Go Back   မြန်မာမိသားစုဖိုရမ် » ..:: ကွန်ပျူတာနယ်ပယ် ::.. » Hardware များဆိုင်ရာ
မြန်မာလက်ကွက်

Hardware များဆိုင်ရာ Hardware များအကြောင်း နှင့်အသုံးဝင်ပုံ၊အသုံးချပုံများ ဆွေးနွေးထားတဲ့နေရာဖြစ်သလို ရင်ဆိုင်ရသည့်အခက်အခဲများကို ၀ိုင်းဝန်းဖြေရှင်းဆွေးနွေးထားသည့်နေရာဖြစ်ပါသည်..

Reply
 
Bookmark and Share တန်ဆာပလာများ ဖော်ပြမှုပုံစံ
Old 20-03-2011, 03:41 PM
KznT
ကြီးကြပ်ရေးမှူး
 
KznT's Avatar
 
အသင်းဝင်နေ့စွဲ: Dec 2009
တည်နေရာ: http://www.techsectors.blogspot.com
ရေးသားချက်များ: 1,338
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 5,983
ပို့စ် 1,332 ခုအတွက် 20,392 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
KznT has a spectacular aura aboutKznT has a spectacular aura about
Laptop ပြင်ဆင်မှု နည်းလမ်းများ

မြန်မာမိသားစုဖိုရမ်ထဲက သဘောအကျဆုံး Thread တွေထဲမှာ ဒီ Thread လည်း တစ်ခုပါတယ် - ကျွန်တော်က ပြင်ဆင်ရေးဆို သိပ်ကို ဝါသနာပါတာ - ငယ်ငယ်တည်းက စက်ဘီးပျက်ပြင်တယ် - မီးခလုတ်ခုံပျက် ပြင်တယ် - အကျိုးအပဲ့တွေဆို မရရအောင် လိုက်ဆက်တယ် စသဖြင့် - ပြင်ဆင်ရေးကတော့ အရမ်းကောင်းသလို စိတ်လည်း စိတ်ချရတယ် ဟိုတစ်လောက နားကျပ်လေးတစ်ဖက် ကိုင်းကျိုးလို့ဆိုပြီး ပြန်ဆက်ဖို့လုပ်တာ စကားပါပြောမရတော့ဘူး

ခုလည်း ဒီဖိုရမ် ဝင်စတုန်းက ကိုမုန်းလေးရေးတဲ့ ဒီ Topic ကို ဖတ်မိတယ် - အများကြီး အပင်ပန်းခံထားတာ တွေ့ရတယ် - ပြင်ဆင်ရေးပိုင်းကို တစ်ဖက်လူ မြင်သာအောင် ဒီလောက်ထိ အသေးစိတ်ရေးဖို့ဆိုတာ မလွယ်ဘူး - ကျွန်တော်ဆို မရေးနိုင်ဘူး အမှန်ပြောတာ - အခု ဒီ Topic လေးက ကိုမုန်းလေးလည်း မအား ဆက်ရေးပေးမယ့်လူလည်း မရှိဖြစ်နေတော့ တန်ဖိုးရှိတဲ့ Topic တစ်ခု သေနေသလို ဖြစ်နေတာနဲ့ စိတ်ထဲမကောင်းဘူး ဖြစ်မိတယ် - တော်တော်များများက တစ်နေ့နဲ့ တစ်နေ့ ရှေ့ကနေ တက်လာတဲ့ Topic တွေကိုသာ ဝင်ဖတ်ကြလေ့ ရှိတာ နောက်ကိုရောက်သွားတဲ့ Topics တွေကို တော်ယုံဝင်မွှေကြလေ့ မရှိဘူး - အဲ့လို မဖြစ်ရအောင် တန်ဖိုးရှိတဲ့ Thread တစ်ခုကို မိသားစုဝင်များ ပြန်သတိထားမိအောင် ကျွန်တော် ဒီ Topic လေးမှာပဲ Laptop ပြင်ဆင်ရေးနဲ့ ပတ်သတ်ပြီး ဆက်ရေးပေးပါ့မယ် -


ကိုမုန်းလေးလိုတော့ Screenshots တွေနဲ့ ကျွန်တော် တင်ပေးနိုင်မှာ မဟုတ်ဘူးခင်ဗျ - Laptop ပြင်ဆင်ရေးနဲ့ ပတ်သတ်ပြီး ကျွန်တော့်မှာ အခွေပေါင်း ၃၀ - ကြည့်မယ်ဆို နာရီပေါင်း ၁၀ နာရီကျော် ကြည့်ရမယ့် HD videos တွေရှိပါတယ် - HD videos ဆိုတဲ့ အတိုင်း Quality ကတော့ ပြောဖို့ မလိုဘူး - ဒီလို Laptop ပြင်ဆင်ရေး ဗွီဒီယိုမျိုးတွေကို Youtube မှာလည်းရှာကြည့်လို့ ရပေမယ့် ဒီအခွေမှာ ပါတဲ့ အကြောင်းအရာတွေဟာ အရမ်းကို အသေးစိတ်တယ် - Quality ကလည်း Youtube မှာ ကြည့်ရသလို low quality မဟုတ်ဘူး - ကမ္ဘာတစ်ဝှမ်းလုံးက laptops တွေကို ပြင်ပေးလာတဲ့ laptop specialist - Steve Cherubino ကိုယ်တိုင် အသေးစိတ် ရိုက်ကူးထားတဲ့ Videos ပါ - သူဖန်တီးထားတဲ့ Official laptop repair blog လည်း ရှိတယ် - ဒီ Laptop Repair Video Collection ဟာ တန်ဖိုးအားဖြင့် ကြည့်မယ်ဆိုရင် $54.95 ရှိပါတယ် - တတ်နိုင်မယ်ဆိုရင် ဝယ်ကြည့်ပါ - ကျွန်တော့်အနေနဲ့တော့ ဒီနေရာမှာ ပညာရပ်တစ်ခု ကို လေ့လာချင်ပေမယ့် ငွေကြေးမတတ်နိုင်သူတွေ အတွက် ဦးစားပေးပြီး ဗွီဒီယိုထဲမှာ ပါမယ့် ရှင်းလင်းမှုတွေထဲက ပါဝင်မယ့် အစီအစဉ်အကြမ်းဖျဉ်းကို မိတ်ဆက်ပြောပြပြီး အပိုင်းလိုက် Download ချဖို့ Links တွေ ဖော်ပြပေးသွားပါမယ်။

ကျွန်တော် အရင်တုန်းက ခုလိုမျိုး Laptop Repair တို့ Desktop Repair တို့ဆိုတဲ့ Videos တွေ ခဏခဏ ကြည့်ခဲ့ဖူးတယ် - ကြည့်ဖူးသမျှတော်တော်များများက မရှင်းမရှင်းနဲ့ အဖြစ်တွေပဲ လုပ်ထားကြတာ - ခု ဒီအခွေမှာတော့ ကျွန်တော်စကြည့်တည်းက Laptop ပြင်ဆင်ရေးနဲ့ ပတ်သတ်ပြီး တော်တော် အသေးစိတ်ရိုက်ကူးထားတာ တွေ့ရသလို အခေါက်ခေါက် ပြန်ကြည့်တိုင်း အခေါက်ခေါက် အခါခါ Knowledge တွေ ရခဲ့တယ် - ဝါသနာပါသူများ မပြတ်မကွက် လေ့လာကြည့်ပါ - အဓိက မှာချင်တာ Laptop Repair ဆိုတဲ့ ခေါင်းစဉ်မြင်လိုက်လို့ ကိုယ့်မှာ ပြင်စရာ Laptop မရှိပဲ ဒီ Videos တွေ ကြည့်ပြီး ဘာမှအသုံးမဝင်လာမှာ မဟုတ်လောက်ပါဘူးလို့ မထင်ပါနဲ့ - ပြင်စရာ Laptop မရှိသေးလည်း ဝါသနာပါတယ်ဆိုရင် ကြည့်ဖြစ်အောင်သာ ကြည့်လိုက်ပါ - Knowledge အများကြီး ရလာပါလိမ့်မယ် -

အပိုင်း ( ၃၀ ) ရှိပါတယ် - ကျွန်တော် တစ်နေ့ နှစ်ပိုင်း ( ဒါမှမဟုတ် ) သုံးပိုင်း ပုံမှန်တင်ပြီး ဗွီဒီယိုထဲမှာ ပါမယ့် ရှင်းလင်းမှုတွေထဲက အစီအစဉ်အကြမ်းဖျဉ်းကို မိတ်ဆက်ပေးပါ့မယ် - အပိုင်းလိုက် ဘာကို လေ့လာနိုင်မယ် ဆိုတာမျိုးပေါ့ - ဒီနေ့အတွက် သုံးပိုင်းကတော့ -

Introduction - ဒီအပိုင်းမှာက စာအုပ်တစ်ခုရဲ့ အမှာစာ သဘောမျိုးပဲ - တစ်ချို့ကတော့ အမှာစာဆို မဖတ်တော့ပဲ ကျော်သွားကြတာ များတယ် - အမှန်က အမှာစာ ဆိုတာ စာအုပ်တစ်ခုရဲ့ အသက်ပါ - ဆိုရရင် အမှာစာ ဆိုတာထဲမှာ စာအုပ်ကို ပြင်ဆင်ခဲ့တဲ့ စာရေးသူရဲ့ ဖြစ်ရပ်မှန်တွေ - ခံယူချက်တွေ - ဘယ်လိုရေးသားခဲ့တယ် ဆိုတာတွေကို မြင်တွေ့နိုင်ပါတယ် - အဲ့လိုမျိုးပဲ ခု ဖော်ပြသွားမယ့် Introduction အပိုင်းမှာ ဒီဗွီဒီယိုကို ဖန်တီးခဲ့သူရဲ့ စိတ်ကူးတွေ - ရည်ရွယ်ချက် ရည်မှန်းချက်တွေ - ဘာတွေကို အရင်ဦးဆုံး လေ့လာသင့်မယ် ဆိုတာတွေကို မိတ်ဆက်ပေးထားပါတယ် -


Download via Up4Vn!!

( or )

Download via MutiUpload!!

Quote:
01 - Introduction-HD.avi (12.2 MB)
http://www.multiupload.com/WHWXWSTZME
Tools - ဒီအပိုင်းမှာတော့ Laptop တွေပြင်ဆင်တဲ့ နေရာမှာ ဘယ် Tools တွေကို အဓိကသုံးတယ် - ဘယ် Tools တွေကတော့ ဆောင်ထားသင့်တယ် - ဘယ်တံဆိပ်တွေ ကောင်းတယ် - အပိုပစ္စည်း ဘာတွေ ဆောင်ထားသင့်တယ်ဆိုတာ အသေးစိတ် ပစ္စည်းတစ်ခုချင်းစီ မိတ်ဆက်ပေးထားပါတယ်။


Download via Up4Vn!!

( or )

Download via Multiupload!!

Quote:
02 - Tools-HD.avi (72.8 MB)
http://www.multiupload.com/A3PKD5JS1V
Batteries - ဒီအပိုင်းမှာတော့ Batteries တွေ ကောင်းမကောင်း ဘယ်လို သိနိုင်မလဲ - လဲဖယ်ဖို့ လိုမလား မလိုဘူးလား - ကိုယ်သုံးနေတဲ့ Laptop နဲ့ Power adapter က ကိုက်ညီမှု ရှိမရှိ - Voltage, Amps နဲ့ Watt တွေရဲ့ ဆက်စပ်မှုတွေ အကြောင်း - ကိုယ့် Laptop နဲ့ ကိုက်ညီမယ့် Power adapter ကို ဘယ်လို ရွေးချယ် ဝယ်ယူမလဲ - Battery ကို Charging မဝင်ရင် Battery မကောင်းတာလား DC jack ပျက်တာလား ဘယ်လို သိနိုင်မလဲ - အသေးစိတ်အချက်အလက်တွေ ဘယ်လိုတိုက်ဆိုင် စစ်ဆေးမလဲ - Online မှာ ပစ္စည်းရွေးချယ် ဝယ်ယူနည်းက ဘယ်လိုတွေ ရှိလဲ - စတဲ့ Batteries နဲ့ သက်ဆိုင်တဲ့ အကြောင်းအရာ တော်တော်များများကို ဒီအပိုင်းထဲမှာ ဆွေးနွေးသွားပါလိမ့်မယ် - အင်္ဂလိပ်လို ရှင်းလင်းချက် ဖြစ်နေတာမို့ စကားပြောတိုင်းကို တတ်နိုင်သမျှ သေချာနားထောင်ပြီး နားလည်နိုင်အောင် ကြိုးစားကြည့်ပါ - ချက်ချင်း နားမလည်သေးရင် တစ်ပိုင်းချင်းစီကို ထပ်ခါထပ်ခါ ပြန်ကြည့်ပါ - တန်ဖိုးရှိတာ တွေ့ရပါလိမ့်မယ် -



Download via Up4Vn!!

( or )

Download via MultiUpload!!

Quote:
03 - Batteries-HD.avi (101.9 MB)
http://www.multiupload.com/ZCJNZW6KXG
ဆက်လက်ဖော်ပြပါမည် -

က,ကြီး ရေးဖို့ကျောက်သင်ပုန်းရှာနေသူ

Life is what you make of it. Go out and make your dreams come true.

Last edited by KznT; 24-03-2011 at 08:00 AM..
KznT is offline   Reply With Quote
အောက်ပါအသင်းဝင် 48 ဦးတို့မှ KznT အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
ကိုကိုသီဟ, ကိုစံငြိမ်း, ကိုသီလ, ချစ်သမီး, ဆန်းမောင်, နီထွန်းဦး, မဒီ, မုန်းလေး, ရဲရဲလေး, သန့်ဇင်ဌေး, ဂေါ်ဖီထုတ်လေး, ဇော်ရဲပိုင်, နေမင်းမောင်, မောင်ပေါ်ဦး, မောင်အောင်ဟိန်းအေး, အေးမင်းမောင်, မြင့်မိုရ်, ah nai, arkaraung, azp09, bagothar85, blackNwhite, bonge, eiei, g00gle, htoo war, htun30, kingofvirus, ko lin, kyaukphyu, KZaw, Lwin Thu, minthike, minthumon, mmkyioo, Moe Tain, pannuko, phyomyintthein, PyaitSone, sky4ster, soehtetpaing, Thein Htike, thetnaung87, tu tu, wahgyi, yawnathan, zawyehtut, zo
Old 23-03-2011, 11:28 PM
KznT
ကြီးကြပ်ရေးမှူး
 
KznT's Avatar
 
အသင်းဝင်နေ့စွဲ: Dec 2009
တည်နေရာ: http://www.techsectors.blogspot.com
ရေးသားချက်များ: 1,338
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 5,983
ပို့စ် 1,332 ခုအတွက် 20,392 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
KznT has a spectacular aura aboutKznT has a spectacular aura about
Laptop ပြင်ဆင်မှု နည်းလမ်းများ

လွန်ခဲ့တဲ့ နှစ်ရက်က တစ်ခြား ကိစ္စတွေဘက်လှည့်နေလို့ ဆက်မတင်ပေးဖြစ်ဘူး - ဒီနေ့ နောက်ထပ် ( ၂ ) ပိုင်းဆက်ပြီး တင်ပေးပါမယ် - တကယ်က ကျွန်တော် ဒီအပိုင်း ( ၃၀ ) လုံး တင်ထားပြီးသားပါ - အပိုင်း ( ၃၀ ) လုံးကို တစ်ပြိုင်တည်း မတင်ပေးရတဲ့ အကြောင်းက ဒေါင်းလုပ်ပဲ ချပြီး မကြည့်ဖြစ်ကြမှာ စိုးလို့ - တစ်နေ့ နဲနဲ ဆိုတော့ စိတ်ဝင်စားတဲ့သူဆိုရင်လည်း တကယ်ကြည့်ဖြစ်သွားတယ် - ဒေါင်းလုပ်ချရမှာကလည်း တစ်နေ့မှ နှစ်ပိုင်း - သုံးပိုင်းလောက် ဆိုတော့ သိပ်အများကြီး မပင်ပန်းဘူးပေါ့

CD/DVD Drives - Laptop ပြင်ဆင်ရေးကို ဝါသနာကြီးသူတွေ အတွက် ဆက်လေ့လာဖို့ ဒီနေ့ ဖော်ပြပေးမှာ CD/DVD Drives ပြင်ဆင်ရေးနဲ့ ပတ်သတ်တဲ့ ကဏ္ဍပါ - ဒီကဏ္ဍကို လေ့လာပြီးရင်
  • CD/DVD Drives ပျက်ယွင်းတာကို ဘယ်လို ဆန်းစစ်ရမယ်
  • Laptop တစ်ခုချင်းစီမှာ ပါဝင်တဲ့ CD/DVD Drives တွေရဲ့ အဂါင်္ရပ်တွေ နဲ့ သူတို့ရဲ့ ကွာခြားချက်တွေ
  • Laptop အမျိုးအစားပေါ်လိုက်ပြီး CD/DVD Drives တွေကို ထိန်းချုပ်ထားတဲ့ ပင်မ နေရာတွေ အကြောင်း
  • CD/DVD Drives တွေကို ဖြုတ်ခြင်း တပ်ခြင်း လုပ်ဆောင်ပုံ အဆင့်ဆင့်
  • အွန်လိုင်းပေးချေ စနစ်နဲ့ CD/DVD Drives အသစ် ဝယ်ယူနည်း လမ်းညွှန်

စတဲ့ အပိုင်းတွေကို တစ်ဆင့်ချင်းစီ လေ့လာနိုင်ပါတယ်။


Download via Up4Vn!!

Quote:
04 - CD-DVDDrives-HD.avi (94.4 MB)
http://www.up4vn.com/?d=I45JLNHV
( or )

Download via Multiupload!!

Quote:
04 - CD-DVDDrives-HD.avi (94.4 MB)
http://www.multiupload.com/ZZVY8DLJES
Motherboards - Motherboards ကတော့ အပေါ်မှာ ဖော်ပြခဲ့တဲ့ အပိုင်း လေးပိုင်းထက် ပိုပြီး နဲနဲလေးရှုပ်တယ် - ရှုပ်တယ်ဆိုတာ ခက်တာကို ပြောတာ မဟုတ်ပါဘူး - သူ့မှာက Motherboards ဖြစ်တဲ့အလျှောက် ဆန်းစစ်ရမယ့် Steps တွေများတာ - အဲ့တာကိုပဲ တစ်ချက်ချင်းစီ ရှင်ထားပေးတဲ့ ဒီအပိုင်းမှာ သူ့ဖော်ပြချက် အားလုံးကို ကြည့်ရှုပြီးသွားရင် -
  • Motherboards ပျက်မပျက် ဘယ်အချက်တွေကို ကြည့်ပြီး သိနိုင်မလဲ
  • Turn on လုပ်လိုက်တဲ့ အချိန်မှာ Computer လုံးဝပွင့်မလာ Motherboards ကြောင့်လား
  • Components တွေ အလုပ်မလုပ်တော့တာ Motherboards နဲ့ ဆိုင်သလား
  • ခဏခဏ ကွန်ပြူတာ Shut down ကျနေတာ Motherboards မကောင်းတာကြောင့်လား
  • ပုံမှန်စွမ်းဆောင်ရည် မရရှိတော့ပဲ Blue Screen တက်တာ - ပုံမှန်အတိုင်း အလုပ်မလုပ်တော့တာတွေ Motherboards ကြောင့် ဖြစ်နိုင်သလား
  • Motherboards ပျက်မပျက် ဆန်းစစ်တဲ့ နေရာမှာ ဘယ်အချက်တွေကနေ စပြီး စစ်ဆေးရမလဲ
  • Motherboards ပျက်တာကြောင့် မဟုတ်ပဲ Batteries က ပျက်လို့ ဖြစ်တာလား AC Adapter ပျက်လို့ ဖြစ်တာလား Power jack က Damage ဖြစ်တာလား ဘယ်လိုသိနိုင်မလဲ ဘယ်လို စစ်ဆေးရမလဲ
  • Motherboards power on လိုက်ပေမယ့် power on မလာတာ တစ်ခြား ဘာအချက်တွေကြောင့် ဖြစ်နိုင်သေးလဲ
  • Components တွေ ကောင်းကောင်းအလုပ်မလုပ်လို့ အသစ်လဲတပ်လိုက်ပေမယ့် ပြန်ကောင်းမလာတာ ရော Motherboards နဲ့ ဆိုင်သလား - တစ်ခြားဘယ်နည်းလမ်းတွေနဲ့ စမ်းသပ်လို့ ရနိုင်ဦးမလဲ
  • Motherboards ပျက်မှန်း သိပြီဆို Motherboards အသစ်ကို အွန်လိုင်းဈေးကွက်မှာ ဘယ်လို ရှာဖွေ ဝယ်ယူမလဲ
  • ဝယ်ယူတဲ့ နေရာမှာ ဘယ်အချက်တွေကို သတိထားရမလဲ

စတဲ့ သင်ခန်းစာတွေကို လေ့လာနိုင်ပါလိမ့်မယ်။


Download via Up4Vn!!

Quote:
05 - Motherboards-HD.avi (82.3 MB)
http://www.up4vn.com/?d=0SP31UF4
( or )

Download via Multiupload!!

Quote:
05 - Motherboards-HD.avi (82.3 MB)
http://www.multiupload.com/OU5XZPUAPJ


ဆက်လက်ဖော်ပြပါမည် -

က,ကြီး ရေးဖို့ကျောက်သင်ပုန်းရှာနေသူ

Life is what you make of it. Go out and make your dreams come true.

Last edited by KznT; 24-03-2011 at 08:01 AM..
KznT is offline   Reply With Quote
Old 18-04-2011, 02:18 AM
mmkyioo
ကလေးပေါက်စ
 
အသင်းဝင်နေ့စွဲ: Aug 2008
ရေးသားချက်များ: 41
ကျေးဇူးတင်စကား: 315
ပို့စ် 28 ခုအတွက် 78 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
mmkyioo is on a distinguished road
ပြန်စာ - Laptop ပြင်ဆင်မှု နည်းလမ်းများ

hello ko KznT.......................
i like ur post...........
i m waiting for ur sharing...........
please continue...............
mmkyioo is offline   Reply With Quote
အောက်ပါအသင်းဝင် 2 ဦးတို့မှ mmkyioo အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 18-04-2011, 08:21 PM
aungkohtat
လမ်းလျှောက်တတ်စ
 
အသင်းဝင်နေ့စွဲ: Aug 2010
တည်နေရာ: Sunway Petaling Jaya , Kuala Lumpur. Malaysia
ရေးသားချက်များ: 12
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 265
ပို့စ် 10 ခုအတွက် 14 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
aungkohtat is on a distinguished road
ပြန်စာ - Laptop ပြင်ဆင်မှု နည်းလမ်းများ

ကိုမုန်းလေး ကျေးဇူးပြု ပြီးကူ ညီပါအုန်း ကျွန်တော့ laptop Toshiba Equium A100 - 147 model က Power မလာဘူး ဖြစ်နေတယ် မိုးရေ နဲနဲ ထိ သွားလို့ အပူနဲနဲ ပေးမိတယ် အဲ့တာ ဘာဖြစ်နိုင်လဲ ဖြေကြား ပေး ပါ နော် အရေးကြီး လို့ပါ.
aungkohtat is offline   Reply With Quote
အောက်ပါအသင်းဝင် 3 ဦးတို့မှ aungkohtat အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 19-04-2011, 02:56 AM
tuntunlay
လမ်းလျှောက်တတ်စ
 
အသင်းဝင်နေ့စွဲ: Jul 2009
ရေးသားချက်များ: 9
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 1
ပို့စ် 3 ခုအတွက် 4 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
tuntunlay is on a distinguished road
ပြန်စာ - Laptop ပြင်ဆင်မှု နည်းလမ်းများ

ပင်ပင်ပန်းပန်းနဲ့ တကူးတက အများသိအောင် တင်ပြထားတဲ့ အတွက် သူငယ်ချင်းကို ကျေးဇူးတင်ပါတယ်...နောက်လည်း သူငယ်ချင်းရဲ့ မျှဝေမှု့ ကို စောင့်မျှော်အားပေးနေပါအုံးမယ်....
tuntunlay is offline   Reply With Quote
အောက်ပါအသင်းဝင် 2 ဦးတို့မှ tuntunlay အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 10-05-2011, 05:22 PM
KznT
ကြီးကြပ်ရေးမှူး
 
KznT's Avatar
 
အသင်းဝင်နေ့စွဲ: Dec 2009
တည်နေရာ: http://www.techsectors.blogspot.com
ရေးသားချက်များ: 1,338
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 5,983
ပို့စ် 1,332 ခုအတွက် 20,392 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
KznT has a spectacular aura aboutKznT has a spectacular aura about
How To Take a Laptop Apart

ကျွန်တော်လည်း တစ်ခြားဘက်လှည့်နေတာနဲ့ ဒီ Upload တင်ပေးတဲ့ အပိုင်းကို ပြန်လှည့်မကြည့်မိဘူး - သတိက ရပါတယ်။ အချိန်မပေးနိုင်ဘူး ဖြစ်နေတာ - ဒီနေ့တော့ တစ်ခြား ကျန်နေတဲ့ အပိုင်းလေးတွေ ထပ်ပြီး ဝေမျှလိုက်ပါတယ်။ ဖြေးဖြေးချင်း စုံအောင် တင်ပေးသွားပါမယ်။

How To Take a Laptop Apart - ဒီနေ့ ဆက်သွားမယ့် အပိုင်းက Laptop တွေကို ဘယ်လို ဖြုတ်ခြင်းတပ်ခြင်း လုပ်ဆောင်မလဲ ဆိုတဲ့ အပိုင်းပါ။ ဒီအပိုင်းက အရေးကြီးပါတယ်။ ဘာကြောင့်လဲ ဆိုရင် Laptop တွေက အားလုံးကို ခြုံပြီး Laptop လို့သာ စကားလုံး တစ်လုံးတည်းနဲ့ ပြောတာ - သူတို့ကို တစ်ခုခု ပြင်ဆင်စရာရှိလို့ ဖြုတ်မယ် တပ်မယ်ဆိုရင် Model အလိုက် တည်ဆောက်ပုံနဲ့ ဖြုတ်တပ်ပုံ မတူညီ ကြပါဘူး။ အဲ့တော့
  • မတူညီတဲ့ ဖြုတ်တပ်နည်းတွေ အားလုံးထဲက ဘယ်လိုနည်းမျိုးက အန္တရာယ် အကင်းဆုံးနဲ့ အဆင်ပြေဆုံး ဖြုတ်တပ်နည်းမျိုး ဖြစ်မလဲ
  • Laptop တွေကို ဖြုတ်တပ်လုပ်ဆောင်ရာမှာ ဘယ်အချက်တွေကို သတိထားရမလဲ
  • Desktop နဲ့ မတူတဲ့ Laptop မှာ များပြားလွန်းတဲ့ Screws တွေကို ဖြုတ်ချင်း တပ်ခြင်း လုပ်ဆောင်တဲ့ အချိန် နေရာ မှားယွင်းတပ်ဆင်မှုမျိုး မဖြစ်ရအောင် ဘယ်လို Method တွေကို အသုံးပြုနိုင်မလဲ။

စတဲ့ သင်ခန်းစာတွေကို ဒီအပိုင်းမှာ လေ့လာနိုင်ပါတယ်။


Download via Up4Vn!!

( or )

Download via Multiupload!!

Quote:
06 - HowToTakeaLaptopApart-HD.avi (177.7 MB)
http://www.multiupload.com/A3F8RP1VQF


KznT.

က,ကြီး ရေးဖို့ကျောက်သင်ပုန်းရှာနေသူ

Life is what you make of it. Go out and make your dreams come true.

Last edited by KznT; 10-05-2011 at 05:23 PM..
KznT is offline   Reply With Quote
Old 11-05-2011, 09:31 PM
KznT
ကြီးကြပ်ရေးမှူး
 
KznT's Avatar
 
အသင်းဝင်နေ့စွဲ: Dec 2009
တည်နေရာ: http://www.techsectors.blogspot.com
ရေးသားချက်များ: 1,338
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 5,983
ပို့စ် 1,332 ခုအတွက် 20,392 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
KznT has a spectacular aura aboutKznT has a spectacular aura about
Power Problems - Gateway Laptop

Power Problems - Gateway Laptop - ဒီနေ့ ဆက်ပြီး လေ့လာမှာ Gateway Laptop မှာ ဖြစ်တဲ့ Power Problems ကို ဘယ်လို ဖြေရှင်းတယ်ဆိုတဲ့ အကြောင်းပါ - ကျွန်တော်က Laptop နဲ့ ပတ်သတ်ရင် အရင် အမြဲ ထိတွေ့နေတာ SONY VAIO, LENOVO, TOSHIBA, MSI, SAMAUNG, FUJITSU ... ဆိုတဲ့ တံဆိပ်မျိုးတွေပဲ ရှိတယ်။ Gateway Laptop တွေနဲ့ ပတ်သတ်ပြီး သိပ်အတွေ့အကြုံမရှိတော့ ဒီအပိုင်းလေးကို စိတ်ဝင်စားမိတာတော့ အမှန်ပဲ။ ပြင်ပြတဲ့သူကလည်း တစ်ဆင့်ချင်း စစ်ဆေးပုံတွေ အသေးစိတ် ပြပေးတယ်။
  • ဒီအပိုင်းကို လေ့လာပြီးရင် Power Problems နဲ့ ပတ်သတ်ပြီး ပြဿနာကို ဘယ်လို ခြေရာခံရမယ် ဆိုတာ အခြေခံအားဖြင့်သိလာမယ်။
  • ဖြစ်နိုင်ချေရှိတဲ့ ပြဿနာတွေကို တစ်ဆင့်ချင်း စစ်ဆေးအဖြေရှာနည်း နားလည်လာမယ်။
  • နောက်ပြီး Gateway Laptop အဖြုတ်အတပ်ကိုလည်း မျက်မြင်တွေ့ရမယ်။
  • Power adapter ဖြတ်ညှက်ကပ်လုပ်တာနဲ့ အစားပြန်ထိုးတာတွေကိုလည်း လေ့လာရမယ်။
  • တစ်ခုပျက် အကုန်လဲ ဆိုတဲ့ System ထက် အကုန်အကျသက်သာအောင် ဘယ်နေရာတွေမှာ ဘယ်လို အစားထိုး ပြင်ဆင်လို့ ရမယ်ဆိုတဲ့ အသိတွေ ရလာနိုင်ပါတယ်။



Download via Up4Vn!!

( or )

Download via Multiupload!!

Code:
PowerProblems-GatewayLaptop-HD.part1.rar (104.9 MB)
http://www.multiupload.com/NBN8VIZ6J2
PowerProblems-GatewayLaptop-HD.part2.rar (104.9 MB)
http://www.multiupload.com/LBEE16HLRI
PowerProblems-GatewayLaptop-HD.part3.rar (104.9 MB)
http://www.multiupload.com/XUL1GRI55V
PowerProblems-GatewayLaptop-HD.part4.rar (104.9 MB)
http://www.multiupload.com/2QDNE9FXWO
PowerProblems-GatewayLaptop-HD.part5.rar (61.14 MB)
http://www.multiupload.com/4WEMF3MDHO
KznT.

က,ကြီး ရေးဖို့ကျောက်သင်ပုန်းရှာနေသူ

Life is what you make of it. Go out and make your dreams come true.

Last edited by KznT; 12-05-2011 at 12:02 AM..
KznT is offline   Reply With Quote
အောက်ပါအသင်းဝင် 16 ဦးတို့မှ KznT အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 12-05-2011, 03:27 PM
KznT
ကြီးကြပ်ရေးမှူး
 
KznT's Avatar
 
အသင်းဝင်နေ့စွဲ: Dec 2009
တည်နေရာ: http://www.techsectors.blogspot.com
ရေးသားချက်များ: 1,338
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 5,983
ပို့စ် 1,332 ခုအတွက် 20,392 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
KznT has a spectacular aura aboutKznT has a spectacular aura about
Toshiba Laptop PowerJackFix

Toshiba Laptop PowerJackFix - ဒီနေ့ ကျွန်တော်တို့ Toshiba laptop နဲ့ ပတ်သတ်ပြီး လေ့လာပါမယ်။ လေ့လာမယ့် ပြဿနာက Adapter နဲ့ PowerJack ချိတ်ထားပေမယ့် Power မဝင်တဲ့ ပြဿနာပါ။
  • ဒီအပိုင်းကို လေ့လာပြီးရင် Laptop ရဲ့ အတွင်းပိုင်းက PowerJack နဲ့ ပတ်သတ်ပြီး ဖြစ်တတ်တဲ့ ပြဿနာကို မျက်မြင်တွေ့ရှိနိုင်ပါတယ်။
  • စမ်းသပ်နည်း အဆင့်ဆင့်ကို နားလည်နိုင်ပါတယ်။
  • တစ်ခြား latops တွေနဲ့ Toshiba laptops တွေရဲ့ တပ်ဆင်ပုံ ကွာခြားချက် - Screws အသုံးပြုထားပုံတွေကို သိရှိနိုင်ပါတယ်။
  • Laptops တွေပြင်ဆင်တဲ့ နေရာမှာ ဘယ် Rule ကို မဖြစ်မနေလိုက်နာရမလဲ ဆိုတာ သိရှိပါလိမ့်မယ်။
  • Power Problems - Gateway Laptop ပြင်ဆင်တုန်းက တစ်ခါတွေ့ခဲ့ရတဲ့ Soldering လုပ်ဆောင်နည်းကို ဒီအပိုင်းမှာ နောက်တစ်ကြိမ် အသေးစိတ် ထပ်မံတွေ့ရှိရပါမယ်။



Download via Up4Vn!!

( or )

Download via Multiupload!!

Code:
08 - ToshibaLaptopPowerJackFix-HD.part1.rar (95.4 MB)
http://www.multiupload.com/1WFUYRQYT7

08 - ToshibaLaptopPowerJackFix-HD.part2.rar (95.4 MB)
http://www.multiupload.com/DVPHLS1KI5

08 - ToshibaLaptopPowerJackFix-HD.part3.rar (95.4 MB)
http://www.multiupload.com/T73P1VSNNF

08 - ToshibaLaptopPowerJackFix-HD.part4.rar (19.7 MB)
http://www.multiupload.com/HN5FXAKE8E
KznT.

က,ကြီး ရေးဖို့ကျောက်သင်ပုန်းရှာနေသူ

Life is what you make of it. Go out and make your dreams come true.

Last edited by KznT; 12-05-2011 at 03:28 PM..
KznT is offline   Reply With Quote
အောက်ပါအသင်းဝင် 21 ဦးတို့မှ KznT အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 13-05-2011, 09:04 PM
KznT
ကြီးကြပ်ရေးမှူး
 
KznT's Avatar
 
အသင်းဝင်နေ့စွဲ: Dec 2009
တည်နေရာ: http://www.techsectors.blogspot.com
ရေးသားချက်များ: 1,338
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 5,983
ပို့စ် 1,332 ခုအတွက် 20,392 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
KznT has a spectacular aura aboutKznT has a spectacular aura about
Motherboard Replacement-HPDV6000

Motherboard Replacement-HPDV6000 - ဒီနေ့အတွက် မိသားစုဝင်များ လေ့လာနိုင်အောင် HP Laptops ( HPDV6000 ) မှာ Motherboard အသစ်လဲလှယ် တပ်ဆင်နည်းကို ဖော်ပြပေးလိုက်ပါတယ်။ အရင်အပိုင်းတွေမှာ Laptop တစ်လုံး ဖြုတ်တာ တပ်တာကို လက်တွေ့ မရှိသေးတာက လွဲရင် ဖြုတ်တပ်နည်း အဆင့်ဆင့် အတိုင်းအတာ တစ်ခုထိ အသေးစိတ် ကျွန်တော်တို့ တွေ့ခဲ့ဖူးပြီးသားမို့ ဒီအပိုင်းကို လေ့လာတဲ့ အချိန်မှာ ဘာတွေအသစ် နားလည်လာနိုင်မလဲ ဆိုရင် -
  • Motherboard Replacement လုပ်ဆောင်မယ်ရမယ့် အခြေအနေတစ်ခုကို သိလာမယ်။
  • အရင်အပိုင်းတွေက ဖြုတ်တာ တပ်တာကို အဓိက လေ့လာခဲ့ပေမယ့် ဒီအပိုင်းမှာ Motherboard လဲဖယ်နည်းကို အသေးစိတ် တွေ့လာရမယ်။
  • HP Laptops ရဲ့ အတွင်းပိုင်း စက်ပစ္စည်း အပြင်အဆင် နေရာချပုံတွေ မြင်ရမယ်။
  • အဆင့်လိုက် ဖြုတ်ပုံနဲ့ အပိုင်းလိုက် ပြန်လည်တပ်ဆင်ပုံတွေကို တစ်ဆင့်ချင်းစီ တွေ့ရပါမယ်။



Download via Up4Vn!!

( or )

Download via Multiupload!!

Code:
09 - MotherboardReplacement-HPDV6000-HD.rar (42.9 MB)
http://www.multiupload.com/UEI1X79AI0
KznT.

က,ကြီး ရေးဖို့ကျောက်သင်ပုန်းရှာနေသူ

Life is what you make of it. Go out and make your dreams come true.

Last edited by KznT; 13-05-2011 at 11:45 PM..
KznT is offline   Reply With Quote
အောက်ပါအသင်းဝင် 18 ဦးတို့မှ KznT အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 14-06-2011, 12:57 PM
thuya
ဆယ်ကျော်သက်
 
အသင်းဝင်နေ့စွဲ: Jun 2008
ရေးသားချက်များ: 59
ကျေးဇူးတင်စကား: 16
ပို့စ် 32 ခုအတွက် 156 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
thuya is on a distinguished road
Icon13 ပြန်စာ - Laptop ပြင်ဆင်မှု နည်းလမ်းများ

ဖိုရမ်ကသူငယ်ချင်းတွေအတွက်...Laptop Services Guid...ဆိုတဲ့မြန်မာလိုပါတဲစာအုပ်လေးဝေမျှလိုက်ပါတယ်

http://filebucket.info/?1fs6v8qfd



မှက်ချက်.....Quote http://filebucket.info/?1fs6v8qfd @http://www.mmit-ebook.blogspot.com/ မှ ပြန်လည်မျှဝေပါသည်
thuya is offline   Reply With Quote
အောက်ပါအသင်းဝင် 20 ဦးတို့မှ thuya အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 18-07-2011, 05:38 AM
သန့်ဇင်ဌေး
အထူးအသင်းဝင်
 
သန့်ဇင်ဌေး's Avatar
 
အသင်းဝင်နေ့စွဲ: Oct 2009
တည်နေရာ: ချစ်သူရင်ခွင်
ရေးသားချက်များ: 538
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 3,650
ပို့စ် 479 ခုအတွက် 4,822 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
ပုံများ: 4
သန့်ဇင်ဌေး will become famous soon enough
ပြန်စာ - Laptop ပြင်ဆင်မှု နည်းလမ်းများ

ကိုကေဇတ်လည်း ပြည်တော်ပြန်တော့မှာမို့ မအားလပ်တော့ဘူး ထင်တယ်။ ကျွန်တော် ကိုမုန်းလေး ကိုကေဇတ် တို့ ပိုစ့်ကို ဆက်ပီး အသက်သွင်းပေးချင်ပါသေးတယ်။ ဒီနေ့ ဆွေးနွေးမယ့် အကြောင်းအရာလေး အကြောင်းမပြောခင်မှာ ကျွန်တော် Laptop ပြင်ဆင်ဖို့ Manuals တွေကို ဒီလင့်မှာ အသက်သွင်းပီး တင်ပေးနေတာ ရှိပါတယ်။ ဒါကကြော်ငြာပေါ့။ ဒီပိုစ့် နံပါတ် ၉ ထိ ပီးတာကိုတွေ့တယ်။ ကျွန်တော် နံပါတ် ၁၀ က စပီး ဆက် အသက်သွင်းပေးပါ့မယ်။
ဒီပို့စ်ကတော့ Relplay Keyboard လုပ်ဆောင်နည်းပါ။ Laptop တလုံးမှာ Keyboard ပျက်တာပဲ့ ဖြစ်ဖြစ် ကီးလေးတွေ ပျက်တာပဲ့ ဖြစ်ဖြစ် ပြင်ဆင်မယ့် နည်းလမ်းတွေ ဖြစ်ပါတယ်။ ဒီ ပိုစ့်ကို ကြည့်ပီးတော့ ဘာတွေ နားလည်လာမလည်ဆိုတော့ .
  1. Keyboard Replay လုပ်ဆောင်ခြင်းကို အမြင်နဲ့ တက်ကျွမ်းလာမယ်။
  2. Ribbon cable ကို ဖြုတ်ကာကျရင် စနစ်တကျ ဖြုတ်မှ Cable အပျက်အစီး မရှိနိင်တာကိုသိလာမယ့် အပြင် Ribbon cable ကို စကူနဲ့ သေချာ တွန်းဖြုတ်ရမယ်ဆိုတာကို တွေ့ရမယ် နားလည်လာမယ်။
သတိပေးချက်
ဒီပိုစ့်တွေမှာရော အပေါ်က ပိုစ့်တွေက tutorials တွေမှာရော သတိထားမိချင်လည်း ထားမိပါလိမ့်မယ်။ မထားမိတာလည်း ရှိလိမ့်မယ်။ ဒီတွက်. ဘာပဲ့ ပြင်ပြင် Laptop battery ကို အရင်ဖြုတ်ပီးမှ ပြင်ဆင်ရမယ်ဆိုတာကို စိတ်ထဲ့မှာ စွဲ့မှတ်ထားပေးပါ။

အပေါ်မှာ ကိုကျော်ဇင်သန့် တင်ပြပီးခဲ့တာတွေကတော့ .
  1. Motherboard Replacement
  2. Toshiba Laptop PowerJackFix
  3. Power Problems - Gateway Laptop
  4. How To Take a Laptop Apart
  5. CD/DVD Drives
  6. Motherboards
  7. Tools
  8. Batteries

ပိုင်း တွေပီးပါပီ။ Replay လုပ်မယ့် အပိုင်းတွေထဲ့မှာ ကျန်တာကတော့ CPU replay နဲ့ Screen Replay ပြင်မယ့် အပိုင်းတွေ ကျန်နေပါသေးတယ်။ ဒါတွေကို အချိန်ရရင် ရသလို ကျွန်တော် တင်ပေးသွားပါ့မယ်။ ဒီနေ့တော့ ဒီပိုစ့်ကို ဒီမှာတင် နိဂုန်းချုပ်ပါရစေ…

သို့မဟုတ်

သို့မဟုတ်


ပရဟိတ စိတ် အပြည့်နဲ့ လူအများ အကူညီလိုအပ်မူတွေကို ကူညီကြပါစို့လား။

စိမ်းလန်းမြေ ပရဟိတ ဖိုရမ်

Thant Zin Htay
သန့်ဇင်ဌေး is offline   Reply With Quote
အောက်ပါအသင်းဝင် 20 ဦးတို့မှ သန့်ဇင်ဌေး အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 20-07-2011, 11:56 PM
sahanai
မွေးကင်းစကလေး
 
အသင်းဝင်နေ့စွဲ: May 2011
ရေးသားချက်များ: 2
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 0
ပို့စ် 2 ခုအတွက် 8 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
sahanai is on a distinguished road
ပြန်စာ - Laptop ပြင်ဆင်မှု နည်းလမ်းများ

ဒီလိုမျိုး ခဲရင်ဟာတွေ့ ရှင်ပြပေးအတွက် ကျေးဇူးတင်ပါတယ် နောက်လဲရှင်းလင်းတင်ပေးအုံနော်
sahanai is offline   Reply With Quote
အောက်ပါအသင်းဝင် 7 ဦးတို့မှ sahanai အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 22-07-2011, 03:30 AM
သန့်ဇင်ဌေး
အထူးအသင်းဝင်
 
သန့်ဇင်ဌေး's Avatar
 
အသင်းဝင်နေ့စွဲ: Oct 2009
တည်နေရာ: ချစ်သူရင်ခွင်
ရေးသားချက်များ: 538
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 3,650
ပို့စ် 479 ခုအတွက် 4,822 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
ပုံများ: 4
သန့်ဇင်ဌေး will become famous soon enough
VaioRibbon Repair…

VaioRibbon Repair…
ကျွန်တော် ဒီနေ့ ဆွေးနွေးပေးမယ့် အကြောင်းအရာလေးကတော့ Sony Vaio မှာ ဘာပြင်ပေးမယ်ဆိုတာကို သိချင်နေလောက်ပီ။ ဒါကိုမဆွေးနွေးခင် ဆွေးနွေးပေးမယ် အရာ တခုရှိတာကိုဆွေးနွေးပေးချင်သေးတယ်။ ဒါကတော့ LCD ပြင်တဲ့ အပိုင်းလေးကိုပါ ထည့်ပီး တင်ပြပေးချင်တာပါ။ ကျွန်တော် Services သမားတော့ မဟုတ်ပါဘူး။ ဒီလိုမျိုး ပြင်ဆင်မူ အပိုင်းတွေကို တင်ပြပေးနေတယ်ဆိုတာကလည်း တော်နေလို့ နားလည်နေလို့ တက်နေလို့ မဟုတ်ပါဘူး။ ကိုယ်သိတဲ့ အပိုင်းလေးတွေကို သူများသိစေချင်တာ တခုတည်းပါ။ ခုစာအုပ်မှာတော့ ရိုးရိုးစာလုံးလေးတွေနဲ့ ရေးထားသလို နားလည်လွယ်ပါတယ်။ တကယ်ကောင်းတဲ့ စာအုပ်လေး တအုပ်ပါပဲ့။ ဒါကြောင့် အရင်ဆုံး LCD ပြင်ဆင်မူ စာအုပ်လေးကို အောက်ကလင့်ကနေ ဒေါင်းယူထားပီး သင်ခန်းစာ ရှေ့တက်ကြတာပေါ့။

ကဲ ဒီတော့ သင်ခန်းစာကို ဆက်သွားကြရအောင်။.။။ ဒီသင်ခန်းစာမှာ သတိထားကြည့်ဖို့လေး တခုကတော့ အရင်က Acer တို့ Asus တို့မှာ Adapter ကို စမ်းတဲ့အချိန်မှာ 19.56 V ရှိလို့ Tester နဲ့ 20 V ထားပီး စမ်းတာ ဟုတ်ပေမယ့် 16 V ရှိတာကိုလည်း 20 V ထားပီး စမ်းသပ်သွားတာလေးကို သတိထားမိမယ်ထင်တယ်။နောက်တခုက PCI Wireless Card ကို ဖြုတ်သွားတဲ့နေရာလေးကို သတိထားပီးကြည့်ပါ။ Wireless Card ပျက်သွားရင်လည်း ဒီအဆင့်ကိုသေချာနားလည်ပီး ဖြုတ်တက်နိင်ရင် ပြင်ဆင်လို့ရပါတယ်။ Sony Vaio Laptop တွေ တော်တော်များများ ဒီတိုင်းပါပဲ့။
ဒီ Video ကိုကြည့်တာနဲ့ တော်တော်များများကို သိနိင်ပါတယ် Hardware တခုပျက်ပီဆိုရင် ဘယ်အပိုင်းတွေကိုကြည့်ရမယ်ဆိုတာလေးကို သိလာသလို Power မလာတိုင်းလဲ့ Adapter ပျက်တာ မဟုတ်သလို Graphic card ပျက်တာလည်း မဟုတ် Motherboard ကြွသွားတာလည်း မဟုတ်ဘူးဆိုတာကို မြင်ရပါလိမ့်မယ်။ ပြသနာကို ရှာနေတာ တ၀က်လောက်ရောက်မှတွေ့တော့ သူပြောတဲ့ အသံလေးကို နားထောင်ကြည့်ပါ။ ပျော်ရွှင်သွားတဲ့ အသံမျိုး ( I see the Problem ) ဆိုပီးတော့ …..။ ဒီပြသနာမှာတော့ Ribbon cable ဆိုလို့ Keyboard မှာပဲ့ ရှိတယ်လို့ ထင်နေတဲ့ လူတွေတွက် အဖြေကို ရှင်းရှင်းလင်းလင်းတွေ့မှာပါ Motherboard တွက် ribbon cable ရှိသလို circuitboard တွက် Ribbon cable ရှိတာကို တွေ့ရပါလိမ့်မယ်။ နောက်တခုက circuitboard တွက် Ribbon cable ကောင်းမကောင်းစမ်းတာ ဘယ်လို စမ်းသပ်သွားလည်းဆိုတာကို သတိထားကြည့်ပါ။နောက်ထပ် လျှိုဝှက်ချက်တွေကိုတော့ ကိုယ်ကိုတိုင် သေချာကြည့်ပီး ဆက်လက်လေ့လာပါလို့ ပြောကြားရင်း ဒီပိုစ့် ကို ဒီမှာတင် နိဂုဏ်ချုပ်ပါရစေ…
အောက်မှာ ကြိုက်နှစ်သက်ရာ လင့်ကနေ ဒေါင်းယူပါ။



ပရဟိတ စိတ် အပြည့်နဲ့ လူအများ အကူညီလိုအပ်မူတွေကို ကူညီကြပါစို့လား။

စိမ်းလန်းမြေ ပရဟိတ ဖိုရမ်

Thant Zin Htay
သန့်ဇင်ဌေး is offline   Reply With Quote
အောက်ပါအသင်းဝင် 16 ဦးတို့မှ သန့်ဇင်ဌေး အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 23-07-2011, 09:04 AM
သန့်ဇင်ဌေး
အထူးအသင်းဝင်
 
သန့်ဇင်ဌေး's Avatar
 
အသင်းဝင်နေ့စွဲ: Oct 2009
တည်နေရာ: ချစ်သူရင်ခွင်
ရေးသားချက်များ: 538
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 3,650
ပို့စ် 479 ခုအတွက် 4,822 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
ပုံများ: 4
သန့်ဇင်ဌေး will become famous soon enough
PowerJack-DellB130-HD

12 - PowerJack-DellB130-HD

ဒီနေ့တော့ စိတ်ကူးပေါက်ရာ မဟုတ်ပဲ့ ကျွန်တော် ခရီးဆက်ပေးနေ့တဲ့ ဒီပိုစ့်ကိုပဲ့ ဆက်ပီး ပို့စ်အသစ် တက်ပေးချင်ပါသေးတယ်။ ဒီပို့စ်ကတော့ တကယ်ကို သေချာလေ့လာထားသင့်တဲ့ အပိုင်းတွေပါပါတယ်။ Video ထဲ့မှာ မရှင်းတဲ့ အပိုင်းတွေနဲ့ သိချင်တဲ့ အပိုင်းတွေ ရှိလာခဲ့ရင် အောက်မှာ မေးခဲ့နိင်ပါတယ်။ တကယ်လို့ နားမလည်တာမျိုးဆိုရင်လည်း ကျွန်တော် ပြန်ပီး သေချာ ရှင်းပေးနိင်အောင် ကြိုးစားပေးပါ့မယ်။

ဒီပိုစ့်က Video ကြည့်ချင်းဖြင့် ရရှိနိင်သော အကျိုးများ
  • Dell laptop ဖြုတ်တက် တပ်တက်မှာ ဖြစ်သလို တခုခု ပျက်လို့ ပြင်မယ်ဆိုလည်း တဆင့်ခြင်းဆီပြထားတာ ဖြစ်တဲ့အတွက် တကယ်ကို နားလည်သွားမှာပါ။
  • Powerjack ကို ပြန်လည်ပြုပြင်သွားတာကို မျက်မြင်တွေ့ရှိနိင်ပါလိမ့်မယ်။
  • Power jackpin ကို ကောင်းမကောင်း စမ်းသပ်တဲ့ နည်းနဲ့ Ribbon တွေ ဖြုတ်တဲ့နေရာတွေမှာ ဘယ်လို ကိုင်တွယ်သွားတယ်ဆိုတာကိုတွေ့ရပါလိမ့်မယ်.
  • ဒီပိုစ့်ကို ကြည့်ခြင်းဖြင့် ခုနောက်ပိုင်း မြန်မာ မှာ ခေတ်စားနေတဲ့ Dell Laptop တွေကို အစိတ်အပိုင်းတခုခုကို Replay လုပ်တဲ့နေရာမှာ အစိတ်အပိုင်း အဖြုတ် အတပ် တွေ အတွက် အထောက်အကူပြုမှာ ဖြစ်သလို Electronic နဲ့ သက်ဆိုင်တဲ့ အပိုင်းလေး အနည်းငယ်ကိုပါ မြင်တွေ့ရပါဦးမယ်။
ဒီထက် ဒီထက်……သိချင်ရင် Video မှာ ဆက်လက်လေ့လာနိင်ပါတယ် ခင်ဗျာ…

ပရဟိတ စိတ် အပြည့်နဲ့ လူအများ အကူညီလိုအပ်မူတွေကို ကူညီကြပါစို့လား။

စိမ်းလန်းမြေ ပရဟိတ ဖိုရမ်

Thant Zin Htay
သန့်ဇင်ဌေး is offline   Reply With Quote
အောက်ပါအသင်းဝင် 17 ဦးတို့မှ သန့်ဇင်ဌေး အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 11-08-2011, 11:25 PM
chaw12
မွေးကင်းစကလေး
 
အသင်းဝင်နေ့စွဲ: Jul 2011
ရေးသားချက်များ: 2
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 0
ပို့စ် 1 ခုအတွက် 1 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
chaw12 is on a distinguished road
ပြန်စာ - Laptop ပြင်ဆင်မှု နည်းလမ်းများ

ကျေးဇူးအရမ်းတင်ပါတယ် အားပေးသွားတယ်နော် အခု မှ ၀င်တာမကြာသေးတော့ အကုန်လုံးဘဲဖတ်ပီးအားပေးသွားပါတယ် ဆက်ပီးအောင်မြင်ပါစေ....
chaw12 is offline   Reply With Quote
အောက်ပါအသင်းဝင်မှ chaw12 အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 12-08-2011, 09:09 PM
chanmyaeaung
မွေးကင်းစကလေး
 
အသင်းဝင်နေ့စွဲ: Aug 2011
ရေးသားချက်များ: 1
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 1
ပို့စ် 1 ခုအတွက် 1 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
chanmyaeaung is on a distinguished road
Icon11 ပြန်စာ - Laptop ပြင်ဆင်မှု နည်းလမ်းများ

ကျေးဇူးတင်ပါတယ်။အကောင်းဆုံးဖော်ပြချက်ပါပဲ၊ကျွှန်တော်တိုလိုဘာမှမသိသေးသူအတွက်ကောင်းတာပေါ့
chanmyaeaung is offline   Reply With Quote
အောက်ပါအသင်းဝင်မှ chanmyaeaung အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 22-08-2011, 12:24 AM
rayon
ကလေးပေါက်စ
 
အသင်းဝင်နေ့စွဲ: Nov 2009
ရေးသားချက်များ: 31
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 5
ပို့စ် 12 ခုအတွက် 15 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
rayon is on a distinguished road
ပြန်စာ - Laptop ပြင်ဆင်မှု နည်းလမ်းများ

သိချင်တာတစ်ခုမေးမယ်နော် လက်တော့မှာ မတက်တော့ဘူးဆိုရင် ဘယ်အပိုင်ကိုအရင်စစ်ဆေးသင့်သလဲ
rayon is offline   Reply With Quote
အောက်ပါအသင်းဝင် 2 ဦးတို့မှ rayon အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 27-08-2011, 06:48 AM
minthike
အထူးအသင်းဝင်
 
minthike's Avatar
 
အသင်းဝင်နေ့စွဲ: Nov 2007
တည်နေရာ: singapore
ရေးသားချက်များ: 1,937
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 14,779
ပို့စ် 1,805 ခုအတွက် 9,625 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
ပုံများ: 19
minthike is on a distinguished road
ပြန်စာ - Laptop ပြင်ဆင်မှု နည်းလမ်းများ

ဘယ်အထိတက်သေးလဲ ဆိုတာပေါ့ ဥပမာ windows စစခြင်းအထိလား
ဒါမှမဟုတ် hard disk information, ram information တွေပြတဲ့အထိလား စတာပေါ်မူတည်ပြီး ဘယ်အပိုင်းကိုစစ်သင့်လဲကကွာမှာပါ
ဥပမာ လုံးလုံးမတက်တော့ဘူး ဆိုပါစို့ power supply မီးလင်းသေးလား
power supply adapter, battery စတာတွေကို စစ်ရမယ် စသည်လိုမျိုးပေါ့

Josh Groban - To Where You Are
mt.myanmarfamily@gmail.com

minthike is offline   Reply With Quote
အောက်ပါအသင်းဝင် 9 ဦးတို့မှ minthike အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 30-05-2012, 05:37 PM
ဇာဇာ
လမ်းလျှောက်တတ်စ
 
အသင်းဝင်နေ့စွဲ: Apr 2009
ရေးသားချက်များ: 5
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 0
ပို့စ် 4 ခုအတွက် 6 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
ဇာဇာ is on a distinguished road
ပြန်စာ - Laptop ပြင်ဆင်မှု နည်းလမ်းများ

ကျနော် စက် Power ကို ဖွင့်လို့ မရလို့ ဘယ်လိုလုပ်ရလဲ သိတဲ့ သူများ ကူညီပေးပါအုန်း
Acer Core i3 ပါ ဆိုင်က motherboard လဲရမယ်ပြောပါတယ် သိတဲ့သူကူညီပေးပါ တယ်လို့လဲရမယ်ဆိုင် motherboard ဘယ်လောက်ရှိလည်း ပြောပေးပါ
ဇာဇာ is offline   Reply With Quote
အောက်ပါအသင်းဝင်မှ ဇာဇာ အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 18-07-2012, 02:07 PM
အောင် နိုင် သူ
မွေးကင်းစကလေး
 
အသင်းဝင်နေ့စွဲ: Jul 2012
ရေးသားချက်များ: 1
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 0
ပို့စ် 1 ခုအတွက် 2 ဦးမှကျေးဇူးတင်ကြောင်းပြောပါသည်။
အောင် နိုင် သူ is on a distinguished road
ပြန်စာ - Laptop ပြင်ဆင်မှု နည်းလမ်းများ

မုန်းလေးရေ ကျွန်တော့် စက်က ဇက်*၄၆၀ လီနိုဗို စက်* စဖင်*့တာနဲ့ ခလုပ်*ညိနေတယ်* စာရိုက်*ရင်*လည်*း စာရ်ဝက်*တ်ေဝပေးနေတယ်* ဖန်*ခ်ယင်*ကီးနိပ်*မ ရပ်*တယ်*။ ဘယ်*လိုလုပ်*ရမလဲ ကူညီပာဉိး
အောင် နိုင် သူ is offline   Reply With Quote
အောက်ပါအသင်းဝင် 2 ဦးတို့မှ အောင် နိုင် သူ အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 02-01-2013, 08:33 AM
ooooko
လမ်းလျှောက်တတ်စ
 
အသင်းဝင်နေ့စွဲ: Nov 2012
ရေးသားချက်များ: 6
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 17
ပို့စ် 3 ခုအတွက် 3 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
ooooko is on a distinguished road
Icon9 ပြန်စာ - Laptop ပြင်ဆင်မှု နည်းလမ်းများ

ဆိုနီ ဗိုင်အိုတွေလည်း ဖြုတ်ရတာ တော်တော် လွယ်ပါတယ်....ဘတ်ထရီဖြုတ်. ဒရိုက် ဖြုတ်ပြီးလို့ ခခရူတွေ အကုန် ဖြုတ်လိုက်တာနဲ့ ပြုတ်ပါပြီ....ဒါပေမဲ့ စခရူတွေ ပြုန်း ကုန်ရင်တော့ ဘယ်လိုလုပ်ရမလဲ မသိတော့ဘူး...
ooooko is offline   Reply With Quote
အောက်ပါအသင်းဝင်မှ ooooko အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 07-01-2013, 02:36 PM
ကွက်တိ
အရွယ်ရောက်သူ
 
အသင်းဝင်နေ့စွဲ: Jan 2009
တည်နေရာ: အမေ့အိမ်
ရေးသားချက်များ: 168
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 1,045
ပို့စ် 99 ခုအတွက် 314 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
ကွက်တိ is on a distinguished road
ပြန်စာ - Laptop ပြင်ဆင်မှု နည်းလမ်းများ

ဒီသင်ခန်းစာလေးတွေကို လေ့လာရင်း ပညာတွေ ဗဟုသုတတွေ အများကြီးရလို့ အားလုံးကို ကျေးဇူးတင်ပါတယ်ခင်ဗျာ ကျနော်တခုလောက် အကူအညီတောင်းချင်လို့ ပါ ကျနော်က ဘာမှတော့မတတ်ပါဘူး စာဖတ်တတ်တာတခုတည်း ဖတ်ပြီးလက်တွေ့ လိုက်လုပ်ရတာ ၀ါသနာပါတယ် သူငယ်ချင်းစက်တွေ ပျက်ရင် ပြင်တတ်တတ်မတတ်တတ် လက်ခံလိုက်တယ် ပြီးမှ ဖိုရမ်ထဲဝင်မွှေပြီး စာတွေဖတ် ပြင် မသိ အကူအညီတောင်းနဲ့ ကျနော်ကတော့ ပျော်နေတာပဲ ခုလဲ ဒီသင်ခန်းစာကိုဖတ်တာ ခနခန
ပြင်စရာမရှိတော့ မေးစရာလဲမရှိဘူး ခုတော့ရှိလာပြီ သူငယ်ချင်း တယောက်ရဲ့ စက့့်Hard Disk Drive ပျက်တာ လဲချင်လို့  ကျနော့်ကို ပြင်ခိုင်းတာ ဖြုတ်တာကတော့ဟုတ်နေတာပဲ အသစ်ဝယ်ဖို့ ကျ ပြသာနာတက်ရောဗျာ ကူညီကြပါဦးနော် ကျနော်အွန်လိုင်းမှာ ကြိုးစားရှာဝယ်တယ်ဗျ သူ့  Model နဲ့ မတွေ့ ဘူး ကျနော့်ကိုကူရှာပေးပါဦးဗျာ ကျေးဇူးတင်ပါတယ် သူများစက်ကြီး ဖြုတ်ပြီးသွားပြီဗျ
စက်အမျိုးအစားကတော့ Sony VAIO ပါခင်ဗျာ ဒါပေမဲ့  သူ့  HDD ကတော့ Samsung Model:HM321HI
Interface : Serial ATA
capacity : 320 GB
Spinpoint M7E
ST320LM000
drive rotation က ကျနော်မသိပါဘူးခင်ဗျာ ခွင့်လွှတ်နော် ကျနော်ရှာတာ မူးနောက်သွားတယ်ဗျာ သိတဲ့ညီအစ်ကိုများ ကျနော့်ကို ကူညီရှာပေးပါဦးခင်ဗျာ ကျနော်က စနေ တနင်္ဂနွေ ပဲ စာဖတ်အားလို့ ပါ ကျေးဇူးတင်ပါတယ်ခင်ဗျာ
အားလုံးကို အစဉ် လေးစားလျှက်................ )ကွက်တိ(

ကျနော်ဟာ ကျနော့်ဘ၀ရဲ့ အရေးပါတဲ့ လူဖြစ်တယ်
ကွက်တိ is offline   Reply With Quote
အောက်ပါအသင်းဝင် 2 ဦးတို့မှ ကွက်တိ အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 19-02-2013, 02:16 PM
ကွက်တိ
အရွယ်ရောက်သူ
 
အသင်းဝင်နေ့စွဲ: Jan 2009
တည်နေရာ: အမေ့အိမ်
ရေးသားချက်များ: 168
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 1,045
ပို့စ် 99 ခုအတွက် 314 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
ကွက်တိ is on a distinguished road
ပြန်စာ - Laptop ပြင်ဆင်မှု နည်းလမ်းများ

တန်ဖိုးရှိလှတဲ့ ဒီတော့ပစ်ကိုဘယ်သူမှ ၀င်မကြည့်ကြဘူးထင်တယ်နော် ကျနော်မေးထားတာဖြေမဲ့လူ မရှိလို့ ဒီလိုပြောမိတာပါ ကျနော့်ပြသာနာပြေလည်သွားပါပြီခင်ဗျာ စာသေချာမဖတ်လို့ ဒီလိုတုံးအအ ဖြစ်နေမိတာဗျ
အထက်ကကိုမုန်းလေးရှင်းပြထားတာ Interface တူရင်ရပြီလို့ ရေးထားတာ ကျနော်ငတုံးသေချာ နားမလည်လို့  ကိုယ်ဖြုတ်လိုက်တဲ့ ဟက်ဒစ် ပေါ်ကအတိုင်း လိုက်ရှာဝယ်တာ ဘယ်တွေ့ မလဲဗျာ ကိုယ့်ဟာကိုထုလိုက်ချင်တယ် အ လွန်းလို့ လေ ကျနော် ဒီတော့ပစ်ကို တွေ့ ပြီးကတည်းက သူငယ်ချင်းစက်တွေကို ဟက်ဒစ်လဲပေးတာ ၅လုံးလောက်ရှိပြီ မှတ်တမ်းလဲမတင်ထားမိဘူး ကျနော်ကလေ့လာဆဲမို့ လို့  ပို့ စ်မတင်ရဲဘူးဖြစ်နေတယ်ဗျ (ကိုယ့်အကြောင်းကိုယ်သိလို့ လေ) ခုတော့ မတတ်တစ်ခေါက်နဲ့ တင်လိုက်ဦးမယ် ဒီတော့ပစ်လေး သေသွားမှာစိုးလို့  ဆက်လက်ရှင်သန်နိုင်အောင်လို့ ပါခင်ဗျာ အမှားပါရင်လဲလေ ကျနော့်ရဲ့ စေတနာ အမှားပါလို့ သတ်မှတ်ပေးကြနော် အယူခံဝင်နေတာနဲ့ ပို့ စ်ကရှည်ေ်တာ့မယ် ဒီနေ့ ကျနော် ASUS mini laptop ဟက်ဒစ် လဲတာကိုတင်ပြသွားပါမယ်
နံပတ်တစ် အနေနဲ့ ဘက်ထရီကိုဖြုတ်ပါ (မမေ့ပါနဲ့ နော်)ဓတ်လိုက်မှာစိုးလို့ 
နံပတ်နှစ် အနေနဲ့ စက်ရဲ့ အောက်ဘက်က စကူလေးတွေကိုဖြုတ်ပါမယ် အောက်ကပုံကိုကြည့်နော်

ပြီးရင်စက်အပေါ်ဘက်ကိုပြန်သွားပါမယ် ကီးဘုတ်ကိုဖြုတ်ပါမယ် အထူးသတိပြုပါနော် ကီးဘုတ်ကြိုးက အရမ်းတိုလို့ ပါ အောက်ကပုံကိုကြည့်နော်အ၀ါရောင်ဝိုင်းပြထားတဲ့နေရာလေးက ချုပ်ထားတဲ့ခလုတ်လေးတွေကို
ကီးလေးတွေဖိပြီး စကူဒရိုက်ဘာဖြစ်ဖြစ် ပါးတဲ့အရာလေးနဲ့ ဖြစ်ဖြစ် ဖိပြီးလှန်လိုက်ပါ ဖြေးဖြေးလှန်နော် ချုပ်ထားတာတနေရာတည်းမဟုတ်လို့ ပါ လှန်ပြီး သွားကြားထိုးတံလေးနဲ့ ခနခံထားလိုက် နောက်တနေရာကိုလဲ ဒီတိုင်းသွားပြီးဖိလှန်လိုက်ပါ



မားသားဘုတ်နဲ့ ဆက်ထားတဲ့ကြိုးကိုဖြုတ်လိုက်ရင် ကီးဘုတ်ဖြုတ်ခြင်း ပြီးစီးသွားပါပြီခင်ဗျာ
ကီးဘုတ်အောက်ဘက်သံပြားပေါ်က ပုံပါခင်ဗျာ



မားသားဘုတ်အပေါ်ကသံပြားကစကူ၆ခုဖြုတ့်ရပါမယ် ပုံကိုကြည့်ပါခင်ဗျာ

ဖြုတ်ပြီးရင် အောက်ကပုံလိုမြင်ရပါမယ် အ၀ါရောင်နဲ့ ဝိုင်းပြထားတာလေးက ကီးဘုတ်နဲ့ ဆက်သွယ်ထားတဲ့ကြိုးလေးတွေဖြစ်ပါတယ် အနီရောင်နဲ့ ဝိုင်းပြထားတာလေးကို ဖြုတ်ပြီး ဟက်ဒစ်ကိုဖြုတ်လိုက်ရုံပါပဲခင်ဗျာ



ပြန်လည်တပ်ဆင်ဖို့ အတွက် ကိုယ်ဖြုတ်လာတဲ့အစိတ်အပိုင်း တဆင့်ချင်းစီကိုသေချာမှတ်သားဖို့ လိုပါတယ်နော် အထူးအားဖြင့် စကူတွေပေါ့ အတိုအရှည်မတူတာတွေရှိပါတယ် ခွဲခြားမှတ်သားထားရင် ပိုကောင်းတာပေါ့ ကျနော်ကမှားယွင်းမှာစိုးလို့  စာရွက်အလွတ်တခုမှာ စတစ်ကာကပ်ပြီး ကိုယ်ဖြုတ်ထားတဲ့စကူကို ကပ်ထားလိုက်တယ် အောက်မှာစာပါတွဲရေးထားလိုက်တာ လူပိန်းနည်းပေါ့ ဘာဖြစ်ဖြစ်မမှားဖို့ အဓိကမဟုတ်လားနော် အားလုံးအဆင်ပြေစွာ ဖတ်နိုင်ကြပါစေခင်ဗျာ လိုအပ်တာရှိရင်လဲ ကျနော့်ကို သင်ပြသွားပါဦးခင်ဗျာ HP တလုံး ဟက်ဒစ်လဲဖို့ ရှိပါသေးတယ် မှတ်တမ်းတင်ပြီး ပို့ စ်တင်ပေးမယ်နော်
အားလုံးကိုအစဉ်လေးစားလျှက်....)ကွက်တိ(

ကျနော်ဟာ ကျနော့်ဘ၀ရဲ့ အရေးပါတဲ့ လူဖြစ်တယ်
ကွက်တိ is offline   Reply With Quote
အောက်ပါအသင်းဝင် 8 ဦးတို့မှ ကွက်တိ အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 20-02-2014, 07:36 PM
တင်ဝင်း
မွေးကင်းစကလေး
 
အသင်းဝင်နေ့စွဲ: Feb 2014
ရေးသားချက်များ: 1
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 0
ပို့စ် 0 ခုအတွက် 0 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
တင်ဝင်း is on a distinguished road
ပြန်စာ - Laptop ပြင်ဆင်မှု နည်းလမ်းများ

ကိုမုန်းလေးခင်ဗျား ကျွန်တော့် Laptop က MSI 1414 mega book s430x AMD ဖြစ်ပြီး VGA က nevidia Geforce Go 6100 ဖြစ်ပါတယ်၊ အခု အဲဒီ VGA Card ပျက်နေတယ်လို့ယူဆပါတယ်၊ အဲဒါ Board ကနေVGA Card ကိုဘယ်လိုဖြုတ် ရတယ်ဆိုတဲ့နည်းပညာလေးသိလိုပါတယ်၊ ကျေးဇူးပြုပြီး သင်ပြပေးပါ၊ ဈေးကွက်မှာအဲဒီ VGA Card ကိုဝယ်လို့ရနိုင်ပါသလား ဖြေ ကြားပေးပါ၊
တင်ဝင်း is offline   Reply With Quote
Old 11-08-2014, 05:13 PM
rayon
ကလေးပေါက်စ
 
အသင်းဝင်နေ့စွဲ: Nov 2009
ရေးသားချက်များ: 31
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 5
ပို့စ် 12 ခုအတွက် 15 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
rayon is on a distinguished road
ပြန်စာ - Laptop ပြင်ဆင်မှု နည်းလမ်းများ

Laptop Power မတက်ရင် ဘယ်အပိုင်း ကို စစ်ဆေးသင့်ပါသလဲ ။( ဘထ္တရီးကောင်းသည်)
rayon is offline   Reply With Quote
အောက်ပါအသင်းဝင်မှ rayon အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 07-03-2016, 11:22 AM
powerlight02
အရွယ်ရောက်သူ
 
powerlight02's Avatar
 
အသင်းဝင်နေ့စွဲ: Jan 2013
တည်နေရာ: ပဲခူး
ရေးသားချက်များ: 175
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 165
ပို့စ် 155 ခုအတွက် 498 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
powerlight02 is on a distinguished road
ပြန်စာ - Laptop ပြင်ဆင်မှု နည်းလမ်းများ

ကျွန်တော့် Notebook Acer E1-431 လေးမှာ ကွန်ပျူတာ စကရင်က စစဖွင့်ဖွင့်ခြင်းမှာ မငြိမ်ဘူးဖြစ်နေပါတယ်။ တစ်မိနစ်၊ နှစ်မိနှစ်ဆိုရင်တော့ ငြိမ်ပြီး အဆင်ပြေသွားပါတယ်။ မော်နီတာ ကြိုးမကောင်းဘူးလားဆိုပြီး စက်ကို ဖွင့်ပြီး စမ်းကြည့်တော့လည်း မဟုတ်ဘူးဖြစ်နေပါတယ်။ အဲ့ဒါ ဘယ်လိုမျိုး Problem လေး ဖြစ်နိုင်တယ်။ ဘယ်လိုမျိုး ပြုပြင်လို့ ရနိုင်တယ်ဆိုတာလေး တစ်ချက်လောက် ဆွေးနွေးစေချင်ပါတယ်။

ကိုကိုဇော် (BE-EC)
www.htarwaiethar.blogspot.com
powerlight02 is offline   Reply With Quote
Reply

Tags
အကြိုက်ဆုံး, hardware guide, hardware howto, hardware knowledge, laptop repair

တန်ဆာပလာများ
ဖော်ပြမှုပုံစံ

Posting Rules
You may not post new threads
You may not post replies
You may not post attachments
You may not edit your posts

BB code is On
Smilies are On
[IMG] code is On
HTML code is Off

ဖိုရမ်တွေ ကျော်ရောက်ချင်ရင် !

အခြားဆင်တူဆွေးနွေးချက်များ
ဆွေးနွေးချက် စတင်ရေးသားသူ ကွပ်ပျစ်ဝိုင်း ပြန်စာများ နောက်ဆုံးပို့စ်
Touch Pad Driver(for laptop users) thetnaung87 ကွန်ပျူတာဆိုင်ရာတိုလီမုစများ 2 11-02-2012 08:56 AM
Windows XP Sp3 OEM for Laptop Collection ကျန်စစ် Windows XP 30 06-11-2011 02:55 PM
Laptop Battery Power ကို ကြာရှည်စွာ အသုံးပြုနိုင်ရန် နည်းလမ်း မောင်ပေါ်ဦး အထွေထွေဗဟုသုတ 8 15-05-2011 11:25 AM
Laptop ပျက်နေပြီဆိုရင် ဘယ်လိုဖြေရှင်းမလဲ မောင်ပေါ်ဦး အထွေထွေဗဟုသုတ 0 18-10-2010 12:28 PM


ဖိုရမ်၏ ပင်မအချိန်သည် ဂရင်းနစ်စံတော်ချိန် +6.5 ဖြစ်သည်။ဒေသစံတော်ချိန် 05:13 AM
Inactive Reminders By Icora Web Design