Go Back   မြန်မာမိသားစုဖိုရမ် » ..:: ကွန်ပျူတာနယ်ပယ် ::.. » Linux များ (သို့) Linux နှင့်ဆိုင်ရာများ
မြန်မာလက်ကွက်

Linux များ (သို့) Linux နှင့်ဆိုင်ရာများ Linux OS များအကြောင်း ဆွေးနွေးရန်နေရာပါ.. Linux OS အသုံးပြုပုံများ.. တွေ့ကြုံရသည့်အခက်အခဲများကို ဆွေးနွေးဝေမျှထားသည့်နေရာဖြစ်သလို သင်ကိုယ်တိုင်လည်းဝင်ရောက်ဆွေးနွေးနိုင်ပါသည်.

Reply
 
Bookmark and Share တန်ဆာပလာများ ဖော်ပြမှုပုံစံ
Old 13-11-2014, 01:41 PM
  post #1
diaper
လမ်းလျှောက်တတ်စ
 
အသင်းဝင်နေ့စွဲ: Aug 2013
ရေးသားချက်များ: 16
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 115
ပို့စ် 16 ခုအတွက် 49 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
diaper is on a distinguished road
Remove Ubuntu from UEFI BIOS Menu

Windows 8.1 UEFI နဲ့ Ubuntu dual-boot တင်ထားတာကနေ
Ubuntu ကို ပြန်ဖျက်ရင် BIOS မှာ boot options ကျန်နေတယ်။ ၂ ခုရှိတယ်။
efibootmgr နဲ့ ဖျက်လဲ တစ်ခုပဲ ပျက်တယ်။ Restart ချရင် တစ်ခုက ပြန်ထွက်လာတယ်။
ဘာကြောင့်လဲဆိုတော့ EFI Partition မှာ Ubuntu entry က ကျန်နေလို့ပါ။

အမှန်တကယ်ဖျက်စေချင်ရင် EFI Partition ကို mount လုပ်ရပါမယ်။
Powershell (Administrator) ကိုဖွင့်ပါ။

Code:
mountvol Z: /S
mountvol ကတော့ mount လုပ်တာပါ။
Z: ကတော့ partition ကို Z: လို့ နာမည်ပေးတာပါ၊ C: လိုပေါ့။
/S ကတော့ EFI partition ကို mount လုပ်တာပါ။
Source: http://support.microsoft.com/kb/294773

Mount လုပ်ပြီးသွားရင် Windows Explorer ကို Administrator နဲ့ ဖွင့်ရပါမယ်။
Powershell (Administrator) ကို ဖွင့်ထားပါ။
နဂို explorer.exe ကို Task Manager က End process လုပ်ပါ။
Task Bar တွေပျောက်သွားပါမယ်။
Alt+Tab နဲ့ Powershell (administrator) ကို ပြန်သွားပါ။

Code:
explorer.exe
လို့ရိုက်ပါ။
Windows Explorer ပြန်ဖွင့်ပါ။ EFI partition (Z:) တွေ့ပါမယ်။
အထဲက Ubuntu folder ကို ဖျက်လိုက်ပါ။ တခြား Linux folder တွေရှိလဲ ဖျက်လို့ရပါတယ်။
ပြီးရင် Windows Explorer ကို ပြန်ပိတ်ပါ။
EFI Partition ကို ပြန်ဖျောက်ပါမယ်။

Code:
mountvol Z: /D
/D ကတော့ mount point ကို ပြန်ဖျောက်တာပါ။
Source: http://support.microsoft.com/kb/294773

ပြီးရင် restart ချပါ။

EFI Partition က Ubuntu Folder ကို ဖျက်ပြီးသွားရင် BIOS entry ထဲက ဖျက်ပေးပါမယ်။
bcdedit ကို သုံးပါမယ်။
အရင်ဆုံး Ubuntu entry ကို ရှာပါမယ်။
Powershell (administrator) ကို ဖွင့်ပါ။

Code:
bcdedit /enum firmware
Firmware Applications ...
Identifier
...

ဆိုပြီးထွက်လာပါမယ်။
Ubuntu အတွက် entry ၂ ခုရှိပါတယ်။
ဒါကို ဖျက်ပါမယ်။

အရင်ဆုံး boot entry ကို save လုပ်ပါ။

Code:
bcdedit /export savebcd
ဖျက်တဲ့နေရာမှာ သုံးဖို့ savebcd ကို copy ကူးပါ။

Code:
copy savebcd newbcd
Notepad ကိုဖွင့်ပါ။
ကိုယ် delete လုပ်ချင်တဲ့ Ubuntu ရဲ့ firmware applications identifier ကို အောက်က command မှာ အစားထိုးပါ။
curly braces { } နံပါတ်ကို ပြောတာပါ။

Code:
bcdedit /store newbcd /delete {93cee841-f524-11db-af62-aa767141e6b3}
bcdedit /store newbcd /delete {93cee842-f524-11db-af62-aa767141e6b3}
ပြီးရင် သူ့အောက်မှာ အောက်က command ကို ထဲ့ပါ။

Code:
bcdedit /import newbcd /clean
နောက်ဆုံး Notepad မှာ ဒီလိုဖြစ်သွားပါမယ်။

Code:
bcdedit /store newbcd /delete {93cee841-f524-11db-af62-aa767141e6b3}
bcdedit /store newbcd /delete {93cee842-f524-11db-af62-aa767141e6b3}
bcdedit /import newbcd /clean
ဖိုင်ကို .cmd extension နဲ့ save လုပ်ပါ။ (.txt files အစား All files ရွေးပေးရပါမယ်)
e.g., 12345.cmd

12345.cmd ကို C:\Windows\System32\ ထဲကို copy ကူးထဲ့ပါ။
Powershell (Administrator) ကနေ

Code:
.\12345.cmd
လို့ရိုက်ပါ။ ပြီးသွားရင် Reboot ပြန်လုပ်ပါ။ ဒါဆို Linux Boot Loader Entries အားလုံး စင်သွားပါပြီ။

Source: http://technet.microsoft.com/en-us/l...(v=WS.10).aspx

အားလုံးအဆင်ပြေတယ်ဆို System32 ဖိုဒါထဲက savebcd, newbcd, 12345.cmd ဖိုင်တွေကို ဖျက်လို့ရပါတယ်။

Last edited by diaper; 13-11-2014 at 01:46 PM..
diaper is offline   Reply With Quote
အောက်ပါအသင်းဝင် 6 ဦးတို့မှ diaper အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Reply

တန်ဆာပလာများ
ဖော်ပြမှုပုံစံ

Posting Rules
You may not post new threads
You may not post replies
You may not post attachments
You may not edit your posts

BB code is On
Smilies are On
[IMG] code is On
HTML code is Off

ဖိုရမ်တွေ ကျော်ရောက်ချင်ရင် !

အခြားဆင်တူဆွေးနွေးချက်များ
ဆွေးနွေးချက် စတင်ရေးသားသူ ကွပ်ပျစ်ဝိုင်း ပြန်စာများ နောက်ဆုံးပို့စ်
Ubuntu ( Linux ) FAQs ( Self-Study ) KznT Linux များ (သို့) Linux နှင့်ဆိုင်ရာများ 29 22-02-2013 12:27 PM
BIOS or CMOS Password ဖြုတ်နိုင်တဲ့ နည်းလမ်းများ sawlinux Windows နှင့်သက်ဆိုင်သော 1 22-03-2012 08:55 PM
Windows ပေါ်မှာ Ubuntulinux ကို ဘယ်လို Install လုပ်ပြီး run မလဲ။ poekaunglay87 Linux များ (သို့) Linux နှင့်ဆိုင်ရာများ 22 24-06-2011 12:52 AM
Computer Hardware Fundamental (မာတိကာ) ကိုစံငြိမ်း Hardware များဆိုင်ရာ 30 13-06-2011 11:05 PM
Windows 7 x86 Mac OS X KznT Windows 7 17 13-10-2010 05:03 PM


ဖိုရမ်၏ ပင်မအချိန်သည် ဂရင်းနစ်စံတော်ချိန် +6.5 ဖြစ်သည်။ဒေသစံတော်ချိန် 03:40 AM
Inactive Reminders By Icora Web Design