Go Back   မြန်မာမိသားစုဖိုရမ် » ..:: ကွန်ပျူတာနယ်ပယ် ::.. » Windows နှင့်သက်ဆိုင်သော
မြန်မာလက်ကွက်

Windows နှင့်သက်ဆိုင်သော Windows OS အကြောင်း ဆွေးနွေးထားသော ဆွေးနွေးချက်များ ကိုလေ့လာဖတ်ရှုနိုင်သလို ကိုယ်တိုင်လည်း ၀င်ရောက်ဆွေးနွေးနိုင်ပါသည်...

Reply
 
Bookmark and Share တန်ဆာပလာများ ဖော်ပြမှုပုံစံ
Old 14-10-2008, 07:00 PM
  post #1
poekaunglay87
အထူးအသင်းဝင်
 
poekaunglay87's Avatar
 
အသင်းဝင်နေ့စွဲ: Sep 2007
ရေးသားချက်များ: 518
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 0
ပို့စ် 490 ခုအတွက် 5,499 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
poekaunglay87 is on a distinguished road
Vista OS Install လုပ်ခြင်း

Vista OS Install လုပ်ခြင်း

အခုတော့ ပိုးကောင်လေးဖတ်ဖူးတဲ့စာအုပ်လေးထဲက လူတွေအသုံးများလာတဲ့ Windows Vista OS Install နဲ့ပတ်သက်ပြီး install လုပ်တဲ့နည်းလမ်းတွေနဲ့သက်ဆိုင်တဲ့ အကြောင်းအချက်တွေကို ဖော်ပြပေးလိုက်ပါတယ်ခင်ဗျာ။

32bit OS လား၊ 64bit OS လား
Windows XP မှာရော Windows Vista မှာပါ 32bit နဲ့ 64 bit version နှစ်မျိုးရှိနေပါတယ်။ ကွန်ပြူတာကို အခုမှ ၀ယ်ယူတပ်ဆင်တာဖြစ်လို့ နိမ့်တဲ့အဆင့် Dual Core CPU လောက်ပဲသုံးမယ်၊ Onboard VGA နဲ့ပဲ သုံးထားခဲ့ရင်တောင် 64 bit OS ကို support လုပ်ဖို့များပါတယ်။ အရင် Pentium 4 478 pin CPU အနိမ့်တွေနဲ့ တချို့ Celeron CPU တွေကလွဲရင် ကျန်တဲ့ CPU အများစုက 64bit support လုပ်ပါတယ်။ အသေးစိတ်ကို ၀ယ်ယူတဲ့ ဆိုင်မှာ မေးမြန်းဖို့နဲ့သက်ဆိုင်ရာ Website တွေမှာ ဖတ်ရှုနိုင်ပါတယ်။ ဟာ့ဒ်ဝဲတွေက 64bit support လုပ်တိုင်း 64bits OS တွေ၊ 64bit application တွေ install လုပ်သုံးစွဲလို့ရပြီလား ဆိုတာက စဉ်းစားဖို့လိုတဲ့ အချက် တစ်ခုဖြစ်ပါတယ်။ အဲဒီအကြောင်းတွေကို ဖော်ပြထားပါတယ်။

32bit နဲ့64bit ဘာကွာသလဲ
32 bit OS နဲ့ 64 bit OS နှစ်ခုဘာကွာသလဲ ဆိုတော့ ဟာ့ဒ်ဝဲတွေက တစ်ကြိမ်မှာ ခိုင်းစေညွှန်ကြားချက် ၃၂ခု (32 bit) ကိုတစ်ပြိုင်နက်တည်း ကိုင်တွယ်ဖြေရှင်းပေးနေရာကနေ 64bit အထိ ကိုင်တွယ် ဖြေရှင်းပေးနိုင်လာပါတယ်။ ဟာ့ဒ်ဝဲတွေ၊ အထူးသဖြင့် MicroProcessor ကနေ 64bit အထိကိုင်တွယ်လုပ်ဆောင်ပေးနိုင်ပေမယ့် OS ကနေ 64bit support မလုပ်ပြန်ရင်လည်း 64 bit ဟာ့ဒ်ဝဲတွေရှိနေရဲ့သားနဲ့ 64bit OS ကိုမသုံးတဲ့အတွက် စွမ်းဆောင်ရည် အပြည့်အ၀ အသုံးမချနိုင်ဘဲ ဖြစ်နေပါတယ်။ အရေးကြီးတဲ့အချက်တစ်ခုက 32bit OS တွေဟာ memory ပမဏ စုစုပေါင်း 3GB ထက်ပိုပြီး ထောက်ပံ့လုပ်ဆောင်မပေးပါဘူး။ 64bit Os သုံးခဲ့ရင်သာ 3GB ထက် ပိုများတဲ့ ပမာဏကို ထောက်ပံလုပ်ဆောင်ပေးနိုင်ပါတယ်။ ပြောင်းပြန်ပြန်ပြီး စဉ်းစားကြည့်ရင်တော့ memory 3GB ထက်ပိုပြီး တပ်ဆင်သုံးစွဲလိုခဲ့ရင် 64bits OS ကိုသုံးမှသာ ဖြစ်နိုင်ပါမယ်။

64bit driver ပြဿနာ
ဟာ့ဒ်ဝဲတွေ ဘယ်လောက်ပဲကောင်းကောင်း၊ ဘယ်လောက်ပဲမိုဒယ်မြင့်တာ၊ အမြင်နှုန်းမြင့်တာကိုပဲဝယ်ဝယ် သူနဲ့သက်ဆိုင်တဲ့ driver ကိုအမှန်ကန်ဆုံး၊ version အမြင့်ဆုံး၊ install လုပ်မထားဘဲနဲ့တော့ တန်ဖိုးကြီးဟာ့ဒ်ဝဲတွေ ဟာ စွမ်းဆောင်ရည်အမြင့်ဆုံးရရှိမှာ မဟုတ်ပါဘူး။ အဲဒီအတွက် OS က 32bit OS ဆိုရင် 32 bit driver တွေ၊ ဒါမှမဟုတ် OS က 64bit driver တွေကို motherboard နဲ့တွဲပါလာတဲ့ စီဒီ၊ ဒီဗီဒီတွေမှာ ပါပြီးဖြစ်ရဲ့လား။ ပါခဲ့ပြီး၊ ထည့်ပေးထားပြီးဖြစ်ခဲ့ရင်လည်းအဲဒီ driver တွေရဲ့ version တွေကို စစ်ဆေးပြီး သက်ဆိုင်ရာ ဟာ့ဒ်ဝဲထုတ်လုပ်သူ တွေရဲ့ Web site မှာ update version ထွက်နေပြီးလားဆိုတာ စစ်ဆေးကြည့်ရပါမယ်။ BIOS၊ Audio၊ Graphic၊ LAN၊ IEEE 1394 (motherboard မှာပါပြီးဖြစ်ခဲ့ရင်)၊ chip set စတာတွေရဲ့ driver တွေရဲ့ update version ကိုရှာဖွေကြည့်ရှုပြီး download လုပ်ရယူထားပါ။ အထူးသဖြင့် BIOS နဲ့ပတ်သက်ပြီး update ရှိခဲ့ရင် update version ကိုရယူထားပါ။ စီဒီ၊ ဒီဗီဒီ၊ flash driver တွေနဲ့ကော်ပီကူးထားပါ။

64bit OS လက်တွေ့သုံးစွဲရာမှာ
Vista ထွက်လာခဲ့ပြီးတာ ကြာနေပြီဖြစ်တဲ့အတွက် motherboard နဲ့ motherboard ပေါ်က အစိတ်အပိုင်းတွေ၊ ပစ္စည်းတွေမှာ 64bit driver ပြဿနာမရှိသလောက်ပါပဲ။ ဒါနဲ့တင်မပြီးသေးပါဘူး။ အဓိက ပြဿနာက ကွန်ပြူတာနဲ့တွဲဖက်သုံးစွဲမယ့် Pherepherial တွေဖြစ်တဲ့ ပရင်တာ၊ စကင်နာ၊ Tablet pad လေးတွေစတဲ့ ပစ္စည်းတွေရဲ့ driver တွေဟာ 64bit support လုပ်တဲ့ driver တွေရှိရဲ့လား၊ ကုမ္ပဏီကနေသက်ဆိုင်ရာ 64bit driver တွေကို ရေးသားထားပြီးဖြစ်ရဲ့လားဆိုတာ သက်ဆိုင်ရာပစ္စည်းထုတ်လုပ်သူတွေရဲ့ Web site မှာရှာဖွေကြည့်ရပါမယ်။ Pherephiral တွေဟာ Vista OS ထွက်ရှိပြီးမှ ထုတ်လုပ်ထားတဲ့ဟာ့ဒ်ဝဲတွေဖြစ်ခဲ့ရင်၊ ပြဿနာမရှိပေမယ့် အရင်နှစ် နှစ်လောက်က ထုတ်လုပ်ခဲ့တာမျိုးဖြစ်ခဲ့ရင် 64bit OS အတွက် driver တွေကို သီးခြား download လုပ်ရယူပြီး install လုပ်သုံးစွဲဖို့လိုပါတယ်။
ပြဿနာရှိတာက pherephiral အဟောင်းတွေအတွက် 64bit driver တွေမထုတ်ပေးတော့တာမျိုး ဖြစ်တတ်ပါတယ်။ နောက်ပြဿနာတစ်ခုကတော့ 64 bit OS ပြောင်းသုံးခဲ့ရင် 16bit OS မှာသုံးခဲ့တဲ့ application အသေးလေးတွေနဲ့ တချို့ ဂိမ်းလေးတွေအများစုက DOS ဂိမ်းတွေဟာ 64bit OS မှာ အလုပ်လုပ်တော့မှာမဟုတ်ပါဘူး။ ဘာမှအရေးမပါဘူးလို့ ပြောနေပေမယ့် ကိုယ်အတွက် အရေးပါပြီး အမြဲသုံးစွဲနေတဲ့ ပရိုဂရမ်အသေးလေးတွေဟာ 16bit ပရိုဂရမ် လေးတွေဖြစ်နေခဲ့ရင် 64bit OS မှာသုံးရမှာ မဟုတ်ပါဘူး။ ကြိုတင်စစ်ဆေးဖို့လိုပါတယ်။

Notebook နဲ့ Vista driver
တကယ်လို့ notebook သုံးတဲ့သူတစ်ယောက်ဖြစ်မယ်၊ အဲဒီ သူတစ်ယောက်ဖြစ်မယ်၊ အဲဒီ notebook ကလည်း Vista OS ပါပြီး Pre install လုပ်ပြီးဖြစ်တယ် ဆိုရင် ကိုယ့်ဘာသာကိုယ် Windows XP ပြောင်းသုံးမယ် ဆိုပြီးမစစ်ဆေးကြည့်ဘဲ မ၀ယ်ပါနဲ့။ ဘာလို့လဲဆိုတော့ Windows XP အတွက် driver တွေပါမလာတဲ့ အပြင် download လုပ်လို့လည်း မရပါဘူး။ ထုတ်လုပ်တဲ့ ကုမ္ပဏီကနေ XP အတွက် driver ရေးမပေးပါဘူး။ ဒါမှမဟုတ်လို့ 64bit OS ပြောင်းသုံးမယ်ဆိုရင်လည်း အစိတ်အပိုင်းပစ္စည်းတိုင်းအတွက် driver တွေရှိရဲ့လား ဆိုတာ စစ်ဆေးကြည့်ရပါမယ်။ ဥပမာ - ပီစီ card drive နောက်ပိုင်း၊ express card drive အလုပ်မလုပ်တာ၊ ဂရပ်ဖစ် adapter အတွက် driver မရှိလို့ Wide screen အပြည့်မပေါ်တာ၊ docking station သုံးခဲ့ရင် အဲဒီ docking station အလုပ်မလုပ်တော့တာမျိုးဖြစ်နိုင်ပါတယ်။ ပီစီတွေကမှ တခြားအဆင်ပြေတဲ့ အလားတူ driver မျိုးရှာပြီး Install လုပ်လို့ရကောင်းရနိုင်ပေမယ့် notebook တွေအတွက်ကတော့ သက်ဆိုင်ရာထုတ်လုပ်တဲ့သူရဲ့ Web site ထဲမှာ support မလုပ်ခဲ့ရင် လမ်းဆုံးသွားပါပြီ။

64 bit OS သုံးသင့်သလား။
ဝယ်ယူတဲ့ကွန်ပြူတာကို ဗီဒီယို တည်းဖြတ်ဖို့၊ AutoCAD သုံးစွဲဖို့၊ ဒါမှမဟုတ် Photoshop သုံးစွဲပြီး ဓာတ်ပုံတွေ တည်းဖြတ်တဲ့လုပ်ငန်း လုပ်ကိုင်ဖို့ သုံးစွဲထားပါတယ်။ တခြား application အသေးလေးတွေ၊ ပရိုဂရမ်တွေ၊ ဂိမ်းအသေးလေးတွေမသုံးဘူး၊ ဟာ့ဒ်ဝဲနဲ့ pherepherial တွေအတွက်လည်း 64bit driver တွေလုံလုံလောက်လောက် ပြည့်ပြည့်စုံစုံရှိတယ်ဆိုရင် 64 bit Vista ကိုသုံးပါ။ အဆင်ပြေသွားပါလိမ့်မယ်။ Memory 2GB ပဲတပ်ဆင် သုံးကြည့်တာ ဘာပြဿနာမှမရှိပါဘူး။ စမ်းသပ်သုံးသပ်ကြည့်တဲ့ ပီစီနဲ့ 64bit OS တွေ၊ 64bit driver တွေပြဿနာမရှိပေမယ့် HP Scanjet 4470 စကင်နာမှ သုံးလို့မရဖြစ်နေပါတယ်။ 64 bit driver ရှာကြည့်ရာမှာ HP ရဲ့ Website ရဲ့ download driver ထဲမှာ အဲဒီစကင်နာအတွက် 64bit driver ထောက်ပံ့လုပ်ဆောင်ပေးထားတာ မရှိပါဘူး။ တခြား HP စကင်နာတွေထဲက 64bit driver ထောက်ပံ့ပေးတဲ့အမျိုးအစားကိုဝယ်သုံးပါတဲ့။ HP Laserjet 1200 အတွက်တော့ 64 bit driver support လုပ်ပါတယ်။ အလားတူပြဿနာမျိုးတွေဖြစ်နိုင်ပြီး အဲဒီပြဿနာကို ဖြေရှင်းဖို့အတွက်ကတော့ 32 bit OS နဲ့ 64 bit OS ကို Dual Boot ထားသုံးတာဖြစ်ပါတယ်။ 32 bit OS နဲ့ 64 bit OS မှမဟုတ်ပါဘူး။ XP ၊ Vista ၊ Linux မူကွဲအမျိုးမျိုးတွေကို partition ခွဲပြီး install လုပ်သုံးနိုင်ပါတယ်။

ဗိုင်းရပ်စ်အမြစ်ပြတ်အောင်
ဗိုင်းရပ်စ်ကာကွယ်တဲ့ ပရိုဂရမ်တွေသုံးစွဲပြီး အဲဒီပရိုဂရမ်တွေကို update လုပ်ရတယ်ဆိုတာ အသုံးပြုတဲ့သူတွေ တော်တော်များများ သဘောပေါက်နေကြပါပြီ။ ဘာလို့လဲဆိုတော့ အင်တာနက်သုံးလို့ရတဲ့ဆိုင်တွေ အားလုံးနီးပါးမှာ ဗိုင်းရပ်စ်ကာကွယ်ပေးတဲ့ antivirus update တွေကို ကိုယ်တိုင် download လုပ်နေစရာမလိုဘဲနဲ့ကော်ပီကူးပြီး ၀ယ်လို့ရနေကြလို့ဖြစ်ပါတယ်။ အဲဒီမှာ ပြဿနာက ပိုဆိုးသွားစေပါတယ်။ အင်တာနက်ဆိုင်က antivirus ပရိုဂရမ်တစ်ခုခုကိုသုံးထားပါတယ်။ Update လည်းအမြဲလုပ်ထားပါတယ်။ Update ဖြစ်နေတဲ့ ပရိုဂရမ်နဲ့လည်း စစ်ဆေးကြည့်တယ်။ ဘာဗိုင်းရပ်စ်မှမတွေ့ဘူး။ အိုကေပဲ။ အဲဒီလို ကာကွယ်ထားရင်စိတ်ချရပြီ လို့ဘယ်သူက ပြောလဲ။ ဒါမှမဟုတ်ဘယ်လို ကောက်ချက်ချပြီး ဆုံးဖြတ်တာပါလဲ။ တကယ်တမ်းမှာတော့ အဲဒီပရိုဂရမ်က ဘယ်လောက်အထိ စိတ်ချရသလဲ ဆိုတာ ဘယ်သူမှမသိပါဘူး။
ဗိုင်းရပ်စ်တွေနဲ့လုံခြုံရေးဆိုင်ရာ ဆော့ဖ်ဝဲတွေရဲ့ အခြေခံဥပဒေတွေကိုတော့ ဘယ်တော့မှမမေ့ပါနဲ့။ ဗိုင်းရပ်စ် ကာကွယ်မှုပေးတဲ့ ပရိုဂရမ်တွေဟာ တစ်ခုနဲ့တစ်ခု အားသားချက်တွေ၊ အားနည်းချက်တွေ မတူသလို ပရိုဂရမ်တစ်ခု တည်းကိုပဲ မျက်စိမှိတ် ယုံကြည်အားကိုး စိတ်ချထားလို့မရပါဘူး။ Antivirus ပရိုဂရမ်တွေရဲ့ သဘာဝကိုက တချို့က ကာကွယ်တာအားသာတယ်။ တချို့က ဗိုင်းရပ်စ်ကူးစက်ပြီးသား ဖယ်ထုတ်တာ အားသာပါတယ်၊ တချို့က အချိန်နဲ့တပြေးညီ (real time prevent) ကာကွယ်ပေးတာ အားသာတယ် ဆိုတာမျိုးဖြစ်နေလေ့ရှိလို့ review တွေ မဖတ်ဘဲကိုယ်တိုင် ဘယ်လိုမှမသိနိုင်ပါဘူး။ အဲဒီ review တွေဟာ အမည်မသိ ဗိုင်းရပ်စ်တွေ၊ တုပလုပ်ဆောင်ထားတဲ့ ဗိုင်းရပ်စ်တွေနဲ့ အမျိုးမျိုးစမ်းသပ်ပြီးမှ ထောက်ခံချက်ပေးထား၊ ရလဒ်ပေးထားတာ ဖြစ်ပါတယ်။ နောက်တစ်ချက်က လုံခြုံရေးဆိုင်ရာ ပြဿနာတွေလို့ပြောတာ ဗိုင်းရပ်စ်တစ်မျိုးတည်း မဟုတ်ပါဘူး။ တခြား spyware၊ malware၊ adware စတာတွေ ရှိနေပါသေးတယ်။ အဲဒီအတွက် သီခြား removal ပရိုဂရမ်တွေ ရှိနေပါသေးတယ်။
OS install လုပ်တဲ့အကြောင်း ရေးသားရာမှာ ဘာလို့ antivirus တွေအကြောင်း သေသေချာချာရေးနေရသလဲ ဆိုတော့ OS တွေရဲ့ စီဒီခွေ၊ ဒီဗီဒီခွေတွေဟာ မူရင်းအခွေ မဟုတ်ပါဘူး။ ကြုံရာပီစီမှာ၊ တစ်နည်းအားဖြင့် ဗိုင်းရပ်စ် အပြည့်အ၀ ကာကွယ်မှုမပေးထားတဲ့ ပီစီမှာ ကော်ပီကူးခဲ့ရင် အဲဒီ OS အခွေထဲမှာကိုက ဗိုင်းရပ်စ် ပါနေနိုင်ပါတယ်။ အရောင်းဆိုင်တွေကနေ အခုမှဝယ်လာတာဆိုတိုင်းလည်း အဲဒီ OS အခွေထဲမှာ ဗိုင်းရပ်စ်ရှိ - မရှိ၊ ပါ - မပါ ဘယ်လိုမှ မသိနိုင်ပါဘူး။

နောက်မှကျန်ရှိတာတွေကိုဆက်လက်ဖော်ပြပေးပါမယ်ခင်ဗျာ။ ပိုးကောင်လေး အိပ်ပျော်သွားလို့ အားလုံးမပြီးပဲဖြစ်သွားလို့ အားလုံးအဆက်မ မိပဲဖြစ်သွားရင်တောင်းပန်ပါတယ်ခင်ဗျာ။


may big GOD bless for all!!!

^_^!!!
poekaunglay87 is offline   Reply With Quote
အောက်ပါအသင်းဝင် 2 ဦးတို့မှ poekaunglay87 အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 15-10-2008, 12:04 AM
  post #2
poekaunglay87
အထူးအသင်းဝင်
 
poekaunglay87's Avatar
 
အသင်းဝင်နေ့စွဲ: Sep 2007
ရေးသားချက်များ: 518
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 0
ပို့စ် 490 ခုအတွက် 5,499 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
poekaunglay87 is on a distinguished road
ပြန်စာ - Vista OS Install လုပ်ခြင်း

လက်တွေ့ဖြေရှင်းဖို့

စီဒီအရောင်းဆိုင်တွေအနေနဲ့လည်း လုံခြုံရေးဆိုင်ရာ ကာကွယ်မှုတွေ လုပ်ပေးထားကြမှာပါ။ ဒါပေမဲ့ တချို့အစွမ်း ထက်တဲ့၊ ဒါမှမဟုတ် အသစ်ပေါ်တဲ့ ဗိုင်းရပ်စ်တွေ၊ spyware တွေပါလာနိုင်ပါတယ်။ အဲဒီလို စီဒီကနေ ကူးတဲ့ပြဿနာ ဟာလက်တွေ့၊ ကိုယ်တွေ့ခံခဲ့ရတာပါ။ ဗိုင်းရပ်စ်ရှိကြောင်းသိနေတဲ့အတွက် ဗိုင်းရပ်စ်ရှင်းထုတ်ပေးဖို့လုပ်ရာမှာ နောက်ဆုံး update လုပ်ပြီးမှ ရှင်းထုတ်ကာ ပိုကောင်းတယ်ဆိုပြီး ဗိုင်းရပ်စ် ကာကွယ်မှုပေးတဲ့ ပရိုဂရမ် update တွေ အိမ်အရောက် ၀န်ဆောင်မှုပေးတဲ့ လုပ်ငန်းတစ်ခုရဲ့ update စီဒီကိုသုံးပြီး update လုပ်လိုက်ပါတယ်။ အဲဒီလို လုပ်လိုက်ပါမှ အစောတုန်းက ဗိုင်းရပ်စ်အမျိုးအစားနဲ့ အခြေအနေတွေကို ဖော်ပြပေးနေနိုင်သေးတဲ့ system ဟာ တစ်ခါတည်း Windows ပါမတက် (boot) မလုပ်နိုင်လောက်အောင် ဆိုးဆိုးဝါးဝါး ဖြစ်သွားတဲ့ အတွက် မနည်းပြန်ရှင်း ထုတ်ခဲ့ရပါသေးတယ်။

အမြဲတမ်းမဟုတ်ပေမယ့် ဗိုင်းရပ်စ်နဲ့ပတ်သက်ပြီး အထိမခံနိုင်တဲ့ အခြေအနေမျိုးမှာလက်တွေ့လုပ်တာလေးတစ်ဆင့် ရေးထားပါတယ်။ အဆင်ပြေတယ်ဆိုရင်စမ်းကြည့်ပါ။ Windows Vista OS စီဒီတစ်ချပ်ကူးမယ်ဆိုပါစို့။
Notebook နဲ့တွဲပါလာတဲ့ မိုက်ကရိုဆော့ဖ်ရဲ့မူရင်း Vista ဒီဗီဒီခွေကို ဌားပြီးအသုံးပြုပါ။ (လိုင်စင်နံပါတ်ကို မသုံးပါ။ ဒီဗီဒီထဲက data တွေကိုပဲ ကော်ပီကူးတာဖြစ်ပါတယ်။) စက်အသစ်၊ ဒါမှမဟုတ် hard drive အသစ်ထဲမှာ OS တစ်ခုခု XP ဖြစ်ဖြစ်၊ Vista ဖြစ်ဖြစ် အဆင်ပြေရာ စီဒီ၊ ဒီဗီဒီကိုသုံးပြီး install လုပ်ပါတယ်။ OS install လုပ်ပြီး motherboard driver၊ VGA driver တွေ install လုပ်ပြီးတာနဲ့ antivirus ပရိုဂရမ် Kaspersky antivirus 6 ကို install လုပ်ပါတယ်။ ကွန်ရက်နဲ့အင်တာနက်ကို ချိတ်ဆက်ဖို့ configuration လုပ်ပြီး အင်တာနက်ကနေ update လုပ်ပါတယ်။ KAV ကနေ version 7 အထိ ထွက်နေပြီးဖြစ်ပေမယ့် antivirus update လုပ်ခဲ့ရင် blacklist ဆိုတာပေါ်နေပြီး error ရှိတဲ့အတွက် version 6 ကိုပဲသုံးရတာပါ။

အကောင်းဆုံးကတော့ notebook နဲ့ notebook ရဲ့ recovery ဒီဗီဒီ တွေသုံးပြီး အသစ်ပြန် restore လုပ်ပြီးတဲ့အချိန်မှာ ကိုယ့်အတွက်လိုအပ်တဲ့ ဒီဗီဒီတစ်ချပ်ကို ကော်ပီကူးထားတာ အဆင်ပြေပါတယ်။ Restore လုပ်ဖို့ ဒီဗီဒီတွေဟာ မူရင်း notebook နဲ့တွဲပါလာတာမျိုးဖြစ်တဲ့အတွက် ပိုစိတ်ချရပါတယ်။ အဲဒီ ဒီဗီဒီကို master အနေနဲ့ သိမ်းထားနိုင်ပါတယ်။

OS install လုပ်ဖို့ပြင်ဆင်ခြင်း
OS ကို install လုပ်ဖို့အတွက် စီဒီ၊ ဒီဗီဒီ drive ကနေ boot လုပ်ပေးရပါမယ်။ ပထမဦးဆုံး boot လုပ်ရမယ့် drive ကို စီဒီ၊ ဒီဗီဒီ drive ကိုရွေးပေးရပါမယ်။
BIOS setup ပရိုဂရမ်ထဲကို <Del> key (တချို့ system တွေမှာ တခြား key ဖြစ်နိုင်ပါတယ်။) အခုနမူနာ ဖော်ပြပေးထားတဲ့ motherboard က Asus ရဲ့ P5KC ဖြစ်ပြီး BIOS က Award BIOS ကိုသုံးထားတာဖြစ်ပါတယ်။ တခြား motherboard၊ တခြား BIOS တွေဆိုရင် နည်းနည်းကွဲနေပါတယ်။

BIOS setup ပရိုဂရမ်ထဲက Award BIOS သုံးထားတဲ့ motherboard ဆိုရင် “Advanced BIOS Feature” ရဲ့ အောက်က “First Boot Device” ရဲ့ CD-ROM ကိုရွေးပါ။ American Megatrends ရဲ့ BIOS setup utilities ထဲမှာဆိုရင် Boot ကိုရွေးပါ။ သူ့ရဲ့အောက်ထဲက “Boot Device Priority” ကိုရွေးပြီး <Enter> နှိပ်ပါ။ 1st boot drive မှာ <ATAPI-CD-ROM> ကိုရွေးပါ။ Exit လုပ်ပါ။ “Exit & Save Changes ကို <Enter> နှိပ်ပြီး save လုပ်မလားလို့မေးရင် OK ကိုရွေး save လုပ်ပါ။ Save reboot လုပ်ပါလိမ့်မယ်။ First boot drive ကိုစီဒီ၊ ဒီဗီဒီရွေးပါ။ ပြီးရင် save လုပ်ပြီး BIOS ထဲကနေထွက်ပါ။

OS ဒီဗီဒီကို drive ထဲမှာ ထည့်ထားပါ။ Reboot လုပ်ပါ။
ဒီဗီဒီကနေ boot လုပ်မှာလားဆိုပြီး “Boot from CD-Press any key to boot from CD ….” လို့မေးခဲ့ရင် key တစ်ခုခုကိုနှိပ်ပါ။ Boot လုပ်ငန်းစဉ် စတင်လုပ်ဆောင်ပါလိမ့်မယ်။

Partition အတွက်
Hard drive တစ်လုံးတည်းသုံးခဲ့ရင် partition နှစ်ခုတော့ အနည်းဆုံးခွဲထားသင့်ပါတယ်။ အဲဒီအတွက် third party ကထုတ်လုပ်ထားတဲ့ပရိုဂရမ် တစ်ခုခု၊ ဒါမှမဟုတ် အခမဲ့ရနိုင်တဲ့ free partition logic လို ပရိုဂရမ်မျိုးကိုသုံးနိုင် ပါတယ်။ Hard drive ထဲမှာ အရေးကြီးတဲ့ ဒေတာတွေရှိခဲ့ရင် အရင် backup လုပ်ထားပါ။ Backup လုပ်ထားတဲ့ဖိုင်တွေကို ကောင်းကောင်းအလုပ်လုပ်ရဲ့လားဆိုတာကိုစစ်ပါ။ သေချာပြီဆိုမှ partition ပရိုဂရမ်ကို run ပါ။ Partition ပရိုဂရမ်ကို run တာဟာ data တွေပျက်စီးပျောက်ဆုံးသွားနိုင်ပါတယ်။

Motherboard Driver တွေ install လုပ်ခြင်း
Motherboard နဲ့တွဲပါလာတဲ့ Driver စီဒီ၊ ဒီဗီဒီကိုဖွင့်ပါ။ အဲဒီ ဒီဗီဒီတွေအများစုဟာ drive ထဲကို ထည့်ဖွင့်လိုက်တာနဲ့ auto run ပရိုဂရမ်ကနေ menu ပေါ်လာလေ့ရှိပါတယ်။ ရွေးစရာအနေနဲ့ လိုအပ်တဲ့ driver တွေအားလုံးကို install လုပ်မှာလား၊ ဒါမှမဟုတ် တစ်ခုချင်းစီ chipset၊ Audio၊ LAN၊ Fireware (လိုအပ်ခဲ့ရင်) စတာတွေကို ရွေးပြီး install လုပ်ပါ။

Motherboard Utility တွေ Install လုပ်ခြင်း

Overclock လုပ်ဖို့၊ BIOS update လုပ်ဖို့စတဲ့ Utility တွေကို ညွှန်ကြားချက်တွေ လိုက်နာပြီး install လုပ်ပါ။

Motherboard နဲ့တွဲပါလာတဲ့ ပရိုဂရမ်တွေ install လုပ်ခြင်း

Motherboard တွေအများစုမှာ အသုံးဝင်တဲ့ application တချို့တွဲထည့်ပေးထားလေ့ရှိပါတယ်။ တချို့လည်း Full version၊ တချို့လည်း ရက် ၆၀ စမ်းသပ်သုံးစွဲခွင့်၊ ရက်သုံးဆယ် စမ်းသပ်သုံးစွဲခွင့်နဲ့ အမြည်းထည့်ပေးထားပါ။ သုံးစွဲလိုတဲ့ ပရိုဂရမ်တွေရှိရင် install လုပ်ပါ။

Antivirus ပရိုဂရမ်ကို Install လုပ်ခြင်း

ဘာ application၊ ဘာ data မှ မထည့်ခင် antivirus ပရိုဂရမ် ကို install လုပ်ပါ။ Kaspersky version 6 ကိုအရင်ဆုံး install လုပ်ပါတယ်။ ပြီးရင် အင်တာနက်နဲ့ချိတ်ပြီး antivirus update လုပ်ပါ။ ဒါမှမဟုတ် အင်တာနက်ချိတ်ဆက် မထားဘူးဆိုရင် antivirus update ကိုအင်တာနက်ကနေ download လုပ်ရယူပြီး အဲဒီ update သိမ်းထားတဲ့ မီဒီယာ တစ်ခုခုကနေ update လုပ်ပါ။ ပြီးရင် AVG antivirus ကို install လုပ်ပါ။ Update လုပ်ပါ။ System ဟာ highend ဖြစ်ပါတယ်။ Memory လည်း 1GB နဲ့အထက်ရှိတယ်ဆိုရင် အဲဒီပရိုဂရမ်သုံးခုလုံးသွင်းထားလည်းနှေးကွေး သွားတာ error ဖြစ်တာမတွေ့မိပါဘူး။ Kaspersky ကို အရင်ဆုံးသွင်းရတာက တခြား antivirus တွေ အရင်သွင်းထားခဲ့ရင် Kaspersky ကနေ uninstall လုပ်ခိုင်းတဲ့အတွက် သူ့ကိုအရင် install လုပ်ရပါတယ်။
တကယ်လို့ antivirus ပရိုဂရမ်နှစ်ခု မသုံးချင်ဘူးဆိုရင် Kaspersky လောက်တော့ install လုပ်သင့်ပါတယ်။ AVG တစ်မျိုးတည်း install လုပ်ထားရုံလောက်နဲ့တော့မလုံလောက်ပါဘူး။
တကယ်လို့ Norton Antivirus ကိုသုံးချင်တယ်ဆိုရင်လည်း Norton Antivirus ပရိုဂရမ်ကို install လုပ်ပါ။ Norton Antivirus Definition ကို update ရအောင် download လုပ်ပြီး update လုပ်ပါ။

ဂရပ်ဖစ်ကတ် driver install လုပ်ပါ။

ဂရပ်ဖစ်ကတ်နဲ့ သက်ဆိုင်တဲ့ driver ကို install လုပ်ပါ။ ဂရပ်ဖစ်ကတ်ကို ထုတ်လုပ်ထားတဲ့ Maker ရဲ့ driver၊ ဒါမှမဟုတ် GPU ရဲ့ driver ကို install လုပ်နိုင်ပါတယ်။ သဘောက ဂရပ်ဖစ်ကတ်က MSI က ထုတ်လုပ်ထားတာ ဆိုရင် MSI ရဲ့ Web site ကပေးတဲ့ driver ၊ ဒါမှမဟုတ် nVidia ရဲ့ GPU တစ်ခုခု 7xxx စီးရီး၊ 8xxx စီးရီးတစ်ခုခု ဖြစ်ခဲ့ရင် nVidia ရဲ့ driver ကို install လုပ်သုံးနိုင်ပါတယ်။ ဂရပ်ဖစ်ကတ်ထုတ်လုပ်တဲ့ driver ကို install လုပ်တာ ပိုကောင်းမယ်လို့ယူဆပါတယ်။
ဂရပ်ဖစ်ကတ်နဲ့တွဲပါလာတဲ့ Utility တွေကို install လုပ်ပါ။ ဂရပ်ဖစ်ကတ်ရဲ့ GPU၊ Memory တွေကို overclock လုပ်တဲ့ Utility တွေ၊ driver version၊ Firmware version တွေကို အလိုလျောက် စစ်ဆေး update လုပ်ပေးတဲ့ utility တွေ၊ မော်နီတာရဲ့ အရောင်တွေကို ချိန်ညှိပေးဖို့ Utility တွေကို ဂရပ်ဖစ်ကတ်နဲ့တွဲပါလာတဲ စီဒီတွေထဲမှာ ထည့်ပေးထားလေ့ရှိပါတယ်။ အဲဒီ Utility တွေကို install လုပ်ပါ။ အရေးတကြီး မရှိမဖြစ် install လုပ်ရတာမျိုးတော့ မဟုတ်ပါဘူး။ လိုအပ်ရင် သုံးနိုင်စေဖို့ ဖြစ်ပါတယ်။

ပီစီနဲ့တွဲသုံးမယ့် Pheripheral တွေရဲ့ driver တွေ install လုပ်ပါ။

ပီစီနဲ့တွဲသုံးမယ် ပရင်တာ၊ စကင်နာ စတဲ့ပစ္စည်းတွေရဲ့ driver တွေကို Install လုပ်ပါ။

BIOS update လုပ်ပါ။

BIOS တွေဟာ တွက်ချက်စစ်ဆေးဆောင်ရွက်ဖို့ ဘာမှစွမ်းဆောင်မပေးပါဘူး။ တစ်နည်းအားဖြင့် BIOS ကနေ တွက်ချက်စစ်ဆေးဆောင်ရွက်ပေးလေ့ မရှိပါဘူး။ ဒါပေမဲ့ BIOS ထဲက CMOS ပရိုဂရမ်ဟာ ဆရာကြီးပါ။ ကွန်ပြူတာရဲ့ အစိတ်အပိုင်းတွေအားလုံးကို ထိန်းကျောင်းပေးထားတာဖြစ်ပါတယ်။ BIOS setting တစ်ခုခုလွဲနေတာဟာ ပီစီရဲ့စွမ်းဆောင်ရည်ကို ထိခိုက်စေနိုင်ပါတယ်။ ဆိုးဆိုးဝါးဝါး ဖြစ်ရင် boot မတက်တာ၊ sysem error တွေဖြစ်တဲ့ အထိ ဖြစ်နိုင်ပါတယ်
BIOS ဟာလည်း driver တွေလိုပဲ နောက်ဆုံးထုတ် version ကို update လုပ်ထားဖို့လိုပါတယ်။ BIOS update လုပ်ရတာ အရင်ကနဲ့မတူဘဲ အရမ်းလွယ်ကူနေပါပြီ။ 1MB နဲ့တွဲပါလာတဲ့ BIOS update utility ကိုသုံးပြီး လက်ရှိ BIOS version ကိုစစ်ဆေးကြည့်နိုင်ပါတယ်။ ဘာအတွက် update လုပ်ထားတဲ့ version လဲဆိုတာလည်း ဖော်ပြထားလေ့ရှိပါတယ်။ BIOS update utilitp ကိုသုံးပြီး စစ်ဆေးနိုင်သလို update လုပ်ပြီးခဲ့ရင်လည်း update ပြီးတဲ့ version ကို စစ်ဆေးနိုင်ပါတယ်။

လိုအပ်တဲ့ Application တွေ Install လုပ်ပါ။

သုံးစွဲလေ့ရှိတဲ့ application တွေကို install လုပ်ပါ။ အသုံးများတဲ့ application တွေက Adobe PageMaker, Microsoft Office, Adobe Photoshop CS, CS2, CS3 စတာတွေ install လုပ်ပါ။

တဆက်တည်းမဖြစ်သွားလို့ရှုပ်သွားတယ်ဆိုရင်တောင်းပန်ပါတယ်ခင်ဗျာ။ ပိုးကောင်လေး တကယ်ကိုတောင်းပန်ပါတယ်။ ကောင်းသောနေ့လေးဖြစ်ပါစေ။

May big GOD bless for all!!

^_^!!!
poekaunglay87 is offline   Reply With Quote
အောက်ပါအသင်းဝင် 2 ဦးတို့မှ poekaunglay87 အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 15-10-2008, 12:41 AM
  post #3
xray
ကြီးကောင်ဝင်စ
 
အသင်းဝင်နေ့စွဲ: Feb 2008
တည်နေရာ: junipermyanmar.wordpress.com
ရေးသားချက်များ: 95
ကျေးဇူးတင်စကား: 9
ပို့စ် 29 ခုအတွက် 100 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
xray is on a distinguished road
ပြန်စာ - Vista OS Install လုပ်ခြင်း

Install Windows XP on Your Pre-Installed Windows Vista Computer

The question I am asked most often is "How do I install a dual-boot with Windows XP on my new Windows Vista computer?" The answer is that it's not that difficult, it's just very time consuming, and you need to own a copy of Windows XP.

Note that you should not attempt this if you aren't ready to troubleshoot any problems that might occur.

The first issue we encounter is that computers with pre-installed operating systems take up the entire drive. Luckily Microsoft included the Shrink volume feature in Vista, so we can easily shrink the Vista partition down to make room for XP.

Open the Computer Management panel, which you can find under Administrative tools or by right-clicking the Computer item in the start menu and choosing Manage. Find the Disk Management item in the list and select that.



Now we'll shrink our volume down by right-clicking on the main hard drive and choosing Shrink Volume.




Now you can choose the size that you want to shrink, which really means you are choosing the size that you want your XP partition to be. Whatever you do, don't just use the default. I chose roughly 10gb by entering 10000 into the amount.



The next step might be confusing, because we need to change the cd-rom drive that's invariably taking up D: at the moment, because we want to use D: for the Windows XP partition, but it's already taken by the cd-rom drive. If you skip this step than XP will install onto the E: drive, which isn't the end of the world, but it's not quite as tidy.

Right-click on the cd-rom drive in the list and choose Change Drive Letter and Paths from the menu.



Now we'll change the CD drive to use E: by selecting that in the drop-down.



Now we can create a new partition for XP to live on and make sure that the drive letter is set the way we want. If you do not create a partition now the XP install will do so automatically, but it's easier and cleaner to do it this way.

Right-click on the Unallocated free space area and then select New Simple Volume from the menu.



Follow through the wizard and select whatever options you'd like, making sure to use D: as the drive letter.

Now you will need to close out of disk management and reboot your computer. This is because we can't do the next step until we reboot. (you can try, but it won't work)

So we've come back from rebooting… open up Computer from the start menu and then right-click on the D: drive and select properties. Give your partition a meaningful name like "XP". It would be wise to name the C: drive to "Vista" at this point as well.




ကျန်တဲ့ အပိုင်းကို နောက်ရက်မှာ ဆက်တင်ပေးမယ်နော် ...
xray is offline   Reply With Quote
အောက်ပါအသင်းဝင်မှ xray အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Reply

Tags
windows guide, windows howto, windows knowledge, windows vista

တန်ဆာပလာများ
ဖော်ပြမှုပုံစံ

Posting Rules
You may not post new threads
You may not post replies
You may not post attachments
You may not edit your posts

BB code is On
Smilies are On
[IMG] code is On
HTML code is Off

ဖိုရမ်တွေ ကျော်ရောက်ချင်ရင် !

အခြားဆင်တူဆွေးနွေးချက်များ
ဆွေးနွေးချက် စတင်ရေးသားသူ ကွပ်ပျစ်ဝိုင်း ပြန်စာများ နောက်ဆုံးပို့စ်
MyMyanmar Unicode System ကို Install လုပ်ခြင်း ကမ်းသာယာ အထွေထွေဗဟုသုတ 9 15-09-2011 10:51 AM
Windows ပေါ်မှာ Ubuntulinux ကို ဘယ်လို Install လုပ်ပြီး run မလဲ။ poekaunglay87 Linux များ (သို့) Linux နှင့်ဆိုင်ရာများ 22 24-06-2011 12:52 AM
Windows Vista Black Edition SP1 (2009) PyaitSone Windows Vista 6 01-04-2009 01:22 PM
windows ပေါ်မှာ windows,Linux or other OS များ တင်ပြီးအသုံးပြုခြင်း yeakharr Windows နှင့်သက်ဆိုင်သော 12 21-01-2009 07:14 AM
Microsoft Windows Vista Ultimate x86 sp1 (Integrated April 2008) Deutsch KTM Windows Vista 0 13-09-2008 05:01 PM


ဖိုရမ်၏ ပင်မအချိန်သည် ဂရင်းနစ်စံတော်ချိန် +6.5 ဖြစ်သည်။ဒေသစံတော်ချိန် 02:45 PM
Inactive Reminders By Icora Web Design