Old 24-08-2011, 04:20 PM
  post #1
tintkhine
လမ်းလျှောက်တတ်စ
 
အသင်းဝင်နေ့စွဲ: Feb 2011
ရေးသားချက်များ: 9
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 3
ပို့စ် 8 ခုအတွက် 73 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
tintkhine is on a distinguished road
Thin client ဆိုတာဘာလဲ

Thin client ဆိုတာဘာလဲ ဘယ်လိုသုံးနိုင်တာလဲ ဘာတွေကောင်းတာလဲ။
What is Thin client ?
သူ့ရဲ့နည်းပညာကတော့ server-based computing (SBC) ပါတဲ့။ client ကနေသုံးစွဲတဲ့ application မှန်သမျှကို ဆာဗာပေါ်မှာ ဘဲအခြေပြုသုံးစွဲပြီး ဆာဗာမှာဘဲ သိမ်းတာပါ။ သူနဲ့အတူသုံးစွဲရမှာ သူ့ကထောက်ပံ့
ပေးမှာက မော်နီတာ၊ကီးဘုတ်၊မောက်စ် တို့ဘဲဖြစ်ပါတယ်။သူ့မှာ ပျက်စီးလွယ်တဲ့ moving parts တွေမပါ
ဝင်ပါဘူး။ဆိုလိုတာက တော့ သာမာန် ကွန်ပြူတာစနစ်မှာပါတဲ့ power supply, fans, HDD အဲဒါတွေမပါဝင်
ပါဘူး။သီးသန့် အနေနဲ့ OS operation system တောင်မပါဝင်ပါဘူး။မှတ်ချက်။ ။(နောက်ပိုင်းမှာတော့ထည့်
သွင်းအသုံးပြုလာကြပါတယ်။) operation system တောင်မလိုဘဲနဲ့ ဆာဗာပေါ်ကနေဘဲ application တွေကို
ဆွဲယူသုံးစွဲနိုင်ပါတယ်။ဒါပေမယ့် အခြေခံအကျဆုံးဖြစ်တဲ့ basic processing power တော့အနည်းဆုံးပါဝင်
ပါတယ်။ သာမာန် traditional desktop(fat client) တစ်လုံးလိုဘဲ အားလုံးကိုစွမ်းဆောင်ပေးနိုင်ပါတယ်။
server-based computing ဆိုတဲ့အတိုင်းသူ့ကိုသုံးတာကတော့ အင်တာပရိုက် အဖွဲ့အစည်းးတွေ၊ ရုံးခန်းတွေ၊
ကွန်ပြူတာသင်တန်းကျောင်းတွေ၊ အင်တာနက်ကဖေးဆိုင်တွေ စသည်ဖြင့် သုံးစွဲကြပါတယ်။
ဘယ်လိုလေးတုန်းလို့ကြည့်လိုက်ပါအုံး....
http://www.ziddu.com/download/161622...tfoto.pdf.html



Benefits
သာမာန် traditional desktop(fat client ) တွေနဲ့နှိုင်းရင် သူ့ရဲ့ သာလွန်ကောင်းမွန်တဲ့အချက်တွေကတော့
၁။ ကုန်ကျစရိတ်သက်သာတာပါဘဲ။ကနဦးဝယ်ယုတပ်ဆင်စရိတ်ပေါ့၊နောက်ပြုပြုင်ထိန်းသိန်းစရိတ်။
ပျက်စီးလွယ်တဲ့ပစ္စည်းအစိတ်ပိုင်းတွေမပါလို့ပျက်ဖို့ဆိုတာရာခိုင်နှုန်းနည်းလွန်းပါတယ်။
အဲဒီအတွက်ကြောင့်လဲ လျှပ်စစ်ဓာတ်အားသုံးစွဲမှုအင်မတန်သက်သာပါတယ်။သာမန်ကွန်ပြူတာတွေ
ထက်ကို ၇ ဆလောက်သက်သာပါတယ်တဲ့။
၂။ နောက်တစ်ခုက ကွန်ပြူတာ administrator ​တွေ technicians ​တွေအများကြီးမလိုတော့ပါဘူး။
ဘာကြောင့်တုန်းဆိုတော့ သူကို့ ထိန်းချုပ်ဖို့ ၊ ဆော့ဝဲ သွင်းဖို့၊ အပ်ဒိတ်လုပ်ဖို့၊ ဘာဘဲလုပ်ချင်ချင်
ဆာဗာတစ်ခုတည်းမှာဘဲ လုပ်ရုံနဲ့ thin client အားလုံးမျှဝေသုံးစွဲနိုင်လို့ပါ။နောက် Back up လုပ်မယ်
ဆိုလဲ ဆာဗာထဲမှာဒေတာတွေထားတဲ့အတွက် လုပ်ဖို့အင်မတန်လွယ်ပါတယ်။
၃။ နောက်တစ်ခုက server-based computing ဆိုမှတော့ security လုံခြုံစိတ်ချရမှု ၊ ဗိုင်းရပ်စ်
ကင်းစင်မှု စသည်တို့မှာလဲအားသာချက်များစွားရှိပါတယ်။
၎။ နေရာယူမှုအပိုင်းမှာလဲ သူဟာအရွယ်အစားသေးငယ်တဲ့အတွက် ဘယ်နေရာမှာမဆို တနေရာရာမှာ
ကပ်ထားလို့တောင်ရပါတယ်။


ဒါပေမယ့်
Video streaming တွေ ပရိုဂရမ်အကြီးတွေဆိုရင်တော့သိပ်အဆင်မပြေသေးပါဘူးတဲ့။
ပြိးတော့ အသုံးပြုမယ့် thin client အလုံးေ၇အလိုက် ဆာဗာကတော့အတော်အတန်ကောင်းရ
ပါမယ်တဲ့။

ဒါပေမယ့်လည်း အားလုံးခြုံပြီးကြည့်မယ်ဆို၇င်တော့လဲ သုံးစွဲမယ်ဆိုရင်တော့ သုံးစွဲသင့်တယ်လို့ထင်ပါတယ်။
အားလုံးရဲ့သဘောထားကိုလည်းမှတ်ချက်ပေးစေချင်ပါတယ်ဗျာ.

Last edited by tintkhine; 24-08-2011 at 04:46 PM.. Reason: add foto
tintkhine is offline   Reply With Quote
အောက်ပါအသင်းဝင် 15 ဦးတို့မှ tintkhine အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 20-06-2013, 12:08 AM
  post #2
ရန်မျိုးအောင်
ကိုယ်ပိုင်အစွမ်းရှိပြီးသူ
 
အသင်းဝင်နေ့စွဲ: Jul 2008
တည်နေရာ: hlaing
ရေးသားချက်များ: 218
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 205
ပို့စ် 138 ခုအတွက် 398 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
ပုံများ: 4
ရန်မျိုးအောင် is on a distinguished road
ပြန်စာ - Thin client ဆိုတာဘာလဲ

Thin Client အကြောင်း ထက် ဆွေးနွေးပေးပါဦး ဗျာ... ပြီးတော့ Xen Server အကြောင်းလေးလဲ သိချင်လို့.. လက်ရှိ အသုံးပြု ဖို့လို့နေလို့ပါ...

[B][COLOR="Red"]I will try my best[/COLOR][/B].........................:sleep1::118:

:112: [url]http://omen20.isgreat.org[/url]
ရန်မျိုးအောင် is offline   Reply With Quote
Reply

Tags
server, thin client

တန်ဆာပလာများ
ဖော်ပြမှုပုံစံ

Posting Rules
You may not post new threads
You may not post replies
You may not post attachments
You may not edit your posts

BB code is On
Smilies are On
[IMG] code is On
HTML code is Off

ဖိုရမ်တွေ ကျော်ရောက်ချင်ရင် !

အခြားဆင်တူဆွေးနွေးချက်များ
ဆွေးနွေးချက် စတင်ရေးသားသူ ကွပ်ပျစ်ဝိုင်း ပြန်စာများ နောက်ဆုံးပို့စ်
Windows server & Client koarkarhtut Network ပိုင်းဆိုင်ရာ 19 29-10-2011 03:37 PM


ဖိုရမ်၏ ပင်မအချိန်သည် ဂရင်းနစ်စံတော်ချိန် +6.5 ဖြစ်သည်။ဒေသစံတော်ချိန် 09:09 PM
Inactive Reminders By Icora Web Design