Old 06-03-2010, 03:27 AM
  post #1
KznT
ကြီးကြပ်ရေးမှူး
 
KznT's Avatar
 
အသင်းဝင်နေ့စွဲ: Dec 2009
တည်နေရာ: http://www.techsectors.blogspot.com
ရေးသားချက်များ: 1,338
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 5,983
ပို့စ် 1,332 ခုအတွက် 20,394 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
KznT has a spectacular aura aboutKznT has a spectacular aura about
Torrent ဘာလဲ Torrent ဘယ်လဲ ??

ကျွန်တော်အပါအဝင် လူအတော်များများ တစ်နေ့နဲ့ တစ်နေ့ အင်တာနက် သုံးဖြစ်တယ်ဆိုတာ ဟိုဝင်လိုက် ဒီထွက်ထိုက် .. ဟိုဂိမ်းဆော့လိုက် ၊ ဒီဂိမ်းဆော့လိုက် ၊ Facebook ဝင်လိုက် ၊ Blogging လိုက် … စာအုပ်ဖတ်လိုက် ၊ သီချင်းနားထောင်လိုက် ဆိုပြီး ပုံစံမျိုးစုံနဲ့ အင်တာနက်ဆိုတာကြီးကို အသုံးချနေခဲ့ကြတယ်။ တစ်ခါတစ်လေ သီချင်းလေး နားထောင်ရင်းနဲ့ ဒီသီချင်းလို့ ကြိုက်လို့ ဒေါင်းလုပ်ချပြီး သိမ်းထားလိုက်ချင်တယ် .. တစ်ခါတစ်လေကျ တော့ Sherlock Holmes, Avater, တို့လို အခွေကောင်းလေးတွေတွေ့ရင် ကိုယ်လည်းကြည့် သူများလည်း ပြရအောင် စက်ထဲမှာ ထည့်ထားလိုက်ချင်တယ် .. တစ်ခါတစ်လေ ကွန်ပြူတာ အတွက် မဖြစ်မနေလိုလို့ အရေးကြီး ဆော့ဖ်ဝဲလ်လေးတွေ အပူတပြင်းလိုက်ရှာ ပြီး ဒေါင်းလုပ်ချရတယ် .. တစ်ခါတစ်လေ အလုပ်က ၊ ကျောင်းကစသဖြင့် ပေးတဲ့ Projects တွေ ၊ Assignments တွေ အတွက် အထောက်အကူပြု မှီငြမ်းကိုးကား လို့ ရအောင် E-Books လေးတွေ လိုချင်ပြန်ရော .. အဲလိုနဲ့ တစ်နေ့နဲ့တစ်နေ့ ကျွန်တော်တို့တွေ ရလိုမှုတပွေ့တပိုက်ကို ရင်မှာပိုက်ပြီး နေ့ရက်တိုင်းကို ဖြတ်သန်းခဲ့ကြတယ်။ ခုလည်း ဖြတ်သန်းနေတယ်။ နောက်လည်း ဖြတ်သန်းနေရဦးမယ်။ အဲတော့ ဖြတ်သန်းနေရမယ့် ကာလတစ်လျှောက်လုံးမှာ ကျွန်တော်တို့အတွက် အမြဲပတ်သတ်နေမှာ ဘာလဲလို့ ကျွန်တော် စဉ်းစားကြည့်မိတယ်။ အဲဒါကတော့ ကျွန်တော်တို့ အတွက် ဘယ်တော့မှ ဖြည့်တင်းလို့ မပြည့်နိုင်တဲ့ “ Downloading “ လုပ်ငန်းစဉ်ကြီးပါပဲ။

Downloading ဆိုတာ File Sharing လုပ်ခြင်းကနေ ပေါက်ဖွားလာတဲ့ နောက်ဆက်တွဲ ရလာဒ်တစ်ခုပါ။ File Sharing ဆိုတာ စီးပွားရေး ရှုဒေါင့်ကနေ ကြည့်ရင် ဝယ်လိုအား နဲ့ ရောင်းလိုအားကြားက ပေါင်းကူး တံတားတစ်ခုလိုပါပဲ။ ဝယ်လိုအားလို့ ပြောလို့ရတဲ့ Downloader တွေရဲ့ တောင်းဆိုမှု တွေကြောင့် ရောင်းလိုအားလို့ဆိုလို့ရတဲ့ Up loader တွေပေါ်ပေါက်လာပြီး သူတို့ ၂ ယောက်ကြားမှာ ဆက်သွယ်ပေါင်းစည်းမှု အဖြစ် File Sharing ဆိုတာ ပေါ်ပေါက်လာခဲ့ပါတယ်။ File Sharing ကိုအရင်တစ်ချိန်ကတော့ ဘယ်သူမှ ဒီလောက်ကြီး စိတ်လည်းမဝင်စားခဲ့ကြဘူး။ စိတ်ကူးထဲလည်း မရှိခဲ့ကြဘူး။ ဒါပေမယ့် ခုခေတ်မှာတော့ အရာရာ အင်တာနက် ခေတ်ဖြစ်လာခဲ့ပြီ .. ဘယ်လောက်ထိတောင်လဲ ဆို အရင်တစ်ချိန်က Applications တွေ ဗြွတ်လိုက်တင်ပြီး အလုပ်လုပ်နေကြတဲ့ Desktop တွေ ၊ Laptop တွေကိုတောင် အသုံးမလိုတော့ သယောင်ထားခဲ့ပြီး ipad တို့ netbook တို့ဆိုတာ ပေါ်လာခဲ့ပြီ .. စီးပွားရေး သမားတွေက အင်တာနက်ရဲ့ အသုံးဝင်ပျံ့နှံ့လာမှုနဲ့ File Sharing အကြောင်းကို ကောင်းကောင်း ရိပ်စားမိပြီး RapidShare တို့လို .. Megaupload တို့လို့ Hotfile တို့လို Uploading တို့လို အစရှိသဖြင့် Downloader နဲ့ Up loader တွေကြားမှာ Hosting Service ဆိုတဲ့ နာမည်လှလှ သုံးပြီး စီးပွားရေးတွေ လုပ်လာကြပြီ။ RapidShare မှာဆို FreeUser တစ်ယောက်အတွက် Applications လေး တစ်ခုဒေါင်းလုပ်ချဖို့ သွားရင် Wait ….. Minutes ဆိုတာကြီး တက်လာပြီ .. တစ်ခါတစ်ခါ ကိုယ်လည်း ဘာမှဒေါင်းလုပ်မချရသေးပဲ မင်း ip က ဒေါင်းလုပ်ချနေပြီလည်း ပြောရဲ့ .. ရံဖန်ရံခါ ကျတော့ ခုလေးတင် မင်းဒေါင်းလုပ်ချပြီးတာ နောက်ထပ် ဘယ်နမိနစ်စောင့်ပါဦးလို့လည်း ဆိုရဲ့ .. နောက်ပြီး နောက်ထပ် လာသေးတာက လတ်တလော ဆိုဒ်မှာ ဒေါင်းလုပ်ချသူတွေ အရမ်းပြည့်ကျပ်နေလို့ မင်းလို FreeUser တွေအတွက် နေရာလပ်မရှိဘူးလို့လည်း ပြောရဲ့ .. မျက်နှာငယ်လိုက်ရတာ။ နာရီလိုလိုဘာလိုလို Speed တိုင်းတဲ့ ဟာကြီးနဲ့လည်း ပြထားသေးတယ် Free User ဆိုရင် Download speed က 0 နားမှာ .. Premium User ဆို Max: ( Premium user ဆိုတာ အဲ့ဒီ Hosting ပေးထားတဲ့ ဆိုဒ်မှာ ပိုက်ဆံထည့်ပြီး သုံးတဲ့သူကို ပြောတာ။ )

သူပြတဲ့ ဘယ်နမိနစ်စောင့်ပါ ဆိုတာကြီးသာ ထိုင်စောင့်နေရလို့ကတော့ အိုသေရချည်ရဲ့ .. ဒါပေမယ့်လည်း ဒီပြဿနာ ကို ယှဉ်ပြိုင်အံတုဖို့ နည်းပညာ သစ်တွေ ဆက်တိုက် ဆက်တိုက် ပေါ်လာခဲ့ပါတယ်။ KaZzA , Morpheus , WinMX သူတို့တွေဟာ ဒီ File Sharing ပြဿနာကို ဖြေရှင်းနိုင်ဖို့ ကနဦးပေါ်ပေါက်လာခဲ့တဲ့ ဆော့ဖ်ဝဲလ်တွေပါပဲ။ ဒီ ပရိုဂရမ်တွေရဲ့ လုပ်ဆောင်မှုက Download လုပ်ချင်သူ နဲ့ Upload လုပ်ပေးမယ့်သူကို ချိတ်ဆက်ပေးပြီး File Sharing လုပ်စေတဲ့ သဘောမျိုးပါ။ ဒီလိုလုပ်လိုက်ခြင်း အားဖြင့် ကိုယ်လိုချင်တဲ့ ဖိုင်တွေ ဒေတာတွေကို ကြားခံနယ်မလိုပဲ ရရှိနိုင်မယ်။ ငွေကုန်ကြေးကျလည်း မများတော့ဘူး။ ဒီ Software တွေရဲ့ ရည်ရွယ်ချက်က ကောင်းပါတယ်။ ဒါပေမယ့် ထင်သလောက် မအောင်မြင်နိုင်ခဲ့ပါဘူး။ ဘာလို့လည်း ဆိုတော့ ဒီ File Sharing type ကို သုံးမယ် ဆိုရင် Downloader ဘက်က ဒေါင်းလုပ် Speed ဘယ်လောက်ကောင်းကောင်း Up loader လုပ်သူဘက်က Speed မကောင်းလို့ မြန်မြန်ဆန်ဆန် တင်မပေးနိုင်တဲ့ အခါ File တစ်ခု ရရှိဖို့အရေး အရမ်းကြန့်ကြာ သွားတတ်လို့ပါ။ ဒါအတော် စိတ်ပျက်ဖို့ ကောင်းတဲ့ လက္ခဏာရပ်ပါပဲ။

ဒါပေမယ့်ခုတော့ ဒီပြဿနာရပ်ကို ဖြေရှင်းဖို့ အတွက် နောက်ထပ် နည်းပညာရပ်တစ်ခု ရှိနေခဲ့ပါပြီ။ ဒါကတော့ BitTorrent ( ခေါ် ) Torrent နည်းပညာရပ်ပါပဲ။ Torrent ဆိုတာ P2P protocol ခေါ် method တစ်ခု ဖြစ်ပြီး အဲ့ကောင်က ဒေါင်းလုပ်ချမယ့်သူနဲ့ ရှယ်ယာပေးမယ့်သူရဲ့ ကြားမှာ Speed ကောင်းကောင်း အရည်အသွေးမြင့်မြင့်နဲ့ File Sharing လုပ်နိုင်တဲ့ Method လို့ ပြောရမှာပါ။ လူတော်တော်များများက Torrent အကြောင်းကို ကြားဖူးနားဝ ရှိကြပေမယ့် သူ့ရဲ့ လုပ်ဆောင်မှု ကိုတော့ ခုချိန်ထိ စမ်းတဝါးဝါးပဲ သိကြပါသေးတယ်။ အဲ့ဒီ့ စမ်းတဝါးဝါးသိကြတဲ့ အတွေးကြောင့် Torrent ဆိုတဲ့ နယ်ပယ်သစ်ဆီ ဘယ်သူမှ ခြေဦးမလှည့်ချင်ခဲ့ကြဘူး။

နေ့စဉ် ပုံမှန်လည်ပတ်နေကျ ဒီသမားရိုးကျ Internet Download Manager တို့Download Accelerator တို့ကိုပဲ အားကိုးပြီး ယက်ကန်ယက်ကန် ကော်နက်ရှင်မှာ ချလိုက်ပျက်လိုက်နဲ့ Rapidshare တို့ Hotfile တို့ Uploading တို့ဆီပဲ သွားသွား ဒူးထောက်နေခဲ့ကြရတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံလို ဖွံ့ဖြိုးဆဲကာလ ၊ နည်းပညာနဲ့မယဉ်ပါးနိုင်သေးတဲ့ နိုင်ငံဆို ပိုဆိုးပေါ့။ တကယ်တော့ ဘာမှမသိတာ ရှက်စရာ မဟုတ်ပါဘူး။ ရယူလိုစိတ်တစ်ခုပဲ လိုပါတယ်။ အဲဒီ့စိတ်ရှိရင် အရာအားလုံး ပိုင်ဆိုင်နိုင်ပါတယ်။

ကျွန်တော်တို့ ခဏလောက် ဖြစ်ဖြစ် Rapidshare တို့ Hotfile တို့ ကနေခွဲထွက်ပြီး Torrent ကမ္ဘာ ထဲကို တိုးဝင်ကြည့်ရအောင်ဗျာ .. ဒီ အတိုင်းတော့ တိုးဝင်ခိုင်းလို့ မရဘူး ကျွန်တော်သိတယ်။ Torrent နဲ့ ဒေါင်းလုပ်ချမယ် ဆိုရင် ဘာလိုဟာမျိုးတွေ ဒေါင်းလုပ်ချနိုင်မလဲ .. ဘယ်လိုတန်ဖိုးကြီးတဲ့၊ တန်ဖိုးရှိတဲ့၊ Software မျိုး၊ Ebooks မျိုး၊ Games မျိုး၊ သီချင်း VCD မျိုးတွေ ကို ကန့်သတ်ချက်မရှိ နာရီကန့်သတ်မှု မရှိ Free charge နဲ့ ဒေါင်းလုပ်ချလို့ ရနိုင်မလဲ ဆိုတာ ဥပမာ ပြပြီးဆွဲဆောင်သွားပါ့မယ်။

Code:
Windows

Applications > Windows  Microsoft Windows 7 Ultimate Retail(Final) x86 and x64

Applications > Windows  Windows 7 Ultimate AIO Activated

Applications > Windows  Adobe Photoshop CS4 Extended

Applications > Windows  Microsoft Office Enterprise 2007

Applications > Windows  Nero 9 Reloaded 9.4.26.0 + keygen [GR420]

Applications > Windows  Adobe CS3 Photoshop Extended and Illustrator - All Cracked

Mac

Applications > Mac         Final Cut Studio 3 - Complete Suite

Applications > Mac         Mac OS X 10.6 Snow Leopard (Final Retail)

Applications > Mac         Microsoft Office 2008 for Mac - Standard Edition + 14 serials

Applications > Mac         Logic Studio 9 Install DVD

Applications > Mac         PwnageTool_3.1.4.dmg

Applications > Mac         PwnageTool_3.1.5.dmg

Linux

Applications > UNIX       Linux Mint 8 Helena iso

Applications > UNIX       liveandroidv0.3.iso

Applications > UNIX       Mathworks.Matlab.R2009b.UNIX.ISO-TBE (Mac OS X, Linux, Solaris)

Applications > UNIX       Backtrack 3 Final - ISO

Applications > UNIX       Mandriva 2010.0 Powerpack (i586)

Games

Games > PC      Mass_Effect_2-Razor1911

Games > PC      Aliens Vs Predator Proper-Razor1911-[tracker.BTARENA.org].iso

Games > PC      BioShock_2-Razor1911

Games > PC      Call of Duty Modern Warfare 2 PROPER-SKIDROW

Games > PC      Dragon Age Origins-SKIDROW(No Rars)

Movies

Video > Movies  Sherlock Holmes (2009) DVDSCR XviD-MAX

Video > Movies  Legion.2010.R5.LiNE.Xvid {1337x}-Noir

Video > Movies  Avatar (2009) PROPER TS XviD-MAX

Video > Movies  Legion.R5.LINE.XviD-MENTiON.avi

Video > Movies  My Name Is Khan 2010 Hindi Repack Pre-DVDRip XviD E-SuB xRG

Ebooks

Other > E-books            543 For Dummies E-Books - )_)ReUpLd)_)

Other > E-books            Windows 7 Secrets (2009) - (Malestrom)

Other > E-books            65+ Poker Strategy EBooks Collection (Doyle Drunson, Dan Harring

Other > E-books            Adobe Photoshop CS4 for Photographers (PDF) (2008) - (Malestrom)

Other > E-books            Playboy Magazine (US) January/Feburary 2010 (Playboyman)

ဒီ ကျွန်တော်ပြထားတဲ့ ဖိုင်တွေဆိုတာ Torrent ဆိုဒ်တစ်ခုဖြစ်တဲ့ Thepiratebay တစ်ခုက အလကား မျှဝေပေးထားတဲ့ Full version တွေချည်းပါ။ လက်ရှိလည်း သူတို့အားလုံး Torrent မှာ တကယ်ရှိနေပါတယ်။ သူ့လို ဆိုဒ်မျိုးတွေလည်း နောက်ထပ် အများကြီး အင်တာနက်ပေါ်မှာ ရှိနေပါသေးတယ်။ ဘာကန့်သတ်ချက် တားဆီးမှုမှ မရှိပဲလည်း ဒေါင်းလုပ်ချလို့ ရနေပါတယ်။ ဖိုင် တစ်ခုချဖို့ ငွေပေးစရာလည်း မလိုပါဘူး။ ပြောရရင် ဒါဟာ User အချင်းချင်း Free File Sharing ပေးထားတဲ့သဘောပါ။ ဒီလိုအသုံးတည့်တဲ့ အရာမျိုးတွေကို ငွေပေးစရာမလိုပဲ ဒေါင်းလုပ်ချနိုင်ဖို့ Torrent နည်းပညာအကြောင်း သိထားဖို့ မလိုဘူးလား။ ဒါကို တစ်ချက်တွေးကြည့်စေချင်ပါတယ်။Torrent နဲ့ အကြောင်းအရာကို ကျွန်တော်မဆွေးနွေးခင်မှာ Forum ထဲမှာ ဆွေးနွေးထားပြီးသား သူ ရှိမရှိ ကျွန်တော်လိုက်ရှာ ကြည့်တော့ ဒီနေရာတွေမှာ ( ) ဆွေးနွေးထားတာလေး တွေ့ခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော် ဆွေးနွေးမယ့် အကြောင်းအရာက နဲနဲ များမယ် ထင်လို့ ကျွန်တော် Thread အသစ်ဖွင့်ဖြစ်လိုက်တာပါ။ နားလည်ခွင့်လွှတ်ပေးစေချင်ပါတယ်။

အဲတော့ Torrent ဆိုတာ ဘယ်လိုမျိုးလဲ .. သူဘယ်လို အလုပ်လုပ်သလဲ .. သူ့ရဲ့ အခေါ်အဝေါ်တွေက ဘာတွေလဲ .. Torrent ဆို Speed မကောင်းဘူးပဲ ပြောကြတယ် .. Speed ကောင်းအောင် ဘယ်လိုရွေးချယ်မလဲ ၊ ဘယ် Torrent မျိုးကို သုံးမလဲ .. ဘယ် Torrent Search Engines တွေနဲ့ Torrent Files တွေရှာမလဲ .. ဘယ် Torrent ဆိုဒ်တွေက ကောင်းသလဲ .. Torrent ရဲ့ ကောင်းကျိုးက ဘာလဲ .. ဆိုးကျိုးတွေက ဘာလဲ … စသဖြင့် ကျွန်တော် နားလည်သိရှိထား သလောက် အချိန်တစ်ခုပေးပြီး ပြောပြသွားပါမယ်။ Torrent ကို သုံးစွဲဖူးပြီးသား လူလည်းပါမယ် .. အခုမှ အသစ်စမယ့် သူတွေလည်းပါမယ်။ ခပ်ရဲရဲ တိုးဝင်ကြည့်ပါ .. အရှုံးမရှိပါဘူး .. ဘာမှ မရရင်တောင် ဗဟုသုတတော့ ရတာပေါ့ ..


ဆက်ရန် ...

က,ကြီး ရေးဖို့ကျောက်သင်ပုန်းရှာနေသူ

Life is what you make of it. Go out and make your dreams come true.

Last edited by KznT; 14-04-2011 at 02:18 AM..
KznT is offline   Reply With Quote
အောက်ပါအသင်းဝင် 125 ဦးတို့မှ KznT အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
ကိကိ, ကိုဂျိန်း, ကိုပျင်း, ကိုရင်ပြည့်စုံ, ကိုသီလ, ကိုဦး, ကိုဖြိုးငြိမ်း, ကိုမျိုးမြင့်, ကိုလေးအောင်, ခိုင်မြဲ, ချစ်သမီး, ဂတုံးလေး, ငပြည့်, စစ်တွေသားချေ, ဆန်းမောင်, ဇင်ယော်, ညီခဝေ, ညီညီသစ်, ထွန်းတော်, ဒဿဂီရိ, ပိုင်စိုး2222, ဘ၀သမား, မျိုးဟန်ထက်, ယွန်းယွန်း, ရင်တွင်းဖြစ်, ရဲရဲလေး, လမင်းမျက်နှာ, လမ်းပြကြယ်, လီယိုနာဒို, လူလေးငယ်, ဝင်းကျော်ဦး, သက်တန့်, သက်နိုင်, သန့်ဇင်ဌေး, ဟိန်းသူအောင်, ဟိန်းဟိန်းမြတ်, ကျော်ထွန်းလင်း, ခေါက်ရောင်းသား, ဇေယျာအေး, ဇော်မျိုးထွန်း, ဇော်ရဲပိုင်, တောင်ကြီးသားလေး..., တော်ဝင်ကျား, နေမင်းမောင်, မေယမင်း, မေဦးမွန်, မောင်မျိုးသာ, မောင်ဇော်ဇော်အောင်, မောင်အောင်ဟိန်းအေး, သောကြာသား, အောင်မိုးထွန်း, ဝေယံ, ဝေဟင်ဦး, နွေည, ငြိမ်းချမ်း, ဖြိုးယံလေး, ဖြိုးကောင်းကင်, နိုင်သူရ, နိုးတူး, နှင်း, ♥မောင်♥, 050654, alicia5556, amaung344, arkaraung, Aung Aung, aungkohtat, aungphyo, aungzawlin, AZM, azp09, baytar, Blade177, bonge, creative2020202020, Cyber Boy, Firefox, hellboy, htin aung, htoo war, HTUT KHAUNG, ihack83, july, ko lin, ko myo, Ko-Naing, KoBaKhat, kyaukphyu, kyawminkhoung, kyawzwaigg, lamin.pzl, linthuraaung, lu soe, minthumon, Mr. Satt, Musa, Myanmar_Lycan, nandarnaing007@gmail.com, nangnoonkham, omnitek team, pharoslite, phoelapyaee, phoetharlay, PoeHapGyi, PyaitSone, sawjonnie, sein min, smooth gut, Starfire, tartarlay18, ThawZin, thein zaw min, thukhazaw, Thura Kyaw Aung, thureinsoe, tu tu, tun ko, willy, winntun, wunna313, yawnathan, Ye Aung, yemyatlin, zinnaing, zo
Old 06-03-2010, 09:35 PM
  post #2
KznT
ကြီးကြပ်ရေးမှူး
 
KznT's Avatar
 
အသင်းဝင်နေ့စွဲ: Dec 2009
တည်နေရာ: http://www.techsectors.blogspot.com
ရေးသားချက်များ: 1,338
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 5,983
ပို့စ် 1,332 ခုအတွက် 20,394 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
KznT has a spectacular aura aboutKznT has a spectacular aura about
Torrent ဘာလဲ Torrent ဘယ်လဲ ??

Torrent ဆိုတာ ဘာလဲ ??

ကျွန်တော်တို့ User အတော်များများဟာ File sharing လုပ်ကြပြီဆိုရင် သာမန် လုပ်ရိုးလုပ်စဉ် လုပ်ဆောင်နေကျ FTP ဒါမှမဟုတ် Email စတာတွေနဲ့ပဲ လုပ်ဆောင်ဖို့ အတွက် အကျွမ်းတဝင်ရှိကြပါတယ်။ Torrent ဆိုတာကတော့ သူတို့နဲ့ မတူပါဘူး။ သူက ကျွန်တော်တို့ အလွယ်တကူ အသုံးချနိုင်ဖို့ အတွက် ဘယ်လိုလုပ်ကိုင် ဆောင်ရွက်ရမယ်ဆိုတဲ့ ညွှန်ကြားချက် အပြည့်အစုံပါဝင်တဲ့ သီးခြား File sharing protocol တစ်ခုပါ။ Email ဒါမှမဟုတ် FTP ကို အသုံးပြုပြီး File sharing လုပ်တယ် ဆိုတာဟာ မိမိအလိုရှိရာဖိုင်ကို သိမ်းဆည်းသိုလှောင်ပေးထားတဲ့ ကွန်ပြူတာတစ်ခုနဲ့ သူ့ကို လာရောက်ဆက်သွယ်ပြီး ဖိုင်လက်ခံရယူမယ့် အခြားကွန်ပြူတာတို့ရဲ့ ဆက်သွယ်ချက်ကို ကိုယ်စားပြုတဲ့ Sharing လုပ်ဆောင်နည်း ဖြစ်ပါတယ်။ Torrent ကတော့ သူတို့နဲ့ မတူပါဘူး - FTP မှာ ဖိုင်တစ်ခုကို နေရာတစ်ခုတည်းမှာ သိုလှောင်ပြီး အခြားနေရာ အနှံ့အပြားမှာ ရှိနေတဲ့ ကွန်ပြူတာတိုင်းက မိမိအလိုရှိရာဖိုင်ကို ဆွဲကြပေမယ့် - Torrent မှာကတော့ Peer-to-Peer ဆိုတဲ့ နည်းပညာရပ်ကို သုံးပြီး ဒီ ဖိုင်တစ်ခုတည်းကိုပဲ နေရာအနှံ့အပြားမှာ ရှိနေတဲ့ ကွန်ပြူတာတိုင်းမှာ သိမ်းဆည်းပေးသလို နေရာအနှံ့အပြားမှာရှိနေတဲ့ ကွန်ပြူတာတိုင်းကနေလည်း တစ်ချိန်တည်း တစ်ပြိုင်တည်း ဒေါင်းလုပ်ချလို့ ရနိုင်အောင် စီစဉ်ပေးထားပါတယ်။ ကျွန်တော်တို့တွေ Torrent နည်းပညာကို အသုံးပြုပြီး မိမိမှာရှိနေတဲ့ exe, mp3, AVI, JPEG, Doc စတဲ့ ဖိုင်အမျိုးအစား မျိုးစုံကို Share ပေးလို့ရသလို .. Download ချပိုင်ခွင့်လည်း ရှိပါတယ်။


အထက်ဖော်ပြပါပုံကနေ တစ်ဆင့် ပုံမှန် ကျွန်တော်တို့ လည်ပတ်နေကျ Network Sharing တစ်ခုနဲ့ Torrent Network ပေါ်မှာ ရှိနေတဲ့ Sharing တစ်ခုရဲ့ ကွာခြားပုံကို သိသာစေနိုင်ပါတယ်။ အကြောင်းအရာ တစ်ခုကို မစတင်သေးခင် စိတ်ပျက်မသွားပါနဲ့ဦး။ ပုံကိုကြည့်လိုက်ရင် မျက်စိရှုပ်စရာ ကောင်းနေပေမယ်လို့ သူ့အကြောင်းအရာက ဒီလောက်ထိ ခက်ခက်ခဲခဲ နက်နက်နဲနဲကြီး မဟုတ်ပါဘူး။

Torrent Language အား စတင်လေ့လာခြင်း

နည်းပညာရပ် တစ်ခုအကြောင်းကို စုံစုံစေ့စေ့ နားလည်နိုင်ဖို့ဆိုရင် သူ့နည်းပညာရပ်ထဲမှာ အသုံးပြုနေတဲ့ စကားလုံးတွေ အကြောင်းကို အရင်ဆုံး ထိတွေ့ထားဖူး ပြီးသား ဖြစ်သင့်ပါတယ်။ ဒီအောက်က စကားလုံးတွေနဲ့ ရှင်းလင်းချက်တွေကတော့ ကျွန်တော်တို့ Torrent နည်းပညာအကြောင်းကို ရှင်းလင်းတဲ့ အခါမှ အလွယ်တကူ နားလည်လွယ်အောင် ယဉ်ပါးပြီးသား ဖြစ်နေသင့်တဲ့ Torrent Language ထဲက စကားလုံး တစ်ချို့ပါ။

( ၁ ) Torrent - အစပထမဆုံး စပြောရရင်တော့ အပေါ်မှာလည်း အစပျိုး ပြောထားခဲ့ပြီးသား torrent ဆိုတဲ့ စကားလုံးနဲ့ပဲ စပါ့မယ်။ ကျွန်တော်တို့ Torrent ဖိုင်တွေ အစပထမဆုံး ဒေါင်းလုပ်ချလိုက်တဲ့ အချိန်မှာ .torrent ဆိုတဲ့ စာလုံးနဲ့ဆုံးတဲ့ ဖိုင်တစ်ခု ကို အဦးဆုံးတွေ့ရပါလိမ့်မယ်။ အဲဒီ့ ဒေါင်းလုပ်ချလို့ ပထမဆုံး ရလာတဲ့ .torrent ဆိုတာ ကျွန်တော်တို့ လိုချင်နေတဲ့ ဖိုင်တစ်ခုလုံး မဟုတ်သေးပါဘူး။ သူ့ပမာဏက အရမ်းသေးငယ်ပြီး .torrent နဲ့ အဆုံးသတ်ထားတဲ့ သူ့ထဲမှာ ပါဝင်တာက ကျွန်တော်တို့ လိုချင်နေတဲ့ ဖိုင်ရဲ့ ကိုယ်ရေးအချက်အလက်တွေနဲ့ လတ်တလောမှာ အဲ့ဒီ့ဖိုင်ကို ဘယ်သူတွေက Sharing လုပ်ထားတယ် ဆိုတာကိုပဲ ရည်ညွှန်းဖော်ပြချင်တဲ့ ဖော်ညွှန်းချက်ပဲ ပါဝင်တာပါ။ သူက ဘာနဲ့ တူသလဲ ဆိုရင် Torrent အတွက် အသုံးပြုတဲ့ မြေပုံညွှန်းတစ်ခုနဲ့ တူပြီး ကိုယ်အလိုရှိရာဖိုင်ကို ဘယ်နေရာကနေ စုစည်းရယူနိုင်မယ်ဆိုတဲ့ သတင်းအချက်အလက်ကို စုစည်းပေးထားတဲ့ ဖိုင်အမျိုးအစား တစ်ခုပဲ ဖြစ်ပါတယ်။

( ၂ ) BitTorrent client - BitTorrent client ဆိုတာ Torrent နည်းပညာကို အသုံးပြုပြီး .torrent နဲ့ အဆုံးသတ်ထားတဲ့ ဖိုင်တွေထဲမှာပါဝင်နေတဲ့ သတင်းအချက်အလက် အကြောင်းအရာတွေကို ဖတ်ရှုပြီး အလိုရှိရာ ဖိုင်တွေကို တည်နေရာ အသီးသီးက စုစည်းဒေါင်းလုပ် ရယူနိုင်အောင် စွမ်းဆောင်ပေးတဲ့ Software တစ်ခုပဲ ဖြစ်ပါတယ်။ Torrent Client အမျိုးအစား အမျိုးမျိုးရှိပြီး လူသုံးများကြတဲ့ Client တွေကတော့

* uTorrent
* Azureus
* Deluge
* Yet ABC
* BitTornado
* BitComet
* G3Torrent
* Shareaza
* BitTorrent
* BitPump

ဒီဖော်ပြထားတာတွေ အားလုံးက လူသိများတဲ့ Torrent Client တွေပါ။ တစ်ခြား Client တွေလည်း အများအပြားရှိနေပါသေးတယ်။

( ၃ ) Peer - Peer ဆိုတာ Torrent ဖိုင်တစ်ခုချင်းစီရဲ့ Download ဒါမှမဟုတ် Upload လုပ်နေတဲ့ လုပ်ငန်းစဉ်မှာ ပါဝင်ပတ်သတ်နေတဲ့ ကွန်ပြူတာ အားလုံးကို ဆိုလိုပါတယ်။

( ၄ ) Seeder - Seed သို့တည်းမဟုတ် Seeder ဆိုတာ Torrent Network အတွင်းမှာရှိနေတဲ့ Share ပေးထားသမျှ ဖိုင်တွေထဲက မိမိအလိုရှိရာ ဖိုင်တစ်ခုခုကို ဖြစ်မြောက်ပြီးဆုံးအောင် ဒေါင်းလုပ်ချပြီးသွားတဲ့ သူကို ဆိုလိုပါတယ်။ ဒီလောက်နဲ့တင် မပြည့်စုံသေးပါဘူး။ Seeder ရဲ့ အကြောင်းတရားက Torrent မှာ တော်တော်လေး အရေးပါပါတယ်။ ကျန်တဲ့ ဝေါဟာရတွေ မသိနားမလည်ရင် နေပါ။ ဒီ Seeder အကြောင်းကိုတော့ ကောင်းကောင်း နားလည်ထားဖို့ လိုပါတယ်။ Torrent Network အတွင်းက မိမိအလိုရှိရာ ဖိုင်တစ်ခုကို ဖြစ်မြောက်ပြီးဆုံးအောင် ဒေါင်းလုပ်ချပြီးသွားယုံနဲ့ Seeder တစ်ယောက် မဖြစ်ပါဘူး။ Torrent ဆိုတာ Peer-to-Peer နောက်တစ်မျိုးအခေါ် User to User Share ပေးထားတဲ့ သဘောထားမျိုး ဖြစ်တာမို့လို့ ကိုယ် ဒေါင်းလုပ်ချချင်တဲ့ ဖိုင်ကို ဖြစ်မြောက်ပြီးဆုံးအောင် ဒေါင်းလုပ်ချနိုင်ဖို့အတွက် ကိုယ်လိုချင်တဲ့ ဖိုင်ရှိနေပြီးသား User တစ်ယောက် သို့တည်းမဟုတ် အများကနေ Seeder အမည်ခံပြီး ကိုယ့်ကို Share ပေးထားရတာ ဖြစ်သလို၊ ကိုယ် အဲ့ဒီ့ဖိုင်ကို ရရှိပြီးသွားတဲ့ အချိန်မှာလည်း ကိုယ့်လိုပဲ အဲ့ဖိုင်ကို လိုချင်နေကြမယ့် တစ်ခြား User တွေအတွက် ကိုယ်ကတစ်ဖန် ပြန်ပြီး Seeder အဖြစ်နဲ့ Share ပေးနိုင်ဖို့ ကြိုးစားရမှာ ဖြစ်ပါတယ်။ အဲလို Torrent Network ကနေ ကိုယ်လက်ခံရရှိပြီးသား ဖိုင်တစ်ခုကို Seeder အမည်ခံနဲ့ Upload တင်ပြီး share ပေးထားသူမျိုးကိုသာ ကျွန်တော်တို့က Seeder အစစ်အမှန် တစ်ယောက် အဖြစ် သတ်မှတ်လို့ ရပါတယ်။ တကယ်လို့ ကိုယ်က Torrent Network ကနေ ဖိုင်တစ်ခုခုကို ပြီးဆုံးအောင် download ချခဲ့တယ် ဒါပေမယ့် သူများတွေ အဲ့ဖိုင်ကို ဒေါင်းလုပ်ချနိုင်ဖို့ အတွက်ကျတော့ ကိုယ်က seeder တစ်ယောက်အဖြစ်နဲ့ ကိုယ်ဒေါင်းလုပ်ချခဲ့တဲ့ ဖိုင်ကို Upload တင်ပြီး share မပေးခဲ့ဘူးဆိုရင် သူ့လိုလူမျိုးကို Seeder အဖြစ် မသတ်မှတ်ပါဘူး။ Leecher အဖြစ်ပဲ သတ်မှတ်ပါတယ်။

( ၅ ) Leecher - Leecher ဆိုတာ Torrent Network အတွင်းမှာရှိနေတဲ့ Share ပေးထားသမျှ ဖိုင်တွေထဲက မိမိအလိုရှိရာ ဖိုင်တစ်ခုခုကို Download ချနေဆဲ ဒေါင်းလုပ်ချမှု မပြီးဆုံးသေးသူများကို ဆိုလိုပါတယ်။ Leecher ဆိုသူတွေဟာ သူတို့ရဲ့ သက်ဆိုင်ရာသက်ဆိုင်ရာ ဒေါင်းလုပ်ချမှု လုပ်ငန်းစဉ်ပြီးဆုံးသွားမယ့် အချိန်မှာတော့ Network အတွင်းမှာ သူ ဒေါင်းလုပ်ချထားရာ ဖိုင်ကို Share ပြန်ပေးရင်းနဲ့ Seeder ဖြစ်လာနိုင်ချေရှိသူများ လို့ ဆိုရင်လည်း မမှားပါဘူး။ ဒါပေမယ့် Leecher တိုင်းက Seeder ဖြစ်လာမယ်လို့ ပြောလို့ မရပါဘူး။ ဆိုလိုတာက Leecher တစ်ယောက်ဟာ သက်ဆိုင်ရာဖိုင်တစ်ခုကို ဒေါင်းလုပ်ချလို့ ပြီးသွားရင်တောင် တစ်ခြားသူအတွက် Share ပြန်မပေးခဲ့ဘူးဆိုရင် သူဟာ Seeder ဖြစ်လာမှာ မဟုတ်ပဲ Leecher နေရာမှာပဲ ရပ်တည်နေမှာ ဖြစ်ပါတယ်။ အပေါ်မှာ ပြောခဲ့တဲ့ သဘောတရားနဲ့ ဆင်ပါတယ်။

( ၆ ) Share Ratio - Share Ratio ဆိုတာ Torrent Network ကို အသုံးပြုပြီး Download ချသူ User တစ်ယောက်ရဲ့ Upload တင်ပေးတဲ့ ပမာဏကို သူ ဒေါင်းလုပ်ချခဲ့တဲ့ ပမာဏနဲ့ စားလို့ ရလာမယ့် ရလာဒ်ကို ဆိုလိုပါတယ်။ ဥပမာ လူတစ်ယောက်က Torrent Network ကို အသုံးပြုပြီး 5GB လောက်ပမာဏ ရှိတဲ့ ဖိုင်တစ်ခုကို ဒေါင်းလုပ်ချခဲ့တယ် ဆိုပါစို့။ သူဟာ ဒေါင်းလုပ်ချလို့ ပြီးပြီးချင်း Seeder တစ်ယောက် အဖြစ်ရပ်တည်ပြီး အခြားသူငါတွေကိုလည်း ဒေါင်းလုပ်ချလို့ ရနိုင်အောင် ကိုယ်ရထားတဲ့ ဖိုင်ပမာဏဖြစ်တဲ့ 5GB အတိုင်း Upload ပြန်တင်ပေးထားမယ် ဆိုရင် သူရဲ့ Share Ration ပမာဏဟာ 5/5 = 1 ဖြစ်လာမှာ ဖြစ်ပါတယ်။ ဒီ Share ratio ပမာဏဟာ 1 ဒါမှမဟုတ် 1 ထက်ကျော်မယ်ဆိုရင် + ဘက်ဆောင်တဲ့ ကောင်းမွန်တဲ့ လက္ခဏာရပ်ဖြစ်ပြီး မိမိရဲ့ လုပ်ဆောင်မှုကြောင့် အခြားသူငါတွေပါ အဆင်ပြေလွယ်ကူစွာ ဒေါင်းလုပ်ချလို့ ရနိုင်အောင် ကူညီပေးတဲ့ သဘောကို ဆောင်ပါတယ်။ တကယ်လို့ ဒေါင်းလုပ်ချတာက 5GB Upload ပြန်တင်ပေးတော့ 2 Gb လောက် တစ်ဝက်တစ်ပျက် တင်ပေးပြီး ဖျက်ပစ်လိုက်မယ်ဆိုရင် Share Ratio 2/5 = 0.4 ဖြစ်သွားပြီး သူ့ရဲ့ အဓိပ္ပါယ်က စိတ်ထားမပြည့်ဝသူ မိမိအလိုရှိရာကိုသူ ယူငင်ပြီး အများအကျိုး သယ်ပိုးဆောင်ရွက်မပေးလိုသူ တစ်ယောက် အဖြစ် သတ်မှတ်ရမှာဖြစ်ပါတယ်။ ဒါကြောင့် အတိုချုံးပြောရရင် Share Ratio ဟာ 1 သို့မဟုတ် 1 ထက်များမယ်ဆို လူပီသပါတယ်။ 1 အောက်နည်းမယ်ဆိုရင်တော့ လူမပီသသူ တစ်ယောက် ဖြစ်သွားနိုင်ပါတယ်။

( ၇ ) Swam - Swam ဆိုတာ Torrent Network ထဲမှာ ရှိနေပြီး Torrent Process အတွင်းမှာ ရှိနေသူ Seeders နဲ့ Leechers များ ( ကွန်ပြူတာများ ) အားလုံးရဲ့ စုစုပေါင်း အရေအတွက်ကို ခေါ်ပါတယ်။

( ၈ ) Tracker - Tracker ဆိုတာ Sever တစ်ခုဖြစ်ပြီး သူ့အထဲမှာမှ Torrent Network ထဲမှာ ရှိနေတဲ့ ကွန်ပြူတာတွေထဲက ဘယ်သူ့ဆီမှာ ဘယ်ဖိုင်တွေ ရှိနေပြီး ဘယ်သူကတော့ ဘယ်ဖိုင်တွေ လိုအပ်နေတယ်ဆိုတဲ့ သတင်းအချက်အလက်တွေကို တံတားတစ်စင်းပမာ Seeders တွေနဲ့ Leechers တွေကြား ဆက်သွယ်ပေါင်းကူးပေးတဲ့ အရာတစ်ခုပဲ ဖြစ်ပါတယ်။ Tracker အများစုကတော့ Public ဖြစ်ပြီး တစ်ချို့ Tracker တွေကတော့ Register လုပ်ဖို့ လိုအပ်တဲ့ Private Tracker တွေ အဖြစ်လည်း ရှိနေတတ်ပါတယ်။

( ၉ ) Index - Index ဆိုတာ Website ပေါ်မှာ သိမ်းဆည်းထားတဲ့ .torrent ဖိုင်စာရင်းတွေကို ရှာဖွေနိုင်ဖို့ ရည်ညွှန်းပေးတဲ့ ရည်ညွှန်းအမည် တစ်ခု ဖြစ်ပါတယ်။

ဆက်ရန် .......

က,ကြီး ရေးဖို့ကျောက်သင်ပုန်းရှာနေသူ

Life is what you make of it. Go out and make your dreams come true.

Last edited by KznT; 14-04-2011 at 02:12 AM..
KznT is offline   Reply With Quote
အောက်ပါအသင်းဝင် 84 ဦးတို့မှ KznT အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
ကိုဂျိန်း, ကိုရင်ပြည့်စုံ, ကိုသီလ, ကိုဖြိုးငြိမ်း, ကိုမျိုးမြင့်, ခိုင်မြဲ, ချစ်သမီး, ဂတုံးလေး, ငပြည့်, ဆန်းမောင်, ဇင်ယော်, တည်ကြည်, ထွန်းတော်, ဒဿဂီရိ, ပိုင်စိုး2222, ဘ၀သမား, မင်းတေဇ, ယွန်းယွန်း, ရဲရဲလေး, လမင်းမျက်နှာ, လူလေးငယ်, ဝင်းကျော်ဦး, ဝင်းအောင်, သက်နိုင်, သန့်ဇင်ဌေး, ဟိန်းသူအောင်, ဟိန်းဟိန်းမြတ်, ခေါက်ရောင်းသား, ဇေယျာအေး, ဇော်မျိုးထွန်း, ဇော်ရဲပိုင်, တောင်ကြီးသားလေး..., တော်ဝင်ကျား, နေမင်းမောင်, မေယမင်း, မေဦးမွန်, မောင်မျိုးသာ, အောင်မိုးထွန်း, ဝေယံ, နွေနှင်း, ငြိမ်းချမ်း, ဖြိုးကောင်းကင်, နိုင်သူရ, နှင်း, ♥မောင်♥, alicia5556, amaung344, Annku, arkaraung, aungphyo, AZM, azp09, Blade177, bonge, Firefox, g00gle, hellboy, htin aung, htoo war, HTUT KHAUNG, july, ko lin, ko myo, KoBaKhat, kothiha, kyaukphyu, lamin.pzl, lu soe, minthumon, Myanmar_Lycan, phoelapyaee, phoetharlay, PyaitSone, sawjonnie, smooth gut, thein zaw min, thukhazaw, thureinsoe, tu tu, tun ko, willy, winntun, Ye Aung, zo
Old 07-03-2010, 06:02 PM
  post #3
KznT
ကြီးကြပ်ရေးမှူး
 
KznT's Avatar
 
အသင်းဝင်နေ့စွဲ: Dec 2009
တည်နေရာ: http://www.techsectors.blogspot.com
ရေးသားချက်များ: 1,338
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 5,983
ပို့စ် 1,332 ခုအတွက် 20,394 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
KznT has a spectacular aura aboutKznT has a spectacular aura about
ပြန်စာ - Torrent ဘာလဲ Torrent ဘယ်လဲ ??

Torrent နှင့် Copyright Laws များ အကြောင်း

Torrent Network ကို အသုံးပြုတော့ မယ် ဆိုရင် မဖြစ်မနေ သိထားသင့်တာ Copyright Laws အကြောင်းပါ။ လိုရင်းကို မရောက်နိုင်ပဲ ဒီအကြောင်းကို အရင်စပြောရတယ်ဆိုတာကလည်း မဖြစ်မနေ သိထားသင့်လို့ ပြောပြခြင်းသာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ခိုးကူးခွေတွေနဲ့ ပတ်သတ်ပြီး အဆိုတော်တွေ ထုတ်လုပ်သူတွေ တော်တော် ဒုက္ခရောက်ကြရပါတယ်။ ပရိတ်သတ်တွေက မူရင်းခွေတွေ မဝယ်ကြတော့ပဲ ဈေးပေါပေါနဲ့ ရတဲ့ ခိုးကူးခွေတွေ ဝယ်ကြတယ်။ ခိုးကူးခွေနဲ့ ပတ်သတ်ပြီး မရောင်းချကြဖို့ မဝယ်ယူကြဖို့ သတိပေးစာတွေ တိုက်တွန်းချက်တွေ ရှိနေပေမယ့် အမြစ်ပျက်အောင်တော့ မနှိမ်နှင်းနိုင်သေးပါဘူး။ ဒီအကြောင်းအရာနဲ့ Torrent က ဘယ်လို ပတ်သတ်သလဲ ဆိုရင် Torrent Network ကို အသုံးပြုပြီး Share လုပ်ထားတဲ့ Software, VCD, Ebooks ဆိုတာတွေထဲမှာ မူရင်းထုတ်လုပ်သူကနေ Copyright လုပ်ထားပြီးသား အရာတွေ အများကြီး ရှိပါတယ်။ ကျွန်တော်တို့ Torrent Network ကို အသုံးပြုပြီး Copyright လုပ်ထားတဲ့ Software, VCD, Ebooks တွေကို ဒေါင်းလုပ်ချတယ် အသုံးပြုတယ် ဖြန့်ဝေတယ်ဆိုတာ Copyright ဥပဒေသကို ချိုးဖောက်ရာရောက်ပြီး ပြစ်မှုလည်းမြောက်ပါတယ်။ ခိုးကူးခွေရောင်းသူကို အားပေးတဲ့သူနဲ့ အတူတူပါပဲ။ နောက်ပြီး အပေါ်မှာ ပြောခဲ့တဲ့ definitions ထဲကလို Seeder အဖြစ်ကိုယ်ကကိုယ်ရထားတဲ့ Files ကို Sharing ပြန်လုပ်ပေးမှာ ဖြစ်လို့ ခိုးကူးခွေကို အားပေးသူ အဖြစ်ကနေ အလိုလိုနေရင်း ခိုးကူးခွေရောင်းသူ ဘဝကို ရောက်ပြီးသား ဖြစ်သွားပါတယ်။ ဒါက နားလည်လွယ်အောင် ဥပမာပေးတာပါ။ Peer to Peer file sharing ဆိုတာ ဥပဒေဘောင်အတွင်းက လုပ်ဆောင်ချက် ဖြစ်ပေမယ့် Copyright လုပ်ထားတဲ့ ဖိုင်တစ်ခုကို digital distribution ကို အသုံးချပြီး လက်ဝယ်ထားရှိမယ်ဆိုရင်တော့ Copyright Laws ကို ချိုးဖောက်ရာ ကျပါတယ်။ တစ်ချို့နိုင်ငံ အနည်းငယ်မှာတော့ Copyright လုပ်ထားတဲ့ ဖိုင်တွေကို ဒေါင်းလုပ်ချ အသုံးပြုတဲ့ နေရာမှာ Personal use အတွက် ခွင့်ပြုပေးထားပြီး ဖြန့်ဖြူးခွင့်ကိုတော့ ပိတ်ပင်ထားပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာတော့ Copyright ဥပဒေသကို တင်းတင်းကျပ်ကျပ် ပြဌာန်းထားတာ မရှိသေးလို့ လတ်တလော အခြေအနေမှာ ခိုးကူးခွေတွေကိုပဲ မူရင်းခွေလို သဘောထားပြီး User တွေက သုံးနေကြပါတယ်။

တစ်ချို့နိုင်ငံတွေမှာ ဆိုရင် နိုင်ငံမှာ ပြဌာန်းထားတဲ့ Copyright နည်းဥပဒေအရ Torrent trackers တွေကို သက်ဆိုင်ရာနိုင်ငံအလိုက် ပိတ်ပစ်တဲ့ အဖြစ်အပျက်တွေလည်း အမြောက်အများရှိနေပါတယ်။ အမေရိကန်နိုင်ငံက Org တွေဖြစ်တဲ့ RIAA ( Recording Industry Association of America ) နဲ့ MPAA ( Motion Picture Association of America ) တွေဟာ ဆိုရင်လည်း Copyright ထိမ်းချုပ်မှုမှာ လူသိများတဲ့ အဖွဲ့အစည်းတွေ ဖြစ်ပါတယ်။

Copyright ပြဿနာရပ်နဲ့ ပတ်သတ်ပြီး Torrent Site တွေထဲက နာမည်ရှိတဲ့ Site တစ်ခုဖြစ်တဲ့ Mininova ရဲ့ဖော်ပြချက်ကို ဒီနေရာကနေ သွားရောက် ဖတ်ရှုနိုင်ပါတယ်။ နောက်တစ်ခုသိထားသင့်တာက အင်တာနက်ကပဲ လူမသိနိုင်ပါဘူး ဆိုပြီး ရှောင်ပြေးလို့ မရပါဘူး။ သူတို့အားလုံးမှာ downloader အားလုံးရဲ့ IP addresses ကိုလိုက်ပြီး အသေးစိတ်အချက်အလက်တွေ စုံစမ်းရယူနိုင်တာကြောင့် ရှောင်ပြေးဖို့ဆိုတာလည်း မလွတ်နိုင်ပါဘူး။ အားလုံးကို သိပြီ နားလည်ပြီ ဆိုရင်တော့ Torrent Network ထဲကို စဝင်လို့ ရပါပြီ။


ဆက်ရန် ...

က,ကြီး ရေးဖို့ကျောက်သင်ပုန်းရှာနေသူ

Life is what you make of it. Go out and make your dreams come true.

Last edited by KznT; 07-02-2011 at 01:07 PM..
KznT is offline   Reply With Quote
အောက်ပါအသင်းဝင် 57 ဦးတို့မှ KznT အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
ကိုဂျိန်း, ကိုသီလ, ကိုမျိုးမြင့်, ခိုင်မြဲ, ချစ်သမီး, ဂတုံးလေး, ဆန်းမောင်, ဇင်ယော်, ထွန်းတော်, ပါတူး, ဘ၀သမား, မင်းတေဇ, ယွန်းယွန်း, ရဲရဲလေး, သက်နိုင်, သန့်ဇင်ဌေး, ဟိန်းဟိန်းမြတ်, ခေါက်ရောင်းသား, ဇေယျာအေး, ဇော်ရဲပိုင်, နေမင်းမောင်, မေယမင်း, မေဦးမွန်, မောင်မျိုးသာ, အောင်မိုးထွန်း, ငြိမ်းချမ်း, ဖြိုးကောင်းကင်, နိုင်သူရ, ♥မောင်♥, alicia5556, amaung344, Annku, arkaraung, aungbanthar, AZM, azp09, bonge, g00gle, hellboy, htin aung, htoo war, HTUT KHAUNG, july, ko lin, ko myo, kyaukphyu, lamin.pzl, lu soe, minthumon, Myanmar_Lycan, phoelapyaee, phoetharlay, PyaitSone, sawjonnie, smooth gut, tu tu, zo
Old 08-03-2010, 05:54 PM
  post #4
KznT
ကြီးကြပ်ရေးမှူး
 
KznT's Avatar
 
အသင်းဝင်နေ့စွဲ: Dec 2009
တည်နေရာ: http://www.techsectors.blogspot.com
ရေးသားချက်များ: 1,338
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 5,983
ပို့စ် 1,332 ခုအတွက် 20,394 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
KznT has a spectacular aura aboutKznT has a spectacular aura about
ပြန်စာ - Torrent ဘာလဲ Torrent ဘယ်လဲ ??

Torrent Network တွင်းသို့ စတင်ဝင်ရောက်ခြင်း

Torrent Network ထဲကို ဝင်ရောက်ပြီး မိမိအလိုရှိရာ အချက်အလက်တွေ ရယူရင်း အခြားသူတွေ အတွက်လည်း ဝေမျှမှု လုပ်ဆောင်မယ်ဆိုရင် ပထမဆုံးအနေနဲ့ အပေါ်မှာ ပြောပြခဲ့ပြီး ဖြစ်တဲ့ Torrent Client တစ်ခု ရွေးချယ်ရပါမယ်။ ကျွန်တော်ကတော့ အားလုံးထဲက uTorrent ကိုပဲ ရွေးချယ်လိုက်ပါတယ်။ သုံးနေကျဖြစ်ပြီး စွမ်းဆောင်ရည်လည်း ကောင်းလို့ပါ။ uTorrent ကို သုံးရင် ကျွန်တော်ကတော့ Beta version ကိုပဲ သုံးဖြစ်ပါတယ်။ Beta version ဆိုတာ တည်ငြိမ်ပြီးသား version တစ်ခုကနေ features အသစ်ထပ်မံဖြည့်သွင်းထားတဲ့ version အသစ်တစ်ခုဆီ တက်လှမ်းနိုင်ဖို့အတွက် စမ်းသပ်ပြင်ဆင်ဆဲကာလ အမှားမကင်းသေးတဲ့ version ကို ဆိုလိုတာပါ။ မူရင်းဆိုဒ်မှာ ဒေါင်းလုပ်ချမယ်ဆိုရင် သူတို့ကတော့ Stable Version ကိုပဲ ဒေါင်းလုပ်ချဖို့ ဦးစားပေးပါတယ်။ ဒါပေမယ့် Beta ကိုပဲ သုံးကြည့်ပါ။ ဘာလို့လည်း ဆိုတော့ Beta ဆိုပေမယ့် ထင်သလောက်ကြီး Error မများပါဘူး။ အသုံးပြုရလည်း ပိုပြီးလွယ်ကူလာပါတယ်။ မူရင်းဆိုဒ်ကနေ Beta version ကို ဒေါင်းလုပ်ချလို့ ရသလို ဒီနေရာကနေ လည်း ဒေါင်းလုပ်ချလို့ ရပါတယ်။ ဒေါင်းလုပ်ချလို့ ရလာရင် install လုပ်လိုက်ပါ။ install လုပ်ပြီးနောက်မှာ ပထမဆုံးအကြိမ် utorrent ကို စ run ပြီ ဆိုတာနဲ့ အောက်ဖော်ပြပါ box တစ်ခု တက်လာပြီး ပြင်ဆင်မှု အနည်းငယ် လုပ်ဆောင်ရပါလိမ့်မယ်။ အောက်မှာ ဖော်ပြထားတဲ့ အတိုင်း utorrent setup guide တက်လာပြီ ဆိုရင် အနီနဲ့ ကျွန်တော် ဝိုင်းပြထားတဲ့ နေရာမှာ မိမိယခုလက်ရှိနေထိုင်ရာ နေရာနဲ့ အနီးဆုံးနေရာဒေသ တစ်ခုကို Down arrow ကနေ တစ်ဆင့်ရွေးချယ်ပေးရမှာ ဖြစ်ပါတယ်။ အစိမ်းရောင်နဲ့ ဝိုင်းပြထားတဲ့နေရာမှာတော့ ကိုယ့်ရဲ့ Upload Speed ကို အနီးစပ်ဆုံး ခန့်မှန်း ဖြည့်သွင်းပေးရပါမယ်။ တကယ်လို့ ကိုယ့်ရဲ့ Upload Speed ကိုကိုယ် မသိဘူးဆိုရင်တော့ ဒီနေရာကနေ သွားရောက် စစ်ဆေးပြီး ရလဒ်ကို ဖြည့်သွင်းနိုင်ပါတယ်။


ကျွန်တော်ကတော့ အဲ့ဒီ့နေရာမှာ အောက်မှာ ဖော်ပြထားသလို ကျွန်တော်နေထိုင်ရာ နေရာနဲ့ နီးစပ်ရာ ဒေသ တစ်ခုရယ် ၊ ကျွန်တော် တင်ပေးနိုင်မယ့် Upload Speed ရယ်ကို ဒီအောက်က ပုံလို ဖြည့်သွင်းလိုက်ပါတယ်။ အားလုံးရွေးချယ် ဖြည့်သွင်းပြီးရင်တော့ သူ့အောက်ဆုံးမှာ ကျွန်တော် အမည်းရောင်နဲ့ ဘောင်ခတ်ပြထားတဲ့ Run Tests ကို နှိပ်ပါမယ်။ ဒီအဆင့်တွေကို ကျွန်တော်တို့ ဘာကြောင့်လုပ်ဆောင်နေရလဲ ဆိုရင် ကျွန်တော်တို့ uTorrent ကို သုံးပြီး ဒေါင်းလုပ်ချတာ Upload တင်တာတွေမှာ မိမိနေထိုင်ရာဒေသအလိုက် မှန်ကန်သင့်တော်မယ့် Bandwidth ကို ရရှိနိုင်စေဖို့ပါ။ ဒီလိုရရှိထားမှလည်း Upload တင်တဲ့ အခါမှာ ဖြစ်စေ ဒေါင်းလုပ်ချတဲ့ အခါမှာ ဖြစ်စေ သင့်တော်တဲ့ Speed ကို ရရှိပြီး အလျင်မြန်ဆုံး အလိုရှိရာကို ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။


မိမိရွေးချယ်ရာ ဒေသနဲ့ မိမိရွေးချယ်ဖြည့်သွင်းလိုက်တဲ့ Upload Speed ဟာ မိမိ Bandwidth မိမိ Network နဲ့ ကိုက်ညီမှုရှိရင် အောက်ဖော်ပြပါပုံလို Run Tests နှိပ်ပြီး စစ်ဆေးလိုက်တဲ့နောက်မှာ အစိမ်းရောင် အမှန်ခြစ်နဲ့ ဖော်ပြမှာ ဖြစ်ပြီး တကယ်လို့ မသင့်တော်ဘူး ဆိုရင်တော့ အမှားလက္ခဏာနဲ့ ဖော်ပြမှာဖြစ်ပါတယ်။ အားလုံးပြီးသွားရင်တော့ ကျွန်တော် အစိမ်းရောင်နဲ့ ဝိုင်းပြထားတဲ့ Save & Close ကိုနှိပ်ပေးပါ။


တကယ်လို့ နောက်အချိန်များမှာ ဒီလုပ်ငန်းစဉ်အတိုင်း မိမိရဲ့ Speed Test ကို ပြန်စမ်းသပ်ချင်တယ် ဆိုရင်လည်း uTorrent toolbar မှာ ရှိနေတဲ့ Options > Speed Guide ကနေ နောက်တစ်ကြိမ် ပြန်လည် စမ်းသပ်ကြည့်နိုင်ပါတယ်။ အားလုံး ပြီးဆုံးသွားရင်တော့ ကျွန်တော်တို့ Torrent Network ထဲက Torrent ဖိုင်တွေကို ဒေါင်းလုပ်ချဖို့ အားလုံး အဆင်သင့် ဖြစ်ပါပြီ။


ဆက်ရန် ..

က,ကြီး ရေးဖို့ကျောက်သင်ပုန်းရှာနေသူ

Life is what you make of it. Go out and make your dreams come true.

Last edited by KznT; 14-04-2011 at 02:13 AM..
KznT is offline   Reply With Quote
အောက်ပါအသင်းဝင် 47 ဦးတို့မှ KznT အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
ကိကိ, ကိုဂျိန်း, ကိုသီလ, ခိုင်မြဲ, ချစ်သမီး, ဂတုံးလေး, ဆန်းမောင်, ထွန်းတော်, ယွန်းယွန်း, ဝင်းအောင်, သက်နိုင်, ဟိန်းဟိန်းမြတ်, ခေါက်ရောင်းသား, ဇေယျာအေး, ဇော်မျိုးထွန်း, ဇော်ရဲပိုင်, တောင်ကြီးသားလေး..., တော်ဝင်ကျား, နေမင်းမောင်, မေယမင်း, မေဦးမွန်, အောင်မိုးထွန်း, နိုင်သူရ, ♥မောင်♥, amaung344, arkaraung, AZM, bonge, g00gle, hellboy, htin aung, htoo war, HTUT KHAUNG, july, ko lin, ko myo, KoBaKhat, kyaukphyu, lu soe, Myanmar_Lycan, phoelapyaee, phoetharlay, resident evil, sawjonnie, thein zaw min, tu tu, zo
Old 09-03-2010, 09:14 PM
  post #5
KznT
ကြီးကြပ်ရေးမှူး
 
KznT's Avatar
 
အသင်းဝင်နေ့စွဲ: Dec 2009
တည်နေရာ: http://www.techsectors.blogspot.com
ရေးသားချက်များ: 1,338
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 5,983
ပို့စ် 1,332 ခုအတွက် 20,394 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
KznT has a spectacular aura aboutKznT has a spectacular aura about
ပြန်စာ - Torrent ဘာလဲ Torrent ဘယ်လဲ ??

Torrent Sites နှင့် Torrent Search engines များရွေးချယ်ခြင်း

Torrent နဲ့ ဒေါင်းလုပ်ချတယ် ဆိုတာ ကျွန်တော်တို့ နေ့စဉ် Website တွေကနေ ဒေါင်းလုပ်ချနေတဲ့ လုပ်ငန်းစဉ်နဲ့ အများကြီး မကွာခြားလှပါဘူး။ ကိုယ်လိုချင်တဲ့ ဖိုင်တစ်ခု ရဖို့ ကိုယ်သိထားတဲ့ Torrent ဆိုဒ်တိုင်းကို သွားပြီး ကိုယ်အလိုရှိရာ ဖိုင်ရှိမရှိ ရှာဖွေရတဲ့ ပြဿနာမျိုး ခုခေတ်မှာ မရှိတော့ပါဘူး .. ကျွန်တော်တို့ နေ့စဉ် သုံးနေကျ Google လိုမျိုး Torrent Search Engines တွေ အများအပြားရှိနေပါပြီ။ သူတို့တွေကို သုံးပြီး မိမိအလိုရှိရာ Torrent Files တွေ ဘယ် Torrent Sites တွေမှာများ ရှိနေလဲ ဆိုတာ အချိန်တိုတွင်း ရှာဖွေ ရယူနိုင်ပါပြီ။ Torrent Search Engines ကိုသုံးရတာ ကိုယ်လိုချင်တာ ရဖို့ ဆိုဒ်တစ်ခုချင်း လည်ပတ်မွှေနှောက် ရတာထက်တော့ အများကြီး သက်သာပါတယ်။ Torrent Sites တွေထဲမှာမှ ဆိုဒ် တစ်ခုနဲ့ တစ်ခုကလည်း မတူပါဘူး။ တစ်ချို့ ဆိုဒ်တွေက မိမိဆိုဒ်မှာ ဘယ် Torrent တွေရှိတယ်ဆိုတာ အတိအကျ ဖော်ပြမထားပဲ သူ့ဆိုဒ်မှာရှိနေတဲ့ torrent ဖိုင်တွေနဲ့ သက်ဆိုင်ရာအလိုက် စုပေါင်း ရည်ညွှန်းချက်တွေကိုပဲ ဖော်ပြထားတတ်ကြပါတယ်။ ဒါကို ကျွန်တော်တို့က အင်္ဂလိပ်လို အခေါ် indexes လို့ ခေါ်ဝေါ်ကြပါတယ်။

Torrent Sites တစ်ခုဆီက အလိုရှိရာဖိုင်ကို အဆင်ပြေပြေ အရည်အသွေး မြင့်မြင့် ရရှိနိုင်ဖို့ ဆိုတာ ဘယ် Torrent Sites က Quality ကောင်းတယ်ဆိုတာ သိထားဖို့လည်း လိုအပ်ပါတယ်။ Torrent Sites တိုင်း ခြောက်ပစ်ကင်း သဲလည်းစင် မဟုတ်ပါဘူး။ ဥပမာပြောရရင် ကျွန်တော်တို့ Avater စထွက်ထွက်ခြင်း ရုံတင်ခါစကာလက ကမ္ဘာတစ်ဝှမ်းက လူတွေ ရုပ်ရှင်ရုံမှာ သွားကြည့်ဖို့လောက်ထိ အချိန်မပေးနိုင် တော့ Quality ကောင်းကောင်းနဲ့ DvD version ရှိမလား ဆိုပြီး Torrent Sites တွေ ရှိရာမှာ အရမ်းကာရော ရှာကြတယ်။ တကယ်တော့ အဲ့အချိန်က DvD version မထွက်သေးပါဘူး။ ဒီအကြောင်းကို သိတဲ့ မသမာသူ လူတစ်ချို့က လူအများ လိုချင်နေတဲ့ Avater ဇာတ်ကားမဟုတ်တဲ့ တစ်ခြားဖိုင်တစ်ခုကို Rar password ခံပြီး Avater DvD version ဆိုပြီး ခေါင်းစဉ်တပ် နောက်ပြီး Torrent Network ပေါ်တင်ကြတယ်။ User တွေက အဟုတ်ထင်ပြီး ဒေါင်းလုပ်တွေ ချကြ ၊ ရတော့ ကိုယ်ကြည့်ချင်တဲ့ ဖိုင်လည်း မဟုတ် password က ခံထား ၊ ဖွင့်လို့က မရ။ Password ကို လိုချင်ရင် ဘယ်ဆိုဒ်ကို လာခဲ့ပါဆိုပြီး ညွှန်းထားတာပါလာလို့ လိုက်သွားပြန်တော့လည်း အဲ့ဆိုဒ်က အင်တာနက်မှာ မရှိတဲ့ ဆိုဒ် စသဖြင့် လူကို အရူးလုပ်တဲ့ ဖြစ်စဉ်တွေအများကြီး ရှိပါတယ်။ တစ်ချို့ကျတော့လည်း လူကြိုက်များတဲ့ ဆော့ဖ်ဝဲလ်ဆိုရင် Trojan တွေ Virus တွေ ထည့်ပြီး တစ်ဖက်သား ဒုက္ခရောက်အောင် နှောင့်ယှက်တတ်ကြပါတယ်။ ဒါကြောင့် Torrent ဖိုင်တစ်ခုကို ဒေါင်းလုပ်ချဖို့ ဆိုရင် ဘယ် Torrent Sites ကိုသုံးမလဲ ဘယ် Torrent Search engines ကို သုံးပြီး ရှာမလဲ ဆိုတာ သိထားဖို့ သိပ်အရေးကြီးပါတယ်။ ဒီလိုသိထားမှ မိမိအလိုရှိရာ ဖိုင်ကို Error အနည်းဆုံးနဲ့ စိတ်အချရဆုံး ရရှိနိုင်မှာပါ။ အောက်ဖော်ပြပါ ဆိုဒ်တွေကတော့ Torrent နယ်ပယ်မှာ နာမည်ရှိပြီး လူသိများတဲ့ Site တစ်ချို့ ဖြစ်ပါတယ်။

ThePirateBay - သူကတော့ Torrent နဲ့ ပတ်သတ်ရင် တော်တော်လူသိများပြီး စိတ်ချရတဲ့ ဆိုဒ်တစ်ခု လို့ ပြောလို့ ရပါတယ်။ အသုံးပြုသူ Users ပေါင်း ၃.၅ သန်းကျော် ရှိပြီး အသုံးပြုသူလည်း အမြဲတိုးပွားနေပါတယ်။ သူ့ဆိုဒ်မှာ ထူးခြားချက် တစ်ခုက torrent ဖိုင်တွေထဲမှာ ဘယ် Torrent ဖိုင်ကတော့ ယုံကြည်ရတယ် ဘယ်ဖိုင်ကတော့ ဆိုဒ်ရဲ့ အယုံကြည် အားအကိုးရဆုံး သူကိုယ်တိုင်တင်ပေးထားတဲ့ ဖိုင် စသဖြင့် icons တွေနဲ့ ဖော်ပြချက်တွေ ပါရှိပါတယ်။

Mininova - သူကလည်း Torrent နဲ့ ရပ်တည်ခဲ့တဲ့ သက်တမ်း တော်တော်ရှည်ကြာတဲ့ ဆိုဒ် တစ်ခုလို့ ပြောလို့ ရပါတယ်။ သူ့ ဆိုဒ်မှာ ရှိတဲ့ ဖိုင်တွေက ယုံကြည်ရတယ် စိတ်ချရတယ် ဆိုပြီး လူဝင်များတဲ့ ဆိုဒ်တစ်ခု ဆိုလည်း မမှားပါဘူး။

Demonoid - ဒီဆိုဒ်ကတော့ အကောင်းဆုံး လို့ ပြောကြပါတယ်။ လူကြိုက်လည်း တော်တော်များပါတယ်။ Demonoid ကနေ ဒေါင်းလုပ်ချမယ်ဆိုရင် မိမိမှာ အကောင့်တစ်ခု ရှိမှ အဆင်ပြေမှာပါ။ အကောင့်လုပ်မထားခဲ့ဘူး ဆိုရင် ကြိုက်တဲ့ဖိုင် ဒေါင်းလုပ်ချ တစ်ပတ်မှာ ၅ ကြိမ်ပဲ ချခွင့်ရှိပါတယ်။ registration ကတော့ Free ပါ။ ဒါပေမယ့် ထူးခြားချက်က အကောင့်တစ်ခုရဖို့ Registration က အချိန်တိုင်း မဖွင့်ပါဘူး။ လူမသိ သူမသိ အချိန်မှာ ဘယ်သူ့ကိုမှ ကြိုတင် အသိပေးထားခြင်း မရှိပဲ Registration လုပ်ပိုင်ခွင့်ကို တိတ်တဆိတ်ဖွင့်ပေးတတ်ပြီး တိတ်တိတ်ဆိတ်ဆိတ်ပဲ ပြန်ပိတ်သွားတတ်ပါတယ်။ Free ဆိုပေမယ့်လည်း ဒီအချက်ကြောင့် လူတော်တော်များများက Demonoid ကို သည်းသည်းလှုပ်ဖြစ်ကြပါတယ်။ Registration လုပ်ပိုင်ခွင့် ဖွင့်မထားတဲ့ အချိန်မှာ သူ့ဆိုဒ်မှာ Registration လုပ်ချင်တယ်ဆို နဂိုဆိုဒ်မှာ အကောင့်ရှိပြီးသား User တစ်ယောက်က Invite လုပ်မှ Registration လုပ်လို့ရပါတယ်။

Vertor - သူ့ဆိုဒ်က ဖိုင်တွေကလည်း Clean ပြီး Quality ကောင်းတယ်လို့ လူပြောများပါတယ်။

Isohunt - သူလည်း ဆိုဒ်ကောင်း တစ်ခုပါပဲ။

နောက်ထပ်ရှိတာတွေကိုတော့

Torrent Meta-search engines ထဲမှာတော့

Torrent-Finder နဲ့ Torrentz ကို သဘောကျပါတယ်။ Torrent Sites တွေနဲ့ Torrent Search Engines တွေအကြောင်း သိရှိပြီးတဲ့ နောက်မှာ နောက်တစ်ဆင့် အနေနဲ့ သက်ဆိုင်ရာ ဆိုဒ် အသီးသီးက မိမိအလိုရှိရာ Torrent ဖိုင်တွေကို ဘယ်လိုရွေးချယ်ရမလဲ ဆိုတာ ဆက်လက် ဆွေးနွေးသွားပါ့မယ်။


ဆက်ရန် ....

က,ကြီး ရေးဖို့ကျောက်သင်ပုန်းရှာနေသူ

Life is what you make of it. Go out and make your dreams come true.

Last edited by KznT; 07-02-2011 at 01:08 PM..
KznT is offline   Reply With Quote
အောက်ပါအသင်းဝင် 47 ဦးတို့မှ KznT အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
ကိုဂျိန်း, ကိုသီလ, ခိုင်မြဲ, ဂတုံးလေး, ဆန်းမောင်, ဇင်ယော်, ညီခဝေ, ထွန်းတော်, မင်းတေဇ, ယွန်းယွန်း, သက်နိုင်, သန့်ဇင်ဌေး, ဟိန်းဟိန်းမြတ်, ကောင်းကောင်း, ခေါက်ရောင်းသား, ဇေယျာအေး, ဇော်မျိုးထွန်း, ဇော်ရဲပိုင်, တော်ဝင်ကျား, နေမင်းမောင်, မေယမင်း, အောင်မိုးထွန်း, ဖြိုးယံလေး, နိုင်သူရ, ♥မောင်♥, amaung344, aungphyo, AZM, bonge, g00gle, hellboy, htin aung, htoo war, HTUT KHAUNG, july, ko lin, ko myo, kyaukphyu, lu soe, phoelapyaee, phoetharlay, PyaitSone, resident evil, sawjonnie, tu tu, yawnathan, zo
Old 12-03-2010, 06:54 PM
  post #6
KznT
ကြီးကြပ်ရေးမှူး
 
KznT's Avatar
 
အသင်းဝင်နေ့စွဲ: Dec 2009
တည်နေရာ: http://www.techsectors.blogspot.com
ရေးသားချက်များ: 1,338
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 5,983
ပို့စ် 1,332 ခုအတွက် 20,394 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
KznT has a spectacular aura aboutKznT has a spectacular aura about
ပြန်စာ - Torrent ဘာလဲ Torrent ဘယ်လဲ ??

Torrent File များအား ရွေးချယ်ခြင်း

ကျွန်တော်တို့ရဲ့ ကွန်ပြူတာမှာ Torrent Client တစ်ခုခု တင်ပြီးပြီ .. ဘယ် Torrent Sites မှာ ကိုယ်လိုချင်တဲ့ ဒေါင်းလုပ်ချမယ် ဆိုတာလည်း ဆုံးဖြတ်ပြီးပြီ ဆိုရင်တော့ နောက်တစ်ဆင့် အနေနဲ့ ကျွန်တော်တို့ အလိုရှိရာ Torrent File တစ်ခု ရရှိဖို့ ဘယ်လိုရွေးချယ်မယ် ဆိုတာ ဆက်ဆွေးနွေးသွားပါမယ်။ Torrent File ရွေးချယ်တတ်မှုဟာ Torrent Network ဆီကနေ မိမိအလိုရှိရာ ဖိုင်တစ်ခုကို တိတိကျကျ ရရှိနိုင်မယ် ၊ မရှိနိုင်ဘူး ဆိုတဲ့ အဖြေအပေါ် အများကြီး အကျိုးသက်ရောက်မှု ရှိပါတယ်။ အခု ဥပမာ အနေနဲ့ ကျွန်တော် ThePirateBay ကို ကျွန်တော်အလိုရှိရာ ဖိုင် ဒေါင်းလုပ်ချဖို့ စံနမူနာ ဆိုဒ် တစ်ခု အနေနဲ့ ရွေးချယ်လိုက်ပါ့မယ်။

ယေဘုယျအားဖြင့် မိမိအလိုရှိရာ torrent ဖိုင်တစ်ခုကို ဖြစ်မြောက်ပြီးဆုံးအောင် ဒေါင်းလုပ်ချနိုင်ဖို့အတွက် အဲ့ဖိုင်ကို ဒေါင်းလုပ်ချထားပြီး share ပေးထားတဲ့ seeder တစ်ယောက် အနည်းဆုံး လိုအပ်ပါတယ်။ တကယ်လို့ seeder နေရာမှာ ( 0 ) ဖြစ်နေတယ် သို့တည်းမဟုတ် seeder အရေအတွက် အရမ်းနည်းနေတယ် ဆိုရင် ကိုယ်လိုချင်တဲ့ ဖိုင်ကို ပြီးဆုံးအောင် ဒေါင်းလုပ်ရယူဖို့ အတော်ကြီး ခက်ခဲပါလိမ့်မယ်။ အောက်မှာ ဖော်ပြထားတဲ့ ပုံ နှစ်ခုကို နှိုင်းယှဉ်ကြည့်ပါ။ တဆင့်ချင်း ထပ်ရှင်းပြပေးပါမယ်။ Torrent site တစ်ခုကိုရောက်သွားရင် ယေဘုယျအားဖြင့် မြင်ရလေ့ရှိတဲ့ ဒေါင်းလုပ်ချလို့ ရနိုင်တဲ့ Torrent ဖိုင်တွေရဲ့ မြင်ကွင်းက ဒီလိုမျိုးပါ။ ဒီအောက်က ပုံကတော့ ကျွန်တော် ThePirateBay ကနေ Screen shot လုပ်ထားတာပါ။ ဆိုဒ် တစ်ခုနဲ့ တစ်ခု ပြင်ဆင်ပုံချင်း မတူလို့ လုံးဝကြီး ဆင်တယ်တော့ မဟုတ်ပါဘူး။ ဒါပေမယ့် ဒီသဘောအတိုင်းပဲ ပြင်ဆင်ထားကြတာ များပါတယ်။ ပုံမှာ ကျွန်တော်အစိမ်းရောင် လေးထောင့်နဲ့ ဝိုင်းပြထားတာ Seeder အရေအတွက်ပါ။ ဆိုလိုတာက သက်ဆိုင်ရာ ဖိုင်အလိုက် - ဒေါင်းလုပ်ချပြီးတဲ့အပြင် သူများတွေပါ ဒေါင်းလုပ်ယူလို့ ရအောင် Share ပြန်ပေးထားတဲ့ တစ်နည်းအားဖြင့် Seed ပြန်လုပ်ထားတဲ့ သူ အရေအတွက် ဖြစ်ပါတယ်။ အနီရောင်နဲ့ ဝိုင်းပြထားတာကတော့ Leecher အရေအတွက်ပါ။ Seeder အရေအတွက်မှာ ပုံမှာထဲကလို ထောင်ဂဏန်း ဖြစ်စေ ဒါမှမဟုတ် ရာဂဏန်းလောက်ဖြစ်စေ အနဲဆုံး ဆယ်ဂဏန်း လောက် ဖြစ်စေ ရှိနေမယ်ဆိုရင် မိမိလိုချင်တဲ့ ဖိုင်ကို ဒေါင်းလုပ်ချဖို့ အဆင်ပြေလွယ်ကူမှာ ဖြစ်ပါတယ်။ ဆိုလိုတာကတော့ Seeder များလေ မိမိအလိုရှိရာဖိုင်ကို အလျင်မြန်ဆုံး ဒေါင်းလုပ်ချနိုင်လေ ဖြစ်ပါတယ်။ ( မိမိသုံးတဲ့ အင်တာနက် speed ကလည်း အနဲနဲ့ အများတော့ အသင့်အတင့်လောက်ရှိတဲ့ Speed မျိုးတော့ ရှိသင့်တာပေါ့လေ။ ) တကယ်လို့ မိမိအလိုရှိရာဖိုင်ဟာ MB ပမာဏ ၊ သို့တည်းမဟုတ် GB ပမာဏ အရမ်းများမယ်ဆိုရင်တော့ Seeder ပမာဏ ရာဂဏန်းကျော် ထောင်ဂဏန်းကျော် လောက် ဖြစ်မှ ကောင်းမှာပါ။ ၁၀ ဂဏန်းလောက်ပဲ ရှိနေမယ် ဆိုရင် အဲ့ဖိုင် တစ်ခုရဖို့ ၂ ၊ ၃ ရက်လောက် အချိန်ပေးကောင်း ပေးရပါလိမ့်မယ်။



Seeder ပမာဏ များခြင်းအားဖြင့် မိမိအလိုရှိရာ ဖိုင်ကို အလွယ်တကူ လျင်လျင်မြန်မြန်နဲ့ ရရှိနိုင်ယုံမက အဲ့ဒီ့ Torrent ဖိုင်နဲက အတူ တဆက်တစပ်တည်း ဖော်ပြထားတဲ့ ကော်မန့်တွေကို ဖတ်ရှု့လေ့လာကြည့်ခြင်း အားဖြင့် ဒီ Torrent ဟာ Fate လား Real လား။ ဆိုလိုတာ ကိုယ်ဒေါင်းလုပ်ချလိုက်ရင် တကယ်အကျိုးရှိစေမယ့် ဖိုင်လား ဆိုတာ ဒေါင်းလုပ်မချခင်ကတည်းက ဝေခွဲဆုံးဖြတ်နိုင်ပါတယ်။ Seed များတိုင်းလည်း Torrent ကောင်းတစ်ခု မဖြစ်နိုင်ပါဘူး။ သက်ဆိုင်ရာ ဖိုင်နဲ့ အတူ ပူးတွဲပါရှိတဲ့ Comments အရေအတွက်နဲ့ ကိုယ့်လိုမျိုး အဲ့ဖိုင်ကို ဒေါင်းလုပ်ချခဲ့ပြီးသူများရဲ့ ထင်မြင်ချက်ကို ဖတ်ရှု သုံးသပ်ကြည့်ပြီး ဆုံးဖြတ်ခြင်းအားဖြင့်သာ မိမိအမှန်တကယ်အလိုရှိရာဖိုင်ကို တိတိကျကျ ရရှိနိုင်မှာ ဖြစ်ပါတယ်။ အောက်ဖော်ပြပါ ပုံတွေကို ဆက်ကြည့်ကြည့်ပါ။

အောက်ဖော်ပြပါ ပုံကတော့ Microsoft Windows 7 Ultimate Retail(Final) x86 and x64 ဆိုတဲ့ Torrent File ကို ဒေါင်းလုပ်ချဖို့ အတွက် ဖော်ပြထားတဲ့ အသေးစိတ်အချက်အလက်တွေ ဖြစ်ပါတယ်။ သူ့မှာ Seeders အရေအတွက် Leecher အရေအတွက်နဲ့ Comments အရေအတွက်ကိုပါ အသေးစိတ် ဖော်ပြထားပါတယ်။



ဟုတ်ပြီ။ ကျွန်တော်တို့ ဒီ Microsoft Windows 7 Ultimate Retail(Final) x86 and x64 ကို လိုချင်ပြီ။ ဒါပေမယ့် မလောပါနဲ့ဦး။ ကျွန်တော်တို့ သူနဲ့ ပတ်သတ်နေတဲ့ ဖော်ပြချက်တွေ အရင်စစ်ဆေးပါမယ်။ ပထမဆုံး Seeder ကို စစ်ကြည့်ပါတယ်။ Seeder ပေါင်း ၂၉၄၅ ရှိတယ်လို့ ပြပါတယ်။ ဒီလောက်ဆို အဆင်ပြေပါတယ်။ Leecher ပေါင်း ၃၁၆၁ ရှိပါတယ်။ ဒါလည်း မဆိုးပါဘူး။ အကြမ်းအားဖြင့်တော့ သူ့ကို ဒေါင်းလုပ်ချဖို့ ရွေးချယ်လို့ ဖြစ်နိုင်ပါပြီ။ ဒါပေမယ့် အပေါ်မှာ ပြောခဲ့သလို Seeder များတိုင်း Torrent ကောင်း တစ်ခု မဖြစ်နိုင်ဘူး ဆိုတဲ့ စကားအတိုင်း သူနဲ့ ဆက်စပ်နေတဲ့ Comments ၁၁၄၈ ကို စစ်ဆေးကြည့်ပါဦးမယ်။ ဒီနေရာမှာတော့ အကြမ်းဖျင်း အနေနဲ့ Comments ၃ ၊ ၄ ခု ကိုပဲ ရွေးချယ်ဖော်ပြပေးသွားပါမယ်။



ကျွန်တော် ဖော်ပြထားသလိုမျိုး Uploader ကိုကျေးဇူးတင်စကား ၊ ချီးမွန်းစကား ၊ အားပေးစကားတွေ များနေပြီ ဆိုရင်တော့ ဒီ Torrent က စိတ်ချရပါပြီ။ ရွေးချယ်သင့်ပါပြီ။ တကယ်လို့ ပြောင်းပြန်အနေနဲ့ ဒီ Torrent ဖိုင်ကို အကြီးအကျယ် ရှုံချတာတွေ. ဆဲဆိုတိုင်းထွာတာတွေ ဆိုရင်တော့ Seeder များနေလည်း မချပါနဲ့ အချိန်ကုန်ပြီး အကျိုးမရှိတာတွေပဲ ရပါလိမ့်မယ်။ တဆက်တစပ်တည်း အောက်ဖော်ပြပါ ပုံကို ဆက်ကြည့်ပေးပါ။ Games > XBOX360 ဆိုတဲ့ 10.37GB ပမာဏ ရှိတဲ့ ဖိုင်တစ်ခုကိုတွေ့ပါလိမ့်မယ်။ သူ့မှာဆိုရင် ဒေါင်းလုပ်ချရမယ့် ပမာဏက များ Seeder ကိုကြည့်တော့ ၁ ၊ Leecher ကိုကြည့်တော့ ၃ ဒီလိုဆိုရင်တော့ ဝေးဝေးကသာ ရှောင်ပါ။ အရမ်းလိုချင်လို့ ချမယ်ဆိုရင်တောင် Week နဲ့ ချီပြီး ကြာနိုင်တဲ့ အပြင် ရဖို့ မရဖို့ ဆိုတာလည်း မသေချာပါဘူး။ တစ်ခြား Torrent ဖိုင်တွေလည်း ဒီသဘောပါပဲ။



မိမိသဘောကျရာ ဖိုင်ကို တွေ့ပြီး ကျန်တဲ့ အချက်အလက် အားလုံးလည်း စစ်ဆေးပြီးပြီ ဆိုရင်တော့ အဲ့ဒီ Torrent ဖိုင်ကို ဒေါင်းလုပ်ချဖို့ ဒီလို နေရာမျိုးကို ရှာပါ။ ပြီးရင် click ပေးလိုက်ပါ။



အဲ့အချိန်ကျရင် တကယ်လို့ ကိုယ့်စက်မှာသာ Torrent Client တစ်ခုတင်ထားပြီးသား ရှိနေမယ်ဆို အောက်ဖော်ပြပါ ပုံစံမျိုး တက်လာပါလိမ့်မယ်။



ဖော်ပြပါ နေရာကနေ တစ်ဆင့် မိမိ အလိုမရှိ တစ်ခုခုပါနေမယ် ဆိုရင် Click ဖြုတ်ပြီး ဒေါင်းလုပ်ချတဲ့ နေရာမှာ ပါမလာအောင် ချန်ထားခဲ့နိုင်ပါသေးတယ်။ အားလုံးပြီးသွားရင်တော့ စတင် ဒေါင်းလုပ်ချဖို့ အတွက် OK ကို Click ပေးလိုက်ပါ။ ကျွန်တော် ခု ဆွေးနွေးခဲ့သလောက်ဆိုရင် ဘယ်လို Torrent ဖိုင်မျိုးကို ရွေးချယ် ဒေါင်းလုပ်ချရမယ် ဆိုတာ အနဲအကျဉ်း သဘောပေါက်လောက်မယ် ထင်ပါတယ်။ ဆက်လက်ပြီး ဒေါင်းလုပ်ချနေစဉ် အတောအတွင်းမှာ Seeder နဲ့ Leecher တွေ ဘယ်လိုအလုပ်လုပ်သလဲ Share Ratio ကို မြင့်တက်လာအောင် ဘယ်လိုလုပ်မလဲ ဆိုတာ ဆက်လက် ဆွေးနွေးသွားပါ့မယ်။


ဆက်ရန် .....

က,ကြီး ရေးဖို့ကျောက်သင်ပုန်းရှာနေသူ

Life is what you make of it. Go out and make your dreams come true.

Last edited by KznT; 07-02-2011 at 01:08 PM..
KznT is offline   Reply With Quote
အောက်ပါအသင်းဝင် 45 ဦးတို့မှ KznT အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
ကိုဂျိန်း, ကိုသီလ, ခိုင်မြဲ, ချစ်သမီး, ဂတုံးလေး, ဆန်းမောင်, ဇင်ယော်, ထွန်းတော်, မင်းတေဇ, ယွန်းယွန်း, ဝင်းကျော်ဦး, ဝင်းအောင်, သက်နိုင်, သန့်ဇင်ဌေး, ဟိန်းဟိန်းမြတ်, ကောင်းကောင်း, ခေါက်ရောင်းသား, ဇေယျာအေး, ဇော်မျိုးထွန်း, ဇော်ရဲပိုင်, တော်ဝင်ကျား, နေမင်းမောင်, မေယမင်း, ♥မောင်♥, amaung344, AZM, bonge, g00gle, hellboy, htin aung, htoo war, july, ko lin, ko myo, lu soe, minthike, phoelapyaee, phoetharlay, PyaitSone, resident evil, sawjonnie, thein zaw min, tu tu, yawnathan, zo
Old 21-03-2010, 07:04 PM
  post #7
KznT
ကြီးကြပ်ရေးမှူး
 
KznT's Avatar
 
အသင်းဝင်နေ့စွဲ: Dec 2009
တည်နေရာ: http://www.techsectors.blogspot.com
ရေးသားချက်များ: 1,338
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 5,983
ပို့စ် 1,332 ခုအတွက် 20,394 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
KznT has a spectacular aura aboutKznT has a spectacular aura about
ပြန်စာ - Torrent ဘာလဲ Torrent ဘယ်လဲ ??

Torrent အတွင်းရှိ Downloading နှင့် Seeding လုပ်ငန်းစဉ်အားလေ့လာခြင်း

ကျွန်တော်လည်း ဒီအကြောင်းအရာကို ရှေ့မဆက်ဖြစ်ပဲ တစ်ခြား အကြောင်းအရာတွေဘက်ရောက်နေရာကနေ အဆုံးသတ်ဖို့ သတိပြန်ဝင်လာလို့ ဒီနေ့ အဆုံးသတ်နိုင်အောင် ကြိုးစားလိုက်ပါတယ်။ တကယ်တော့ ကျွန်တော်ခုပြောနေတဲ့ Torrent အကြောင်းဟာ ပြည့်ပြည့်စုံစုံကြီး မဟုတ်သေးပါဘူး။ Torrent နည်းပညာကို အသုံးချဖို့ ရနိုင်ယုံသာ ကျွန်တော်နားလည်သလောက် ဖတ်မှတ်လေ့လာခဲ့ဖူးသလောက် စုစည်းရေးသားထားခြင်းသာ ဖြစ်ပါတယ်။ လေ့လာမယ်ဆိုရင်တော့ ဒီ့ထက်ကျယ်ပြန့်တဲ့ နည်းပညာ အကြောင်းတရားတွေ ရှိနေသေးတယ် ဆိုတာ ကျွန်တော် အသိပေးပြောကြားလိုပါတယ်။ ဆက်လက်ပြီး ပြောပြချင်တာ Seeder Leecher နှင့် Share Ratio တွေဟာ မိမိ ဒေါင်းလုပ်ချလိုက်တဲ့ ဖိုင်အလိုက် ဘယ်လိုဆက်စပ် နေသလဲ .. သူတို့ဟာ တစ်ခုနဲ့ တစ်ခု ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ ဘယ်လိုရပ်တည်နေသလဲ ဆိုတဲ့ အကြောင်းလေးပါ။ ဒီအကြောင်းအရာကို ကျွန်တော် Torrent အတွင်းရှိ Downloading နှင့် Seeding လုပ်ငန်းစဉ်အားလေ့လာခြင်း ဆိုပြီး အမည်ပေးလိုက်ပါတယ်။



ဥပမာပေး ပြောပြလို့ ရအောင် ကျွန်တော် Torrent နဲ့ Download ၂ ခု ချလိုက်ပါတယ်။

* ကျွန်တော် အနီရောင်နဲ့ ဝိုင်းပြထားတာ power dvd 10.rar နဲ့ VSO ConvertXToDVD 4.0.10.324 Final Incl Serial ဆိုတာပါ။ ဒီ Torrent ဖိုင်နှစ်ခု ကို ဥပမာပေးလို့ ရအောင် အရင် ကျွန်တော် ဒေါင်းလုပ်ချလိုက်ပါတယ်။ Status နေရာမှာ power dvd 10.rar အတွက်က Downloading ဖြစ်နေပြီး VSO ConvertXToDVD 4.0.10.324 Final Incl Serial အတွက်က Seeding ဖြစ်နေပါတယ်။ ဒါက ဘာကို ဆိုလိုတာလဲ ဆိုရင် power dvd 10.rar ဆိုတာဟာ ကျွန်တော် ဒေါင်းလုပ်ချနေဆဲဖြစ်တယ် ၊ ဒေါင်းလုပ်ချမှု မပြီးဆုံးသေးဘူး ဆိုတာကို ဆိုလိုတာပါ။ VSO ConvertXToDVD 4.0.10.324 Final Incl Serial ကတော့ ကျွန်တော့်စက်ကနေ ဒေါင်းလုပ်ချမှု လုပ်ငန်းစဉ် ပြီးဆုံးလို့ တစ်ခြားသူ တစ်ယောက် အတွက် ကျွန်တော်ကနေပြီး ပြန်ပြီး Sharing လုပ်ထားတာကို Torrent စကားအခေါ် Seeding ဆိုပြီး ဖော်ပြထားခြင်း ဖြစ်ပါတယ်။

* ကျွန်တော် အဝါရောင်နဲ့ ဝိုင်းပြထားတဲ့ နေရာမှာ power dvd 10.rar အတွက် Seeds အရေအတွက် ( Shar ပေးထားသူများ ) 211 ခု ရှိနေတဲ့ အနက်က ကျွန်တော် ချိတ်ဆက်မိထားတဲ့ Seeds အရေအတွက် 21 ခုရှိတယ်ဆိုတာကို ကွင်းစကွင်းပိတ်ရဲ့ အပြင်မှာ ပြပေးထားပါတယ်။ 21 ဆိုတာ ပုံသေဂဏန်း မဟုတ်ပါဘူး။ ရံဖန်ရံခါ Seeder တစ်ယောက်ယောက်က သူ Sharing လုပ်ထားတာကို ဖြတ်ချလိုက်ရင် ကျွန်တော့်ဆီမှာ လတ်တလော မိထားတဲ့ Seeds အရေအတွက် 21 ကနေ 20,19 ... စသဖြင့်လျော့သွားနိုင်သလို ကျွန်တော့်ဘက်က နောက်ထပ် Seeder အသစ် တစ်ယောက် နဲ့ ထပ်ချိတ်မိမယ်ဆိုရင်လည်း လတ်တလော ဖြစ်နေတဲ့ 21 ကနေ 22,23 .. စသဖြင့် Seeds အရေအတွက် တိုးလာမှာ ဖြစ်ပါတယ်။ VSO ConvertXToDVD 4.0.10.324 Final Incl Serial အတွက်ကတော့ ကျွန်တော် ကိုယ်တိုင် Seeder တစ်ယောက် ဖြစ်နေပြီ မို့လို့ ( ဒေါင်းလုပ်ချဖို့ရာ မလိုအပ်တော့တာမို့လို့ ) တစ်ခြား Seeder တွေနဲ့ ချိတ်ဆက်စရာ မလိုတော့ပဲ 0 ( 176 ) အနေနဲ့ ဖော်ပြနေပါတယ်။

* ကျွန်တော် အပြာရောင်နဲ့ ဝိုင်းပြထားတာကတော့ Peers အရေအတွက်ပါ။ တစ်နည်းအားဖြင့် သူ့ကို Leecher လို့လည်း ခေါ်ပါတယ်။ ဆိုလိုတာကတော့ သူဟာ power dvd 10.rar ဆိုရင် ကျွန်တော့်လိုပဲ ဖိုင်တစ်ခုလုံး အပြည့်မရသေးပဲ ဒေါင်းလုပ်ချနေဆဲ User တွေကို ဆိုလိုတာပါ။ ဒီနေရာမှာ ထူးခြားသွားတာ တစ်ခုက Leecher ဆိုတာနဲ့ ဒေါင်းလုပ်ချနေတဲ့ သူချည်းပဲလို့ ပြောလို့ မရပါဘူး။ Leecher ကနေလည်း Seeder ဖြစ်နိုင်နေပါသေးတယ်။ ဆိုလိုတာက ဥပမာ လူ ( ၂ ) ယောက် ( A နဲ့ B ) ဟာ power dvd 10.rar ဖိုင်တစ်ခုကို Seeder တစ်ယောက်ဆီကနေ ဒေါင်းလုပ်ချနေတယ် ဆိုပါစို့။ A ဆိုတဲ့ သူက power dvd 10.rar ဆိုတဲ့ဖိုင်ကိုပဲ ဒေါင်းလုပ်ချနေတာ 90 % ရောက်နေပြီ မကြာခင် သူပြီးတော့မယ်။ ဒီအချိန်မှာ B ဆိုတဲ့ သူက ခုမှ power dvd 10.rar ဆိုတဲ့ဖိုင်ကို ဒေါင်းလုပ်ချနေတာ 25 % ပဲ ရှိနေသေးတယ် ဆိုရင် A ဆိုတဲ့သူက သူ ဒေါင်းလုပ်ချပြီးသွားတဲ့ 90 % ထဲကနေ B ဆိုတဲ့သူအတွက် ဒေါင်းလုပ်မချရသေးတဲ့ အပိုင်းတွေကို Seeder အဖြစ် တစ်ဖန်ပြန်လုပ်ပြီး ဝေမျှလို့ရနေပါတယ်။ ဒါကြောင့် Leecher ဆိုတာ တစ်နည်းအားဖြင့် ပြောရရင် ဒေါင်းလုပ်ချသူ သီးသန့်ချည်း မဟုတ်ပါဘူး။ ဝေမျှသူ Seeders တစ်ယောက် အနေနဲ့လည်း ပြောလို့ တင်စားလို့ ရပါတယ်။ ဒါပေမယ့်သူက တစ်ဝက်တစ်ပျက် ဝေမျှသူလို့ ဆိုရမှာပေါ့။

* ကျွန်တော် အနက်ရောင်နဲ့ ဝိုင်းပြထားတာကတော့ ကျွန်တော် Torrent မှာချနေတဲ့ Download Speed ဖြစ်ပါတယ်။ ဒီ Speed က ဝေမျှသူ များရင် များသလောက် ပိုတက်ပါတယ်။ မိမိသုံးနေတဲ့ Internet Speed ကလည်း အထိုက်အလျောက်တော့ သွက်သင့်တာပေါ့လေ။ ဒါမှလည်း Speed က တက်လာမှာပေါ့။

* ကျွန်တော် အစိမ်းရောင်နု နဲ့ ဝိုင်းပြထားတာကတော့ ကျွန်တော် ဒေါင်းလုပ်ချနေစဉ် အတောအတွင်း တစ်ဆက်တစ်စပ်တည်း ကျွန်တော့်ဆီကနေ ပြန်ဆွဲနေတဲ့သူ Leecher တစ်ယောက်ယောက်ရှိနေရင် ကျွန်တော့်ဘက်ကနေ Upload ပြန်တင်ပေးနေတဲ့ နှုန်းကိုပြတာပါ။

* ကျွန်တော် အညိုရောင်နဲ့ ဝိုင်းပြထားတာကတော့ ETA လို့ ခေါ်တဲ့ ခန့်မှန်းခြေကြာမြင့်နိုင်မယ့်နှုန်းပါ။ ဆိုလိုတာက ကိုယ်က ဒေါင်းလုပ်ချနေတဲ့သူ ဆိုရင် နောက် ဘယ်လောက်လောက် အချိန်တွင်းမှာ ဒီ ဒေါင်းလုပ်ပြီးမယ်။ ဒါမှမဟုတ် ကိုယ်က Seeder အဖြစ် လုပ်ဆောင်နေတာဆိုရင် နောက် ဘယ်လောက်လောက် အကြာမှာမှ ဒီ Uploading လုပ်ငန်းစဉ်ပြီးဆုံးမယ် ဒါကိုဖော်ပြတာပါ။ ဒီနေရာမှာ တစ်ခု မေးစရာရှိလာတာက Uploading လုပ်ငန်းစဉ်က Torrent မှာ တကယ်ရောပြီးဆုံးဦးမှာလား ဆိုတဲ့ မေးခွန်းပါ။ တကယ်တော့ Torrent မှာ လုပ်ဆောင်နေတဲ့ Uploading လုပ်ငန်းစဉ်ဟာ ကိုယ် Seeder ဖြစ်နေသ၍ ကိုယ့်ဆီကနေ Leecher တစ်ယောက်မဟုတ် တစ်ယောက် အမြဲ ဆွဲယူနေသ၍ ဘယ်တော့မှ ပြီးဆုံးမှာ မဟုတ်ပါဘူး။ Leecher တစ်ယောက်လောက်က ဆွဲယူနေတာ အကြောင်း မဟုတ်ပေမယ့် ဆွဲယူတဲ့သူ များလာတာနဲ့ အမျှ ကိုယ့်ရဲ့ Internet အသုံးပြုမှုကိုလည်း အနည်းနဲ့ အများထိခိုက်လာနိုင်ပါတယ်။ ဒါဆိုရင် ကျွန်တော်တို့ Share ပေးတဲ့ တစ်နည်းအားဖြင့် Seeder အဖြစ်လုပ်ဆောင်နေတဲ့ လုပ်ငန်းစဉ်ကို ဘယ်အချိန်မှာ ဖြတ်တောက်ပစ်မလဲ။ အဲ့ဒီ့အတွက် ကျွန်တော်တို့ Share Ratio ကိုကြည့်ရပါမယ်။

* ကျွန်တော်လိမ္မော်ရောင်နဲ့ ဝိုင်းပြထားတာ Share Ratio ပါ။ Share Ratio ဆိုတာ Torrent Network ကို အသုံးပြုပြီး Download ချသူ User တစ်ယောက်ရဲ့ Upload တင်ပေးတဲ့ ပမာဏကို သူ ဒေါင်းလုပ်ချခဲ့တဲ့ ပမာဏနဲ့ စားလို့ ရလာမယ့် ရလာဒ်ကို ဆိုလိုပါတယ်။ ဥပမာ လူတစ်ယောက်က Torrent Network ကို အသုံးပြုပြီး 5GB လောက်ပမာဏ ရှိတဲ့ ဖိုင်တစ်ခုကို ဒေါင်းလုပ်ချခဲ့တယ် ဆိုပါစို့။ သူဟာ ဒေါင်းလုပ်ချလို့ ပြီးပြီးချင်း Seeder တစ်ယောက် အဖြစ်ရပ်တည်ပြီး အခြားသူငါတွေကိုလည်း ဒေါင်းလုပ်ချလို့ ရနိုင်အောင် ကိုယ်ရထားတဲ့ ဖိုင်ပမာဏဖြစ်တဲ့ 5GB အတိုင်း Upload ပြန်တင်ပေးထားမယ် ဆိုရင် သူရဲ့ Share Ration ပမာဏဟာ 5/5 = 1 ဖြစ်လာမှာ ဖြစ်ပါတယ်။ ဒီ Share ratio ပမာဏဟာ 1 ဒါမှမဟုတ် 1 ထက်ကျော်မယ်ဆိုရင် + ဘက်ဆောင်တဲ့ ကောင်းမွန်တဲ့ လက္ခဏာရပ်ဖြစ်ပြီး မိမိရဲ့ လုပ်ဆောင်မှုကြောင့် အခြားသူငါတွေပါ အဆင်ပြေလွယ်ကူစွာ ဒေါင်းလုပ်ချလို့ ရနိုင်အောင် ကူညီပေးတဲ့ သဘောကို ဆောင်ပါတယ်။ တကယ်လို့ ဒေါင်းလုပ်ချတာက 5GB Upload ပြန်တင်ပေးတော့ 2 Gb လောက် တစ်ဝက်တစ်ပျက် တင်ပေးပြီး ဖျက်ပစ်လိုက်မယ်ဆိုရင် Share Ratio 2/5 = 0.4 ဖြစ်သွားပြီး သူ့ရဲ့ အဓိပ္ပါယ်က စိတ်ထားမပြည့်ဝသူ မိမိအလိုရှိရာကိုသူ ယူငင်ပြီး အများအကျိုး သယ်ပိုးဆောင်ရွက်မပေးလိုသူ တစ်ယောက် အဖြစ် သတ်မှတ်ရမှာဖြစ်ပါတယ်။ ဒါကြောင့် အတိုချုံးပြောရရင် Share Ratio ဟာ 1 သို့မဟုတ် 1 ထက်များမယ်ဆို လူပီသပါတယ်။ 1 အောက်နည်းမယ်ဆိုရင်တော့ လူမပီသသူ တစ်ယောက် ဖြစ်သွားနိုင်ပါတယ်။ ဒီအကြောင်းက အပေါ်မှာ Def: မှာတုန်းက ပြောပြခဲ့ပြီးသားပါ။ ဒါကြောင့် Downloading လုပ်ငန်းစဉ်ပြီးဆုံးသွားလို့ Torrent ဖိုင်ကို List ထဲကနေ ဖျက်ထုတ်ပစ်တော့မယ် ဆိုတဲ့အခါ ကျွန်တော် လိမ္မော်ရောင်နဲ့ ဝိုင်းပြထားတဲ့ နေရာကို တစ်ချက်ကြည့်ပေးပါ။ အပေါ်က ပုံအရပြောရရင် power dvd 10.rar အတွက် ကျွန်တော့် Share Ratio ဟာ 0.013 ပဲ ရှိပါသေးတယ်။ VSO ConvertXToDVD 4.0.10.324 Final Incl Serial အတွက်ဆိုရင်လည်း Share Ratio ဟာ 0.014 ပဲရှိပါသေးတယ်။ ဖိုင် ( ၂ ) ခုလုံးဟာ Share Ratio ( 1 ) မရသေးတာက တစ်ကြောင်း လတ်တလော အခြေအနေ Peers နေရာမှာလည်း power dvd 10.rar အတွက် Peers ( 6 ) ယောက်ရှိနေပြီး ConvertXToDVD 4.0.10.324 Final Incl Serial အတွက် Peers ( 1 ) ယောက် ရှိနေလို့ မဖျက်ထုတ်သင့်သေးပါဘူး။ Share Ratio ( 1 ) ပြည့်မှ Share ပေးထားတာကို ရပ်ချင်ရပ် သို့တည်းမဟုတ် လတ်တလော မိမိဖျက်ထုတ်မယ့် အခြေအနေမှာ မိမိဆီကနေ Peers လုပ်ဆောင်သူ ရှိမနေဘူး ဆိုရင်သာ ဖျက်ထုတ်သင့်ပါတယ်။

* ကျွန်တော် မရမ်းရောင်နဲ့ ဝိုင်းပြထားတာတော့ ကျွန်တော်ဒေါင်းလုပ်ချပြီးတဲ့ အထဲကမှ Peers တွေကဆွဲယူလို့ ကျွန်တော် ဒေါင်းလုပ်ပြန်တင်ပေးပြီးသွားတဲ့ ပမာဏပါ။ ဒီပမာဏကလည်း ကိုယ် Share ပေးထားသရွေ့ ကိုယ့်ဆီကနေ ဆွဲယူနေတဲ့ Peers တွေရှိနေသရွေ့တက်နေမှာ ဖြစ်ပါတယ်။

ကျွန်တော် အခုပြောခဲ့သလောက်ဆိုရင် Torrent အကြောင်း အတော်များများ နားလည် သဘောပေါက်ပြီး Torrent ဖိုင်တစ်ခုရဲ့ လုပ်ဆောင်ပုံ၊ အခေါ်အဝေါ်တွေနဲ့ မိမိအလိုရှိရာ Torrent ဖိုင်ရှာဖွေပုံတွေကအစ နားလည်သိရှိနိုင်လောက်မယ် ထင်ပါတယ်။ Torrent နဲ့ MF မိသားစုဝင်များ အစစအရာရာ အဆင်ပြေနိုင်ကြပါစေ။


အားလုံးပဲ အဆင်ပြေကြပါစေ။

KznT.

က,ကြီး ရေးဖို့ကျောက်သင်ပုန်းရှာနေသူ

Life is what you make of it. Go out and make your dreams come true.

Last edited by KznT; 07-02-2011 at 01:08 PM..
KznT is offline   Reply With Quote
အောက်ပါအသင်းဝင် 57 ဦးတို့မှ KznT အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
ကိုဂျိန်း, ကိုသီလ, ခိုင်မြဲ, ဂတုံးလေး, ဆန်းမောင်, ဇင်ယော်, ညီခဝေ, ထွန်းတော်, ယွန်းယွန်း, လမင်းမျက်နှာ, ဝင်းကျော်ဦး, သက်နိုင်, သန့်ဇင်ဌေး, ဟိန်းဟိန်းမြတ်, ခေါက်ရောင်းသား, ဇေယျာအေး, ဇော်ရဲပိုင်, တေဇာလွင်, တောင်ကြီးသားလေး..., တော်ဝင်ကျား, နေမင်းမောင်, မေယမင်း, သောကြာသား, ဝေဟင်ဦး, ဖြိုးယံလေး, နှင်း, ♥မောင်♥, amaung344, arkaraung, aungzaw, AZM, azp09, Blade177, bonge, g00gle, hellboy, htin aung, htoo war, imarqi, ko lin, ko myo, lu soe, minthike, Myanmar_Lycan, phoelapyaee, phoetharlay, poker, PyaitSone, sawjonnie, snow273, soemaung, tu tu, tunnaioo, winntun, yawnathan, Ye Aung, zo
Old 26-03-2010, 12:18 PM
  post #8
thureinsoe
MF Contributor
 
thureinsoe's Avatar
 
အသင်းဝင်နေ့စွဲ: Mar 2010
တည်နေရာ: ရန်ကုန်
ရေးသားချက်များ: 580
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 2,093
ပို့စ် 525 ခုအတွက် 3,955 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
thureinsoe will become famous soon enough
Icon12 ပြန်စာ - Torrent ဘာလဲ Torrent ဘယ်လဲ ??

တကယ်ကောင်းတယ်အစ်ကိုကျွန်တော်တိုအမျာကြီးပညာပဟုသုတ
တွေ့ရပါတယ်နောက်လည်ဒါမိုးဆက်ရေးပါအစ်ကို

Last edited by thureinsoe; 24-07-2011 at 01:59 PM..
thureinsoe is offline   Reply With Quote
အောက်ပါအသင်းဝင် 10 ဦးတို့မှ thureinsoe အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 07-08-2010, 03:10 PM
  post #9
Taka
မွေးကင်းစကလေး
 
အသင်းဝင်နေ့စွဲ: Feb 2010
ရေးသားချက်များ: 3
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 0
ပို့စ် 2 ခုအတွက် 6 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
Taka is on a distinguished road
ပြန်စာ - Torrent ဘာလဲ Torrent ဘယ်လဲ ??

What's the bandwidth of Myanmar to choose? I tried many things but don't work, is this thing work in Myanmar?
Taka is offline   Reply With Quote
အောက်ပါအသင်းဝင် 4 ဦးတို့မှ Taka အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 12-08-2010, 02:11 PM
KznT
ကြီးကြပ်ရေးမှူး
 
KznT's Avatar
 
အသင်းဝင်နေ့စွဲ: Dec 2009
တည်နေရာ: http://www.techsectors.blogspot.com
ရေးသားချက်များ: 1,338
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 5,983
ပို့စ် 1,332 ခုအတွက် 20,394 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
KznT has a spectacular aura aboutKznT has a spectacular aura about
ပြန်စာ - Torrent ဘာလဲ Torrent ဘယ်လဲ ??

Sorry for my late reply.
Idk exactly which bandwidth u need to choose.

Quote:
is this thing work in Myanmar?
My ans is " Probably not. " But " Definitely, Maybe. "
Don't be concerned.
I have another idea. Check this link and this link out !!
There are Tons Of FAQ.
GL and hf bro.

KznT.

က,ကြီး ရေးဖို့ကျောက်သင်ပုန်းရှာနေသူ

Life is what you make of it. Go out and make your dreams come true.

Last edited by KznT; 06-06-2011 at 02:46 PM..
KznT is offline   Reply With Quote
အောက်ပါအသင်းဝင် 8 ဦးတို့မှ KznT အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 13-08-2010, 08:33 AM
နိုးတူး
ကိုယ်ပိုင်အစွမ်းရှိပြီးသူ
 
အသင်းဝင်နေ့စွဲ: Aug 2009
ရေးသားချက်များ: 349
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 1,961
ပို့စ် 156 ခုအတွက် 393 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
နိုးတူး is on a distinguished road
ပြန်စာ - Torrent ဘာလဲ Torrent ဘယ်လဲ ??

set up guide မှာ ကို Kznt ပြောသလို အမှန်မပေါ်ဘူးအကို... network အမှန်ကလဲ အဝါရောင် အမှန်လေး ကြယ်လေးပါ ပါတယ်အကို...bandwidth ကတော့ အနီရောင် အမှားပဲပေါ်တယ်.. ဒါပေမဲ့ Result : Port is not open (you are still able to download) လို့တော့ ရေးထားတယ်...အဲတာ ကျွန်တော် download လုပ်လို့ရလားသိချင်လို့ပါ...ကျေးဇူးတင်ပါတယ်...သုံးနေတာက utorrent ပါ..
ကျွန်တော် နဲနဲ ထပ်သိချင်တာက torrent ဖိုင်တခုကို တန်းဒေါင်းတာနဲ့ IDM နဲ့ဒေါင်းသလို တန်းပြီးမဒေါင်းပဲနဲ့ ...
ဘာလို့ကြာနေတာလဲဆိုတာပါ... သူက အရင် ဦးဆုံး time elapsed ပဲလှုပ်တယ်အကို...ဘာမှလဲ မလုပ်ပဲတော်တော် ကြာနေလို့ မေးကြည့်တာပါ...

Last edited by နိုးတူး; 13-08-2010 at 09:25 AM..
နိုးတူး is offline   Reply With Quote
အောက်ပါအသင်းဝင် 5 ဦးတို့မှ နိုးတူး အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 13-08-2010, 11:24 AM
KznT
ကြီးကြပ်ရေးမှူး
 
KznT's Avatar
 
အသင်းဝင်နေ့စွဲ: Dec 2009
တည်နေရာ: http://www.techsectors.blogspot.com
ရေးသားချက်များ: 1,338
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 5,983
ပို့စ် 1,332 ခုအတွက် 20,394 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
KznT has a spectacular aura aboutKznT has a spectacular aura about
ပြန်စာ - Torrent ဘာလဲ Torrent ဘယ်လဲ ??

Quote:
Originally Posted by နိုးတူး View Post
set up guide မှာ ကို Kznt ပြောသလို အမှန်မပေါ်ဘူးအကို... network အမှန်ကလဲ အဝါရောင် အမှန်လေး ကြယ်လေးပါ ပါတယ်အကို...bandwidth ကတော့ အနီရောင် အမှားပဲပေါ်တယ်.. ဒါပေမဲ့ Result : Port is not open (you are still able to download) လို့တော့ ရေးထားတယ်...အဲတာ ကျွန်တော် download လုပ်လို့ရလားသိချင်လို့ပါ...
bandwidth က အနီရောင် ဖြစ်နေတာရယ် network က အဝါရောင် ဖြစ်နေတာရယ်ကြောင့် အခြေအနေ မကောင်းဘူးလို့ ပြောလို့ ရပါတယ်။ download ကတော့ ချလို့ ရပါလိမ့်မယ် ကိုနိုးတူး - ဒါပေမယ့် Speed ကတော့ မကောင်းနိုင်ပါဘူး - connection setup ကို ကျွန်တော်က manually configuration လုပ်ခိုင်းတယ် ဆိုတာကလည်း download speed ကောင်းကောင်း ရစေချင်လို့ပါ - တကယ်က uTorrent မှာ connection setup ကို manually configuration မလုပ်လည်း သူ့မှာ built-in connection setup function ပါပါတယ် - သူက သူ့ဘာသာ သူ လုပ်ဆောင်ပေးပါတယ် - ဘာကြောင့် ဒီလို ဖြစ်ရလဲ ဆိုတာနဲ့ ပြင်ဆင်လို့ ရနိုင်မယ့် နည်းလမ်းတွေ အကျိုးသက်ရောက်မှုတွေကို ဒီနေရာမှာ ဖတ်ကြည့်နိုင်ပါတယ်။

Quote:
ကျွန်တော် နဲနဲ ထပ်သိချင်တာက torrent ဖိုင်တခုကို တန်းဒေါင်းတာနဲ့ IDM နဲ့ဒေါင်းသလို တန်းပြီးမဒေါင်းပဲနဲ့ ... ဘာလို့ကြာနေတာလဲဆိုတာပါ... သူက အရင် ဦးဆုံး time elapsed ပဲလှုပ်တယ်အကို...ဘာမှလဲ မလုပ်ပဲတော်တော် ကြာနေလို့ မေးကြည့်တာပါ...
ဒါကတော့ အကြောင်းခြင်းရာ နှစ်ချက်ကြောင့် ဖြစ်နိုင်ပါတယ်။ ကျွန်တော် အပေါ်မှာ ပြောခဲ့တဲ့ connection setup မှန်ကန်မှု မရှိတာရယ် - Torrent ဆိုပေမယ့် Seeds ရွေးချယ်မှု မှားယွင်းတာတွေ ရယ်ကြောင့် ဖြစ်နိုင်ပါတယ်။ connection setup မှန်ကန်မှု မရှိတာကိုတော့ Torrent Network တွင်းသို့ စတင်ဝင်ရောက်ခြင်း ဆိုတဲ့ အပိုင်းကို ပြန်ဖတ်ကြည့်ပြီး ထပ်စမ်းသပ်ကြည့်ဖို့ အကြံပေးလိုပါတယ်။ Seeds ရွေးချယ်မှု မှားယွင်းတာနဲ့ ပတ်သတ်ပြီး Torrent ဖိုင်ရွေးချယ်နည်းကိုတော့ Torrent File များအား ရွေးချယ်ခြင်း ဆိုတဲ့ အပိုင်းကို နောက်တစ်ခေါက် ထပ်ဖတ်ကြည့်ပေးဖို့ အကြံပြုလိုပါတယ်။ နောက်တစ်ခု ရှိသေးတာက Torrent ဖိုင်တစ်ခုကို Download လုပ်တာဟာ IDM နဲ့ ဒေါင်းလုပ်လုပ်တာမျိုးနဲ့ မတူပါဘူး - Torrent ဆိုတာ P2P ပါ - ဒါကို အပေါ်မှာပဲ P2P ရဲ့ အကြောင်း ရှင်းပြထားခဲ့ပါတယ်။ ဆိုရရင် IDM ဆိုတာ Server တစ်ခုတည်းမှာ အလုံးအထည်နဲ့ ရှိနေတာကို ကိုယ့်ဆီ ဆွဲချဖို့ ကူညီတဲ့ Software ပါ - Torrent ဆိုတာက Server ပေါ်တင်ထားတဲ့ ဖိုင် မဟုတ်ပါဘူး - Server ပေါ်မှာ အလုံးအထည်လိုက် ရှိမနေတဲ့ အကောင်ကို user အချင်းချင်း ဘယ်သူ့ဆီမှာ ဒီကောင်ရှိနေလဲ ဆိုတာ ရှာဖွေ စစ်ဆေးပြီး ရှိတဲ့လူက ပြန်မျှဝေတဲ့သဘောပါ - ဒါ့ကြောင့် Download ချချချင်းမှာ တိုက်ရိုက်တန်းမချပဲ Torrent network ကနေ ဘယ်သူ့ဆီမှာ ကိုယ်လိုချင်တဲ့ ဖိုင်ရှိနေလဲ ဆိုတာ အရင်စုံစမ်းပြီး တွေ့တော့မှ သူရှာတွေ့တဲ့သူ ( Seed လုပ်ထားတဲ့ သူ ) နဲ့ ကိုယ့်ကို ချိတ်ဆက်ပေးတာမို့လို့ ချက်ချင်း တန်းမကျပဲ Seed လုပ်ထားသူကို ရှာဖွေရတဲ့ အချိန်ကြောင့် ခဏရပ်နေတာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် bandwidth မှန်တယ် - network test လည်း ကောင်းတယ် - ကိုယ် ရွေးထားတဲ့ torrent ကလည်း seeds များတယ်ဆိုရင်တော့ ခဏချင်း ဆိုသလို စက္ကန့်ပိုင်း အတွင်း တန်းချပါတယ်။ network test ကလည်း မအောင်ဘူး - bandwidth ကလည်း နီနေတယ် - ကိုယ်ရွေးထားတဲ့ torrent ကလည်း မကောင်းဘူး ( seeds နည်းသော torrent ) ဆိုရင်တော့ တစ်နေကုန် ထိုင်စောင့်လည်း အဲ့ဒီ့ကောင်က download complete မဖြစ်ပဲ 0% ကနေ တက်မှာ မဟုတ်ပါဘူး။

ဒါ့ကြောင့် Torrent သုံးတော့မယ် ဆိုရင် - Torrent ရွေးချယ်မှု မှန်ကန်ဖို့ လိုပါတယ်။ connection setup အဆင်ပြေဖို့ လိုပါတယ်။ ကိုယ်သုံးနေတဲ့ internet ရဲ့ speed ကလည်း အထိုက်အသင့် ကောင်းဖို့ လိုပါတယ်။ ခု ကျွန်တော် ဖော်ပြခဲ့သလောက်ဆို အထိုက်အလျောက် နားလည်နိုင်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်။


KznT.

က,ကြီး ရေးဖို့ကျောက်သင်ပုန်းရှာနေသူ

Life is what you make of it. Go out and make your dreams come true.

Last edited by KznT; 07-02-2011 at 01:09 PM..
KznT is offline   Reply With Quote
Old 14-08-2010, 10:29 PM
နိုးတူး
ကိုယ်ပိုင်အစွမ်းရှိပြီးသူ
 
အသင်းဝင်နေ့စွဲ: Aug 2009
ရေးသားချက်များ: 349
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 1,961
ပို့စ် 156 ခုအတွက် 393 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
နိုးတူး is on a distinguished road
ပြန်စာ - Torrent ဘာလဲ Torrent ဘယ်လဲ ??

ကို KznT ကျေးဇူးပါပဲ ရှင်းပြပေးလို့ပါ..နဲနဲမရှင်းလို့ထပ်မေးခွင့်ပြုပါဗျာ....
connection setup guide ကို manual ပြင်လို့ရတယ် ဆိုတာ တခုပြီးတခု ရွေးပြီး အစိမ်းရောင် အမှန်ပေါ်တဲ့ အထိ လုပ်ရမှာလားအကို...
အကိုပြောတဲ့ torrent ဖိုင်ရွေးဖို့ က ကျွန်တော် private bay မှာ ရှာကြည့်တာ ကျွန်တော် ကြည့်ချင်တဲ့ ကားက seed 10 ပဲရှိတယ်အကို..အဲတာအများဆုံးပဲ ... အဲလိုမျိုးဟာကို ဒေါင်းရင် ဘယ်လောက် ကြာလောက် လဲအကို...
utorrent က resume ရလားအကို... ရလို့ သူ့ကို ကွန်နက်ရှင် နှစ်မျိုးနဲ့ ဒေါင်းရင် connection setup guide ကို ထပ်ပြင်ပေးရမလားအကို... (ဆိုလိုတာက အိမ်မှာနဲ့ အလုပ်မှာနဲ့က သုံးတဲ့ ကွန်နက် မတူလို့ပါ..)
ကျွန်တော် torrent တခုကို ဒေါင်းတာ အော်တို upload လုပ်နေတယ်အကို ...အဲတာ ဘာကြောင့်လဲ ခင်ဗျာ... တပြိုင်တည်း download n upload ကိုလုပ်နေတော့ ဒေါင်းတဲ့ အချိန်ပိုကြာသွားလားအကို..
waste ဆိုတာဘာလဲအကို..အဲဒီထဲမှာ ပါတဲ့ ဟာလေးပါ...
upload n download ကိုအော်တို လုပ်နေတော့ share ratio ကတော့ ၁ ကိုတော်တော် ကျော်တယ်အကို..
အင်း ပြီးတော့ lime wire နဲ့ torrent တွေကို ဒေါင်းလို့ရလားအကို.. သူ က ရုပ်ရှင်နဲ့ သီချင်းတွေ ကိုရှာတဲ့ software လို့ပြောလို့...ရှင်းပြပေးပါအုံးဗျာ...
ကျေးဇူးတင်ပါတယ်.......
နိုးတူး is offline   Reply With Quote
အောက်ပါအသင်းဝင် 7 ဦးတို့မှ နိုးတူး အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 15-08-2010, 12:22 AM
KznT
ကြီးကြပ်ရေးမှူး
 
KznT's Avatar
 
အသင်းဝင်နေ့စွဲ: Dec 2009
တည်နေရာ: http://www.techsectors.blogspot.com
ရေးသားချက်များ: 1,338
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 5,983
ပို့စ် 1,332 ခုအတွက် 20,394 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
KznT has a spectacular aura aboutKznT has a spectacular aura about
ပြန်စာ - Torrent ဘာလဲ Torrent ဘယ်လဲ ??

Quote:
Originally Posted by နိုးတူး View Post
connection setup guide ကို manual ပြင်လို့ရတယ် ဆိုတာ တခုပြီးတခု ရွေးပြီး အစိမ်းရောင် အမှန်ပေါ်တဲ့ အထိ လုပ်ရမှာလားအကို...
ပုံမှန်ပြောရမယ် ဆိုရင်တော့ connection setup guide ကို ပြင်ဆင်တဲ့ အချိန်မှာ အားလုံး စိမ်းသွားတဲ့ အထိ ရွေးချယ် ပြင်ဆင်နိုင်တာ အကောင်းဆုံးပါ - ဒါပေမယ့်လည်း မစိမ်းမချင်းလုပ်လို့ ဆိုလိုတာတော့ မဟုတ်ပါဘူး - ဘာကြောင့်လည်းဆို တစ်ချို့ ISPs ( Internet Service Providers ) တွေက အမြဲတမ်းလိုလို P2P activities တွေကို စောင့်ကြည့်ပြီး bandwidth တွေ လျော့ချပစ်တတ်ကြပါတယ်။ အဲလို လုပ်ခံရရင် Torrent Download Speed က တော်တော်လေးလည်း နှေးသွားသလို အပေါ်မှာ ပြောခဲ့တဲ့ connection setup guide က Download နဲ့ Upload Speed Test တွေကလည်း ဘယ်တော့မှ စိမ်းတဲ့ထိ ရောက်လာနိုင်မှာ မဟုတ်ပါဘူး - အဲတာကြောင့် connection setup guide ကို ပြင်ဆင်တဲ့ အချိန်မှာ စိမ်းမစိမ်းဆိုတာ ကိုယ် ပြင်ဆင်ယုံ တစ်ခုတည်းနဲ့လည်း စိမ်းလာနိုင်မယ်လို့ ကျိန်းသေပြောလို့ မရပါဘူး - ကိုယ်က ဘယ် ISPs ကို သုံးလည်း ဆိုတာပေါ်လည်း မူတည်ပါသေးတယ်။

Quote:
အကိုပြောတဲ့ torrent ဖိုင်ရွေးဖို့ က ကျွန်တော် private bay မှာ ရှာကြည့်တာ ကျွန်တော် ကြည့်ချင်တဲ့ ကားက seed 10 ပဲရှိတယ်အကို..အဲတာအများဆုံးပဲ ... အဲလိုမျိုးဟာကို ဒေါင်းရင် ဘယ်လောက် ကြာလောက် လဲအကို...
အချက် ( ၃ ) ချက်ပေါ် မူတည်ပါတယ် - တစ်ချက်က seed 10 ရှိတယ်လို့ ပြပေမယ့် တကယ် ကိုယ် ဒေါင်းလုပ်ချလိုက်တဲ့ အချိန်မှာ Torrent မှာ P2P ဘယ်လောက်ထိ Seed မိသလဲ ဆိုတာပေါ် မူတည်ပါတယ်။ seed 10 လို့ မြင်ရပေမယ့် ဒါက ပုံသေ မဟုတ်ပါဘူး - တစ်ခါတစ်လေ ကိုယ် Download ချလိုက်တဲ့ အချိန်မှာ seed 10 လို့ ပြထားပေမယ့် ကိုယ်ချိတ်မိတာ 4 - 5 လောက် - တစ်ခါတစ်လေ တစ်ခုမှ မချိတ်မိတာလဲ ရှိတတ်ပါတယ်။ ဒုတိယတစ်ချက်ကတော့ ကိုယ့် Download Speed က ဘယ်လောက်ကောင်းလဲ ?? ဆိုလိုတာ filehippo ကနေပဲ ဖိုင်အသေးစားလေး တစ်ခုလောက် IDM နဲ့ ချကြည့်လိုက်ရင် ကိုယ့် Download Speed ကို ခန့်မှန်းလို့ ရပါတယ်။ သေချာတာ တစ်ခုကတော့ Download Speed က ၁ စက္ကန့်ကို ဆယ်ဂဏန်းလောက်ပဲ ( 10KB/s - 20KB/s ) တက်တဲ့ Speed မျိုးနဲ့တော့ Torrent က သုံးဖို့ မသင့်ပါဘူး - သုံးချင်ရင်သုံးပါ Download ချရတာ အရမ်းကြာပါလိမ့်မယ်။ တတိယတစ်ချက်က ကိုယ့်ကြည့်ချင်တဲ့ ကားက ပမာဏ ဘယ်လောက်လဲ ?? ဥပမာ ဆိုကြပါစို့ 100MB လောက် - ဒီလောက်ဆိုရင်တော့ seed 10 လို့တွေ့တာ မှန်ပေမယ့် - ကိုယ်ဒေါင်းလုပ်ချကြည့်တော့လည်း Seed 9 ခုလောက်နဲ့ ချိတ်မိတယ် - ကိုယ့် Download Speed ကလည်း 1 စက္ကန့်ကို 2 MB - 3MB - ဒီ့ထက်ပို စသဖြင့် ကျတာမျိုး ဆိုရင်တော့ ခဏပါပဲ - မကြာပါဘူး - ( ဒါဟာ မက် ၁၀၀ ပတ်ဝန်းကျင်ကို ကျွန်တော်ပြောတာပါ - အဲ့ထက် မက်များပြီး ဥပမာ ၇၀၀ - ၈၀၀ - ၁ ဂစ် - ၂ ဂစ် ဖြစ်နေရင်တော့ Seed 10 ဆိုတာ တော်တော်နည်းပါတယ် - မရနိုင်လောက်ပါဘူး - တစ်ခြား Torrent Search Engine တွေ သုံးပြီး တစ်ခြား ဆိုဒ်တစ်ခုမှာ ရှိမလား ရှာကြည့်ပါ ) ဒါတင် မက တစ်ချို့ အင်တာနက်တွေက ငြိမ်တယ် - တစ်ချို့ အင်တာနက်တွေက မငြိမ်ဘူး - ဥပမာ ပြောရရင် မြန်မာမှာဆို စကားပြောနေရင်း နက်ကျသွားတာတို့ မီးပျက်သွားတာတို့ စသဖြင့် ခဏခဏ ဖြစ်တတ်ပါတယ်။ ဒီလိုပြဿနာမျိုးတွေနဲ့ ရှုပ်ရှက်ခက်နေမယ် ဆိုရင်တော့ ဘယ်လောက်ဆို ဘယ်လောက်ကြာမယ်ဆိုတာ ကျွန်တော်ပုံသေ ပြောလို့ မရပါဘူး။

Quote:
utorrent က resume ရလားအကို...
uTorrent မှ မဟုတ်ပါဘူး ဘယ် Torrent မဆို Resume ရပါတယ်။ အလွယ်ပြောရရင် အဓိကက ချလက်စ တို့လို့တန်းလန်း ဖြစ်နေတဲ့ ဖိုင်ကိုသာ ဒေါင်းလုပ်ချနေတဲ့ Directory က မရွှေ့ပါနဲ့ - တကယ်လို့ ဒေါင်းလုပ်ချနေဆဲ မပြီးသေးတဲ့ ဖိုင်ကို Directory change လိုက်ရင် Resume ပြန်လုပ်တဲ့ အခါမှာ သူ့လမ်းကြောင်းကို uTorrent က မတွေ့တော့ပဲ - Resume ပြန်လုပ်မရ ဖြစ်တတ်ပါတယ် - " ချလက်စ တို့လို့တန်းလန်း ဖြစ်နေတဲ့ ဖိုင်ကိုသာ ဒေါင်းလုပ်ချတဲ့ နေရာက မရွှေ့ပါနဲ့" လို့ ပြောခဲ့ပေမယ့် တကယ်တမ်းက ရွှေ့ချင်လည်း ရွှေ့လို့ ရပါသေးတယ် - တကယ်လို့ အကြောင်းတစ်စုံတစ်ရာကြောင့် ဒေါင်းလုပ်ချနေဆဲ တန်းလန်း Hard Drive မှာ နေရာ မဆံ့တော့လို့ တစ်ခြားတစ်နေရာကို ရွှေ့ရတော့မယ် ဆိုရင် အဲ့ဒီ့ File ကို Resume ပြန်လုပ်နိုင်ဖို့ သူ့ Torrent File ကို သိမ်းထားဖို့လိုပါတယ်။ ဖိုင်ပုံစံက ဒီလိုမျိုးပါ .torrent နဲ့ ဆုံးပါတယ်။


သက်ဆိုင်ရာ .torrent ဖိုင်ကို သိမ်းထားပြီးရင် နောက်တစ်ဆင့် အနေနဲ့ အောက်ဖော်ပြပါအတိုင်း Torrent ရဲ့ Options > Preferences မှာလည်း ကိုယ်တိုးလို့ တန်းလန်းနဲ့ ရွှေ့လိုက်တဲ့ Torrent File တည်ရှိရာ Directory အသစ်ကို ပြောင်းပေးထားရပါမယ်။ ဥပမာ ဆိုကြပါစို့ E:\Downloads


ဖော်ပြချက် အားလုံး ပြည့်စုံအောင် လုပ်ဆောင်ပြီးပြီ ဆိုရင်တော့ တိုးလို့ တန်းလန်းနဲ့ ရွှေ့လိုက်တဲ့ Torrent File ကို .torrent ကနေ တစ်ဆင့် Double click ပြန်ပေးပြီး Resume ပြန်လုပ်လို့ ရပါပြီ - အဆုံးအစွန်ဆုံး ပြောရရင် Torrent Download ဆိုတာမျိုးက ချနေရင်း နဲ့ ခဏရပ်ပြီး Windows အသစ်တင်ပြီးမှတောင် Resume ပြန်လုပ်လို့ ရပါတယ်။

Quote:
ရလို့ သူ့ကို ကွန်နက်ရှင် နှစ်မျိုးနဲ့ ဒေါင်းရင် connection setup guide ကို ထပ်ပြင်ပေးရမလားအကို... (ဆိုလိုတာက အိမ်မှာနဲ့ အလုပ်မှာနဲ့က သုံးတဲ့ ကွန်နက် မတူလို့ပါ..)
ဒီမေးခွန်းကို ကျွန်တော်သိပ်နားမရှင်းဘူး - ဒါပေမယ့် ပုံစံကြည့်ရတာ laptop မှာ Torrent တင်ပြီး ရုံးမှာလည်း ချ - နောက် အိမ်ပြန်ယူလာ - အိမ်မှာလည်း ချ ဒီလိုမျိုးကို ပြောချင်တာနဲ့ တူပါတယ် - ပုံမှန်အားဖြင့်တော့ စာအုပ်ထဲက အတိုင်း ပြောရရင် သုံးတဲ့ Connection အမျိုးအစား မတူတဲ့အခါ Upload Speed - Download Speed က မတူတော့တဲ့ အတွက် connection setup guide က ပြန်လုပ်ရမှာပါ - နဲနဲချဲ့ပြောရရင် ရုံးက အင်တာနက်က ဘယ် ISPs သုံးလဲ - အိမ်က အင်တာနက်က ဘယ် ISPs သုံးလဲ ဒါတွေပေါ်လည်း မူတည်ပါသေးတယ်။ ဒါပေမယ့် ကိုနိုးတူး သုံးနေတဲ့ ရုံးက connection အမျိုးအစားနဲ့ အိမ်က connection အမျိုးအစားက Speed ချင်း သူမသာ ကိုယ်မသာပဲ ဆိုရင်တော့ ထူးပြီး ပြင်နေဖို့ မလိုပါဘူး - နဂို connection setup guide တစ်ခါ လုပ်ပြီးရင် အဲ့အတိုင်း ဆက်သုံးချင် သုံးနိုင်ပါတယ်။

Quote:
ကျွန်တော် torrent တခုကို ဒေါင်းတာ အော်တို upload လုပ်နေတယ်အကို ...အဲတာ ဘာကြောင့်လဲ ခင်ဗျာ...
Torrent အတွင်းရှိ Downloading နှင့် Seeding လုပ်ငန်းစဉ်အားလေ့လာခြင်း ဆိုတဲ့ ခေါင်းစဉ်ကို နောက်တစ်ခေါက် ပြန်ဖတ်ကြည့်ပါ။

Quote:
တပြိုင်တည်း download n upload ကိုလုပ်နေတော့ ဒေါင်းတဲ့ အချိန်ပိုကြာသွားလားအကို..
အဲတာက ကိုယ်သုံးနေတဲ့ internet speed ပေါ် မူတည်ပါတယ်။ Internet speed ပုံမှန်လောက် ကောင်းတဲ့ သူတစ်ယောက်အတွက် download n upload က တစ်ချိန်တည်း ဖြစ်နေလည်း ကိုယ်က Seed များများ ရထားတယ် ဆိုရင် upload လုပ်နေရပေမယ့် download speed အပေါ် သိပ်ထိခိုက်မှု သိပ်မရှိပါဘူး။ upload လုပ်တယ် ဆိုတာ ကိုယ့်လိုပဲ ဒီဖိုင်ကို လိုချင်နေတဲ့ တစ်ခြား တစ်ယောက်ကို ကိုယ်က ဝေမျှနေတာပါ - ယူတတ်ရင် ကုသိုလ်ရပါတယ်။

Quote:
waste ဆိုတာဘာလဲအကို..အဲဒီထဲမှာ ပါတဲ့ ဟာလေးပါ...
Wasted ဆိုတာ အသုံးမလိုတဲ့ Data လက်ခံရရှိမှုတွေ - လက်ခံရရှိပေမယ့် အကြောင်းအမျိုးမျိုးကြောင့် ပျက်ဆီးသွားတဲ့ data တွေကို အားလုံးကို ပေါင်းစုပြီး Wasted လို့ ခေါ်ပါတယ်။ အကျယ်ပြန်ရှင်းရရင် သမီးရည်းစားမဖြစ်ခင် နောက်ပိုးဘဝ အနေအထားကို ဥပမာပြုပြီး ပြန်ရှင်းပြပါ့မယ်။ ကောင်မလေး တစ်ယောက် ချစ်သူ မရှိသေးဘူး - သူလည်း ရည်းစားလိုချင်နေတယ် - ကျွန်တော်ကလည်း အဲ့ဒီ့ ကောင်မလေးကို သဘောကျတယ် / ချစ်တယ် - အဲတော့ စပြီး ပိုးပန်းတဲ့ အနေနဲ့ ပန်းစည်းလေးတွေ ပေးမယ် - ပို့စ်ကဒ်လေးတွေ ပို့မယ် - လက်ဆောင်ပစ္စည်းလေးတွေ ဝယ်ပေးမယ် - အဲတော့ P2P သဘောနဲ့ ကြည့်ရင် ကျွန်တော်တို့က ပန်းစည်း ၊ ပို့စ်ကဒ် ၊ လက်ဆောင်ပစ္စည်း ဆိုတဲ့ ( Data ) ပေးပို့သူ - ကောင်မလေးက ( Data ) လက်ခံရယူသူ - အဲလို ကောင်မလေးက လက်ခံယူတဲ့ အချိန်မှာ ကျွန်တော်တို့ လိုပဲ ကောင်မလေးကို ပိုးပန်းနေတဲ့ တစ်ခြားသူတွေ ဆီကလည်း ကောင်မလေးက လက်ဆောင်ပစ္စည်း ( Data ) တွေ တစ်ဖက်ကနေ ရနေဦးမှာပဲ - အဲတော့ ကောင်မလေးက ဘာလုပ်မလဲ - သူ့ဆီ ရောက်လာတဲ့ လက်ဆောင်တွေ ( Data ) တွေ အားလုံးကို သူလက်မခံတော့ဘူး - ပိုးကြေးပန်းကြေးရတာတွေထဲက သူ့အတွက် အသုံးလိုတာလေးတွေ လောက်ပဲ ယူမယ် လက်ခံတော့မယ် - အသုံးမလိုတာတွေဆို ဝဲပစ်မယ် - P2P မှာလည်း ကျွန်တော်တို့က ဒီဖိုင်လေး လိုပါတယ် ဆိုလို့ Torrent network ထဲက လူတွေက ( ကောင်မလေးကို ပိုးပန်းနေတဲ့ လူတွေ လက်ဆောင်ဝိုင်းပေးကြသလို ) ကျွန်တော့်ဆီကို Data တွေ လှမ်းပို့ပေးကြတယ် - သူတို့ ပေးတာ မှန်ပေမယ့် တစ်ချို့ Data တွေက ကျွန်တော်လိုတယ် - တစ်ချို့က ကျွန်တော်မလိုဘူး - လိုတာတွေဆို ကျွန်တော့် ကွန်ပြူတာက လက်ခံထားလိုက်တယ် - မလိုတာဆို ဝဲပစ်လိုက်တယ် - အဲလို ဝဲပစ်လိုက်တဲ့ Data တွေဆိုတာ ကိုနိုးတူး သိချင်တဲ့ Wasted ကိုကိုယ်စားပြုပါတယ်။

Quote:
ပြီးတော့ lime wire နဲ့ torrent တွေကို ဒေါင်းလို့ရလားအကို.. သူ က ရုပ်ရှင်နဲ့ သီချင်းတွေ ကိုရှာတဲ့ software လို့ပြောလို့...ရှင်းပြပေးပါအုံးဗျာ...
Limewire နဲ့ torrent တွေကို ဒေါင်းလို့ရပါတယ်။ နည်းလမ်းကို ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်နိုင်ပါတယ်။ ရုပ်ရှင်နဲ့ သီချင်းတွေ ကိုရှာတဲ့ software လို့ ပြောရတဲ့ အကြောင်းက သူက အဲတာတွေကို အလွယ်တကူ ရှာနိုင်အောင် အဓိက ရည်ရွယ်ပြီး ထုတ်ထားတဲ့ Software ဖြစ်နေလို့ပါ - သာမာန် Torrent user တစ်ယောက် အတွက်တော့ Limewire က သုံးသုံး မသုံးသုံး ဖြစ်ပါတယ်။ နောက်ပြီး Limewire က Pro version နဲ့ Free version ဆိုတာလည်း ရှိပါသေးတယ် - ဘာတွေကွာလည်း ဆိုတာ ဒီနေရာမှာ သွားကြည့်နိုင်ပါတယ်။


KznT.

က,ကြီး ရေးဖို့ကျောက်သင်ပုန်းရှာနေသူ

Life is what you make of it. Go out and make your dreams come true.

Last edited by KznT; 07-02-2011 at 01:09 PM..
KznT is offline   Reply With Quote
Old 20-08-2010, 01:36 AM
နိုးတူး
ကိုယ်ပိုင်အစွမ်းရှိပြီးသူ
 
အသင်းဝင်နေ့စွဲ: Aug 2009
ရေးသားချက်များ: 349
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 1,961
ပို့စ် 156 ခုအတွက် 393 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
နိုးတူး is on a distinguished road
ပြန်စာ - Torrent ဘာလဲ Torrent ဘယ်လဲ ??

ကို KznT ကျေးဇူးပါပဲဗျာ...lime wire pro version လေးများရနိုင်မလား မသိဘူး...
နိုးတူး is offline   Reply With Quote
အောက်ပါအသင်းဝင် 3 ဦးတို့မှ နိုးတူး အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 20-08-2010, 02:01 AM
KznT
ကြီးကြပ်ရေးမှူး
 
KznT's Avatar
 
အသင်းဝင်နေ့စွဲ: Dec 2009
တည်နေရာ: http://www.techsectors.blogspot.com
ရေးသားချက်များ: 1,338
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 5,983
ပို့စ် 1,332 ခုအတွက် 20,394 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
KznT has a spectacular aura aboutKznT has a spectacular aura about
ပြန်စာ - Torrent ဘာလဲ Torrent ဘယ်လဲ ??

ဟုတ်ကဲ့ လိုချင်ရင် ရှိပါတယ် ကိုနိုးတူး - ခုပဲ တင်ပေးလိုက်ပါတယ်။ LimeWire PRO v5.5.8 Final + Crack ပါ။


အသုံးပြုနည်းကို နားမလည်ရင် - ဘယ်လို Crack ရမလဲ ဆိုတာ မသိရင် ပုံမှ မြင်ရတဲ့ How To Use Guide ဆိုတဲ့ နေရာကို Click ပေးပြီးကြည့်ပါ။ Crack လုပ်တာ နည်းမမှန်ရင် Software အလုပ်လုပ်မှာ မဟုတ်ပါဘူး - သူပြောထားတဲ့ အတိုင်း တိတိကျကျ လုပ်ဆောင်ပေးဖို့ လိုပါတယ်။

Download Here !!
Quote:

LimeWire PRO v5.5.8 Final + Crack [ChattChitto RG].rar 55.449 MB

http://ifile.it/xrfjblw


KznT.

က,ကြီး ရေးဖို့ကျောက်သင်ပုန်းရှာနေသူ

Life is what you make of it. Go out and make your dreams come true.

Last edited by KznT; 07-02-2011 at 01:09 PM..
KznT is offline   Reply With Quote
အောက်ပါအသင်းဝင် 13 ဦးတို့မှ KznT အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 27-08-2010, 12:14 PM
နိုးတူး
ကိုယ်ပိုင်အစွမ်းရှိပြီးသူ
 
အသင်းဝင်နေ့စွဲ: Aug 2009
ရေးသားချက်များ: 349
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 1,961
ပို့စ် 156 ခုအတွက် 393 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
နိုးတူး is on a distinguished road
ပြန်စာ - Torrent ဘာလဲ Torrent ဘယ်လဲ ??

Quote:
Originally Posted by KznT View Post
ပုံမှန်ပြောရမယ် ဆိုရင်တော့ connection setup guide ကို ပြင်ဆင်တဲ့ အချိန်မှာ အားလုံး စိမ်းသွားတဲ့ အထိ ရွေးချယ် ပြင်ဆင်နိုင်တာ အကောင်းဆုံးပါ - ဒါပေမယ့်လည်း မစိမ်းမချင်းလုပ်လို့ ဆိုလိုတာတော့ မဟုတ်ပါဘူး - ဘာကြောင့်လည်းဆို တစ်ချို့ ISPs ( Internet Service Providers ) တွေက အမြဲတမ်းလိုလို P2P activities တွေကို စောင့်ကြည့်ပြီး bandwidth တွေ လျော့ချပစ်တတ်ကြပါတယ်။ အဲလို လုပ်ခံရရင် Torrent Download Speed က တော်တော်လေးလည်း နှေးသွားသလို အပေါ်မှာ ပြောခဲ့တဲ့ connection setup guide က Download နဲ့ Upload Speed Test တွေကလည်း ဘယ်တော့မှ စိမ်းတဲ့ထိ ရောက်လာနိုင်မှာ မဟုတ်ပါဘူး - အဲတာကြောင့် connection setup guide ကို ပြင်ဆင်တဲ့ အချိန်မှာ စိမ်းမစိမ်းဆိုတာ ကိုယ် ပြင်ဆင်ယုံ တစ်ခုတည်းနဲ့လည်း စိမ်းလာနိုင်မယ်လို့ ကျိန်းသေပြောလို့ မရပါဘူး - ကိုယ်က ဘယ် ISPs ကို သုံးလည်း ဆိုတာပေါ်လည်း မူတည်ပါသေးတယ်။

KznT.
ကို Kznt...ကျွန်တော်အကိုပြောလို့ အားလုံးအစိမ်းဖြစ်အောင် ကြိုးစားပြီး ပြင်ပါတယ်..
အဲဒီထဲမှာ ရှိတဲ့ နေရာ တွေအားလုံး စမ်းကြည့်ပါတယ်...bandwidth အစိမ်းဖြစ်တာတောင် အောက်က Network က အဝါရောင် ကြယ်ပါတဲ့ အမှန်ဖြစ်နေပါတယ်.. [ Port is not open (You are still able to download) ] ဆိုတာလေး ပါပေါ်တယ်
အားလုံးအမှန်မဖြစ်လို့ ဒေါင်းတာက 0.2 - 1kb/s (တခါတလေတော့ 4kb ထိရဘူးတယ်) လောက်ပဲဒေါင်းတာဖြစ်မယ်ထင်တယ်....ဒီထပ်မြန်အောင် လုပ်လို့ရလားဆိုတာသိချင်လို့ပါ...
ဒါပေမဲ့ အကို အဲဒီ torrent file ကိုပဲ Lime Wire နဲ့ ဒေါင်းရင် -- 13-34 kb/s ထိရတယ်အကို...
အဲဒါလေးက ဘာဖြစ်လို့ရလဲ ဆိုတာသိချင်လို့ပါ...
ကျွန်တော်ကြားဖူးတာက torrent ဖိုင်ကို utorrent နဲ့ဒေါင်းတာ အကောင်းဆုံးဆိုလို့ utorrent နဲ့ဒေါင်းကြည့်ချင်တာပါ...ကူညီပေးနိုင်ရင်ကူညီပေးပါ..
အကို ပြောတဲ့ ပို့စ် နေရာ ကနေ မတင်ရဘူးဆိုလို့ ကျွန်တော် ဒီနေရာ ကပို့စ်ကို ဖျက်ပြီး ဒီမှာပဲ လာအကူအညီတောင်းတာဖြစ်ပါတယ်အကို...

အကို အစစ အရာရာ အဆင်ပြေ ပါစေဗျာ... နောင်လဲ ဒီထပ်မက လူတိုင်းကို ကူညီနိုင်ပါစေ....
နိုးတူး is offline   Reply With Quote
အောက်ပါအသင်းဝင် 6 ဦးတို့မှ နိုးတူး အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 29-08-2010, 11:19 PM
KznT
ကြီးကြပ်ရေးမှူး
 
KznT's Avatar
 
အသင်းဝင်နေ့စွဲ: Dec 2009
တည်နေရာ: http://www.techsectors.blogspot.com
ရေးသားချက်များ: 1,338
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 5,983
ပို့စ် 1,332 ခုအတွက် 20,394 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
KznT has a spectacular aura aboutKznT has a spectacular aura about
ပြန်စာ - Torrent ဘာလဲ Torrent ဘယ်လဲ ??

Quote:
Originally Posted by နိုးတူး View Post
ကို Kznt...ကျွန်တော်အကိုပြောလို့ အားလုံးအစိမ်းဖြစ်အောင် ကြိုးစားပြီး ပြင်ပါတယ်..
အဲဒီထဲမှာ ရှိတဲ့ နေရာ တွေအားလုံး စမ်းကြည့်ပါတယ်...bandwidth အစိမ်းဖြစ်တာတောင် အောက်က Network က အဝါရောင် ကြယ်ပါတဲ့ အမှန်ဖြစ်နေပါတယ်.. [ Port is not open (You are still able to download) ] ဆိုတာလေး ပါပေါ်တယ်
အားလုံးအမှန်မဖြစ်လို့ ဒေါင်းတာက 0.2 - 1kb/s (တခါတလေတော့ 4kb ထိရဘူးတယ်) လောက်ပဲဒေါင်းတာဖြစ်မယ်ထင်တယ်....ဒီထပ်မြန်အောင် လုပ်လို့ရလားဆိုတာသိချင်လို့ပါ...
ကျွန်တော် ဒါတွေ အားလုံးက အပေါ်မှာလည်း ပြောခဲ့ပြီးပါပြီ - ဟိုးအပေါ်မှာ ကတည်းကလည်း ဘာကြောင့် ဘာကြောင့် ဖြစ်နိုင်တယ် ဆိုတာ ကိုနိုးတူး ထပ်မေးလို့ ရှင်းပြခဲ့ပြီးသားပါ - Network ပိုင်း ဆိုရာ ပြင်ဆင်မှုတွေ လည်း လေ့လာလို့ ရမယ့် Links တွေလည်း ထပ်ပြီး ညွှန်ခဲ့ပြီးပါပြီ - သုံးနေတဲ့ Connection အမျိုးအစားတွေနဲ့ ပတ်သတ်ပြီးက ကျွန်တော့် အနေနဲ့ ဘာဆို ဘာမှ ထူးကဲပြီး ပြင်ဆင်ပေးလို့ မရပါဘူး - ပိုကောင်းအောင်လည်း လုပ်ပေးလို့ မရပါဘူး - အဲတာက ကိုယ်သုံးနေတဲ့ နေရာအပေါ်ပဲ မူတည်ပါတယ်။ အကောင်းဆုံး အကြံပြုချင်တာကတော့ ဟိုးအပေါ်မှာ ပြောခဲ့ပြီးသလို Seeds များတာကို ရွေးချပါ - Seeds များတာကို ချရဲ့သားနဲ့မှ 0.2 - 1kb/s လောက်ပဲ ကျတယ် ဆိုရင်တော့ အကောင်းဆုံး အကြံပြုလိုက်ပါ့မယ် - Torrent ကို လုံးဝ ( လုံးဝ ) (( လုံးဝ )) သုံးမနေပါနဲ့တော့။

Quote:
ဒါပေမဲ့ အကို အဲဒီ torrent file ကိုပဲ Lime Wire နဲ့ ဒေါင်းရင် -- 13-34 kb/s ထိရတယ်အကို... အဲဒါလေးက ဘာဖြစ်လို့ရလဲ ဆိုတာသိချင်လို့ပါ... ကျွန်တော်ကြားဖူးတာက torrent ဖိုင်ကို utorrent နဲ့ဒေါင်းတာ အကောင်းဆုံးဆိုလို့ utorrent နဲ့ဒေါင်းကြည့်ချင်တာပါ.
uTorrent နဲ့ Lime Wire က Torrent ခြင်းတူပေမယ့် Network ရှာဖွေပုံခြင်း မတူပါဘူး - ဥပမာ ပြောရရင် ဖိုရမ်ခြင်း တူပေမယ့် ရပ်တည်တဲ့ မူခြင်း ကွဲသလိုပေါ့ - ဘာကြောင့်လဲ ဆိုတာတော့ အသေးစိတ် သိချင်ရင် သူ့မူရင်း ဆိုဒ်တွေမှာဖတ်ကြည့်နိုင်ပါတယ်။ နောက်တစ်ခု တစ်လက်စတည်း အကြံပြုချင်တာလည်း ရှိပါသေးတယ် - အကြောင်းကိစ္စ တစ်ခုခုကို အသေးစိတ်သိချင်ရင် ကျွန်တော်တို့ကို မေးတာထက် ဖြစ်နိုင်ရင် ကိုယ်ကိုယ်တိုင် စာများများဖတ်ပြီး လေ့လာကြည့်ပါ - အနှစ်သာရတွေ ပိုတွေ့ပါလိမ့်မယ်။


KznT.

က,ကြီး ရေးဖို့ကျောက်သင်ပုန်းရှာနေသူ

Life is what you make of it. Go out and make your dreams come true.

Last edited by KznT; 07-02-2011 at 01:09 PM..
KznT is offline   Reply With Quote
Old 09-12-2010, 05:04 PM
phoetharlay
MF Contributor
 
phoetharlay's Avatar
 
အသင်းဝင်နေ့စွဲ: Jan 2010
တည်နေရာ: MPEI-Room-1012Б
ရေးသားချက်များ: 438
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 4,563
ပို့စ် 282 ခုအတွက် 1,407 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
phoetharlay is on a distinguished road
ပြန်စာ - Torrent ဘာလဲ Torrent ဘယ်လဲ ??

အကိုKznt ခင်ဗျာ ကျွန်တော်မသိတာလေးမေးချင်လို့ပါ အခုအကိုရေးထားခဲ့တာက Torrent ကနေဒေါင်းလုတ်ချနည်းတို့ ဖိုင်ရွေးချယ်နည်းတို့ပေါ့နော် အခုကျွန်တော်မေးချင်တာလေးက Torrent မှာ ဘယ်လို Upload တင်ပေးလို့ရလဲဆိုတာတွေကို အကိုနားလည်မယ်ဆိုရင်ရှင်းပြစေချင်ပါတယ် ကျွန်တော်တို့ Torrent ကနေဒေါင်းလုတ်ချတာအဆင်ပြေတယ်ဗျ လူပင်ပန်းတာသက်သာတယ် ဒီတော့ကျွန်တော်တို့ ဘယ်လို Upload တင်မယ် ဘယ်လို လင့်တွေကိုယူမယ် ဖိုရမ်တွေ ဝက်ဘ်ဆိုဒ်တွေမှာဘယ်လိုတင်မယ်ဆိုတာကိုဖြစ်နိုင်ရင် အကိုခင်ဗျာဆွေးနွေးပေးစေချင်ပါတယ် ..........

လူ့ဘ၀ဧ။် အကြီးမားဆုံးသော လက်ဆောင်မွန်သည် မိမိဧ။်သည်းခံခွင့်လွတ် တတ်သောစိတ်ဓာတ် ဖြစ်သည်။
လူ့ဘ၀ဧ။် အကြီးမားဆုံးသော လိုအပ်ချက်သည် မိမိဧ။်အကြင်နာတရားမေတ္တာ စိတ်ဓာတ်ဖြစ်သည်။


ဒါလေးလည်းဖတ်စေချင်ပါတယ်
မြန်မာမိသားစုဖိုရမ် အသုံးပြုနည်း
မေးမြန်းမှု အတတ်ပညာ
ပုံလေးတွေထည့်ကြမယ်

ဆက်သွယ်ရန်==>>>>phoetharlay@myanmarfamily.org
phoetharlay is offline   Reply With Quote
အောက်ပါအသင်းဝင် 3 ဦးတို့မှ phoetharlay အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 15-12-2010, 12:37 PM
g00gle
အထူးအသင်းဝင်
 
အသင်းဝင်နေ့စွဲ: Nov 2010
ရေးသားချက်များ: 751
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 12,278
ပို့စ် 754 ခုအတွက် 6,476 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
g00gle will become famous soon enough
ပြန်စာ - Torrent ဘာလဲ Torrent ဘယ်လဲ ??

ကျွန်တော် မသိလို. တခုလောက်မေးချင် လို.ပါ။ တကယ်လို. ကိုယ်က seed လုပ်တာ 100% ပြည်.သွားပြီ။
နောက် ကျွန်တော် က ကိုယ် download လုပ်ထားတဲ. file ကော၊ torrent file ကိုပါဖျက်လိုက်တယ်။
ဒါဆိုကော ကိုယ် seed လုပ်ထားတာ အလကားဖြစ်သွားသလားဆိုတာ သိချင် ပါတယ်။
g00gle is offline   Reply With Quote
အောက်ပါအသင်းဝင်မှ g00gle အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 15-12-2010, 02:39 PM
KznT
ကြီးကြပ်ရေးမှူး
 
KznT's Avatar
 
အသင်းဝင်နေ့စွဲ: Dec 2009
တည်နေရာ: http://www.techsectors.blogspot.com
ရေးသားချက်များ: 1,338
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 5,983
ပို့စ် 1,332 ခုအတွက် 20,394 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
KznT has a spectacular aura aboutKznT has a spectacular aura about
ပြန်စာ - Torrent ဘာလဲ Torrent ဘယ်လဲ ??

Quote:
Originally Posted by phoetharlay View Post
အကိုKznt ခင်ဗျာ ကျွန်တော်မသိတာလေးမေးချင်လို့ပါ အခုအကိုရေးထားခဲ့တာက Torrent ကနေဒေါင်းလုတ်ချနည်းတို့ ဖိုင်ရွေးချယ်နည်းတို့ပေါ့နော် အခုကျွန်တော်မေးချင်တာလေးက Torrent မှာ ဘယ်လို Upload တင်ပေးလို့ရလဲဆိုတာတွေကို အကိုနားလည်မယ်ဆိုရင်ရှင်းပြစေချင်ပါတယ် ကျွန်တော်တို့ Torrent ကနေဒေါင်းလုတ်ချတာအဆင်ပြေတယ်ဗျ လူပင်ပန်းတာသက်သာတယ် ဒီတော့ကျွန်တော်တို့ ဘယ်လို Upload တင်မယ် ဘယ်လို လင့်တွေကိုယူမယ် ဖိုရမ်တွေ ဝက်ဘ်ဆိုဒ်တွေမှာဘယ်လိုတင်မယ်ဆိုတာကိုဖြစ်နိုင်ရင် အကိုခင်ဗျာဆွေးနွေးပေးစေချင်ပါတယ် ..........
ဟုတ်ကဲ့ မေးထားတာတော့ ကြာပါပြီ - ချက်ချင်း ပြန်ဖြေပေးဖို့အတွက် အချိန်မလုံလောက်တာရယ် ပြောရင်လည်း အကြောင်းအရာက ရှည်မှာမို့ သေသေချာချာ အားမယ့် တစ်ရက် စောင့်နေရင်း ကြာသွားတာပါ - Torrent မှာ Upload တင်တဲ့ လုပ်ငန်းစဉ်က ကျွန်တော်တို့ ပုံမှန် Uploading ဆိုဒ်တွေမှာ Upload တင်တဲ့ လုပ်ငန်းစဉ်တွေထက် မသိရင် ပိုပြီး ရှုပ်တီး ရှုပ်ရှက် နိုင်သလို - တော်တော်လည်း စိတ်ရှည်ရပါတယ် - အဆင့်တွေလည်း များသလို - ကန့်သတ်ချက်တွေလည်း တော်တော်များပါတယ် - နောက် Torrent site တွေ မတူရင် သလို - ကန့်သတ်ချက်တွေ စည်းမျဉ်းစည်းကမ်းတွေကလည်း မတူပါဘူး - ကျွန်တော်က Demonoid.me မှာ Torrent upload တင်လေ့ ရှိပါတယ် - နောက် ကျွန်တော် အမြဲ သုံးနေကျ H33T မှာလည်း ကျွန်တော် upload တင်ပေးလေ့ ရှိပါတယ် -

အဲ့မှာ ကျွန်တော် စသိခဲ့တာက Torrent site တွေဟာ သူတို့ ဆိုဒ်တွေကနေ တစ်ဆင့် upload တင်ချင်ပြီ ဆိုရင် ပထမအဆင့် ဆိုဒ်ကို အရင်ဝင်ရမယ် - အဲမှာ တစ်ချို့ဆိုဒ်တွေက Acc ရှိပြီး login ဝင်လိုက်တာနဲ့ trackers ကိုယူပြီး တန်းတင်လို့ ရတာရှိတယ် - တစ်ချို့ကျတော့ Acc ရှိလည်း ချက်ချင်း တန်းတင်ခွင့် မပေးဘူး - သူတို့ ဆိုဒ်တွေကနေ တစ်ဆင့် upload တင်ချင်ရင် ခွင့်ပြုချက်ဆိုတာ သက်ဆိုင်ရာ ဖိုရမ်မှာ ထပ်တောင်းရတယ် -

- နောက်ထပ် လိုက်နာရမယ့် စည်းမျဉ်း စည်းကမ်းဆိုတာတွေ ရှိသေးတယ် - ဥပမာ - ဘယ်ဖိုင် မတင်ရ - ဘာဖိုင်တင်ရင် ဘယ်ကွာလတီပြည့်ရမယ် - ဒီကောင်ရဲ့ အကြောင်းအရာက ဘယ်လို - ဘယ်နေရာမှာ အသုံးချနိုင်တယ် စသဖြင့် အသေးစိတ် ဖော်ပြရတာမျိုးရှိတယ် - ဆိုဒ်က ဘယ်ဖိုင်ပါထည့်ပေးရမယ် ဆိုရင် သူတို့တောင်းဆိုတဲ့ ဖိုင်ကိုပါ ထည့်ပေးရတာမျိုးတွေလည်း ရှိသေးတယ် - တစ်ချို့ဆိုဒ်က rule ရှိပေမယ့် လိုက်မလုပ်လည်း ဘာမှ မပြောဘူး - တစ်ချို့ကျတော့ သတိပေး - မလိုက်နာရင် permanently banned တယ် -

ဆိုဒ်အားလုံးက တစ်ခုနဲ့ တစ်ခု လုပ်ထုံးလုပ်နည်းချင်း မတူတာမို့လို့ ကျွန်တော် တစ်ခုချင်းစီတော့ လိုက်ပြဖို့ မလွယ်ပါဘူး - ဒါပေမယ့် Upload တင်နည်း သဘောတရားကိုတော့ ခြုံငုံမိအောင် ဖော်ပြပေးပါ့မယ် - ဆိုကြပါစို့ Demonoid.me နဲ့ ဒီနေရာမှာ ဥပမာ ပေးသွားပါ့မယ် -

( ၁ ) - ကျွန်တော်တို့မှာ Demonoid.me အကောင့်တစ်ခုရှိတယ် - အဲတာဆို အကောင့်ထဲ ဝင်ထားလိုက်ပါ ( Demonoid.me အကောင့်က လုပ်ချင်တိုင်းလုပ်လို့ မရဘူး - သူက Registration ကို ဖွင့်ချင်တဲ့ အချိန်ဖွင့်ပြီး ပိတ်ချင်တဲ့ အချိန် ပိတ်တယ် - သုံးဖူးသမျှ torrent sites တွေထဲမှာ Demonoid.me နဲ့ Piratebay ကို သဘောအကျဆုံးပဲ - )

( ၂ ) - နောက်တစ်ဆင့် အနေနဲ့ ကိုယ့် ကွန်ပြူတာထဲက ကိုယ်ဝေမျှချင်တဲ့ ( Torrent မှာ Upload တင်ချင်တဲ့ ) ဖိုင်တွေကို အောက်ဖော်ပြပါအတိုင်း ဖိုဒါအောက်မှာ စနစ်တကျ စုစည်းပြီး torrent sites တွေအလိုက် သူတို့ သူကန့်သတ်ထားတဲ့ ဘယ်ဖိုင်ပါ ထည့်ပေးရမယ် ဆိုတဲ့ ဖိုင်ကိုပါ ကိုယ်ဝေမျှချင်တဲ့ ဖိုင်တွေနဲ့ အတူ ယှဉ်လျှက် ထည့်ထားရပါမယ် - ( ဆိုလိုတာ Demonoid.me မှာဆို သူ့ဆိုဒ်ကနေ Torrent upload တင်ချင်တယ် ဆိုရင် အောက်မှာ မြင်နေရတဲ့ "Torrent download from demonoid ...." ဆိုတဲ့ txt ဖိုင်တစ်ခုပါ ထည့်ပေးရတာမျိုးပါ - သူက အဲတာမပါရင် upload က အလိုလို reject ဖြစ်ပါတယ် )



( ၃ ) - နောက်တစ်ဆင့်မှာ uTorrent ကိုဖွင့်ပါ - ( တစ်ခြား torrent apps တွေကလည်း Upload တင်ဖို့ သုံးလို့ ရတာရှိပါတယ် - ဒါပေမယ့် uTorrent က သုံးရပိုလွယ်ပါတယ် ) နောက် Menu က File -> Create new torrent ကို click ပေးပါ - အောက်ဖော်ပြပါအတိုင်း မြင်ရပါလိမ့်မယ် -



( ၄ ) - နောက်တစ်ဆင့် အနေနဲ့ "Add directory" ကို နှိပ်ပြီး အဆင့် ( ၂ ) မှာ Torrent upload တင်ဖို့ ကျွန်တော်တို့ စုစည်းခဲ့တဲ့ directory ကို copy ကူးပြီး ထည့်ပေးရပါမယ် - "Trackers:" ဆိုတဲ့ နေရာမှာတော့ သက်ဆိုင်ရာ Torrent sites တွေအလိုက် torrent upload စာမျက်နှာမှာ ရှိနေတဲ့ http နဲ့ စတဲ့ tracker list ကို ထည့်ပေးရပါမယ် - Demonoid အတွက်ကတော့ ဒီကောင်ပါ - http://inferno.demonoid.me:3411/announce ပါ - tracker list ထည့်တဲ့ နေရာမှာ Demonoid က ပေးထားတဲ့ tracker တစ်ခုတည်းတင် မကပဲ တစ်ခြား public trackers တွေကိုလည်း တစ်ခါတည်း ထည့်လို့ ရပါတယ် - "Comment" ဆိုတဲ့ နေရာမှာတော့ ကိုယ့် Torrent အကြောင်း အတိုချုံး မိတ်ဆက်လေး ရေးထည့်ပေးပါ - နောက် "Start seeding" မှာ အမှန်ခြစ် ပေးပါ - နောက်ဆုံးမှာ "Create and save as" ကို click ပေးပြီး ကိုယ့်ကွန်ပြူတာထဲက တစ်နေရာရာ ( Desktop ပေါ်မှာ ) သိမ်းလိုက်ပါ - အဲကောင်လေးကို ကလစ်ပေးလိုက်တာနဲ့ .torrent နဲ့ ဆုံးတဲ့ ဖိုင်သေးသေးလေး တစ်ခု ရလာပါလိမ့်မယ် - ပြီးရင် "Close" လိုက်ပါ - မပြီးသေးပါဘူး - နောက်ထပ်ကျန်ပါသေးတယ် -



( ၅ ) - အဲလိုလုပ်ပြီးသွားတာနဲ့ uTorrent's list ထဲမှာ ကိုယ်ဖန်တီးလိုက်တဲ့ torrent လေးပေါ်လာပါလိမ့်မယ် - တကယ်လို့ torrent ရပ်သွားရင် right click ပေးပြီး "Force start" ကို ရွေးပေးပါ -



( ၆ ) - အဲလိုလုပ်လိုက်ရင် error message တစ်ခု အောက်ဖော်ပြပါအတိုင်း တွေ့ရပါလိမ့်မယ် - အဲတာ ဘာလို့လည်း ဆိုတော့ သက်ဆိုင်ရာ Torrent upload sites ( ကျွန်တော်တို့ခုလုပ်နေတာ Demonoid ) မှာ .torrent နဲ့ ဆုံးတဲ့ ဖိုင်လေးကို upload မတင်ရသေးလို့ပါ - သူ့ကို ဒီအတိုင်း ခဏမေ့ထားပြီး အဆင့် ( ၁ ) မှာ ဖွင့်ထားတဲ့ Demonoid.me ကို ပြန်သွားပါ -



( ၇ ) - Menu မှာ မြင်နေရတဲ့ Upload a torrent ဆိုတဲ့ tab ကို ဝင်ပြီး "I understand and agree to the rules" ကို အမှန်ခြစ်ပေး - "torrent category"
ကို ရွေးပေးပြီး ရှေ့ဆက်သွားရင် အောက်ဖော်ပြပါ အတိုင်းေ တွ့ရပါလိမ့်မယ် -



( ၈ ) ဒီအဆင့်မှာ အထက်က ပုံမှာပြထားတဲ့ "browse" button ကနေ အဆင့် ( ၄ ) မှာ ကျွန်တော်တို့ Create လုပ်ထားတဲ့ .torrent ဖိုင်လေးကို ရွေးပေးပြီး - ကျန်တဲ့ အပိုင်းတွေမှာ သူဖော်ပြထားချက်အတိုင်း ဖြည့်ရမှာလေးတွေ ဖြည့်ပေး - ရွေးပေးလိုက်ပါ - ဘာတွေလုပ်ရမလဲ ဆိုတော့ name ဖြည့်ရမယ် - ကိုယ့် torrent နဲ့ ပတ်သတ်တဲ့ မိတ်ဆက် သဘောမျိုး description ဖြည့်ရမယ် - အဲ့ဒီ description က at least 30 characters long ဖြစ်ရမယ် ( ဆိုဒ်တစ်ခုနဲ့ တစ်ခု မတူ ) စသဖြင့် စည်းကမ်းတွေ လိုက်နာပြီး ဖြည့်သွင်းရပါမယ် -

( ၉ ) - နောက် tracker နဲ့ ကိုယ့် torrent ချိတ်ဆက်မိအောင် ၃ မိနစ်လောက် စောင့်ပြီး ခုနက ကျော်ခဲ့တဲ့ အဆင့် ( ၆ ) က uTorrent ကို ပြန်သွားပါ - torrent ပေါ်မှာ right click ပေးပြီး "Update tracker" ကို click လိုက်ပါ - အဲလိုဆို နောက်ဆုံးမှာ "Tracker status: Working" ဆိုတာကို အောက်ဖော်ပြပါ အတိုင်း တွေ့ရပါလိမ့်မယ်။ ဒါဆို ကိုယ့်အနေနဲ့ Torrent upload လုပ်ဆောင်ထားပြီးပါပြီ -



( ၁၀ ) - Torrent upload လုပ်ဆောင်ထားပြီးပြီ ဆိုပေမယ့် ဒီ သဘောတရားက ကို g00gle မေးတဲ့ အကြောင်းအရာနဲ့ ဆက်စပ်သွားပြန်ပါတယ် - ဟိုး အပေါ်မှာတော့ ဖော်ပြခဲ့ပြီးပါပြီ - ဒါပေမယ့် နောက်တစ်ခေါက် ထပ်ပြောပေးပါ့မယ်

Quote:
Originally Posted by g00gle View Post
ကျွန်တော် မသိလို. တခုလောက်မေးချင် လို.ပါ။ တကယ်လို. ကိုယ်က seed လုပ်တာ 100% ပြည်.သွားပြီ။
နောက် ကျွန်တော် က ကိုယ် download လုပ်ထားတဲ. file ကော၊ torrent file ကိုပါဖျက်လိုက်တယ်။
ဒါဆိုကော ကိုယ် seed လုပ်ထားတာ အလကားဖြစ်သွားသလားဆိုတာ သိချင် ပါတယ်။
Torrent upload လုပ်ဆောင်ထားပြီးပြီဆိုပေမယ့် Torrent uploading ဆိုတဲ့ သဘောဟာ 100% ပြည့်တယ်ရယ်လို့ ပြောလို့ မရပါဘူး - ကိုယ်က အပေါ်မှာ ဖော်ပြထားတဲ့ နည်းအတိုင်း upload လုပ်ထားပေမယ့် ကိုယ် share လုပ်ထားတဲ့ ဖိုင်ကို တစ်ယောက်ကမှ ပြီးဆုံးအောင် Download မဆွဲဘူးဆိုရင် အချိန်တွေသာ ကြာသွားမယ် တစ်ယောက်မှ Seed မဖြစ်တဲ့ အတွက် 100% ပြည့်တယ်လို့ မဆိုနိုင်ပါဘူး - တကယ်လို့ ဆွဲသွားတယ်ပဲ ထား - ကိုယ့်ဆီက ဆွဲသွားတဲ့ သူက Seeder အဖြစ် ပြန်လုပ်မပေးဘူး ဆိုရင်လည်း ရတဲ့သူ အရေအတွက်သာ တိုးသွားမယ် နောက်တိုး Seeder မရှိတဲ့ အတွက် ကိုယ်က ဒီ Seeding လောကကနေ ထွက်လို့ ရမှာ မဟုတ်ပါဘူး - ထွက်လိုက်ရင် ကိုယ် seed လုပ်ထားတာ အလကားဖြစ်သွားပါလိမ့်မယ် - နောက်ထပ် ဘယ်သူမှ ရနိုင်တော့မှာ မဟုတ်ပါဘူး - ထွက်ချင်ရင် ကိုယ် Upload ပေးထားတဲ့ ဖိုင်ကို လူဘယ်နှစ်ယောက်လောက် ရပြီးသွားပြီလဲ - သူတို့ကရော တကယ် Seed ပြန်လုပ်ထားရဲ့လား ဆိုတာ ဆန်းစစ်လေ့လာပြီး - ကိုယ့်ရဲ့ Ratio က ဘယ်လောက်ရှိပြီလဲ ဆိုတာ ကြည့်ပြီးမှပဲ ထွက်ရပါမယ် - ပြောရရင်တော့ ကိုယ့်ဖိုင်ကို လိုချင်တဲ့သူများတယ် - Download လည်းဆွဲကြတယ် - ရသွားတဲ့ သူတွေကလည်း Seed ပြန်လုပ်ပေးတယ်ဆိုရင် Seeder များသွားလို့ ကိုယ်ထွက်လည်း အကြောင်းမဟုတ်ပေမယ့် - Download ချပြီး Seed မလုပ်ပဲ ပြေးတဲ့သူ များနေတဲ့ အချိန်မှာ ကိုယ်ကပါ Seeding လုပ်တာ ရပ်ပစ်လိုက်ရင် ကျန်တဲ့သူတွေပါ ဒုက္ခရောက်မယ့် အခြေအနေပါ - ဂျာအေးသူ့အမေရိုက် - မုန့်လုံးစက္ကူကပ် အခြေအနေမျိုးပေါ့ -

ကျွန်တော်ခု ဖော်ပြခဲ့သလောက်ဆို Torrent upload ဘယ်လိုတင်တယ်ဆိုတာနဲ့ Seed သဘောတရားကို ပိုနားလည်နိုင်မယ် ထင်ပါတယ် -


KznT.

က,ကြီး ရေးဖို့ကျောက်သင်ပုန်းရှာနေသူ

Life is what you make of it. Go out and make your dreams come true.

Last edited by KznT; 07-02-2011 at 01:10 PM..
KznT is offline   Reply With Quote
အောက်ပါအသင်းဝင် 20 ဦးတို့မှ KznT အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 11-04-2011, 06:36 PM
KznT
ကြီးကြပ်ရေးမှူး
 
KznT's Avatar
 
အသင်းဝင်နေ့စွဲ: Dec 2009
တည်နေရာ: http://www.techsectors.blogspot.com
ရေးသားချက်များ: 1,338
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 5,983
ပို့စ် 1,332 ခုအတွက် 20,394 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
KznT has a spectacular aura aboutKznT has a spectacular aura about
ပြန်စာ - Torrent ဘာလဲ Torrent ဘယ်လဲ ??

ဒီနေ့ April 11 2011 ရက်နေ့မှာ အမြဲတမ်းလိုလို ပိတ်ပြီး တစ်ခါတစ်လေတောင် မဖွင့်တတ်တဲ့ Torrent ထိပ်တန်း Website - http://www.demonoid.me မှာ Registration ဖွင့်နေပါတယ် - Account လိုချင်သူများ ဒီနေရာကနေ မြန်မြန် သွားလုပ်ထားကြပါ - ဘယ်တော့ ပြန်ပိတ်မယ်တော့ ကျွန်တော်လည်း မသိပါ - ဖြစ်နိုင်ရင် တစ်ဆွေလုံး တစ်မျိုးလုံးစာပါ ဖောက်ထားကြ - Account လုပ်ပြီးရင် Email ထဲကို ရောက်လာမယ့် verification link ကို Click ပေးပြီး verify လုပ်ဖို့ကိုလည်း မမေ့ပါနဲ့



KznT.

က,ကြီး ရေးဖို့ကျောက်သင်ပုန်းရှာနေသူ

Life is what you make of it. Go out and make your dreams come true.
KznT is offline   Reply With Quote
အောက်ပါအသင်းဝင် 14 ဦးတို့မှ KznT အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 16-05-2011, 01:33 AM
snowstorm
မွေးကင်းစကလေး
 
အသင်းဝင်နေ့စွဲ: May 2011
ရေးသားချက်များ: 1
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 0
ပို့စ် 1 ခုအတွက် 3 ဦးမှကျေးဇူးတင်ကြောင်းပြောပါသည်။
snowstorm is on a distinguished road
ပြန်စာ - Torrent ဘာလဲ Torrent ဘယ်လဲ ??

Hi I just join myanmarfamily. Glad to see a thread dedicated to torrenting, that i never saw in other myanmar forum. In reference to previous thread, although demonoid is a so called semiprivate tracker, I prefer using private tracker especially when you are living in a country where copyright is biggest issue. But even though you are in a private tracker, they can trace you through ISP. IP blocking by some programs like Peerguardian may be a good idea.
snowstorm is offline   Reply With Quote
အောက်ပါအသင်းဝင် 3 ဦးတို့မှ snowstorm အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 05-06-2011, 03:21 PM
g00gle
အထူးအသင်းဝင်
 
အသင်းဝင်နေ့စွဲ: Nov 2010
ရေးသားချက်များ: 751
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 12,278
ပို့စ် 754 ခုအတွက် 6,476 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
g00gle will become famous soon enough
ပြန်စာ - Torrent ဘာလဲ Torrent ဘယ်လဲ ??

Torrent Vs. Copyright infringement

ကို KznT ရဲ. Copy Posts အကြောင်း ဖတ်ပြီး ရေးချင်တာလေး တခုရှိလို. ဒီအောက်မှာပဲ ရေးလိုက်တယ်။ အချိန်မရှိလို. တိုတိုပဲ ရေးပါမယ်။ ကျွန်တော်တို. သူများဆီက Copy ကူးကြတယ်။ သူများ ပင်ပင်ပန်းပန်း ဖန်တီးထားတဲ. Software တွေ၊ ရုပ်ရှင်၊ သီချင်း၊ Games တွေကို Pirate လုပ်ကြတယ်။ Intellectual Property တွေကို ချိုးဖောက်ချင်တိုင်း ချိုးဖောက်နေကြတယ်။ နိုင်ငံခြားမှာပဲလား ဆိုတော. မဟုတ်ဘူး။ မြန်မာပြည်မှာလဲ ရှိတယ်။ ဒီအကြောင်း myanmartutorials.com မှာ ကိုဇော်ထွဋ် သို. ဝင်းမြန်မာ စနစ်ဆိုပြီး Interview လေး လုပ်ထားတယ်။ တော်တော် ဖတ်လို. ကောင်းပါတယ်။

ချိုးဖောက်ရတဲ. အကြောင်းပြချက်ကတော. အမျိုးမျိုးပေါ.။ မကောင်းတာတော. မကောင်းဘူး။ ဥပမာ တရုတ်ကိုကြည်.။ တော်တော် အရုပ်ဆိုးတယ်။ အခုဆို Yahoo လဲ မရှိတော.ဘူး၊ Google လဲ မရှိတော.ဘူး။ တရုတ်အတွက် အများကြီး ရှုံးတာပါပဲ။ သတိထား မိချင်မှ သတိထားမိမယ်။ မသိမသာကို ဖြစ်နေတာ။ တခါတလေ သိသိသာသာကို ဖြစ်နေတာ။

ကျွန်တော်.ကိုကော အလွဲသုံးစား မလုပ်ဘူးလား မေးရင်၊ ကျွန်တော်လဲ အလွဲသုံးစား လုပ်ပါတယ်။ ဒါပေမဲ. ၁ဝဝ% မဖြစ်အောင်တော. တတ်နိုင်သမျှ ကြိုးစားပါတယ်။ ဘယ်လောက်ပဲ နည်းတယ်လို. ပြောပြော သူများ ဆန်တအိတ်ခိုးလဲ ဆန်သူခိုးပါပဲ။ ဆန်နို.ဆီဘူး တလုံး ခိုးလဲ ဆန်သူခိုးပါပဲ။ ဥပဒေက အရေးယူတဲ. အခါ ဆန်သူခိုးလိုပဲ အရေးယူသွားမှာပါ။ ကျွန်တော် ဆန်တဘူးပဲ ခိုးတာပါလို. ပြောခွင်.တောင် ရှိပါ.မလား...

ဒီနှစ်တွေထဲ Copyright infringement နဲ. ပတ်သတ်ပြီး တော်တော် တင်းမာလာတာကို တွေ.ရပါတယ်။ UK Digital Economy Act ကို ပြန် Review လုပ်နေတယ်။ UN ကလဲ လူ.အခွင်.အရေးနဲ. ပတ်သတ်ပြီး ပြန်စဉ်းစားခိုင်းထားတယ်။ ဒါပေမဲ. မကြာခင် တချိန်ချိန်တော. တကယ်ဖြစ်လာမှာပါ။ ပေါ.ပေါ.တန်တန် တွေးလို.တော. မရပါဘူး။ ဒီအကြောင်း စာရေးဖို. လိုက်ရှာရင်း ဒီစာလေးကို သွားတွေ.တယ်။

Starting July 1st, it will be illegal in Tennessee to share your online subscription service logins (such as those for Netflix or Rhapsody) with your friends. In future, if such sharing results in an unauthorized user obtaining $500 or less of media it will be classed as a misdemeanor punishable by a year in jail and a fine of $2,500. Above $500 and you’re up to a felony with even tougher penalties attached.

နောက်တော. ဒီလို သတိပေးထားတယ်။

Want to lend someone your car? Sure. Your clothes? No problemo. Your house? You got it!
Your Netflix account for 6 months while you’re away backpacking in Asia? Go directly to jail, do not pass Go…. (မူလလင်.)

ကြောက်ဖို. ကောင်းတယ်လို. မထင်ဘူးလား။ အသေးစိတ်သိချင်ရင် Digital Economy Act 2010 နဲ. Digital Millennium Copyright Act မှာ သွားကြည်.လို. ရတယ်။ တခြား နိုင်ငံတွေတော. ဘာဥပဒေရှိလဲ မသိဘူး။

ဘယ်လို ကာကွယ်မလဲ၊ အကောင်းဆုံးက အလွဲသုံးစား မလုပ်ပါနဲ.။ Open-Source Alternative သုံး၊ ရုပ်ရှင်ဆိုလဲ Hulu, Crackle, Vizanime တို.လို Ad-Support နဲ. Legally Free တွေပဲသုံး၊ Pirate မသုံးရင် မရဘူးဆိုရင် ကိုယ်.ကို ကာကွယ် ပေးမဲ. နည်းတွေသုံး။ Torrentfreak.com လို Website မျိုးကို သူငယ်ချင်းလို ပေါင်းထား။ တခုခုဆို ရှောင်သင်.ရှောင်။ ဖြတ်သင်.ရင်ဖြတ်။ Hotspot Shield သုံးလို.၊ Peer Block သုံးလို.၊ ကိုယ်.အကြောင်း မသိဘူးလို. မထင်နဲ.။ အဲဒီ Software တွေက တကယ်.ကို အလကားပဲ။ Free Service တခုနဲ. စစ်လိုက်တာတောင် ကိုယ်. IP အကုန်ပေါ်တယ်။ ဘာတခုမှ စိတ်မချရပါဘူး။ အကောင်းဆုံးကတော. Intellectual Property ကို လေးစားတာပါပဲ။

PS: တိုတိုပြောမယ်ဆိုပြီး နည်းနည်း လေများသွားပါတယ်။ သည်းခံပြီး ကျွန်တော် လေရှည်တာကို ဖတ်ပေးတဲ. အတွက် ကျေးဇူးတင်ပါတယ်။

If something doesn't work, break it and create a BETTER one.

Last edited by g00gle; 05-06-2011 at 03:48 PM..
g00gle is offline   Reply With Quote
အောက်ပါအသင်းဝင် 17 ဦးတို့မှ g00gle အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 25-07-2012, 04:59 PM
nyinyi mt
ကိုယ်ပိုင်အစွမ်းရှိပြီးသူ
 
nyinyi mt's Avatar
 
အသင်းဝင်နေ့စွဲ: Jul 2009
တည်နေရာ: YGN
ရေးသားချက်များ: 233
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 310
ပို့စ် 102 ခုအတွက် 396 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
nyinyi mt is on a distinguished road
ပြန်စာ - ကော်နရှင်မကောင်းလျှင် သုံးနိုင&

ကျွန်တော် အခု ဒီတော့ပစ် အောက်မှာ ၀င်ရောက်ဆွေးနွေးချင်တာကတော့ torrent ပိုင်းနဲ့ ဆိုင်တာပါ...
ပို့ စ် တင်သာ တင်ရတယ်... ဒီ torrent ပိုင်း ရဲ့  လုပ်ဆောင်ပုံတွေ အသေးစိပ်မသိသေးပါဘူး..
ဘယ်လောက်အသုံးဝင်သလဲဆိုတာကတော့ လက်ရှိ user တွေ သိမယ်လို့ ထင်ပါတယ်..
ကျွန်တော်က တော့ download ချတဲ့ နေရာမှာ တော်တော်အသုံးဝင်တယ်လို့ ထင်ပါတယ်....
ကိုယ်လိုချင်တဲ့ software , operation system , ebook အစုံ နဲ့  ရုပ်ရှင် ကားတွေပါ အလွယ်တကူ ဆွဲယူနိုင်ပါတယ်..
လိုရင်းကတော့ torrent ရဲ့  လုပ်ဆောင်ပုံ ကို ပညာရှင် ဆန်ဆန် မရှင်းပြနိုင်ပေမယ့် ...user အနေနဲ့ တော့ အသုံးဝင် နိုင်တဲ့ torrent ဆိုဒ်တွေ ကို ရှယ်ပေးလိုက်ပါတယ်....


http://btjunkie.org/ Torrent ဆိုက်ကောင်းတခုပါပဲ

http://thepiratebay.org/
Torrent နဲ့ ဆိုင် ရင် ဒီဆိုက်ကို မသိတဲ့ သူ မရှိသလောက်ပဲ


http://www.mininova.org/ ဒါလေးလည်း သုံးလို့ အဆင်ပြေပါတယ်..

မှတ်ချက်။ ။ တချို့ နိုင်ငံ တချို့ မှာတော့ torrent ကို သုံးမရအောင် ...block .. ထားတတ်ပါတယ်...
ဥပမာ-ကျွန်တော်တို့ မြန်မာ နိုင်ငံမှာ လည်း ဖြစ်တတ်ပါတယ်....
nyinyi mt is offline   Reply With Quote
အောက်ပါအသင်းဝင် 7 ဦးတို့မှ nyinyi mt အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 01-04-2015, 01:59 AM
minnthu
ကလေးပေါက်စ
 
minnthu's Avatar
 
အသင်းဝင်နေ့စွဲ: Mar 2011
တည်နေရာ: ထိုင်းနိုင်ငံ
ရေးသားချက်များ: 33
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 48
ပို့စ် 27 ခုအတွက် 126 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
minnthu is on a distinguished road
ပြန်စာ - Torrent ဘာလဲ Torrent ဘယ်လဲ ??

ဖိုရမ် မှ တာဝန်ရှိသူများ ခင်ဗျာ..... အခု ဒီ Torrent ဘာလဲ Torrent ဘယ်လဲ ?? နာမည်နဲ့ post ကို ကျွန်တော့်ရဲ့ Facebook
timeline ပေါ်မှာ Share ခွင့် ရှိ မရှိ ဖြေ ကြားပေးစေလိုပါတယ်........... ပြန်စာကို စောင့်မျှော်.........လျက်..
minnthu is offline   Reply With Quote
အောက်ပါအသင်းဝင် 3 ဦးတို့မှ minnthu အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 04-04-2015, 10:57 PM
Aung Aung
ဖိုရမ်လှည့်ကင်း
 
Aung Aung's Avatar
 
အသင်းဝင်နေ့စွဲ: Mar 2007
ရေးသားချက်များ: 2,154
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 3,914
ပို့စ် 1,015 ခုအတွက် 4,381 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
ပုံများ: 235
Aung Aung is on a distinguished road
ပြန်စာ - Torrent ဘာလဲ Torrent ဘယ်လဲ ??

အကိုပို့စ်တင်ထားတာ ကြာပြီ။ အခုမှ စာပြန်မိလို့ ဆောရီးပါ။

ကျွန်တော့်အနေနဲ့ကတော့ အကိုရှဲခွင့်တောင်းတာကို ငြင်းစရာအကြောင်းတော့ မရှိပါဘူး။ ကို KznT သာ အွန်လိုင်းရှိရင်လည်း ရှဲခွင့်ပြုမယ်ထင်တာပဲ။ အကို ရှဲတဲ့ facebook status/ post ရဲ့ အပေါ်ဆုံး (သို့) အောက်ဆုံးမှာသာ ကို KznT ကို credit ပေးပြီး ပထမဆုံးပို့စ် Link ပဲ ဖြစ်ဖြစ် ဒီတော့ပစ် လင့်ပဲ ဖြစ်ဖြစ် ထည့်ပေးနိုင်ရင်တော့ ပိုကောင်းပါတယ် ။

မကောင်းမှုရှောင်၊ ကောင်းမှုဆောင်၊ ဖြူအောင်စိတ်ကိုထား။

aungaung@myanmarfamily.org
Aung Aung is offline   Reply With Quote
အောက်ပါအသင်းဝင် 3 ဦးတို့မှ Aung Aung အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 06-04-2015, 01:06 AM
minnthu
ကလေးပေါက်စ
 
minnthu's Avatar
 
အသင်းဝင်နေ့စွဲ: Mar 2011
တည်နေရာ: ထိုင်းနိုင်ငံ
ရေးသားချက်များ: 33
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 48
ပို့စ် 27 ခုအတွက် 126 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
minnthu is on a distinguished road
ပြန်စာ - Torrent ဘာလဲ Torrent ဘယ်လဲ ??

ကို Aung Aung ရေ ရှဲခွင့်ပေးလို့ ကျေးဇူးပါ...... အကိုပြောသလို ကျွန်တော် ကို KznT ကိုရော topic ရဲ့ လင့်ကို
ရောထည့်ပေးပြီး Credit ပေးပါ့မယ် ခင်ဗျာ........ ကျေးဇူးအများကြီး တင်ပါတယ်........ MM User တွေကိုလည်း
torrent နဲ့ ရင်းနှီး အကျွမ်းဝင်စေချင်လို့ ....... အခုလို ခွင့်တောင်းရတာပါခင်ဗျာ...... ဒီ Topic ထက် ပြည့်စုံတဲ့
ရေးသားချက်မျိုးက ဘယ်နေရာမှာမှ မရှိပါဘူး ဒီနေရာ တစ်ခုတည်းမှာဘဲ ရှိတဲ့ torrent နဲ့ပတ်သက်လို့ အကောင်း
ဆုံး topic တစ်ခုပါဘဲ။
minnthu is offline   Reply With Quote
အောက်ပါအသင်းဝင် 3 ဦးတို့မှ minnthu အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Reply

Tags
how to, interent, torrent, user guide

တန်ဆာပလာများ
ဖော်ပြမှုပုံစံ

Posting Rules
You may not post new threads
You may not post replies
You may not post attachments
You may not edit your posts

BB code is On
Smilies are On
[IMG] code is On
HTML code is Off

ဖိုရမ်တွေ ကျော်ရောက်ချင်ရင် !

အခြားဆင်တူဆွေးနွေးချက်များ
ဆွေးနွေးချက် စတင်ရေးသားသူ ကွပ်ပျစ်ဝိုင်း ပြန်စာများ နောက်ဆုံးပို့စ်
torrent အကြောင်း ကျော်ထက်ချိန် အထွေထွေဗဟုသုတ 3 02-10-2009 10:09 PM


ဖိုရမ်၏ ပင်မအချိန်သည် ဂရင်းနစ်စံတော်ချိန် +6.5 ဖြစ်သည်။ဒေသစံတော်ချိန် 09:12 AM
Inactive Reminders By Icora Web Design