Old 22-02-2010, 08:23 PM
  post #1
KznT
ကြီးကြပ်ရေးမှူး
 
KznT's Avatar
 
အသင်းဝင်နေ့စွဲ: Dec 2009
တည်နေရာ: http://www.techsectors.blogspot.com
ရေးသားချက်များ: 1,338
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 5,983
ပို့စ် 1,332 ခုအတွက် 20,394 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
KznT has a spectacular aura aboutKznT has a spectacular aura about
Pdf အကြောင်း သိကောင်းစရာ

Adobe PDF ဆိုတာ အသုံးပြုရလွယ်ကူသလို ၊ သယ်ဆောင်ဝေဌရ လွယ်ကူတဲ့ အကောင်းဆုံး Format တစ်ခုလို့ ပြောလို့ ရပါတယ်။ ဘာလို့လည်းဆိုတော့ သူတို့တွေက ကျစ်လစ်သိပ်သည်းတယ် ၊ သူ့ရဲ့ Format က လုံခြုံတယ် နောက်ပြီး ကွန်ပြူတာ တော်တော်များများ ၊ Mobile Devices တွေနဲ့ E-Books Reader တွေကတောင် အလွယ်တကူ ကိုင်တွယ် အသုံးပြုနိုင်တယ်။ ဒီစွမ်းဆောင်ရည်တွေ ကြောင့်ပါပဲ။

ကျွန်တော်ဒီနေရာကနေပြီး Adobe Acrobat ကို လက်ဝယ်မှာ မထားရှိပဲ တစ်နည်းအားဖြင့် ဆိုရရင် Adobe Acrobat ကို မသုံးပဲ PDF documents တွေနဲ့ ဘယ်လို အသုံးပြုလုပ်ဆောင်နိုင်သလဲ ဆိုတာ အမေးအဖြေ သဘောမျိုးနဲ့ ပြောပြသွားပါမယ်။ အခုဆိုရင် Adobe Acrobat ကျွန်တော်တို့မှာ မရှိပါဘူး ဒီလိုပဲ ယူဆကြရအောင် .. ဒါပေမယ့် ကျွန်တော်တို့ PDF files တွေကို ပြင်ဆင်နိုင်မယ်၊ ဖိုင် ( ၂ ) ခုကို တစ်ခုတည်းအဖြစ် ပေါင်းစည်းနိုင်မယ်၊ PDF စာမျက်နှာတွေမှာ ကျွန်တော်တို့ရဲ့ Signature images တွေထည့်နိုင်မယ်၊ နောက်ပြီး PDF forms တွေကို Online မှာ ဖြည့်နိုင်မယ်၊ PDF documents တွေထဲမှာ ကလစ်ပေးလို့ရတဲ့ hyperlinks တွေထည့်နိုင်မယ် နောက်ထပ်နောက်ထပ် အများကြီးတွေလည်း လုပ်ဆောင်နိုင်ဦးမယ်။

Adobe PDF လမ်းညွှန်နှင့် လုပ်ဆောင်ပုံများ

မေးခွန်းနံပါတ် ( ၁ ) - ပထမဆုံး ကျွန်တော်မေးချင်တာကတော့ - ကျွန်တော်တို့ရဲ့ ကွန်ပြူတာမှာ Adobe acrobat မရှိပဲ PDF documents တွေ ဘယ်လို ဖန်တီးနိုင်မလဲ။

အဖြေ - ဟုတ်ကဲ့ - ဒါကလွယ်ပါတယ်။ DoPDF ကို ရယူပါ။ DoPDF က Acrobat လိုပဲ သင့်ရဲ့ ကွန်ပြူတာထဲကို Virtual Printer တစ်ခု install လုပ်ပေးပြီး အဲကနေမှ တစ်ဆင့် Windows Applications တွေမှာ ပါဝင်တဲ့ ဓာတ်ပုံတွေ၊ Documents တွေ၊ စာတွေ၊ Websites တွေကအစ အကုန် PDF files တွေအဖြစ် print ထုတ်ပေးပါလိမ့်မယ်။

မေးခွန်းနံပါတ် ( ၂ ) - ကျွန်တော်တော့ Documents ကနေ PDF files လေးပြောင်းဖို့ အတွက်နဲ့ စက်မှာ အဲလို ရှုပ်တီးရှုပ်ရှက် ဆော့ဖ်ဝဲလ်တွေ မတင်ချင်ပါဘူး။ တစ်ခြား ခင်ဗျားသိမယ့် နည်းလေးများ မရှိတော့ဘူးလား။

အဖြေ - ဟုတ်ကဲ့ - ရှိပါတယ်။ PDF files အဖြစ်ပြောင်းလဲချင်တဲ့ သင့်ရဲ့ Documents တွေကို Google Docs ရှိရာဆီ Browser ကနေ တစ်ဆင့် Upload တင်လိုက်ပါ။ နောက်ပြီး အဲ့ကနေပဲ PDF files အဖြစ်ပြန်ပြီး export လုပ်လိုက်ပါ။ သိပ်လွယ်ပါတယ်။

မေးခွန်းနံပါတ် ( ၃ ) - ဟိုတစ်လောက ကျွန်တော့်ဆီကို email ကနေပြီး Powerpoint presentation တစ်ခုရောက်လာတယ်။ ဒါပေမယ့် အဲ့အချိန်တုန်းက ကျွန်တော် ခရီးသွားနေတာဗျ။ Laptop ကလည်း ပါမသွားဘူး။ ကျွန်တော့်မှာရှိတဲ့ Mobile phone ကလည်း PPT files တွေကို ဖတ်လို့ မရဘူး။ အဲတာကျတော့ ဘယ်လိုလုပ်မလဲ။

အဖြေ - ဟုတ်ကဲ့ - ဒါလည်း မခက်ပါဘူး။ သင့်ဆီကို ရောက်လာတဲ့ PPT ဖိုင်တွဲထားပြီးသား email message ကို pdf@koolwire.com ဆီ forward လုပ်လိုက်ပါ။ သူတို့တွေကနေ သင်ပို့လိုက်တဲ့ presentation ကို PDF files အဖြစ် ပြောင်းလဲပေးပြီး သင့်ဆီကို Email ချက်ချင်း ပြန်ပို့ပေးပါလိမ့်မယ်။ Smartphones တော်တော်များများနဲ့ Web သုံးလို့ရတဲ့ mobiles phones တော်တော်များများ ကတော့ PDF files တွေကို ဖတ်နိုင်ကြပါတယ်။

မေးခွန်းနံပါတ် ( ၄ ) - ကျွန်တော်သိမ်းထားချင်တဲ့ Web page တစ်ခုကို HTML files တစ်ခုအနေနဲ့ အရင် မသိမ်းပဲနဲ့ တိုက်ရိုက် web page ကနေ PDF files အဖြစ် ပြောင်းပြီး သိမ်းပေးနိုင်တဲ့ software မျိုးများ မရှိဘူးလား။

အဖြေ - ဟုတ်ကဲ့ - ဒါလည်းရပါတယ်။ PrimoPDF ကို သွားကြည့်ပါ။ အဲ့ကို သွားရင် ကိုယ် PDF ပြောင်းချင်တဲ့ web page ရဲ့ စာမျက်နှာကို မှတ်သွားပြီး URL နေရာမှာ ရိုက်ထည့်ပေးလိုက်ပါ။ နောက်ပြီး ကိုယ့် email ကို ပေးခဲ့ပါ။ သူက ကိုယ့်ဆီ PDF ပြောင်းပြီးသား ကိုယ်လိုချင်တဲ့ web page ကို ပြန်ပို့ပေးပါလိမ့်မယ်။

မေးခွန်းနံပါတ် ( ၅ ) - ကျွန်တော်က ကျွန်တော့်မှာ ရှိနေတဲ့ PDF files တွေကို တစ်ခြား word documents လိုမျိုး ၊ Images လိုမျိုး ၊ HTML web page လိုမျိုး ပြောင်းလို့ ရချင်သေးတာဗျ။

အဖြေ - ဟုတ်ကဲ့ - ဒါလည်း ဖြစ်နိုင်ပါတယ်။ သင့်မှာ ရှိနေတဲ့ PDF documents တွေကို Zamzar ဆီ Upload တင်ပြီး သင်ကြိုက်နှစ်သက်ရာ ( doc, html, png, txt ဒါမှမဟုတ် rtf ( rich text format )) တစ်ခုဆီ ပြောင်းလဲနိုင်ပါတယ်။ သူ့လိုမျိုးပဲ Gmail ကို သုံးပြီး PDF ကနေ HTML ကိုလည်း ပြောင်းလဲလို့ ရပါသေးတယ်။

မေးခွန်းနံပါတ် ( ၆ ) - နောက်ထပ်သိချင်သေးတာက ကျွန်တော့်မှာ ရှိနေတဲ့ Formats အမျိုးမျိုးနဲ့ ဖိုင်တွေကို PDF package တစ်ခုတည်း အဖြစ်နဲ့ ဘယ်လိုပေါင်းစည်းလို့ ရမလဲ ဆိုတာ။

အဖြေ - ဟုတ်ကဲ့ - နည်းလမ်းရှိပါတယ်။ Loop PDF ကို စမ်းသပ်ကြည့်ပါ။ သူက Free service ပါ။ Free ဆိုလို့ အထင်မသေးပါနဲ့။ သူ့ကိုသုံးပြီး multiple documents တွေ၊ ဓာတ်ပုံတွေ၊ နောက်ပြီး web pages တွေကိုတောင်မှ PDF file တစ်ခုတည်းအဖြစ် ပေါင်းစည်းနိုင်ပါလိမ့်မယ်။

မေးခွန်းနံပါတ် ( ၇ ) - ကျွန်တော့်မှာ ရှိနေတဲ့ တစ်ခုတည်း မကဖြစ်နေတဲ့ PDF files တွေကိုရော ဖိုင်တစ်ခုတည်း အဖြစ်ပြန်ပေါင်းလို့ ရနိုင်မလားဗျာ။ နောက်ပြီး အဲလိုပေါင်းလို့ ရပြီပဲ ထားဦး Page no တွေက အစဉ်လိုက်ဖြစ်မှာ မဟုတ်တော့ဘူးလေ။ အဲ့တော့ ကျွန်တော်က စာမျက်နှာနံပါတ် တွေကိုလည်း တစ်ခါတည်း အစဉ်လိုက် ပြန်စဉ်ချင်တယ်ဗျ။ အဲတာ ဖြစ်နိုင်မလား။

အဖြေ - ဟုတ်ကဲ့ - အဆင်ပြေအောင် ဆောင်ရွက်ပေးပါ့မယ်။ PDF Fill ကိုသွားလိုက်ပါ။ သူက စွမ်းဆောင်ရည် အမျိုးမျိုးပါတဲ့ PDF editing tool တစ်ခုပါ။ သူ့ကိုသုံးပြီး သင့်ကွန်ပြူတာမှာ ရှိနေတဲ့ PDF ဖိုင်တွေကို ပေါင်းစည်းလို့ရမယ် နောက်ပြီး ကမောက်ကမ ဖြစ်နေတဲ့ စာမျက်နှာတွေကိုလည်း ပြန်စီနိုင်မယ်ဗျာ။ မအိုကေဘူးလား။

မေးခွန်းနံပါတ် ( ၈ ) - အားတော့နာပါရဲ့ နောက်မေးချင်တာ ရှိသေးတယ်ဗျ။ ကျွန်တော့်မှာရှိတဲ့ PDF ဖိုင်ထဲက စာသားတစ်ချို့ကိုပဲ ကျွန်တော်က ဆွဲထုတ်ပြီး ကျွန်တော့် word documents မှာ သုံးချင်တာဗျာ။ ဘယ်လိုလုပ်ရင် ကောင်းမလဲ။

အဖြေ - ဟုတ်ကဲ့ - အဖြေကတော့ အဆင်သင့်ရှိပါတယ်။ PDFTextOnline ကိုသွားပြီး သင့်ရဲ့ PDF ကို Upload တင်ပေးလိုက်ပါ။ သူက သင့် PDF document ထဲမှာပါတဲ့ ပထမဆုံး စာမျက်နှာ ၁၀ ခုက text တွေကို စတင်အသုံးပြုဖို့ ဖြည်ထုတ်ချပြပေးပြီး သူတတ်နိုင်မယ်ဆိုရင် PDF bookmarks တွေ၊ document properties တွေ၊ နောက်ပြီး တစ်ခြား ဒေတာတွေကို ထုတ်ပေးပါလိမ့်မယ်။

မေးခွန်းနံပါတ် ( ၉ ) - ကျွန်တော့်မှာ ရှိတာက PDF files ကိုမှ Scanned ဖတ်ထားတာကြီးဗျ။ ခင်ဗျား အပေါ်မှာ ပြောတဲ့နည်းနဲ့က အဆင်မပြေဘူး။

အဖြေ - ဟုတ်ကဲ့ - ဒီလိုဆိုရင်တော့ Scanned ဖတ်ထားတဲ့ PDF files ထဲက စာကို ထုတ်ဖို့ကတော့ OCR software တွေကို သုံးဖို့ အကြံပေးချင်ပါတယ်။ ABBYY FineReader, SimpleOCR, Scribd ipaper, Evernote အစရှိတဲ့ OCR software တွေက စွမ်းဆောင်ပေးနိုင်ပါလိမ့်မယ်။ ဒီအကြောင်းအရာက ချက်ချင်း အဆင်ပြေစေမယ့် နည်းလမ်းတော့ မဟုတ်ပါဘူး။ ကျွန်တော် ဒီအကြောင်းအရာကို နောက် အချိန်ရရင် အကျယ်ပြောပြပေးပါဦးမယ်။

မေးခွန်းနံပါတ် ( ၁၀ ) - ကျွန်တော့်မှာဗျာ - အကုန်လုံး ဟိုဟာလုပ်မရ ဒီဟာလုပ်မရ ၊ ဟိုပိတ်ဒီပိတ် လိုက်ပိတ်ထားတဲ့ တော်တော်စိတ်ပျက်ဖို့ ကောင်းတဲ့ PDF documents တွေ ကွန်ပြူတာထဲမှာ ရှိတယ်ဗျ။ အဲကောင်တွေက ကျွန်တော့်ကို Print လည်းထုတ်ခွင့်မပေးဘူး၊ ယုတ်စွအဆုံး အထဲက စာလေးတောင် ကူးခွင့်မပေးဘူးဗျာ။ အဲတာ ဘယ်လိုလုပ်ရမလဲ။

အဖြေ - ဟုတ်ကဲ့ - သိပ်စိတ်မညစ်ပါနဲ့ဗျာ။ PDF Unlocker ဆိုတာ ရှိပါတယ်။ သူက Free Windows Utility ပါ။ သူ့ကိုသုံးပြီး PDF files တွေထဲက ဘာမလုပ်ရ ညာမလုပ်ရနဲ့ ပိတ်ထားသမျှ တားမြစ်ချက်တွေကို ဖျက်ထုတ်ပစ်နိုင်တယ်။ နောက်ပြီး passwords တွေကိုလည်း ဖယ်ထုတ်ပစ်နိုင်တယ်။ နောက်တစ်ခု သူ့လိုမျိုးပဲ စွမ်းဆောင်ရည်ရှိတဲ့ ensode.net ဆိုတဲ့ Online service ကနေလည်း ခုနက ပြောတဲ့ Copy မကူးရ၊ Paste မလုပ်ရ ဆိုပြီး ကန့်သတ်ထားတဲ့ PDF files တွေကို ပြင်ဆင်ပစ်လို့ ရပါသေးတယ်။

ဆက်ရန် ......

က,ကြီး ရေးဖို့ကျောက်သင်ပုန်းရှာနေသူ

Life is what you make of it. Go out and make your dreams come true.

Last edited by KznT; 14-04-2011 at 02:56 AM..
KznT is offline   Reply With Quote
အောက်ပါအသင်းဝင် 59 ဦးတို့မှ KznT အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
ကိုကိုမောင်မောင်, ကိုစံငြိမ်း, ကိုဖြိုးငြိမ်း, ချစ်သမီး, စစ်တွေသားချေ, ဆန်းမောင်, တီဘွား, ထက်ကိုး, ဒဿဂီရိ, မျိုးဟန်ထက်, မွန်ကြီး, ရုပ်ဆိုး, ဝင်းအောင်, သက်နိုင်, အလွမ်းမင်းသား, အိမ့်ဖြူ, ဇော်ရဲပိုင်, မောင်ကို, မောင်သံသရာ, နွေဦးကံကော်, ငြိမ်းချမ်း, ကြက်ဥခေါက်မုန့်, နိုးတူး, Annku, arkaraung, Aung Aung, aungphyo, AZM, azp09, bonge, hellboy, HTUT KHAUNG, jsmith201012, kaung kin lu, ko myo, kyarminthar, kyaukphyu, kyawswarl, lokasara, maJunior, minthike, Moe Tain, Myo Min Zaw, nainglynn, omnitek team, Phoekwarlay, phoetharlay, phyomyintthein, saiwaihin, thityaraik, thurein, thureinsoe, tu tu, Tun Myint, venvimala, wahgyi, whiteman, Ye Aung, zo
Old 23-02-2010, 11:34 AM
  post #2
AZM
ကိုယ်ပိုင်အစွမ်းရှိပြီးသူ
 
အသင်းဝင်နေ့စွဲ: Sep 2008
တည်နေရာ: Yangon
ရေးသားချက်များ: 274
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 2,857
ပို့စ် 158 ခုအတွက် 831 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
AZM is on a distinguished road
ပြန်စာ - Pdf အကြောင်း သိကောင်းစရာ

Quote:
မေးခွန်း ( ၁ )- ပထမဆုံး ကျွန်တော်မေးချင်တာကတော့ - ကျွန်တော်တို့ရဲ့ ကွန်ပြူတာမှာ Adobe acrobat မရှိပဲ PDF documents တွေ ဘယ်လို ဖန်တီးနိုင်မလဲ။
အဖြေ - ဟုတ်ကဲ့ - ဒါကလွယ်ပါတယ်။ DoPDF ကို ရယူပါ။ DoPDF က Acrobat လိုပဲ သင့်ရဲ့ ကွန်ပြူတာထဲကို Virtual Printer တစ်ခု install လုပ်ပေးပြီး အဲကနေမှ တစ်ဆင့် Windows Applications တွေမှာ ပါဝင်တဲ့ ဓာတ်ပုံတွေ၊ Documents တွေ၊ စာတွေ၊ Websites တွေကအစ အကုန် PDF files တွေအဖြစ် print ထုတ်ပေးပါလိမ့်မယ်။
အကိုရေ ... ကျွန်တော်လုပ်ကြည့်တာ မြန်မာဖောင့်တွေဆို ???? Question Mark တွေပဲပေါ်လာတယ်ဗျ။ အဲဒါ
မြန်မာလိုပေါ်အောင် ဘယ်လိုလုပ်ရလဲဆိုတာ ညွှန်ကြားပေးပါဦး ခင်ဗျ .....

Quote:
အဖြေ - ဟုတ်ကဲ့ - သိပ်စိတ်မညစ်ပါနဲ့ဗျာ။ PDF Unlocker ဆိုတာ ရှိပါတယ်။ သူက Free Windows Utility ပါ။ သူ့ကိုသုံးပြီး PDF files တွေထဲက ဘာမလုပ်ရ ညာမလုပ်ရနဲ့ ပိတ်ထားသမျှ တားမြစ်ချက်တွေကို ဖျက်ထုတ်ပစ်နိုင်တယ်။ နောက်ပြီး passwords တွေကိုလည်း ဖယ်ထုတ်ပစ်နိုင်တယ်။
PDF Unlocker ဆိုတဲ့ ဆော့ဝဲလ်လေးလည်း အကိုဆီမှာရှိရင် ပေးပါလား.... ကျေးဇူးတင်လျှက် ။


~ သက်ရှိသက်မဲ့ ဘယ်အရာကိုမဆို
~ တဏှာနဲ့ချစ်ရင် စိတ်ပူလောင်ရတယ်၊
သဒ္ဒါမေတ္တာနဲ့ချစ်ရင် စိတ်အေးချမ်းရတယ်။
~ ဒေါသနဲ့မုန်းရင် စိတ်ဆင်းရဲရတယ်၊
သတိဥာဏ်နဲ့မုန်းရင် စိတ်ချမ်းသာရတယ်။
အရှင်ဆန္ဒာဓိက

Last edited by AZM; 23-02-2010 at 11:35 AM..
AZM is offline   Reply With Quote
အောက်ပါအသင်းဝင် 9 ဦးတို့မှ AZM အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 23-02-2010, 02:54 PM
  post #3
KznT
ကြီးကြပ်ရေးမှူး
 
KznT's Avatar
 
အသင်းဝင်နေ့စွဲ: Dec 2009
တည်နေရာ: http://www.techsectors.blogspot.com
ရေးသားချက်များ: 1,338
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 5,983
ပို့စ် 1,332 ခုအတွက် 20,394 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
KznT has a spectacular aura aboutKznT has a spectacular aura about
ပြန်စာ - Pdf အကြောင်း သိကောင်းစရာ

Quote:
အကိုရေ ... ကျွန်တော်လုပ်ကြည့်တာ မြန်မာဖောင့်တွေဆို ???? Question Mark တွေပဲပေါ်လာတယ်ဗျ။ အဲဒါ
မြန်မာလိုပေါ်အောင် ဘယ်လိုလုပ်ရလဲဆိုတာ ညွှန်ကြားပေးပါဦး ခင်ဗျ .....
ကို AZM ပြောတဲ့ ပထမမေးခွန်းကို ကျွန်တော် သိပ်နားမရှင်းဘူး ဖြစ်နေတယ်ဗျ။ " မြန်မာဖောင့်တွေဆို ???? Question Mark တွေပဲပေါ်လာတယ် " ဆိုတာက DoPDF နဲ့ မြန်မာဆိုဒ် တစ်ခုက web page တစ်ခုကို ပရင့်ထုတ်လိုက်တဲ့ အချိန်မှာ PDF files ရလာရင် အဲ့ဒီ PDF ဖိုင်မှာ ပါတဲ့ စာတွေကို မြန်မာလို မမြင်ရပဲ ???? တွေမြင်ရတာကို ပြောချင်တာလား။ ဒါဆိုရင်တော့ မြန်မာဖောင့် လိုလို့ ဖြစ်ပါလိမ့်မယ် .. ဇော်ဂျီတင်ကြည့်ပါ ဒီနေရာကနေ ဒေါင်းလုပ်ချနိုင်ပါတယ်။ ဒါကလည်း Rules အရသာ ပြောလိုက်တာ။ ခုနောက်ပိုင်း တော်တော်များများက ဇော်ဂျီသုံးနေကြတာမို့လို့ ဖြစ်တော့ မဖြစ်နိုင်ပါဘူး။

နောက်ထပ် တွေးစရာ ရှိလာတာက DoPDF နဲ့ မြန်မာဆိုဒ်တစ်ခုက Web page တစ်ခုကို ပရင့်ထုတ်တဲ့ အချိန်မှာ Directory လမ်းကြောင်းကို လေးထောင့်ကွက်တွေနဲ့ ပြနေတာမျိုး ရှိတတ်ပါတယ်။ ဒါကလည်း DoPDF က Unicode မြန်မာစာကို နားမလည်လို့ပါ။ ဒီအောက်က ပုံမျိုးပေါ့။



ဒါပေမယ့် ဒါက ကိစ္စမရှိပါဘူး။ ဒီ အတိုင်းဆက်ပြီး Print လိုက်ပါ။ PDF ဖိုင်တစ်ခု ရလာပါလိမ့်မယ်။ ဒါပေမယ့် အဲ့ဖိုင်ကို ဖွင့်ဖို့အတွက်ဆို ကိုယ်ဖွင့်မယ့် Directory လမ်းကြောင်းမှာ မြန်မာလိုတွေပါနေရင် Foxit Reader လိုမျိုး Unicode မြန်မာစာကို နားမလည်တဲ့ Reader နဲ့ ဖွင့်ရင် ဖွင့်မပေးနိုင်ပါဘူး။ ဆိုလိုတာ ကျွန်တော်တို့မှာ C:\Users\KyawznthanT\Desktop\မြန်မာမိသားစု.pdf ဆိုတဲ့ Directory လမ်းကြောင်းနဲ့ pdf ဖိုင်ရှိနေတဲ့ ဆိုပါစို့ ... ဒီလိုဆို Foxit Reader က C ဆိုတာကို နားလည်တယ် Users ဆိုတာကို နားလည်တယ် KyawznthanT ဆိုတာကို နားလည်တယ် Desktop ဆိုတာကို နားလည်တယ် .. ဒါပေမယ့် မြန်မာမိသားစု ဆိုတာကို နားမလည်ဘူး .. ဒါကြောင့် သူ့ကို ဖွင့်ရင် ဒီအောက်က ပုံလိုပြပါတယ်။



ဒီပြဿနာကို ဖြေရှင်းဖို့ ဆို ကျွန်တော်တို့ Directory name ကို ပြောင်းပေးရပါမယ် .. C:\Users\KyawznthanT\Desktop\မြန်မာမိသားစု.pdf ကနေပြီး C:\Users\KyawznthanT\Desktop\myanmarfamily.pdf ဆိုတာမျိုးပေါ့။ ဒါဆို ဖွင့်လို့ ရပါလိမ့်မယ်။ ဒီပြဿနာမျိုးတွေက Adobe acrobat မှာတော့ ကင်းတယ်ဗျ .. သူက C:\Users\KyawznthanT\Desktop\မြန်မာမိသားစု.pdf ပဲ လာလာ ၊ C:\Users\KyawznthanT\Desktop\myanmarfamily.pdf ပဲ လာလာ ဖွင့်ပေးနိုင်ပါတယ်။ ဒါပေမယ့် သိတဲ့ အတိုင်း Adobe က ဆိုဒ်ကြီးတယ် HD မှာ နေရာ အရမ်းယူတယ် .. ဖိုင်တစ်ခုခု ဖွင့်ရင် initialization တွေ အရမ်းများတယ်။ ကြာတယ်ပေါ့။ Adobe acrobat reader 9.3 Free Version ကို လိုချင်မယ်ဆိုရင်တော့ ဒီနေရာကနေ ဒေါင်းလုပ်ချလိုက်ပါ။

Quote:
PDF Unlocker ဆိုတဲ့ ဆော့ဝဲလ်လေးလည်း အကိုဆီမှာရှိရင် ပေးပါလား.... ကျေးဇူးတင်လျှက် ။
Portable PDF Unlocker ပေးလိုက်ပါတယ်။ ဒီနေရာကနေ ဒေါင်းလုပ်ချလိုက်ပါ။ 0.249MB ပါ။

မရဘူး ကျွန်တော်က Portable မကြိုက်ဘူး install လုပ်ပြီးမှကို သုံးချင်တာ ဆိုရင်တော့ ဒီနေရာကနေ ဒေါင်းလုပ်ချလိုက်ပါ။ 0.674MB ပါ။ Crack ပါပါတယ်။

( ၂ ) ဖိုင်လုံးကို Microsoft Security Essentials နဲ့ Virus စစ်ပြီးပါပြီ။ Virus ကင်းပါတယ်။ ကျန်တဲ့ Antivirus နဲ့တော့ မသိ။ ဒီမှာပါ သက်သေပြပါမယ်။


ဒီ့ထက်ပိုပြီး စိတ်ချသွားရအောင် အွန်လိုင်းမှာရှိတဲ့ VirusTotal မှာ ကွန်တော်စစ်ထားတဲ့ Result ကို သွားကြည့်ပေးပါဦး။
Portable အတွက် Result က ဒီနေရာကနေ သွားပါ။ သူက Result မှာ အကုန် Clean ပါတယ်။

Installer အတွက် Result က ဒီနေရာကနေ သွားပါ။ သူ့ကိုတော့ တစ်ချို့ Antivirus ( ၆ ) မျိုးက Clean ဖြစ်တယ်လို့ မပြဘူး။ စိတ်သန့်တယ် ဆိုရင်တော့ သုံးပါ။ အဆင်ပြေပါစေဗျာ။

က,ကြီး ရေးဖို့ကျောက်သင်ပုန်းရှာနေသူ

Life is what you make of it. Go out and make your dreams come true.

Last edited by KznT; 14-04-2011 at 02:56 AM..
KznT is offline   Reply With Quote
Old 25-02-2010, 12:31 AM
  post #4
KznT
ကြီးကြပ်ရေးမှူး
 
KznT's Avatar
 
အသင်းဝင်နေ့စွဲ: Dec 2009
တည်နေရာ: http://www.techsectors.blogspot.com
ရေးသားချက်များ: 1,338
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 5,983
ပို့စ် 1,332 ခုအတွက် 20,394 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
KznT has a spectacular aura aboutKznT has a spectacular aura about
Pdf အကြောင်း သိကောင်းစရာ

မေးခွန်းနံပါတ် ( ၁၁ ) - ကျွန်တော်က ကျွန်တော့် Site မှာရှိတဲ့ ကျွန်တော်ရေးထားတဲ့ အကြောင်းအရာတွေကို ကျွန်တော့် စာဖတ်သူတွေအတွက် အလွယ်တကူ သိမ်းဆည်းဝေမျှလို့ ရအောင် PDF files ပြောင်းပေးနိုင်တဲ့ Services မျိုးရှိနိုင်မလား ဆိုတာ သိချင်သေးတယ်ဗျ။
အဖြေ - ဟုတ်ကဲ့ - ဒါလည်း ဖြစ်နိုင်ပါတယ်။ သင့်ရဲ့ Website က သင်ကြိုက်နှစ်သက်တဲ့ နေရာမှာ Web2PDF ကို ထည့်သွင်းလိုက်ပါ။ သူကနေမှ တစ်ဆင့် သင့် Website မှာ ရှိနေတဲ့ Web စာမျက်နှာ အားလုံးကို သင်လိုချင်တဲ့ အတိုင်း PDF files အဖြစ် ပြောင်းလဲ ပေးသွားပါလိမ့်မယ်။ နောက်ပြီး သင့် site နဲ့ ပတ်သတ်ပြီး PDF ပြောင်းလဲမှုနဲ့ ပတ်သတ်တဲ့ လုပ်ဆောင်ချက် အားလုံးကိုလည်း သူက မှတ်သားပေးထားပါလိမ့်မယ်။

မေးခွန်းနံပါတ် ( ၁၂ ) - ကျွန်တော့်ကို သူငယ်ချင်းတစ်ယောက်က တရုတ်လိုတွေ ရေးထားတဲ့ ဖိုင်တစ်ခု ပို့လိုက်တယ်ဗျ .. ခက်တာက ကျွန်တော်ကလည်း အင်္ဂလိပ်လိုက လွဲပြီး မဖတ်တတ်ဘူးရယ် .. အဲတာ ဘယ်လို စီစဉ်ရမလဲ။
အဖြေ - ဟုတ်ကဲ့ - ကျွန်တော်တို့ PDF files တွေကို Translate လုပ်ဖို့ အတွက် ဆိုရင်တော့ တော်တော်များများ သိကြ တဲ့ Google Translate နဲ့ Zoho Viewer ကို သုံးပါ့မယ်။ ဒါပေမယ့် အဆင့်လိုက် လုပ်ဆောင်ပုံနဲ့ ပြောပြရင် ပိုနားလွယ်မယ် ထင်တယ်ဗျ။

ပထမအဆင့် အနေနဲ့ Zoho Viewer ရှိရာဆီ သွားပြီး ကျွန်တော်တို့ ဘာသာပြန်ချင်တဲ့ files ကို Upload တင်လိုက်ပါမယ်။ ဒီတစ်ဆင့်က ဘာသာပြန်တဲ့ အဆင့် မဟုတ်သေးပါဘူး။ ကိုယ်ဖတ်ချင်တဲ့ pdf files ကို Web pages ပုံစံနဲ့ ဖတ်လို့ ရအောင် လုပ်တဲ့ အဆင့်ပဲ ရှိပါသေးတယ်။

နောက် ဒုတိယအဆင့် အနေနဲ့ကတော့ အဲလို တင်ပြီးသွားတာနဲ့ Zoho Viewer ကနေပြီး ကျွန်တော်တို့ တင်လိုက်တဲ့ pdf files အတွက် သီးသန့် URL တစ်ခုကို ထုတ်ပေးပါလိမ့်မယ်။ ကျွန်တော်တို့က အဲဒီ့ URL ကို မှတ်လာပြီး Google Translate ကို သွားပါမယ်။ အဲကိုရောက်ရင် ကိုယ်မှတ်လာတဲ့ Web address ကို Paste လုပ်လိုက်ပြီး ကိုယ်ဘာသာပြန်ချင်တဲ့ Languages ကို ရွေးချယ်ပေး နောက် Translte button ကို နှိပ်လိုက်ယုံပါပဲ။ ဒါဆို ကိုယ့်စက်မှာ ရှိနေတဲ့ ကိုယ်နားမလည်တဲ့ ဘာသာစကားနဲ့ ရေးထားတဲ့ pdf files ကို pdf ကနေ တစ်ခါတည်း ဘာသာပြန်ပြီး ဖတ်လို့ ရပါပြီ။ Zoho Viewer က PDF အပြင် တခြား doc နောက်ပြီး xls နောက် ppt ဖိုင်တွေကိုလည်း Upload တင်ပြီး ကြည့်လို့ ရပါတယ်။ ဒီနေရာမှာ တစ်ချက်သိထားသင့် တာက တကယ်လို့ ကျွန်တော်တို့ ဘာသာပြန်ချင်တဲ့ pdf မှာ ဘာသာစကားက တစ်မျိုးထက်ပိုပြီး ပါဝင်နေမယ် ( ဆိုလိုတာ - တရုတ်လိုရော .. ဂျပန်လိုရော ပေါင်းစပ်ပါဝင်နေမယ် ) ဆိုရင် Zoho Viewer မှာ Upload တင်တာထက် Slideshare မှာ Upload တင်ပြီး ကြည့်တာ ပိုကောင်းပါလိမ့်မယ်။ ဘာလို့လည်း ဆိုတော့ Slideshare က နိုင်ငံရပ်ခြား ဘာသာစကားနဲ့ ပတ်သတ်ပြီး ကိုင်တွယ်တဲ့ နေရာမှာ Zoho Viewer ထက်ပိုပြီး သေသပ်တိကျလို့ပါပဲ။ ဒီ links နှစ်ခုကနေ Zoho Viewer နဲ့ Slideshare ဘယ်လိုကွာခြားတယ် ဆိုတာ ဥပမာ အနေနဲ့ ကြည့်ကြည့်လို့ ရပါတယ်။ Slideshare ဆိုတာလည်း Zoho နဲ့ လုပ်ဆောင်ပုံချင်း ဆင်တဲ့ Site တစ်ခုပါပဲ။ နောက်တစ်ခု သိထားသင့်သေးတာက PDF documents ထဲမှာ ရှိနေတဲ့ စာတွေကို Adobe Reader ကိုသုံးပြီး ထုတ်ယူလို့ ရသေးတယ်ဆိုတာပါ။ ဒါပေမယ့် Adobe acrobat က ဘာသာစကားတိုင်းအတွက်တော့ PDF ထဲက Text တွေကို ထုတ်ယူဖို့ မဖြစ်နိုင်သေးပါဘူး။

မေးခွန်းနံပါတ် ( ၁၃ ) - ကျွန်တော့်ဆီမှာ ရှိနေတဲ့ PDF documents တွေထဲမှာ ကျွန်တော့်ဘာသာ ကျွန်တော်ရေးထားတဲ့ စာလေးတွေ မှတ်စုလေးတွေ အဲလိုမျိုးလေး ထပ်ထည့်ချင်တယ်ဗျာ .. အဲတာကရော။
အဖြေ - ဟုတ်ကဲ့ - PDF-X Viewer ဆိုတာရှိပါတယ်။ သူက Adobe Reader လိုမျိုးပါပဲ။ ဒါပေမယ့် စွမ်းဆောင်ချက်လေး တွေတော့ နဲနဲ ပိုများများပါပါတယ်။ သူ့ကိုသုံးပြီး ကျွန်တော်တို့ PDF documents တွေထဲမှာ ဓာတ်ပုံလေးတွေ ထည့်နိုင်မယ်။ ထင်မြင်ချက်လေးတွေ ဖြည့်နိုင်မယ် ရေးချင်ရာ စာလေးတွေ ရေးနိုင်မယ်။ PDF Escape ဆိုတာလည်း ရှိပါသေးတယ် သူ့ကတော့ ကိုယ့် PDF ကို Online မှာ ပြင်ဖို့အတွက် သုံးလို့ ရပါတယ်။

မေးခွန်းနံပါတ် ( ၁၄ ) Software မသုံးပဲ ကျွန်တော့်ဆီမှာ ရှိနေတဲ့ PDF တွေကိုရော Online မှာ ဘယ်လိုဖတ်လို့ ရနိုင်မလဲ။
အဖြေ - ဟုတ်ကဲ့ - ကျွန်တော်တို့ ကွန်ပြူတာထဲက ဘာဆော့ဖ်ဝဲလ်မှ မတင်ပဲ PDF ကို ကြည့်ဖို့ အတွက်ဆိုရင်တော့ PDFMeNot ကိုသုံးပြီး Browser ကနေ တစ်ဆင့် ကြည့်လို့ ရပါတယ်။ ဒီ တစ်ခုတည်း မဟုတ်ပါဘူး။ နောက်ထပ် ကျန်ပါသေးတယ်။ ကျွန်တော် တစ်ခုချင်း ပြောပြသွားပါတယ်။

ပထမနည်း - အနေနဲ့ Gmail ကို သုံးပါ။ ကိုယ်ကြည့်ချင်တဲ့ PDF ကို Email မှာ Attachment တစ်ခု အနေနဲ့ တွဲလိုက်ပါ။ ပြီးတာနဲ့ ကိုယ့် Email ကို ကိုယ်ပြန်ဖွင့်ပြီး Attachment တွဲထားတဲ့ ဘေးမှာပါတဲ့ View as HTML အဖြစ်နဲ့ ကိုယ်ကြည့်ချင်တဲ့ PDF ကို Browser ထဲမှာ ကြည့်လို့ ရပါပြီ။

ဒုတိယနည်း - အနေနဲ့ အပေါ်မှာ မိတ်ဆက်ခဲ့ပြီးသား PDF escape ကို သုံးပြီးလည်း ကြည့်လို့ရပါတယ်။ သူကတော့ PDF ကို Online ကနေပြောင်းကြည့်ယုံ တစ်ခုတည်း မဟုတ်ဘူးပေါ့ .. ဟိုဖြည့်ဒီဖြည့်ပါ ဖြည့်လို့ ရတာပေါ့။

တတိယနည်း - အနေနဲ့ အပေါ်မှာမိတ်ဆက်ခဲ့ပြီးသား SlideShare ရှိရာဆီကို ကိုယ့် PDF files တွေ Upload တင်ပြီးတော့ပဲ ဖြစ်ဖြစ် ၊ ဒါမှ မဟုတ် upload@upload.slideshare.net ဆီကို ကိုယ့် PDF files ကို email attachment တစ်ခု အနေနဲ့ ဖြစ်ဖြစ် ပို့ပြီးတော့ပဲ ဖြစ်ဖြစ် ကိုယ်ကြည့်ချင်တဲ့ PDF files တွေကို ကြည့်လို့ ရပါတယ်။

စတုတ္ထနည်း - အနေနဲ့ကတော့ အပေါ်မှာ ပြောခဲ့ပြီးတဲ့ Zoho Viewer ကိုသုံးပြီး ကြည့်လို့ ရပါတယ်။

ပဉ္စမနည်း - အနေနဲ့ကတော့ Samuradata မှာ Upload တင်ပြီး ကိုယ့် PDF files ကိုကြည့်လို့ ရပါတယ်။ တကယ်လို့ ကိုယ်ကြည့်ချင်တဲ့ PDF က ကိုယ့်စက်ထဲမှာ မဟုတ်ပဲ တစ်ခြားဆိုဒ် တစ်ခုမှ ရှိနေတာ ဆိုရင်လည်း သူ့တည်ရှိရာ URL ကို တိတိကျကျ ယူလာပြီး Samurajdata မှာ ထည့်သွင်းပေးရင် သူကနေတစ်ဆင့် ကိုယ့် Web browser မှာ ကိုယ်ဖတ်ချင်တဲ့ PDF ကိုပြန်ပြီး ဖော်ပြပေးပါတယ်။

မေးခွန်းနံပါတ် ( ၁၅ ) - ကျွန်တော့်စက်မှာ Acrobat Reader မရှိပဲနဲ့ PDF forms တွေကိုရော ကျွန်တော်ဖြည့်ဖို့ ဖြစ်နိုင်ပါ့မလား။
အဖြေ - ဟုတ်ကဲ့ - ဖြစ်နိုင်ပါတယ်။ PDF Filler ဆီကိုသွားပါ။ အဲ့ဒီ့နေရာမှာ ကိုယ်ဖြည့်သွင်းချင်တဲ့ PDF form ကို Upload တင်ပြီး ကိုယ်ဖြည့်သွင်းရမယ့် စာတွေ ဖြည့်သွင်းနိုင်ပါပြီ။

ဆက်ရန် ..

က,ကြီး ရေးဖို့ကျောက်သင်ပုန်းရှာနေသူ

Life is what you make of it. Go out and make your dreams come true.

Last edited by KznT; 14-04-2011 at 02:56 AM..
KznT is offline   Reply With Quote
Old 26-02-2010, 03:59 AM
  post #5
KznT
ကြီးကြပ်ရေးမှူး
 
KznT's Avatar
 
အသင်းဝင်နေ့စွဲ: Dec 2009
တည်နေရာ: http://www.techsectors.blogspot.com
ရေးသားချက်များ: 1,338
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 5,983
ပို့စ် 1,332 ခုအတွက် 20,394 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
KznT has a spectacular aura aboutKznT has a spectacular aura about
Pdf အကြောင်း သိကောင်းစရာ

မေးခွန်းနံပါတ် ( ၁၆ ) - ကျွန်တော် တစ်ခါတစ်လေ PDF ထဲမှာ သူများလုပ်သလိုမျိုး ကိုယ်ပိုင်အမှတ်တံဆိပ်လေးတွေ ၊ ကျွန်တော့် လက်မှတ် အမှတ်အသားလေးတွေ ထည့်ချင်တယ်ဗျာ။
အဖြေ - ဟုတ်ကဲ့ - အဲလိုလုပ်ဆောင်ချင်တယ်ဆိုရင်တော့ အရင်ဆုံး Paint ဒါမှမဟုတ် တစ်ခြား Photo Editing Tools တစ်ခုခု သုံးပြီး ကိုယ်ထည့်သွင်းချင်တဲ့ လက်မှတ် ၊ အမှတ်တံဆိပ် ၊ အမှတ်အသားတစ်ခုကို ဖန်တီးပြီး Image အနေနဲ့ Save ထားရပါမယ်။ လက်မှတ်ဆိုရင်လည်း လက်မှတ်အသားတံဆိပ် တစ်ခုပဲပါအောင် လက်မှတ်ဘေးက ပိုနေမယ့် မလိုအပ်တဲ့ ဘေးသားတွေကို ကြိုတင် ဖြတ်ထုတ်ပြင်ဆင်ထားပြီး ဖြစ်ရပါမယ်။ အဲဒါ ပြီးသွားရင်တော့ PDF-X Viewer ကိုသုံးပြီး ကိုယ့်လက်မှတ် ထည့်သွင်းချင်တဲ့ PDF document ကို ဖွင့်လိုက်ပါ။ ပြီးရင်တော့ ကိုထည့်သွင်းချင်တဲ့ အမှတ်အသား ၊ တံဆိပ် ၊ လက်မှတ် စတာတွေကို Copy , Paste လုပ်လိုက်ယုံပါပဲ။ လွယ်ကူပါတယ်။

မေးခွန်းနံပါတ် ( ၁၇ ) - ကျွန်တော့်မှာ စာမျက်နှာ ၂၀၀ လောက်ရှိတဲ့ PDF စာအုပ်တစ်အုပ် ရှိတယ်ဗျ။ ဒါပေမယ့် ကျွန်တော့် အတွက်က အဲ့ဒီစာမျက်နှာ အားလုံးကလည်း လိုတာ မဟုတ်ဘူး။ အဲ့ထဲကမှ ကျွန်တော်လိုချင်တဲ့ အပိုင်းလေးကိုပဲ ဆွဲထုတ်ပြီး နောက်ထပ် PDF တစ်အုပ်အနေနဲ့ ဖန်တီးလို့ ရနိုင်မလား။
အဖြေ - ဟုတ်ကဲ့ - PDF document ကနေ ကိုယ်လိုချင်တဲ့ စာမျက်နှာတွေကိုချည်း ဆွဲထုတ်ပြီး တစ်ခြား စာအုပ်တစ်ခု အဖြစ်ဖန်တီးဖို့ PDF Merge ဒါမှမဟုတ် PDF SAM ဆိုတာ ရှိပါတယ်။ သုံးစွဲကြည့်ပါ။


မေးခွန်းနံပါတ် ( ၁၈ ) - ကျွန်တော်ဖန်တီးထားတဲ့ PDF documents ကိုရော လုံခြုံရေးအတွက် Password တစ်ခုခုများ ပေးထားလို့ ရမလား။

အဖြေ - ဟုတ်ကဲ့ - PDF Hammer ဆီကို Upload တင်ပြီး ကိုယ့် PDF files များရဲ့ လုံခြုံရေးအတွက် Passwords ပေးနိုင်ပါတယ်။ ပြီးသွားရင် PDF documents အနေနဲ့ Export လုပ်လိုက်ယုံပါပဲ။ မခက်ခဲပါဘူး။


မေးခွန်းနံပါတ် ( ၁၉ ) - ကျွန်တော့် PDF documents ထဲမှာ Links တွေ မနဲမနောပါတယ်ဗျာ .. ဒါပေမယ့် အဲ့ Links တွေကို Click လိုက်ရင် ရိုးရိုး ဗြောင်စာရွက်ပေါ် တင်ရေးထားတဲ့ စာကြောင်းကို Click ပေးနေရသလိုပဲ .. ဘာမှလည်း ဖြစ်မလာဘူး။ အဲ့ပြဿနာကိုရော ဖြေရှင်းပေးလို့ ရမလား။

အဖြေ - ဟုတ်ကဲ့ - PDF Escape ရှိနေပါတယ်။ သူ့ဆီမှာ Upload တင်လိုက်ပြီး PDF စာမျက်နှာပေါ်မှာရှိနေတဲ့ ကြိုက်တဲ့နေရာ ဘယ်နေရာမှာ မဆို Hyperlinks ဖန်တီးနိုင်ပါပြီ။


မေးခွန်းနံပါတ် ( ၂၀ ) - Web ပေါ်မှာ ရှိနေတဲ့ ဘယ် Online Services ဆီ ကျွန်တော့် PDF files တွေ Upload တင်ဖို့ ခင်ဗျား အကြံပေးနိုင်မလဲ။

အဖြေ - ကျွန်တော် သဘောကျတာတော့ Issuu ဗျ။ သူ့မှာ Built-in ဖန်တီးပြီးသား သိပ်လှတဲ့ အပြင်အဆင်နဲ့ PDF viewer ပါတယ်။ ကျွန်တော် အဲ့ဆိုဒ်မှာ တင်ထားတဲ့ Myanmar Family မဂ္ဂဇင်းလေး ဒီနေရာကနေ ခဏလောက် သွားကြည့်ကြည့်ပါလား။ Issuu မှာ တင်ပြီးရင် သူ့ဆီကနေ Embed ပြန်လုပ်ပြီး ကိုယ့် ကိုယ်ပိုင်ဆိုဒ်မှာလည်း တိုက်ရိုက်ဖတ် စာအုပ်ပုံစံနဲ့ တင်ထားလို့ ရသေးသဗျ။ ဒါကိုမှ သဘောမကျဘူးဆိုရင်လည်း နောက်ထပ်ရည်ညွှန်းချင် တာတော့ Scribd ပေါ့။ သူကတော့ PDF documents နဲ့ ပတ်သတ်ရင် လူတော်တော်များများ မျက်စိကျနေကြတဲ့ နေရာတစ်ခုပေါ့။

မိသားစု အားလုံး အဆင်ပြေ ဗဟုသုတ တိုးပွားကြပါစေ။

အားလုံးပဲ အဆင်ပြေကြပါစေ။

KznT.

က,ကြီး ရေးဖို့ကျောက်သင်ပုန်းရှာနေသူ

Life is what you make of it. Go out and make your dreams come true.

Last edited by KznT; 14-04-2011 at 02:57 AM..
KznT is offline   Reply With Quote
အောက်ပါအသင်းဝင် 33 ဦးတို့မှ KznT အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 06-02-2011, 05:41 PM
  post #6
thureinsoe
MF Contributor
 
thureinsoe's Avatar
 
အသင်းဝင်နေ့စွဲ: Mar 2010
တည်နေရာ: ရန်ကုန်
ရေးသားချက်များ: 580
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 2,093
ပို့စ် 525 ခုအတွက် 3,955 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
thureinsoe will become famous soon enough
ပြန်စာ - Pdf အကြောင်း သိကောင်းစရာ

အစ်ကိုကျေးဇူးအရမ်းတင်ပါတယ်အရမ်ကိုတန်ဖိုးရှိတဲ့
ပိုစ်လေးကိုလေးလာခွင့်ရတဲ့အတွက် ko kznt နှင့် ..........

သူတည်းတစ်ယောက်ကောင်းဖို့ရောက်မူ သူတစ်ယောက်မှာပျက်လင့်ကာသာဓမ္မတာတည်း
နန္ဒသူရိယအမတ်ကြီး


phpcrazy.mm@gmail.com
thureinsoe is offline   Reply With Quote
အောက်ပါအသင်းဝင် 5 ဦးတို့မှ thureinsoe အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 16-05-2011, 06:43 PM
  post #7
ရဲထက်သာ
ကလေးပေါက်စ
 
အသင်းဝင်နေ့စွဲ: Nov 2009
တည်နေရာ: Nay Pyi Taw , Ela
ရေးသားချက်များ: 20
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 62
ပို့စ် 12 ခုအတွက် 46 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
ရဲထက်သာ is on a distinguished road
ပြန်စာ - Pdf အကြောင်း သိကောင်းစရာ

အစ်ကိုရေ.. PDF to Word ပြောင်းရတဲ့ ဆော့ဝဲကော..ပေးလို့ ရမလားဗျ..
ညီ့ဆီမှာ ရှိတဲ့ ဆော့ဝဲက.. ပြောင်းလို့တော့ ရပါတယ်.. ဒါပေမယ့်. စာတွေကို ပြင်မရဖြစ်နေတယ်.....
word ပြောင်းပြိး..အထဲက စာကိုပြင်ချင်တာ...ပြောင်းလိုက်ရင် .. ရတယ်..ဒါပေမယ့်.. ဘောက်အနေနဲ့
ပေါ်နေတယ်..ညီက ပြင်ချင်တာ.. သိရင် ပြောပြပေးပါအုံး.ဆော့ဝဲလေးပါ..ပေးပါအုံးနော်..
ရဲထက်သာ is offline   Reply With Quote
အောက်ပါအသင်းဝင် 2 ဦးတို့မှ ရဲထက်သာ အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 16-05-2011, 08:11 PM
  post #8
KznT
ကြီးကြပ်ရေးမှူး
 
KznT's Avatar
 
အသင်းဝင်နေ့စွဲ: Dec 2009
တည်နေရာ: http://www.techsectors.blogspot.com
ရေးသားချက်များ: 1,338
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 5,983
ပို့စ် 1,332 ခုအတွက် 20,394 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
KznT has a spectacular aura aboutKznT has a spectacular aura about
ပြန်စာ - Pdf အကြောင်း သိကောင်းစရာ

PDF to Word ပြောင်းချင်တာ နားလည်ပါပြီ - ဒါပေမယ့်ဘယ်ဘာသာနဲ့ ရေးထားတာကို Word ကို ပြောင်းချင်တာပါပဲ - ဆိုလိုတာ - English လိုရေးထားတဲ့ pdf ကို English လိုရေးထားတဲ့ Word အဖြစ် ပြောင်းချင်တာမျိုးလား - မြန်မာလိုရေးထားတဲ့ pdf ကို မြန်မာလို word ထဲရောက်အောင်တော့ တိုက်ရိုက် ပြောင်းလို့ မရသေးပါဘူး - တစ်ခြား ဘာသာနဲ့ ရေးထားတဲ့ pdf တွေကနေ အဲ့ဘာသာ အတိုင်းပဲ word ဖြစ်အောင် ပြောင်းချင်မယ် ဆိုရင်တော့ ABBYY Fine Reader ဆိုတာ ရှိပါတယ်။ သုံးဖူးသမျှထဲမှာ အဲ့ဒီ့ OCR software က အကောင်းဆုံးပါပဲ။ သူ့ကို ဒီနေရာမှာ ကိုရဲအောင် တင်ပေးထားတာ ရှိပါတယ်။

KznT.

က,ကြီး ရေးဖို့ကျောက်သင်ပုန်းရှာနေသူ

Life is what you make of it. Go out and make your dreams come true.
KznT is offline   Reply With Quote
အောက်ပါအသင်းဝင် 16 ဦးတို့မှ KznT အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 07-12-2011, 04:17 PM
  post #9
putty
ကြီးကောင်ဝင်စ
 
အသင်းဝင်နေ့စွဲ: Nov 2010
တည်နေရာ: မန္တလေး
ရေးသားချက်များ: 120
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 676
ပို့စ် 115 ခုအတွက် 682 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
putty is on a distinguished road
ကိုယ်ကြိုက်တဲ. pdf ဖိုင်များကို (pdf)ဖိုင်တစ်ခ

ကျွန်တော်တို. စီမှာ ပြန်.ကြဲ နေတဲ. ကိုယ်ကြိုက်တဲ. pdf ဖိုင်တွေကို pdf fileတစ်ခုတည်းဖြစ်အောင်
ပေါင်းလို.၇တဲ. ဆိုဒ်လေးတစ်ခုနဲ. မိတ်ဆက်ပေးချင်ပါတယ်။
ကိုယ်ကြိုက်တဲ. စာလေးတွေကို ၇ှာနေစ၇ာမလိုတော.ပဲ
pdf ဖိုင် တစ်ခုတည်းဖွင်.တာနဲ. ကိုယ်ဖတ်ချင်တဲ. စာတွေအားလုံး အလွယ်တကူ ဖတ်လို. ၇တာပေါ.ဗျာ။
ဖိုင်တွေ ပြန်.ကြဲ မနေတော. ကြည်.၇တာလဲ ၇ှင်းတာပေါ.ဗျာ။

http://www.pdfjoin.com/

သုံးပုံ သုံးနည်းကိုတော. ပုံနဲ. ပြောပြချင်ပါတယ်။
ပထမဦးဆုံး အပေါ်က ဆိုဒ်ကို ၀င်လိုက်ပါ။ ၀င်ပြီး၇င် Browse ဆိုတာကိုနှိပ်ပြီး ကိုယ်ပေါင်းချင်တဲ. pdf ဖိုင်တွေေ၇ွးပေးလိုက်ပါ။



join ဆိုတဲ. button နှိပ်ပြီး ခဏစောင်.လိုက်ပါ။

ဒီပုံအတိုင်းပေါ်လာ၇င် ok နှိပ်ပြီး ဒေါင်းလိုက်ပါ။

အဆင်ပြေပါစေဗျာ။

:welcomeb:
[COLOR="Blue"]putty.mf@gmail.com[/COLOR]

[URL="http://www.myanmarfamily.org/forum/showthread.php?t=19689"]ဖတ်စေချင်တယ်[/URL]

[URL="http://www.myanmarfamily.org/forum/showthread.php?t=18421&highlight=virus"]အတွေးများနှင်.ခဏတာ[/URL]

[URL="http://www.myanmarfamily.org/forum/showthread.php?t=22428"] ကိုသန်.ဇင်ဌေး စာကြည်.တိုက်[/URL]
putty is offline   Reply With Quote
အောက်ပါအသင်းဝင် 10 ဦးတို့မှ putty အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 09-01-2012, 09:48 AM
အောင်သုခ
ဆယ်ကျော်သက်
 
အသင်းဝင်နေ့စွဲ: Jun 2011
တည်နေရာ: အောင်သုခကွန်ပျ&#
ရေးသားချက်များ: 69
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 24
ပို့စ် 42 ခုအတွက် 74 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
အောင်သုခ is on a distinguished road
ပြန်စာ - Pdf အကြောင်း သိကောင်းစရာ

pdf unlocker software က link သေနေပြီခင်ဗျ။ ပြန်တင်ပေးပါလားခင်ဗျာ။ အားလဲနာတယ်။ကျေးဇူးလဲတင်ပါတယ်။အားကိုးလျှက်။
အောင်သုခ is offline   Reply With Quote
Old 09-01-2012, 10:10 AM
bagothar85
အထူးအသင်းဝင်
 
bagothar85's Avatar
 
အသင်းဝင်နေ့စွဲ: Dec 2010
ရေးသားချက်များ: 1,297
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 7,571
ပို့စ် 1,345 ခုအတွက် 8,095 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
bagothar85 will become famous soon enough
ပြန်စာ - Pdf အကြောင်း သိကောင်းစရာ

Quote:
Originally Posted by အောင်သုခ View Post
pdf unlocker software က link သေနေပြီခင်ဗျ။ ပြန်တင်ပေးပါလားခင်ဗျာ။ အားလဲနာတယ်။ကျေးဇူးလဲတင်ပါတယ်။အားကိုးလျှက်။
ဒီနေရာမှာ PDF Password Remover ဆိုတာလေး တင်ပေးထားတာ ရှိပါတယ်။ အဲဒါက PDF Unlocker နဲ့ လုပ်ဆောင်ပုံချင်း အတူတူပါပဲ။ Passwrod ခံထားတဲ့ PDF ဖိုင်တွေကို Password ဖြုတ်ပေးပါတယ်။ တခုရှိတာ မြန်မာလို File Name ပေးထားတဲ့ ဖိုင်တွေကို English လို ပြောင်းပေးမှ အလုပ်လုပ်မှာပါ။ အဆင်ပြေပါစေခင်ဗျာ...
bagothar85 is offline   Reply With Quote
အောက်ပါအသင်းဝင် 4 ဦးတို့မှ bagothar85 အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 15-02-2013, 11:54 PM
powerlight02
အရွယ်ရောက်သူ
 
အသင်းဝင်နေ့စွဲ: Jan 2013
တည်နေရာ: ပဲခူး
ရေးသားချက်များ: 175
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 165
ပို့စ် 155 ခုအတွက် 501 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
powerlight02 is on a distinguished road
ပြန်စာ - Pdf အကြောင်း သိကောင်းစရာ

လုံးဝလုံးဝ ရှယ်ကို ကျေးဇူးတင်ပါတယ် ။
KznT ဒီထက်မကသော ပညာရပ်များကို ရေးသားနိုင်ပါစေဗျာ ။
ကျွန်တော် pdf အကြောင်းကို လိုက်ရှာနေတာ ကြာပါပြီ အခုမှပဲ အတော်ကို အဆင်ပြေသွားပါတယ် ။
ကျွန်တော် မေးချင်တာလေးတော့ရှိတယ်ဗျ ။



တချို့သော pdf file တွေမှာ စာအုပ်ရဲ့ဘေးမှာ ဘယ်ဘက်ခြမ်းမှာ မာတိကာ လေးပါရှိပြီး ကိုယ်ကြိုက်ရာ ခေါင်းစဉ်လေးကို နှိပ်လိုက်ပါက သက်ဆိုင်ရာ စာမျက်နှာသို့ ရောက်သွားပါတယ် ။
တချို့သော စာအုပ်များကလည်း မပါပါဘူး ဘာတွေများ ကွာသလဲ သိချင်ပါတယ် ။
မာတိကာလေးပေါ်အောင် ဘယ်လိုဆော့ဝဲလ်မျိုး သုံးသင့်သလဲ ပြောပေးပါခင်ဗျား ။

နောက်တမျိုးက pdf File ပေါ်မှာ ပါဝင်သော စာသားများအချို့က Highlight Underline လေးတွေတားထားပြီး အဲဒါကို Click ပါက သက်ဆိုင်သော စာမျက်နှာများသို့ရောက်သွားတာလေးတွေပါ ။
ဘယ်လိုမျိုး ပြုလုပ်လို့ရလဲသိချင်ပါတယ် ။

ကိုကိုဇော် (BE-EC)
www.htarwaiethar.blogspot.com
powerlight02 is offline   Reply With Quote
အောက်ပါအသင်းဝင်မှ powerlight02 အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 16-02-2013, 03:39 AM
g00gle
အထူးအသင်းဝင်
 
အသင်းဝင်နေ့စွဲ: Nov 2010
ရေးသားချက်များ: 751
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 12,278
ပို့စ် 754 ခုအတွက် 6,476 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
g00gle will become famous soon enough
ပြန်စာ - Pdf အကြောင်း သိကောင်းစရာ

Quote:
Originally Posted by powerlight02 View Post
တချို့သော pdf file တွေမှာ စာအုပ်ရဲ့ဘေးမှာ ဘယ်ဘက်ခြမ်းမှာ မာတိကာ လေးပါရှိပြီး ကိုယ်ကြိုက်ရာ ခေါင်းစဉ်လေးကို နှိပ်လိုက်ပါက သက်ဆိုင်ရာ စာမျက်နှာသို့ ရောက်သွားပါတယ် ။
တချို့သော စာအုပ်များကလည်း မပါပါဘူး ဘာတွေများ ကွာသလဲ သိချင်ပါတယ် ။
မာတိကာလေးပေါ်အောင် ဘယ်လိုဆော့ဝဲလ်မျိုး သုံးသင့်သလဲ ပြောပေးပါခင်ဗျား ။
မာတိကာက Bookmarks ပါ။ စာအုပ်လုပ်တဲ့သူ ထဲ့ထားရင် ပါပါတယ်။ မထဲ့ထားရင် မပါပါဘူး။ များသောအားဖြင့် စာမျက်နှာ ၇-၉ မျက်နှာကျော်ရင် bookmarks ထဲ့ကြပါတယ်။ စာအုပ်လုပ်တဲ့သူ ထဲ့ဖို့မေ့သွားလို့ ဖြစ်ပါလိမ့်မယ်။

ဆော့ဝဲက နောက်ပိုင်း pdf reader ဆို bookmark အလွယ်ထဲ့လို့ ရပါတယ်။ Adobe reader မှာတော့ မပြောတတ်ပါ။ Foxit reader မှာ ရပါတယ်။

Insert >> Bookmark ဆိုတဲ့ စာသားလိုက်ရှာပါ။ bookmarks sidepane ဖွင့်။ ပုံလေးကို ထောက်ပြီး မြင်ရတဲ့စာကလဲ ဖတ်လို့ ရပါတယ်။

ပထမ Bookmark လုပ်ရင် နေရာ မသတ်မှတ်ရသေးပါ။ ရိုးရိုး ခေါင်းစဉ်လေးပါပါပဲ။ ကိုယ်ထားချင်တဲ့ page ကို သွား။ Bookmark ကို right click >> set as destination ဆို ကိုယ်လိုချင်တဲ့ page ရောက်ပါတယ်။ bookmarks တွေကို drag & drop နဲ့ စီလို့ရပါတယ်။ အားလုံးပြီး pdf ကို save လုပ်ပေးပါ။

စာထဲက highlight လုပ်ထားတာလဲ ဒီလိုမျိုးပါပဲ။ ဒါပေမဲ့ pdf reader နဲ့တော့ ရချင်မှ ရပါမယ်။ PDF creator / Editor ဆော့ဝဲလိုပါမယ်။ (ဥပမာ - adobe acrobat)

If something doesn't work, break it and create a BETTER one.

Last edited by g00gle; 16-02-2013 at 03:40 AM..
g00gle is offline   Reply With Quote
အောက်ပါအသင်းဝင် 6 ဦးတို့မှ g00gle အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 18-02-2013, 10:49 AM
laypayay
ကြီးကောင်ဝင်စ
 
အသင်းဝင်နေ့စွဲ: Aug 2011
ရေးသားချက်များ: 116
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 36
ပို့စ် 83 ခုအတွက် 302 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
laypayay is on a distinguished road
ပြန်စာ - Pdf အကြောင်း သိကောင်းစရာ

pdf ဖိုင်ကို စာမျက်နှာတိုးချင်တာ ဘယ်လိုလုပ်ရမလဲ သိချင်ပါတယ်။ (ဥပမာ pdf ဖိုင် (၂) ခုရှိတယ် ဆိုပါစို့ ပထမဖိုင်မှာ စာမျက်နှာ (၅) နေရာမှာ ဒုတိယဖိုင်က စာမျက်နှာ (၂) ကို ထပ်ပေါင်းထည့် ချင်ရင် ဘယ်လိုလုပ်ရမလဲ သိချင်တာပါ)
laypayay is offline   Reply With Quote
အောက်ပါအသင်းဝင်မှ laypayay အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 18-02-2013, 12:34 PM
bagothar85
အထူးအသင်းဝင်
 
bagothar85's Avatar
 
အသင်းဝင်နေ့စွဲ: Dec 2010
ရေးသားချက်များ: 1,297
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 7,571
ပို့စ် 1,345 ခုအတွက် 8,095 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
bagothar85 will become famous soon enough
ပြန်စာ - Pdf အကြောင်း သိကောင်းစရာ

Quote:
Originally Posted by laypayay View Post
pdf ဖိုင်ကို စာမျက်နှာတိုးချင်တာ ဘယ်လိုလုပ်ရမလဲ သိချင်ပါတယ်။ (ဥပမာ pdf ဖိုင် (၂) ခုရှိတယ် ဆိုပါစို့ ပထမဖိုင်မှာ စာမျက်နှာ (၅) နေရာမှာ ဒုတိယဖိုင်က စာမျက်နှာ (၂) ကို ထပ်ပေါင်းထည့် ချင်ရင် ဘယ်လိုလုပ်ရမလဲ သိချင်တာပါ)
Debenu PDF Tools ဆိုတာကို အသုံးပြုပြီး PDF ဖိုင်တွေကို ပေါင်းတာ၊ ဖြုတ်တာ... စသဖြင့် လုပ်လို့ရပါတယ် အစ်မ... Debenu PDF Tools ကို Download လုပ်ပြီး၊ စက်ထဲကို အင်စတောလုပ်ပါ။ ၁၄-ရက် အလကားသုံးလို့ရပါတယ်။




ပုံမှာပြထားတဲ့အတိုင်း အစ်မ စာမျက်နှာထပ်ပေါင်းချင်တဲ့ PDF ဖိုင်ကို Right Click >> Debenu PDF Tools Pro >> Edit >> Pages >> Insert ဆိုတာကို နှိပ်ပါ။





ပုံကအတိုင်း Source file မှာ အစ်မ ထပ်ပေါင်းချင်တဲ့ PDF ဖိုင်ကို ရွေးပြီး၊ Location : နေရာမှာ After (OR) Before ကို ရွေး၊ Page: ဆိုတဲ့နေရာမှာ အပေါ်က After (OR) Before ရွေးထားတာကို လိုက်ပြီး စာမျက်နှာနံပါတ် ရွေးပါ။ အဲဒါပြီး OK ကို နှိပ်လိုက်လို့ရှိရင် တစ်ဖက်မှာ အခု ထပ်ပေါင်းထားတဲ့ PDF ကို Save လုပ်ဖို့နေရာရွေးပြီး Save လုပ်လိုက်ရင် စာမျက်နှာပေါင်းပြီးသား PDF ဖိုင်ကို ရပါပြီ။






PDF ဖိုင်ထဲက စာမျက်နှာတွေကို ခွဲထုတ်ယူချင်ရင်တော့ အပေါ်ဆုံးပုံက Insert အောက်က Right Click >> Debenu PDF Tools Pro >> Edit >> Pages >> Extract ကို ရွေးပြီး၊ အပေါ်ပုံကအတိုင်း Page Extraction Options မှာ From : 1 | To : 1 ရွေးရင် စာမျက်နှာ(၁) တစ်မျက်နှာပဲ ထွက်လာပါမယ်။ From : 1 | To : 2 ဆိုရင်တော့ စာမျက်နှာ(၁ + ၂) - ၂-မျက်နှာထွက်လာပါမယ်။ တခြားစာမျက်နှာတွေကိုလည်း ထိုနည်းအတိုင်း လုပ်ဆောင်နိုင်ပါတယ်။ အဆင်ပြေပါစေ အစ်မ...


Update: Debenu PDF Tools Pro Free Giveaway
Download : Here |OR| Dropbox

Last edited by bagothar85; 19-02-2013 at 08:06 PM..
bagothar85 is offline   Reply With Quote
အောက်ပါအသင်းဝင် 4 ဦးတို့မှ bagothar85 အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 18-02-2013, 01:26 PM
g00gle
အထူးအသင်းဝင်
 
အသင်းဝင်နေ့စွဲ: Nov 2010
ရေးသားချက်များ: 751
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 12,278
ပို့စ် 754 ခုအတွက် 6,476 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
g00gle will become famous soon enough
ပြန်စာ - Pdf အကြောင်း သိကောင်းစရာ

နောက်ဆော့ဝဲ တစ်ခုက PDFTK Builder ( http://portableapps.com/apps/office/...ilder_portable ) ပါ။

Collate ဆိုတဲ့ tab မှာ ကိုယ်ပေါင်းမဲ့ pdf တွေကို အစဉ်လိုက် ပေါင်းထဲ့လိုက်ပါ။ Pages ရွေးလို့ရလို့ တစ်ဖိုင်တည်းကို ၂ ခါ၊ ၃ ခါ ထဲ့လို့ ရပါတယ်။

ဥပမာ - ကိုယ်က pdf (A) - စာမျက်နှာ (၅) နေရာမှာ၊ ဒုတိယ pdf (B) ရဲ့ စာမျက်နှာ (၂) ထဲ့မယ်ဆိုပါစို့။

ထဲ့လိုက်တဲ့ ပုံက ဒီလိုဖြစ်ပါမယ်။

Quote:
pdf (A) == pages - 1-4
pdf (B) == pages - 2
pdf (A) == pages - 5-100 (100 နေရာမှာ pdf (A) စာမျက်နှာအဆုံးပါ)

ထပ်ထဲ့ချင်ရင် အောက်က ဆက်ထဲ့လို့ရပါတယ်။
pdf (C) == pages - 50-55
pdf (C) == pages - 1-20
pdf (E) == pages - 1-10 စသဖြင့်ပေါ့။
ကိုယ်ကြိုက်တဲ့ ပုံစံရပြီဆို Save as နှိပ်ရင် ဖိုင်အသစ် တစ်ခုထွက်ပါမယ်။ ဆော့ဝဲ မကောင်းတာက ဖိုင်ပေါင်းတုန်းမှာ ခဏ ဟန်းသွားသလို ဖြစ်တတ်ပါတယ်။ အဲဒီအချိန် ဘာမှ လုပ်လို့မရပါ။ loading လုပ်နေကြောင်းလဲ မပြပါ။ ဒါပေမဲ့ နောက်ကွယ်က အလုပ်လုပ်နေပါတယ်။ လုပ်ပြီးသွားရင် ပြန်ကောင်းသွားပါလိမ့်မယ်။ ဟန်းသွားလဲ ခဏပစ်ထားပြီး တစ်ခြား အလုပ်တစ်ခု လုပ်နေလိုက်ပါ။

(ubuntu မှာလဲ အဲဒီ နာမည်နဲ့ ဆော့ဝဲ ရှိပါတယ်။ GUI / command line (၂) မျိုး ရှိပါတယ်။ command line tool ကတော့ အရမ်းမြန်ပါတယ်။ ပုံမှန် နာရီဝက်လောက် ကြာတာကို မိနစ်အနည်းငယ်နဲ့ လုပ်နိုင်ပါတယ်)

If something doesn't work, break it and create a BETTER one.
g00gle is offline   Reply With Quote
အောက်ပါအသင်းဝင် 4 ဦးတို့မှ g00gle အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 19-03-2013, 02:23 PM
ထက်ကိုး
မွေးကင်းစကလေး
 
ထက်ကိုး's Avatar
 
အသင်းဝင်နေ့စွဲ: Mar 2013
တည်နေရာ: အိမ်မှာနေပါတယ်
ရေးသားချက်များ: 4
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 1
ပို့စ် 3 ခုအတွက် 4 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
ထက်ကိုး is on a distinguished road
ပြန်စာ - Pdf အကြောင်း သိကောင်းစရာ

မေးခွန်းနံပါတ် ( ၂ ) - ကျွန်တော်တော့ Documents ကနေ PDF files လေးပြောင်းဖို့ အတွက်နဲ့ စက်မှာ အဲလို ရှုပ်တီးရှုပ်ရှက် ဆော့ဖ်ဝဲလ်တွေ မတင်ချင်ပါဘူး။ တစ်ခြား ခင်ဗျားသိမယ့် နည်းလေးများ မရှိတော့ဘူးလား။

အဖြေ - ဟုတ်ကဲ့ - ရှိပါတယ်။ PDF files အဖြစ်ပြောင်းလဲချင်တဲ့ သင့်ရဲ့ Documents တွေကို Google Docs ရှိရာဆီ Browser ကနေ တစ်ဆင့် Upload တင်လိုက်ပါ။ နောက်ပြီး အဲ့ကနေပဲ PDF files အဖြစ်ပြန်ပြီး export လုပ်လိုက်ပါ။ သိပ်လွယ်ပါတယ်။

အစ်ကိုတို့ရေ ကျွန်တော်က micorsft office နဲ့မြန်မာလိုရိုက်ထားတာတွေကို PDF ဖိုင်ပြောင်းတော့ google doc မှာZawgyiဖောင့်မပါဘူးဖြစ်နေတယ် ။ PDF ဖိုင်နဲ့တော့ပြန်ရပေမယ့် font မတူတော့ စာတွေကဖတ်လို့မရဘူးဖြစ်နေတယ် ။ ကူညီကြပါအုံးဗျာ
ထက်ကိုး is offline   Reply With Quote
အောက်ပါအသင်းဝင်မှ ထက်ကိုး အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Reply

Tags
how to, pdf, user guide

တန်ဆာပလာများ
ဖော်ပြမှုပုံစံ

Posting Rules
You may not post new threads
You may not post replies
You may not post attachments
You may not edit your posts

BB code is On
Smilies are On
[IMG] code is On
HTML code is Off

ဖိုရမ်တွေ ကျော်ရောက်ချင်ရင် !

အခြားဆင်တူဆွေးနွေးချက်များ
ဆွေးနွေးချက် စတင်ရေးသားသူ ကွပ်ပျစ်ဝိုင်း ပြန်စာများ နောက်ဆုံးပို့စ်
Registry အကြောင်း ပြည့်ဖြိုး Windows နှင့်သက်ဆိုင်သော 21 05-04-2011 02:53 PM
MAC address အကြောင်း ဇော်ရဲပိုင် အထွေထွေဗဟုသုတ 9 29-01-2010 01:46 AM


ဖိုရမ်၏ ပင်မအချိန်သည် ဂရင်းနစ်စံတော်ချိန် +6.5 ဖြစ်သည်။ဒေသစံတော်ချိန် 08:24 PM
Inactive Reminders By Icora Web Design