Go Back   မြန်မာမိသားစုဖိုရမ် » ..:: ကွန်ပျူတာနယ်ပယ် ::.. » Software များဆိုင်ရာ
မြန်မာလက်ကွက်

Software များဆိုင်ရာ နေ့စဉ်နဲ့အမျှ ထွက်ရှိသောနေသော Software အသစ်များအကြောင်း ၊ လက်ရှိအသုံးပြုနေသော Software များအကြောင်းနှင့် အသုံးချပုံများအကြောင်းဆွေးနွေးထားသည့်နေရာပါ..

Reply
 
Bookmark and Share တန်ဆာပလာများ ဖော်ပြမှုပုံစံ
Old 15-12-2010, 01:11 AM
  post #1
KznT
ကြီးကြပ်ရေးမှူး
 
KznT's Avatar
 
အသင်းဝင်နေ့စွဲ: Dec 2009
တည်နေရာ: http://www.techsectors.blogspot.com
ရေးသားချက်များ: 1,338
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 5,983
ပို့စ် 1,332 ခုအတွက် 20,394 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
KznT has a spectacular aura aboutKznT has a spectacular aura about
Icon15 ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေး Software


ကမ္ဘာပေါ်မှာ ရှင်သန်ပေါက်ရောက်နေကြတဲ့ အပင်သန်းပေါင်းများစွာဟာ စက္ကူထုတ်လုပ်ဖို့ ဆိုတဲ့ ရည်ရွယ်ချက်လေး တစ်ခုတည်း အတွက်နဲ့ နှစ်စဉ်နှစ်တိုင်း ခုတ်လှဲခံနေကြရပါတယ် -


စက္ကူ

စာရွက် ( စက္ကူ ) ကို အသုံးပြုကြတဲ့ နေရာမှာ နေရာတိုင်း အမှန်တကယ် သုံးစွဲဖို့ မလိုအပ်တဲ့ Documents တွေ Print ထုတ်ဖို့ ကနေ စလို့ - Emails တွေ - နောက်ဆုံး စာအုပ် တစ်အုပ်လုံး ဖြစ်လာဖို့ထိ ကမ္ဘာတစ်ဝှမ်း အသုံးပြုနေကြတာ ရှိပါတယ် - ဒီမှာ ကျွန်တော်တို့တွေ သတိမမူမိတဲ့ တစ်ချက်က ခုလို စက္ကူ ( စာရွက် ) ဆိုတာ ဖြစ်လာဖို့ အတွက် နေ့စဉ်နေ့တိုင်း သစ်တော အမြောက်အများ ပြုန်းတီးသေဆုံး နေကြရတယ် ဆိုတာပါ -

ခုလို မလိုအပ်ပဲ Print ထုတ်ပြီး စာရွက် ( စက္ကူ ) တွေကို သုံးစွဲနေကြမယ့်အစား မလိုလားအပ်ပဲ စာရွက်တွေ ဆုံးရှုံးနေရတာကို ထိန်းချုပ်နိုင်ဖို့အတွက် ကျွန်တော်တို့ အားလုံး သိထားပြီးသား PDF file format ရှိနေတယ်ဆိုတာ မှန်ပေမယ့် PDF format ဆိုတာကလည်း သူ့ထဲမှာ သစ်တစ်ပင်လုံးကို စက္ကူ ( စာရွက် ) တွေအဖြစ် အသွင်ပြောင်းနိုင်တဲ့ စာမျက်နှာပေါင်း မြောက်များစွာ ပါဝင်နေပါသေးတယ် -


ဒါ့ကြောင့် ပုံမှန်တွေးရင် PDF ကို အသုံးပြုခြင်း အားဖြင့် သစ်တစ်ပင်လုံးကို ကာကွယ်ရာ ရောက်တယ်လို့ ဆိုနိုင်စရာ ရှိပေမယ့် နောက်ထပ် ပြဿနာ ရှိနေသေးတာ တစ်ခုက PDF format နဲ့ ဖွဲ့စည်းထားပါတယ် ဆိုတဲ့ ဖိုင်တွေကလည်း အပင်တွေရဲ့ ဇီဝိန်တွေကို မပြတ်တမ်း ချွေနေတဲ့ စက္ကူ ( စာရွက် ) ပြုန်းတီးရာ လမ်းကြောင်းတွေထဲက Print ထုတ်ယူမှု လမ်းကြောင်းကို အကန့်အသတ်မရှိ ပံ့ပိုးပေးနေသေးတယ် ဆိုတဲ့ အချက်ပါ - PDF file format ဆိုတာ ရှိနေသရွေ့ စက္ကူ ( စာရွက် ) ကို လက်လွှတ်စပါယ် အသုံးပြုတတ်သူ တွေရဲ့ လက်ထဲမှာ ကမ္ဘာ့သစ်တောတွေရဲ့ ဇီဝိန်တွေဆိုတာလည်း ပြုန်းတီးနေဦးလိမ့် ဦးမယ် ဆိုတာ အသေအချာပါပဲ -

WWF

ဒီ ပြဿနာကို ဖြေရှင်းဖို့ အတွက် နောက်ထပ် File format တစ်ခု ပေါ်ထွက်လာခဲ့ပါပြီ - အဲတာကတော့ WWF လို့ အမည်ပေး ထားတဲ့ New Green File Format ပါ -


ဒီ New Green File Format ရဲ့ ထူးခြားချက်က Documents တွေကိုဖွင့်လို့ ဖတ်လို့ ပဲ ရမယ် - Print ထုတ်ခွင့် မပြုဘူးဆိုတဲ့ ထူးခြားချက်ပါ ဒါ့ကြောင့် လူသားနဲ့ သစ်ပင် - လူသားနဲ့ သဘာဝပတ်ဝန်းကျင် ခွဲခြားရပ်တည်ဖို့ မဖြစ်နိုင်တဲ့ ကျွန်တော်တို့ရဲ့ ကမ္ဘာကြီးပေါ်မှာ မလိုလားအပ်ပဲ သစ်ပင်သန်းပေါင်း များစွာ နေ့စဉ်နေ့တိုင်း ပျက်စီး ဆုံးရှုံးခြင်းကနေ ကာကွယ်နိုင်အောင် New Green File Format ဖြစ်တဲ့ WWF ကို အသုံးပြုကြဖို့ တိုက်တွန်းလိုပါတယ် -


သစ်တော သစ်ပင်ကို အမှန်တကယ် ချစ်မြတ်နိုးပြီး သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းစောင့်ရှောက်ဖို့ လူသားတိုင်းမှာ တာဝန်ရှိတယ်ဆိုတဲ့ အသိတရားကို ဆုပ်ကိုင်ထားတဲ့ လူသားတိုင်းအတွက် WWF ရဲ့ ဆောင်ပုဒ်က အောက်ဖော်ပြပါ အတိုင်းပါပဲ


ဒီ ရည်မှန်းချက်ဟာ တစ်ယောက်ကောင်း ရပ်တည်လည်ပတ်လို့ ရတဲ့ လုပ်ငန်းစဉ် မဟုတ်တဲ့ အတွက် ကိုယ်နဲ့ ဆက်စပ် ပတ်သက်ရာ အနီးစပ်ဆုံး အသိုင်းအဝိုင်းကနေ စလို့ ကုမ္ပဏီ အဖွဲ့အစည်း စီးပွားရေး လုပ်ငန်းတွေထိ တိုင်အောင် WWF ရဲ့ အရေးပါပုံကို လက်ဆင့်ကမ်းကြဖို့ လိုပါတယ် -


ဒါ့ကြောင့် လူအများကိုလည်း လက်ဆင့်ကမ်းရင်း - မိမိကိုယ်တိုင်လည်း ဘယ် Documents ကတော့ အမှန်တကယ် Print ထုတ်ဖို့ မလိုအပ်ဘူး - လိုအပ်လဲဆိုတာ စဉ်းစားဆုံးဖြတ်ပြီး WWF ဆီ ကူးပြောင်းရင်း သစ်တော သစ်ပင်များနဲ့ အနာဂတ်ကမ္ဘာကို စောင့်ရှောက်ကြဖို့ တိုက်တွန်း လိုက်ချင်ပါတယ်


WWF file format ကို ပြောင်းလဲ သုံးစွဲချင်သူများ အောက်ဖော်ပြပါ နေရာကနေ Software သွားရောက် ရယူနိုင်ပါပြီ - စတင်အသုံးပြုဖို့ အတွက် WWF Software ကို Download ရယူပြီး documents, emails, web pages, စတာတွေကို save လုပ်တဲ့ နေရာမှာ “Save as .WWF” အနေနဲ့ ပြောင်းလဲ Save သွားရမှာ ဖြစ်ပါတယ် -


လောလောဆယ်မှာ Software က Mac OS X အတွက်ပဲ အတည်ပြုရပါသေးတယ် - များမကြာခင်မှာ Windows အတွက် Version ထွက်ရှိလာတော့မှာပါ -


New Green File Format - WWF ကို အသုံးပြုပြီး အနာဂတ် ကမ္ဘာကို ကယ်တင်ကြပါစို့ -


KznT.

က,ကြီး ရေးဖို့ကျောက်သင်ပုန်းရှာနေသူ

Life is what you make of it. Go out and make your dreams come true.

Last edited by KznT; 15-12-2010 at 02:14 AM..
KznT is offline   Reply With Quote
အောက်ပါအသင်းဝင် 17 ဦးတို့မှ KznT အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Reply

Tags
အကြိုက်ဆုံး, software guide, software knowledge

တန်ဆာပလာများ
ဖော်ပြမှုပုံစံ

Posting Rules
You may not post new threads
You may not post replies
You may not post attachments
You may not edit your posts

BB code is On
Smilies are On
[IMG] code is On
HTML code is Off

ဖိုရမ်တွေ ကျော်ရောက်ချင်ရင် !

အခြားဆင်တူဆွေးနွေးချက်များ
ဆွေးနွေးချက် စတင်ရေးသားသူ ကွပ်ပျစ်ဝိုင်း ပြန်စာများ နောက်ဆုံးပို့စ်
2010 2011 Ultimate Software Guide for Windows Users KznT Applications 119 05-02-2015 09:10 AM
Ubuntu တင်ပြီး ဘာဆက်လုပ်မလဲ ?? KznT Linux များ (သို့) Linux နှင့်ဆိုင်ရာများ 14 29-12-2011 12:05 PM
Software installation in Ubuntu 10.04 LTS KznT Linux များ (သို့) Linux နှင့်ဆိုင်ရာများ 0 08-06-2010 12:14 AM
Ware နဲ့ဆုံးသော စကားလုံးများအကြောင်း (Hardware, Software, Spyware and etc…) poekaunglay87 အထွေထွေဗဟုသုတ 3 11-06-2009 05:30 AM


ဖိုရမ်၏ ပင်မအချိန်သည် ဂရင်းနစ်စံတော်ချိန် +6.5 ဖြစ်သည်။ဒေသစံတော်ချိန် 11:36 AM
Inactive Reminders By Icora Web Design