Old 09-07-2010, 02:25 PM
  post #1
KznT
ကြီးကြပ်ရေးမှူး
 
KznT's Avatar
 
အသင်းဝင်နေ့စွဲ: Dec 2009
တည်နေရာ: http://www.techsectors.blogspot.com
ရေးသားချက်များ: 1,338
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 5,983
ပို့စ် 1,332 ခုအတွက် 20,394 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
KznT has a spectacular aura aboutKznT has a spectacular aura about
အင်တာနက်အတွင်း သီချင်း ရှာဖွေခြင်း

ဖိုရမ်မှာ အတောင်းဆိုခံရဆုံး ဖိုရမ်ခွဲတစ်ခုကို ပြပါဆိုရင် သီချင်းတောင်းဆိုတဲ့ ကဏ္ဍလို့ ကျွန်တော်တော့ ထင်ပါတယ်။ တစ်နေ့ တစ်နေ့ - ဒါမှမဟုတ် - တစ်ရက်ခြား တစ်ခါလောက်တော့ တစ်ယောက်မဟုတ် တစ်ယောက် သီချင်းတစ်ပုဒ်စ နှစ်ပုဒ်စ တောင်းတာ ကျွန်တော် အမြဲ သတိထားမိပါတယ်။ တောင်းတဲ့သူလိုလားတဲ့ သီချင်းကို ရှာပေးရတာ ကျွန်တော်တို့ အတွက် အပန်းမကြီးပေမယ့် တောင်းဆိုရတဲ့ သူအတွက်တော့ ရံဖန်ရံခါ ကိုယ့်လိုလားချက်နဲ့ မကိုက်ညီတဲ့ သီချင်းမျိုး ရတတ်တာ - ကိုယ်တောင်းဆိုတဲ့ သီချင်းကို Upload တင်ပေးကြမယ့် သူကို အချိန်အတိုင်းအတာ တစ်ခုထိ စောင့်ဆိုင်းနေရတဲ့ ပြဿနာ ဆိုတာမျိုးတွေနဲ့ မလွဲမသွေ ရင်ဆိုင်ကြရတာမျိုးတွေ ရှိနေတယ်ဆိုတာ ကျွန်တော်လည်း သတိထားမိပါတယ်။

ဒီလို အခြေအနေမှာ သီချင်းတောင်းဆိုသူတွေ ဘယ်လို Format မျိုးကို အဓိကထား တောင်းကြသလဲ - ကျွန်တော် သတိထားမိတာကတော့ များသောအားဖြင့် MP3 ကိုတောင်းကြတာ များပါတယ်။ အင်တာနက်ထဲမှာ မြန်မာသီချင်းမျိုးစုံကို အလကား Download ချခွင့်ပြုထားတဲ့ ဆိုဒ်ပေါင်းများစွာ ရှိပါတယ်။ တစ်ချို့ ဆိုဒ်တွေက Direct Download links တွေနဲ့ ပေးထားတာ ဖြစ်ပြီး တစ်ချို့ကတော့ Internet Download Manager တင်ထားမှ ဒေါင်းလုပ်ချဖို့ အဆင်ပြေတဲ့ ဆိုဒ်မျိုးတွေ စသဖြင့် မျိုးစုံရှိပါတယ်။ ဒီအောက်မှာ ဖော်ပြထားတာ တွေကတော့ မြန်မာသီချင်း MP3 ရော VCD ရော အလကား မျှဝေပေးနေတဲ့ ဆိုဒ်ကောင်းတွေပါ။ တစ်ခြားဆိုဒ်တွေ အများကြီး ရှိသေးပေမယ့် ပုံမှန် Update ဖြစ်ပြီး လူကြည့်လည်း များတဲ့ ဆိုဒ်တွေကိုပဲ ရွေးချယ် ဖော်ပြထားပါတယ်။

1. http://myanmarmp3album.com/
2. http://www.myanmarmp3.net/
3. http://www.myanmarsongs.net/
4. http://www.ayinepan.com/
5. http://www.myitzuri.com/
6. http://www.flashband.net/assets/music_player.php
7. http://music.all-channel.com/
8. http://www.shwedream.com/
9. http://www.burmeseclassic.com/
10. http://www.shwevideos.com/
11. http://www.shweo.com/
12. http://www.minthila.com/
13. http://www.naytthit.com/music1.html
14. http://www.apytzmedia.net/
15. http://www.downloadmyanmarmp3.net/

ဒီလောက်ပဲလား - တကယ်တော့ MP3 ရှာမယ်ဆို ဒီဆိုဒ်တွေ သုံးပြီး ရှာတာထက် အကောင်းဆုံးက Google Search Engine ကို သုံးပြီး ရှာတာပိုကောင်းပါတယ်။ မြန်မာလက်ကွက်နဲနဲ ပါးပါးလောက် ရိုက်တတ်မယ် ဆိုရင် သီချင်းတော်တော်များများကို ဘယ်မှာ ရှိတယ်ဆိုတာ Google Search Engine ကနေ အလွယ်တကူ ရှာဖွေနိုင်ပါတယ်။ ဥပမာ ဆိုကြပါစို့ ကျွန်တော်တို့ ဝိုင်းစုခိုင်သိန်းရဲ့ မက်လောက်စရာ MP3 ရှာမယ်။


Search box မှာ မက်လောက်စရာလို့ ရိုက်ပြီး Enter ခေါက်လိုက်တာနဲ့ ခုလိုမြင်ရပါလိမ့်မယ်။


တွေ့ပါပြီ - ကျွန်တော် အပေါ်မှာ ဖော်ပြထားခဲ့တဲ့ ဆိုဒ်တွေထဲက ဆိုဒ်နှစ်ခု - ဒါပေမယ့် ဒီနေရာမှာ တစ်ချက် စဉ်းစားစရာ ရှိလာတာ - ကိုယ်က MP3 လိုချင်တာလား - VCD လိုချင်တာလား ??

MP3 လိုချင်တာဆိုရင် http://www.myanmarsongs.net/ ဆိုပြီး ပေါ်လာတဲ့ Results က သီချင်းတွေဆို တစ်ပုဒ်ချင်း MP3 ကို ဒေါင်းလုပ်ချလို့ ရပေမယ့် http://myanmarmp3album.com/ က သီချင်းတွေက များသောအားဖြင့် စီးရီးလိုက် ဒေါင်းလုပ်ချရတာ များပါတယ်။ အင်တာနက် speed ကောင်းတဲ့ နေရာက လူတွေ အတွက် အကြောင်းမဟုတ်ပေမယ့် Speed မကောင်းတဲ့ နေရာက သုံးတဲ့ သူတွေ အတွက်ကျတော့ စီးရီးတစ်ခုလုံးကို ဒေါင်းလုပ်ချမှ ကိုယ်လိုချင်တဲ့ တစ်ပုဒ်ရမယ်ဆိုတာ တော်တော်လေး အဆင်မပြေပါဘူး - ဒီကြားထဲ ကိုယ်က MP3 တင် မဟုတ်ဘူး - VCD လေးပါ ဖြစ်နိုင်ရင် လိုချင်သေးတယ် ဆိုလို့ကတော့ ခုနက တွေ့ခဲ့တဲ့ http://www.myanmarsongs.net/ ရော http://myanmarmp3album.com/ နဲ့ရောက အဆင်မပြေတော့ပါဘူး - ဒီလိုဆို ကျွန်တော်တို့ MP3 ရော VCD ရော နှစ်မျိုးလုံး တစ်နေရာတည်းမှာ ရနိုင်တဲ့ နေရာ ဘယ်နေရာ ရှိပါသလဲ - ဟုတ်ကဲ့ ရှိပါတယ်။ အဲတာကတော့ VCD ပဲကြည့်လို့ ရတယ်လို့ တော်တော်များများ သိကြတဲ့ Youtube ပါပဲ။

Youtube ဆိုတာ နိုင်ငံရပ်ခြားက တည်ထောင်ထားတဲ့ Site တစ်ခု ဆိုပေမယ့် အံ့သြဖို့ကောင်းလောက်အောင် မြန်မာခေတ်ဟောင်း သီချင်းတွေက စလို့ ခုခေတ်ကာလပေါ် သီချင်းတွေထိ တော်တော်များများကို ရှိပါတယ်။ ဒါကြောင့် ကိုယ်လိုချင်တဲ့ သီချင်း တစ်ပုဒ်ကို Google မှာ ရှာလို့ မတွေ့ဘူးဆိုရင် အပင်ပန်းခံပြီး ဆက်ရှာမနေပါနဲ့ - Youtube ကိုသာ သွားလိုက်ပါ။ Youtube search box ကနေရှာလို့ ရပါတယ်။ ဒါပေမယ့် တစ်ခုသိထားသင့်တာ Youtube Search Box ကနေ ရှာမယ် ဆိုရင် Youtube မှာ တင်ထားတဲ့ မြန်မာသီချင်းတော်တော်များများဟာ မြန်မာခေါင်းစဉ်ပေးပြီး တင်ထားတာမျိုးထက် မြန်မာသီချင်းကို Burglish လို ပေးပြီး တင်ထားကြတဲ့ သီချင်း အရေအတွက်က ပိုများလို့ ကိုယ်လိုချင်တဲ့ သီချင်းကို ရှာမယ်ဆိုရင် Google မှာ ရှာသလို မြန်မာလက်ကွက် စာသားနဲ့ မရှာပဲ Burglish နဲ့ ခုလို ရှာဖွေတာက ကိုယ်လိုချင်တဲ့ သီချင်းကို ရှာတွေ့နိုင်ဖို့ ပိုပြီး Chance များပါတယ်။ ဥပမာ - ကျွန်တော်တို့ ဝိုင်းစုခိုင်သိန်း သီချင်းတွေ နားထောင်ချင်ပြီ ဆိုပါစို့ - မြန်မာလို ဝိုင်းစုခိုင်သိန်းလို့ မရိုက်ပဲ wine su - ဆိုပြီး စရိုက်လိုက်ပါ - ခုလိုတွေ့ရပါလိမ့်မယ်။ ( ဒါကတရားသေ Burglish နဲ့ပဲ ရှာလို့ ဆိုလိုတာ မဟုတ်ပါဘူး - ရံဖန်ရံခါ Burglish နဲ့ရှာလို့ မတွေ့ရင် မြန်မာလိုရိုက်ပြီးရှာတဲ့ အခါ တွေ့ချင်လည်း တွေ့တတ်ပါတယ်။ )



ကျွန်တော်တို့လိုချင်တဲ့ သီချင်းကို တွေ့ပြီဆိုပါစို့ - VCD ကို ဒေါင်းလုပ်ချလို့လည်း ရနေပြီ - ဒါပေမယ့် စိတ်ထဲမှာ မကျေနပ်သေးဘူး - ကိုယ်လိုချင်တာက MP3 - ဒါဆို တစ်ခြားဆိုဒ်တစ်ခုကို ပြောင်းပြီး MP3 မရှာပါနဲ့ - Youtube မှာ ကိုယ်လိုချင်တဲ့ သီချင်းကိုတွေ့တာဟာ ကိုယ်လိုချင်တဲ့ MP3 ကို ရတာနဲ့ အတူတူပါပဲ - ဥပမာ ဆိုကြပါစို့ - ကျွန်တော်တို့ ဝိုင်းစုခိုင်သိန်းရဲ့ လမ်းမကြီးရဲ့ဘေး သီချင်းကို Youtube မှာ ခုလိုရှာတွေ့ပြီ ဆိုရင် သူ့ရဲ့ mp3 ကို ရယူနိုင်ဖို့ သက်ဆိုင်ရာ ခေါင်းစဉ်ရှိနေတဲ့ address bar က URL ကို အောက်ဖော်ပြပါအတိုင်း copy ကူးပါမယ်။



နောက်ပြီး ကျွန်တော်တို့ ဆက်လုပ်ရမှာ Youtube video ကို MP3 ပြောင်းပေးတဲ့ ဆိုဒ်တစ်ခုခုဆီ သွားရပါမယ်။ အင်တာနက်ထဲမှာ Youtube video ကို MP3 တိုက်ရိုက်ပြောင်းပေးတဲ့ ဆိုဒ်တော်တော်များများရှိပါတယ်။ လောလောဆယ် ဆိုဒ်တစ်ခုကို ဥပမာပေး ဖော်ပြသွားပါ့မယ်။ တစ်ခြားဆိုဒ်တွေကိုလည်း သူ့နောက်မှာ ပူးတွဲဖော်ပြသွားပါမယ်။ အဓိက ဘယ်လိုလုပ်တယ်ဆိုတာ နားလည်သွားတာနဲ့ နောက်ဆိုဒ်တွေမှာလည်း ဘယ်လိုလုပ်ဆောင်ရမယ်ဆိုတာ သဘောပေါက် သွားမှာပါ။

လောလောဆယ်မှာ ဆိုဒ်တစ်ခုနဲ့ စမိတ်ဆက်ပေးပါ့မယ်။ သူ့နာမည်က http://www.dirpy.com/ ပါ။



သူ့ဆိုဒ်ကို ရောက်ပြီ ဆိုရင် ခုနက ကျွန်တော်တို့ Youtube ကနေ Copy ကူးလာတဲ့ သီချင်း URL ကို ဖော်ပြပါအတိုင်း Paste လုပ်လိုက်ပြီး dirpy ကိုနှိပ်ပါမယ်။ နောက်တစ်မျက်နှာမှာ မြင်ရမယ့် ပုံစံကတော့ ခုလိုမျိုးပါ။ ဘယ်လို လုပ်ဆောင်ရမယ် ဆိုတာ ပုံထဲမှာ စာနဲ့တကွ ဖော်ပြထားပါတယ်။ MP3 လိုချင်သူကတော့ ပုံမှာပြထားတဲ့ အတိုင်း Download ဆိုတဲ့ နေရာကို နှိပ်လိုက်ယုံပါပဲ - ဒါဆို Youtube မှာသာ ကိုယ်လိုချင်တဲ့ သီချင်းရှိယုံနဲ့ - ကိုယ်ရချင်တဲ့ MP3 ကိုလည်း ရပါပြီ။



ဒါက ဆိုဒ်တစ်ခုကို ကျွန်တော် ဥပမာပေးဖော်ပြတာပါ။ နောက်ထပ် သူ့လိုမျိုး Youtube video ကို MP3 ပြောင်းပေးတဲ့ ဆိုဒ်တွေ အင်တာနက်ထဲမှာ တော်တော်များများရှိပါသေးတယ်။ သူတို့တွေကိုတော့ အသေးစိတ် လုပ်ဆောင်ပုံ တစ်ဆင့်ချင်း မဖော်ပြတော့ပဲ သူတို့နာမည်တွေ နေရာတွေကိုပဲ ဖော်ပြပေးသွားပါ့မယ်။

1. http://www.video2mp3.net/
2. http://vidtomp3.com/
3. http://www.mp3ify.com/
4. http://www.fetchmp3.com/
5. http://www.youtube-mp3.org/
6. http://www.listentoyoutube.com
7. http://2conv.com/
8. http://www.grab-tube.com/

Youtube video ကို MP3 ပြောင်းတဲ့နေရာမှာ ခုလို ဆိုဒ်တွေသွားပြီး ပြောင်းတာမျိုး မဟုတ်ပဲ Firefox add-ons တွေသုံးပြီး ပြောင်းတဲ့နည်းတွေလည်း ရှိပါသေးတယ်။ လူသုံးများတာကတော့ Easy YouTube Video Downloader ပါ။ အဲ့ဒီ့ add-ons ကို သုံးပြီး Youtube video တွေကို FLV, 3GP, MP3, MP4, 720p HD နဲ့ 1080p Full-HD qualities တွေအထိ ပြောင်းယူ Download ချလို့ ရပါတယ်။ သူ့ကို Firefox မှာ install လုပ်ပြီးသွားရင် Youtube video တွေကို တစ်ခြား ဆိုဒ်တစ်ခုဆီ သွားစရာမလိုပဲ အောက်ဖော်ပြပါအတိုင်း Formats အမျိုးမျိုးနဲ့ Download ချလို့ ရပါလိမ့်မယ်။


ဒါတင်ပဲလား - မကသေးပါဘူး နောက်နည်းတစ်နည်း ကျန်ပါသေးတယ်။ ဒါကတော့ ဘယ် websites နာမည်မှလည်း မှတ်စရာမလို - ဘာ add-ons မှလည်း သွင်းစရာမလိုတဲ့ နည်းပါ။ Youtube က ကိုယ် Download လိုချင်တဲ့ သီချင်းတည်ရှိရာ Address bar က URL ကို သွားပြီး Youtube ရဲ့ ရှေ့မှာ အောက်ဖော်ပြပါအတိုင်း pwn လို့ ထည့်ပြီး Enter ခေါက်လိုက်ပါ။


အောက်ဖော်ပြပါ စာမျက်နှာနဲ့ ပုံစံတူ စာမျက်နှာတစ်ခုကို ရောက်သွားပြီး ဘယ်လို format မျိုးနဲ့ လိုချင်တာလဲ - ဘယ် site ကို သုံးချင်လဲ ဆိုတာတွေကနေ တစ်ဆင့် ကိုယ်လိုချင်တဲ့ Youtube က video ကို formats အမျိုးမျိုးနဲ့ သိမ်းလို့ ရပါလိမ့်မယ်။



ခုကျွန်တော် ဖော်ပြခဲ့သလောက်ဆိုရင် ကိုယ်လိုချင်တဲ့ သီချင်းတွေကို အင်တာနက်ကနေ ဘယ်လို ရှာမလဲ - ဘယ်လို မြန်မာသီချင်း ဆိုဒ်မျိုးတွေ ရှိသလဲ - Youtube ကနေ မြန်မာသီချင်းတွေ ဘယ်လိုရှာမလဲ - Youtube video ကို ကိုယ်လိုချင်တဲ့ format နဲ့ download ချလို့ ရအောင် URL တစ်ခုတည်းကို သုံးပြီး ဘယ်လိုလုပ်ဆောင်နိုင်မလဲ ဆိုတာတွေ အားလုံး နားလည်နိုင်လောက်ပြီ လို့ မျှော်လင့်မိပါတယ်။


စောင့်ဆိုင်းခြင်း ကင်းစွာနဲ့ သီချင်းများနားဆင်နိုင်ကြပါစေ။

KznT.

က,ကြီး ရေးဖို့ကျောက်သင်ပုန်းရှာနေသူ

Life is what you make of it. Go out and make your dreams come true.

Last edited by KznT; 03-02-2011 at 06:34 PM..
KznT is offline   Reply With Quote
အောက်ပါအသင်းဝင် 54 ဦးတို့မှ KznT အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
$ညိုမင်းလွင်$, ကိုဦး, ဆွိ, ဒဿဂီရိ, မိုးတိမ်ကဗျာ, မွန်ကြီး, ဝင်းအောင်, ဝိုင်ပီဝိုင်, သန့်ဇင်ဌေး, သရက်သီး, ဟိန်းဟိန်းမြတ်, အိုအေစစ်လေး, ဇေယျာအေး, ဇော်ရဲပိုင်, နေမင်းမောင်, မေဦးမွန်, မောင်တေဇာဝင်း, အေးဝတ်မှုန်, ဖြိုးလေး, မြင့်မိုရ်, မြတ်, မြန်အောင်သား, နိုးတူး, aprilflame, AZM, bonge, daya, emperor7, g00gle, hellboy, htun30, ko lin, ko myo, kozaw.dagon, kyaukphyu, kyawkhinewynn, lu soe, minthike, moe_poung, moonson, moonstar, nightman, nnnn321, openeyes, Phoekwarlay, phoetharlay, sawjonnie, thetzin, tu tu, yawnathan, Ye Aung, yehan, yin 91, zin min aung
Old 05-01-2011, 01:14 PM
  post #2
minthike
အထူးအသင်းဝင်
 
minthike's Avatar
 
အသင်းဝင်နေ့စွဲ: Nov 2007
တည်နေရာ: singapore
ရေးသားချက်များ: 1,937
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 14,779
ပို့စ် 1,805 ခုအတွက် 9,626 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
ပုံများ: 19
minthike is on a distinguished road
ပြန်စာ - အင်တာနက်အတွင်း သီချင်း ရှာဖွေခြ

ရှာပြီးသား သီချင်း ဗီဒီယိုတွေကို firefox ရဲ့ add-on တစ်ခုဖြစ်တဲ့ flashgot နဲ့လွယ်ကူစွာ download လုပ်ဖို့ပါ၊
firefox မှာ flashgot ကို install လုပ်ဖို့ http://flashgot.net/ ကိုဖွင့်ပါ၊

INSTALL ကို click လုပ်ပေးပါ၊

Allow ကို click လုပ်ပေးပါ၊

Install Now ကို click လုပ်ပေးပါ၊

Restart Firefox ကို click လုပ်ပေးပါ၊

Dido ရဲ့ Thank you သီချင်း download လုပ်ပုံလေးပါ၊

http://www.bomb-mp3.com/ ကိုဖွင့်ပါ.. search box မှာ Dido Thank you လို့ရိုက်ပြီး Search ကိုclick လုပ်ပေးပါ၊

Play Now ကို click လုပ်ပေးရင် music player ပေါ်လာပြီးသီချင်းသံကြားရပါလိမ့်မယ်၊
browser ရဲ့ညာဘက် အောက်နားလေးမှာလဲ flashgot ရဲ့ ပုံ သေးသေးလေး ကိုတွေ့ပါမယ၊်
၎င်းပုံ ကို click လုပ်ပေးခြင်းဖြင့် လက်ရှိနားထောင်နေတဲ့သီချင်းကို download လုပ်နိုင်ပါတယ်၊

Firefox >>Tools>> downloads မှာDido ရဲ့ Thank you သီချင်း download လုပ်ပြီးသားကိုတွေ့မှာပါ။
ကိုKznT လိုပဲ စောင့်ဆိုင်းခြင်း ကင်းစွာနဲ့ သီချင်းများနားဆင်နိုင်ကြပါစေလို့
နှစ်သစ်မှာ မိသားစုဝင်များမင်္ဂလာအပေါင်းနဲ့ပြည့်ဝပါစေဗျာ။

Josh Groban - To Where You Are
mt.myanmarfamily@gmail.com


Last edited by minthike; 05-01-2011 at 02:59 PM..
minthike is offline   Reply With Quote
အောက်ပါအသင်းဝင် 21 ဦးတို့မှ minthike အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 06-01-2011, 01:55 PM
  post #3
minthike
အထူးအသင်းဝင်
 
minthike's Avatar
 
အသင်းဝင်နေ့စွဲ: Nov 2007
တည်နေရာ: singapore
ရေးသားချက်များ: 1,937
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 14,779
ပို့စ် 1,805 ခုအတွက် 9,626 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
ပုံများ: 19
minthike is on a distinguished road
ပြန်စာ - အင်တာနက်အတွင်း သီချင်း ရှာဖွေ ခြ

သီးချင်း lyrics ရှာပုံလေးပါ lyrics တွေအလကားရတဲ့ siteတွေအများကြီးရှိပါတယ် copy ပေးမကူးတဲ့ http://www.metrolyrics.com/ ကမှယူချင်ပါတယ်ဆိုရင်
လိုချင်တဲ့ lyrics ကိုဖွင့်ပါ ပြီးbrowser မှာရှိတဲ့ reload current page ကို click ပေးပါ...page full loaded မဖြစ်ခင်( lyrics စာသားမြင်ရတဲ့အချိန်)မှာ
Stop loading page ကို click ပေးပါ copy/paste ရပါပြီ
Firefox4 မှာတော့ ပျောက်သွားပါတယ် loading လုပ်နေတဲ့ webpage မှာ right click >> stop ဆိုရင်ရပါပြီ


Josh Groban - To Where You Are
mt.myanmarfamily@gmail.com


Last edited by minthike; 12-05-2011 at 02:48 AM..
minthike is offline   Reply With Quote
အောက်ပါအသင်းဝင် 20 ဦးတို့မှ minthike အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 06-03-2011, 12:30 PM
  post #4
တုံတုံ၂၆
ထိပ်တန်းပညာရှင်
 
အသင်းဝင်နေ့စွဲ: Aug 2008
ရေးသားချက်များ: 1,004
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 31
ပို့စ် 283 ခုအတွက် 579 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
တုံတုံ၂၆ is on a distinguished road
ပြန်စာ - အင်တာနက်အတွင်း သီချင်း ရှာဖွေခြ

YouYube က VCD ကိုရော ဘယ်လို ဒေါင်းရပါသလဲရှင် .............................................

[B][CENTER]ကိုယ့်ကို သစ္စာဖောက်သွားသူနဲ့ ဆုံတဲ့အခါ ခေါ်ပြောနှုတ်ဆက်ပါ ...... သူ့ကြောင့် လောကကြီးအကြောင်းကို ကိုယ်နားလည်ခဲ့လို့ပါပဲ ......[/CENTER][/B]
တုံတုံ၂၆ is offline   Reply With Quote
အောက်ပါအသင်းဝင် 3 ဦးတို့မှ တုံတုံ၂၆ အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 06-03-2011, 01:15 PM
  post #5
g00gle
အထူးအသင်းဝင်
 
အသင်းဝင်နေ့စွဲ: Nov 2010
ရေးသားချက်များ: 751
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 12,278
ပို့စ် 754 ခုအတွက် 6,476 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
g00gle will become famous soon enough
ပြန်စာ - အင်တာနက်အတွင်း သီချင်း ရှာဖွေခြ

အထက်က Post တွေကို တခေါက်လောက် သေချာလေးပြန်ဖတ်ကြည်.ပေးပါ ညီမလေး တုံတုံရေ။ တကယ်လို. အဆင်မပြေဘူးဆိုရင် Youtube ချစ်သူများ အတွက် မသိမဖြစ် ကို သွားကြည်.လိုက်ပါနော်။

If something doesn't work, break it and create a BETTER one.

Last edited by g00gle; 06-03-2011 at 01:20 PM..
g00gle is offline   Reply With Quote
အောက်ပါအသင်းဝင် 7 ဦးတို့မှ g00gle အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 06-03-2011, 02:35 PM
  post #6
KznT
ကြီးကြပ်ရေးမှူး
 
KznT's Avatar
 
အသင်းဝင်နေ့စွဲ: Dec 2009
တည်နေရာ: http://www.techsectors.blogspot.com
ရေးသားချက်များ: 1,338
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 5,983
ပို့စ် 1,332 ခုအတွက် 20,394 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
KznT has a spectacular aura aboutKznT has a spectacular aura about
ပြန်စာ - အင်တာနက်အတွင်း သီချင်း ရှာဖွေခြ

စာဖတ်ရမှာ အချိန်နည်းနေရင် Internet Download Manager သာတင်လိုက်ပါ - အရင် Version အဟောင်းတွေတော့ မရတော့ဘူး - ကျွန်တော် သိသလောက်တော့ ခုနောက်ပိုင်းထွက်တဲ့ ၆.၀၄ တို့ ၆.၀၅ တို့ ကောင်းကောင်း အဆင်ပြေတယ် - Youtube video ကို စဖွင့်လိုက်တာနဲ့ ညာဘက်ထောင့်မှာ ခုလို Download ချဖို့ တစ်ခါတည်း တန်းမြင်ရတယ်။


ကျွန်တော်လည်း ဟိုတစ်နေ့ကမှ ၆.၀၅ ပြောင်းတင်ထားတာ - အသိတစ်ယောက် ဆိုဒ်မှာ တင်ပေးထားတာ တွေ့လို့ - ဒီမှာတော့ ပြန်တင်မပေးတော့ဘူး - ဒီနေရာက သူ့ဆိုဒ်မှာသာ သွားယူလိုက်ပါ။


KznT.

က,ကြီး ရေးဖို့ကျောက်သင်ပုန်းရှာနေသူ

Life is what you make of it. Go out and make your dreams come true.

Last edited by KznT; 06-03-2011 at 02:38 PM..
KznT is offline   Reply With Quote
အောက်ပါအသင်းဝင် 10 ဦးတို့မှ KznT အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 21-03-2011, 11:55 AM
  post #7
thetzin
အရွယ်ရောက်သူ
 
အသင်းဝင်နေ့စွဲ: Jan 2010
ရေးသားချက်များ: 166
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 1,897
ပို့စ် 108 ခုအတွက် 249 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
thetzin is on a distinguished road
ပြန်စာ - အင်တာနက်အတွင်း သီချင်း ရှာဖွေခြ

အခုလိုအားလုံးနားလည်အောင်စေတနာထားပြီရှင်းပြပေးတဲအတွက် အများကြီကျေးဇူးတင်ပါတယ်။
မိသားစုဝင်တွေအားလုံးနဲ့တကွ ဆိုဒ်တာဝန်၇ှိသူတွေဆိုဒ်တည်ထောင်သူတွေအားလုံးပျော်ရွှင်ကြပါစေ။။။။။။
thetzin is offline   Reply With Quote
အောက်ပါအသင်းဝင် 7 ဦးတို့မှ thetzin အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 22-08-2011, 09:16 AM
  post #8
kwisi
မွေးကင်းစကလေး
 
အသင်းဝင်နေ့စွဲ: Aug 2011
ရေးသားချက်များ: 3
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 1
ပို့စ် 2 ခုအတွက် 7 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
kwisi is on a distinguished road
ပြန်စာ - အင်တာနက်အတွင်း သီချင်း ရှာဖွေခြ

အင်္ဂလိပ်သီချင်းတွေ ဒေါင်းလုပ် လုပ်လို့ကောင်းတဲ့ website ရှိရင်ပြောပေးပါဦး......... ကျေးဇူးတင်ပါတယ်
kwisi is offline   Reply With Quote
အောက်ပါအသင်းဝင် 2 ဦးတို့မှ kwisi အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 22-08-2011, 10:03 AM
  post #9
putty
ကြီးကောင်ဝင်စ
 
အသင်းဝင်နေ့စွဲ: Nov 2010
တည်နေရာ: မန္တလေး
ရေးသားချက်များ: 120
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 676
ပို့စ် 115 ခုအတွက် 682 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
putty is on a distinguished road
ပြန်စာ - အင်တာနက်အတွင်း သီချင်း ရှာဖွေခြ

Quote:
Originally Posted by kwisi View Post
အင်္ဂလိပ်သီချင်းတွေ ဒေါင်းလုပ် လုပ်လို့ကောင်းတဲ့ website ရှိရင်ပြောပေးပါဦး......... ကျေးဇူးတင်ပါတယ်
http://myanmarmp3album.com မှာအောက်ဆုံးက

View More International Sonngs ကို နှိပ်လိုက်ပါ။

အဆင်ပြေပါစေ။

:welcomeb:
[COLOR="Blue"]putty.mf@gmail.com[/COLOR]

[URL="http://www.myanmarfamily.org/forum/showthread.php?t=19689"]ဖတ်စေချင်တယ်[/URL]

[URL="http://www.myanmarfamily.org/forum/showthread.php?t=18421&highlight=virus"]အတွေးများနှင်.ခဏတာ[/URL]

[URL="http://www.myanmarfamily.org/forum/showthread.php?t=22428"] ကိုသန်.ဇင်ဌေး စာကြည်.တိုက်[/URL]
putty is offline   Reply With Quote
အောက်ပါအသင်းဝင် 7 ဦးတို့မှ putty အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 22-08-2011, 10:11 AM
စနိုးလေး
MF Contributor
 
စနိုးလေး's Avatar
 
အသင်းဝင်နေ့စွဲ: Jun 2011
တည်နေရာ: မန်းလေး
ရေးသားချက်များ: 185
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 2,892
ပို့စ် 188 ခုအတွက် 1,653 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
စနိုးလေး is on a distinguished road
ပြန်စာ - အင်တာနက်အတွင်း သီချင်း ရှာဖွေခြ

Quote:
Originally Posted by kwisi View Post
အင်္ဂလိပ်သီချင်းတွေ ဒေါင်းလုပ် လုပ်လို့ကောင်းတဲ့ website ရှိရင်ပြောပေးပါဦး......... ကျေးဇူးတင်ပါတယ်

အထက်မှာ Putty ပြောပြတာနဲ့ကို အဆင်ပြေမယ် ထင်ပါတယ် တကယ်လို့ ရှာချင်တာရှိသေးရင်တော့ အောက်ကလင့်လေးတွေ တချက်လောက်ကြည့်ကြည့်လိုက်ပါ အင်္ဂလိပ်သီချင်းဆိုဒ်တွေ တင်ပေးလိုက်တယ် အဆင်ပြေပါစေရှင်


ကြယ်တွေစုံနေတဲ့ ဒီလိုအေးချမ်းတဲ့ညထဲ တို့တစ်ယောက်တည်းဘဲ လွမ်းနေရတော့မယ် သူဘယ်အချိန်ပြန်လာမှာလဲ မျှော်ကာစောင့်လို့ နေသူကွယ် မင်းပေးခဲ့တဲ့ ရက်စက်ခြင်းများနဲ့ လူးလွန့်လို့နေခဲ့
Download

Last edited by စနိုးလေး; 23-08-2011 at 12:42 PM..
စနိုးလေး is offline   Reply With Quote
အောက်ပါအသင်းဝင် 9 ဦးတို့မှ စနိုးလေး အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Reply

Tags
how to, internet, songs, user guide

တန်ဆာပလာများ
ဖော်ပြမှုပုံစံ

Posting Rules
You may not post new threads
You may not post replies
You may not post attachments
You may not edit your posts

BB code is On
Smilies are On
[IMG] code is On
HTML code is Off

ဖိုရမ်တွေ ကျော်ရောက်ချင်ရင် !


ဖိုရမ်၏ ပင်မအချိန်သည် ဂရင်းနစ်စံတော်ချိန် +6.5 ဖြစ်သည်။ဒေသစံတော်ချိန် 05:31 AM
Inactive Reminders By Icora Web Design