Old 03-03-2011, 04:35 PM
  post #1
KznT
ကြီးကြပ်ရေးမှူး
 
KznT's Avatar
 
အသင်းဝင်နေ့စွဲ: Dec 2009
တည်နေရာ: http://www.techsectors.blogspot.com
ရေးသားချက်များ: 1,338
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 5,983
ပို့စ် 1,332 ခုအတွက် 20,394 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
KznT has a spectacular aura aboutKznT has a spectacular aura about
လူငယ်နှင့် ပညာရေး

ဒီအကြောင်းကို ရေးမယ်လို့ စိတ်ကူးခဲ့တာ တကယ်တော့ ဖေဖော်ဝါရီ ၁၃ ရက်နေ့က - ဘာရယ်ကြောင့်တော့ မဟုတ်ပါဘူး - အများအကျိုးအတွက် အလုပ်လုပ်ပြီး အများအတွက် အသက်စွန့်ခဲ့တဲ့ လူတစ်ယောက်ရဲ့ မွေးနေ့မှာ ကိုယ်တတ်နိုင်တဲ့ အင်အားနဲ့ အများအတွက် အကျိုးရှိမယ့် ဒါနလေးတစ်ခု ပြုပေးချင်တဲ့ စိတ်ကူးလေးပေါ်လာမိလို့ - ဒါပေမယ့် အဲ့နေ့က စိတ်ကူးပဲ ရှိပြီး လူကူးနိုင်ဖို့ ခက်ခဲ့တယ် -

လူငယ်နှင့် အယူလွဲများ

မှန်ရာပြောရရင် ဒီရက်ပိုင်း အလုပ်တွေ နင်းကန်ပိပြီး စာရေးချင်စိတ် လုံးဝ မရှိဘူး - ရေးချင်စိတ်မရှိတဲ့ အချိန်မှာ ဖြစ်ညှစ်ရေးရင် ဝတ်ကျေတန်းကျေတွေ ဖြစ်မှာစိုးတာနဲ့ ဖိုရမ်နဲ့ ပတ်သတ်ပြီး တော်တော် များများ မသိချင်ယောင်ဆောင်ခဲ့တယ် - ဒီနေ့တော့ အရင်လက စိတ်ကူးရှိပြီး လူမကူးနိုင်ခဲ့တဲ့ ဒါနလေးတစ်ခု ပြန်အကောင်အထည်ဖော်ဖို့ စိတ်ကူးမိပါတယ် - ခေါင်းစဉ်ကိုတော့ လူငယ်နှင့် ပညာရေး လို့ ပေးထားတယ် - အကြောင်းက ခုခေတ် လူငယ်လေးတွေ ကျောင်းပြီး ဘွဲ့ရလို့ တစ်ချို့ အလုပ်အကိုင်နဲ့ ဖြစ်သွားကြတဲ့ သူတွေရှိသလို - တစ်ချို့ကျတော့လည်း အလုပ်မရသေးတော့ ဟိုယောင်ယောင် ဒီယောင်ယောင်နဲ့ လက်ဖက်ရည်ဆိုင်ထိုင် - အင်တာနက်ဆိုင်ဝင် - ချက်တင်တက် စသဖြင့် တစ်နေ့တစ်နေ့ ပိုက်ဆံတွေသာ ကုန်ပြီး ကိုယ့်အတွက် ဘာတစ်ခုမှ မယ်မယ်ရရ မကျန်ပဲ အချိန်ကုန် လေပန်းပြီး ( လူပန်း မဟုတ် - ဘာမှလုပ်စရာ မရှိသောကြောင့် လူမပင်ပန်း လေပန်းရန် အလုပ်တစ်ခုသာ ရှိသည် ) တစ်နေ့နဲ့ တစ်နေ့ ဖြတ်သန်းနေကြတာ တွေ့ရတယ် - လူငယ်ဆိုတာ အနာဂတ်ရဲ့ မျှော်လင့်ချက်တွေပါ - ခုလို လူငယ်တွေ ကျောင်းပြီးတာနဲ့ ပညာရေး ဆုံးခန်းတိုင် သွားသလိုမျိုး လေ့လာမှု မရှိပဲ ယောင်ခြောက်ဆယ် ဖြစ်နေတာ တွေ့ရရင် တကယ်ကို စိတ်ထဲ မကောင်းဘူး - ကိုယ်တွေနိုင်ငံမှာသာ လူငယ်တွေ လက်ဖက်ရည်ဆိုင်/ ဂိမ်းဆိုင်/ အင်တာနက်ဆိုင် စသဖြင့် အချိန်ကုန် နေကြတာ ကိုယ်တွေ သူများနိုင်ငံရောက်လာတော့ လူငယ်တွေ ဆိုတာ အလုပ်ခွင်မှာ ကြည့်မလား - ကျောင်းတွေမှာကြည့်မလား - သွားသုတ်သုတ် - စားသုတ်သုတ်နဲ့ သူတို့မှာ နားချိန်မှ ရှိကြရဲ့လား လို့တောင် တစ်ခါတစ်ခါ တွေးမိတယ် - သူများနိုင်ငံကို အထင်ကြီးလို့ ဒီစကားပြောတာ မဟုတ်ဘူး - အတုယူသင့်တာကိုတော့ ကျွန်တော်တို့ အတုယူကြရမယ် - မြန်မာလူငယ်တွေက အတုယူသင့်တာကျ မယူကြပဲ အတုမယူသင့်တဲ့ living together တို့ - အလှအပနဲ့ ဂုဏ်တုဂုဏ်ပြိုင်တွေမှာ ကျတော့ နိုင်ငံခြားကို ကျော်တက်တော့မယောင် အမှီလိုက်နိုင်ကြတာ တွေ့ရတယ် - သူတို့ နိုင်ငံတွေမှာ လူငယ်တွေ လေ့လာလိုက်ကြတာ ဖန်တီးလိုက်ကြတာ ဆိုတာများ ပြောမနေနဲ့တော့ - ကိုယ်လိုစာထိုင်ဖတ်ပြီး နည်းပညာနောက်ကို လိုက်တဲ့သူတောင် သူတို့ တစ်နေ့နဲ့ တစ်နေ့ သွားနေတဲ့ ဖန်တီးမှုကို မမှီနိုင်ဘူး -

ပညာရေးနှင့် ဘဝတန်ဖိုး

ဘာကြောင့်လည်းဆိုတာ လေ့လာကြည့်တော့ သူတို့တွေရဲ့ လက်တစ်ကမ်းမှာ ရှိနေတဲ့ ပညာရေးဟာ စဉ်ဆက်မပြတ် လေ့လာနေရတဲ့ ပညာရေးဖြစ်နေတာ သွားတွေ့ရတယ် - ကိုယ်တွေလို ကျောင်းပြီးဘွဲ့ရ ရင် လေ့လာစရာကုန်သွားတာမျိုး မဟုတ်ဘူး - ဒီတစ်ခုသိပြီးရင် နောက်တစ်ခု ထပ်သိဖို့ လိုတယ် - ဒီတစ်ခု သုံးတတ်ရင် နောက်တစ်ခု သုံးတတ်ဖို့လိုတယ် - ဒီတော့ သူတို့မှာ အချိန်တိုင်း လေ့လာနေရတယ် - ကိုယ်တွေနိုင်ငံမှာ ဒေါက်တာဘွဲ့ရလူတစ်ယောက်ကို တော်ယုံ လုပ်ငန်းခွင်မှာ ဒိုးတူဘောင်ဘက် အလုပ်လုပ်နေတာ တွေ့ရခဲတယ် - ဒေါက်တာဘွဲ့ရ လူတစ်ယောက်ကို သီးခြားအဆင့်မြင့်ပညာရှင် လူတန်းစားတစ်ယောက်လိုကို သတ်မှတ်ပြီး Bachelor အဆင့်နဲ့ မတူတဲ့ နေရာမှာ ထားကြလေ့ ရှိတယ် - ဥပမာ ကျောင်းအုပ်တို့ ဌာနမှုးတို့ ပါမောက္ခတို့ စသဖြင့် - အဲ့နေရာတွေ မထားလို့ ကလည်း မရဘူး - တစ်ခြားနေရာတွေနဲ့ကျတော့ သူသိတာတွေက အံမဝင်တာ/ အသုံးချလို့ မရတာတွေ ဖြစ်နေပြန်ရော - သူတို့နိုင်ငံတွေမှာတော့ ကိုယ့်ဘေးဘယ်ညာကို ကြည့်လိုက်ရင် လုပ်ငန်းခွင်မှာပဲ လခစားလို့ ထင်ရတဲ့ သူလိုကိုယ်လို လူတွေက ဒေါက်တာဘွဲ့ရနဲ့ အနည်းဆုံး Master တွေချည်း - ကိုယ်တွေနိုင်ငံမှာ ဘွဲ့ကို ဂုဏ်ပုဒ်တစ်ခုလိုပဲ သုံးတယ် - ဆိုလိုတာ ဘွဲ့ကသပ်သပ် - လုပ်တဲ့အလုပ်က သက်သက် - သူတို့တွေ နိုင်ငံမှာတော့ ဒီရထားတဲ့ ဘွဲ့ကိုပဲ လုပ်ငန်းခွင်မှာ အံဝင်ခွင်ကျဖြစ်အောင် နောက်တိုး ဘာသာရပ်တွေ ထပ်ထပ်လေ့လာပြီး လုပ်ငန်းခွင်လိုအပ်ချက်နဲ့ ကိုယ့်ရဲ့ ကိုယ်ပိုင်အရည်အသွေးကို မြှင့်ယူကြတာ တွေ့ရတယ် - သေချာတာကတော့ လေ့လာနေတဲ့သူဆိုတာ မလေ့လာပဲ ထိုင်နေတဲ့ သူထက်စာရင်တော့ အတွေးအခေါ်ရော ဖန်တီးမှုရော ပိုကောင်းတာ အသေအချာပဲ - ကိုယ်တွေကတော့ ကျောင်းပြီးတည်းက ထိုင်လိုက် ပျင်းလိုက် - ပျင်းလိုက် ထိုင်လိုက်နဲ့ -
  • လေ့လာဖို့ ဆိုတာလည်း မတွေးမိဘူး။
  • ဘယ်လိုလေ့လာရမယ် ဆိုတာကိုလည်း မတွေးတတ်ဘူး။
  • အင်တာနက်နဲ့ အကျွမ်းတဝင်ရှိတဲ့လူ မဟုတ်တော့ ဘယ်လိုသုံးရမယ်ဆိုတာလည်း နားမလည်သလို - ဘာတွေ လေ့လာနိုင်တယ်ဆိုတာကိုလည်း ဂဃနဏ မသိဘူး။
  • အဲ့တာကြောင့် အင်တာနက်ကြီး လက်တစ်ကမ်းမှာ ရှိနေလည်း ဘယ်နားသွား လေ့လာရမှန်း မစဉ်းစားချင်တော့ဘူး။

ဘာမှမသိလျှင် ဘာမှဖြစ်လာမည် မဟုတ်

လွန်ခဲ့တဲ့ လေးနှစ်လောက်ကပေါ့ - ကိုယ်ပိုင် Blog တစ်ခု စရေးတယ် - Blog သာ ရေးခဲ့တာ ကိုယ်ရေးတဲ့ ဘလော့မှာ ဘာအကြောင်း ရေးရကောင်းမှန်း မသိဘူး - ဘယ်သိမလဲ ကိုယ်က ဘာမှမှ မသိပဲ - လူသိများတဲ့ Blog ကောင်းတွေကို သေသေချာချာ လိုက်ဖတ်ကြည့်ရင် စာရေးသူတွေဟာ စာတော်တော်ဖတ်နိုင်တာ တွေ့ရတယ် - ( ဥပမာ နိုင်းနိုင်းစနေ - သူဆို စိတ်ခွန်အားနဲ့ ပတ်သတ်တဲ့ စာတွေ တော်တော်များများ ရေးလေ့ရှိတယ် - များသောအားဖြင့် တရုတ်ဘာသာနဲ့ ရေးထားတဲ့ စာအုပ်တွေကနေ ဘာသာပြန်ရေးတာ ) - အဲ့တော့အနှစ်ချုပ်ရရင် ကျွန်တော်အမြဲ တိုက်တွန်းလေ့ရှိတဲ့ တစ်ခြားသူအတွက် မျှဝေမှုဆိုတာ ကိုယ်ကိုယ်တိုင်ရဲ့ အသိဥာဏ်ထဲ ဘာမှမရှိပဲ ဘာမှမျှဝေဖို့ မဖြစ်နိုင်ဘူး -
  • သူများကို တစ်ခုပေးချင်ရင် ကိုယ်ကိုယ်တိုင်ကလည်း အနည်းဆုံး တစ်ခုသိထားဖို့ လိုသလို အဲ့ထက်ပို သိချင်ရင်လည်း ကျွန်တော်တို့တွေ ဒီ့ထက်ပိုပြီး စာဖတ်ဖို့ လိုပါတယ်။
  • သူများကို မျှဝေဖို့ ဆိုတာကို နောက်မှာ ထားလိုက်ဦး - ကိုယ်ကိုယ်တိုင်ရဲ့ အရည်အသွေး လက်ရှိအခြေအနေထက် တက်လာချင်ရင် ခုထက်ပိုပြီး စာဖတ်ကြဖို့ လိုပါတယ်။
  • နေ့စဉ်နဲ့ အမျှ ပြောင်းလဲနေတဲ့ ကမ္ဘာ့နည်းပညာကို မျက်ခြေမပျက်ချင်ရင် နေ့စဉ်နဲ့ အမျှကို စာဖတ်နေဖို့ လိုပါတယ်။

စာမည်သို့ ဖတ်မည်နည်း

အဲ့တော့ ကျွန်တော်တို့ ဘယ်နေရာတွေမှာ စာဖတ်ကြမလဲ - ကျွန်တော့်အတွက်တော့ Library တို့ စာအုပ်အဌားဆိုင်တို့ ဆိုတာ တော်တော်ဝေးသွားပြီ - အင်တာနက်ထဲမှာ စာဖတ်ဖို့ တစ်ချိန်တုန်းက စိတ်ကူးရှိခဲ့ပေမယ့် စာဖတ်ဖို့ စဉ်းစားလိုက်ရင် ဘယ်ဘလော့တွေ ကောင်းမှန်း မင်းသိလို့လား ဆိုတဲ့ မေးခွန်းကို ကိုယ့်ဘာသာ ပြန်မေးပြီး အမှောင်ချပစ်ခဲ့တာ များတယ် - ရလာဒ်ကတော့ တိုင်းတပါးမှာ လူတိုင်းနားလည်နေတဲ့ ကလေးကွက်တွေကို ခုချိန်ထိ ကျွန်တော့်မှာ မျက်ကလူးဆန်ပြာနဲ့ လေ့လာနေရတုန်း - ဒါတွေကို နားလည်လာတော့ ကိုယ့် လူငယ်တွေကို ကိုယ့်လို မဖြစ်စေချင်တော့ဘူး - သူတို့တွေကို အများကြီး တော်စေချင်တယ် - အဲ့အတွက် ဘာလုပ်ပေးရမလဲ လို့ စဉ်းစားကြည့်တယ် - အဲ့လို တတ်နိုင်တဲ့ ဘက်က စွမ်းသလောက် ကူညီပေးနိုင်ဖို့ဆို ငါ့မှာ တန်ဖိုးအရှိဆုံးအရာ ဘာရှိသလဲဆိုပြီး ဆန်းစစ်ကြည့်တော့ ကျွန်တော်နှစ်ရှည်လများ စုဆောင်းထားခဲ့တဲ့ အရာတစ်ခု သွားတွေ့တယ် -

အဲ့တာကတော့ ကျွန်တော့်အမြဲ ဖတ်လေ့ရှိတဲ့ အင်တာနက်ထဲက လေ့လာစရာ နေရာတွေကို မိသားစုဝင်တွေ အတွက် မျှဝေရင်း အလေ့အကျင့် မရှိသေးတဲ့ လူငယ်တွေအတွက် စာဖတ်နည်း လက်ဆင့်ကမ်းချင်တာပါ - စုစုပေါင်း နေရာ ( ၁၀၀၇ ) ခု ရှိပါတယ် - ဒီလောက်ပမာဏဟာ စာဖတ်တဲ့ အလေ့အကျင့် မရှိသေးတဲ့ လူငယ်တွေ - ဖတ်ချင်ပေမယ့် ဘယ်နေရာတွေမှာ စာဖတ်ရမှန်း မသိပဲ အခက်တွေ့နေတဲ့ နည်းပညာ လေ့လာလိုသူ လူငယ်တွေ အတွက် အတိုင်းအတာ တစ်ခုထိ အထောက်အကူ ပြုလိမ့်မယ်လို့ ယုံကြည်မိပါတယ် -

Reader များ၏ အခန်းကဏ္ဍ

ဒီ လိပ်စာပေါင်း ၁၀၀၇ ခုကို နေ့စဉ်နဲ့ အမျှ Websites တစ်ခုချင်းစီကို တစ်နေရာချင်းဆီ လိုက်ပြီး စာလိုက်ဖတ်ဖို့ဆိုတာ မဖြစ်နိုင်တာမို့ စာဖတ်ရတာလွယ်အောင် အရင်က ကျွန်တော် Google Reader သုံးခဲ့ပါတယ် - အဲ့နောက်မှာ FeedDemon သုံးခဲ့ပါတယ် - ခုနောက်တော့ အဲ့တာနှစ်ခုလုံး မသုံးတော့ပဲ Feedly ပြောင်းသုံးနေပါတယ် - တစ်ချို့ မိသားစုဝင်တွေ အနေနဲ့ Reader သုံးရတဲ့ ရည်ရွယ်ချက်ကို နားမလည်ကြသေးတာမျိုး ရှိနိုင်တာမို့ ဒီနေရာမှာ Reader တွေရဲ့ အားသာချက်တွေ အကြောင်း နည်းနည်းလောက် ရှင်းပြပါရစေ - Reader တွေသုံးရခြင်းရဲ့ အဓိက ရည်ရွယ်ချက်က ရှေ့မှာ ရှင်းခဲ့ပြီးသလို ကိုယ် ဖတ်လေ့ရှိတဲ့ Websites တွေ / Blogs တွေရှိရာဆီ တစ်နေရာချင်းစီ သွားဖို့ မလိုပဲ နေရာတစ်နေရာတည်းကနေ သူ့ဆီက တက်သမျှ သတင်းကို စောင့်ကြည့်နေချင်လို့ပါ - Reader တွေ သုံးပြီး စာဖတ်ခြင်း အားဖြင့် ကိုယ်ဖတ်လေ့ရှိတဲ့ Websites တွေ / Blogs တွေက နေ့စဉ်တက်လေ့ရှိတဲ့ တန်ဖိုးရှိတဲ့ အကြောင်းအရာတွေကို လွတ်သွား ကျော်သွားတာမျိုး မရှိပဲ နေ့စဉ်ပုံမှန် ဖတ်ဖြစ်လာပါလိမ့်မယ်။ တစ်ခြား အားသာချက်တွေကိုတော့ အကျယ်ချဲ့ပြီး မိတ်ဆက်မပေးတော့ပါဘူး - နောက်ပိုင်း စာဖတ်ဖြစ်သွားတဲ့ နောက်မှာ ဘာတွေလုပ်ဆောင်လို့ ရမယ်ဆိုတာ အလိုလို နားလည် သွားပါလိမ့်မယ်။ Feedly ဆိုတာ Add-ons တစ်မျိုးပါ - သူ့ကို Mozilla မှာလည်း Add-ons အဖြစ် အသုံးပြုနိုင်သလို - Google chrome မှာလည်း Extension တစ်ခု အဖြစ် အသုံးပြုနိုင်ပါတယ်။ Feedly ရဲ့ တည်ဆောက်ပုံဟာ အပြင်မှာ မဂ္ဂဇင်းတစ်စောင် ဝယ်ပြီး ဖတ်နေရသလိုမျိုး ကိုယ့်စိတ်ကြိုက်ရွေးချယ်ထားတဲ့ Websites တွေ / Blogs တွေက တက်လာတဲ့ သတင်းတွေကို အသွင်ဆန်းနဲ့ ဖော်ပြပေးတာမို့လို့ စွဲဆောင်မှုလည်း ရှိသလို အင်မတန်မှလည်း စာဖတ်လို့ ကောင်းပါတယ်။


Reader အသုံးပြု၍ စာဖတ်ခြင်း

လိပ်စာပေါင်း ၁၀၀၇ ခုကို ဒီနေရာမှာ တစ်ခုချင်းစီ ချရေးပြီး မှတ်ခိုင်းမှာ မဟုတ်ပါဘူး - တစ်ခါတည်း စာဖတ်လို့ ရအောင် ဖန်တီးပေးသွားမှာပါ -

အဆင့် ( ၁ ) >> အရင်ဆုံး Google-reader-subscriptions file ( OPML file ) ဖိုင်ကို အောက်မှာယူလိုက်ပါ -

Quote:
Download >> Google-reader-subscriptions
Mozilla Firefox သမားများ Feedly Add-ons ကို ဒီနေရာကနေ သွားပြီး install လုပ်ပါ။
Google Chrome သမားများ Feedly Extension ကို ဒီနေရာကနေ သွားပြီး install လုပ်ပါ။ install လုပ်ပြီးတဲ့ အချိန်မှာ အောက်ဖော်ပြပါအတိုင်း icon လေးတစ်ခု browser မှာ တွေ့ရပါလိမ့်မယ်။ ခဏ ဒီအတိုင်း ထားထားပါ။


အဆင့် ( ၂ ) >> Google Reader ကို သွားပါ - ကိုယ့် Google account နဲ့ login ဝင်ပြီး အောက်မှာ ဖော်ပြထားတဲ့အတိုင်း ညာဘက်အပေါ်ထောင့်က Reader Settings ကို ဝင်ပါ။


အဆင့် ( ၃ ) >> Import/Export tab ကိုသွားပြီး အပေါ်မှာ Download ယူခဲ့တဲ့ Google-reader-subscriptions file ကို Browser ကနေတစ်ဆင့် ရှာယူပြီး Upload တင်ပါ -


အဆင့် ( ၄ ) >> ဖော်ပြပါ အဆင့်တွေ ပြီးရင် Feedly ကနေ တစ်ဆင့် စာစဖတ်လို့ ရပါပြီ - Browser က Feedly icon ကို နှိပ်ပါ - သူက Google account ကိုသုံးပြီး login ဝင်ခိုင်းပါလိမ့်မယ် - ခုနက Google Reader မှာ Google-reader-subscriptions file upload တင်ခဲ့တဲ့ Account ကို သုံးပြီး login ဝင်လိုက်ပါ။ ဒါဆို Google Reader ကို တစ်ဆင့်ခံပြီး Feedly ကနေ စာစဖတ်လို့ ရပါပြီ။ Feedly ရဲ့ အသေးစိတ် အသုံးပြုနည်းကို ဒီနေရာမှာ လေ့လာနိုင်ပါတယ်။




မည်သို့ ဖွဲ့စည်းထားသနည်း

ကျွန်တော့်စိတ်ကြိုက် ရွေးပြီး စဉ်ထားတဲ့ Google-reader-subscriptions မှာ Websites ပေါင်း ( ၁၀၀၇ ) ခုကို ကဏ္ဍလိုက် Categories ပေါင်း အခု ( ၂၀ ) ခွဲပြီး စဉ်ထားပေးပါတယ်။ အဲ့ဒီ့ Categories တွေကတော့ -

( 1 ) Buddhism - ဘာသာတရားဆိုတာ လူတစ်ယောက်ရဲ့ အသိတရား စိတ်ဓာတ် ခံယူချက်နဲ့ လုပ်ဆောင်မှုတွေကို အများကြီး တိုးတက်ပြောင်းလဲ စေတာမို့လို့ ဒီကဏ္ဍအောက်မှာ မြန်မာဗုဒ္ဓဘာသာဝင် လူငယ်တိုင်းအတွက် လေ့လာဖတ်ရှုသင့်တဲ့ ဗုဒ္ဓဘာသာ ဘလော့ကောင်းတွေ စုစည်းထားပါတယ်။

( 2 ) Myanmar - ကိုယ့်နိုင်တွင်းမှာ ဘာတွေ ဘယ်လို ဖြစ်နေလဲဆိုတာလေ့လာနိုင်ဖို့ မြန်မာပြည်သတင်းနဲ့ ရသဆိုင်ရာ မြန်မာဘလော့ကောင်း တစ်ချို့ ဖတ်ဖို့ ဆိုပြီး ဒီကဏ္ဍအောက်မှာ ကျွန်တော်စုထားခဲ့ပါတယ် - ဒီကဏ္ဍမှာ blogs ပမာဏ တော်တော်နည်းပါတယ် - ကိုယ့်ဘာသာ စိတ်ကြိုက်ထပ်ဖြည့်ကြပါ။

( 3 ) Geek - နည်းပညာနဲ့ ပတ်သတ်လာရင် မြန်မာဘလော့တွေ ဖတ်ယုံနဲ့ ဘယ်လိုမှ အဆင်မပြေပါဘူး - အဲ့အတွက် နည်းပညာနဲ့ ပတ်သတ်ပြီး အသေးစိတ် ရေးလေ့ရှိတဲ့ အင်္ဂလိပ် Websites နဲ့ Blogs ကောင်းတွေ ဒီကဏ္ဍအောက်မှာ စုထားခဲ့ပါတယ် - သူ့အောက်ကို ဝင်ရင် How to articles တွေ - Cool Websites and Tools - ဘယ်လိုပြင် ဘယ်လိုလုပ် ဘယ်လိုဖန်တီးဆိုတဲ့ နည်းပညာနဲ့ ဆိုင်တဲ့ လေ့လာမှတ်သားစရာတွေ တစ်ပုံတစ်ပင် တွေ့ရပါလိမ့်မယ် -

( 4 ) Download - Download ချဖို့ လူတော်တော်များများ ဝါသနာပါကြတယ် - ကျွန်တော်လည်း ဝါသနာပါတယ်။ အဲ့အတွက် ဒီကဏ္ဍအောက်မှာ Full and Free Download ချလို့ ရနိုင်မယ့်နေရာတွေ စုထားခဲ့ပါတယ် - ဥပမာ - Ebooks / Software / Movies ... စသဖြင့်။

( 5 ) Ubuntu - Ubuntu သုံးမယ်ဆိုရင် Ubuntu အကြောင်း ရေးတဲ့ Blogs တွေက မဖတ်လို့ကို မရပါဘူး - အဲ့တာကြောင့် Ubuntu သုံးတဲ့ ကျွန်တော့်အတွက် မဖြစ်မနေ ဖတ်သင့်မယ့် Blogs ကောင်းတွေ ဒီကဏ္ဍအောက်မှာ စုထားခဲ့ပါတယ်။

( 6 ) Google - ကျွန်တော်က Google fun လို့ ပြောရင်လည်း မမှားဘူး - အဲ့တာကြောင့် Google က အသစ်အဆန်း ဘာတွေလုပ်နေလဲ - Google မှာ ဘာတွေ ပြောင်းလဲမှုတွေ ရှိနေသလဲ ဆိုတာ အချိန်နဲ့ တပြေးညီ သိနိုင်ဖို့ Google ရဲ့ လှုပ်ရှားမှုတွေအကြောင်း စဉ်ဆက်မပြတ် ဖော်ပြပေး နေတဲ့ နေရာကောင်းတွေ ကျွန်တော် ဒီကဏ္ဍအောက်မှာ စုထားခဲ့ပါတယ်။

( 7 ) Web design - ကျွန်တော် Web designer မဟုတ်ပါဘူး - ဒါပေမယ့် သူ့ရဲ့ တည်ဆောက်ပုံတွေ ဖန်တီးပုံတွေကို သဘောကျလို့ လေ့လာနိုင်အောင်ဆိုပြီး တစ်နေကုန်ထိုင်ဖတ်တောင် မကုန်နိုင်တဲ့ နေရာကောင်းတွေ ဒီကဏ္ဍအောက်မှာ စုထားခဲ့ပါတယ်။

( 8 ) Linux - ဒီကဏ္ဍအောက်မှာတော့ Ubuntu အဓိက မဟုတ်တဲ့ Linux သမားတွေ လေ့လာနိုင်စရာ နေရာကောင်းတွေ စုထားပါတယ်။ Linux နဲ့ ပတ်သတ်တဲ့ သတင်းတွေ အတင်းတွေ ဒီကဏ္ဍအောက်မှာ အကုန်တွေ့နိုင်ပါတယ်။

( 9 ) Blog - Blogger platform ဟာ Wordpress နဲ့ ယှဉ်ရင် တော်တော်ကြီးကို မှိန်ပါတယ် - ဒါပေမယ့် ကျွန်တော် Blogger သမားပါ - ကျွန်တော့်လို Blogger ဘဝကို အားကိုးနေရတဲ့ သူတွေအတွက် ပြည့်ပြည့်စုံစုံ ကိုးကားနိုင်မယ့် How to Articles တွေ - Templates တွေ ဒီကဏ္ဍအောက်မှာ ကျွန်တော် သီးသန့် စုထားခဲ့ပါတယ်။

( 10 ) Torrent - Torrent ကတော့ ကျွန်တော်အကြိုက်ဆုံးပဲ - Torrent အကြောင်းကို Torrent ဘာလဲ Torrent ဘယ်လဲ ?? ဆိုပြီး တော်တော်များများရေးခဲ့ပြီးတာမို့ မသုံးတတ်သေးရင် လေ့လာကြစေချင်ပါတယ်။ သုံးတတ်သွားတဲ့ Torrent users တွေ အတွက် စောင့်ကြည့်သင့်တဲ့ Torrent sites တွေ ဒီကဏ္ဍအောက်မှာ ကျွန်တော် ထည့်ထားပါတယ်။

( 11 ) Ebooks - အကြောင်းအရာတိုင်းက တစ်ခုမသိတိုင်း တစ်ယောက်ကို သွားမေးဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး - အဲ့လိုအချိန်မှာ ကျွန်တော် သိချင်တာတွေအတွက် Ebooks တွေ အားကိုးရတယ် - အဲ့လို ကိုယ့်အတွက် လိုအပ်မယ့် Ebooks တွေ အချိန်မရွေး ရှာယူလို့ ရနိုင်ဖို့ ဒီကဏ္ဍအောက်မှာ အင်တာနက်ထဲမှာ Ebooks အားလုံးကို အလကား ရယူနိုင်မယ့် နေရာကောင်းတွေ ကျွန်တော် စုထားခဲ့ပါတယ်။

( 12 ) Wordpress - ဒီကဏ္ဍအောက်မှာတော့ Wordpress သုံးသူတွေ အတွက် လေ့လာသင့်မယ့် နေရာကောင်းတွေ - Wordpress themes ဆိုဒ်တွေ စုထားပါတယ်။ သိပ်တော့ စုံမယ် မထင်ဘူး - ဘာလို့လည်းဆိုတော့ ကျွန်တော် Wordpress ကို ခဏပဲ သုံးဖြစ်ခဲ့ပြီး နောက်ပိုင်း ဆက်မသုံးဖြစ်တော့လို့။

( 13 ) Photos - ကျွန်တော်က ဓာတ်ပုံရိုက်ရတာလည်း ဝါသနာပါသေးတယ် - အဲ့တာကြောင့် ဒီကဏ္ဍအောက်မှာ ကမ္ဘာအနှံ့က ဓာတ်ပုံဆရာတွေရဲ့ လက်ရာတွေ ခံစားနိုင်ဖို့ စုထားပါတယ်။

( 14 ) Movies - တစ်ခါတစ်လေ အားတဲ့ရက် အခွေလေးဘာလေး ကြည့်ရတာ သဘောကျတယ် - အဲ့အတွက် Movies ကောင်းကောင်းတွေ ရှိမယ့်နေရာ ဒီကဏ္ဍအောက်မှာ ကျွန်တော်စုထားခဲ့ပါတယ်။

( 15 ) Portable - Software ဆို Portable တွေ ကျွန်တော် သိပ်သဘောကျတယ် - အဲ့တာကြောင့် Portable ရနိုင်မယ့် နေရာတွေ ဒီကဏ္ဍအောက်မှာ ကျွန်တော် စုထားတယ်။

( 16 ) Fun - တစ်ခါတစ်လေ ဟာသလေးတွေ ပေါက်တတ်ကရလေးတွေ ကြည့်ရတာ ဘဝအမောပြေတယ် - အဲ့အတွက် ဒီကဏ္ဍအောက်မှာ ဟာသဘလော့လေးတွေ ကျွန်တော် စုထားခဲ့တယ်။ ပမာဏတော့ နည်းသေးတယ် - ကိုယ့်စိတ်ကြိုက် ဘလော့တွေ ကိုယ့်ဘာသာ ထပ်ဖြည့်ယူကြပါ။

( 17 ) Computing - ဒီကဏ္ဍအောက်မှာတော့ ကွန်ပြူတာနဲ့ ပတ်သတ်တဲ့ သတင်းတွေ အတင်းတွေ ရေးလေ့ရှိတဲ့ Websites နဲ့ Blogs တွေ တော်တော်များများ စုထားခဲ့ပါတယ်။

( 18 ) News - တစ်ယောက်တည်း နေချင်သလိုနေရင် ကမ္ဘာကြီးနဲ့ ကျွန်တော်တို့ အဆက်ပြတ်သွားမှာပေါ့ - အဲ့လို မဖြစ်ရအောင် ဒီကဏ္ဍအောက်မှာ ကမ္ဘာ့သတင်း နဲ့ နိုင်ငံတကာက ဖြစ်ပျက် လှုပ်ရှားမှုတွေကို အချိန်နဲ့ တစ်ပြေးညီ သိနိုင်အောင် နေရာကောင်းတွေ စုထားခဲ့ပါတယ်။

( 19 ) Architecture - ကျွန်တော် ဗိသုကာပညာကိုလည်း ဝါသနာ ပါသေးတယ် - အဲ့အတွက် ဗိသုကာပညာနဲ့ ပတ်သတ်ပြီး လေ့လာနိုင်မယ့် နေရာလေးတွေ ဒီကဏ္ဍအောက်မှာ စုထားဖြစ်ခဲ့တယ်။

( 20 ) Mac - လက်ထဲမှာ Mac တော့ မရှိဘူး - ဒါပေမယ့် တစ်ချိန်မှာ သုံးရင် သုံးဖြစ်မှာပေါ့ - အဲ့အတွက် ခုတည်းက ဒီကဏ္ဍအောက်မှာ စုထားခဲ့ပါတယ်။

မည်သည့် Websites များ ပါဝင်သနည်း

Google-reader-subscriptions file ထဲက Websites ပေါင်း ၁၀၀၇ က ဘယ်ဆိုဒ်တွေလဲ ဆိုတာ သိချင်မယ်ဆိုရင် ဒီနေရာမှာ ကြည့်နိုင်ပါတယ်။ Google reader နဲ့ ပတ်သတ်ပြီး အသုံးပြုနည်းတစ်ချို့ကို ဒီနေရာမှာ မြန်မာလိုဖတ်နိုင်ပါတယ်။

အနှစ်ချုပ်

ဒီအကြောင်းကို ရေးဖြစ်သွားတာ လူငယ်တွေကို စာဖတ်ကြစေချင်လို့ပါ - လေ့လာစေချင်လို့ပါ - ဒီအချိန်မှာ ကျွန်တော် စာရေးနိုင်နေသေးပေမယ့် နောင်တစ်ချိန်ဆိုတာ ကျွန်တော့်အတွက် မသေချာတော့ဘူး - အဲ့အတွက် ကျွန်တော်တို့ မျိုးဆက်သစ်တွေလိုပါတယ် - မျိုးဆက်သစ်များ စာဖတ်ကြစေချင်ပါတယ် - Websites ပေါင်း ၁၀၀၇ ဆိုတာ တကယ်တော့ ဘယ်လောက်မှ မရှိသေးပါဘူး - ဖြစ်နိုင်ရင် ဒီ့ထက်တိုးပြီး လေ့လာနိုင်ဖို့ကြိုးစားကြပါ - ကိုယ်သိခဲ့တာတွေကိုလည်း ကိုယ့်လူမျိုးရဲ့ နည်းပညာအသိနဲ့ နည်းပညာအဆင့်အတန်း မြင့်မားစေဖို့ မျှဝေပေးကြပါလို့ တိုက်တွန်းရင်း လူငယ်နဲ့ပညာရေး ဆောင်းပါးကို ဒီလောက်နဲ့ အဆုံးသတ်လိုက်ပါတယ်။


KznT.

က,ကြီး ရေးဖို့ကျောက်သင်ပုန်းရှာနေသူ

Life is what you make of it. Go out and make your dreams come true.

Last edited by KznT; 09-05-2011 at 12:58 PM..
KznT is offline   Reply With Quote
အောက်ပါအသင်းဝင် 53 ဦးတို့မှ KznT အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
ကိုစံငြိမ်း, ခင်မောင်ထွန်း, ချစ်သမီး, ချယ်ရီမင်း, ထွန်းတော်, ပုထုဇဉ်, ရုပ်ဆိုး, လမ်းပြကြယ်, ဝင်းကျော်ဦး, ဝင်းအောင်, သန့်ဇင်ဌေး, သုန်သုန်, ခေါက်ရောင်းသား, ဇော်ရဲပိုင်, နေမင်းမောင်, နေနေ16, မေဦးမွန်, မောင်မာရ, arkaraung, asulike88, AZM, bagothar85, bonge, daya, Emc Arkar, g00gle, hellboy, htun30, jsmith201012, kswynn, kyaukphyu, kyawswarl, lu soe, Lwin Thu, minnthu, minthike, moe san dar, Mon Yee Aung, mr.vampire, naingagsoe, paradise(SMTU), PyaitSone, sAnDViper, sawlinux, soehtetpaing, Starfire, tainlwar, thetkokosan, thetnaung87, thureinsoe, tu tu, yawnathan, zo
Old 03-03-2011, 05:08 PM
  post #2
bagothar85
အထူးအသင်းဝင်
 
bagothar85's Avatar
 
အသင်းဝင်နေ့စွဲ: Dec 2010
ရေးသားချက်များ: 1,297
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 7,571
ပို့စ် 1,345 ခုအတွက် 8,094 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
bagothar85 will become famous soon enough
ပြန်စာ - လူငယ်နှင့် ပညာရေး

အစ်ကို ကေဇက် ခင်ဗျာ၊ ကျွန်တော် Google-reader-subscriptions file ( OPML file ) ဖိုင်ကို ဒေါင်းတဲ့ အချိန်မှာ ဒီထဲကို ပဲဝင်,ဝင်သွားလို့ ကျေးဇူးပြုပြီး တစ်ဆိတ်လောက် ပြောပြပေးစေချင်ပါတယ်ခင်ဗျာ။
bagothar85 is offline   Reply With Quote
အောက်ပါအသင်းဝင် 6 ဦးတို့မှ bagothar85 အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 03-03-2011, 05:20 PM
  post #3
KznT
ကြီးကြပ်ရေးမှူး
 
KznT's Avatar
 
အသင်းဝင်နေ့စွဲ: Dec 2009
တည်နေရာ: http://www.techsectors.blogspot.com
ရေးသားချက်များ: 1,338
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 5,983
ပို့စ် 1,332 ခုအတွက် 20,394 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
KznT has a spectacular aura aboutKznT has a spectacular aura about
ပြန်စာ - လူငယ်နှင့် ပညာရေး

ကျွန်တော့်ဆီမှာတော့ တစ်ခါတည်း Download တန်းကျတယ် - ကျွန်တော် Dropbox မှာ တင်ထားတာပါ - အဆင်မပြေမှာ စိုးတာနဲ့ လောလောဆယ် ifile မှာပဲ ပြောင်းတင်ထားလိုက်ပါတယ် - နေရာက link မှာပဲ ယူလိုက်ပါ။


KznT.

က,ကြီး ရေးဖို့ကျောက်သင်ပုန်းရှာနေသူ

Life is what you make of it. Go out and make your dreams come true.

Last edited by KznT; 03-03-2011 at 05:20 PM..
KznT is offline   Reply With Quote
အောက်ပါအသင်းဝင် 20 ဦးတို့မှ KznT အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 03-03-2011, 08:32 PM
  post #4
thetnaung87
ဆယ်ကျော်သက်
 
အသင်းဝင်နေ့စွဲ: Aug 2010
ရေးသားချက်များ: 59
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 141
ပို့စ် 54 ခုအတွက် 503 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
thetnaung87 is on a distinguished road
ပြန်စာ - လူငယ်နှင့် ပညာရေး

အို့..အသိနောက်ကျလိုက်တာ။ ဒါမျိုးသုံးလို့ရတယ်ဆိုတာ အရင်က မသိခဲ့ဘူး။ ဘာပဲပြောပြော ကျေးဇူးဗျာ။ အခုသိပြီဆိုတော့ နောက်ထပ်လူတွေ ကိုယ့်ထက်ပိုသိဖို့ပဲ ရှိတော့တယ်။ google reader မှာ (Tag or Category) ဘယ်လိုပေးလဲ အစ်ကို။ add subscription ပေးပြီးမှ feed setting ကနေ သွားပေးလိုက်တာလား?။

[CODE]
[URL="http://mettarefuge.iblogger.org/"][B][I]Mettā Refuge[/I][/B][/URL]
[/CODE]

Last edited by thetnaung87; 03-03-2011 at 11:14 PM..
thetnaung87 is offline   Reply With Quote
အောက်ပါအသင်းဝင် 14 ဦးတို့မှ thetnaung87 အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 03-03-2011, 11:46 PM
  post #5
zo
အထူးအသင်းဝင်
 
zo's Avatar
 
အသင်းဝင်နေ့စွဲ: Jul 2008
တည်နေရာ: the earth that GOD created.
ရေးသားချက်များ: 1,223
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 18,720
ပို့စ် 1,057 ခုအတွက် 6,025 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
zo will become famous soon enough
ပြန်စာ - လူငယ်နှင့် ပညာရေး

အကိုကေဇက်ခင်ဗျာ

အင်မတန်မှ ကောင်းတဲ. ၊အကျိုးဖြစ်တဲ. ပိုစ် တစ်ခုပါပဲ။
အထူးသဖြင်. ကျွန်တော်.လို ဟိုဟိုဒီဒီ ယောင်ခြောက်ဆယ်သမားများအတွက် တွန်းအားပါပဲ။
သူများတွေ နည်းပညာနဲ. ပစ္စည်းအသစ်တွေ ထုတ်နေတဲ.အချိန်မှာ ကိုယ်က တီထွင်ထုတ်လုပ်ဖို.နေနေ ၊ ဘယ်လိုအသုံးပြု၇မလဲဆိုတာကို သူများကို ပြန်မေးနေ၇တုန်း။
အ၇မ်းကို မြန်မြန်ဆန်ဆန် တိုးတက် ပြောင်းလဲ နေတဲ. အခုခေတ်ကြီးထဲမှာ အစွမ်းကုန် ကြိုးစားပြီး မနဲမှီအောင် လိုက်ဖို. ဆိုတဲ. တွန်းအားတစ်ခုကို သွင်းပေးလိုက်တာပါပဲ။

အားလုံး၇ဲ.ကိုယ်စား
ကျေးဇူးတင်ပါတယ် အကို။
နောင်လဲ ပို၍ ပို၍ များများေ၇းနိုင်ပါစေလို.

See You When I See You
zo is offline   Reply With Quote
အောက်ပါအသင်းဝင် 22 ဦးတို့မှ zo အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 04-03-2011, 04:47 AM
  post #6
KznT
ကြီးကြပ်ရေးမှူး
 
KznT's Avatar
 
အသင်းဝင်နေ့စွဲ: Dec 2009
တည်နေရာ: http://www.techsectors.blogspot.com
ရေးသားချက်များ: 1,338
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 5,983
ပို့စ် 1,332 ခုအတွက် 20,394 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
KznT has a spectacular aura aboutKznT has a spectacular aura about
ပြန်စာ - လူငယ်နှင့် ပညာရေး

Quote:
Originally Posted by thetnaung87 View Post
အို့..အသိနောက်ကျလိုက်တာ။ ဒါမျိုးသုံးလို့ရတယ်ဆိုတာ အရင်က မသိခဲ့ဘူး။ ဘာပဲပြောပြော ကျေးဇူးဗျာ။ အခုသိပြီဆိုတော့ နောက်ထပ်လူတွေ ကိုယ့်ထက်ပိုသိဖို့ပဲ ရှိတော့တယ်။ google reader မှာ (Tag or Category) ဘယ်လိုပေးလဲ အစ်ကို။ add subscription ပေးပြီးမှ feed setting ကနေ သွားပေးလိုက်တာလား?။
ဟုတ်ပါတယ် - Google Reader ကနေ သုံးမယ် ဆိုရင်တော့ Tag ပေးချင်ရင် Add a subscription အရင်လုပ်ထားပြီး ကိုယ် Tag ပေးချင်တဲ့ Subscription ကို Feed Settings ကနေ တစ်ဆင့် New Folder - အဲ့ကနေမှ Name တစ်ခုခု ရေးပြီး ပေးလိုက်ယုံပါပဲ -




Feedly မှာတော့ ဒီ့ထက်ပိုလွယ်ပါတယ်။ သူ့မှာ Websites တစ်ခုခုကို Subscribe လုပ်လိုက်တာနဲ့ အောက်မှာ ဖော်ပြထားတဲ့အတိုင်း တစ်ခါတည်း ပြပေးပြီး Tag လုပ်ချင်တဲ့ အကောင်ကို New Category ကနေ တစ်ဆင့် Tag သွားယုံပါပဲ - ကျွန်တော်က Feedly မှာပဲ အနေများတော့ Google Reader ကနေ Tag လုပ်တာ သိပ်မသုံးဖြစ်ဘူး - Feedly က သုံးလို့လည်း ပိုလွယ်တယ်လေ -




KznT.

က,ကြီး ရေးဖို့ကျောက်သင်ပုန်းရှာနေသူ

Life is what you make of it. Go out and make your dreams come true.

Last edited by KznT; 04-03-2011 at 12:46 PM..
KznT is offline   Reply With Quote
အောက်ပါအသင်းဝင် 24 ဦးတို့မှ KznT အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 04-03-2011, 02:20 PM
  post #7
thetnaung87
ဆယ်ကျော်သက်
 
အသင်းဝင်နေ့စွဲ: Aug 2010
ရေးသားချက်များ: 59
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 141
ပို့စ် 54 ခုအတွက် 503 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
thetnaung87 is on a distinguished road
ပြန်စာ - လူငယ်နှင့် ပညာရေး

ဟုတ်တယ် အစ်ကို။ feedly က ပိုလွယ်တယ်။ ဒါပေမဲ့ ကျွန်တော်က သူများစက်ကနေ ကိုယ်ကြိုက်တဲ့ website တွေ တွေ့ရင် subscribe လုပ်ချင်တော့ အဲဒါလေး သိချင်လို့။ feedly ကကျတော့ extension add နေရသေးတယ်။ ဘယ်လောက်မှတော့ မကြာပါဘူး။ ဒါပေမဲ့ သူတို့က add ချင်မှန်းမသိ။ မ add ချင်မှန်းမသိဆိုတော့။

Code:
ကျေးဇူးပါ အစ်ကို KZNT

[CODE]
[URL="http://mettarefuge.iblogger.org/"][B][I]Mettā Refuge[/I][/B][/URL]
[/CODE]
thetnaung87 is offline   Reply With Quote
အောက်ပါအသင်းဝင် 9 ဦးတို့မှ thetnaung87 အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 18-03-2011, 03:10 AM
  post #8
KznT
ကြီးကြပ်ရေးမှူး
 
KznT's Avatar
 
အသင်းဝင်နေ့စွဲ: Dec 2009
တည်နေရာ: http://www.techsectors.blogspot.com
ရေးသားချက်များ: 1,338
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 5,983
ပို့စ် 1,332 ခုအတွက် 20,394 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
KznT has a spectacular aura aboutKznT has a spectacular aura about
ပိုင်ဆိုင်မှုများအကြောင်း

ပိုင်ဆိုင်မှုဆိုတာ ဘာလဲဆိုတဲ့ အမေးကို ရံဖန်ရံခါ ကိုယ့်ကိုယ်ကိုယ် ပြန်မေးဖြစ်တယ် -
  • ပစ္စည်းဥစ္စာ ကြွယ်ဝပေါများမှုလား
  • ငွေကြေးပြည့်စုံ ကုံလုံမှုလား
  • လိုတရလောက်တဲ့ ဖြည့်ဆည်းပေးနိုင်စွမ်းလား

ဒီလိုပဲ ထင်ခဲ့ကြတာပဲ - ငယ်ငယ်တည်းကလည်း ဒီလိုပဲ သင်ခဲ့ကြတယ် - ကျောင်းစတက်ပြီ ဆိုကတည်းက အမေက ကျွန်တော်တို့ ညီအစ်ကို နှစ်ယောက်ကို ခဲတံလေး တစ်ယောက် တစ်ချောင်းဝယ်ပေးတယ် - ဒါက သားဖို့ - ဒါက သားအကိုကြီးဖို့ - ဆိုလိုတာ သားဖို့ ဆိုကတည်းက ဒီခဲတံဟာ ကျွန်တော့်ရဲ့ ပိုင်ဆိုင်မှု - ဘယ်သူတစ်ဦးတစ်ယောက်နဲ့မှ မပတ်သတ်တော့ဘူး - အဲ့လိုနဲ့ ကျောင်းကို ရောက်သွားတော့လည်း ထိုင်ခုံနေရာတွေ ဆရာမက ချပေးတယ် - ဒါက သားနေရာ ဒါက သမီးနေရာ - အဲ့မှာလည်း ပိုင်ဆိုင်မှု တစ်ခု ထပ်ရောက်လာပြန်ရော - ဒါက သားနေရာ ဆိုတည်းက ဒီနေရာဟာ ငါပဲ ပိုင်တယ် - မင်းလာထိုင်လို့ မရဘူး - ငါ့နေရာဆိုတာ ငါထိုင်ဖို့ - မင်းထိုင်ချင်ရင် မင်းနေရာ မင်းထိုင် - အဲ့လိုနဲ့ ငယ်ငယ်တည်းက လူ့သဘာဝပတ်ဝန်းကျင် နဲ့ ပိုင်ဆိုင်မှုဆိုတဲ့ သင်ခန်းစာတစ်ရပ်ကို ပြဌာန်းချက် သင်ရိုး မရှိပဲ ကျွန်တော်တို့ သင်ခဲ့ရတယ် -

အဲ့လိုနဲ့ အရွယ်ရောက်တဲ့အထိ တစ်တန်းပြီး တစ်တန်း ပညာတွေ သင်ခဲ့တယ် - ပညာကို ဘာလို့ သင်နေကြမှန်း ကျွန်တော်တို့ ဂဃနဏ မသိကြပေမယ့် ကျွန်တော်တို့ စိတ်ထဲမှာ ငယ်စဉ်တည်းက လူ့ပတ်ဝန်းကျင်က ရိုက်သွင်းခဲ့တဲ့ ပိုင်ဆိုင်မှု ဆိုတဲ့ ယုံကြည်ချက် တစ်ခုတော့ ရှိနေကြတယ် - ဆရာဝန်ကြီးတွေ / အင်ဂျင်နီယာကြီးတွေ ဖြစ်ရင် တိုက်အကြီးကြီးတွေ ကားအကောင်းစားကြီးတွေနဲ့ နေရမယ် - ကိုယ်လိုချင်တာ ဝယ်နိုင်မယ် - ကိုယ်စားချင်တာ စားနိုင်မယ် - ကိုယ်ပိုင်ပိုက်ဆံ ဆိုတာလည်း အများကြီး ရှိလာလိမ့်မယ် - ဒီလိုပဲ ယုံကြည်ခဲ့ကြတယ် - ပြောရရင် ပညာတတ်ဖြစ်စေချင်တဲ့ မိဘတွေရဲ့ ရည်ရွယ်ချက်ကို ပိုင်ဆိုင်မှုဆိုတာတွေ ဖန်တီးနိုင်ဖို့အတွက် ခိုင်းစေချက် တစ်ခုလို့ ယုံကြည်လိုက်တာမျိုးပေါ့ - ဘာလို့လည်း ဆိုတော့ မိဘတိုင်းကလည်း ပြောကြတယ် -
  • နင်စာမကျက်ဘူးလား -
  • နင်ပညာမတတ်ရင် ဆိုက်ကားနင်းရမှာ -
  • သူများခိုင်းတာ ခံရမှာ -
  • ကူလီထမ်းရမှာ - စသဖြင့် ...

တကယ်တော့ ပညာမတတ်တိုင်း ဆိုက်ကားမနင်းရဘူး - သူများခိုင်းတာ တစ်ချိန်လုံး မခံရဘူး - ကူလီမထမ်းရဘူး - ပညာမတတ်လည်း ကြိုးစားမယ် ဝီရိယရှိမယ် ဆိုရင် တစ်ချိန်မှာ သူများကို အထက်စီးကနေ ခိုင်းနိုင်တဲ့ လူချမ်းသာ တစ်ယောက် ဖြစ်နိုင်တာပဲ - အဲ့လိုစိတ်ကို ဝီရိယနဲ့ပေါင်းပြီး ကြိုးစားခဲ့ကြလို့ဘွဲ့မရပေမယ့် လူချမ်းသာ ဖြစ်နေကြတဲ့ သူတွေလည်း ကမ္ဘာမှာ အများကြီးကို ရှိတယ် - မြန်မာမှာလည်း ရှိတယ် -

အဲ့တော့ ငယ်စဉ်တည်းက ပညာဆိုတာကို ပိုင်ဆိုင်မှုတွေ ဖန်တီးနိုင်ဖို့ တစ်ခုတည်း အတွက်လို့ ယုံကြည်ထားခဲ့ကြတဲ့ လူငယ်တွေရဲ့ စိတ်ထဲမှာ သို့လော သို့လော အတွေးတစ်ချို့ ဝင်လာတယ် -
  • ပညာတတ်မှ မဟုတ်ဘူး - ပညာမတတ်လည်း ပိုင်ဆိုင်မှုဆိုတာ ဖန်တီးယူလို့ ရတယ်
  • ပညာမတတ်ခြင်းနဲ့ ပညာမတတ်ခြင်းက ဘာမှ မကွာဘူး
  • တစ်ချို့ သူဌေးတွေ ဘာပညာမှ မတတ်ဘူး
  • အဲ့လိုလူတွေကပဲ ပညာတတ်ပါတယ်ဆိုတဲ့ ကျုပ်တို့ကို ခိုင်းစားနေကြတယ်
  • အဲ့တော့ ဒီပညာဆက်သင်တော့ရော ဘာထူးမှာလဲ
  • အချိန်ကုန်ခံပြီး ပညာဆက်သင်နေမယ့် အစား စီးပွားရေးထွက်လုပ်တာကမှ လူမွှေးလူတောင် ပြောင်ဦးမယ်
  • ကြိုးစားရင် ကြိုးစားသလောက် ဒီနေ့ဖြစ်မလား မနက်ဖြန်လာမလား ကြီးပွားနိုင်မယ်
  • ပညာဆက်သင်နေရင် အချိန်ကုန်လူပန်း ဘွဲ့ရလာပြန်တော့လည်း အလုပ်ရဖို့ဆိုတာ မသေချာ စသဖြင့် တွေးမိလာကြတယ်

ဒါဟာ သိပ်ကြောက်ဖို့ ကောင်းတဲ့ အတွေးအခေါ် မှားယွင်းမှု တစ်ခုပဲ - တကယ်တော့ ပညာသင်ကြား ရခြင်းရဲ့ အဓိက ဦးတည်ချက်ဟာ ပိုင်ဆိုင်မှုတွေ ဖန်တီးနိုင်ဖို့ တစ်ခုတည်းအတွက် ရည်ရွယ်ချက် ထားပြီး သင်ကြားပေးနေတာ မဟုတ်ပါဘူး - ပညာသင်ကြားရခြင်းရဲ့ အဓိက ဦးတည်ချက်တွေဟာ -
  • ခွဲခြမ်းစိတ်ဖြာနိုင်မှု
  • ဆက်စပ်လေ့လာနိုင်မှု
  • ရောင့်ရဲတင်းတိမ်နိုင်မှု
  • တည်ဆောက်ရယူနိုင်မှု နဲ့
  • ဖေးမမြှင့်တင်နိုင်မှု

ဆိုတာတွေအတွက် အဓိက ဦးတည်ချက် ထားတယ်ဆိုတာကို လူငယ်တွေ နားလည်ကြဖို့ လိုပါတယ် - ဒီရည်ရွယ်ချက်တွေနဲ့ ပညာကို သင်ခဲ့ကြပေမယ့် ဒီနေရာမှာ တစ်ခုသိထားဖို့ လိုတာက ဘွဲ့ရတိုင်းလည်း ပညာတတ် မဟုတ်ဘူး - လူတစ်ချို့တစ်ချို့ / အတော်များများက ပညာတတ်ဆိုတဲ့ ဂုဏ်ပုဒ်ကို ဘွဲ့ပိုင်ဆိုင်မှု ဆိုတာနဲ့ တွဲစပ်ရှုမြင် နေကြတယ် - ဆိုလိုတာ -
  • ဘွဲ့တွေ တစ်သီကြီး ရထားရင် ပညာတတ်ကြီး
  • ဘွဲ့လေး တစ်ခုလောက် ရထားရင် ပညာတတ်
  • ဘွဲ့တစ်ခုမှ မရထားရင် ပညာမတတ် ( ဝါ ) ပညာမဲ့ စသဖြင့်

အဆင့်အတန်းကို အလိုလျောက် ခွဲခြားပစ်ကြတယ် - တကယ်တော့ အဲ့ဒီ့ ခံယူချက်တွေဟာ မမှန်ကန်ဘူး - ပညာတတ်ဆိုတာ အတန်းပညာ ဘယ်လောက်ပဲ သင်ခဲ့ရသည် ဖြစ်စေ - ကိုယ်သင်ကြားခဲ့ရတဲ့ သင်ခန်းစာ ဘာသာရပ်အလိုက် လူ့ပတ်ဝန်းကျင်မှာ အံဝင်ခွင်ကျနဲ့ ဆက်စပ် အသုံးချနိုင်စွမ်း ရှိသူကိုသာ ပညာတတ်လို့ သတ်မှတ်တယ်။


ခွဲခြမ်းစိတ်ဖြာနိုင်မှု - ပညာသင်ကြားရခြင်းရဲ့ ကနဦး ရည်ရွယ်ချက်ဟာ ခွဲခြမ်းစိတ်ဖြာနိုင်ဖို့ - ဆိုလိုတာ အကောင်းနဲ့ အဆိုး - အမှားနဲ့ အမှန် ကြားမှာ တစ်ခြားသူရဲ့ အမြင်နဲ့ မိမိအမြင်ဆိုတဲ့ အမြင်နှစ်ခုကို ပေါင်းစပ်ပြီး လိုလားချက် ပြီးမြောက်နိုင်မယ့် ဦးတည်ချက်ကို ရှာဖွေနိုင်မယ့် ပညာရပ်ဖြစ်တယ်။ ဒီလိုပညာကို တတ်မြောက်နိုင်ဖို့ အတွက် ပြဌာန်းချက်တွေထဲမှာ သက်ဆိုင်ရာ ဘာသာရပ်တွေကို သင်ခန်းစာ ခေါင်းစဉ်အလိုက် ထည့်ထားတယ် - ဥပမာ သခ်ာၤ - သခ်ာၤမွာဆို Probability ဆိုတဲ့ အခန်းရှိတယ် - သူက ဖြစ်နိုင်စွမ်းနဲ့ ဖြစ်တန်စွမ်းကို လေ့လာတာ - စာသင်ခန်းထဲမှာ လက်နဲ့ ချရေးပြီး တွက်ခဲ့ရတဲ့ ဒီပုစ္ဆာတွေကို ခက်လှပြီ ထင်ခဲ့တဲ့ ကျွန်တော်တို့တစ်တွေ - လက်တွေ့ လူ့ပတ်ဝန်းကျင်ကို ဝင်လာတဲ့အခါ လူအများစုနဲ့ ရပ်တည် လှုပ်ရှားရတဲ့ လုပ်ငန်းခွင်တွေအတွက် Probability ဟာ ဒီ့ထက် ပိုနက်နဲမှန်း သိလာရတယ် - အဲ့လို အခြေအနေမျိုးမှာ ပညာမသင်ကြားခဲ့ဖူး သူတွေအတွက် သင်ရိုးတစ်ခုက ပေးတဲ့ သင်ခန်းစာနဲ့ နှိုင်းယှဉ်ပြီး အမှားအမှန်ကို မဆန်းစစ်နိုင်တော့သလို - ပညာတတ်အမည်ခံ ဘွဲ့ရတွေ ဆိုတာလည်း လူ့ပတ်ဝန်းကျင်ရဲ့ အခြေအနေနဲ့ ဆက်စပ်သင့်လျှော်မယ့် တွေးခေါ်မှုမျိုး အလုပ်ဆောင်နိုင်ကြတော့ဘူး - သူများပြောတိုင်း ယုံတတ်လာတယ် - ကိုယ့်ကိုယ်ကိုယ် အားမကိုးချင်တော့ဘူး - ဒီလူပြောလည်း ဟုတ်လောက်ပါတယ် - ဟိုလူပြောလည်း ဟုတ်လောက်ပါတယ် - အဲ့လိုလူတွေကြားမှာ ဟုတ်သော်ရှိ မဟုတ်သော်ရှိ သက်သေသာဓကလေးနဲ့ ပြနိုင်တဲ့သူတစ်ယောက် ပြောတာကြားရရင် အဲ့ဒီ့လူကို ပိုယုံသွားတယ် - ဒီလိုနဲ့ ပညာတတ်အမည်ခံ ပညာမဲ့တွေ တစ်စတစ်စ များပြားလာတဲ့ အခါ အိမ်မှာဆို အိမ်တွင်းရေး မသာယာတော့ဘူး - နိုင်ငံနဲ့ ချီတော့ နိုင်ငံရေးတွေ ရှုပ်ထွေးလာတယ် - မင်းမဲ့စရိုက်ဆန်လာတယ် - ကမ္ဘာနဲ့ ချီတော့ မပြီးဆုံးနိုင်တဲ့ တိုက်ပွဲတွေ ဖြစ်လာကြတယ်။

ပူးပေါင်းဆောင်ရွက်နိုင်မှု - လူတစ်ယောက်ဟာ ဘယ်လောက်ပဲ ကြိုးစားနိုင်သည် ဖြစ်စေ သူ့မှာ စွမ်းဆောင်နိုင်တဲ့ Limit ဆိုတာ ရှိတယ် - Limit ကိုကျော်ပြီး ဘယ်သူမှ တစ်ဦးတစ်ယောက်ကောင်းနဲ့ မစွမ်းဆောင်နိုင်ဘူး - ကိုယ်လုပ်နိုင်သလောက်ကို ကိုယ်ကိုယ်တိုင် ကြိုးစားယူပြီး ကိုယ်တစ်ယောက်တည်းနဲ့ စွမ်းဆောင်နိုင်ဖို့ခက်တဲ့ ကိစ္စရပ်တွေအတွက် ပူးပေါင်းဆောင်ရွက်မှု ဆိုတာ လုပ်ဆောင်ကြရတယ် - အဲ့လိုပဲ တစ်ခုခုကို လိုချင်တယ် ရချင်တယ် ဆိုရင်လည်း အဆင့်လိုက် တစ်ဆင့်ချင်း တက်လှမ်းရယူကြရတယ် - ခု အပင်စိုက် ခု အသီးစားချင်လို့ မရဘူး - ချက်ချင်း လက်ငင်း စွမ်းဆောင်လို့ မရတဲ့ ကိစ္စရပ်တွေအတွက် လတ်တလောမှာ ရောင့်ရဲပြီး အနာဂတ်မှာ ရင်ဆိုင်နိုင်ဖို့ ဘယ်လိုအချိန်ပေး ပြင်ဆင်မှုတွေ လုပ်ဆောင်ရမယ် ဆိုတာ ငယ်စဉ်တောင်ကျေး ကလေးဘဝက စပြီး နားလည်နိုင်အောင် ပြဌာန်းချက်တွေထဲမှာ ထည့်သွင်း သင်ကြားခဲ့ကြတယ် - ဥပမာ ပြောရရင် ကမ္ဘာ့သမိုင်းနဲ့ မြန်မာ့သမိုင်းတွေကြည့် - မြန်မာ့သမိုင်းမှာ ဆိုရင် ကိုလိုနီလက်အောက်ခံ ဘဝက လွတ်မြောက်ချင်ပေမယ့် ပူးပေါင်းဆောင်ရွက်မှု မရှိလို့ ကျရှုံးခဲ့ရတဲ့ စစ်ပွဲတွေ - လက်အောက်ခံ ဘဝကနေ လွတ်မြောက်ဖို့ အတွက် ပြန်ပြီး ကြိုးစားကြတဲ့ နေရာမှာ ပူးပေါင်းဆောင်ရွက်မှု ဆိုတာကို ခါးဝတ်ပုဆိုးလို ဖက်တွယ်ပြီး ကြိုးစားခဲ့ကြတဲ့ ရဲဘော်သုံးချိပ် - ဒါတွေဟာ တကယ့်သမိုင်းဖြစ်ရပ်မှန်တွေ - ဒီ သင်ရိုးပြဌာန်းချက်ကနေ သင်ကြားပေးလိုက်တဲ့ သင်ခန်းစာတွေကို လက်တွေ့ လူ့ပတ်ဝန်းကျင်မှာ ကျင့်သုံးလိုက်နာနိုင်မှ ဘွဲ့ရတွေလည်း တကယ့် ပညာတတ်ဖြစ်လာမယ်။ မဟုတ်ရင်တော့ ဘွဲ့ရထားလည်း ပညာမဲ့နေဦးမှာပဲ။

ဆက်စပ်လေ့လာနိုင်မှု - ငယ်ငယ်တုန်းက ဘွဲ့ဆို ဆရာဝန် / အင်ဂျင်နီယာဘွဲ့လောက်မှ လူရာဝင်တယ်လို့ ထင်ခဲ့မိတယ် - ဆရာဝန် / အင်ဂျင်နီယာမဖြစ်တော့ရင်ပဲ ကိုယ့်ဘဝက ဆုံးသွားသလို ကိုယ်သင်ခဲ့တဲ့ ပညာက အသုံးမဝင်တော့သလိုလို ယုံကြည်ထားခဲ့တယ် - အဲ့လိုနဲ့ တကယ်တမ်း လုပ်ငန်းခွင်ထဲဝင်လာတော့ ပညာရပ်တိုင်းဟာ ကိုယ်ထင်ထားသလို သီးခြားရပ်တည် လည်ပတ်နေတာမျိုး မဟုတ်တော့ဘူး - ဥပမာပြရရင် အင်ဂျင်နီယာပညာဟာ သိပ္ပံပညာရပ်နဲ့ ဆက်စပ်သလို သချာင်္ပညာရပ်နဲ့လည်း ဆက်စပ်တယ် - ကွန်ပြူတာနဲ့ ကင်းလို့မရသလို Physics, Chemistry နဲ့လည်း ဝေးလို့ မရဘူး - အဲ့လို ဆက်စပ်နေတဲ့အတွက် ကဏ္ဍတိုင်းကို အပြည့်အစုံကြီး မဟုတ်တောင် တီးမိခေါက်မိ ရှိထားဖို့ လိုလာတယ် - ကိုယ့်ထက်ကျွမ်းကျင်သူတွေနဲ့ ပူးပေါင်းရတယ် - မေးမြန်းရတယ် - အချိန်တိုင်း လေ့လာနေရတယ် - ဒီလိုဆက်စပ်လေ့လာတတ်တဲ့ အတွေးမျိုး ဖြစ်လာအောင် ကျွန်တော်တို့ ငယ်ငယ် လေးငါးခြောက်တန်း လောက်တည်းက သိပ္ပံဘာသာ ဆိုတာ သင်ရတယ် - အတန်းကြီးလာတော့ Science ပေါ့ - သူ့ထဲမှာဆိုရင် လနဲ့ ကမ္ဘာနဲ့ ဆက်စပ်ပုံတို့ - သဘာဝပတ်ဝန်းကျင်နဲ့ လူမှုအဖွဲ့အစည်းကြားက ဆက်စပ်မှုတို့ ဆိုတာတွေကို ခေါင်းစဉ်အသီးသီးနဲ့ သင်ခဲ့ရတယ် - ရည်ရွယ်ချက်က ဒီ သင်ရိုး ပြဌာန်းချက်ကနေ သင်ကြားပေးလိုက်တဲ့ သင်ခန်းစာတွေအတိုင်း လူငယ်တွေ စဉ်ဆက်မပြတ် ဆက်စပ်လေ့လာမှု ရှိဖို့လိုတယ်ဆိုတဲ့ အသိတရားကို ရနိုင်စေဖို့ - ဒီအသိတရားအတိုင်း လုပ်ဆောင်နိုင်မှ ကျွန်တော်တို့တွေ ဒီ့ထက်မြင့်မားတဲ့ အသိဥာဏ်ကို ရမယ်။ ဒီ့ထက် ပြည့်စုံအေးချမ်းတဲ့ လူနေမှုဘဝကို ဖန်တီးနိုင်မယ်။ ဘွဲ့သာရခဲ့ပေမယ့် ဆက်စပ်မှုတွေအကြောင်း လှစ်လျူရှုခဲ့ကြရင် ဘွဲ့ရပညာတတ် အမည်ခံထားပြီး ကျွန်တော်တို့တွေ ပညာမဲ့ ဖြစ်နေကြဦးမှာပဲ။

တည်ဆောက်ရယူနိုင်မှု - လူဆိုတဲ့ သဘောဟာ မွေးလာကတည်းက လုပ်သမျှ အကောင်းချည်းပဲ ဖြစ်လာပါမယ်လို့ အာမခံနဲ့လာတာမျိုး မရှိဘူး - ဘယ်သူမဆို အောင်မြင်မှုဆိုတာ ရောက်မလာခင် ကျရှုံးမှုဆိုတာ ရင်ဆိုင်ရတတ်တယ် - တစ်ခါတစ်လေ ဗွီဒီယိုတွေ ရုပ်ရှင်တွေထဲမှာ ဘာမှကြီးကြီးမားမား လုပ်ရကိုင်ရတာမျိုးမရှိပဲ နေရင်းထိုင်ရင်း ကုမ္ပဏီပိုင်ရှင် စီးပွားရေး သမားဆိုတဲ့ အမည်နဲ့ ချမ်းသာနေကြတဲ့ လူတွေကိုကြည့်ပြီး ငါလည်း သူတို့လို ဘာမှလုပ်စရာမလိုပဲ ချမ်းသာနိုင်တာပဲလို့ ထင်ကောင်း ထင်ကြလိမ့်မယ် - တကယ့် ဘဝမှာတော့ အောင်မြင်တစ်ခု ရဖို့ဆိုတာ အဲ့လောက်မလွယ်ကူဘူး - ကျောင်းသားဖြစ်မယ် ဆိုရင် ကိုယ်မသင်ချင်တဲ့ ဘာသာရပ်တွေ သင်ကောင်းသင်ရမယ် - စီပွားရေး သမားဆိုရင် ကိုယ်မမျှော်လင့်ထားတဲ့ ဈေးကွက်ယှဉ်ပြိုင်မှုနဲ့ စီးပွားရေး လှည့်ကွက်တွေ ရင်ဆိုင်ရမယ် - သေချာတာကတော့ ဘယ်နေရာမှာပဲ ဖြစ်ဖြစ် ပထမဆုံးအကြိမ် ကြိုးစားမှုဆိုတာ ချက်ချင်းအောင်မြင်မှုရဖို့ ဘယ်တော့မှ မသေချာတတ်ဘူး - ရှုံးမှာပဲ ကျမှာပဲ - ဘာဖြစ်လဲ ရှုံးတော့ကျတော့ - ပထမဆုံး စလုပ်တဲ့ အလုပ်ဟာ အောင်မြင်မှ ဘဝတစ်သက်လုံး အောင်မြင်ပါလိမ့်မယ်လို့ ဘယ် လောကနီတိမှာမှ ဆိုမထားဘူး - Harry Potter စာအုပ်ကိုရေးတဲ့ J.K. Rowling ဆိုတာ သူ့ရဲ့ ပထမဆုံးစာအုပ်ကို နောက်ဆုံးထုတ်ဝေခွင့် မရမီအချိန်ထိ ၁၂ ကြိမ်တိတိ ငြင်းပယ်ခံခဲ့ရတယ် - American professional basketball သမား Michael Jordan ဟာ သူ့ရဲ့ basketball သမားဘဝ သက်တမ်းတစ်လျှောက်မှာ သူပစ်သမျှ ဘောတိုင်း အကြိမ်ပေါင်းမနည်း လွဲခဲ့ဖူးတယ် - ပြိုင်ပွဲပေါင်း ရာနဲ့ချီပြီး ရှုံးခဲ့ဖူးတယ် - ဒါပေမယ့် သူပြောခဲ့တဲ့ စကားတစ်ခွန်းကတော့ မှတ်သားစရာ ကောင်းတယ် - "I have failed over and over and over again in my life. And that's why I succeed." ဒီလူတွေ ဘာကြောင့် အောင်မြင်ခဲ့ရလဲ ဆိုရင် သူတို့တွေဟာ ကျရှုံးမှုကြောင့် ကိုယ့်ကိုယ်ကိုယ် ဘယ်တော့မှ သိမ်ငယ်မသွားဘူး - ဒီကျရှုံးမှုကနေပဲ သူတို့အတွက် သင်ခန်းစာ ပြန်ယူပြီး ထပ်ခါထပ်ခါ ကြိုးစားကြတယ် - ဒီလိုဆင်တူတဲ့ ဥပမာတွေ ကမ္ဘာ့သမိုင်း - မြန်မာ့သမိုင်းတွေမှာ ကျွန်တော်တို့ အကြိမ်ပေါင်းမနည်း သင်ခဲ့ရဖူးတယ် - ကျရှုံးမှု တစ်ခု ရှိလာခဲ့ရင် ဘယ်တော့မှ အားမငယ်ပါနဲ့ - မိမိကိုယ်ကိုယ် ပြင်ဆင်ပါ - တည်ဆောက်ပါ - ပန်းတိုင်ထိရောက်အောင်သွားပြီး လိုလားချက်ကို ရယူကြပါ - ဒါဟာ ပညာတတ်တွေရဲ့ စံဖြစ်ပါတယ်။

ဖေးမမြှင့်တင်နိုင်မှု - လူတစ်ယောက်ဟာ ဘွဲ့တွေ ဘယ်နှစ်ခုရရ - ဘယ်လောက်ပဲ ကြွယ်ဝချမ်းသာ ချမ်းသာ - ပညာတွေ ဘယ်လောက်ပဲ တတ်တတ် ကိုယ့်ပတ်ဝန်းကျင်ကို ကိုယ့်နဲ့ တန်းတူ / ကိုယ့်လောက်နီးနီး / ကိုယ့်ထက်ကျော်ပြီး တော်တတ်သိမြင် လာအောင် ကူညီတည်ဆောက်နိုင်စွမ်း မရှိရင် ( ဝါ ) ဖေးမမြှင့်တင်ပေးဖို့ မေ့လျော့ခဲ့ရင် အဲ့လူကိုလည်း ပညာတတ်လို့ သုံးနှုန်းလို့ မရပြန်ဘူး - မြန်မာလူမျိုး အများစုဟာ ပေးကမ်းစွန့်ကျဲဖို့ကိုတော့ ရက်ရက်ရောရော ရှိတတ်ကြပြီး အရင်းအမြစ်ကို မျှဝေပေးဖို့ ဆိုရင်တော့ အလွန်တရာမှကို တွန့်တိုတတ်ကြတာ တွေ့ရတယ် - အဲ့ဒီ့တွန့်တိုမှုကို စကားအရာနဲ့ အလှဆင် ဖာထေးထားတဲ့ ဆရာစားချန် ဆိုတဲ့ စကား တစ်ခွန်းတောင် မြန်မာမှုနယ်ပယ်မှာ ခုချိန်ထိ တွင်တွင်သုံးနေ ကျသေးတယ် - တကယ်တော့ ဖေးမကူညီမှု ( ဝါ ) သင်ကြားပြသမှု တစ်ခုမှာ ဆရာစားဆိုတာ ချန်ထားသမျှ ပြည့်စုံတဲ့ ဖေးမကူညီမှု ( ဝါ ) သင်ကြားပြသမှု တစ်ခု ဘယ်တော့မှ ဖြစ်မလာနိုင်သလို - သင်ကြားပေးသူဘက်က ကြည့်ရင်လည်း ငါ ဆရာစားချန်ထားတာပဲ ဒီကောင့်ထက် အနည်းဆုံးတော့ ငါတစ်ခုပိုသိတယ်ဆိုတဲ့ ယုံကြည်စိတ်ကြောင့် သူ့ထက်မြင့်တဲ့ ပညာရပ် တစ်ခုကို ထပ်တိုးလေ့လာဖို့ မကြိုးစားဖြစ်တော့ပဲ ဆရာစားချန်ထားတဲ့ ပညာလေးနဲ့ ဆရာဆက်လုပ်ရင်း ဘဝက ကုန်လွန်သွားကြတယ် - သူသေသွားတော့ သူ့တပည့်ကလည်း ဒီနည်းကိုပဲ ဆက်ပြီး ကျင့်သုံးတယ် - အဲ့လိုနဲ့ မြန်မာမှု မြန်မာ့ဟန် မြန်မာ့နည်းပညာဟာ ရှေးယခင်ယခင်တွေတုန်းက ကမ္ဘာမှာ ပြောသလောက် မနိမ့်ပါးခဲ့ပေမယ့် နောက်ပိုင်းမှာ သိသိသာသာ နိမ့်ပါးလာခဲ့ရတယ် - ဒီအသိတရားကို သင်ခန်းစားယူပြီး နောင်တစ်ချိန်မှာ ဒီလို မဖြစ်ရအောင် ပြဌာန်းချက် သင်ရိုးတွေမှာ သင်ခန်းစာတွေ ထည့်သွင်းသင်ကြားခဲ့ကြပေမယ့် လူငယ်တွေဟာ သင်ခန်းစာကို သင်ရိုးထဲမှာပဲ ထားပြီး ကိုယ့်ပတ်ဝန်းကျင် - ကိုယ့်အသိုင်းအဝိုင်း - ကိုယ့်လူမျိုး - ကိုယ့်နိုင်ငံက မျိုးဆက်အဆင့်ဆင့်ကို လက်ဆင့်ကမ်းဖို့ကိုတော့ မေ့လျော့နေခဲ့ကြတယ် - ဒီအကြောင်းအရာနဲ့ ပတ်သတ်ပြီး အမေရိကန်ကျောင်းသားတွေကို President Obama ပြောခဲ့တဲ့ စကားလေး တစ်ချို့ ပြန်သတိရမိတယ် - သူပြောခဲ့တာက -


အောက်မှာ ဖော်ပြထားတဲ့ အပိုင်း တစ်ပိုင်းတည်းကိုပဲ ကြည့်ချင်မယ် ဆိုရင် ဒီနေရာကနေ ကြည့်ပါ။

Quote:
Young people.

Students who sat where you sit 75 years ago who overcame a depression and won a world war; who fought for civil rights and put a man on the moon.

Students who sat where you sit 20 years ago who founded Google and Twitter and Facebook and changed the way we communicate with each other.

So today, I want to ask all of you,
  • what's your contribution gonna be?
  • What problems are you gonna solve?
  • What discoveries will you make?
  • What will a President who comes here in 20 or 50 or 100 years say about what all of you did for this country?

Now, your families, your teachers, and I are doing everything we can to make sure you have the education you need to answer these questions. I'm working hard to fix up your classrooms and get you the books and the equipment and the computers you need to learn. But you've got to do your part, too. So I expect all of you to get serious this year. I expect you to put your best effort into everything you do. I expect great things from each of you. So don't let us down. Don't let your family down or your country down. Most of all, don't let yourself down.

Make us all proud.
ဒီနေ့ခေတ် ဒီနေ့အချိန်မှာ ပညာတတ် အမည်ခံ ဘွဲ့ရသူတွေ တစ်နှစ်ထက်တစ်နှစ် တိုးပွားလာပေမယ့် အပေါ်မှာ ဖော်ပြခဲ့သလို စစ်မှန်တဲ့ ပညာတတ် အရည်အသွေးနဲ့ ရပ်တည်လုပ်ကိုင်ကြတဲ့ လူငယ်တွေကတော့ တဖြည်းဖြည်း ရှားပါးလာခဲ့ပြီ - ပညာကပေးတဲ့ အနှစ်သာရကို နားမလည်ကြတဲ့ လူငယ်တွေ တဖြည်းဖြည်း အရွယ်ရောက်လာကြပြီ - ဒါဟာ သိပ်ကြောက်ဖို့ ကောင်းတဲ့ လူသားအရင်းအဖြစ် ပြုန်းတီးမှုပါ - ဒီအကြောင်းအရာကို ရေးဖြစ်ခဲ့တာ ပညာတတ်နဲ့ ပိုင်ဆိုင်မှု ဆိုတဲ့ စံသတ်မှတ်ချက်တွေ ကြားထဲက ကွာဟချက်တွေကို လူငယ်တွေ အတွေးမမှားရအောင်နဲ့ အယူအဆမှားတွေကို ပြင်ဆင်နိုင်စေချင်လို့ ဖြစ်ပါတယ်။ မြန်မာလူငယ်များ တွေးဆဆင်ခြင် မြှင့်တင် အောင်မြင်နိုင်ကြပါစေ။


KznT.

က,ကြီး ရေးဖို့ကျောက်သင်ပုန်းရှာနေသူ

Life is what you make of it. Go out and make your dreams come true.

Last edited by KznT; 18-03-2011 at 03:42 AM..
KznT is offline   Reply With Quote
အောက်ပါအသင်းဝင် 34 ဦးတို့မှ KznT အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 18-04-2011, 11:21 PM
  post #9
foesoe
လမ်းလျှောက်တတ်စ
 
အသင်းဝင်နေ့စွဲ: May 2010
တည်နေရာ: sanchaung,yangon,myanmar
ရေးသားချက်များ: 12
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 3
ပို့စ် 8 ခုအတွက် 19 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
foesoe is on a distinguished road
အစ်ကို ကေဇက် ခင်ဗျာ၊ အရမ်းကျေးဇူးတင်ပါတယ်..Google-reader မသုံးဘူးဗျာ.. အခုမှ အစ်ကို ပို့စ်ဖတ်ပြီး သုံးမယ်.
ဝက်ဆိုဒ်ပေါင်း၇၈၀ကျော်ဆိုတော့ အများကြီးပဲ ဖတ်စရာ ၇ှိသွားပေါ့..ကျွန်တော်အသိတွေ့ကို လည်းပြန်၇ှဲလိုက်မယ်ဗျာ..

အကိုကေဇက် ခင်ဗျား feedly မှာ new category လုပ်လို့၇တ.ယ်အကို ဒါပေမဲ့ ကိုယ်ထည့် ချင်တဲ့ website links ကို ဘယ်လိုထည့်ရမှာလဲ .. ဖြေပေးပါဦး..တိုင်ပတ်နေလို့ပါ ..google reader မှာတော့ အဆင်ပြေပါတယ်..ကျေးဇူးပါအကို..

Last edited by KznT; 19-04-2011 at 01:18 AM..
foesoe is offline   Reply With Quote
အောက်ပါအသင်းဝင် 5 ဦးတို့မှ foesoe အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 19-04-2011, 02:43 AM
KznT
ကြီးကြပ်ရေးမှူး
 
KznT's Avatar
 
အသင်းဝင်နေ့စွဲ: Dec 2009
တည်နေရာ: http://www.techsectors.blogspot.com
ရေးသားချက်များ: 1,338
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 5,983
ပို့စ် 1,332 ခုအတွက် 20,394 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
KznT has a spectacular aura aboutKznT has a spectacular aura about
ပြန်စာ - လူငယ်နှင့် ပညာရေး

Feedly မှာ ကိုယ်ထည့်ချင်တဲ့ Website links ကို ထည့်ဖို့အတွက် လုပ်ဆောင်နည်းကတော့ နှစ်နည်း သုံးနည်း ရှိပါတယ်။ ဒါပေမယ့် အဓိကကျတဲ့ / မဖြစ်မနေ သိထားသင့်တဲ့ Links ထည့်သွင်းနည်းကတော့ တစ်မျိုးတည်းပါ - အောက်မှာ ဖော်ပြထားတဲ့နေရာကနေ Click ပေးလိုက်ရင် Links ထည့်သွင်းဖို့ box တစ်ခု ကျလာပါလိမ့်မယ်။


ကျလာတဲ့ box မှာ ကိုယ်ထည့်ချင်တဲ့ Links ကို ထည့်ပါ - Search icon ကို နှိပ်ပါ။ ကိုယ်ထည့်ချင်တဲ့ URL အတွက် Feed ရှိတာ တွေ့ရင် အောက်ဖော်ပြပါအတိုင်း ဘယ်ဘက်မှာ "+" လက္ခဏာနဲ့ Feed ထည့်သွင်းဖို့ အရံသင့် တွေ့ရပါလိမ့်မယ်။


အဲ့ဒီ့ "+" လက္ခဏာ ကို နှိပ်လိုက်ရင် အောက်ဖော်ပြပါအတိုင်း Box တစ်ခု ထပ်ကျလာပြီး ဘယ် Categories ထဲ ထည့်မှာလဲ ဆိုတာ ရွေးပေးပါ - တကယ်လို့ Category အသစ်လုပ်ချင်တယ် ဆိုရင်လည်း အသစ်ပေါ့ -


တကယ်လို့ Feedly ထဲကို ကိုယ်ထည့်ချင်တဲ့ Websites တွေမှာ Feed မရှိရင် အပေါ်မှာပြထားသလို Feedly ထဲ ထည့်လို့ ရမှာ မဟုတ်ပါဘူး - Search box ထဲ ထည့်ပြီး Search လုပ်လိုက်ချိန်မှာ ဘာမှလည်း ပေါ်လာမှာ မဟုတ်ပါဘူး - တကယ်လို့ Feedly ထဲကို ကိုယ်ထည့်ချင်တဲ့ Website က Feedly ထဲမှာ ရှိနေပြီးသားဆိုရင် "-" လက္ခဏာနဲ့ ပြပါလိမ့်မယ်။


အသေးစိတ် အသုံးပြုနည်းတော်တော်များများကို ဒီနေရာမှာ လေ့လာနိုင်ပါတယ်။


KznT.

က,ကြီး ရေးဖို့ကျောက်သင်ပုန်းရှာနေသူ

Life is what you make of it. Go out and make your dreams come true.
KznT is offline   Reply With Quote
အောက်ပါအသင်းဝင် 18 ဦးတို့မှ KznT အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 23-04-2011, 03:22 AM
KznT
ကြီးကြပ်ရေးမှူး
 
KznT's Avatar
 
အသင်းဝင်နေ့စွဲ: Dec 2009
တည်နေရာ: http://www.techsectors.blogspot.com
ရေးသားချက်များ: 1,338
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 5,983
ပို့စ် 1,332 ခုအတွက် 20,394 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
KznT has a spectacular aura aboutKznT has a spectacular aura about
ဖတ်ရမလွယ်သော စာ ( ၂ ) ပုဒ်

စာဘာကြောင့် ဖတ်သင့်တယ် - စာဖတ်ခြင်းကနေ ဘယ်လို အကျိုးကျေးဇူးတွေ ရမယ် - ဘယ်လိုနေရာတွေမှာ စာဖတ်သင့်မယ် ဆိုတာကို ကျွန်တော်ရှေ့မှာ တော်တော်များများ အကြံပြုခဲ့ပြီးပြီ - ဒီ စာဖတ်ခြင်းနဲ့ပဲ ပတ်သတ်ပြီး ကိုzo ကနေ ဒီနေရာမှာ 10 steps to improving reading ဆိုတာ ရေးပေးနေတာ ရှိတယ် - တကယ်ကို တန်ဖိုးရှိပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း အင်တာနက်ထဲမှာ အားတဲ့အချိန်တိုင်း စာဖတ်လေ့ ရှိပေမယ့် vocabulary တိုင်းကို နားမလည်နိုင်သေးဘူး - ဖတ်လေ မသိလေလို့ ပြောရင်တောင် ပိုမှန်မလားပဲ - အဲ့အတွက်လည်း အားငယ်စရာ မလိုဘူး - စာဖတ်သူတစ်ယောက် အနေနဲ့ ဘယ်လို ခံယူချက်ထားရမယ် - ဘယ်လို ပြင်ဆင်ရမယ် ဆိုတာကို ကိုzo ရေးတဲ့ 10 steps to improving reading မှာ လေ့လာနိုင်သလို ကျွန်တော် တစ်ချိန်က ရေးခဲ့ပေးဖူးတဲ့ Self-Learner and Self-Learning ဆိုတဲ့ ခေါင်းစဉ်အောက်မှာလည်း လေ့လာနိုင်ပါတယ် -

လူတစ်ယောက် စာဖတ်ဖြစ်လာဖို့အတွက် ဘာတွေ အဓိက အလိုအပ်ဆုံးလဲ ဆိုတာကို ကျွန်တော် အချိန်တိုင်း စဉ်းစားဖြစ်တယ် - လိုအပ်ချက်တွေကတော့ အများကြီးပေါ့လေ - ဒါပေမယ့် အားလုံးထဲက အခြေခံ အကျဆုံးဖြစ်နိုင်လောက်မယ့် အချက်တွေကို ခွဲထုတ်ကြည့်တော့ စုစုပေါင်း သုံးချက်ရှိတာ သွားတွေ့ရတယ် - အဲ့တာတွေက -

( ၁ ) စာဖတ်ချင်စိတ် ဖြစ်ပေါ်စေမှု - ဘယ်စာအုပ် ဘယ်လောက်ကောင်းပါတယ် ပြောပြော - ဘယ် အကြောင်းအရာက ဘယ်လောက် သိသင့်ပါတယ်ဆိုဆို လူတစ်ယောက်မှာ စာဖတ်ချင်စိတ် ရှိမနေရင် ဘယ်စာကိုမှ ဖတ်ဖြစ်လာမှာ မဟုတ်ပါဘူး - အဲ့ဒီ့စိတ် မိသားစုဝင်တိုင်းမှာ ဖြစ်လာစေဖို့ ကျွန်တော်တို့ဘက်က ဖန်တီးပေးဖို့ မဖြစ်နိုင်သလို ဘေးလူတစ်ယောက်က ဝင်ပြီး ပျိုးထောင်ပေးဖို့လည်း မလွယ်ကူနိုင်ပါဘူး - ဒီစိတ်ဟာ ကိုယ်ကိုယ်တိုင် ပျိုးထောင်ယူရမယ့် အခြေခံအဆင့်ပါ - ဒီစိတ်ကို အောင်နိုင်ဖို့အတွက် တစ်နေ့ကို ဖတ်ရမလွယ်တဲ့ စာ ( ၂ ) ပုဒ်လောက် နေ့စဉ်ပုံမှန် အချိန်ပေးပြီး ဖတ်ကြည့်ပါ - ဖတ်ရမလွယ်တဲ့ စာ ( ၂ ) ပုဒ်လောက် ဆိုလို့ မိသားစုဝင်များ ဘယ်လိုပါလိမ့်လို့ သိချင်ကြလိမ့်မယ်။


ဖတ်ရမလွယ်သော စာ ( ၂ ) ပုဒ်

ကျွန်တော်တို့ မြန်မာမိသားစုဖိုရမ်ဟာ နည်းပညာပိုင်းဆိုင်ရာ အထောက်အကူ ပြုနိုင်ရေးအတွက် ဦးတည်ချက်ထားပြီး တည်ဆောက်ခဲ့တာမို့လို့ ကျွန်တော် ဒီနေရာမှာ နည်းပညာကို အခြေခံပြီးပဲ ဥပမာ ပေးပါရစေ - ကျွန်တော် လက်လှမ်းမှီသမျှ မြန်မာလူငယ်အများစုကို လေ့လာကြည့်တဲ့ အချိန်မှာ လူငယ်တော်တော်များများ စာဖတ်အားနည်းကြတာ သတိထားခဲ့မိသလို - စာဖတ်လေ့ဖတ်ထရှိတဲ့ လူငယ်တွေ ဆိုရင်လည်း မြန်မာဘလော့တွေ ဖိုရမ်တွေနဲ့ ဝက်ဘ်ဆိုဒ် တော်တော်များများကိုပဲ လည်ပတ်သွားလာကြတာကိုပဲ တွေ့ရတယ် - ဒါတောင် နေ့တိုင်း ဖတ်ဖြစ်တာမျိုး မဟုတ်သေးဘူး - နည်းပညာပိုင်းဆိုင်ရာ လေ့လာလိုတဲ့ မြန်မာလူငယ်တွေ အနေနဲ့ မြန်မာဘလော့တွေ ဖိုရမ်တွေနဲ့ ဝက်ဘ်ဆိုဒ် တော်တော်များများက ရေးလေ့ရှိတဲ့ အကြောင်းအရာ ဖတ်ယုံနဲ့တင် မလုံလောက်ပါဘူး -

ဘာကြောင့် ဒီစကားကို ပြောလဲဆိုရင် နည်းပညာနဲ့ ပတ်သတ်နေတဲ့ မြန်မာဘလော့ ဖိုရမ်တွေ တော်တော်များများဟာ စာကို အပေါ်ယံလောက်ကနေပဲ ရှပ်ရေးကြတာ များတယ် - တကယ်တမ်း ကိုယ်အသေးစိတ် သိချင်တဲ့ အကြောင်းအရာတွေဆိုရင် အဖျားရှုးပြီး လမ်းစပျောက် သွားတတ်ကြတယ် - ဒါကလည်း ဘယ်သူ့အပြစ်မှ မဟုတ်ဘူး - လူတိုင်းက သူ့ကိုယ်ပိုင်အချိန်နဲ့ လည်ပတ်ရတာမို့လို့ ဘယ်သူ့ကိုမှ အပြစ်တင်ဖို့လည်း မဖြစ်နိုင်ဘူး - နည်းပညာနဲ့ ဆိုင်တဲ့ မြန်မာဘလော့ တော်တော်များများဟာ စာဖတ်အားနည်းမှု - အချိန်မပေးနိုင်မှု ဆိုတာတွေကြောင့် တကယ်တမ်း လေ့လာသူတစ်ယောက်အတွက် သိသင့်သိထိုက်တဲ့ အကြောင်းအရာတွေကို ချမပြနိုင်ကြတာများတယ် - စာဖတ်သူမေးတဲ့ မေးခွန်းလေးတွေ အချိန်ရရင် ဖြေပေးမယ် - တောင်းတာလေးတွေ ဖြည့်ဆည်းပေးမယ် - အချိန်ရလို့ ဖတ်ဖြစ်ခဲ့ပြီး ကိုယ်သိထားတာလေး တစ်ခုစ နှစ်ခုစ ပြန်ရေးပေးမယ် ဒါက မြန်မာနည်းပညာ ဘလော့တွေ ဖိုရမ်တွေတိုင်း လည်ပတ်နေကြတဲ့ ပုံစံပါ - အဲ့တော့ စာရေးသူတွေ ဘက်ကမကြည့်ပဲ ကျွန်တော်တို့ စာဖတ်သူတွေဘက်က ကြည့်မယ်ဆိုရင် ဘာတွေဆုံးရှုံးသွားလဲ ဆိုတော့ နည်းပညာနဲ့ ပတ်သတ်ပြီး သိသင့်သိထိုက်တာတွေ မသိရတော့ဘူး - စာရေးသူ အားသလောက်လေး ရေးထားတာကိုပဲ ဖတ်ဖြစ်တာမို့လို့ သူပေးသလောက်ပဲ သိတယ် - တစ်ခြားထူးပြီး ဘာမှ မသိဘူး - နောက်ပြီး စာရေးသူ တော်တော်များများက အချိန်ပေး အားစိုက်ပြီး ရှင်းပြတာမျိုး တော်ယုံမရှိတတ်လို့ မြန်မာဘလော့တွေ ဖိုရမ်တွေ ဖတ်ရတာ အင်မတန်မှကို လွယ်တယ် - ဒါသိချင်လား ဟိုကိုသွား - ဟိုဟာလား ဟိုလိုလုပ်လိုက်လေ နဲ့ ရေးတတ်တာမျိုး ဆိုတော့ မျက်လုံးတစ်ချက် အထက်အောက် စုန်ဆန်ကြည့်လိုက်တာနဲ့တင် ဒီပို့စ်ကနေ ကိုယ့်အတွက် ဘာအကျိုးကျေးဇူး ရနိုင်မယ်ဆိုတာ ခန့်မှန်းလို့ ရတယ် - ခုလို အခြေအနေမျိုးတွေမှာ တစ်နေ့နဲ့ တစ်နေ့ တက်လာသမျှ မြန်မာဘလော့ ဖိုရမ်တိုင်းက စာတွေ လှည့်ပတ်ဖတ်ဖြစ်ယုံနဲ့ ကိုယ်ကိုယ်ကိုယ် စာဖတ်ဖြစ်ပါတယ်လို့ ထင်နေရင် အမှားကြီး မှားပါလိမ့်မယ်။ အဲ့တာကြောင့် မိသားစုဝင်တွေအနေနဲ့ စာဖတ်မယ်လို့ စိတ်ကူးရှိတဲ့ အခါ ဖတ်ရလွယ်တဲ့ အကြောင်းအရာတွေတင်မက ဖတ်ရမလွယ်တဲ့ နိုင်ငံခြား ဖိုရမ် ဘလော့ ဝက်ဘ်ဆိုဒ်တွေက အကြောင်းအရာတွေ ဖတ်ဖြစ်ဖို့ကိုပါ ကြိုးစားကြည့်ပါ -

နိုင်ငံခြားဘာသာနဲ့ ပတ်သတ်ရင် မြန်မာလူငယ် တော်တော်များများ အင်္ဂလိပ်ဘာသာနဲ့ အကျွမ်းဝင်ကြတာမို့လို့ အင်္ဂလိပ်လိုရေးထားတဲ့ ဘလော့တွေဖတ်ကြည့်ကြဖို့ တိုက်တွန်းချင်တယ် - အကျွမ်းဝင်တယ်ဆိုတာ ကျွမ်းကျင်တာ မဟုတ်ပါဘူး - ဒါ့ကြောင့် ဖတ်ဖြစ်တဲ့ အချိန်မှာ မလောပါနဲ့ - ဒီစာလုံးလေးတွေလွယ်ပါတယ် ဆိုပြီး ကျော်မဖတ်ပါနဲ့ - အဲ့ဒီ့လွယ်တဲ့ နားလည်ထားပြီးသား အင်္ဂလိပ်စာလုံးတွေကပဲ တစ်ခြားစာလုံးတစ်ခုခုနဲ့ ဆက်တွဲလိုက်တဲ့ အခါ နောက်တစ်မျိုး အဓိပ္ပါယ် ပြောင်းသွားတာတွေ - စာကြောင်းတစ်ခုနဲ့ တစ်ခုကို ဆက်ထားတဲ့ စကားဆက်တွေမှာ အသုံးပြုတဲ့ နေရာပေါ်မူတည်ပြီး ရည်ညွှန်းချက် မတူတာတွေက အစ သတိထားမိနိုင်ဖို့ ကြိုးစားဖတ်ပြီး ဘာသာပြန်ယူကြည့်ပါ - Posts အရေအတွက် များများဖတ်ဖြစ်ဖို့ ကျွန်တော်တို့အတွက် အရေးမကြီးဘူး - ဖတ်ဖြစ်တဲ့ Post ကို ကိုယ်ဘယ်လောက်ထိ နားလည်သလဲ ဆိုတာက ပိုပြီး အရေးကြီးပါတယ် - ကိုယ်နားလည်ထားတာလေးတွေ ဖတ်မိတာလေးတွေကို မြန်မာမိသားစုဖိုရမ်က မဖတ်ဖြစ်သေးတဲ့ တစ်ခြား မိသားစုဝင်တွေအတွက် လာပြီး မျှဝေလှည့်ပါ - ဒီလိုမျိုးသာ မိသားစုဝင်တွေ တစ်နေ့ကို နှစ်ပုဒ် နှစ်ပုဒ်နဲ့ ဖတ်ဖြစ် မျှဝေဖြစ်လာရင် နောက် လနဲ့ချီလာတဲ့ အခါ မိသားစုဝင်တွေ ကိုယ်တိုင်လည်း စာဖတ်အား တက်လာသလို ကျွန်တော်တို့ ဖိုရမ်ဆိုတာလည်း Contributors တွေ အများကြီးကို ဖြစ်လာလိမ့်မယ်။ အဲ့တာကြောင့်မလို့ ဖတ်ရမလွယ်တဲ့ စာ ( ၂ ) ပုဒ်လောက် နေ့စဉ် ဖတ်နိုင်အောင် ကြိုးစားကြဖို့ တိုက်တွန်းလိုပါတယ်။

( ၂ ) ဖတ်ရှု့ရမည့် နေရာကောင်းများ မသိရှိမှု - တစ်ချို့က စာဖတ်ချင်စိတ် ရှိပေမယ့် ဘယ်နေရာတွေမှာ စာဖတ်ရမယ်မှန်း တိတိကျကျ မသိကြဘူး - အဲ့လိုမဖြစ်ရအောင် စာဘယ်လိုဖတ်ရမယ် ဆိုတာ ကျွန်တော် ဒီ လူငယ်နှင့် ပညာရေး ဆိုတဲ့ Thread အောက်က ပထမဆုံး post မှာ ဖော်ပြပေးခဲ့ပါတယ်။ အဲ့အကြောင်းကို စရေးခဲ့စဉ်တုန်းက ကျွန်တော့်ဆီမှာ Blogs ပေါင်း ၇၈၀ ပဲ ရှိသေးတယ် - ခု ကျွန်တော် စုထားတာ ဝက်ဘ်ဆိုဒ်ပေါင်း ၁၀၀၃ ခုရှိသွားပါပြီ - လိုအပ်သူများ ဒီနေရာကနေ ယူနိုင်ပါတယ်။ ကျွန်တော့် စိတ်ကြိုက် စုထားတာတွေမို့လို့ မိသားစုဝင်တွေ ဖတ်ရှုချင်တဲ့ ဘလော့မျိုးတွေ မပါလာတာမျိုး ရှိကောင်း ရှိနိုင်ပါတယ် - အဲ့အတွက် ကျွန်တော်ထပ်ပြီး ဝက်ဘ်ဆိုဒ်ကောင်းတွေ ဘယ်လိုရှာဖွေရမယ် ဆိုတာ ရေးပေးပါဦးမယ်။

( ၃ ) အခြေအနေ အချိန်အခါနှင့် အခွင့်အရေး မရရှိမှု - မအောင်မြင်ကြတဲ့ လူတိုင်းမှာ ဆင်ခြေရှိသလို - မလုပ်ဖြစ်လိုက်တဲ့ သူတိုင်းမှာလည်း အသင့်ပေးစရာ ဆင်ခြေက ရှိနေပြီးသား ဖြစ်နေတတ်တယ် - ကျွန်တော်ကိုယ်တိုင်လည်း တစ်ခုခု မလုပ်ဖြစ်ရင် ကိုယ်တကယ် မလုပ်နိုင်ခဲ့တာ သေချာရဲ့လား ဆိုတာ အရင်မဆန်းစစ်ပဲ တစ်ခြားအကြောင်းအရာတစ်ခုခုက ကိုယ့်ကိုယ် တုပ်နှောင်ထားလို့ မလုပ်ဖြစ်သလိုမျိုး ဆင်ခြေအရင်ဆုံး ပေးခဲ့ဖူးတယ် - ကျွန်တော်တို့ မြန်မာလူငယ်တွေ သိထားသင့်တာ တစ်ခုက အခွင့်အရေးဆိုတာ ဆင်ခြေပေးတတ်သူတွေအတွက် ဘယ်တော့မှ အသင့်ရှိမနေတတ်ဘူး - အခွင့်အရေးလိုချင်ရင် ကိုယ့်ကိုယ်ကိုယ် ဆင်ခြေပေးတတ်သူ မဖြစ်အောင် အရင်ဆုံး ပြင်ဆင်ပါ။

ဒီအဆင့် သုံးခုကို ဖြတ်ကျော်ပြီးရင် အခွင့်အရေးရှိရာကို သွားတတ်တဲ့ ( ဝါ ) မိမိအတွက် - မိမိ မိသားစု မိမိပတ်ဝန်းကျင် - မိမိလူမျိုး - မိမိနိုင်ငံအတွက် အခွင့်အရေး ရလာအောင် ဖန်တီးတတ်တဲ့ မျိုးဆက်သစ်တွေ ဖြစ်လာဖို့ အစပျိုးပြီး ဖြစ်ပါလိမ့်မယ်။


KznT.

က,ကြီး ရေးဖို့ကျောက်သင်ပုန်းရှာနေသူ

Life is what you make of it. Go out and make your dreams come true.

Last edited by KznT; 09-05-2011 at 12:55 PM..
KznT is offline   Reply With Quote
အောက်ပါအသင်းဝင် 20 ဦးတို့မှ KznT အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 08-05-2011, 08:39 PM
KznT
ကြီးကြပ်ရေးမှူး
 
KznT's Avatar
 
အသင်းဝင်နေ့စွဲ: Dec 2009
တည်နေရာ: http://www.techsectors.blogspot.com
ရေးသားချက်များ: 1,338
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 5,983
ပို့စ် 1,332 ခုအတွက် 20,394 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
KznT has a spectacular aura aboutKznT has a spectacular aura about
လူငယ်နှင့် ပညာရေး

အင်တာနက်ဆိုတာ လေ့လာနည်း မသိခဲ့ရင် ဘာမှ လေ့လာစရာမရှိတဲ့ ဖျော်ဖြေရေးသီးသန့် ဝန်ဆောင်မှု တစ်ခုလိုပဲ - အင်တာနက် အသုံးပြုခြင်းဟာ ကောင်းလား ဆိုးလားဆိုတဲ့ မေးခွန်းကို ကိုယ်ကိုယ်တိုင်ပဲ ကြိမ်ဖန်မနည်း မေးခဲ့ဖူးတယ် - အဲ့မေးခွန်းကိုပဲ ကိုယ့်ဘာသာကိုယ် နည်းမျိုးစုံနဲ့ ကြိမ်ဖန်မနည်း ဖြေခဲ့ဖူးပြီ - ဒါပေမယ့် အင်တာနက် သုံးလာခဲ့တာ ကာလအပိုင်းအခြား တစ်ခုကို ရောက်လာခဲ့တော့ အင်တာနက်ရဲ့ ကောင်းမွေဆိုးမွေတွေ အကြောင်းကို တော်တော်လေး တီးမိခေါက်မိ ရှိလာခဲ့ပြီ -

တစ်ချို့ လူကြီးတွေက အင်တာနက် သုံးတာ မကောင်းဘူးလို့ မြင်တယ်။
တစ်ချို့ လူငယ်တွေက အင်တာနက်ဟာ မရှိမဖြစ်လို့ ယူဆတယ်။
အင်တာနက်ကြောင့်ပဲ လူငယ်တော်တော်များများ ပျက်စီးနေကြတယ်။
အဲ့ဒီ့ အင်တာနက်ကြောင့်ပဲ လူငယ်တော်တော်များများ ထိပ်ကို ရောက်သွားကြတယ်။


တကယ်တော့ အင်တာနက်ဟာ ကောင်းမွေ ဆိုးမွေဆိုတဲ့ အကျိုးသက်ရောက်မှုကို ဘယ်သူတစ်ဦးတစ်ယောက်ကိုမှ ဖန်တီးမပေးဘူး - အင်တာနက်သုံးခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ ကောင်းမွေ ဆိုးမွေဆိုတာ လူငယ်တွေ ကိုယ်တိုင်ပဲ ဖန်တီးနေကြတာ။ တကယ်တော့ အင်တာနက်ဟာ လေ့လာမယ်ဆိုရင် လူငယ်တွေအတွက် တန်ဖိုးဖြတ်လို့ မရတဲ့ ပညာရေးရင်းမြစ်တွေ မကုန်မခမ်းနိုင်အောင် ရှိပါတယ်။ ဒါပေမယ့် တော်တော်များများကတော့ ရောထွေးနေတယ်။ လူဆိုတဲ့ သဘောက ကောင်းကောင်းကန်းကန်း တန်ဖိုးရှိတဲ့ အရာဆိုရင် ဘယ်သူမှ အလကား မပေးချင်ကြဘူး - ဥပမာ ကိုယ့်အတွက် အကျိုးရှိမှ - ကိုယ့်အတွက် ချက်ချင်း မကျိုးမဖြစ်တောင် နောက်တစ်ချိန်မှာ အကျိုး ရှိကောင်း ရှိလာနိုင်မယ်လို့ ထင်မှ ပေးကမ်းပါတယ် စွန့်ကျဲပါတယ် လှူဒါန်းပါတယ် အမည်ခံပြီး ပေးချင်ကမ်းချင် ကြတာမျိုး။ ဒီလို လူတွေက ဘဝထဲမှာတင် ရှိတာမဟုတ်ဘူး - အင်တာနက်ပေါ်မှာလည်း ရှိတယ်။ အဲ့လို လူတွေများလာတော့ နောက်ပိုင်း ဘယ်လိုဖြစ်လာလဲ ဆိုရင် သူလိုကိုယ်လို လူတော်တော်များများက အလကားပေးတာဆို အင်လို့ပဲ ထင်ကြတော့တယ်။ ပိုက်ဆံလေး ပေးပြီးဝယ်သုံးလိုက်ရမှ အစစ်ရတော့ မလိုလို - ငွေလေးပေးလိုက်ရမှ အပြည့်အတင်း ရတော့မလို ထင်မှတ်လာကြတယ်။ တကယ်တော့ အင်တာနက်ပေါ်မှာ ပညာရေးပိုင်းဆိုင်ရာ နည်းပညာပိုင်းဆိုင်ရာနဲ့ ပတ်သတ်ပြီး အလကားမတ်တင်း ပိုက်ဆံတစ်ပြားတစ်ချပ် မရပဲ ကိုယ်ပိုင်အချိန်တွေထဲကနေ အတိုင်းအတာ တစ်ခုထိ အချိန်ပေးပြီး မျှဝေပေးနေတဲ့ ပညာရပ်ပိုင်းဆိုင်ရာ ဖြန့်ဖြူးသူတွေ ဝက်ဘ်ဆိုဒ်ကောင်းတွေ တော်တော်များများကို ရှိပါတယ်။

တစ်ချို့က စာအုပ်စာတမ်းတွေ Free ပေးတယ် - တစ်ချို့က Video clips တွေလုပ်ပြီး ဝေမျှတယ် - လူတစ်မျိုး ပုံစံတစ်ခုနဲ့ ဝေမျှနေကြတာကို ကြည့်ပြီး တစ်ချို့က အလကားမတ်တင်း ရတဲ့ ဒီဝေမျှကို နည်းမျိုးစုံနဲ့ ကဲ့ရဲ့နေကြတာ ရှိတယ်။ တကယ်တော့ မျှဝေမှုတစ်ခု ကောင်းတယ် မကောင်းဘူးဆိုတာ လူတစ်ဦးတစ်ယောက်ရဲ့ သီးသန့်အမြင်တစ်ခုတည်းနဲ့ ပိုင်းဖြတ်လို့ မရနိုင်ပါဘူး။ တကယ်လို့ ကိုယ်က ပညာရပ်ပိုင်း ဆိုင်ရာ Professor တစ်ယောက်ဆိုရင် Techanical terms တွေကို ကောင်းကောင်း သိတာမို့လို့ ဆွေးနွေးမှု တစ်ခုကို ကြည့်တဲ့ အခါ သူကျွမ်းကျင်ပြီးသား စာလုံးတွေနဲ့ ဖော်ပြတာမျိုးကို ပိုပြီး သဘောကျကောင်း ကျလိမ့်မယ်။ ဒါပေမယ့် Techanical terms ကိုဘာမှ မသိတဲ့ လေ့လာသူတစ်ယောက်ဆိုရင်တော့ တတ်နိုင်သမျှ အခြေခံအကျဆုံးထိ ဆင်းပြီး ရှင်းပြတာမျိုးကို ပိုလိုချင်လိမ့်မယ်။ အဲ့တော့ လူတစ်ယောက်ချင်းစီရဲ့ ကျွမ်းကျင်မှုပေါ် မူတည်ပြီး လိုလားချက်က ပြောင်းသွားတာမို့လို့ ဒီလိုမျိုး ကိစ္စတွေက အငြင်းပွားနေဖို့ မသင့်ဘူး။ ကျွန်တော့် အမြင်နဲ့ ပြောရရင်တော့ သင်ကြားမှုတစ်ခုဟာ သင်ယူမယ့်လူရဲ့ အခြေခံအရည်အသွေးကို လိုက်ပြီး တတ်နိုင်သမျှ အသေးစိတ်တာ အဖြစ်သင့်ဆုံးပဲလို့ ထင်မိတယ်။

အဲ့တာနဲ့ ဆက်စပ်ပြီး ကိုယ် ဖြတ်သန်းခဲ့ရတဲ့ ပညာရေးစနစ် - ကိုယ်ရပ်တည်ခဲ့တဲ့ မြန်မာမှု ပညာရေး အသိုင်းအဝိုင်းကို ပြန်ကြည့်တော့ လွဲမှားနေတာတွေလည်း မနည်းမနောတွေ့ခဲ့ရတယ်။ ဥပမာ ဆိုကြပါစို့ -

ကျွန်တော်တို့ကို ကလေးတစ်ယောက်က သူနားမလည်တဲ့ သချာင်္ပုစ္ဆာ တစ်ပုဒ်ကို ဖြေရှင်းနည်း လာမေးပါပြီတဲ့ - ကျွန်တော်တို့ သူလာမေးတဲ့ ပုစ္ဆာကို ကြည့်လိုက်တော့ အကြည့်တစ်ချက်နဲ့တင် အဖြေက တန်းထွက်နေပြီ - သူ့အတွက် အရမ်းခက်ခဲနေတဲ့ ပုစ္ဆာလေးကို ကျွန်တော်တို့ တစ်ချက်ကြည့်ရအောင် - ပုစ္ဆာက -

7x = 14

ဒီပုစ္ဆာကို ကျွန်တော်တို့ ဖြတ်ကနဲကြည့်တော့ x ရဲ့ တန်ဖိုးဟာ 2 ဆိုတဲ့ အဖြေကို ချက်ချင်း တန်းရတယ် - အဖြေတန်းရတာတော့ ဟုတ်ပြီ - အဲ့အဖြေဘယ်လို ရတယ်ဆိုတာ ကလေးကို ကျွန်တော်တို့ ဘယ်လို ရှင်းပြကြမလဲ ? ဒီအချိန်မှာ ကျွန်တော်တို့ ဖြတ်သန်းခဲ့ကြတဲ့ ပညာရေး စနစ်ကို တစ်ချက်လောက် ပြန်ဆွဲခေါ်ကြည့် ကြရအောင်။ ကျွန်တော်တို့ ဖြတ်သန်းခဲ့ကြတာ ဘာလာလာ အလွတ်ကျက် ပညာရေး စနစ်ဖြစ်တယ်။ 7x = 14 ဆိုတဲ့ ပုစ္ဆာကို မဖြေရှင်းနိုင်တဲ့ ကျောင်းသားတစ်ယောက် ကျွန်တော့်ကို စာလာမေးရင် ကျွန်တော် အရင်ဆုံး မှတ်ချက်ပေးမိမှာတော့ မင်းအလီမကျက်ဘူးလားဆိုတဲ့ မှတ်ချက်ပဲ ဖြစ်မှာပဲ။

သွား အလီစာအုပ်ယူ - အလီ ခုချက်ချင်း ကျက်
အလီရရင် ပြန်လာခဲ့ - အလီကျက်လို့ ရရင် ဒီ ပုစ္ဆာမင်းတွက်လို့ ရလိမ့်မယ်။


ကလေးက ကျက်ပါပြီ -

တစ်တစ်လီ တစ် - နှစ်နှစ်လီ နှစ်
လေးနှစ်လီ ရှစ် - ဆယ့်နှစ် နှစ်လီ နှစ်ဆယ့်လေး


ကျက်လို့ ရသွားတော့ ကလေးက ပြန်လာပြီ -

ဒီမှာတွေ့လား ပုစ္ဆာက 7x = 14 - အဲ့တော့ x နဲ့ မြှောက်ထားတဲ့ 7 ကို ညီမျှခြင်းရဲ့ ဟိုဘက်ကို ပို့ - ဒီဘက်မှာ 7 က x နဲ့ မြှောက်ထားတယ်ဆိုတော့ ဟိုဘက်ခြမ်းကို ရောက်ရင် 14 ကို 7 နဲ့စား။ အဲ့လို စားတော့ ခုနှစ် နှစ်လီ 14 မဟုတ်ဘူးလား - အဲ့တော့ x = 2 ရတယ်။ ဒါ ကျွန်တော်တို့ ရှင်းပြနေကျ နည်းပဲ။ အဲ့တော့ အဖြေကတော့ ထွက်ပါပြီ။ ဒါပေမယ့် ဒီ သင်ကြားမှု စနစ်ကနေ ကလေး ဘာရသွားသလဲ ?? တကယ်တော့ ကလေးဘာမှ မရပါဘူး - ကလေးစိတ်ထဲမှာ ဒီပုစ္ဆာကနေ ပညာမရပဲ ငါအလီ မရရင် ဒီပုစ္ဆာတွက်လို့ မရနိုင်တော့ဘူး ဆိုတဲ့ Pressure ပဲ ရသွားတယ်။ ဒါဟာ သိပ်ကြောက်ဖို့ကောင်းတဲ့ ပညာရေး ရည်မှန်းချက် ဆုံးရှုံးမှုတစ်ခုပဲ။ ဒီမှားယွင်းတဲ့ ယုံကြည်ချက်နဲ့ ရှင်သန်နေတဲ့ ကျွန်တော်တို့ရဲ့ သင်ကြားမှုစနစ်ကြောင့် Pressure ဒဏ်ကို မခံနိုင်တဲ့ လူငယ်တော်တော်များများ ပညာရေးကို စိတ်ကုန်သွားကြတယ်။ တစ်ချို့လူငယ်တွေ ပညာရေးတစ်ပိုင်း တစ်စနဲ့ လမ်းမှားလိုက်သွားကြတယ်။

အဲ့တော့ 7x = 14 ဆိုတဲ့ ပုစ္ဆာကနေ အလီကျက်စရာ မလိုပဲ ကလေးတစ်ယောက်ကို ဖြေရှင်းနည်း ဘယ်လို သင်ပေးကြမလဲ။ တကယ်တော့ 7x = 14 ဆိုတာ x ကို ခုနစ်ကြိမ် ခုနစ်ခါ ပေါင်းထားခြင်းဟာ 14 နဲ့ ညီတယ်ဆိုတဲ့ သဘောကို ကလေး အရင် သိထားဖို့ လိုတယ်။ ဆိုလိုတာ -

x + x + x + x + x + x + x = 14 ပေါ့

အဲ့ကနေ ညီမျှခြင်း တစ်ဖက်နဲ့ တစ်ဖက်ကို အောက်ဖော်ပြပါအတိုင်း အချိုးညီအောင် ပိုင်းပြီး အဖြေရှာရင် အလီကျက်စရာမလိုပဲ အဖြေရမယ်ဆိုတာကိုတော့ ကျွန်တော်တို့ ငယ်ရွယ်စဉ် တစ်ချိန်က မသိခဲ့ကြဘူး။


တကယ်တော့ ဒီအကြောင်းအရာက Khan Academy အကြောင်းရေးထားတဲ့ ပို့စ်တစ်ခုကို ဖတ်မိပြီး စိတ်ထဲ ဖြစ်မိတာလေးကို ပြန်ရေးထားတာပါ။


Khan Academy ဆိုတာ လေ့လာသူ ကျောင်းသားလူငယ်တွေအတွက် Free educational videos တွေကို ဝေမျှပေးနေတဲ့ ပညာရေး ဆိုဒ်တစ်ခုလို့ ပြောလို့ ရပါတယ်။ သူတို့ရဲ့ ရည်မှန်းချက်က "Deliver a world-class education to anyone anywhere." ပါ။ ပြောရရင် အပေါ်မှာ ပြောခဲ့ပြီးတဲ့ ပိုက်ဆံတစ်ပြားတစ်ချပ် မရပဲ ကိုယ်ပိုင်အချိန်တွေထဲကနေ အတိုင်းအတာ တစ်ခုထိ အချိန်ပေးပြီး မျှဝေပေးနေတဲ့ ပညာရပ်ပိုင်းဆိုင်ရာဆိုဒ်ကောင်း တစ်ခုပေါ့ - အံ့သြဖို့ ကောင်းတာ ဆိုဒ်ကို တည်ထောင်ပြီး lessons ပေါင်းများစွာကို အခမဲ့မျှဝေပေးနေတဲ့ Mr.Khan ရဲ့ အားထုတ်မှုပါပဲ။


အဲ့မှာ တင်ပေးထားတဲ့ Videos တွေကို ကြည့်မိတော့ ဘာမှ အတွေ့အကြုံ မရှိတဲ့ လူတစ်ယောက်ကိုတောင် နားလည်နိုင်အောင် ရှင်းပြပေးနိုင်တာ တွေ့ရတယ်။ သွား ခု အလီကျက်ဆိုတဲ့ Pressure ပေးနည်းမျိုး မဟုတ်ဘူး။ ဒီအောက်မှာ ဖော်ပြပေးထားတဲ့ ဗွီဒီယိုလေးကို အစမ်းကြည့် ကြည့်ပါ။


အဲ့တော့ ဘာသွား သတိထားမိလည်းဆိုရင် နိုင်ငံတိုးတက်ဖို့ ဖွံ့ဖြိုးဖို့ဆိုတာ ခဏဘေးချိတ်ထားလိုက်ဦး ကျွန်တော်တို့ သားသမီးတွေရဲ့ အနာဂတ်ပညာရေးအတွက် ကျွန်တော်တို့တွေရဲ့ ခေါင်းဟာ Pressure ပညာရေး ကို လက်ဆင့်မကမ်းမိဖို့ အများကြီး လေ့လာဖို့လိုပြီ ဆိုတာ သတိထားမိ လာခဲ့တယ်။

အဲ့တော့ နိဂုံးချုပ်ချင်တာ မိသားစုဝင်များ အနေနဲ့ အင်တာနက်ကို အသုံးပြုပြီး ကိုယ့်ဘဝအတွက် အကျိုးပြုမယ့် လေ့လာမှုတွေ လုပ်ဆောင်ကြပါ - လက်ဆင့်ကမ်းနိုင်ဖို့ ပြင်ဆင်ကြပါ။ အင်တာနက်ကြောင့် ပျက်စီးရတဲ့ လူငယ်မျိုး မဖြစ်စေပဲ - အင်တာနက်ကြောင့် ထိပ်ကို ရောက်သွားတဲ့ လူငယ်တွေ ဖြစ်လာဖို့ တည်ဆောက်ကြပါလို့ အဆုံးသတ်မှာလိုက်ချင်ပါတယ်။


KznT.

က,ကြီး ရေးဖို့ကျောက်သင်ပုန်းရှာနေသူ

Life is what you make of it. Go out and make your dreams come true.

Last edited by KznT; 08-05-2011 at 10:21 PM..
KznT is offline   Reply With Quote
အောက်ပါအသင်းဝင် 18 ဦးတို့မှ KznT အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 21-05-2011, 02:42 PM
စစ်မင်းသန့်
မွေးကင်းစကလေး
 
အသင်းဝင်နေ့စွဲ: Feb 2009
ရေးသားချက်များ: 4
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 0
ပို့စ် 3 ခုအတွက် 6 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
စစ်မင်းသန့် is on a distinguished road
ပြန်စာ - လူငယ်နှင့် ပညာရေး

အရမ်းကောင်းပါတယ်..။ ကျွန်တော် ကိုယ်ပိုင်ဆိုဒ်လေးမှာ ဖော်ပြဖို့ ယူသွားတယ် .. ရေးသူ နဲ့ ဆိုဒ်ကိုတော့ ကျွန်တော် ညွှန်းပေးပါ့မယ် အကို..။ ခွင့်ပြုမယ်လို့တော့ထင်ပါတယ်..။
စစ်မင်းသန့် is offline   Reply With Quote
အောက်ပါအသင်းဝင် 4 ဦးတို့မှ စစ်မင်းသန့် အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 25-05-2011, 02:22 AM
KznT
ကြီးကြပ်ရေးမှူး
 
KznT's Avatar
 
အသင်းဝင်နေ့စွဲ: Dec 2009
တည်နေရာ: http://www.techsectors.blogspot.com
ရေးသားချက်များ: 1,338
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 5,983
ပို့စ် 1,332 ခုအတွက် 20,394 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
KznT has a spectacular aura aboutKznT has a spectacular aura about
သက်ကယ်တစ်မျှင်တည်း

ဒီဆောင်းပါးကို ရေးတဲ့သူက http://sonata-cantata.blogspot.com/ က စာရေးသူ ကိုဧရာပါ။ ပြီးခဲ့တဲ့ ၂၀၁၀ ခုနှစ်တုန်းက ဆရာ့ စကား ဆိုတဲ့ ခေါင်းစဉ်နဲ့ ရေးသားထားတဲ့ Post တစ်ခုကို ဖတ်မိရင်း အရမ်းကို သဘောကျလို့ သိမ်းထားဖြစ်ခဲ့တာ ဆိုရင် ပိုမှန်ပါလိမ့်မယ်။ တန်ဖိုးရှိလှတဲ့ စာသားတွေနဲ့ ဖွဲ့စည်းထားတဲ့ ဆောင်းပါးကောင်းတစ်ခုကို ဖတ်ရှုနိုင်ကြစေဖို့ လူငယ်နှင့် ပညာရေးဆိုတဲ့ ဒီကဏ္ဍအောက်မှာ တွဲဖက် ဖော်ပြလိုက်ပါတယ်။ စာရေးသူ ကိုဧရာကို အထူးပဲ ကျေးဇူးတင်မိပါတယ်။

ဆရာ့စကား

စက်မှုတက္ကသိုလ် ကျောင်းသားဘ၀ကို ပြန်ပြောင်း စဉ်းစားမိသည်။ ကျွန်တော်က Lecture ကောင်းကောင်းလိုက်တတ်သူ မဟုတ်။ ကျွန်တော့် Lecture စာအုပ်များက သိမ်းဆည်းထားစရာ မကောင်းလှ။ ဆရာတို့၏ ပို့ချချက်များထက၊် စိတ်ကူးပေါက်ရာ ရေးခြစ်ထားသော စာသားများ၊ ရုပ်ပုံများ၊ သင်ကြားသော သင်ခန်းစာအပေါ် မိမိထင်မြင်ချက်များနှင့်သာ ပြည့်နှက်နေတတ်သည်။ စာသင်နှစ် တစ်နှစ်စာ ကုန်ဆုံးသောအခါ မိမိ၏ Lecture စာအုပ်ဟောင်းများကို ပိသာချိန်ဖြင့် ရောင်းချပစ်လေ့ ရှိသော်လည်း၊ ထိုစာအုပ် တစ်အုပ်ကိုမူ မရောင်းရက်ပဲ သိမ်းထားခဲ့သည်။ ထိုစာအုပ်လေးသည် ယခုချိန်တွင် ကျွန်တော်နှင့်အတူ ရှိမနေခဲ့ပါ။ သို့တိုင် ထို Lecture စာအုပ်၏ နောက်ဆုံးစာမျက်နှာပေါ်မှ မင်သားထူထူ စာလုံးကြီးကြီးဖြင့် ရေးချထားဖြစ်ခဲ့သော ဆရာ၏ စကားတစ်ခွန်းကို စိတ်မျက်စိဖြင့် ပြန်လည် မြင်ယောင်နေဆဲပင်...။

ဆရာတို့သည် အတတ်ပညာဆိုင်ရာ စာပေများကို သင်ကြားပို့ချခဲ့သည် မှန်သော်လည်း၊ ထိုမျှမက စောင့်ထိန်းခြင်း၊ တည်ကြည်ခြင်းနှင့် အသိပညာဟူသော လူ့ဘ၀၏ ကောင်းမြတ်သော တရား (၃)ပါးကို သွန်သင် ပေးခဲ့ကြခြင်းဖြစ်ကြောင်း၊ တဖြေးဖြေးနှင့် ပို၍ သဘောပေါက်လာခဲ့ပါသည်။

တခါက ဆရာကန်တော့ပွဲ တစ်ခုတွင် လျှပ်စစ်ဌာနမှ ဆရာ ဦးစိန်ဝင်းက ဤသို့ဆို၏။ ကျောင်းသား တစ်ယောက်က ပြောတယ်။ ဆရာရယ်.. ဆရာကတော့ ကျောင်းမှာ Circuit တွေကို ဟိုကလှည့်တွက်လိုက်၊ ဒီကလှည့်တွက်လိုက် Laplace transform တွေသုံးလိုက်၊ Fourier transform တွေသုံးလိုက်နဲ့၊ ကျွန်တော်ဖြင့် ခေါင်းကိုချာချာလည်လို့၊ ဒါပေမဲ့ အလုပ်ထဲလည်းရောက်ရော V=IR လောက်ကလွဲလို့၊ ပိုပြီး အသုံးချစရာ သိပ်မရှိပါဘူး တဲ့။ ဒီတော့ဆရာက ပြန်ဖြေလိုက်တယ်။ အေးဟုတ်တယ်။ မင်းတို့ကို အဘက်ဘက်က ကြည့်တတ်အောင်၊ IQ ကောင်းအောင် သင်ပေးလိုက်တာ။ သမိုင်းဆရာတွေကလည်း သမိုင်းတွေ လျှောက်ပြောပြီး၊ ကျောင်းသားတွေ IQ ကောင်းအောင် လုပ်ပေးတာ။ ငါကလည်း Circuit တွေ တွက်ပြပြီး IQ ကောင်းအောင် လုပ်ပေးတာ။

အတွေးအခေါ် ရင့်ကျက်ဖို့၊ လှေနံဓါးထစ် တရားသေ၀ါဒ မဖြစ်ဖို့၊ ပတ်ဝန်းကျင် အခြေအနေနှင့်အညီ အရာရာကို ရှုမြင်သုံးသပ်တတ်ဖို့၊ လေ့ကျင့်သင်ကြားပေးလိုက်ခြင်း ဖြစ်သည်ဟုလည်း အဓိပ္ပါယ် ကောက်ယူနိုင်မည် ထင်ပါသည်။

မိမိနားနှင့် ကိုယ်တိုင် နာယူခွင့် မရခဲ့သည့်တိုင်၊ အလွန်နှစ်သက်ခဲ့မိသည့် စကားလက်ဆောင် ပုံပြင်လေး တစ်ပုဒ်ကိုလည်း သတိရနေဆဲပင်။ မိမိနဲ့ ဘာသာရပ် မတူတဲ့ အတန်းတစ်ခု၏ စက်မှုတက္ကသိုလ် နောက်ဆုံးနှစ် နောက်ဆုံး Lecture တစ်ခုမှာ ဆရာကကျောင်းသားတွေကို ဤပုံပြင်လေး ပြောခဲ့ခြင်းဖြစ်၏။

ရှေးခေတ်က ပြင်သစ်ပြည်မှာ သေဒဏ်ကျခံရမဲ့ ရာဇ၀တ်သားတွေကို ခေါင်းဖြတ်စက်နဲ့ ကွပ်မျက်လေ့ရှိသတဲ့။ အဲ့ဒီမှာ အခွင့်အရေး တစ်ရပ်အနေနဲ့ ရာဇ၀တ်သားတွေကို နောက်ဆုံးဆန္ဒတစ်ခု ဖေါ်ထုတ်ခွင့်ပေးပါတယ်။ အကယ်၍ တစ်ချက်တည်းနှင့် မသေခဲ့ရင်လည်း အပြစ်က လွတ်ကင်းခွင့်ရပါတယ်။ တစ်ရက်မှာတော့ ဘုန်းတော်ကြီး တစ်ပါးရယ်၊ အင်ဂျင်နီယာ တစ်ဦးရယ်ဟာ ရာဇ၀တ်သားအဖြစ် ရှိနေခဲ့ပါတယ်။ ဘုန်းတော်ကြီးရဲ့ အလှည့်မှာတော့ နောက်ဆုံးဆန္ဒအဖြစ် ဘုရားသခင်ထံမှာ ၀တ်ပြုဆုတောင်းခွင့်ကို ယူပြီး၊ ရဲရင့် တည်ငြိမ်စွာနဲ့ပဲ ခေါင်းဖြတ်စက်အောက်မှာ သေမင်းကို ရင်ဆိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ကံကောင်း ထောက်မလို့ပဲလား။ ဘုရားသခင်ရဲ့ကျေးဇူးတော်ကြောင့်ပဲလား မသိ။ ခေါင်းဖြတ်စက်ဟာ jammed ဖြစ်နေပြီး၊ ဘုန်းတော်ကြီးလည်း သေဒဏ်က လွတ်ငြိမ်းခွင့် ရသွားပါတယ်။ အင်ဂျင်နီယာ အလှည့်ရောက်တော့ သက်ဆိုင်ရာတွေက သူရဲ့ နောက်ဆုံးဆန္ဒကို မေးပြန်ပါတယ်။ အင်ဂျင်နီယာဟာ ခေါင်းဖြတ်စက်ကို လေးနက်ငြိမ်သက်စွာ ကြည့်ပြီး၊ ဒီစက်မှာ ချို့ယွင်းချက် ရှိနေပါတယ်။ သူ ပြင်ပါရစေ။ လို့ ခွင့်တောင်းခဲ့တယ်။ သူဟာ စက်ကို အောင်မြင်စွာ ပြင်နိုင်ခဲ့ပြီး၊ အဲ့ဒီ စက်အောက်မှာ ခေါင်းနဲ့ကိုယ် အိုးစားကွဲပြီး သေပွဲဝင်ခဲ့ရပါတယ်။

ဆရာဟာ ကျောင်းသားတွေကို မိမိယုံကြည်ချက် အတွက်၊ မိမိတန်ဖိုးထားတဲ့ အရာအတွက်၊ အသက်ကိုပင် စွန့်ရဲတဲ့သူတွေ ဖြစ်စေလိုဟန်တူပါသည်။ မိမိတို့မှာ ပြတ်သားသည့် Clear-cut value ရှိပြီလားဟုလည်း ဆန်းစစ်စေလိုဟန် တူပါသည်။ နောက် ဆရာက ဆက်၍ ပြောပါသေးသည်။ Theory သင်ပြီး၍ Assignment ပေးခြင်းလားတော့မသိ။ သူ့ကို နိုင်ငံခြား ကုမ္ပဏီတစ်ခုက ဆက်သွယ်တယ်။ ကျောင်းသားတွေထဲက သူတို့ ကုမ္ပဏီမှာ အလုပ်လုပ်ချင်တဲ့သူ ရှာပေးဖို့ပါ။ လခက အစိမ်း တစ်ထောင်ပေးမယ်။ အဲ ဒါပေမဲ့ interview မဲ့နေ့ကတော့ စာမေးပွဲဖြေမဲ့နေ့နဲ့ တိုက်နေပါတယ်။ စိတ်ဝင်စားတဲ့သူ ဆရာ့ဆီမှာ စာရင်းပေးနိုင်ပါတယ်။ ဟု...။

ဘ၀မှာ ဆုံးဖြတ်ရ၊ ရွေးချယ်ရ တာတွေ ကြုံတိုင်း ဆရာ့ရဲ့ ပုံပြင်လေးကို သတိရမိပါသည်။ လူတွေဟာ လွတ်လပ်တဲ့ လူသားတွေဖြစ်တယ်။ လွတ်လပ်စွာ ရွေးချယ်၊ ဆုံးဖြတ်နိုင်ခွင့် ရှိတယ်။ ထို့အတူ အဲဒီ ရွေးချယ်မှုက ရလာတဲ့ ရလဒ်ကိုလည်း တာဝန်ယူရမယ် ဟုလည်း တွေးယူမိပါသည်။

ဆရာတို့သည် စက်မှုအတတ်၊ ပညာရပ် သက်သက်မျှကို သင်ကြားပေးခဲ့ကြခြင်း မဟုတ်ပါ။ ထို့အတွက်လည်း၊ ဆရာတို့ အပေါ် အထူးကျေးဇူးတင်မိပါသည်။ ကျောင်းပြီး၍ ဆယ်စုနှစ် တစ်ခုကို ဖြတ်သန်းပြီးသော အချိန် ဆရာ ကန်တော့ပွဲ တစ်ခုတွင် ရူပဗေဒဌာနမှ ဆရာဦးသာလှိုင်ကို ပြန်လည်တွေ့သောအခါ မိမိ မစွန့်ပစ်ရက်ပဲ၊ သိမ်းဆည်းထားဖြစ်ခဲ့သော Lecture စာအုပ်လေး အကြောင်းကို ပြန်လည် ပြောပြလိုစိတ် အလွန်ဖြစ်ခဲ့သည်။ သို့သော် အကြောင်းမသင့်၍ မပြောခဲ့ရ။

ဒုတိယနှစ် စာသင်နှစ်၏ နောက်ဆုံး ရူပဗေဒ စာသင်ချိန်ဖြစ်သည်။ ဆရာက ဤသို့ ဆိုခဲ့၏။
...သက်ကယ်တဲလေး တစ်လုံးရှိတယ်ကွာ။ အဲဒါ လူတစ်ယောက်ကနေ လာပြီး၊ သက်ကယ်တစ်မျှင်ထဲပါ ဆိုပြီး နှုတ်ယူလိုက်တယ်။ နောက်တစ်ယောက်ကလည်း၊ သူလည်းတစ်မျှင်ထဲပါဆိုပြီး ယူပြန်ပါတယ်။ ဒီလိုနဲ့ တစ်ယောက်ပြီး တစ်ယောက်သာ၊ ယူလိုက်ကြရင်...။ ဆရာက သူ့ထုံးစံအတိုင်း အသံကို ခပ်လေးလေး ခပ်တိုးတိုးပြောရင်း နားထား၏။
နောက်မှ ...မြန်မာပြည်ဟာ သက်ကယ် တဲလေး တစ်လုံးပါကွာ။ အဲဒါကို မင်းတို့က တစ်မျှင်ထဲပါဆိုပြီး မနှုတ်လိုက်ကြပါနဲ့...။
ဆရာက ဤသို့ပင် နောက်ဆုံး သြ၀ါဒကို ချွေပြီး၊ L ဆောင် Stage ပေါ်က ဆင်း၍သွားသည်။ ကျွန်တော်၏ ရူပဗေဒ Lecture စာအုပ်၏ နောက်ဆုံးစာမျက်နှာတွင် "သက်ကယ်တစ်မျှင်တည်း..." ဟု မင်သားထူထူ စာလုံးကြီးကြီးဖြင့် ရေးခြစ်မိခဲ့ပါသည်။ ထိုစာအုပ်ဟောင်းလေးကို ယနေ့တိုင် မစွန့်ပစ်ရက်ခဲ့ပါ။

မိမိကိုယ်မိမိ ဆရာ့စကားကို လိုက်နာသူဖြစ်ပါ၏လော ဟုဆန်းစစ်မိတိုင်းလည်း၊ စဥ့်ကူဆောင် အဆောင်မှုး နိုင်ငံရေးသိပ္ပံဆရာ ဦးသာဒင်၏ စောင့်ထိန်းနိုင်သည်၊ ဆိုစေကာမူ။ အခွင့်သာက၊ ရှောင်နိုင်ခဲ၏။ ဟူသော၊ အာစရိယ ပူဇော်ပွဲ လက်ကမ်းစာစောင် တစ်ခုမှ သြ၀ါဒကိုသာ သတိရမိနေပါတော့သည်။

ဧရာ (မန္တလေး)
၀၈-၀၄-၂၀၀၃



KznT.

က,ကြီး ရေးဖို့ကျောက်သင်ပုန်းရှာနေသူ

Life is what you make of it. Go out and make your dreams come true.
KznT is offline   Reply With Quote
အောက်ပါအသင်းဝင် 20 ဦးတို့မှ KznT အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Reply

Tags
how to, internet, kznt, user guide

တန်ဆာပလာများ
ဖော်ပြမှုပုံစံ

Posting Rules
You may not post new threads
You may not post replies
You may not post attachments
You may not edit your posts

BB code is On
Smilies are On
[IMG] code is On
HTML code is Off

ဖိုရမ်တွေ ကျော်ရောက်ချင်ရင် !


ဖိုရမ်၏ ပင်မအချိန်သည် ဂရင်းနစ်စံတော်ချိန် +6.5 ဖြစ်သည်။ဒေသစံတော်ချိန် 03:09 PM
Inactive Reminders By Icora Web Design