Go Back   မြန်မာမိသားစုဖိုရမ် » ..:: ကွန်ပျူတာနယ်ပယ် ::.. » Software များဆိုင်ရာ
မြန်မာလက်ကွက်

Software များဆိုင်ရာ နေ့စဉ်နဲ့အမျှ ထွက်ရှိသောနေသော Software အသစ်များအကြောင်း ၊ လက်ရှိအသုံးပြုနေသော Software များအကြောင်းနှင့် အသုံးချပုံများအကြောင်းဆွေးနွေးထားသည့်နေရာပါ..

Reply
 
Bookmark and Share တန်ဆာပလာများ ဖော်ပြမှုပုံစံ
Old 30-07-2009, 12:09 PM
  post #1
Ye Naung
အုပ်ချုပ်ရေးမှူး
 
Ye Naung's Avatar
 
အသင်းဝင်နေ့စွဲ: Mar 2007
တည်နေရာ: မင်္ဂလာဒုံ
ရေးသားချက်များ: 698
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 549
ပို့စ် 397 ခုအတွက် 5,034 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
ပုံများ: 128
Ye Naung is on a distinguished road
Cracking , Patching အကြောင်း

ဒီနေ့ ကျွန်တော် ဆွေးနွေးမယ့် အကြောင်းအရာလေးကတော့ Crack လုပ်နည်း ၊ Patch လုပ်နည်းပဲ ဖြစ်ပါတယ်။ နောက်ဆုံးပေါ် ဆော့ဖ်ဝဲတွေ ၊ ဂိမ်းတွေ အားလုံးဟာ crack လုပ်ခြင်း ၊ patch လုပ်ခြင်းနဲ့ လုံးဝ မကင်းပါဘူး။ ဘာလို့ မကင်းတာလဲဆိုတော့ ကျွန်တော်တို့ သုံးစွဲနေတဲ့ Game CD တချပ်ဟာ တကယ့် ကုမ္ပဏီ ဈေးနှုန်းအရဆိုရင် ဒေါ်လာ ၄၀၀ ၊ ၆၀၀ စသဖြင့် တန်ပါတယ်။ မြန်မာမှာတော့ CD တချပ်ကို ငါးရာလောက်ပဲ ရှိပါတယ်။ ဒီလိုပဲ အခြားနိုင်ငံတွေမှာလည်း ဒီတန်ကြေးလောက်ပတ်ဝန်းကျင်နဲ့ ၀ယ်ယူကြပါတယ်။ အဲဒီလို ၀ယ်ယူလို့ရအောင် မူရင်း ကုမ္ပဏီတွေက ဆော့ဖ်ဝဲတွေ အတွင်းမှာ ထည့်သွင်းရေးသားထားတဲ့ ပိုက်ဆံချေခိုင်းတဲ့ စနစ်ကို ဖျက်ဆီးဖို့ Crack လုပ်ရ ၊ Patch လုပ်ရတာတွေ ဖြစ်ပေါ်လာတာပါပဲ။ ကုမ္ပဏီတွေအားလုံးနီးပါး လုပ်တဲ့အလုပ်ကလည်း တခုတည်းကိုး။ ဆော့ဖ်ဝဲကို အစမ်းသုံးခိုင်းမယ်။ ရက်အကန့်အသတ်နဲ့ထားပြီး ပိုက်ဆံချေခိုင်းမယ်။ မချေရင်ဆက်သုံးလို့မရအောင် လုပ်မယ်။ ဒါတွေက C++ နဲ့ ထည့်သွင်းရေးသားထားတာမို့ Hacker တွေကလည်း C++ ကောင်းကောင်းရသူတွေမို့ အလွယ်တကူပဲ ပိုက်ဆံတောင်းတဲ့စနစ်ကို ဖျက်ဆီးပြီး အကုန် သူ အပိုင်စီးလိုက်တော့တာပဲပေါ့။ ဒါကြောင့် Hacker ဆိုတိုင်း လန့်စရာမလိုပါဘူး။ အချို့သော Hacker များဟာ အများအကျိုးအတွက် ၀ိသမလောဘနဲ့ ဈေးတင်ရောင်းတဲ့ ဆော့ဖ်ဝဲတွေကို တပြားမှ ပေးစရာမလိုအောင် Hack လုပ်ပြီး သူတပါးကို မျှဝေပေးတာပါပဲ။ အများစုကတော့ ငါဒီဆော့ဖ်ဝဲကို ရအောင် ဟက်နိုင်တယ်ဆိုတဲ့ IT လောက က ချီးကျူးတဲ့ ဂုဏ်ကိုပဲ မက်ကြတာပါ။ သူတို့အတွက် ဘာငွေကြေးမှ ရတာမျိုး မရှိပါဘူး။ Crack လုပ်တယ်ဆိုတဲ့ သဘောတရားက ပုံတူပွားပြီး သူ့လူလိုလို ၊ ကိုယ့်လူလိုလို လုပ်တဲ့ စနစ်ပါ။ နှစ်ပေါက်တစ်ပေါက် ရိုက်တာမျိုးပေါ့။ Patch လုပ်တယ်ဆိုတာကတော့ သူများ မှတ်ဥာဏ်ကို ဖျက်ဆီးပစ်တာ။ တချို့က Patch လုပ်မယ်ဆိုရင် Task Bar က သူ patch လုပ်ချင်တဲ့ program ကို Exit မပေးကြဘူး။ ဒီတော့ ဘယ်လိုလုပ် patch လို့ရတော့မလဲ။ သဘောတခုက ဟဲလ်မက် ဆောင်းထားတဲ့သူခေါင်းကို တုတ်နဲ့ရိုက်သလိုပဲ။ ဘယ်လိုလုပ် ဟိုလူ့မှတ်ဥာဏ် ပျက်တော့မလဲ။ ဒီသဘောပါပဲ။ ဒီအတွက် တခါတည်းမှာလိုက်ချင်တာက Patch , Crack လုပ်မယ်ဆိုရင် Task Bar က Program ကို Exit လုပ်ဖြစ်အောင် လုပ်ကြဖို့ မှာလိုပါတယ်။ Patch , Crack လုပ်တဲ့ အခါ Location ကတော့ အများအားဖြင့် C:\Program Files\your application folder\ အောက်မှာပဲ သွားလုပ်ကြရတာများပါတယ်။ တခါတရံမှာ အချို့သော Crack File ကို C:\Windows\ အောက်မှာ သွားပြီး Paste ချရတာ များပါတယ်။ ဆော့ဖ်ဝဲ အားလုံးအတွက် ဘယ်နေရာမှာ ဘယ်လို Patch , Crack လုပ်ရမယ်ဆိုတာတော့ ပုံသေမရှိဘူး။ ဘာကြောင့်လဲဆိုတော့ မူရင်း Hacker က သူ့အတွက် အဆင်ပြေတဲ့ Location ကို အသုံးပြုပြီး crack file , patch file လုပ်ရတာဆိုတော့ အတိအကျပြောလို့မရပါဘူး။ အများစုသော ကွန်ပျူတာသုံးစွဲသူတွေဟာ software CD , game CD တခုကို ၀ယ်ယူပြီးတဲ့အခါမှာ အဲဒီ့ စီဒီထဲမှာ ပါလာတဲ့ မူရင်း Hacker က ဘယ်လိုဘယ်ပုံ crack , patch လုပ်ရမယ်ဆိုတဲ့ readme.txt , Instruction.txt, Install.txt လေးတွေကို မဖတ်ကြဘူး။ အင်မတန် ပျင်းထူကြတာ အင်္ဂလိပ်လို ဖတ်ရမယ်ဆိုရင်။ တကယ်က လွယ်ကူရှင်းလင်းတဲ့ အင်္ဂလိပ်လိုတွေ အသုံးပြုထားတာ Hacker တွေက။ သူတို့ Hack တာ သူများအတွက် အသုံးမ၀င်မှာ စိုးလို့။ ဒါ့အပြင် မြန်မာနိုင်ငံက အချို့သော Software ရောင်းတဲ့ဆိုင်တွေကလည်း သူတို့ အင်တာနက်က ဒေါင်းလုဒ်ချလိုက်လို့ ပါလာတဲ့ Folder ထဲက မျက်စိရှုပ်စရာ MFO File , readme.txt စတာတွေကို ဖျက်ပစ်လိုက်ပြီးမှ patch file and Install သက်သက်လေးကိုပဲ Folder အသစ်ဆောက်ပြီး ရိုက်ရောင်းကြတော့ အစကို လုံးလုံးပျောက်ရော။ ဒီတော့ အကျွမ်းတ၀င်မရှိတဲ့ သူတွေအတွက် ဘယ်ကစပြီး ဘာလုပ်ရမှန်း မသိဖြစ်သွားရော။ ဒါကြောင့် crack , patch လုပ်တော့မယ်ဆိုရင် C:\Program Files\ အောက်မှာ သင် Install လုပ်လိုက်တဲ့ software folder ရှိမရှိကြည့်ပါ။ အချို့သော ဆော့ဖ်ဝဲများဟာ All Program မှာ ပေါ်နေတဲ့နာမည်က တခု ၊ Program Files အောက်မှာ ရှိနေတဲ့ folder က အခြားနာမည် တခု ဖြစ်နေတတ်ပါတယ်။ ဒါကြောင့် စေ့စေ့စပ်စပ် ကြည့်ဖို့လိုပါတယ်။ ဒါကိုမှ မရှိရင်တော့ C:\ အောက်မှာ Folder အသစ်တစ်ခုနဲ့ ရှိနေတတ်ပါတယ်။ နောက်တစ်နေရာကတော့ C:\windows\ ထဲမှာလည်း ရောက်နေတတ်ပါတယ်။ အဲဒီလိုမှ မရှာတတ်ဘူးလား။ လွယ်ပါတယ်။ သင် Install လုပ်လိုက်တဲ့ ဆော့ဖ်ဝဲ ရဲ့ နာမည်နောက်မှာ .ext လေးရိုက်ထည့်ပြီး Search နဲ့ ရှာလိုက်ပါ။ သူရှိတဲ့ Location အောက်မှာ crack , patch ဖိုင်ကို သွားထည့်လိုက်ပါ။ ပြီးတာနဲ့ Task Bar ( ကွန်ပျူတာ screen ရဲ့ အောက်ဆုံးက ဘားမှာ ညာဘက်ထောင့်ဆုံးမှာ နာရီရှိပါတယ်။ အဲဒီ့အကွက်လေးထဲမှာ icon လေးရှိနေမှာ ဖြစ်ပါတယ် ) မှာ သင်တင်လိုက်တဲ့ ဆော့ဖ်ဝဲ ရဲ့ Icon ပုံလေး ရှိနေရင် Right Click --> Exit ပေးလိုက်ပါ။ ပြီးတာနဲ့ ခုန Patch File ကို run လိုက်ပါ။ တကယ်လို့ Crack ဖိုင် ဖြစ်ခဲ့တယ်ဆိုရင်တော့ Task Bar က program ကို exit ပေးပြီးမှ Patch File ကို သူထည့်ရမယ့် နေရာမှာ Paste ချပါ။ Patch file နဲ့ Crack File ဘယ်လိုခွဲမလဲ။ Patch File အများစုကတော့ Patch.exe နဲ့ လာတတ်ပါတယ်။ Crack File ကတော့ ရုပ်တည်တည်နဲ့ သူလိုလို ကိုယ်လိုလို လုပ်မှာ ဖြစ်တဲ့အတွက် မူရင်း Software ရဲ့ exe နဲ့ နာမည်တူဖြစ်နေပါမယ်။ ဒါပေမယ့် File Size ချင်းမတူပါဘူး။ ဥပမာ real.exe ချင်းတူပါလိမ့်မယ်။ ဒါပေမယ့် မူရင်း real.exe က 3.6 Mb ရှိရင် Crack File က 1.2Mb လောက်ပဲရှိချင်ရှိပါလိမ့်မယ်။ ဒါက ဥပမာပြောတာပါ။ Crack File ကို သူ့ program install လုပ်ထားတဲ့ location folder ထဲကို သွားပြီး Paste ချတဲ့အခါ နာမည်တူနေတာမို့ Replace လုပ်မလားမေးပါလိမ့်မယ်။ ကွန်ပျူတာ အသုံးပြုသူအများစု အလိုအလျှောက်ပေးနေကြ ဖြစ်သော ၊ ဘာစာမှ မဖတ်ဘဲ Yes ပဲ ပေးချင်ကြသော သူများအတွက် အဆင်သင့်ပါပဲ။ Yes ပေးလိုက်ပါ။ ဒါဆိုရင် Patching , Cracking နဲ့ ပတ်သက်လို့ တော်တော်ပြည့်စုံပြီ ထင်ပါတယ်။

Knowledge is power.
Ye Naung is offline   Reply With Quote
အောက်ပါအသင်းဝင် 43 ဦးတို့မှ Ye Naung အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
ဒဿဂီရိ, ဖိုးသားလေး89, ဖယောင်း, မိုးပြာပြာ, ရည်ညွှန်း, ဝင်းအောင်, သက်နိုင်, သိဘူး, ဟိန်းထက်ဇော်၅၂, ဟိန်းသူအောင်, ကျော်ခန့်ဇော်, ကျော်ထက်ချိန်, ဇော်ရဲပိုင်, ဇေကြီး, နေရှိုင်း, လေပြေညင်း, ငြိမ်းချမ်း, ဖြိုးယံလေး, Aung Aung, aung zaw htike, Aye Min, blackNwhite, bonge, channaung, chitnyimalay, Khin Swe, ko myo, komgok2, kozaw.dagon, lan kyout, lu soe, maJunior, moe gyi, phoetharlay, phoopyaitsone, phyomyintthein, phyothuhein, pph, thurein, thureinsoe, tu tu, wahgyi, zo
Old 13-08-2009, 11:21 PM
  post #2
ကျော်ခန့်ဇော်
ဆယ်ကျော်သက်
 
ကျော်ခန့်ဇော်'s Avatar
 
အသင်းဝင်နေ့စွဲ: Oct 2008
တည်နေရာ: ပျဉ်းမနား
ရေးသားချက်များ: 72
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 73
ပို့စ် 32 ခုအတွက် 150 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
ပုံများ: 2
ကျော်ခန့်ဇော် is on a distinguished road
ပြန်စာ - Cracking , Patching အကြောင်း

ကျွန်တော့်လိုခေါင်းသေးသေးလေးက သိတာကိုလည်း ပြောလိုက်ပါအုံးမယ် crack ဖိုင်ဖြည်နည်းတစ်ခုပေါ့ အားလုံးသိကြမှာပါ မသိသေးသူများအတွက်ပါခင်ဗျာ အမှားပါခဲ့ရင်လည်းခွင့်လွှတ်ပါလို့ ဒီလိုဗျ ကျွန်တော်တို့က software တစ်ခုကို install လုပ်လိုက်တယ်ပေါ့ဗျာ crack ဖြည်ဖို့လိုလာပြီပေါ့ ကို့ဆီမှာလည်း carck ဖိုင် ရှိတယ်ဆိုပါတော့ ပထမဆုံး ဆော့ဝဲလ်ကို install လုပ်လိုက်ရော ပြီးရင် crack ဖိုင်ကို ကော်ပီကူး install လုပ်ထားတဲ့ဆော့ဝဲလ်ကို လုံးဝမဖွင့်နဲ့နော် ကော်ပီကူးပြီးရင် အခု install လုပ်လိုက်တဲ့ ဆော့ဝဲလ်ကို All program ကနေတစ်ဆင့်ချင်းသွား ရောက်ရင် right click ပေးပြီး properties ကိုသွား အဲဒီက file target ကို ကလစ်ပေး ဒါဆို အဲဒီဆော့ဝဲလ်ရဲ့ exe ဖိုင် run နေတဲ့နေရာကို တန်းရောက်ရော အဲဒီမှာ ခုနကကော်ပီကူးခဲ့တဲ့ကောင်ကို paste ပေးလိုက် ပြီး ၀k 0k ပေါ့ ဒါဆိုလည်း crack ဖိုင်ဖြည်နည်း တစ်ခုသိလောက်ပါပြီ အားလုံး ချမ်းမြေ့ပါစေ

့်[SIGPIC][/SIGPIC]
ကျော်ခန့်ဇော် is offline   Reply With Quote
အောက်ပါအသင်းဝင် 16 ဦးတို့မှ ကျော်ခန့်ဇော် အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 03-03-2012, 04:27 PM
  post #3
zawthant
လမ်းလျှောက်တတ်စ
 
zawthant's Avatar
 
အသင်းဝင်နေ့စွဲ: Sep 2011
ရေးသားချက်များ: 11
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 0
ပို့စ် 9 ခုအတွက် 24 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
zawthant is on a distinguished road
ပြန်စာ - Cracking , Patching အကြောင်း

window 7 မှာက file target မပါဘူးဗျ ဘယ်ကနေသွားရမလဲ ပြောပေးပါအုံးနော်။ ကျေးဇူးတင်ပါတယ်။
zawthant is offline   Reply With Quote
အောက်ပါအသင်းဝင် 2 ဦးတို့မှ zawthant အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 03-03-2012, 04:57 PM
  post #4
bagothar85
အထူးအသင်းဝင်
 
bagothar85's Avatar
 
အသင်းဝင်နေ့စွဲ: Dec 2010
ရေးသားချက်များ: 1,297
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 7,571
ပို့စ် 1,345 ခုအတွက် 8,094 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
bagothar85 will become famous soon enough
ပြန်စာ - Cracking , Patching အကြောင်း

Quote:
Originally Posted by zawthant View Post
window 7 မှာက file target မပါဘူးဗျ ဘယ်ကနေသွားရမလဲ ပြောပေးပါအုံးနော်။ ကျေးဇူးတင်ပါတယ်။


Windows 7 မှာဆိုယင်တော့ သွားချင်တဲ့ Application Icon (သို့) Shrotcut Icon ကို Right Click >> Properties ထဲကို ဝင်ပြီး Shrotcut အောက်က Open File Location ကိုဖွင့်လိုက်ယင် Application ကို အင်စတောလုပ်ထားတဲ့ နေရာကို ရောက်သွားပါမယ်ခင်ဗျာ...
bagothar85 is offline   Reply With Quote
အောက်ပါအသင်းဝင် 4 ဦးတို့မှ bagothar85 အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Old 18-03-2012, 05:34 PM
  post #5
blackfire
ဆယ်ကျော်သက်
 
အသင်းဝင်နေ့စွဲ: Jul 2011
တည်နေရာ: ရန်ကုန်တိုင်းေ&#
ရေးသားချက်များ: 68
နိုင်ငံအလံ: Users Flag!
ကျေးဇူးတင်စကား: 14
ပို့စ် 35 ခုအတွက် 57 ဦးမှ ကျေးဇူးတင်ကြောင်းပြောပါသည်။
ပုံများ: 7
blackfire is on a distinguished road
ပြန်စာ - Cracking , Patching အကြောင်း

ကျွန်တော်သိချင်တာက ဆော့ဝဲတစ်ခုကိုကိုယ်ကရလာတယ်အဲ့ဆော့ဝဲကိုယူလာတော့ဆော့ဝဲပဲပါတယ်။ကီးတွေCrackတွေမပါဘူး။အဲ့ဒီမှာဆော့ဝဲကကီးတွေတောင်းတယ်။အဲ့လိုကီးတွေဘာတွေမရှိတဲ့အချိန်ကျရင်အဲ့ဒီဆော့ဝဲကိုFull versionဖြစ်အောင်ဘယ်လိုလုပ်ရမလဲ။ဆော့ဝဲတစ်ခုခုသုံးပြီးလုပ်ရင်ရလား။ကျွန်တော်အခွေဆိုင်တွေမှာဟက်ကင်းအခွေတွေတွေ့ရင်ဝယ်တယ်ဗျ။အဲ့ဒီအထဲမှာတော့ဆော့ဝဲကိုCrackတဲ့ဟာတွေပါတယ်Crack Maker တို့ PatchCreatorတို့ပေါ့။ဒါပေမယ့်အဲ့ဒါကိုဘယ်လိုသုံးရမှန်းတော့မသိဘူး။သုံးနည်းသိရင်ပြောပြပါလား။အင်တာနက်မှCrackတွေမရှာတော့ပဲနဲ့ကိုယ့်ဘာကိုယ်Crackမယ်ဗျာ။အဲ့လိုကျွန်တော်ကလုပ်ချင်တာဗျ။အင်တာနက်မှာတင်ထားကျတဲ့Crack တွေကိုလည်း
သူတို့ဆော့ဝဲတစ်ခုခုသုံးပြီးလုပ်တာလားမသိဘူး။ဆိုဒ်တွေကတော့သေးတယ်ဗျ။အဲ့လိုကိုယ့်ဘာသာကိုCrackတဲ့နည်းလေးများရှိရင်ပြောပြပေးပါဗျာ။

[SIZE=5]ပညာကိုသေရွာယူမသွားကြေး။[/SIZE]

Last edited by blackfire; 18-03-2012 at 05:40 PM..
blackfire is offline   Reply With Quote
အောက်ပါအသင်းဝင်မှ blackfire အား ကျေးဇူးတင်စကား ပြောကြားသွားပါသည်။
Reply

Tags
software guide, software howto

တန်ဆာပလာများ
ဖော်ပြမှုပုံစံ

Posting Rules
You may not post new threads
You may not post replies
You may not post attachments
You may not edit your posts

BB code is On
Smilies are On
[IMG] code is On
HTML code is Off

ဖိုရမ်တွေ ကျော်ရောက်ချင်ရင် !

အခြားဆင်တူဆွေးနွေးချက်များ
ဆွေးနွေးချက် စတင်ရေးသားသူ ကွပ်ပျစ်ဝိုင်း ပြန်စာများ နောက်ဆုံးပို့စ်
Registry အကြောင်း ပြည့်ဖြိုး Windows နှင့်သက်ဆိုင်သော 21 05-04-2011 02:53 PM
Cracking Zip Password Files myatko296@gmail.com Software များဆိုင်ရာ 0 12-11-2008 06:06 PM


ဖိုရမ်၏ ပင်မအချိန်သည် ဂရင်းနစ်စံတော်ချိန် +6.5 ဖြစ်သည်။ဒေသစံတော်ချိန် 11:36 AM
Inactive Reminders By Icora Web Design