Go Back   မြန်မာမိသားစုဖိုရမ် » ..:: ကွန်ပျူတာနယ်ပယ် ::.. » Linux များ (သို့) Linux နှင့်ဆိုင်ရာများ
မြန်မာလက်ကွက်

Linux များ (သို့) Linux နှင့်ဆိုင်ရာများ Linux OS များအကြောင်း ဆွေးနွေးရန်နေရာပါ.. Linux OS အသုံးပြုပုံများ.. တွေ့ကြုံရသည့်အခက်အခဲများကို ဆွေးနွေးဝေမျှထားသည့်နေရာဖြစ်သလို သင်ကိုယ်တိုင်လည်းဝင်ရောက်ဆွေးနွေးနိုင်ပါသည်.

Reply
 
Bookmark and Share တန်ဆာပလာများ ဖော်ပြမှုပုံစံ
Old 27-07-2010, 01:41 AM
  post #1
phoelapyaee
အထူးအသင်းဝင်
 
phoelapyaee's Avatar
 
အသင်းဝင်နေ့စွဲ: Jan 2008
တည်နေရာ: မော်လမြိုင်
ရေးသားချက်များ: 558
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 583
ပို့စ် 331 ခုအတွက် 1,639 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
phoelapyaee is on a distinguished road
Running Squid Proxy Server on Linux

ဖိုရမ်မှာ linux နဲ့ ပက်သက်ပြီး ဆွေးနွေးထားကြတာ အားရစရာပါပဲ ။
ကျွန်တော်လဲ တစ်ဘက်တစ်လမ်းက အားဖြည့်တဲ့အနေနဲ့ linux မှာ ကျော်ကြားလှတဲ့ squid proxy ကို ဆွေးနွေးသွားပါ့မယ်။
Linux ကို အသုံးများတာကတော့ server အဖြစ်အသုံးပြုတာ များကျပါတယ် ။
ဆာဗာများအနက်မှ Proxy Server အနေနဲ့ အသုံးများတာကတော့ open source ဖြစ်တဲ့ squid ကို အသုံးများကျပါတယ်။
squid proxy ရဲ့အဓိက လုပ်ဆောင်ချက်ကတော့ web နဲ့ပက်သက်တဲ့
HTTP, HTTPS, FTP စသည်တို့ကို cache proxy အဖြစ် အဓိကလုပ်ဆောင်ပေးပါတယ်။
cache ရဲ့သဘောကလဲ သူက ယာယီသိုလှောင်ပေးတဲ့သဘောပေါ့ ။ ကျွန်တော်တို့ website တစ်ခုကို
တစ်ကြိမ်ဖွင့်လိုက်ပြီးရင် နောက်တစ်ကြိမ်ထပ်ဖွင့်လျှင် အလွန်လျင်မြန်စွာ webpage တွေပွင့်အောင်
ဒီ squid proxy လေးက စွမ်းဆောင်ပေးပါတယ်။
သူကပထမတစ်ကြိမ်ဖွင့်ထားတာတွေကို ယာယီအားဖြင့် သိမ်းဆည်းထားသလို ဆောင်ရွက်ပေးတာပါ။ လူတစ်ယောက် ဖိုင်တစ်ခုကို ဒေါင်းလုပ်ချလို့ တစ်နာရီကြာလျှင် အဲ့ဖိုင်ကိုပဲ နောက်တစ်ယောက်က ဒေါင်းလုပ်ချင်ရင် နာရီဝက်လောက်နဲ့ ပြီးရင်ပြီးပါတယ်။
အဲ့အတွက် အင်တာနက်ကဖေးအတွက်တော့ အထူးသင့်လျှော်ပါတယ် ။ ဒီ open source ဖြစ်တဲ့ squid proxy လေးဟာ အင်တာနက်ကဖေးတွင်သာမက ISP တွေများ အသုံးပြုကျပါတယ် ။
သူက cache အတွက်သာမက ACL(Access Control List) ဖြစ်တဲ့ allow & deny တွေကို လုပ်ဆောင်နိုင်ပါတယ် ။
ဒါ့အပြင်သူ့ကို web proxy အဖြစ်ဆောင်ရွက်နိုင်ပါတယ် ။ အဲ့အတွက် ဆိုက်တွေကို ဘန်းချင်တာ ဘာညာတွေကို ဒီကောင်လေးက စွမ်းဆောင်နိုင်ပါတယ် ။
အဲ့လောက်အသုံးဝင်တဲ့ squid proxy လေးကို ကျွန်တော်တို့စမ်းသုံးကြည့်ရအောင်လား ။
ဒီလောက်အသုံးဝင်တာဆိုတော့ ခက်သလားဆိုတော့ ဘာမှကို မခက်တာပါ။
အရမ်းလွယ်ကူလွန်းပါတယ် ။ squid proxy အတွက် သူက Linux ရော ၊ ၀င်းဒိုးအတွက်ပါ သုံးလို့ရပါတယ် ။
ဒီနေရာမှာတော့ ကျနော် Linux(Ubunutu) အတွက်ပဲ ရှင်းပြလိုက်ပါတယ်။

အရင်ဆုံး Linux(Ubuntu) မှာ squid proxy ကိုအင်စတောဖို့အတွက် အောက်ကကွန်မန်းလေးနဲ့အင်စတောလိုက်ပါ ။

Code:
sudo apt-get install squid
အင်စတောပြီးရင် စသုံးလို့ရနေပါပြီး ။ squid proxy အတွက် အဓိကက သူ့ကို confgure လုပ်နိုင်ဖို့ပါပဲ ။

သူ့ကို configure လုပ်ဖို့ အတွက် squid.conf ကို ပေးရမှာဖြစ်ပါတယ် ။

squid.conf ကိုပြင်ရမယ်ဆိုတော့ အရင်ဆုံး အဲ့ဒီ squid.conf ကို ဘက်ကပ်လုပ်ထားလိုက်ပါမယ် ။သူက အသက်ပဲလေ ။ဆိုတော့ copy ကွန်မန်းလေးက

Code:
sudo cp /etc/squid/squid.conf /etc/squid/orignal.squid.conf
ပြီးရင် squid.conf ဖိုင်လေးကို ဖွင့်လိုက်ပါ ။

Code:
sudo gedit /ect/squid/squid.conf
မိမိစိတ်ကြိုက် configure လုပ်နိုင်ပါတယ် ။

Squid configuration ဖိုင်ဟာ # sign နဲ့ အရှေ့မှာခံထားရင် အဲဒီလိုင်းကို disable ပေးတယ်လို့ ပြောတာပါ။
မိမိက enable ပေးချင်ရင် # sign ကို ဖြုတ်ပေးလိုက်ရင် အဲဒီ configure line ဟာ အသက်ဝင်ပါပြီး။ အခု mininum configure ကို ဆွေးနွေးပါမယ်။


Code:
http_port 8080
http_port ကို မိမိစိတ်ကြိုက် ကြော်ငြာပေးနိုင်ပါတယ်။ မိမိသတ်မှတ်ထားတဲ့ port အတိုင်း client စက်တွေရဲ့ Port မှာ အသုံးပြုရမှာဖြစ်ပါတယ်။

Code:
icp_port 0
icp(Internet Cache Protocol) ကတော့ တကယ်လို့ Network မှာ multiple proxy တွေထိုင်ကြမယ်ဆိုရင်တော့ အသုံးပြုပါတယ်။
သူ့ရဲ့ default port က 3130 ပါ။ LAN လောက်ပဲ သုံးမယ်ဖြစ်တဲ့အတွက် 0 ဆိုပြီး disable လုပ်ထားလိုက်တာပါ။

Code:
cache_peer proxy.example.com parent 3128 0 no-query
တကယ်လို့ မိမိ ISP ကယူတဲ့အင်တာနက်ဟာ proxy host and port ထည့်ရတဲ့ parent proxy မျိုးဆိုရင် အခုလို ထည့်ပေးရပါမယ်။
တကယ်လို့ မိမိအင်တာနက်က တိုက်ရိုက်တန်းသုံးနိုင်တယ်ဆိုရင်တော့ ဒါကို disable ပေးထားဖို့ လိုပါမယ်။ ဒီနေရာမှာ proxy.example.com နေရာမှာ
မိမိ ISP က သတ်မှတ်ပေးထားတဲ့ host ကိုထည့်ရမှာဖြစ်ပြီး 3128 ကတော့ ISP သတ်မှတ်ထားတဲ့ port ပေါ့။ 0 ကတော့ icp_port ပါ ။
မိမိက icp_port ကို အရင်ကတည်းက ကြော်ငြာခဲ့ရင် ဒီနေရာမှာ မိမိကြော်ငြာထားသလို ထည့်ပေးရပါမယ်။ အနောက်က no-query , default စသဖြင့် အများကြီးရှိပါတယ်။
ရေးရင်ကုန်မှာမဟုတ်ပါဘူး ။ အကြမ်းဖျင်းလောက်အဖြစ် ဒီနေရာမှာ no-query သတ်မှတ်ထားလိုက်ပါတယ်။
တကယ်လို့ username and password တောင်းတဲ့အင်တာနက်ဆိုရင်တော့ အခုလို ထည့်ပေးလိုက်ပေါ့။
Code:
cache_peer proxy.example.com parent 3128 0 login=username:password no-query

Code:
acl QUERY urlpath_regex cgi-bin \?
no_cache deny QUERY
squid ဟာ internet cache အတွက် အဓိက အသုံးပြုကြတာဖြစ်ပါတယ်။ ဒါပေမဲ့ အချို့မလိုအပ်တဲ့ cgi bin တို့လိုဖိုင်မျိုးကိုတော့ cache အနေနဲ့ မသိမ်းစေချင်တဲ့အတွက် အခုလို ရေးလိုက်ပါတယ်။

Code:
cache_dir ufs /var/spool/squid 100 16 256
ဒါကတော့ cache တွေကို သိမ်းမဲ့ directory ပါ။ အနောက်က 100 ဆိုတာ အများဆုံးသိမ်းထားနိုင်မဲ့ cache size ဖြစ်ပြီး MB လို့ သိမှတ်ပါတယ်။
16 256 ကတော့ 16 ဖိုဒါတည်ဆောက်ပြီး sub folder 256 ခုနဲ့ သိမ်းဆည်းမှာပါ။

Code:
cache_access_log /var/log/squid/access.log
cache_log /var/log/squid/cache.log
cache_store_log /var/log/squid/store.log
ဒါကတော့ Log တွေအတွက် သိမ်းဆည်းမဲ့နေရာလေးပေါ့။

Code:
cache_mem 8MB
ဒါကတော့ cache memory ကို ဘယ်လောက်ပေးသုံးစေချင်သလဲပါ။ မိမိ RAM က 2GB လောက်ရှိရင်တော့ 128MB or 256MB အထိပေးထားသုံးနိုင်ပါတယ်။

Code:
maximum_object_size 20480 KB
cache အဖြစ် ယာယီထိမ်းသိန်းထားမဲ့ ဖိုင်ဆိုက်ကု အမြင့်ဆုံး 2MB(20480 KB)အထိပဲ သိမ်းထားပေးမယ်လို့ ဆိုလိုတာပါ။
တကယ်လို့ ဒီထက်ကြီးတဲ့ ဖိုင်ဆိုက်တွေကို မိမိစက်မှာ cache အဖြစ် ထားချင်တယ်ဆိုရင် ထပ်တိုးနိုင်ပါတယ်။ 250MB အဖြစ်တိုးနိုင်သလို 700MBထိတောင် ထားနိုင်တယ်နော် ..

Code:
visible_hostname proxy.example.com
ဒါကတော့ client စက်တွေမှာ တစ်ခါတစ်လေ webpage ဖွင့်မရတာမျိုးဖြစ်ဖြစ် ၊ အယ်ရာတက်တဲ့နေရာမှာ ဖော်ပြပေးတဲ့ လိပ်စာတစ်ခုပေါ့။

Code:
cache_mgr admin@example.com
ဒါကတော့ ဆာဗာဒေါင်းတာဖြစ်ဖြစ် ၊ အယ်ရာမက်ဆေ့တက်ရင် အောက်နားလေးမှာ ဆက်သွယ်နိုင်တဲ့ အီးမေလ်းအနေနဲ့ ဖော်ပြပေးမှာဖြစ်ပါတယ်။

ဒီလောက်ဆိုရင် အကြမ်းဖျင်း minimum configure လုပ်ပြီးသွားပါပြီး ။

Squid စတင်မရမ်းခင်မှာ cache folder ဆောက်ဖို့အတွက် terminal မှာ sudo squid z ဆိုပြီး ရိုက်ထည့်ပေးပါ။

ပြီးမှ sudo /etc/init.d/squid restart ဆိုပြီး squid ကို restart ပေးလိုက်ပါ။

ပြီးရင်တော့ အောင်မြင်စွာလုပ်ဆောင်မှု ရှိမရှိကို ဆာဗာစက်ရဲ့ browser ရဲ့ network setting မှာ host localhost , port 8080(စောစောက သတ်မှတ်ခဲ့တဲ့ port ပါ) ထည့်လိုက်ပါ။

ပြီးရင် website တွေ ဖွင့်ကြည့်လို့ ရပါက မိမိ configuration မှန်ပြီးဆိုတာ သိနိုင်ပါတယ် ။ ဆက်လက်ပြီး user autherization တို့ ၊ web restriction လုပ်တာတို့ကို ဆက်ဆွေးနွေးပါ့မယ်။
phoelapyaee is offline   Reply With Quote
Old 27-07-2010, 03:33 PM
  post #2
phoelapyaee
အထူးအသင်းဝင်
 
phoelapyaee's Avatar
 
အသင်းဝင်နေ့စွဲ: Jan 2008
တည်နေရာ: မော်လမြိုင်
ရေးသားချက်များ: 558
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 583
ပို့စ် 331 ခုအတွက် 1,639 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
phoelapyaee is on a distinguished road
Squid Proxy Configuration on Ubuntu(Restricting Web Access)

squid proxy နဲ့ ပက်သက်ပြီး မရှင်းတာများရှိရငိ မေးမြန်းဆွေးနွေးနိုင်ပါတယ်ခင်ဗျာ ။
ကျွန်တော်သိသလောက် ဆွေးနွေးပေးပါမ့ယ်ခင်ဗျာ ။

ဆက်လက်ပြီး အဆင်ပြေတယ်ယူဆပြီး ၀က်ဆိုက်တွေ ဘန်းနည်းကို ဆွေးနွေးသွားပါမယ်။


ကျွန်တော်တို့ squid proxy ကို အင်စတောပြီးသွားရင်တော့ ထုံးစံအတိုင်း မိမိသတ်မှတ်ချင်တဲ့ rule တွေလုပ်ပေးရပါတယ် ။
client စက်တွေကို မိမိစိတ်ကြိုက် access တွေ သတ်မှတ်ဖို့အတွက် squid ရဲ့ acl(Account Control List) နဲ့ သတ်မှတ်နိုင်ပါတယ်။

Restricting Access to specific Web sites
ကျွန်တော်တို့ squid မှာ website တွေကို ကန့်သတ်ဖို့အတွက် ubuntu အတွက် sudo gedit /etc/squid/squid.conf ဆိုပြီး squid.conf ကို ဖွင့်လိုက်ပါ။

အဲ့မှာ INSERT YOUR OWN RULE(S) HERE TO ALLOW ACCESS FROM YOUR CLIENTS ဆိုတဲ့ စာသားအောက်မှာ ထည့်လိုက်ပါမယ် ။
သတ်သတ်မှတ်မှတ်နဲ့ ရှိစေချင်လို့ပါ ။ မိမိထားချင်တဲ့နေရာ ထားနိုင်ပါတယ်။

Code:
acl goodsite dstdomain .google.com
http_access allow goodsite

acl badsite dstdomain .facebook.com
http_access deny badsite
ဒီနေရာမှာ badsite ဟာ facebook.com လို့ဆိုလိုတာဖြစ်ပြီး အဲဒီ badsite ကို http_access က deny လုပ်တာပါ ။ badsite ဆိုတာ မိမိဘာသာ ပေးထားတဲ့နာမည်ပါ။
မိမိစိတ်ကြိုက်ပေးနိုင်ပါတယ်။ မိမိပေးထားတဲ့နာမည်ကို http_access လုပ်တဲ့နေရာမှာ ပြန်ထည့်ရမှာပေါ့။

တကယ်လို့ မိမိသတ်မှတ်ချင်တဲ့ ဆိုက်တွေများလို့ ရှိရင် configure file တစ်ခုခုမှာ မိမိဘန်းချင်တဲ့ဆိုက်တွေ ရေးပြီး လင့်ချိတ်ပေးရင် ရပါတယ်။ ဒီလိုပါ။

Code:
 sudo gedit /usr/local/etc/restricted-sites.squid
ဆိုပြီး restricted-sites.squid ကိုဖွင့်လိုက်ပါတယ်။ အဲ့ထဲမှာ မိမိဘန်းချင်တဲ့ ဆိုက်နာမည်တွေကို ရေးထည့်ပေးပါ။ ဥပမာ ..

Code:
www.yahoo.com
www.facebook.com
စသဖြင့် မိမိဘန်းချင်တဲ့ဆိုက်နာမည်တွေကို ထည့်လိုက်ပါ။ ပြီးပါက acl နဲ့ ဒီလိုရေးပါတယ်။

Code:
acl badsites dstdomain "/usr/local/etc/restricted-sites.squid"
http_access deny badsites
ပြန်ဖွင့်ချင်ရင်တော့ allow ပေါ့ဗျာ ။


Restricting Web Access By IP Address

IP Address နဲ့ access ပေးချင်ရင်တော့ မိမိပေးချင်တဲ့ ip address နဲ့ သတ်မှတ်နိုင်ပါတယ်။

Code:
acl LAN src 192.168.0.1/24
http_access allow LAN
ဒါဆိုရင် ip range 192.168.0.1 ကနေ 192.168.0.254 ထိ ကွန်ပျူတာတွေကို access ပေးတာပေါ့ဗျာ ။

တကယ်လို့ စက်တစ်လုံးထဲကို ပေးချင်တယ်ဆိုရင်တော့ ဒီလိုရေးပါတယ်။
Code:
acl home src 192.168.0.2
http_access allow home
http_access deny all
ဒါဆိုရင်တော့ 192.168.0.2 စက်တစ်လုံးပဲ အင်တာနက် access ရပါမယ်။

Restricting Web Access By Time

မိမိက အချိန်နဲ့ပါ ကန့်သတ်ချင်ရင်တော့ ဒီလိုရေးပါတယ်။

Code:
acl LAN src 192.168.0.1/24
acl business_hours time M T W H F 9:00-17:00
http_access allow LAN business_hours
ဒါဟာဆိုရင် တနင်္လာနေ့ကနေ သောကြာနေ့ မနက် 9 နာရီကနေ ည 5 ထိပေါ့။

ကဲ .. မနက်ပိုင်းတစ်ပိုင်းတည်း သတ်မှတ်ချင်ရင်တော့ ..

Code:
acl mornings time 08:00-12:00
http_access allow mornings
နာမည်တွေက မိမိဘာသာ mornings ဆိုပြီးပေးထားတာနော် .. ကြိုက်တာပေးလို့ရတယ်။


Restricting Web Access By File Type

ကျွန်တော်တို့ mp3 file တွေနဲ့ exe file တွေကို ကန့်သတ်ချင်တယ်ဆိုပါစို့ ..

Code:
acl FILE_MP3 urlpath_regex -i \.mp3$
http_access deny FILE_MP3

acl FILE_EXE urlpath_regex -i \.exe$
http_access deny FILE_EXE
ဒီလောက်ဆိုရင် အကြမ်းဖျင်း acl သုံးနည်းကို နားလည်လောက်ပါပြီး။
အဆင်ပြေပြေ သုံးနိုင်ကြပါစေခင်ဗျာ ။
phoelapyaee is offline   Reply With Quote
အောက်ပါအသင်းဝင် 22 ဦးတို့မှ phoelapyaee အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 27-07-2010, 10:43 PM
  post #3
မိုးလွင်
အထူးအသင်းဝင်
 
မိုးလွင်'s Avatar
 
အသင်းဝင်နေ့စွဲ: Jan 2008
ရေးသားချက်များ: 878
ကျေးဇူးတင်စကား: 836
ပို့စ် 754 ခုအတွက် 2,430 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
မိုးလွင် is on a distinguished road
ပြန်စာ - Running Squid Proxy Server on Linux

အခုလို အားတက်သရော ၀င်ရောက် ဆွေးနွေးပေးတဲ့ ကိုရာမညဖိုးလပြည့် ကိုကျေးဇူး တင်ပါသည်...သိချင်တာလေးကိုမေးပါရစေ...၀င်ရောက်ဆွေးနွေးပါရစေခင်ဗျာ.... စိတ်ဝင်စားလို့ ပါ...ကျနော်ကရိုးရိုး ၀င်ဒိုးကနေ net share ပြီးတော့ Client ၃ လုံး(LINUX) နဲ့တော့စာလုပ်ဖူးပါတယ်...အခုကတော့ ကိုယ်တိုင် Linux မှာ Server ထိုင်ပြီးတော့ Clients တွေ ပြန်ခွဲပေးချင်လို့ပါ...ကျနော်လက်ရှိ OS က Redhat Enterprise 5 ပါ Squid လေးနဲ့ စမ်းကြည့်ပါတယ်......ကျနော်ဆောင်ရွက်သွားတဲ့ အဆင့် (၄)ဆင့်ကို ပြောပြပါရစေ...

1။ #http_port 3128 မှာ ကိုယ်ဆာဗာအတွက် ထားချင်တဲ့ port ကိုထားပါမယ်...(8080 or ...)

2။ #cache_mem 8 MB မှာ memory က 512Mb ဖြစ်လို့ 64 MB ထားပါတယ်...

3။ #cahce_peer parent.foo.net parrent 3128 3130 (proxy-only)
ဒီအဆင့်မှာတော့ ကျနော် လက်ရှိသုံးနေတဲ့ Connection က Obtain an IP address automatically , Assigned by DHCP ဖြစ်တဲ့ အတွက် Linux window ထဲဝင်လိုက်တာနဲ့ အင်တာနက်က တိုက်ရိုက်ရပါတယ်။ အဲဒါကြောင့် ဒီအဆင့်မှာ # disable ပေးပြီးထားခဲ့ပါတယ်။

4။ # And finally deny all other access to this proxy ဆိုတဲ့ အောက်မှာ
http_access allow localhost
http_access allow all
http_access deny all
ဆိုပြီးတော့ ပေးခဲ့ပါတယ်....ပြီးတော့
never_direct allow all
never_direct allow all
Enable ပေးထားပါတယ်....

Squid proxy run ဖို့ အတွက် cache file တည်ဆောက်ဖို့ အတွက် squid -z ဆိုရင် command cannot found လို့ ပြနေပါတယ်။

/sbin/service squid restart ဆိုရင် ok ပြပါတယ်...

restart ပေးပြီး netstat နဲ့ ကြည့်ရင်လဲ listen လုပ်နေပါတယ်....ကျနော့် အနေနဲ့ server လေးအလုပ် လုပ်၊မလုပ် သိချင်လို့ အခြား စက်တလုံးကနေ WEB borwser မှာ proxy setting မှာ Squid Server Ip address ( 88.201.241.243) ထည့်လိုက်ပါတယ်။ Port ကိုကျတော့ http_port မှာထားခဲ့တဲ့ အတိုင်း 8080 ကိုထည့်ပြီး စမ်းတော့...အောက်ပါ error လေးတက်လာပါတယ်.....
The connection has timed out

The server at www.google.com is taking too long to respond.

* The site could be temporarily unavailable or too busy. Try again in a few
moments.

* If you are unable to load any pages, check your computer's network
connection.

* If your computer or network is protected by a firewall or proxy, make sure
that Firefox is permitted to access the Web.

ကျွန်တော်ပဲ တုံးလို့လားတော့ မသိဘူးဗျာ


ကျနော်သုံးနေတဲ့ LAC ပုံလေး ကိုပါတင်ပေးလိုက်ပါတယ်..နားလည်တဲ့ ညီအစ်ကိုမောင်နှများလဲ ၀င်ရောက်ဆွေးနွေးပေးကြပါလို့ မေတ္တာရပ်ခံပါတယ်ဗျာ
1.
2.
မိုးလွင် is offline   Reply With Quote
Old 27-07-2010, 11:41 PM
  post #4
phoelapyaee
အထူးအသင်းဝင်
 
phoelapyaee's Avatar
 
အသင်းဝင်နေ့စွဲ: Jan 2008
တည်နေရာ: မော်လမြိုင်
ရေးသားချက်များ: 558
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 583
ပို့စ် 331 ခုအတွက် 1,639 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
phoelapyaee is on a distinguished road
ပြန်စာ - Running Squid Proxy Server on Linux

ဟုတ်ကဲ့ .. အခုလို စိတ်ဝင်တစား ပါဝင်ဆွေးနွေးတာ ကျေးဇူးပါခင်ဗျာ ...

အရင်ဆုံး အကို့အနေနဲ့ minimum configure လုပ်ပြီးလို့ တကယ်အလုပ်လုပ်မလို့ကို အဲဒီ ဆာဗာစက်မှာပဲ browser connection setting မှာ host - localhost , port - 8080 ကိုထည့်ပြီး စမ်းနိုင်ပါတယ် ။
localhost နေရာမှာ အဲဒီ စက် ip ထည့်လဲရပါတယ်။

NIC တစ်ကဒ်တည်းနဲ့တော့ အကို့စက်ကို LAN ကနေ ခေါ်သုံးလို့ မရနိုင်ပါဘူး ။

အခု အကိုက တစ်ခြားစက်နေ ခေါ်သုံးစမ်းချင်ရင်တော့ အရင်ဆုံး အကို့ ဆာဗာစက်မှာ NIC ၂ ကဒ်ရှိရပါမယ်အကို။
အဲဒါဆိုရင်တော့ အဆင်ပြေပါတယ်အကို ။
phoelapyaee is offline   Reply With Quote
အောက်ပါအသင်းဝင် 7 ဦးတို့မှ phoelapyaee အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 28-07-2010, 04:14 AM
  post #5
မိုးလွင်
အထူးအသင်းဝင်
 
မိုးလွင်'s Avatar
 
အသင်းဝင်နေ့စွဲ: Jan 2008
ရေးသားချက်များ: 878
ကျေးဇူးတင်စကား: 836
ပို့စ် 754 ခုအတွက် 2,430 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
မိုးလွင် is on a distinguished road
ပြန်စာ - Running Squid Proxy Server on Linux

အကို ပြောသလို browser connection setting မှာ host - localhost , port - 8080 ကိုထည့်ပြီး စမ်းဖို့အတွက် OS က Redhat Enterprise 5 ဖြစ်နေလို့လားတော့ မသိဘူး...သူ့မှာ ပါတဲ့ Firefox Web Browser မှာတော့ ရိုး၂ ၀င်းဒိုးကလို Option ဆိုတာလေးကို မတွေ့မိဘူးဗျာ... Version နှိမ့်နေတယ်ထင်ပြီး....firefox-3.6.8.tar.bz2 ဆိုတာလေး ဒေါင်းပြီး လုပ်ကြည့်လိုက်ပါတယ် အဆင်မပြေဘူးဖြစ်နေတယ်။ firefox-2.0.0.11.tar.gz ကျတော့လဲ free ရှာမတွေ့မိဘူး...
ပထမဆုံး ဒေါင်းလုပ်ချခဲ့တယ်...
- mkdir /home/tom/firefox
- cd /home/moelwin/firefox
-cp /home/moelwin/Desktop/firefox-3.6.8.tar.bz2 /home/moelwin/firefox
-gzip -f firefox-3.6.8.tar.bz2 နဲ့ဖြေလိုက်တော့
firefox-3.6.8.tar.bz2.gz ဖိုင်ကိုရပါတယ်...
- /home/moelwin/firefox directory အောက်မှာပဲ firefox-3.6.8.tar.bz2.gz ကို
tar -zxvf firefox-3.6.8.tar.bz2.gz
ကို unzip လုပ်လိုက်တော့ firefox ဆိုတာလေးရပါတယ်....

$ /home/moelwin/firefox/firefox & လေးနဲ့ run လိုက်တော့ Firefox Web Browser လေးတက်လာပါတယ်...ဒါပေမယ့် update တော့ မဖြစ်ပါဘူး.....သာမာန် ၀င်းဒိုးမှာဆိုရင် Web Browser ကနေ Option ဆိုရင် ရနေပါပြီ...Redhat 5 မှာတော့ မတွေ့ပါဘူးဗျာ.....

ဆွေးနွေးတာတော့ Running Squid Proxy Server on Linux အကြောင်းလေးပါ....တကယ်လို့ update လုပ်လို့ မရတော့ဘူးဆိုရင်လဲ တခြားစက်တလုံးနဲ့ စမ်းကြည့်မှာသာ အလုပ်(လုပ် ၊ မလုပ်) ဆိုတာကိုသိတော့မှာဘဲနော်..........
ကျနော် စမ်းထားတဲ့ ပုံလေးတွေပါ....firefox-2.0.0.11.tar.gz လေးရှိရင် မျှဝေပေးကြပါဦးဗျာ
...

1
2
3
မိုးလွင် is offline   Reply With Quote
အောက်ပါအသင်းဝင်မှ မိုးလွင် အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 28-07-2010, 05:13 AM
  post #6
phoelapyaee
အထူးအသင်းဝင်
 
phoelapyaee's Avatar
 
အသင်းဝင်နေ့စွဲ: Jan 2008
တည်နေရာ: မော်လမြိုင်
ရေးသားချက်များ: 558
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 583
ပို့စ် 331 ခုအတွက် 1,639 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
phoelapyaee is on a distinguished road
ပြန်စာ - Running Squid Proxy Server on Linux

အကိုရေ ... Linux မှာ Preference က Edit -->Preference ကနေ သွားနိုင်ပါတယ်အကို ။
အဲ့ကနေ အကို Network Setting ထည့်နိုင်ပါတယ် ။

နောက်တစ်ခုက အကိုအခုစမ်းနေတာ NIC ၂ ကဒ်လား ၊ ၁ ကဒ်လား သိချင်ပါတယ်ခင်ဗျာ ။
phoelapyaee is offline   Reply With Quote
အောက်ပါအသင်းဝင် 5 ဦးတို့မှ phoelapyaee အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 28-07-2010, 11:58 AM
  post #7
မိုးလွင်
အထူးအသင်းဝင်
 
မိုးလွင်'s Avatar
 
အသင်းဝင်နေ့စွဲ: Jan 2008
ရေးသားချက်များ: 878
ကျေးဇူးတင်စကား: 836
ပို့စ် 754 ခုအတွက် 2,430 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
မိုးလွင် is on a distinguished road
ပြန်စာ - Running Squid Proxy Server on Linux

ကျွန်တော် အခုစမ်းနေတာ NIC ကဒ်က ၁ ခုတည်းနဲ့ပါ...ကိုရာမညဖိုးလပြည့် ပြောသလို Network setting အောက်ပါ အတိုင်း ip & port ထည့်ပြီး စမ်းကြည့်လိုက်ပါတယ်...
ပုံ(၁)
System->Preferences->Network Proxy မှာ ထည့်ထားသော ပုံဖြစ်ပါသည် Port 8080


ပုံ(၂-၃)
Edit->Preferences->Firefox Preferences မှာ လက်ရှိ Squid proxy လုပ်နေတဲ့ စက်ရဲ့ Ip နဲ့ port ကို ထည့်ထားပါတယ်။
၂။
၃။

အထက်ဖော်ပြပါ ပုံအတိုင်း ကျနော် ip နဲ့ port ထည့်ပြီးစမ်းကြည့်တော့ Web Browser တွေအလုပ် လုပ်တယ် အကိုရ.... ကျွန်တော်စမ်းတာ ဟုတ်/မဟုတ် ကြည့်ပေးပါဦးဗျာ..

Last edited by မိုးလွင်; 28-07-2010 at 01:27 PM.. Reason: ထပ်ပေါင်းထည့်...
မိုးလွင် is offline   Reply With Quote
အောက်ပါအသင်းဝင်မှ မိုးလွင် အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 28-07-2010, 03:32 PM
  post #8
phoelapyaee
အထူးအသင်းဝင်
 
phoelapyaee's Avatar
 
အသင်းဝင်နေ့စွဲ: Jan 2008
တည်နေရာ: မော်လမြိုင်
ရေးသားချက်များ: 558
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 583
ပို့စ် 331 ခုအတွက် 1,639 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
phoelapyaee is on a distinguished road
ပြန်စာ - Running Squid Proxy Server on Linux

အကိုရေ .. Network Proxy မှာ သွားပြန်စရာမလိုပါဘူးအကိုရေ ..
ကျွန်တော်ပြောတာက proxy အလုပ် လုပ်မလုပ်ကို သိဖို့အတွက် browser ရဲ့ Netwrok setting ကိုဆိုလိုတာပါအကို ။
ဒီလိုလေးပေါ့


အကို့ပုံမှာ HTTP Host ထည့်တာမတွေ့ရပဲ ၊ port only ပဲ ထည့်ထားတာ တွေ့လို့ပါအကို ။

နောက်တစ်ခုက NIC တစ်ကဒ်တည်းနဲ့တော့ အကို တစ်ခြားစက်နေ ခေါ်သုံး စမ်းလို့ မရပါဘူးအကို ။
NIC ၂ ကဒ်ရှိမှ အဆင်ပြေမှာဖြစ်ပါတယ်အကို။

ကျွန်တော်ကတော့ အဲဒီပြသနာအတွက် VMware ကနေ တင်ပြီးသုံးပါတယ်။ မိမိလိုသလောက် Network Card ကို ထပ်ထည့်နိုင်သလို ၊ OS ထပ်တင်ပြီးလဲ Netwrok ချိတ်စမ်းနိုင်တဲ့အတွက်ပါ။
phoelapyaee is offline   Reply With Quote
အောက်ပါအသင်းဝင် 5 ဦးတို့မှ phoelapyaee အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 28-07-2010, 04:45 PM
  post #9
မိုးလွင်
အထူးအသင်းဝင်
 
မိုးလွင်'s Avatar
 
အသင်းဝင်နေ့စွဲ: Jan 2008
ရေးသားချက်များ: 878
ကျေးဇူးတင်စကား: 836
ပို့စ် 754 ခုအတွက် 2,430 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
မိုးလွင် is on a distinguished road
ပြန်စာ - Running Squid Proxy Server on Linux

ကိုရာမည ပြောသလိုပဲ ကျွန်တော်လဲ Network Setting ကနေ စမ်းကြည့်ပါတယ်...localhost နဲ့ရော ...localhost နေရာမှာ ip address နဲ့ရော စမ်းပါတယ်...အလုပ် မလုပ်ဘူးဖြစ်နေပါတယ်ခင်ဗျာ.... ရောက်မယ့် ရောက်တော့ ခရီးဆုံးအောင်တာ ပို့ပေးပါတော့ အကိုရေ.....
ပုံ(၁)

ပုံ(၂)



ကျွန်တော် configuration လုပ်တာများ လိုသွားလို့လား
မိုးလွင် is offline   Reply With Quote
အောက်ပါအသင်းဝင် 2 ဦးတို့မှ မိုးလွင် အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 28-07-2010, 05:39 PM
phoelapyaee
အထူးအသင်းဝင်
 
phoelapyaee's Avatar
 
အသင်းဝင်နေ့စွဲ: Jan 2008
တည်နေရာ: မော်လမြိုင်
ရေးသားချက်များ: 558
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 583
ပို့စ် 331 ခုအတွက် 1,639 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
phoelapyaee is on a distinguished road
ပြန်စာ - Running Squid Proxy Server on Linux

အကိုရေ .. အကို့ configure မှန်မမှန်ကို သိဖို့အတွက် ကျွန်တော့်ကို အကို့ configure file လေး တင်ပေးပါအကို။

ကျန်တာကတော့ သိပ်ထွေထွေထူးထူးမရှိပါဘူး .. squid.conf ကို edit လုပ်ပြီးတိုင်း squid ကို restart ပေးဖို့လိုပါမယ်။
redhat မှာဆိုရင်တော့ ကွန်မန်းက service squid restart ဖြစ်မှာပေါ့ ။
phoelapyaee is offline   Reply With Quote
အောက်ပါအသင်းဝင် 2 ဦးတို့မှ phoelapyaee အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 28-07-2010, 09:00 PM
မိုးလွင်
အထူးအသင်းဝင်
 
မိုးလွင်'s Avatar
 
အသင်းဝင်နေ့စွဲ: Jan 2008
ရေးသားချက်များ: 878
ကျေးဇူးတင်စကား: 836
ပို့စ် 754 ခုအတွက် 2,430 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
မိုးလွင် is on a distinguished road
ပြန်စာ - Running Squid Proxy Server on Linux

ဟုတ်ကဲ့ အကို...ကျွန်တော် configure လုပ်ထားတဲ့ ဖိုင်နဲ့ မူရင်းဖိုင် (backup) လုပ်ထားတဲ့ဖိုင်ကို တင်ပေးပါမယ်။ အကို ကြည့်ပေးပါဦး.....squid.conf ကို edit လုပ်ပြီးတိုင်း squid ကို restart ပေးဖို့တော့ ကျနော်မလုပ်မိပါဘူး...အဆင့်အားလုံးပြီးမှသာ :wq နဲ့ save ပြီး...restart ပေးလိုက်ပါတယ်....

Redhat မှာတော့ commant က /sbin/service squid restart ပါ......

configure လုပ်ထားတဲ့ squid.conf ဖိုင်ပါ...

မူရင်း squid.conf ဖိုင်ပါ.....
မိုးလွင် is offline   Reply With Quote
အောက်ပါအသင်းဝင် 2 ဦးတို့မှ မိုးလွင် အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 28-07-2010, 09:14 PM
phoelapyaee
အထူးအသင်းဝင်
 
phoelapyaee's Avatar
 
အသင်းဝင်နေ့စွဲ: Jan 2008
တည်နေရာ: မော်လမြိုင်
ရေးသားချက်များ: 558
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 583
ပို့စ် 331 ခုအတွက် 1,639 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
phoelapyaee is on a distinguished road
ပြန်စာ - Running Squid Proxy Server on Linux

ဟုတ်အကိုရေ ..
အကိုက ကျွန်တော်ပြောထားတဲ့ minimum configure လောက်ကို အကုန်မထည့်ထားပါဘူး။
ဒီတော့ လိုတဲ့နေရာလေးတွေ အကုန်လိုက်ထည့်ပေးပါအကို ။
cache_dir တွေ မထည့်ထားပဲနဲ့ squid -z ဆိုပြီး swap directory ဆောက်လို့ မရပါဘူးအကို ။
ကျွန်တော်ပြောတာတွေကို တစ်ကြောင်းချင်း လိုက်လုပ်ပေးစေချင်ပါတယ်အကို ။

http_port 8080
icp_port 0
acl QUERY urlpath_regex cgi-bin \?
no_cache deny QUERY
cache_dir ufs /var/spool/squid 100 16 256
cache_access_log /var/log/squid/access.log
cache_log /var/log/squid/cache.log
cache_store_log /var/log/squid/store.log
cache_mem 8MB
maximum_object_size 20480 KB
visible_hostname proxy.example.com
cache_mgr admin@example.com

အဲဒါတွေ ပြန်ပြင်ပြီး စမ်းကြည့်ပါအကို ။
edit လုပ်ပြီးရင် /sbin/service squid restart လုပ်ဖို့ မမေ့ပါနဲ့ ။
phoelapyaee is offline   Reply With Quote
အောက်ပါအသင်းဝင် 6 ဦးတို့မှ phoelapyaee အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 29-07-2010, 02:38 AM
မိုးလွင်
အထူးအသင်းဝင်
 
မိုးလွင်'s Avatar
 
အသင်းဝင်နေ့စွဲ: Jan 2008
ရေးသားချက်များ: 878
ကျေးဇူးတင်စကား: 836
ပို့စ် 754 ခုအတွက် 2,430 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
မိုးလွင် is on a distinguished road
ပြန်စာ - Running Squid Proxy Server on Linux

အကို ပြောတဲ့ အတိုင်း တစ်ကြောင်းစီကို သေချာစစ်ပြီး ကျွန်တော်ပြင်ပြီး စမ်းပါတယ်...အောက်ပါ ၂ ခုအတွက်ကတော့
visible_hostname proxy.example.com
cache_mgr admin@example.com

# TAG: visible_hostname
# If you want to present a special hostname in error messages, etc,
# define this. Otherwise, the return value of gethostname()
# will be used. If you have multiple caches in a cluster and
# get errors about IP-forwarding you must set them to have individual
# names with this setting.
#
#Default:
#none #none ဆိုတဲ့ နေရာလေးမှာ visible_hostname proxy.example.com ရေးလိုက်ပါတယ်။

# TAG: cache_mgr
# Email-address of local cache manager who will receive
# mail if the cache dies. The default is "root".
#
#Default:
cache_mgr root root ဆိုတဲ့ နေရာလေးမှာ admin@example.com ရေးလိုက်ပါတယ်။
ဒီ ၂ ခုအတွက်ပဲ ကျွန်တော် ဘယ်လို edit လုပ်ရမှန်းမသိလို့ အထက်ပါအတိုင်းလုပ်လိုက်ပါတယ်။ ကျန်တာအားလုံးကတော့ သေချာစစ်ပြီးပြင်ထားပါတယ်။ ကျွန်တော် အားလုံးပြင်ပြီးတာ ဖိုင်လေးကို တင်ပေးပါမယ် အကိုလဲ ပြန် check ပေးလို့ရအောင်ပါခင်ဗျာ...

squid.conf

squid -z ဆိုပြီး swap directory လဲဆောက်လို့ မရပါဘူးခင်ဗျာ....အဲဒီ command ကို ဘယ် dir အောက်မှာ run ရတာလဲ ခင်ဗျာ..
မိုးလွင် is offline   Reply With Quote
အောက်ပါအသင်းဝင် 3 ဦးတို့မှ မိုးလွင် အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 29-07-2010, 03:07 AM
phoelapyaee
အထူးအသင်းဝင်
 
phoelapyaee's Avatar
 
အသင်းဝင်နေ့စွဲ: Jan 2008
တည်နေရာ: မော်လမြိုင်
ရေးသားချက်များ: 558
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 583
ပို့စ် 331 ခုအတွက် 1,639 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
phoelapyaee is on a distinguished road
ပြန်စာ - Running Squid Proxy Server on Linux

အကိုပေးထားတဲ့ squid.conf ဖိုင်ကို ကြည့်တာတော့ အကုန်မှန်နေပါတယ်။

cache directory create လုပ်ဖို့အတွက် အခုလို ရိုက်လိုက်ပါ။

Code:
/usr/sbin/squid -z
ပြီးရင်တော့
Code:
/sbin/service squid start
သို့မဟုတ်
Code:
 /sbin/service squid restart
တစ်ခုခုပေါ့ ..

အဆင်မပြေသေးရင် အောက်ကလင့်ကို ကိုးကားပြီး လုပ်ကြည့်ပါဦးအကို ။
http://www.labtestproject.com/linnet...xy_server.html
တစ်ခါတစ်လေ အဲလိုပဲ ... မရရင်လဲ ဘာဖြစ်နေမှန်းကိုမသိဘူး ။
ကျွန်တော်တောင် အခုလေးတင် သူငယ်ချင်းတစ်ယောက်ကို အခုအတိုင်းလုပ်ပေးတာ အကုန်အဆင်ပြေါတယ်။
မရဘူးဆိုတော့ .............
phoelapyaee is offline   Reply With Quote
အောက်ပါအသင်းဝင် 6 ဦးတို့မှ phoelapyaee အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 29-07-2010, 02:58 PM
မိုးလွင်
အထူးအသင်းဝင်
 
မိုးလွင်'s Avatar
 
အသင်းဝင်နေ့စွဲ: Jan 2008
ရေးသားချက်များ: 878
ကျေးဇူးတင်စကား: 836
ပို့စ် 754 ခုအတွက် 2,430 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
မိုးလွင် is on a distinguished road
ပြန်စာ - Running Squid Proxy Server on Linux

ကိုရာမညရေ ကျွန်တော်ကတော့ Default port 3128 & port 8080 ၊ port 80 တို့နဲ့လဲ Confrigure လုပ်ကြည့်ပြီးပါပြီ...အမျိုးမျိုး စမ်းကြည်ပါတယ်...ကျနော့် အထက်က proxy server ကိုက allow မပေးတာဖြစ်မယ်ဗျာ...လုံးဝ(လုံးဝ) ကိုမရဘူး


နောက်ဆုံးမရရင်တော့ ip ကို DHCP ကနေ Static ပြောင်းပြီး စမ်းဖို့သာ ကျန်တော့တယ်

http://img442.imageshack.us/img442/3225/capture11h.png

Last edited by မိုးလွင်; 29-07-2010 at 03:02 PM..
မိုးလွင် is offline   Reply With Quote
အောက်ပါအသင်းဝင် 2 ဦးတို့မှ မိုးလွင် အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 31-07-2010, 06:10 AM
phoelapyaee
အထူးအသင်းဝင်
 
phoelapyaee's Avatar
 
အသင်းဝင်နေ့စွဲ: Jan 2008
တည်နေရာ: မော်လမြိုင်
ရေးသားချက်များ: 558
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 583
ပို့စ် 331 ခုအတွက် 1,639 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
phoelapyaee is on a distinguished road
ပြန်စာ - Running Squid Proxy Server on Linux

အကိုရေ ... အမှန်မှာက static ပြောင်းစရာမလိုပါဘူး .. ရရမှာပါ ။
ကျွန်တော်လုပ်လိုက်ပေးတဲ့ စက်တွေ အကုန်အဆင်ပြေနေပါတယ်အကို ။
ကျွန်တော်လဲ ဘယ်လိုဖြေရှင်းပေးရမှန်းမသိတော့ဘူး ။ အကို့ squid.conf ကို ကြည့်တော့လဲ မှန်နေတာပဲ ။
phoelapyaee is offline   Reply With Quote
အောက်ပါအသင်းဝင် 2 ဦးတို့မှ phoelapyaee အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 31-07-2010, 02:06 PM
မိုးလွင်
အထူးအသင်းဝင်
 
မိုးလွင်'s Avatar
 
အသင်းဝင်နေ့စွဲ: Jan 2008
ရေးသားချက်များ: 878
ကျေးဇူးတင်စကား: 836
ပို့စ် 754 ခုအတွက် 2,430 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
မိုးလွင် is on a distinguished road
ပြန်စာ - Running Squid Proxy Server on Linux

ကိုရာမည ရေ...Static လဲပြောင်းပြီး စမ်းကြည့်ပါတယ်...မရပါဘူး.....Firewall rules တွေကြောင့်ဖြစ်မလား ဆိုပြီး.....ကျွန်တော်လဲ System->administrator->Services->ကနေ iptables , ip6tables ကို Stop ပြီးစမ်းတယ်...Squid ကို check ပြီး Restart ပေးပြီး စမ်းတယ်...အမျိုး၂ ကို စမ်းနေတာ မရဘူးဖြစ်နေတယ်....

How can FIX this Problem
မိုးလွင် is offline   Reply With Quote
အောက်ပါအသင်းဝင် 3 ဦးတို့မှ မိုးလွင် အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 06-08-2010, 06:12 PM
phoelapyaee
အထူးအသင်းဝင်
 
phoelapyaee's Avatar
 
အသင်းဝင်နေ့စွဲ: Jan 2008
တည်နေရာ: မော်လမြိုင်
ရေးသားချက်များ: 558
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 583
ပို့စ် 331 ခုအတွက် 1,639 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
phoelapyaee is on a distinguished road
Squid Proxy Configuration on Ubuntu(Authenticating Users)

ကိုမိုးလွင် အဆင်ပြေသွားပြီးဆိုတော့ ကျွန်တော့်ဆွေးနွေးချက်လေး ပြန်ဆက်ပါမယ်...



ကျွန်တော်တို့ squid proxy ဆာဗာထိုင်ထားရင် security အရဖြစ်စေ ၊ user တွေရဲ့ log တွေကို ကြည့်ချင်ရင်ဖြစ်စေ အခုလို user authentication ထားထားတာ ကောင်းပါတယ်။
ပြီးတော့ ယူဇာတွေကို တိကျစွာ control လုပ်နိုင်တာပေါ့ ။ linux squid proxy တွေမှာ user authentication ထည့်ဖို့အတွက် ပြင်က program တစ်ခုခု သုံးရပါတယ်။

# LDAP: Uses the Lightweight Directory Access Protocol
# NCSA: Uses an NCSA-style username and password file.
# MSNT: Uses a Windows NT authentication domain.
# PAM: Uses the Unix Pluggable Authentication Modules scheme.
# SMB: Uses a SMB server like Windows NT or Samba.
# getpwam: Uses the old-fashioned Unix password file.
# SASL: Uses SALS libraries.
# mswin_sspi: Windows native authenticator
# YP: Uses the NIS database

Reference Links :
Code:
http://wiki.squid-cache.org/Features/Authentication
http://www.deckle.co.za/squid-users-guide/Access_Control_and_Access_Control_Operators
ဒီနေရာမှာတော့ NCSA နဲ့ squid မှာ user တွေကို ဘယ်လို authenticate လုပ်မယ်ဆိုတာ ကြည့်ရအောင်ဗျာ ..
တကယ်လို့ တစ်ခြားနည်းသုံးချင်ရင်တော့ ကျွန်တော်အပေါ်မှာ reference ပေးထားတဲ့လင့်ကို ဖတ်ပြီး လုပ်ကြည့်နိုင်ပါတယ်။

ကဲ .. ဆက်ရအောင် ..

ubuntu မှာ user authentication အတွက် အရင်ဆုံး passwd ဆိုတဲ့ဖိုင်နာမည် ဖန်တီးလိုက်ပါမယ်။

Code:
sudo touch /etc/squid/passwd
chmod 640 /etc/squid/passwd
permission ကို 640 ဆိုပြီး ထားလိုက်မယ်နော် .. ကျွန်တော်တို့ password တွေကို security အရ brute force attack လာရင် မထိအောင်ပါ ။ ဒါကတော့ မိမိစိတ်ကြိုက်သတ်မှတ်နိုင်ပါတယ်။
အဲဒါပြီးရင်တော့ ကျွန်တော်တို့ username and password သတ်မှတ်ဖို့အတွက် ဒီ command လေးကို ရိုက်လိုက်ပါမယ်။

Code:
sudo htpasswd /etc/squid/passwd username
ဘာအယ်ရာမှ မတက်ပဲ username and password ကို တောင်းတယ်ဆိုရင်တော့ မိမိပေးချင်တဲ့ နာမည်နဲ့ စကားဝှက်ပေးလိုက်ပါ။
တကယ်လို့ အဲလိုမဟုတ်ပဲ install error တက်လာရင် .. အခုလိုပေါ့ ..



ဒီ NCSA နည်းဟာ apache service နဲ့အသုံးပြုရတာဖြစ်တဲ့အတွက် မိမိစက်မှာ မရှိရင် အင်စတောဖို့လိုတဲ့အယ်ရာတက်လာတာပါ။
ဒီတော့ ပုံမှာပြထားတဲ့ လိုနေတဲ့ ၂ ခုကို ကျွန်တော်အခုလို အင်စတောလိုက်ပါတယ်။

Code:
sudo apt-get install apache2-utils
sudo apt-get install mini-httpd
အဲလိုအင်စတောလိုက်ပါတယ်။

မှတ်ချက်။ ။ မည်သည့်အယ်ရာမှ မတက်သူများ သည်အဆင့်မလိုပါ။


ကဲ .. အဲဒါတွေပြီးရင်တော့ ကျွန်တော်တို့ username and password add ရအောင် ..

Code:
sudo htpasswd /etc/squid/passwd username
အဲဒါလေး ရိုက်လိုက်ရင် username တောင်းပါလိမ့်မယ်။ မိမိပေးချင်တာပေးပါ။ password ကို ဆက်ဖြည့်ပါ။ ဒါဆို အိုကေပြီးနော် ။

အဲဒါပြီးတော့ ကျွန်တော်တို့ add ထားတဲ့ usename and password တွေကို ခေါ်သုံးဖို့အတွက် အခုလို acl မှာ ကြော်ငြာပါတယ်။

Code:
auth_param basic program /usr/lib/squid/ncsa_auth /etc/squid/passwd
auth_param basic children 5
auth_param basic realm phoelapyae.com - Proxy Server
auth_param basic credentialsttl 2 hours
auth_param basic casesensitive off
အဲ့အတိုင်း ပြင်ပြီးရင် http_access ကို ခွင့်ပြုပေးရဦးမယ်နော် .... squid မှာ rule တစ်ခုသတ်မှတ်ပြီးတိုင်း allow/deny လုပ်ပေးရပါတယ် .. ဒီတော့ ..

Code:
acl LAN src 192.168.0.1/24
acl auth_users proxy_auth REQUIRED
http_access allow LAN auth_users
ကဲ .. လုပ်စရာ အားလုံးကုန်ပါပြီး ။ ကျွန်တော်တို့ squid ကို restart ပေးလိုက်ပါ။

Code:
sudo /etc/int.d/squid restart
ကဲ .. မိမိတို့ client ဘက်က ၀က်ဆိုက်တစ်ခုလောက် ဖွင့်ကြည့်လိုက်ပါ ။ အခုလိုပဲ user authentication တောင်းနေတာကို တွေ့ရပါလိမ့်မယ်ခင်ဗျာ ။

For IE


For Firefox
phoelapyaee is offline   Reply With Quote
အောက်ပါအသင်းဝင် 7 ဦးတို့မှ phoelapyaee အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 07-08-2010, 05:12 AM
မိုးလွင်
အထူးအသင်းဝင်
 
မိုးလွင်'s Avatar
 
အသင်းဝင်နေ့စွဲ: Jan 2008
ရေးသားချက်များ: 878
ကျေးဇူးတင်စကား: 836
ပို့စ် 754 ခုအတွက် 2,430 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
မိုးလွင် is on a distinguished road
ပြန်စာ - Running Squid Proxy Server on Linux

ကိုရာမည....အခုလို ဆက်လက် မျှဝေ ဆွေးနွေးကူညီပေးတာ ကျေးဇူးတင်ပါတယ် ကျွန်တော်လဲ အထက်ပါဖော်ပြထားတဲ့ အတိုင်း အားလုံး ဆောင်ရွက်ပြီးသွားပါတယ်...
Configure ဖိုင်ထဲမှာတော့ အောက်ပါ ပုံလေးအတိုင်း ထည့်လိုက်ပါတယ်...

၁)

အဲဒါလေးထည့်ပြီးတာနဲ့
sudo service squid restart ပေးလိုက်ပါတယ်...ကျွန်တော်ဆီမှာတော့ Job failed to (stop,start,restart) တွေများတယ်....ခဏလေးစောင့်ပြီး command တွေပြန်ပြန်ရိုက်နေရတယ်.....ကိုရာမည ဆီမှာတော့ မပြောတတ်ဘူးခင်ဗျာ....

အဲလို restart or start ပေးပြီးတော့ အခြားစက်တလုံးကနေ FIREFOX နဲ့ ဖွင့်လိုက်တော့ အောက်ပါ ပုံအတိုင်း လေးပါ....

၂)

username နဲ့ password ရိုက်ထဲ့လိုက်ပါတယ်...၂ ခါ ၃ ခါလောက် Ok ပေးလိုက်ပါတယ်.... username နဲ့ password တောင်းတဲ့ Authentication Required ဆိုတဲ့ box လေးတော့ပျောက်သွားပါတယ်...Web page တော့ ပွင့်မလာပါဘူး...ခင်ဗျာ...username နဲ့ password လဲမှန်ပါတယ်

Last edited by မိုးလွင်; 07-08-2010 at 05:13 AM..
မိုးလွင် is offline   Reply With Quote
အောက်ပါအသင်းဝင် 2 ဦးတို့မှ မိုးလွင် အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 08-08-2010, 02:17 AM
phoelapyaee
အထူးအသင်းဝင်
 
phoelapyaee's Avatar
 
အသင်းဝင်နေ့စွဲ: Jan 2008
တည်နေရာ: မော်လမြိုင်
ရေးသားချက်များ: 558
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 583
ပို့စ် 331 ခုအတွက် 1,639 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
phoelapyaee is on a distinguished road
ပြန်စာ - Running Squid Proxy Server on Linux

ကိုမိုးလွင်ရေ ...

user create လုပ်တဲ့နေရာမှာ ဘာအယ်ရာများ တက်သေးလဲမသိဘူး ။
ကျွန်တော်ပြောသလို လုပ်တုန်းက တစ်ဆင့်ချင်း မှန်ကန်စွာ အလုပ်လုပ်လားမသိဘူး။

ကျွန်တော်က Ubuntu Desktop ကိုသုံးတော့ apache service ပါမလာပါဘူး။
အဲ့အတွက် လိုအပ်တာတွေကို ကျနော်က အင်စတောလိုက်တာပါ။
ကိုမိုးလွင်စက်မှာတော့ ဘယ်လိုလဲ ကျနော်မပြောတတ်ပါဘူး။

နောက်တစ်ခုက အားလုံးပြင်ပြီးလို့ restart ပေးတဲ့နေရာမှာ မှန်ကန်ဖို့ အရေးကြီးပါတယ်။
ချောချောချူချူ ခွင့်မပြုသ၍ ကောင်းမွန်စွာ အလုပ်လုပ်မှာမဟုတ်ပါဘူး။
ကျွန်တော်အရင်က ပြောခဲ့သလို restart ပေးတဲ့နေရာမှာ အဆင်ပြေသလားဆိုတာ စိစစ်ပေးပါဦး။

ကျွန်တော်သုံးကြည့်သလောက် ပြောရရင် Ubuntu 9.04 မှာ squid ကို ပြင်ပြီးလို့ restart ပေးလိုက်ရင်
အမှားပါနေရင် ဘယ် line number ဘယ်လောက် ၊ ဘယ်အကြောင်းကတော့ ဘာအယ်ရာပါဆိုပြီး ဖော်ပြပေးပါတယ်။
အခု 10.04 မှာတော့ အဲလိုမပြပေးပါဘူး။ ပြီးတော့ restart လုပ်ရင် ပေကပ်ကပ်နဲ့ သိပ်မလုပ်ချင်ပါဘူး။
ကျွန်တော့်အမြင်သက်သက်အရဆို 9.04 ကို သုံးစေချင်ပါတယ်။
ဒါက စာကြွင်းပါ ။ အခုဆွေးနွေးချက်နဲ့တော့ မဆိုင်ပါဘူး။
phoelapyaee is offline   Reply With Quote
အောက်ပါအသင်းဝင် 6 ဦးတို့မှ phoelapyaee အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 08-08-2010, 02:55 AM
မိုးလွင်
အထူးအသင်းဝင်
 
မိုးလွင်'s Avatar
 
အသင်းဝင်နေ့စွဲ: Jan 2008
ရေးသားချက်များ: 878
ကျေးဇူးတင်စကား: 836
ပို့စ် 754 ခုအတွက် 2,430 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
မိုးလွင် is on a distinguished road
ပြန်စာ - Running Squid Proxy Server on Linux

ကိုရာမညရေ....
apache service မပါလာပါဘူး.....ကျနော်လဲ install လုပ်လိုက်ပါတယ်..အားလုံး အဆင်ပြေပါတယ်...sudo service squid restart ဆိုရင်တော့ ပေကပ်ကပ် လုပ်နေတာတော့ အမှန်ပဲ...လောလောဆယ်တော့ 10.04 နဲ့ပဲ စမ်းကြည့်လိုက်ဦးမယ် အဆင်ပြေသွားပါပြီ ခင်ဗျာ

Last edited by မိုးလွင်; 09-08-2010 at 01:53 AM..
မိုးလွင် is offline   Reply With Quote
အောက်ပါအသင်းဝင် 2 ဦးတို့မှ မိုးလွင် အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 09-08-2010, 02:34 AM
phoelapyaee
အထူးအသင်းဝင်
 
phoelapyaee's Avatar
 
အသင်းဝင်နေ့စွဲ: Jan 2008
တည်နေရာ: မော်လမြိုင်
ရေးသားချက်များ: 558
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 583
ပို့စ် 331 ခုအတွက် 1,639 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
phoelapyaee is on a distinguished road
Squid Proxy Configuration on Ubuntu(Bandwidth Limiation)

ကဲ .. အဆင်ပြေတယ်ကြားတော့ ကျွန်တော့်ဆွေးနွေးချက် ပြန်ဆက်ပါမယ် ..

Squid ရဲ့ အားသာချက်ကတော့ bandwidth control လုပ်နိုင်တာပါပဲ ။ ISA မှာဆို bandwidth control လုပ်ဖို့အတွက် ပြင်ပဆော့ဖ်ဝဲလ်အကူအညီ လိုအပ်ပါတယ်။
Squid မှာတော့ ကွန်မန်းလိုင်းလေး လေးငါးကြောင်းလောက် ပြင်ပေးလိုက်တာနဲ့ ပြီးပါတယ်။
Squid မှာ bandwidth control အတွက် delay pool parameter နဲ့ သတ်မှတ်ပါတယ်။
bandwidth သတ်မှတ်ဖို့အတွက် ကျွန်တော်တို့ delay_pools , delay_class , delay_parameters နဲ့ delay_access ဆိုပြီး အဲဒီ ၄ ခုနဲ့ လုပ်နိုင်ပါတယ်။
အရင်ဆုံး bandwidth သတ်မှတ်ဖို့အတွက် delay_pools အရေအတွက်သတ်မှတ်ပေးရပါတယ်။

Code:
delay_pools 3
ဆိုလိုတာက ကျွန်တော်တို့ bandwidth ထိန်းချုပ်မဲ့ အရေအတွက် ၃ ခုလုပ်မယ်ပေါ့။ သာမာန်အားဖြင့် ဆိုင်ဘာကဖေးလောက်ဆို ၁ ခုပေါ့။
ထိန်းချုပ်မဲ့အရေအတွက် သိပြီးဆိုရင် delay_class က ဘာလုပ်သလဲ ကြည့်ရအောင် .. သူတို့ ၄ ခုလုံးဟာ တစ်ခုနဲ့တစ်ခု ဆက်စပ်နေတယ်နော် ။ တွဲလုပ်ရမှာ ။
အခု delay_pools ပြီးတော့ delay_class ကို ဆက်သွားပါတယ်။

delay_class ဆိုတာ ဘယ်အမျိုးအစားနဲ့ bandwidth ကိုခွဲချင်ပါသလဲလို့ဆိုလိုတာပါ ။
ဥပမာ class 1 ဆိုရင် client စက်အားလုံး သတ်မှတ်ထားတဲ့ bandwidth ကို မျှဝေသုံးစွဲနိုင်ပြီး ၊
class 2 လို့ သတ်မှတ်လိုက်ရင်တော့ bandwidth ကို တစ်ဦးချင်းစီအတွက် သတ်မှတ်နိုင်တာပါ။
အဲလိုပေါ့နော် .. တစ်ဖြည်းဖြည်း အသေးစိတ် သွားတာပါ။

delay_class အမျိုးအစား ၅ ခုတောင် ရှိပါတယ်။



ရှုပ်များ ရှုပ်သွားလာမသိဘူး ။ အဲဒါတွေက အရေးမကြီးပါဘူး ။ သာမာန်ဆိုင်ဘာကဖေးအတွက်လောက်ကတော့ class 2 နဲ့ 3 လောက်တင် ရပါတယ်။
အခုရှုပ်နေရင် ကျွန်တော်ဥပမာရေးပြတဲ့အခါ ရှင်းသွားပါလိမ့်မယ်။

အခု delay_parameters ပေါ့ .. သူကတော့ စောစောက ကျွန်တော်တို့ ကြော်ငြာထားတဲ့ delay_class တွေကို ပုံဖော်ပေးတဲ့ ကွန်မန်းပါ။
ဟုတ်ပြီး .. delay_class 1 လို့ သတ်မှတ်ရင် delay_parameters က delay_parameters 1 1500/2000 အခုလို ဥပမာအားဖြင့်ရေးသားပြီး ၊ delay_class 2 လို့ ပြောလိုက်ရင်တော့ delay_parameter က delay_parameters 1 62500/62500 6250/6250 ဆိုပြီး နောက်က တစ်ကြောင်း ပိုလာတာ သတိထားမိပါလိမ့်မယ်။
delay_class ရဲ့ တာဝန်ကို delay_parameters က ပုံဖော်ဆောင်ရွက်တာပေါ့ ။
နောက်ဆုံးတစ်ခု delay_access ကတော့ squid တွေရဲ့ ထုံးစံအတိုင်း allow/deny ပေါ့ဗျာ .. ဘယ် class တွေ ၊ pools တွေကို ခွင့်ပြုမယ် ၊ ပိတ်ပင်မယ် .. အဲလိုပေါ့။
အခုဆိုရင် တော်တော်လေး လည်ထွက်သွားလောက်ပြီးထင်တယ် :P

ကဲ .. ရှင်းသွားအောင် ကျွန်တော် ဥပမာ ရေးပြပါမယ်။

Code:
acl LAN src 192.168.1.0/24                          # The acl defined for the Network
delay_pools 1                                             # Number of Pool
delay_class 1 2                                           # Defines the class of pool for the Pool Number 1
delay_parametes 1 62500/62500 6250/6250  #6250 means 6250 bytes ..All units are defined bytes.
delay_access 1 allow LAN                             # This is the access tag which tie to the acl bw_users
ကဲ .. ကျွန်တောတို့ အဲဒါလေးကို squid.conf မှာ edit လုပ်လိုက်ပြီးရင် သူကဘယ်လိုလုပ်ဆောင်လဲဆိုရင် ..

LAN IP Range 192.168.1.0/24 ထိ access ပေးထားပြီး ၊ delay_pools က တစ်ခုပဲ ရှိတယ်လို့ ပြောတာပါ။ သူက အရေအတွက်ပဲ သီးသန့်သတ်မှတ်လုပ်ဆောင်တာပါ။
delay_class 1 2 ဆိုတာကတော့ အရှေ့က 1 က delay_pools ဖြစ်ပြီး ၊ အနောက်က 2 က class အမျိုးအစားဖြစ်ပါတယ်။

delay_class pool-number class-number အဲဒီလိုပေါ့။

delay_class က 2 ဆိုတော့ delay_parameters မှာ delay_parametes 1 62500/62500 6250/6250 ဆိုပြီး ရေးပေးရတာပါ။
ပထမ 62500/62500 ဆိုတာက start/stop bit ဖြစ်ပြီး network တစ်ခုလုံးရဲ့ bandwidth ပါ။ အနောက်က 6250/6250 ကျတော့ သီးသန့် client စက်များရဲ့ တစ်လုံးစီ
bandwidth ပါ။ စက်အားလုံးရဲ့ အများဆုံးပေါင်းသုံးနိုင်တဲ့ bandwidth က 62500 ပေါ့ ။ အဲလိုပါ ။ ဒါကတော့ မိမိစိတ်ကြိုက်သတ်မှတ်နိုင်တယ်နော် ။
ဥပမာ start/stop ကို 50000/62500 ဆိုပြီး ထားလဲရပါတယ်။ အဓိက သဘောတရားသိရင် သတ်မှတ်နိုင်ပါပြီး။
ကျွန်တော်လဲ ရှင်းရင်းနဲ့ မိမိဘာသာ ရှုပ်လာသလိုပဲ ... :P နားလည်အောင် ဘယ်လိုရှင်းပြရမှန်းမသိတော့ဘူး ။
အသေးစိတ်ကို အောက်ကလင့်မှာ ဖတ်ကြည့်လိုက်ပါ ။ ပိုတောင် ရှင်းသေးတယ်။

phoelapyaee is offline   Reply With Quote
အောက်ပါအသင်းဝင် 12 ဦးတို့မှ phoelapyaee အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 22-08-2010, 12:05 PM
050654
မွေးကင်းစကလေး
 
အသင်းဝင်နေ့စွဲ: Jan 2010
ရေးသားချက်များ: 1
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 5
ပို့စ် 1 ခုအတွက် 20 ဦးမှကျေးဇူးတင်ကြောင်းပြောပါသည်။
050654 is on a distinguished road
ပြန်စာ - Running Squid Proxy Server on Linux

မင်္ဂလာပါ ..
ကျွန်တော်လည်း နဲနဲ အားဖြည့်ပရစေ ..

အပေါ်မှာ ကိုရာမညဖိုးလပြည့် ပထမဆုံး Configure လုပ်တဲ့ ဟာတွေက ကိုယ့်စက် Local Host အတွက်တော့ အားလုံးအဆင်ပြေပါတယ် .. ဒါပေမယ့် LAN စက်အားလုံး အသုံးပြုနိုင်ဖို့က အောက်က ဟာလေး တစ်ကြောင်းထပ်ထည့်ပေးရပါတယ် ..

Quote:
http_access allow all
ဒါမှ Client စက်တွေအကုန်လုံးက ကြိုက်တဲ့ web site ကိုခေါ်ကြည့်နိုင်မှာပါ ..

နောက်တစ်ခုက ကိုယ့် LAN အတွင်းကနေ အပြင် မည့်သည့် Proxy နဲ့မှ မသုံးစေချင်ရင်တော့ (ဥပမာ .. Saudi Proxy ကို Client မှာ မသုံးစေချင်ရင်)
Quote:
never_direct deny all
ပေးထားလိုက်လို့ရပါတယ် ..

တကယ်လို့ အပြင်က Proxy တွေကို Surfing ပေးလုပ်ချင်တယ်ဆိုရင်တော့ ..

Quote:
always_direct allow all
လို့ပေးလိုက် ရုံပါပဲ ..

အဲဒါပေမယ့် always_direct allow all ဆိုရင်တော့

အပေါ်က never_direct ကို allow all ဆိုပြီးတော့ ပြန်လုပ်ပေးဖို့လိုပါတယ် ..

ဒီနှစ်ခုက အပြန်အလှန် allow, deny ပေးရမဲ့ သဘောပါ ..

(ကျွန်တော်မှားတာရှိလည်း ပြန်ပြင်ပေးနိုင်ကြောင်းပါဗျာ .. )

[CENTER][EMAIL="050654@gmail.com"]050654@gmail.com[/EMAIL][/CENTER]

Last edited by 050654; 22-08-2010 at 06:08 PM..
050654 is offline   Reply With Quote
အောက်ပါအသင်းဝင် 20 ဦးတို့မှ 050654 အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 18-09-2010, 08:49 PM
Spirit
လမ်းလျှောက်တတ်စ
 
အသင်းဝင်နေ့စွဲ: Jul 2008
တည်နေရာ: လမ်းမတော်မြို့
ရေးသားချက်များ: 17
ကျေးဇူးတင်စကား: 1
ပို့စ် 11 ခုအတွက် 79 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
Spirit is on a distinguished road
How to Configure Squid Transparent Proxy

မြန်မာမိသားစု ဖိုရမ်မှ Linux ကျွမ်းကျင်သော အကိုများ Squid Proxy နဲ့ ပတ်သက်ပြီး သင်ပြပေးကျပါအုံး။


:20:[SIGPIC][/SIGPIC]:20:
Spirit is offline   Reply With Quote
အောက်ပါအသင်းဝင်မှ Spirit အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 09-10-2010, 06:03 PM
sAnDViper
ကိုယ်ပိုင်အစွမ်းရှိပြီးသူ
 
sAnDViper's Avatar
 
အသင်းဝင်နေ့စွဲ: Dec 2009
တည်နေရာ: ကဗ္ဘာ့တစ်နေရာ
ရေးသားချက်များ: 203
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 1,140
ပို့စ် 141 ခုအတွက် 659 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
sAnDViper is on a distinguished road
ပြန်စာ - Running Squid Proxy Server on Linux

ကိုရာမည ဖိုးလပြည့်ကြီးလည်း ဘယ်ေ၇ာက်နေတယ်မသိဘူးနော် ... CenTOs ကိုပြောင်းတယ်ပြောပြီး ပော်ကိုပော်မလာတော့ဘူး .. မေးစရာတွေက အရမ်းများနေတယ် ပြိးတော့ အကိုလက်ချာတွေကိုလည်း ဖတ်ချင်နေတယ် ... ဟိဟိ ... ဗျိကိုရာမညဖိုးလပြည့်ကြီး .. ဖိုရမ်ထဲမှာ မြန်မြန်စာဆက်ရေးပါတော့ ....
sAnDViper is offline   Reply With Quote
အောက်ပါအသင်းဝင် 3 ဦးတို့မှ sAnDViper အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 09-10-2010, 06:14 PM
phoelapyaee
အထူးအသင်းဝင်
 
phoelapyaee's Avatar
 
အသင်းဝင်နေ့စွဲ: Jan 2008
တည်နေရာ: မော်လမြိုင်
ရေးသားချက်များ: 558
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 583
ပို့စ် 331 ခုအတွက် 1,639 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
phoelapyaee is on a distinguished road
ပြန်စာ - Running Squid Proxy Server on Linux

ကျွန်တော်ဖိုရမ်ထဲမှာ ရှိပါတယ်ဗျို့ ... မေးမြန်းစရာရှိရင် ဖိုရမ်ထဲမှာပဲ မေးမြန်းနိုင်ပါတယ်အကို။
ဒီမှာ တော်တော်များများ ကူညီပေးကြပါတယ် .. ကျွန်တော်မဖြေတတ်လဲ အခြားတစ်ယောက်က ဖြေပေးပါလိ့မ်မယ်အကို။
ကျွန်တော်က ကျောင်းစာနဲ့ အလုပ်ရှုပ်နေလို့ နောက်ပိုင်းပို့စ်တွေလဲ မရေးဖြစ်တော့ပါဘူး။
ကျောင်းက နောက် ၄ လဆို ပြီးတော့မှာမို့လို့ အခုစာတမ်းလုပ်နေရလို့ပါ။
သိချင်တာလေးတွေရှိရင် ဒီဖိုရမ်မှာပဲ မေးမြန်းလိုက်ပါ။ ကျွန်တော်သိတာလေးတွေဆို ဖြေပေးပါ့မယ်ခင်ဗျာ။
phoelapyaee is offline   Reply With Quote
အောက်ပါအသင်းဝင် 3 ဦးတို့မှ phoelapyaee အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 06-12-2010, 08:50 PM
နေမင်းဇွဲမာန်
လမ်းလျှောက်တတ်စ
 
နေမင်းဇွဲမာန်'s Avatar
 
အသင်းဝင်နေ့စွဲ: Dec 2010
ရေးသားချက်များ: 16
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 50
ပို့စ် 14 ခုအတွက် 45 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
နေမင်းဇွဲမာန် is on a distinguished road
ပြန်စာ - Running Squid Proxy Server on Linux

အကိုရေ ကျွန်တော်က fedora သုံးတာပါ။ အကိုအခုပြောထားတဲ့ ညွှန်ကြားချက်တွေနဲ့ ရော fedora မှာသုံးလို့ရလား။ ပြောပြပေးပါဦး။ ကျွန်တော်လည်း တင်ထားချင်လို့ပါ။
နေမင်းဇွဲမာန် is offline   Reply With Quote
အောက်ပါအသင်းဝင် 2 ဦးတို့မှ နေမင်းဇွဲမာန် အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 06-12-2010, 09:30 PM
phoelapyaee
အထူးအသင်းဝင်
 
phoelapyaee's Avatar
 
အသင်းဝင်နေ့စွဲ: Jan 2008
တည်နေရာ: မော်လမြိုင်
ရေးသားချက်များ: 558
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 583
ပို့စ် 331 ခုအတွက် 1,639 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
phoelapyaee is on a distinguished road
ပြန်စာ - Running Squid Proxy Server on Linux

fedora မှာလဲ တူတူပါပဲခင်ဗျာ။
configure လုပ်တာက window ရော ၊ ubuntu , fedora စသဖြင့် အကုန်တူတူပါပဲ။
အဓိက directory အချို့သာ ပြောင်းလဲကောင်း ပြောင်းလဲပါလိမ့်မယ်။
နောက်တစ်ခု squid restart command တွေကတော့ သက်ဆိုင်ရာ linux os အလိုက် ပြောင်းလဲမှာပေါ့။
configure တွေက အကုန်တူတူပါပဲ။
phoelapyaee is offline   Reply With Quote
အောက်ပါအသင်းဝင် 3 ဦးတို့မှ phoelapyaee အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 06-01-2011, 10:41 PM
asulike88
လမ်းလျှောက်တတ်စ
 
အသင်းဝင်နေ့စွဲ: Dec 2010
ရေးသားချက်များ: 5
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 53
ပို့စ် 4 ခုအတွက် 17 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
asulike88 is on a distinguished road
ပြန်စာ - Running Squid Proxy Server on Linux

ကိုဖိုးလပြည့်ခင်ဗျာ..
ကျွန်တော် Ubuntu 10.10 မှာ Squid ကို အကိုရှင်းပြထားတဲ့အတိုင်း ကျွန်တော် Install
လုပ်တာအဆင်ပြေပါတယ်
Configuration လုပ်တော့မှတိုင်ပတ်တော့တာပဲ..
အကိုရေးပေးထားတဲ့ အတိုင်းလိုက်ပြင်ကြည့်တာ တစ်ချို့ဟာတွေက ရှာမတွေ့ဘူးဖြစ်နေတယ်...

ကျွန်တော်ဆိုင်က Wimax ဆိုတော့ ဒီအဆင့်ကိုမထည့်ထားပါဘူး..

Code:
cache_peer proxy.example.com parent 3128 0 no-query
Code:
cache_peer proxy.example.com parent 3128 0 login=username:password no-query
ဒီကုတ်ကိုတော့ရှာလို့မရဘူး.
Code:
acl QUERY urlpath_regex cgi-bin \?
no_cache deny QUERY
sudo squid -z ရိုက်ပြီး Cache Folder ဆောက်တာလဲ အိုကေတယ်

sudo /etc/init.d/squid restart ကိုရိုက်လိုက်လို့ရှိရင် Command Not Found ပဲပြနေတယ်

sudo service squid status

sudo service start

sudo service stop

အဲ Command သုံးကြောင်းနဲ့ တော့ အိုကေတယ်

နောက်တစ်ခုက စက်ဖွင့်လိုက်ရင် Squid က Auto မ Run ဘူးဖြစ်နေတယ်
မနက်ဘက်ဆိုင်ဖွင့်ရင် sudo service start ဆိုပြီး run ပေးနေရတယ်

စက်ဖွင့်လိုက်တာနဲ့ သူ့ဘာသာ Auto Run အောင် ဘယ်လိုလုပ်ရမလဲ
ဆိုတာလေး ရှင်းပြပေးစေလိုပါတယ်
အင်တာနက်တော့သုံးလို့ရနေတယ်ခင်ဗျ..Squid ထိုင်ထားတဲ့ စက် IP နဲ့သုံးလို့ရတယ်..တစ်ခြား Proxy တွေလဲသုံးလို့ရအောင်
Code:
alway_direct allow all 
never_direct allow all
ဒီနှစ်ကြောင်းပြင်လိုက်တာ မရဘူးဖြစ်နေတယ်..Squid server ip နဲ့ပဲရတယ်

ubuntu သုံးတာသိပ်မကြာသေးတော့ တစ်ခုခုဖြစ်ရင်ဘာလုပ်လို့လုပ်ရမှန်းမသိဘူးဖြစ်နေတယ်

Last edited by asulike88; 06-01-2011 at 11:16 PM..
asulike88 is offline   Reply With Quote
အောက်ပါအသင်းဝင် 2 ဦးတို့မှ asulike88 အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 07-01-2011, 12:55 AM
phoelapyaee
အထူးအသင်းဝင်
 
phoelapyaee's Avatar
 
အသင်းဝင်နေ့စွဲ: Jan 2008
တည်နေရာ: မော်လမြိုင်
ရေးသားချက်များ: 558
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 583
ပို့စ် 331 ခုအတွက် 1,639 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
phoelapyaee is on a distinguished road
ပြန်စာ - Running Squid Proxy Server on Linux

cache_peer လုပ်တာက မိမိသုံးတဲ့အင်တာနက်က proxy number ထည့်မှ ရမဲ့အင်တာနက်ဆိုရင်တော့ ထည့်စရာမလိုပါဘူး။

Code:
acl QUERY urlpath_regex cgi-bin \?
no_cache deny QUERY
အဲဒီကုတ်က အမှန်ကရှိပါတယ်။ ဒါပေမဲ့ မတွေ့လဲ ကိစ္စမရှိပါဘူး။
squid default configuration မှာကို အဲဒါတွေက အကုန် enable တွေပါ။

squid ကို restart ပေးဖို့အတွက် Ubuntu 10.04 ကနေ စပြီး ကွန်မန်းလေး ပြောင်းသွားပါတယ်။
10.04 အောက်က sudo /etc/init.d/squid restart နဲ့ ရပေမဲ့ အခု 10.10 မှာတော့ sudo service squid restart ပါ။

စက်ဖွင့်တာနဲ့ squid ကို autorun တစ်ခါတည်းတက်အောင် အောက်ပါကွန်မန်းရိုက်ကြည့်ပါ။
Code:
service squid start
chkconfig squid on
(or)
Code:
chkconfig --add squid
တစ်ခုခုစမ်းကြည့်ပါ။ ကျွန်တော်နောက်ပိုင်းမအားတော့လို့ လင်းနက်စ်ဘက်ကို လှည့်မကြည့်ဖြစ်တာ ကြာပါပြီး။
အဲဒီအတွက် ဘယ်ကွန်မန်းလဲဆိုတာ မသိတော့လို့ပါ။ အလျင်သင့်သလို သုံးကြည့်ပါ။
မရရင် google မှာ ရှာပေးပါ။
phoelapyaee is offline   Reply With Quote
အောက်ပါအသင်းဝင် 10 ဦးတို့မှ phoelapyaee အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Reply

Tags
squid proxy, ubuntu howto, ubuntu knowledge

တန်ဆာပလာများ
ဖော်ပြမှုပုံစံ

Posting Rules
You may not post new threads
You may not post replies
You may not post attachments
You may not edit your posts

BB code is On
Smilies are On
[IMG] code is On
HTML code is Off

ဖိုရမ်တွေ ကျော်ရောက်ချင်ရင် !

အခြားဆင်တူဆွေးနွေးချက်များ
ဆွေးနွေးချက် စတင်ရေးသားသူ ကွပ်ပျစ်ဝိုင်း ပြန်စာများ နောက်ဆုံးပို့စ်
အသင့်တော်ဆုံး Linux OS အား ရွေးချယ်ခြင်း KznT Linux များ (သို့) Linux နှင့်ဆိုင်ရာများ 17 06-06-2013 11:52 AM
ကိုယ်ပိုင် web proxy တစ်ခုဖန်တီးခြင်း phoelapyaee ဆွေးနွေးချက်များ 7 22-08-2011 05:50 PM
လက်တွေ့လေ့လာ... Squid Proxy Server sankhaingphyo Software များဆိုင်ရာ 28 07-07-2011 10:38 AM
Proxy Server အကြောင်းသိကောင်းစရာ မောင်ပေါ်ဦး Internet နှင့်ဆိုင်ရာများ 0 24-07-2010 11:52 AM
Linux အသင်းဝင်တစ်ယောက် အဖြစ်သို့ KznT Linux များ (သို့) Linux နှင့်ဆိုင်ရာများ 0 06-06-2010 12:30 AM


ဖိုရမ်၏ ပင်မအချိန်သည် ဂရင်းနစ်စံတော်ချိန် +6.5 ဖြစ်သည်။ဒေသစံတော်ချိန် 08:07 AM
Inactive Reminders By Icora Web Design