Go Back   မြန်မာမိသားစုဖိုရမ် » ..:: ကွန်ပျူတာနယ်ပယ် ::.. » Linux များ (သို့) Linux နှင့်ဆိုင်ရာများ
မြန်မာလက်ကွက်

Linux များ (သို့) Linux နှင့်ဆိုင်ရာများ Linux OS များအကြောင်း ဆွေးနွေးရန်နေရာပါ.. Linux OS အသုံးပြုပုံများ.. တွေ့ကြုံရသည့်အခက်အခဲများကို ဆွေးနွေးဝေမျှထားသည့်နေရာဖြစ်သလို သင်ကိုယ်တိုင်လည်းဝင်ရောက်ဆွေးနွေးနိုင်ပါသည်.

Reply
 
Bookmark and Share တန်ဆာပလာများ ဖော်ပြမှုပုံစံ
Old 24-03-2013, 02:43 PM
  post #1
g00gle
အထူးအသင်းဝင်
 
အသင်းဝင်နေ့စွဲ: Nov 2010
ရေးသားချက်များ: 751
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 12,278
ပို့စ် 754 ခုအတွက် 6,476 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
g00gle will become famous soon enough
openSUSE

openSUSE documentation က အရမ်းကောင်းတာနဲ့ အဲဒါလေး ဘာသာပြန်မလား စဉ်းစားထားတယ်။ ဘယ်လောက်ထိ လုပ်နိုင်မလဲတော့ မပြောတတ်ဘူး။ တစ်မျက်နှာထဲနဲ့လဲ ပြီးချင်ပြီးသွားနိုင်တယ်။

စစချင်း Installation guide ကို ပြန်ထားပါတယ်။ သိပ်တော့ အသေးစိတ်မဟုတ်ဘူး။ ဖတ်လို့နားလည်ရုံ ပြန်ထားတာပါ။ အသုံးတဲ့မယ်ထင်ပါတယ်။

ပထမဆုံး partition ကြိုခွဲထားရင် သွင်းရတော်တော်လွယ်ပါမယ်။ Free Space အလွတ်တစ်ခု ကြိုလုပ်ထားပါ။ Primary partitions 4 ခုမဖြစ်ဖို့တော့ ဂရုစိုက်ပါ။

ပုံတွေက တစ်ခုချင်း ဖိုရမ်မှာ ပြန်ထဲ့ရ အဆင်မပြေလို့ web page အနေနဲ့ပဲ Ubuntu One မှာ တင်ပေးထားပါတယ်။ ပြန်ရလွယ်အောင် google translator tool kit သုံးထားလို့ပါ။ ဒါကြောင့်ပုံတွေက တိုက်ရိုက်သူ့ website ကယူသုံးပါတယ်။ အဲဒါကိုတော့ browser ကနေ print ပြန်ထုတ်ထားတယ်။ အရမ်းမသေသပ်ပေမဲ့ ဖတ်လို့ ရမယ်ထင်ပါတယ်။


Chapter 1. Installation Quick Start ( PDF Link - http://ubuntuone.com/3Ow94W82Uamr6eaViIMBc4 )
Chapter 2. KDE Quick Start // KDE desktop အသုံးပြုပုံနဲ့ Dolphin File Manager အကြောင်းအဓိကရေးထားပါတယ်။ KWallet အကြောင်းအနည်းငယ်ပါပါတယ်။ Firefox သုံးတာ၊ Chat ဆော့ဝဲ၊ music player ကို ခဏချန်ထားပြီး ဆော့ဝဲသွင်းတာ ဆက်ပါမယ်။

Extra 1. Using software.opensuse.org (installing kernel 3.8.xx in openSUSE 12.3)
Extra 2. Installing software with YaST
Extra 3. Multimedia - mp3, mp4, mpeg

.

If something doesn't work, break it and create a BETTER one.

Last edited by g00gle; 15-04-2013 at 01:01 PM..
g00gle is offline   Reply With Quote
အောက်ပါအသင်းဝင် 7 ဦးတို့မှ g00gle အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 24-03-2013, 03:29 PM
  post #2
g00gle
အထူးအသင်းဝင်
 
အသင်းဝင်နေ့စွဲ: Nov 2010
ရေးသားချက်များ: 751
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 12,278
ပို့စ် 754 ခုအတွက် 6,476 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
g00gle will become famous soon enough
zypper package management in openSUSE

အရင်က Ubuntu သုံးနေတုန်းက apt-get က အဆင်ပြေနေတော့ aptitude ပြီးရင် အကောင်းဆုံးမှတ်နေတယ်။ yum သုံးဖူးပေမဲ့ အဲဒီတုန်းက စသုံးတာဆိုတော့ ဘာမှန်း သတိမထားမိဘူး။ openSUSE မှာပါတဲ့ package management - zypper က တော်တော် သဘောကျဖို့ကောင်းတယ်။ (yum လဲ ကောင်းချင်ကောင်းမှာပါ။ ကျွန်တော်မသိလို့ပေါ့)

သိသလောက် Ubuntu မှာဆို များသောအားဖြင့် ဆော့ဝဲတွေက package ထုတ်ထားတာ repository ကို တစ်ခါထဲ မထဲ့ပေးဘူး။ ထဲ့ပေးပြန်ရင်လဲ update မလုပ်ပေးပြန်ဘူး။ ပုံမှန် အဆင့်အနေနဲ့ဆို

repo ထဲ့မယ်။
gpg key ထဲ့မယ်။
apt-get update လုပ်မယ်။
ပြီးမှ install လုပ်မယ်။

software center / gdebi တို့ရှိပေမဲ့ Yast တို့လောက် မလုပ်ပေးဘူး။ openSUSE က 1-click install - တချက်နှိပ်၊ အကုန်သူ့ဟာသူ လုပ်သွားတယ်။ လွယ်မှလွယ်တာပေါ့။ နောက် http://software.opensuse.org မှာ Ubuntu ppa လိုပဲ ဆော့ဝဲပေး package လုပ်ခွင့်ပေးထားတော့ လိုချင်တာ အဲဒီမှာရှာ 1-click install နဲ့ ပြီးပြီ။

နောက် zypper ကို သဘောကျတာတွေ ရှိတယ်။ သူ့နာမည်ပေးထားပုံက ရှင်းတယ်။ apt-get လို မဟုတ်ဘူး။

apt-get update = zypper refresh
apt-get upgrade = zypper update / zypper patch
apt-get install = zypper install
apt-get remove = zypper remove

ဒီထိအဆင်ပြေတယ်။ ပြီးရင် pkg ရှာရင် apt-get မဟုတ်တော့ပြန်ဘူး။ apt-cache search ဖြစ်သွားရော၊ zypper ကတော့ zypper search ပဲ။ နာမည်တွေ consistent ဖြစ်တယ်။ ရှင်းတယ်။ ပြီးရင် rpm package mananger အားသာချက်က dpkg လို break မဖြစ်ဘူး။

ဥပမာ - deb file တစ်ခုသွင်းရင် dpkg ပဲ သုံးလို့ရတယ်။ dependencies မစုံရင် break >> ပြီးမှာ apt-get install -f နဲ့ ပြန်ပြင်။ ဒီမှာတော့ ဒီလိုမဟုတ်ဘူး တစ်ခုထဲ rpm မသုံးပဲ zypper သုံးလိုက်လို့ ရတယ်။

zypper install skype.rpm

လွယ်တာပေါ့။ လိုတဲ့ dependencies အလိုလို သွင်းသွားတယ်။



နောက် repositories တွေကို manage လုပ်လို့ရတယ်။ vi တွေ၊ ဘာတွေ သုံးတတ်ဖို့မလိုဘူး။ zypper search သုံးလိုက်တာ၊ repository update လုပ်ဖို့ command ပါပြပေးတယ်။ နောက် packages list လုပ်တာကလဲ ပိုအသေးစိတ် ရှိတယ်။ ရှင်းတယ်။



အားနည်းချက်တော့ ရှိတယ်။ apt-get က pkg version latest ကိုပဲသွင်းတယ်။ version တစ်ခုပဲဆိုပေမဲ့ နာမည်ပေးတာ မတူရင် သူ့ဟာသူ နောက်ဆုံးထင်တာကို ရွေးသွင်းတယ်။ ဒါကြောင့် version တစ်ခုထဲကို ၂ ခါ သွင်းတာတို့ ဘာတို့ ရှိတယ်။ (နာမည်တလွဲပေးတဲ့ repositories သုံးခဲ့ရင်)

ဒီမှာကြတော့ version conflict ကို ပြန်မေးတယ်။ စစသုံးချင်းဆိုရင်တော့ နည်းနည်းကြောင်တောင်တောင် နိုင်တယ်။ ဘယ် pkg ရွေးမလဲဆိုတာ။ vendor change ခိုင်းတာပေါ့။ လောလောဆယ်ဆယ် ပြသနာတက်တာကတော့ media codecs - version က အမျိုးမျိုးဆိုတော့ conflict ဖြစ်၊ ကိုယ်သွင်းတဲ့ version ကို ကိုယ်သုံးချင်တဲ့ software က မသိ။ ဒါလေးတစ်ခုပါပဲ။

သေချာလဲ မသိတော့ အခုပြောတာတွေ မှားချင်လဲ မှားပါမယ်။

If something doesn't work, break it and create a BETTER one.
g00gle is offline   Reply With Quote
အောက်ပါအသင်းဝင် 6 ဦးတို့မှ g00gle အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 25-03-2013, 10:55 AM
  post #3
g00gle
အထူးအသင်းဝင်
 
အသင်းဝင်နေ့စွဲ: Nov 2010
ရေးသားချက်များ: 751
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 12,278
ပို့စ် 754 ခုအတွက် 6,476 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
g00gle will become famous soon enough
fcitx - Input method

မြန်မာလို ဖိုရမ်ကလွဲ တခြားနေရာ မရိုက်ဖြစ်တာရယ်၊ ရိုက်ဖြစ်ရင်လဲ များသောအားဖြင့် ဖိုရမ်က built-in editor ပဲသုံးနေတာဆိုတော့ ကီးဘုတ်ကို သိပ်မသုံးဖြစ်တာအမှန်ပဲ။ မြန်မာကီးဘုတ်က လင်းနက်အတွက်ဆို xkb, ကို thura hlaing, Ubuntu mm LoCo team ကလုပ်တဲ့ ibus, ibus ကိုပဲ သုံးထားတဲ့ လက်ကွက်ပိုစုံတဲ့ keymagic, waitzar တို့ရှိတယ်။ သုံးဖြစ်တာက mm-kb.deb ibus keyboard ကို သုံးတယ်။

ဒီမှာ KDE desktop သွင်းထားတော့ ibus သွင်းဖို့ dependencies အများကြီးလိုနေရော။ ဘာကီးဘုတ် သုံးလို့ရသလဲ သိချင်လို့ လိုက်ဖတ်ရင်းနဲ့ မထင်ပဲ fcitx အကြောင်းပြထားတဲ့ youtube video ကို သွားကြည့်လိုက်မိတယ်။ အရင်က ရှိမှန်းသိပေမဲ့ ဒီလောက်ထိ ကောင်းလာမှန်း မသိဘူး။ သုံးရတော်တော် အဆင်ပြေတယ်။ မြန်မာလို မရိုက်ဘူးဆိုရင်တောင် spell check တို့၊ ဘာတို့ရှိတို့ တော်တော်ကြိုက်တာ အမှန်ပဲ။ နောက်ပြီး xkb layout ကိုလဲ သိတော့ ယူနီကုတ်ဆို မြန်မာ၃၊ ဇော်ဂျီအတွက်ဆို xkb ကို ပြင်သုံးလို့ ရတယ်။ fcitx က တရုတ်စာအတွက်ပဲ အဓိကလုပ်ထားတာဖြစ်ပြီး သူ့ features တွေသုံးထားတဲ့ မြန်မာကီးဘုတ်တော့ လောလောဆယ်ဆယ် မရှိပါဘူး။ ဘာတွေသုံးလို့ရလဲ video မှာကြည့်ကြည့်ပါ။


If something doesn't work, break it and create a BETTER one.
g00gle is offline   Reply With Quote
အောက်ပါအသင်းဝင် 5 ဦးတို့မှ g00gle အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 26-03-2013, 06:54 AM
  post #4
ကိုလင်း1z
ကြီးကောင်ဝင်စ
 
အသင်းဝင်နေ့စွဲ: Nov 2010
ရေးသားချက်များ: 86
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 247
ပို့စ် 83 ခုအတွက် 372 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
ကိုလင်း1z is on a distinguished road
ပြန်စာ - openSUSE

ကြိုဆိုပါတယ် ကိုဂူဂဲ..( ဘယ်လိုခေါ်ရမှန်းမသိလို့ အလွယ်တကူ ကိုဂူဂဲလို့ဘဲ ခေါ်လိုက်တယ်)
ကျနော် ကိုယ်တိုင်လဲ ubuntu ကိုသုံးနေတာ။ opensuse တော့ မစမ်းဘူးသေးဘူး။
စမ်းမယ်စမ်းမယ်နဲ့အချိန်သာကုန်သွားတယ်။ KDE ကိုစိတ်ဝင်စားပေမဲ့ မသုံးဖြစ်သေးဘူး။
အချိန်ရရင်ဆက်ပြီး တင်ပေးပါလို့ တောင်းဆိုချင်ပါတယ်။ စိတ်ဝင်စားမိတာက myanmar keyboard ကိုရော Opensuse မှာ သုံးလို့အဆင်ပြေနိုင်မလားဆိုတာဘဲ။
နောက်ထွက်တဲ့ WINDOW 8 က (METRO UI ကို TOUCH SCREEN အတွက် အဓိကထားပြီး ဒီဇိုင်းထုတ်ထားတော့ ) အဆင်မပြေတာများနေတယ်။ window ME နှင့် VISTA လိုများဖြစ်နေပြီလားမသိဘူး။
ဒါကလဲ MICROSFOT ရဲ့ သမိုင်းလို့တောင် ပြောလို့ရနေပါပြီ။
ကိုလင်း1z is offline   Reply With Quote
အောက်ပါအသင်းဝင် 4 ဦးတို့မှ ကိုလင်း1z အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 26-03-2013, 03:13 PM
  post #5
g00gle
အထူးအသင်းဝင်
 
အသင်းဝင်နေ့စွဲ: Nov 2010
ရေးသားချက်များ: 751
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 12,278
ပို့စ် 754 ခုအတွက် 6,476 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
g00gle will become famous soon enough
ပြန်စာ - openSUSE

မြန်မာလိုက gnome လောက်အဆင်ပြေမှာ မဟုတ်ဘူး။ kde applications တွေကိုက အဲလိုဖြစ်နေတာ။ text editor - kwrite တို့ဆို မြန်မာလို ကောင်းကောင်းမပေါ်ဘူး။ တခြားမြန်မာလိုပေါ်တဲ့ ဆော့ဝဲသွင်းမှပဲရမယ်။ ပိုကောင်းတာတော့ ရှိတယ်။ ရိုက်ထားတဲ့စာလုံး autocomplete လုပ်ပေးတာတို့မျိုးပေါ့။

မြန်မာလိုကတော့ လောလောဆယ်ဆယ် xkb ပဲ ကျွန်တော်သုံးတယ်။

/usr/share/X11/xkb/symbols မှာ mm ဆိုတဲ့ဖိုင်ရှိတယ်။ နဂိုက myanmar3 လက်ကွက်ပါ။ edit လုပ်ပြီး zawgyi layout ပြန်ပြောင်းမှ ရမယ်။

Code:
partial default alphanumeric_keys 
xkb_symbols "basic" {
    name[Group1]= "Burmese";
	include "level3(ralt_switch)"
	
	// Alphanumeric section
	key <AE01> { [ U1041, U100D, U100E, U106F ] };
	key <AE02> { [ U1042, U1091, U106D ] };
	key <AE03> { [ U1043, U100B, U106C ] };
	key <AE04> { [ U1044, dollar, U104E, U1023 ] };
	key <AE05> { [ U1045, percent, U1029, U102A ] };
	key <AE06> { [ U1046, asciicircum ] };
	key <AE07> { [ U1047, U101B, U1090 ] };
	key <AE08> { [ U1048, U1002, U1062 ] };
	key <AE09> { [ U1049, parenleft, U1026 ] };
	key <AE10> { [ U1040, parenright ] };
	key <AE11> { [ minus, underscore, U1097 ] };
	key <AE12> { [ equal, plus, U106E ] };

	key <AD01> { [ U1006, U103D, U1066, U1067 ] };
	key <AD02> { [ U1010, U107D, U1071, U1072 ] };
	key <AD03> { [ U1014, U108F, U1077, U1096 ] };
	key <AD04> { [ U1019, U107D, U107C ] };
	key <AD05> { [ U1021, U108A, U1024 ] };
	key <AD06> { [ U1015, U1094, U1078, U104C ] };
	key <AD07> { [ U1000, U1095, U1060, U1009 ] };
	key <AD08> { [ U1004, U1088, U104D, U106A ] };
	key <AD09> { [ U101E, U1025, U1086 ] };
	key <AD10> { [ U1005, U100F, U1065, U1070 ] };
	key <AD11> { [ U101F, U1027 ] };
	key <AD12> { [ U104F, U1092 ] };

	key <AC01> { [ U1031, U1017, U1008, U107A ] };
	key <AC02> { [ U103A, U103D ] };
	key <AC03> { [ U102D, U102E, U108E, U108C ] };
	key <AC04> { [ U1039, U1064 ] };
	key <AC05> { [ U102B, U103C ] };
	key <AC06> { [ U1037, U1036 ] };
	key <AC07> { [ U103B, U1032, U1083, U1084 ] };
	key <AC08> { [ U102F, U1033, U1089 ] };
	key <AC09> { [ U1030, U1034, U108D, U108B ] };
	key <AC10> { [ U1038, U105A ] };
	key <AC11> { [ U1012, U1013, U1075, U1076 ] };

	key <AB01> { [ U1016, U1007, U1079, U1068 ] };
	key <AB02> { [ U1011, U100C, U1073, U1074 ] };
	key <AB03> { [ U1001, U1003, U1061, U1063 ] };
	key <AB04> { [ U101C, U1020, U1085 ] };
	key <AB05> { [ U1018, U1080, U1093 ] };
	key <AB06> { [ U100A, U107F, U106B, U1069 ] };
	key <AB07> { [ U102C, U107E, U1081, U1082 ] };
	key <AB08> { [ U101A, U101D ] };
	key <AB09> { [ period, U1008 ] };
	key <AB10> { [ U104B, U104A ] };

	key <BKSL> { [ U104F, U1092 ] };
	// End alphanumeric section
	include "mm(tilde_switch)"
};

// The following code creates the "Tilde key" phenomenon.

partial modifier_keys
xkb_symbols "tilde_switch" {
	key <TLDE> {
	symbols[Group1] = [ ISO_Level3_Latch, asciitilde, grave ]
	};
	modifier_map Mod5 { ISO_Level3_Latch };
};
နေရာနည်းနည်းလွဲတာနေတယ်။ ယူနီကုတ်ပါသုံးမယ်ဆိုရင် တခြားပြင်ရမှာရှိတယ်။ ဖိုရမ်မှာတခေါက်ရေးထားဖူးတယ်။

Ibus ကတော့ သွင်းရင် gnome dependencies ပါသွင်းမှာမို့ မစမ်းချင်တော့ဘူး။

လောလောဆယ်ဆယ် ကြိုက်နေတာက KRunner ပါ။ Unity ထက်ပိုကောင်းတယ်။ ဖိုင်ရှာလို့ရတယ်။ Apps ဖွင့်လို့ရတယ်။ တခြား screen brightness ချိန်တာဘာတွေရတယ်။ date, time, calculator ရတယ်။ ပိုမြန်တယ်။ Unity ထက်ပိုသာတာက Youtube search - results က Unity ထက်ပိုကောင်းတယ။ (Ubuntu က youtube education) ပဲရှာတော့ results က သိပ်မကောင်းဘူး။ ဒီမှာတော့ အကောင်းဆုံးမဟုတ်ပေမဲ့ သုံးလို့ရတဲ့အဆင့်ရှိတယ်။ Screen capture လုပ်ထားတာ။ quality တော့ကောင်းဘူး။ video ထဲမှာ နှေးပြီး ထစ်နေတယ်။ အပြင်မှာတော့ မြန်ပါတယ်။ ခဏခဏတော့ crash ဖြစ်တယ်။



စကားမစပ် ဒီscreen capture url ကိုသဘောကျတယ်။ http://youtu.be/vmB-_-mNuw4
-_- လေးပါတယ်။ ထူးထူးဆန်းဆန်း။

If something doesn't work, break it and create a BETTER one.
g00gle is offline   Reply With Quote
အောက်ပါအသင်းဝင် 5 ဦးတို့မှ g00gle အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 04-04-2013, 09:00 AM
  post #6
g00gle
အထူးအသင်းဝင်
 
အသင်းဝင်နေ့စွဲ: Nov 2010
ရေးသားချက်များ: 751
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 12,278
ပို့စ် 754 ခုအတွက် 6,476 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
g00gle will become famous soon enough
su Vs su -

openSUSE သုံးကြည့်သလောက် Ubuntu နဲ့ ကွာတာက root access ယူတာဖြစ်ပါတယ်။ Ubuntu မှာက root account ကို disable လုပ်ထားပြီး sudo သုံးပါတယ်။ Root လုပ်ချင်ရင် sudo su, sudo bash, sudo -i, sudo -s စသဖြင့် အမျိုးမျိုး သုံးကြတယ်။ ကျွန်တော်က root မလုပ်တာများတော့ sudo ပဲ သုံးဖြစ်နေတော့ ဒီ commands တွေမှာ ဘာကွာလဲ သတိမထားမိဘူး။

openSUSE သုံးတော့ sudo လဲရှိတယ်။ ဒါပေမဲ့ Ubuntu လို အကုန်သုံးလို့မရဘူး။ ဒါနဲ့ root access ပြောင်းဖို့ လိုလာရော။ အဲဒီမှာ "su" နဲ့ "su -" နဲ့ ဘာကွာသလဲ သိချင်လာရော။

ဖတ်ကြည့်ရင်း နားလည်သလောက်က " su " နဲ့ root ယူတဲ့အခါ root စစ်စစ်ကို မရသွားဘူး။ ဥပမာ -

$ su
$ ls
လို့ ရိုက်ကြည့်လိုက်ရင် Home folder က local user ရဲ့ user folder ဖြစ်နေတာတွေ့ပါမယ်။

(အသေးစိတ်သိချင်က $ echo $PATH)

" su - " သုံးရင် root စစ်စစ်ရပါတယ်။

$ su -
$ ls
ဆို Home folder က root home folder ဖြစ်နေတာကို တွေ့ပါမယ်။ local home folder က /home/username/ မှာပါ။ ($ echo $PATH လုပ်ကြည့်ရင် ပိုကွာတာတွေ့ပါမယ်)

ကွာတာတော့ သိပြီ။ ဘယ်ဟာသုံးမှာလဲ။

" su - " ကို သုံးပါ။ ဘာလို့လဲဆိုတော့ " su " သုံးတဲ့အခါ local home folder ဖြစ်နေပြီး မတော်တဆ local files ကို overwrite သွားလို့ပါ။ ဒါကြောင့် အခန့်မသင့်ရင် " su " သုံး၊ program တွေဖွင့်ပြီးနောက် - local အနေနဲ့ run လို့ မရတာမျိုး ဖြစ်တတ်လို့ပါ။ နောက်တစ်ခုက security ပါ။ (ကျွန်တော် သေချာမသိလို့ မပြောတော့ပါဘူး)

Graphical applications ဖွင့်တဲ့အခါမှာလဲ " kdesu " " gksu " သုံးတာက ရိုးရိုး su , sudo သုံးပြီး ဖွင့်ထားထက် security ပိုကောင်းပြီး, စိတ်ချရတယ် ဆိုပါတယ်။

Ubuntu အတွက်တော့ အကောင်းဆုံးက " sudo -i " ကို သုံးတာပါ။ Graphical ဆို " gksu " သုံးတာပါ။ Root ယူပြီးရင်တော့ exit နဲ့ ပြန်ထွက်ပါ။

If something doesn't work, break it and create a BETTER one.
g00gle is offline   Reply With Quote
အောက်ပါအသင်းဝင် 6 ဦးတို့မှ g00gle အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 15-04-2013, 12:16 AM
  post #7
g00gle
အထူးအသင်းဝင်
 
အသင်းဝင်နေ့စွဲ: Nov 2010
ရေးသားချက်များ: 751
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 12,278
ပို့စ် 754 ခုအတွက် 6,476 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
g00gle will become famous soon enough
ပြန်စာ - openSUSE

openSUSE 12.3 မှာ kernel 3.8 သွင်းနည်းပါ။ default က 3.7 ပါ။ ထုံးစံအတိုင်း သူ့ build service ကပဲသွားဒေါင်းပါတယ်။ http://software.opensuse.org ကနေ kernel-default လို့ရှာလိုက်ပါတယ်။

ဒီ page ကို ရောက်သွားပါမယ်။ http://software.opensuse.org/package/kernel-default

အောက်မှာ ပြထားတဲ့အတိုင်း တွေ့ပါမယ်။ မူရင်း default package ရှိလို့ standard install - openSUSE 12.3 - kernel version 3.7.xx ဆိုပြီး တွေ့ပါမယ်။ သွင်းချင်တာက 3.8 ပါ။ official မဟုတ်ပေမဲ့ stable update မှာ ရှိပါတယ်။ အောက်နားက show other versions ကို နှိပ်လိုက်ပါ။



Direct install ဆိုတဲ့ အောက်မှာ တခြား openSUSE versions တွေအတွက် ရှိတဲ့ packages တွေ ထွက်လာပါမယ်။ 12.3 က လက်ရှိ official မို့ သူ့ကို select လုပ်ထားပါတယ်။ Tumbleweed သုံးဖို့မပြောင်းထားဖူးဆိုရင် 12.3 version က packages တွေကိုပဲ သုံးရမှာပါ။



အဲဒီစာမျက်နှာ 12.3 က show unstable packages ကိုနှိပ်ပါ။ ဒီ packages က official မဟုတ်ကြောင်း (စမ်းသပ်ဆော့ဝဲဖြစ်ကြောင်း) အ၀ါရောင်ခေါင်းစဉ်တက်ပြီး ပြောပါမယ်။ Continue ကိုနှိပ်ပါ။



နောက်ထပ် ဒီလိုမျိုး အများကြီး ထပ်တွေ့ပါမယ်။ ထိပ်ဆုံးက official release ကတော့ default ပါတဲ့ဟာပါ။ သူ့အောက်မှာ နာမည်အမျိုးမျိုးနဲ့ kernel versions အမျိုးမျိုးကို တွေ့ပါမယ်။ openSUSE build service က Ubuntu မှာ သုံးတဲ့ PPA နဲ့ တူတူပါပဲ။ ကြိုက်တဲ့သူ latest software ကို build လုပ်ပြီး တင်ပေးလို့ရတယ်။ PPA ကို Ubuntu က လိုက်မစစ်သလို၊ openSUSE က packages တိုင်းကို လိုက်စစ်တာ မဟုတ်တဲ့အတွက် သူများ လက်တဲ့စမ်းထားတာသွင်းပြီး break ဖြစ်တာ၊ security risk ရှိတာ ဖြစ်နိုင်ပါတယ်။ ကောင်းတာက ကိုယ်သွင်းမဲ့ builder နာမည်ကို google မှာ ရှာ၊ စိတ်ချရတယ်ဆိုမှ သွင်းတာပါ။ ဒီမှာတော့ Kernel:stable ဆိုတဲ့သူဆီကနေ ကျွန်တော် သွင်းပါမယ်။



ဘယ်လိုသွင်းရမလဲဆိုတော့ နည်း ၂ နည်းရှိပါတယ်။ တခုက 1 Click Install ကို သုံးတာပါ။ နောက်တစ်ခုက rpm ကို တိုက်ရိုက်ဒေါင်းလုပ်လုပ်ပြီး သွင်းတာပါ။

Code:
Kernel:stable    3.8.7    32bit    64bit    source    1 Click Install
ဆိုပြီး တွေကပါမယ်။ rpm တိုက်ရိုက်ဒေါင်းချင်တယ်ဆိုရင် 32bit / 64 bit ကိုယ့်စက်နဲ့ ကိုက်တာတစ်ခုကို ဒေါင်းလုပ်လုပ်ပြီး သွင်းရုံပါ။ (ဒါပေမဲ့ အဲဒီနည်းကို မသုံးပါနဲ့)

1 Click Installer ကို သုံးပါ။ 1 Click installer ကို save လုပ်ပါ။ right-click > save ။
.ymp နဲ့ဆုံးတဲ့ ဖိုင်တစ်ခုထွက်လာပါမယ်။ click လုပ်လိုက်ရင် yast နဲ့ ပွင့်ပါမယ်။

rpm နဲ့ 1 Click installer နဲ့ ကွာတာက rpm က အဲဒီဖိုင်တစ်ခုပဲသွင်းပါမယ်။ တကယ်လို့ dependencies solve လုပ်ဖို့လိုရင် ကိုယ့် repository က packages နဲ့ လုပ်မှာဖြစ်ပါတယ်။ ဒီ kernel သွင်းတဲ့နေရာမှတော့ ပြသနာ မရှိပေမဲ့ တချို့ဆော့ဝဲတွေ သွင်းတဲ့အခါ လိုနေတဲ့ dependencies က ကိုယ့် repo ထဲမရှိတဲ့အခါမျိုးမှာ ပြသနာဖြစ်နိုင်ပါတယ်။

1 click installer ကတော့ repo ကိုပါ သွင်းသွားတာဖြစ်ပါတယ်။ ဒါကြောင့် dependencies ပြသနာရှင်းပါတယ်။ ppa ထက်အားသာချက်က repo ကို ခဏယာယီ enable လုပ်မလား၊ permanent enable လုပ်မလား ရွေးလို့ရတာ ဖြစ်ပါတယ်။ ဒါကြောင့် dependencies ပြသနာလဲကင်း၊ နောက်ပိုင်း ကိုယ်လိုချင်တာရပြီး ထပ်မလိုတော့အခါ repo conflict ဖြစ်တာလဲ နည်းသွားပါမယ်။



ymp file ကိုဖွင့်လိုက်တဲ့အခါ yast နဲ့ ဒီလိုမျိုး repositories ထည့်ဖို့တွေ့ပါမယ်။ repo URL ကိုဖတ်ပါ။ သူ့ description ကိုဖတ်ပါ။ နောက် အလယ်မှာ

Quote:
remain subscribed to these repositories after installation
ဆိုတာတွေ့ပါမယ်။ ပုံမှန်ဆို အမှန်ခြစ်ထားတတ်ပါတယ်။ ကိုယ်သုံးမဲ့ဆော့ဝဲ, repos ကို မူတည်ပြီး ဆက်ပြီး subscribed လုပ်သင့်မလုပ်သင့် ဆုံးဖြတ်ပါ။ မသိရင် ဖြုတ်ထားပြီး ဆော့ဝဲအသစ်ထွက်ရင် ကိုယ်တိုင် နောက်တစ်ခါ software.opensuse.org ကနေ ဒီအဆင့်အတိုင်း ပြန်လုပ်လို့ရပါတယ်။ ကျွန်တော်တော့ အမြဲဖြုတ်ပါတယ်။ local-install သဘောဖြစ်သွားတာပေါ့။

နောက် keyring ထဲ့ဖို့ပြောရင် trust လုပ်ပေးပြီး ဆက် install လုပ်ရုံပါပဲ။

ဒါဆို install လုပ်တာပြီးပါပြီ။

ကျွန်တော်က grub ကို usb ထဲသွင်းထားတာမို့ စက်က ဒီအတိုင်း restart ချရုံနဲ့ မသိပါဘူး။ Ubuntu မှာ update-grub ဆိုပြီး လုပ်ပေးရတယ်။ (ဒီမှာ ကျွန်တော်က grub လို့ပဲ ပြောနေပေမဲ့ တကယ်တမ်းက grub2 ပါ။ အရင်က ရိုးရိုး grub legacy ပါ။ grub2 က experimental လို့ နာမည်တပ်ထားပေမဲ့ သုံးလို့ရတဲ့အဆင့်ထိ stable ဖြစ်လို့ Ubuntu, openSUSE မှာ grub legacy အစား grub2 ကိုပဲ သုံးပါတယ်)

ဒီမှာ fedora, openSUSE တို့နဲ့ ubuntu မှာသုံးတဲ့ commands နည်းနည်းကွာပါတယ်။ update-grub အစား

Code:
su -
grub2-mkconfig -o /boot/grub2/grub.cfg
ကို run ပေးရပါမယ်။ ဒါဆို အသစ်သွင်းလိုက်တဲ့ kernel 3.8.7 ကို စက်ကသိသွားပါပြီ။ boot screen မှာ ကိုယ်ကြိုက်တဲ့ kernel ကိုသုံးနိုင်ပါပြီး တကယ်လို့ အဆင်မပြေရင် နဂို kernel ကို ရွေးသုံး။ kernel အသစ်ကို ပြန်ဖျက်ပေါ့။

ဒါဆို software.opensuse.org ကနေ ဆော့ဝဲတွေ သွင်းနည်းသိပြီ ထင်ပါတယ်။ (အရင်ဆုံးတော့ software.opensuse.org အစား packman repository enable လုပ်ပြီး packman ကသွင်းလို့ရရင် packman က သွင်းပါ။ packman သွင်းထားရင် VLC website က repo ကို မထဲ့ပါနဲ့။ conflict ဖြစ်ပါတယ်)

If something doesn't work, break it and create a BETTER one.

Last edited by g00gle; 15-04-2013 at 03:23 AM..
g00gle is offline   Reply With Quote
အောက်ပါအသင်းဝင် 4 ဦးတို့မှ g00gle အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 15-04-2013, 02:40 AM
  post #8
g00gle
အထူးအသင်းဝင်
 
အသင်းဝင်နေ့စွဲ: Nov 2010
ရေးသားချက်များ: 751
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 12,278
ပို့စ် 754 ခုအတွက် 6,476 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
g00gle will become famous soon enough
Installing software with YaST

openSUSE မှာ ဆော့ဝဲသွင်းဖို့ GUI tool ၂ ခုပါပါတယ်။ တစ်ခုက package kit ကိုသုံးတဲ့ Apper ပါ။ (KDE) နောက်တစ်ခုက YaST ပါ။ Apper ကတော့ ဘာမှထူးထူးခြားခြား မရှိပါဘူး။ တချို့ openSUSE သုံးတဲ့သူက Apper ကိုနှေးတယ်။ password မတောင်းပဲ လုပ်လို့ရလို့ မကောင်းဘူးပြောပြီး YaST ကိုပဲ သုံးခိုင်းပါတယ်။

အရင်ဆုံး YaST ကိုမသုံးခင် သုံးရပိုကောင်းအောင် နည်းနည်းပြန်ပြင်ပါမယ်။ YaST ကိုဖွင့်ပါ။

1. /etc/sysconfig Editor ကိုဖွင့်ပါ။ ( YaST က ပုံမှန်ဆို ဆော့ဝဲသွင်းပြီးရင် အလိုလိုပိတ်သွားပါတယ်။ ကျွန်တော်က ပိတ်တာမကြိုက်လို့ ပြန်ပြင်မလို့ပါ)



2. System >> Yast2 >> GUI >> pkgmgr_action_at_exit ကိုရွေးပါ။ Close ဆိုတဲ့အစား summary / restart ကိုရွေးပါ။ Finish လုပ်ပြီး ဆက်သွားရင် error တစ်ခုပြပါမယ်။ အရေးမကြီးပါ။ (summary ရွေးထားရင် back ကိုနှိပ်ရင် restart လုပ်ပါမယ်။ finish ဆိုရင် ပိတ်ပါမယ်)



3. YaST ကိုပြင်ပြီးရင် software repositories ထဲ့ပါမယ်။ Linux Distros အများစုက mp3 တို့၊ movies တွေအတွက် လိုတဲ့ codecs ကို လိုင်စင်၊ patent တွေကြောင့် ထဲ့လို့မရပါဘူး။ နောက် တချို့ဆော့ဝဲတွေကလဲ free software, opensource ဆိုပေမဲ့ တကယ်တမ်း free စစ်စစ် မဟုတ်တာတွေ ရှိပါတယ်။ ဆော့ဝဲရေးတဲ့သူက သူ့ဟာသူ free software ဆိုပြီး သတ်မှတ်ပေမဲ့ သူယူသုံးထားတဲ့ plugins, code တွေက တကယ် free စစ်စစ်မဟုတ်တဲ့အခါ ရှိပါတယ်။ ရေးတဲ့သူက သူ့ဟာသူ ဘာမှမသိ၊ ဘာမှမဖြစ်ပေမဲ့ company အကြီးနဲ့လာတဲ့အခါ ပြသနာတက်လာရော။ ဥပမာ - Ubuntu installer မှာ skype ပုံယူသုံးထားလို့ microsoft က ဖယ်ဖို့ ပြောတာ။ ရိုက်စားမဲ့သူဆို တရားစွဲတာတွေ ဖြစ်လာတာရှိတယ်။ Ubuntu မှာတော့ ဒါကို universe, multiverse repos နဲ့ ဆော့ဝဲတွေ သွင်းလို့ရအောင် လုပ်ထားပါတယ်။ openSUSE တို့၊ Fedora တို့ကျတော့ သူ့ repos မှာကို မရှိပါဘူး။ 3rd party repos တွေမှာ free စစ်စစ်မဟုတ်တဲ့ ဆော့ဝဲတွေ ရနိုင်ပါတယ်။ openSUSE အတွက်ကတော့ Packman repos က comaptible အဖြစ်ဆုံးနဲ့၊ ဆော့ဝဲများများ ရပါတယ်။ (ubuntu လောက်မစုံပေမဲ့ ဆော့ဝဲပို update ဖြစ်တာ၊ ubuntu မှာ မတွေ့နိုင်တဲ့ဆော့ဝဲတွေရှိပါတယ်)

Packman repos ကိုမှ ၂ မျိုးထပ်ခွဲထားပါတယ်။ တစ်ခုက Packman ကို ၄ ပိုင်းထပ်ပိုင်းတယ်။ Essentials, Multimedia, Extra, Games ဆိုပြီး - Essentials က မသွင်းမနေရ။
နောက်တစ်ခုက Packman ၄ ပိုင်းလုံးကို စုပြီး တစ်ခုထဲလုပ်ထားတာ။ ဒါကို YaST ကနေ အလွယ်တကူ enable လုပ်လို့ ရပါတယ်။

Software repositories ကို နှိပ်ပါ။



4. repos တွေ တွေ့ပါမယ်။ default ၄ ခု enable လုပ်ထားပါတယ်။ oss, non-oss, update - oss/non-oss

Add ကိုနှိပ်ပါ။



5. Community repositories ကိုရွေးပါ။



6. Packman repo ကို အမှန်ခြစ်ပြီး enable လုပ်ပါ။



7. နောက် finish / ok နှိပ်ပြီး ဆော့ဝဲသွင်းတဲ့နေရာကို သွားပါမယ်။ Software Management ကိုနှိပ်ပါ။



8. YaST မှာက ဆော့ဝဲသွင်းဖို့အတွက် လွယ်အောင် categories အမျိုးမျိုးခွဲ tabs တွေနဲ့ ပြထားပါတယ်။ View ကိုနှိပ်ပြီး tabs တွေ လိုက်ဖွင့်ကြည့်ပါ။



9. Tab ကိုပြန်ပိတ်ချင်ရင် ညာဖက်မှာ အနီရောင် ကြက်ခြေခတ်ပုံရှိပါတယ်။



10. Search Tab ကတော့ ထုံးစံအတိုင်း ကိုယ်လိုချင်တာ ရွေးရှာတာပါ။



11. Package Group ကတော့ အမျိုးအစားအလိုက် ရှာတာပါ။



12. RPM groups လဲ ဒီလိုပါပဲ။ ပိုအသေးစိတ်ပေမဲ့ ဆော့ဝဲအကုန် မမြင်ရပါဘူး။



13. Repositories ကတော့ ကိုယ် enable လုပ်ထားတဲ့ repos list ပါ။ မသုံးမဖြစ် သုံးသင့်တဲ့ထဲပါပါတယ်။



14. Patterns ကတော့ meta package သဘောမျိုး ရောက်ပါတယ်။ ဥပမာ - ubuntu မှာ restricted extras သွင်းမယ်ဆို sudo apt-get install ubuntu-restricted-extras ဆိုပြီး သွင်းပါတယ်။ တကယ်တမ်း restricted extras package က ဘာဖိုင်မှမပါပါဘူး။ တခြားဘယ်ဖိုင်တွေကို သွင်းမယ်လို့ ညွှန်ပြထားတဲ့ list ပဲပါပါတယ်။ အဲဒီ list ထဲမှာ mp3 ဖွင့်ဖို့ပါမယ်။ movies ဖွင့်ဖို့ပါမယ်။ microsoft font ပါမယ်။ စတာမျိုးပါ။ Ubuntu မှာတော့ ဒီတိုင်း apt-get install နဲ့ အကုန်ပြီးပေမဲ့ ဒီမှာကျတော့ ဒီလိုမရပါဘူး။ Zypper နဲ့ဆို pattern အတွက် သီးသန့် command options ထဲ့ပေးရပါတယ်။ Yast မှာကျတော့ ဆော့ဝဲအများကြီးကို select မလုပ်ပဲ pattern ကို select လုပ်လိုက်တာနဲ့ အကုန်သွင်းသွားတာမျိုး လုပ်လို့ရပါတယ်။ ( သတိတော့ ထားရပါတယ်။ packman သုံးထားရင် တခါတလေ conflict ဖြစ်ပါတယ်)



15. Installation summary လဲ မသုံးမဖြစ်ပါ။ သူက ကိုယ်သွင်းတော့မဲ့ packages တွေကို confirm လုပ်ပေးတဲ့နေရာပါ။ update လုပ်တယ်ဆိုရင် patches ဆိုပြီး ထပ်တွေ့ပါမယ်။ Updates က Apper က autostart လုပ်ထားတာမို့ အများစုဆို YaST မှာ မတွေ့လောက်ဘူး ထင်လို့ ချန်ထားပါတယ်။

Installation summary မှာ မြှားအကြီးက ကိုယ် select လုပ်ထားတာ။ အသေးက autoselect လုပ်ထားတာပါ။ Install မလုပ်ခင် သေချာအောင် ပြန်ကြည့်သင့်ပါတယ်။ (တကယ်မလုပ်ခင်တော့ တခါထပ်မေးပါတယ်)



16. KDE Live CD သုံးတဲ့သူဆို စစချင်း YaST ကိုဖွင့်ရင် installation summary မှာ package အများကြီး ဖြစ်နေတာတွေ့ပါမယ်။ 200 MB ကျော်ပါတယ်။ recommended packages တွေကြောင့်ပါ။ ပုံမှန် KDE Live ကနေသွင်းရင် PDF reader, Video Player မပါပါဘူး။ ဖွင့်ဖွင့်ချင်းဆို PDF reader, flash, video player, artwork, GIMP စသဖြင့် အစုံ install လုပ်ဖို့ recommend လုပ်ထားပါတယ်။ ဖိုင်ဆိုက်က အရမ်းများလို့ မလိုချင်ရင် recommended package ကို disable လုပ်ထားလို့ရပါတယ်။

Options >> ignore recommended packages for already installed packages ကို ရွေးပါ။ ဒါဆို အခုလောလောဆယ်ဆယ် 80 MB လောက်ပဲ ရှိပါမယ်။



17. Package Install လုပ်နည်းကတော့ ရိုးရိုးပါပဲ။ ကိုယ်လိုချင်တာရွေး installation summary မှာ ဘာတွေ အပို select လုပ်လဲကြည့်။ အဆင်ပြေရင် ဆက်လုပ်။ ဒါပါပဲ။ အဆင်ပြေတဲ့အခါ ရှိပေမဲ့ အဆင်မပြေတဲ့အခါလဲ အများကြီး တွေ့နိုင်ပါတယ်။ ကျွန်တော်တွေ့ဖူးတဲ့ conflict ကတော့ ၂ ခုပါ။

တစ်ခုက လုံးဝသွင်းလို့မရတဲ့ package မျိုးပါ။ သွင်းဖို့ဆို နဂိုဟာ ဖယ်မှပဲရပါမယ်။



သွင်းဖို့ဆို နဂို package ကိုဖယ်မှပဲရမယ်။ အထူးသဖြင့် desktop environment ရောသုံးရင် ဖြစ်ပါတယ်။ အကောင်းဆုံးက ကိုယ်ဘာသုံးချင်လဲ။ KDE, Gnome, Xfce, Lxde, Enlightment စကတည်းက ဆုံးဖြတ် အဲဒီတစ်ခုထဲသုံး။ မသိရင် packages ရောမသုံးနဲ့။

18. နောက်တစ်ကတော့ vendor change ဆိုပြီး ပါပါတယ်။ သူကတော့ repos အသုံးမကျလို့ ဖြစ်တယ်ထင်တာပဲ။ ဥပမာ အားဖြင့် packman repos ဆို ဖြစ်သင့်တာက သူ့မှာပါတဲ့ packages တိုင်း နောက်ဆုံး versions ဖြစ်နေသင့်တယ်။ တကယ်တမ်းကျတော့ ဒီလိုမဖြစ်ဘူး။ အများစုက နောက်ဆုံး update (ubuntu ထက်တောင် update ဖြစ်ပါတယ်) ဖြစ်ပေမဲ့ တချို့အနည်းစုကျက openSUSE - default ထက် version နိမ့်နေတယ်။ (နာမည်ပေးပုံမှားနေတာ ဖြစ်ချင်ဖြစ်ပါမယ်)

amorak versions ကိုကြည့်ပါ။ ၂ ခုရှိပါတယ်။

တစ်ခုက 2.7.0-2.2.1-i586 from openSUSE-12.3 oss - priority 99 and vendor openSUSE

ဖတ်နည်းက ရှင်းပါတယ်။ စစချင်း file version လာပါတယ်။ 2.7.0-2.2.1
နောက် repo နာမည်လာပါတယ်။ openSUSE-12.3 - (free software မို့ oss ဆိုပြီးပါ။)
priority ကိုမေ့ထားပါ။
နောက်ဆုံး vendor ပါ။ vendor - openSUSE ပေါ့။ (ပုံမှန်ဆို ၂ ခုပဲရှိပါမယ် - openSUSE နဲ့ packman ပါ၊ packman ကတော့ နာမည်ပေးထားပုံကိုလိုက်ပြီး url နဲ့ လာချင်လာပါမယ်)

နောက်တစ်ခုက version - 2.7.0-14.46 - (file နာမည်ပေးထားပုံမတူတာကြည့်ပါ။ zypper က 2.7.0-2.2.1 ကို latest လို့ယူဆထားပါတယ်)
နောက် repo - Packman Repository
နောက်ဆုံးက vendor - packman.links2linux.de ဆိုပြီးပါ။



VLC repo နဲ့ packman ရော သုံးရင် ပိုဆိုးတယ်။ အရင်က VLC repos က latest VLC, packman က version တစ်ခုနိမ့်တယ်။ ဒါပေမဲ့ VLC repos က တချို့ libraries က packman ထက်နှိမ့်နေပြန်ရော။ မြင့်ချင်တာမြင့်၊ နှိမ့်ချင်တာနှိမ့်။ ဆော့ဝဲက ဂျီးများရင် VLC ကသွင်းထားတာကို မသိတာမျိုး ဖြစ်တတ်တယ်။

နောက် versions တူပြန်တော့လဲ တခါတလေ vendor change ခိုင်းသေးတယ်။ ဒါတော့ ဘာကြောင့်လဲ မသိဘူး။ vendor မပြောင်းပဲ ပေကတ်ပြီး ဒီတိုင်းသွင်းရင် သုံးလို့ရမရတော့ တခါမှ မစမ်းဖူးလို့ မပြောတတ်ပါဘူး။

Vendor change ပြသနာ နည်းအောင် ကိုယ်သွင်းမဲ့ ဆော့ဝဲ version ကိုကြည့်သင့်ပါတယ်။ zypper သုံးရင်တော့ သိသာတယ်။

Zypper မှာ update ၂ မျိုးရှိတယ်။ zypper patch နဲ့ zypper update

zypper patch က official repos ကပဲ update လုပ်တာ။
zypper update ကတော့ latest ကို install လုပ်တာ။

ဒါကြောင့် latest က packman လို့ယူဆထားပေမဲ့ SUSE repos က ပိုပြီး update ဖြစ်နေရင်

Code:
The following package updates will NOT be installed:
  amarok gstreamer ...
ဆိုပြီး zypper update မှာပြပါတယ်။ package broken ဖြစ်နေတာမဟုတ်ပါဘူး။ မေ့ထားလို့ရပါတယ်။


19. နောက်ဆုံး conflict မှားလုပ်။ ကြံရာမရ ဖြစ်နေရင် repository တစ်ခုက packages version ကိုပဲ သွင်းမယ်လို့ YaST ကို ပြောထားလို့ရပါတယ်။ Repositories Tab မှာ ကိုယ်အမြဲထားချင်တဲ့ repo ကိုရွေးပြီး "switch system packages" နဲ့ repos တစ်ခုကို အသေထားလို့ရပါတယ်။ ဒါပေမဲ့ စကတည်းက repos ကို packman နဲ့ official ၂ ခုပဲ သုံးခဲ့တယ်။ vendor change သေချာလုပ်တယ်။ break မဖြစ်ရင် လုပ်ဖို့မလိုပါဘူး။



ဒီလောက်ပါပဲ။ မှားတာရှိရင်လဲ တခြားသူမမှားရအောင် ထောက်ပြပေးပါ။ ကျေးဇူးပါ။

If something doesn't work, break it and create a BETTER one.
g00gle is offline   Reply With Quote
အောက်ပါအသင်းဝင် 3 ဦးတို့မှ g00gle အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 15-04-2013, 12:57 PM
  post #9
g00gle
အထူးအသင်းဝင်
 
အသင်းဝင်နေ့စွဲ: Nov 2010
ရေးသားချက်များ: 751
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 12,278
ပို့စ် 754 ခုအတွက် 6,476 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
g00gle will become famous soon enough
Multimedia - mp3, mp4, mpeg in openSUSE

openSUSE 12.3 မှာ multimedia နဲ့ ပတ်သတ်ပြီး ပြသနာဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။

အရင်ဆုံး Linux မှာသုံးတဲ့ media codecs အကြောင်း သိထားသင့်ပါတယ်။

Gnome မှာ - gstreamer ကနေ movies ဖွင့်ဖို့လိုတဲ့ codecs တွေ ပေးပါတယ်။ Totem နဲ့ဖွင့်လို့ရပါတယ်။
KDE မှာကျတော့ - Kaffeine player က Xine ကနေ ပေးတဲ့ codecs ကိုသုံးပါတယ်။ gstreamer နဲ့ compatible မဖြစ်ပါဘူး။

နောက် VLC ရှိပါတယ်။ သူ့ codecs နဲ့သူသုံးပါတယ်။
နောက် Mplayer အခြေခံတဲ့ players တွေ ရှိပါတယ်။ MPlayer, SMPlayer, UMPlayer

mp3 အတွက်တော့ fluendo ကနေ mp3 codecs အတွက် လိုင်စင်ကို free for personal use ဆိုပြီး ပေးပါတယ်။
Gnome, KDE ၂ ခုလုံးမှာ compatible ဖြစ်ပါတယ်။


openSUSE 12.3 အတွက် Multimedia guide ကို http://forums.opensuse.org/english/g...ml#post2533652 ကနေ သွင်းရင် ပြသနာမရှိပေမဲ့ http://opensuse-community.org/Restricted_formats/12.3 က 1-click-installer ကိုသုံးရင် ဖွင့်လို့မရဖြစ်တတ်ပါတယ်။

ဘာကြောင့်လဲဆိုတော့ Gstreamer ကြောင့်ပါ။ Gstreamer က မနှစ်က သူ့ version ကိုအသစ်ထုတ်လိုက်ပါတယ်။ အရင် version အဟောင်း 0.1 ကို support မပေးတော့ဘူး။ Version 1.xx ကိုပဲ support ပေးမယ်ဆိုပြီး လုပ်ပါတယ်။

ဆိုးတာက သူ version 1 ကိုထုတ်ချိန်မှာ complete မဖြစ်သေးပါဘူး။ Totem တို့လို video player က version 1 ကို မသိပါဘူး။ ဒီတော့ version 0.1 အဟောင်းကော၊ version 1 ကော ၂ ခုလုံး သုံးရမဲ့ပုံပေါက်နေတယ်။ Ubuntu 12.10 မှာဆိုလဲ သတိထားကြည့်ကြည့်ပါ။

နောက်ပိုင်းကျတော့ Totem တို့က version 1 ကိုသုံးလာတယ်။ version မတူတဲ့အပြင် file name တွေလဲ ပြောင်းသွားတယ်။ အဓိက mp4 video codec အတွက် gstreamer-ffmpeg plugin အစား gstreamer-libav ဆိုပြီး ပြောင်းသွားတယ်။ 1-click-installer မှာ version 1 အသစ်အတွက် ထည့်မရေးထားတော့ codecs ကျန်ပြီး videos ဖွင့်မရဖြစ်ပါတယ်။ Gstreamer အဟောင်းမသုံးလဲရလားဆိုတော့ တချို့ player တွေ update မလုပ်လို့ အဟောင်းပဲ သုံးတာလဲ ဖြစ်နိုင်သေးပါတယ်။ ဒါကြောင့် ၂ ခုလုံးသွင်းထားပါ။

12.3 အတွက်
libxine2-codecs - for Kaffeine
gstreamer - bad, ugly, ffmpeg - old version
gstreamer - bad, ugly, libav - new version
k3b-codecs - for CD burning software

အနည်းဆုံးလိုပါမယ်။ http://forums.opensuse.org/english/g...ml#post2533652 ကအတိုင်း လုပ်ပါ။

နောက် ပြသနာထပ်တက်တာက VLC ပါ။ VLC နောက်ဆုံး 2.06 version packman repo မှာ ရှိပါတယ်။ နောက်ဆုံး version မှာ KDE က gstreamer သုံးလို့မရလို့၊ vlc က library တစ်ခုကို ယူသုံးလိုက်ပါတယ်။ ဒါပေမဲ့ VLC တစ်ခုလုံးက legally ထဲ့လို့မရလို့ VLC ကိုပဲ ထဲ့လို့ရတာထဲ့တယ်။ ထဲ့လို့မရတဲ့ plugin codecs ဆိုပြီး ၂ ခုခွဲထုတ်လိုက်တယ်။ အဲဒါကို vlc-codecs အနေနဲ့ recommended package ဆိုပြီး ပေးလိုက်တယ်။ ဒါပေမဲ့ zypper က default dependencies ကိုပဲ သွင်းပါတယ်။ recommended packages ကို မသွင်းပါဘူး။ ဒါကြောင့် vlc နဲ့လဲ ဖွင့်လို့မရဖြစ်တတ်ပါတယ်။ ဒါဆို

vlc-codecs

ကိုထပ်သွင်းပေးပါ။

If something doesn't work, break it and create a BETTER one.
g00gle is offline   Reply With Quote
အောက်ပါအသင်းဝင် 3 ဦးတို့မှ g00gle အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 18-04-2013, 07:54 AM
ကိုလင်း1z
ကြီးကောင်ဝင်စ
 
အသင်းဝင်နေ့စွဲ: Nov 2010
ရေးသားချက်များ: 86
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 247
ပို့စ် 83 ခုအတွက် 372 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
ကိုလင်း1z is on a distinguished road
ပြန်စာ - openSUSE

ကျေးဇူးတင်တယ် ကိုဂူရေ...... OpenSuse တင်မဟုတ်ဘဲ KDE နဲ့ Gnome တို့ရဲ့ကွာဟချက်အနည်းအကျဉ်း လှစ်လှစ်ကလေး သိလိုက်ရလို့ ကျေးဇူးတင်ပါတယ်။
ထပ်ပြီး ပိုမိုပြည့်စုံတဲ့ သင်ခန်းစာမျိုးထပ်ပြီး တင်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။
Cheer for Linux users!!!
ကိုလင်း1z is offline   Reply With Quote
အောက်ပါအသင်းဝင် 2 ဦးတို့မှ ကိုလင်း1z အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Reply

တန်ဆာပလာများ
ဖော်ပြမှုပုံစံ

Posting Rules
You may not post new threads
You may not post replies
You may not post attachments
You may not edit your posts

BB code is On
Smilies are On
[IMG] code is On
HTML code is Off

ဖိုရမ်တွေ ကျော်ရောက်ချင်ရင် !

အခြားဆင်တူဆွေးနွေးချက်များ
ဆွေးနွေးချက် စတင်ရေးသားသူ ကွပ်ပျစ်ဝိုင်း ပြန်စာများ နောက်ဆုံးပို့စ်
အသင့်တော်ဆုံး Linux OS အား ရွေးချယ်ခြင်း KznT Linux များ (သို့) Linux နှင့်ဆိုင်ရာများ 17 06-06-2013 11:52 AM
Windows ပေါ်မှာ OpenSuse ကို ဘယ်လို Install လုပ်ပြီး run မလဲ။ minshwethwe Linux များ (သို့) Linux နှင့်ဆိုင်ရာများ 3 06-07-2011 03:37 PM


ဖိုရမ်၏ ပင်မအချိန်သည် ဂရင်းနစ်စံတော်ချိန် +6.5 ဖြစ်သည်။ဒေသစံတော်ချိန် 04:06 PM
Inactive Reminders By Icora Web Design