Old 27-10-2010, 08:17 PM
  post #1
KznT
ကြီးကြပ်ရေးမှူး
 
KznT's Avatar
 
အသင်းဝင်နေ့စွဲ: Dec 2009
တည်နေရာ: http://www.techsectors.blogspot.com
ရေးသားချက်များ: 1,338
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 5,983
ပို့စ် 1,332 ခုအတွက် 20,394 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
KznT has a spectacular aura aboutKznT has a spectacular aura about
Cloud computing + Adobe = Project Rome ??

Adobe လို့ ပြောလိုက်ရင် ကွန်ပြူတာ သမား အားလုံးနီးပါး ရင်းနှီးပြီးသား ဖြစ်နေလောက်ပါပြီ - ဘာလို့လဲဆို သူ့ ကုမ္ပဏီက ထုတ်တဲ့ Products တွေက အဆင့်မြင့်တယ် - Web Design နဲ့ Print အတွက် ထုတ်ထားတဲ့ Desktop based products တွေကလည်း အရမ်းကို အရည်အသွေးကောင်းတယ် - ဒီလို ဘက်စုံဒေါင့်စုံကနေ ဖန်တီးမှု ပေါင်းစုံနဲ့ ကြိုးစားနေတဲ့ Adobe က အခု သူ့ ကုမ္ပဏီက ထုတ်တဲ့ Products တွေကို Cloud computing အတွက်ပါ အသက်သွင်းနိုင်ဖို့ ကြိုးစားနေကြပြန်ပါပြီ -


Cloud computing လို့ ဆိုလိုက်တော့ နားလည်ပြီးသူတွေ အတွက် မဆန်းပေမယ့် လေ့လာစ သူတစ်ယောက် အတွက်တော့ ဆန်းကောင်း ဆန်းနိုင်ပါတယ်။ Cloud computing ဆိုတာ အင်တာနက် ပေါ်မှာ အခြေတည်ထားတဲ့ Computing နည်းပညာရပ် တစ်ခုပါ - ဆိုကြပါစို့ လတ်တလောမှာဆို ကျွန်တော်တို့ စာရေးမယ် - ဓာတ်ပုံတွေ Editing လုပ်မယ် - စာတွေဖတ်မယ် ဒီလိုဆို စက်ထဲမှာ Microsoft word တို့ - ACDsee တို့ - Photoshop တို့ - Adobe Acrobat တို့ ဆိုတဲ့ Software တွေ Install လုပ်ထားဖို့ လိုမယ် - ဒါက ကျွန်တော်တို့ မျက်မှောက်ခေတ် နည်းပညာ။ နောင်တစ်ချိန် Cloud computing လို့ ခေါ်တဲ့ နည်းပညာရပ်ဝန်း အတည်ပြုတိုးတက်လာရင် ဒီလို စာဖတ် - စာရေး - ပြင်ဆင် - ရောင်းချ စတဲ့ လုပ်ငန်းဆောင်တာတွေ လုပ်ဆောင်ဖို့ ကိုယ့် ကွန်ပြူတာ ထဲမှာ ဘာ Applications မှ Install လုပ်ဆောင်ထားစရာ မလိုတော့ဘူး - စက်ကိုဖွင့်ပြီး အင်တာနက်ထဲကို ဝင်လိုက်တာနဲ့ စာရေးချင်သလား - စာဖတ်ချင်သလား - ပစ္စည်း ဝယ်ချင်သလား - ပစ္စည်းရောင်းချင်သလား - Sharing လုပ်ချင်သလား - အားလုံးကို တိမ်တိုက်ပေါ်မှာပဲ လုပ်ဆောင်လို့ ရပါလိမ့်မယ်။ ဒါက ဘာနဲ့ တူသလဲ ဆိုတော့ Electricity grid လို့ ခေါ်တဲ့ လျှပ်စစ်ကွန်ရက် တစ်ခု လည်ပတ်လှုပ်ရှားနေတာနဲ့ အဓိပ္ပါယ်ချင်း ဆင်တူပါတယ်။


ဆိုတော့ Cloud computing ဆိုတဲ့ ခေတ်ကို ရောက်လာရင် Presentation တို့ Project တို့ကို စက်ထဲမှာ Application မရှိပဲလည်း အင်တာနက်ထဲ တက်ပြီး တစ်ခြား သူငယ်ချင်းတွေနဲ့ တစ်ချိန်တည်း တစ်ပြိုင်တည်း Collaborate လုပ်လို့ ရပြီ - Software တွေ Information တွေကိုလည်း တစ်နေရာနဲ့ တစ်နေရာ - စက်တစ်ခုနဲ့ တစ်ခု အင်တာနက်ထဲမှာတင် ဖလှယ်လို့ ရပီ - ဒီစကားကို ပြောလိုက်တော့ ကိုလင်း စကားဝိုင်းမှာ ပြောပြောနေတတ်တာ တစ်ခုတောင် သွားသတိရမိသေး - လိပ် + ပက်ကျိ + ခရု = အင်တာနက် ဆိုတာနဲ့တော့ Cloud computing က ဘယ်လိုမှ အဆင်မပြေနိုင်ဘူးပေါ့ -

Cloud computing ကို အခြေချနိုင်ဖို့ Google ကလည်း Google Apps ဆိုပြီး Clod computing အတွက် လုပ်နေတာ ၁၀ နှစ်ကျော်လောက် ရှိပြီ - Microsoft ကလည်း သူနဲ့ အပြိုင် Free online storage ဆိုပြီး 25 GB နဲ့ Sky Drive မှာ ပေးထားတယ်။ ဒါကို ပေးထားတာ အလကား မဟုတ်ဘူး - ဒီ Free online storage ကို သုံးပြီး SkyDrive နဲ့ အတူ ချိတ်ဆက်ထားတဲ့ Office Web Apps ကို သုံးစေချင်တာ - ဒါတင်မက Microsoft Office 365 ဆိုပြီး ကျွန်တော်တို့ အမြဲ သုံးနေကျ Microsoft Office, SharePoint Online, Exchange Online ဆိုတာတွေကို Cloud computing ဆိုတဲ့ ခေါင်းစဉ် အောက်ထဲကို ပစ်ထည့်ပြီး Online မှာတင် သုံးနိုင်အောင် Oct. 19, 2010 က တရားဝင် ကြေငြာ လိုက်ပြီ။ ဒါတင်မက သူတို့ နဲ့ အပြိုင် Acrobat.com ကလည်း အားကျမခံ cloud-based product တွေကို မိတ်ဆက်နေပါသေးတယ်။

ဥပမာ ပြောရရင် Buzzword သူက Acrobat.com ကနေ တင်ဆက်ထားတဲ့ Cloud-based product - Online word processor တစ်ခုပါ - အဲ့နောက်မှာ Acrobat လို့ ပြောလိုက်ရင် လူတိုင်း တွဲသိကြတဲ့ Photoshop - သူ့ကိုလည်း Photoshop Express ဆိုပြီး Cloud-based product - Online image editor အဖြစ် အသွင်ပြောင်းနေပြီ - ဒါတွေ ရှိလာတော့ ဘာထူးလာသလဲ ?? ကျွန်တော် အပေါ်မှာ ပြောခဲ့သလိုပဲ - ဘာ Apps မှ စက်ထဲ ထားထားဖို့ မလိုတော့ဘူး - ကိုယ်က Photoshop သမားလား - ဓာတ်ပုံတွေ ပြင်ဆင်တည်းဖြတ်ချင်နေသလား ဒါဆို Photoshop Express ကို သွားလိုက်ယုံပဲ - စာရေး - စာဖတ် - Presentation လုပ်ချင်သလား ဒါဆို Buzzword တို့ Docs.com တို့ Microsoft Office 365 တို့ Google docs တို့ ဆိုတာတွေဆီ သွားလိုက်ယုံပဲ - အားလုံးကို ကျွန်တော်တို့က Apps သုံးစရာ မလိုပဲ Browser ကနေ လုပ်ဆောင်နိုင်နေပါပြီ - အရင်လို Hard Disk ပမာဏ အများကြီး ဝယ်ပြီး Apps တွေ သိမ်းထားဖို့ - Windows partition ကို Apps များများ install လုပ်ဆောင်နိုင် ဖို့ဆံ့အောင် ပမာဏ များများ ထားဖို့ ဆိုတာတွေ မလိုတော့ ဘူး -

အခုလည်း Adobe ကနေ နောက်ဆုံး Design tool တစ်ခုကို Project Rome ဆိုတဲ့ နာမည်နဲ့ စင်တင်လိုက်ပြန်ပါပြီ။ အဲတော့ Project Rome ကို သုံးပြီး ဘာတွေ ဖန်တီးနိုင်မလဲ ??


Project Rome နဲ့ အတူ ကျွန်တော်တို့တွေ Presentations တွေ - Scrapbooks နောက် - Flash based websites စတာတွေ အများအပြား ဖန်တီးလို့ ရပါမယ်။ အထက်မှာ ဖော်ပြထားတာ Project Rome ကိုသုံးပြီး Business Card တစ်ခု ကျွန်တော် အကြမ်းခြစ်ထားတာပါ - ဒီ Online version - Project Rome ကို သုံးရင် ဘာမှ Install လုပ်ဆောင်ဖို့လည်း မလိုဘူး - Browser ရှိရင် အားလုံး လုပ်ဆောင်လို့ ရပြီ - ခက်ခက်ခဲခဲ ရှုပ်ရှုပ်ထွေးထွေး လည်း ဘာမှ မပါဘူး -

စပြီ ဆိုတာနဲ့ သူ အသင့် ဖန်တီးပေးထားပြီးသား Library ထဲမှာ ရှိနေတဲ့ Templates တွေနဲ့ လုပ်ချင်သလား - ဒါမှမဟုတ် ကိုယ့်ဘာသာ Blank canvas တစ်ခုနဲ့ စချင်လား - ကြိုက်သလို စတင်လို့ ရပါမယ်။ အထဲမှာ စာရိုက်ဖို့ - Shapes တွေဆွဲဖို့ - Freehand drawings လုပ်ဖို့ Built-in tools တွေလည်း အမြောက်အများ ပါဝင်ပါတယ်။ ကျွန်တော်တို့ စိတ်ကြိုက် တိုက်ရိုက် ယူသုံးယုံပါပဲ -

နောက်ပြီး အဲ့ဒီ့ သူထည့်ထားပေးတဲ့ Tools တွေနဲ့က Google Images တို့ YouTube တို့ Google Maps တို့နဲ့ အကုန်လုံး ချိတ်ဆက်ထားတာ မို့လို့ တစ်ခုခု လိုတာ ရှိရင် တစ်ခုပိတ် တစ်ခုဖွင့် လုပ်ဖို့ မလိုဘူး - အသင့်ယူသုံးယုံပါပဲ - အဲလို Images တွေကို ရှာဖွေတဲ့ နေရာမှာ Creative Commons licenses အောက်မှာ ရှိပြီး စီးပွားရေးလုပ်ငန်း ဆိုင်ရာအတွက်ပါ ရယူသုံးစွဲနိုင်တဲ့ Images တွေကိုပါ အလိုလျောက် ထည့်သွင်းဖော်ပြပေးပါလိမ့်မယ်။


အထက်မှာ ဖော်ပြခဲ့တဲ့ စွမ်းဆောင်ရည်တွေအပြင် Project Rome မှာ လုပ်ဆောင်လို့ ရတဲ့ တစ်ခြား Features တွေလည်း မြောက်များစွာ ပါဝင်နေပါသေးတယ်။ Project Rome နဲ့ ပတ်သတ်ပြီး လုပ်ဆောင်နိုင်မယ့် အကြမ်းဖျဉ်း အနေအထားကို အောက်ဖော်ပြပါ Video မှာ လေ့လာကြည့်နိုင်ပါတယ်။


Project Rome အပါအဝင် တစ်ခြား Cloud-based product တွေတော်တော်များများကလည်း လတ်တလော အခြေအနေမှာ စမ်းသပ် ပြင်ဆင်ဆဲ ကာလမို့လို့ Free ပေးထားပါသေးတယ်။ နောင်တစ်ချိန် Cloud computing အကြောင်း ဒီ့ထက်ပို ဂရုပြု ထင်ရှားလာချိန်မှာတော့ သေချာပါတယ် - Free မရနိုင်တော့ပါဘူး - ဒီတော့ ကျွန်တော်တို့ ဘာတွေပြင်ဆင်ထားဖို့ လိုမလဲ ?? ပိုက်ဆံ ပိုရှာမလား ?? ကိုယ့်နိုင်ငံ ကိုယ့်လူမျိုး နည်းပညာ မြင့်လာအောင် တည်ဆောက်ယူမလား ?? ဒီ အခြေအနေကို ကျွန်တော်တို့ မလွဲမသွေ ရင်ဆိုင် ရပါလိမ့်တော့မယ်။

KznT.

က,ကြီး ရေးဖို့ကျောက်သင်ပုန်းရှာနေသူ

Life is what you make of it. Go out and make your dreams come true.

Last edited by KznT; 27-10-2010 at 08:26 PM..
KznT is offline   Reply With Quote
Old 09-06-2011, 09:45 AM
  post #2
ကိုလင်း1z
ကြီးကောင်ဝင်စ
 
အသင်းဝင်နေ့စွဲ: Nov 2010
ရေးသားချက်များ: 86
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 247
ပို့စ် 83 ခုအတွက် 372 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
ကိုလင်း1z is on a distinguished road
ပြန်စာ - Cloud computing + Adobe = Project Rome ??

ဒါဆိုရင် hard disk ထုတ်တဲ့ company တွေတော့ ဒေ၀ါလီ ခံရတော့မလား ဒါမှမဟုတ် cloud ကိုဘဲ ကျိန်ဆဲနေကြမလား မသိ
ပြီးခဲ့တဲ့ တစ်ပတ်ကတောင် Apple မှ Steve Jobs ကြီးက iCloud service အကြောင်းကို developer ကွန်းဖရင့်မှာ ပြောသွားတာ ဖတ်လိုက်ရပါသေးတယ်။
ကောင်းပါတယ် နည်းပညာတွေ တိုးတက်လာတာ။ဒါပေမဲ့ တစ်ခု ရှိတာက လုံခြုံရေး အပိုင်းလဲရော ?????
တစ်ကိုယ်ရည်သုံး တွေမှာတောင် လုံခြုံရေးက စိုးရိမ်နေရတာ။ အခုလို cloud နဲ့ဆိုရင် ဘာတွေဆက်ဖြစ်လာနိုင်မလဲ ဆိုတာတော့ စိတ်ဝင်စားစရာပါ။
နည်းပညာနယ်ပယ်မှာတော့ စိန်ခေါ်မှုတွေ ပြည့်နှက်နေတဲ့ သိုင်းလောက ကြီးလိုပါဘဲ။
ကိုလင်း1z is offline   Reply With Quote
အောက်ပါအသင်းဝင် 3 ဦးတို့မှ ကိုလင်း1z အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 09-06-2011, 10:19 AM
  post #3
မော်ကျိုး
အရွယ်ရောက်သူ
 
အသင်းဝင်နေ့စွဲ: Sep 2008
တည်နေရာ: တောထဲ
ရေးသားချက်များ: 160
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 29
ပို့စ် 118 ခုအတွက် 418 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
မော်ကျိုး is on a distinguished road
ပြန်စာ - Cloud computing + Adobe = Project Rome ??

ဒီလိုတိုးတက်လာတာလည်းကောင်းပါတယ်..
ကျွန်တော်တစ်ခုမေးချင်တာက Cloud Computing နဲ့ VPN တို့ရဲ ကွာခြားချက်ကလေးနဲ့
ပြီးတော့ မနေ့က itizen မှာ ဖတ်လိုက်ရတာကတော့ Global ကို Local ဖြစ်အောင်လုပ်လို့ရပြီလို့ လည်း ဖတ်လိုက်ရပါတယ်.
ကျွန်တော်တို့လို ရုံးခွဲတွေ အများကြီးရှိတယ့် ၀န်ထမ်းတွေအတွက် အဆင်တယ်လို့မြင်ပါတယ်. အစ်ကိုတို့ အားတယ့်အချိန်လေးမှာ ရှင်းပြေပေးပါလို့ ကျွန်တော် တောင်းဆိုချင်ပါတယ်..
မော်ကျိုး is offline   Reply With Quote
အောက်ပါအသင်းဝင်မှ မော်ကျိုး အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 18-08-2011, 04:03 AM
  post #4
bonge
ကြီးကြပ်သူ
 
bonge's Avatar
 
အသင်းဝင်နေ့စွဲ: Mar 2008
တည်နေရာ: မကွေးမြို့။
ရေးသားချက်များ: 619
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 11,532
ပို့စ် 600 ခုအတွက် 5,173 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
bonge is on a distinguished road
ပြန်စာ - Cloud computing + Adobe = Project Rome ??

Quote:
Originally Posted by ကိုလင်း1z View Post
ဒါဆိုရင် hard disk ထုတ်တဲ့ company တွေတော့ ဒေ၀ါလီ ခံရတော့မလား ဒါမှမဟုတ် cloud ကိုဘဲ ကျိန်ဆဲနေကြမလား မသိ
ဒါပေမဲ့ တစ်ခု ရှိတာက လုံခြုံရေး အပိုင်းလဲရော ?????
တစ်ကိုယ်ရည်သုံး တွေမှာတောင် လုံခြုံရေးက စိုးရိမ်နေရတာ။ အခုလို cloud နဲ့ဆိုရင်
ဒေ၀ါလီ မခံရပါဘူးခင်ဗျာ ... အဲဒီ Cloud မှာလည်း Hard Disk တွေကိုပဲ သုံးထားလို့ပါ။ ဒါပေမယ့် ပိုကောင်းတဲ့ ဟာတွေပေါ့။ Cloud ဆိုတာကလည်း တင်စားပြောထားတာပါ။ သူရဲ့ အရင်နည်းပညာက Grid Computing ပါ။ Grid Computing မှာတုန်းက Virtual Organization လို့ ခေါ်တဲ့ အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်တွက်ချက်ရတယ်။ အဲဒီအဖွဲ့ရဲ့ အဖွဲ့ဝင်ဖြစ်ဖို့ နောက် Resource တွေကိုလည်း ကိုယ်သုံးချင်သလို သုံးလို့မရဘူး။ အဖွဲ့ဝင်တွေဆိုပေမယ့် ကန့်သတ်ထားတယ်။ ဘာတွေ ဘယ်လိုသုံးရမယ်ဆိုတာပေါ့။ နောက်အဲဒီ အဖွဲ့အစည်းချင်းချင်း သဘောတူညီမူ့တွေနဲ့ ချိတ်ဆက်ထားမှလည်း ရတယ်။ အဲလို Grid ရဲ့ အားနည်းချက်တွေကြောင့် Cloud ကို အသစ်ထပ်ပြီး မွေးဖွားလိုက်တယ်။ ဘယ်ပေါ်မှာ အခြေခံလဲဆိုတော့ ခုနက Grid ပေါ်မှာဘဲ။ ဘာတွေပိုကောင်းလာလဲဆိုတော့ ခုနက VO အဖွဲ့အစည်း မလိုတော့ဘူး။ ဒါအပြင် ...

၁။ အင်တာနက် ရှိတဲ့နေရာ၊ Browser ရှိယုံနဲ့ အသုံးပြုလို့ရပြီ
ဒါလေး ထပ်ဖြည့်ချင်တယ်။ သမ္မတ လုပ်ကြံတဲ့ကား တစ်ခုမှာ ကြည့်လိုက်ရတယ်။ အဲဒီမှာ ထိန်းချုပ်တဲ့ လူက ဖုန်းတစ်လုံးနဲ့ပဲ အားလုံးကို ထိန်းသွားတာပါ။

၂။ ကိုယ်သုံးသလောက် အကုန်အကျခံရမယ်။ ဒါအပြင် ဈေးကြီးပြီး အဆင့်မြှင့်တဲ့ ကွန်ပျူတာတွေ program တွေကို သုံးနိုင်မယ်။
ဥပမာ - ကိုယ်ပိုင်ကား ၀ယ်မစီးတော့ဘူး။ ဘာလို့လဲဆိုတော့ ပိုက်ဆံ မရှိလို့ ကိုယ်ပိုင်ကား ပျက်ရင်ပြင်နေရအုန်းမယ်။ ဒီကားချည်းကိုပဲ စီးနေရမယ်။ အဲလို မစီးတော့ဘူး။ Taxi ငှားမယ်။ Taxi မှာမှ ကိုယ်စီးချင်တဲ့ ကားပေါ့ ကျွန်တော်တို့ဆီမှာတော့ Taxi ဆို ပုံစံတမျိုးပဲနော် ... ဒီမှာတော့ အလန်းလေးတွေပါ ရတယ်။ မင်္ဂလာဆောင်တဲ့ ကားတွေလည်း ငှားစီးလို့ရတယ်။ ကားကိုယ်ပိုင်မလိုတော့ဘူး အဲဒီကားအတွက် ထားစရာ နေရာ မပူရတော့ဘူး။ နိုင်ငံခြားတွေမှာ ကားထားဖို့က တော်တော်ကုန်ပါတယ်။ ထည်လှဲစီးလိုရမယ် ပိုက်ဆံရှိရင်

၃။ Hardware ပိုင်း Software ပိုင်းဘာမှ ၀ယ်စရာမလို၊ ထိန်းသိမ်းဖို့ မလိုတော့ဘူး။
Cloud မှာ ကိုယ်အသုံးပြုချင်တဲ့ အပိုင်းပဲ ယူလို့ရတယ်။ Hardware Error နဲ့ Software Error နဲ့ ကိုစံငြိမ်းလည်း မေးဖို့ မလိုတော့ဘူး

၎။ ကန့်သတ်ချက်မဲ့ပါ။
ဘာတွေ ကန့်သတ်ချက်မဲ့လည်းဆိုတော့ Processor တွေ ၊ Ram တွေ ၊ Hard Disk တွေ .... စသဖြင့်။ ကိုယ်သုံးချင်သလောက် Cloud မှာ ရမယ်။ ကျွန်တော်တို့ စက်တော်တော်များများ ၀ယ်ထားပြီး Update ကျရင် ပြီးသာပဲ ဆိုပြီးသာ ၀ယ်ထားတာ အဲလောက်မသုံးဖြစ်ဘူး ဆိုရင် အဲဒီစက်အတွက် ငွေတွေအောင်းတာပေါ့။ အလဟသတ် အသုံးမပြုဘဲ ပိုနေတာတွေပေါ့ ... Cloud မှာ အဲလို ပိုစရာ မလိုဘူး။ လိုသလောက်ကလေးလဲ ရတယ်

၅။ တဖြည်းဖြည်းနဲ့ နောက်ဆို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာတော့မယ်။ အားလုံးက Remote Access ဆိုတော့ မကြောင့်မကျနဲ့ သုံးနိုင်တော့မယ်။

ကောင်းကျိုးရှိသလို ဆိုးကျိုးလည်း ရှိတာပေါ့။ ဟုတ်တယ် အကို ပြောသလို လုံခြုံရေး အပိုင်း ??? ဒါစဉ်းစားစရာလေးပါ။ ကိုယ့် Resource တွေကို Cloud ထဲမှာ တွက်မယ်ဆိုတော့လေ ..... သူ့ရဲ့ အဓိက အားနည်းချက်ကလည်း ဒါပါဘဲ။ ဒါပေမယ့် ဒါကြောင့်တော့ သိပ်ပြီး အသုံးမလျှော့သွားဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော် တခါ ဘဏ်ကဒ် သွားလုပ်တော့ စာအိတ်ကလေးနဲ့ ကဒ်ပေးတယ်။ ပြီးတော့ စာအိတ်ပေးတယ်။ ဖောက်ဖတ်ပါ။ ပြီးရင် အဲဒီမှာ ပါတာကို ရိုက်ထည့်ပါပေါ့။ အော်ဒါများ ဆိုပြီး ခင်ဗျားပဲ ဖောက်ပြီး ရိုက်လိုက်ပါပေါ့။ ဒါက မင်းတစ်ယောက်အတွက်ပဲ တိုသိခွင့်မရှိဘူးတဲ့ ဒါ ဘဏ်ဝန်ထမ်းပါ။ security ကို ဘယ်လောက် တန်ဖိုးထားလဲဆိုတော့ ... ကဒ်လုပ်ပေးတဲ့ သူတော့ သိမှာပဲလေ။ ပြီးရင် ကျနော် ကြားမှာ သိတဲ့သူမရှိဘူး။ ဒါပေမယ့် ယုံကြည်စိတ်ချရမူ့ပေါ် မူတည်ပြီး ဘဏ်တွေမှာ ငွေတွေအပ်။ ကဒ်တွေနဲ့ သုံးနေကြတာပါပဲ။ ဘဏ်တွေမှာလည်း အားနည်းချက်တွေ ရှိပေမယ့် အသုံးပြုတဲ့ သူတွေရဲ့ အခွင့်အရေးနဲ့ လုံခြုံမူ့ကို တန်ဖိုးထားမူ့ ပေါ်မှာ မူတည်ပြီး အသုံးပြူသူတွေက ရွေးချယ်ကြတာပါပဲ။ ဒီလိုပါပဲ Cloud မှာလဲ ကျွန်တော်ပြောခဲ့ပြီးပြီ သုံးရင် သုံးသလောက် ပိုက်ဆံပေးရမယ်ဆိုတာလေ။ ပိုက်ဆံပေးသလောက်လည်း ခုနက ဘဏ်တွေလို ၀န်ဆောင်မူ့တွေ ပေးနေပါတယ်။ ဒီအားနည်းကိုလည်း မြှင့်တင်နေသလို ဒါကြောင့်တော့ အသုံးပြုမူ့ မလျှော့သွားဘူး ဆိုတာလေးပါ။ Company တွေပေါ်မူတည်ပြီး ရွေးချယ်ရမှာ ပါဘဲ။ ရွေးချယ်မူ့က ကျွန်တော်တို့ လက်ထဲမှာပါ ...

Quote:
Originally Posted by မော်ကျိုး View Post
ကျွန်တော်တစ်ခုမေးချင်တာက Cloud Computing နဲ့ VPN တို့ရဲ ကွာခြားချက်ကလေးနဲ့
ပြီးတော့ မနေ့က itizen မှာ ဖတ်လိုက်ရတာကတော့ Global ကို Local ဖြစ်အောင်လုပ်လို့ရပြီလို့ လည်း ဖတ်လိုက်ရပါတယ်.
ကျွန်တော်တို့လို ရုံးခွဲတွေ အများကြီးရှိတယ့် ၀န်ထမ်းတွေအတွက် အဆင်တယ်လို့မြင်ပါတယ်. အစ်ကိုတို့ အားတယ့်အချိန်လေးမှာ ရှင်းပြေပေးပါလို့ ကျွန်တော် တောင်းဆိုချင်ပါတယ်..
ဟုတ်ကဲ့ ကိုမော်
အဲဒီနှစ်ခုရဲ့ ကွားခြားချက်က Cloud မှာပိုများတယ်။ VPN ကတော့ Security ပိုင်းကို ဦးစားပေးထားတယ်။ အဲဒီလို VPN လို လုံခြံမူ့ ရှိဖို့ လည်း Cloud မှာသုံးထားတယ်။ ဥပမာ - Cloud ရဲ့ အမျိုးအစားတစ်ခု ဖြစ်တဲ့ Private Cloud လိုပေါ့။ အလွယ်ဆိုရင်တော့ VPN မှာ ရတာ Cloud မှာ ရနိုင်ပေမယ့် Cloud မှာရတာ VPN မှာ အကုန်မရနိုင်ဘူး။ ကျွန်တော် အမြင်သက်သက်ပါ။

ကိုကေဇက် ဒီနေရမှာ VPN အကြောင်း အသေးစိတ် ဆွေးနွေးပေးထားပါတယ်။ ဒီနေ့မှ ကိုကေဇက်ရဲ့ ဒီပိုစ်ကို ဖတ်ဖြစ်လို့ အားဖြည့်ပေးလိုက်ပါတယ်
http://www.myanmarfamily.org/forum/s...rivate+network

အော် အရေးကြီးတာ ပြောဖို့ မေ့တော့မလို့ Cloud က ခုလောလောဆယ် တွက်ချက်မူ့အတွက် တအားသုံးနေပြီ။ တွင်တွင်ကျယ်ကျယ် သုံးနေပါပြီ။ Icloud ဘာကလောက် ညာကလောက် ဆိုပြီး Free ပေးထားတာက အသုံးပြုသူတွေ ပိုပြီး တွင်တွင်ကျယ်ကျယ် သိအောင်နဲ့ အသုံးပြုနိုင်အောင် ဆွဲခေါ်နေတာပါ။ အဓိကတော့ သူက တွက်ချက်မူ့အတွက် နေရာတော်တော်များများမှာ သုံးနေပြီး။ ရတနာပုံမှာလည်း Cloud Server အသေးရှိတယ်လို့ ကြားမိပါတယ်။ ဟုတ်ကဲ့ ဆိုလိုတာက အကြီးကြီးတွေမှာ သုံးနေကြပြီ။ ဒီတော့ အကြီးကြီးတွေ မသုံးနိုင်သေးတဲ့ ကျွန်တော်တို့ အကုန်လုံးနဲ့ ရင်းနှီးနေအောင် Free လေးတွေနဲ့ .....

Cloud ပေါ်မှ နုတ်ဆက်ခြင်း ...

အဆင်ပြေ ပျော်ရွှင် အောင်မြင်ကြပါစေ ...

bonge is offline   Reply With Quote
အောက်ပါအသင်းဝင် 7 ဦးတို့မှ bonge အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Reply

Tags
how to, internet

တန်ဆာပလာများ
ဖော်ပြမှုပုံစံ

Posting Rules
You may not post new threads
You may not post replies
You may not post attachments
You may not edit your posts

BB code is On
Smilies are On
[IMG] code is On
HTML code is Off

ဖိုရမ်တွေ ကျော်ရောက်ချင်ရင် !

အခြားဆင်တူဆွေးနွေးချက်များ
ဆွေးနွေးချက် စတင်ရေးသားသူ ကွပ်ပျစ်ဝိုင်း ပြန်စာများ နောက်ဆုံးပို့စ်
Torrent ဘာလဲ Torrent ဘယ်လဲ ?? KznT အထွေထွေဗဟုသုတ 27 06-04-2015 01:06 AM
Family AIOs ဘိုးတော် Applications 43 08-09-2011 09:12 PM
Google Cloud Print for Future KznT Internet နှင့်ဆိုင်ရာများ 0 18-04-2010 09:09 PM
Adobe Products Keygen Collection PyaitSone Softwares များ 3 08-03-2010 05:26 AM
14000 Application Serial Numbers Ye Aung ကွန်ပျူတာဆိုင်ရာတိုလီမုစများ 0 11-01-2009 06:21 AM


ဖိုရမ်၏ ပင်မအချိန်သည် ဂရင်းနစ်စံတော်ချိန် +6.5 ဖြစ်သည်။ဒေသစံတော်ချိန် 10:00 PM
Inactive Reminders By Icora Web Design