Old 20-04-2012, 10:34 PM
  post #1
မောင်ပေါ်ဦး
MF Contributor
 
မောင်ပေါ်ဦး's Avatar
 
အသင်းဝင်နေ့စွဲ: Sep 2008
တည်နေရာ: Working
ရေးသားချက်များ: 2,276
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 4,939
ပို့စ် 1,900 ခုအတွက် 9,442 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
ပုံများ: 4
မောင်ပေါ်ဦး will become famous soon enough
ကျွန်တော်နှင့် Security ပိုင်ဆိုင်းရာ ကာကွယ်န&

ကျွန်တော်လဲ ဒီနေရာမှာ ရေးပေးမှာကတော့ အခုတော့ တစ်လော လူတော်တော်များ ဟက်ကာများဒဏ်ကိုခံနေရပါတယ် အဲ့ဒီအတွက် ကိုယ်ဘက်ကလဲ ကာကွယ်နိုင်ဖို့နဲ့ လုံခြုံအောင်ဘယ်လို့လုပ်ရမလဲဆိုတော့ ကိုတင်ပြသွားမှာပါ Security နဲ့ ပက်သက်တာတွေပေါ့ Phone, Internet, Website, အခြားသော Security ပိုင်းတွေကို လေ့လာနိုင်ဖို့ပါ အမှားများပါရင်ခွင့်လွတ်ကြပါ။



Password များကိုရွေးချယ်ခြင်းနှင့် ကာကွယ်ခြင်း


Password တွေဟာစစ်မှန်ကြောင်းအထောက်အထားပြသခြင်းအတွက် ဘုံနည်းလမ်းတစ်ခုဖြစ်သလိုအသုံးပြုသူနဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်ကြားမှာရှိတဲ့ အဟန့်အတားတစ်ခုလည်းဖြစ်ပါတယ်။ တိုက်ခိုက်သူ (attacker) များဟာပရိုဂရမ်တစ်ချို့ကိုအသုံးပြုပြီ Password များကိုရွေးချယ်အသုံးပြုခြင်းနဲ့ လျှို့ ဝှက်ချက်အလက်များကို အခွင့်မရှိတဲ့လူတစ်ဦးတစ်ယောက်မှ အသုံးပြုခြင်းအားပိုမိုခက်ခဲအောင်ပြုလုပ်နိုင်မှာဖြစ်ပါတယ်။

Password တစ်ခုဘာကြောင့်လို့အပ်သလဲ



ATM စက်တစ်ခုမှ ပိုက်ဆံထုတ်ခြင်း၊ စတိုးဆိုင်တစ်ခုတွင် debit card အသုံးပြုခြင်း၊ ကွန်ပျူတာနဲ့ အီးမေးလ်တွင် log in လုပ်ခြင်း၊ ဘဏ်တစ်ခုတွင် sign in လုပ်ခြင်း၊ အွန်လိုင်းတွင်ဈေးဝယ်ခြင်းစတဲ့လုပ်ဆောင်ချက်တွေမှာ Personal identification number (PIN) များ၊ Password များနဲ့ Passphrase များကိုအသုံးပြုကြရပါတယ်။ Password ဟာအချက်အလက်များနဲ့ ပစ္စည်းဥစ္စာတွေကိုအခွင့်ရှိသူသာအသုံးပြုနိုင်စေရန်အတွက် အကောင်းဆုံးသောနည်းလမ်းတွေထဲကတစ်ခုဖြစ်ပါတယ်။ တစ်စုံတစ်ဦးအားမှန်ကန်ကြောင်းအတည်ပြုနိုင်မှသာနောက်အဆင့်တစ်ဆင့်သို့ ရောက်ရှိနိုင်စေမှာဖြစ်ပြီးယင်းကဲ့သို့စစ်မှန်ကြောင်းအထောက်အထားပြသခြင်းအတွက် အသုံးပြုကြတာကြောင့် စိတ်ချရတဲ့ Password များကိုရွေးချယ်အသုံးပြုခြင်းဒါမှမဟုတ် လုံခြုံအောင်ထိန်းသိမ်းမထားခြင်းတို့က Password ကိုလုံးဝအသုံးမပြုထားခြင်းသကဲ့သို့ အရောမရောက်တာမျိုးဖြစ်နိုင်ပါတယ်။ စနစ်အများစုနဲ့ ၀န်ဆောင်မှုအများစုမှာလုံခြုံမှုမရှိခြင်းနဲ့ စိတ်မချရတဲ့ Password တွေကိုရွေးချယ်အသုံးပြုခြင်းတို့ကြောင့် ချိုးဖောက်ဝင်ရောက်မှုတွေဖြစ်ပွားနိုင်သလိုအချို့ Virus တွေနဲ့ Worm ကလည်းအားနည်းတဲ့ Password တွေကိုခန့်မှန်းပြီးစနစ်အတွင်းသို့ ချိုးဖောက်ဝင်ရောက်နိုင်ပါတယ်။

စိတ်ချရတဲ့ Password တစ်ခုဘယ်လို့ရွေးချယ်မလဲ


အသုံးပြုသူအများစုဟာမှတ်မိရလွယ်တဲ့ ကိုယ်ရေးကိုယ်တာအချက်အလက်တွေပေါ်အခြေခံပြီး Password တွေကိုအသုံးပြုမှတ်သားထားလေ့ရှိကြပါတယ်။ ယင်းကဲ့သို့ မှတ်မရလွယ်တဲ့ Password တွေကိုအသုံးပြုခြင်းဟာတိုက်ခိုက်သူများမှ Password ကိုခန့်မှန်းရလွယ်စေသလို့ ဖော်ထုတ်ရတာလည်းလွယ်ကူစေပါတယ်။ ဥပမာအနေနဲ့ ဂဏန်းလေးလုံးပါတဲ့ PIN နံပါတ်တစ်ခုရွေးချယ်အသုံးပြုခဲ့မယ်ဆိုပါစို့။ သင့်ရဲ့မွေးနေ့ကိုရွေးချယ်အသုံးပြုခဲ့မယ်ဆိုရင်၊ ဒါမှမဟုတ် social security နံပါတ်တစ်ခုကိုရွေးချယ်အသုံးပြုခဲ့မယ်ဆိုရင်၊ ဒါမှမဟုတ် လိပ်စာ၊ဖုန်းနံဘတ် စတာတွေကိုအသုံးပြုမယ်လို့စဉ်းစားထားမယ်ဆိုရင် အဲ့ဒီအချက်အလက်တွေဟာကိုယ်အသိမိတ်ဆွေတွေကနေတစ်ဆင့် တစ်စုံတစ်ဦးရဲ့ အလွယ်တကူရှာဖွေမှုကိုခံရနိုင်ပါတယ်။ နောက်ပြီးအအဘိဓါန်မှာရှာဖွေနိုင်တဲ့ စကားလုံးကိုအီးမေးလ် Password အဖြစ်အသုံးပြုခြင်းဟာလည်း dictionary တိုက်ခိုက်မှုလို့ခေါ်တဲ့ အဘိဓာန်ကစကားလုံးများကိုအခြေခံပြီး Password ခန့်မှန်းခြင်းကိုအလွယ်တကူပြလုပ်နိုင်စေပါတယ်။ ဒါပေမဲ့ “date” ဆိုတဲ့စကားလုံးကို “daytt” ဆိုပြီးစားလုံးပေါင်းမှားယွင်းအသုံးပြုခြင်းကလည်း dictionary တိုက်ခိုက်မှုများကနေကာကွယ်နိုင်စေသလိုစကားစုများအသုံးပြုခြင်း၊ မှတ်ဥာဏ်ကူနည်းလမ်းများအသုံးပြုခြင်းကလည်း Password ခိုးယူခံရခြင်းမှ ကာကွယ်နိုင်စေပါတယ်။ ဥပမာအနေနဲ့ “hoops” ဆိုတဲ့ Password အစား “[i] [l]ike [T]o [p]lay [b]asket[b]all” အတွက် iltpbbကိုအသုံပြုခြင်ဖြစ်ပါတယ်။ နောက်ထပ်ဥပမာတစ်ခုထပ်ပြောရရင် ကျွန်တော် ဖိုရမ်မှာ Password ပေးနေသလို့ပေါ့ WWW.Myanmarfamily.Org ဆိုတာလိုမျိုးပေါ့ စာလုံးအကြီးအသေးနှစ်မျိုးစလုံးကိုအသုံးပြုထားခြင်းဟာလည်းလုံခြုံမှုကိုထပ်မံပေါင်းစပ်ထားခြင်းဖြစ်ပါတယ်။ အကောင်းဆုံးကာကွယ်မှုကတော့ ဂဏန်းများ၊ အထူးအက္ခရာများအပြင်စာလုံးအသေးအကြီးနှစ်မျိုးလုံးကိုအသုံးပြုခြင်းဟာလည်းလုံခြုံမှုကိုထပ်မံပေါင်းစပ်ထားခြင်းပါ။ ဥပမာအနေနဲ့ဆိုရရင် ilTpb အစား Il!2pBb ကိုအသုံးပြုခြင်းက password ခန့်မှန်းခြင်းကိုပိုပြီးတော့ ရှုပ်ထွေးစေနိုင်ပါတယ်။ ရှည်လျားတဲ့ password များဟာခန့်မှန်းရခက်ခဲစေတဲ့အတွက် တိုတောင်းတဲ့ password များထက် ပိုပြီးလုံခြုံမှုရှိစေတာကြောင့် password တစ်ခုကိုရွေးချယ်အသုံးပြုဖိုစဉ်းစားသင့်ပါတယ်။ ဥပမာအနေနဲ့ “This password is 4 my mail” ဆိုတဲ့ Password မှာစာလုံးအကြီး၊ စာလုံးအသေးနဲ့ အထူးအက္ခရာတွေပါဝင်တာကြောင့် လုံခြုံစိတ်ချရတဲ့ Password တစ်ခုလို့ဆိုရမှာပါ။ စာဖတ်သူအနေနဲ့ကွဲပြားခြားနားတဲ့ Passphrase တွေကိုရွေးချယ်အသုံးပြုနိုင်ပေမယ်။ တချို့  application တွေမှာစာလုံးအရေးအတွက်ကန့်သတ် ထားခြင်း၊ Space တွေကိုလက်မခံခြင်းစတာတွေနဲ့ ကြုံတွေ့ရနိုင်ပါတယ်။ Passphrase တွေကိုရွေးချယ်အသုံးပြုတဲ့အခါမှာအများသုံးစကားစုတွေ၊ နာမည်ကျော် ကောက်နုတ်ချက်စာသားတွေနဲ့ သီချင်းစာသားတွေကိုရွေးချယ်အသုံးပြုခြင်းမှ ရှောင်ကြဉ်ရပါမယ်။
Password တစ်ခုကိုရွေးချယ်တော့မယ်ဆိုရင် အထက်ဖော်ပြချက်များအတိုင်းလိုက်နာဖို့လိုအပ်သလိုအောက်ဖော်ပြပါ နည်းလမ်းတွေကိုလည်းလိုက်နာဖို့လိုပါတယ်။ လိုက်နာဖို့ အချက်တွေကိုအတိုချုံးပြီးတော့ ပြန်ပြောပြပေးပါမယ်။
၁။ အလွယ်တကူရယူပြီးခန့်မှန်းနိုင်စေမယ့် ကိုယ်ရေးကိုယ်တာအချက်အလက်ကိုအခြေခံထားတဲ့ Password တွေကိုအသုံးမပြုပါနဲ့
၂။ မည့်သည့်ဘာသာစကားနဲ့မဆိုဖော်ပြထားတဲ့ အဘိဓာန်တွေမှာရှာဖွေနိုင်တဲ့ စကားလုံးတွေကိုမသုံးပါနဲ့
၃။ ရှုပ်ထွေးတဲ့ Password များကိုမှတ်မိရလွယ်စေရန်အတွက် မှန်ဥာဏ်ကူဆောင်ပုဒ်တစ်ခုနဲ့ မှတ်သားပါ
၎။ စာလုံးအသေးနဲ့ အကြီး နှစ်မျိုးစလုံးကိုသုံးပါ
၅။ စလုံး၊ဂဏန်းနဲ့ အထူးအက္ခရာတို့ကိုပေါင်းစပ်အသုံးပြုပါ
၆။ Passphrase တွေကိုတတ်နိုင်သမျှ သုံးပါ
၇။ ကွဲပြားခြားနားတဲ့စနစ်များအတွက် မတူညီတဲ့ Password များကိုသုံးပါ

Password ကိုဘယ်လိုကာကွယ်မလဲ


Password တွေကိုအသုံးပြုသူအနေနဲ့ ခန့်မှန်းရခက်စေမယ့် Password တစ်ခုကိုရွေးချယ်ပြီးပြီဆိုရင် ၎င်း Password ကိုအလွယ်တကူရှာဖွေနိုင်တဲ့နေရာမှာမထားမိဖို့လိုပါတယ်။ Password ကိုစာရွက်ပေါ်မှာရေးပြီးစားပွဲဒါမှမဟုတ် ကွန်ပျူတာဘေးမှာထားခြင်း၊ ကွန်ပျူတာပေါ်တွင် တပ်နှင့်ကပ်ထားခြင်းစတာတွေဟာရုံးခန်းအတွင်းမှာရှိတဲ့ တစ်စုံတစ်ဦးကနေအလွယ်တကူရယူပြီးအသုံးပြုစေနိုင်ပါတယ်။ မိမိရဲ့ Password ကိုတစ်ခြားသူများထံပြောပြခြင်းအားရှောင်ကြဉ်ပြီးဖုန်းခေါ်ဆိုမှုများနဲ့ အီးမေးလ် မက်ဆေ့ခ်ျများကနေ Password တွေကိုလိမ်လည်လှည်းဖြားပြီး ရယူရန်ကြိုးစားသူ ( attacker) များကိုသတိပြုခြင်းဖြင့် Password ကိုကာကွယ်ထိန်းသိမ်းနိုင်ပါတယ်။
ဒါ့အပြင် အချို့ ပရိုဂရမ်တွေဟာလည်း Password တွေကိုမှတ်သားထားနိုင်ပေမယ့် ဒီပရိုဂရမ်မှာအချက်အလက်တွေကို ကာကွယ်ဖို့အတွက် ကွဲပြားတဲ့ လုံခြုံမှုအဆင့်တွေရှိပါတယ်။ များသောအားဖြင့် email client တွေနဲ့ Web browser တွေဟာအချက်အလက်တွေကိုကွန်ပျူတာပေါ်မှာဖိုင်တစ်ခုအဖြစ်သိုလှောင်ထားပါတယ်။ အဆိုပါအချက်အလက်တွေကိုကွန်ပျူတာကိုအသုံးပြုတဲ့ မည်သူမဆိုအသုံးပြုနိုင်တာကြောင့် Password များကိုရှာဖွေဖော်ထုတ်ပြီးအချက်အလက်တွေကိုအသုံးပြုနိုင်စေပါတယ်။ ဒါကြောင့်အများသုံးကွန်ပျူတာတစ်လုံး (စာကြည့်တိုက်၊ အင်တာနက်ဆိုင်၊ ရုံးသုံးကွန်ပျူတာ)ပေါ်မှာအသုံးပြုခဲ့မယ်ဆိုရင် အမြဲ log out လုပ်ဖို့ မမေ့ရန်လိုအပ်ပါတယ်။ အခြားပရိုဂရမ်တွေဖြစ်တဲ့ Apple ရဲ့ Keychain နဲ့ Palm ရဲ့ Secure Desktop တွေကတော့  အချက်အလက်တွေကိုစိတ်ချရတဲ့ က code အဖြစ်ပြောင်းလဲပြီးကာကွယ်ပေးပါတယ် ။ဒီပရိုဂရမ်အမျိုးအစားတွေမှာ password တွေကိုကိုင်တွယ်ထိန်းချူပ်ဖို့ အတွက် option တွေ ပါဝင်ပါတယ် ။ဒါပေမဲ့  အဲ့ ဒီနည်းလမ်းတွေဟာ attacker တစ်ဦးရဲ့ ဘေးအန္တာရာယ်ကနေကာကွယ်ပေးနိုင်ဖို့ အတွက် အာမခံထားခြင်းမရှိပေမဲ့  password တွေကိုခန့် မှန်းယူ့ခြင်းအတွက်တော့  ပိုမိုခက်ခဲစေပါတယ်။

တစ်မိုးအောက်-(ပူစူး) အခုလက်ရှိအကြိုက်ဆုံး
Download
koshain17@gmail.com သို့ဆက်သွယ်နိုင်ပါတယ်။
တွယ်ရာမဲ့သော ကျွန်တော် ဘဝ
ကျွန်တော်တင်ထားသောပုံများ မတွေ့ရပါက ဒီနေရာမှာ အကောင့်ဖောက်ပါ။
ကျွန်တော် facebook မသုံးပါ။ twitter တော့သုံးပါတယ်
မောင်ပေါ်ဦး is offline   Reply With Quote
အောက်ပါအသင်းဝင် 17 ဦးတို့မှ မောင်ပေါ်ဦး အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 21-04-2012, 10:08 PM
  post #2
မောင်ပေါ်ဦး
MF Contributor
 
မောင်ပေါ်ဦး's Avatar
 
အသင်းဝင်နေ့စွဲ: Sep 2008
တည်နေရာ: Working
ရေးသားချက်များ: 2,276
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 4,939
ပို့စ် 1,900 ခုအတွက် 9,442 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
ပုံများ: 4
မောင်ပေါ်ဦး will become famous soon enough
ပြန်စာ - ကျွန်တော်နှင့် Security ပိုင်ဆိုင်းရာ ƙ

Web Site တစ်ခုကိုလုံခြုံစိတ်ချစွာအသုံးပြုခြင်း


အွန်လိုင်းပေါ်မှာဘဏ်လုပ်ငန်းကိစ္စများပြုလုပ်ခြင်း၊ ဈေးဝယ်ခြင်းစတဲ့ ဘဏ္ဍာရေးဆိုင်ရာလုပ်ငန်းကိစ္စရပ်တွေကိုပြုလုပ်ရာမှာအင်တာနက်ဟာတကယ့်ကိုအဆင်ပြေစွာနဲ့ လုပ်ဆောင်နိုင်စေမယ့် အသုံးပြုသူရဲ့ ငွေကြေးတွေကိုတော့ လုံခြုံမှုရှိစေဖို့လိုပါတယ်။ ဒီပိုစ့်မှာတော့ အင်တာနက်ပေါ်တွင် အရောင်းအ၀ယ်ပြုလုပ်ရာ၌ ပြုလုပ်သည့်တဲ့နည်းလမ်းများအပါအ၀င် Web site ကိုလုံခြုံမှုရှိစေအောင် ပြုလုပ်ခြင်းနဲ့ SSL Security Certificate စစ်ဆေးခြင်းတို့ကိုဖော်ပြပေးမှာဖြစ်ပါတယ်။


ဘဏ္ဍာရေးဆိုင်ရာလုပ်ငန်းကိစ္စများအတွက် ၀က်ဆိုက်ကိုလုံခြုံအောင်ပြုလုပ်ခြင်းအရေးကြီးတဲ့ အချက်အလက် ဒါမှမဟုတ် ဘဏ္ဍာရေးဆိုင်ရာအချက်အလက်များကိုအွန်လိုင်းတွင် ပေးပို့ခြင်းမပြုလုပ်မှီ ချိတ်ဆက်အသုံးပြုနေတဲ့ Web site ဟာလုံခြုံမှု ရှိမရှိကိုသိထားဖို့လိုပါတယ်။ လုံခြုံမှုရှိတဲ့ဆိုင်တွေဟာအချက်အလက်တွေကို စာဝှက်အဖြစ်ပြောင်းလဲကာ (encrypt) ကာကွယ်ပေးပါတယ်။ ၀က်ဆိုက်တစ်ခု လုံခြုံမှုရှိ၊မရှိဆိုတာကိုhttps နဲ့  browser ရဲ့ Security Symbol တိုကညွှန်ပြပေးနိုင်ပါတယ်။


Https



Web site လိပ်စာရဲ့ အစကို Http နဲ့ Https တို့နဲ့ စတင်ပါတယ်။ အကယ်၍ Web site လိပ်စာကို https နဲ့စတင်တဲ့အခါမှာအချက်အလက်တွေကို encrypt လုပ်ကာပေးပို့ပါတယ်။ သို့မှသာဆိုက်ဘာဒုစရိုက်သမာတွေကနေအဆိုပါ အချက်အလက်တွေကို ကြားဖြတ်ရယူတဲ့ အခါ အသုံးပြုသူရဲ့ အချက်အလက်တွေကိုမသိရှိနိုင်မှာဖြစ်ပါတယ်။


Security Symbol



အသုံးပြုသူရဲ့ Browser ဟာ web site တစ်ခုလုံခြုံမှု ရှိ၊ မရှိဆိုတာကိုလုံခြုံမှု သင်္ကေတ (Security Symbol) ဒါမှမဟုတ် သော့ခလောက်ပုံစံဖြင့် ဖော်ပြပေးပါတယ်။ သော့ခလောက်ပုံစံတွေကတော့ browser အပေါ်မူတည်ပြီးတည်နေရာနဲ့ ပုံစံကွဲပြားပါတယ်။

လုံခြုံရေးသတိပေးချက်များနှင့် SSL Certificate




လုံခြုံမှုရှိတဲ့ ဆိုက်တွေမှာSSL Certificate တစ်ခုစီရှိပါတယ်။ SSL Certificate တစ်ခုဟာကိစ္စရပ် ၂ ခုကိုလုပ်ဆောင်ပါတယ်။ ပထမအနေနဲ့ကတော့ SSL Certificate ဟာ virtual passport တစ်ခုဒါမှ မဟုတ် ကားမောင်းလိုင်စင်တစ်ခုနဲ့ ဆင်တူပြီး မည်သူမည်ဝါဖြစ်ကြောင်းကိုဖော်ပြပေးပါတယ်။ ဒုတိယအနေနဲ့ကတော့ ၎င်းဟာ စာဝှက်အဖြစ်ပြောင်းလဲခြင်း (encryption) ကိုလုပ်ဆောင်ပါတယ်။ SSL Certificate မရှိတဲ့ web site ဟာ https အစား http နဲ့သာစတင်လေ့ရှိပြီး browser ကလည်းသော့ခလောက်ပုံစံနဲ့ ဖော်ပြခြင်းမရှိပါဘူး။ SSL Certificate ရှိတယ်ဆိုရင်တော့ browser ကဖော်ပြထားတဲ့ သော့ခလောက်ကိုနှစ်ချက်နှိပ်ပြီးတော့ အသုံးပြုနိုင်ပါတယ်။


SSL Certificate ကိုဘာကြောင့်ရှာဖွေရသလဲ။



၁။ SSL Certificate ကိုစစ်ဆေးခြင်းဟာ web site ပေါ်မှာရှိတဲ့ certificate နဲ့အသုံးပြုနေတဲ့ web site တို့ကိုက်ညီခြင်းရှိ၊ မရှိကိုသိနိုင်ပါတယ်။
၂။ ယုံကြည်စိတ်ချရတဲ့ web siteအတွက် SSL Certificate တွေကို Certificate Authority တွေကထုတ်ပေးပါတယ်။ မှန်ကန်ကြောင်းအတည်ပြုစစ်ဆေးပေးတဲ့ SSL Certificate Authority ကုမ္ပဏီတွေထဲမှာ VeriSing, RSA Data Security, Thawte, Geotrust, GoDaddyနဲ့ Combo တို့လို ကုမ္ပဏီတွေပါဝင်ပါတယ်။ အဲ့ဒီကုမ္ပဏီတွေကပေးထားတဲ့ SSL Certificate ရှိ၊ မရှိကိုစစ်ဆေးခြင်းဖြင့် web site ဟာယုံကြည်စိတ်ချရမှု ရှိ၊မရှိသိနိုင်ပါတယ်။
၃။SSL Certificate ရဲ့သက်တမ်းကုန်ဆုံးခြင်းရှိ၊ မရှိကိုစစ်ဆေးပါ။ သက်တမ်းကုန်နေပြီဆိုရင်တော့ အသုံးပြုသူရဲ့ အချက်အလက်တွေကို encrypt လုပ်ပေးဖို့အတွက် အာမခံချက်ရှိမှာမဟုတ်ပါဘူး။


လုံခြုံရေးသတိပေးချက်များ



Internet Explorer, Firefox နဲ့ Chrome တို့ရဲ့ လက်ရှိဗားရှင်းတွေဟာအသုံးပြုသူများအတွက် SSL Certificate ကိုအတည်ပြုစစ်ဆေးပေးနိုင်ပါတယ်။ အကယ်၍ Certificate တွေဟာ Up to Date မဖြစ်တဲ့အခါ ဒါမှမဟုတ် ယုံကြည်စိတ်ချရတဲ့ Certificate Authority တွေကနေထုတ်ပေးထားခြင်းမဟုတ်တဲ့အခါမှာ browser တွေကနေအောက်ဖော်ပြပါ သတိပေးမှုတွေကို ပြုလုပ်ပေးပါတယ်။


Inter Explorer 8 ဟာ Certificate မှန်ကန်မှု ရှိ၊ မရှိကို Four-level color system ကိုအသုံးပြုပြီးသတိပေးမှုပြုလုပ်ပါတယ်။


Firefox ကတော့ One-Click Site ID နဲ့ Certificate မှန်ကန်မှုရှိမရှိကိုစစ်ဆေးပါတယ်။
Chrome ကတော့ အခြေခံသတိပေးးစာတန်းအပြင် Certificate နဲ့ ပက်သက်တဲ့ သတိပေးမှုကို color-coded domain highlighting ဖြင့်ပြုလုပ်ပါတယ်။


Phishing Scam များကိုဘယ်လိုကာကွယ်မလဲ



လုံခြုံစိတ်ချရတဲ့ ဆိုက်တွေဟာအချက်အလက်တွေကိုဆိုက်ဘာဒုစရိုက်သမားတွေကနေ ကြားဖြတ်ရယူခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။ ဒါပေမဲ့ ဆိုက်ဘာဒုစရိုက်သမားတွေကနေ phishing scam တိုက်ခိုက်မှုတွေနဲ့ တိုက်ရိုက်ပြုလုပ်နိုင်တာကြောင့် သတိထားဖို့ လိုအပ်ပါတယ်။ Phishing scam အများစုဟာဘဏ် ၊ အကြွေးဝယ်ကတ် ကုမ္ပဏီနဲ့ တခြားဘဏ္ဍာရေးအဖွဲ့ အစည်းတွေရဲ့  တရားဝင်သတိပေးချက်များကဲ့ သို့ ပြုလုပ်ကာအသုံးပြုသူရဲ့  အကြွေးဝယ်ကတ်နံပါတ်များနဲ့  တခြား account အချက်အလက်တွေကိုလိမ်လည်ရယူသွားနိုင်ပါတယ်။
ဒါကြောင့် ဘဏ်၊ အကြွေးဝယ်ကတ်ကုမ္ပဏီမနဲ့ ဘဏ္ဍာရေးအဖွဲ့အစည်းတွေကနေပုဂ္ဂိုလ်ရေးဆိုင်ရာအချက်အလက်တွေကိုတောင်းခံလာတဲ့ Email များ၊ pop-up များ၊ Text message များနဲ့ ဖုန်းခေါ်ဆိုမှုများကို ပြန်လည် တုန့်ပြန်ခြင်းမပြုပါနဲ့။ ပြဿနာတစ်စုံတစ်ရာပေါ်ပေါက်လာတဲ့အခါမှာအသုံးပြုသူမှ ဖုန်းခေါ်ခြင်းဖြင့်သာစုံစမ်းအတည်ပြုသင့်ပါတယ်။


အွန်လိုင်းပေါ်တွင် ဈေးဝယ်ခြင်းကိုလုံခြုံစိတ်ချစွာ ပြုလုပ်ခြင်း။



အွန်လိုင်းပေါ်မှာ ဈေးဝယ်ခြင်းဟာ ပြည်တွင်းမှာမရရှိနိုင်တဲ့ ထုတ်ကုန်တွေကို ၀ယ်ယူခွင့်ရရှိစေတဲ့အတွက် အဆင်ပြေတဲ့နည်းလမ်းတစ်ခုလိုဆိုရမှာပါ။ ဒါပေမဲ့ အွန်လိုင်းပေါ်ကနေငွေပေးချေမှုပြုလုပ်တဲ့အခါမှာတော့ လိမ်လည်မှုတွေဖြစ်ပွားလာနိုင်ပါတယ်။ အွန်လိုင်းဈေးဝယ်ဆိုက်တစ်ခုကို အသုံးပြုတဲ့အခါမှာအသုံးပြုနေတဲ့ဆိုက် လုံခြုံမှု ရှိ၊မရှိစစ်ဆေးခြင်း၊ Web Site မှသတ်မှတ်ထားသည့် စည်းကမ်းချက်များကိုသေချာစွာဖတ်ခြင်း၊ လုံခြုံရေးပရိုဂရမ်များကိုအသုံးပြုခြင်းစတဲ့ပုံမှန်ကြိုတင်ကာကွယ်မှုများ ပြုလုပ်တဲ့အလေ့အထအကျင့်ရှိရပါမယ်။


ခြေရာခံနိုင်တဲ့ အချက်အလက်တွေ မကျန်ပါစေနဲ့။



ဘဏ္ဍာရေးဆိုင်ရာလုပ်ငန်းကိစ္စရပ်တွေကို ပြုလုပ်တဲ့အခါမှာ private browser session ကနေပြုလုပ်သင့်ပါတယ်။ ဒါမှသာ browsing history, password တွေနဲ့ တခြား private data တွေကိုသိမ်းဆည်းထားခြင်းမရှိသလိုအသုံးပြုသူရဲ့ ကွန်ပျူတာကိုအခြားသူတစ်ဦးမှာအသုံးပြုတဲ့အခါမှာလဲ ၎င်းတို့ကိုအသုံးပြုနိုင်မှာမဟုတ်ပေ။
နောက်ပြီးအသုံးပြုမှုပြီးဆုံးသွားတဲ့အခါမှာ Web Site ကို log off လုပ်ခြင်းဒါမှမဟုတ် browser window အားလုံးကိုပိတ်ပစ်ခြင်းတိုကိုပြုလုပ်သင့်ပါတယ်။ ဖြစ်နိုင်ပါကဘဏ္ဍာရေးကိစ္စတွေကို ဝေမျှအသုံးပြုနေတဲ့ ကွန်ပျူတာပေါ်ကနေ ပြုလုပ်ခြင်းဒါမှမဟုတ် public wireless internet connection ပေါ်ကနေပြုလုပ်ခြင်းတို့ကိုရှောင်ရပါမယ်။


Back ခလုတ်ကိုနှိပ်တဲ့အခါ သတိထားပါ။



အွန်လိုင်းစတိုးဆိုင်ကနေ ၀ယ်ယူမှုတစ်ခုကိုပြုလုပ်လိုက်တဲ့အခါမှာအဆိုပါဆိုက်ဟာ အသုံးပြုဝယ်ယူလိုက်တဲ့ အချက်အလက်တွေကိုစုဆောင်းထားပါတယ်။ အကယ်၍ အချက်အလက်တွေကိုထည့်သွင်းပြီးနောက် back ခလုတ်ကိုနှိပ်လိုက်မိတဲ့အခါမှာအချက်အလက်ကိုနောက်တစ်ကြိမ် ပေးပို့မိသလို ဖြစ်သွားနိုင်တဲ့အတွက် ငွေပေးချေတဲ့အခါမှာ နှစ်ဆပေးချေရနိုင်ပါတယ်။ ဘဏ် Web Site ပေါ်ကနေငွေလွှဲပြောင်းမှုပြုလုပ်စဉ်အတွက်း back ခလုပ်နှိပ်မိတဲ့အခါမှာလည်းအလားတူဖြစ်ရပ်မျိုးပေါ်ပေါက်နိုင်ပါတယ်။
အကယ်၍ backခလုတ်ကိုမတော်တဆနှိပ်မိလိုက်ပြီဆိုရင်တော့ အသုံးပြုသူရဲ့ browser ကနေ send the form again ဆိုပြီးမေးပါလိမ့်မယ်။ Cancel ကိုနှိပ်မှသာအချက်အလက်တွေကိုနောက်တစ်ကြိမ် ပေးပို့ခြင်းမှ ကာကွယ်နိုင်ပါလိမ့်မယ်။


(မောင်ပေါ်ဦး) 4.21.2012

တစ်မိုးအောက်-(ပူစူး) အခုလက်ရှိအကြိုက်ဆုံး
Download
koshain17@gmail.com သို့ဆက်သွယ်နိုင်ပါတယ်။
တွယ်ရာမဲ့သော ကျွန်တော် ဘဝ
ကျွန်တော်တင်ထားသောပုံများ မတွေ့ရပါက ဒီနေရာမှာ အကောင့်ဖောက်ပါ။
ကျွန်တော် facebook မသုံးပါ။ twitter တော့သုံးပါတယ်
မောင်ပေါ်ဦး is offline   Reply With Quote
အောက်ပါအသင်းဝင် 14 ဦးတို့မှ မောင်ပေါ်ဦး အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 23-04-2012, 10:08 PM
  post #3
မောင်ပေါ်ဦး
MF Contributor
 
မောင်ပေါ်ဦး's Avatar
 
အသင်းဝင်နေ့စွဲ: Sep 2008
တည်နေရာ: Working
ရေးသားချက်များ: 2,276
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 4,939
ပို့စ် 1,900 ခုအတွက် 9,442 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
ပုံများ: 4
မောင်ပေါ်ဦး will become famous soon enough
ပြန်စာ - ကျွန်တော်နှင့် Security ပိုင်ဆိုင်းရာ ƙ

ကျွန်တော်ဒီနေ့မှာတော့ အပေါ်က ပိုစ့်မှာကျန်တာလေးကိုဆက်ပါမယ် မှားတာများပါရင်ခွင့်လွတ်ကြပါ အဆင်ပြေပြေလေ့လာနိုင်ပါစေ။

Browser ကိုအမြဲ Update လုပ်ပါ။


Malware အသစ်တွေနဲ့ phishing ခြိမ်းခြောက်မှုအသစ်တွေဟာအမြဲလိုလိုထွက်ပေါ်လေ့ရှိတာကြောင့် အင်တာနက်အသုံးပြုသူများရဲ့ browser ကိုအမြဲ update လုပ်ဖို့လိုပါတယ်။


Domain နာမည်တွေကိုစစ်ဆေးပါ။

အန္တာရာယ်ရှိတဲ့ဆိုက်တွေဟာ ၎င်းတို့ကို တရားဝင်ဆိုက်မှာအဖြစ် အသုံးပြုသူများယုံကြည်စေရန်အတွက် မျက်စိမှောက်မှားစေနိုင်တဲ့ Domain တွေကိုအသုံးပြုလေ့ရှိပါတယ်။ ဥပမာအနေနဲ့ကတော့ www.bankofamerican.com ဖြစ်ပါတယ်။ ဒါပေမဲ့ Domain အစစ်ရဲ့အမည်ဟာ “n” မပါတဲ့ www.bankofamerica.comပါ။ အင်တာနက်အသုံးပြုသူများအနေနဲ့ content များကို download လုပ်ခြင်း၊ ဘဏ် account ဒါမှမဟုတ် အကြွေးဝယ်ကတ်နဲ့ ဈေးဝယ်ခြင်းစတာတွေပြုလုပ်တဲ့အခါမှာအဆိုပါ ကိစ္စရပ်များကိုမပြုလုပ်မှီ Domain အမည်စစ်ဆေးခြင်းကိုသေချာစွာပြုလုပ်သင့်ပါတယ်။

Downlaod ပြုလုပ်ခြင်းများအတွက် ကြိုတင်ကာကွယ်မှု


ကွန်ပျူတာများထံ malware, spyware နဲ့ adware တွေဝင်ရောက်လာနိုင်တဲ့နည်းလမ်းတွေနက် အလွယ်ကူဆုံးနည်းလမ်းတစ်ခုကတော့ download ပြုလုပ်ခြင်းမှ ၀င်ရောက်ခြင်းဖြစ်ပါတယ်။ အင်တာနက်အသုံးပြုသူများအနေနဲ့ ကွန်ပျူတာအတွင်းသို့ Software Program နောက်ဆုံးပေါ် ပေါ့ပ်သီချင်းနဲ့ နာမည်ကျော်ဂိမ်းစတဲ့ content တွေကို download မပြုလုပ်မီ ကြိုတင်ကာကွယ်မှုများပြုလုပ်ထားသင့်ပါသည်။ အကောင်းဆုံးကာကွယ်မှု စနစ်ကတော့ ကွန်ပျူတာအတွင်း update ဖြစ်တဲ့ security program များအသုံးပြုခြင်းနဲ့ firewall ဖွင့်ထားခြင်းတို့ဖြစ်ပါတယ်။

[b]အင်တာနက်အသုံးပြုသူများအားခြေရာခံနိုင်တယ်ဆိုတာသိထားပါ။[/B
]

အင်တာနက်ပေါ်မှာ ကြည့်ရှုထားသမျှ ဒါမှမဟုတ် click လုပ်ထားသမျှကိုတခြားသူများကနေခြေရာခံရှာဖွေနိုင်ပါတယ်။ တချို့ ကတော့ဝက်ဘ်ဆိုက်ကို အချိန်အတိုအတွင်း ပြန်ဖွင့်နိုင်ရန်အတွက်လည်းကောင်း၊တချို့ ကတော့ အချက်အလက်စုဆောင်းခြင်းနဲ့ အချက်အလက်များခိုးယူကြည့်ခြင်းတို့အတွက် အသုံးပြုပါတယ်။ ဥပမာတချို့ ကတော့ အောက်ဖော်ပြပါ အတိုင်းဖြစ်ပါတယ်။
၁။ ၀က်ဘ်ဆိုက်တစ်ခုဟာ တိကျတဲ့သေချာတဲ့အချက်အလက်ကိုမှတ်မိစေရန်အတွက် ကွန်ပျူတာအတွင်း cookie တစ်ခုကိုထားလေ့ရှိပါတယ်။ ဒါမှသာနောက်တစ်ခါပြန်ဖွင့်ရာမှာပိုမိုချောမွေ့ စွာနဲ့ ပြုလုပ်စေနိုင်ပါတယ်။
၂။ Amazon, eBay စတဲ့ ၀က်ဘ်ဆိုက်တွေဟာ အသုံးပြုသူစိတ်ဝင်စားတဲ့ အချက်အလက်တွေကိုစုဆောင်းထားပါတယ်။ ဒါမှသာအသုံးပြုသူကြိုက်နှစ်သက်နိုင်မယ့် ထုတ်ကုန်များနဲ့ ရုပ်ရှင်များကိုအကြံပြုဖော်ပြပေးနိုင်မှာပါ။
၃။ Google ဟာကုမ္ပဏီများထံကိန်းဂဏန်းအချက်အလက်များထောက်ပံ့ရန်အတွက် အင်တာနက်လုပ်ဆောင်မှုများကိုခြေရာခံကာလေ့လာဆန်းစစ်မှုများပြုလုပ်ပါတယ်။ ယင်းကုမ္ပဏီတွေဟာအဆိုပါအချက်အလက်များကိုအသုံးပြုပြီဈေးကွက်ရှာဖွေခြင်း၊ ကြော်ငြာခြင်းတို့ကိုပြုလုပ်ပါတယ်။
၎။ Program တစ်ခုကို download ပြုလုပ်ခြင်းနဲ့ ၀က်ဘ်ဆိုက်တစ်ခုအတွက် sign up ပြုလုပ်ခြင်းဟာလည်းအဆိုပါ program နဲ့ ဆိုက်များကနေပြီးကြော်ငြာခြင်းအတွက် အသုံးပြုသူရဲ့အချက်အလက်များကို third-party များကနေပြီးရရှိနိုင်တဲ့အချက်အလက်ဖြစ်ပါတယ်။
၅။ ကွန်ပျူတာတစ်လုံးကိုအခြားသူများထံ မျှဝေအသုံးပြုခြင်းဟာလည်းအသုံးပြုသူရဲ့ အင်တာနက်အသုံးပြုမှတ်တမ်းများကိုလေ့လာဆန်းစစ်နိုင်စေမယ့် အချက်ပါ။
၆။ Malware, Spyware အများစုကို ID ခိုးယူခြင်းအတွက် အသုံးပြုနိုင်တဲ့ အကြွေးဝယ်ကတ်နံပါတ်များနဲ့ Bank account password လိုမျိုးအရေးကြီးတဲ့အချက်အလက်တွေကိုခြေရာခံရယူခြင်းအတွက် အသုံးပြုကြပါတယ်။
ဒါကြောင့် အင်တာနက်အသုံးပြုပြီးတဲ့ အခါမှာ cookie များနဲ့ အင်တာနက်အသုံးပြုမှုမှတ်တမ်း( browsing history ) များကိုဖျက်ပစ်ခြင်းဒါမှမဟုတ် private browsing ဖြင့် အင်တာနက် အသုံးပြုခြင်းတို့ ကို ပြုလုပ်သင့်ပါတယ်။

Cookie များကိုထိန်းချုပ်ခြင်း


ဝက်ဘ်ဆိုက်အများစုဟာ Cookies လိုခေါ်တဲ့သေးငယ်တဲ့ Text File တွေကိုကွန်ပျုတာအတွင်းသို့ထည့်သွင်းပါတယ်။ Cookies ဟာအသုံးပြုသူရဲ့ ကွန်ပျူတာနဲ့ ၀က်ဘ်ဆာဗာကိုဆက်သွယ်ရာမှာ အကူအညီပေးနိုင်သလိုအင်တာနက်အသုံးပြုသူများအတွက် ခြေရာခံနိုင်တဲ့ နေရာမှာလည်းအသုံးပြုနိုင်ပါတယ်။ Browser အားလုံးတိုင်းမှာကွန်ပျူတာမှ cookieတွေကိုထိန်းချုပ်ခြင်း၊ တာမြစ်ခြင်းနဲ့ ဖျက်ပစ်ခြင်းတို့ပြုလုပ်နိုင်မယ့် tool တွေပါဝင်ပါတယ်။

Private Browsing များကိုအသုံးပြုခြင်း


Browser အများစုမှာအင်တာနက်ကို Private အနေနဲ့ သုံးနိုင်မယ့် tool option တစ်ခုပါဝင်ပါတယ်။ private browsing ဖြင့် အင်တာနက်အသုံးပြုတဲ့အခါမှာ
၁။ လည်ပတ်ကြည့်ရှုခဲ့တဲ့ စာမျက်နှာများကို History နဲ့  Address Bar တွင် မှတ်သားသိမ်ဆည်းထားမှုမရှိခြင်း။
၂။ အင်တာနက်အသုံးပြုမှုပြီးဆုံးပြီး browser ကိုပိတ်လိုက်တဲ့အခါမှာ cookie များကိုပယ်ဖျက်ပေးခြင်း။
၃။ အင်တာနက်အသုံးပြုမှုပြီးဆုံးသည့်အခါတွင် temporary internet fileများကိုသိုလှောင်ထားသည့် Cache ကိုရှင်းလင်းပေးခြင်း။
၎။ Password အပါအ၀င် form များ၊ search bar များနှင့် text box များတွင်ထည့်သွင်းထားသည့် စာသားများအားမှတ်သားသိမ်းဆည်းထားမှုမရှိခြင်း။
၅။ Download window နဲ့ folder ရှိ download စာရင်းများကိုပယ်ဖျက်ပေးခြင်းစတဲ့လုပ်ဆောင်ချက်တွေကို ပြုလုပ်ပေးနိုင်ပါတယ်။

တစ်မိုးအောက်-(ပူစူး) အခုလက်ရှိအကြိုက်ဆုံး
Download
koshain17@gmail.com သို့ဆက်သွယ်နိုင်ပါတယ်။
တွယ်ရာမဲ့သော ကျွန်တော် ဘဝ
ကျွန်တော်တင်ထားသောပုံများ မတွေ့ရပါက ဒီနေရာမှာ အကောင့်ဖောက်ပါ။
ကျွန်တော် facebook မသုံးပါ။ twitter တော့သုံးပါတယ်
မောင်ပေါ်ဦး is offline   Reply With Quote
အောက်ပါအသင်းဝင် 10 ဦးတို့မှ မောင်ပေါ်ဦး အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 26-04-2012, 09:52 AM
  post #4
မောင်ပေါ်ဦး
MF Contributor
 
မောင်ပေါ်ဦး's Avatar
 
အသင်းဝင်နေ့စွဲ: Sep 2008
တည်နေရာ: Working
ရေးသားချက်များ: 2,276
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 4,939
ပို့စ် 1,900 ခုအတွက် 9,442 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
ပုံများ: 4
မောင်ပေါ်ဦး will become famous soon enough
ပြန်စာ - ကျွန်တော်နှင့် Security ပိုင်ဆိုင်းရာ ƙ

Web site အသုံးပြုခြင်းအား ပိုမိုလုံခြုံမှုရှိစေမည့် Firefox Add - on များ


အင်တာနက်အသုံးပြုသူများ အနေဖြင့် အွန်လိုင်းပေါ်မှ တဆင့် မလိုလားအပ်သောvirus, Trojan , worm များ အပြင် အခြား malware နှင့် spyware များ ၀င်ရောက်လာခြင်းကိုကြုံတွေ့ကြရပါတယ်။ ထို virus အများအပြားကို လုံးဝမ၀င်ရောက်နိုင်စေရန် တားဆီးရန်ကတော့ အတော်လေး ခက်ခဲတဲ့အလုပ်တစ်ခုပဲဖြစ်ပါတယ်။ ဒါပေမဲ့ ထို virus နှင့် botnet အများ အပြားကို ကာကွယ်တားဆီးရန်အတွက် လုံခြုံရေးဆိုင်ရာ Layer များပေါင်းစပ်အသုံးပြုနိုင်ပါတယ်။ Layer များအသုံးပြုခြင်းအားဖြင့် အင်တာနက် အသုံးပြုရာမှာ ပိုမိုပြီး
လုံခြုံမှုရှိစေနိုင်ပေမဲ့ ထို Layer များကြောင့် web browing ကိုပိုမိုနှေးကွေးသွား စေနိုင်ပါတယ်။


ယနေ့ အောင်မြင်မှုရှိနေသော popular browser များဟာ လုံခြုံရေးဆိုင်ရာ
ကောင်းမွန်စေရန်နှင့် အမြန်နှုန်းမြင့်မားစေရန် အထူးကြိုးပမ်းဆောင်ရွက်ကြပါတယ်။ Browser တစ်မျိုးနှင့်တစ်မျိုးအမြန်နှုန်းကောင်းမွန်ခြင်း နှင့် လုံခြုံရေးတွင်အဓိကထား ပြိုင်ဆိုင်ကြပြီး Firefox ကတော့ အတော်လေးအောင်မြင်လျှက်ရှိနေတဲ့ Browser ပဲဖြစ်ပါတယ်။ ဒါပေမဲ့မည်သည့် Browser ကမှ သင့်အား အလုံးစုံ လုံခြုံမှုရှိစေရန်ဆောင်ရွက်ပေးနိုင်မှာ မဟုတ်ပါဘူး။ ထို့ကြောင့် Firefox အတွင်းလုံခြုံရေးဆိုင်ရာ Layer များ ထည့်သွင်းပေါင်းစပ်အသုံးပြုခြင်းအားဖြင့်Virus , Trojan နှင့် အခြား malicious code များကို ကာကွယ်ပေးနိုင်ပြီး ပိုမိုကောင်းမွန်စေလိုပါက Internet Security Toolsများကိုပါ ပေါင်းစပ်အသုံးပြုသင့်ပါတယ်။



Search Engine များ အသုံးပြုပြီး အင်တာနက်ပေါ်မှ တဆင့်အကြောင်းအရာမျိုးစုံကို ရှာဖွေအသုံးပြုကြရာမှာအချို့သော Search result ပြန်လည်ဖေါ်ပြချက်တွေဟာ စိတ်ချယုံကြည်လို့မရနိုင်ပါဘူး။ Phisher လို့ခေါ်တဲ့ Phishingတိုက်ခိုက်မှုဟာ ယနေ့ ခေတ်မှာ အတော်လေး ပျံ့နှံ့တိုက်ခိုက်မှုများရှိလာပြီး
သင်မြင်ဖူးနေကျ Link များကဲ့သို့ အယောင်ဆောင် ကာ သင်၏ Data အချက်အလက်များကို ခိုးယူသွားနိုင်ပါတယ်။ ထို့ကြောင့်Firefox အတွင်း Link Checker ကို ထည့်သွင်းအသုံးပြုစေခြင်းဖြင့် URLs များမှ ၀င်ရောက်တိုက်ခိုက်လာမှုကိုကာကွယ်ပေးနိုင်ပါတယ်။
Link Checker ဟာ လုံခြုံစိတ်ချမှုရှိတဲ့ website လိပ်စာများဘေးတွင်အမှန်ခြစ်ကလေးဖြင့် ဖေါ်ပြပေးမှာ ဖြစ်ပြီးအန္တရယ်ရှိတဲ့ Website လိပ်စာများဘေးတွင်တော့ သတိပေးချက် (Caution )အမှတ်အသားကို ဖေါ်ပြပေးနေမှာပဲဖြစ်ပါတယ်။ထို့ပြင် Link Checker ကဲ့သို့ LinkExtend Tool များကိုလည်းပေါင်းစပ်ထည့်သွင်း အသုံးပြုခြင်းဖြင့် Phishing တိုက်ခိုက်မှု
နှင့် အခြား Malicious Link များ ရန်မှ ကာကွယ်တားဆီးထားနိုင်ပါတယ်။


အင်တာနက်ပေါ်တွင် ဆော့ဖ်ဝဲများ Download ပြုလုပ်နိုင်သည့် Websiteအချို့ဟာ သင်၏ ဆိုက်အတွင်းလုပ်ဆောင်ချက်များကို ခြေရာခံ စောင့်ကြည့်နေမှာပဲဖြစ်ပါတယ် ။ ထိုကဲ့သို့
ခြေရာခံ စောင့်ကြည့်နေမှုများကို ကာကွယ်နိုင်စေရန် အတွက် Ghostery add-on ကို အသုံးပြုနိုင်ပြီး ၄င်းဟာ
ဝက်ဘ်စာမျက်နှာရှိ ခြေရာခံစောင့်ကြည့်နေမှုများ (Tracker)များ အမည်များကို ဖေါ်ပြပေးနိုင်ပြီး Block ပြုလုပ်ထားလို့လည်း ရပါတယ်။
ထို add-on ကို ထည့်သွင်းအသုံးပြုမည်ဆိုပါကFirefox window ၏ ညာဘက်အောက်ခြေတွင် "ghost" icon တစ်ခုကိုမြင်တွေ့ရမှာဖြစ်ပြီး Tracker များကိုတွေ့ရှိပါကလိမ္မော်ရောင်သို့ ပြောင်းလဲကာ သတိပေးနေမှာပဲဖြစ်ပါတယ်။ ထို့ပြင်ရှာဖွေတွေ့ရှိတဲ့ Tracker အရေအတွက်ကိုဖေါ်ပြပေးနိုင် ပြီး အလွယ်တကူ Block ပြုလုပ်ထားနိုင်တာကြောင့် သင်၏
အင်တာနက်အသုံးပြုခြင်းအတွက် ပိုမို လုံခြုံမှုရှိ စေနိုင်ပါတယ်။



သင့်အနေဖြင့် Browsing ပြုလုပ်နေစဉ်အတွင်း
encrypted ပြုလုပ်ထားသောဝက်ဘက်စာမျက်နှာများကို ရောက်ရှိသွားပါက CipherFox ဟာ သင့်အား သတိပေးစေနိုင်သည့် add-on ပဲဖြစ်ပါတယ်။ CipherFox ကို Firefox အတွင်း ထည့်သွင်းအသုံးပြုမည်ဆိုပါက Browser ၏ ညာဘက်အောက်ခြေရှိ Bar တွင် iconတစ်ခုပေါ်နေမှာ ဖြစ်ပြီး သင်အသုံးပြုနေတဲ့ဝက်ဘ်စာမျက်နှာ များကို စောင့်ကြပ်ကြည့်ရှုနေမှာပဲဖြစ်ပါတယ်။ ၄င်းဟာSecure Sockets Layer/ Transport LayerSecurity (SSL/ TLS) ဖြစ်ပြီး RC4 encryption များကိုပါ Disableပြုလုပ်ထားနိုင်ပါတယ်။


အပိုင်း(၂) ဆက်ရန်

တစ်မိုးအောက်-(ပူစူး) အခုလက်ရှိအကြိုက်ဆုံး
Download
koshain17@gmail.com သို့ဆက်သွယ်နိုင်ပါတယ်။
တွယ်ရာမဲ့သော ကျွန်တော် ဘဝ
ကျွန်တော်တင်ထားသောပုံများ မတွေ့ရပါက ဒီနေရာမှာ အကောင့်ဖောက်ပါ။
ကျွန်တော် facebook မသုံးပါ။ twitter တော့သုံးပါတယ်
မောင်ပေါ်ဦး is offline   Reply With Quote
အောက်ပါအသင်းဝင် 8 ဦးတို့မှ မောင်ပေါ်ဦး အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 28-04-2012, 09:08 AM
  post #5
မောင်ပေါ်ဦး
MF Contributor
 
မောင်ပေါ်ဦး's Avatar
 
အသင်းဝင်နေ့စွဲ: Sep 2008
တည်နေရာ: Working
ရေးသားချက်များ: 2,276
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 4,939
ပို့စ် 1,900 ခုအတွက် 9,442 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
ပုံများ: 4
မောင်ပေါ်ဦး will become famous soon enough
ပြန်စာ - ကျွန်တော်နှင့် Security ပိုင်ဆိုင်းရာ ƙ

Web Site အသုံးပြုခြင်းအား ပိုမိုလုံခြုံမှုရှိစေမည့် Firefox Add - on များ (အပိုင်း ၂ )


Firefox အတွင်း Built-in အနေဖြင့် ပါဝင်ထည့်သွင်းပေးထားသော PasswordManager ကို အသုံးပြုပြီး MasterPassword များကို ဖန်တီးထားနိုင်ပါတယ်။ သို့ပေမဲ့ သင့်အနေဖြင့် Passwordများနှင့်ပတ်သက်ပြီး ပိုမိုလုံခြုံစိတ်ချမှု ရှိစေလိုပါက LastPass add-on ကို ထည့်သွင်း အသုံးပြုနိုင်ပါတယ်။ ထို add-on ကိုinstall ပြုလုပ်ထားပါက Firefox window ၏
အပေါ် ဘက်တွင် Icon လေးပေါ်နေမှာ ဖြစ်ပြီး သင်၏ ကိုယ်ပိုင်အချက်အလက်တိုများ ၊ User ID များ၊ Password များကိုလုံခြုံစိတ်ချစွာ မှတ်သားထားနိုင်ပါတယ်။ ထို့ပြင် Password နှင့် UserID များကို Export နှင့် import များ ပြုလုပ်နိုင်တာကြောင့် ပိုမို အဆင်ပြေပြီး Keyboard shortcut များ အနေဖြင့်ပါ ဖန်တီးအသုံးပြုနိုင်ပါတယ်။
ထို LastPass add-on အား Internet Explorer , Google Chrome, Safariတို့တွင် ထည့်သွင်းအသုံးပြုနိုင်ပြီးသင့် Password များကို ၄င်း၏ ဆာဗာတွင် encrypt ပြုလုပ်ကာ
သိမ်းဆည်းထားပေးမှာပဲဖြစ်ပါတယ်။ ထို LastPass add-onအား ၀က်ဘ်အသုံးပြုနိုင်တဲ့ မည်သည့် device များတွင်မဆို ထည့်သွင်းအသုံးပြုနိုင်ပြီး iPhone နှင့် Smartphone များအတွင်း
ထည့်သွင်း အသုံးပြုမည်ဆိုပါက Member ပြုလုပ်ပေးရမည်ဖြစ်ပြီး လစဉ်အမေရိကန် 1 ဒေါ်လာ ပေးဆောင်နေရမှာပဲဖြစ်ပါတယ်။

ဒီ Add - on လေးကတော့ ၀က်ဘ်အသုံးပြုရာတွင် ပိုမိုလုံခြုံစိတ်ချမှုရှိစေနိုင်တဲ့ Add - on တစ်ခုဖြစ်ပါတယ်။ သင့်ကွန်ပျူတာရှိ IP အား မမြင်နိုင်အောင် Hide လုပ်ထားနိုင်ပြီး လုံခြုံရေးဆိုင်ရာ ပိုမိုကောင်းမွန်စေတဲ့ Add-on တစ်ခုဖြစ်ပါတယ်။


RemoveLocale
ကတော့ Phishing တိုက်ခိုက်မှုကို အပြည့်အ၀ ကာကွယ်ပေးနိုင်တဲ့ Add-on တစ်ခုဖြစ်ပါတယ်။ Firefox အား ပိုမိုလုံခြုံမှုရှိစေသလို ၀က်ဘ်ဆိုက်လိပ်စာများမှ Diacritics များကိုလည်း ဖယ်ရှားပေးနိုင်ပါတယ်။

Mitto Password Manager ကတော့ အွန်လိုင်း password manager တစ်ခုဖြစ်ပြီး မည်သည့် browser နှင့်မဆိုတွဲဖက်အသုံးပြုနိုင်တဲ့ Add-on တစ်ခုဖြစ်ပါတယ်။ အင်တာနက်အသုံးပြုရာ၌ ပိုမိုလုံခြုံစိတ်ချမှုရှိစေနိုင်သလို ၀က်ဘ်ဆိုက်များ၏ password များကိုလည်း မှတ်သားပေးနိုင်ပါတယ်။ Login ပြုလုပ်ရာမှာပိုမိုလွယ်ကူလာသလို ကွန်ပျူတာအတွင်းရှိ အခြားသော password များစွာကိုလည်း မှတ်သားပေးနိုင်ပါတယ်။


BrowserProtect
ကတော့ သင့် browser ၏ configuration များစွာကို ကာကွယ်ပေးထားနိုင်သည့် Add-on တစ်ခုဖြစ်ပါတယ်။ ထို့ပြင် browser ၏ homepage နှင့် search ကိုလည်းသတ်မှတ်ပေးထားနိုင်သလို Hijacks တိုက်ခိုက်မှုကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ အချို့သော add-on များစွာဟာ သင့် browser ၏ configuration အချို့ကိုပြောင်းလဲသတ်မှတ် ပေးနိုင်တာကြောင့် BrowserProtect ကိုအသုံးပြုခြင်းအားဖြင့် configuration များကို ကာကွယ်တားဆီးပေးနိုင်ပါတယ်။

တစ်မိုးအောက်-(ပူစူး) အခုလက်ရှိအကြိုက်ဆုံး
Download
koshain17@gmail.com သို့ဆက်သွယ်နိုင်ပါတယ်။
တွယ်ရာမဲ့သော ကျွန်တော် ဘဝ
ကျွန်တော်တင်ထားသောပုံများ မတွေ့ရပါက ဒီနေရာမှာ အကောင့်ဖောက်ပါ။
ကျွန်တော် facebook မသုံးပါ။ twitter တော့သုံးပါတယ်
မောင်ပေါ်ဦး is offline   Reply With Quote
အောက်ပါအသင်းဝင် 6 ဦးတို့မှ မောင်ပေါ်ဦး အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 02-05-2012, 06:46 PM
  post #6
k2chit
မွေးကင်းစကလေး
 
k2chit's Avatar
 
အသင်းဝင်နေ့စွဲ: Sep 2008
တည်နေရာ: မန္တလေးမြို့လေး
ရေးသားချက်များ: 4
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 1
ပို့စ် 1 ခုအတွက် 2 ဦးမှကျေးဇူးတင်ကြောင်းပြောပါသည်။
ပုံများ: 1
k2chit is on a distinguished road
ပြန်စာ - ကျွန်တော်နှင့် Security ပိုင်ဆိုင်းရာ ƙ

အရမ်းကောင်းတယ်ဗျာ အခုလို Security ပိုင်းကို လေ့လာတင်ပြတဲ့အတွက် မိသားစုဝင်တွေအတွက် အများကြီးအကျိုးပြုပါတယ်
အွန်လိုင်းသုံးသူတွေအတွက်လည်း အများကြီးလိုအပ်ပါတယ်.. ကျေးဇူးတင်ပါတယ်
k2chit is offline   Reply With Quote
အောက်ပါအသင်းဝင် 2 ဦးတို့မှ k2chit အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Reply

တန်ဆာပလာများ
ဖော်ပြမှုပုံစံ

Posting Rules
You may not post new threads
You may not post replies
You may not post attachments
You may not edit your posts

BB code is On
Smilies are On
[IMG] code is On
HTML code is Off

ဖိုရမ်တွေ ကျော်ရောက်ချင်ရင် !

အခြားဆင်တူဆွေးနွေးချက်များ
ဆွေးနွေးချက် စတင်ရေးသားသူ ကွပ်ပျစ်ဝိုင်း ပြန်စာများ နောက်ဆုံးပို့စ်
Virus အမျိုးအစားများနှင့် Virus ကာကွယ်နည်းများ KznT Virus & Anti-virus ပိုင်းဆိုင်ရာ 19 09-05-2011 12:36 PM
USB Disk Security PyaitSone Applications 30 25-09-2009 09:49 AM
10 Fast and Free Security Enhancements myatko296@gmail.com အထွေထွေဗဟုသုတ 0 13-11-2008 03:13 PM


ဖိုရမ်၏ ပင်မအချိန်သည် ဂရင်းနစ်စံတော်ချိန် +6.5 ဖြစ်သည်။ဒေသစံတော်ချိန် 08:14 PM
Inactive Reminders By Icora Web Design