကို သူ့ရဲ့ websites တွေမှာ သွားရောက် ရယူနိုင်ပါတယ်။

2. Acer Drivers (Desktops and Notebooks)


Acer desktops တွေနဲ့ notebooks တွေအတွက် Windows 7 drivers တွေကို Acer ရဲ့ Service နဲ့ Support ပေးတဲ့ site တွေကနေ တစ်ဆင့် ရှာဖွေ Download ရယူနိုင်ပါတယ်။ Acer က သူရဲ့ PCs နဲ့ laptops တွေအတွက် Windows 7 drivers တွေကို မိမိစိတ်ကြိုက် install လုပ်ဆောင်နိုင်အောင် ထုတ်ပေးထားတယ် ဆိုပေမယ့် သူရဲ့ Hardware တော်တော်များများဟာ Windows 7 ကို install လုပ်ဆောင်လိုက်တာနဲ့ default drivers တွေအနေနဲ့ installed လုပ်ဆောင်ပြီးသား ဖြစ်နေမှာ ဖြစ်ပါတယ်။

3. Compaq Drivers (Desktops and Laptops)


တကယ်လို့များ Compaq computers တွေအတွက် Windows 7 drivers တွေလိုအပ်လာပြီ ဆိုရင် အဲ့ဒီ့ Drivers တွေကို HPs standard support site ကနေတဆင့် Download ရယူနိုင်မှာ ဖြစ်ပါတယ်။ Compaq ဟာ အခုဆိုရင် HP ရဲ့ အစိတ်အပိုင်း တစ်ခု ဖြစ်နေပါပြီ။ Compaq ရဲ့ နောက်ထုတ် computers အသစ်တွေဟာ Windows 7 installed လုပ်ဆောင်ပြီးသား အနေနဲ့ ပါရှိလာတတ်ပြီး Windows 7 Drivers တွေလည်း ပါရှိပြီးသား ဖြစ်ပါတယ်။ HP ရဲ့ site မှာ အရင်က ထုတ်လုပ်ခဲ့တဲ့ Compaq computers အဟောင်းတွေ အတွက်လည်း Windows 7 drivers တွေရှိနေပါတယ်။

4. ATI Radeon Driver (Video)


AMD/ATI ကနေလာတဲ့ Windows 7 driver တွေမှာ ATI Radeon display driver, ATI WDM driver နဲ့ Catalyst Control Center တွေ အားလုံးပါဝင်ပါတယ်။

5. BIOSTAR Drivers (Motherboards)


BIOSTAR ရဲ့ motherboards တွေဟာ Microsoft ရဲ့ WHQL test ကို pass ဖြစ်ပြီး socket 1366, 1156, 775, AM3, နဲ့ AM2+ designs တွေ ပေါ်မှာ အခြေခံထားပါတယ်။

6. Creative Sound Blaster Drivers (Audio)


Creative ဟာ X-Fi, Sound Blaster Live, Audigy, စတဲ့ သူရဲ့ နာမည်ကျော်ကြား လူသိများတဲ့ Sound Blaster products တွေ အတွက် Windows 7 drivers တွေကို ထုတ်လုပ်ပေးထားပါတယ်။ Creative ကနေထုတ်လုပ်ထားတဲ့ တစ်ချို့ Windows 7 drivers တွေကတော့ Beta အဆင့်မှာပဲ ရှိပါသေးတယ်။ တစ်ခု သတိထားသင့်တာက Beta လို့ ဖော်ပြထားတဲ့ သူ့ရဲ့ drivers တွေဆိုတာ အမြဲတမ်း ပုံမှန်စွမ်းဆောင်နိုင်စွမ်းနဲ့ အလုပ်လုပ်ဆောင်နေနိုင်မယ်လို့ သေချာ ပြောလို့ မရပါဘူး။ ဒါကြောင့် final versions ထွက်လာပြီ ဆိုတာနဲ့ အမြန်ဆုံး Update ပေးဖို့လိုပါလိမ့်မယ်။ Beta versions ဆိုတဲ့ စကားလုံး အသုံးအနှုန်းနဲ့ စိမ်းနေသေးသူများ အတွက် ဒီနေရာမှာ သူ့ရဲ့ သဘောတရားကို ကျွန်တော် ဖော်ပြထားတာ ရှိပါတယ်။

7. Dell Drivers (Desktops and Laptops)


Dell desktop နဲ့ laptop computers တွေအတွက် Windows 7 drivers တွေကို Dell ရဲ့ support site ကနေ Download ရယူနိုင်ပါတယ်။

8. eMachines Drivers (Desktops and Notebooks)


eMachines desktop သို့မဟုတ် notebook computers တွေအတွက် လိုအပ်မယ့် Windows 7 drivers တွေကို eMachine ရဲ့ support site ကနေ Download ရယူနိုင်ပါတယ်။

9. Gateway Drivers (Desktops and Notebooks)


Gateway desktops နဲ့ notebook တွေအတွက် လိုအပ်မယ့် Windows 7 drivers တွေကို Gateway ရဲ့ support site ကနေ Download ရယူနိုင်ပါလိမ့်မယ်။


10. HP Drivers (Desktops and Laptops)



HP desktop, laptop, and tablet computers တွေအတွက် Windows 7 drivers တွေကို HP ရဲ့ standard support site ကနေ Download ရယူနိုင်ပါတယ်။ HP ရဲ့ desktop နဲ့ laptop PCs တွေအတွက် Windows 7 drivers တွေဆိုတာကတော့ ဟိုးကတည်းကိုက ခက်ခက်ခဲခဲ ရှာစရာမလိုတာပါ။

11. HP Drivers (Printers and Scanners)


HP printers နဲ့ scanners တွေအတွက် Windows 7 drivers နောက်ဆုံး သတင်းတွေကို သူ့ဆိုဒ်မှာဖော်ပြထားတဲ့ Windows 7 Driver Information တွေကနေ သိရှိနိုင်ပါတယ်။ အဲဒီမှာ HP Deskjet, Officejet, Photosmart, LaserJet, Designjet, နဲ့ Scanjet imaging device တွေအတွက် Windows 7 driver information တွေကိုလည်း အတူတကွ တွေ့မြင်နိုင် ပါတယ်။

ဆက်လက်ဖော်ပြသွားပါမည် -

က,ကြီး ရေးဖို့ကျောက်သင်ပုန်းရှာနေသူ

Life is what you make of it. Go out and make your dreams come true.
KznT is offline   Reply With Quote
Old 17-06-2010, 10:45 PM
  post #2
KznT
ကြီးကြပ်ရေးမှူး
 
KznT's Avatar
 
အသင်းဝင်နေ့စွဲ: Dec 2009
တည်နေရာ: http://www.techsectors.blogspot.com
ရေးသားချက်များ: 1,338
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 5,983
ပို့စ် 1,332 ခုအတွက် 20,392 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
KznT has a spectacular aura aboutKznT has a spectacular aura about
ပြန်စာ - Windows 7 Drivers ရယူနိုင်သော နေရာများ

12. Intel Drivers (Motherboards)


Intel motherboards တွေအတွက် Windows 7 drivers တွေကို intel ရဲ့ Microsoft Windows 7 စာမျက်နှာကနေ ဒေါင်းလုပ်ရယူနိုင်ပါတယ်။ သူ့ စာမျက်နှာမှာ ဖော်ပြထားတဲ့ lists ထဲက များပြားလှတဲ့ motherboards အမျိုးအစားတွေဟာ WHQL test ကို passed ဖြစ်ပြီး Windows 7 အတွက် drivers တွေလည်း ရှိနေပါပြီ။

13. Intel Chipset Drivers (Intel Motherboards)



ဒီ Windows 7 drivers တွေကို download ရယူမယ်ဆိုရင်တော့ 32-bit ရော 64-bit driver versions ( ၂ ) မျိုးလုံးကို Windows 7 အတွက် ရယူနိုင်ပါတယ်။

14. Lenovo (Desktops and Laptops)


Lenovo desktop နဲ့ laptop computers တွေအတွက် Windows 7 drivers တွေကို ဖော်ပြပါ Lenovo ရဲ့ support site ကနေ Download ရယူနိုင်ပါတယ်။ Lenovo ဟာ သူ့ရဲ့ ကွန်ပြူတာတွေ အတွက် Windows 7 information နဲ့ ပတ်သတ်ပြီး Website စာမျက်နှာမှာ ရှာဖွေရ လွယ်ကူအောင် ပြင်ဆင်ပေးထားပါတယ်။


15. Microsoft Drivers (Keyboards, Mice, Etc.)



Microsoft ဟာ OS တစ်ခုတည်း ထုတ်တာ မဟုတ်ပါဘူး - သူ နောက်ထပ် ထုတ်တဲ့ Hardware တွေရှိပါသေးတယ် ဥပမာ ပြောရရင် keyboards, mice, game controllers, webcams, စတာတွေပဲ ဖြစ်ပါတယ်။ Microsoft ဟာ သူထုတ်လုပ်ထားတဲ့ hardware products တွေရဲ့ Windows 7 drivers တွေကို သူ့ရဲ့ သက်ဆိုင်ရာ Microsoft Hardware Support စာမျက်နှာမှာ ဖော်ပြထားပါတယ်။ ဒါပေမယ့်လည်း Microsoft hardware တွေရဲ့ Up to date ဖြစ်တဲ့ Windows 7 drivers တွေဟာ လတ်တလော အခြေအနေမှာ beta အဆင့်မှာပဲ ရှိသေးတာ များပါတယ်။ ဒါကြောင့် Drivers တွေကို up to date ဖြစ်အောင် လုပ်ရင်းနဲ့ beta drivers နဲ့ တိုးပြီး ပြဿနာ ဖြစ်မှာ စိုးရိမ်ရပါတယ်။ သတိထားပြီး အသုံးပြုစေချင်ပါတယ်။ Final versions ရပြီ ဆိုတာနဲ့ Beta မှာ ရပ်မနေပဲ ပြောင်းပြီး သုံးနိုင်ဖို့ ကြိုးစားပေးပါ။

16. NVIDIA GeForce/ION Driver (Video)


နောက်ဆုံးထွက် NVIDIA GeForce/ION Windows 7 driver ရဲ့ version ဟာ 195.55 (Released 2009-11-17) ဖြစ်ပြီး ဒီ Windows 7 driver ဟာ NVIDIA GeForce 6, 7, 8, 9, 100, - 200 series desktop GPUs တွေနဲ့ ION desktop GPUs အမျိုးအစား အားလုံးနဲ့ compatible ဖြစ်ပါတယ်။ သတိပြုရန်: ခုဖော်ပြထားတဲ့ link က Windows 7 32-bit driver အတွက် ဖြစ်ပြီး 64-bit version အတွက် Windows 7 driver ကိုလည်း NVIDIA website မှာ တွေ့ရှိနိုင်ပါတယ်။


17. NVIDIA 3D Vision Driver (Video)



နောက်ဆုံးထွက် NVIDIA 3D Vision Windows 7 driver ရဲ့ version ဟာ 195.55 Beta (Released 2009-11-18) ဖြစ်ပြီး အဲဒီ့ Windows 7 driver မှာ 32-bit နဲ့ 64-bit versions နှစ်မျိုးလုံး ပါဝင်ပါတယ်။

18. Realtek High Definition Driver (Audio)


နောက်ဆုံးထွက် Realtek High Definition Windows 7 driver ရဲ့ version ဟာ R2.49 (Released 2010/6/11) ဖြစ်ပြီး အဲ့ဒီ့ Download ထဲမှာ Windows 7 driver 32-bit နဲ့ 64-bit versions နှစ်မျိုးလုံး ပါဝင်ပါတယ်။


19. Sony Drivers (Desktops and Notebooks)



Sony desktop နဲ့ notebook computers တွေအတွက် Windows 7 drivers တွေကို Sony ရဲ့ Support site မှာ Download ရယူနိုင်ပါတယ်။

20. Toshiba Drivers (Laptops)


Toshiba computers တွေအတွက် Windows 7 drivers တွေကို Toshiba ရဲ့ standard support site မှာ Download ရယူနိုင်ပါတယ်။

အားလုံးပဲ Drivers ပြဿနာများ ကင်းဝေးနိုင်ကြပါစေ -

KznT.

က,ကြီး ရေးဖို့ကျောက်သင်ပုန်းရှာနေသူ

Life is what you make of it. Go out and make your dreams come true.

Last edited by KznT; 20-08-2010 at 06:26 PM..
KznT is offline   Reply With Quote
Old 02-04-2011, 04:04 PM
  post #3
Aungnaing123
မွေးကင်းစကလေး
 
အသင်းဝင်နေ့စွဲ: Feb 2011
ရေးသားချက်များ: 1
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 0
ပို့စ် 1 ခုအတွက် 2 ဦးမှကျေးဇူးတင်ကြောင်းပြောပါသည်။
Aungnaing123 is on a distinguished road
ပြန်စာ - Windows 7 Drivers ရယူနိုင်သော နေရာများ

pls can u help me that how to do for myanmar words in window7 bits64 HP
Aungnaing123 is offline   Reply With Quote
အောက်ပါအသင်းဝင် 2 ဦးတို့မှ Aungnaing123 အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 02-04-2011, 05:10 PM
  post #4
bagothar85
အထူးအသင်းဝင်
 
bagothar85's Avatar
 
အသင်းဝင်နေ့စွဲ: Dec 2010
ရေးသားချက်များ: 1,297
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 7,571
ပို့စ် 1,345 ခုအတွက် 8,093 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
bagothar85 will become famous soon enough
ပြန်စာ - Windows 7 Drivers ရယူနိုင်သော နေရာများ

Quote:
Originally Posted by Aungnaing123 View Post
pls can u help me that how to do for myanmar words in window7 bits64 HP
" Myanmar words " ဆိုတာ မြန်မာစာတွေကို ရေးလို့ရချင်တာ၊ ဖတ်လို့ရချင်တာကို ပြောတာလား မသိဘူးခင်ဗျာ။ အဲဒါဆိုရင်တော့ ဒီပို့မှာ အစ်ကိုကေဇက် တင်ထားပေးတဲ့ Myanmar Fonts Collection ရှိပါတယ်။ အောက်ကလင့်မှာ ဒေါင်းလုဒ်နိုင်ပါတယ်။ ပြီးလို့ရှိယင် အဲဒီထဲမှာပါတဲ့ zawgyi 2008 ဆိုတဲ့ Folder ကလွဲလို့ အောက်က ဖောင့်တွေအားလုံးကို Copy လုပ်ပြီး Control Panel - Appearance - Fonts ဆိုတဲ့ Folder ထဲကို Paste လုပ်လိုက်ပါ။ ပြီးယင်တော့ zawgyi 2008 ဆိုတဲ့ Folder ထဲက ZFK-EG-WC2.EXE ဆိုတဲ့ဟာကို Install လုပ်လိုက်ပါ။ ဒါဆိုယင်တော့ မြန်မာစာကို ရေးနိုင်၊ဖတ်နိုင်ပါပြီခင်ဗျာ။ Unicode Fonts တွေအတွက်ကိုတော့ ဒီနေရာမှာ သွားကြည့်လိုက်ပါ။ အဆင်ပြေပါစေခင်ဗျာ။

Myanmar Fonts
bagothar85 is offline   Reply With Quote
အောက်ပါအသင်းဝင် 17 ဦးတို့မှ bagothar85 အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 22-06-2011, 09:02 PM
  post #5
နေမင်းစိုး
ကလေးပေါက်စ
 
အသင်းဝင်နေ့စွဲ: Sep 2009
ရေးသားချက်များ: 48
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 1
ပို့စ် 16 ခုအတွက် 17 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
နေမင်းစိုး is on a distinguished road
ပြန်စာ - Windows 7 Drivers ရယူနိုင်သော နေရာများ

hp laserjet 1020 printer driver လေးလိုချင်လို့ပါ..
ဆိုဒ်ထဲကအကိုတို့အမတို့ကူညီကြပါအုံးဗျို့.....
နေမင်းစိုး is offline   Reply With Quote
Old 22-06-2011, 09:19 PM
  post #6
bagothar85
အထူးအသင်းဝင်
 
bagothar85's Avatar
 
အသင်းဝင်နေ့စွဲ: Dec 2010
ရေးသားချက်များ: 1,297
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 7,571
ပို့စ် 1,345 ခုအတွက် 8,093 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
bagothar85 will become famous soon enough
ပြန်စာ - Windows 7 Drivers ရယူနိုင်သော နေရာများ

Quote:
Originally Posted by နေမင်းစိုး View Post
hp laserjet 1020 printer driver လေးလိုချင်လို့ပါ..
ဆိုဒ်ထဲကအကိုတို့အမတို့ကူညီကြပါအုံးဗျို့.....
ဒီနေရာမှာ မိမိရဲ့ ဝင်းဒိုးအလိုက် ဒေါင်းလုဒ်နိုင်ပါတယ်ခင်ဗျာ.. တကယ်လို့ ဒေါင်းရတာ အဆင်မပြေခဲ့ယင် လိုချင်တဲ့ Driver နာမည်လေးကို ပြောပေးပါ.. ဒေါင်းပြီးပြန်တင်ပေးပါမယ်.. အဆင်ပြေပါစေခင်ဗျာ..
bagothar85 is offline   Reply With Quote
အောက်ပါအသင်းဝင် 10 ဦးတို့မှ bagothar85 အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 22-06-2011, 11:50 PM
  post #7
ဟိန်းဟိန်းမြတ်
ကိုယ်ပိုင်အစွမ်းရှိပြီးသူ
 
ဟိန်းဟိန်းမြတ်'s Avatar
 
အသင်းဝင်နေ့စွဲ: Jan 2009
တည်နေရာ: Yangon
ရေးသားချက်များ: 214
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 1,557
ပို့စ် 62 ခုအတွက် 221 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
ပုံများ: 10
ဟိန်းဟိန်းမြတ် is on a distinguished road
ပြန်စာ - Windows 7 Drivers ရယူနိုင်သော နေရာများ

ကျွန်တော်လဲ ကိုKznT ကိုထပ်ပြီးအင်အားဖြည့်ပေးပါဦးမယ်
ဒါကတော့ Fujitsu Notebook ကို Model အားလုံးအတွက် Window 7 Driver ဒေါင်းလုပ်ချနိုင်တဲ့နေရာပါ



ကိုယ့် NoteBook ရဲ့ Series နဲ့ Model အလိုက်ရွေးပြီးဒေါင်းလုပ်ချလိုက်ရုံပါပဲ....
အားလုံးအဆင်ပြေပါစေ...

အရည်အချင်းရှိအောင်အရင်ကြိုးစား အောင်မြင်မှုကနောက်ကလိုက်လာလိမ့်မယ်
ဟိန်းဟိန်းမြတ် is offline   Reply With Quote
အောက်ပါအသင်းဝင် 11 ဦးတို့မှ ဟိန်းဟိန်းမြတ် အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 23-09-2011, 12:49 PM
  post #8
Dr.Z
မွေးကင်းစကလေး
 
အသင်းဝင်နေ့စွဲ: Jun 2011
ရေးသားချက်များ: 1
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 2
ပို့စ် 0 ခုအတွက် 0 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
Dr.Z is on a distinguished road
ပြန်စာ - Windows 7 Drivers ရယူနိုင်သော နေရာများ

ကျွန်တော်ကိုလည်း တစ်ခုလောက် ကူညီပါဦးခင်ဗျာ -

ကျွန်တော်တို့ရုံးမှာ
HP Scanjet 2400 ရဲ့ Driver တွေလိုနေပါတယ်၊ ဆော့ဝဲလ် တွေလည်း ဒီနေရာလေးမှာ ရှာတွေ့ထားပါတယ်၊ ဒါပေမဲ့ ဂစ်များလို့လားမသိ၊ ကွန်နက်ရှင်မကောင်းတာပဲလားမသိ ချမရပဲ လည်နေပါတယ်၊

ကူညီနိုင်ရင် ဒေါင်းလော့ချပြီး ifile.it ကနေ 30 MB လောက်နဲ့ ပြန်တင်ပေစေချင်ပါတယ်။

လိုအပ်နေတဲ့ဆော့ဝဲလ်လေးများ

HP Scanjet Full Feature Software and Driver
bHP Scanjet Basic Feature Driver
PDF Page Size Patch for Scanjet Software version 13.0
HP Scan Diagnostic Utility
Dr.Z is offline   Reply With Quote
Old 23-09-2011, 02:40 PM
  post #9
phyomyintthein
ကြီးကြပ်သူ
 
အသင်းဝင်နေ့စွဲ: Feb 2008
ရေးသားချက်များ: 431
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 2,352
ပို့စ် 399 ခုအတွက် 3,050 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
phyomyintthein is on a distinguished road
ပြန်စာ - Windows 7 Drivers ရယူနိုင်သော နေရာများ

Quote:
Originally Posted by Dr.Z View Post

ကူညီနိုင်ရင် ဒေါင်းလော့ချပြီး ifile.it ကနေ 30 MB လောက်နဲ့ ပြန်တင်ပေစေချင်ပါတယ်။
bHP Scanjet Basic Feature Driver
PDF Page Size Patch for Scanjet Software version 13.0
HP Scan Diagnostic Utility

HP Scanjet Full Feature Software and Driver
Dr.Z အခက်အခဲ ကင်းရှင်းပါစေ။
ဖြိုးမြင့်သိန်း

Last edited by phyomyintthein; 23-09-2011 at 03:56 PM.. Reason: Link ဖြည့်ရန်
phyomyintthein is offline   Reply With Quote
အောက်ပါအသင်းဝင် 9 ဦးတို့မှ phyomyintthein အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 26-09-2011, 04:55 PM
aungko2010
လမ်းလျှောက်တတ်စ
 
aungko2010's Avatar
 
အသင်းဝင်နေ့စွဲ: Apr 2010
ရေးသားချက်များ: 19
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 13
ပို့စ် 4 ခုအတွက် 11 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
aungko2010 is on a distinguished road
ပြန်စာ - Windows 7 Drivers ရယူနိုင်သော နေရာများ

အစ်ကို>အစ်မတို့ရေ
အကူအညီလေးတောင်းချင်လို့ပါ
ကျွန်တော်မှာ hp scanjet G3010 ရှိတယ်ဗျာ
ကွန်ပျူတာက ၀င်းဒိုး ၇ ဖြစ်နေတော့ တင်လို့မရဘူးဖြစ်နေတယ်
scan Driver CD မှာလည်း ၀င်းဒိုး ၇ မပါလာဘူး
ဝင်းဒိုး Xp, vista, 2000 တို့ပဲပါတယ်
ဝင်းဒိုး ၇ မှာတင်လို့ ရတဲ့ hp scanjet G3010 Driver Software ရှိရင်မျှပေးပါနော်
ကျေးဇူးအထူးတင်ရှိပါတယ်
မြန်မြန်လေးမျှစေချင်ပါတယ်
Thankyou

:rockers:
မရပ်မနားတမ်း :28: ဟစ်ကြွေးကြမယ် :drum:
I like Rocker Group
Iron Cross my crazy
:sword: လာမယှဉ်နဲ့ သေသွားမယ်

[email]akozaw@gmail.com[/email]
[email]aungko769@gmail.com[/email]
aungko2010 is offline   Reply With Quote
အောက်ပါအသင်းဝင် 3 ဦးတို့မှ aungko2010 အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 26-09-2011, 05:40 PM
phyomyintthein
ကြီးကြပ်သူ
 
အသင်းဝင်နေ့စွဲ: Feb 2008
ရေးသားချက်များ: 431
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 2,352
ပို့စ် 399 ခုအတွက် 3,050 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
phyomyintthein is on a distinguished road
ပြန်စာ - Windows 7 Drivers ရယူနိုင်သော နေရာများ

Quote:
Originally Posted by aungko2010 View Post
ဝင်းဒိုး ၇ မှာတင်လို့ ရတဲ့ hp scanjet G3010 Driver Software ရှိရင်မျှပေးပါနော်
32 bits အတွက်

64 bits အတွက်
ကိုaungko2010 အခက်အခဲ ကင်းရှင်းပါစေ။
ဖြိုးမြင့်သိန်း
phyomyintthein is offline   Reply With Quote
အောက်ပါအသင်းဝင် 13 ဦးတို့မှ phyomyintthein အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 27-09-2011, 10:30 PM
minthike
အထူးအသင်းဝင်
 
minthike's Avatar
 
အသင်းဝင်နေ့စွဲ: Nov 2007
တည်နေရာ: singapore
ရေးသားချက်များ: 1,937
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 14,779
ပို့စ် 1,805 ခုအတွက် 9,625 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
ပုံများ: 19
minthike is on a distinguished road
ပြန်စာ - Windows 7 Drivers ရယူနိုင်သော နေရာများ

7 မှာ vista driver တွေ install လို့ရမလားဘဲ အောက်ကလင့်လေးတွေ့မိလို့ပါ
http://www.techspot.com/blog/354/no-...-using-vistas/
http://social.technet.microsoft.com/...-a1ab826059b7/

Josh Groban - To Where You Are
mt.myanmarfamily@gmail.com

minthike is offline   Reply With Quote
အောက်ပါအသင်းဝင် 7 ဦးတို့မှ minthike အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 04-10-2011, 05:01 PM
aungko2010
လမ်းလျှောက်တတ်စ
 
aungko2010's Avatar
 
အသင်းဝင်နေ့စွဲ: Apr 2010
ရေးသားချက်များ: 19
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 13
ပို့စ် 4 ခုအတွက် 11 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
aungko2010 is on a distinguished road
ပြန်စာ - Windows 7 Drivers ရယူနိုင်သော နေရာများ

Quote:
Originally Posted by phyomyintthein View Post
32 bits အတွက်



64 bits အတွက်
ကိုaungko2010 အခက်အခဲ ကင်းရှင်းပါစေ။
ဖြိုးမြင့်သိန်း
အစ်ကိုရေ
အစ်ကိုပြောတဲ့နေရာကို သွားပြီးပြီ
ဒေါင်းလို့မရလို့ ဒီမှာအကူအညီတောင်းတာပါ
နောက်ဘယ်ကဒေါင်းလို့ရနိုင်မလဲဟင်
ရှာပေးပါအုံးနော်
ကူညီပေးပါအုံးနော်
ကျေးဇူးတင်ပါတယ်

:rockers:
မရပ်မနားတမ်း :28: ဟစ်ကြွေးကြမယ် :drum:
I like Rocker Group
Iron Cross my crazy
:sword: လာမယှဉ်နဲ့ သေသွားမယ်

[email]akozaw@gmail.com[/email]
[email]aungko769@gmail.com[/email]
aungko2010 is offline   Reply With Quote
Old 04-10-2011, 05:21 PM
bagothar85
အထူးအသင်းဝင်
 
bagothar85's Avatar
 
အသင်းဝင်နေ့စွဲ: Dec 2010
ရေးသားချက်များ: 1,297
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 7,571
ပို့စ် 1,345 ခုအတွက် 8,093 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
bagothar85 will become famous soon enough
ပြန်စာ - Windows 7 Drivers ရယူနိုင်သော နေရာများ

Quote:
Originally Posted by aungko2010 View Post
အစ်ကိုရေ
အစ်ကိုပြောတဲ့နေရာကို သွားပြီးပြီ
ဒေါင်းလို့မရလို့ ဒီမှာအကူအညီတောင်းတာပါ
နောက်ဘယ်ကဒေါင်းလို့ရနိုင်မလဲဟင်
ရှာပေးပါအုံးနော်
ကူညီပေးပါအုံးနော်
ကျေးဇူးတင်ပါတယ်
ကျွန်တော် ဒေါင်းပြီး ပြန်တင်ပေးလိုက်ပါတယ်... အဆင်ပြေပါစေခင်ဗျာ...

HP Scanjet G3010 Basic Feature driver Windows 7 - 32-bit

HP Scanjet G3010 Basic Feature driver Windows 7 - 64-bit
bagothar85 is offline   Reply With Quote
အောက်ပါအသင်းဝင် 4 ဦးတို့မှ bagothar85 အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 06-10-2011, 01:11 AM
နေလင်းဦး
ကလေးပေါက်စ
 
အသင်းဝင်နေ့စွဲ: Apr 2010
ရေးသားချက်များ: 21
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 14
ပို့စ် 9 ခုအတွက် 22 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
နေလင်းဦး is on a distinguished road
ပြန်စာ - Windows 7 Drivers ရယူနိုင်သော နေရာများ

အစ်ကိုတို့...အစ်မတို့ရေ....
CanonScan Lite 20 ကို Win7 64Bit မှာတင်ချင်လို့ ကူညီပါဗျာ......
နေလင်းဦး is offline   Reply With Quote
အောက်ပါအသင်းဝင်မှ နေလင်းဦး အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 15-03-2012, 02:04 AM
minthike
အထူးအသင်းဝင်
 
minthike's Avatar
 
အသင်းဝင်နေ့စွဲ: Nov 2007
တည်နေရာ: singapore
ရေးသားချက်များ: 1,937
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 14,779
ပို့စ် 1,805 ခုအတွက် 9,625 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
ပုံများ: 19
minthike is on a distinguished road
ပြန်စာ - Windows 7 Drivers ရယူနိုင်သော နေရာများ

vista 64 bit driver နဲ့စမ်းကြည့်ပေါ့ မရရင်တော့ xp 64 နဲ့စမ်းကြည့်ပါ မရရင်တော့ email ပို့ပြီး request လုပ်ကြည့်ပါအုန်း
http://usa.canon.com/cusa/support/co...ersAndSoftware


Josh Groban - To Where You Are
mt.myanmarfamily@gmail.com

minthike is offline   Reply With Quote
အောက်ပါအသင်းဝင် 2 ဦးတို့မှ minthike အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 15-03-2012, 02:09 AM
minthike
အထူးအသင်းဝင်
 
minthike's Avatar
 
အသင်းဝင်နေ့စွဲ: Nov 2007
တည်နေရာ: singapore
ရေးသားချက်များ: 1,937
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 14,779
ပို့စ် 1,805 ခုအတွက် 9,625 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
ပုံများ: 19
minthike is on a distinguished road
ပြန်စာ - Windows 7 Drivers ရယူနိုင်သော နေရာများ

Quote:
နောက်ဆုံးထွက် NVIDIA GeForce/ION Windows 7 driver ရဲ့ version ဟာ 195.55 (Released 2009-11-17) ဖြစ်ပြီး ဒီ Windows 7 driver ဟာ NVIDIA GeForce 6, 7, 8, 9, 100, - 200 series desktop GPUs တွေနဲ့ ION desktop GPUs အမျိုးအစား အားလုံးနဲ့ compatible ဖြစ်ပါတယ်။ သတိပြုရန်: ခုဖော်ပြထားတဲ့ link က Windows 7 32-bit driver အတွက် ဖြစ်ပြီး 64-bit version အတွက် Windows 7 driver ကိုလည်း NVIDIA website မှာ တွေ့ရှိနိုင်ပါတယ်။
နောက်ဆုံးထွက်တဲ့ driver ကို nvidia မှာ ဒေါင်းပြီး install လုပ်တော့ function key ကနေ brightness အတင်အချတွေ အလုပ်မလုပ်တော့ဘူး ဒါနဲ့ဘဲ ပြန်ဆင်းလိုက်ရတယ်၊

Josh Groban - To Where You Are
mt.myanmarfamily@gmail.com

minthike is offline   Reply With Quote
အောက်ပါအသင်းဝင် 2 ဦးတို့မှ minthike အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 17-08-2013, 07:12 PM
ဇေရန်ပိုင်
မွေးကင်းစကလေး
 
အသင်းဝင်နေ့စွဲ: Oct 2012
ရေးသားချက်များ: 4
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 0
ပို့စ် 1 ခုအတွက် 1 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
ပုံများ: 1
ဇေရန်ပိုင် is on a distinguished road
ပြန်စာ - Windows 7 Drivers ရယူနိုင်သော နေရာများ

ိdell lattop windows 7 drivers ယူလို့မရဘူးဖြစ်နေတယ် သိတဲ့လူများရှိရင်ကူညီပေးပါအုံးနော်။
ဇေရန်ပိုင် is offline   Reply With Quote
Reply

Tags
drivers, hardware, how to, internet, user guide

တန်ဆာပလာများ
ဖော်ပြမှုပုံစံ

Posting Rules
You may not post new threads
You may not post replies
You may not post attachments
You may not edit your posts

BB code is On
Smilies are On
[IMG] code is On
HTML code is Off

ဖိုရမ်တွေ ကျော်ရောက်ချင်ရင် !

အခြားဆင်တူဆွေးနွေးချက်များ
ဆွေးနွေးချက် စတင်ရေးသားသူ ကွပ်ပျစ်ဝိုင်း ပြန်စာများ နောက်ဆုံးပို့စ်
Torrent ဘာလဲ Torrent ဘယ်လဲ ?? KznT အထွေထွေဗဟုသုတ 27 06-04-2015 02:06 AM
Window 7 cheehtoke Windows နှင့်သက်ဆိုင်သော 51 26-09-2010 07:57 AM
Windows 7 Premium/Pro/Enter - x86/x64 - Direct Links KznT Windows 7 7 26-08-2010 08:51 PM
Operating Systems များမာတိကာ Myo Min Zaw Operating Systems 0 08-03-2010 05:48 AM


ဖိုရမ်၏ ပင်မအချိန်သည် ဂရင်းနစ်စံတော်ချိန် +6.5 ဖြစ်သည်။ဒေသစံတော်ချိန် 03:28 AM
Inactive Reminders By Icora Web Design