Go Back   မြန်မာမိသားစုဖိုရမ် » ..:: ကွန်ပျူတာနယ်ပယ် ::.. » Linux များ (သို့) Linux နှင့်ဆိုင်ရာများ
မြန်မာလက်ကွက်

Linux များ (သို့) Linux နှင့်ဆိုင်ရာများ Linux OS များအကြောင်း ဆွေးနွေးရန်နေရာပါ.. Linux OS အသုံးပြုပုံများ.. တွေ့ကြုံရသည့်အခက်အခဲများကို ဆွေးနွေးဝေမျှထားသည့်နေရာဖြစ်သလို သင်ကိုယ်တိုင်လည်းဝင်ရောက်ဆွေးနွေးနိုင်ပါသည်.

Reply
 
Bookmark and Share တန်ဆာပလာများ ဖော်ပြမှုပုံစံ
Old 12-02-2015, 11:31 AM
  post #1
Htin Lin Kyaw
မွေးကင်းစကလေး
 
အသင်းဝင်နေ့စွဲ: Feb 2015
ရေးသားချက်များ: 1
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 4
ပို့စ် 1 ခုအတွက် 4 ဦးမှကျေးဇူးတင်ကြောင်းပြောပါသည်။
Htin Lin Kyaw is on a distinguished road
မိမိ ubuntu OS အတွက် packages များအား အခြား Computer တွင် download ပြုလ

မိမိ ubuntu OS အတွက် လိုအပ်သော packages သည် အခြား ubuntu ကွန်ပျူတာတစ်လုံး နှင့် မတူနိုင်ပါ။ packages များ ပုံစံတူတင်ထားသော အခြေအနေနှင့် အသစ်စက်စက်တင်ထား သော အခြေအနေမှလွဲရင်ပေါ့။ ထို့အတွက် မိမိစက်အတွက် လိုအပ်သော packages စာရင်းကို အရင်ထုတ်ယူရပါမည်။ ပြီးမှ ကြိုက်ရာ ကွန်ပျူတာတွင် သွား၍ download ပြုလုပ်နိုင်ပါ သည်။

လိုအပ်သော packages များကို dependencies များပါ ပါလာအောင် download ပြုလုပ်နိုင်မှ မိမိစက်တွင် error ကင်းကင်းနှင့် install ပြုလုပ်နိုင်မည်ဖြစ်ပါသည်။

မိမိစက်အတွက် လိုအပ်သော package list ထုတ်ယူရန်အတွက်တော့ အင်တာနက်ရှိရပါမည်။
အင်တာနက်နှေးခြင်းကြောင့် အကုန်လုံး download လုပ်တာထက်တော့ များစွာအဆင်ပြေပါ လိမ့်မည်။

အောက်ပါအတိုင်း လုပ်ဆောင်လျှင် ရနိုင်ပါသည်။

ဥပမာ အသစ်စက်စက်တင်ထားသော Ubuntu OS အတွက် VLC , ubuntu-restricted-extras နှင့် wine ကို install ပြုလုပ်ချင်လျှင်

ပထမဦးစွာ

$ sudo apt-get update

လို့ terminal တွင်ရိုက်ပြီး enter ခေါက်ပါ။ ထိုအခါ ပထမဦးဆုံး database ကို update လုပ်ခြင်းဖြစ်သောကြောင့် 30 MB ကျော်လောက် download ရယူရန်လိုသောကြောင့် အင်တာနက်နှေးပါ စိတ်ရှည်စွာ သည်းခံ၍ပြုလုပ်လိုက်ပါ။ မလုပ်လို့မရပါဘူး။ မလုပ်ရင် နောက်ထပ် command များကို ရိုက်ရင် packages များကို မတွေ့ပါဟု error ပြပါလိမ့်မည်။
ဒါက advanced packaging tool ဆိုတဲ့ apt ကို packages များ အင်တာနက်မှာ ဘယ်မှာရှိသလဲဆိုတာ ညွှန်ပြပေးနိုင်တဲ့ database တွေ ကို up-to-date ဖြစ်အောင်လုပ်နေတာပါ။

ပြီးရင်

$ sudo apt-get install - -print-uris -y vlc ubuntu-restricted-extras wine | grep ^\' | cut -d\' -f2 > list

ဟု terminal တွင် ရိုက်ပြီး enter နှိပ်လိုက်ပါ။ မိမိရောက်ရှိနေသော directory အောက်တွင် list ဆိုသော ဖိုင်လေး တစ်ဖိုင်ရလာပါလိမ့်မည်။ အထဲမှာ လိုအပ်သော packages တွေကို download လုပ်လို့ရမယ် address တွေ ပါပါတယ်။ vlc တို့ wine တို့ နေရာမှာ မိမိနှစ်သက် software နာမည်ကို ထည့်သွင်းနိုင်ပါတယ်။ ရလဲရနိုင်မယ့် နာမည်တော့ ဖြစ်ဖို့လိုပါတယ်။

၎င်း ဖိုင်လေးကို copy ကူးပြီး အခြားအင်တာနက်ရသော ကွန်ပျူတာသို့သွားပါ။ အခြားကွန်ပျူတာသည် windows OS ဖြစ်တယ် ဆိုကြပါစို့။

၎င်းကွန်ပျူတာတွင် list ဆိုတဲ့ ဖိုင်လေးကို ကြည့်ပါက file extension မပါသည့်အတွက် ဘာနှင့် ဖွင့်ရမှန်းသိမှာ မဟုတ်ပါဘူး။ open with ဖြင့် ရွေးချယ်ပြီး browser တစ်ခုခုဖြင့် ဖွင့်လိုက်ပါ။
address အများကြီးတွေ့ပါလိမ့်မယ်။

IDM ရှိလျှင် အဆင်ပြေပါတယ်။ Download all links with IDM ဆိုရင် ရပါတယ်။ download ပြုလုပ်မယ့် directory ရွေးပြီး download ပြုလုပ်ပြီး ရလာတဲ့ packages တွေကို မိမိ ubuntu OS ဆီပြန် ယူသွားလိုက်ပါ။

မိမိစက်ကိုရောက်ရင် ဥပမာ destop ပေါ်ကို packages ဆိုတဲ့ folder အနေနဲ့ copy ကူးလိုက်တယ် ထားပါတော့။

install လုပ်ချင်ရင်

$ sudo dpkg -i Desktop/packages/*.deb ဆိုရင် ရပါပြီ။

တစ်ခုတော့ရှိပါတယ်။ အဲသလို လုပ်တဲ့အချိန် အင်တာနက်ချိတ်ထားပေးနိုင် ပိုကောင်းတယ်။ ဘာကြောင့်လဲဆိုတော့ ubuntu-restricted-extras မှာပါတဲ့ packages နှစ်ခုကတင်တဲ့အချိန် အင်တာနက် တောင်းလို့ပါ။ မချိတ်ထားလဲရပါတယ်။ အင်တာနက်တောင်းရင် ctrl + c နှိပ်ပေးလိုက်ပါ။

အသစ်စက်စက် ubuntu အတွက် ဆို vlc က packages 70 ကျော်နဲ့ 17.7 MB လောက် ရှိတယ်။ ubuntu-restricted-extras ကလဲ 90 ကျော်​နှင့်​ 50 MB လောက်ရှိတယ်။ သူတို့ နှစ်ခုကို တစ်ခုချင်းစီ download လုပ်ရင် အဲသလောက်တွေ ရှိပါတယ်။ ဒါပေမယ့် တူနေတဲ့ packages က ၃၄ ခုလောက်ဖြစ်နေတယ်။ ပြောချင်တာက list ထုတ်တဲ့ command ရိုက်ရင် လိုချင်တဲ့ softwares နာမည်​​တွေကို တစ်ခါတည်း space ခြားပြီး ဆက်တိုက်ရေးပေးလိုက်ရင် တူနေတာတွေကို လျော့ချနိုင်ပါတယ်။

အဆင်ပြေကြပါစေ။

ထင်လင်းကျော်
10/2/15
Htin Lin Kyaw is offline   Reply With Quote
အောက်ပါအသင်းဝင် 4 ဦးတို့မှ Htin Lin Kyaw အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Reply

တန်ဆာပလာများ
ဖော်ပြမှုပုံစံ

Posting Rules
You may not post new threads
You may not post replies
You may not post attachments
You may not edit your posts

BB code is On
Smilies are On
[IMG] code is On
HTML code is Off

ဖိုရမ်တွေ ကျော်ရောက်ချင်ရင် !

အခြားဆင်တူဆွေးနွေးချက်များ
ဆွေးနွေးချက် စတင်ရေးသားသူ ကွပ်ပျစ်ဝိုင်း ပြန်စာများ နောက်ဆုံးပို့စ်
Youtube ချစ်သူများ အတွက် မသိမဖြစ် KznT Websites များနှင့်ပတ်သက်၍ 22 18-09-2012 09:13 AM
Driver for all Window ဖြိုးယံလေး Applications 10 19-01-2012 02:19 AM
Launchpad : A Place to translate Ubuntu into Our Language Officially jsmith201012 Linux များ (သို့) Linux နှင့်ဆိုင်ရာများ 3 21-08-2011 09:58 PM
Free File Hosting Nalthar Websites များနှင့်ပတ်သက်၍ 3 17-11-2009 04:05 PM


ဖိုရမ်၏ ပင်မအချိန်သည် ဂရင်းနစ်စံတော်ချိန် +6.5 ဖြစ်သည်။ဒေသစံတော်ချိန် 05:11 AM
Inactive Reminders By Icora Web Design