Go Back   မြန်မာမိသားစုဖိုရမ် » ..:: ကြေညာချက်များ ::.. » မသိမဖြစ်
မြန်မာလက်ကွက်

မသိမဖြစ် ဖိုရမ်က အသင်းသားတွေ ဖိုရမ်မှာ လည်ပတ်ရတာ ၊ ဖတ်ရှုရတာ ၊ ဒေါင်းလုဒ် လုပ်ရတာ စသဖြင့်ပေါ့ အားလုံးအဆင်ပြေအောင် မသိမဖြစ် လိုအပ်တာလေးတွေကို ဒီမှာ ထည့်ပေးထားပါတယ်။

Reply
 
Bookmark and Share တန်ဆာပလာများ ဖော်ပြမှုပုံစံ
Old 27-08-2011, 12:51 AM
  post #1
g00gle
အထူးအသင်းဝင်
 
အသင်းဝင်နေ့စွဲ: Nov 2010
ရေးသားချက်များ: 751
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 12,278
ပို့စ် 754 ခုအတွက် 6,476 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
g00gle will become famous soon enough
သူများဆိုဒ်က ပုံလေးတွေ ယူသုံးသင်.သလား။

What is hotlinking?

Hotlinking ဆိုတာ သူများ Website, Server မှာ တင်ထားတဲ. ပုံကို ခွင်.ပြုချက် မရပဲ တိုက်ရိုက် ယူသုံးတာကို ပြောတာပါ။ တိုက်ရိုက် ယူသုံးတယ် ဆိုတာက သူများ ဆိုဒ်မှာ တင်ထားတဲ. ပုံတစ်ပုံတွေ.တယ်။ ကိုယ်ကြိုက်လို. ဖိုရမ်မှာ သို.မဟုတ် ကိုယ်. ဆိုဒ်မှာ သုံးချင်တယ်။ Connection က သိပ်မကောင်းတော. ပုံကို ဒေါင်းလုပ် လုပ်လိုက်၊ ပြန်တင်လိုက် မလုပ်ချင်ဘူး။ အလွယ်တကူပဲ Copy Image Location လုပ်ပြီး ဖိုရမ်မှာ insert picture မှာ Link ကို ထည်.ပေးလိုက်တယ်။ ဒါမှမဟုတ် စကားဝိုင်းမှာ [img] ခံပြီး ထည်.လိုက်တယ်။ ဒါမျိုးကို Hotlinking လုပ်တယ်လို. သတ်မှတ်ပါတယ်။

Hotlinking လုပ်တာက အဆင်ပြေတာပဲ ဟာကို။

ကျွန်တော်တို. အတွက် အဆင်ပြေပေမဲ. အဆင်မပြေတာက ပုံပိုင်ရှင်ပါ။ ကျွန်တော်တို. သူများ ဆိုဒ်က ပုံကို Hotlink လုပ်လိုက်ရင် သူများ Website ရဲ. Bandwidth ကို တက်စေပါတယ်။ Bandwidth ဘယ်လောက် ဈေးကြီးမှန်း ဖိုရမ် ရှင်းတမ်းမှာ ဖတ်ကြည်.ရင် သိပါတယ်။ နဂို မူလ ပိုင်ရှင်က သူ.ဆိုဒ်လဲ လူမလာ၊ Bandwidth က တက်နေတော. ပိုက်ဆံတွေ လွှတ်ကုန်၊ ကုန်ရကျိုးလဲ မနပ်။ ကြာတော. လာပါတယ်။ ကျွန်တော်တို. သုံးတဲ.သူကလဲ သူများပုံကို ခွင်.ပြုချက် မရှိ သုံးရုံတာမက၊ သူများကိုပါ ဒုက္ခပေးတော. သူခိုး အကြီးစားကြီး ဖြစ်ကုန်ပါတယ်။

Hotlinking လုပ်လို. ဘာဆိုးကျိုး ရှိသလဲ။

1. သူများ ပစ္စည်းခိုးတာ၊ ဒုက္ခ ရောက်အောင် လုပ်တာ အတွက် မကောင်းတဲ. ကံထိုက်ပါတယ်။

2. မူလ ပိုင်ရှင်က ပုံကို Disable လုပ်လိုက်ခြင်း - Website ပိုင်ရှင်က သူ.ပုံကို Hotlink မလုပ်ရအောင် Log In Password, Username ခံလိုက်ပါတယ်။ ဒါကြောင်. ကျွန်တော်တို.က Hotlink လုပ်ထားတဲ. ဖိုရမ်၊ ကျွန်တော်တို. Website ကို ဖွင်.လိုက်ရင် Log In Windows တခု ထွက်လာပါတယ်။ ရှက်ဖို. ကောင်းပါတယ်။



3. မူလ ပိုင်ရှင်က ပုံကို ညစ်ညမ်းပုံ ပြောင်းလိုက်ပါတယ် - ကျွန်တော်တို. Hotlink လုပ်လိုက်တဲ. ပုံက မူလက ကလေးလေးပုံ ဖြစ်ပေမဲ. ပိုင်ရှင်က အဲဒီပုံရဲ. Image လိပ်စာမှာ ညစ်ညမ်းပုံ ထဲ.လိုက်ပါတယ်။ ကိုယ်က မသိပဲ ကိုယ်.ဆိုဒ်ကို မိဘ၊ ဆွေမျိုးဆီ ထုတ်ကြွားတဲ. အချိန် အရှက်တကွဲ ဖြစ်ရပါတယ်။

4. မူလ ပိုင်ရှင်က ပုံကနေ တဆင်. Virus, Malware ၀င်အောင် လုပ်လိုက်ပါတယ်။

5. တရားဥပဒေ အရ အရေးယူခြင်း - သူများ ပုံကို တိုက်ရိုက် Hotlink လုပ်တာဟာ intellectual property ကို ချိုးဖောက်မှုနဲ. အရေးယူလို. ရပါတယ်။ အနည်းဆုံး Hosting ဆိုဒ်ကို Complain လုပ်ပြီး ဒီဆိုဒ်က ငါ.ပုံတွေ ယူသုံးထားတယ်။ ဖျက်ပေးပါ၊ ဒါမှမဟုတ် ဆိုဒ်ကို ပိတ်လိုက်ပါဆို အလိုလို နေရင်း ဆိုဒ်က ပိတ်ခံထိမှာပါ။

ထို.အတွက်ကြောင်. တတ်နိုင်သမျှ Hotlinking မလုပ်ကြရန် အနူးအညွှတ် တောင်းပန်ပါတယ်။ Hotlink မလုပ်ရင် ပုံတွေ ဘယ်လို တင်မလဲ။ ပုံတင်နည်းကို မြန်မာမိသားစုဖိုရမ် ..:: ကြေညာချက်များ ::.. မသိမဖြစ် ::.. ပုံလေးတွေထည့်ကြမယ်.. ဆိုတဲ. နေရာမှာ ရေးထားပေးပါတယ်။

If something doesn't work, break it and create a BETTER one.

Last edited by g00gle; 27-08-2011 at 06:17 AM..
g00gle is offline   Reply With Quote
Old 27-08-2011, 04:45 AM
  post #2
minthike
အထူးအသင်းဝင်
 
minthike's Avatar
 
အသင်းဝင်နေ့စွဲ: Nov 2007
တည်နေရာ: singapore
ရေးသားချက်များ: 1,937
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 14,779
ပို့စ် 1,805 ခုအတွက် 9,626 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
ပုံများ: 19
minthike is on a distinguished road
ပြန်စာ - သူများဆိုဒ်က ပုံလေးတွေ ယူသုံးသင

ကိုgogle ဆွေးနွေးသွားတာလေး တော်တော်ကောင်းပါတယ် အထူးသဖြင့် "Hosting ဆိုဒ်ကို Complain လုပ်ပြီး ဒီဆိုဒ်က ငါ.ပုံတွေ ယူသုံးထားတယ်။ ဖျက်ပေးပါ၊ ဒါမှမဟုတ် ဆိုဒ်ကို ပိတ်လိုက်ပါဆို အလိုလို နေရင်း ဆိုဒ်က ပိတ်ခံထိမှာပါ။"
ကိုသတိထားမိပါတယ်၊ ဒီအချက်က forum ရေရှည် တည်တံ့ဖို့အတွက် အားလုံးစဉ်းစား ဂရုမူသင့်တာလေးပါဘဲ လို့ကျွန်တော်မြင်ပါတယ်၊

hotlinking အပြင် အခြား Intellectual property တွေဖြစ်တဲ့ software နဲ့ multimedia တွေဖြစ်တဲ့ သီချင်း စတာမျိုးတွေ ပြန်လည် ဖြန့်ဖြူးဝေငှခြင်းများ အတွက်ပါ ထည့်စဉ်းစားသင့်ပါတယ် လို့လဲမြင်ပါတယ်
ကျွန်တော်တို့လို မျိုး မြန်မာ forum တစ်ခုဖြစ်တဲ့ Mysteryzillion ရဲ့ home page မှာလဲ အောက်ပါအတိုင်း ကြေငြာထားတာကို သတိထားမိပါတယ်၊

"Don't share ebook or software if nobody request. You can find free book websites on here. We are welcome for discussion or asking question instead."

ဆိုတော့ ကျွန်တော်တို့ forum ရောဘယ်လိုရှေ့ဆက်ကြမလဲ ဆိုတာလေး မိသားစုဝင်များအချိန်ရရင် ဆွေးနွေးအကြံပြုကြပါအုန်းခင်ဗျ။

ဒီလိုပြောလို့လဲ ကျွန်တော်တို့ forum က uploader တွေကို ထိခိုက်မယ် ဆိုရင်လဲ တောင်းပန်ပါတယ်ခင်ဗျာ

မှတ်ချက်။ ကိုgoogle ရေ ကျွန်တော်လဲ hotlinking ကိုဂရုမထားဘဲ ပုံတွေ တင်ခဲ့တာ တော်တော်များခဲ့ပြီဗျ အခုလိုသတိပေးတဲ့အတွက်အများကြီး ကျေးဇူးတင်ပါတယ် ခင်ဗျာ၊
နောင်ပုံတွေတင်ရင် ကျွန်တော့ image shack account ကနေ တဆင့်တင်ပါ့မယ်...

Josh Groban - To Where You Are
mt.myanmarfamily@gmail.com

minthike is offline   Reply With Quote
Reply

တန်ဆာပလာများ
ဖော်ပြမှုပုံစံ

Posting Rules
You may not post new threads
You may not post replies
You may not post attachments
You may not edit your posts

BB code is On
Smilies are On
[IMG] code is On
HTML code is Off

ဖိုရမ်တွေ ကျော်ရောက်ချင်ရင် !


ဖိုရမ်၏ ပင်မအချိန်သည် ဂရင်းနစ်စံတော်ချိန် +6.5 ဖြစ်သည်။ဒေသစံတော်ချိန် 03:22 PM
Inactive Reminders By Icora Web Design