Go Back   မြန်မာမိသားစုဖိုရမ် » ..:: ကွန်ပျူတာနယ်ပယ် ::.. » Software များဆိုင်ရာ
မြန်မာလက်ကွက်

Software များဆိုင်ရာ နေ့စဉ်နဲ့အမျှ ထွက်ရှိသောနေသော Software အသစ်များအကြောင်း ၊ လက်ရှိအသုံးပြုနေသော Software များအကြောင်းနှင့် အသုံးချပုံများအကြောင်းဆွေးနွေးထားသည့်နေရာပါ..

Reply
 
Bookmark and Share တန်ဆာပလာများ ဖော်ပြမှုပုံစံ
Old 18-06-2009, 06:25 PM
  post #1
Desert Fox
အရွယ်ရောက်သူ
 
အသင်းဝင်နေ့စွဲ: Feb 2008
ရေးသားချက်များ: 170
ကျေးဇူးတင်စကား: 129
ပို့စ် 66 ခုအတွက် 228 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
Desert Fox is on a distinguished road
Icon15 3d လောကသို့  စတင် ဝင်ရောက်ခြင်း

3D ကို စိတ်ဝင်စားပြီး လေ့လာမယ် လို့  စဉ်းစားတော့ မြန်မာနိုင်ငံမှာ သင်တန်းတွေ ရှားပါးတာကို သတိထားမိတယ်။ အဲဒါနှင့် အင်တာနက်ပေါ်တက် ရှာတော့လည်း မြန်မာလို အခုထိ ရှာမတွေ့ သေးဘူး။ ဒီဖိုရမ်မှာ လည်း 3D နှင့် ပတ်သတ်ရင် Engineering ဆိုင်ရာလောက်ပဲ တွေ့ ရတယ်။ အဲဒါနှင့် နောက် ဆုံးတော့ self study ပဲ လုပ်ရတော့တယ်။

ဒါပေမယ့် ကျွန်တော် ပြောတဲ့ 3D က Animation နှင့် Game Development အတွက်ပါ။ 3D ကို စိတ်ဝင်စားတဲ့ အကြောင်း ကလည်း Game Development အတွက် စိတ်ဝင်စားရာကနေ ရောက်လာတာပါ။ ကျွန်တော်က System Developer ဘက် က လာတာပါ။ Programmer လို့ ယူဆနိုင်ပါတယ်။ ဒါပေမယ့် လေ့လာရင်း နှင့် ပို ပြီး စိတ်ဝင်စားလာလို့  တခြား ဝါသနာပါသူတွေနှင့် အတူဆွေးနွေးရအောင် လို့ ဒီသရတ်ကို ဖွင့်လိုက်တာပါ။

ကျွန်တော် က 3D မှာ မူကြို အောင်စပဲရှိသေးတော့ အခုပြောတာတွေက မှားလည်း မှားမယ်၊ မှန်ချင်လည်း မှန်မယ် သိသလောက် ပြောပြရတာပါ။ Pro တွေ ရှိရင်လည်း ကူညီပေးကြပါ။ Beginner ဆိုရင်လည်း ဆွေးနွေးကြတာပေါ့။

မြန်မာနိုင်ငံသားတွေ အနေနှင့် လေ့လာသင့်ပါတယ်။ Game နှင့် Multimedia market အတွက် 3D market က နောက် ၁၀ စုနှစ် တစ်ခု အထိ မသေနိုင်ဘူးလို့ ထင်ပါတယ်။ ပြီးတော့ တကယ်တော်ရင် လစာကောင်းကောင်းနှင့် အလုပ် မရတောင် ကိုယ်ပိုင် တစ်နိုင်တစ်ပိုင် Studio ထောင်ကြပေါ့။ :P

နောက် တစ်ချက်က လို အပ်တဲ့ အရင်းအနှီးပါ။ စက်ကောင်းကောင်းတစ်လုံး နှင့် အခွေဖိုး ရှိရင် လုံလောက်ပါပြီ။ အင်္ဂလိပ်စာတော့ ကောင်းဖို့ လိုတယ်။

Autodesk က 3Ds max ကို USD 3500 ကျော်လောက် ရောင်းနေတာကို မြန်မာငွေ သုံးလေးထောင်လောက် နဲ့ ဝယ်လို့ ရတာပါ။ :D

Video Tutorial ခွေတွေလည်း လွယ်လွယ် နှင့် ဝယ်လို့ ရပါတယ်။

အခု ကျွန်တော်လေ့လာနေဆဲ နှင့် လေ့လာဖို့ ကြံရွယ်ထားတဲ့ Software တွေကတော့

Autodesk 3Ds Max

Autodesk Maya (Tutorial တွေ တော့ ပြီးခါနီးပြီ။)

Autodesk Motion Builder (လှုပ်ရှားမှုတွေကို ဖန်တီးတာပါ။ ဥပမာ လူပုံကို ဆွဲပြီးတော့ လမ်းလျှောက်တာတို့ ဘာတို့ ပေါ့။)

Poser (လူပုံဆွဲတာပါ။)

Vue 7 (သဘာဝ ရှုခင်းပုံတွေကို ဖန်တီးဖို့ ပါ။)

Autodesk SoftImage

Cinema 4D (Spiderman 3 ကို ဖန်းတီးခဲ့တဲ့ Software လို့ တော့ပြောတယ်။ များသောအားဖြင့် movie & cartoon တွေ အတွက် ဖြစ်မယ်)

အပေါ်က ပြောခဲ့တာကတော့ သိသလောက် ထင်တာပြောတာပါ။ Beginner ဖြစ်တော့ မှားချင်လည်း မှားပါမယ်။

ကဲ စပြီးလေ့လာကြရအောင်။

ကိုယ်ကို ကိုတန်ဖိုးထားလျှင် အခြားသူများလည်းလေးစားကြရသည်။
အများအကျိုးဆောင်လျှင် ကိုယ်အကျိုးအောင် မည်။
ကိုယ်ချင်းစာနာ နားလည်ပါ သင်လည်းလူသားတစ်ဦးပါ။
Knowledge is Power.
Money is truth.
Time is gold.
Understanding myself is Ultimate.
Desert Fox is offline   Reply With Quote
အောက်ပါအသင်းဝင် 20 ဦးတို့မှ Desert Fox အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 18-06-2009, 06:45 PM
  post #2
Desert Fox
အရွယ်ရောက်သူ
 
အသင်းဝင်နေ့စွဲ: Feb 2008
ရေးသားချက်များ: 170
ကျေးဇူးတင်စကား: 129
ပို့စ် 66 ခုအတွက် 228 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
Desert Fox is on a distinguished road
Icon15 ပြန်စာ - 3d လောကသို့  စတင် ဝင်ရောက်ခြင်း

အပေါ်မှာ ကျွန်တော် ပြောခဲ့ သလို ပဲ လေ့လာဖို့ 

၁။ စက်ကောင်းကောင်း တစ်လုံး
၂။ Software နှင့်
၃။ Tutorial ရှိဖို့ ပဲလိုပါတယ်။

Software နှင့် Tutorial တွေကို တော့ Size အရမ်းကြီးလို့  ကျွန်တော် တင်ပေးလို့ မရဘူး။ ခွင့်လွှတ်ပါ။

အခုကျွန်တော်ပြောမှာက 3D workflow ပါ။ အခြေခံ လုပ်ငန်းစဉ်လို့ ပြောလည်း ရပါတယ်။ Software တွေ ကွဲ ပေမယ့် အခြေခံကတော့ အတူတူပဲ ဖြစ်မှာပါ။

1. Idea Generating
ပထမဆုံးကတော့ ကိုယ်ဖန်တီးမယ့် စိတ်ကူးကို စဉ်းစားတာပါ။ အရေးကြီးပါတယ်။ စာရွတ်ပေါ်မှာ အကြမ်းဆွဲထားတာ ပို ကောင်းပါတယ်။
2. Collecting Resources
လို အပ်သော အရာတွေကို စုဆောင်းထားတာပါ။ ဥပမာ ရေခွက် ပုံ ဆွဲမယ် ဆို ရေခွက် တစ်ခွက် ကို အနားမှာ ထားပြီးကြည့်ပါ။ ကားပုံဆို ရင် အင်တာနက် က ဖြစ် ဖြစ် ရုပ်ရှင်ထဲက ဖြစ် ဖြစ် ကားပုံလေး ကို စုဆောင်းထားပေါ့။
ပြီးတော့ ဘယ်လို ဆွဲရမလဲလို့ စဉ်းစားကြည့်ပေါ့။
3. Modeling
စတင်ရေးဆွဲတဲ့အပိုင်းပါ။ ကိုယ့် ကျွမ်းကျင်မှုအပေါ်မူတည်ပြီး အသေးစိတ်ကျမှု လှပသတ်ရပ်မှု က ကွာသွားပါတယ်။ များများ လေ့ကျင့်ဖို့ လိုပါတယ်။ များများလေ့လာဖို့ လည်းလိုပါတယ်။ ကိုယ် ဆွဲမယ့် ပုံရဲ့ ပုံကြမ်းပါ။
4. Texturing
အပေါ်မှာ ပြီးသွားတဲ့ ပုံကြမ်းကို ဆေးခြယ်တဲ့ အပိုင်းပါ။ တစ်ရောင်တည်း ဖြစ်နိုင်သလို အခြား Image တစ်ခုလည်း ဖြစ်နိုင်ပါတယ်။
5. Rendering
ပြသတဲ့အပိုင်းပါ။ အပေါ်မှာ ဖန်တီးထားတဲ့ အရာကို အလင်းအမှောင် ကင်မရာအနေအထားနဲ့ ကိုယ်ဖန်တီးတာကို ပြသဖို့ ပြင်ဆင်တာပါ။
6. Animation Creation
တကယ်လို့ လှုပ်ရှားမှုတွေဖန်တီးချင်ရင် လုပ်ဖို့ ပါ။ အသံနှင့် အခြား အရာတွေကို ထည့်ပါ။

ကျွန်တော်ပြောခဲ့တာ က အများအားဖြင့် လုပ်လေ့ရှိတဲ့ ပုံစံပါ။ အမြဲတမ်း ဖြစ်ရမယ် လို့  မပြောပါဘူး။
ပြီးတော့ Software တစ်ခုတည်း သုံးပြီး အားလုံးကို လုပ်တာလဲ ဖြစ် ချင်မှဖြစ်မယ်။

စိတ်ကူးနှင့် လို သလို အသုံးချဖို့ ပါပဲ။

ကိုယ်ကို ကိုတန်ဖိုးထားလျှင် အခြားသူများလည်းလေးစားကြရသည်။
အများအကျိုးဆောင်လျှင် ကိုယ်အကျိုးအောင် မည်။
ကိုယ်ချင်းစာနာ နားလည်ပါ သင်လည်းလူသားတစ်ဦးပါ။
Knowledge is Power.
Money is truth.
Time is gold.
Understanding myself is Ultimate.
Desert Fox is offline   Reply With Quote
အောက်ပါအသင်းဝင် 13 ဦးတို့မှ Desert Fox အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 20-06-2009, 07:11 AM
  post #3
hta
ကြီးကောင်ဝင်စ
 
အသင်းဝင်နေ့စွဲ: Jun 2007
ရေးသားချက်များ: 126
ကျေးဇူးတင်စကား: 104
ပို့စ် 41 ခုအတွက် 108 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
hta is infamous around these parts
ပြန်စာ - 3D Software (Vue & SoftImage)

Desert Fox ပြောသလို 3D antimation နဲ့ပါတ်သက်တဲ့ဆော့ဖ်ဝဲလ်တွေကတော့ အများကြီးရှိမယ်ထင်ပါတယ်။ လူပုံတွေ antimation လုပ်မယ်ဆိုရင်တော့ လွယ်လွယ်နဲ့ ready made ရနိုင်တာက Poser software ပါ။ သဘာဝပါတ်ဝန်းကျင်ပုံတွေပုံလုပ်ချင်ရင်တော့ Corel Bryce ပါ။ သူကတော့ network rendering system ပါတော့ ကွန်ပျူတာများများ network ချိတ်ထားရင် အချိန်တိုတိုနဲ့ video output ထုတ်လို့ရတာပေါ့။ ကျန်တဲ့ တိုလီမိုလီကတော့ Xara, Ulead Inventor တွေလည်းစိတ်ကူးတဲ့သလိုသုံးလို့ရပါတယ်။ အကြံပြုလိုသူများလည်းဆွေးနွေးပေးပါဦး။

Last edited by hta; 20-06-2009 at 07:14 AM..
hta is offline   Reply With Quote
အောက်ပါအသင်းဝင် 10 ဦးတို့မှ hta အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 20-06-2009, 09:01 AM
  post #4
Desert Fox
အရွယ်ရောက်သူ
 
အသင်းဝင်နေ့စွဲ: Feb 2008
ရေးသားချက်များ: 170
ကျေးဇူးတင်စကား: 129
ပို့စ် 66 ခုအတွက် 228 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
Desert Fox is on a distinguished road
ပြန်စာ - 3d လောကသို့  စတင် ဝင်ရောက်ခြင်း

ဟုတ်ပါတယ်။ အများကြီးပဲ။ အဲဒါကြောင့် ဆွေးနွေးချင်တာပါ။ tu tu တင် ထားပေးတဲ့ SoftImage က Devil May Cry 4 ကို ဖန်တီးခဲ့တယ်လို့ တော့ ကြွားထားတယ်။ မြန်မာနိုင်ငံ က နေပြီး 3D လှလှလေးတွေလုပ်ချင်တာ ကျွန်တော့် ဆန္ဒပါ။ ကျွန်တော် အချိန်ယူပြီး လေ့လာရင်း ရေးရင်း လုပ်သွားပါမယ်။ ဝါသနာရှင်အားလုံး ဝိုင်းဆွေးနွေးကြပေါ့။

ကိုယ်ကို ကိုတန်ဖိုးထားလျှင် အခြားသူများလည်းလေးစားကြရသည်။
အများအကျိုးဆောင်လျှင် ကိုယ်အကျိုးအောင် မည်။
ကိုယ်ချင်းစာနာ နားလည်ပါ သင်လည်းလူသားတစ်ဦးပါ။
Knowledge is Power.
Money is truth.
Time is gold.
Understanding myself is Ultimate.
Desert Fox is offline   Reply With Quote
အောက်ပါအသင်းဝင် 11 ဦးတို့မှ Desert Fox အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 19-12-2009, 09:31 AM
  post #5
နောင်နောင်အောင်
ကလေးပေါက်စ
 
အသင်းဝင်နေ့စွဲ: Feb 2009
တည်နေရာ: မကွးမြို့ 
ရေးသားချက်များ: 30
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 1
ပို့စ် 21 ခုအတွက် 43 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
နောင်နောင်အောင် is on a distinguished road
ပြန်စာ - 3d လောကသို့  စတင် ဝင်ရောက်ခြင်း

Poser software လေးများရှိရင် တင်ပေးပါလား ဗျာ ကျနော် ရှာတာ မရဘူး ဖြစ်နေလို့ပါ ။

life
နောင်နောင်အောင် is offline   Reply With Quote
အောက်ပါအသင်းဝင် 2 ဦးတို့မှ နောင်နောင်အောင် အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 30-12-2009, 01:33 AM
  post #6
ဖြိုးယံလေး
အထူးအသင်းဝင်
 
ဖြိုးယံလေး's Avatar
 
အသင်းဝင်နေ့စွဲ: Nov 2008
တည်နေရာ: နေပြည်တော်
ရေးသားချက်များ: 1,073
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 2,883
ပို့စ် 922 ခုအတွက် 4,797 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
ဖြိုးယံလေး is on a distinguished road
ပြန်စာ - 3d လောကသို့  စတင် ဝင်ရောက်ခြင်း

Quote:
Originally Posted by နောင်နောင်အောင် View Post
Poser software လေးများရှိရင် တင်ပေးပါလား ဗျာ ကျနော် ရှာတာ မရဘူး ဖြစ်နေလို့ပါ ။

ဒီလင့်မှာ သွားယူလိုက်ပါခင်ဗျာ။ အဆင်ပြေပါစေ ....


Code:
http://www.myanmarfamily.org/forum/showpost.php?p=168618&postcount=1
ဖြိုးယံလေး is offline   Reply With Quote
အောက်ပါအသင်းဝင် 5 ဦးတို့မှ ဖြိုးယံလေး အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 15-08-2011, 01:21 PM
  post #7
kyawminkhoung
MF Contributor
 
kyawminkhoung's Avatar
 
အသင်းဝင်နေ့စွဲ: Mar 2010
တည်နေရာ: လှည်းတန်း ဗဟိ&
ရေးသားချက်များ: 393
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 774
ပို့စ် 300 ခုအတွက် 1,626 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
kyawminkhoung is on a distinguished road
ပြန်စာ - 3d လောကသို့  စတင် ဝင်ရောက်ခြင်း

3d လောကသို့  စတင် ဝင်ရောက် လာတယ် ဘာဆိုဘာမှမသိသေးရင် DAZ studio နဲ့စဖို့ မိတ်ဆက်ပါတယ် DAZ studio ကဘာတွေလုပ်လို့ရလဲဆိုရင် 3D movie နဲ့ 3D ပုံတွေ အတွက်ပါ သူမှာက Figures လို့ခေါ်သော 3D လူသားတွေပါ ပါတယ် အဲဒီ လူသားတွေကိုကိုယ်လိုသလို ပြင်ဆင် လို့ရတယ် poser မှာရေးလာတဲ့ 3D လူသားတွေကိုပေါင်းပေးလို့လဲရတယ် လေ့လာဆဲ Beginner များအတွက်အကောင်းဆုံးလို့ပြောရမည့် Software ပါ
ဒါလေးကနမူနာ ရေးထားတာ


လူတော့ရပြီ အသုံးဆောင်တွေရော မရဘူးလာဆိုရင် အသုံးဆောင်ဆောင်တွေပါရတယ် ကိုယ်က ဆွဲနေစရာမလိုဘူး ဆွဲပြီးသားတွေက အများကြီးပဲ လိုသလို ပြင်တက်ရင်ရပြီ


ကျွန်တော်လဲ Beginner ဖြစ်လို့ ကူညီဆွေးနွေးပေးစေချင်ပါတယ်

daz_studio/downloadသူက Free software ပါ
ဒါကိုပဲလေ့လာနေလို့ရေးလက်စတွေကိုဆက်လက်မရေးပေးနိုင်သေးတာနားလည်ပေးပါ
kyawminkhoung is offline   Reply With Quote
အောက်ပါအသင်းဝင် 10 ဦးတို့မှ kyawminkhoung အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 07-09-2011, 08:47 PM
  post #8
kyawminkhoung
MF Contributor
 
kyawminkhoung's Avatar
 
အသင်းဝင်နေ့စွဲ: Mar 2010
တည်နေရာ: လှည်းတန်း ဗဟိ&
ရေးသားချက်များ: 393
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 774
ပို့စ် 300 ခုအတွက် 1,626 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
kyawminkhoung is on a distinguished road
ပြန်စာ - 3d လောကသို့  စတင် ဝင်ရောက်ခြင်း


ဘူမှလဲမပါဘူး နာတစ်ယောက်ထဲပဲ ဒီမှာရှိတယ်



အမူးအရူးလေးပါ DAZ studio နဲ့ရေးထားတာ Figure က poser က ...... ဝါသနာရှင်ပါ ပညာရှင်မဟုတ်ပါဘူး လိုတာလေးလဲပြောပါ အပျော်တန်းရေးထားတာ
kyawminkhoung is offline   Reply With Quote
အောက်ပါအသင်းဝင် 5 ဦးတို့မှ kyawminkhoung အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 08-09-2011, 11:19 PM
  post #9
hta
ကြီးကောင်ဝင်စ
 
အသင်းဝင်နေ့စွဲ: Jun 2007
ရေးသားချက်များ: 126
ကျေးဇူးတင်စကား: 104
ပို့စ် 41 ခုအတွက် 108 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
hta is infamous around these parts
ပြန်စာ - 3d လောကသို့  စတင် ဝင်ရောက်ခြင်း

Desert Fox တစ်ယောက်ပျောက်ချက်သားကောင်း လှချေလား။ပေါ်ကိုမလာတော့ဘူး။--Maya လေးနားထောင်ချင်လို့ပါ။
hta is offline   Reply With Quote
အောက်ပါအသင်းဝင်မှ hta အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 08-02-2012, 11:51 PM
g00gle
အထူးအသင်းဝင်
 
အသင်းဝင်နေ့စွဲ: Nov 2010
ရေးသားချက်များ: 751
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 12,278
ပို့စ် 754 ခုအတွက် 6,476 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
g00gle will become famous soon enough
ပြန်စာ - 3d လောကသို့  စတင် ဝင်ရောက်ခြင်း

Daz 3D http://www.daz3d.com/i/3d/free-3d-software-overview က သူ့ဆော့ဝဲတွေ Feb လအတွင်း Free ပေးနေပါတယ်။

Daz Studio Pro was $429.95 / NOW FREE
Bryce 7 Pro was $249.95 / NOW FREE
Hexagon 2.5 was $149.95 / NOW FREE

Account Register လုပ်ဖို့တော့ လိုပါတယ်။ add to cart -- checkout လုပ်လိုက်ရင် ကိုယ့် email ကို serials ပို့ပေးပါမယ်။ download ကတော့ account profile မှာပါ။ တန်ဖိုးမနည်းလှတဲ့ ဆော့ဝဲတွေ လိုင်စင်နဲ့ အလကား ရမှာမို့ အမြန်ယူထားသင့်ကြောင်းပါ။

If something doesn't work, break it and create a BETTER one.

Last edited by g00gle; 09-02-2012 at 03:14 AM..
g00gle is offline   Reply With Quote
အောက်ပါအသင်းဝင် 7 ဦးတို့မှ g00gle အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 27-06-2012, 11:00 AM
akyikoung
မွေးကင်းစကလေး
 
အသင်းဝင်နေ့စွဲ: Jun 2012
ရေးသားချက်များ: 3
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 1
ပို့စ် 2 ခုအတွက် 3 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
akyikoung is on a distinguished road
ပြန်စာ - 3d လောကသို့  စတင် ဝင်ရောက်ခြင်း

မြန်မာပြည်မှာ poser သင်တန်းကောင်းကောင်းတတ်ချင်လို့ပါ သင်တန်းကောင်းလေးများသိတဲ့သူရှိရင်လမ်းညွှန်ပေးကြပါ
akyikoung is offline   Reply With Quote
အောက်ပါအသင်းဝင်မှ akyikoung အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 27-06-2012, 12:02 PM
kyawminkhoung
MF Contributor
 
kyawminkhoung's Avatar
 
အသင်းဝင်နေ့စွဲ: Mar 2010
တည်နေရာ: လှည်းတန်း ဗဟိ&
ရေးသားချက်များ: 393
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 774
ပို့စ် 300 ခုအတွက် 1,626 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
kyawminkhoung is on a distinguished road
ပြန်စာ - 3d လောကသို့  စတင် ဝင်ရောက်ခြင်း

Quote:
Originally Posted by akyikoung View Post
မြန်မာပြည်မှာ poser သင်တန်းကောင်းကောင်းတတ်ချင်လို့ပါ သင်တန်းကောင်းလေးများသိတဲ့သူရှိရင်လမ်းညွှန်ပေးကြပါ
မြန်မာပြည်မှာ poser သင်တန်းကောင်းတော့မသိဘူး ဒီစာအုပ်လေးက poser 7 Practial ပါ.. လိုချင်ရင်ယူလိုက်...အခြေခံကနေရေးထားတာ..ကျွန်တော်လိုဘာမှမတက်သေးသူတွေအတွက်တော့အတော်ကောင်းဗျ
poser 7 Practial ဒီစာအုပ်ကိုပြီးအောင်ဖတ်ပြီးရင်သင်တန်းတောင်တက်စရာမလိုလောက်ဘူးထင်တယ်
ဖြစ်နိုင်ရင် 3d နဲ့ဆိုင်တာလေးတွေလဲမျှဝေရေးသားပေးစေချင်ပါတယ်

Last edited by kyawminkhoung; 27-06-2012 at 12:23 PM..
kyawminkhoung is offline   Reply With Quote
အောက်ပါအသင်းဝင် 2 ဦးတို့မှ kyawminkhoung အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 27-06-2012, 05:15 PM
akyikoung
မွေးကင်းစကလေး
 
အသင်းဝင်နေ့စွဲ: Jun 2012
ရေးသားချက်များ: 3
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 1
ပို့စ် 2 ခုအတွက် 3 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
akyikoung is on a distinguished road
ပြန်စာ - 3d လောကသို့  စတင် ဝင်ရောက်ခြင်း

ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် ကိုကျော်မင်းခေါင် တွေ့တုန်းလေးတလက်စထဲပေါ့နော် စက်ကြီးပန်းထိုး အသုံးပြုပုံလေး မြန်မာလိုစာအုပ်လေး ရှိရင်ပေးလို့ရမလားခင်ဗျာ ကျွန်တော်အဲတာကို အရမ်းစိတ်ဝင်စားလို့ပါ ကျွန်တော်မေးလ်က akyikoung@gmail ပါ ကျေးဇူးတင်ပါတယ်အကို
akyikoung is offline   Reply With Quote
အောက်ပါအသင်းဝင် 2 ဦးတို့မှ akyikoung အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Reply

Tags
autodesk, software guide

တန်ဆာပလာများ
ဖော်ပြမှုပုံစံ

Posting Rules
You may not post new threads
You may not post replies
You may not post attachments
You may not edit your posts

BB code is On
Smilies are On
[IMG] code is On
HTML code is Off

ဖိုရမ်တွေ ကျော်ရောက်ချင်ရင် !

အခြားဆင်တူဆွေးနွေးချက်များ
ဆွေးနွေးချက် စတင်ရေးသားသူ ကွပ်ပျစ်ဝိုင်း ပြန်စာများ နောက်ဆုံးပို့စ်
classes in C++ green leaf ဆွေးနွေးချက်များ 16 07-06-2013 10:39 AM
Terminology and Definition in C++ green leaf ဆွေးနွေးချက်များ 4 03-12-2011 11:38 PM
ကိုကို မမ များအတွက် G talk မှတ်စု maJunior Chat software များဆိုင်ရာ 159 25-07-2011 10:05 AM
Hardwareအသစ်တွေနှင့်အနည်းငယ်မိတ်ဆက် mmmaung Hardware များဆိုင်ရာ 35 10-08-2010 08:29 AM


ဖိုရမ်၏ ပင်မအချိန်သည် ဂရင်းနစ်စံတော်ချိန် +6.5 ဖြစ်သည်။ဒေသစံတော်ချိန် 07:23 PM
Inactive Reminders By Icora Web Design