Old 06-03-2011, 12:43 PM
  post #1
minthike
အထူးအသင်းဝင်
 
minthike's Avatar
 
အသင်းဝင်နေ့စွဲ: Nov 2007
တည်နေရာ: singapore
ရေးသားချက်များ: 1,937
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 14,779
ပို့စ် 1,805 ခုအတွက် 9,625 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
ပုံများ: 19
minthike is on a distinguished road
MS-DOS abcd...

MS-Dos အကြောင်းက forum ထဲမှာ ရှိပြီးသားပါဘဲ ဒါပေမည့် စတင်လေ့လာသူတွေအတွက် ဒီနေရာလေးမှာပြန်စုစည်းပေးလိုက်ပါတယ်

MS-Dos က Operating System တစ်မျိုးဘဲဖြစ်ပါတယ် အခုအသုံးများတဲ့ Windows XP, Vista, 7အစရှိတဲ့ windows Operating system တွေက GUI (Graphical User Interface ) လို့ခေါ်တဲ့ ပုံအသားပေး OS ဖြစ်ပြီး MS-Dos ကတော့ CLI (Command Line Interface) အသုံးပြုသူမှ စာကြောင်းတွေနဲ့ အမိန့်ပေးစေခိုင်းရတဲ့ OS စနစ်မျိုးဖြစ်ပါတယ်။
ွGUI OS တွေပေါ်လာတော့ CLI OS ကပျောက်ကွယ်သလိုဖြစ်သွားပါတယ်၊ ယေဘုယအားဖြင့် GUI OS တွေကအသုံးပြုရလွယ်သလိုရှိပါတယ် ဒါပေမည့် CLI ကပိုတောင်လွယ်ပါတယ် command ကိုရိုက် သူက အဖြေပြန်ထုတ်ပေး နောက်command တစ်ခုထပ်ရိုက် သူကအဖြေပြန်ထုတ်ပေး ဒီသံသရာထဲရောက်နေတော့ ကြာတော့သုံးရ စိတ်မရှည်တော့ဘူးပေါ၊့ ကြာရင် လိုဖြစ်သွားနိုင်တယ် စိတ်ရှည်ရမယ်နော်၊ Command ရေးရတာတွေကလဲ မှောင်မှောင်မဲမဲထဲဆိုတော့ ကြောက်ကလဲအကြောက်သား
အနက်ရောင်က မသိခြင်းကို ကိုယ်စားပြုတဲ့အတွက် (တစ်ချို့တွေးမြင်မိတတ်တာကိုဆိုလိုပါတယ်) ခက်တယ် လို့လဲအများစုက ထင်ကြပါတယ် ဒါပေမည့်အရမ်းလွယ်ပါတယ် ကြိုးစားကြည့်ပါလို့၊ မလုပ်ကြည့်ဘဲနဲတော့ မနေနဲ့နော်(ကျွန်တော်နားလည်သလောက်ကိုပြောတာနော် ခက်တာလဲရှိမှာပါ)

intro များသွားလို့ နေလောက်ပြီ မခံရအောင်စကြပါစို့
Windows key လေးကိုဖိပေးပါ ပြန်တော့လွှတ်နော်

Windows 7 တို့ Vista တို့သုံးရင်တော့ အဲဒီ window key (start key) ကိုဖိပြီးရင် " cmd " လို့ရိုက် ပြီး ပုံထဲကအတိုင်း Enter key ကိုဖိပေးပါ (" " တွေထည့်စရာမလိုဘူးနော်)
ဒါဆို ဟိုးအပေါ်က မဲမဲ command box လေးပေါ်လာပါမယ်

Windows XP မှာတော့ windows key ကိုဖိထားရင်းကနေ တပြိုင်တည်း "R" key ကိုနှိပ်ပေးပါ
ဒါဆို အောက်ကပုံအတိုင်း run box ပေါ်လာပါမယ်၊ ပုံထဲကအတိုင်းဘဲ " cmd "လို့ရိုက်ပြီး Enter key ဖိပေးပေါ့

cancel တို့ Browse တို့ကို mouse နဲ့နှိပ်ချင်လဲနှိပ်ကြည့်ပေါ့

ပုံထဲကအတိုင်း "Cursor "က ဖွင့်ချီ မှိတ်ချီ နဲ့ အမိန့်ပေးတာကို စောင့်နေပါလိမ်မယ်... စခိုင်းလို့ရပြီ ခိုင်းပါတော့ဗျို့ သဘောပေါ့

will b continue... or help me continue

Josh Groban - To Where You Are
mt.myanmarfamily@gmail.com

minthike is offline   Reply With Quote
Old 06-03-2011, 03:20 PM
  post #2
minthike
အထူးအသင်းဝင်
 
minthike's Avatar
 
အသင်းဝင်နေ့စွဲ: Nov 2007
တည်နေရာ: singapore
ရေးသားချက်များ: 1,937
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 14,779
ပို့စ် 1,805 ခုအတွက် 9,625 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
ပုံများ: 19
minthike is on a distinguished road
ပြန်စာ - MS-DOS abcd...

နဲ့ဘာတွေလုပ်နိုင်မလဲ GUI မှာလုပ်တာတွေကို အကုန်လုံးသူကလိုက်လုပ်နိုင်ပါတယ်တဲ့
ဒါပေမည့် တစ်ခုချင်းခိုင်းနေ ရတော့ သိပ်အလုပ်မတွင်ဘူးပေါ့
ဒါပေမည့် GUI ကမတပ်နိုင်တာတွေကို CLI ကဖြေရှင်းပေးနိုင်ပါတယ်
autorun virus တို့ဘာတို့ ကပ်သွားရင် command နဲ့ဖြေရှင်းနိုင်သလို GUI ပေါ်မှာလဲ ဖြေရှင်းနိုင်ပါတယ်

CLI အမြဲသုံးသူတွေကျတော့ GUI ကိုရှိတယ်လို့ထင်မယ်မထင်ဘူး (ကျွန်တော့်အမြင်ပါ)
MS-DOS is a toy တဲ့ ဟုတ်ပါတယ် (discussed by ko BayintNaung ) MS-DOS ကလေးကစားစရာ သက်သက်ပါဘဲ U**x L***x က Shellတွေနဲ့ နှိုင်းယှဉ်ရင်ပေါ့၊ ဒီလိုဆိုတော့လဲ နေကြနဲ့အုန်း

လေ့လာရင် ဘယ်လောက် ကြာမလဲ ? Gone in sixty secondsဇာတ်ကား ထဲကလိုမျိုး fast and furious ဇာတ်ကား ထဲကလိုမျိုး ဇာတ်ကားကြော်ငြာမဟုတ်ဖူးနော် အဲဒီရုပ်ရှင်တွေ ကြည့်နေတာကကြာမယ် အခုပြော အခုတတ်ရောပါတဲ့ (korea ကားတွေပါဘူးနော်)

http://en.wikipedia.org/wiki/MS-DOS အရ MS-DOS ကို အရင်က 86-DOS Quick-and-Dirty Operating System or Q-DOS လို့ခေါ်ပါတယ်၊ ဆိုတော့ဘာတွေညစ်ပတ်လဲမသိဘူးနော် Seattle Computer Products ကပိုင်ဆိုင်ပြီး Tim Paterson ကရေးခဲ့ပါတယ၊် အဲ့ကနေ Microsoft တို့ IBM ကဝယ်ပြီး...ဇာတ်လမ်းကရှည်လျှားလို့ wiki မှာဘဲဆက်ပေးကြပါနော် (မသိလို့လဲပါပါတယ် )


အပေါ်ကလို မှိတ်တုတ် ဖြစ်နေတာကို "prompt"လို့ခေါ်ပါတယ်၊ ပုံကသိပ်တော့မထင်ရှားပါဘူး၊ တွေ့တာတင်လိုက်တာ "C >" နဲ့ကပ်နေတော့ "C prompt "ဘဲပေါ့
Microsoft Disc Operating System (MS-DOS အရှည်ကို အခုမှ ပေါင်းပြတာ sorry againပါ )

တစ်ခုခုကို ခိုင်းလိုက်ရင် သူက သိတာတွေပြန်ဖြေပေးရပါတယ်
command တွေနဲ့စေခိုင်းရာမှာ သူနားလည်တာကိုဘဲ အမိန့်ပေးစေခိုင်းလို့ရပါတယ်၊ သူနားလည်တာတွေဘယ်လောက်ရှိမလဲ
အောက်ပုံထဲက အတိုင်းဘဲ ခေါင်းအုန်းကောင်းကောင်းနဲ့ လို့ရနိုင်မယ်

စာအုပ်မြင်ပြီး ဆိုပြီး ဒီpost မပိတ်လိုက်နဲ့အုန်းနော်
တကယ်တမ်း ကျွန်တော်တို့လေ့လာမှာက ပါးပါးလေးပါ
ပြော.. အဲ ရေးတာတွေများသွားပြီ..ပုံတွေကြည့်ပြီး ရောပေါ့..

စတင်မှု အနေနဲ့ cmd ကိုဖွင့်လိုက်ပါ

"time" လို့ရိုက် Enter key နှိပ် (" "တွေမပါဘူးနော်) ရပြီနော် ပြန်ဖြေတယ် ဟုတ်



နောက်ပြီး Enter the new time: ဆိုပြီး (prompt ခံပြီး) ထပ်မေးပါတယ် ဆိုတာက အချိန်အသစ်ပြင်ချင်ရင် ထည့်ပေးပါပေါ့၊ ဂဏန်းတစ်ခုခု ထည့်ပေးလိုက်ရင် လက်ရှိအသုံးပြုတဲ့ ကွန် ရဲ့ အချိန်ပြောင်းသွားပြီး၊ ဘာမှမထည့်ပေးဘဲ Enter နှိပ်လိုက်ရင်တော့ မူလ C:>_ (C prompt ) ကိုပြန်ရောက်ပါမယ်..

will b continue... or pls help me continue

Josh Groban - To Where You Are
mt.myanmarfamily@gmail.com


Last edited by minthike; 06-03-2011 at 07:34 PM..
minthike is offline   Reply With Quote
အောက်ပါအသင်းဝင် 18 ဦးတို့မှ minthike အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 06-03-2011, 11:31 PM
  post #3
minthike
အထူးအသင်းဝင်
 
minthike's Avatar
 
အသင်းဝင်နေ့စွဲ: Nov 2007
တည်နေရာ: singapore
ရေးသားချက်များ: 1,937
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 14,779
ပို့စ် 1,805 ခုအတွက် 9,625 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
ပုံများ: 19
minthike is on a distinguished road
ပြန်စာ - MS-DOS abcd...

မေ့သွားလို့ ဖွင့်တော့ဖွင့်ပြီး ဘယ်လို ပြန်ပိတ်ရမလဲ ဆိုတာကို၊ ဒီပေါ်လာတဲ့ command window box ရဲ့အပေါ်ညာဘက်ထောင့်မှာရှိတဲ့ ကြပ်ချေခတ်ကို (wrong spelling i think so :) mouse နဲ့ click ပေးပြီးပိတ်လို့ရသလို
command နဲ့ ပိတ်ခိုင်းချင်ရင်လဲ "exit " လို့ရိုက် Enter ပေးပါ..

ကျွန်တော်တို့တွေ နဲ့ နေ့စဉ် နဲ့အမျှ များသောအားဖြင့် computer နဲ့ ဘာတွေလုပ်ကြလဲ Q နေ Chat နေတာပေါ့ လို့မဖြေနဲ့နော် တိုင်မှာ လူကြီးတွေနဲ့con နှေးတာကြောင့် ဘာမှမလုပ်ဖြစ်ပါဘူး လဲမဆိုပါနဲ့နော်
များသောအားဖြင့် သီချင်းလေး ရုပ်ရှင်လေးရှာ ဟိုဖွင့်လိုက်ဒီဖွင့်လိုက် တွေပါပေါ့တစ်နည်းအားဖြင့် file, folder တွေကို browse ((ဟိုဖွင့်ဒီဖွင့်/ ဟိုလျှောက်ကြည့်ဒီလျှောက်ကြည့် (car ကိုဘာသာပြန်သလိုမျိုးပါ) လုပ်ပါတယ်၊ ကိုယ့် music, words file တွေသိမ်းဖို့ folder တွေဆောက်တယ် file,folder or directory တွေ သိမ်းတယ် ဟိုရွှေ့ဒီရွှေ့လုပ်တယ် ဟိုဖွက်ဒီဖွက် ဘာလဲမသိ ဟိဟိ ..( စာဖတ်သူ - "တော်တော့ မပြောနဲ့တော့ ကြာရင် "

ဟုတ်ကဲ့ DOS ကလဲ ဒီလို file,folder browse လုပ်တာတွေ copy, move,rename တွေကို လုပ်ဆောင်ပေးနိုင်ပါတယ် ထုံးစံအတိုင်း command တစ်ခုချင်းစီ နဲ့ခိုင်းရပါမယ်

"Dir" လက်ရှိမိမိရောက်နေတဲ့ folder or directory or path ထဲမှာ ရှိတဲ့ file,folder or directory တွေကိုကြည့်ချင်ရင်သုံးပါတယ်၊

ပုံအရ cmd စစဖွင့်ခြင်းမှာ ရောက်နေတဲ့နေရာက C:\Users\user>_ ဆိုတဲ့နေရာလေးဘဲဖြစ်ပါတယ် ဒါကို GUI မှာတော့ "windows key + R "နှိပ်
ပေါ်လာတဲ့ run box မှာ "." တစ်စက်ရိုက် ပြီး enter ဖိ...
ဒါမှမဟုတ် start>>Computer
>>double click on (C:)

ပြီး>>double click on Users

ပြီး>>double click on user
ရောက်ပါပြီ အဲဒီနေရာလေးပါဘဲ


ဒီနေရာမှာ သတိပြုစေလိုတာကတော့ GUI မှာအချိန်ပေးပြီး browse လုပ်ခဲ့ရတာကို cmd or command မှာတန်းဖွင့်ရုံနဲ့ ရောက်နှင့်နေပြီးဖြစ်တယ်ကိုပါ..
GUI အားသာချက်ကတော့ ဖွင့်လိုက်တာနဲ့( မိမိသွားချင်တဲ့folder )ကိုရောက်တာနဲ့ ၎င်း folderမှာရှိနေတဲ့ file တွေ folder တွေ ကို တန်းမြင်ရတာပါ so we called its GUI

Dos မှာတော့ '"dir " ဆိုတဲ့ command ကိုသီးခြားရိုက်ပေးရပါမယ် (စာလုံးအကြီးအသေး ပြဿနာမရှိပါဘူး Dir=dir=DIr=.....)( idr တော့မလုပ်နဲ့နော်
ဆိုတော့ "dir" ရိုက်ကြည့်လိုက်ရင် တွေ့ပြီပေါ့နော်(command တစ်ခုပေးပြီးတိုင်း Enter ခေါက်ပေး ဖိပေးဖို့မမေ့ပါနဲ့) (ဒါကဘာနဲ့ တူညီသလဲဆိုတော့ စားသောက်ဆိုင်မှာ မှာစရာရှိတာမှာပြီး "ဟေ့လုပ်တော့ မှာတာဒါဘဲလို့" ဆိုတာနဲ့ တူညီပါတယ်၊ Enter မခေါက်/မဖိရင်တော့ သေချာတယ် မှာသာမှာ၏ ဘာမှမရဘဲ ဖြစ်ပါမယ် ...) သူလေး အဲမှားလို့ file, folder or directory တွေကို
အောက်ပုံကတော့ cmd မှာ "dir" လို့ရလာတဲ့ ရလာဒ်ပါ၊ file, folder or directory များရင်များသလောက် အားလုံးကို အမြန်ပဲဖြတ်ပြသွားပါမယ၊် ပြီး တာနဲ့နောက်ထပ် command တစ်ခုကို အသင့်ထပ်စောင့်နေပါလိမ့်မယ် ( prompt လုပ်ရင်းနဲ့လေ)


ပုံထဲမှာတော့ folder or directory ကို <DIR> အနေနဲ့ပြပါတယ် ပုံထဲမှာ Videos က folder or directory တစ်ခုပေါ့၊ ကျန်တာတွေကတော့ mp3 သီချင်းတွေလေ
ဘယ်ဘက်အခြမ်းကနေကြည့်ရင် ၎င်းသက်ဆိုင်ရာ file, folder တွေရဲ့ date time size တွေကို တွေ့နိုင်ပါတယ်၊ date ကလက်ရှိ folder or directory ထဲကို ၎င်း file, folder or directory တွေရောက်လာတဲ့ date ဖြစ်ပါတယ်

Folder ရဲ့ size ဘယ်လောက်ရှိလဲကို CLI မှာမပြနိုင်ပါဘူး GUI မှာရော..
ပေါ့


.. or pls help me continue

Josh Groban - To Where You Are
mt.myanmarfamily@gmail.com


Last edited by minthike; 06-03-2011 at 11:33 PM..
minthike is offline   Reply With Quote
အောက်ပါအသင်းဝင် 17 ဦးတို့မှ minthike အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 07-03-2011, 10:59 PM
  post #4
minthike
အထူးအသင်းဝင်
 
minthike's Avatar
 
အသင်းဝင်နေ့စွဲ: Nov 2007
တည်နေရာ: singapore
ရေးသားချက်များ: 1,937
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 14,779
ပို့စ် 1,805 ခုအတွက် 9,625 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
ပုံများ: 19
minthike is on a distinguished road
ပြန်စာ - MS-DOS abcd...

homework လဲဘယ်သူမှ မလုပ်ကြဘူး စတာပါ http://www.techsnack.net/how-to-show...ndows-explorer လို့ကိုBayintNaung က အစောကြီးဖြေကြားပေးသွားပါတယ် ကျွန်တော်တောင် မgoogle ရသေဘူး
ဒီအတိုင်း သိချင်တဲ့ folder ကို right click properties ဆိုလဲရတာပါဘဲချက်ချင်းတော့တွေ့ရဘူးပေါ့..အလွန်ကြီးမားသောhomework ကြီးကိုဖြေရှင်းပြီးသကာလ ကြတာပေါ့

"dir "နဲ့ကြည့်တာတော့ဟုတ်ပါပြီ ကျွန့်တော့် file,folder or directory တွေကများတော့ အမြန်ပြသွားတာ ဘာမှသဲသဲကွဲကွဲမတွေ့လိုက်ဖူးခင်ဗျ၊ folder အောက်က sub folder တွေ file တွေပါတစ်ခါတည်းကြည့်ချင်တယ်ဗျာ ကြည့်ရမရှင်းဘူးဗျ စသည်ဖြင့် လိုလားချက်ပေါင်းများစွာနဲ့လိုတွေဖြစ်ကုန်ကြမှာ MS-DOS ကသိပြီးသားလေ

အဖြေကလဲရှင်းပါတယ် dir command ကိုထပ်ပေါင်းထည့်ရိုက်ပေါ့တဲ့၊ စပြီလက်ညောင်းဖို့ ဒါကြောင့်လဲ GUI ကိုကြိုက်ကြတာဖြစ်ပါတယ်
လက်ညောင်းခံချင်ကြသူများ ဘာတွေရိုက်နိုင်သလဲ ဘယ်လိုရိုက်မှာလဲကို "dir/?"
ကို ရိုက်ပြီး command window ထဲမှာပဲ သူ့ကိုဘဲ ပြန်မေးနိုင်ပါတယ်

နဲ့နော်အပေါ်ကလို စာတွေအများကြီးနဲ့ပြန်လာမှာပါ ချစ်သူ့စာဖတ်သလိုလေးဖတ်ပေးပါ လဲနေနဲ့အုန်း
dir ကို switch လို့ခေါ်တဲ့(မီးခုလုပ်မဟုတ်ဖူးနော်) တွေနဲ့တွဲသုံးနိုင်ပါတယ်
"dir/w" ဆိုရင် wide screen ပုံစံနဲ့ပြပေးသွားပြီး /d ဆိုရင် /w နဲ့တော့တူတယ် ဒါပေမည့် file တွေကို colum အလိုက်စီပေးသွားပါတယ်၊ အောက်ပုံကိုကြည့် သို့မိမိဘာသာလဲရိုက်ကြည့်ပေးပါ (command ပြောပါတယ်) မိမိကိုတော့သွားမရိုက်နဲ့နော်

"အမြန်ပြသွားတာ ဘာမှသဲသဲကွဲကွဲမတွေ့လိုက်ဖူးခင်ဗျ၊" ကိုတော့ /p (page by page or pause) switch သုံးပြီးကြည့်နိုင်ပါတယ်
တစ်မျက်နှာစာ မြင်နိုင်သလောက်ပြမယ်နောက် (မောင့်တစ်မျက်နှာမယ့်တစ်မျက်နှာတွေ ဟုတ်ဖူးနော်)

ဆိုပြီး နောက်တစ်မျက်နှာပြဖို့စောင့်နေမယ် နောက်တစ်မျက်နှာပြဖို့ကို ကြိုက်တာနှိပ်နိုင်ပါတယ် ဆိုတော့မျက်နှာများတယ်နော် ဟီးဟီး file, folder or directory စာမျက်နှာ list တွေပြောပါတယ်၊ နောက်ဆုံးအားလုံးပြပြီးရင် အရင်အတိုင်း prompt လေးနဲ့ နောက်လာမည့် command တစ်ခုကို စောင့်နေပါ့မယ် (ဒီကစောင့်နေသူပေါ့ ကိုမျိုးကြီးလေသံနဲ့) prompt ပြမနေရင်တော့ သေချာတယ် ဟန်းသွားနေလို့
dir/s ဆိုလို့ကတော့ ရှိသမျှ subfolder တွေfileတွေ၊ ၎င်း subfolder အောက်မှာရှိတဲ့subfolder တွေfileတွေ၊ ၎င်း subfolder အောက်မှာရှိတဲ့subfolder တွေfileတွေ၊... အမလေး အဘလေး ထည့်ထားတာတွေ မနဲမနောပါလား တွေအားလုံးပြပါတယ် မမောမပန်းပဲ..ပြတာကလဲ ပြလို့သာဆိုတာပါ အရမ်းမြန်တော့ ဒါကိုဖတ်နိုင်သေးတာ သူဘဲရှိတယ်နေမှာ မြင်သာမြင်၏မကြင်ရဆိုတာ vzo တွေတင် မဟုတ်ဖူးနော်
လိုက်ကြည့်ဖို့လဲမကြိုးစားနဲ့အုန်းနော် "dir /p/s" ဆိုပြီး switch တွေကိုတွဲသုံးခြင်းအားဖြင့် တစ်မျက်နှာချင်းကြည့်နိုင်ပါတယ်၊ ပြတာတွေကလဲအရှည်ကြီးမဆုံးတော့ဘူး တော်ပါတော့ရပ်ချင်ပါပြီဆိုလဲ "Ctrl +c " control key နဲ့ c key ကို တစ်ပြိုင်တည်းတွဲနှိပ်ပေးပါ ရောက်ရာအရပ်ကရပ်ပါတယ်၊ ချစ်သူခြေများလို့ဆိုပြီး ctrl+c ကြီးလဲဇွတ်ဖိနှိပ်မနေနဲ့အုန်း ရဘူး keyboard သာပေါက်သွားမယ်၊ ဆိုင်ဘူးနော် ပြီး ယတြာတွေလဲချေ မနေနဲ့အုန်းctrl+c ဖြစ်တဲ့ မေတ္တာသာပွါးပေးပါ( ဗေဒင်ဆရာတွေတော့ စာရေးသူကို လောက်ပြီ)
ဒီနေ့ အနေနဲ့ dir နဲ့ပက်သက်ပြီး switch တွေနဲ့ နပန်းလုံးကြည့်ပါ ထုံးစံအတိုင်း
မနေကြနဲ့အုန်း
http://www.c3scripts.com/tutorials/msdos/dir.html

Josh Groban - To Where You Are
mt.myanmarfamily@gmail.com


Last edited by minthike; 07-03-2011 at 11:11 PM..
minthike is offline   Reply With Quote
အောက်ပါအသင်းဝင် 14 ဦးတို့မှ minthike အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 08-03-2011, 08:21 PM
  post #5
minthike
အထူးအသင်းဝင်
 
minthike's Avatar
 
အသင်းဝင်နေ့စွဲ: Nov 2007
တည်နေရာ: singapore
ရေးသားချက်များ: 1,937
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 14,779
ပို့စ် 1,805 ခုအတွက် 9,625 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
ပုံများ: 19
minthike is on a distinguished road
ပြန်စာ - MS-DOS abcd...

စောစောကရိုက်ခဲ့တဲ့ command ကိုပြန်ကြည့်ချင်ရင်
Quote:
F3
ရိုက်ခဲ့တဲ့ command တစ်ခုစီပြန်ကြည့်ချင်ရင်
Quote:
ရိုက်ခဲ့တဲ့ command များကိုပြန်ကြည့်ရန်၊ "doskey" command နဲ့အခြားလုပ်နိုင်တာတွေရှိပါသေးတယ်
Quote:

or
doskey /history
"c" နဲ့စတဲ့ file, folder or directory တွေရှာဖို့၊
Quote:
dir c*
တကယ်လို့အပေါ်ကcommand ရိုက်ပြီးလို့ result ပြပြီးရင် "a" နဲ့စတာကိုရှာချင်ရင် "F3>> twice press on Left arrow>> a " Insert ကိုအရင် တစ်ချက်နှိပ်ထား ဖို့တော့လိုတာပေါ့နော်
"*" asterisk key ကသူ့နေရာမှာ မည်သည့်အက္ခရာမဆို လို့အဓိပ္ပါယ်ရပါတယ်
ဒါကြောင့် cat, cool, coke, code ... အစရှိတဲ့ c နဲ့စတဲ့ file, folder or directory တွေကိုရှာပေးသွားပါတယ်
Quote:
dir format.com
ဆိုရင်တော format.com file ကိုလက်ရှိ folder or directory ထဲမှာ ရှိမရှိရှာပေးပါမယ်
Quote:
dir *.mp3
ဆိုရင်တော့ mp3 သီချင်းတွေကိုရှာပေးသွားမှာပေါ့
Quote:
dir *.mp3 /s/p
ဆိုရင်တော့ sub folder တွေထဲက mp3 သီချင်းတွေကိုရှာပေးသွားမှာပေါ့
Quote:
dir m*.mp3 /s/p
ဆိုရင်တော့ sub folder တွေထဲက mနဲ့စတဲ့ mp3 သီချင်းတွေကိုရှာပေးသွားမှာပေါ့
Quote:
dir m*e.mp3 /s/p
dir m???e.mp3 /s/p
ဆိုရင်ရော?? စမ်းကြည့်တော့နော် "?" ကတော့သူ့နေရာမှာ alphabet တစ်ခုစာကို ကိုယ်စားပြုပါတယ်
Quote:
dir>print
">" ကတစ်ခုခုကို output ထုတ်ခိုင်းတာပါ "print"ကတော့ printer ပေါ့၊ ဆိုတော့ dir လုပ်လို့ရတဲ့ result ကို printer ဆီပို့ပြီး စာရွက်ထုတ်ခိုင်းတာပေါ့(assume printer have papers , printer is healthy, also there is electricity ...etc )
Quote:
dir>directoryAndFilelist.txt
ဆိုရင်တော့ dir လုပ်လို့ရတဲ့ result ကို directoryAndFilelist.txt အဖြစ်သိမ်းပေးမယ်ပေါ့၊
သေး ရင် homework အနေနဲ့အောက်က Link မှာ
http://terpconnect.umd.edu/~nsw/ench250/dostutor.htm#2A

Josh Groban - To Where You Are
mt.myanmarfamily@gmail.com


Last edited by minthike; 08-03-2011 at 09:25 PM..
minthike is offline   Reply With Quote
အောက်ပါအသင်းဝင် 14 ဦးတို့မှ minthike အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 11-03-2011, 05:46 PM
  post #6
minthike
အထူးအသင်းဝင်
 
minthike's Avatar
 
အသင်းဝင်နေ့စွဲ: Nov 2007
တည်နေရာ: singapore
ရေးသားချက်များ: 1,937
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 14,779
ပို့စ် 1,805 ခုအတွက် 9,625 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
ပုံများ: 19
minthike is on a distinguished road
ပြန်စာ - MS-DOS abcd...

command အကြောင်း ဆက်မသွားခင်မှာ file, folder or directory တွေအကြောင်းနဲနဲဆွေးနွေးချင်ပါတယ်
file ကတော့ အားလုံးသိတဲ့အတိုင်း သတင်းအချက်အလက်စတာတွေ သိမ်းထားတဲ့/ ပါဝင်တဲ့ အရာတစ်ခုပေါ့
တကယ်လို့ ဘာသတင်းအချက်အလက်မှ မသိမ်းထားတောင် သူက file အဖြစ်နာမည်ယူထားပါသေးတယ်၊ အောက်ပုံမှာ "a.txt" text file တစ်ခုဖြစ်ပြီး file size အနေနဲ့"0" bytes ဖြစ်ပါတယ်၊


ရှိတော့ရှိတယ် နာမည်ဘဲရှိတာပါ ဆိုသလိုမျိုး virus ကိုက်သွားလို့ "0" byte ရှိတာမဟုတ်ဖူးနော်၊
Quote:
copy con a.txt
command အရ "a.txt"ဆိုတဲ့ text file တစ်ခုကို con (in put console လို့သတ်မှတ်ထားတဲ့ keyboard ) ကနေရိုက်ပေးသမျှကို copy ပွါးလိုက်တယ်ပေါ့၊
"0" byte ဘာလို့ဖြစ်သွားလဲဆိုတော့ ပုံမှန်အားဖြင့် "copy con a.txt " ပြီးရင် "Enter"တစ်ချက်ဖိ၊ ပြီးရင် "a.txt" ထဲကိုယ်ရေးချင်ရာရေး နောက်ဆုံး အားလုံးရေးပြီးရင် "Ctrl+z" နဲ့ ပြီးကြောင်း ရိုက်ပေးရပါတယ်၊
ပုံမှာတော့ ဘာမှရိုက်ဘဲ " Ctrl+z"တစ်ခုတည်းရိုက်လိုက်တော့ ("Ctrl+z" ကို "^Z" အနေနဲ့ ပြသွားပါတယ်) a.txt က file size "0" byte ဖြစ်သွားတာပေါ့

file ကိုပြန်ကြည့်တဲ့ command အနေနဲ့
Quote:
type a.txt
အရ ဘာမှမရှိလို့ မရှိတဲ့ blank ကိုဘဲ ပြန်ပြပေးသွားပါတယ် ရှိရင်ပြမလားဆိုတာတော့ ပြန်စမ်းကြည့်ကြပါနော် (command ပြောပါတယ်)
ဒီအတိုင်း "a.txt" ရိုက် enter ဖိလိုက်ရင်လဲ (" " တွေမပါဘူးနော်) .txt ဖြစ်လို့ window (GUI OS )ကနေ notepad နဲ့ဖွင့်ပြသွားပါတယ်၊ ဒါဆိုမိမိ ဖွင့်ချင်တဲ့ file ကို command ထဲမှာ ၎င်းfile name ကိုပြည့်ပြည့်စုံစုံ ရိုက်ပေးရင် သက်ဆိုင်ရာprogram ကဖွင့်ပေးသွားမယ်ပေါ့၊

ဆိုတော့ တကယ်တန်း "0" byte သာပြောတာပါ နေရာတော့ယူပါတယ်၊
.txt .doc .mp3 .wav .dat .dll .pdf စတဲ့ file name တွေရဲ့အဆုံးသတ်မှာ အက္ခရာ သုံးလုံးနဲ့ အဆုံးသတ်ပေး (file extension) တာကတော့ အားလုံးသိတဲ့အတိုင်း file အမျိုးအစားခွဲဖို့လွယ်ကူအောင်လို့ပါ၊ .flac ဆိုပြီး လေးလုံးနဲ့ အဆုံးသတ်တာတွေလဲရှိပါတယ် ဒါကလဲ အက္ခရာ သုံးလုံး တွေလှည့်ပါတ်သုံးတာ ကုန်သွားလို့နေမှာပေါ့ 

folder သို့မဟုတ် directory ကတော့ အခန်း သို့မဟုတ် နေရာကို ကိုယ်စားပြုပါတယ်၊ အခန်းဆိုတဲ့အတိုင်း အခန်းထဲမှာ အခန်းရှိနိုင်သလို ၎င်းအခန်းထဲမှာကိုလဲ အခန်းထပ်ပြီးရှိနိုင်ပါတယ်၊ အခန်းတွေထဲမှာ ရှိတဲ့/ရှိနိုင်တဲ့ သိုလှောင်ပစ္စည်းလိုမျိုးဖြစ်တဲ့ file တွေကိုတော့အပေါ်ကအတိုင်းဆွေးနွေးပြီးပါပြီ
ဆက်ဆွေးနွေးဖို့တော့ကျန်တာပေါ့နော်
နေရာဖြစ်တဲ့အတွက် တည်နေရာ လိပ်စာရှိရပါမယ် နာမည်ရှိရပါမယ်
အမည်မဲ့ အခန်းတော့မလုပ်နဲ့ပေါ့နော်
အခန်းပျောက် file ပျောက်တွေတော့ရှိတာပေါ့နော် Virus ကဖျောက်လိုက်လို့ ပျောက်သွားတာဖြစ်နိုင်သလို သာမာန် အသုံးပြုသူတွေအတွက် သိစရာမလိုတဲ့ system file, folder or directory တွေလဲရှိနိုင်ပါတယ်၊ ဒီလိုဘဲ မိမိရဲ့ အရေးကြီး data တွေကိုအခြားသူမသိအောင် ဖွက်ထားတာတွေလဲရှိပါတယ်နော်
Quote:
dir auto*.* /s/p/a
auto run virus တွေနာမည်ကြီးတုန်းက သူ့ကိုအပေါ်က command အတိုင်း ရှိမရှိ အလွယ်တကူရှာနိုင်ခဲ့ပါတယ်၊ သူက system file အနေနဲ့ဝင်ပုန်းနေတတ်ပါတယ်၊

MS-DOS မှာတော့ အခန်းတွေကို C: (C drive or volume လို့ခေါ်ပါတယ် ) D: ( D drive or volume လို့ခေါ်ပါတယ် ) E: တွေအောက်မှာရှိတယ်/အခန်းဖွဲ့ထားတယ် လို့ယူဆပါတယ်၊ C: D: တွေက Hard disk တစ်ခုရဲ့ partition့ အပိုင်းတွေကိုဆိုလိုပါတယ်၊ A: (A: drive) ကိုတော့ MS-DOS က floppy disk drive အနေနဲ့နားလည်ပါတယ်
partition တွေအကြောင်းကို forum ထဲမှာအများကြီးဆွေးနွေးထားတာတွေရှိသလို အစ်ကိုကေဇက် ရေးထားတဲ့ ဒီအောက်က link မှာလဲ လေ့လာနိုင်ပါတယ်
မြန်မာမိသားစုဖိုရမ် ..:: ကွန်ပျူတာနယ်ပယ် ::.. Linux များ (သို့) Linux နှင့်ဆိုင်ရာများ Linux PC နှင့် Partition Scheme အကြောင်း


တကယ်လို့ usb stick တစ်ခုကိုချိတ်လိုက်ရင်လဲ MS-DOS ကနေ drive letter တစ်ခုကို သူ့အလိုလို သတ်မှတ်ပေးပါတယ် G: drive စသည်ဖြင့်ပေါ့
CD/ DVD drive တွေကလဲ drive letter တစ်ခုယူပါတယ်၊ ဥပမာ မိမိ စက်မှာ hard disk တစ်ခုရှိမယ် သူ့ကို partition နှစ်ခုပိုင်းထားမယ် နောက် CD/DVD drive တစ်ခုလဲတပ်ထားတယ် ဆိုရင် drive letter တွေအနေနဲ့ hard disk ရဲ့ partition နှစ်ခုက C: D: ဖြစ်နိုင်ပြီး CD/DVD က E: drive ပေါ့
စက်မှာရှိတဲ့ drive letter တွေကိုတွေ့ဖို့တော့
start>>Computer

ရင်အပေါ်ကလိုမျိုးတွေ့နိုင်ပါတယ် ပုံမှာတော့ drive C: D: F: သုံးခုကို သတိပြုမိနိုင်ပါတယ်။ drive E: ဘယ်ရောက်သွားလဲတော့မပြောတတ်ဖူး
စတာပါ hidden or hide ဖြစ်နေနိုင်သလို နောင်လာချိတ်မည့် drive အတွက် reserved လုပ်ထားတာလဲဖြစ်နိုင်ပါတယ်။

ပုံထဲကအတိုင်းပဲ folder သို့မဟုတ် directory တွေက သစ်ပင်ရဲ့အကိုင်းအခက်တွေလိုမျိုး ဖွဲ့စည်းထားပါတယ်၊ မယုံလဲ သစ်ပင်ဆိုတော့ tree ပေါ့
Quote:
tree
ဆိုပြီး command မှာရိုက်ကြည့်ပေါ့ အတော်အတန် ရှည်လျှားတဲ့ သစ်တစ်ပင်ကိုပြမယ်လေ၊
(အစ်ကိုရေ tree တော့မတွေ့ဘူးလို့ မပြောနဲ့နော် command ရိုက်ပြီး "Enter" key ဖိခဲ့ရဲ့လားလို့ပြန်မေးမှာ

.. or pls help me continue

Josh Groban - To Where You Are
mt.myanmarfamily@gmail.com


Last edited by minthike; 11-03-2011 at 06:00 PM..
minthike is offline   Reply With Quote
အောက်ပါအသင်းဝင် 14 ဦးတို့မှ minthike အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 11-03-2011, 07:36 PM
  post #7
Bayint Naung
အထူးအသင်းဝင်
 
Bayint Naung's Avatar
 
အသင်းဝင်နေ့စွဲ: Jan 2011
တည်နေရာ: Naypyidaw, Kanbawzathadi
ရေးသားချက်များ: 510
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 332
ပို့စ် 499 ခုအတွက် 2,415 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
Bayint Naung is on a distinguished road
ပြန်စာ - MS-DOS abcd...

ko min thike yay, Any useful/interesting things we can do with the commands you showed in previous posts?
I have some questions since I myself am not familiar with this cmd thingy

1.Can CMD be used like scripting language? if else , loop, function,..?
2.Is cmd worth learning while now we have powershell/bash/perl?

Thanks ahead...
Bayint Naung is offline   Reply With Quote
အောက်ပါအသင်းဝင် 6 ဦးတို့မှ Bayint Naung အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 11-03-2011, 08:27 PM
  post #8
minthike
အထူးအသင်းဝင်
 
minthike's Avatar
 
အသင်းဝင်နေ့စွဲ: Nov 2007
တည်နေရာ: singapore
ရေးသားချက်များ: 1,937
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 14,779
ပို့စ် 1,805 ခုအတွက် 9,625 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
ပုံများ: 19
minthike is on a distinguished road
ပြန်စာ - MS-DOS abcd...

ဟုတ်ကဲ့ ကိုBayint Naung ရေ အခုလို စိတ်ဝင်စားစွာ ပြန်ရေးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်
အသုံးဝင်မှု အနေနဲ့ကတော့ အသုံးပြုသူအပေါ် အခြေအနေတွေပေါ်ဘဲ မူတည်မယ်လို့ထင်ပါတယ်
ဆိုပါဆို့ အစ်ကို့လက်ရှိရုံးမှာ MS-DOS တွေမပါတဲ့ pc တွေအသုံးပြုရင် နောက်အလုပ်ထဲမှာလဲ command ဖွင့်စရာမလိုအပ်ရင်

အခုဆိုရင်MS-DOS ကို Microsoft ကတောင်ထည့်ပေးတယ်ဆိုယုံပါ တစ်နည်းအားဖြင့် obsolete ဖြစ်သွားပြီ ခေတ်ကုန်သွားပြီလို့ဆိုနိုင်ပါတယ်၊
အစ်ကိုပြောတဲ့ powershell/bash/perl တွေက နောက်ထွက်တွေဆိုတော့ သူတို့ကို လေ့လာနိုင်ရင်တော့ အကောင်းဆုံးဖြစ်ပါတယ်
ဒါပေမည့် ကျွန်တော်က သူတို့ကို နာမည်သာကြားဖူးပြီး လေ့လာဖူးခြင်း အလျှဉ်းမရှိတဲ့အတွက် powershell/bash/perl တွေအကြောင်း မရေးသားနိုင်တာကိုတော့ အားလုံး ခွင့်လွှတ်နားလည်ပေးပါ
powershell/bash/perl တွေအလွန်ကောင်းမွန်ပါမည်

ဒီ post/thread ကနေ what is file, folder directory တွေအကြောင်းက အစ မသိသေးသော စတင်လေ့လာသူများ အတွက်ရည်ရွယ်ပါတယ်
စိတ်ဝင်စားဖို့ကောင်းရဲ့လားကလဲ ဖတ်ရှူ့သူအပေါ်မူတည်ပါမယ်လို့ထင်ပါတယ်။

1. MS-DOS ကလွန်ရှေးကျတဲ့ OS တစ်ခုဖြစ်ပါတယ် သူကအလုပ်ဖြစ်ယုံလောက်ပဲနေမှာပါ
batch file programming အနေနဲ့တော့ if else , loop, function, တွေအနေနဲ့ ရေးလို့ရနိုင်ပါတယ်၊ ရေးလဲရေးခဲ့ကြမှာပါ နောက်ပိုင်းအဆင်မပြေလို့ ၎င်း powershell/bash/perl တွေ developed ဖြစ်လာတယ်လို့မြင်ပါတယ်

2. ကိုတော့ ကျွန်တော်အတိအကျမဖြေနိုင်ပါဘူး၊ ကျွန်တော့အတွက်တော့ အကျိုးရှိတယ်လို့ဘဲ ဖြေချင်ပါတယ်
အစ်ကိုအချိန်ရရင်လဲ forum အတွက်အကျိုးရှိမည့် ၎င်း powershell/bash/perl တွေ အကြောင်း ရေးပေးပါအုန်းခင်ဗျ

ကျေးဇူးတင်ပါတယ်ခင်ဗျာ

Josh Groban - To Where You Are
mt.myanmarfamily@gmail.com


Last edited by minthike; 11-03-2011 at 08:30 PM..
minthike is offline   Reply With Quote
အောက်ပါအသင်းဝင် 11 ဦးတို့မှ minthike အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 16-03-2011, 11:08 PM
  post #9
minthike
အထူးအသင်းဝင်
 
minthike's Avatar
 
အသင်းဝင်နေ့စွဲ: Nov 2007
တည်နေရာ: singapore
ရေးသားချက်များ: 1,937
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 14,779
ပို့စ် 1,805 ခုအတွက် 9,625 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
ပုံများ: 19
minthike is on a distinguished road
ပြန်စာ - MS-DOS abcd...

Quote:
cd
MS-DOS ရဲ့ powerful ဖြစ်တဲ့ command ကိုပြောပါဆို cd (change directory) ကို ချန်ခဲ့လို့မရပါဘူး၊ computer ရဲ့အသုံးအများ ဆုံးအလုပ်ကလဲ file,folder တွေကို လှန်လှောကြည့်ချင်းဘဲလေ Google ကို ကိုအသုံးပြုပြီး internet ကို browse လုပ်တာတော့ပြောမနေနဲ့တော့ဘဲ browse လုပ်တာကိုလျှော့ချပေးရင် energy အများကြီး save ဖြစ်ပါတယ်တဲ့
ဒါပေမည့် browsing ကို ဘယ်လိုမှ လျှော့ချလို့ရမယ်မထင်ဘူးခင်ဗျ ..ရှာဖွေချင်းက လူ့သဘာဝနေမှာ...ဟီး ဟိုရောက်ဒီရောက်ဖြစ်ကုန်ပြီ sorry...

MS-DOS ကိုစဖွင့်ဖွင့်ခြင်း directory တစ်ခုသို့folder တစ်ခု သို့အခန်းတစ်ခန်းထဲကို အလိုလိုရောက်နေပြီးသားပါ

အပေါ်ကပုံအရဆို C: ဆိုတဲ့ hard disk partition ထဲက Users ဆိုတဲ့အခန်းထဲက user အခန်းထဲမှာရောက်နေပါတယ်၊ ဒီအခန်းထဲမှာ ဘာတွေရှိလဲ( file တွေနဲ့ folder or directory တွေဘဲရှိမှာပါ) ရှိသေးလဲကြည့်ချင်ရင် ထုံးစံအတိုင်း
"dir" command နဲ့ကြည့်ပေးပါ၊

ပုံထဲကအတိုင်း Desktop,Documents စတဲ့ folder သို့ directory သို့ အခန်းထဲကိုဝင်ချင်ရင်
Quote:
cd Desktop
ဆိုပြီး Enter key ဖိပေးရင် ရောက်ပါပြီ ၊ ထုံးစံအတိုင်း dir command နဲ့ Desktop ဆိုတဲ့အခန်းထဲမှာ ဘယ် file တွေ folder တွေရှိလဲရှာကြည့်နိုင်ပါတယ်၊

Quote:
cd
ဆိုတဲ့ command တစ်ခုထဲရိုက်လိုက်ရင်တော့ လက်ရှိရောက်နေတဲ့နေရာ (folder or directory )ကိုပြပါတယ်၊အောက်ကပုံထဲမှာတော့ C:\Users\user\Desktop မှာလို့ဆိုလိုပါတယ်


Unix တို့ Linux တို့မှာတော့ cd command တစ်ခုတည်းရိုက်လိုက်ရင် command prompt စဖွင့်ဖွင့်ချင်း ရောက်တဲ့ default folder or directory or path ကိုပြန်ရောက်သွားစေပါတယ်၊

DOS screen တစ်ခုလုံး မျက်စိနောက်အောင် ရှုပ်လာရင်တော့
Quote:
cls
command နဲ့ရှင်းနိုင်ပါတယ် (clear screen)

screen background အရောင် နဲ့ font အရောင် တွေပြောင်းဖို့ကိုတော့
အပေါ်ပုံထဲကအတိုင်း color ဆိုတဲ့ command နဲ့စိတ်ကြိုက်ပြောင်းယူနိုင်ပါတယ်

အပေါ်ကပုံထဲမှာတော့ cd နဲ့ Desktop ထဲဝင်ပြီး dir ရာမှာတွေ့ရပုံပါ..
ပုံထဲကအတိုင်း .jpg (Joint Photographic Experts Group) နဲ့အဆုံးသတ်တဲ့ image file ကိုတွေ့နိုင်သလို .mp3 music file ကိုလဲတွေ့နိုင်ပါတယ် ဒီလိုဘဲ
Quote:
<DIR> .
<DIR> ..
ဆိုတာကိုတွေ့ပါမယ် <DIR> လို့ ဆိုတဲ့အတိုင်း directory သို့folder သို့အခန်းကိုဆိုလိုပြီး "." ကတော့ လက်ရှိရောက်နေတဲ့အခန်းကိုဆိုလိုပါတယ်၊ "cd . " ကိုရိုက်ရင် ဒီအခန်းထဲဘဲပြန်ရောက်ပါမယ်၊ "cd .." ဆိုရင်တော့ သူ့အထက်ကအခန်းကိုပြန်ရောက်ပါမယ်၊
အောက်ကပုံမှာတော့ စစချင်း Desktop ဆိုတဲ့အခန်းကိုရောက်ပါတယ် နောက် သူ့အထက် folder ဖြစ်တဲ့ C:\Users\user\ ကိုရောက်ပါတယ် နောက် Desktop ဆိုတဲ့အခန်းထဲဘဲ ပြန်ဝင်ပါတယ်


Quote:
C:\Users\user\Desktop>cd "c:\Users\user\Documents"
ဆိုရင်တော့ လက်ရှိရောက်နေတဲ့ Desktop folder ကနေ Documents (c:\Users\user\Documents) ဆိုတဲ့အခန်းထဲကိုရောက်သွားပါမယ်၊ directory or folder path တွေကို " " တွေကို ကြားထဲထည့်ပေးရတာက
တကယ်လို့ My Documents လိုမျိုး folder or directory name မှာ space ခြားတဲ့ အခါမှာလိုအပ်ပြီး ပုံမှန်အားဖြစ်မလိုအပ်ပါဘူး

Quote:
cd \
ဆိုရင်တော့ root သို့မဟုတ် မူလ directory ဖြစ်တဲ့ C: ကိုရောက်ပါမယ် (အကယ်၍ မိမိရောက်နေတာက C: ဆိုတဲ့ drive ရဲ့ အောက်ကအခန်းတစ်ခန်းခန်းထဲကနေပေါ့)
တကယ်လို့အခြား drive တစ်ခုခုမှာဆိုလဲ သူ့ရဲ့ မူလ root နေရာ/drive ကိုရောက်မှာပေါ့ (Eg..E:, Z: ...)

drive ပြောင်းဖို့ကိုတော့ C ဆို
Quote:
c:
D drive ဆို
Quote:
d:
ဆိုပြီးပြောင်းနိုင်ပါတယ်
.. or pls help me continue

Josh Groban - To Where You Are
mt.myanmarfamily@gmail.com

minthike is offline   Reply With Quote
အောက်ပါအသင်းဝင် 7 ဦးတို့မှ minthike အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 17-03-2011, 02:25 AM
minthike
အထူးအသင်းဝင်
 
minthike's Avatar
 
အသင်းဝင်နေ့စွဲ: Nov 2007
တည်နေရာ: singapore
ရေးသားချက်များ: 1,937
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 14,779
ပို့စ် 1,805 ခုအတွက် 9,625 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
ပုံများ: 19
minthike is on a distinguished road
ပြန်စာ - MS-DOS abcd...

Quote:
copy
ဆိုတဲ့ command ကလဲအသုံးများပါတယ် copy ဖို့အတွက် copy ချင်တဲ့ file (source file )နဲ့ နောက်ဆုံးရလာမည့် file (destination file )ရဲ့ နေရာ နဲ့ နာမည်ကိုသတ်မှတ်ပေးရပါမယ်၊

မူလ file ကို မူလနေရာမှာဘဲ မူလနာမည်နဲ့တော့ copy လုပ်ဖို့တော့မလိုပါဘူးနော် အဲလိုဆို အောက်ကလိုမျိုးဖြစ်ပါမယ်၊


Quote:
copy source destination
command format အရ source file ကိုအရင်ရေးရမှာဖြစ်ပြီး destination file ကိုနောက်မှာရေးရမှာ ဖြစ်ပါတယ်၊
Code:
D:\>copy a.txt b.txt
        1 file(s) copied.
a.txt file ကို b.txt file အဖြစ် လက်ရှိ အခန်း (current directory) အတွင်းမှာဘဲ ကူး/ပွါးခြင်းပါ၊
Code:
D:\copy a.txt c:
 1 file(s) copied.
C: အောက်ကိုကူးသွားပါတယ် ဒီနာမည်နဲ့ပါဘဲ
Quote:
D:copy a.txt c:\Users\user\Desktop\
Overwrite c:\Users\user\Desktop\a.txt? (Yes/No/All):
C: drive မှာရှိတဲ့ Desktop ထဲကိုကူးဖို့ပါ၊ ဒါပေမည့် Desktop မှာလဲ ဒီနာမည်နဲ့ file ကရှိပြီးသားဖြစ်နေတော့ overwrite လုပ်မလားမေးပါတယ်၊
Quote:
D:\copy *.txt c:\
.txt နဲ့ဆုံးတဲ့ file အားလုံးကို ကူးယူခြင်းပါ
Quote:
D:copy c:\a.txt d:
Overwrite d:a.txt? (Yes/No/All):
drive c ကfile ကိုdrice d: ကိုပြန်ကူးခြင်းပေါ့၊

MS-DOS မှာ folder or directory ကို copy လို့မရပါဘူး

Quote:
md
or
Quote:
mkdir
ကတော့ အခန်းဖွဲ့တဲ့ command ဖြစ်ပါတယ်၊
Quote:
mk a
or
Quote:
mkdir a
လက်ရှိအခန်းထဲမှာဘဲ a ဆိုတဲ့အမည်နဲ့ အခန်းသစ်တစ်ခန်း ဖွဲ့ပေးပါတယ်၊
Quote:
D:\>md c:\a
C: drive အောက်မှာ a ဆိုတဲ့အခန်းကို ဖွဲ့ပေးပါတယ်၊

Quote:
D:\>move a.txt c:\
a.txt file ရွေ့သွားမှာဖြစ်ပါတယ်၊ cut and paste သဘောတရားနဲ့ဆင်ပါတယ်၊

Quote:
del a.txt
a.txt file ကိုဖျက်ခြင်းပါ၊
ဖျက်ပြီးရင်တော့ recycle bin ထဲမှာပြန်ရှာရင်တောင် မတွေ့တော့ပါဘူး၊

Quote:
del *.*
ရှိသမျှ file တွေအကုန်ဖျက်၊

Quote:
rd
or
Quote:
rmdir
mkdir or md ရဲ့ဆန့်ကျင်ဘက်၊ folder or directory ထဲမှာ file တစ်file file ကျန်နေသေးရင်တော့ rd လို့မရပါဘူး

Quote:
ftp
ကတော့ အဝေးတစ်နေရာမှာရှိတဲ့ ftp protocol ကို support လုပ်တဲ့စက်ကို လှမ်းချိတ်ပြီး ၎င်းစက်မှာရှိတဲ့ file တွေကို လှမ်းယူဖို့ သို့မဟုတ် ၎င်းစက်ဆီသို့ မိမိစက်မှ file တွေကိုသွားထားဖို့ အသုံးပြုပါတယ်
Quote:
ftp server name
server name နေရာမှာ အဝေးတစ်နေရာက စက်ရဲ့အမည်ကိုပေးရပါမည်၊တကယ်လို့ ချိတ်လို့ရသွားရင် login ဝင်ရမည့် user name နဲ့ password တောင်းပါမယ်၊ သက်ဆိုင်ရာ user nameနဲ့ password ဖြည့်ပေးလိုက်ရင် ၎င်းစက်မှာရှိတဲ့ file တွေကို cd, dir, နဲ့ အောက်ကလို command မျိုးတွေ run လို့ရပါပြီ၊

Quote:
get file name
eg.. get a.txt ဆိုရင် a.txt file ကိုမိမိစက်ရှိရာကို လှမ်းယူလိုက်တယ်ပေါ့ (download လုပ်တာနဲ့ဆင်တူပါတယ်)
Quote:
mget *.txt
multiple get တစ်ပြိုင်ထဲမှာ file တွေအများကြီးကို ရယူခြင်း၊
Quote:
put
get ရဲ့ပြောင်းပြန်၊
Quote:
mput
mget ရဲ့ပြောင်းပြန်၊

get, mget, put, mput တွေနဲ့ folder လိုက်တော့ ယူလို့/ထားလို့မရပါ
folder အရင်create လုပ်ပြီး ၎င်းfolder ထဲကို အပေါ်က command တွေနဲ့ file တွေရွှေ့ပေးရပါမယ်၊

Quote:
telnet
ကလဲ ftp နဲ့ဆင်တူပါတယ်၊ ဒါပေမည့် telnet နဲ့တော့ file ယူ/ထား လို့မရဘူးပေါ့၊ remote စက်မှာရှိတဲ့ application (ဥပမာ application script )တွေကို လှမ်း run ခိုင်းလို့ရပါတယ်၊

MS-DOS abcd ကို abcd နဲ့အညီ ဒီနေရာမှာဘဲ အဆုံးသတ်ပါတယ်ခင်ဗျာ abcd မှသည် words တွေဖွဲ့ဖို့ chit chat ဖို့ programming ဖို့ အောက်က link တွေအပြင် internet ထဲမှာရော ဆက်လက်ကြိုးစားလေ့လာပါလို့၊
မရှင်းလင်းသည်များ သိချင်တာများကို မေးမြန်းဆွေးနွေးနိုင်ပါတယ်၊ သိပြီး အစ်ကိုအစ်မများလဲ ဝင်ရောက်ဆွေးနွေးပေးကြပါလို့၊
ဒီ post/thread နဲ့ဘဲ ကျွန်တော့်ရဲ့ သင်ဆရာ မြင်ဆရာများကို ကန်တော့ပါတယ်ခင်ဗျာ၊


မြန်မာမိသားစုဖိုရမ် ..:: ကွန်ပျူတာနယ်ပယ် ::.. ကွန်ပျူတာဆိုင်ရာဆွေးနွေးချက်များ ကွန်ပျူတာဆိုင်ရာတိုလီမုစများ ကိုယ်ပိုင် Command Prompt (Cmd)ဖြင့် star war ကြည့်ခြင်း။

မြန်မာမိသားစုဖိုရမ် ..:: ကွန်ပျူတာနယ်ပယ် ::.. ကွန်ပျူတာဆိုင်ရာဆွေးနွေးချက်များ Virus & Anti-virus ပိုင်းဆိုင်ရာ DOS ကနေ ကိုသိတဲ့ virus ကို သတ်ရအောင်

မြန်မာမိသားစုဖိုရမ် ..:: ကွန်ပျူတာနယ်ပယ် ::.. ကွန်ပျူတာဆိုင်ရာဆွေးနွေးချက်များ ကွန်ပျူတာဆိုင်ရာတိုလီမုစများ Making Undeleteable Folder with CMD


မြန်မာမိသားစုဖိုရမ် ..:: ကွန်ပျူတာနယ်ပယ် ::.. ကွန်ပျူတာဆိုင်ရာဆွေးနွေးချက်များ ကွန်ပျူတာဆိုင်ရာတိုလီမုစများ Command Prompt ရှိ bgcolor, Font များပြောင်းလဲခြင်း

မြန်မာမိသားစုဖိုရမ် ..:: ကွန်ပျူတာနယ်ပယ် ::.. ကွန်ပျူတာဆိုင်ရာဆွေးနွေးချက်များ ကွန်ပျူတာဆိုင်ရာတိုလီမုစများ Cmd Dos Command နည်းနည်းပါ

Josh Groban - To Where You Are
mt.myanmarfamily@gmail.com


Last edited by minthike; 17-03-2011 at 02:27 AM..
minthike is offline   Reply With Quote
အောက်ပါအသင်းဝင် 12 ဦးတို့မှ minthike အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 30-07-2011, 01:37 AM
မျိုးဟန်ထက်
အရွယ်ရောက်သူ
 
အသင်းဝင်နေ့စွဲ: Jan 2010
တည်နေရာ: အမိမြေ
ရေးသားချက်များ: 162
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 1,434
ပို့စ် 164 ခုအတွက် 1,263 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
မျိုးဟန်ထက် is on a distinguished road
ပြန်စာ - MS-DOS abcd...

Ko minthike ရေးထားစုစည်းထားတာတော်တော်လေးကောင်းတယ်အကို။ညီလဲသေချာမရှာမိပဲရေးထားသလိုဖြစ်နေတယ် ဒီနေရာကပိုစ်လေး ပြန်ဖျက်မလို
ရှာတာရ၀ူးဖြစ်နေတယ်။ကူညီပါဦး။

[B]ပန်းတိုင်သို့[/B] :typing:
[MP3]http://dl.dropbox.com/u/42583359/pan%20tine%20tho..mp3[/MP3]
မျိုးဟန်ထက် is offline   Reply With Quote
အောက်ပါအသင်းဝင် 2 ဦးတို့မှ မျိုးဟန်ထက် အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 30-07-2011, 11:17 AM
minthike
အထူးအသင်းဝင်
 
minthike's Avatar
 
အသင်းဝင်နေ့စွဲ: Nov 2007
တည်နေရာ: singapore
ရေးသားချက်များ: 1,937
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 14,779
ပို့စ် 1,805 ခုအတွက် 9,625 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
ပုံများ: 19
minthike is on a distinguished road
ပြန်စာ - MS-DOS abcd...

ကိုမျိုးဟန်ထက်ရေးထားတာတွေလဲ ကောင်းပါတယ် ခင်ဗျတစ်ယောက်နဲ့တစ်ယောက်ရေးပုံမတူတော့ ဖတ်ရတဲ့သူအတွက်
ရသအမျိုးမျိုးရစေတာပေါ့ နောက်ပြီး ကျွန်တော် ရေးရာမှာ မပါ ခဲ့တဲ့ command တွေလဲပါတာ တွေ့မိတယ်..ဆိုတော့ ဆက်သာရေးဗျာ အားပေးနေပါတယ်

Josh Groban - To Where You Are
mt.myanmarfamily@gmail.com


Last edited by minthike; 30-07-2011 at 11:18 AM..
minthike is offline   Reply With Quote
အောက်ပါအသင်းဝင် 6 ဦးတို့မှ minthike အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 30-07-2011, 12:21 PM
Bayint Naung
အထူးအသင်းဝင်
 
Bayint Naung's Avatar
 
အသင်းဝင်နေ့စွဲ: Jan 2011
တည်နေရာ: Naypyidaw, Kanbawzathadi
ရေးသားချက်များ: 510
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 332
ပို့စ် 499 ခုအတွက် 2,415 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
Bayint Naung is on a distinguished road
ပြန်စာ - MS-DOS abcd...

ကို minthike ကော မ ဆက် တော့ ဘူး လား။ dos command က ဒါ တွေ ပဲ တော့ မ ဟုပ် ပါ ဘူး နော်။
Bayint Naung is offline   Reply With Quote
အောက်ပါအသင်းဝင် 2 ဦးတို့မှ Bayint Naung အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 30-07-2011, 04:57 PM
minthike
အထူးအသင်းဝင်
 
minthike's Avatar
 
အသင်းဝင်နေ့စွဲ: Nov 2007
တည်နေရာ: singapore
ရေးသားချက်များ: 1,937
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 14,779
ပို့စ် 1,805 ခုအတွက် 9,625 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
ပုံများ: 19
minthike is on a distinguished road
ပြန်စာ - MS-DOS abcd...

ဟုတ်ကဲ့ ကိုBayint Naung ရေ အောင်မြင်စွာ အဆုံးသတ်ပါတယ် post #2 dos book ကအထူကြီးလေ တော်ကြာ ထူသွားမှာစိုးလို့

Josh Groban - To Where You Are
mt.myanmarfamily@gmail.com

minthike is offline   Reply With Quote
အောက်ပါအသင်းဝင် 4 ဦးတို့မှ minthike အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 21-08-2011, 09:47 PM
frogfish
ကလေးပေါက်စ
 
အသင်းဝင်နေ့စွဲ: Apr 2011
တည်နေရာ: ရန်ကုန်
ရေးသားချက်များ: 48
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 261
ပို့စ် 41 ခုအတွက် 201 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
ပုံများ: 8
frogfish is on a distinguished road
ပြန်စာ - MS-DOS abcd...

ကျေးဇူးတင်ပါတယ်အစ်ကိုတို့ရေ။ မသိတာတွေအများကြီးသိသွားတယ်။ လက်တွေ့စမ်းကြည့်လိုက်ပါဦးမယ်နော်။

ကျန်း မာ ပျော်ရွှင် တဲ့ ဘ၀များ ပိုင်ဆိုင် နိုင်ကြပါစေ :1::1::1:
frogfish is offline   Reply With Quote
အောက်ပါအသင်းဝင် 2 ဦးတို့မှ frogfish အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 11-02-2012, 11:49 AM
မောင်ပေါ်ဦး
MF Contributor
 
မောင်ပေါ်ဦး's Avatar
 
အသင်းဝင်နေ့စွဲ: Sep 2008
တည်နေရာ: Working
ရေးသားချက်များ: 2,276
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 4,939
ပို့စ် 1,900 ခုအတွက် 9,438 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
ပုံများ: 4
မောင်ပေါ်ဦး will become famous soon enough
ပြန်စာ - MS-DOS abcd...

ကိုမင်းသိုက်ရေ ကျွန်တော်ထပ်အားဖြည့်ပေးလိုက်ပါတယ်ဗျာ ................
MS-DOS ကိုသုံးပြီး သင့်ရဲ့ ကျောင်းnetwork ၊ဒါမှမဟုတ် သူငယ်ချင်းအချင်းချင်း ပြောလို့ရပါတယ်...............
ပထမဆုံးလိုတာကတော့.........မိမိပြောချင်တဲ့သူ့ရဲ့ network ip address ကိုသိမှဖြစ်ပါမယ်........ip address ကို သိအောင် အရင်လုပ်ထားသင့်ပါတယ်..................ပြီးရင်တော့. notepad ကို ဖွင့်ပြီး ဒီ batch programming code တွေကို ကူးထည့်လိုက်ပါ
@echo off
:A
Cls
echo TypeIPAddress
set /p n=IPAddress:
set /p m=Message:
net send %n% %m%
Pause
Goto A
ကူးထည့်ပြီးပြီဆို၇င်တော့ ......file nameကို messenger.bat လို့်သိမ်းပေးလိုက်ပါ သိမ်းပြီးပြီဆိုရင်တော့......အဲဒီဖိုင်လေးကို ပြန်ဖွင့်လိုက်ပါ.........အဲဒါဆိုရင် ipaddress ဆိုတဲ့နေရာဘေးမှာ မိမိ ပြောချင်တဲ့ သူငယ်ချင်းရဲ့ ipကို ၇ိုက်ပါ..ပြီးရင် enter...........message ဆိုတဲ့နေရာမှာတော့ မိမိပြောချင်တာ၇ိုက်ပါ english လိုပဲ ၇ိုက်လို့၇ပါတယ်................ပြီးရင်တော့ enter ၇ိုက်လိုက်ပါ ဒါဆို၇င် မိမိပြောချင်တဲ့ message က မိမိသူငယ်ချင်းရဲ့ ကွန်ပျူတာမှာသွားပေါ်ပါလိမ့်မယ်...............ပုံလေးတွေလည်းတင်ပေးလိုက်ပါတယ် .........BOLD နဲ့ပြထားတဲ့နေရာမှာ မိမိကြိုက်သလို ၇ိုက်နိုင်ပါတယ်.........ဥပမာ: ipaddress or user လို့၇ိုက်နိုင်ပါတယ်............

ပုံ (၁)


ပုံ (၂)



ပုံ (၃)


တစ်မိုးအောက်-(ပူစူး) အခုလက်ရှိအကြိုက်ဆုံး
Download
koshain17@gmail.com သို့ဆက်သွယ်နိုင်ပါတယ်။
တွယ်ရာမဲ့သော ကျွန်တော် ဘဝ
ကျွန်တော်တင်ထားသောပုံများ မတွေ့ရပါက ဒီနေရာမှာ အကောင့်ဖောက်ပါ။
ကျွန်တော် facebook မသုံးပါ။ twitter တော့သုံးပါတယ်
မောင်ပေါ်ဦး is offline   Reply With Quote
အောက်ပါအသင်းဝင် 5 ဦးတို့မှ မောင်ပေါ်ဦး အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 11-09-2016, 12:45 PM
Sai Nok Kham
မွေးကင်းစကလေး
 
Sai Nok Kham's Avatar
 
အသင်းဝင်နေ့စွဲ: Sep 2016
ရေးသားချက်များ: 4
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 32
ပို့စ် 0 ခုအတွက် 0 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
Sai Nok Kham is on a distinguished road
ပြန်စာ - MS-DOS abcd...

Microsoft. ရဲ့​ပြောင်းလဲလာ​သော window များအ​ကြောင်း သိချင်​လိုပါခင်​ဗျ မြန်​မာလို ပါခ၈်​ဗျ
Sai Nok Kham is offline   Reply With Quote
Old 12-09-2016, 06:55 PM
Sai Nok Kham
မွေးကင်းစကလေး
 
Sai Nok Kham's Avatar
 
အသင်းဝင်နေ့စွဲ: Sep 2016
ရေးသားချက်များ: 4
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 32
ပို့စ် 0 ခုအတွက် 0 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
Sai Nok Kham is on a distinguished road
ပြန်စာ - MS-DOS abcd...

Senior ​နောင်​​တော်​များခင်​ဗျား
အခုလိုမသိ​သေးသမျှကို စိတ်​ရှည်​လက်​ရှည်​နဲ့ဝိုင်းပြီး​ဖြေ​ပေးသွားတဲ့အတွက်​ မသိ​သေးတဲ့အရာ​တွေအများကြီးကို ​လေ့လာသိရှိခွင့်​ရသွားတဲ့အတွက်​ ​ကျေးဇူးအများကြီးတင်​ပါတယ်​ခင်​ဗျ
Sai Nok Kham is offline   Reply With Quote
Reply

တန်ဆာပလာများ
ဖော်ပြမှုပုံစံ

Posting Rules
You may not post new threads
You may not post replies
You may not post attachments
You may not edit your posts

BB code is On
Smilies are On
[IMG] code is On
HTML code is Off

ဖိုရမ်တွေ ကျော်ရောက်ချင်ရင် !

အခြားဆင်တူဆွေးနွေးချက်များ
ဆွေးနွေးချက် စတင်ရေးသားသူ ကွပ်ပျစ်ဝိုင်း ပြန်စာများ နောက်ဆုံးပို့စ်
String ကိုပြောင်းချင်လို့ပါ Zeiya ဆွေးနွေးချက်များ 2 05-02-2011 03:49 AM


ဖိုရမ်၏ ပင်မအချိန်သည် ဂရင်းနစ်စံတော်ချိန် +6.5 ဖြစ်သည်။ဒေသစံတော်ချိန် 08:34 PM
Inactive Reminders By Icora Web Design