Go Back   မြန်မာမိသားစုဖိုရမ် » ..:: ကွန်ပျူတာနယ်ပယ် ::.. » Linux များ (သို့) Linux နှင့်ဆိုင်ရာများ
မြန်မာလက်ကွက်

Linux များ (သို့) Linux နှင့်ဆိုင်ရာများ Linux OS များအကြောင်း ဆွေးနွေးရန်နေရာပါ.. Linux OS အသုံးပြုပုံများ.. တွေ့ကြုံရသည့်အခက်အခဲများကို ဆွေးနွေးဝေမျှထားသည့်နေရာဖြစ်သလို သင်ကိုယ်တိုင်လည်းဝင်ရောက်ဆွေးနွေးနိုင်ပါသည်.

Reply
 
Bookmark and Share တန်ဆာပလာများ ဖော်ပြမှုပုံစံ
Old 20-02-2010, 03:35 AM
  post #1
KznT
ကြီးကြပ်ရေးမှူး
 
KznT's Avatar
 
အသင်းဝင်နေ့စွဲ: Dec 2009
တည်နေရာ: http://www.techsectors.blogspot.com
ရေးသားချက်များ: 1,338
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 5,983
ပို့စ် 1,332 ခုအတွက် 20,394 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
KznT has a spectacular aura aboutKznT has a spectacular aura about
အသင့်တော်ဆုံး Linux OS အား ရွေးချယ်ခြင်း

ကျွန်တော် ဒီနေ့တော့ ကျွန်တော်တို့ရဲ့ Desktop တွေ Laptop တွေ အတွက် Linux Distributions တွေထဲက အသင့်တော်ဆုံး ဖြစ်နိုင်မယ့် Linux OS တွေ အကြောင်း ဆွေးနွေးသွားပါ့မယ်။

ဒီနေ့ခေတ်မှာ Linux လို့ ဆိုတာနဲ့ Distributions တွေ များလွန်းလို့ ဘယ် Linux က သုံးလို့ သုံးသင့်မှန်း တော်တော် ဆုံးဖြတ်ရခက်တဲ့ အခြေအနေမျိုးကို ရောက်နေပါတယ်။ သုံးနေကျ လူကတော့ အကြောင်း မဟုတ်ဘူးပေါ့လေ။ ဆိုးတာက Linux New User တွေ အတွက်ပါ။ ရည်ရွယ်ချက် အမျိုးမျိုးတွေနဲ့ Distros လုပ်နေကြပေမယ့် တစ်ချို့ Linux Distributions တွေက ပေါ့ပေါ့ပါးပါး ( ဥပမာ - Laptop အဟောင်းလေးတွေ ဘာလေးတွေမှာ ဆို ဝင်းဒိုးတင်ထားလို့တောင် မထင်ရလောက်အောင် ပေါ့တာ ) သုံးလို့ ရအောင် ၊ တစ်ချို့ ကျတော့လည်း အသုံးပြုသူ User တွေကို လတ်တလော သုံးနေတဲ့ အဓိက OS ကနေ မစွန့်ခွာစေဘဲ Linux ရဲ့ ကောင်းကျိုးလေးတွေ အရိပ်အမြွတ် မြည်းစမ်းကြည့်စေဖို့ ရည်ရွယ်ချက်နဲ့ Target ထားပြီး လုပ် ၊ အသုံးတည့်မယ့် Software တွေ တစ်ပြုံတစ်ခေါင်း အလကားထည့်ပေးထား မရေမတွက်နိုင်တဲ့ hardware devices တွေအတွက်လည်း Support ပေး ( ဥပမာ - Ubuntu လိုမျိုး ) စသဖြင့် ရည်ရွယ်ချက်တွေနဲ့ ပုံစံမျိုးစုံသုံးပြီး Linux ကို ပုံဖော်နေကြတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ်ပါ အလကား ပေးတယ် ဆိုပေမယ့်လည်း စေတနာ ဗလပွနဲ့ လုပ်ဆောင်ချက်တွေ ၊ အနှစ်သာရတွေ တကယ်ပါတာ မို့လို့ Linux ကို တန်ဖိုး မထားပဲတော့ မနေနိုင်ပါဘူး။ ခက်တာက ဒီလို တန်ဖိုးရှိတဲ့ OS တစ်ခု ထိုးဖောက်နိုင်ဖို့ ရုန်းကန်ရတဲ့ အနေအထားပါ။ Linux Distributions တွေက အရမ်းများတော့ Linux စသုံးတော့မယ် လို့ စဉ်းစားလိုက်မိရင် အရင်ဆုံး ဘာလုပ်မလဲ Linux အကြောင်း များများစားစားသိတဲ့သူ ၊ များများစားစားသိသူ မရှိရင် နဲနဲ ပါးပါးသိတဲ့သူ ၊ အဲလိုမှ မရှိရင်လည်း အနဲအကျဉ်းလောက် သုံးဖူးသူ ဒီလိုလူတွေကို မေးရ မြန်းရတယ်။ အဲမှာ ပြဿနာက စတယ်။ တစ်ယောက်က Red Hat ၊ နောက်တစ်ယောက်က SUSE ၊ နောက်တစ်ယောက်က Ubuntu ၊ နောက်တစ်ယောက်က Fedora .. ကဲ ဒီတော့ ကျွန်တော်တို့ ဘာကို ရွေးကြမလဲ ..

မှန်ကန်သော Linux Distro အား ရွေးချယ်ခြင်း

Ubuntu, Xubuntu, Xandros, Knoppix, Fedora, openSUSE စတာတွေက Linux Distros တွေထဲကမှ နာမည်ကြီးတာလေးတွေ ပါ .. ဒါပေမယ့် ဒါ အကုန် မဟုတ်သေးပါဘူး .. Linux Active Distros ပေါင်း ၆၅၀ ကျော် လက်ရှိအချိန်မှာ ရှိနေတယ် ဆိုရင် မိသားစုဝင်များ ယုံနိုင်ပါ့မလား။ အပိုမပြောပါဘူး Distrowatch ကိုသာ သွားကြည့်လိုက်ပါ။ Distrowatch ဆိုတာ နာမည်ကြီး Linux distributions တွေအားလုံးရဲ့ လှုပ်ရှားမှုတွေကို တစ်ချိန်လုံးစောင့်ကြည့် အကဲခတ်နေတဲ့ ဆိုဒ်တစ်ခု ဆိုလည်း မမှားပါဘူး။

အခုအချိန်မှာ မိသားစုဝင်များရဲ့ ကွန်ပြူတာအတွက် လိုချင်တဲ့ Requirements တွေ ကိုက်ညီပြီး အကောင်းဆုံး ဖြစ်နိုင်မယ့် Linux distributions ကို စဉ်းစားပေးရမယ် ဆိုရင် တော်တော် စဉ်းစားရကျပ်ပါလိမ့်မယ် .. ဘာလို့လည်း ဆိုတော့ လူတိုင်းမှာ လိုအပ်ချက်တွေ ၊ စိတ်ဆန္ဒတွေဆိုတာ မနည်းမနော ရှိနေနိုင်ပါတယ်။ အဲ့ဒါကြောင့် လတ်တလော အခြေအနေမှာ ဘယ် Linux distributions က အကောင်းဆုံး ဆိုပြီး ထောက်ပြတာထက် အသုံးပြုမယ့် သူရဲ့ Linux အပေါ် နားလည် တတ်ကျွမ်းမှု ကို လိုက်ပြီး သုံးသင့်သုံးထိုက်မယ့် Linux distributions တွေကို အမျိုးအစား ခွဲပေးသွားပါ့မယ်။

( ၁ ) Linux ကို စမ်းသပ်သဘောမျိုး အနေဖြင့် အစမ်းသုံးဖူးကြည့်ချင်သူများ အတွက်

စမ်းသုံးကြည့်ချင်သူတွေ အတွက်တော့ အကောင်းဆုံးကတော့ ကွန်ပြူတာမှာကို တင်ကို တင်မနေပါနဲ့ .. Knoppix ဆိုတဲ့ Live CD Distributions ကို စမ်းသုံးကြည့်ပါ။ သုံးရတာကလည်း လွယ်ပါတယ်။ CD ရိုက်ပြီး Boot တက်ခိုင်းလိုက်ယုံပါပဲ။ ဘာမှ install လုပ်နေစရာလည်း မလိုပါဘူး။ ဒီ Live CD ကို သုံးပြီး User က Applications တွေကို Run လို့ ရတယ်။ နောက်ပြီး သိမ်းချင်တဲ့ ဖိုင်တွေ ၊ Documents တွေကိုလည်း Live CD ထဲမှာပဲ Created ထားတဲ့ Live CD Session မှာ သိမ်းထားလို့ ရတယ်။ HD နဲ့ Flash Drive လို သဘောပေါ့။

Linux Live CD ဆိုတာ တကယ်လို့ ကိုယ် ကွန်ပြူတာ ရုတ်တရက် Crash ဖြစ်သွားလို့ ကိုယ် မသိမ်းခဲ့ရသေးတဲ့ ဒေတာတွေဘာတွေကို Windows ကို Reinstall ပြန်မလုပ်ခင် သိမ်းလိုက်ချင်တယ် ဆိုရင် သိမ်းလို့ရအောင် လုပ်ပေးနိုင်တယ်။ ဆိုးတာလေး တစ်ခုက Linux Live CD ကိုသုံးတဲ့ အခါ တကယ် fully installed လုပ်ထားတဲ့ Linux distributions ကို သုံးရတာထက်တော့ နှေးနေတတ်ပါတယ်။

တကယ်လို့ Linux Live CD ကိုသုံးပြီး Linux ကိုစမ်းရတာ သိပ်သဘောမကျဘူး .. အရမ်းနှေးတာပဲလို့ ခံစားရတယ် ဆိုရင် နောက်တစ်ဆင့် နဲနဲ ထပ်မြှင့်ပြီး စမ်းကြည့်လို့ ရပါတယ်။ အဲတာကတော့ Wubi ပါ။ Wubi ဆိုတာ Windows တင်ထားတဲ့ ကွန်ပြူတာမှာပဲ ကိုယ့် ဝင်းဒိုးကို ချစရာမလိုပဲ Linux Distributions ကို တင်ပေးတာပါ။ Partition အသစ်ခွဲပြီး တင်ချင်လည်း ရတယ်။ မခွဲချင်ဘူး ရှုပ်တယ်။ ရှိပြီးသား Partition အဟောင်းမှာပဲ တင်ချင်တယ်ဆိုလည်း ရတယ်။ Install လုပ်ပြီးသွားရင် Duel-Boot နဲ့ ဘယ်ဝင်းဒိုးကို သုံးမှာလဲ မေးတဲ့အချိန် Linux ဆို Linux .. Windows ဆို Windows ရွေးပေးလိုက်ယုံပါပဲ။ သိပ်လွယ်ပါတယ်။ Uninstall လုပ်ဖို့ဆိုလည်း မခက်ပါဘူး .. ကျွန်တော်တို့ တင်နေကျ Windows Applications တွေလိုပဲ Ctrl Panel ထဲ သွားပြီး ဖြုတ်ချလိုက်ယုံပါပဲ။ တစ်ခုရှိတာက Wubi ဆိုတာ Linux တင်ရာမှာ အခက်အခဲ မရှိစေဖို့ အကူအညီပေးတဲ့ Software သာသာ သဘောမျိုးပါ။ သူက Linux OS မဟုတ်ပါဘူး .. Wubi ကိုသုံးပြီး Linux တင်မယ် ဆိုရင် ကောင်းတာကတော့ အရင်ဆုံး ကိုယ်သဘောကျတဲ့ Linux Distributions ထဲက တစ်ခုခုကို ဒေါင်းလုပ်ကြိုချထားပြီး Wubi နဲ့ တစ်ဖိုင်တည်းမှာ တွဲထည့်ထားပြီးမှ install လုပ်တာ အကောင်းဆုံးပါပဲ။ တကယ်လို့ အဲလိုမှ မလုပ်ရင် Wubi ကို Run လိုက်တာနဲ့ သူက Linux တင်ဖို့ ကိုယ်ရွေးပေးလိုက်တဲ့ ( ဥပမာ - Ubuntu ဆို Ubuntu ၊ Xubuntu ဆို Xubuntu ၊ ... ) Linux Distributions ကို အင်တာနက်နဲ့ ချိတ်ပြီး ဒေါင်းလုပ် အရင်ချမှာပါ။ ပြီးမှ တင်ပေးမှာ။ အဲ့တော့ အင်တာနက် သိပ်မကောင်းတဲ့ အခြေအနေမျိုးမှာဆိုရင် Linux တင်ဖို့ အရမ်းအချိန်ပေးရမယ့် အနေအထားမျိုးကို ရောက်သွားနိုင်ပါတယ်။ Linux ကို စမ်းသပ်သဘောမျိုး အနေဖြင့် အစမ်းသုံးဖူးကြည့်ချင်သူများ အတွက် Wubi နဲ့ တင်တဲ့ အချိန်မှာ Ubuntu ကို ရွေးချယ်ကြဖို့ အကြံပေးလိုပါတယ်။



Ubuntu ကို တစ်ခြား Linux Distributions နဲ့ နှိုင်းယှဉ်ပြီး ဘာကြောင့် Recommended ပေးရသလဲ ဆိုရင် Ubuntu မှာ အချိန်တိုင်းလိုလို သူထုတ်လိုက်တဲ့ Versions တွေ တိုင်းအတွက် တက်သမျှ ပြဿနာတိုင်းကို အမြန်ဆုံး ဖြေရှင်းပေးပြီး ပြင်ဆင်ပေးနေပါတယ်။ နောက်တစ်ချက်က အချိန်အတိုင်းအတာ တစ်ခုနဲ့လည်း Support ပေးနေပါတယ်။ နောက်တစ်ချက်က New User တစ်ယောက် အတွက် မရှိမဖြစ်လိုအပ်တဲ့ အကူအညီတွေ ဖတ်သင့်ဖတ်ထိုက်တဲ့ Online Documentations တွေဆိုတာလည်း အများကြီးကို ရှိနေပါတယ်။

နောက်ထပ် စိတ်ဝင်စားဖို့ ကောင်းတာလေးတွေလည်း ရှိပါသေးတယ်။ Linux ကို စမ်းသပ်ချင်သူတွေ အတွက် အပေါ်က ၂ နည်းလုံး မသုံးပဲ နောက်တစ်နည်း စမ်းသပ်ကြည့်လို့လည်း ရပါသေးတယ်။ အဲတာကတော့
Virtualization Software နဲ့ပါ။ Virtualization Software ဆိုတာတွေထဲကမှ လူသိများတာတွေ ပြောရရင်
Virtual PC ( Microsoft )Virtual Box ( Sun ) ၊ နောက် VMware Workstation ဆိုတာတွေပါ။ Linux iso ကို ဒေါင်းလုပ်ချ ၊ ဒါမှမဟုတ် Linux Installer CD တစ်ခုခုကို သုံးပြီး Virtual Machine မှာ သုံးယုံပါပဲ။

( ၂ ) အသစ်အသစ်များအား လက်ကမ်းကြိုဆိုချင်သူ Linux New User များအတွက် ..

ဆက်ရန် ..

က,ကြီး ရေးဖို့ကျောက်သင်ပုန်းရှာနေသူ

Life is what you make of it. Go out and make your dreams come true.

Last edited by KznT; 27-03-2010 at 05:51 AM..
KznT is offline   Reply With Quote
အောက်ပါအသင်းဝင် 42 ဦးတို့မှ KznT အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 20-02-2010, 12:02 PM
  post #2
KznT
ကြီးကြပ်ရေးမှူး
 
KznT's Avatar
 
အသင်းဝင်နေ့စွဲ: Dec 2009
တည်နေရာ: http://www.techsectors.blogspot.com
ရေးသားချက်များ: 1,338
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 5,983
ပို့စ် 1,332 ခုအတွက် 20,394 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
KznT has a spectacular aura aboutKznT has a spectacular aura about
အသင့်တော်ဆုံး Linux OS အား ရွေးချယ်ခြင်း

( ၂ ) အသစ်အသစ်များအား လက်ကမ်းကြိုဆိုချင်သူ Linux New User များအတွက် ..

GNU/Linux desktop distributions တွေရဲ့ကြားမှာ အသစ်အသစ်များအား လက်ကမ်းကြိုဆိုချင်သူ Linux New User တွေအတွက် လွယ်လွယ်ကူကူ သက်တောင့်သက်သာ နဲ့ အဆင်အပြေဆုံး သုံးစွဲဖို့ သင့်တော်မှာ Linux Mint လို့ပဲ အကြံပေးချင်ပါတယ်။ Linux Mint က Ubuntu ပေါ်မှာ အခြေခံထားပြီး Ubuntu က သူကိုယ်တိုင်အတွက်ကျတော့ Debian ပေါ်မှာ Based on လုပ်ထားပါတယ်။



ဒါကြောင့် New User တစ်ယောက် အနေနဲ့ Linux Mint ကိုသာ သုံးမယ်ဆိုရင် တစ်ချက်ခုတ် ၂ ချက်ပြတ်ဆိုသလို Linux Mint အတွက် ရည်ရွယ်ပြီး ထုတ်တဲ့ Programs တွေ Packages တွေကိုလည်း သုံးလို့ ရမှာ ဖြစ်သလို .. Ubuntu or Debian အတွက် ထုတ်တဲ့ Programs တွေ Packages တွေ ဟာလည်း Linux Mint မှာ အတော်များများ သုံးစွဲလို့ ရလာမှာ ဖြစ်ပါတယ်။

Linux Mint CD တွေက mint4win ဆိုတဲ့ Utility နဲ့ အတူ ထွက်လာတတ်ပြီး သူက Linux ကို ကိုယ့်ရဲ့ Windows တင်ထားတဲ့ ကွန်ပြူတာပေါ်မှာ ရှိတဲ့ တစ်ခြား Partition တစ်ခုမှာ ကိုယ့် နဂိုရှိပြီးသား ဝင်းဒိုးကို တစ်ချက် မထိခိုက်စေဘဲ Install လုပ်ပေးသွားမှာ ဖြစ်ပါတယ်။ ပြောရရင် Wubi လို သဘောမျိုးပေါ့။ တကယ်လို့ သဘောမကျဘူး ဘာညာ ဆိုလည်း Ctrl Panel ထဲကနေ ရိုးရိုး ဆော့ဖ်ဝဲလ် ဖြုတ်သလို ဖြုတ်ချလိုက်ယုံပါပဲ။ တစ်ခုပြောင်းလဲသွားတာက ခုနောက်ဆုံးထွက်တဲ့ Linux Mint - 8 မှာ ကျွန်တော် အပေါ်မှာ ပြောခဲ့တဲ့ mint4win ဆိုတဲ့ Auto installer ဟာ latest Version မှာပါတဲ့ GRUB 2 နဲ့ ကိုက်ညီမှု မရှိတော့တဲ့ အတွက်ကြောင့် မပါဝင်တော့ပါဘူး။ mint4win နဲ့မှ install လုပ်ချင်တယ်ဆိုရင်တော့ Linux Mint - 7 နဲ့ သူ့ အောက်က Version တွေမှာ iso နဲ့ တူတူ တွဲပါပါလိမ့်မယ်။ သူတို့ကို ရွေး Download ချပြီး install လုပ်ပါ။

နောက် Linux Beginner တွေအတွက် ရွေးချယ်ဖို့ သင့်တဲ့ ရွေးချယ်စရာ နောက်တစ်ခုရှိတာက Ubuntu ( Desktop edition ) ပါ။



ဟိုးအပေါ်မှာ ပြောခဲ့ပြီးသလို Ubuntu က Hardware devices တွေအတွက် ကျယ်ကျယ်ပြန့်ပြန့် Supports ပေးသလို ၆ လတစ်ကြိမ် သူထုတ်ထားတဲ့ Version ကို ပြင်ဆင်မှု တွေ ရှိနေတာရယ်ကြောင့် သူလည်း ရွေးချယ်သင့်တဲ့ ထဲမှာ ပါနေပါတယ်။ နောက်တစ်ခုရှိတာက တကယ်လို့ အင်တာနက် ကော်နက်ရှင် အရမ်းဆိုးလို့ download ချလို့ မရနိုင်ဘူးဆိုလည်း Ubuntu DVD ကို ရေကြောင်းလမ်းကနေ သယ်ယူပို့ဆောင်ခ စရိတ်လေးလောက်ပဲ ပေးပြီး မှာယူလို့လည်း ရပါတယ်။

နောက်ရွေးချယ်ဖို့ သင့်တဲ့ Linux Distributions လေးတွေ အကြောင်းဆက်ပါဦးမယ်။ သူတို့ကတော့ OpenSUSE ( Novel ) နဲ့ Fedora ( Red Hat ) ပါ။ သူတို့တွေကလည်း Free ပေးပြီး သုံးစွဲရလွယ်ကူလို့ လူကြိုက်များကြပါတယ်။





ပိုက်ဆံလေးဘာလေး တတ်နိုင်မယ် ဆိုရင်တော့ Commercial Distros ထဲက Xandros Home Edition လေးကို လမ်းညွှန်ချင်ပါတယ်။ သူကလည်း Linux စတင်သုံးစွဲမယ့် Newbies တွေအတွက်တော့ အသုံးတည့်မယ့် Desktop OS တစ်ခုပါပဲ။



ကောင်းတာ တစ်ချက်က Xandros မှာ CodeWavers ပါတာမို့လို့ Microsoft Office, Adobe Photoshop နဲ့ တစ်ခြား Windows Applications တွေကိုလည်း Xandros မှာ သုံးလို့ ရတယ်ဆိုတာပါပဲ။ သတိတော့ မမေ့ပါနဲ့။ Xandros က Free တော့ မဟုတ်ပါဘူး။ ပိုက်ပိုက်ပေးဝယ်ရမှာပါ။ ဒီလောက်ဆို အသစ်အသစ်များအား လက်ကမ်းကြိုဆိုချင်သူ Linux New User တွေ ဘာကို ရွေးချယ်သင့်မလဲ ဆိုတာ အနည်းနဲ့ အများ စဉ်းစားလို့ ရလောက်ပါပြီ။ နောက်တစ်ခု ဆက်ဆွေးနွေးချင်တာက ...


( ၃ ) Old Computers များတွင် သုံးစွဲသင့်သော Linux Distributions များ


ဒီအကြောင်းအရာကို ကျွန်တော် ဆက်လက်ဆွေးနွေးသွားပါ့မယ် ..

က,ကြီး ရေးဖို့ကျောက်သင်ပုန်းရှာနေသူ

Life is what you make of it. Go out and make your dreams come true.

Last edited by KznT; 21-02-2010 at 06:51 PM..
KznT is offline   Reply With Quote
Old 21-02-2010, 02:33 AM
  post #3
themoon49
လမ်းလျှောက်တတ်စ
 
အသင်းဝင်နေ့စွဲ: Nov 2008
ရေးသားချက်များ: 9
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 64
ပို့စ် 5 ခုအတွက် 31 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
themoon49 is on a distinguished road
ပြန်စာ - အသင့်တော်ဆုံး Linux OS အား ရွေးချယ်ခြငƟ


လင်းနစ်ဆိုလို့ Mandriva Linux ဆိုတဲ့ ၀င်းဒိုးလေးတင်ပေးလိုက်ပါတယ်ခင်ဗျ စမ်းသုံးချင်တဲ့ ၀ါသနာရှင်တွေ အောက်မှာ
ဒေါင်းလိုက်ပါခင်ဗျ
http://www.mediafire.com/?wmkzyzjngjd
http://www.mediafire.com/?1zxmqw4mqmw
http://www.mediafire.com/?htdionmzkod
သုံးပိုင်းပဲခွဲတင်ပေးလိုက်ပါတယ်
သူကဒီလိုရေးထားသေးတယ်: The French company Mandriva has created a "light" operating system kernel-based Linux, designed for use on low-power computers.New software platform called Mandriva InstantOn. Its main advantage - high-speed downloading: a PC equipped with solid state drives based on flash memory, this process takes about 10 seconds. Booting from a traditional hard drive is a little longer - from 15 to 20 seconds.
Compared with normal distribution Mandriva Linux operating system is Mandriva InstantOn has a much smaller set of applications. The platform includes all the only thing necessary: browser Firefox 3.5.5, e-mail client Thunderbird 2.0.0.23, client Skype, Internet-pager Pidgin, Rhythmbox music player and some other programs.To work with Mandriva InstantOn enough 256 MB RAM and 1.4 GB of free disk space, processors are supported by AMD, Intel and VIA. Included in the OS-in wireless Wi-Fi and 3G. The system can be installed as an auxiliary - in addition, such as Windows XP.

အထဲမှာ Installation Guide PDF file လေးပါသေးပါတယ်
မယုံရင်ဒေါင်းကြည့်
အပြည့်စုံကိုတော့ http://www2.mandriva.com/ မှာသွားဖတ်နိုင်ပါတယ်
themoon49 is offline   Reply With Quote
အောက်ပါအသင်းဝင် 19 ဦးတို့မှ themoon49 အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 21-02-2010, 06:42 AM
  post #4
resident evil
လမ်းလျှောက်တတ်စ
 
အသင်းဝင်နေ့စွဲ: Jan 2010
ရေးသားချက်များ: 7
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 10
ပို့စ် 7 ခုအတွက် 32 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
resident evil is on a distinguished road
ပြန်စာ - အသင့်တော်ဆုံး Linux OS အား ရွေးချယ်ခြငƟ

ကျွန်တော် Ubuntu 9 ထွက်တုန်းက linux ကို အရူးထလိုက်သေးတယ်။ Ubuntu, Xunbuntu, Kubuntu, OpenSuSE နဲ. Fedora တွေကို သွင်းဖူးတယ်။ သုံးရတာ သိပ်အဆင်မပြေဘူး။ Ubuntu က တော်တော်လေးကောင်းပါတယ်။ wifi လဲကောင်းကောင်းမိတယ်။ မကြိုက်တာက အသံတိုးလွန်းအားကြီးတယ်။ Kubuntu ကတော. media ပိုင်းတော်တော်ကောင်းတယ်။ ခက်တာက ဓာတ်ပုံကြည်.ရတာအဆင်မပြေဘူး။ internet ဆွဲအားလား Ubuntu လောက်မကောင်းဘူး။ Xubuntu က ပေါ.တော.ပေါ.တယ်။ မဆိုးဘူး။ Fedora တော. network ချိတ်လို. မတတ်တာနဲ. ဆက်မသုံးဖြစ်ဘူး။ OpenSuSE ကို တော. လုံးဝ မကြိုက်ဘူး။
Linux OS တွေရဲ. ပြသဿသနာတခုက (ကျွန်တော်.အမြင်ပါ) သူတို.ကို System စားတာ သက်သာတယ်လို.ပြောကြပေမယ်. တကယ်တုန်းသုံးရင် ဘာမှ မလုပ်တဲ. အချိန်မှာပါ system စားသက်သာတာပါ။ အလုပ်တခုခု လုပ်လိုက်ရင် CPU usage က 100% ပဲ။ battery လဲစားတာမြန်တယ်။ Windows မှာ အားလုံးလျှော.ထားချိန် ၂ နာရီလောက်ခံတယ်။ Linux မှာ ၁ နာရီ ၁၅ မိနစ်လောက်ပဲခံတယ်။ CPU သုံးတာလဲ မပြီးနိုင်တော.ဘူး။ သူက Hang လို. Hang မှန်းမသိ။ Hang ရင် End Program လုပ်ရတာလွယ်တာတခုပဲရှိတယ်။ နောက် တချိန်တော. ပိုကောင်းတဲ. Version တွေထွက်လာဖို.တော. မျှော်မှန်းပါရဲ.။
resident evil is offline   Reply With Quote
အောက်ပါအသင်းဝင် 12 ဦးတို့မှ resident evil အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 21-02-2010, 06:47 PM
  post #5
KznT
ကြီးကြပ်ရေးမှူး
 
KznT's Avatar
 
အသင်းဝင်နေ့စွဲ: Dec 2009
တည်နေရာ: http://www.techsectors.blogspot.com
ရေးသားချက်များ: 1,338
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 5,983
ပို့စ် 1,332 ခုအတွက် 20,394 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
KznT has a spectacular aura aboutKznT has a spectacular aura about
အသင့်တော်ဆုံး Linux OS အား ရွေးချယ်ခြင်း

( ၃ ) Old Computers များတွင် သုံးစွဲသင့်သော Linux Distributions များ

OS တစ်ခုရဲ့ အရည်အသွေးဆိုတာ အသုံးပြုမယ့်စက်ရဲ့ အရည်အသွေးကောင်းမှ အဲ့ဒီ့ OS ကို သုံးလို့ ရနိုင်မယ်ဆိုရင် သိပ်တော့ အဓိပ္ပါယ်မရှိပါဘူး .. လူတစ်ဦးနဲ့ တစ်ဦး ရပ်တည်မှုဘဝချင်း မတူညီကြလို့ တစ်ချို့မှာ အကောင်းဆုံး အညွန့်ဆုံးဆိုတာတွေ ရှိနိုင်ပေမယ့် တစ်ချို့တွေမှာလည်း တော်ယုံသင့်ယုံ အဖြစ်သုံးနိုင်ယုံ လည်ပတ်နေကြရတဲ့ ဘဝမျိုးတွေလည်း အမြောက်အများ ရှိနေပါတယ်။ ဆိုလိုတာက ကိုယ့်မှာ ကွန်ပြူတာတစ်လုံးရှိတယ် RAM ကလည်း သိပ်များများစားစား မရှိဘူး ၊ မော်ဒယ်ကလည်း တော်တော်ဟောင်းနေပြီ ၊ Graphic ကလည်း သိပ်အကောင်းကြီး မဟုတ်ဘူး .. စတဲ့ Hardware Requirements အရမ်းများနေတဲ့ စက်မျိုးတွေအတွက် သင့်တော်မယ့် Linux Distributions တစ်ချို့နဲ့ ကျွန်တော်မိတ်ဆက်ပေးချင်ပါတယ်။

Puppy Linux ဆိုတာ Live CD distribution တစ်ခုပါပဲ။ သူ့ရဲ့စွမ်းဆောင်ရည်ကတော့ RAM 64 MB လောက်ပဲ ရှိတဲ့ ကွန်ပြူတာတွေမှာ ဆိုရင်တောင် ဒီ Puppy Linux က ကောင်းကောင်း အလုပ်လုပ်နိုင်ပါတယ်။ Puppy Linux ကို တစ်ခြား Media တွေကနေလည်း ( ဥပမာ - USB Flash Drives, CD .. ) Boot တက်ခိုင်းလို့ ရပါတယ်။ တစ်ခု သတိထားသင့်တာက RAM အရမ်းနဲတဲ့ ကွန်ပြူတာမှာ Puppy Linux ကို သုံးရင် RAM ပမာဏ တစ်ခုလုံးကို Puppy Linux က စားထားမှာ မို့လို့ ကိုယ့်ရဲ့ Personal Files တွေထဲက အရေးကြီးတဲ့ ဒေတာ အချိန်းအပြောင်းတွေကို Disk မှာ ပုံမှန် Save လုပ်ပေးသွားဖို့ အကြံပြုချင်ပါတယ်။ အဲလိုမှ ပုံမှန် မလုပ်ဖြစ်ခဲ့ဘူးဆိုရင်တော့ System Shut Down ကျတဲ့ အချိန်မှာ ကိုယ်ဖန်တီး ဖြည့်သွင်းထားသမျှ အချက်အလက်တွေ အားလုံးဆုံးရှုံးသွားနိုင်ပါတယ်။



Xubuntu ဆိုတာလည်း Ubuntu ရဲ့ မျိုးကွဲ တစ်ခုပါပဲ။ Xubun က ပေါ့ပါးတဲ့ xface desktop environment ကိုသုံးထားတဲ့ အတွက်ကြောင့်မို့လို့ Ubuntu မှာပါတဲ့ GNOME ထက် ပိုပြီး system စားသက်သာပါတယ်။ နောက်ပြီး Xubuntu distribution က တစ်နှစ်မှာ ၂ ကြိမ်ထွက်တာမို့လို့ တကယ်လို့ ဒီတစ်မျိုးကို မကြိုက်ရင် နောက်တစ်မျိုး မှာ ပြန်စမ်းကြည့်လို့လည်း ရပါတယ်။



antiX ဆိုတာလည်း Old Computers တွေအတွက် ရွေးချယ်သင့်တဲ့ OS တစ်ခုပါပဲ။ သူ့ကိုတော့ Windows 98 ထွက်ခဲ့တုန်းက စက်မှာတင်လိုက်ရင် လေးသွားတယ်လို့ ထင်ရတဲ့ ( ဥပမာ - Pentium II Series လိုမျိုး ) ကွန်ပြူတာတွေမှာ တောင် သုံးဖို့သင့်တော်ပါတယ်။



နောက်ထပ်သုံးဖို့ သင့်တော်တာတွေကတော့ Damn Small Linux နဲ့ Zenwalk ပါ။ သူတို့ ကလည်း Hardware Requirements တော်တော်နဲတဲ့ Linux Distributions တွေလို့ ပြောလို့ ရပါတယ်။



ဒီအပေါ်က ပုံကတော့ Damn Small Linux ပုံပါ။

ဒီအောက်က ပုံကတော့ Zenwalk ပါ။



ကို themoon 49 နဲ့ ကို resident evil ကိုလည်း ခုလို ဝင်ရောက် အားဖြည့်ပေးလို့ ကျေးဇူးတင်ပါတယ်။ ကျွန်တော်က ဆွေးနွေးရေးပိုင်းကို ဦးစားပေးပြောနေတာမို့လို့ တစ်ခြား လိုအပ်တဲ့ Download ချဖို့ လင့်တွေ ဘာတွေ အသေးစိတ် စီစဉ်ပေးဖို့ကျ မလှည့်နိုင်ဘူး ဖြစ်နေတယ်။ OS တစ်ခုချင်းစီနဲ့ ပတ်သတ်ပြီးလည်း ထင်မြင်ယူဆချက်တွေ ထည့်ပေးဖို့ လိုနေပါသေးတယ် ဒီအကြောင်းတွေကို နောက်တော့မှ သီးသန့်ထပ်ရေးပါဦးမယ်။ လောလောဆယ်တော့ ခေါင်းစဉ်ဦးတည်ချက် ပျောက်မှာဆိုးလို့ ဒီ အကြောင်းကိုပဲ ကျွန်တော်ပြီးဆုံးအောင် ရေးလိုက်ပါဦးမယ်။ OS တိုင်းနဲ့ ပတ်သတ်ပြီး ကိုယ်မြင်တဲ့ အမြင်လေးတွေကို သိနိုင်သလောက် ဝင်ဆွေးနွေးကြဖို့လည်း ဖိတ်ခေါ်ပါတယ်။ ဒါမှ Linux ကိုစမ်းသပ်ချင်သူတွေအတွက် ပိုပြီး ရွေးချယ်ဖို့ လွယ်ကူမှာပါ။


( ၄ ) လုပ်ငန်းခွင်တွင် အသုံးပြုသင့်သော Linux Distributions များအကြောင်း

ဒီအကြောင်းအရာကို ဆက်လက်ဆွေးနွေးသွားပါ့မယ်။

က,ကြီး ရေးဖို့ကျောက်သင်ပုန်းရှာနေသူ

Life is what you make of it. Go out and make your dreams come true.
KznT is offline   Reply With Quote
အောက်ပါအသင်းဝင် 23 ဦးတို့မှ KznT အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 22-02-2010, 02:32 AM
  post #6
kyaukphyu
အထူးအသင်းဝင်
 
kyaukphyu's Avatar
 
အသင်းဝင်နေ့စွဲ: Nov 2008
ရေးသားချက်များ: 472
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 1,327
ပို့စ် 451 ခုအတွက် 3,289 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
kyaukphyu is on a distinguished road
ပြန်စာ - အသင့်တော်ဆုံး Linux OS အား ရွေးချယ်ခြငƟ

အကို KznT ဆွေးနွေးထားဒါတွေဖတ်ရဒါ အရမ်းကောင်းပါတယ်..မသိသေးဒါတွေလည်းသိရတော့
ဗဟုသုတတိုးပါတယ်..ညီလေး လည်းအကို့ကိုယ် အားဖြည့်ပြီး ကူညီပေးမယ်နော်အကို..

အောက်ကလင့်ခ်မှာ..

Most Popular ဖြစ်တဲ့ Linux 15 မျိုးကိုဒေါင်းလို့ရပါတယ်.. တင်ပေးနေရင်လည်း
မလိုအပ်ဘဲ စာမျက်နှာ ပွနေမှာစိုးလို့ ..

http://ubuntu4mm.secretstories.org/o...nload--t18.htm


ဒေါင်းလို့ပြီးသွားရင် အပေါ်က virtual box နှင့်သာ စပြီး ဂလိဗျာ..
ကျနော် ဦးဘွန်းတု ဒေါ်လင်းနစ်တို့ နှင့်ပတ်သက်ပြီး အကြံပေးချင်ဒါကတော့
www.youtube.com
ကို မွှေနှောက်ပါ.. မယုံမရှိနှင့်နော် ..စမ်းကြည့်ကြပါအုံးဗျာ..
youtube ကိုသွားပြီး.. search box မှာ အထွေအထူးစဉ်းစားမနေနှင့်
how to install ubuntu 9.10 လို့ရိုက်ပြီး enter ခေါက်ကြည့်...
တသီတတန်းကြီးဘဲ.. ဘာဘဲပြောပြောနော် ဗီဒီယို လေးနှင့်လုပ်ပြဒါဆိုတော့
ပိုပြီးအဆင်ပြေတယ်ထင်လို့ပါ.. နိုင်ငံခြားသားတွေရှင်းပြဒါဆိုတော့
ပိုပြီးတော့ ပညာလည်းရပါတယ်..

ကျနော်က ဥပမာအနေနှင့်ပြောကြည့်ဒါပါ.. linux မျိုးစုံအတွက်ရှီပါတယ်..
တခုရှိဒါက အင်တာနက် ၂၄ နာရီသုံးနေတဲ့ သူက အဆင်ပြေနိုင်ပြီ
အင်တာနက်ကို ဆိုင်မှာ သုံးကတ်သူက အဆင်မပြေနိုင်ဘူးဗျ..
မသိတော့လည်း မေးကြစမ်းကျဒါပေါ့နော်..

မေးမယ်ဆိုရင်တော့ ဦးဂိုးဂယ်ဆီမှာမေးပါ..
တခါတလေကျရင် သူနှင့်အဆင်မပြေဒါတွေရှိတယ်..
ဒါဆိုရင်တော့ မူရင်းဆိုဒ်မှာ မေးပါလို့ အကြုံပြုချင်ပါတယ်..

အော်မေ့နေလို့ လက်ရှိ ubuntu / fedora သုံးသူများ
ကလည်း virtual box ကမူရင်းဆိုဒ်မှာ .deb / .rpm တွေရှိပြီးသားပါ
သွင်းပြီး အသစ် လေးတွေထပ်ဂလိလို့ရပါသေးတယ်

နောက်ပို့စ်တခုကျမှဘဲ သုံးဖူးတဲ့ လင်းနစ် တွေရဲ့ အားနည်းချက်အားသာချက်တွေကို
ပြောကြည့်ပါတော့မယ်..

အဆင်ပြေကျပါစေ
kyaukphyu is offline   Reply With Quote
အောက်ပါအသင်းဝင် 20 ဦးတို့မှ kyaukphyu အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 23-02-2010, 04:53 AM
  post #7
KznT
ကြီးကြပ်ရေးမှူး
 
KznT's Avatar
 
အသင်းဝင်နေ့စွဲ: Dec 2009
တည်နေရာ: http://www.techsectors.blogspot.com
ရေးသားချက်များ: 1,338
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 5,983
ပို့စ် 1,332 ခုအတွက် 20,394 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
KznT has a spectacular aura aboutKznT has a spectacular aura about
အသင့်တော်ဆုံး Linux OS အား ရွေးချယ်ခြင်း

( ၄ ) လုပ်ငန်းခွင်တွင် အသုံးပြုသင့်သော Linux Distributions များအကြောင်း

တစ်ခြား စိတ်ဝင်စားစရာ ခေါင်းစဉ် တစ်ခုဘက် လှည့်ရေးနေလို့ ဒီနေ့ ဒီအကြောင်းကို ဆက်ရေးဖို့ ကျွန်တော် နဲနဲ နောက်ကျသွားတယ် .. ကျွန်တော် အရင်ပြောခဲ့ပြီးသလိုပဲ Linux Distributions ပေါင်းမြောက်များစွာ ထဲက လုပ်ငန်းခွင်မှာ အသုံးပြုသင့်တဲ့ Linux Distributions က ဘာဖြစ်မလဲ .. လတ်တလောမှာ လူကြိုက်လည်း များပြီး တကယ်လည်း စွမ်းဆောင်ရည် ကောင်းတဲ့ Linux Distributions ကတော့ Redhat Enterprise Linx နဲ့ SUSE Linux Enterprise Desktop တွေ ဖြစ်ပြီး သူတို့တွေကို ( Novel Linux Desktop ) လို့လည်း လူသိများပါတယ်။ သူတို့ ( ၂ ) ခုကတော့ စီးပွားရေး လုပ်ငန်းသုံးနယ်ပယ်တွေမှာ ရှေ့ဆုံးက ထားရွေးချယ်ကြတဲ့ Linux Distributions တွေဆိုရင်လည်း မမှားပါဘူး။ ပုံမှန်အားဖြင့်တော့ Redhat ရဲ့ ဦးတည်ချက်က Desktop ဈေးကွက်ထက် Sever ဈေး ကွက်ကို ဦးတည်ခဲ့တာပါ။ နောက်တစ်ခုက Xandros Desktop ကလည်း ရွေးချယ်ဖို့ သင့်တဲ့ Linux Distributions တစ်ခုပါပဲ။ Xandros Desktop အကြောင်းကိုတော့ အပေါ်မှာ ဖော်ပြခဲ့ပြီးပါပြီ။ ဒါပေမယ့် ကုမ္ပဏီလုပ်ငန်း သေးစား လုပ်ဆောင်သူတွေ နဲ့ စီးပွားရေး လုပ်ငန်းကြီးကြီးကျယ်ကျယ် လုပ်ဆောင်သူတွေကတော့ သူ့ထပ်ပိုပြီး တည်ငြိမ်ခိုင်မာတဲ့ Linux Distributions တစ်ခုကိုပဲ ရွေးချယ်ဖို့ အားသန်တာ တွေ့ရပါတယ်။





Red Hat Enterprise Sever, SUSE Enterprise နဲ့ Ubuntu Server တွေကလည်း Sever စက်တွေမှာ သုံးစွဲဖို့ သင့်တဲ့ Linux Distributions တွေပါ။ ဒါပေမယ့် အဲ့တာတွေထဲကမှ Red Hat ကိုပိုပြီး လူကြိုက်များစေတဲ့ အချက်က ရှည်ကြာတဲ့ Security Updates ထားရှိပေးမှု ( ၇ နှစ် ) ၊ နောက်ပြီး သူ့ရဲ့ Distros အတွင်းမှာ များပြားလွန်းလှတဲ့ အသုံးဝင် Packages အသစ်တွေ ၊ နောက်ထပ်ရှိသေးတာက Linux အကြောင်းကို ကျွမ်းကျွမ်းကျင်ကျင် မသိတဲ့ အဖွဲ့အစည်းတွေ အတွက် အသုံးပြုရလွယ်ကူ စေမယ့် စွမ်းဆောင်ရည် ပြည့်ဝတဲ့ Programs တွေ သူ့ Distros တွင်းမှာ များစွာပါဝင်နေမှု စတာတွေပါပဲ။



( ၅ ) Netbook Computers များအတွက် အသုံးပြုသင့်သော Linux Distributions များ

ကျွန်တော် ဒီအကြောင်းအရာကို ဆက်လက်ဆွေးနွေးသွားပါ့မယ် ...

က,ကြီး ရေးဖို့ကျောက်သင်ပုန်းရှာနေသူ

Life is what you make of it. Go out and make your dreams come true.

Last edited by KznT; 23-02-2010 at 05:06 AM..
KznT is offline   Reply With Quote
အောက်ပါအသင်းဝင် 16 ဦးတို့မှ KznT အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 24-02-2010, 03:31 AM
  post #8
KznT
ကြီးကြပ်ရေးမှူး
 
KznT's Avatar
 
အသင်းဝင်နေ့စွဲ: Dec 2009
တည်နေရာ: http://www.techsectors.blogspot.com
ရေးသားချက်များ: 1,338
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 5,983
ပို့စ် 1,332 ခုအတွက် 20,394 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
KznT has a spectacular aura aboutKznT has a spectacular aura about
အသင့်တော်ဆုံး Linux OS အား ရွေးချယ်ခြင်း

( ၅ ) Netbook ကွန်ပြူတာများအတွက် သင့်တော်မည့် Linux Distributions များ

Netbooks ဆိုတာ ပုံမှန်အားဖြင့်တော့ Notebook လိုပါပဲ ဒါပေမယ့် သူ့ရဲ့ Screen က ခပ်သေးသေးနဲ့ Power သုံးစွဲမှု အားကလည်း နည်းသလို သူ့မှာ သိပ်ကောင်းပြီး စွမ်းအားပြည့်ဝတဲ့ Hardware တွေလည်း မပါဝင်ပါဘူး။ Linux Distributions တွေက အဲ့ဒီ့ လိုအပ်ချက်တွေနဲ့ ပြည့်စုံပြီး Netbooks တွေအတွက် သင့်တော်မယ့် Linux Distributions ကို ထုတ်လုပ်ခဲ့ကြပါတယ်။ အဲတာကတော့ လူသိများတဲ့ Ubuntu Netbook, နောက်ပြီး Moblin နဲ့ Jolicloud တို့ပါပဲ။

Ubuntu Netbook က Intel Atom Processor လိုအပ်ပါတယ်။ တကယ်လို့ ကျွန်တော်တို့မှာ Ubuntu Installer ရှိတယ် ဆိုရင် Ubuntu Desktop Version ကိုပဲ ကျွန်တော်တို့ရဲ့ Netbook မှာ တင်လည်း ရပါတယ်။ Ubuntu Netbook မှာတော့ Netbook ဆိုတဲ့အတိုင်း Internet နဲ့ ပတ်သတ်ပြီး သုံးစွဲဖို့ အားလုံးအဆင်ပြေအောင် သူတို့ တစ်ခါတည်း စီစဉ်ပေးပြီးသား ဆိုပေမယ့် Ubuntu Desktop Version ကို Netbook မှာ တင်မယ်ဆိုရင်လည်း Default Repository ကို Ubuntu Network Editor Repository ကို ပြောင်းလိုက်ပြီး လိုအပ်မယ့် Packages တွေကို Install လုပ်နိုင်မှာ ဖြစ်ပါတယ်။ သိပ်အများကြီး မကွာလှပါဘူး။



Jolicloud ကလည်း စွမ်းဆောင်ရည်နိမ့်ကျတဲ့ ( ဆိုလိုတာ Memory ဒါမှမဟုတ် Storage space ) နည်းတဲ့ Netbooks တွေအတွက် အသုံးပြုဖို့ သင့်တော်တဲ့ Linux Distributions တစ်ခုပါ။ သိပ်လှပြီး စွမ်းဆောင်ရည် ကောင်းတဲ့ Jolicloud ရဲ့ တည်ဆောက်ပုံက တစ်ခြား Linux Distributions နဲ့ မတူပါဘူး။ နောက်ပြီး သူက Ubuntu အပေါ်မှာ အခြေခံထားတာမို့လို့ Ubuntu မှာ သုံးလို့ ရသမျှ applications အားလုံးက Jolicloud မှာလည်း ကောင်းကောင်း သုံးလို့ ရမှာ ဖြစ်ပါတယ်။ Jolicloud ကို ကျွန်တော်တို့ လက်ရှိသုံးနေတဲ့ Windows OS နဲ့လည်း အပြိုင်တွဲသုံးလို့ ရသလို ၊ သူ့ ISO ကို Download ချပြီး သီးခြား Partition တစ်ခုမှာ Install လုပ်သုံးစွဲလို့လည်း ရပါတယ်။



Moblin ဆိုတာလည်း Netbooks တွေအတွက် သင့်တော်တဲ့ နောက်ထပ် Linux Distributions တစ်ခုပါပဲ။ Moblin ဟာ တစ်ချိန်က Intel ရဲ့ ကနဦး Project တစ်ခုလည်း ဖြစ်သလို Linux Foundation ရဲ့ အစိတ်အပိုင်း တစ်ခုဆိုလည်း ဟုတ်ပါတယ်။ Moblin ကို ပေါ့ပေါ့ပါးပါး Live USB image ကနေ အသုံးပြုလို့ ရသလို ၊ Netbook မှာ OS တစ်ခု အနေနဲ့လည်း Install လုပ်ပြီး သုံးလို့လည်း ရပါတယ်။



( ၆ ) Power Users များအတွက် သင့်တော်မည့် Linux Distributions များ

ဆက်ရန် ….

က,ကြီး ရေးဖို့ကျောက်သင်ပုန်းရှာနေသူ

Life is what you make of it. Go out and make your dreams come true.
KznT is offline   Reply With Quote
အောက်ပါအသင်းဝင် 13 ဦးတို့မှ KznT အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 05-03-2010, 06:57 PM
  post #9
KznT
ကြီးကြပ်ရေးမှူး
 
KznT's Avatar
 
အသင်းဝင်နေ့စွဲ: Dec 2009
တည်နေရာ: http://www.techsectors.blogspot.com
ရေးသားချက်များ: 1,338
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 5,983
ပို့စ် 1,332 ခုအတွက် 20,394 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
KznT has a spectacular aura aboutKznT has a spectacular aura about
အသင့်တော်ဆုံး Linux OS အား ရွေးချယ်ခြင်း

( ၆ ) Power Users များအတွက် သင့်တော်မည့် Linux Distributions များ

Arch Linux ကိုတော့ Linux ကို သုံးစွဲဖူးပြီး အတွေ့အကြုံရှိပြီးသူ နားလည်တတ်ကျွမ်းပြီးသူများ သုံးစွဲဖို့ အကြံပြုချင်ပါတယ်။ Arch Linux မှာ Power user တွေအတွက် အခြေခံအဆင့်ကနေ စပြီး Linux ကို စိတ်ကြိုက်ပုံဖော် Install လုပ်ဆောင်လို့ ရတဲ့ထိ လုပ်ဆောင်နိုင်ဖို့ ခွင့်ပြုထားပါတယ်။ နောက်ပြီး Arch Linux ကို Install လုပ်ပြီးတဲ့ အချိန်မှာ သာမန် Linux တွေလို User အတော်များများနဲ့ ယဉ်ပါးပြီးသား အပြင်အဆင်တွေ ဖြစ်တဲ့ Login Manager Screen တွေ Account creation လုပ်ဆောင်ဖို့ ဆိုတာတွေ ပါဝင်လာမှာ မဟုတ်ပဲ သူတို့ အစား Network တွေ System configuration တွေကို စိတ်ကြိုက် ပြင်ဆင်လို့ ရမယ့် Screen အပြည့် Configuration ဖိုင်တွေ ပါဝင်လာမှာ ဖြစ်ပါတယ်။ အဲ့ဒီကနေ ကိုယ်အလိုရှိရာ သုံးချင်ရာကို စိတ်ကြိုက်ရွေးချယ် ပြုပြင်သုံးစွဲလို့ ရသွားမှာ ဖြစ်ပါတယ်။ သူရဲ့ ရည်ရွယ်ချက်ကတော့ Linux အသုံးပြုသူ user တွေကို အခြေခံကနေ စပြီး system တစ်ခုလုံးကို မိမိစိတ်ကြိုက် ပြုပြင်ပုံသွင်းလို့ ရတဲ့ထိ လုပ်ဆောင်ပိုင်ခွင့် ပေးအပ်ချင်တာမျိုး ဖြစ်ပြီး တကယ်လို့ မလိုအပ်ဘူး ထင်တာတွေကို ထုတ်နှုတ်ပယ်ဖျက်သွားနိုင်ဖို့ လည်း ဖြစ်ပါတယ်။ ဒါပေမယ့် သိကြတဲ့ အတိုင်း user အများစုက ကိုယ်လိုချင်တာကို ပြင်ယူပြီး သုံးကြရတာထက် ကွန်ပြူတာကို ခလုတ်စဖွင့်လိုက်ကတည်းက ကိုယ့်စိတ်ကြိုက် တွေချည်းပါပြီး အသုံးတည့်မယ့် ဝင်းဒိုးမျိုးကို လိုချင်ကြတာမို့လို့ သာမာန် စမ်းသပ်သုံးစွဲချင်သူ user တစ်ယောက် အတွက်တော့ တော်တော်စိတ်ရှုပ်ဖို့ ကောင်းမယ့် distro တစ်ခု ဖြစ်ကောင်း ဖြစ်နေနိုင်ပါတယ်။ အဲဒါကြောင့် ဒီ distro ကို Power user အောက်မှာ ထည့်သွင်းထားတာပါ။



နောက်တစ်ခုကတော့ ..

Slackware ဆိုတာကလည်း ဒီခေါင်းစဉ်အောက်မှာထည့်သွင်း သင့်မယ့် distro တစ်ခုလို့ ထင်ပါတယ်။ Arch Linux နဲ့ နှိုင်းယှဉ်ရမယ် ဆိုရင် - Slackware Linux က ပိုငြိမ်ပြီး အပြောင်းအလဲနဲတဲ့ packages တွေ ဖြည့်ဆည်းပေးနိုင်တယ်လို့ သုံးသပ်ရပါတယ်။ အဲကြောင့်မို့လည်း တစ်ခုခုဆို ပြောင်းရရွှေ့ရ သိမ်းရဆည်းရ မလုပ်ချင်ပဲ တစ်သတ်မတ်တည်း ငြိမ့်ငြိမ့်အေးအေး သုံးချင်တဲ့ သူတွေကတော့ Slackware ကို ရွေးချယ်ကြတာ များပါတယ်။ ဒါပေမယ့် Arch Linux ကတော့ Users တွေရဲ့ လိုအပ်ချက်ကို လိုက်ပြီး ပိုအသုံးတည့်မယ့် Packages တွေ ထုတ်ပေးနေတယ် ဆိုတာကလည်း မမေ့ထားသင့်ပါဘူး။ အခြားတစ်ဖက်မှာလည်း Slackware အတွက် လိုအပ်တာ အားလုံးပါဝင်ပြီးသား 3rd party packages တွေကိုလည်း သူ့ မူရင်း ဆိုဒ်မှာပဲ တစ်လက်စတည်း Download ချနိုင်အောင် စီစဉ်ပေးထားပါသေးတယ်။ ဒါပေမယ့် သူက Linux distro တွေထဲကမှ အဟောင်းဆုံးသည်သာ အကောင်းဆုံးဆိုတဲ့ စံကို လက်ကိုင်ထားပြီး ထုတ်ထားတာတွေပါ။ ရည်ရွယ်ချက်က User အတွက် သူ့ distro ကို မြန်မြန်ဆန်ဆန် ချောချောမွေ့မွေ့ Error နည်းနည်းနဲ့ သုံးစွဲနိုင်ဖို့ကိုပဲ ဦးတည်ပါတယ်။ အဲတော့ ဟောင်းတိုင်းလည်း မကောင်းဘူးပေါ့ဗျာ ဆိုတဲ့ စကားအရ သူ့ကို ရွေးချယ်တော့မယ် ဆိုရင် အနဲအများ ချိန်ဆဖို့တော့ သင့်ပါတယ်။



ရည်ညွှန်းကိုးကားရာ နေရာများ

* List of Linux Distributions - ကျွန်တော်တို့ အတွက် ဒီနေရာကနေ များပြားလွန်းတဲ့ Linux Distro တွေအကြောင်း လေ့လာလို့ ရသလို လူသိများ ကျော်ကြားတဲ့ Linux Distro တွေရဲ့ အသေးစိတ် အချက်အလက်တွေနဲ့ သူတို့ရဲ့ Screenshot images တွေကိုလည်း လေ့လာလို့ ရပါတယ်။

* Netbook Distro - Linux Distro တွေထဲက Netbook အကြောင်း အသေးစိတ်ညွှန်းဆိုပြထားတဲ့ နေရာတစ်ခု ဖြစ်ပါတယ်။

* Linux Distribution Chooser – သူကတော့ အင်တာနက်ကနေမှ တဆင့် Linux အသုံးပြုသူ user တွေအတွက် မှန်ကန်သင့်လျှော်မယ့် Linux Distro တွေကို ရွေးချယ်နိုင်အောင် အစဉ်အမြဲ ကူညီပေးနေတဲ့ နေရာ ဖြစ်ပါတယ်။
* Comparison of Linux distributions – ဒီနေရာကနေပြီး အမျိုးမျိုးကွဲပြားနေတဲ့ Linux Distro တွေရဲ့ နည်းပညာပိုင်းဆိုင်ရာ ကွဲပြားခြားနားချက်တွေ၊ ဘယ် Processor နဲ့ support ဖြစ်သလဲ ၊ ဘယ် distro ပေါ်မှာ အခြေခံထားသလဲ စသဖြင့် ပြည့်ပြည့်စုံစုံ သိနိုင်တဲ့ နေရာ ဖြစ်ပါတယ်။
* Linux Releases – ဒီနေရာကနေပြီး အသစ်အသစ်ပေါ်ထွက်လာတဲ့ Linux Distro တွေအကြောင်း နားစွင့်နိုင်ပါတယ်။
* Linux Gaming – တကယ်လို့ ကျွန်တော်တို့ Linux ကို သုံးပြီး ဂိမ်းကစားမယ်ဆိုရင် ဒီနေရာကနေ တဆင့် နာမည်ရှိလူသိများပြီး Linux မှာ ကစားလို့ ရမယ့် ဂိမ်းတွေ အကြောင်း လေ့လာနိုင်ပါတယ်။

မှန်ကန်သင့်လျှော်မယ့် မိမိနဲ့ အသုံးတည့်ရာ Linux Distro တိုင်းကို ကိုယ်တိုင် ကိုယ်ကျ ရွေးချယ်နိုင်ပြီး Linux ကမ္ဘာမှာ လန်းဆန်းပျော်မြူး နိုင်ကြပါစေ။


အားလုံးပဲ အဆင်ပြေကြပါစေ။

KznT.

က,ကြီး ရေးဖို့ကျောက်သင်ပုန်းရှာနေသူ

Life is what you make of it. Go out and make your dreams come true.

Last edited by KznT; 18-02-2011 at 01:33 PM..
KznT is offline   Reply With Quote
Old 17-02-2011, 04:47 PM
thureinsoe
MF Contributor
 
thureinsoe's Avatar
 
အသင်းဝင်နေ့စွဲ: Mar 2010
တည်နေရာ: ရန်ကုန်
ရေးသားချက်များ: 580
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 2,093
ပို့စ် 525 ခုအတွက် 3,955 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
thureinsoe will become famous soon enough
ပြန်စာ - အသင့်တော်ဆုံး Linux OS အား ရွေးချယ်ခြငƟ

အစ်ကိုကြိး KZNT ရေးထားတဲ့အသင့်တော်ဆုံး Linux OS အား ရွေးချယ်ခြင်းကအရမ်ကိုတန်ဖိုးရှိတဲ့ပိုစ်ဖြစ်သောကြောင့်
အင်တာနက် အမြဲမသုံးနိုင်တဲ့ မိတ်ဆွေတွေ offline မှာပါ ဖတ်ရှူ့လို့ရအောင် ကျွန်တော် pdf ဖိုင်နဲ့ လုပ်ထားပေးပါတယ်
အဆင်ပြေပါစေ၊၊

password=www.myanmarfamily.org

သူတည်းတစ်ယောက်ကောင်းဖို့ရောက်မူ သူတစ်ယောက်မှာပျက်လင့်ကာသာဓမ္မတာတည်း
နန္ဒသူရိယအမတ်ကြီး


phpcrazy.mm@gmail.com
thureinsoe is offline   Reply With Quote
အောက်ပါအသင်းဝင် 12 ဦးတို့မှ thureinsoe အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 07-06-2011, 05:10 PM
fortunehunter
မွေးကင်းစကလေး
 
အသင်းဝင်နေ့စွဲ: Mar 2011
ရေးသားချက်များ: 2
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 9
ပို့စ် 1 ခုအတွက် 1 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
fortunehunter is on a distinguished road
ပြန်စာ - အသင့်တော်ဆုံး Linux OS အား ရွေးချယ်ခြငƟ

Thanks to Ko KZNT for you post. I gained a lot of knowledge about Linux . I am one of Linux new users. Thanks to Ko Thurainsoe for your pdf.
fortunehunter is offline   Reply With Quote
Old 01-07-2011, 01:06 PM
g00gle
အထူးအသင်းဝင်
 
အသင်းဝင်နေ့စွဲ: Nov 2010
ရေးသားချက်များ: 751
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 12,278
ပို့စ် 754 ခုအတွက် 6,476 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
g00gle will become famous soon enough
ပြန်စာ - အသင့်တော်ဆုံး Linux OS အား ရွေးချယ်ခြငƟ

Linux အခြေပြုထားတဲ. OS လေး တခုနဲ. မိတ်ဆက်ပေး ချင်ပါတယ်။ Intel နဲ. Nokia တို. ပေါင်းထုတ်ထားတဲ. Meego ပါ။ Moblin ကို အခြေခံထားတာပါ။ Handset, Netbook, Media phone, Smart TV, In-Vehicle Infotainment (IVI) systems တွေမှာ သုံးလို. ရတဲ. OS တခုပါ။ Netbook အတွက် Version 1.2 ကို မကြာခင်ကပဲ ထုတ်ထားပါတယ်။ Ubuntu ထက်စာရင် Design လှပတယ်။ မြန်ဆန်တယ်။ သုံးလို. ကောင်းတယ်။ Ubuntu လောက်တော. အစွမ်းမထက်ပါဘူး။ Internet က လွဲလို. တခြား ဘာမှ သုံးဖို. မလိုတဲ. သူတွေ အတွက် ရွေးချယ်ဖို. သင်.တော်တဲ. OS ပါ။ Chrome/Chromium ကို အခြေပြုထားပါတယ်။ Nautilus ပေါ် အခြေခံ ထားတဲ. အတွက် မြန်မာ Fonts ထည်.တာတို.၊ Mozilla ကနေ Firefox ကို Download ချပြီး တန်းသုံးတာလို. လုပ်လို. ရပါတယ်။ တော်တော် လှတဲ. အတွက် ကျွန်တော်. အကြိုက်ပါ။ နောက်ပိုင်းဆိုရင် ဒီလို OS တွေပဲ ထွက်လာဖို. များပါတယ်။ Windows 8 တို.၊ Ubuntu တို. အကုန်လုံး Tablet မှာသုံးတဲ. OS ဆန်ဆန် ပြောင်းဖို. ကြိုးစားနေကြပါပြီ။




Fonts သွင်းနည်းပါ။

1) Applications >> System Tools >> Terminal
2) su လို. ရိုက်ထည်.ပါ။ Password တောင်းရင် meego လို. ရိုက်ထည်.ပါ။
3) sudo nautilus လို. ရိုက်ထည်.ပါ။ Nautilus File Manager ပွင်.လာပါမယ်။
4) File System >> usr >> share >> fonts ထဲကို Copy ကူးထည်. ရုံပါပဲ။ Ubuntu မှာ font သွင်းနည်းနဲ. တူတူပါပဲ။

တကယ်လို. Zawgyi-One က Chrome မှာ အဆင်မပြေလို. Firefox သုံးချင်ရင် မူရင်း Site ကနေ Firefox ကို Download လုပ်လိုက်ပါ။ tar.bz2 file အနေနဲ. ရလာတာကို Extract လုပ်လိုက်ပါ။ ပြီးရင် firefox ဆိုတာကို ဖွင်.ပြီး၊ Run ကို နှိပ်လိုက်ရုံပါပဲ။ Firefox ကတော. Meego အတွက် သီးသန်. လုပ်ထားတာ မဟုတ်လို. သိပ်မလှ ပါဘူး။ အထူးသဖြင်. Title Bar တွေက တော်တော် ကြီးနေတယ်။ ဒါပေမယ်. Full Screen သုံးနေကြဆိုရင်တော. ဒါက ပြဿနာ မဟုတ်ပါဘူး။

g00gle is offline   Reply With Quote
အောက်ပါအသင်းဝင် 15 ဦးတို့မှ g00gle အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 18-01-2012, 09:49 PM
Bayint Naung
အထူးအသင်းဝင်
 
Bayint Naung's Avatar
 
အသင်းဝင်နေ့စွဲ: Jan 2011
တည်နေရာ: Naypyidaw, Kanbawzathadi
ရေးသားချက်များ: 510
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 332
ပို့စ် 499 ခုအတွက် 2,417 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
Bayint Naung is on a distinguished road
ပြန်စာ - အသင့်တော်ဆုံး Linux OS အား ရွေးချယ်ခြငƟ

Red Hat က တော့ fedora နဲ. red hat ဆို ပီး ကွဲ သွား တာ တော့ ကြာ ပါ ပီ။
fedora က တော့ community linux distro လို. ပြော ရ မှာ ပါ။ Red Hat Company က ပံ့ ပိုး ပေး တယ် ပေါ့။
Rhel (Red Hat Enterprise Linux) အ ဓိ က က တော့ server တွေ အ တွက် support နဲ. ရောင်း တာ ပါ။
fedora က တော့ ၆ လ တစ် ခါ လောက် OS က update ရှိ တယ်။ ပီး တော့ OS version တစ် ခု ကို ခ ဏ ပဲ support လုပ် တယ်။ fedora 14 ဆို ခု update တွေ မ ရ နိုင် တော့ ဘူး ဆို တယ်။
Fedora က တော့ cutting edge ဖြစ် တဲ. အ တွက် နောက် ဆုံး ဟူ သ မျှ သူ့ ရှိ မှာ ရှိ တယ် ပြော ရ မယ်။ linux kernel ပိုင်း ပဲ ဖြစ် ဖြစ် application ပိုင်း ပဲ ဖြစ် ဖြစ်။
Red hat က တော့ သိပ် ပီး ပြောင်း လဲ မှု မ ရှိ ဘူး။ ကြာ ရှေ လဲ support ရှိ တယ် အ တွတ် စီး ပွါး ရေး လို ဟာ တွေ မှာ အ တွက် ပို သင့် တော် တယ်။ ( ဒါ က တော့ ကို kznt လဲ အ ပေါ် post မှာ ပြော ပီး ပါ ပီ)

Red hat က Open source ပဲ ဖြစ် တဲ. အ တွက် သူ့ ရဲ. source ကို ယူ ပီး re-compile ပီး ပြန် ဖြန့် ဝေ တဲ. distro တွေ လဲ ရှိ ပါ တယ်။ rhel clone ပေါ့။
ရေ ပန်း စား တဲ. distro တွေ က တော့ CentOS (Community ENTerprise OS) နဲ. Scientific Linux တို့ ပါ ပဲ။

CentOS က တော့ open source ဆို ပေ မဲ. သူ့ development ပုံ စံ က တော့ open မ ဖြစ် ပါ ဘူး ဆို ကြ တယ်။ ဘယ် development stage ရောက် နေ ပီ။ ဘယ် တော့ လောက် ပီး မ လဲ ဆို တာ တွေ ကို ပြော လေ. မ ရှိ ပါ ဘူး။
fedora ဆို သူ့ မှာ Release/schedule ဆို ပီး ဘယ် ဟာ က ဘယ် လောက် ပီး ပီ ဆို ရှိ တယ်။

Scientific Linux က တော့ ရှင်း ပါ တယ်။ scientific ဆို တဲ. အ တိုင်း scientists တွေ မ တက် နိုင် လို....အဲ ဟုပ် ပါ ဘူး။
fermilab နဲ. CERN နဲ. အ ခြား lab/universities တွေ က သူ တွေ release လုပ် တာ ဖြစ် ပါ တယ်။
fermilab တော့ မ သိ ဘူး။ CERN တော့ သိ တယ် ဟုပ်။ European Organisation for Nuclear Research
(* မ သိ လို. google ကြည့် ပါ တယ်။ wikipedia က SOPA protest blackout လုပ် တာ နဲ. တိုး နေ တယ်။ )
scientific linux က လဲ RHEL clone ပါ ပဲ။ဒါ ပေ မဲ. သိ ပံ နဲ. ပတ် သက် တဲ. software တွေ တော့ support လုပ် တယ် ဆို တယ်။
မ သုံး ကြည့် မိ သေး တော့ ဘာ တွေ လဲ တော့ မ သိ ဘူး။ nuclear bomb simulation လုပ် တဲ. software တွေ လား မ သိ ဘူး။ တွေ့ မိ တာ တော့ wallpaper က Atom ပုံ နဲ.

RHEL/clone လို ဟာ တွေ က တော့ stability နဲ. long-term support လို ချင် သူ တွေ အ တွက် သင့် တော် ပါ တယ်။
ဘယ် သူ မှ ကို. computer OS ကို ၆ လ တစ် ခါ update မ လုပ် ချင် ဘူး လေ။
ရုံး လို ဟာ မျိုး မှာ အဲ လို သာ လုပ် လိုက် လို. က တော့ ဒီ နေ. gnome 2 နောက် နေ. gnome 3(shell)/unity ဘယ် က စ ရ မှန်း မ သိ ဖြစ် ကုန် မယ်။

စာလုံး ပေါင်း မှား တာ လေး တွေ ရှိ ရင် လဲ ခွင့် လွှတ် ကြ ပါ။

Last edited by Bayint Naung; 19-01-2012 at 10:04 AM.. Reason: insert missing words!
Bayint Naung is offline   Reply With Quote
အောက်ပါအသင်းဝင် 11 ဦးတို့မှ Bayint Naung အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 13-02-2012, 11:21 AM
shangyi
လမ်းလျှောက်တတ်စ
 
အသင်းဝင်နေ့စွဲ: Jul 2008
တည်နေရာ: မန်းလေး
ရေးသားချက်များ: 7
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 0
ပို့စ် 2 ခုအတွက် 3 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
shangyi is on a distinguished road
ပြန်စာ - အသင့်တော်ဆုံး Linux OS အား ရွေးချယ်ခြငƟ

ကျေးဇူးအများကြီးတင်ပါတယ်...ကျွန်တာ် လင်းနစ်ကို စိတ်ဝင်စားလို့ စပြီးလေ့လာနေပါတယ်...လေ့လာချိန်လည်းနည်းတော့...အချန်တိုအတွင်းအကောင်းဆုံးလေ့လာသင်တဲ့စာအုပ်...နည်းလမ်းလေးတွေလည်း လမ်းညွန်ပါအုံးဗျ...မေးကိုပို့ပေးနိုင်ရင်လည်းပိုပေးပါဗျ...ကျေးဇူးတင်ပါတယ်..
shangyi is offline   Reply With Quote
အောက်ပါအသင်းဝင် 2 ဦးတို့မှ shangyi အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 15-02-2012, 01:53 AM
g00gle
အထူးအသင်းဝင်
 
အသင်းဝင်နေ့စွဲ: Nov 2010
ရေးသားချက်များ: 751
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 12,278
ပို့စ် 754 ခုအတွက် 6,476 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
g00gle will become famous soon enough
ပြန်စာ - အသင့်တော်ဆုံး Linux OS အား ရွေးချယ်ခြငƟ

Quote:
Originally Posted by shangyi View Post
ကျေးဇူးအများကြီးတင်ပါတယ်...ကျွန်တာ် လင်းနစ်ကို စိတ်ဝင်စားလို့ စပြီးလေ့လာနေပါတယ်...လေ့လာချိန်လည်းနည်းတော့...အချန်တိုအတွင်းအကောင်းဆုံးလေ့လာသင်တဲ့စာအုပ်...နည်းလမ်းလေးတွေလည်း လမ်းညွန်ပါအုံးဗျ...မေးကိုပို့ပေးနိုင်ရင်လည်းပိုပေးပါဗျ...ကျေးဇူးတင်ပါတယ်..
Start Linux, press 'Windows' key >> Help OR help.ubuntu.com

Makeuseof
http://www.makeuseof.com/pages/ubunt...eginners-guide
password - makeuseof

Ubuntu manual
http://crocodoc.com/6ylBHbR

Official ubuntu book 7 command line
http://www.informit.com/articles/ind...5-e6182b5ff4aa

Ubuntu Myanmar Wiki
wiki.u4mm.com

ဆရာဦဇော်လင်း၏လင်နစ်အခြေခံအသုံးပြုနည်း
http://www.myanmarfamily.org/forum/s...ad.php?t=25079

If something doesn't work, break it and create a BETTER one.
g00gle is offline   Reply With Quote
အောက်ပါအသင်းဝင် 9 ဦးတို့မှ g00gle အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 23-03-2013, 06:39 AM
g00gle
အထူးအသင်းဝင်
 
အသင်းဝင်နေ့စွဲ: Nov 2010
ရေးသားချက်များ: 751
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 12,278
ပို့စ် 754 ခုအတွက် 6,476 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
g00gle will become famous soon enough
OpenSUSE 12.3

KDE apps တွေ သုံးချင်တာနဲ့ opensuse စမ်းသုံးကြည့်တယ်။ မဆိုးဘူး။ ကောင်းတယ်လို့ ပြောလို့ရတယ်။ Fedora နဲ့ ယှဉ်ရင် Opensuse ကို ပိုကြိုက်တယ်။ တချို့အတွက်ဆို Ubuntu ထက်ပိုကောင်းတယ်လို့ ပြောချင်ပြောလို့ ရမယ်။

Installer လဲလှတယ်။ ရှင်းပြီးသွင်းရလွယ်ပါတယ်။

မြန်တာကတော့ တော်တော်မြန်တယ်။ system သုံးတာကတော့ Ubuntu လောက်ပဲ။ ဘာကြောင့်ပိုမြန်လဲတော့ မပြောတတ်ဘူး။ Animations တွေ တော်တော်လေးလှတာတွေ့တယ်။

Software Management ကလဲ မဆိုးဘူးပြောရမယ်။ VLC တို့ဘာတို့ မပါလာဘူးဆိုပေမဲ့ repositories တွေ အလွယ် enable လုပ်လို့ရလို့ Ubuntu လိုပဲလို့ ပြောလို့ရမယ်။ ပိုကောင်းတာက သူ့ repositories တွေက software ဆို နောက်ဆုံး version update လုပ်ထားပေးတယ်။ Ubuntu ကျတော့ getdeb repository မဟုတ်ရင် PPA တွေပဲ အားကိုးရတော့၊ စိတ်မချတဲ့ ppa ထက်စာရင် repository တစ်ခုထဲကသွင်းတာက ပိုကောင်းတယ် ထင်တာပဲ။

rpm ချင်းတူတူ fedora ထက်သာတာက GUI tool - Yast က တော်တော်ကောင်းတာပဲ။ ဆော့ဝဲပိုင်းမှာ Synaptic package manager ကို မမှီပေမဲ့ တော်တော်လေးကောင်းတယ် ပြောလို့ရတယ်။ နည်းနည်းတော့ ဟန်းတယ်။ အဲဒီတစ်ခုပဲ။

မကြိုက်တာတစ်ခုက recommended packages တွေ အများကြီး enable လုပ်တာပဲ။ ဘယ်လို minimal install လုပ်ရမလဲ မသိတာလဲပါတယ်။ Terminal သုံးရင်တော့ ပြသနာမရှိပါဘူး။ စစချင်း ကိုယ်မလိုချင်တာတွေ ဒေါင်းလုပ်လုပ်တာ Ubuntu ထက်ပိုများတယ်။

Yast က software management အပြင် control center အနေနဲ့လဲ သုံးလို့ရတယ်။ တော်တော်လေး အသေးစိတ်ပါပြီး Ubuntu - control center ထက်ပိုကောင်းပါတယ်။

KDE အခုမှ စသုံးဖူးတာဆိုတော့ unity သုံးတာလောက် မတွင်ကျယ်တာ အမှန်ပဲ။ ကီးဘုတ်နဲ့ ဖိုင်တွေ အမြန်ဖွင့်လို့မရတာတော့ မကြိုက်ဘူး။ အခု ၂ ရက်လောက် သုံးကြည့်သလောက်တော့ တော်တော်ကြိုက်ပါတယ်။

Update: Opensuse သွင်းပြီးပြီးချင်း အင်တာနက်ချိတ်လို့ မရတာဖြစ်တတ်တယ်။ ပိတ်ပြီး ပြန်ဖွင့်လိုက်ရင် ကောင်းသွားမယ်။

အသုံးပြုနည်းက သူ့ရဲ့ဆိုက်မှာ သေချာရေးထားပေးပါတယ်။ ဖီဒိုရာထက် သာတဲ့အချက်ပါ။ http://doc.opensuse.org/

အဲဒီမှာ အခြေခံ စသုံးတဲ့သူအတွက်ကော၊ advanced users အတွက်ပါ တော်တော်လေးကောင်းပါတယ်။

တကယ်လို့ Windows & Ubuntu တင်ထားပြီးသား Triple boot တင်ချင်ရင် အလွယ်တင်လို့ရပါတယ်။ partition တစ်ခု ( ၂ ခု) ပဲလိုပါမယ်။ boot-loader က Ubuntu bootloader ကို ပိုကြိုက်လို့ opensuse bootloader ကိုမသွင်းပဲ ထားလို့ရပါတယ်။ http://doc.opensuse.org/documentatio...lquick.install က နံပါတ် ၉ အဆင့်ကို ရောက်ရင်

Code:
Change >> booting ...
ကနေ boot-loader မသွင်းဘူးလို့ပြောပါ။ နောက်သွင်းပြီးပြီးချင်း Ubuntu ထဲဝင်ပြီး opensuse bootloader ကို သိအောင် Terminal မှာ

Code:
sudo update-grub
လို့ရိုက်ရင် opensuse ကို Ubuntu grub menu က ၀င်သုံးလို့ရပါပြီ။ ပြောင်းပြန်လဲလုပ်လို့ရပါတယ်။

Ubuntu, Fedora တို့က ပြောင်းတဲ့သူတွေအတွက် ဘာတွေကွာခြားသလဲ၊ ဘယ် commands တွေ သုံးမလဲကို

http://news.opensuse.org/2013/03/22/...or-new-geekos/

မှာ ရှင်းထားပါတယ်။

If something doesn't work, break it and create a BETTER one.

Last edited by g00gle; 23-03-2013 at 02:52 PM..
g00gle is offline   Reply With Quote
အောက်ပါအသင်းဝင် 6 ဦးတို့မှ g00gle အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 14-04-2013, 03:42 AM
g00gle
အထူးအသင်းဝင်
 
အသင်းဝင်နေ့စွဲ: Nov 2010
ရေးသားချက်များ: 751
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 12,278
ပို့စ် 754 ခုအတွက် 6,476 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
g00gle will become famous soon enough
ပြန်စာ - အသင့်တော်ဆုံး Linux OS အား ရွေးချယ်ခြငƟ

အခုတလော DE တစ်ခုပြီး တစ်ခုပြောင်းသုံးနေတယ်။ ubuntu လောက် စိတ်တိုင်းမကျတာတော့ အမှန်ပဲ။ openSUSE က ကောင်းပေမဲ့ သူ့ repo က တချိန်လုံး conflict ဖြစ်နေတယ်။ extra repo မသွင်းရင်တော့ မဖြစ်ဘူး။ တခြားပိုင်းတော့ ကောင်းတယ်။ ဥပမာ - firewall ကို အလွယ် yast က ပြင်လို့ရတာ။ apparmor ကို yast နဲ့ သုံးတာ။ ဆော့ဝဲ repo တစ်ခုပဲ။ ကိုးလို့ကန့်လန့် ဖြစ်နေတာ။

Debian ပြောင်းကြည့်တယ်။ wireless မသိဘူး။ bcm 4313 ဆိုတော့ firmware-brcm80211 wireless-tools ၂ ခုကို offline ဒေါင်းပြီးသွင်းလိုက်တာ အဆင်ပြေတယ်။ မကြိုက်တာက system beep ပဲ။ ဖွင့်တိုင်း၊ ပိတ်တိုင်း အသံမြည်နေလို့ စိတ်ညစ်ပြီး မသုံးတော့ဘူး။ LMDE (Mint debian) သုံးတယ်။ မဆိုးဘူး။ debian ထက် ပိုလှတယ်။ Installer လဲ ပိုကောင်းတယ်။ system bellအသံလဲ နားထောင်လို့ ပိုကောင်းတယ်။ မကောင်းတာက update တော်ရုံ မလာတာပဲ။ သူက debian updates ကိုမှ ပြန်စုပြီး update pack နဲ့ ပြန်ထုတ်တော့ အကြာကြီးမှ တခါ update လုပ်တယ်။

အခုနောက်ဆုံး fedora စမ်းတယ်။ stable တော့ဖြစ်တယ်။ installer က grub ကို တခြား partition / usb မှာ ပေးမသွင်းဘူး။ ဒါနဲ့ grub မသွင်းပဲ နောက်မှ ubuntu member တစ်ယောက်လုပ်ထားတဲ့ boot-repair tool နဲ့ usb ထဲ ubuntu grub ကို သွင်းလိုက်တယ်။ grub2 ဆိုတော့ ဘာမှမလိုပဲ os တွေ auto-detect လုပ်တာပေါ့။

yum ကတော့ တော်တော်နှေးတယ်။ dnf ဆိုတဲ့ package manager လဲ ပါလာတယ်။ သူက yum ထက်မြန်ပေမဲ့ တခြား apt-get / zypper တို့ထက် နှေးတယ် ထင်တာပဲ။ နောက်ပြီး gui tool ကောင်းကောင်းမရှိဘူး။

graphics လဲ မကောင်းဘူး။ Intel graphics ကို external monitor နဲ့ချိတ်ရင် gnome fallback mode ပြန်ပြောင်းသွားတယ်။ မနိုင်ဘူးပေါ့။ ကျန်တဲ့ ubuntu, opensuse, lmde အကုန်လုံးနိုင်တယ်။ သူတစ်ခုပဲ။ Intel Linux Graphic Installer ကို သုံးမယ်ဆိုပြီး 01.org ကနေ သွားဒေါင်းလုပ်တယ်။ သူ့ installer က buggy ပဲ။ repo ကို မသွင်းပဲနေတော့ run လိုက်တိုင်း error တက်တယ်။

fedora 18 အတွက်ဆို https://download.01.org/gfx/fedora/18/noarch/ ကနေ repo အတွက် ဖိုင်ကို ထပ်ပြီး install လုပ်ပေး။ နောက်မှ installer ကိုပြန် run။ ဒါဆို ရပြီ။ ကြည့်မိသလောက်တော့ fedora အတွက် ဖိုင်တစ်ခုပဲ repo မှာ အပိုပါတယ်။ ကျန်တာအားလုံးက fedora ထဲမှာ ရှိပြီးသား။ မသွင်းရသေးတာပဲ ရှိတယ်။

ဒါပဲသုံးတော့မယ်ဆိုပြီး ဆုံးဖြတ်မလို့ရှိတုန်း Fedora board က အခုတလော အကြီးအကျယ် ဆွေးနွေးနေတယ်။ fedora ကို desktop os တစ်ခုအနေနဲ့ သူတို့ မမြင်စေချင်ဘူးဆိုပဲ။ သူတို့က fedora သုံးပြီး free software build လုပ်တဲ့ contributors လိုချင်တယ်ဆိုပဲ။ နောက်ဆုံး ဘယ်လိုအဖြေထွက်မလဲတော့ မသိဘူး။ လောလောဆယ်ဆယ်တော့ ဘာသုံးရမှန်း မသိတော့ဘူး။ fedora တော့ကြိုက်တယ်။ kernel ဆို နောက်ဆုံးကို update လုပ်ပေးထားတယ်။ 3.8 နဲ့ 3.2 ပဲ ကျွန်တော့်စက်နဲ့ အဆင်ပြေတယ်။ ကျန်တာတွေက hard disks ခြစ်တဲ့အသံကြားနေတယ်။

If something doesn't work, break it and create a BETTER one.
g00gle is offline   Reply With Quote
အောက်ပါအသင်းဝင် 5 ဦးတို့မှ g00gle အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 06-06-2013, 11:52 AM
bagothar85
အထူးအသင်းဝင်
 
bagothar85's Avatar
 
အသင်းဝင်နေ့စွဲ: Dec 2010
ရေးသားချက်များ: 1,297
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 7,571
ပို့စ် 1,345 ခုအတွက် 8,094 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
bagothar85 will become famous soon enough
Linux Mint 15 “ Olivia ”

Linux Mint 15 “ Olivia ”





Linux Mint ရဲ့ Linux Mint 15 “Olivia” ဟာ ၅ လပိုင်းကုန်က ထွက်ရှိလို့လာခဲ့ပါပြီ။ အခု Release ဟာ Linux Mint Project စတင်တဲ့အချိန်ကစပြီး ယခုအထိ အကြီးကျယ်ဆုံး Release တစ်ခုလို့ ဆိုထားပါတယ်။ ဟုတ်ပါတယ်။ ကျွန်တော်ဆိုရင် Ubuntu ရဲ့ ခရမ်းရောင်လိုလို၊ လိမ္မော်ရောင်လိုလို Color ကြီးကို မကြိုက်လို့ Linux Mint ကိုပဲ အများဆုံး သုံးဖြစ်ပါတယ် ။ Ubuntu 13.04 ထွက်တော့ မနေနိုင်ပဲ သုံးကြည့်လိုက်သေးတယ်။ အများကြီး တိုးတက်တည်ငြိမ်လာတာကို တွေ့ရပေမဲ့ ထုံးစံအတိုင်း သိပ်သဘောမကျလို့ Linux Mint 14 လေးပဲ ဆက်သုံးနေလိုက်တယ်။ ၅ လပိုင်းလယ် Linux Mint 15 RC ထွက်လာတော့မှ သူများတွေက ကောင်းတယ်ပြောကြလို့ မနေနိုင်ပဲ သုံးလိုက်တာ ကျွန်တော် ရှော့ရသွားတယ်။ အရင်ကလို လေးကန်နေတာတွေ ၊ ထောင့်နေတာတွေ ဘာမှမရှိတော့ပဲ အလွန်ပေါ့ပါးသွက်လက်လာတာကို ခံစားလိုက်ရတယ်။ RC မှာကို Bug ဆိုလို့ USB Modem နဲ့ အင်တာနက်ချိတ်လို့ မရတာ တစ်ခုပဲ တွေ့ရတယ်။ အဲဒါနဲ့ http://blog.linuxmint.com/ မှာ သွားအကြောင်းကြားပေးလိုက်တာ Final Release ကျတော့ ပြင်ပေးလိုက်တယ်။ အခုဆိုရင် Linux Mint 15 Olivia Cinnamon ကိုသုံးရတာ သုံးလေသုံးလေ သဘောကျလေ ဆိုသလိုပဲ အရမ်းသဘောကျနေလို့ မိသားစုဝင်တွေကို လက်တို့ပေးလိုက်တာပါ ။ သူရဲ့ New Features အပြည့်အစုံကိုတော့ ဒီနေရာမှာ သွားကြည့်နိုင်ပါတယ်။ ကျွန်တော်ကတော့ သာမန်အသုံးပြုသူဆိုတော့ အမြည်းလောက်ပဲ ပြောပေးနိုင်မှာပါ။






Wallpaper ဆိုရင် Default Wallpaper လောက်ပဲ သဘောကျတဲ့ ကျွန်တော့်လိုလူအတွက်တောင် Olivia ရဲ့ Wallpaper တွေက ဖမ်းစားနိုင်ခဲ့ပါတယ်။ အလွန်လှပတဲ့ Wallpaper ပေါင်းများစွာ ပါဝင်ပါတယ်။






Cinnamon Menu ဟာ ဆိုရင် ရဲ့ Features အသစ်ပေါင်းများစွာနဲ့အတူ လေးကန်ခြင်း၊ ထောင့်နေခြင်း မရှိပဲ ချောမွေ့စွာ အသုံးပြုလာနိုင်ပါပြီ။ Cinnamon 1.8 New Features တွေကို ဒီနေရာမှာ ကြည့်ရှုနိုင်ပါတယ်။ ဒါ့အပြင် မြောက်များလှတဲ့ Themes တွေApplets တွေ နဲ့ Desklets အချို့ ကို နှစ်သက်သလို ထည့်သွင်းနိုင်ပါတယ်။






Cinnamon ThemesApplets နဲ့ Desklets တွေကို အရင်ဗားရှင်းတွေကလို http://cinnamon.linuxmint.com/ ကနေ သွားရောက်ဒေါင်းလုဒ်ပြီး အင်စတောလုပ်စရာ မလိုတော့ပဲ Settings ထဲကနေပဲ သွင်းလို့ရလာပါပြီ။ ဒါ့အပြင် အသုံးပြုသူဟာ JavaScript , Html, CSS စတာတွေကို အသုံးပြုနိုင်မယ်ဆိုရင် ကိုယ်ပိုင် Themes, Applets , Desklets စတာတွေကို ဖန်တီးအသုံးပြုနိုင်ပါတယ်။






Nemo File Manager 1.8.2 ဟာဆိုရင်လည်း Features အသစ်တွေနဲ့အတူ အလွန်လှပလာတာကို တွေ့ရပါတယ်။ ယခင်ဗားရှင်းတွေကလို ဖိုင်တွေများရင် လေးတာတွေ၊ ကန်တာတွေ၊ loading လုပ်နေတာတွေ မရှိတော့ပဲ ပေါ့ပါးသွက်လက်စွာ အသုံးပြုနိုင်တာကို တွေ့ရပါတယ်။ ဒါအပြင် Tab အဖွင့်အပိတ် Animation တွေကလည်း ငြင်သာလှပါတယ်။ တခြားတခြားသော Features အသစ်တွေကိုတော့ ဒီနေရာမှာ သွားရောက်ကြည့်ရှုပြီး နှစ်သက်ရင် အသုံးပြုကြည့်ကြပါ။ နောက်ဆုံးအနေနဲ့ ပြောချင်တာကတော့ Linux Mint 15 Olivia ဟာ Linux Craxy တွေအတွက် နှာခေါင်းပိတ်ပြီး ရှောင်ရှားမသွားသင့်တဲ့ Linux Release တစ်ခုပါပဲ။
bagothar85 is offline   Reply With Quote
အောက်ပါအသင်းဝင် 5 ဦးတို့မှ bagothar85 အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Reply

Tags
how to, linux, ubuntu, user guide

တန်ဆာပလာများ
ဖော်ပြမှုပုံစံ

Posting Rules
You may not post new threads
You may not post replies
You may not post attachments
You may not edit your posts

BB code is On
Smilies are On
[IMG] code is On
HTML code is Off

ဖိုရမ်တွေ ကျော်ရောက်ချင်ရင် !

အခြားဆင်တူဆွေးနွေးချက်များ
ဆွေးနွေးချက် စတင်ရေးသားသူ ကွပ်ပျစ်ဝိုင်း ပြန်စာများ နောက်ဆုံးပို့စ်
HawkPE-39 The Windows (BartPE) + Linux Live CD Packed ဘိုးတော် Linux OS 3 14-12-2011 06:39 PM
Linux OS Install လုပ်ဆောင်ခြင်း komyo2010 Linux များ (သို့) Linux နှင့်ဆိုင်ရာများ 6 27-01-2011 06:30 PM
Linux Transformation pack for XP zthet Linux များ (သို့) Linux နှင့်ဆိုင်ရာများ 11 07-06-2010 09:51 PM
Linux OS (Or) Open Source Operating System kyitoore Windows နှင့်သက်ဆိုင်သော 5 24-07-2009 05:58 PM
ပီစီအဟောင်းတစ်လုံးကို Linux သုံး၍အသက်ဆက်ခြင်း poekaunglay87 Linux များ (သို့) Linux နှင့်ဆိုင်ရာများ 4 16-10-2008 08:01 PM


ဖိုရမ်၏ ပင်မအချိန်သည် ဂရင်းနစ်စံတော်ချိန် +6.5 ဖြစ်သည်။ဒေသစံတော်ချိန် 12:23 PM
Inactive Reminders By Icora Web Design