Go Back   မြန်မာမိသားစုဖိုရမ် » ..:: ကွန်ပျူတာနယ်ပယ် ::.. » Hardware များဆိုင်ရာ
မြန်မာလက်ကွက်

Hardware များဆိုင်ရာ Hardware များအကြောင်း နှင့်အသုံးဝင်ပုံ၊အသုံးချပုံများ ဆွေးနွေးထားတဲ့နေရာဖြစ်သလို ရင်ဆိုင်ရသည့်အခက်အခဲများကို ၀ိုင်းဝန်းဖြေရှင်းဆွေးနွေးထားသည့်နေရာဖြစ်ပါသည်..

Reply
 
Bookmark and Share တန်ဆာပလာများ ဖော်ပြမှုပုံစံ
Old 09-06-2011, 12:40 AM
  post #1
ကိုစံငြိမ်း
အထူးအသင်းဝင်
 
အသင်းဝင်နေ့စွဲ: Sep 2010
ရေးသားချက်များ: 121
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 569
ပို့စ် 120 ခုအတွက် 2,066 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
ကိုစံငြိမ်း is on a distinguished road
North Bridge ကြောင့် AMD Socket 939 motherboard ပျက်ခြင်း

ကျွန်တော့်သူငယ်ချင်းတစ်ယောက်ရဲ့ ကွန်ပျူတာက AMD processor ကိုအသုံးပြုပြီး Socket 939 motherboard ကိုအသုံးပြုထားပါတယ်..ဒါကလည်း သူက second hand ကိုပြန်ဝယ်ထားတာဖြစ်ပါတယ်.. သူ့ လက်ထဲရောက်တဲ့အချိန်မှာ သုံးနှစ်လောက်သုံးခဲ့ပြီးပါပြီ..ကျွန်တော့်သူငယ်ချင်းက ဂိမ်းဆော့တယ် ..နေ့ မနားညမနား အားထည့်တာပေါ့ဗျာ..စက်က ငြိမ်တော့ငြိမ်တယ်ဗျ အသံဆူဆူညံညံသိပ်မရှိဘူး.. လူနားရင် နားမယ် စက်ကတော့ လုံးဝ shut down မချပဲ ၂၄ နာရီလုံးဖွင့်ထားပါတယ်..သူက စက်ဖုံးကိုဖွင့် ထားပါ တယ်..အပြင်ကနေကြည့်ရင် system unit အတွင်း မားသားဘုတ်ကို တန်းမြင်နေရပါတယ်..အဲဒီမှာ ကျနော်သတိထားမိတယ် သုံးထားတဲ့ north bridge ရဲ့ heat sink က fan ကိုသုံးထားတယ်..ဒါပေမဲ့ fan ကမလည်တော့ဘူး ဘောပင်လေးနဲ့ အသာလေးထိုးလည်းမလည်တော့ဘူး နည်းနည်းလေး အားထည့်ပြီး ထိုးကြည့်လည်း fan က မလှုပ်တော့ဘူး အတော်လေးကို ကပ်နေပြီး fan ကလှုပ်ကိုမလှုပ်နိုင်တော့တာ.. ဒါကြောင့် သူငယ်ချင်းရေ fan တော့လဲဖို့ သင့်ပြီ ၀ယ်လဲလိုက်တော့ လို့ သတိပေးလိုက်ပါတယ်..သူလဲ ဒါဖြစ်တာတော့ကြာပြီတဲ့ ဒါပေမဲ့ ဘာမှမဖြစ်လို့ ဒီအတိုင်းပဲဆက်သုံးနေတာတဲ့..
*********************************************************
တစ်ရက်ကျတော့ ည 9 နာရီလောက်ပေါ့ ကျွန်တော် အပြင်ကပြန်ရောက်တဲ့အချိန် သူငယ်ချင်း ကျွန်တော့ဆီရောက်လာပါတယ် ဘာဖြစ်တာလဲမသိဘူး စက်ကမတက်တော့ဘူးတဲ့..မနက်ခင်းကတည်းက စက်က လေးတေးတေးဖြစ်နေတာတဲ့..ညနေပိုင်းကျတော့ လုံးဝစက်ကမတက်တော့ဘူး..ဒါနဲ့ ကျွန်တော် သူ့ စက်ကို စမ်းဖို့ ရာသိပ်များများစားစားမလုပ်လိုက်ရပါဘူး..RAM ကိုဖြုတ်ပြီး အလွတ်စမ်းကြည့် လိုက်ပါ တယ်..ဘာလို့ လဲဆိုတော့ အစကတည်းက သူ့ north bridge က အပူချိန်များပြီးမထိန်းနိုင်လို့  လစ်သွား ပြီလို့ ယူဆထားပါတယ်..ဒါနဲ့ RAM ကိုဖြုတ်ပြီး စက်ကို power on လိုက်တာ cpu fan လည်နေရုံမှတစ်ပါး post beep သံလည်းမကြားရပါ..အမှန်ဆို motherboard ကောင်းနေသေးတယ်ဆိုရင် bios ကနေ အသံရှည် တောက်ရှောက် beep သံပေးရမှာပါ...ခုတော့အဲလိုတောင် ထုတ်မပေးနိုင်တော့ပါ..ကျွန်တော့်မှာ ရှိတဲ့  North bridge heatsink နဲ့ အစားထိုးကြည့်ပါသေးတယ် ဒါပေမဲ့ ဘာမှထူးမလာပါဘူး north bridge က အပူကို မထိန်းနိုင်တော့ပဲ လောင်သွားပြီဖြစ်ပါတယ်..motherboard ကိုဝယ်လဲရင်ဝယ်လဲ ဒါမှမဟုတ် တစ်ခြား processor ကို ပြောင်းသုံးဖို့ အကြံပေး လိုက်ပါတယ် တစ်ခြား processor ကိုပြောင်းသုံးဖို့ ဘာလို့ မှာရလဲဆိုတော့ AMD socket 939 က လိုက်ရှာရတာမလွယ်တော့ဘူး..ဒါကြောင့် processor ကိုပြောင်းသုံးမယ်ဆိုရင် motherboard ပါပြောင်းသုံးရမှာပါ..ထိုအတူ RAM ကိုလည်း DDR2 ပြောင်းသုံးရမှာဖြစ်ပါတယ်..သူငယ်ချင်းရဲ့ စက်က motherboard မှာ DDR RAM ကိုပဲsupport လုပ်တာဖြစ်ပါတယ်..ဒါဆိုရင် စက်အသစ်တစ်လုံး ၀ယ်ဆင်တာနဲ့ သိပ်မခြားနားတော့ဘူး.. ဒါကြောင့်သူငယ်ချင်းရဲ့ စက်ကို ဘာမှမလုပ်တော့ပဲ ဒီအတိုင်းထားလိုက်ပြီး laptop နဲ့ ပဲသုံးပါတယ်..အမှန်ဆို north bridge fan ကိုသာ အစကတည်းက ဖြစ်ဖြစ်ချင်းစသိလိုက်တာနဲ့ ဝယ်လဲလိုက်ရင် ဒီထက်သက်တမ်းကြာရှည်စွာ သုံးရဦးမှာဖြစ်ပါတယ်..
ကိုစံငြိမ်း(8.6.2011)
ကိုစံငြိမ်း is offline   Reply With Quote
အောက်ပါအသင်းဝင် 14 ဦးတို့မှ ကိုစံငြိမ်း အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 11-08-2012, 06:49 PM
  post #2
မောင်နေရှိုင်းအောင်
ကလေးပေါက်စ
 
အသင်းဝင်နေ့စွဲ: Aug 2009
ရေးသားချက်များ: 33
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 23
ပို့စ် 16 ခုအတွက် 19 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
မောင်နေရှိုင်းအောင် is on a distinguished road
ပြန်စာ - North Bridge ကြောင့် AMD Socket 939 motherboard ပျက်ခြင်း

ကျွန်တေ့်စက်က အေအမ်ဒီ စီပီယူပါ ပါဝါ ဖွင့်လိုက်ရင် ဖန်ကတစ်ချက်လည်တယ် ပီးတော့ရပ်သွားတယ် စီပီယူပျက်တယ်ထင်လို့ ၀ယ်လဲတာလဲမထူးဘူး ဘုတ်ကြွသွားတာလား သိချင်တယ်ဗျာ ကူညီကြပါဦး
မောင်နေရှိုင်းအောင် is offline   Reply With Quote
Reply

တန်ဆာပလာများ
ဖော်ပြမှုပုံစံ

Posting Rules
You may not post new threads
You may not post replies
You may not post attachments
You may not edit your posts

BB code is On
Smilies are On
[IMG] code is On
HTML code is Off

ဖိုရမ်တွေ ကျော်ရောက်ချင်ရင် !

အခြားဆင်တူဆွေးနွေးချက်များ
ဆွေးနွေးချက် စတင်ရေးသားသူ ကွပ်ပျစ်ဝိုင်း ပြန်စာများ နောက်ဆုံးပို့စ်
Hardware အခြေခံနှင့် ပြဿနာရပ်များ ဆန်းစစ် အဖြေရှာခြင်း ကိုစံငြိမ်း Hardware များဆိုင်ရာ 85 24-01-2014 11:11 PM
Hardware အား စတင်လေ့လာခြင်း phyomyintthein Hardware များဆိုင်ရာ 142 05-07-2013 12:27 PM
Computer Hardware Fundamental (မာတိကာ) ကိုစံငြိမ်း Hardware များဆိုင်ရာ 30 13-06-2011 11:05 PM
မားသားဘုတ်အကြောင်းသိကောင်းစရာ poekaunglay87 Hardware များဆိုင်ရာ 7 08-11-2009 03:41 PM
ကွန်ပျူတာ ၀ယ်ကြမယ် ... ကိုရင်ပြည့်စုံ ကွန်ပျူတာဆိုင်ရာတိုလီမုစများ 1 04-12-2008 11:45 PM


ဖိုရမ်၏ ပင်မအချိန်သည် ဂရင်းနစ်စံတော်ချိန် +6.5 ဖြစ်သည်။ဒေသစံတော်ချိန် 03:53 PM
Inactive Reminders By Icora Web Design