Old 02-09-2010, 01:48 PM
ချစ်သားငယ်လေး
ကိုယ်ပိုင်အစွမ်းရှိပြီးသူ
 
ချစ်သားငယ်လေး's Avatar
 
အသင်းဝင်နေ့စွဲ: Jun 2008
တည်နေရာ: ရန်ကုန်
ရေးသားချက်များ: 222
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 424
ပို့စ် 145 ခုအတွက် 451 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
ပုံများ: 2
ချစ်သားငယ်လေး is on a distinguished road
ပြန်စာ - Excel File မှာ အသုံးပြုနိုင်ဖို့အတွက်

Quote:
Originally Posted by soe.tintin View Post
င်္င်္င်္Formular bar, Data bar ကို မသုံးတက်တဲ့အတွက်သုံးနိုင်အောင်ပြောပြပေးပါ့လား? ဒါမမဟုတ် ဘယ်လိုစာအုပ်ကို ၀ယ်ကြည့်ရင် Excel File တွေကို ကောင်းကောင်းသုံးနိုင်မလဲ ပြောပေးပါရှင်

မတင်တင်စိုးခင်ဗျာ .... အောက်ကလင့်လေးမှာ စာအုပ်တွေရှိပါတယ် ....
http://www.myanmarfamily.org/forum/s...ead.php?t=3714
ကိုရာမည ဖိုးလပြည့်တင်ပေးထားတာပါ ...
အရင်လေ့လာလိုက်ပါဦးဗျာ ....

[COLOR="Red"][B]ယနေ့ကြုံတွေ့ခဲ့ရသော...အနှောင့်အယှက် အခက်အခဲမှန်သမျှသည်
မနက်ဖြန်အတွက် ကျွန်ုပ်ကို လေ့ကျင့်ပေးသော အရာများ သက်သက်သာဖြစ်သည်။
[/B][/COLOR]

လေ့လာသင်ယူခွင့်ရတဲ့အတွက် .......
ကျေးဇူးတင်လျက် ........
ချစ်သားငယ်လေး ....

[SIGPIC]http://img375.imageshack.us/img375/175/att00000.gif[/SIGPIC]



[B][FONT="Tahoma"][COLOR="Red"]chittharngelay@myanmarfamily.org[/COLOR][/FONT][/B]
[B][FONT="Tahoma"][COLOR="Red"]jk.chittharngelay@gmail.com[/COLOR][/FONT][/B]
ချစ်သားငယ်လေး is offline   Reply With Quote
အောက်ပါအသင်းဝင် 4 ဦးတို့မှ ချစ်သားငယ်လေး အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 11-09-2010, 08:01 AM
ချစ်သမီး
ကြီးကောင်ဝင်စ
 
အသင်းဝင်နေ့စွဲ: Sep 2010
တည်နေရာ: အေးမြတဲ့ မိဘအရိ&
ရေးသားချက်များ: 83
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 1,377
ပို့စ် 79 ခုအတွက် 843 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
ချစ်သမီး is on a distinguished road
ပြန်စာ - Excel အကြောင်းလေးပြောကြည့်ရအောင်

ချစ်သမီးလဲနဲနဲလောက်ဝင်ရေးလိုက်အုံးမယ်နော်
cell ကွက်တွေထဲမှာ ပြန်ပြင်စရာတွေရှိတယ်ဆိုရင်တော့ cell pointer နဲ့ ကိုယ်ပြင်ချင်တဲ့ cell ကွက်ပေါ်ကိုတစ်ချက်နှိပ်ပြီးတော့
keyboard ပေါ်က F2 key လေးကိုတစ်ချက်နှိပ်ပေးလိုက်ရင် ကိုယ်ပြင်မယ့် cell ကွက်ထဲကို cursor ရောက်လာမှာပါ
mouse နဲ့ double click ပေးပြီးတော့လဲ cursor ခေါ်ပေးလို့ရပါတယ် cursor ကိုမခေါ်ပဲ cell ကွက်ပေါ်မှာ စာရေးလိုက်မယ်ဆိုရင်တော့ အရင်ကရေးပြီးသားစာတွေ ပျောက်သွားမှာပါ
သိပြီးသားတွေဖြစ်မယ်ထင်တယ်နော် ချစ်သမီးတော့ အမြဲတမ်းဖြစ်တတ်ပါတယ် အသက်ကစကားပြောလာတော့ မေ့ပြီး ဖြစ်ဖြစ်သွားလို့
ချစ်သမီး is offline   Reply With Quote
အောက်ပါအသင်းဝင် 8 ဦးတို့မှ ချစ်သမီး အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 23-09-2010, 08:51 PM
ချစ်သမီး
ကြီးကောင်ဝင်စ
 
အသင်းဝင်နေ့စွဲ: Sep 2010
တည်နေရာ: အေးမြတဲ့ မိဘအရိ&
ရေးသားချက်များ: 83
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 1,377
ပို့စ် 79 ခုအတွက် 843 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
ချစ်သမီး is on a distinguished road
ပြန်စာ - Excel အကြောင်းလေးပြောကြည့်ရအောင်

Excel မှာ copy ကူးတော့မယ်ဆိုရင် ကိုယ်copy ကူးချင်တဲ့ sheet ပေါ်မှာ right click ပေးပြီးတော့ move or copy ကိုနှိပ်လိုက်ရင် နောက်ထပ် sheet အသစ် ပေါ်လာမှာပါ ဥပမာပေါ့နော် sheet 1 ကို copy ကူးတယ်ဆိုရင် sheet 1 (2) ဆိုပြီး ပြင်စရာမလိုတဲ့ sheet အသစ်တစ်ရွက်ပါလာမှာပါ copy & paste ကျတော့ သူက sheet ထဲမှာ row & column တွေကို ပြန်ပြင်ရတတ်ပါတယ် move or copy ကျတော့ ပြင်စရာမလိုတော့ပါဘူး။။။
ချစ်သမီး is offline   Reply With Quote
အောက်ပါအသင်းဝင် 2 ဦးတို့မှ ချစ်သမီး အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 26-09-2010, 09:31 AM
မမြကလေး
လမ်းလျှောက်တတ်စ
 
အသင်းဝင်နေ့စွဲ: Mar 2009
ရေးသားချက်များ: 14
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 49
ပို့စ် 5 ခုအတွက် 26 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
မမြကလေး is on a distinguished road
ပြန်စာ - Excel အကြောင်းလေးပြောကြည့်ရအောင်

Quote:
Originally Posted by maJunior View Post
ရက်စွဲတွေမှာ (-)လေးတွေ ရိုက်ရပါတယ်..
အဲဒီ - လေးတွေရိုက်မရ ရင်...(-)ပေါ်အောင် ရိုက်ဖို့ကတော့ ...(-)မရိုက်ခင်မှာ
ရှေ့က (ဒ)လေးရှေ့က ခံပြီးရိုက်ရင်ရပါတယ်...
Refers to above,pleased to verify that we have to type 3( three) before we type dash (-)..???
I'm confused Kindly explain more..thanks.

သူတော်ဆီးကပ်
မြတ်တရားနာ
လျော်စွာအကျင့်
မဂ်ဖိုလ်အခွင့်
ရလင့်ဧကန်သာ။:43:

Last edited by tu tu; 26-09-2010 at 10:44 AM.. Reason: add quote
မမြကလေး is offline   Reply With Quote
အောက်ပါအသင်းဝင်မှ မမြကလေး အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 26-09-2010, 11:15 AM
tu tu
ကြီးကြပ်ရေးမှူး
 
tu tu's Avatar
 
အသင်းဝင်နေ့စွဲ: Oct 2007
ရေးသားချက်များ: 4,384
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 15,532
ပို့စ် 3,056 ခုအတွက် 13,948 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
ပုံများ: 171
tu tu is on a distinguished road
ပြန်စာ - Excel အကြောင်းလေးပြောကြည့်ရအောင်

Quote:
Originally Posted by မမြကလေး View Post
Refers to above,pleased to verify that we have to type 3( three) before we type dash (-)..???
I'm confused Kindly explain more..thanks.

Quotation marks or inverted commas (') ကို ပြောထာထင်တယ် ညီမရေ...
မြန်မာလက်ကွက်ဝင်ပြီး ဒဒွေး (ဒ) ဖြစ်သွားတာထင်ရဲ့။

ဝ,လုံး ရေးဖို့ကျောက်တံသွေးနေသူ
tutu@myanmarfamily.org
tu tu is offline   Reply With Quote
အောက်ပါအသင်းဝင် 4 ဦးတို့မှ tu tu အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 29-09-2010, 09:32 AM
မောင်ရဲနိုင်ထွန်း
မွေးကင်းစကလေး
 
အသင်းဝင်နေ့စွဲ: Mar 2010
ရေးသားချက်များ: 1
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 0
ပို့စ် 0 ခုအတွက် 0 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
မောင်ရဲနိုင်ထွန်း is on a distinguished road
Icon13 ပြန်စာ - Excel အကြောင်းလေးပြောကြည့်ရအောင်

သူများနေ က excel ဆိုတော့ကျွန်တော်လည်း လိုက် excel ကြည့်လိုက်မယ်နော်
အခုကျွန်တော် ဖန်တီးထားတဲ့ ဗေဒင်လေးကို စမ်းကြည့်ပါနော်
ကောင်းသည် ဖြစ်စေ မကောင်းသည်ဖြစ်စေပေါ့
လေ့လာမိသမျှလေးတွေနဲ့ သူငယ်ချင်းတွေကိုဝေမျှတာပါ
ရေးထားတဲ့ဖိုင်ကို password လေးပေးထားပါတယ်
password ဖြည့်မှ အထဲမှာ ရေးထားတဲ့ formula တွေကိုသိရမှာပါ
password သိချင်ရင်တော့ yenaypaing@gmail.com ကိုစာပို့ပြီးတောင်ယူပါနော်
လေ့လာမိသမျှလေးတွေကို ဝေမျှချင်တာကျွန်တော့စေတနာပါ။
အောက်မှာဒေါင်းယူလိုက်ပါနော်
http://ifile.it/m9qhy23

Last edited by မောင်ရဲနိုင်ထွ&#; 29-09-2010 at 09:57 AM..
မောင်ရဲနိုင်ထွန်း is offline   Reply With Quote
Old 07-10-2010, 10:20 PM
linthuraaung
လမ်းလျှောက်တတ်စ
 
linthuraaung's Avatar
 
အသင်းဝင်နေ့စွဲ: Oct 2008
ရေးသားချက်များ: 16
ကျေးဇူးတင်စကား: 595
ပို့စ် 7 ခုအတွက် 20 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
linthuraaung is on a distinguished road
ပြန်စာ - Excel အကြောင်းလေးပြောကြည့်ရအောင်

အိပ်ဇဲ မှာ နုတ်တာလေးကို ပြောပြမယ်
အေ၀မ်း ထဲက အေတူး ကို နုတ်မယ်ဆို၇င် အေသရီး အကွက်မှာ ညီမျှခြင်း ပြီးရင် အေ၀မ်းအကွက် ကို မောက်စ် နဲ့ထောက်ပြီး အနုတ် ရိုက် ပြီးရင် အေတူးကို မောက်စ်နဲ့ ထောက်ပြီး ရင် အမ်းတား ခေါက်ကြည့်လိုက်ပါ အနော်လည်း သိတာဖျီးရတာဗျ ဟိဟီး
linthuraaung is offline   Reply With Quote
Old 21-11-2010, 01:47 PM
naychiyoon
ဆယ်ကျော်သက်
 
naychiyoon's Avatar
 
အသင်းဝင်နေ့စွဲ: Sep 2010
တည်နေရာ: ချင်းဒေသ
ရေးသားချက်များ: 51
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 91
ပို့စ် 33 ခုအတွက် 147 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
naychiyoon is on a distinguished road
ပြန်စာ - Excel အကြောင်းလေးပြောကြည့်ရအောင်

နေခြည်လဲ သူများတွေပြောနေကြတာ မြင်တော့ အားကျတယ်။ နည်းနည်းလောက် သိတာလေး ၀င်ပြောကြည့်မယ်နော်။မသိသေးဘူးဆိုရင်တော့ သူငယ်ချင်းတွေအတွက်အဆင်ပြေမှာပေါ့နော်။သိပြီးသား သူငယ်ချင်းတွေဆိုရင်လဲ သိပြီးသားလို့ပဲ သဘောထားလိုက်ပါနော်
Excel 2007 နဲ့ပဲပြောလိုက်မယ်နော် Freeze Panes လုပ်နည်းလေးပါ။
Excel မှာ Column တွေ Row တွေအများကြီးသုံးရတဲ့အခါမှာ ရှေ့ဆုံးက Row တို့ Column တို့ကို မမြင်ရတော့ပဲ ဖြစ်သွားတတ်ပါတယ်။အဲလိုမျိုးမဖြစ်ချင်ရင်တော့ Ribbon Bar တန်းမှာရှိတဲ့ View Tab>>Window Group>>Freezw Panes ကိုclick လိုက်ပါ။ အဲထဲမှာ သုံးမျိုးပါပါတယ်။ Freeze Panes ကတော့ သူ့အလိုလို သတ်မှတ်ပေးသွားပါလိမ့်မယ်။
Freeze Top Row ကတော့ ပထမဆုံး Row 1 ကို ချန်ထားပေးသွားပါလိမ့်မယ်။စမ်းချင်ရင် (Ctrl+Dow Arrow) ကိုနှိပ်ကြည့်လိုက်ပါ။နောက်ဆုံး Row 1048576 အထိရောက်သွားတာတောင် Row 1 ကကျန်နေပါလိမ့်မယ်။ Freeze First Column ကလဲ ပထမဆုံး Column A ကိုချန်ထားပေးသွားပါမယ်။နောက်ဆုံး Column XFD ကို (Ctrl+Right Arrow) သုံးပြီးသွားကြည့်လိုက်ပါ။ မူလအတိုင်းပဲ ပြန်ရချင်တယ်ဆိုရင်တော့ Unfreeze Panes ကိုပြန်နှိပ်လိုက်ပါ။
အဆင်ပြေကြပါစေနော်
နေခြည်ရှင်းပြတာ အဆင်မပြေရင် ပြန်မေးပါနော်

[CENTER][B][I][COLOR="Blue"][SIZE="2"]
- - - - - ငါသည်မပျင်း ဇွဲမာန်တင်းက အောင်မြင်ခြင်းသည် မနက်ဖြန် - - - -

[/SIZE][/COLOR][/I][/B][/CENTER]
[RIGHT][CENTER]:loudspeaker:[/CENTER][SIGPIC][/SIGPIC][/RIGHT]
naychiyoon is offline   Reply With Quote
အောက်ပါအသင်းဝင် 7 ဦးတို့မှ naychiyoon အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 27-11-2010, 10:25 PM
naychiyoon
ဆယ်ကျော်သက်
 
naychiyoon's Avatar
 
အသင်းဝင်နေ့စွဲ: Sep 2010
တည်နေရာ: ချင်းဒေသ
ရေးသားချက်များ: 51
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 91
ပို့စ် 33 ခုအတွက် 147 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
naychiyoon is on a distinguished road
ပြန်စာ - Excel အကြောင်းလေးပြောကြည့်ရအောင်

နေခြည် တစ်ခုလောက်ပြောပြအုန်းမယ်နော်။ မသိသေးရင်တော့ သိတာလေး တစ်ခုထပ်တိုးသွားတာပေါ့နော်။
သိပြီးသား ဖြစ်ဖို့များမယ်ထင်ပါတယ်။နေခြည်ရေးပေးချင်လို့ ရေးလိုက်ပီနော်။ စာရေးချင်စိတ် ပေါက်နေတုန်းလေးမလို့ပါ။Protect Sheet နဲ့ Protect Workbook အကြောင်းပြောချင်ပါတယ်

Excel 2007 မှာ
Excel ရဲ့ sheet စာမျက်နှာပေါ်တွေက cell ကွက်တွေပေါ်မှာ စာရေးလို့မရအောင်လုပ်မယ်ဆိုပါဆို့။ဒါဆိုရင်တော့
Ribbon Bar >>Review Tab>>Changes Group မှာရှိတဲ့ Protect Sheet ဆိုတဲ့ သော့ပုံလေးကို click လိုက်ပါ။
Protect Sheet Dialog Box လေးကျလာပါလိမ့်မယ်။ အဲဒီ Box လေးရဲ့ အပေါ်ဆုံးမှာ ရှိတဲ့ Protect work sheet and contents of locked cells ဆိုတဲ့စာသားဘေးက လေးထောင့်ကွက်လေးမှာ အမှန်ခြစ်မရှိသေးရင် တစ်ချက်ကလစ်ပေးလိုက်ပါ။ အမှန်ခြစ်ပေါ်သွားပီဆိုရင် Password to unprotect sheet စာသားအောက်က အကွက်မှာ မိမိပေးချင်တဲ့ password ကို ရေးလိုက်ပါ။ ပြီးရင် 0k ပါ။ နောက်တစ်ခါ Reenter password လာတောင်းပါလိမ့်မယ် စောစောက အတိုင်း ထပ်ရေးပေးပြီး Ok လိုက်ပါ။ဒါဆိုရင်တော့ cell ကွက်တွေပေါ်မှာ စာရေးလို့မရတော့ပါဘူး။ ရုံးတွေဘာတွေမှာ ခဏတစ်ဖြုတ် အပြင်သွားချင်တဲ့အခါမှာ အဲလိုလေး password ပေးထားခဲ့တော့ ကို့အလုပ်ကို သူများလာပြင်သွားလို့ မရတော့ဘူးပေါ့။ password ပြန်ဖြေချင်ရင်တော့ စောစောက click ခဲ့တဲ့ သော့နဲ့ပုံလေးက unprotect sheet ပြောင်းနေပါလိမ့်မယ် ။အဲဒါလေးကို ပြန် click ပီး
password ပြန်တောင်းရင် စောစောက ပေးခဲ့တဲ့ Password ပြန်ပေးလိုက်ယုံပဲပေါ့။

Protect Workbook ကတော့ စောစောက သော့ပုံလေးရဲ့ ညာဘက်ကပ်လျှက်မှာရှိတဲ့ နောက်ထပ် သော့ပုံလေးနဲ့ ပုံလေးပါပဲ။ အဲဒါလေးကို click လိုက်ပါ။ Protect Structure and Windows ဆိုတဲ့ စာသားလေးကို click လိုက်ပါ။ Dialog Box ကျလာရင် Structure ရယ် Windows ဘေးမှာရှိတဲ့ လေးထောင့်ကွက်လေးတွေမှာ အမှန်ခြစ် ပေးလိုက်ပါ။ ပြီးရင် password ပေးပြီး 0k လိုက်ပါ။ ဒါဆိုရင်တော့
sheet အသစ်တောင်းလို့ မရတော့ပါဘူး။password ပြန်ဖြေချင်ရင်တော့ စောစောက အပေါ်မှာ ပြောခဲ့တဲ့အတိုင်း ပြန်လုပ်လိုက်ပါ။ အဆင်ပြေပါစေနော်

[CENTER][B][I][COLOR="Blue"][SIZE="2"]
- - - - - ငါသည်မပျင်း ဇွဲမာန်တင်းက အောင်မြင်ခြင်းသည် မနက်ဖြန် - - - -

[/SIZE][/COLOR][/I][/B][/CENTER]
[RIGHT][CENTER]:loudspeaker:[/CENTER][SIGPIC][/SIGPIC][/RIGHT]
naychiyoon is offline   Reply With Quote
အောက်ပါအသင်းဝင် 7 ဦးတို့မှ naychiyoon အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 08-03-2011, 11:24 PM
တောဂေါ်လီ
ကိုယ်ပိုင်အစွမ်းရှိပြီးသူ
 
အသင်းဝင်နေ့စွဲ: Nov 2008
ရေးသားချက်များ: 272
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 609
ပို့စ် 233 ခုအတွက် 1,114 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
တောဂေါ်လီ is on a distinguished road
မေးပါရစေ

ကိုကေဇက်ကို ဗစ်ဇစ်တာမက်ဆေ့အနေနဲ့ ရေးပြီးမေးထားပါတယ်။ အခု ကိုနေမင်းက ညွှန်ပေးတာမို့ ဒီအောက်မှာလည်း ရေးလိုက်ပါတယ်။ သိတဲ့သူများဖြေပေးကြပါနော်။

  1. အိတ်ဇဲမှာ မိုက်ခရိုဆိုတာ ဘာအသုံးဝင်သလဲဗျ။
  2. ဖတ်ရမှာတော့ နည်းနည်းရှည်တယ်ဗျ။ ကျွန်တော်က Itemနံပါတ် စာရင်းတွေကို နံပါတ်ရိုက်ရမယ့် ကော်လံ အောက်က Cell အားလုံးကို Format က Text လုပ်ပေးထားပါတယ် ။ ဒါမှ ( 0135 ) စသည်ဖြင့် ကိုယ်ရိုက်တဲ့ Cell အကွက်မှာ သုညပါ ပေါ်ပေးအောင်လို့ပါ ။ စာရင်းတွေကို အော်တို ဖေတာနဲ့ ရိုက်ရှာတဲ့ အခါမှာ အဓိက အားဖြင့် Text လုပ်ထားတဲ့ Itemနံပါတ် အောက်က အော်တိုဖေတာကော်လံမှာ ရှာပါတယ်။
    ဒီအခါမှာ Text ရွေးပြီး ကိုယ်တိုင်ရိုက်ထားတဲ့ နံပါတ်ကိုမှ အော်တိုဖေတာထဲက ကွန်တိန်းနဲ့ ရှာရာမှာ ထွက်ပေးလို့ပါ
    ကျွန်တော်လုပ်ခဲ့ပုံလေးက ...
    တခြားဖိုင်ကနေ ကော်လံလိုက် ကော်ပီဆွဲလာတဲ့ Text မဟုတ်တဲ့ နံပါတ်တွေကို ကိုယ်လိုရာ Sheet ထဲကို ကော်ပီကူးထည့်၊ ထည့်ပြီးတော့ ထည့်တဲ့ နံပါတ်အားလုံး ကော်လံလိုက် Format ကို Text ပြန်ပြောင်းပေမယ့် အော်တိုဖေတာ Equal နဲ့သာ နံပါတ်သေချာမှတ်မိမှ ရှာလို့ရပြီးတော့ နံပါတ်သေချာမမှတ်မိလို့ Contain နဲ့ ရှာရာမှာ ထွက်မပေးပါဘူး။ ဥပမာ 600 နံပါတ်ကို 60 Contain နဲ့ မရှာပေးပါဘူး။ ဒါကို ထွက်ပေးစေချင်ရင် ကိုယ်ရှာမရတဲ့ နံပါတ်အားလုံးကို သွားပြီး Format ကို Text အနေနဲ့ ကိုယ်တိုင်ရိုက်လိုက်မှ 600 လို့ ရိုက်လိုက်မှ 60 Contain နဲ့ ရှာပေးပါတော့တယ်။

    ကိုယ်က နံပါတ်သေချာ မမှတ်မိလို့ Equal နဲ့ မရှာနိုင်လို့ Contain နဲ့ ရှာပါတယ်ဆိုမှ အခုဟာက မမှတ်မိတဲ့ နံပါတ်တွေကို အရင်ရှာ ။ ကိုယ်တိုင် Format က Text နဲ့ ရိုက်ထည့်ပေးရလိုဖြစ်နေတယ်။ အကြံပေးပါဦးဗျ။ မိုက်ခရိုနဲ့ ဆိုင်လားမသိဘူးနော်။
တောဂေါ်လီ is offline   Reply With Quote
အောက်ပါအသင်းဝင် 3 ဦးတို့မှ တောဂေါ်လီ အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 07-05-2011, 08:25 PM
အောင်လွင်ဦး
ကိုယ်ပိုင်အစွမ်းရှိပြီးသူ
 
အသင်းဝင်နေ့စွဲ: Aug 2008
တည်နေရာ: မူဆယ်
ရေးသားချက်များ: 304
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 545
ပို့စ် 200 ခုအတွက် 805 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
အောင်လွင်ဦး is on a distinguished road
ပြန်စာ - Excel အကြောင်းလေးပြောကြည့်ရအောင်

သူများတွေက excel အကြောင်း ဆွေးနွေးတယ်။ ကျွန်တော်က မေးမယ်။ ကျွန်တော်တို့ ငွေစာရင်းရှင်းတမ်းတွေ excel နဲ့ ပြုစုတဲ့အခါမှာ တစ်ချို့ cell တွေမှာ ' 0 ' အဖြေထွက်တာတွေရှိပါတယ်။ အထက်ကိုတင်ပြတဲ့အခါမှာ ' 0 ' ဆိုတာကြီးက ရုပ်ဆိုးတဲ့အတွက် ' - ' လို့ ပြောင်းပြီး တင်ပြရပါတယ်။ ' - ' လို့ပြောင်းလိုက်တာနဲ့ အဲဒီ cell နဲ့ ပတ်သက်နေဆက်စပ်နေ တဲ့ cell တွေမှာ Formulas တွေ ပျက်ကုန်ပါတယ်။ ကျွန်တော်ကြားဖူးတာက ' 0 ' အဖြေထွက်တဲ့ cell မှာ အလိုအလျောက် ' - ' ပြောင်းအောင် လုပ်တဲ့နည်းရှိတယ်လို့ ကြားဖူးပါတယ်။ ' - ' ပြောင်းသွားပေမယ့်လည်း အဲဒီ cell ရဲ့ တန်ဖိုးဟာ ' 0 ' ပဲ ဖြစ်ပြီး ဆက်စပ်နေတဲ့ cell တွေမှာလည်း formulas တွေ မပျက်ဘူးလို့ သိရပါတယ်။ သိရှိတဲ့ ညီအကို မောင်နှမများ ရှင်းပြပေးပါဦး။
အောင်လွင်ဦး is offline   Reply With Quote
အောက်ပါအသင်းဝင်မှ အောင်လွင်ဦး အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 08-05-2011, 10:08 AM
unique
ကလေးပေါက်စ
 
အသင်းဝင်နေ့စွဲ: Jan 2009
ရေးသားချက်များ: 47
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 226
ပို့စ် 34 ခုအတွက် 99 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
unique is on a distinguished road
ပြန်စာ - Excel အကြောင်းလေးပြောကြည့်ရအောင်

Quote:
Originally Posted by အောင်လွင်ဦး View Post
' 0 ' အဖြေထွက်တဲ့ cell မှာ အလိုအလျောက် ' - ' ပြောင်းအောင် လုပ်တဲ့နည်းရှိတယ်လို့ ကြားဖူးပါတယ်။ ' - ' ပြောင်းသွားပေမယ့်လည်း အဲဒီ cell ရဲ့ တန်ဖိုးဟာ ' 0 ' ပဲ ဖြစ်ပြီး ဆက်စပ်နေတဲ့ cell တွေမှာလည်း formulas တွေ မပျက်ဘူးလို့ သိရပါတယ်။ သိရှိတဲ့ ညီအကို မောင်နှမများ ရှင်းပြပေးပါဦး။
1) right click on the cell
2) pls choose format cells
3) then, choose ''custom'' under ' Number Tab'
4) need to choose either this formart : _(*#,##0_);_(#,##0);-(''-''); _ or ( including 2 decimal format ) (*#,##0.00_);_(#,##0.00);-(''-'');_


All performance you do on everything is your morality..
unique is offline   Reply With Quote
အောက်ပါအသင်းဝင် 10 ဦးတို့မှ unique အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 08-05-2011, 11:10 AM
အောင်လွင်ဦး
ကိုယ်ပိုင်အစွမ်းရှိပြီးသူ
 
အသင်းဝင်နေ့စွဲ: Aug 2008
တည်နေရာ: မူဆယ်
ရေးသားချက်များ: 304
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 545
ပို့စ် 200 ခုအတွက် 805 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
အောင်လွင်ဦး is on a distinguished road
ပြန်စာ - Excel အကြောင်းလေးပြောကြည့်ရအောင်

အရမ်းကို ကျေးဇူးတင်ပါတယ်။ ကျွန်တော်က office 2010 သုံးပါတယ်။ office 2010 ထဲမှာ ရှာကြည့်တော့ _(* #,##0.00_);_(* (#,##0.00);_(* "-"??_);_(@_) နဲ့ အဆင်ပြေသွားပါတယ်။
အောင်လွင်ဦး is offline   Reply With Quote
အောက်ပါအသင်းဝင် 2 ဦးတို့မှ အောင်လွင်ဦး အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 27-05-2011, 09:09 PM
မောင်အောင်ဟိန်းအေး
အရွယ်ရောက်သူ
 
အသင်းဝင်နေ့စွဲ: Sep 2010
ရေးသားချက်များ: 188
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 1,129
ပို့စ် 178 ခုအတွက် 1,150 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
မောင်အောင်ဟိန်းအေး will become famous soon enough
ပြန်စာ - Excel အကြောင်းလေးပြောကြည့်ရအောင်

အစ်ကိုတို့အစ်မတို့ရေ . . . .
ကိုယ်စက်ထဲမှာရှိတဲ့ excel 2003 file ကို အခြားစက်တွင် ကော်ပီကူးပြီး run လို့မရအောင် ပြုလုပ်၍ရတယ်လို့ ကြားဖူးပါတယ် . . . ဘယ်လိုပြုလုပ်ရတယ်ဆိုတာ သိတဲ့အစ်ကိုအစ်မတွေ မျှဝေပေးကြပါဦးခင်ဗျာ . . . password ဖြင့် ပိတ်ထားခြင်း ဆိုလိုခြင်းမဟုတ်ပါခင်ဗျာ . . .. မိမိစက်တွင် run သော်လည်း အခြားစက်တွင် copy ကူးပြီး ထည့်ပါက ထို excel program လေး အလုပ်မလုပ်နိုင်အောင် ပြုလုပ်တဲ့နည်းလေးကို သိရှိလိုတာ ဖြစ်ပါတယ်ခင်ဗျာ . . . .

[LIST][*][URL="http://www.myanmarfamily.org/forum/showthread.php?t=22428"][B]ကွန်ပျုတာ.နည်းပညာစာအုပ်များ[/B][/URL][/LIST][LIST][*][URL="http://www.myanmarfamily.org/forum/showthread.php?p=200981#post200981"]မြန်မာမိသားစုဖိုရမ် အသုံးပြုနည်း[/URL][/LIST]
မောင်အောင်ဟိန်းအေး is offline   Reply With Quote
အောက်ပါအသင်းဝင်မှ မောင်အောင်ဟိန်းအေး အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 28-05-2011, 01:25 PM
ငြိမ်းချမ်း
MF Contributor
 
အသင်းဝင်နေ့စွဲ: May 2009
ရေးသားချက်များ: 666
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 2,764
ပို့စ် 556 ခုအတွက် 3,044 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
ပုံများ: 6
ငြိမ်းချမ်း is on a distinguished road
ပြန်စာ - Excel အကြောင်းလေးပြောကြည့်ရအောင်

excle နဲ့ပါတ်သက်ပြီးတော့ ပြောနေကြတာ တွေ့တာတော့ ကြာလှပေါ့..ဒါပေမယ့် ကိုယ်က စာရင်းအင်းနဲ့ပတ်သက်ပြီး ဘာမှ မလုပ်ဖြစ်တော့ စိတ်မ၀င်စားခဲ့ဘူး…
office ကို အင်စတော လုပ်တယ်ဆိုရင်တောင်မှ word ကိုပဲ ရွေးပြီး လုပ်ခဲ့တာ excle.power point ဘာမှ မထည့်ဘူး..
ဒါကလည်း စာတွေ ဖတ်လို့ရအောင်ဆိုလို့…ခုတော့ စားပေါက်တစ်ပေါက်ရလာလို့
အကူအညီတောင်းရတော့မယ်….တရားဝင်တော့မဟုတ်ဘူး…ဥပဒေနဲ့လွတ်ကင်းတာ မဟုတ်လို့ လန့်တော့ လန့်မသွားကြနဲ့ဦး…သူငယ်ချင်းတစ်ယောက်က အ၀စားတဲ့..
သူကချဲလုပ်တာ ..ကိုယ်ကတော့ ၀ါသနာမပါပါဘူး…စားရမယ် ဆိုလို့ပါ..
ဒီလိုပါ..သူလုပ်ချင်တာက
00
01
02
03
04
05
--
--
--
99 …အထိကို ဂဏန်းတွေကိုစီထားမယ်..
ချဲထိုးတဲ့သူက ထိုးချင်သလောက်ထိုးမယ်…အဲဒီမှာမှ
သူက 500 ဆိုပြီး limite ပေးထားလိုက်မယ်ဆိုရင်ထိုးတဲ့သူတွေက 800 ဖိုးလောက်ထိုးမယ်ဆိုပါတော့ ဂဏန်း တစ်လုံးရဲ့ဘေးမှာ အကွက်တွေအများကြီး ထားထားမယ်..သူက ရိုက်ထည့်သွားမယ်..100၊150၊130၊….. စသည်ဖြင့်ပေါ့
အဲ…500 ထက်ကျော်ပြီးသွားတဲ့ဟာတွေက အကွက်တစ်ကွက်မှာ အပိုငွေတွေအဖြင့်
သွားပေါ်စေချင်တာအထက်ကပြောသလိုမျိုးအားလုံးပေါင်းထိုးတဲ့ငွေတွေက
800 ဆိုရင် တစ်ဖက်မှာ ပေါ်မှာက 300 ပေါ့…အဲလိုလုပ်ဖို့က excle နဲ့ရလောက်မယ် ထင်လို့ပါ..အချို့ပြောတာကတော့ အဲဒါအတွက် ဆော့ဝဲ သက်သက် ရှိတယ်လို့တောင် ပြောကြတယ်…ကဲ ဘယ်သူများကူညီပေးနိုင်ကြမလဲဗျာ…
အကယ်၍သာ ရှင်းပြပေးကြမယ်ဆိုရင်လဲ office 2003 လောက်နဲ့ပဲ ပြောပြကြပါနော်…
ကျန်တာ မတတ်ဘူးဗျ….(ရမရမသိဘူး…တောင်းတာက များနေပြီ)

.




တစ်ခုခု အကူအညီတောင်းတော့မည်ဆိုလျှင် မေးမြန်းမှု အတတ်ပညာ ကိုဖတ်ပေးကြပါ။
ဒို့ဗမာ ဆိုတဲ့သီချင်းလေးကို အရမ်းကြိုက်နေတယ်-----> Download
ငြိမ်းချမ်း is offline   Reply With Quote
Old 28-05-2011, 02:50 PM
မောင်အောင်ဟိန်းအေး
အရွယ်ရောက်သူ
 
အသင်းဝင်နေ့စွဲ: Sep 2010
ရေးသားချက်များ: 188
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 1,129
ပို့စ် 178 ခုအတွက် 1,150 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
မောင်အောင်ဟိန်းအေး will become famous soon enough
ပြန်စာ - Excel အကြောင်းလေးပြောကြည့်ရအောင်

ကိုငြိမ်းချမ်းရေ . . စမ်းရေးပြီးတင်ပေးလိုက်ပါတယ် . . . sheet 1 မှာ ရတဲ့ငွေတွေရိုက်ထည့်ရုံပါဘဲ . . . sheet 2 မှာ ပိုငွေကိုကြည့်ဗျ . . . . sheet 3 မှာက sheet 1 ကစုစုပေါင်းနဲ့ sheet 2 ကစုစုပေါင်းကို ပြထားပါတယ် . . . အစ်ကို လိုချင်တဲ့ ပုံစံဟုတ်မဟုတ်တော့ မသိဝူး . . .

http://www.multiupload.com/RL7F1YPWFV

[LIST][*][URL="http://www.myanmarfamily.org/forum/showthread.php?t=22428"][B]ကွန်ပျုတာ.နည်းပညာစာအုပ်များ[/B][/URL][/LIST][LIST][*][URL="http://www.myanmarfamily.org/forum/showthread.php?p=200981#post200981"]မြန်မာမိသားစုဖိုရမ် အသုံးပြုနည်း[/URL][/LIST]
မောင်အောင်ဟိန်းအေး is offline   Reply With Quote
အောက်ပါအသင်းဝင် 8 ဦးတို့မှ မောင်အောင်ဟိန်းအေး အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 28-05-2011, 03:59 PM
ငြိမ်းချမ်း
MF Contributor
 
အသင်းဝင်နေ့စွဲ: May 2009
ရေးသားချက်များ: 666
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 2,764
ပို့စ် 556 ခုအတွက် 3,044 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
ပုံများ: 6
ငြိမ်းချမ်း is on a distinguished road
ပြန်စာ - Excel အကြောင်းလေးပြောကြည့်ရအောင်

ကူညီတဲ့အတွက် အရမ်းကျေးဇူးတင်ပါတယ်...ဟုတ်တော့ဟုတ်တာ သေချာနေပြီ...
ဒါပေမယ့် သတ်မှတ်ထားတဲ့ limite က 500 လို့ ဥပမာ ပေးခဲ့တာ အကယ်၍ အဲဒီ 500 ကို ပမာဏ ပြောင်းချင်သေးတယ် ဆိုရင် ဘယ်မှာသွားပြောင်းရမှာလဲ ဟင်... အခု လုပ်ထားတဲ့ဖော်မြူလာကရော ပျက်သွားမှာလား...
နောက်တစ်ချက်က သူတို့ဂဏန်းစီတာက
Code:
00
11
22
33
44
55
66
77
88
99
10
01
20
02
30
03
40
04
50
05
60
06
70
07
80
08
90
09
12
21
13
31
14
41
15
51
16
61
17
71
18
81
19
91
23
32
24
42
25
52
26
62
27
72
28
82
29
92
34
43
35
53
36
63
37
73
38
83
39
93
45
54
46
64
47
74
48
84
49
94
56
65
57
75
58
85
59
95
67
76
68
86
69
96
78
87
79
97
89
98
အဲဒီအတိုင်းပါ...အဲလိုလေး ပြန်လုပ်ပေးပါလား....အားလည်း နာပါတယ်..
အပေါ်က တင်ပေးလိုက်တဲ့ဟာကို sheet 1မှာ ကျွန်တော် ဂဏန်းတွေကို ပြင်ကြည့်တယ် sheet 2 မှာ လိုက်မပြောင်းဘူး..
sheet 2 နဲ့ 3 ကိုကျတော့ read only လို့ပြောတယ်..ပြင်ခွင့်မပေးဘူး...(ကျွန်တော်မလုပ်တတ်တာနော်...)
အဲဒါလေး တစ်ချက် သင်ကြားပေးပါဦး...

.




တစ်ခုခု အကူအညီတောင်းတော့မည်ဆိုလျှင် မေးမြန်းမှု အတတ်ပညာ ကိုဖတ်ပေးကြပါ။
ဒို့ဗမာ ဆိုတဲ့သီချင်းလေးကို အရမ်းကြိုက်နေတယ်-----> Download

Last edited by tu tu; 29-05-2011 at 01:02 AM.. Reason: add code
ငြိမ်းချမ်း is offline   Reply With Quote
Old 28-05-2011, 04:40 PM
bagothar85
အထူးအသင်းဝင်
 
bagothar85's Avatar
 
အသင်းဝင်နေ့စွဲ: Dec 2010
ရေးသားချက်များ: 1,297
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 7,571
ပို့စ် 1,345 ခုအတွက် 8,095 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
bagothar85 will become famous soon enough
ပြန်စာ - Excel အကြောင်းလေးပြောကြည့်ရအောင်

ကိုအောင်ဟိန်းအေး ကလည်း ပြောပြီးပါပြီ။ ကျွန်တော်လည်း နည်းနည်းလောက် ပြောပေးပါမယ်ခင်ဗျာ။ ကျွန်တော်လုပ်မဲ့ ပုံစံလေးကို အောက်မှာ ပုံလေးနဲ့ ပြထားပေးပါတယ်ခင်ဗျာ။



၁။ နံပါတ် (၁)ကတော့ A - Column အောက်မှာ အစ်ကို ရေးချင်တဲ့ ၀၀ ကနေ ၉၉ အထိ ဂဏန်းတွေ ရေးပါမယ်။ အဲဒီမှာ ကျွန်တော်တို့ ၀၀, ၀၁ , ၀၂.... စသည် အရှေ့မှာ သုည(၀) တွေထားနိုင်ဖို့အတွက်ကို အဲဒီ အပေါ်ဘက်ဆုံးက A ဆိုတဲ့ ဟာလေးကို နှိပ်လိုက်ပါ။ အဲဒါဆိုယင် အဲဒီ ကော်လံတစ်ခုလုံး Select ဖြစ်သွားပါလိမ့်မယ်။ ပြီးယင်တော့ Right Click - Format Cells - Number မှာ Text ဆိုတာကို ရွေးပေးရပါမယ်။ အဲဒါမှ ဂဏန်းတွေရှေ့မှာ သုည ထည့်လို့ရမှာပါ။ အဲလိုမှမလုပ်ချင်ယင်တော့ ဥပမာ ကိုယ်ရေးမဲ့ 00 ဆိုယင် အရှေ့မှာ ကော်မာ( ' ) လေးခံပေးရပါမယ်။ ( '00)။

၂။ ၂ ကတော့ ကျွန်တော်ပြထားတဲ့ B2:F2 ပါ။ အဲဒီမှာ အစ်ကို ထားချင်သလောက်အကွက်ကို ထားလို့ရပါတယ်။

၃။ ကတော့ စုစုပေါင်းဆိုတဲ့ အကွက်ပေါ့။ အဲဒီမှာ အစ်ကို နံပါတ်(၂)မှာ ထားခဲ့တဲ့အကွက်တွေကို ပေါင်းမှာပါ။ ရေးရမှာကတော့ ကျွန်တော်ပေါင်းထားလို့ ၈၀၀ လို့ပြထားတဲ့အကွက်ထဲမှာ ရေးရမှာပါ။ =SUM(B2:F2) ပေါ့။ အဲဒါကဘာလဲဆိုတော့ ကျွန်တော်နံပါတ်(၂)မှာ ပြထားခဲ့တဲ့ B2 ကနေ F2 ထိကို ကိုယ်ထည့်လိုက်တဲ့ ဂဏန်းတွေကို အဲဒီအကွက်မှာ ပေါင်းမယ်ပေါ့။

၎။ နံပါတ် (၄)ကတော့ ပိုငွေ ဆိုတဲ့ အကွက်ပေါ့။ အဲဒီမှာ =IF(G2<500,"-",IF(G2>500,G2-500)) ဆိုပြီး ကျွန်တော်ရေးထားပါတယ်။ ပုံမှန်အတိုင်းဆိုယင်တော့ =G2-500 လို့ရေးယုံပါပဲ။ အဲဒါဆိုယင် စုစုပေါင်းထဲက ထားချင်တဲ့ Limit 500 ကိုနုတ်ပြီး ပိုငွေကို တွက်ပေးမှာပေါ့။ ဒါပေမဲ့ အဲလိုရေးယင် ၅၀၀ ထက် မကျော်တဲ့အကွက်တွေဆိုယင် အရှေ့မှာ ( - ) အနုတ်လက္ခဏာတွေနဲ့ ( -၃၀၀) ပြပါလိမ့်မယ်။ အဲဒါကြောင့်ကျွန်တော်က စုစုပေါင်းဟာ ၅၀၀ ထက်ငယ်မယ်ဆိုယင် (-) ကို ပြပါဆိုပြီး ရေးလိုက်တာပါ။ (=IF(G2<500,"-", ပေါ့)။ ဟိုဘက်ကဟာကတော့ စုစုပေါင်းဟာ ၅၀၀ထက် ကြီးမယ်ဆိုယင် စုစုပေါင်းထဲက ၅၀၀ ကို နုတ်မယ်ပေါ့။( IF(G2>500,G2-500 ပေါ့)။ အဲဒီမှာ ကွင်းစ,ကွင်းပိတ်တွေ အရေးကြီးပါတယ်။ ကွင်း ၂ ခါစယင်, ၂ခါပိတ်ရပါမယ်။ အဲလောက်ပါပဲ။

*** အဲဒီမှာ ကျွန်တော်ပြောချင်တာက အကွက်တိုင်းတစ်ကွက်ချင်းစီကို ဖော်မြူလာလိုက်ရေးဖို့ မလိုပါဘူး။ အပေါ်ဆုံးတစ်ကွက်မှာပဲ ရေးပြီး အောက်ကအကွက်တွေကို Copy and Paste လုပ်လို့ရပါတယ်။ နောက်တစ်ခု အစ်ကို အဒီအကွက်တွေကို ကာလာလေးတွေနဲ့ Highlight လုပ်ချင်ယင် Format - Conditional Formatting ထဲမှာ သွားလုပ်လို့ ရသေးတယ်။ အဲဒီမှာ Greater than တို့ Less than တိုဆိုတာတွေကို ရွေးပြီး ကိုယ်သုံးချင်တဲ့ အရောင်ကို ရွေးလို့ရတယ်။ ကျွန်တော့်မှာ Excel 2003 မရှိတော့ သေချာတော့ ပြောလို့မရလို့ပါ။ အစ်ကို စမ်းလုပ်ကြည့်လိုက်ပေါ့။ အဆင်ပြေပါစေခင်ဗျာ။

Last edited by bagothar85; 28-05-2011 at 04:41 PM..
bagothar85 is offline   Reply With Quote
အောက်ပါအသင်းဝင် 12 ဦးတို့မှ bagothar85 အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 28-05-2011, 06:39 PM
ငြိမ်းချမ်း
MF Contributor
 
အသင်းဝင်နေ့စွဲ: May 2009
ရေးသားချက်များ: 666
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 2,764
ပို့စ် 556 ခုအတွက် 3,044 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
ပုံများ: 6
ငြိမ်းချမ်း is on a distinguished road
ပြန်စာ - Excel အကြောင်းလေးပြောကြည့်ရအောင်

ကျေးဇူးပါ ရသွားပါပြီ...ဒါတောင်မှပဲ =IF(G2<500,"-",IF(G2>500,G2-500)) အဲလိုမျိုးကုဒ်တွေကို ကျွန်တော်အစက နားမလည်ပါဘူး...
သူငယ်ချင်းတစ်ယောက်က ကိုယ်တိုင်လာပြီး လုပ်ပြသွားတယ်...သူလုပ်ပေးတဲ့ ဟာလေးကိုပါ.ကျွန်တော် တင်ပေးလိုက်ပါတယ်...
အခုတော့ Excle အကြောင်းကို နည်းနည်း သဘောပေါက်လာပါပြီ... တော်တော်လည်း နက်နဲတယ်လို့ ထင်မိပါတယ်...

သူငယ်ချင်း လုပ်ပေးလိုက်တဲ့ ဟာလေးပါ-----> mediafire

.




တစ်ခုခု အကူအညီတောင်းတော့မည်ဆိုလျှင် မေးမြန်းမှု အတတ်ပညာ ကိုဖတ်ပေးကြပါ။
ဒို့ဗမာ ဆိုတဲ့သီချင်းလေးကို အရမ်းကြိုက်နေတယ်-----> Download
ငြိမ်းချမ်း is offline   Reply With Quote
အောက်ပါအသင်းဝင် 4 ဦးတို့မှ ငြိမ်းချမ်း အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 31-05-2011, 10:42 AM
အောင်လွင်ဦး
ကိုယ်ပိုင်အစွမ်းရှိပြီးသူ
 
အသင်းဝင်နေ့စွဲ: Aug 2008
တည်နေရာ: မူဆယ်
ရေးသားချက်များ: 304
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 545
ပို့စ် 200 ခုအတွက် 805 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
အောင်လွင်ဦး is on a distinguished road
ပြန်စာ - Excel အကြောင်းလေးပြောကြည့်ရအောင်

နောက်တစ်ခုလောက် သိချင်လို့ပါ။ excel ဖွင့်လိုက်တိုင်း Win Researcher နဲ့ အလိုအလျောက် အဆင်သင့် ရိုက်လို့ရအောင် ပြင်ဆင်ထားလို့ ရမရသိချင်ပါတယ်။
အောင်လွင်ဦး is offline   Reply With Quote
Old 31-05-2011, 11:29 AM
မောင်အောင်ဟိန်းအေး
အရွယ်ရောက်သူ
 
အသင်းဝင်နေ့စွဲ: Sep 2010
ရေးသားချက်များ: 188
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 1,129
ပို့စ် 178 ခုအတွက် 1,150 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
မောင်အောင်ဟိန်းအေး will become famous soon enough
ပြန်စာ - Excel အကြောင်းလေးပြောကြည့်ရအောင်

excel 2003 နဲ့ကျွန်တော်စမ်းကြည့်တာ ရတော့ရတယ်ဗျ . . . ဒါပေမယ့် cell name တွေရော အကုန်ပြောင်းကုန်တယ် . . . . ပြောင်းကြည့်ချင်ရင်တော့
tool menu မှ Options ပြီးရင် General tab နှိပ် အဲဒီက Standard font နေရာမှာ အစ်ကိုလိုချင်တဲ့ font ကို ပြောင်းလိုက်ရင်ရပါပြီ . . . .

[LIST][*][URL="http://www.myanmarfamily.org/forum/showthread.php?t=22428"][B]ကွန်ပျုတာ.နည်းပညာစာအုပ်များ[/B][/URL][/LIST][LIST][*][URL="http://www.myanmarfamily.org/forum/showthread.php?p=200981#post200981"]မြန်မာမိသားစုဖိုရမ် အသုံးပြုနည်း[/URL][/LIST]
မောင်အောင်ဟိန်းအေး is offline   Reply With Quote
အောက်ပါအသင်းဝင် 3 ဦးတို့မှ မောင်အောင်ဟိန်းအေး အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 01-06-2011, 03:13 PM
ကိုပျင်း
MF Contributor
 
ကိုပျင်း's Avatar
 
အသင်းဝင်နေ့စွဲ: May 2008
တည်နေရာ: ဘီးလင်း
ရေးသားချက်များ: 425
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 3,581
ပို့စ် 180 ခုအတွက် 967 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
ကိုပျင်း is on a distinguished road
ပြန်စာ - Excel အကြောင်းလေးပြောကြည့်ရအောင်

Excel

cell ကွက်တခုထဲမှာ IF function ကို repeat ဘယ်နှစ်ခါ အများဆုံးလုပ်လို့ရပါသလဲခင်ဗျာ..။
ကျနော်ပဲမလုပ်တတ်တာလားလို့ သင်ပေးကြပါဦး

ဒီလိုပါ..
1) 1200>4
2)1630>8
3)1700>8
4)1830>11
5)1900>11
6)2030>14
7)2100>14
8)2130>15.50
9)2200>15.50
10)2230>17
11)2300>17
12)2330>18.50
13)2400>18.50
14)0300>23
15)N/S>13.50
16)O/N>25
A1 မှာ (1200) လို့ရွေးလိုက်တာနဲ့ B1 မှာ (4) ,
A1 မှာ (1630) လို့ရွေးတာနဲ့ B1 မှာ(8), ...
အစရှိသည်ဖြင့်ပေါ်ချင်တာပါခင်ဗျ

=IF(A1="1200",4,IF(A1="1630",8,IF(A1="1700",8,0))))

B1 မှာ formula ကို အဲဒီလို ရေးသွားရာကနေ (8)ခုထိပဲ အဆင်ပြေပီး (8)ခုကျော်ရင် ထပ်ပေါင်းလို့မရတော့ဘူးခင်ဗျ။
ကျနော်ရေးချင်တာက အပေါ်က ရေးပြထားသလို စုစုပေါင်း(16) ခုပါ။

သူများကိုဆရာလုပ်နေရာကနေ တန်းလန်းကြီးဖြစ်နေလို့ ကူကြပါဦး..

don't knock me without honest.
ကိုပျင်း is offline   Reply With Quote
အောက်ပါအသင်းဝင်မှ ကိုပျင်း အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 01-06-2011, 04:40 PM
မောင်အောင်ဟိန်းအေး
အရွယ်ရောက်သူ
 
အသင်းဝင်နေ့စွဲ: Sep 2010
ရေးသားချက်များ: 188
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 1,129
ပို့စ် 178 ခုအတွက် 1,150 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
မောင်အောင်ဟိန်းအေး will become famous soon enough
ပြန်စာ - Excel အကြောင်းလေးပြောကြည့်ရအောင်

ဟုတ်ပါတယ် အစ်ကိုရေ့ . . if က 8 ခါဘဲရေးလို့ရတယ် . . . ဒါပေမယ့် အဖြေထွက်ဖို့ အဓိကဆိုတော့ ကျွန်တော်ကတော့ ကြံဖန်ရေးသားပြု လုပ်ပြီးတင်ပေးလိုက်ပါတယ် . . . ကျွန်တော် နမူနာရေးထားသလို sheet2မှာ အဖြေတွေကိုတော့ ကြိုတင်ရေးထားဖို့ လိုပါလိမ့်မယ် . . .အဲလို ရေးရင်တော့ 1ကြိမ်မှ 65536 ထိရေးနိုင်ပါလိမ့်မယ် . . . အဆင်ပြေပါစေဗျာ . .
http://www.multiupload.com/6B2DU8DVKL

[LIST][*][URL="http://www.myanmarfamily.org/forum/showthread.php?t=22428"][B]ကွန်ပျုတာ.နည်းပညာစာအုပ်များ[/B][/URL][/LIST][LIST][*][URL="http://www.myanmarfamily.org/forum/showthread.php?p=200981#post200981"]မြန်မာမိသားစုဖိုရမ် အသုံးပြုနည်း[/URL][/LIST]
မောင်အောင်ဟိန်းအေး is offline   Reply With Quote
အောက်ပါအသင်းဝင် 4 ဦးတို့မှ မောင်အောင်ဟိန်းအေး အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 01-06-2011, 08:09 PM
ငြိမ်းချမ်း
MF Contributor
 
အသင်းဝင်နေ့စွဲ: May 2009
ရေးသားချက်များ: 666
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 2,764
ပို့စ် 556 ခုအတွက် 3,044 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
ပုံများ: 6
ငြိမ်းချမ်း is on a distinguished road
ပြန်စာ - Excel အကြောင်းလေးပြောကြည့်ရအောင်

အကူအညီတစ်ခု လိုလာပြန်ပြီ...
အမှားအယွင်းရှိမှာစိုးလို့ ပြင်မိမှာစိုးလို့ ဖော်မြူလာတွေကို
နောက်တစ်ခါ ကလစ်လို့ မရအောင်(read only ပေါ့ဗျာ) ဘယ်လို ပိတ်လို့ရမလဲခင်ဗျာ...အဲဒါလေး ပြောပေးကြပါဦး..

.




တစ်ခုခု အကူအညီတောင်းတော့မည်ဆိုလျှင် မေးမြန်းမှု အတတ်ပညာ ကိုဖတ်ပေးကြပါ။
ဒို့ဗမာ ဆိုတဲ့သီချင်းလေးကို အရမ်းကြိုက်နေတယ်-----> Download
ငြိမ်းချမ်း is offline   Reply With Quote
Old 01-06-2011, 08:31 PM
bagothar85
အထူးအသင်းဝင်
 
bagothar85's Avatar
 
အသင်းဝင်နေ့စွဲ: Dec 2010
ရေးသားချက်များ: 1,297
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 7,571
ပို့စ် 1,345 ခုအတွက် 8,095 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
bagothar85 will become famous soon enough
ပြန်စာ - Excel အကြောင်းလေးပြောကြည့်ရအောင်

Quote:
Originally Posted by ငြိမ်းချမ်း View Post
အကူအညီတစ်ခု လိုလာပြန်ပြီ...
အမှားအယွင်းရှိမှာစိုးလို့ ပြင်မိမှာစိုးလို့ ဖော်မြူလာတွေကို
နောက်တစ်ခါ ကလစ်လို့ မရအောင်(read only ပေါ့ဗျာ) ဘယ်လို ပိတ်လို့ရမလဲခင်ဗျာ...အဲဒါလေး ပြောပေးကြပါဦး..
ကျွန်တော်သိသလောက်လေးတော့ ပြောပေးပါမယ် ကိုငြိမ်းချမ်းခင်ဗျာ...
Excel မှာ ဖိုင်တွေကို Password ပေးပြီးသိမ်းချင်လျှင် Tools - Options - Security - Password to Open မှာ Password ပေးပြီး သိမ်းလို့ရပါတယ်။

ဖိုင်တွေကို ပြင်လို့မရအောင် လုပ်ချင်ယင်တော့ .. Tools - Protection - Protect Sheet မှာ Password ပေးလို့ရပါတယ်ခင်ဗျာ။
bagothar85 is offline   Reply With Quote
အောက်ပါအသင်းဝင် 5 ဦးတို့မှ bagothar85 အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 01-06-2011, 11:19 PM
ainoki03
ဆယ်ကျော်သက်
 
အသင်းဝင်နေ့စွဲ: Jun 2008
ရေးသားချက်များ: 65
ကျေးဇူးတင်စကား: 183
ပို့စ် 41 ခုအတွက် 158 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
ပုံများ: 2
ainoki03 is on a distinguished road
ပြန်စာ - Excel အကြောင်းလေးပြောကြည့်ရအောင်

Quote:
Originally Posted by ငြိမ်းချမ်း View Post
အကူအညီတစ်ခု လိုလာပြန်ပြီ...
အမှားအယွင်းရှိမှာစိုးလို့ ပြင်မိမှာစိုးလို့ ဖော်မြူလာတွေကို
နောက်တစ်ခါ ကလစ်လို့ မရအောင်(read only ပေါ့ဗျာ) ဘယ်လို ပိတ်လို့ရမလဲခင်ဗျာ...အဲဒါလေး ပြောပေးကြပါဦး..
1)Ctrl+A နှိပ်ပီး sheet တခုလုံးကို select လိုက်ပါ။
2)menu bar က format > cells > protection tab> locked ဆိုတာလေးကို uncheck > Ok ပေးလိုက်ပါ
3) F5 >special> formulas ဆိုတာလေးကို check >Ok
4)menu bar က format> cells> protection tab> locked ဆိုတာလေးကို check> Ok
5)Tools>protection>protect sheet>password to unprotect sheet မှာ မမေ့မှာသေချာတဲ့ pw လွယ်လွယ်ပေး ပြီး select locked cells/select unlocked cells အဲဒီနှစ်ခုကို check>Ok
6) Ok နှိပ်ခဲ့တော့ pw နောက်တခေါက်ရိုက်ဖို့ box တခုထပ်ကျလာလိမ့်မယ် အဲဒီမှာ ခုဏက pw ကိုနောက်တခေါက်ပြန်ရိုက်

ဒိနေရာမှာ formula တွေကြီးပဲကို protect ချင်တယ်ဆိုလို့ နံပါတ်သုံးကိုလုပ်တာပါ။
ကိုယ် protect ချင်တဲ့ cells က random ဆိုရင် protect ချင်တဲ့ cells တွေကိုပဲ ရွေးပီး ကိုယ့်ဘာသာ menul select လုပ်ပါ။ ကျန်တာတွေကတော့အတူတူပါပဲ။

protect မလုပ်ချင်တော့ဘူး formula တွေကို ပြန်ပြင်ချင်ပါတယ်ဆိုရင်တော့
1)Tools>protection>unprotect sheet > pw ရိုက်ခိုင်တဲ့ box လေးပေါ်လာရင် ခုဏက ကိုယ်ပေးခဲ့တဲ့ pw ကိုရိုက်လိုက်ရုံပါပဲ။

ရေးထားတာ အဆင်မပြေရင် ပြန်မေးနိုင်ပါတယ်။
ပုံလေးတွေနဲ့မှ မြင်သာမယ်ဆိုရင်လည်းပြောခဲ့ပါ။မနက်ရုံးရောက်တော့ လုပ်ပေးလိုက်ပါမယ် ခင်ဗျာ..။

ainoki03 is offline   Reply With Quote
အောက်ပါအသင်းဝင် 7 ဦးတို့မှ ainoki03 အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 02-06-2011, 08:27 AM
ငြိမ်းချမ်း
MF Contributor
 
အသင်းဝင်နေ့စွဲ: May 2009
ရေးသားချက်များ: 666
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 2,764
ပို့စ် 556 ခုအတွက် 3,044 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
ပုံများ: 6
ငြိမ်းချမ်း is on a distinguished road
ပြန်စာ - Excel အကြောင်းလေးပြောကြည့်ရအောင်

ဟုတ်ကဲ့ပါခင်ဗျာ...အဆင်ပြေပါတယ်...ခုလို ကျွန်တော်ဖြစ်ချင်တာကို ပြည့်ပြည့်စုံစုံလေး..သေချာရှင်းပြပေးသွားတာ အရမ်းကို တန်ဖိုးရှိလှပါတယ်..ကျေူဇူးအထူးတင်ပါတယ်..

.




တစ်ခုခု အကူအညီတောင်းတော့မည်ဆိုလျှင် မေးမြန်းမှု အတတ်ပညာ ကိုဖတ်ပေးကြပါ။
ဒို့ဗမာ ဆိုတဲ့သီချင်းလေးကို အရမ်းကြိုက်နေတယ်-----> Download
ငြိမ်းချမ်း is offline   Reply With Quote
အောက်ပါအသင်းဝင် 3 ဦးတို့မှ ငြိမ်းချမ်း အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 03-07-2011, 05:54 AM
အောင်ကိုသန့်
ကလေးပေါက်စ
 
အသင်းဝင်နေ့စွဲ: Oct 2010
တည်နေရာ: naypyitaw
ရေးသားချက်များ: 25
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 30
ပို့စ် 22 ခုအတွက် 114 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
အောင်ကိုသန့် is on a distinguished road
Icon4 ပြန်စာ - Excel မှာ မျဉ်းနှစ်ကြောင်းတားကြည့်မ&#

Excel ရဲ့ ဇယားကွက်က စာသားတွေအောက်မှာ underline မျဉ်းတစ်ကြောင်းတားသလို
double underline မျဉ်းနှစ်ကြောင်းတားလို့ရပါတယ်..
Excel 2003 မှာ မရပါ။
Excel 2007 မှာ tool ပါလာတဲ့အတွက် တိုက်ရိုက်သုံးနိုင်ပါတယ်။
အသုံးပြုပုံကတော့ double underline တားချင်တဲ့ စာသား(သို့) စာပိုဒ် ကို ရွေးချယ်(select)လုပ်။
shift ကီးကိုနှိပ်ပြီး Toolbar ပေါ်က underline ကို ကလစ်လုပ်လိုက်ပါ။
သူငယ်ချင်းပြခဲ့လို့သိတာပါ။ရှိပြီးသားဆိုရင် ခွင့်လွှတ်ပါ။
အောင်ကိုသန့် is offline   Reply With Quote
အောက်ပါအသင်းဝင် 8 ဦးတို့မှ အောင်ကိုသန့် အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 07-07-2011, 05:17 PM
mohmoh
အရွယ်ရောက်သူ
 
အသင်းဝင်နေ့စွဲ: Oct 2008
တည်နေရာ: မန္တလေးမြို့
ရေးသားချက်များ: 141
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 73
ပို့စ် 63 ခုအတွက် 129 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
mohmoh is on a distinguished road
Icon12 ပြန်စာ - Excel အကြောင်းလေးပြောကြည့်ရအောင်

Microsoft Excel 2007 အသုံးပြုပုံလေး သိချင်လို့ ပါ..........
အရင် 2003 မှာလို password လေးထားချင်တာ ဘယ်လိုလုပ်ရမလဲ မသိလို့ပါ....
Excel ဖိုင်ကို စဖွင့်ကထဲက password နဲ့ ၀င်မှာလား.....read only နဲ့ ၀င်မှာလား.....အဲလိုမေးတယ်လေ...
အခု 2007 ပြောင်းပြီးမှလုပ်ထားတဲ့ excel ဖိုင်ကို အဲလိုလေး လုပ်ချင်လို့ပါ.......
အပေါ်မှာ ရှင်းပြထားသလိုပဲ worksheet protect, workbook protect လုပ်တာတွေတော့ လုပ်ကြည့်ပြီးသွားပါပြီ.........
ဝင်ပြီး ဆွေးနွေးပေးကြပါဦးနော်..........
တခြား function တွေကိုလဲ သူတို့ ရဲ့ အသုံးပြုပုံလေးတွေပါ သိချင်လို့ 2007 အသုံးပြုပုံ စာအုပ်လေးရှိရင်လဲ တင်ပေးပါလို့..............
ပြီးတော့ အပေါ်မှာ ဆွေးနွေးထားတဲ့ double underline ဆိုတာကို လုပ်ကြည့် တာမရဘူး....
ကျေးဇူးအများကြီးတင်ပါတယ်နော်...........
ခင်မင်စွာဖြင့်
မို့ မို့

အတူနေစဉ်မှာ ကိုယ့်ကိုချစ်ခင်ပါစေ...........
ခွဲခွာသွားစဉ်မှာ ကိုယ့်ကိုလွမ်းဆွတ်ပါစေ.........
ကိုယ်သေသွားတဲ့အခါမှာ နှမြောတသရှိပါစေ.........

Last edited by mohmoh; 07-07-2011 at 05:30 PM..
mohmoh is offline   Reply With Quote
အောက်ပါအသင်းဝင် 3 ဦးတို့မှ mohmoh အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 07-07-2011, 08:26 PM
bonge
ကြီးကြပ်သူ
 
bonge's Avatar
 
အသင်းဝင်နေ့စွဲ: Mar 2008
တည်နေရာ: မကွေးမြို့။
ရေးသားချက်များ: 619
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 11,532
ပို့စ် 600 ခုအတွက် 5,173 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
bonge is on a distinguished road
ပြန်စာ - Excel အကြောင်းလေးပြောကြည့်ရအောင်

2003 ကနေ 2007 ပြောင်းသုံးရင် နည်းနည်းတော့ ကြောင်စီစီနိုင်တယ်။ အဲလို ကြောင်မှာချင်း အတူတူ ကျွန်တော်တော့ 2010 သုံးပြစ်လိုက်တယ်

စသုံးခါစမလို့ ဖြစ်ပါလိမ့်မယ် အစ်မရေ ... နောက်ပိုင်းကျရင် အဆင်ပြေသွားမှာပါ။ excel 2007 နဲ့ ပါတ်သတ်ပြီး မြန်မာလို မတွေ့မိသေးဘူး။ Eng လိုတော့ ရှိကောင်းရှိမယ်။ ကျွန်တော်ဆီမှာ မရှိဘူး။ အားရစရာကြီး ...

Password ပေးဖို့ အတွက် ဒီလိုလုပ်ကြည့်ပါ။

Office 2007 ဖိုင်တစ်ခုကို ဖွင့်ထားပြီး File -> Save as ကို နှိပ်ပါ။ ပွင့်လာတဲ့ box မှ Tools -> General Options ကို ထပ်နှိပ်ပါ။ ပုံကိုကြည့်ရင် ရှင်းသွားပါလိမ့်မယ်။



အဲဒီမှာ Password တောင်းပါပြီ။ နှစ်ခုရှိတယ်။ တစ်ခုက ဖွင့်ဖို့နဲ့ နောက်တစ်ခုက Modify လုပ်ဖို့။ နှစ်ခုလုံး အတူတူ ထားလဲရတယ်။ မတူအောင်ပေးလဲ ဖြစ်တယ်။



အဲဒီလိုပေးပြီးပြီဆိုရင် နောက်ထပ် Confirm လုပ်ခိုင်းပါလိမ့်မယ်။ အဲဒီမှာ သတိထားရမှာက ၂ ခုလုံး အတူတူထားခဲ့ရင် အကြောင်းမဟုတ်ပေမယ့် မတူဘူးဆိုရင် မတူသလို ပြန်ပြီး Confirm လုပ်ပေးရပါမယ်။ ပုံကို သတိထားကြည့်ပါ။





အဲလို အားလုံးပေးပြီးဆိုရင် နာမည်တစ်ခု ပေးပြီး Save လိုက်ပါ။ ပြန်ဖွင့်တဲ့အခါ ...



Open ဖို့ အတွက် တစ်ခါနဲ့၊ Modify လုပ်ဖို့ အတွက် တစ်ခါ Password ၂ ခါတောင်းပါလိမ့်မယ်။ ပထမဆုံးပုံမှာ read only ပေးခဲ့မယ်ဆိုရင် read only ရပါမယ်။ Password တွေပြန်ဖယ်ချင်တဲ့အခါ ပထမပုံနဲ့ ဒုတိယ ပုံကို ရောက်အောင် ပြန်သွားပါ။ File -> Save as ->> Tools -> General Options မှာ Password တွေကို Delete ပေးလိုက်ရင် အဆင်ပြေသွားပါပြီ။

Cell တစ်ကွက်ချင်း (သို့ ) Row၊ Column များအား Password ပေးခြင်း
http://www.myanmarfamily.org/forum/s...ighlight=excel
ဆိုပြီး ကျွန်တော်ရးခဲ့ဖူးပါတယ် ...

2003 ကနေ ကူးပြောင်းစမှ ဖြစ်တတ်ပါတယ်။ ဒါပေမယ့် အားမငယ်ပါနဲ့။ 2003 က Tool တွေပါဘဲ။ ဒါပေမယ့် တွေ့အောင် ရှာနိုင်ဖို့တော့ လိုတယ် တွေ့ရင် 2003 နဲ့ လုပ်ရတာ နည်းနည်းပဲကွဲပါတယ်။ တကယ်လုပ်ရတာ နည်းနည်းပဲ ဆိုပေမယ့် မြင်သာအောင်လို့ ပုံလေးတွေနဲ့ ပြလိုက်ပါတယ် ...

အဆင်ပြေ ပျော်ရွှင်ပါစေ ...
bonge is offline   Reply With Quote
အောက်ပါအသင်းဝင် 8 ဦးတို့မှ bonge အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Reply

Tags
custom format, excel, office, table, tip

တန်ဆာပလာများ
ဖော်ပြမှုပုံစံ

Posting Rules
You may not post new threads
You may not post replies
You may not post attachments
You may not edit your posts

BB code is On
Smilies are On
[IMG] code is On
HTML code is Off

ဖိုရမ်တွေ ကျော်ရောက်ချင်ရင် !

အခြားဆင်တူဆွေးနွေးချက်များ
ဆွေးနွေးချက် စတင်ရေးသားသူ ကွပ်ပျစ်ဝိုင်း ပြန်စာများ နောက်ဆုံးပို့စ်
Learning Excel 2003 (Myanmar Version) phyomyintthein E-Books & Tutorials 51 29-03-2012 10:47 AM
excel shortcut မောင်တေဇာဝင်း E-Books & Tutorials 0 07-05-2008 03:31 PM


ဖိုရမ်၏ ပင်မအချိန်သည် ဂရင်းနစ်စံတော်ချိန် +6.5 ဖြစ်သည်။ဒေသစံတော်ချိန် 12:41 PM
Inactive Reminders By Icora Web Design