Go Back   မြန်မာမိသားစုဖိုရမ် » ..:: ကွန်ပျူတာနယ်ပယ် ::.. » Linux များ (သို့) Linux နှင့်ဆိုင်ရာများ
မြန်မာလက်ကွက်

Linux များ (သို့) Linux နှင့်ဆိုင်ရာများ Linux OS များအကြောင်း ဆွေးနွေးရန်နေရာပါ.. Linux OS အသုံးပြုပုံများ.. တွေ့ကြုံရသည့်အခက်အခဲများကို ဆွေးနွေးဝေမျှထားသည့်နေရာဖြစ်သလို သင်ကိုယ်တိုင်လည်းဝင်ရောက်ဆွေးနွေးနိုင်ပါသည်.

Reply
 
Bookmark and Share တန်ဆာပလာများ ဖော်ပြမှုပုံစံ
Old 20-10-2012, 10:43 AM
ကိုဦး
ကလေးပေါက်စ
 
အသင်းဝင်နေ့စွဲ: Dec 2009
တည်နေရာ: Pyin Oo Lwin
ရေးသားချက်များ: 31
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 37
ပို့စ် 19 ခုအတွက် 49 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
ကိုဦး is on a distinguished road
ပြန်စာ - Ubuntu - A Big Change

ဦးဘွန်တူ ၁၂.၁၀ ထွက်လာပါပြီ........
http://www.ubuntu.com/
ကိုဦး is offline   Reply With Quote
အောက်ပါအသင်းဝင် 2 ဦးတို့မှ ကိုဦး အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 20-10-2012, 02:53 PM
g00gle
အထူးအသင်းဝင်
 
အသင်းဝင်နေ့စွဲ: Nov 2010
ရေးသားချက်များ: 751
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 12,278
ပို့စ် 754 ခုအတွက် 6,476 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
g00gle will become famous soon enough
ပြန်စာ - Ubuntu - A Big Change

Ubuntu 12.10 က စပြီး Padauk font ပါလာပါတယ်။ Software Center မှာထဲ့ထားတဲ့ Padauk Packages မှာ Padauk.ttf, Padauk Bold, Padauk Book, Padauk Book Bold စတဲ့ fonts ၄ မျိုး ပါလာတယ်။ ယူနီကုတ် သမားတွေ အတွက်တော့ ၀မ်းသာစရာပါ။ ပြသနာက ယူနီကုတ် မသုံးတဲ့ ဇော်ဂျီသမားတွေ။ ဇော်ဂျီသွင်းတယ်။ Firefox မှာ font တလွဲ ဖြစ်ကုန်တယ်။

ဖြစ်တာက Zawgyi မှာက Bold font မရှိဘူး။ ဒီတော့ Bold fonts တွေ ဖြစ်တဲ့ facebook နာမည်တို့၊ MF က နာမည်တချို့မှာ စာလုံးတွေက Bold font တွေဖြစ်တဲ့ Padauk Bold / Padauk Book Bold နဲ့ အစားထိုးသွားရော။

မသိရင် font အဆင်မပြေဘူးပေါ့။ တကယ်တမ်းက Zawgyi အသုံးမကျတာပါ။

ဖြေရှင်းနည်းက လွယ်လွယ်ရှိတယ်။ ခက်ခက်ရှိတယ်။ လွယ်လွယ်နည်းက Bold fonts ကို ဖျက်လိုက်ပေါ့။ Padauk packages တစ်ခုလုံး ဖျက်စရာ မလိုပါ။

1. Terminal မှာ
sudo nautilus

2. File System >> /usr/share/fonts/truetype/padauk ကို သွားပါ။
Padauk Bold နဲ့ Padauk Book Bold fonts ၂ ခု ဖျက်လိုက်ပါ။ အဆင်ပြေသွားပါမယ်။

ခပ်ရှုပ်ရှုပ်နည်းသိချင်ရင်တော့ font-config ပြင်လို့ ရပါတယ်။ သိချင်ရင်တော့ ဖတ်ရမဲ့ နေရာပေးပါမယ်။

Myanmar IT Pro မှာ ကိုသူရလှိုင်ရေးထားပေးတဲ့နည်းပါ။

Code:
http://www.myanmaritpro.com/profiles/blogs/1445004:BlogPost:233960
အဲဒီအတိုင်း ကော်ပီကူးရင်တော့ ရမှာမဟုတ်။ target မှာ t တွေ ကျန်နေလို့ပါ။

နောက် Arch Linux Wiki မှာ ပြည့်ပြည့်စုံစုံ ရေးထားပေးပါတယ်။ Incomplete font ကို Bold ဘယ်လို လုပ်မလဲ ဆိုတာပါ။ စိတ်ဝင်စားရင်၊ သို့မဟုတ် သက်ဆိုင်ခဲ့ရင် သွားဖတ်ပါ။

Code:
https://wiki.archlinux.org/index.php/Font_Configuration

If something doesn't work, break it and create a BETTER one.
g00gle is offline   Reply With Quote
အောက်ပါအသင်းဝင် 8 ဦးတို့မှ g00gle အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 25-10-2012, 09:28 PM
g00gle
အထူးအသင်းဝင်
 
အသင်းဝင်နေ့စွဲ: Nov 2010
ရေးသားချက်များ: 751
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 12,278
ပို့စ် 754 ခုအတွက် 6,476 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
g00gle will become famous soon enough
ပြန်စာ - Ubuntu - A Big Change

Ubuntu 12.10 -- Firefox မှာ Fonts အဆင်ပြေဖို့ နည်းတွေ့သွားပြီဗျ။ ကိုယ့်ကိုယ်ကို အပြစ်ရှိသလိုတောင် ဖြစ်သွားတယ်။ သေချာ မကြည့်ပဲ bold fonts ကို ဖျက်ခိုင်းလိုက်တာ။

Fonts ( Advanced ) ကို ၀င်လိုက်ပါ။ Defaults က Fonts for Western ပါ။ အဲဒီမှာ Other Languages ကို ရွေးပေးလိုက်ပါ။ Serif font ကို Zawgyi One ပြောင်းလိုက်ပါ။ Ok နှိပ်ပါ။ ဒါဆို အဆင်ပြေပါပြီ။ ဒါဆို fonts style တွေ မပြောင်းပဲ အဆင်ပြေပါပြီ။

Fonts တွေက Language တစ်ခုချင်းစီအတွက် စိတ်ကြိုက် ပြောင်းလို့ ရမှန်း အခုမှ သိတယ်။ Opera မှာ သွားတွေ့မှ သတိထားမိတာ။

If something doesn't work, break it and create a BETTER one.
g00gle is offline   Reply With Quote
အောက်ပါအသင်းဝင် 8 ဦးတို့မှ g00gle အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 29-01-2013, 04:22 PM
FollowITBoy
ကလေးပေါက်စ
 
အသင်းဝင်နေ့စွဲ: Sep 2012
ရေးသားချက်များ: 22
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 22
ပို့စ် 9 ခုအတွက် 14 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
FollowITBoy is on a distinguished road
ပြန်စာ - Ubuntu - A Big Change

ကျွန်တော်တစ်ခုသိချင်ပါတယ် အစ်ကိုတို့ခဗျာ
အစ်ကိုတို့ ပြောပြောနေတဲ့ Script ဆိုတာ ဘာကိုပြောတာလဲ /ဘာလုပ်ရပါသလဲခဗျာ
အခုမှ စသုံးမလို့ပါ
ပြီးတော့ အခုမှ ကျွန်တော့်လိုမျိုးအခုမှ စသုံးမယ့်လူလိုဆိုရင် ဘယ်ကနေ စကြည့်ရမလဲ ခဗျာ
FollowITBoy is offline   Reply With Quote
Old 29-01-2013, 11:24 PM
g00gle
အထူးအသင်းဝင်
 
အသင်းဝင်နေ့စွဲ: Nov 2010
ရေးသားချက်များ: 751
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 12,278
ပို့စ် 754 ခုအတွက် 6,476 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
g00gle will become famous soon enough
ပြန်စာ - Ubuntu - A Big Change

Quote:
Originally Posted by FollowITBoy View Post
ကျွန်တော်တစ်ခုသိချင်ပါတယ် အစ်ကိုတို့ခဗျာ
အစ်ကိုတို့ ပြောပြောနေတဲ့ Script ဆိုတာ ဘာကိုပြောတာလဲ /ဘာလုပ်ရပါသလဲခဗျာ
အခုမှ စသုံးမလို့ပါ
ပြီးတော့ အခုမှ ကျွန်တော့်လိုမျိုးအခုမှ စသုံးမယ့်လူလိုဆိုရင် ဘယ်ကနေ စကြည့်ရမလဲ ခဗျာ
Script က ဘာမှ မဟုတ်ဘူး။ အလုပ်လုပ်ရမြန်အောင် text editor (notepad လိုမျိုး)နဲ့ ရေးထားတဲ့ ဖိုင်တစ်ခုပဲ။ များသောအားဖြင့် ဖိုင်နာမည်မှာ .sh Extension နဲ့ ဆုံးတယ်။ ရေးတဲ့ Programming language ကို လိုက်ပြီး Python script, bash script စသဖြင့် ပြောတယ်။

ဥပမာ - ဖိုင် (၁)၊ (၂)၊ (၃) ကို တစ်ခုချင်း ၃ ခါ ကော်ပီ ကူးရတယ်ဆိုပါစို့။ Linux သုံးတဲ့ geek တွေက အဲလို manual တစ်ခုချင်း လုပ်ရတယ် ပျင်းလို့ ဖိုင် (၁) (၂) (၃) - ၃ ခုလုံး တစ်ခါထဲ ကော်ပီကူးဖို့ script ရေးလိုက်တယ်။ အဲဒီ script ဖိုင်လေးကို run (ဖွင့်လိုက်) တာနဲ့ ဖိုင်ကို ကော်ပီ ကူးသွားတယ်။

ဆော့ဝဲသွင်းလဲ ဒီတိုင်းပဲ။ တစ်ခုချင်း သွင်းနေတာထက် script ရေးပြီး သွင်းလိုက်တယ်။ အချိန်ကုန် သက်သာပြီး မြန်တာပေါ့။

Script ကတော့ ဘာအတွက် ရေးထားလဲ အထဲက contents ကို ကြည့်ပြီးမှပဲ ပြောလို့ ရမယ်။

ဘယ်ကစ လေ့လာမလဲဆိုတာက ကိုယ်က ကွန်ပျူတာ ဘာအတွက် သုံးမှာလဲ။ ဘာမှမသိရင် Ubuntu ပုံ (Dash) ဖွင့်ပြီး Help လို့ ရိုက်ရှာ ဖတ်လို့ ရတယ်။

နောက် သိချင်တာ ရှိရင် http://www.myanmarfamily.org/forum/s...2&postcount=25 မှာ သွားဖတ်ပါ။ Windows က စပြောင်းရင် Community Wiki မှာ ဘာတွေ ကွာလဲ ပြောပြထားမယ်။

ကျန်တာက ကိုယ်သုံးတဲ့ အပိုင်းလိုက် ကွဲသွားမယ်။ ဥပမာ - Graphics အတွက်ဆို Gimp tutorials လိုက်ရှာဖတ်တာ၊ 3D modeling ဆို Blender ကို လေ့လာတာ၊ Publishing ဆို LibreOffice, Scribus, Texlive လေ့လာတာ, ကျန်တဲ့ Programming, development တွေအတွက် ဘာဆော့ဝဲ သုံးရမလဲ သိရင် ရပါပြီ။

ဘာမှ မဟုတ်ဘူး။ ပုံမှန် အင်တာနက် သုံးရုံဆို ဘာမှ မလေ့လာလဲ ရတယ်။ သုံးရင်းနဲ့ အလိုလို သိသွားမယ်။

If something doesn't work, break it and create a BETTER one.
g00gle is offline   Reply With Quote
အောက်ပါအသင်းဝင် 5 ဦးတို့မှ g00gle အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 01-02-2013, 08:33 AM
UJOKER
ကြီးကောင်ဝင်စ
 
အသင်းဝင်နေ့စွဲ: Jan 2009
ရေးသားချက်များ: 87
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 1
ပို့စ် 62 ခုအတွက် 144 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
UJOKER is on a distinguished road
ပြန်စာ - Ubuntu - A Big Change

(၁) ဦးဘွန်းတူးမှာ . . . အင်တာနက်ကြည့်တဲ့အခါမြန်မာလိုမမြင်ရလို့ပါခင်ဗျာ . . . . ဦးဘွန်းတူး software center ကနေတွေ့တဲ့ မြန်မာဖောင့်ကို တင်ထားတာလည်း မပေၞဘူးဗျာ . . . မြန်မာ ၃ ဖောင့်ဖြစ်နေလို့ထင်တယ် . . . . အဲဒါ ဘယ်လိုဖြေရှင်းလို့ ရနိုင်မလဲခင်ဗျာ . . .

(၂) နောက်တစ်ခုက -Win---Innwa, -Win---Reseacher ဖောင့်အစရှိသဖြင့်ပေါ့ဗျာ . . . အဲဒါတွေရော ဘယ်လို ထည့်သွင်းလို့ရနိုင်မလဲခင်ဗျာ . . . .

အခုမှ ပြောင်းပြီးစသုံးစဆိုတော့ . . . လိုအပ်ချက်တွေက အတော်များနေတယ် . . . .
ကိုယ့်ဘာသာကိုယ် ဖြေးဖြေးချင်း ဖြေရှင်းမလို့ လုပ်ပေမယ့်လည်း . . . မြန်မာစာမမြင်ရတော့ ဒီဖိုရမ်ကို windows ဘက်ကနေပဲ လှည့်ပြီးဝင်နေရတယ် . . .

အဲဒါလေး ဖြေရှင်းနိုင်ပြီဆိုရင်တော်တော်လေးကို အဆင်ပြေလောက်ပြီ . . . .
သိတဲ့သူအားလုံးပဲ ကူညီကြပါဦးခင်ဗျာ . . .

ဒီက admin တွေကလည်း အဲဒီ့ဘက်ပြောင်းပြီး . . . လုပ်ကုန်တော့ . . ကျွန်တော်တို့လည်း လိုက်ပြောင်းပြီး သုံးကြည့်နေပါတယ် . . . နောက်ပြီး လိုင်စင် ကိစစတွေကလည်း ၀င်လာတော့မယ်လို့ ကြားထားတော့ စောစောစီးစီး ပြောင်းပြီး သုံးထားကြည့်ချင်လို့ပါခင်ဗျာ . . .

အားလုံးကို ကျေးဇူးတင်လျှက်
ဦးဂျိုကာ (ဖန်ခါးမြေ)
UJOKER is offline   Reply With Quote
Old 01-02-2013, 12:24 PM
g00gle
အထူးအသင်းဝင်
 
အသင်းဝင်နေ့စွဲ: Nov 2010
ရေးသားချက်များ: 751
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 12,278
ပို့စ် 754 ခုအတွက် 6,476 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
g00gle will become famous soon enough
ပြန်စာ - Ubuntu - A Big Change

Quote:
(၂) နောက်တစ်ခုက -Win---Innwa, -Win---Reseacher ဖောင့်အစရှိသဖြင့်ပေါ့ဗျာ . . . အဲဒါတွေရော ဘယ်လို ထည့်သွင်းလို့ရနိုင်မလဲခင်ဗျာ . . . .
.ttf နဲ့ ဆုံးတဲ့ fonts ဆို - တစ်ခုချင်းဆို double click >> install
အများကြီး တပြိုင်နက်သွင်းမယ်ဆို copy လုပ်ပြီး fonts ဖိုဒါထဲ ထဲ့ပေးရပါမယ်။

Fonts folder က ဘယ်မှာလဲဆိုတော့ Home folder ထဲမှာ Hidden လုပ်ထားပါတယ်။ File manager / Explorer / Nautilus - ထိပ်ဆုံးက menu bar ကနေ show hidden files ဆိုပြီး ဖော်ရပါမယ်။

Fonts တစ်ခုမှ မသွင်းဖူးရင် Home folder မှာ Right click >> New folder >> .fonts လို့ နာမည်ပေးပြီး ဖိုဒါတစ်ခု လုပ်ပါ။ ( dot " . " အစက်ကလေး ရှေ့မှာ ပါပါတယ်။

ပြီးရင် fonts တွေကို .fonts ဖိုဒါထဲ ကော်ပီ ကူးလိုက်ရင် ရပါပြီ။ တချို့ ဆော့ဝဲကြတော့ system level fonts လိုနိုင်တယ်။ (အများစုက မလိုပါ) File System >> usr >> share >> fonts >> truetype >> မှာ copy / paste လုပ်ရုံပါ။ File System က root access ရှိမှ paste / edit လုပ်လို့ ရမှာမို့လို့ Terminal မှာ

Code:
gksu nautilus
နဲ့ ဖွင့်ပါ။

Quote:
(၁) ဦးဘွန်းတူးမှာ . . . အင်တာနက်ကြည့်တဲ့အခါမြန်မာလိုမမြင်ရလို့ပါခင်ဗျာ . . . . ဦးဘွန်းတူး software center ကနေတွေ့တဲ့ မြန်မာဖောင့်ကို တင်ထားတာလည်း မပေၞဘူးဗျာ . . . မြန်မာ ၃ ဖောင့်ဖြစ်နေလို့ထင်တယ် . . . . အဲဒါ ဘယ်လိုဖြေရှင်းလို့ ရနိုင်မလဲခင်ဗျာ . . .
Zawgyi font သွင်းပြီး ဘယ် Browser မှာ မပေါ်လဲ၊ ဘယ် website မှာ မပေါ်လဲ ပြောပေးပါ။ နောက် ဘယ်လိုမှားပေါ်နေလဲ သိရအောင် screenshot လေး တင်ပေးပါ။ Firefox အတွက် အရင်ပို့စ်တွေမှာ ရေးထားပါတယ်။ Chrome မှာလဲ ၀င်းဒိုးအတိုင်း font ပြောင်းရုံပါ။

If something doesn't work, break it and create a BETTER one.
g00gle is offline   Reply With Quote
အောက်ပါအသင်းဝင် 2 ဦးတို့မှ g00gle အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 05-02-2013, 04:38 AM
g00gle
အထူးအသင်းဝင်
 
အသင်းဝင်နေ့စွဲ: Nov 2010
ရေးသားချက်များ: 751
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 12,278
ပို့စ် 754 ခုအတွက် 6,476 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
g00gle will become famous soon enough
Hot Corners in Ubuntu

Gnome 3 သုံးတဲ့သူဆိုရင် hot corners ဆိုတာဘာလဲ သိပါလိမ့်မယ်။ Gnome 3 မှာတော့ ဘယ်ဖက်အပေါ်ထောင့်မှာ Hot corner တစ်ခုပါပါတယ်။ အဲဒီကို မြှားထောက်လိုက်ရင် Applications တွေ ရွေးလို့ ရတယ်။ Ubuntu Tweak မှာတော့ ပိုပြီး စွမ်းဆောင်နိုင်အောင် လုပ်ထားတယ်။ Corners အများကြီးကို အသုံးချလို့ ရတယ်။ Show workspaces, show desktop စသဖြင့် functions အများကြီး လုပ်ဆောင်နိုင်ပါတယ်။

တကယ်တမ်း Compiz Config Settings Manager မှာ ကိုယ်ကြိုက်တဲ့ commands နဲ့လုပ်လို့ ရပါတယ်။ Workspaces spread လုပ်ရုံ၊ show desktop လုပ်ရုံမဟုတ်ပါဘူး။ ကိုယ်ကြိုက်တဲ့ program ကို ပွင့်အောင် လုပ်နိုင်တယ်။ ကြိုက်တဲ့ command run လို့ ရပါတယ်။ Edge Bindings လို့ ခေါ်ပါတယ်။



လုပ်ဖို့အတွက် Compiz Config Settings Manager နဲ့ Compiz Plugins သွင်းဖို့ လိုပါမယ်။ ပြီးရင် Commands ကို enable လုပ်ပါ။



Edge Bindings မှာ ကိုယ်လိုချင်တဲ့ ထောင့်ကိုရွေးပါ။ ဘယ်ဖက်တွေ မရွေးတာ ကောင်းပါတယ်။



ပြီးရင် ကိုယ်ရွေးထားတဲ့ ထောင့်အတွက် ကိုယ်လိုချင်တဲ့ Command ကို ရိုက်ထဲ့ပါ။

အားလုံးပြီးရင်တော့ Restart လုပ်လိုက်ရုံပါပဲ။ ဒါပါပဲ။ သုံးတတ်ရင် ဉာဏ်ရှိသလောက် အကျိုးများပါတယ်။ မသုံးတတ်ရင်တော့ အလကား စက်လေးရုံပဲ အဖတ်တင်မယ်။

If something doesn't work, break it and create a BETTER one.
g00gle is offline   Reply With Quote
အောက်ပါအသင်းဝင် 2 ဦးတို့မှ g00gle အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 07-02-2013, 07:48 AM
g00gle
အထူးအသင်းဝင်
 
အသင်းဝင်နေ့စွဲ: Nov 2010
ရေးသားချက်များ: 751
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 12,278
ပို့စ် 754 ခုအတွက် 6,476 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
g00gle will become famous soon enough
Change Folder Icon in Ubuntu

Ubuntu မှာ ဖိုဒါ icon ပေးကြမယ်။ ဘာဆော့ဝဲမှ မလိုပါဘူး။ ပြောင်းချင်တဲ့ ဖိုဒါကို right click >> properties နှိပ်ပါ။ နောက်ပေါ်လာတဲ့နေရာမှာ ဖိုဒါပုံလေးကို နှိပ်ပြီး ကိုယ်ထားချင်တဲ့ ပုံရှာပြီး ရွေးပေးရုံပါ။




Theme တွေမှာပါတဲ့ icons လေးတွေ ပြောင်းထဲ့ချင်ရင်လဲ သုံးနိုင်ပါတယ်။ /usr/share/icons ကနေ ရွေးပါ။


If something doesn't work, break it and create a BETTER one.
g00gle is offline   Reply With Quote
အောက်ပါအသင်းဝင် 4 ဦးတို့မှ g00gle အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 07-02-2013, 02:34 PM
g00gle
အထူးအသင်းဝင်
 
အသင်းဝင်နေ့စွဲ: Nov 2010
ရေးသားချက်များ: 751
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 12,278
ပို့စ် 754 ခုအတွက် 6,476 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
g00gle will become famous soon enough
Ubuntu & Launchpad

Ubuntu သုံးမယ်ဆို Launchpad ကို သုံးတတ်ဖို့ လိုပါတယ်။ ဆော့ဝဲတွေကို အလွယ်သွင်းလို့ ရအောင် လုပ်ပေးတဲ့ platform တစ်ခုပါ။ Ubuntu အတွက် ဆော့ဝဲကို Launchpad မှာပဲ built လုပ်ပါတယ်။

Launchpad က ဆော့ဝဲတွေကို သွင်းချင်ရင် ppa source ကို စက်ထဲ ထဲ့ပေးဖို့လိုပါတယ်။

ဥပမာ -
sudo add-apt-repository ppa:xxxxx ( xxxx မှာ နာမည်တစ်ခုခုပါ)

ပြီးရင် ထဲ့ထားတာကို စက်ကသိအောင်

sudo apt-get update

နောက် သွင်းချင်တဲ့ ဆော့ဝဲကိုသွင်း

sudo apt-get install package_name


အဲဒီမှာ PPA name ဘယ်လို ရှာမလဲ။

မရှာခင် တခုသိရမှာက ppa ဆိုတာက personal package ပါ။ Ubuntu က maintain လုပ်တာ မဟုတ်ပါဘူး။ ဆော့ဝဲတင်ထားတဲ့သူက Ubuntu နဲ့ ဆိုင်တဲ့ community က ဖြစ်နိုင်သလို၊ တခြား ဖျက်လိုဖျက်ဆီး လုပ်မဲ့သူက virus ထဲ့ပြီး တင်ထားတာလဲ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် security အတွက် ppa ကို များသောအားဖြင့် developer maintained (မူရင်း ဆိုက်မှာ ညွှန်ထားတာ) / blog တွေ recommend လုပ်တာပဲ သွင်းပါ။

Launchpad.net ကို သွားပြီး စစချင်း တွေ့တဲ့ search box မှာ ရှာလိုက်ရင် များသောအားဖြင့် ဆော့ဝဲရဲ့ page ကို ရောက်သွားပါတယ်။ ဥပမာ - https://launchpad.net/steadyflow

အဲဒီမှာ Steadyflow နဲ့ ဆိုင်တဲ့ description, source, bugs, questions, blueprints, driver, maintainer စတာတွေ တွေ့ပါမယ်။ လိုချင်တဲ့ ppa:xxxx တော့ တွေ့မှာ မဟုတ်ပါဘူး။

ppa ကို ရှာချင်ရင် Project information -- Driver / Maintainer ကို ၀င်ကြည့်ပါ။
ဥပမာ - Maia Kozheva - https://launchpad.net/~sikon

Personal package archives မှာ steadyflow နဲ့ဆိုင်တဲ့ထဲဝင်ပါ။ https://launchpad.net/~sikon/+archive/steadyflow

ကိုယ့် Ubuntu version အတွက် package တွေ့ရင် သူပြထားတဲ့အတိုင်း ppa:sikon/steadyflow ကို သွင်းလိုက်ပါ။

sudo add-apt-repository ppa:sikon/steadyflow
sudo apt-get update
sudo apt-get install steadyflow

ဒါပါပဲ။ ppa ကို search လုပ်ချင်ရင်တော့ https://launchpad.net/ubuntu/+ppas ကနေ ရှာလို့ ရပါတယ်။ ရှိသမျှ ppa အကုန်ကြည့်ချင်ရင် http://ppa.launchpad.net/ မှာပါ။

အလွယ်ကူဆုံးနည်းက search engines ကို www.duckduckgo.com သုံးတာ ဖြစ်ပါတယ်။ သူက Google လောက် မကောင်းပေမဲ့ default search engine ထားသင့်တဲ့ search engine ပါ။ ဘာလို့လဲဆိုတော့ Syntax !bang တွေ ကြောင့်ပါ။

ဥပမာ
steadyflow !ppa ဆို steadyflow ppa ကို ရှာပေးပါမယ်။
steadyflow !lp ဆို launchpad မှာ ရှာပေးပါမယ်
steadyflow !askubuntu - AskUbuntu ဆိုက်မှာ ရှာပါမယ်။

နောက် DDg - duckduckgo ကို default ထားတယ်ဆိုတိုင်း ddg ကို သုံးဖို့ မလိုပါဘူး။ DDg နဲ့ပဲ Google ကို ရှာပါမယ်။

ubuntu !g

Google images ကို တန်းရှာပါတယ်။

ubuntu !i

Youtube ကို တန်း ရှာပါတယ်။

ubuntu !yt

Google Map ကို ရှာပါတယ်။

yangon !m

နောက် browser မှာ search keywords ပြောင်းထားလိုက်ရင် စာလုံးတစ်လုံးရိုက် tab နှိပ်ပြီး google , bing, yahoo အမြန် ရှာလို့ ရပါတယ်။



Ubuntu နဲ့ ပတ်သတ်တဲ့ !bang တွေကတော့

Code:
!askubuntu !docubufr !omgubuntu (!omgu) !ppa !puc !ubottu !ubuntuforums (!ubuntuf) !ubuntuusers !uman !upackages !uu !uude

If something doesn't work, break it and create a BETTER one.
g00gle is offline   Reply With Quote
အောက်ပါအသင်းဝင် 4 ဦးတို့မှ g00gle အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 07-02-2013, 11:13 PM
g00gle
အထူးအသင်းဝင်
 
အသင်းဝင်နေ့စွဲ: Nov 2010
ရေးသားချက်များ: 751
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 12,278
ပို့စ် 754 ခုအတွက် 6,476 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
g00gle will become famous soon enough
System Monitor in Ubuntu

တခြား Ubuntu သုံးတဲ့သူက ပြောလိုက်တိုင်း ရင်ဘတ်ကို ဒူးနဲ့ဝင်ဆောင့်လိုက်သလို ဖြစ်သွားတဲ့ဟာ တခုရှိတယ်။ Ubuntu က memory သုံးတာများတယ်လို့၊ အရမ်းနှေးတယ်လို့ပါ။

နှေးတာ၊ မြန်တာက လူကိုလဲ မူတည်သေးတာမို့ အတိအကျ ပြောလို့ မရပေမဲ့ memory သုံးတာကတော့ data နဲ့ အတိအကျ ပြောလို့ ရပါတယ်။

သေချာတာကတော့ Ubuntu က အများပြောသလို memory အများကြီး မသုံးပါဘူး။



Compiz တွေ disable လုပ်ထားတယ်။ Lens / Scope တွေ မလိုရင် uninstall လုပ်မယ်။ မလိုတဲ့ startup program တွေကို ဖယ်ထားလိုက်ရင် minimal Unity 3D desktop က သုံးတာ 170-200 Mb ပဲ ရှိပါတယ်။ Fully functional desktop ပါ။

Firefox တို့၊ Chrome တို့လို browser သုံးရင်တော့ memory သိသိသာသာ တက်လာတယ်။ သူတို့က ပုံမှန် youtube ကြည့်ထားရင် memory 150-300 mb လောက် ယူလို့ပါ။ ဘာမှမဖွင့်ထားပဲ ဒီတိုင်းနေရင် ကျွန်တော်တွေ့တာကတော့ 50 MB လောက်ပဲ သုံးပါတယ်။



ဒီမှာ System Monitor က အသုံးဝင်ပါတယ်။ ဘာတွေ နောက်ကွယ်မှာ run နေလဲ။ မလိုတာတွေ startup applications က ဖယ်ထုတ်လိုက်ရင် သိသိသာသာ ပေါ့ပါတယ်။ ဖယ်လို့မရရင်လဲ process ကို select လုပ်၊ End process လုပ်ချင်လဲ ရပါတယ်။ အရေးကြီးတဲ့ service ကို မပိတ်မိဖို့တို့ လိုပါတယ်။

ပြီးရင် ပေါင်းပြီး တွက်လို့ရတယ်။ minimal ဘာမှ မဖွင့်ခင်က 200 mb လောက် သုံးတယ်။ firefox က 200 mb လောက် ယူတယ်။ ပေါင်းရင် 400 mb ။ 1 GB memory ရှိရင် 400 mb (40%) သုံးနေတယ်ပေါ့။

Online Videos ကြည့်တဲ့အခါ နှေးတတ်ပါတယ်။ Flash player ကြောင့်ပါ။ Hardware acceleration ကို Graphic card က မနိုင်တာလား။ ?? ဒါဆို CPU နင်းကန်သုံးပြီး နှေးပါမယ်။ Youtube ဆိုရင်တော့ Flash plugins disable လုပ် - html5 နဲ့ ဖွင့်တာက ပိုမြန်ပါတယ်။ Flash မသုံးမဖြစ်ဆိုရင်လဲ Right click >> Flash quality ကို High ကနေ Low ကို ပြောင်းလိုက်ရင် နည်းနည်းမြန်ပါမယ်။ နောက် မလိုအပ်ပဲ Flash auto-load မဖြစ်အောင် ပြင်ထားလိုက်ပါ။

Firefox မှာဆို about:config -- plugin click to play လို့ ရှာပြီး false ကို true ပြောင်းလိုက်ပါ။
Chrome မှာဆို Content settings -- plugin click to play ပြောင်းလိုက်ပါ။

ကဲ ကျွန်တော့်အတွက်တော့ Ubuntu က memory အများကြီး မသုံးပါဘူး။ သင့်ဆီမှာ အများကြီး သုံးနေတယ်ဆို system monitor ဖွင့်ပြီး စစ်ကြည့်ပါ။ တစ်ခုခု နောက်ကွယ်က run နေဖို့ များပါတယ်။

If something doesn't work, break it and create a BETTER one.
g00gle is offline   Reply With Quote
အောက်ပါအသင်းဝင် 4 ဦးတို့မှ g00gle အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 08-02-2013, 02:43 AM
g00gle
အထူးအသင်းဝင်
 
အသင်းဝင်နေ့စွဲ: Nov 2010
ရေးသားချက်များ: 751
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 12,278
ပို့စ် 754 ခုအတွက် 6,476 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
g00gle will become famous soon enough
Using Alias in Terminal

Ubuntu သုံးတာ နည်းနည်းကြာသွားလို့ commands တွေ သိသွားပြီဆို အပျင်းထူလို့ ရပါပြီ။ Commands တွေကို အပြည့်အစုံ မရိုက်ပဲ ကိုယ်ကြိုက်တဲ့ နာမည်တိုတိုလေးတွေ ပေးပြီး သုံးတာပါ။ ဥပမာ

sudo apt-get update လို့ ရိုက်ရမဲ့အစား update ဆိုပြီး 5 လုံးပဲ ရိုက်တာ၊ ဒါမှမဟုတ် ဒီထက်ပိုတိုပြီး upd ဆိုပြီး ရိုက်တာ လုပ်လို့ ရပါတယ်။

alias command ကို သုံးတာ ဖြစ်ပါတယ်။ permanent လုပ်ဖို့အတွက် ~./bashrc မှာ ပြင်ပေးရပါမယ်။

Code:
gksu gedit ~/.bashrc
alias your_command='original command' ဆိုပြီး ထဲ့ပေးရမှာဖြစ်ပါတယ်။

ဥပမာ - sudo apt-get update ကို update ရိုက်ရုံနဲ့ run စေချင်ရင်
alias update='sudo apt-get update'

တခြား ဥပမာများ

alias install='sudo apt-get install'

alias g00gle='sudo nautilus'

alias myanmarfamily='gksu gedit'

ကိုယ်ကြိုက်တဲ့ alias နာမည်ပေးလို့ ရပါတယ်။ ကျွန်တော်ကတော့ နဂို command နဲ့လွတ်စေချင်လို့ စာလုံး ၂ လုံးလောက် ပေါင်းထဲ့ပြီး ပေးပါတယ်။ ဥပမာ -

alias meinstall='sudo apt-get install'
alias meupdate='sudo apt-get update'

ဒီမှာဆို me လေး ပေါင်းထဲ့ထားတယ်။ meinstall / meupdate ဆိုတာက လုံးဝမရှိတဲ့ commands တွေမို့ နဂို command နဲ့ မညိပါဘူး။

ပြီးရင် restart လုပ်လိုက်ပါ။ နောက်ဆို sudo apt-get install vlc အစား

meinstall vlc

# sudo apt-get update အစား
meupdate

# gksu gedit ~/Downloads/example.txt အစား
megedit ~/Downloads/example.txt စသဖြင့် အလွယ်လိုက်လို့ ရပါပြီ။

If something doesn't work, break it and create a BETTER one.
g00gle is offline   Reply With Quote
အောက်ပါအသင်းဝင် 4 ဦးတို့မှ g00gle အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 09-02-2013, 01:05 AM
g00gle
အထူးအသင်းဝင်
 
အသင်းဝင်နေ့စွဲ: Nov 2010
ရေးသားချက်များ: 751
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 12,278
ပို့စ် 754 ခုအတွက် 6,476 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
g00gle will become famous soon enough
Using Terminal in Ubuntu - 2

Terminal သုံးပြီး command တွေ ရိုက်တဲ့အခါ အမြန်သုံးဖို့ နည်းလမ်းတချို့ ရှိပါသေးတယ်။

Tab ခလုပ်ကို အသုံးပြုခြင်း - သူက ကိုယ်စာလုံးတစ်လုံး၊ နှစ်လုံး ရိုက်ပြီး Tab ကို နှိပ်လိုက်ရင် ကျန်တဲ့စာကို အလိုလို ဖြည့်ပေးသွားပါတယ်။

ဥပမာ - Downloads ဖိုဒါထဲမှာ Adobe_Wredz_dajk;adf.bin ဆိုတဲ့ ဖိုင်ရှိတယ်ဆိုပါစို့။ ကျွန်တော်တို့ အဲဒီဖိုင်ကို run ချင်ရင်

sudo ./Ad လောက်ရိုက်ပြီး Tab ကို နှိပ်ရင် sudo ./Adobe_Wredz_dajk;asf.bin ဆိုပြီး အလိုလို စာလုံးဖြည့်ပေးပါတယ်။ စာရိုက်ရ သက်သာတာပေါ့။ နောက်ပိုင်း အလိုလိုဖြည့်ပေးလို့ စာလုံးမှားရိုက်မိတာမျိုး နည်းသွားတယ်။


နောက်တစ်ခုက Terminal မှာ ရိုက်ထားတဲ့ commands တွေကို ပြန်ကြည့်လို့ ရပါတယ်။

့history လို့ ရိုက်လိုက်ရင် ကိုယ့် commands အဟောင်းတွေ ထွက်လာပါမယ်။

ဥပမာ

$ history
1 sudo nautilus /usr/share/fonts/truetype
2 gksu gedit !/Downloads/example.txt
3 sudo apt-get update
4 sudo ufw status
5 man apt-get
6 history

ဆိုပြီး တွေ့ပါမယ်။ အဲဒီမှာ ကိုယ် ပြန် run ချင်တဲ့ command ကို ရှေ့ ( ! ) လေးခံ၊ နံပါတ် ရိုက်ထဲ့ run ရုံပါပဲ။ ဥပမာ

!5 လို့ ရိုက်ရင် man apt-ge ကို run ပါမယ်။

နောက် အဲဒီ history ကိုပဲ တခုချင်း အထက်၊ အောက် မြှားလေးနှိပ်ပြီး ပြန်သုံးလို့ ရပါတယ်။ ဥပမာ

$ UP_Arrow_Key

ဆို history ဆိုတဲ့ command, နောက်တခါဆို man apt-get, နောက်တခါဆို sudo ufw status စသဖြင့် သွားပါမယ်။

အများစုအတွက်က ဒီလို Up / Down arrow keys လေးတွေက အဆင်ပြေပေမဲ့ Advanced users တွေက မကြိုက်ကြပါဘူး။ ဘာလို့လဲဆိုတော့ သူက command တစ်ခုလုံးကို အစားထိုးလို့ပါ။ ဥပမာ - ကိုယ်က

$ sudo UP_Arrow_key ဆို နောက်ဆုံး command ဖြစ်တဲ့ history ကိုပဲ ပြပါတယ်။ sudo ရိုက်ပြီးသား commands အဟောင်းတွေ မပြပါဘူး။ ဒါကြောင့် sudo ufw status ကို ပြန်သွားမယ်ဆို Up arrow keys ၃ ခါ နှိပ်ဖို့ လိုသွားပါတယ်။ ဒါကြောင့် Advanced Terminal users က ဒါလို သုံးရ မလွယ်တာကို လွယ်အောင် ပြန်လုပ်ပါတယ်။

Code:
sudo gedit  ~/.inputrc
နဲ့ Terminal ကို Tweak လုပ်ပါတယ်။

Code:
"\e[A": history-search-backward
"\e[B": history-search-forward
"\e[C": forward-char
"\e[D": backward-char
လေးကို ထဲ့ပြီး .inputrc မှာ သိမ်းလိုက်ပါတယ်။ နောက် Restart ချလိုက်ပါတယ်။ {A / B ကတော့ Up/ Down arrow ပါ။ C / D က left / right }

ဒါဆို Terminal မှာ Up / Down arrow keys ကို အရင်ကနဲ့ မတူတော့ပါဘူး။ ပြောင်းသွားပါပြီ။ ကိုယ်စာလုံး တစ်လုံး၊ နှစ်လုံး ရိုက်ထားရင် သူ့နောက်က history ကို ရှာနိုင်သွားပါတယ်။ ဥပမာ -

$ sudo Up_Arrow_key

ဆို အရင်ကလို နောက်ဆုံးဖြစ်တဲ့ history / man apt-get ကို သွားမနေတော့ပဲ
sudo ufw status

နောက်တစ်ကြိမ်ဆို
sudo apt-get update

နောက်တစ်ကြိမ်ဆို
sudo nautilus /usr/share/fonts

စသဖြင့် သက်ဆိုင်ရင် commands ကိုပဲ သွားလို့ ရှာရ တော်တော် အဆင်ပြေပါတယ်။ Ctrl+R ရှိပေမဲ့ သူ့လောက်တော့ မကောင်းပါဘူး။

If something doesn't work, break it and create a BETTER one.
g00gle is offline   Reply With Quote
အောက်ပါအသင်းဝင် 4 ဦးတို့မှ g00gle အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 10-02-2013, 01:03 PM
g00gle
အထူးအသင်းဝင်
 
အသင်းဝင်နေ့စွဲ: Nov 2010
ရေးသားချက်များ: 751
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 12,278
ပို့စ် 754 ခုအတွက် 6,476 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
g00gle will become famous soon enough
Configuration Files in Ubuntu

Ubuntu ကို ကျွန်တော် အရမ်းကြိုက်ရတဲ့ အကြောင်းရင်းထဲမှာ အဓိက အကျဆုံးက လိုသလို ထိန်းချုပ်လို့ ရတာဖြစ်ပါတယ်။ ကိုယ်ကြိုက်တဲ့ ဆော့ဝဲကို ကိုယ်ကြိုက်တဲ့ ပုံစံ run လို့ ရတယ်။ ပိုကောင်းတာက ကိုယ်မကြိုက်ရင် အလွယ်တကူ ပြန်ပြင်လို့ ရတာပဲ။

များသောအားဖြင့် ၀င်းဒိုးဆော့ဝဲတွေ မကောင်းချက်က သွင်းလိုက်ရင် registry မှာ သွားရေးတယ်။ Uninstall လုပ်ရင် ဆော့ဝဲရဲ့ configuration က user folder မှာ hidden အနေနဲ့ ကျန်တယ်။ နောက် registry မှာလဲ သွားကျန်တယ်။ နောက်ပြီး တချို့ software က configuration files ကို နေရာ အမျိုးမျိုးမှာ လိုက်သိမ်းတယ်။ ရှာရခက်သလား မမေးနဲ့။

Ubuntu မှာတော့ ဒီလိုမဟုတ်ဘူး။ ဆော့ဝဲအများစုက Home folder ထဲမှာ hidden လုပ်ပြီး သိမ်းထားတယ်။ dot files ( . ) လေးနဲ့စတဲ့ဖိုင်မျိုးတွေ။ ဥပမာ - ~/.config ./mozilla စသဖြင့်ပေါ့။ ဒီတော့ ကိုယ်ဆော့ဝဲတစ်ခုကို ကလိတယ်။ settings တွေ ဟိုချိန်၊ ဒီချိန် လိုက်လုပ်။ နောက်ဆုံး လုံးဝဖွင့်လို့မရတော့ဘူး။ ကိစ္စမရှိဘူး။ Home folder အောက်က ဆော့ဝဲနဲ့ ဆိုင်တဲ့ ဖိုင်ကိုပဲ ဖျက်လိုက်ရုံပဲ။ ဒါဆို အသစ်အတိုင်း ပြန်ဖြစ်သွားမယ်။ ၀င်းဒိုးမှာ တစ်ခုခုဖြစ်ရင် ပြန်သွင်းလိုက်ဆိုတဲ့ဟာ Ubuntu မှာ တော်တော်ရှားတယ် ပြောရမယ်။ config files ဖျက်ရုံပဲ။ ပိုပြီးသဘောကျတာက Wine Configuration files ကိုလဲ ဒီ Home folder အောက်မှာ လာသိမ်းတယ်။ PlayOnLinux ဆို virtual drive တွေ ဒီ Home folder အောက်မှာပဲ လာသိမ်းတယ်။ ဒီတော့ ရယ်စရာတော့ ဖြစ်လိမ့်မယ်။ ကျွန်တော်တော့ ၀င်းဒိုးဆော့ဝဲကို Ubuntu မှာ သွင်းလို့ရရင် Ubuntu မှာပဲ သွင်းတယ်။ ၀င်းဒိုးမှာ မတင်တော့ဘူး။ Tweak လုပ်တာများသွားတယ်။ ကိစ္စမရှိဘူး။ Playonlinux virtual drive ကို ဖျက်ပြီး အသစ်ပြန်သွင်းတယ်။ ဆော့ဝဲက shareware - 30 days ပဲရတယ်။ တခါသွင်းပြီး registry မှာ မှတ်ထားလို့ ၀င်းဒိုးမှာဆို ပြန်သွင်းလို့မရဘူး။ PlayOnLinux နဲ့ virtual drive ဆောက်ပြီး သုံးတယ်။ Open with မှာမှားပေးမိတယ်။ config files မှာ Mime type ကို ဖျက်လိုက်တယ်။ ပြန်ပြင်လို့ရတယ်။

Ubuntu သုံးတဲ့ ကျွန်တော်အဖို့တော့ ကျွန်တော် အရမ်းမုန်းတဲ့ တစ်ခုခုဖြစ်တိုင်း ဆော့ဝဲ ပြန်တင်လိုက်ပါလား၊ ၀င်းဒိုးအသစ်ပြန်တင်လိုက်ပါလား မရှိတော့တာ အမှန်ပဲ။

If something doesn't work, break it and create a BETTER one.
g00gle is offline   Reply With Quote
အောက်ပါအသင်းဝင် 4 ဦးတို့မှ g00gle အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 16-02-2013, 03:14 AM
g00gle
အထူးအသင်းဝင်
 
အသင်းဝင်နေ့စွဲ: Nov 2010
ရေးသားချက်များ: 751
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 12,278
ပို့စ် 754 ခုအတွက် 6,476 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
g00gle will become famous soon enough
VPN in Ubuntu

Ubuntu မှာ ပိတ်ထားတဲ့ ဆိုက်ကို ကျော်ကြည့်ဖို့ VPN ဘယ်လို သုံးမလဲဆိုတာပါ။

VPN ဆိုတာ ဘာလဲ မသိရင် ကို KznT ရေးထားတဲ့ Online လုံးခြုံရေးနှင့် VPN Services များ အကြောင်း ကို ဖတ်ပါ။

# ပြီးတော့ VPN Client နဲ့ VPN Service ကွဲသိဖို့ လိုပါတယ်။
VPN Client က VPN ကို သုံးဖို့ ဆော့ဝဲ တမျိုးပါ။ ဥပမာ - OpenVPN, Hotspot Shield
VPN Service ကတော့ Internet Service Provider လိုမျိုးပါ။ VPN ကို ဘယ်လောက် bandwidth, ဘယ်လောက်ကြာကြာ ပေးသုံးမလဲ သူက ဆုံးဖြတ်ပါတယ်။

# VPN Client ကတော့ အလကား ရတာများပါတယ်။
# VPN Service ကတော့ အလကား ရတာ မရှိသလောက် ပါပဲ။ Free ပေးတဲ့ VPN Service တွေမှာ bandwidth limit လုပ်ထားတာ၊ speed limit လုပ်ထားတာ ရှိပါတယ်။ ဥပမာ - တလကို 1GB data ပဲ ပေးတာမျိုး။ နာရီဝက်သုံးပြီး နာရီဝက်ဖြတ်ထားတာမျိုးပါ။

# VPN Service လိုချင်ရင် ပိုက်ဆံနဲ့ ၀ယ်ရပါတယ်။ Hotspot Shield ကတော့ ချွင်းချက်ပါ။ သူက ကြော်ငြာတွေ သုံးပြီး bandwidth unlimited နဲ့ ပေးပါတယ်။ Hotspot Shield ကို ကြည့်ရင် VPN Client + VPN Service တွဲထားတာပါ။ (ကံဆိုးတာက သူက Linux ကို support မလုပ်ပါဘူး)

# Free ပေးတဲ့ VPN Service ကို အင်တာနက်မှာ လိုက်ရှာရပါတယ်။ တချို့က bandwidth limitation ရှိတယ်။ တချို့က အချိန်ကန့်သတ်ထားတာ။ တချို့က data တွေကို FBI ကို report လုပ်တယ်။ ပြည့်စုံတဲ့ Free Service မရှိပါဘူး။

# ကျွန်တော် သဘောကျတာက SerucityKiss Free VPN Service ပါ။ တစ်ရက်ကို 300 MB ပေးတော့ သာမန်ဆို သုံးလို့လောက်လောက်ပါတယ်။

# Ubuntu မှာ VPN သုံးဖို့အတွက် ၀င်းဒိုးမှာလို ရှုပ်ရှုပ်ရှပ်ရှပ် သူ့ဆော့ဝဲ သွင်းဖို့ မလိုပါဘူး။ Network manager နဲ့ VPN client ကို တွဲပေးရုံပါပဲ။ VPN Service တွေက များသောအားဖြင့် pptp နဲ့ openvpn ၂ ခုကို support လုပ်ပါတယ်။ pptp ကတော့ default ပါပါတယ်။ openvpn တော့ default မပါပါဘူး။ သွင်းချင်ရင်

Code:
sudo apt-get install network-manager-openvpn
ဆိုပြီး OpenVPN ကို support လုပ်အောင် သွင်းပေးရပါမယ်။

# pptp သုံးမလား၊ OpenVPN သုံးမလား။
OpenVPN ကို သုံးပါ။ OpenVPN က လုပ်ရ နည်းနည်း (မဆိုစလောက်) ပိုခက်ပေမဲ့ encryption ပိုကောင်းပါတယ်။ ပိုမြန်ပါတယ်။ (ဒါပေမဲ့ mobile platform တော့ မရပါဘူး)

# ဘယ်လို လုပ်မလဲ။
ကိုယ် VPN service ၀ယ်တဲ့နေရာမှာ ဘယ်လို လုပ်မလဲ ပြထားပါမယ်။ VPN service အတွက် လိုအပ်တဲ့ key, certificate တွေ ထည့်လိုက်ရုံပါပဲ။ SecurityKiss website မှာ လုပ်ပုံလုပ်နည်း ကြည့်နိုင်ပါတယ်။

How to - OpenVPN
How to - pptp


# OpenVPN သုံးရင် echo 1 > /proc/sys/net/ipv4/ip_forward အဆင့်မှာ permission denied ဖြစ်တတ်ပါတယ်။ root access ယူလိုက်ပါ။

Code:
sudo su
နောက် echo 1 > /proc/sys/net/ipv4/ip_forward ကို ရိုက်ထဲ့။ ပြီးရင်

Code:
exit
နဲ့ root account မှ ပြန်ထွက်ပါ။

Quote:
vi /etc/sysctl.conf
မှာ vi နေရာကို ကြိုက်ရာ text editor သုံးနိုင်ပါတယ်။
e.g., sudo gedit /etc/sysctl.conf

Ctrl+F - net.ipv4.ip_forward = 1 ကို ရှာပြီး ရှေ့က # ကို ဖြုတ်ပြီး save လုပ်ပါ။ ကျန်တာကတော့ လုပ်တာ သူ့အတိုင်းဆို ရမှာပါ။

If something doesn't work, break it and create a BETTER one.
g00gle is offline   Reply With Quote
အောက်ပါအသင်းဝင် 4 ဦးတို့မှ g00gle အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 16-02-2013, 02:20 PM
g00gle
အထူးအသင်းဝင်
 
အသင်းဝင်နေ့စွဲ: Nov 2010
ရေးသားချက်များ: 751
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 12,278
ပို့စ် 754 ခုအတွက် 6,476 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
g00gle will become famous soon enough
Limit download speed in apt-get / Software Center

ကျွန်တော်က သူများနဲ့ connection share သုံးတာမို့ ဒေါင်းလုပ် speed ကန့်သတ်ထားချင်တယ်။ ပုံမှန်ဆို apt-get / software center က သူဒေါင်းလုပ်လုပ်နိုင်တဲ့ မိုင်ကုန် ဒေါင်းပါတယ်။

ကိုယ်တစ်ယောက်ထဲ အရေးမကြီးပေမဲ့၊ လိုင်းက မမြန်ရင် သူများတွေ online video ကြည့်နေတာကို သိသိသာသာ သွားထိခိုက်တယ်။ ကိုယ်တစ်ယောက်ထဲ သုံးတယ်ဆိုလဲ connection ကို အကုန်သုံးနေလို့၊ ဒေါင်းရင်းနဲ့ အင်တာနက်သုံးရင် နှေးနေတာလို့ ဘာတို့ ဖြစ်တတ်တယ်။

ကွန်ပျူတာ အမြဲဖွင့်ထားလို့ရရင် Apt-get download speed ကို limit လုပ်ပြီး အိပ်တဲ့အချိန် လွှတ်ထားတာ ပိုအဆင်ပြေတယ်။

Permanent လုပ်ဖို့

Code:
sudo gedit  /etc/apt/apt.conf.d/76download
ဆိုပြီး 76download ဆိုတဲ့ ဖိုင်တစ်ခု လုပ်ပါမယ်။

Code:
Acquire
{
    Queue-mode "access";
    http
    {
        Dl-Limit "50";
    };
};
ကို ကူးထဲ့ပြီး save လုပ်ပါ။ ဒါဆို ရပါပြီ။ Dl-Limit "50" နေရာမှာ ကိုယ်ကြိုက်တဲ့ speed ရွေးပေးပါ။ e.g., "100" "150"

If something doesn't work, break it and create a BETTER one.
g00gle is offline   Reply With Quote
အောက်ပါအသင်းဝင် 3 ဦးတို့မှ g00gle အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 16-02-2013, 03:58 PM
g00gle
အထူးအသင်းဝင်
 
အသင်းဝင်နေ့စွဲ: Nov 2010
ရေးသားချက်များ: 751
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 12,278
ပို့စ် 754 ခုအတွက် 6,476 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
g00gle will become famous soon enough
Wireless hotspot in Ubuntu

Ubuntu မှာ Wireless hotspot ဘယ်လို လုပ်မလဲပါ။ Network လို့ရှာပြီး settings ကိုဝင်ရင် hotspot ဆိုတာ ရှိတယ်။ ဒါပေမဲ့ သူက Ad-hoc network ဆိုတော့ android, windows phone တချို့မှာ မရဘူး။ Hotspot စစ်စစ်လိုချင်ရင် hostapd / master mode ကို သုံးရမယ်ဆိုပါတယ်။ ကျွန်တော်တော့ မစမ်းဖူးပါ။ ဒါပေမဲ့ Askubuntu မှာ လုပ်နည်း သေချာ တဆင့်ချင်း ရေးထားပေးပါတယ်။

လုပ်ပုံလုပ်နည်းကို
Code:
http://askubuntu.com/questions/180733/how-to-setup-a-wi-fi-hotspot-access-point-mode
မှာ ကြည့်ပါ။

If something doesn't work, break it and create a BETTER one.
g00gle is offline   Reply With Quote
အောက်ပါအသင်းဝင် 2 ဦးတို့မှ g00gle အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 18-02-2013, 04:00 AM
g00gle
အထူးအသင်းဝင်
 
အသင်းဝင်နေ့စွဲ: Nov 2010
ရေးသားချက်များ: 751
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 12,278
ပို့စ် 754 ခုအတွက် 6,476 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
g00gle will become famous soon enough
Tor / Jondo ( JAP ) on Ubuntu

Ubuntu မှာ ပိတ်ထားတဲ့ဆိုက်ကို ကျော်ဖို့အတွက် VPN အပြင် YourFreedom, Tor, Jondo, Toonel ကို သုံးနိုင်ပါတယ်။

အကုန်လုံးက Java လိုတဲ့အတွက် software-center ကိုဖွင့်၊ OpenJDK Java 7 run time ကို သွင်းပါ။
ပြီးရင် ဒေါင်းလို့ရလာတဲ့ ဆော့ဝဲ .jar ဖိုင်ကို Right click >> Properties >> Permission tab မှာ allow executing as program ကို အမှန်ခြစ်ပါ။
နောက် Right click >> Open with OpenJDK java 7 run time ဆိုရပါပြီ။

# YourFreedom ဆို account လိုပါမယ်။

# Tor ကိုသွင်းရင် software-center က version က အဟောင်းမို့လို့ အသစ်လိုချင်ရင် https://www.torproject.org/docs/debian.html.en အတိုင်းသွင်းပါ။ (software repositories မထဲ့တတ်ရင် Dash >> Help >> Add additional software repositories ကို ဖတ်ပါ)

Tor သုံးရင် စစခြင်း ဖွင့်လို့မရတတ်ပါဘူး။ သူက root account နဲ့ သုံးနေလို့ error တတ်တာပါ။ အလွယ်ကူဆုံး ပြင်နည်းကတော့ terminal ကိုဖွင့် sudo vidalia လို့ ရိုက်ပြီး tor ကို ဖွင့်ပါ။ successfully connected ဖြစ်သွားရင် ပြန်ထွက်ပြီး restart တစ်ခါလုပ်ပါ။ နောက်ပိုင်း root မလိုပဲ ဖွင့်လို့ ရပါမယ်။

# Jondo သုံးရင် premium code ရိုက်ရတဲ့ နေရာတစ်ခု ရောက်ပါမယ်။ code တွေ မထဲ့မနေရ မဟုတ်ပါဘူး။ အလကား သုံးလို့ ရပါတယ်။ code မထဲ့ပဲ next ကို နှိပ်ရုံပါ။

# Toonel အတွက် proxy က 127.0.0.1 port: 8080 ပါ။ သူကတော့ ရိုးရိုး proxy တစ်ခုပါ။

If something doesn't work, break it and create a BETTER one.
g00gle is offline   Reply With Quote
အောက်ပါအသင်းဝင် 3 ဦးတို့မှ g00gle အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 20-02-2013, 03:28 AM
g00gle
အထူးအသင်းဝင်
 
အသင်းဝင်နေ့စွဲ: Nov 2010
ရေးသားချက်များ: 751
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 12,278
ပို့စ် 754 ခုအတွက် 6,476 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
g00gle will become famous soon enough
Touchpad - Horizontal Scroll in Ubuntu

Ubuntu မှာ Horizontal scroll သုံးချင်တဲ့သူအတွက်ပါ။

Two fingers scroll ကတော့ Mouse & touchpad settings မှာ ပြင်လို့ ရပါတယ်။ ဒါပေမဲ့ default က vertical two fingers scroll ပဲပါတယ်။

Code:
synclient -l
နဲ့ ရှိတဲ့ settings တွေ ကြည့်ပါ။

HorizEdgeScroll=0 ဆိုပြီးတွေ့ပါမယ်။ 1 လို့ပြောင်းရင် အလုပ်လုပ်ပါမယ်။ 0 ဆိုရင် အလုပ်မလုပ်ပါဘူး။

ပြောင်းဖို့အတွက် အောက်ကအတိုင်း ရိုက်ပါ။

Code:
synclient HorizEdgeScroll=1
တကယ်လို့ Horizontal Two fingers scroll လိုချင်ရင်

Code:
synclient HorizTwoFingerScroll=1
တကယ်လို့ dconf / dconf editor နဲ့ ပြင်ချင်ရင်

Code:
dconf write /org/gnome/settings-daemon/peripherals/touchpad/horiz-scroll-enabled true
နေရာကို ရှာပြင်ပါ။ dconf editor ဆိုရင်တော့ ကလစ်နဲ့ အမှန်ခြစ်ပေးရုံပါ။

If something doesn't work, break it and create a BETTER one.
g00gle is offline   Reply With Quote
အောက်ပါအသင်းဝင်မှ g00gle အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 21-02-2013, 01:39 PM
powerlight02
အရွယ်ရောက်သူ
 
အသင်းဝင်နေ့စွဲ: Jan 2013
တည်နေရာ: ပဲခူး
ရေးသားချက်များ: 175
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 165
ပို့စ် 155 ခုအတွက် 500 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
powerlight02 is on a distinguished road
ပြန်စာ - Ubuntu - A Big Change

အစ်ကိုယ်ရေး

ကျွန်တော်လည်း Ubuntu OS 11.10 ကို ကျွန်တော့် ကွန်ပျူတာမှာ တင်သုံးထားပါတယ် ။

ကျွန်တော် တင်ခါစက Windows 7 ကို တင်ပြီးမှ Ubuntu ကို တင်တာပါ ။

အဲဒီတုန်းကတော့ Ubuntu က Bootloader ကို Auto Install လုပ်ပေးလို့ ကျွန်တော် Win 7 ပဲ ဖြစ်ဖြစ် Ubuntu ဖြစ်ဖြစ် နှစ်ခုထဲက တခု ကြိုက်ရာ တက်လို့ရပါတယ် ။

အခု ကျွန်တော် MBR Regeneration လေးအစွမ်းထက်လား မထက်လားစမ်းသပ်လိုက်တာ စွမ်းလွန်းလို့ ကျွန်တော့် Dual Boot တက်တာလေးကိုပါ ဖျက်လိုက်တော့ ကျွန်တော် အခု Ubuntu OS ရှိသားနဲ့ Windows 7 တခုပဲ တက်ပြီး Windows 7 ကိုပဲ သုံးလို့ရပါတော့တယ် ။

အခု ကျွန်တော် UBuntu ကို Boot ပြန်တက်အောင် ဘယ်လို့မျိုး ပြန်လုပ်နိုင်လဲ သိချင်ပါတယ် ခင်ဗျား ။

ကျွန်တော်က Windows 7 32 Ultimate , Ubuntu 11.10 32 bit ကို သုံးတာပါ ။

ကူညီပါအုံးခင်ဗျား ။

ကိုကိုဇော် (BE-EC)
www.htarwaiethar.blogspot.com
powerlight02 is offline   Reply With Quote
Old 22-02-2013, 12:19 PM
g00gle
အထူးအသင်းဝင်
 
အသင်းဝင်နေ့စွဲ: Nov 2010
ရေးသားချက်များ: 751
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 12,278
ပို့စ် 754 ခုအတွက် 6,476 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
g00gle will become famous soon enough
ပြန်စာ - Ubuntu - A Big Change

Quote:
Originally Posted by powerlight02 View Post
အစ်ကိုယ်ရေး

ကျွန်တော်လည်း Ubuntu OS 11.10 ကို ကျွန်တော့် ကွန်ပျူတာမှာ တင်သုံးထားပါတယ် ။

ကျွန်တော် တင်ခါစက Windows 7 ကို တင်ပြီးမှ Ubuntu ကို တင်တာပါ ။

အဲဒီတုန်းကတော့ Ubuntu က Bootloader ကို Auto Install လုပ်ပေးလို့ ကျွန်တော် Win 7 ပဲ ဖြစ်ဖြစ် Ubuntu ဖြစ်ဖြစ် နှစ်ခုထဲက တခု ကြိုက်ရာ တက်လို့ရပါတယ် ။

အခု ကျွန်တော် MBR Regeneration လေးအစွမ်းထက်လား မထက်လားစမ်းသပ်လိုက်တာ စွမ်းလွန်းလို့ ကျွန်တော့် Dual Boot တက်တာလေးကိုပါ ဖျက်လိုက်တော့ ကျွန်တော် အခု Ubuntu OS ရှိသားနဲ့ Windows 7 တခုပဲ တက်ပြီး Windows 7 ကိုပဲ သုံးလို့ရပါတော့တယ် ။

အခု ကျွန်တော် UBuntu ကို Boot ပြန်တက်အောင် ဘယ်လို့မျိုး ပြန်လုပ်နိုင်လဲ သိချင်ပါတယ် ခင်ဗျား ။

ကျွန်တော်က Windows 7 32 Ultimate , Ubuntu 11.10 32 bit ကို သုံးတာပါ ။

ကူညီပါအုံးခင်ဗျား ။
စမ်းပြီးသွားပြီလား မသိဘူး။ Easy BCD ဆိုရင်တော့ ပိုလွယ်တာပေါ့။

http://www.myanmarfamily.org/forum/s...&postcount=120

If something doesn't work, break it and create a BETTER one.
g00gle is offline   Reply With Quote
အောက်ပါအသင်းဝင် 2 ဦးတို့မှ g00gle အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 10-03-2013, 11:58 AM
linyixin
ဆယ်ကျော်သက်
 
linyixin's Avatar
 
အသင်းဝင်နေ့စွဲ: Sep 2008
တည်နေရာ: ရန်ကုန်
ရေးသားချက်များ: 53
ကျေးဇူးတင်စကား: 10
ပို့စ် 38 ခုအတွက် 135 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
linyixin is on a distinguished road
ပြန်စာ - Ubuntu - A Big Change

Windows 7 နဲ့ Ubuntu နှစ်ခုတွဲတင်ထားတယ်။ Windows boot loader ပြန်သွင်းလိုက်လို့ Ubuntu ပျောက်သွားတယ်ဆိုရင်
  • Add new entry ကိုသွားပါ။
  • ပြီးရင် Linx/BSD ကိုသွားပါ။
  • ပြီးရင် Type မှာ Grub 2 ကိုရွေးပြီး Name မှာကြိုက်တာပေးပါ။ အဲ့ဒါ bootloader မှာပေါမဲ့နာမည်ပါ။ ကျွန်တော်အောက်မှာပြောတဲ့အတိုင်းလုပ်မယ်ဆိုရင် Ubuntu လို့ပေးရင်ပိုကောင်းမယ်။
  • Drive မှာ Automatically Configured ကိုရွေးပါ။ ပြီးရင် Add Entry ကိုရွေးပါ။

ဒါဆိုပြီးပါဘီ။

အကယ်၍ Windows bootloader ကနေဘဲ Grub ကိုမသွားတော့ဘဲ Ubuntu ကို boot တန်းလုပ်ချင်တယ် ဆိုင်ရင်။
  • Ubuntu ထဲဝင်ပါ။ Terminal ကိုဖွင့်ပါ(Alt+Ctr+T)။
  • ပြီးရင် sudo gedit /etc/default/grub လို့ရိုက်ပါ။
  • ပြီးရင် GRUB_DEFAULT ကို 0 ထားလိုက်ပါ။
  • ပြီးရင် Terminal မှာဘဲ sudo update-grub လုပ်ပေးလိုက်ပါ။


Windows boot loader ကိုမသုံးချင်ဘူးဆိုရင်တော့။
Grub 2 ကိုပြန်သွင်းရပါလိမ့်မယ်။

Last edited by linyixin; 10-03-2013 at 12:01 PM..
linyixin is offline   Reply With Quote
အောက်ပါအသင်းဝင် 4 ဦးတို့မှ linyixin အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 27-04-2013, 11:19 AM
g00gle
အထူးအသင်းဝင်
 
အသင်းဝင်နေ့စွဲ: Nov 2010
ရေးသားချက်များ: 751
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 12,278
ပို့စ် 754 ခုအတွက် 6,476 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
g00gle will become famous soon enough
Install Ubuntu 13.04 Raring with Wubi

Ubuntu 13.04 - Raring ထွက်ပါပြီ။ ဒီ version မှာ unity 7 ထဲ့ပေးထားလို့ အရင်ကထက် သိသိသာသာမြန်ပါမယ်။ နောက် kernel အသစ်ထဲ့ထားလို့၊ အရင်က hardware ပိုင်းအဆင်မပြေတာတွေ ပြေဖို့များပါတယ်။ သုံးကြည့်သလောက်တော့ တော်တော်လေး အသံတိတ်ပြီး heat သိပ်မတက်ပါဘူး။ (ကျွန်တော့်စက်မှာပါ)

ဘာပိုထူးလဲဆို မြန်မယ်။ Animations, Effects တွေ အများကြီး ပိုကောင်းလာမယ်။
နောက် Unity ဆို Windows management ပိုကောင်းလာမယ်။ Launcher icon မှာ mouse - scroll wheel နဲ့ ဖွင့်ထားတဲ့ windows ပြောင်းလို့ရတယ်။ Right-click နဲ့ ပြောင်းလို့ရမယ်။
အရင်က သုံးမရတဲ့ Gwibber ကိုဖြုတ်ပြီး Friends-app ဆိုတာပါလာတယ်။ သီးသန့်တော့ သွင်းပေးရမယ်။
တခြား server ပိုင်း အများကြီး ပိုကောင်းလာတယ် ပြောလို့ရတယ်။

အသေးစိတ် changes တွေကို http://ubuntuforums.org/showthread.php?t=2077844 & http://iloveubuntu.net မှာ ဖတ်နိုင်ပါတယ်။

မကောင်းတဲ့အချက်ကတော့
1. Wubi ကို support မလုပ်တော့ပါဘူး။ Update: http://releases.ubuntu.com/raring/ ကနေ ဒေါင်းလုပ်လုပ်နိုင်ပါတယ်။
2. Libreoffice 4 ပြောင်းသွားပြီး a. မြန်မာ fonts (အခြားဘာသာ fonts) break ဖြစ်ပါတယ်။ ယူနီကုတ်သုံးချင်ရင် ပိတောက်ဖွန့်ကို သုံးပါ။ b. Libreoffice global menu မှာ ထဲ့ထားတာ မကောင်းပါဘူး။
3. Graphic Card နဲ့ မကိုက်ရင် Unity က သိသိသာသာ နှေးပါတယ်။ Multi-monitor သုံးရင်ပိုသိသာတယ်။
4. အရင် bugs အဟောင်းတွေ၊ confirmed လုပ်ပြီးသား bugs တွေ fix မလုပ်ပဲ ဒီတိုင်းပါလာတယ်။

Wubi ကတော့ ဆင်ခြေကတော့ Windows 8 နဲ့ မကိုက်လို့လို့ ဆိုပေမဲ့ GPT partition, UEFI boot မဟုတ်ရင် သုံးလို့ရပါတယ်။ အဓိကကတော့ သူတို့လဲ ၀င်းဒိုးမသုံးတော့ ၀င်းဒိုးသုံးတာ အားမပေးတာပေါ့။ bug fixed တဲ့သူရှိပေမဲ့လဲ official မပါလာပါဘူး။

Wubi မသုံးမဖြစ် သုံးရမဲ့ လူတစ်ချို့ရှိမယ်ထင်တယ်။ ဥပမာ - ကွန်ပျူတာဝယ်ရင် Primary partitions က ၄ ခုအပြည့်ပါလာတတ်တယ်။ Windows (system & boot - 2 partitions), Recovery partition, Other

other ထဲမှာ company အလိုက် ကွဲပါတယ်။ တချို့က BIOS update ဖို့အတွက်၊ recovery partition အတွက် မရှိမဖြစ်လိုပါတယ်။ မသိတဲ့သူကတော့ လွယ်လွယ် ဖျက်လိုက်ပြောကြတယ်။ ဖျက်ပြီး recovery partition ပျက်သွားတယ်။ ၀င်းဒိုးပြန်တင်လို့မရတာဖြစ်တတ်ပါတယ်။ ၀င်းဒိုးမသုံးတဲ့သူအတွက် အရေးမကြီးပေမဲ့၊ ကျောင်း၊ အလုပ်တွေအတွက် ဆော့ဝဲကျတော့ Ubuntu support မရှိတတ်လို့ ၀င်းဒိုးဖျက်ဖို့တော့ ကျွန်တော် အားမပေးပါဘူး။

Wubi သွင်းမယ်ဆို ၂ နည်းရှိပါတယ်။ တစ်ခုက ISO ကိုအရင်ဒေါင်းလုပ်လုပ်ပါ။
နောက် ISO ကို mount လုပ်ပါ။ Windows 8 ဆို ဘာမှမလိုပါဘူး။ တခြားဆို Daemon tools ဆော့ဝဲမျိုးလိုပါမယ်။
wubi.exe ကို desktop ကို shortcut လုပ်လိုက်ပါ။
Desktop shortcut ကို right-click > properties ကနေ နဲနဲ ပြန်ပြင်ပေးပါ။
တကယ်လို့ 64 bit အတွက်ဆို wubi.exe နောက်မှာ space တစ်ခုခြားပြီး --force-wubi ကိုထဲ့ပေးပါ။ (D:\wubi.exe --force-wubi)
တကယ်လို့ 32 bit အတွက်ဆို wubi က default 64bit ကိုပဲ သွင်းလို့ --32bit --force-wubi ဆိုပြီး --32bit ပိုထဲ့ပေးရပါမယ်။
ပြီးရင် OK နှိပ်ပြီး ပြင်ထားတဲ့ desktop က shortcut နဲ့ wubi ကိုဖွင့်ရပါမယ်။ ထုံးစံအတိုင်း C: (သို့) အခြား partition မှာ သွင်းပါ။ (C: မှာ သွင်းမယ်ဆို wubi နဲ့ မသွင်းခင် Checkdisk, Defrag လုပ်ပါ။ သွင်းပြီးပြီးချင်း Checkdisk, Defrag လုပ်ပါ။ Ubuntu partition software က သိပ်မကောင်းလို့ပါ)
လုပ်ထားတာ မှန်ရင် ၁ မိနစ်လောက်ပဲ ကြာပါမယ်။
restart လုပ်ပြီး install လုပ်တာ စောင့်ပါ။ ၁၅-၂၀ မိနစ်လောက် ကြာပါမယ်။ သတိထားရမှာက စက်သိပ်မမြင့်ရင် Ubuntu installer slideshow crash မဖြစ်အောင် mouse နဲ့ ဟိုနှိပ်၊ ဒီနှိပ်လုပ်တာ ဆော့နေတာမျိုး မလုပ်ပါနဲ့၊ Installation တစ်ခုလုံး crash ဖြစ်သွားပါမယ်။

နောက်တစ်နည်းကတော့ 12.04 wubi ကိုသုံးပြီး iso နဲ့ kernel သိဖို့လိုတဲ့ဖိုင်ကို အစားထိုးတာပါ။ နောက်ပိုင်း ဒီနည်းပဲ သုံးရဖို့များပါတယ်။ Wubi ပဲသုံးမယ်ဆိုရင်တော့ 12.04 ISO, wubi ကို backup လုပ်ထားသင့်ပါတယ်။
http://ubuntu-with-wubi.blogspot.com...g-xubuntu.html
မှာဖတ်နိုင်ပါတယ်။

နောက်ပိုင်း စက်အသစ်ဝယ်ဖြစ်လို့ Ram - 4Gb လောက်ဆိုရင်တော့ Virtual Box တို့နဲ့သုံးပေါ့။ စိတ်ထဲမှာတော့ Wubi က အများကြီး ပိုမြန်ပြီး Live USB ထက် ပို stable ဖြစ်တယ်ထင်တယ်။ Wubi သုံးရင်တော့ force-shutdown မလုပ်သင့်ပါဘူး။ ပြန် recover လုပ်လို့မရပဲပျက်တတ်ပါတယ်။ မဟုတ်ရင်တော့ တစ်လလောက် စက်မပိတ်ပဲ အဆင်ပြေပြေသုံးလို့ရပါတယ်။

နောက် ပြသနာတက်နိုင်တာကတော့ Chrome သွင်းလို့မရတာပါ။ libudev0 ဆိုတဲ့ package ကို packages.ubuntu.com ကနေ ဒေါင်းလုပ်လုပ်ပြီးသွင်းလိုက်ပါ။

နောက် gksu ကို အကြိတ်အနယ်ဆွေးနွေးပြီး အခု ဖြုတ်လိုက်ပါပြီ။ su ကိုသုံးလို့ မကောင်းဘူးဆိုပါတယ်။ နောက်ပိုင်းမှာ လုံးဝဖြုတ်ဖို့ရှိတယ်ဆိုပါတယ်။

ကျန်တာကတော့ ကျွန်တော်လဲ သိပ်မသုံးဖြစ်လို့ မပြောတတ်ပါဘူး။ mailing list ဖတ်ရင်း စိတ်တိုလာလို့ email account ဖျက်လိုက်တာ အရင်က ပုံအဟောင်းတွေ ပျက်သွားပါတယ်။ နောက်အားမှပဲ ပြန်ပြင်တော့မယ်။

If something doesn't work, break it and create a BETTER one.

Last edited by g00gle; 27-04-2013 at 12:13 PM..
g00gle is offline   Reply With Quote
အောက်ပါအသင်းဝင် 8 ဦးတို့မှ g00gle အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Reply

တန်ဆာပလာများ
ဖော်ပြမှုပုံစံ

Posting Rules
You may not post new threads
You may not post replies
You may not post attachments
You may not edit your posts

BB code is On
Smilies are On
[IMG] code is On
HTML code is Off

ဖိုရမ်တွေ ကျော်ရောက်ချင်ရင် !

အခြားဆင်တူဆွေးနွေးချက်များ
ဆွေးနွေးချက် စတင်ရေးသားသူ ကွပ်ပျစ်ဝိုင်း ပြန်စာများ နောက်ဆုံးပို့စ်
Ubuntu ( Linux ) FAQs ( Self-Study ) KznT Linux များ (သို့) Linux နှင့်ဆိုင်ရာများ 29 22-02-2013 12:27 PM
Ubuntu တင်ပြီး ဘာဆက်လုပ်မလဲ ?? KznT Linux များ (သို့) Linux နှင့်ဆိုင်ရာများ 14 29-12-2011 12:05 PM
Windows ပေါ်မှာ Ubuntulinux ကို ဘယ်လို Install လုပ်ပြီး run မလဲ။ poekaunglay87 Linux များ (သို့) Linux နှင့်ဆိုင်ရာများ 22 24-06-2011 12:52 AM
Natty Narwhal - Unity နှင့် ကျွန်တော် KznT Linux များ (သို့) Linux နှင့်ဆိုင်ရာများ 3 15-05-2011 07:19 PM
ဘာလို့ Ubuntu သုံးသင့်လဲ ..?? kyaukphyu Linux များ (သို့) Linux နှင့်ဆိုင်ရာများ 0 19-08-2010 04:09 PM


ဖိုရမ်၏ ပင်မအချိန်သည် ဂရင်းနစ်စံတော်ချိန် +6.5 ဖြစ်သည်။ဒေသစံတော်ချိန် 01:24 AM
Inactive Reminders By Icora Web Design