Go Back   မြန်မာမိသားစုဖိုရမ် » ..:: ကွန်ပျူတာနယ်ပယ် ::.. » Windows နှင့်သက်ဆိုင်သော
မြန်မာလက်ကွက်

Windows နှင့်သက်ဆိုင်သော Windows OS အကြောင်း ဆွေးနွေးထားသော ဆွေးနွေးချက်များ ကိုလေ့လာဖတ်ရှုနိုင်သလို ကိုယ်တိုင်လည်း ၀င်ရောက်ဆွေးနွေးနိုင်ပါသည်...

Reply
 
Bookmark and Share တန်ဆာပလာများ ဖော်ပြမှုပုံစံ
Old 18-06-2009, 02:40 PM
  post #1
အောင်ထက်ကျော်
ကြီးကောင်ဝင်စ
 
အသင်းဝင်နေ့စွဲ: Mar 2009
တည်နေရာ: မုံးကိုး
ရေးသားချက်များ: 109
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 98
ပို့စ် 45 ခုအတွက် 106 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
အောင်ထက်ကျော် is on a distinguished road
Icon10 Window Update အကြောင်း

Window Vista & Window 7 တို့မှာ အမြဲတမ်းလိုလို နာမည်အမျိုးမျိုးပေးပြီးတော့ Microsoft က update ပေးပါတယ်။ ကျွန်တော့အနေနဲ့ကတော့ update တစ်မျိုးရပြီးတိုင်း ရပြီးတိုင်း Window သုံးရတာ တစ်မျိုးတစ်ဖုံထူးခြားလာတာလဲမတွေ့ရဘူး။ Window Update ကို ဖိုရမ်ပရိတ်သတ်များအနေနဲ့ ဘယ်လိုမြင်ကြလည်း။ နည်းနည်းလောက်စကားစပ်ကြပါလား။
ကျေးဇူးတင်လျှက်။
အောင်ထက်ကျော် is offline   Reply With Quote
အောက်ပါအသင်းဝင် 5 ဦးတို့မှ အောင်ထက်ကျော် အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 16-07-2009, 01:22 AM
  post #2
tunlinaung
လမ်းလျှောက်တတ်စ
 
အသင်းဝင်နေ့စွဲ: Jan 2009
တည်နေရာ: တောင်.......ကြီး
ရေးသားချက်များ: 6
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 12
ပို့စ် 4 ခုအတွက် 30 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
tunlinaung is on a distinguished road
ပြန်စာ - Window Update အကြောင်း

windows vista မှာတော့ drivers တွေအတွက် update ပေးတာ အကောင်းဆုံးဖြစ်မယ်အစ်ကို။
ဝင်းဒိုးတင်ပြီးပြီးချင်း update လေးတွေပေးသွားရင် သုံးရတာ အဆင်ပြေတယ်ဗျ။
game တို့ languages တွေအတွက် update တွေကိုတော့ မပေးတာအကောင်းဆုံးထင်တယ်။ဘာလို့လည်းဆိုတော့ အဲ့ဒီကောင်တွေက စက်လေးတယ်ဗျ...ဆွေးနွေးတာနော်..အမှားပါရင်ခွှင့်လွှတ်ပါဂျာ.....
tunlinaung is offline   Reply With Quote
အောက်ပါအသင်းဝင် 8 ဦးတို့မှ tunlinaung အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 28-07-2009, 04:01 AM
  post #3
soemaung
ကလေးပေါက်စ
 
အသင်းဝင်နေ့စွဲ: Apr 2009
ရေးသားချက်များ: 34
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 53
ပို့စ် 25 ခုအတွက် 119 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
soemaung is on a distinguished road
ပြန်စာ - Window Update အကြောင်း

ကျွန်တော့် အမြင်ပြောရရင်တော့ windows နဲ့ပတ်သက်ရတော့ update ပေးတာ မကောင်းဘူးထင်တယ်ဗျ။ free ရတဲ့ windows တွေဆို ပိုပြီးမပေးသင့်ဘူးထင်တယ်ဗျ။ သူကဘာကြောင့်လည်း ဆိုရင် update ပေးလိုက်ရင် ပိုက်ဆံ တောင်းတယ်ဗျာ။အဲဒါကျွန်တော်လည်း နောက်ထပ်ဝင်းဒိုးတစ်ခု ကို ချိန်းလိုက်ရတော့တယ်ဗျာ။ ဒါက ကျွန်တော့် အဖြစ်လေးကို ဆွေးနွေးတာပါ။ အားလုံးအဆင်ပြေကြပါစေ။
soemaung is offline   Reply With Quote
အောက်ပါအသင်းဝင် 5 ဦးတို့မှ soemaung အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 28-07-2009, 08:47 AM
  post #4
စစ်တွေသားချေ
ပညာရှိကြီး
 
အသင်းဝင်နေ့စွဲ: Oct 2008
တည်နေရာ: မိသားစုထဲမှာ။
ရေးသားချက်များ: 477
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 1,957
ပို့စ် 291 ခုအတွက် 1,204 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
စစ်တွေသားချေ is on a distinguished road
ပြန်စာ - Window Update အကြောင်း

ဆမိုင်းလေးလည်း သိသလောက်ဝင်ပြောချင်လို့ ခွင့်ပြုပါအုံး...

ကျွန်နော် ၀ိန်းဒိုးတွေတင်ပြီးတိုင်း သူငယ်ချင်းတစ်ချို့လာပြောကြတယ်
Window Update ကိုပိတ်ထားတဲ့ (ဘာလို့လဲမသိဘူး အရမ်းသိချင်ခဲ့ပါတယ်)
အမြဲလိုလို Window က Update တွေပေးပါတယ် ဒါပေမဲ့ Window Firewall
ကနေ not recommended( ပေးထားရတယ်။အောက်မှာပုံလေးပြထားတဲ့အတိုင်းပါပဲ ။



ကျွန်နော့အထင်တော့ ၀ိန်းဒိုးကို Activate မလုပ်ထားလို့ထင်တယ် ။
ကျွန်နော်သုံးတဲ့ ၀ိန်းဒိုးတွေက အကုန်လုံးဖြီးတွေကြီးပဲ သူ့ကုမ္ပဏီကပေးသလောက်
ပဲသုံးရတယ် Activate မဖြစ်လို့ပေါ့နော်...။တကယ်လို့ Window Activate မဖြစ်ပဲ
ကိုအောင်ထက်ကျော် ပြောသလို Update ပေးထားရင် ဘယ်လိုဖြစ်မယ်ဆိုတာ ဖိုရမ်မှ
အစ်ကို ၊ အစ်များ ၀င်ရောက်ဆွေးနွေးပေးစေချင်ပါတယ်ဗျာ...

အားလုံးကိုခင်တဲ့ ဆမိုင်းလေး။(ယောကျာင်္းလေးနော်) ဟီးးးးးဟီးးးးးး။(အကျင့်ပါသွားလို့)
စစ်တွေသားချေ is offline   Reply With Quote
အောက်ပါအသင်းဝင် 5 ဦးတို့မှ စစ်တွေသားချေ အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 13-08-2009, 11:41 PM
  post #5
lumyound
ကလေးပေါက်စ
 
lumyound's Avatar
 
အသင်းဝင်နေ့စွဲ: Jun 2008
ရေးသားချက်များ: 35
ကျေးဇူးတင်စကား: 0
ပို့စ် 14 ခုအတွက် 42 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
lumyound is on a distinguished road
ပြန်စာ - Window Update အကြောင်း

ကျနော်တော့ ၀င်းဒိုးကို အပ်ဒိတ်ပေးပြီးလည်း သုံးတယ်... တခါတလေ.. မပေးဘဲနဲ့လည်းသုံးတယ်...... ခုချိန်ထိတော့ ဘာမှ .... အကျိုးအကြောင်းး မသိရသေးဘူး...... မသိလို့လဲ ဖြစ်နိုင်တယ်လို့ထင်တယ်ဗျာ .... ယခု ဒီစာကို ဖတ်နေတယ့်... ဆရာရယ်... ရှင်းပြပေးဦးနော်... .. အကျိုးအကြောင်း ကို ... မရှေးမနှောင်းခင် သိချင်လှပြီဗျာ...... ကျေးဇူးတင်ပါတယ်..
lumyound is offline   Reply With Quote
အောက်ပါအသင်းဝင်မှ lumyound အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 14-08-2009, 12:43 AM
  post #6
သက်နိုင်
ပညာရှိကြီး
 
အသင်းဝင်နေ့စွဲ: Jan 2009
တည်နေရာ: မန္တလေး
ရေးသားချက်များ: 352
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 1,755
ပို့စ် 214 ခုအတွက် 840 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
သက်နိုင် is on a distinguished road
ပြန်စာ - Window Update အကြောင်း

ဒီထဲက ဆွေးနွေးချက်တွေ ဖတ်ပီးမှ နဲနဲတောင်လန့်လာတယ်။ ကျွန်တော်က တော့ Window update အမြဲလုပ်တယ်။ ဟီး...... ခုထိတော့ ဘာပြသနာမှ မပေါ်သေးဘူး။ update လုပ်ပီးရင်လဲ ဘာထူးခြားလာလဲလဲ မသိပါဘူးဗျာ။ :D

[COLOR="Red"][marquee]Genius is 1 percent inspiration and 99 percent perspiration.[/marquee][/COLOR]
သက်နိုင် is offline   Reply With Quote
အောက်ပါအသင်းဝင်မှ သက်နိုင် အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 20-08-2009, 03:51 PM
  post #7
tunlinaung
လမ်းလျှောက်တတ်စ
 
အသင်းဝင်နေ့စွဲ: Jan 2009
တည်နေရာ: တောင်.......ကြီး
ရေးသားချက်များ: 6
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 12
ပို့စ် 4 ခုအတွက် 30 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
tunlinaung is on a distinguished road
ပြန်စာ - Window Update အကြောင်း

ကျနော်လေ့လာဖူးခဲ့တဲ့ စာအုပ်ထဲက ပြန်လည်း ကိုးကားပြီး အတိုချုံ့တင်ပြပေးလိုက်တာပါ။ မှတ်ချက်အနေနဲ့ တစ်ခုအကြံပေးလိုတာက windows update တစ်ခါတော့လုပ်ဆောင်သင့်ပါတယ်။ ဒါမှ အသုံးပြုရာမှာ လုံခြုံမှုရှိမယ်...ပေါ့ပါမယ်ပေါ့.. အောက်မှာဖတ်ကြည့်ပါ။


အင်တာနက်ကမ္ဘာဟာ နေ့စဉ်နှင့်အမျှ ပြောင်းလဲနေပါတယ်။ ထိုအပြောင်းအလဲများသည်လည်း လူအများကို နှစ်သက်စွဲလန်းဖွယ်ဖြစ်အောင် ညှို့ယူဖမ်းစားနိုင်သော အကြောင်းတရား တစ်ခုဖြစ်ပါတယ်။ အပြောင်းအလဲတို့၏ သဘာဝအတိုင်း အကောင်းဘက်သို့ ဦးတည်သော တိုးတက်ပြောင်းလဲမှုများရှိသလို အဆိုးဘက်သို့ ဦးတည်နေသော hacker များ၏ လှုပ်ရှား မှုသည်လည်း နေ့စဉ်နှင့်အမျှ ပိုမိုများပြားလာပါတယ်။ အဲ့ဒီလို အကြောင်းတရားများကြောင့် အင်တာနက် အသုံးပြုသူတို့၏ Security and Privacy ကိုကာကွယ်ပေးရန် Computer Operating System ( OS ) and Browser program များကို ထုတ်လုပ်ရောင်းချသူများဘက်မှလည်း ထို System နှစ်ခုကို ပိုမိုတိုးတက်ကောင်းမွန်လာအောင် အမြဲတမ်း ပြုပြင်မွမ်းမံပေးရလေ့ ရှိပါတယ်။
Security ပိုင်းအရ အားနည်းချက်ဟာကွက်များကို တွေ့ရှိလာတဲ့အခါတိုင်းမှာ ဖန်တီးသူများ ဘက်မှ ထိုဟာကွက် အားနည်းချက်များကို ပြုပြင်ဖာထေးထားသော Security Update များကို အလွယ်တကူ ဒေါင်းလုပ်ရယူ အင်စတော လုပ်နိုင်ရန် မိမိတို့ရဲ့ website များမှာတင်ထားပေးလေ့ရှိပါတယ်။ဥပမာ ဆိုရင် windows crirical update များဟာ ဝင်းဒိုး အသုံးပြုသူ user များ၏ security and privacy ကိုထိပါး နှောက်ယှက်ခြင်းများမှ ကာကွယ်ပေးရန် windows၏ အားနည်းချက်ဟာကွက်များကို ပြုပြင်ပေးထားသော service pack နှင့် windows new feature များပဲဖြစ်ပါတယ်။ ထို update များကို patch များဟုလည်းခေါ်ကြပါတယ်။

windows "Security patch " များဟာ သက်ဆိုင်ရာ product များအလိုက် အကြောင်းတစ်ခုခုကြောင့် လိုအပ်တဲ့အချိန်မှာထွက်ပေါ်လာတက်ကြပြီး ပုံမှန်ဘယ်နေ့ဘယ်အချိန်မှာ ထွက်ပါမယ်လို့ ပုံသေမရှိပါဘူး။ ဒါကြောင့် မိမိကွန်ပျူတာရဲ့ windows OS ကိုအစဉ်အမြဲ ကြံ့ခိုင်မှုပြည့်ဝနေအောင် စီမံထားချင်တယ်ဆိုရင်တော့ Microsoft website ထဲကို မကြာခဏ ဝင်ရောက်ပြီး မိမိနှင့်သက်ဆိုင်သော patch အသစ်တစ်ခုပေါ်တိုင်း အမြန်ဆုံး download ရယူ install လုပ်ထားဖို့လိုပါတယ်။

Security patch များကို နည်း၂နည်း နှင့် ဒေါင်းလုပ်ရယူ အင်စတော လုပ်နိုင်ကြပါတယ်။
ပထမနည်းကတော့ Start menu ထဲမှာရှိသေား windows update မှတဆင့် Microsoft ၏ windows update ထဲသို့ဝင်ရောက်ပြီး မိမိကွန်ပျူတာအတွက်လိုအပ်သေား patch မျးကို အလိုအလျောက် စစ်ဆေးရှာဖွေပြီး install လုပ်ခြင်းပဲဖြစ်ပါတယ်။ဒုတိယ နည်းကတော့ အကြောင်းတစ်ခုခုကြောင့် Automatic update လုပ်မရနိုင်တဲ့အခါမျိုးမှာ Microsoft website ထဲသို့ ဝင်ရောက်ပြီးသက်ဆိုင်ရာ Security patch သို့မဟုတ် Critical update များကို ကိုယ်တိုင် ဖတ်ရှုရွေးခြယ် download ရယူ install လုပ်ခြင်းဖြစ်ပါတယ်..ခင်ဗျာ..

မိမိရဲ့ကွန်ပျူတာမှာဘယ်လို security patch များကို အင်စတော လုပ်ဖို့ရန်လိုနေသလဲဆိုတာကို windows update တွင်အလွယ်တကူ သွားရောက်စစ်ဆေးနိုင်ကြပါတယ်။ စစ်ဆေးပေးပြီးတဲ့အခါမှာ မိမိအတွက်လိုအပ်တဲ့patch များကိုညွှန်ပြပါလိမ့်မယ်။
အထူးသတိထားရမှာကတော့ windows update မလုပ်ခင်မှာ လက်ရှိအသုံးပြုနေတဲ့ program များကို ပိတ်ထားရန်နှင့်update လုပ်နေစဉ်အတွင်းမှာလည်း မိမိရဲ့ အခြား လုပ်ငန်းစဉ်များကို ရပ်ဆိုင်းထားဖို့လိုပါတယ်။

ဗဟုသုတ တိုးပွားကြပါစေ....
tunlinaung is offline   Reply With Quote
အောက်ပါအသင်းဝင် 18 ဦးတို့မှ tunlinaung အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 25-08-2010, 08:48 PM
  post #8
နိုးတူး
ကိုယ်ပိုင်အစွမ်းရှိပြီးသူ
 
အသင်းဝင်နေ့စွဲ: Aug 2009
ရေးသားချက်များ: 349
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 1,961
ပို့စ် 156 ခုအတွက် 393 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
နိုးတူး is on a distinguished road
ပြန်စာ - Window Update အကြောင်း

ကျွန်တော်လဲ ဝင်မေးပါရစေဗျာ...အခု အကိုတို့တင်ပေးထားတဲ့ windows တွေကို တင်ပြီး Windows 7 Loader v1.8.9 (x86 & x64) လေးကို run ပြီးရင် windows auto update ကိုဖွင့်ထားလို့ ရလား လို့သိချင်လို့ပါ...ကိုtunlinaung ပြောသလို ကောင်းချက်လေးတွေ ရှိလို့ auto update လေးလုပ်ထားချင်လို့ပါ.. ဖွင့်ထားရင်လဲ ကိုsoemaung ပြောသလို ဖြစ်မှာလဲ ကြောက်လို့ပါ...
အခုကျွန်တော် သုံးနေတာက ကွန်ပြူတာစဝယ်ကတည်းက ပါတဲ့ window 7 home premium လေးပါ...
ဖိုရမ်ထဲဝင်ကြည့်ပြီးတော့မှ ပိုကောင်းတာလေးတွေ ရှိလို့ ဒေါင်းပြီး သုံးချင်လို့ပါ..
အဲဒါလေး သိကြသောသူများကူညီပြီး မသိနားမလည် တဲ့ အကောင်းကြိုက်တဲ့ (အလကားရတဲ့နွားတောင် သွားဖြဲကြည့်ချင်တဲ့ ) ကျွန်တော့်ကို ရှင်းပြပေးကြပါဗျာ....
မြန်မာဖိုရမ်ကြီး ဒီထပ်မက အောင်မြင်ပြီးတော့ ဖိုရမ်က ညီအကို ညီအမ အားလုံး ကျန်းမာစွာနဲ့ ဒီထပ် ပိုပြီး ဖိုရမ်အကျိုးသယ်ပိုးနိုင်ကြ ပါစေ လို့ ဆုမွန်ကောင်းတောင်းပေးပါတယ်...
ဒါမှလဲ ကျွန်တော်တို့လို မသိတဲ့လူမျိုးတွေ အသိပညာ တိုးပွားလာနိုင်မှာပါ.....
အားလုံးကို ကျေးဇူးအထူးတင်လျက်
နိုးတူး
နိုးတူး is offline   Reply With Quote
အောက်ပါအသင်းဝင် 3 ဦးတို့မှ နိုးတူး အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 26-08-2010, 04:30 AM
  post #9
မြင့်မိုရ်
အထူးအသင်းဝင်
 
မြင့်မိုရ်'s Avatar
 
အသင်းဝင်နေ့စွဲ: Jan 2009
တည်နေရာ: မြန်မာမိသားစု
ရေးသားချက်များ: 566
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 1,432
ပို့စ် 405 ခုအတွက် 2,148 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
မြင့်မိုရ် is on a distinguished road
ပြန်စာ - Window Update အကြောင်း

Quote:
အခု အကိုတို့တင်ပေးထားတဲ့ windows တွေကို တင်ပြီး Windows 7 Loader v1.8.9 (x86 & x64) လေးကို run ပြီးရင် windows auto update ကိုဖွင့်ထားလို့ ရလား လို့သိချင်လို့ပါ
ကိုနိုးတူးရေ ...
ဝင်းဒိုးတင်ပီး အဆင်ပြေရာ windows loader များသုံးပီး မိမိဝင်းဒိုးဟာ Genuine ဖြစ်ပီ activated ဖြစ်ပီဆိုတာနဲ့ Window ကို Update ပေးကာ သုံးလို့ရပါပီ ...


Quote:
ကိုtunlinaung ပြောသလို ကောင်းချက်လေးတွေ ရှိလို့ auto update လေးလုပ်ထားချင်လို့ပါ.. ဖွင့်ထားရင်လဲ ကိုsoemaung ပြောသလို ဖြစ်မှာလဲ ကြောက်လို့ပါ...
Windows Update ကတော့ ပေးထားပီး သုံးသင့်ပါတယ် .... ပေးထားတဲ့ စက်နဲ့ မပေးထားတဲ့စက်ဆိုရင် သုံးရတာသိသာပါတယ် ... windows update ကို ကျွန်တော်တို့က စနစ်တကျ update ပေးမယ်ဆိုရင် ဘာပြသနာမှမဖြစ်နိုင်ပါ ... ဒီတော့ အကြံပြုချင်တာက မိမိသုံးသောဝင်းဒိုးအား Update ပေးတဲ့နေရာမှာ Auto Update (" Install update automatically") အစား " Check for updates but let me choose whether to download and install them " setting အားရွေးချယ် အသုံးပြုသင့်ပါတယ် ...
ဘာကွာသလဲဆိုရင် auto update က ရှိသမျှ update အားလုံးကို သူဟာသူ download ချ install လုပ်ဆောင်သွားတဲ့အတွက် ကျွန်တော်တို့ဟာ လိုအပ်တာ မလိုအပ်တာ .. ဘာမှမသိပဲ မလိုအပ်တဲ့ ပြသနာတွေဖြစ်လာပီဆိုတော့မှ window update ကို အပြစ်ပုံချလိုက်တော့တာပါပဲ ....
အဲ့ဒီအခါ windows update ပေးမသုံးကြနဲ့ဆိုပီး ဖြစ်လာပါတော့တယ် ..
ကျွန်တော်တို့ Window OS တွေကလည်း အခကြေးငွေပေးပီး ဝယ်ယူသုံးစွဲထားတာ မဟုတ်တော့ သူ့ဟာနဲ့သူ တော့ အပြည့်အဝတော့ ဘယ်သုံးလို့ရမလဲ ရှောင်ရန်လေးတော့ အနည်းငယ်ပါမှာပေါ့ ခင်ဗျာ ...
ဒါကြောင့် Update Setting မှာ Check for updates but let me choose whether to download and install them ကိုထားသုံးရပါမယ် ..





သူကတော့ update ပေးဖို့လိုအပ်တာတွေကို စုပီး ကျွန်တော်တို့ကို အသိပေးပါတယ် .. အရေးကြီးလိုအပ်တာနဲ့ သာမန်လိုအပ်တာတောင် ခွဲခြားပေးထားပါသေးတယ် ...
အဲ့ဒီအခါ ကျွန်တော်တို့က ကြည့်လိုက်ပါတယ် ... လိုအပ်လားမလိုအပ်လား နားလည်လည်းလွယ်ပါတယ် ..
လိုအပ်တယ်ထင်ရင် အမှန်ခြစ်လေးပေးပီး Install လုပ် ... မလိုအပ်ရင် Hide ပေးထားလိုက်ပါ ...
လုံးဝ Install လုပ်မှာမဟုတ်ပါ .. Updates for Windows 7 ( KB971033 ) ကိုတော့ ဘယ်တော့မှ Install မလုပ်ပါနဲ့ ... သူက window activation နဲ့ ရန်ဘက်တွေပါ .... အဲ့လို လိုအပ်တာလေးတွေပေးပီး မလိုအပ်တာလေးတွေဖြုတ်ကာ update ပေးတဲ့အခါ ကျွန်တော်တို့ရဲ့ window ဟာ Ever Activated , Ever Update ဖြစ်နေပီး ပေါ့ပါးသွက်လက် နေမှာ အမှန်ပဲဖြစ်ပါတယ် ခင်ဗျာ ....
ကြိုက်နှစ်သာရာ Window လေးကို Windows is up to date လေးနဲ့ အမြဲတမ်း လန်းနေပါစေ ဗျာ ..



Last edited by မြင့်မိုရ်; 26-08-2010 at 04:31 AM..
မြင့်မိုရ် is offline   Reply With Quote
Old 08-02-2011, 09:34 PM
ဟိန်းဟိန်းမြတ်
ကိုယ်ပိုင်အစွမ်းရှိပြီးသူ
 
ဟိန်းဟိန်းမြတ်'s Avatar
 
အသင်းဝင်နေ့စွဲ: Jan 2009
တည်နေရာ: Yangon
ရေးသားချက်များ: 214
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 1,557
ပို့စ် 62 ခုအတွက် 221 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
ပုံများ: 10
ဟိန်းဟိန်းမြတ် is on a distinguished road
ပြန်စာ - Window Update အကြောင်း

Window Update လုပ်ပြီးရင် Systemတွေ ဘာတွေပြောင်းလဲသွားလဲဆိုတာကို ကြည့်လို့ရတယ်လို့သိရပါတယ်... ဘယ်လိုကြည့်လို့ရလဲဆိုတာ သိတဲ့အစ်ကိုအစ်မများဆွေးနွေးပေးကြပါဦး...

အရည်အချင်းရှိအောင်အရင်ကြိုးစား အောင်မြင်မှုကနောက်ကလိုက်လာလိမ့်မယ်
ဟိန်းဟိန်းမြတ် is offline   Reply With Quote
အောက်ပါအသင်းဝင် 2 ဦးတို့မှ ဟိန်းဟိန်းမြတ် အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Reply

Tags
windows faqs, windows knowledge

တန်ဆာပလာများ
ဖော်ပြမှုပုံစံ

Posting Rules
You may not post new threads
You may not post replies
You may not post attachments
You may not edit your posts

BB code is On
Smilies are On
[IMG] code is On
HTML code is Off

ဖိုရမ်တွေ ကျော်ရောက်ချင်ရင် !

အခြားဆင်တူဆွေးနွေးချက်များ
ဆွေးနွေးချက် စတင်ရေးသားသူ ကွပ်ပျစ်ဝိုင်း ပြန်စာများ နောက်ဆုံးပို့စ်
Windows update လုပ်ဆောင်ခြင်း komyo2010 Windows နှင့်သက်ဆိုင်သော 8 28-02-2012 09:02 PM
NOD32 Antiviurs 3 ကို Offline Update လုပ်ရအောင် ကျော်ကိုထက် Virus & Anti-virus ပိုင်းဆိုင်ရာ 19 05-12-2011 01:48 PM
Vista OS Install လုပ်ခြင်း poekaunglay87 Windows နှင့်သက်ဆိုင်သော 2 15-10-2008 12:41 AM


ဖိုရမ်၏ ပင်မအချိန်သည် ဂရင်းနစ်စံတော်ချိန် +6.5 ဖြစ်သည်။ဒေသစံတော်ချိန် 02:46 AM
Inactive Reminders By Icora Web Design