Go Back   မြန်မာမိသားစုဖိုရမ် » ..:: ကြေညာချက်များ ::.. » မသိမဖြစ်
မြန်မာလက်ကွက်

မသိမဖြစ် ဖိုရမ်က အသင်းသားတွေ ဖိုရမ်မှာ လည်ပတ်ရတာ ၊ ဖတ်ရှုရတာ ၊ ဒေါင်းလုဒ် လုပ်ရတာ စသဖြင့်ပေါ့ အားလုံးအဆင်ပြေအောင် မသိမဖြစ် လိုအပ်တာလေးတွေကို ဒီမှာ ထည့်ပေးထားပါတယ်။

Reply
 
Bookmark and Share တန်ဆာပလာများ ဖော်ပြမှုပုံစံ
Old 06-08-2010, 08:51 PM
  post #1
ဖြိုးယံလေး
အထူးအသင်းဝင်
 
ဖြိုးယံလေး's Avatar
 
အသင်းဝင်နေ့စွဲ: Nov 2008
တည်နေရာ: နေပြည်တော်
ရေးသားချက်များ: 1,073
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 2,883
ပို့စ် 922 ခုအတွက် 4,797 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
ဖြိုးယံလေး is on a distinguished road
Winrar ဖိုင်ဖြည်လိုက်လို့ CRC Failed Error ပြခဲ့ရင်ဖြေရှင&

Winrar ဖိုင်ဖြည်လိုက်လို့ CRC Failed Error ပြခဲ့ရင်ဖြေရှင်းနည်း

ဖိုရမ်မောင်နှမများအားလုံးမင်္ဂလာပါခင်ဗျာ။

ဒီနေ့ နေ့လည်စာသင်ချိန်လေးလစ်တုန်း၊ ဖိုရမ်မှာ အမြဲပြဿာနာဖြစ်ဖြစ်နေတဲ့ ၊ အထူးသဖြင့် ရုပ်ရှင်ဇာတ်ကားတွေ ဒေါင်းလော့ချတဲ့အချိန်နဲ့ ဖိုင်ဆိုဒ်အကြီးတွေကို တစ်ပိုင်းချင်းစီ ဒေါင်းလော့ချပြီးတဲ့၊ ဖိုင်တွေကို Winrar နဲ့ပြန်ဆက်ကြတဲ့အခါမှာ၊ ဖြစ်လာတတ်တဲ့ (ဘယ်လိုအကြောင်းတွေကြောင့်ဖြစ်လာရတယ်ဆိုတာကတော ဒီမှာ ဖတ်ကြည့်ပါခင်ဗျာ။) CRC Failed ဆိုတဲ့ error ဖြေရှင်းနည်းလေး၊ တွေ့လာလို့ ၊နောင်လည်း ခဏခဏကြုံရဦးမှာမို့ ဒီနေရာလေးမှာပဲ ရေးသားဖော်ပြလိုက်ပါတယ်။ နေရာမှားရင်တော့ ကြီးကြပ်သူများ အဆင်ပြေသလိုလုပ်ပေးကြပါခင်ဗျာ။

CRC Failed Error ဖြစ်လာရင်၊ တင်ပေးတဲ့သူရော၊ ဒေါင်းလော့ချတဲ့သူရော၊ စိတ်အနှောက်အယှက် ဖြစ်ရသလို၊ အချိန်လဲ ကုန်ပါတယ်။ တစ်ခါတစ်လေဆို ဒေါင်းလော့ကို Rapid ကနေ အချိန်ကုန်ခံ၊ အိပ်ရေးပျက်ခံချပြီးတော့မှ၊ ပြန်ဆက်တဲ့အခါ တစ်ဖိုင်လောက်က ကပ်ပြီး၊ အယ်ရာထပြရင်၊ ပြန်တင်ပေးမဲ့သူမရှိတဲ့အခါ၊ အကုန် Delete လုပ်လိုက်ရပေါင်း၊ မနည်းပါဘူး။ အဲလိုဖိုင်တွေချပြီးတိုင်း၊ ခဏခဏ အယ်ရာပြတဲ့ Blog ၊ Forum တွေကိုနောက်ပိုင်း၊ မ၀င်ချင်၊ မသွားချင်လောက်အောင် ဖြစ်သွားရော။ ဒီလိုပြဿာနာတွေအတွက် ဖြေရှင်းနည်း ၂ နည်းရှိပါတယ်။ အခုရေးမဲ့ ပထမနည်းက ဖိုရမ်မိသားစုအတွက် လွယ်ကူလို့ ပထမတစ်နည်း ကိုအရင်ဆုံးရေးတင်လိုက်ပါတယ်။ ဒီနည်းနဲ့ နိုင်ငံခြားဆိုဒ်တွေက အခွေဖိုင်တွေကို ကျွန်တော်စမ်းသပ်ပြီးပါပြီ။ ဒီလိုအယ်ရာမျိုးဖြစ်လာရင် ယုံကြည်စွာစမ်းသပ်ကြည့်ကြပါလို့ တိုက်တွန်းရင်း ..ကဲ..စလိုက်ကြရအောင်ခင်ဗျာ.....


****************************************************************


ပထမဆုံး မိမိဒေါင်းလော့ချလာတဲ့ ဖိုင်တွေကို ဖိုင်တစ်ဖိုင်ထဲမှာ ထည့်ထားလိုက်ပါ။


ပြီးတဲ့အခါ အရင်လိုဖိုင်ဖြည်နေကျအတိုင်း၊ Part 1 ဖိုင်ကို Right Click > Extract files ဆိုတာရွှေးပေးလိုက်ပါ။



ဒီလို Pop-up-menu ထွက်လာရင် General tab > Miscellaneous > Keep broken files မှာ Click လေးပေးထားလိုက်ပါ။ ပြီးတော့ ထုံးစံအတိုင်း OK ပေါ့။ဖိုင်ဖြည်ပါမယ်။


ခဏစောင့်ပါ။





ဒီလို ပျက်နေတဲ့ဖိုင်ထွက်လာပါမယ်။ ဘာမမလုပ်ပါနဲ့။ Close သာနှိပ်လိုက်ပါ။



ပြီးတဲ့အခါ ဖိုင်ထွက်လာပါမယ်။


ဖိုင်ထဲဖွင့်ကြည့်လိုက်ရင် အရင်က Winrar သာဖြည်လိုက်တယ်၊ဖိုင်အခွံ့ပဲကျန်ခဲ့တဲ့နေရာကနေ၊ မိမိလိုချင်တဲ့ ဖိုင်ကိုရရှိမှာဖြစ်ပါတယ်။

***************************************************************


အပေါ်ကတနည်းနဲ့မှမရသေးရင် ဒီအောက်ကအခွေထဲမှာ ကျွန်တော်လုပ်ပြထားတဲ့ အတိုင်းလိုက်လုပ်ကြည့်ပါခင်ဗျာ။ ပုံလေးတွေနဲ့ကတော့ ကျွန်တော်အချိန်ရတဲ့အချိန် လာရေးထားပါမယ်။ အများအားဖြင့် ကျွန်တော်စမ်းသပ်ကြည့်သလောက်ကတော့ အပေါ်ကနည်းနဲ့တင်ပဲ၊ အဆင်ပြေသွားဖူးပါတယ်။ အမှားပါရင်လည်း ခွင့်လွှတ်ပါ။



***************************************************************
အပေါ်ကရေးထားတဲ့ ဖိုင်ကို .*pdf ဖိုင်အနေနဲ့ယူမယ်ဆိုရင် ဒီမှာ သွားယူပါခင်ဗျာ။
အောက်ကအခွေဖိုင်ယူမယ်ဆိုရင် ဒီမှာ သွားယူပါခင်ဗျာ။


***************************************************************
အားလုံးပဲပျော်ရွှင်ကြပါစေခင်ဗျာ။

Last edited by ဖြိုးယံလေး; 06-08-2010 at 08:55 PM.. Reason: link ပြင်
ဖြိုးယံလေး is offline   Reply With Quote
အောက်ပါအသင်းဝင် 41 ဦးတို့မှ ဖြိုးယံလေး အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Reply

တန်ဆာပလာများ
ဖော်ပြမှုပုံစံ

Posting Rules
You may not post new threads
You may not post replies
You may not post attachments
You may not edit your posts

BB code is On
Smilies are On
[IMG] code is On
HTML code is Off

ဖိုရမ်တွေ ကျော်ရောက်ချင်ရင် !

အခြားဆင်တူဆွေးနွေးချက်များ
ဆွေးနွေးချက် စတင်ရေးသားသူ ကွပ်ပျစ်ဝိုင်း ပြန်စာများ နောက်ဆုံးပို့စ်
WinRAR part 1 , par2 ဘယ်လိုခွဲ KznT Software များဆိုင်ရာ 15 12-03-2012 06:00 PM


ဖိုရမ်၏ ပင်မအချိန်သည် ဂရင်းနစ်စံတော်ချိန် +6.5 ဖြစ်သည်။ဒေသစံတော်ချိန် 12:57 AM
Inactive Reminders By Icora Web Design